အိန္ဒိယနိုင်ငံဆိုတာ ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းတော်မူပြီး၊
သစ္စာတရားဟောကြာနေရာမြတ်ဖြစ်သလို၊ တပည့် သားသာဝကပေါင်းများစွာဖြင့် ဂင်္ဂါမြစ်ဝှမ်း တစ်ခွင်
လှည့်လည်တော်မူရင်း ဆွမ်းခံပြီး အာဟာရ အတွက်မျှ တ တော်မူတယ်လို့ ပိဋကတ်စာပေတွေမှာ လေ့လာရတော့
ကြည်နူးရပါတယ်။
အိန္ဒိယနိုင်ငံကြီးရောက်တုန်း အခွင့်သာခိုက်
မဇ္ဈိမသားတို့ဆီ ဆွမ်းခံကြွပြီး ဆွမ်းရှာမယ်ဆိုပြီး ရွာလေးတစ် ရွာရောက်တော့ သင်္ကန်း
ပြင်ဆင်ဝတ်ရုံပြီး သပိတ်ပိုက်ကာ လမ်းဘေး အိမ်တစ်အိမ်ရှေ့နား ၀င်ရပ်လိုက်ပါ တယ်။ အိမ်ရှေ့နား
ဆော့ကစားနေတဲ့ ကလေးတွေ ထွက်ပြေးပြီး အိမ်ထဲဝင်ပုန်းကုန်ကြပါတယ်။ ဘယ်လိုဖြစ် တာလဲပေါ့။
နောက်တော့ ဘာမှမပြောပဲ ဆက်ရပ်နေလိုက်ပါတယ်။
ခဏကြားတော့ ကလေးတစ်ယောက် ချပါတီသေးသေး လေးတစ်ခု ယူပြီး သပိတ်ထဲ ပစ်ထဲ့ပြီး အိမ်ထဲပြန်ဝင်ပြေးသွားပါတယ်။
အထက်ပါ စကားလေးသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်သို့
ဝင်ရောက် ရဟန်းပြုလာသော အမေရိက ရဟန်း တော်ကြီးတစ်ပါး၏ အိန္ဒိယဆွမ်းခံ ဇာတ်လမ်းဖြစ်သည်။
နိုင်ငံ၏ လူဦးရေ သုံးပုံပုံလျှင်
နှစ်ပုံခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့ကြ သည်ဆိုသော အိန္ဒိယနိုင်ငံကြီးသည် ယနေ့ကာလ တစ်ချို့နေရာများ၌
ပြည်တွင်းဖြစ်၊ ပြည့်ရင်နှစ် စစ်စစ်ဖြစ်သော ဗုဒ္ဓသားတော် ရဟန်းတော် တို့ကို တစိမ်းဆန်နေကြသည်။
ကန်တော့ဆွမ်းကို မပြောချင်ကြတော့။
ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းတော်မူပြီးနောက်ပိုင်း
အိန္ဒိယနိုင်ငံကြီးသည် နိုင်ငံအသီးသီးက လူမျိုး အသီးသီးတို့၏ ဘုရင်များ၏ အုပ်ချုပ်ခြင်းကို
ခံခဲ့ရသည်။
တစ်ခါသော် အိန္ဒိယနိုင်ငံကြီးကို ဂရိမင်းတစ်ပါးအုပ်ချုပ်သည်။
ထိုမင်းသည် ဘာသာဝါဒစူးစမ်းလိုသော ဆန္ဒရှိ သည်။ မိမိတို့ တိုင်းပြည်ရှိ ဂရိနတ်ဘုရားများနှင့်
အိန္ဒိယပြည်တွင်းဖြစ် ဗုဒ္ဓ၀ါဒကို နှိုင်းယှဉ်ပြီး စူးစမ်းလေ့လာ သည်။ ဗုဒ္ဓသာဝကများကို
မေးမြန်းစစ်ဆေးသည်။
ထိုမင်းကြီး၏ မေးမြန်းချက်ကို သဘောကျလက်ခံအောင်
ဖြေဆိုနိုင်သော ရဟန်းတော်မတွေ့ဖြစ်နေသည်။ မင်းကြီးသည်လည်း တွေ့သည့်နေရာက ရဟန်းတော်များကို
မေးမြန်းသည်။ မင်းကြီး၏ မေးမြန်းချက်ကို မဖြေနိုင်သော်အခါ” ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှည်းပဲ။
ဇမ္ဗူဒိပ်ကျွန်းသည် အနှစ်ကင်းပြီ၊ သိလိုရာ ကို မေးမြန်း ရန်၊ ယုံမှားသံသကို ပယ်ဖျောက်ပေးနိုင်သော
သမဏ၊ ဗြဟ္မဏ မရှိပြီ’ ဟု ငြီးတွားခဲ့ရသည်။ မင်းကြီး၏ ငြီးတွား သံကို ရဟန္တာအရှင်မြတ်
အဿဂုတ္တ မထေရ်ကြီးကြားတော်မူသည်။
မင်းကြီး၏ မမေးကို သဘောကျ လက်ခံအောင်
ရဟန်းတော်များက မဖြေဆိုင်နိုင်သော အခါ ဗုဒ္ဓသာသနာ တော် အတွက် အခက်အခဲကြုံရသည်။
ထိုအရေးကို သံဃာတော်များ စုဝေးတိုင်ပင်ကြသည်။
ထိုအရေးသည် သာသနာတော်တွင် သီတင်း သုံး နေထိုင်ကြသော ရဟန်းတော်တိုင်းနှင့် သက်ဆိုင်သည်။
သံဃာအလည်တွင် ဖြေရှင်းနိုင်မည့် ရဟန်းတော်ကို ရှာကြသည်။ ဖြေရှင်းနိုင်မည့် ရဟန်းတော်ကား
မတွေ့ရပေ။
သို့သော် ပြဿနာ ဖြေရှင်းနိုင်မည့်
သူကား နတ်ပြည်တွင်ရှိကြောင်းသိကြရသည်။ ဤသို့ဖြင့်ရဟန္တာ ရှင်မြတ် ကြီးများသည် နတ်သားကို
သွားရောက်ပြီး သာသနာ့ ရန်စွယ်များ အကြောင်းကို ရှင်းပြကြသည်။ ဗုဒ္ဓသာသနာ တော်အတွက် လူ့ပြည့်တွင်
ရောက်သန္ဓေယူရန် တိုက်တွန်းကြသည်။ နတ်သားသည် ၀မ်းပန်း တသာ လက် ခံသည်။
ဤသို့ ရဟန်းတော်များ သာသနာတော် အရေးဆွေးနွေး
တိုင်ပင်ကြသည့် သံဃာ့ အစည်းအဝေး သို့ ရောဟဏ မထေရ်သည် အာရုံမပြုမိသောကြာင့် မတက်ရောက်မိသည်ကို
ရဟန်းတော်များက ဒဏ်ထားကြသည်။ ငါ့ရှင် သင်သည် သံဃကိစ္စများကိုလစ်လျုရှုသည်။
ထို့ကြောင့်သင်သည် ဟိမန္တာတောင်ခြေရှိ၊
ဇင်္ဂလရွာတွင် သောနုတ္တရ အိမ်တွင် နာဂသေမည်သော လူငယ်တစ် ယောက် ဖွာမြင်လိမ့်မည်။ ထိုသူငယ်ကိုခုနှစ်နှင်နှင့်
ဆယ်လတိုင်တိုင် ဆွမ်းခံကြွပြီး
ထိုသူငယ်သာသနာ ဘောင်ရောက်မှ သင်ဒဏ်ကလွတ်စေ။
ကောင်းပါပြီ၊ အရှင်မြတ်တို့ဘုရား၊
တပည့်တော်ဆောင်ရွက်ပါ့မယ်ဘုရား။
ဇင်္ဂလရွာရှိနာဂသေနရှိရာအိမ်သို့ ရောဟဏမထေရ်မြတ်နေ့တိုင်းဆွမ်းခံကြွသည်။
နေရာထိုင်ခင်ပေးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီတို့ကို မပြုလုပ်၊ နောက်ဆုံး
ကန်တော့ဆွမ်းပါဟူသော စကားကိုပင်မရခဲ့ဖူး၊
နှစ်ပေါင်း အတန်ကြာခဲ့ပါပြီ။
တစ်နေ့သော် ရောဟဏမထေရ်ကြီးဆွမ်းခံကြွရာထိုအိမ်မှ
ကန်တော့ဆွမ်းဟူသော အသံကိုကြားလိုက်ရ သည်။ အပြန်လမ်းတွင် အိမ်ရှင် သောနုတ္တနှင့်တွေ့သည်။
ငါတို့အိမ်ကတစ်စုတစ်ခုရခဲ့ ပါ၏လောဟု ခပ်ထေ့ထေ့မေးသည်။
ရောဟဏမထေရ်က ရခဲ့ပါသည်ဟုဖြေလိုက်ရာသောနုတ္တရ
စိတ်ဆိုးကာ ပြန်လာပြီး၊ အိမ်သားများကို စုံစမ်းသည်။ မည်သည့်အရာကိုမှ မလောင်းလှူလိုက်ကြောင်းပြောပြကြသည်။
နောက်နေ့တွင် ရဟန်းတော်အား မဟုတ်မှန်
လိမ်ပြောသည်ဟူသော စွပ်စွဲချက်ဖြင့် ရန်တွေ့တော့ သည်။ ရောဟဏမထေရ်ကြီးမှ ငါသည်သင်တို့အိမ်ကို
ဆွမ်းခံကြွလာခဲ့သည်မှာ ခုနှစ် နှစ်ဆယ်လ တိုင်တိုင်ရှိခဲ့ပြီ၊ ကန်တော့ဆွမ်းဟူသော စကားကိုပင်မရခဲ့ပါ။
မနေ့ကတော့ ကန်တော့ဆွမ်းဟူသော စကားကို ရခဲ့လို့။ ငါရပြီလို့ ပြောခြင်းဖြစ်ပါတယ်၊ သောနုတ္တ၊
ဗုဒ္ဓသာဝကတို့သည် ကန်တော့ဆွမ်းကိုပင်ရသည်ပြောလျှင်၊
တစ်နေ့တစ်ဇွန်းမျှပေးလှူလျှင် အဘယ်ဆို ဖွယ်ရှိ ပါလိမ့်မည်နည်းဟု တွေးတောကား နေ့စဉ်ဆွမ်းလောင်းတော့သည်။
တစ်ဇွန်းဆွမ်း အတွက် အနုမောဒနာပြုရင်း ဖြင့်ပင် နာဂသေနသတို့သားသည် ရှင်ဖြစ်လာခဲ့ရသည်။
ထို့နောက် ရဟန်းဘောင်တက်သည်။ ရိုးရာ
အတတ် ပညာများ အပြင်၊ ဗေဒင်သုံးပုံတို့နှင့် တကွ ပိဋကတ် တော်ကို အကုန်အစင် တတ်မြောက်တော်မူသည်။
ဂရိရှင်ဘုရင်ကြီး မိလိန္ဒသည် နာဂသေနမထေရနှင့်တွေ့ရသော
အခါ မေးတိုင်း၊ မေးတိုင်းသော အမေး၏ အဖြေမှန်တို့ကိုရရှိပြီး သာသနာပြုရှင်ဘုရင်ကြီး
အဖြစ်မှတ်တမ်းအတင်ခံရသည်။
သာသနာ့သမိုင်းဝင် စံတင် ထားရသော အဖြစ်အပျက်ကြီးသည်
ကန်တော့ဆွမ်း က စခဲ့ရသည်။
Posted by အရှင်ဉေယျဓမ္မ