"သူ့အမြင်
ကိုယ့်အမြင် ဓမ္မအမြင်"
ကိ
ံဒိဋ္ဌိကသုတ် မြတ်စွာဘုရား သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန်။
အနာထပိဏ် သူဌေးကြီးက နေမွန်းတည့်တဲ့ အချိန် ဘုရားကျောင်းကိုသွားဖို့
ဆန္ဒရှိတယ်။ မနက် နေ့ပိုင်း ညနေ တစ်နေ့ သုံးကြိမ် ဘုရားကျောင်းသွားတယ်။
တစ်ရက်တော့ အဲဒီ နေ့လယ်အချိန် မြို့ကထွက်ပြီး ဇေတဝန်ကျောင်းဘက်ကိုသွားရင်းစဉ်းစားမိတယ် ' သြော် ဒီအချိန်မှာ
မြတ်စွာဘုရား ဟာ တစ်ပါးတည်း ကိန်းအောင်းနေတယ်' ။
(
ကိန်းအောင်းနေတယ်ဆိုတာ ကျိန်းနေတာကို ပြောတာမဟုတ်)
ခုခေတ်ကတော့ အဲဒီစကားလုံး ကို ယူပြီးတော့ ' ဘုန်းကြီး ကျိန်းနေတယ်
ကျိန်းနေတယ်' ဆိုတာ လူတွေက အိပ်နေတယ်လို့ ထင်တာနော်။ဘုန်းကြီးပဲ တနေကုန် အိပ်နေရင်
ဘယ်ဟုတ်မတုန်း။
မြန်မာစာပေမှာလည်း
အဓိပ္ပါယ်ပြန်ရင် ပြန်တတ်ဖို့ လိုတယ်။" ဇေတဝန်ကျောင်း၌ ကိန်းအောင်း မွေ့လျော် စံပျော်တော်မူသောအခါ" ဆိုတာ ကြားဖူးကြလိမ့်မယ်။ … … …
ဇေတဝန်ကျောင်းမှာ
နေပြီးတော့ သမာပတ်တွေ ဝင်စားနေတယ်။ကမ္မဋ္ဌာန်းထိုင်နေတယ်။ ကမ္မဋ္ဌာန်း
နှလုံးသွင်းနေတယ်။ တရားနှလုံးသွင်းနေတယ်။ အဲဒါကို ကိန်းတယ်လို့ ခေါ်တာ။ အဲဒီကိန်းနေတယ်ဆိုတဲ့ စကားလုံးက ဘယ်ကရလာတာတုန်းဆိုတော့ " ပဋိသလ္လာန" ဆိုတဲ့ စကားလုံးကရတာ။
နှလုံးသွင်းနေတယ်။ တရားနှလုံးသွင်းနေတယ်။ အဲဒါကို ကိန်းတယ်လို့ ခေါ်တာ။ အဲဒီကိန်းနေတယ်ဆိုတဲ့ စကားလုံးက ဘယ်ကရလာတာတုန်းဆိုတော့ " ပဋိသလ္လာန" ဆိုတဲ့ စကားလုံးကရတာ။
"
ပဋိသလ္လာန" ဆိုတဲ့ စကားလုံးကို ကိန်းအောင်းတယ်လို့ မြန်မာက ပြန်တာ။ မူရင်းအဓိပ္ပါယ်က
~
"ပဋိ" ဆိုတာ ထိုထို အာရုံသို့ ပြေးသွားနေတဲ့စိတ်ကို ထိုထိုအာရုံမှ ရုပ်သိမ်းနောက်ဆုတ်ပြီး "လီန" -အာရုံတစ်ခုတည်းပေါ်မှာငြိမ်အောင်ထားလိုက်တာ။ ဒီလို အဓိပ္ပါယ်ရတာ။ အဲတော့ကမ္မဋ္ဌာန်း နှလုံးသွင်းနေတဲ့ အဓိပ္ပါယ်ပေါ့။
"ပဋိ" ဆိုတာ ထိုထို အာရုံသို့ ပြေးသွားနေတဲ့စိတ်ကို ထိုထိုအာရုံမှ ရုပ်သိမ်းနောက်ဆုတ်ပြီး "လီန" -အာရုံတစ်ခုတည်းပေါ်မှာငြိမ်အောင်ထားလိုက်တာ။ ဒီလို အဓိပ္ပါယ်ရတာ။ အဲတော့ကမ္မဋ္ဌာန်း နှလုံးသွင်းနေတဲ့ အဓိပ္ပါယ်ပေါ့။
ဆိုပါစို့--
ဘုန်းကြီးတို့တတွေရဲ့စိတ်ဟာဒီအတိုင်းလွှတ်ထားကြညိ့ပါလား။ တောင်တွေးမြောက်တွေး တွေးနေမှာပေါ့။ မြင်ရငိမြင်တဲ့ဆီ ကြားရင်ကြားတဲ့ဆီ အနံ့ရရင် အနံ့ ရတဲ့ဆီ ရောက်သွား လိုက်နော်။ဘာမှ မရင်လည်း ဟိုတွေးဒီတွေး
တွေးနေတယ်။ စိတ်က လျှောက်ပြေးနေတာ။
အဲဒီလို
ပြေးနေတဲ့စိတ်ကို ထိုထိုအာရုံတွေသို့ မသွားရအောင် နောက်ဆုတ်လိုက်ပြီး
အာရုံ တစ်ခုတည်းပေါ်မှာ ရပ်သွားအောင်လုပ်လိုက်တာ။ထွက်လေဝင်လေမှတ်နေရင်လည်း ကိန်းအောင်း
တယ်လို့ ဒီလိုပြောတာနော်။ စိတ်ကလေးဟာ အာရုံတစ်ခုတည်းပေါ်မှာ ကိန်းသွားအောင် အောင်းနေအောင်
လုပ်လိုက်တာ။ဒီလိုဆိုလိုတာ။
ကဲ
ဘုန်းကြီးတို့တတွေ တစ်နေ့မှာ ဘယ်နှစ်ကြိမ်များ အောင်းကြတုန်းနော်။ ဘယ်နှစ်ကြိမ်များ
ကိုယ့်စိတ်ကို အာရုံလေးပေါ်မှာ အောင်းထားနိုင်တုန်း။ ဘုရား ရဟန္တာတွေကတော့ အားပြီဆိုတာနဲ့
တပြိုင်နက် " ပဋိသလ္လာန" နောက်ဆုတ်ပြီးတော့ အာရုံတွေ
မသွားရအောင် စိတ်ကလေးကို ဖမ်းချုပ်လိုက်ပြီး ကိုယ်လိုချင်တဲ့အာရုံ (နိဗ္ဗာန်အာရုံ
ပဲဖြစ်စေ သမထကမ္မဋ္ဌာန်းအာရုံပဲဖြစ်စေ ဝိပဿနာကမ္မဋ္ဌာန်းအာရုံ
တစ်ခုဖြစ်စေ) အာရုံ တစ်ခုခုပေါ်မှာ ပို့လွှတ်ပြီး အဲဒီအာရုံနဲ့
နေတာကို ကိန်းအောင်းတယ်လို့ ဒီလိုပြောတာ။ အဲတော့ အဓိပ္ပါယ်အမှန်ကို သိဖို့ လိုအပ်တယ်ပေါ့။
အဲတော့
အနာထပိဏ်သူဌေးက စဉ်းစားတယ် " ဒီအချိန်ဟာ မြတ်စွာဘုရား ကိန်းအောင်း နေသေးတယ် သမာပတ်ဝင်စားနေတယ်။ ဘုရားဖူးဖို့ အချိန်မဟုတ်သေးဘူး"။
ဆိုလိုတာက အေး ဒီအချိန်ဟာ ဘုရားသွားဖူးဖို့ မတော်သေးဘူး
သမာပတ်ဝင်စားနေတယ် ဒီလို ပြောတာနော်။ သူ့အချိန်နဲ့သူ အလုပ်လုပ်ကြတာကိုး။
တစ်ခါ မနောဘာဝနိယ - ကုသိုလ်စိတ်ကို တိုးပွား တိုးတက်စေတတ်တဲ့ ရဟန္တာအရှင်မြတ်တွေကို သွားဖူးဖို့ဆိုတာလည်း အချိန်မဟုတ်သေးဘူး။ဘာလို့တုန်းအား
လုံးဟာ ကိုယ့်ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီး အေးအေးချမ်းချမ်းနေတဲ့အချိန်
ဖြစ်တယ်။ သွားတွေ့လို့ မတော်သေးဘူး။ ဒါ သူစဉ်းစားပုံမျိုးကို ပြောတာနော်။
အဲဒီလို
ဇေတဝန်ကျောင်းဖက် ထွက်လာပြီး မှ တွေ့ဖို့ အချိန် မဟုတ်သေးဘူးဆိုပြီး
လမ်းခုလတ်မှာ အချိန်ကလေး ပိုနေလို့ဆိုပြီး ဘယ်ကို ဝင်လိုက်တုန်းဆိုတော့
ပရိဗိုဇ်တွေနေတဲ့ကျောင်းထဲကို ဝင်သွားတယ်။ ပရိဗိုဇ်ဆိုတာ ပရိဗ္ဗာဇက ဆိုတဲ့ စကားလုံးကလာတာ။… ……
ပရိဗ္ဗာဇက ကို အင်္ဂလိပ်လို Wanderer လို့ပြန်တယ်။ လျှောက်သွားနေသူ ။ လျှောက်သွားပြီးတော့ ဟိုဟာငြင်း ဒါငြင်း။ အဲဒီလို အယူဝါဒတွေ သင်ယူပြီးတော့ အငြင်းအခုံတွေ အင်မတန်မှများတယ်။
ပရိဗ္ဗာဇက ကို အင်္ဂလိပ်လို Wanderer လို့ပြန်တယ်။ လျှောက်သွားနေသူ ။ လျှောက်သွားပြီးတော့ ဟိုဟာငြင်း ဒါငြင်း။ အဲဒီလို အယူဝါဒတွေ သင်ယူပြီးတော့ အငြင်းအခုံတွေ အင်မတန်မှများတယ်။
သစ္စကတို့လို ပရိဗိုဇ်တွေပေါနော်။ ပရိဗိုဇ်တွေဟာ မြတ်စွာဘုရားလက်ထက်မှာ အင်မတန်များတယ်။
အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလ္လာန်တို့လည်းပဲ မြတ်စွာဘုရားဆီ
မရောက်ခင်ကသူတို့လည်း ပရိဗိုဇ်တွေပဲ။
ပရိဗ္ဗာဇက
မှာ ပရိ- ဆိုတာ ပတ်ဝန်းကျင်ကို ဗာဇက - လှည့်ပတ်သွားလာနေတဲ့
ပုဂ္ဂိုလ်မျိုးတွေ။ ဘာသာရေး ဂိုဏ်းတစ်ဂိုဏ်းလို့ ပြောရမှာ ။ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတော့ သဉ္စယ
ဗေလဋ္ဌပုတ္တ ။ မြန်မာတွေမှာ သိဉ္စည်းဆရာကြီးလို့ သိကြတယ်။ ပရိဗိုဇ်တွေရဲ့ခေါင်းဆောင်ပေါ့။…
ပရိဗိုဇ်တွေဟာ လွတ်လပ်ပုံရတယ်။တချို့က ပရိဗိုဇ်ဝတ်နဲ့ပဲ ဗုဒ္ဓဘာသာဖြစ်နေတာရှိတယ်။ မြတ်စွာဘုရားကို ကြည်ညိုတဲ့ ပရိဗိုဇ်တွေလည်းရှိတယ်။ ဆန့်ကျင်တဲ့ပရိဗိုဇ်တွေလည်းရှိတယ်။ သူတို့ကတော့ အယူဝါဒတစ်ခုကို ဆွဲကိုင်ပြီး ငြင်းကြခုန်ကြတဲ့ ပုဂ္ဂိုလ်မျိုးတွေပဲ။ ခုခေတ်လိုဆိုရင် "ဒဿန" သမားတွေပေါ့။ ဒဿနသမားတွေ သူ့အမြင် ကိုယ့်အမြင်နဲ့ ငြင်းကြတယ် ခုန်ကြတယ်။
အနာထပိဏ်သူဌေးကြီး ဝင်လာတဲ့အချိန် အဆောက်အဦတစ်ခုမှာ ပုရဗိုဇ်တွေစုပြီး ဆူညံစွာ စကားပြောနေကြတယ်တဲ့။ဆူဆူညံညံနဲ့
ငြင်းကြခုန်ကြတယ်။ အရပ်ထဲက ကာလးတွေလိုပေါ့။ အနာထပိဏ်သူဌေးကြီးဝင်လာတာလည်းမြင်ရော
တစါယောက် တစ်ယောက်ရှုးရှုးလုပ်ပြီး တိတ်တိတ်နေဖို့ ပြောကြတယ်။
"
တိတ်တိတ်နေကြ တိတ်တိတ်နေကြ ဟိုမှာ အနာထပိဏ်သူဌေး လာနေပြီ။ အနာထပိဏ် သူဌေးဆိုတာ ဂေါတမဘုရားရဲ့
တပည့် တကယ့်အရင်းအချာကျောင်းဒယကာကြီး ဖြစ်တယ်။ ဂေါတမဘုရားရဲ့
တပည့်တွေဟာ တိတ်တိတ်နေတာ အင်မတန်မှကြိုက်တယ်။ သူတို့ ဘုရားကိုယ်တိုင်ကလည်း တိတ်တိတ်နေဖို့ အမြဲဆုံးမတယ်။
သူတို့ကလည်းပဲ
တိတ်ဆိတ်နေတာ အင်မတန်မှ ကြိုက်တယ်။ တိတ်တိတ်နေမှ သူက တို့ဆီလာမှာ။ ဒီလို ဆူဆူပူပူ ဆူညံဆူညံနဲ့ စကားပြောနေရင်သူ တို့ဆီလာမှာ မဟုတ်ဘူး"
အနာထပိဏ် သူဌေးကိုလည်း မြင်လိုက်ရော တခါတည်း မီးကို
ရေနဲ့ ငြှိမ်းလိုက်သလို ငြိမ်ကျသွားတယ်။
အရှန်သတ်လိုက်ကြတာနော်။
ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ မြတ်စွာဘုရားက တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်ကြိုက်တယ်။ ဆူဆူညံညံလုပ်ရင်
မကြိုက်ဘူး။(အဲဒါ ဗုဒ္ဓဘာသာဝင်တွေ သတိထားဖို့တော့ ကောင်းတယ်ပေါ့နော်)
မြတ်စွာဘုရားက အင်မတန်မှ တိတ်ဆိတ်တာကို ကြိုက်တယ်။ ဒါကြောင့်မို့ တိတ်ဆိတ်ငြိမ်သက်မှုကို ဦးစားပေးလေ့ရှိတယ်။
တိတ်ဆိတ်ငြိမိသက်မှုကို မြတ်စွာဘုရားကိုယ်တိုင်က ကြိုက်တယ်ဆိုတဲ့အကြောင်း မြတ်စွာဘုရား တပည့်သာဝကတွေက ကြိုက်တယ်ဆိုတဲ့အကြောင်းကို တခြားဘာသာဝင်တွေကပါ သိကြတယ် ပေါ့နော်။ ဒီတိတ်ဆိတ်ငြိမ်သက်မှုဟာအသိဥာဏ်ကို
ဖွံ့ဖြိုးစေနိုင်တယ်တဲ့။ ဆူညံမှုက အသိဥာဏ်ကို မဖွံ့ဖြိုးစေနိုင်ဘူးတဲ့။ီလိုဆိုလိုတာနော်။
အဲတော့
မြန်မာပြည်က လူတွေက ဘာကြောင့် ဆူညံမှုကို ကြိုက်နေကြတယ်မသိဘူး။
အသံချဲ့စက်ကြီးတွေနဲ့ ဆူညံမှုတွေ တော်တော်များတယ်နော်။
ဟို နိုင်ငံခြားတိုင်းပြည်တွေမှာ ( အမေရိကတို့ အင်္ဂလန်တို့ နိုင်ငံတွေမှာ) တိတ်ဆိတ်နေတာပဲ။ငြိမ်သက်နေတာပဲ။
ဘယ်နေရာ
တရားအားထုတ်ထုတ် ရနိုင်တဲ့ အမေအထားမျိုးရှိတယ်။ ဆူညံတာ မလုပ်ကြဘူး။ သို့သော်တိတ်ဆိတ်ငြိမ်သက်မှုကို
ဗမာပြည်က မကြိုက်ဘူး။ ဆူညံတာကို ကြိုက်တဲ့ သဘော ဖြစ်နေတယ်။ အဲတော့ တိတ်ဆိတ်ငြိမ်သက်တာဟာ
အင်မတနိမှ ကောင်းတယ်တဲ့။
ဆူတာညံတာကို
Noise -
pollution လို့ ခေါ်တယ်။လောကမှာ ကျန်းမာရေးထိခိုက်တဲ့ အရာတွေ
ရှိတယ်။
Air
- pollution ကလည်းကျန်းမာရေးကို ထိခိုက်စေတယ်။ ညစ်ညမ်းတဲ့လေတွေကို
ရှုရှိုက်ရရင် ကျန်းမာရေးကို ထိခိုက်တယ်။ Water pollution ညစညမ်းတဲ့ရေကို သောက်သုံးလိှို့ရှိရင်
ကျန်းမာရေးထိခိုက်တယ်။ ဒီနှစ်ခုတော့ အများအားဖြင့်
သိကြတယ်။ ခုနောက်တစ်ခုထပ်ထည့်ရမယ်။ ဘာတုန်းဆိုတော့
Light -pollution တဲ့နော်။
နေ့ရောညရော
လျှပ်စစ်မီးကြီးတွေ ထိန်ထိန်ညီးညီး ထွန်းထားတဲ့အခါကျတော့
Light- pollution ဖြစ်လာတယ်။ ဗမာပြည်ကတော့ လွတ်ကင်းပါတယ်။
အမှောင်ကလေးတွေ မြင်ရသေးတယ်။ ဗမာပြည်မှာတော့ Light-pollution တော့မရှိဘူး။ Noise -pollution တော့ရှိတယ်။
အနာထပိဏ်သူဌေးကြီးလာတာလည်းမြင်လိုက်ရော"
ဟေ့ တိတ်တိတ်နေကြ တိတ်တိတ်နေကြ သူဟာ တိတ်ဆိတ်မှုကိုကြိုက်တယ်ရဟန်းဂေါတမရဲ့ တပည့်ထဲမှာ
သူဟာထင်ရှားတဲ့ တပည့်ဖြစ်တယ်ပေါ့။
တိတ်ဆိတ်မှုကို
ကြိုက်တဲ့တပည့်ဖြစ်တယ်။ အဲဒါမှ ဒို့ဆီကို လာလိမ့်မယ်"
လို့ပြောပြီး ငြိမ်နေလိုက်ကြတာ။ အနာထပိဏ်သူဌေးက ရောက်သွားတယ်။
သူတို့ အသိုင်းအဝိုင်းထဲမှာ ထိုင်တယ်။ ဝိုင်း ပြီးမေးခွန်းတွေ မေးကြတာပေါ့။
ကဲ
ဘယ်လိုမေးကြပြီး ဘယ်လိုဖြေတယ် ဆိုတာတော့ မနက်ဖြန်ညမှာ
ဆက်ကြတာပေါ့နော်…။
*
ရွှင်လန်းချမ်းမြေ့ကြပါစေ*
ဆရာတော်ကြီး၏
ကျေးဇူးဂုဏ်တို့ကို ရည်မှန်းလျက် လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန်တော့လိုက်
ရပါတယ်ဘုရား။