ပြင်ဆင်ခြင်း အနုပညာ
ရုပ်ကိုသာပြင် စိတ်မပြင်
ရုပ်သွင်သာလှ စိတ်မလှ
ရုပ်သွင်သာလှ စိတ်မလှ
စိတ်ကိုလည်းပြင် ရုပ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်ယ်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်ယ်
Three stages of life
1. Children and teenagers
Have energy
Have time
But no money
Have energy
Have time
But no money
2. Adults
Have energy
Have money
But no time
Have energy
Have money
But no time
3. Elderly people
Have money
Have time
But no energy
Have money
Have time
But no energy
ကလေးအရွယ်နဲ့ ဆယ်ကျော်သက်တို့မှာ ခွန်အားတွေရှိတယ်၊ အချိန်လည်းရှိတယ်၊ ဒါပေမယ့် ငွေတော့ မရှိဘူး။
သက်လတ်များမှာတော့
ခွန်အားရှိတယ်၊ ငွေရှိတယ်၊ ဒါပေမယ့် အချိန်မရှိဘူး။ (နှစ်ဆယ်ကျော်စ
လုပ်ငန်းခွင် ဝင်ချိန်ကစပြီး ပင်စင်စား ချိန် ခြောက်ဆယ့်ငါးဝန်းကျင်လောက်
အရွယ်များလို့ အကြမ်းစား သတ်မှတ်နိုင်မယ် ထင်ပါတယ်)
သက်ကြီးရွယ်အိုများမှာတော့ ငွေရှိတယ်၊ အချိန်ရှိတယ်၊ ဒါပေမယ့် အားအင်တော့ မရှိကြတော့ဘူး-တဲ့။
အီးမေးကနေ
ရောက်လာတဲ့ ဒီစာလေးက အများစုသောသူတွေရဲ့ဘဝနဲ့
ထပ်တူဖြစ်မယ့်စာလေးပဲဆိုပြီး နှစ် သက် သဘောကျမိတယ်။ နောက်ပြီး ဘဝဆိုတာ
ပြည့်စုံတယ်ရယ်လို့ မရှိဘူး။ လိုအပ်ချက်တခုတော့ အမြဲ ရှိနေတာပဲလို့
ပြောလိုတာများ ဖြစ်လေမလားလို့လည်း တွေးမိတယ်။
ခွန်အားတွေ
အချိန်တွေရှိပေမယ့်လည်း ငွေမရှိလျင်ဖြင့် ဘာမှလုပ်လို့
မဖြစ်နိုင်ဘူးဆိုတဲ့ ကလေးငယ်ဘဝကို ညွှန်းပြီး ငွေရဲ့တန်ဖိုးကြီးမှုကို
မီးမောင်းထိုးပြလိုတာလား။ ခွန်အားတွေ ငွေကြေးတွေ ရှိပေမယ့်လည်း များပြား
လွန်းလှတဲ့ အလုပ်တာဝန်တွေကြားမှာ ရှားပါးလွန်းလှတဲ့ အချိန်ပြဿနာကြောင့်
ရှိတဲ့ခွန်အားနဲ့ ငွေကြေးကို တောင် စနစ်တကျ မသုံးနိုင်လောက်အောင်
ဖြစ်နေတဲ့ ခေတ်ကာလရဲ့ လူမှုဘဝ သရုပ်သဏ္ဌာန် ကို ညွန်ပြလို တာလား။
အချိန်တွေ ငွေတွေရှိပေမယ့်လည်း ကိုယ့်ခြေကိုယ့်လက်ကိုမှ
မသယ်နိုင်လောက်အောင် အားအင် ချည့်နဲ့နေတဲ့ သက်ကြီးရွယ်အိုဘဝကို
မီးမောင်ထိုးပြပြီး သတိသံဝေ ယူစေချင်လို့များ ဒီစာလေးကို ရေးပြလိုက်
တာလေလား။ တကယ့်အဖြေမှန်ကိုတော့ ဒီစာလေးကို
ရေးလိုက်တဲ့သူကိုယ်တိုင်မှသာလျင်ပဲ သိပေလိမ့်မယ်။
စာလေးကိုဖတ်မိပြီး
ဒီစာလေးကပြောပြတဲ့အကြောင်းနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်ကြည့်မိတယ်။
လက်ရှိ ပျမ်းမျှ လူ့သက်တမ်းအရဆိုလျင် ကိုယ့်အသက်က နံပတ် ၂
အဆင့်မှာပါတယ်လို့ ပြောရမယ့်အရွယ်။ ခွန်အားရှိတယ်၊ ငွေရှိတယ်၊
အချိန်မရှိဘူးဆိုတဲ့ အရွယ်ထဲမှာပေါ့။ သို့ပေမယ့်
ကိုယ့်ဘဝရဲ့ပုံစံကိုက သာမန်လူသားတွေလို လော ကီဘဝထဲမှာ နေထိုင်ပြီး
လောကလူမှုတာဝန်တွေနဲ့ လုံးထွေးနေတဲ့ ပုံစံမဟုတ်လို့ အထက်က စာထဲကလို
အရွယ်သုံးပါးရဲ့ ဒုတိယအဆင့်းမျိုးနဲ့ ထပ်တူအကျကြီးတော့လည်း မဟုတ်ပါဘူး။
တကယ်တမ်း ထပ်တူကျလို့ လည်း သင့်တော်မယ် မဟုတ်ပါဘူး။
ကိုယ်က
စာထဲကလို Have energy- အင်အားအပြည့်အဝရှိတဲ့
အားကောင်းမောင်းသန်တစ်ဦးလို့ မဆိုနိုင်လျင် တောင်
လုပ်နိုင်ကိုင်နိုင်တဲ့ ခွန်အားတော့ အတော်အတန်ရှိတယ်။ ဒီတော့ ဒီအချက်
ရာနှုန်းပြည့်မဟုတ်တောင် ရာခိုင်နှုန်း ရှစ်ဆယ်ကျော် ကိုးဆယ်လောက်
မှန်တယ်လို့ ပြောနိုင်တယ်။ ဒုတိယအရွယ်မှာ Have money-တဲ့။
သီးသန့်ဝင်ငွေရအောင် ရှာဖွေနေသူတစ်ဦး မဟုတ်လို့ ငွေကြေး
ချမ်းသာတဲ့သူတစ်ဦးတော့ မဟုတ်ဘူး။ သို့ပေမယ့် အားပေးထောက်ပံ့သူများရဲ့
စေတနာစွမ်းအားကြောင့် ကိုယ်လုပ်ချင်တဲ့အရာ၊ ဝါသနာပါတဲ့အရာ နည်းနည်း
ပါးပါးကို လုပ်နိုင်လောက်အောင်တော့ ပြေလည်သူတစ်ဦးလို့
ဆိုနိုင်ပါတယ်။ ဒီတော့ ဒီအချက်လည်း ခုနစ်ဆယ့် ငါးရာနှုန်းလောက်
မှန်တယ်လို့ ပြောနိုင်မယ်ထင်တယ်။
But no
time – အချိန်မရှိဘူးလို့ ဆိုရအောင်တော့ busy-နေသူ၊
အလုပ်ရှုပ်နေသူတစ်ဦးတော့ မဟုတ်ပါဘူး။ တခါတလေ ကြုံတောင့်ကြုံခဲ
တစ်ချိန်တည်းမှာ လုပ်ကိုင်ရမည့်
အလုပ်နှစ်မျိုးသုံးမျိုးရှိတတ်တာကလွဲလို့ အလုပ် ရှုပ်နေတယ်ဆိုတာမျိုး
မရှိတတ်ပါဘူး။ အလုပ် မရှုပ်သလို အရှုပ် မလုပ်ဖြစ်အောင်လည်း
ဆင်ဆင်ခြင်ခြင် ကြိုး စားနေတတ်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် But no time-ဆိုတဲ့ ဒီအချက်ကတော့ ကိုယ်နဲ့ကိုက်တယ်လို့
ဆိုနိုင်မယ် မထင်ပါဘူး။ ပြောရလျင် တစ်ခုခုကို လုပ်လိုလျင်ဖြင့်
လုပ်ခွင့်သာလောက် အောင် အချိန်လုံ လုံလောက်လောက်ရှိတယ်လို့
ပြောနိုင်ပါတယ်။
Have
energy-ခွန်အားရှိတဲ့အရွယ် ။ ကျန်းမာရေးကလည်း စင်းလုံးချော အကောင်းချည်း
မဆိုသာတောင် နာ မကျန်းဖြစ်နေသုတစ်ဦးတော့ မဟုတ်ပါဘူး။ ဒီတော့
ရှိနေတဲ့ကာယခွန်အား၊ ဥာဏခွန်အား၊ ဒီခွန်အားတွေကို ကိုယ့်အတွက် အများအတွက်
အကျိုးဖြစ်မည့်အရာတွေမှာ အသုံးချတတ်ဖို့ လိုပေလိမ့်မယ်။
ခွန်အားတွေရှိပါ လျက်ကယ်နဲ့ ရှိနေတဲ့ခွန်အားကို အသုံးမချပါပဲ
ဘဝရဲ့တတိယအရွယ်လို့ပြောရမယ့် ခွန်အားမဲ့အရွယ် ရောက် သွားမယ်ဆိုလျင်
အတော်ပင်ဝမ်းနည်းဖွယ်ကောင်းပေလိမ့်မယ်။ ရှိနေတဲ့
ကိုယ်ပိုင်ခွန်အားတွေဆိုတာက ကိုယ် အသုံးချသည်ဖြစ်စေ၊ အသုံးမချပဲ
နေသည်ပဲဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်တဲ့ တတိယအရွယ်ထိ ပါလာနိုင်မှာမျိုး မှ
မဟုတ်တာ။ ပါလာနိုင်တယ်ဆိုစေဦး။ တတိယအရွယ်အထိ ကိုယ့်သက်တမ်းက
ရှည်ချင်မှလည်း ရှည်နိုင်မှာ။ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်အသိထဲမှာ
ကိုယ့်အောက်ငယ်ရွယ်သူတွေ၊ ကိုယ်နဲ့တန်းတူရွယ်တူတွေ၊ ကိုယ့်ထက်
အနည်းငယ်မျှလောက်သာပဲ ကြီးရင့်သူတွေ သေဆုံးသွားခဲ့ကြတာ နည်းတာမှ
မဟုတ်တော့တာ။ ကိုယ့် အလှည့် ဘယ်တော့ရောက်လာမယ်ဆိုတာ ကိုယ်ကိုယ်တိုင်
ကြိုတင်သိနိုင်တာမျိုးမှလည်း မဟုတ်တာ။
ခွန်အားဆိုတာမျိုးက
ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကောင်းမွန်မှုကို အခြေခံပြီးမှ ရလာနိုင်တဲ့
ကောင်းကျိုးရလဒ်မျိုး မဟုတ်လား။ ကိုယ်ကျန်း မာရေး
ဖောက်ပြန်လို့ပဲဖြစ်ဖြစ်၊ စိတ်ကျန်းမာရေး မဟန်လို့ပြဲဖစ်ဖြစ်၊ တစ်ခုခုက
ပုံမှန်မဟုတ်တော့ဘူးဆိုလျင်ဖြင့် ဘယ်မှာလာလို့ ခွန်အားပြည့်သူ၊
ခွန်အားရှိသူတစ်ဦးလို့ ဆိုနိုင်ပါတော့မလဲ။ ဒါကြောင့် ကိုယ်ခွန်အား
စိတ်ဓာတ်ခွန်အား ပြည့်ဝကောင်းမွန်သူတစ်ဦးဖြစ်စေဖို့ ခွန်အားပြည့်မည့်
အရာတွေကို လုပ်ဖို့လိုပေလိမ့်မယ်။
ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကောင်းမွန်ဖို့ ပြုပြင်ရမည့်အရာတွေ
ပြုပြင်ဖို့လိုပေလိမ့်မယ်။ အကျိုးရ လဒ်တွေကောင်းစေဖို့
အကြောင်းတရားတွေကို ကောင်းအောင်လုပ်ပေးဖို့ လိုပေလိမ့်မယ်။
ကိုယ်စိတ်နှစ်ပါးဆိုတာ ကံရယ်၊ စိတ်ရယ်၊ ရာသီဥတုရယ်၊ အစာအဟာရရယ်ကို
အကြောင်းခံပြီး ဖြစ်ပေါ်လေ့ ရှိတယ်။ အကျိုးရလဒ်ဖြစ်တဲ့ တရားတွေ
ကောင်းလာစေဖို့၊ ရုပ်ကောင်းနာမ်ကောင်းတွေဖြစ်စေဖို့၊ ကိုယ်လည်း
ကျန်းမာ၊ စိတ်လည်းချမ်းသာဖြစ်နိုင်စေဖို့ ကံတွေကောင်းအောင်၊
စိတ်ဓာတ်တွေကောင်းအောင် လုပ်ဆောင်ဖို့ ရာသီဥတုအညီ
သင့်တင့်မျှတအောင်နေထိုင်ဖို့၊ ကျန်းမာရေးအတွက် အထောက်
အပံ့ကောင်းကောင်းဖြစ်စေ မယ့် အစာအဟာရတွေကို ရွေးချယ်ကာ စားသောက်ဖို့
လိုပေလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်ပါ။
အရွယ်သုံးပါးထဲမှာ ဒုတိယအရွယ်မှာက အချိန်မရှိဘူးဆိုပေမယ့်
ရွေးချယ်နိုင်ခွင့် များတဲ့ အရွယ်၊ လုပ်နိုင်စွမ်းအားတွေ
အကောင်းဆုံးအရွယ်ပဲ မဟုတ်လား။ ကလေးနဲ့ဆယ်ကျော်သက်တွေမှာက သူ တို့မှာ
မရှိတဲ့ငွေကြေးကို ရှိလာအောင် ဖန်တီးဖို့ အခွင့်အလမ်းက
အလွန်နည်းပါးပါတယ်။ သက်ကြီးရွယ်အိုတွေ မှာလည်း သူတို့မှာ
မရှိနိုင်တော့တဲ့ ခွန်အားကို ခွန်အားပြည့်ဝသူတစ်ဦးဖြစ်လာနိုင်စေဖို့
ဖန်တီးလို့ မရနိုင်တော့ ပါဘူး။ သက်လတ်တွေမှာက အချိန်မရှိဘူးဆိုပေမယ့်
အဲဒီအချိန်ကို စနစ်တကျ စီမံဖန်တီးကာ အရယူမယ်ဆိုလျင် ရနိုင်တဲ့
အခွင့်အလမ်း ရှိပါတယ်။
ပထမအရွယ်ဖြစ်တဲ့
ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ ငွေကြေးမရှိလို့၊ ချို့တဲ့နွမ်းပါးလို့
သူတို့ဘဝတက် လမ်းပိတ်ဆို့နေတယ်ဆိုလျင် အဲဒီအပိတ်အဆို့ အတားအဆီးကို
ဖယ်ရှားနိုင်အောင်၊ သူုတို့တွေ လျှောက်လှန်း ကြတဲ့ လမ်းကြမ်းကြမ်းတွေ
ချောမွေ့သာယာဖြစ်လာစေအောင် အားပေးထောက်ပံ့ လုပ်ကြရမယ် မဟုတ်လား။
အလားတူပါပဲ၊ ခွန်အားမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ့်ခြေကိုမှ ကိုယ်
မ,မနိုင်၊ ကိုယ့်လက် ကိုယ်မှ ကိုယ် မချီနိုင်ကြတဲ့ အနေမျိုးမှာ
ကိုယ့်မှာရှိနေတဲ့ ခွန်အားအချို့ကို သူတို့တွေအတွက် မျှတခွဲဝေပြီး
ဇရာအိုများရဲ့ နေ ညိုချိန်ကို ထိန်လင်းဝင်းပသာယာအောင်၊
ငြိမ်းအေးချမ်းမြေ့ လှပအောင် လုပ်ဆောင်ပေးဖို့ လိုတယ်မဟုတ် လား။
မရောက်တာကြာတဲ့
မွေးရပ်မြေကို အလည်ပြန်တော့ ငယ်ဆရာတော်က ရွာပြန်လာတဲ့ သူ့တပည့်ကို
မြိုင်မြိုင် ဆိုင်ဆိုင် ကြိုဆိုပွဲလုပ်ပါတယ်။ ဆိုင်ကယ်နဲ့
ရွာသားလေးငါးဆယ်လောက်က ငါးမိုင်ခန့်ဝေးကွာတဲ့ မြို့ငယ်လေး အထိ
အရောက်လာပြီး ကြိုဆိုကြတယ်။ လမ်းလျှောက်နိုင်တဲ့ ကလေးငယ်များနဲ့
သက်လတ်အရွယ် တစ်ရာ ကျော်ခန့်ကတော့ တစ်မိုင်လောက်ဝေးတဲ့ လမ်းဆုံတစ်ခုအထိ
အရောက်လာပြီး ရွာပြန် ကိုယ်တော်ကြီးကို လာကြိုကြတယ်။
ကိုယ်တော်ကြီးလို့
ကိုယ့်ကိုယ်ကို ညွန်းရတာက လာရောက်ကြိုဆိုကြတဲ့
ဒီရာကျော်မျှလောက်သူတွေထဲမှာ ကိုယ့်ကိုယ်တစ်ခါမှ မတွေ့မမြင်ဘူးတဲ့
လူငယ်တွေက ပိုများမှာမို့ နာမည်လောက်သာ သူတို့တွေကြားဖူးနေတဲ့
အမေရိကန်ပြန် ကိုယ်တော်ကြီးဆိုတာ ဘယ်လိုများနေလေမလဲလို့ ဦးဦးဖျားဖျား
စူးစမ်းလိုလို့ အကြိုရောက် လာကြတာဖြစ်မယ်လို့ ခန့်မှန်းမိလို့ပါ။
ရွာဦးထိပ်မှာတော့
တစ်ရွာလုံးမှာရှိတဲ့ လူစုံတက်စုံထွက်လို့ ပြည်တော်ပြန်ရွာသားကို
ဒိုးပတ်ဝိုင်းတွေ ဆင်အက တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြိုဆိုကြတယ်။
ဒီအထဲမှာ အသက်ကိုးဆယ်ပြည့်ပြီဖြစ်တဲ့ ကိုယ့်အမေရဲ့ အမေ၊ ကိုယ့်
အဖွား(ကိုယ့်အရပ်ခေါ် အမေကြီး) လည်းပါပါတယ်။ ကိုယ့်အဖွားက
သာမန်အချိန်များမှာဆို သူ့အိမ်ထဲကနေ ဘယ်ကိုမှ မထွက်တော့ဘူးတဲ့။
သို့ပေမယ့် အဝေးကနေ သူ့မြေးပြန်လာတယ်ဆိုတော့ ရွာဦးထိပ်အထိ မမော
ပမ်းနိုင်စွာ ကြိုးစားပြီး လာရောက်ကြိုဆိုရှာတယ်။
သူတို့မသေမီမှာ
ကိုယ့်ကိုယ် တစ်ခါလောက်တော့ တွေ့ချင်ပါ သေးတယ်လို့ ပြောခဲ့ကြတဲ့
ကိုယ့်ရဲ့ငယ်ဆရာ ဘုန်းတော်ကြီးနဲ့ ကိုယ့်ရဲ့အဘိုးဖြစ်သူ
ဦးဇင်းကြီးတို့လည်း သက်တော်ကိုးဆယ်အရွယ်များမှာ ပျံလွန်တော်မူခဲ့ ကြတယ်။
သူတို့ဆန္ဒပြည့်ဝသွားအောင်တော့ ကိုယ်က မဖြည့်ဆည်းနိုင် ခဲ့ပါဘူး။
သူတို့လိုပဲ
မသေမီကိုယ့်ကိုယ် တစ်ခါလောက်တော့ တွေ့လိုပါသေးတယ်ဆိုတော့
ကိုယ့်အမေကြီးရဲ့ဆန္ဒကို တော့ ကိုယ်ကဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အမေကြီး
ခုပုံဆို ဇာတာထဲကလိုပဲ အသက်တစ်ရာ့နှစ်ဆယ်ရှည်ဦးမှာလို့
ကိုယ်ကပြောတော့ မြေးသိကြားမင်းရှိနေမှတော့ ရှည်ဦးမှာပေါ့လို့ အဖွားက
ပြန်ပြောတယ်။ အဖွားရည်ရွယ် တဲ့စကားကို ကိုယ်ကကောင်းကောင်းနားလည်ခဲ့တော့
သူ့အတွက် ခွန်အားဖြစ်စေမည့် အရာအချို့ ကို ပြုလုပ် ပေးနိုင်ခဲ့တဲ့
ကိုယ့်လုပ်ရပ်အတွက် ကျေနပ်မိကာ ကြည်နူးဝမ်းသာဖြစ်မိပါတယ်။
အဖွားရဲ့နားနဲ့မျက်စိက သူ့သမီး ဖြစ်တဲ့ ကိုယ့်အမေ ထက်တောင်
ပိုကောင်းနေပါသေးတယ်။ လူတစ်ဦးချင်းစီရဲ့ ကုသိုလ်ကံတရားက မတူကွဲပြား
တတ်ကြတာ သဘာဝ ပဲလေ။
ဒီစာလေးကို
အသက်ကိုးဆယ်အရွယ် ရွာက အမေကြီးအတွက် အမှတ်တရ ရည်ရွယ်ကာ ရေးလိုက်တာပါ။
ကိုယ့်အမေကြီးလိုပဲ အသက်အရွယ်ကြီးရင့်တဲ့ သင့်မိဘနဲ့ သင့်အဖိုးအဖွားတွေ၊
သင့်ဆွေမျိုး သက်ကြီးရွယ်အို တွေ၊ ဆွေမျိုးမဟုတ်သော်လည်း သင့်အကူအညီကို
လိုနေမယ့်သူတွေ သင့်ပတ်ဝန်းကျင်မှာလည်း ရှိကောင်း ရှိနိုင်မှာပါ။
သင့်ရဲ့ခွန်အား၊ သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရှားရှားပါးပါး အချိန်ထဲက
အနည်းငယ်မျှလောက်ပင်ဖြစ်စေဦး သူတို့အတွက် မျှတခွဲဝေပေးခဲ့မယ်ဆိုလျင်
သူတို့လိုနေတဲ့ခွန်အားကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားနိုင်
မှာပါ။ ဒါဟာ သင့်ကံကို ကောင်းအောင်ပြုပြင်ခြင်း၊ သင့်စိတ်ကို
ကောင်းအောင်ပြုပြင်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု လည်းပဲ ဖြစ်သွားမှာပါ။ ။
အရှင်ဥာဏိကာဘိဝံသ
မေတ္တာများဖြင့်