ယမကဝဂ်၊ ဂါထာ (၁) YAMAKA VAGGA – 雙品篇 – VERSE 1.
စက္ခုပါလမထေရ်၏ ဝတ္ထု The Story of Thera Cakkhupala 瞎子尊者的故事
ယမကဝဂ်၊ ဂါထာ (၁)
၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။
၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊
စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊
ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့
အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။
Manopubbangama dhamma , manosettha manomaya
manasa ce padutthena , bhasati va karoti va
tato nam dukkhamanveti, cakkamva vahato padam.
manasa ce padutthena , bhasati va karoti va
tato nam dukkhamanveti, cakkamva vahato padam.
心是法先導,心是造作主導,若人造作身口意惡業,
必定受苦報,如牛車緊隨牛足跡。
Mind is the forerunner of (all
evil) states. Our life is the creation of our mind. If one speaks or acts with
impure mind, suffering follows one as the wheel of the cart follows the
draught-ox that draws the cart.
စက္ခုပါလမထေရ်၏ အတိတ်ဝတ္ထု
ချစ်သားရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးသည် မင်းပြုလတ် သည်ရှိသော် ဆေးသမားတစ်ဦးသည်ရွာ နိဂုံးဇနပုဒ်တို့ကို လှည့်လည်လျက် ဆေးကုသခြင်း အမှုကိုပြုရာ ထိုအခါ စက္ခုရောဂါဖြင့်ပြင်းစွာဖိစီး အားနည်းသော မိန်းမတစ်ယောက်ကို တွေ့မြင်၍ အသင်အား အဘယ်သို့သော မချမ်းသာခြင်းဖြစ်သနည်းဟု မေး၏။
ချစ်သားရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးသည် မင်းပြုလတ် သည်ရှိသော် ဆေးသမားတစ်ဦးသည်ရွာ နိဂုံးဇနပုဒ်တို့ကို လှည့်လည်လျက် ဆေးကုသခြင်း အမှုကိုပြုရာ ထိုအခါ စက္ခုရောဂါဖြင့်ပြင်းစွာဖိစီး အားနည်းသော မိန်းမတစ်ယောက်ကို တွေ့မြင်၍ အသင်အား အဘယ်သို့သော မချမ်းသာခြင်းဖြစ်သနည်းဟု မေး၏။
အရှင် ကျွန်တော်မသည် မျက်စိရောဂါတို့ဖြင့်
မမြင်ပါဟု ပြောလျှင် အသင်အား ငါသည် ဆေး ကုသခြင်းအမှုကို ပြုအံ့ဟုဆို၏။ အရှင် ဆေးကုသခြင်းငှာ
စွမ်းနိုင်လျှင် ကုမပါဟု တောင်းပန်၏။ ဆေးဆရာကလည်း အသင့်ကို ကုမသည်ရှိသော် ငါ့အား ဆေးခကိုပေးလတ္တံ့လောဟုမေးက
အရှင် အကယ်၍ အကျွန်ုပ် မျက်စိကို ပကတိ ထင်မြင်အောင် ကုစားခြင်းငှာ စွမ်းနိုင်ပါအံ့။
အကျွန်ုပ်သည် သားသမီးတို့နှင့်တကွ
အသင်၏ ကျွန်အဖြစ်ကို ဖြစ်ပါစေလော့ဟု ဝန်ခံ၏။ ဆေးဆရာကလည်း ကောင်းလှပြီဟု နှစ်သက်၍ ထက်မြက်သောဆေးကို
စီရင်၍ ပေး၏။ ထိုမိန်းမသည် တစ်ကြိမ်ခတ်ကာမျှဖြင့် ပကတိသော မျက်စိတို့သည် ဖြစ်လေကုန်၏။
ထိုမိန်းမလည်း ငါသည် သားသမီးနှင့်တကွ
ကျွန်ဖြစ်ပါအံ့ဟု ဆေးဆရာအား ဝန်ခံ၍ ထားမိ၏။ ထားတိုင်းတစေ ကျွန်ဖြစ်၍နေက သိမ်မွေ့နူးညံ့သော
စကားဖြင့် ပြောကြားခိုင်းစေခြင်း မဖြစ်လတ္တံ့။ ဆေးဆရာအား လှည့်ပတ်တော့အံ့ဟု ကြံပြီးမှ
ထိုခဏ၌ ဆေးဆရာသည် လာ၍ နှမ သင်၏ ရောဂါဝေဒနာသည်အဘယ်သို့ ရှိလေသနည်းဟု မေးလေ၏။ အရှင် ရှေးအခါ၌
မျက်စိရောဂါသည် အနည်းငယ်သော ထိုးကျင့်နှိပ်စက်ပါသည်။
ယခုမူကား ရှေးကထက် တိုး၍
ထိုးကျင့် ကိုက်ခဲပါသည်ဟု ပြောလျှင် ဆေးဆရာသည် “ဤမိန်းမကား ငါ့ကို တစ်စုံတစ်ခုသော ဆေးခကို
မပေးလိုသောကြောင့် လှည့်ပတ် ပြောဆိုလေသည်။ ထိုသူပေးအပ်သော ဆေးခဖြင့် ငါ့အား အဘယ်မူအံ့နည်း။
ယခုအခါ ထိုသူကို မျက်စိကန်းအောင် ပြုအံ့” ဟု ကြံပြီးလျှင် အိမ်သို့ပြန်၍ မိမိမယားအား
အကြောင်းကို ပြန်ကြား၏။
မယားလည်း တိတ်တဆိတ်နေလျှင်
ထိုဆေးဆရာသည် တစ်ခုသောဆေးကို ရှာကြံစုဆောင်း ထောင်းထုဖော်စပ်၍ ထိုမိန်းမ၏ထံသို့ တစ်ခုသောဆေးကို
ရှာကြံစုဆောင်း ထောင်းထုဖော်စပ်၍ ထိုမိန်းမ၏ထံသို့ သွားပြီးလျှင်နှမ ဤဆေးကို ကွင်းလော့ဟု
ပေး၍ ဆေးကို ကွင်းစေ၏။ ဆေးကို ကွင်းကာမျှဖြင့်ထိုမိန်းမအား နှစ်ဖက်သော မျက်စိတို့သည်
ဆီမီးလျှံကဲ့သို့ ကွဲပျက်ကုန်၏။
ထိုဆေးဆရာသည် ယခုအခါ စက္ခုပါလမထေရ်
ဖြစ်လာ၏ဟု ဇာတ်ကိုပေါင်းတော်မူပြီးမှ ချစ်သားရဟန်းများတို့ ထိုအခါ ငါ့သားတော်ဖြစ်သော
စက္ခုပါလသည် မိမိပြုအပ်သော မကောင်းမှုကံသည် မိမိသို့ အစဉ်တစိုက် နောက်မှ လိုက်သည်ဖြစ်၍
ယခုဘဝ၌ မျက်စိကန်းခြင်း ဖြစ်ရလေသည်။
The Story of Thera Cakkhupala
While residing at the
Jetavana monastery in Savatthi, the Buddha uttered Verse (1) of this book, with
reference to Cakkhupala, a blind thera.
On one occasion, Thera
Cakkhupala came to pay homage to the Buddha at the Jetavana monastery. One
night, while pacing up and down in meditation, the thera accidentally stepped
on some insects. In the morning, some bhikkhus visiting the thera found the
dead insects.
They thought ill of
the thera and reported the matter to the Buddha. The Buddha asked them whether
they had seen the thera killing the insects. When they answered in the
negative, the Buddha said, “Just as you had not seen him killing, so also he
had not seen those living insects.
Besides, as the thera
had already attained arahatship he could have no intention of killing and so
was quite innocent." On being asked why Cakkhupala was blind although he
was an arahat, the Buddha told the following story:
Cakkhupala was a
physician in one of his past existences. Once, he had deliberately made a woman
patient blind. That woman had promised him to become his slave, together with
her children, if her eyes were completely cured. Fearing that she and her
children would have to become slaves, she lied to the physician.
She told him that her
eyes were getting worse when, in fact, they were perfectly cured. The physician
knew she was deceiving him, so in revenge, he gave her another ointment, which
made her totally blind. As a result of this evil deed the physician lost his
eyesight many times in his later existences.
瞎子尊者的故事
有一天,盲尊者迦丘帕喇到祗樹給孤獨園向佛陀問訊。當天晚上經行時,他意外踩死一些昆蟲。第二天早上,精舍的其他比丘前去找他時,發現這些昆蟲的屍體,他們認為尊者犯了戒,就向佛陀報告這件事。
佛陀首先問他們是否親眼看見尊者踩死這些昆蟲,他們回答說沒有。
佛陀就勸告他們:「正如你們沒有親眼看見他殺生,他也看不見這些昆蟲;再說,身為阿羅漢,他沒有殺生的念頭,所以並沒有犯戒。」
他們接著問佛陀,尊者的眼睛為什麼會瞎掉?佛陀就以下面的故事來說明業力的影響:
迦丘帕喇的某一前世是醫生,卻故意使某個女人的眼睛瞎掉。事情的經過是這樣的:
該女人答應迦丘帕喇,如果能夠徹底治好她的眼病,她和兒子願意做他的僕人。但後來她卻害怕真的變為僕人,就向醫生撒謊,說她的眼睛愈來愈壞,而事實上,卻已經完全痊癒了。醫生很清楚她在騙他,所以為了報復,就給她另一付藥方,終於使她的眼睛完全瞎掉。
該女人答應迦丘帕喇,如果能夠徹底治好她的眼病,她和兒子願意做他的僕人。但後來她卻害怕真的變為僕人,就向醫生撒謊,說她的眼睛愈來愈壞,而事實上,卻已經完全痊癒了。醫生很清楚她在騙他,所以為了報復,就給她另一付藥方,終於使她的眼睛完全瞎掉。
由於這罪行,這醫生在往後很多世都是瞎子。