ကောင်းကင်ထက်မြင့်သော
ညသည်
တဖြည်းဖြည်းနှင့် အိုမင်းလာသည့် ကောင်းကင်ထက်တွင် လမင်းဝိုင်းပြည့်ပြည့်
ပွင့်လန်းထိန်ညီးနေသော်ငြား နီယွန်ရောင်စုံမီးတို့ စုံညီနေသော ပတ်ဝန်းကျင်ကြောင့်လရောင်ကို ပြည့်ဝစွာ မခံစားနိုင်ခဲ့….။ တန်ဆောင်မုန်းလပြည့်ည ဆိုတာကို အမှတ်ရမိ သည့်အခိုက် မီးရောင် ပြောက်တိပြောက်ကျားသာေ
သူမကကော…. ဘေးတွင် အပြစ်ကင်းစင်စွာ အိပ်မောကျနေသော သမီးငယ်လေး၏ ပါးပြင်အိအိလေးကို ငုံ့နမ်းရင်း သူမ မိခင်ကို ပြင်းပြင်းပြပြ လွမ်းဆွတ်လာသည်။ အမေ အခုချိန်ဆို ဘာတွေလုပ်နေမလဲ … အိပ်ရာဝင် နောက်ကျတတ်သော အမေသည် သူနှစ်ခြိုက်သော ကိုရီးယားကား စောင့်ကြည်နေနိုင်သည်… ဒါမှမဟုတ် တစ်နေတာ ကုန်ကျမှု စာရင်းများ မှတ်နေမလား. ..။
ခုချိန်ဆို ရန်ကုန်မှာ ၁၀ နာရီသာသာပဲ ရှိဦးမည်။ တိုးတက်နေသော မြို့ပြလူနေမှုစနစ်
သူမအတွက် သူမမိခင်သည် အများနှင့်မတူ စံပြမိခင်ဖြစ်သည်။ သူမ မိခင်သည် ပြောစမှတ် ပြုလောက်အောင် ချောမောလှပသူ ဖြစ်သည့်အပြင် အိမ်ေ
အမေသည် အဖေ၏ ဆိုရှယ်လစ်ခေတ် ၀န်ထမ်းလစာနှင့်
အမေသည် သနပ်ခါးကို အလွန်ကြိုက်နှစ်သက်သူ ဖြစ်သည်။ နံနက်ခင်း မျက်နှာသစ်ပြီးသည်နှင်
နဂိုအခံကလည်း လှပသူဖြစ်သည့်အပြင် အလှကြိုက်တတ်သူ ဖြစ်သောကြောင့် အမြဲတမ်း ပြင်ပြင်ဆင်ဆင် နေတတ်သူ
သူမဖခင် တိမ်းပါးသွားချိန်တွင် အမေ့အသက် လေးဆယ်ကျော်ခန့်သာ ရှိသေးသည့်အတွ
အမေသည် သူမတို့ ညီအမနှစ်ယောက်ကို အချက်အပြုတ် အိမ်မှုထိန်းသိမ်းရာတွင် စိတ်ပါဝင်စားအောင် ကြိုးပမ်းနိုင်ခဲ့သည်။ သူမဆိုလျှင် သုံးတန်း၊ လေးတန်း အရွယ်ကတည်းက လက်ပေါ်တွင် ကြက်သွန်တင်ကာ လှီးတတ်နေပြီ။ ဆယ်တန်းအောင်ကတည်းက မီးဖိုထဲဝင်ခု
ထိုစဉ်အချိန်တုန်းက “အမေကလည်း ငါ့ကိုခိုင်းလိုက်တာ” ဟု စိတ်ကွက်မိသော်လည်း အိမ်ထောင်ကျပြီး ကိုယ်တိုင် ချက်ပြုတ် အိမ်ထိန်း
တခါတရံ အိမ်နောက်ဖေးမီးဖိုမှာ မတ်တပ်ရပ် ဟင်းချက်ခိုက် ကြမ်းပေါ်တွင် ထိုင်ခုံအငယ်လေး ခုထိုင်ကာ အားရပါးရချက်ခဲ့ရသော အိမ်က မီးဖိုကို လွမ်းလာသည်။ ဆောင်းတွင်းနံနက်ခင်းများ ဆိုလျှ
ညနေတိုင် အလုပ်မှ အိမ်ပြန်နောက်ကျလျှင် စိုးရိမ်မကင်း မျက်နှာနှင့် ဧည့်ခန်းဝတွင် စောင့်ကြို ဆီးမေးတတ်သော အမေ့မျက်နှာကို မြင်ယောင်လာခိုက် မျက်ရည် ရစ်ဝဲလာတတ်သည်။ အမေသည် တစ်ခြားအမေများလို သူချစ်ကြောင်း ထုတ်ဖော်ပြတတ်သူ
တစ်ခါက အမေနှင့်အတူ အဖေ့ဇာတိ ကျောက်ဆည်ကို ခရီးသွားစဉ်က ဖြစ်သည်။ သူမ ရထားပြတင်းဘောင်ကို မှီကာ ငိုက်ရင်း အိပ်ပျော်သွားခဲ့သည်။ သူမ နိုးလာတော့ ဆောင်းတွင်း ညဖြစ်သော်ငြား ခေါင်းအုံးကဲ့သို့ အိအိနွေးနွေး
သူမ နိုးလာတော့လည်း သူ မဟုတ်သည့်အတိုင်း ခပ်တည်တည်ပင် “မာမာ (အမေ) အိပ်တော့မယ် ဟု ပြောကာ မျက်စိမှိတ်ကာ အိပ်ဖို့ ပြင်ဆင်နေတော့သည်။ “ညည်းတို့အမေက ငါ့သားသမီးတွေထဲမှာ မာနအကြီးဆုံးပဲ။ သူ့သားသမီးတွေကိုလည်း အရမ်းချစ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ထုတ်မပြဘူး။ ရင်ထဲမှာပဲ သိမ်းထားတာ“ ဟု သူမ အဘွားက အမြဲပြောတတ်သည်။
မှန်ပါသည်။ အမေသည် သူမချစ်ကြောင်း အမြဲတစေ ထုတ်ဖော်ပြောတတ်သူမဟုတ်ေ
အမေ မရိပ်မိအောင် အလုပ်ကို ခပ်တည်တည် သွားကာ နေ့တဓူဝ ပုံမှန်အတိုင်း လည်ပတ်နေရင်း ကျက်သရေရှိသော အမေ့မျက်နှာကို ခိုးခိုးကြည့်ကာ သက်ပြင်းခိုးရှိုက်ရသည်မှာ အကြိမ်ကြိမ်ပင်။ ညနေ အလုပ်မှ ပြန်လာတိုင်း ကြမ်းပေါ်တွင် ဖျာခင်းကာ အမေလှဲနေခိုက် တူမလေးနှင့် ရောနှောကာ အမေ့ ရင်ခွင်တွင်း တိုးဝင်မိလို့ အမေက ပြန်ဖက်ထားလျှင် သူမ ၀မ်းပန်းတနည်း မငိုမိအောင် ထိန်းချူပ်ရသည်မှာ ခက်ခဲလှသည်။ အမေ့မေတ္တာကို သူမ သေသေချာချာ သဘောပေါက်လာသည်မှာ သမီးကို ကိုယ်ဝန်ဆောင်စဉ်မှ စပါသည်။
သူမက morning sickness ကို ကိုယ်ဝန် ၇ လ အထိ ရခဲ့သူဖြစ်သည်။ ဒါ့အပြင် တိုက်တိုက်ဆိုင်ဆိုင် သမီးသည် သူမကို အမေကိုယ်ဝန်ရှိစဉ်ကလိုပင် ခေါင်းက အောက်သို့မစိုက်ပဲ ရှိနေခဲ့သည်။ “သမီးကိုယ်ဝန်တုန်းက အောက်ကို ခေါင်းမစိုက်ခဲ့လို့ ပြနေကျ ကျန်းမာရေးဆရာမနဲ့ ဆွဲလှည့်ခဲ့ရတာ။ နာလိုက်တာ ပြောမနေနဲ့အေ” ဟု သူမကို ဆိုဆုံးမမရတိုင်း အမေပြောလေ့ရှိတာကို သတိရမိသည်။
သူမက အမေမသိအောင် ယောက်ျားနောက် လိုက်လာခဲ့သည့်အတွ
ကိုယ်ဝန်နှင့် အခက်အခဲ ကြုံတိုင်း၊ သူတပါး အကူအညီ လိုအပ်ခိုက် မရတိုင်း “ငါ့အမေသာဆို ဒီလိုလုပ်မှာ မဟုတ်ဘူး” ဟု ၀မ်းပမ်းတနည်း တွေးမိနေတတ်သည်။။ တခါတရံ သူမ အပျိုဘ၀တုန်းက အမေ စိတ်ညစ်မိအောင် လုပ်ခဲ့သည်များကို တွေးမိသည့်အခါ “ အမေတော့.. တော်တော် စိတ်ညစ်ရှာမှာပဲ… သမီးသာ ငါ့လိုလုပ်ရင် ငါဘယ်လို လုပ်ရမလဲ” ဟူသော မေးခွန်းများ ပေါ်လာခဲ့သည် အထိပင်။ ထူးအိမ်သင်၏ အမေ့အိမ်၊ ကြယ်တွေဆုံတဲ့ည သီချင်းများ နားထောင်မိတိုင်း မျက်ရည် ရစ်ဝဲလာမိသည်။
သို့ရာတွင် မိခင်သည် မိခင်သာ ဖြစ်သည်။ သမီးမွေးပြီး သူမအလွန် ပိန်ကျသွားသည်ကို ကြားသိသည်ထင့်။ အမေ့ဆီကို အဝေးမှ သူမ ဖုန်းခေါ်လိုက်တိုင်း စကားလက်ခံပြောကာ လသားအရွယ် သမီးလေး ထိန်းကျောင်းရေးကို လက်ချာပေးတတ်သည်။ သူမ၏ အပူအပင်သောက၊ စိတ်ချမ်းသာမှုများကို ဖုန်းပေါ်မှတဆင့် မျှဝေ ခံစားပေးတတ်သည်။
သမီးလေး သုံးခါလည်ပြီမို့ ဇာတိမြေသို့ ပြန်သည့်အခါ သူမအလွန် လွမ်းဆွတ်နေသော အမေ့အိမ်ကို ပြန်လည် ခြေချခွင့်ရခဲ့သည်။ အမေ့အိမ်ကတော
သူမ ပြန်တဲ့နေ့… အမေကို ဖက်ကာနမ်းရင်း နှုတ်ဆက်တော့ အမေက ထုံးစံအတိုင်း ခရီးလမ်းတွင် ဂရုစိုက်ဖို့၊ သူ့မြေးကို ဂရုစိုက်ဖို့ တတွတ်တွတ် မှာရှာသည်။ ဝေဟင်ပေါ်မှ မြင်ရသည့် ဇာတိမြေကို ငေးကြည့်ရင်း…. အမေ့ရင်ခွင်နှင့် ဝေးရာကို ခေတ္တထွက်သွားရင်း ဘ၀၏ ပြောင်းလဲမှုတွေကို သတိပြုမိသည်။ သြော်… အမေအသက်ကြီးရှာပြီ။
ရွှေသန့်
by မျက်ရှု သုတ၊ရသမဂ္ဂဇင်း