Monday, February 17, 2014

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ (2)


တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ (2)

Misconception #6 လွဲမှားသောအယူအဆ (၆)
Meditation is for saints and holy men, not for regular people
တရားအားထုတ်ခြင်း ရဟန်းသံဃာများအတွက်သာဖြစ်ပြီး သာမာန်လူများနှင့်မဆိုင်ပါ။
အမေရိကန်မှနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များနှင့်ဘတ်စကက်ဘောချန်ပီယံများကို သာမာန် လူတို့ထက် စွမ်းဆောင်ရည်မြင့်မားသူများအဖြစ် လက်ခံထားသကဲ့သို့ ရဟန်းတော်များသည် ရိုသေ မြတ်နိုးဖွယ်ရာ ဂုဏ်တို့ဖြင့်ပြည်စုံသောကြောင့် ရဟန်းတော်များသာ ကမ္မဌာန်းတရားနှင့် ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ရမည်ဟု အာရှဒေသ၌ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယူဆထားကြသည်။

ထိုသူများသည် စွမ်းနိုင်သူများဖြစ်ကြပြီး ရှားပါးသော အရည်အချင်းများပိုင်ဆိုင်ကြသည်။ မြင့်မြတ်သောရသေ့၊ရဟန်းများအားလုံးနီးပါး တရားဘာဝနာပွားကြသည်။ သိုသော် ထိုသူများသည်
ရသေ့၊ရဟန်းများဖြစ်သောကြောင့်တရားအားထုတ်ခြင်းမဟုတ်ကြပါ။ သံသယာဘေးကိုကြောက်ရွှံ ၍ တရားဘာဝနာ၌ မွေလျော်သောကြောင့်သာ ရသေ့၊ ရဟန်းများအဖြစ် သတ်မှတ် ခေါ်ဆို ခံရခြင်းဖြစ်သည်။ တရားဘာဝနာပွားများခြင်းကသာ စင်ကြယ်မြင့်မြတ်သူ အဖြစ်သို့ ရောက်စေခြင်း ဖြစ်သည်။ ရသေ့၊ရဟန်းမဖြစ်ခင်ကတည်းက တရားအားထုတ်ကြသူများဖြစ်သည်။
လုံးဝဖြူစင်သည့် သီလအကျင့်ရှိသူသာတရားအားထုတ်သင့်သည်ဟု ယောဂီအများစုက လွဲမှားစွာ နားလည်လက်ခံထားကြသည်။ ထိုနည်းသည် အလုပ်ဖြစ်နိုင်သောနည်းတစ်ခုမဟုတ်ပါ။ သီလမြဲရန် အတွက် စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မူ(mental control) သည် အနိမ့်ဆုံး အခြေခံ လိုအပ်ချက် တစ်ခုဖြစ်သည်။ အခြေခံ ၅ပါးသီလ(သို့) ၈ပါးသီလ တို့ကို မစောင့်စည်းနိုင်၊ ဖြူစင်စွာ မလိုက်နာနိုင်လျှင် သမာဓိထူထောင်ရန်မဖြစ်နိုင်ပါ။ ဗုဒ္ဓနည်းအရတရားဘာဝနာပွားများရန် သီလ၊ သမာဓိ၊ ပညာသည် အခြေခံအုပ်မြစ်ဖြစ်သည်။

ကျင့်စဉ်နက်ရှိုင်းလာလေလေ ထိုသိက္ခာသုံးပါးမှာ ပို၍ဖွံဖြိုးလာလေလေဖြစ်သည်။ သိက္ခာသုံးပါး (သီလ၊သမာဓိ၊ပညာ)သည် အပြန်အလှန် ဆက်စပ်နေသောကြောင့် တစ်ချိန်မှာတစ်ခုချင်းစီဖွံ့ ဖြိုးရန်လေ့ကျင့်ခြင်းထက် တစ်ပြိုင်နက်ဖွံ့ ဖြိုးရန်လေ့ကျင့်ခြင်းကပို၍မှန်ကန်သည်။ သီလအကျင့် (လုံးဝ) ပြည့်စုံအောင်မြင်ပေါက်မြောက်အောင် စောင့်ဆိုင်းနေသောယောဂီလောင်းသည် မည်သည့်အခါမှမျှ စတင် တရားအားထုတ်ဖြစ်လိမ့်မည်မဟုတ်ပေ။ ထိုယောဂီလောင်းသည် ရေချိုးရန်အတွက် သမုဒ္ဒရာကြီးတစ်ခုလုံးငြိမ်သက်လုံးဝငြိမ်သက်သွားအောင် စောင့်နေသူနှင့် တူသည်။
သီလအဆင့်အမျိုးမျိုးရှိပါသည်။ အခြေခံအဆင့်သီလမှာ တစ်စုံတစ်ယောက်ကချမှတ်ပေးသော စည်းမျဉ်းစည်းကမ်း၊ဥပဒေ (rules and regulations ) ဖြစ်သည်။ သင့်နိုင်ငံ၏ ဥပဒေ (သို့) သင့်ကျောင်းစည်းကမ်း(သို့)သင့်ဖခင့်ချမှတ်ထားလိုက်နာရန်အချက်များဖြစ်သည်။ မည်သူက ချမှတ် သည်ဖြစ်စေ ထိုဥပဒေ၊စည်းကမ်းတို့ကိုသိနားလည်ပြီးလိုက်နာရန်ဖြစ်သည်။ ထိုဥပဒေ၊ စည်းကမ်းတို့မှာ ရှင်းလင်းလွယ်ကူ၍ တိကျပြတ်သားပြီး၊ စည်းကမ်းတစ်ခုချိုးဖောက်တိုင်း တစ်ချက်အရိုက်ခံရလျှင်ဆိုလျှင် ချန်ပင်ဇီမျောက်တစ်ကောင်ပင်လိုက်နာလိမ့်သည်။ ထိုအခြေခံ အဆင့်သီလ၌ တရားဘာဝနာအားထုတ်ခြင်းမလိုအပ်ပါ။ ဥပဒေ၊စည်းကမ်းနှင့် ရိုက်မည့်ဒုတ် (အပြစ်ဒဏ်)တို့သာလိုအပ်သည်။ ဒုတိယအဆင့်သီလမှာ စောင့်ကြည့်နေသည့်သူ၊ ရိုက်မည့် ဒုတ်မရှိပဲ အထက်ပါစည်းကမ်းအားလုံးကို လိုလိုလားလားလိုက်နာခြင်းဖြစ်သည်။ ထိုစည့်ကမ်း များကို သင့်၏အဇ္ဈတသန္တာန်မှ သိစိတ်ဖြင့်ကော၊မသိစိတ်ဖြင့်ပါ ပင်ကိုယ် သဘော အတိုင်း လက်ခံလိုက်နာခြင်းဖြစ်သည်။
စည်းကမ်းတစ်ခုချိုးဖောက်တိုင်းလည်းသင့်ကိုယ်သင်အပြစ်ပေးပါလိမ့်မည်။ ထိုအဆင့်သို့ရောက်ရန် အနည်းငယ်မျှသော စိတ်ထိန်းချုပ်မှုလိုအပ်သည်။ သင်ပရမ်းပတာ လုပ်ကိုင်တတ်လျှင်၊ သင်၏ အသွင်အပြင်အမူအရာမှာလည်းပရမ်းပတာဖြစ်နေလိမ့်မည်။ စိတ်ဓါတ် အဆင့်အတန်းမြင့်မား လာခြင်းသည် စိတ်ပရမ်းပတာဖြစ်မှုကိုနည်းပါးစေသည်။
တတိယအဆင့်သီလကို ကိုယ်ကျင့်တရား(ethics)လို ခေါ်ဆိုရမှာပါ။ အမြင့်ဆုံးသောအဆင့်ဖြစ်ပြီး လုံးဝကွာခြားသောအဆင့်တစ်ခုကိုရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုယ်ကျင့်တရားမည်သည် အာဏာပိုင် (သို့ )ခိုင်းစေသူမှချမှတ်သော စည်မျဉ်းစည်းကမ်းများ မျက်စေ့ပိတ်၊ နားပိတ်ကို လိုက်နာခြင်းမျိုး မဟုတ်ပါ။ ထိုအဆင့်၌ အခြေအနေ၊အချိန်အခါနှင့်ကိုက်ညီမည့် အပြုအမူကို ကိုယ်တိုင်  ရွှေးချယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။  အမှန်တကယ် ဥာဏ်ရည်မြင့်မားစွာဖြင့် အခြေအနေ အားလုံး အတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံး တုံ့ပြန်မူတို့ကို ဖန်တီးနိုင်ပြုမူနိုင်ပြီဖြစ်သည်။ ထိုအပြင် အတ္တအကျိုးထက် အများအကျိုးကိုပေါ်မှာ အခြေခံသည့်ဆုံးဖြစ်ချက်တွေကို ရဲဝံစွာ ချနိုင်မည် ဖြစ်သည်။ အခြေအနေတစ်ရပ်လုံး၏အကောင်းရာကောင်းကျိုးကိုသိမြင်နိုင်စွမ်းရှိပြီး အတ္တနှင့် ပရကို ဟန်ညီညီထိန်းနိုင်မည်ဖြစ်သည်။

လောဘ၊ဒေါသနှင့်မောဟတို့ကင်းလွတ်ပြီး မိမိ၊သူတပါး အကျိုးများမည့်နည်းလမ်းများဖြင့်သာ တွေ့ ကြုံသမျှကိစ္စတို့ကို လွန်မြောက်စေလိမ့်မည်။ ထိုကဲ့သို့ စိတ်ထားမျိုးကို တရားဘာဝနာ ပွားများခြင်းဖြင့်သာ ရရှိနိုင်သည်။ မည်သည့်နည်းလမ်းမျိုးနှင့်မျှ ထိုကဲ့သို့မြင့်မားမွန်မြတ်သော စိတ်ထားမျိုးကို မရရှိနိုင်ပေ။ပြဿနာတိုင်းကိုရူထောင့်တိုင်းမှ အဆင်ပြေအောင်ကြိုးစားခြင်းသည် ဘောလုံးများစွာကိုလေထဲ၌မြောက်ကစားခြင်းနှင့်ဆင်တူပြီး မည်သည့်ထူးချွန်ထက်မြက်မူကမျှ မစွမ်းနိုင်ပါ။ အမြဲတန်းအတွက်အလွန်ပင်ပန်းသောကိစ္စရပ်လည်းဖြစ်သည်။ တရားဘာဝနာ အားထုတ်ခြင်းမှ ရရှိသည့် အဆင့်မြင့်သမာဓိကသာ အမှားအယွင်း မရှိပြီးမြောက် အောင်မြင် နိုင်သည်။

Misconception #7 လွဲမှားသောအယူအဆ (၇)
Meditation is running away from reality
တရားအားထုတ်ခြင်းအမှန်တရားများမှထွက်ပြေးခြင်း
တရားအားထုတ်ခြင်းသည်အမှန်တရားနှင့်ရင်ဆိုင်ခြင်းဖြစ်သည်။ တရားအားထုတ်ခြင်းဖြင့်လည်း ဘဝ၏နာကြည်းဖွယ်ရာများမှ မလွတ်မြောက်သွားပါ။ ဘဝကိုနက်ရှိုင်းစွာနားလည်နိုင်ပြီး အမှန်တရားကို ရဲရဲရင်ဆိုင်နိုင်သောခွန်အားကို ရရှိနိုင်သည်။ ဝိပဿနာဘာဝနာသည် သင်မြင်တွေ့ သည်အတိုင်း ဘဝကိုလက်တွေ့ ကျကျ (ဓမ္မဓိဌာန်ကျကျ) တွေ့ ကြုံခံစားနိုင်ရန် ရည်ရွယ်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။
ထင်ယောင်ထင်မှားမူများကိုမောင်းထုတ်နိုင်ပြီး သင်ကိုသင်မသိမသာလိမ်ညာနေမူများမှ လွတ်မြောက် စေနိုင်သည်။ အရှိကိုအရှိအတိုင်း၊ (သဘာဝကို သဘာဝအတိုင်း၊ မမြဲမူကို အမြဲသည့်အတိုင်း) သင်ကိုသင် အမှန်အတိုင်း တွေ့ မြင်စေသည်။ သင်၏အားနည်းပျော့ညံ့မူများကို အရင်းခံကာ သင့်ကိုယ်သင် ဟန်ဆောင်လိမ်ညာလှည့်ဖျားမူဝဲသြဃ(wheel of illusion)ထဲက မလွတ်မြောက်အောင်ချည်နှောင်ထားသည်။ ဝိပဿနာဘာဝနာသည် သင်၏ပြဿနာများကို ဖုံးကွယ် မေ့ပျောက်အောင်မစွမ်းဆောင်နိုင်ပါ။ သင်ကိုသင်အမှန်အတိုင်း အတိအကျ တွေ့ မြင်နိုင်အောင်သာလေ့ကျင့်ယူခြင်းဖြစ်သည်။ အရှိကိုအရှိအတိုင်းလုံးဝ ရူမြင်လက်ခံနိုင်မှသာ တိုးတက်သော ပြောင်းလဲမူကိုသင်ကိုယ်တိုင်ပြုလုပ်နိုင်မည်ဖြစ်သည်။

Misconception #8 လွဲမှားသောအယူအဆ (၈)
Meditation is a great way to get high
တရားအားထုတ်ခြင်းသည် ဘဝမြင့်များရန်အတွက်ကောင်းဆုံးလမ်း
တစ်ခါတစ်ရံ တရားအားထုတ်ခြင်း နှစ်သက်ဖွယ်ကောင်းသောပီတီသုခပြည့်ဝသောချမ်းသာသည့် ခံစားမူများရရှိနိုင်ပါသည်။ ထိုခံစားမူများသည် တရားအားထုတ်ခြင်း၏ ပန်းတိုင်မဟုတ်သလို အမြဲတန်းလည်းမရရှိနိုင်ပါ။ သမာဓိထူထောင်ရန်၊သတိတရားမြဲရန်စသော မှန်ကန်သည့် ရည်ရွယ်ချက်များဖြင့်အားမထုတ်ဘဲ ထိုချမ်းသာသုခကိုတောင့်တ၍ တရားဘာဝနာကို အားထုတ်ပါက ပို၍ပင်ထိုခံစားမူများကိုရရှိရန်ခက်ခဲပေလိမ့်မည်။

စိတ်တင်းကျပ်မူများမှပြေလျော့ခြင်းဖြင့်အနားယူအပန်ပြေမူမျိုးဖြစ်ပေါ်လာသည်။ ထိုအနားယူ အပန်ပြေမူမှ တဆင့်ပီတိသုခများရရှိနိုင်သည်။ တရားအားထုတ်ခြင်းမှ ပီတိသုခကို လိုက်လံရှာဖွေနေခြင်းကြောင့်မွန်းကြပ်သောစိတ်ထားမျိုးဖြစ်ပေါ်လာကာ ဘာဝနာ၏ဖြစ်စဉ် တစ်ခုလုံးကိုပျက်စီးစေသည်။ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့သည် မတောင့်တသည် အခိုက်အတန့်၌သာ လွယ်ကူစွာရရှိနိုင်သည်။ ထိုပီတိသုခသည်ပန်းတိုင်မဟုတ်၊ တစ်ခါတစ်ရံမှ ရလေ့ရှိသော တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်းမျှသာဖြစ်သည်။ အချိန်ကြာကြာ နေစဉ်ရက်ဆက်တရားအားထုတ်ခြင်းဖြင့်ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့မကြာခဏရရှိနိုင်သည်။ ထိုပီတိသုခအကြောင်းကို အဆင့်မြင့်ယောဂီများထံမှ တလေသံတည်း (ငြင်းချက်မရှိ) ကြားနိုင်သည်။

Misconception #9 လွဲမှားသောနားလည်မူ (၉)
Meditation is selfish
တရားအားထုတ်ခြင်းသည် တကိုယ်ကောင်းဆန်၊အတ္တကြီးခြင်းဖြစ်သည်။
တရားအားထုတ်သည့်ယောဂီများကို တကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူများအဖြစ် သတ်မှတ် တတ်ကြသည်။ ကူရှင်ပေါ်၌ငြိမ်သက်စွာထိုင်ပြီးတရားအားထုတ်နေသည့်ယောဂီများသည် သွေးလှူ ရန်ဆေးရုံသို့သွားနေသူများလည်းမဟုတ်ပါ၊သဘာဝဘေးအန္တရယ်ဒုက္ခသည်များကိုအကူအညီပေးရန် အလုပ်ရှုပ်နေသူများလည်းမဟုတ်ကြပါ။ ဘာကြောင့်တရားအားထုတ်နေသနည်း? ယောဂီ၏ ဆန္ဒကိုဆန်းစစ်ကြည့်ပါ။ ဘာကြောင့် ယောဂီတစ်ယောက် တရားအားထုတ်နေသနည်း?။ ထိုယောဂီ၏ရည်ရွယ်ချက်မှာ ကိလေသာတရားများဖြစ်သည့် ဒေါသ၊လောဘနှင့်မောဟတို့ကို မိမိစိတ် အစဉ်မှ မောင်းထုပ်နေခြင်းဖြစ်သည်။ ကိလေသာတရားကို အပြီးသတ် မောင်းထုပ်ရန် အဖန်တလဲလဲကြိုးစားနေခြင်းဖြစ်သည်။

ထိုကိလေသာတရားများသည် အခြားသူများပေါ်တွင်ထားရှိရမည့် ဗြဟ္မာစိုရ် (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) တရားများမဖြစ်ပေါ်အောင် နှောက်ယှက်ပိတ်ပင်တတ်သောကြောင့်ဖြစ်သည်။ ထိုကိလေသာတရားများကို အပြီးတိုင်မပယ်ရှားနိုင်သ၍ ယောဂီတစ်ယောက်ပြုလုပ်သည့် အများကောင်းရာကောင်းကျိုး ကိစ္စများသည် (သံသရာအတွက်) မိမိကောင်းစားရေးနှင့် မိမိ အတ္တ၏ အဆွယ်အပွားမျှသာဖြစ်သည်။ "ကူညီမူ" ဆိုသည့်ခေါင်းစဉ်တတ်ပြီး တစ်စုံတစ်ယောက်(သို့) မိမိကိုယ်ကို ထိခိုက်နစ်နာစေခြင်းသည် အလွဲမှားဆုံးကစားပွဲဖြစ်သည်။ အဆင့်မြင့်ယောဂီ တစ်ယောက်၏ဘဝကို ဆန်းစစ်လျှင် အများအကျိုးအတွက် ကိုယ့်အကျိုးစွန့်လွှတ်ရမည့် လူမူရေးပရဟိတလုပ်ငန်းများကို ဆောင်ရွက်လေ့မရှိသည်ကိုတွေ့ ရှိနိုင်သည်။

အမှန်မှာကျွန်ပ်တို့သည် ကျွန်ပ်တို့ထင်တာထက်ပို၍အတ္တကြီးကြသည်။ အကန့်အသတ်မရှိ လွတ်လပ်ခွင့်ရခဲ့လျှင် အတ္တသည် အနှစ်သာရရှိသောလုပ်ငန်းကိစ္စများကို မြောင်းထဲသို့ ရောက်အောင်လုပ်နိုင်သည်။တရားဘာဝနာပွားများခြင်းဖြင့် ကျွန်ပ်တို့သည် မိမိအတ္တ၏ခိုင်းစေမူများ နှင့် နုးညံသောလှည့်ဖြားမူများကို ထင်ရှားအောင် သတိထားလိမ့်မည်ဖြစ်သည်။ ထိုအခါမှသာ အမှန်တကယ်အတ္တကင်းစင်လိမ့်မည်ဖြစ်သည်။မိမိ၏အတ္တကိုသန့်စင်အောင်ကြိုးစားခြင်းသည် အတ္တကြီးသည်အလုပ်မဟုတ်ပါ။

Misconception #10 လွဲမှားသောနားလည်မူ (၁၀)
When you meditate, you sit around thinking lofty thoughts
တရားအားထုတ်ခြင်း ထိုင်၍စဉ်းစားတွေးခေါ်နေခြင်းဖြစ်သည်။
တရားဘောကို လေးလေးနက်နက် ဆင်ခြင်ကြည့်ရှုခြင်း နည်းများစွာရရှိပါသည်။ ထိုနည်းများသည် ဝိပဿနာဘာဝနာမဟုတ်ပါ။ ဝိပဿနာသည် သတိတရားမြဲအောင်လေ့ကျင့်ခြင်းဖြစ်သည်။ အရှိအတိုင်း သိအောင်လုပ်ခြင်းဖြစ်သည်။ ဝိပဿနာဘာဝနာ ရိုးရှင်းသည့်ကျင့်စဉ်တစ်ခုဖြစ်သည်။ နှစ်သက်မူ၊မနှစ်သက်မနှင့်အတွေးပုံရိပ်တို့မပါဝင်သော ကိုယ်တွေ့ တိုက်ရိုက်ရူပွားမူဖြစ်သည်။ ဘဝ၏ ခဏတိုင်း၊ ခဏတိုင်းကို အရှိအတိုင်းဟုတ်တိုင်းမှန်စွာ(ယထာဘူတကျ)စွာ တွေမြင်အောင် အားထုတ်ခြင်းဖြစ်သည်။

Misconception #11 လွဲမှားသောနားလည်မူ (၁၁)
A couple of weeks of meditation and all my problems will go away
နှစ်ပတ်၊၁လ တရားစခန်းဝင်ရုံဖြင့် ပြဿနာအားလုံးအဆင်ပြေသွားလိမ့်မည်။
တရားအားဘာဝနာသည် အခါတည်း၊ချက်ချင်း၊အပြီးပျောက်ကင်းစေသည့် " အုံဖွ"မန်းဆေးတစ်မျိုး မဟုတ်ပါ။ ပြောင်းလဲမူကိုချက်ချင်းတွေ့ ကောင်းတွေ့ ပါလိမ့်မည်။ အနှစ်သာရရှိသည့် အကျိုး ရလာဒ်ကောင်းကိုတော့နှစ်ပေါင်းများစွာကြာမှရှိနိုင်လိမ့်မည်။ ကျွန်ပ်တို့၏စကြာဝဋ္ဌာကြီးကို ဤကဲသို့ ခက်ခဲမူများဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည်။ တစ်နေ့တစ်ညနှင့် ရရှိနိုင်သော အရာသည် ဘာမျှတန်ဘိုးရှိမည်မဟုတ်။ တရားအားဘာဝနာပွားများခြင်းသည် အတိုင်းအတာ တစ်ခုအထိ ခက်ခဲလမ့်မည်။ နှစ်ပေါင်းများစွာ စည်းကမ်းကောင်းကောင်းနှင့် စနစ်တကျ အနစ်နာခံလေ့ကျင့်ရသည့် ကျင့်စဉ်ဖြစ်သည်။ တရားထိုင်တိုင်းရလာဒ်ကောင်းတွေရရှိနိုင်သည်။

အချို့သောရလာဒ်များသည် ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင် သိမ့်မွေ့ နက်နဲကြသည်။ ထိုရလာဒ်များသည် စိတ်၏အနက်ရှိုင်းဆုံးနေရာ၌တည်ရှိနေပြီး အချိန်အတန်ကြာမှာ ထွက်ပေါ်လာသည်။ ယောဂီတစ်ယောက်သည် သိသာထင်ရှားသောပြောင်းလဲမူရလာဒ်ကို တရားထိုင်တိုင်း တစ်စိုက်မတ်မတ်လိုက်လံရှာဖွေနေခဲ့လျှင် ထိုယောဂီသည် သိမ့်မွေ့  နက်နဲသော တိုးတက် ပြောင်းလဲမူကိုလက်လွက်ဆုံးရှုံးလိမ့်မည်။ ထိုအခါ သူမှာမည်သည့်ပြောင်းလဲမူ၊ တိုးတက်မူမျှမရရှိပါဆိုပြီး စိတ်ခွန်အားတွေ လျော့ကျလာပြီးလက်မြောက် အရှုံပေးမှာသေချာသည်။ သည်းခံခြင်း(ခန္တီပါရမီ)သည် အဓိကကျသည်။ တရားအားထုတ်ခြင်းမှ ဘာကိုမျှသင်ခန်းစာ အဖြစ် မရရင်တောင်မှ သည်းခံခြင်းသဘောကိုသင်ယူပြီးဖြစ်မှာသေချာသည်။ သည်းခံခြင်း ဘဝအတွက် အဖိုးတန်ဆုံးသောသင်ခန်းစာဖြစ်သည်။

ဆီလျော်အောင်ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့်

by Ven. Henepola Gunaratana (Ven. Henepola Gunaratana)
http://www.urbandharma.org/udharma4/mpe.html