ဒုလ္လဘ (တွေ့ကြုံရခဲသော)
ပုဂ္ဂိုလ် နှစ်မျိုး
# လောကမှာ ရခဲ(တွေ့ခဲ)တဲ့
ပုဂ္ဂိုလ်နှစ်(မျိုး)ဦးရှိပါတယ်။ ဒုလ္လဘ ပုဂ္ဂိုလ်တဲ့ တန်ဘိုးကြီးပြီးရှားပါးတဲ့ ပုဂ္ဂိုလ်လို့ဆိုရမှာပါပဲ။အဲဒီပုဂ္ဂိုလ်
နှစ် မျိုးကတော့-
(၁) ပုဗ္ဗကာရီ -------- ရှေးဦးစွာ ကျေးဇူးပြုသူ
(၂) ကတညူတကဝေဒီ -- သူပြုဖူးတဲ့ ကျေးဇူးကို သိနားလည်ပြီး ဖော်ကျူးပေးဆပ်သူ။
(၁) ပုဗ္ဗကာရီ -------- ရှေးဦးစွာ ကျေးဇူးပြုသူ
(၂) ကတညူတကဝေဒီ -- သူပြုဖူးတဲ့ ကျေးဇူးကို သိနားလည်ပြီး ဖော်ကျူးပေးဆပ်သူ။
# ပုဗ္ဗကာရီ - ရှေးဦးစွာ
ကျေးဇူးပြုသူဆိုတာကမိဘနဲ့သားသမီး။ ဆရာနဲ့ တပည့်။ ကြီးသူ(စွမ်းနိုင်သူ) နဲ့ ငယ်သူ(အစွမ်းအစ
အားနည်းသူ)။ဆွေမျိုး ထဲမှာဆိုရင် အကျင့်စရဏ ကောင်းပြီး သြဇာညောင်းသူ။ ရပ်ရွာ မြို့နယ်မှာ
ဆိုရင်တော့ အကျင့်စရဏကောင်း အသိဥာဏ်ရှိပြီး သြဇာညောင်းတဲ့ ပုဂ္ဂိုလ်တွေ။အစိုးရပိုင်းမှာတော့
တရားနဲ့အညီ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးဦးစွာ ကျေးဇူးပြုသူများလို့ ဆိုရမှာပါ။
ရှေးဦးစွာ ကျေးဇူးပြုတယ်ဆိုရာမှာ ကိုယ်ကျိုးငဲ့ပြီး ပြုရတာလဲရှိတယ် ။ ကိုယ်ကျိုး မငဲ့ပဲ
ပြုရတာလဲရှိတယ်။ မိဘနဲ့ သားသမီး။ ဆရာနဲ့ တပည့် ဆိုရင် ရာနှုန်းအပြ ည့်လိုပါပဲ။ သားသမီး
တပည့်တွေအပေါ်မှာ ကောင်းစားစေချင်တဲ့ မေတ္တာအမှန် မေတ္တာ
အစစ်၊ ချမ်းသာစေချင်တဲ့ ၊ကျန်းမာစေချင်တဲ့၊ အောင်မြင်စေချင်တဲ့၊ အစစအရာရာ အဆင်ပြေ စေချင်တဲ့ မေတ္တာ ရှိကြပါတယ်။
အစစ်၊ ချမ်းသာစေချင်တဲ့ ၊ကျန်းမာစေချင်တဲ့၊ အောင်မြင်စေချင်တဲ့၊ အစစအရာရာ အဆင်ပြေ စေချင်တဲ့ မေတ္တာ ရှိကြပါတယ်။
# စစ်မှန်တဲ့ မေတ္တာထားတတ်သူဟာ
ပေါင်းသင်းဆက်ဆံရေးကအစ သူတပါးရဲ့ ချမ်းသာရေးကိုသာ လိုလားနေတော့ သူတျပါးချမ်းသာရေးကိုသာ
ရှေးရှုနေပြီး သည်းခံတယ် ၊ ခွင့်လွှတ်တယ် အနစ်နာခံတယ် ။ တစ်ခါ တစ်ခါ သည်းမခံနိုင်စရာ အချက်ကလေးရှိလို့ ရုတ်တရက်လွတ်သွား
ပေမယ့် အချိန်မီ ထိန်းသိမ်းနိုင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက သူတပါး ချမ်းသာစေချင်တာ။
သူတပါး ချမ်းသာရေးကိုသာ ရှေးရှုတာကိုး ။
ကိုယ့်ချမ်းသာရေးကို မရှေးရှုဘူး။
ကိုယ့်ချမ်းသာရေးကိုဦးစားမပေးဘူး ။ သည်းခံခွင့်လွှတ် အနစ်နာ ခံစရာရှိ၇င် အနစ်နာခံလိုက်တာပဲ
။ အဲဒီတော့ နောက်ပိုင်းမှာ ကြင်နာမှုတွေဖြစ်လာတယ်။ စစ်မှန်တဲ့ မေတ္တာ အခြေခံလိုက်တော့
လူမှုဆက်ဆံရေးကအစပြေအေးစေနိုင်တဲ့ အနစ်နာခံမှုတွေ ၊ သည်းခံမှုတွေ ဖြစ်လာပါတယ် ။
# ကောင်းစားစေချင်တော့
မေတ္တာစစ် မေတ္တာမှန် က သူ့ရဲ့ ဆန်ကျင်ဘက် မုန်းမှုဒေါသ ကင်းသွားတယ်။ ဆင်းရဲစေချင်တဲ့
သဘောလည်း မရှိတော့ဘူး ။ ရက်စက်တဲ့ဒေါသလည်း ကင်းသွားပြီး သိပ်ကောင်းတာ ။ မိဘတွေဆိုရင်
သားသမီးတွေအပေါ်မှာလောက ဓမ္မ နှစ်ဌာနလုံးမှာ လူတစ်လုံးသူတစ်လုံး ဖြစ်စေချင်တာ ။ ဘယ်တော့မှသားသမီး
ဆုတ်ယုတ်နစ်နာမှုတွေ မလိုလားဘူး။ ပြီးတော့ လက်ဥိးဆရာအနေနဲ့ကောင်းကျိုးချမ်းသာရစေဖို့ရန်
ညွှန်ပြသင့်တဲ့ အရာတွေ ညွှန်ပြတာပဲ ။ အဲဒါမေတ္တာရဲ့အခြေအနေပေါ့ ။ ညွှန်ပြတဲ့အတိုင်း သားသမီးတွေက
ကျင့်သုံးရင် ကျင့်သုံးသလောက်အကျိုးကျေးဇူးများတာပါပဲ။ လောကရေးမှာလည်း အကျိုး ကျေးဇူးရှိ။
ဓမ္မရေးမှာလည်း အကျိုးကျေးဇူးရှိလာတာပါပဲ ။
# တဖက်က မေတ္တာနဲ့ ကောင်းကျိုးချမ်းသာရဖို့
ညွှန်ပြသလို အခြားတဖက်ကလည်း အမှားတွေ မပြုမိ မပြောမိ မကြံစည်မိစေဖို့။ ဆင်းရဲဒုက္ခ မရောက်စေလို
လို့ ။ ဆင်းရဲဒုက္ခ ရောက်မှာကို ပယ်ရှားလိုလို့ ဆုံးမပဲ့ပြင်ပေးကြတာ အဲဒါ ကြင်နာမှု ခေါ်တယ်
။သားသမီးတွေပေါ်မှာ မိဘတွေ အနစ်နာခံတယ်ဆိုတာ အထူးပြောစရာမလိုဘူး ။ သားသမီးတွေ မှားတာတောင်မှ
သည်းခံနိုင်တာ ။ အနစ်နာခံနိုင်တာ ။ ကြင်နာသနားလို့ပါပဲ ။ဒီလို ကြင်နာသနားတော့ အမှားတွေကို
တားတယ်။ တားထားတဲ့ အမှားတွေကို သားသမီးတွေရှောင်ရင် ဒုက္ခမရောက်ဘူး။
“မကောင်းမြစ်တား “ ဆိုတဲ့အတိုင်း ဒုက္ခမရောက်စေချင်လို့
တားတာပါပဲ ။ “ ကောင်းရာ ညွှန်လတ် “ ဆိုတော့ သိပ်ကောင်းတာပေါ့။ ကောင်းရာညွှန်တာမေတ္တာ ။
မကောင်းတာ တားတာ ကရုဏာ ။ မေတ္တာ ကရုဏာ ထားပြီး သားသမီးတွေကိုစောင့်ရှောက်နေတာ့ အရွယ်အလိုက်
သားသမီးတွေ ကျန်းမရေး ကောင်းလာတယ် ။ပညာရေးမှာလည်း တိုးတက်လာတယ် ။ လူမှု ဆက်ဆံရေးတွေ
ကောင်းလာတယ် ။
အထူးသဖြင့် လောကဘက်က ချွန်ရေးထက်
ယဥကျေးမှုနဲ့စပ်တဲ့ မွန်ရေးကို အလေးထားပြီး ပြုပြင်တတ်တဲ့ မိဘများရဲ့ လက်အောက်မှာ နေရတဲ့
သားသမီးတွေဟာ ချွန်ရုံမဟုတ်ဘဲ မွန် လာတယ် ။
ဒီလို ချွန်တာ မွန်တာတွေ တွေ့လို့ရှိရင် တပြုံးပြုံးနဲ့ ကြည်နူး ကြည်သာမှုရှိလို့ မုဒိတာပွားကြရတယ်
။
# နောက် သားသမီးတွေက သူ့အင်အားနဲ့သူ
ရပ်တည်နိုင်တဲ့ အပိုင်းရောက်တဲ့အခါမှာစိတ်ချရလို့ အရင်ကလို ကြောင့်ကြစိုက်စရာ မလိုတော့ဘူး
။ သက်သောင့် သက်သာလေးရှိသွားတော့တာ ။ ဒါ ဥပေက္ခာ သဘောပါပဲ။ အဲဒီ မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာတွေကို ဗြဟ္မစိုရ်တရားလို့ ခေါ်ပါတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များသာ ကျင့်သုံးနိုင်လို့
ဗြဟ္မစရိယ လို့လည်းခေါ်ပါတယ် ။ ဒီလို တရားရှိတဲ့ မိဘများနဲ့ အတူနေရတဲ့ သားသမီး များဟာ
ဗြဟ္မာကြီးများနဲ့ အတူနေရသလိုပါပဲ ။
# ဗြဟ္မာကြီးများဟာ ကမ္ဘာလောကကြီးပေါ်မှာသတ္တ၀ါတွေ
ကောင်းစားစေချင်တဲ့ မေတ္တာထားတယ် ။ မဆင်းရဲစေချင်တဲ့ (တနည်း) ဆင်းရဲခြင်းမှ လွတ်မြောက်စေချင်တဲ့
ကြင်နာသနားတဲ့ ကရုဏာထားတယ် ။ မေတ္တာ ကရုဏာကို အခြေခံပြီး ပေါ်ပေါက်တဲ့ အကျိုးရလဒ်ပေါ်မှာကြည်သာမှု
မုဒိတာလည်း ပွားတယ်။ မေတ္တာ ကရုဏာ မုဒိတာထားပြီး ကမ္ဘာလောကကြီးကိုစောင့်ရှောက် တယ်။
အစောင့်ရှောက်မခံနိုင်အောင် သူ့ကံနဲ့သူ ပေါ်လာတဲ့
သတ္တ၀ါတွေဟာ ကောင်းတာ ကလည်း ကောင်းကျိုးအလိုက် မကောင်းတာကလည်း မကောင်းကျိုးအလိုက် စံရခံရတာတွေ့ရင်
သူ့ကံနဲ့သူပေါ့လေ ။ ငါလည်း မတတ်နိုင်ဘူးဆိုပြီး သူပြုခဲ့တဲ့ ကောင်းကံဆိုးကံကို လွဲချရတာ
။ သက်သာအောင်လုပ်တာ ဘက်မျှစွာထားရတာကို ဥပေက္ခာလို့ ဆိုပါတယ်။
# ဗြဟ္မာနဲ့တူတဲ့ မိဘများတော့
ရှားသွားပါပြီ ။ မိဘတို့ကိုယ်တိုင်က အကျင့်စရဏနဲ့ပတ်သက်ပြီး မွေးလာတဲ့ သားသမီးတွေ ကောင်းမွန်ဖို့ထက်
ထူးချွန်ဖို့သာ အလေးထားကြတော့ သားကောင်း သမီးကောင်းဖြစ်ဖို့တွက် ရှေ့တန်းမတင်တော့ဘူး
။ နောက်ပိုင်းမှာ အချိုးမကျ အပိုးမသေတဲ့ သားသမီးတွေကို တွေ့ရပြီဆိုရင် မျက်ရည်တွေ စမ်းစမ်းလေးနဲ့ဖြစ်ရပါတယ်။ဝမ်းနည်းမှုနဲ့
အဆုံးသတ်ရပါတယ် ။
မိဘ ဘက်ကလည်း ၀တ္တရားချို့တဲ့
သွားတာများနေပါပြီ။ဗြဟ္မာနဲ့တူတဲ့ မိဘတွေလက်အောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဆိုရင်
တဖက်ကလည်းလောကသားပီပီ တတ်သင့်တတ်ထိုက်တဲ့ အတတ်ပညာတွေ တတ်ပြီးတော့ သူ့ဘ၀နဲ့၇ပ်တည်နိုင်ဖို့ရာ
ချွန်အောင် လုပ်ပေးတယ် ။ အခြားတဖက်မှာလည်း ကိုယ် နှုတ် စိတ် သုံးပါး မမှားရအောင် ထိန်းချုပ်တယ်
။ ထိန်းချုပ်တတ်အောင် အခြေခံကစပြီး ကိုယ်ကျင့်တရားတွေ သင်ပြပေးတယ် ။
ဒီအသိဥာဏ်နဲ့ မလုံလောက်တော့
ပွားသိဥာဏ်တွေ ရအောင်လည်း ဘာသာရေးသာသနာရေးနဲ့ ဆက်သွယ်ပေးတယ် ။ ဒီလိုမွန်တဲ့ သားသမီးတွေ
ကိုယ်ကျင့်တရားကောင်းတဲ့သားသမီးတွေ ။ လူပီသတဲ့ သားသမီးတွေ လူလိုစိတ်ထားတတ်တဲ့ သားသမီးတွေ
။ လူ့အသိဥာဏ်ရှိတဲ့ သားသမီးတွေ ။ လူ့ထက် လူ ဖြစ်တဲ့သားသမီးတွေ ထွန်းကားလာတယ်။
# ဒါတွေ မြင်တွေ့ရတဲ့
မိဘတွေ ဘယ်လောက်ထိ စိတ်ချမ်းသာမလဲ။ ၀မ်းသာမလဲ ဆိုတာ ကြည့်နိုင်တယ် ။ အဲဒီအခြေအနေထိရောက်အောင်
ပြုပြင်ပေးတဲ့ မိဘများကို ပုဗ္ဗကာရိ လို့ခေါ်ပါတယ် ။ လောက ဓမ္မ နှစ်ဌာနလုံးမှာ သူတို့ပြုပြင်ပေးသွားတဲ့
ကျေးဇူးတွေကို သိတတ်တာကို ကတညူ လို့ခေါ်ပါတယ် ။ တချို့သောသူများက ဒီလိုကျေးဇူးကို သိတတ်ပြီး
ကျေးဇူးကို ထုတ်ဖေါ်သင့်တဲ့အပိုင်းရောက်ပီဆိုရင် နှုတ်နဲ့မဟုတ်သော်မှ စိတ်နဲ့ ဖော်ကျူးတယ်။
ထိုက်တန်တဲ့ကျေးဇူးကြွေးတွေလည်း ဆပ်တယ် ။ အသက်ရှင်ဆဲ ကာလမှာ ကျေးဇူးကြွေး ဆပ်သလိုကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း
ထိုက်တန်တဲ့ ကျေးဇူးကြွေးဆပ်တယ် ။ ဒါလည်း ကတဝေဒီခေါ်ပါတယ် ။
ကျေးဇူးသိတတ် ကျေးဇူးဖော်ကျူးတတ် ထိုက်တန်တဲ့ ကျေးဇူးတွေ ဆပ်တတ်တဲ့သားသမီးတွေကို ကတညူ ကတဝေဒီ ခေါ်ပါတယ် ။ ဆရာနဲ့ တပည့်လည်း ထိုနည်းလည်းကောင်းပါပဲ ။ အဲဒီပုဂ္ဂိုလ် နှစ်မျိုးဟာ လောကမှာ ရခဲတဲ့ ဒုလ္လဘ ပုဂ္ဂိုလ်နှစ်မျိုး လို့ဆိုပါတယ် အဘိုးထိုက်တန်ပီး မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များ လို့ခေါ်ပါတယ်။
ရွှေတောင်ကုန်းဆရာတော်ကြီးဟောကြားတော်မူသော
“ လူသေပေမယ့် နာမည်နဲ့မျိုးနွယ်မသေ “ တရားတော်မှ ကူးယူပူဇော်အပ်ပါသည်။
တန်ဘိုးရှိသော ပုဂ္ဂိုလ်များ
ဖြစ်ကြပါစေ...
Ukyaw Kyaw