“ အကောင်းကံ ” ဆိုတာ ကုသိုလ်ကံကို ပြောတာပါ။ “ကုသိုလ်ကံ” ဆိုတဲ့ နေရာမှာလည်း ကောင်းတဲ့အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ် ၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန်ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံဆိုပါတော့။
ကောင်းတဲ့ ကုသိုလ်အလုပ်တွေတော့ တစ်ဖက်က အများကြီး လုပ်နေပါရဲ့ ၊ ဒါပေမဲ့တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်တွေ နည်းနည်းပါးပါးလုပ်မိနေတယ်ဆို
“ အကောင်းကံ ” ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။ “ကုသိုလ်ပြုအကောင်းက”ံ ရယ် ၊ “အကုသိုလ်ရှောင် အကောင်းကံ” ရယ် ၊ အဲ့ဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင် ၊ အဲဒီ အကောင်းကံနှစ်မျိုးနဲ့ ပြည့်စုံးအောင်ကြိုးစားရင် ၊ အဲဒီ အကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။
“အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ”ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ရင် ဘယ်လိုအကုသိုလ်ကံကြောင့် အချစ်ကံခေရတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ အချစ်ကံခေစေတဲ့ အကုသိုလ်ကံကို ရှောင်ကြဉ်လိုက်ရင် အချစ်ကံကောင်းသွားပြီပေါ့။ (တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ပ်ြဖတ်ကြည့်စေချင်ပါတယ်။ )
လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်ကံ မရှိလို့ မဟုတ်ပါဘူး ၊ အဆိုးကံ ရှိနေလို့ပါ။ အဆိုးကံသာမရှိရင် အဆိုးတွေ လုံးဝ မကြုံတွေ့ရပါဘူး။အဆိုးမကြုံတွေ့
အချစ်နဲ့ ပတ်သက်ပြီး အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ ပတ်သတ်တဲ့ အဆိုးကံတွေ အတိတ်က ကျူးလွန်ခဲ့လို့ပါ။’ အတိတ်ကံ ‘ ဆိုတဲ့နေရာမှာ ရှေးယခင်ဘ၀တွေက အတိတ်လည်းပါဝင်သလို ယခု ဘ၀ရဲ့ ရှေ့ပိုင်အတိတ်တွေလည်း ပါဝင်ပါတယ်။
အချစ်ကံခေစေတဲ့ အဓိကအကျဆုံး အဆိုးကံကတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း ၊ တစ်နည်းအားဖြင့် အချစ်ရေးဖောက်ပြန်ခြင်းပါပဲ။ ကိုယ့်ချစ်သူ ၊ ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုကံကို ထူထောင်နေတာပါ။ အဲဒီက အကျိုးပေးတဲ့ဘ၀ သေချာပေါက် အချစ်ကံခေမှာပါပဲ။
အချစ်ကံမခေစေချင်ဘူး ၊ အချစ်ကံကောင်းချင်တယ် ဆိုရင် အချစ်ရေးမှာ သစ္စာရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ ချစ်တယ် လို့ ဖွင့် ပြောထားပြီးသား တရာဝင်ချစ်သူရှိပါလျက် တခြားတစ်ယောက်နဲ့ အီစီကလီလုပ်တာမျိုး ၊ ဘာလိုလို ညာလိုလို ရောတာမျိုး ရှောင်ကြဉ်ရပါမယ်။
တစ်ဖက်သားအပေါ် ရင်ထဲက တကယ်အချစ်ပါဘဲ ချစ်ဟန်တောင်တာမျိုး ၊ တစ်ဖက်သားရင်ထဲမှာ ကိုယ့်ကိုခံစားသွားရအောင် ကလိတာ ၊ ရိတာမျိုး ၊ အပျော်သဘောနဲ့ လူတကာ အသည်း လှည့်ပတ်ခွဲတာမျိုး ၊ အပေါင်းအသင်းတွေကြား တလွဲဂုဏ်ယူချင်စိတ်နဲ့ မြားပွေတာ ၊ ရူပ်တာမျိုး ၊ ရည်းစားတွေထည်လဲတွဲပြီး အပျော်ကြံတာမျိုး ၊ ‘ ပုံလာလာပြောတိုင်းယုံ ‘ တတ်တဲ့ အယုံလွယ်သူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး ၊ ‘ မဆွတ်ခင်က ညွတ်ချင် ‘ နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာ
ချွဲနွဲ့ ပြီကျောရရုံ ကြံတာမျိုး ၊ တစ်သက်တာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် ‘ စားပြီး နားမလည် ‘ မသိချင်ယောင်ဆောင်တာမျိုး ၊ လက်မထပ်သေးခင် အချစ်နယ်ကျွံပြီး ကြိုပွိုင့်ရိုက်တာမျိုး…စတဲ့…
အိမ်ထောင်ကျပြီးသူတွေအနေနဲ့ကတော
ကာမေသူမိစာစာရကံ ( ကာမဂုဏ်မှားယွင်းမှုကံ) နဲ့ပရဒါရကံ ( သူတစ်ပါး သာမယား ပြစ်မှားမှုကံ) ကို ကိုယ်နဲ့ ၊ နူတ်နဲ့သာမက စိတ်နဲ့ပါ ရှောင်ကြဉ်နိုင်လေ ၊ အချစ်ကံကောင်းလေပါပဲ။
အချစ်ကံခေစေတဲ့ နောက်အဆိုးကံတစ်ခုကတော့ အချစ်သ၀န်တိုခြင်း ၊ သို့မဟုတ် ချစ်သ၀န်ကြောင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက် ၊ သို့မဟုတ် တခြားအယောက်ပေါင်းများစွာအပေါ်ကျယ်ပြန့်သန့်ရှင်းတဲ့ မေတ္တာမျှဝေပေးနေတာအပေါ် မနာလို မရူဆိတ်ဖြစ်ပြီး ‘ ဟိုလူကို မချစ်ရ ၊ ဒီလူ့ကို မခင်ရ ၊ ဘယ်သူနဲ့ မပေါင်းရှ၊ ဘယ်ဝါနဲ့ မပတ်သတ်ရ ‘ လို့မနာလိုစကားတွေ ပြောကြားနေတာ ၊ သ၀န်တိုအမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်ပူးစုဆောင်နေတာပါပဲ။
တစ်ယောက်နဲ့တစ်ယောက် ရိုးသားသန့်စင်စွာ ချစ်ခင်နေကြသူတွေကို ကိုယ့်အထင်နဲ့ မတော်တရာစွပ်စွဲပြီး ၊ သို့မဟုတ် ကိုယ့်စိတ်နဲ့နိုင်း အရိုင်းသတ်မှတ်ပြီး ချစ်ခင်မှုပျက်ပြားသွားအောင်လုံး
ကိုယ်တစ်ဖက်တစ်သတ်ချစ်နေရသူက ကိုယ့်အပေါ် ပြန်မချစ်တာနဲ့ပဲ “ တခြားဘယ်သူ့ကိုမှ မချစ်ရဘူး ၊ ချစ်လို့ကတော့ နှစ်ယောက်လုံး စိတ်ဆင်ရဲအောင် လုပ်ပစ်မယ် ၊ ဆက်ချစ်မရအောင် နှောင့်ယှက်ပစ်မယ် ” ဆိုတဲ့စိတ်ထားဟာ ကလေးသိပ်ဆန်လွန်းတဲ့ အချစ်ကံခေကြောင်း စိတ်ထားပါ။
“ အလှဝန်တို ၊ မငြိုငြင်နှင့် ” ဆိုတဲ့ငယ်ငယ်တုန်းက ကဗျာအလိုက်အတိုင် ပြောရရင်” “အချစ်ဝန်တို ၊ မငြိုငြင်နှင့် “ လို့ပြောရပါလိမ့်မယ်။ သူတို့ဘာသာသူတို့ ရိုးရိုးသားသားပဲ ချစ်ချစ် ၊ ဆန်းဆန်းပြားပြားပဲ ချစ်ချစ် ၊ ကိုယ့်ရေစက်နဲ့ကိုယ့်ချစ်နေကြတာ
“ ချစ်ခြင်းကိုမခွဲပါနဲ့ ” ဆိုတဲ့ ၀စီသုစရိုက်သိကပုဒ် ( ပိသုဏ ၀ါစာဝိရတိသိကပုဒ် ) ဟာချစ်သူရည်းစားချင်း ၊ ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိသာ အခွဲဖို့ပြောတာ မဟုတ်ပါဘူး။ မိဘနဲ့ သားသမီး ၊ ဆရာနဲ့တပည့် ၊ ဆရာနဲ့ဒကာ ၊ ညီအစ်ကိုမောင်နှမအချင်းချင်း ၊ ဆွေမျိုးသွေးသာ အချင်ချင်း ၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း ၊ ဘယ်လိုချစ်ခင်ကြသူအချင်ချင်းရဲ့ ချစ်ခြင်းကိုမဆို မခွဲဖို့ ပြောတာပါ။
သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်း ကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ ကမနိယာမပါ။ သူများချစ်ခြင်း ခွဲခဲ့တဲ့သူတွေ ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ် ၊ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုအကောင်းမထင် ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူမနေရ ၊ မိဘမေတ္တာ ဆိုတာကို ခံစာခွင့်မကြုံ ၊ ညီအစ်ကို မောင်နှမအချင်းချင်းမတည့် ၊ ဆွေမျိုးတွေက တစ်ကိုယ်ကောင်ဆန်၊ သူငယ်ချင်းအပေါင်းအသင်းတွေက မိတ်ကောင်ဆွေကောင်း မပီသ ၊ ဒါတွေအားလုံးဟာ အချစ်ကံခေတာတွေချည်းပါပဲ ။
“ ကိုယ်လိုချင်တာ…အချုပ်အနှောင်မဲ
ရှောင်စရာအဆိုးကံတွေအထိုက်အလျှောက် ပြောပြီးသွားတော့ ဆောင်စရာအကောင်းကံတွေ နည်းနည်းပြောကြတာပေါ့။
အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာ တရားလက်ကိုင်ထားခြင်းပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ ၊ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။ မေတ္တာကြီးလေ၊ အချစ်ကံကောင်းလေပေါ့။
မေတ္တာက “ ပွားမေတ္တာ ” နဲ့ “ ထားမေတ္တာ ” လို့ နှစ်မျိုးရှိပါတယ်။ “ကျန်းမာချမ်းသာပါစေ ” လို့စိတ်ထဲကနေ ၊ ဒါမှမဟုတ်အသံထုတ်ပြီး မေတ္တာပို့သနေတာကို “ ပွား မေတ္တာ ” လို့ခေါ်ပါတယ်။ တစ်ဖက်သားရဲ့ ကောင်းကျိုးကို ကာယကံမြောက် ကိုယ်ထိလက်ရောက် ၊ ၀ဇီကံမြောက် နူတ်ထိပါးစပ်ရောက် ကူညီဆောင်ရွက်ပေးတဲ့ မေတ္တာကို “ ထားမေတ္တာ ” လို့ခေါ်ပါတယ်။
ပွားမေတ္တာ ရော၊ ထား မေတ္တာရော မေတ္တာနှစ်မျိုးလုံး ပြည့်စုံမှ အချစ်ကံကောင်းမှာပါ။ တကယ်ဆို ပွားမေတ္တာ ထက် ထားမေတ္တာ ကပိုလို့တောင် အရေးကြီးပါတယ်။ စိတ်ထဲက ၊ သို့မဟုတ်နူတ်က “ကျန်းမာချမ်းသာပါစေ ” လို့တဖွဖွ မေတ္တာ ပို့သနေပေမယ့် ၊ တကယ်လက်တွေ့ဘ၀မှာ သူတစ်ပါးစိတ်ဆင်းရဲစေမယ့် အပြောအဆို ၊ အပြုအမှုတွေ ၊ တစ်ဖက်သား ဆိုးကျိုးဖြစ်စေမယ့် အပြောအဆို ၊ အပြုမှုတွေ ပြောဆိုနေမယ်ဆိုရင် နောင်ဘ၀ဆိုတာ အသာထာ ၊ အခု လောလောဆယ်ဆယ်မှာကို အဲဒီလူကို ဘယ်သူကမှ ချစ်ခင်နှစ်သက်ကြမှာ မဟုတ်ပါဘူး။
“ ကျွန်တော် ၊ ကျွန်မ အရာရာကို အကောင်းမြင်စိတ် မွေးပါတယ်။ လူတိုင်းအပေါ် မေတ္တာ ထားနိုင်ပါတယ် ” လို့ စကားတွေ ၊ စာတွေနဲ့ ကိုယ်ရည်သွေးပြီး ထုတ်ဖော်ကြွေကြော်နေပေမယ့် တကယ့် လက်တွေ့ဘ၀မှာ အဆိုးမြင်စိတ်ထားနဲ့ အဆိုးမြင်စကားတွေပဲပြော ၊ အဆိုးမြင်လုပ်ရပ်တွေပဲ လုပ်နေတဲ့သူတွေဟာပ ဘ၀မှာရော ၊ သံသရာဘ၀တွေမှာပါ ချစ်ခင်မြတ်နိုးမယ့်သူ မရှိ ၊ နားလည်ခွင့်လွှတ်မယ့်သူ မရှိနဲ့ အချစ်ကံခေပြီ ၀မ်းနည်းအားငယ် နေရမှာပါ။
မေတ္တာ တရားကို “ လူချစ်ဆေး ၊ နတ်ချစ်ဆေး ” လို့ပြောတာဟာ မေတ္တာ ပို့သရုံသက်သက် “ တစ်ခြမ်ပဲ့ မေတ္တာသမား ” တွေ အတွက် ပြောတာ မဟုတ်ပါဘူး။ တစ်ဖက်ကလည် မေတ္တာပို့သ ၊ တစ်ဖက်ကလည်း လိုသူ ၊ မလိုသူ အခွဲခြားဘဲ အလွှာမရွေး ၊ အရွယ်မရွေးအပေါ် ကိုယ်ထိလက်ရောက် ၊ နူတ်ထိပါးစပ်ရောက် အကျိုးဆောင်ပေးတတ်တဲ့ “ အပြည့်အ၀ မေတ္တာသမား ” တွေ ၊ “ တင်းပြည့် မေတ္တာ သမား ” တွေအတွက် ပြောတာပါ။
ပွားမေတ္တာ သက်သက်နဲ့တော့…လူအပေါင်း ၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ရမှာမဟုတ်ဘူး ၊ ပွားမေတ္တာရော ၊ ထားမေတ္တာရော ပြည့်စုံမှ လူအပေါင်း ၊ နတ်အပေါင်းရဲ့ ချစ်ခင်မြတ်နိုမှု ရမယ်…လို့ဆိုလိုပါတယ်။
သီးခြားထိုင်ရင်းနဲ့ပဲဖြစ်ဖြစ် ၊ သွားရင်းလာရင်း ၊ လုပ်ရင်းကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် “ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ ” လို့ မကြာခဏ မေတ္တာပို့သပါ။ ရေနဲ့ ခန ကိုယ်နဲ့ထိတွေ့တိုင်းလည်း အေးမြတဲ့ရေကို သက်သေထား အာရုံပြုပြီး “ သတ္တ၀ါ အားလုံးကိုယ်ရောစိတ်ပါ အေးချမ်းကြပါစေ ” လို့ အထပ်ထပ်မေတ္တာ ပို့သပါ။ ကိုယ့်မျက်စိရှေ့ မြင်တွေ့လာသမျှ ၊ ကိုယ့်အလုပ်နဲ့ ပတ်သက်ဆက်စပ်လာသမျှ လူတိုင်း လူတိုင်းကို ချက်ချင်းချက်ချင် မေတ္တာပို့သတဲ့ အလေ့အကျင့် အားကောင်းလာပြီဆိုရင် ‘“ပွားမေတ္တာ ” နဲ့ပြည့်စုံပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ “မေတ္တသုတ် ” တရားတော်ကို နေ့စဉ်ဝတ်ထားပြီး အချိန်ရရင် ရသလို အမြဲမပြတ် ရွတ်ဖတ်ပူးဇော်သွားမယ် ဆိုရင်လည်း ဒေါသဓာတ်တွေ ကင်းစင် ၊ မေတ္တာဓာတ်တွေ စိမ့်ဝင်ပြီး မြင်သူတိုင်းက ချစ်ခင်မြတ်နိုး အားကိုးလေးစား တန်ဖိုးထားလာကြပါလိမ့်မယ်။
“ နတ်များချစ်ဆေး ၊ ဘေးရန်ဝေးသော ၊ ယဉ်ကျေးမ ၊ ဂါထာပျံကို ၊ ရွတ်အံသရ ကြကုန်လော့ ” …တဲ့။ မေတ္တသုတ်ကိုရွတ်ရင် မမြင်ရတဲ့ နတ်တွေကတောင် ချစ်တယ်ဆိုမှတော့ မြင်ရတဲ့လူတွေက ပိုလို့တောင် ချစ်ပြီပေါ့။ အခေါက်ရေများဖို့ထက် အဓိပ သိသိ စဉ်းစားဆင်ခြင်ပြီး ရွတ်ဖိုကတော့ အရေးကြီတာပေါ့လေ။
မေတ္တာသုတ်ရွတ်ရုံ ၊ မေတ္တာပွားများရုံနဲ့ ကျေနပ်မနေဘဲ တစ်ဖက်သားကောင်းကျိုး ၊ အများကောင်းကျိုးကို ကိုယ်နဲက ၊ နူတ်နဲ့လက်တွေ့ဆောင်ရွက်ပေးပါ။ “ ကောင်းကွက်ကိုရှာ… မေတ္တာ ” ဆိုတဲ့အတိုင်း တစ်ဖက်သားရဲ့ ကောင်းကွက်ကို မြင်အောင်ကြည့်ပြီး လူတိုင်အပေါ် အကောင်မြင်အလုပ်တွေပဲ လုပ်သွားမယ်ဆိုရင်“ ထားမေတ္တာ ” နဲ့ ပြည့်စုံပါပြီ။
တစ်ဖက်သားကိုနွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကိုနွေးနွေးထွေးထွေး ချစ်မယ့်သူပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကိုမြတ်မြတ်နိုးနိုး ကြင်နာမယ့်သူရောက်လာမှာပါ။တစ်
သိပ်လိုအပ်တဲ့အခါ...ကိုယ်ထားရှိ
“ကျွန်ုပ်သည် ဘယ်သူ့အပေါ် အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။ သူ့လိုအပ်ချက်မှန်သမျှကို မေတ္တာအပြည့်နဲ့ဖြည့်ဆည်းဆောင်ရွ
“ကျွန်ုပ်သည် ကျွန်ုပ်ချစ်မြတ်နိုးရတဲ့သူတွေ အားလုံး အပေါ်မှာ အစစအရာရာ လိုလေသေးမရှိ တာဝန်ကျေခဲ့ပါတယ်။ ကြင်ကြင်နာနာ ၊ ယုယုယယနဲ့ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဤမှန်သောသစ္စာစကားကြောင့်...” စသည်အားဖြင့် ကိုယ်ဆိုတတ်သလို ၊ ကိုယ်ဆိုချင်သလိုဆိုပြီး...
“...ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်ချစ်ရတဲ့သူက ကျွန်ုပ်ကို ကျွန်ုပ်ထက် အဆပေါင်းများစွာ ပြန်ချစ်ပါစေသတည်း ”
စသည်အားဖြင့် ကိုယ့်ဆန္ဒရှိသလို ဆုတောင်းနိုင်ပါတယ်။ အတိတ် ၊ လက်ရှိ အကြောင်းတရားတွေ ညီညွတ်ရင် ကိုယ်ဆိုတောင်း တစ်နေ့ပြည့်မှာပေါ့။ ဒါပေမဲ့ တစ်ခုသတ်ပြုရမှာက သစ္စာဆိုတဲ့အခိုက်မှာသာ ကိုယ်လိုချင်တဲ့ အကျိုးကို တောင့်တရမှာပါ။ မေတ္တာပေးနေတဲ့အခိုက်မှာတော့ လုံးဝ မတောင့်တရပါဘူး။ သူ့အကျိုးသက်သက်ကိုပဲ ရည်ရွယ်ရပါမယ်။ ကိုယ့်အတွက် မျှော်လင့်ချက်နဲ့ပေးတဲ့ မေတ္တာဟာ မေတ္တာစစ်စစ် မဟုတ်ဘူးလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်ပေးတဲ့
မေတ္တာထဲမှာ မေတ္တာလိုလိုနဲ့ နေရာတကာ အကြောင်းမဲ့ ဆရာလုပ်တာတွေ ၊
လက်တွေ့မကျဘဲ အကျိုးမဲ့လွှမ်းမိုးခြယ်လှယ်တာေ တွ ၊
ကိုယ့်အလိုမပြည့်တိုင်း မကျေမနပ် အပြစ်တင်တာတွေ ကင်းရှင်းနေရပါမယ်။
ကိုယ့်ဆန္ဒ ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလိုပုံသွင်းချင်တာ
မေတ္တာမှ မဟုတ်ဘဲ။ အတ္တရှေ့တန်းတင်တဲ့ မေတ္တာမျိုးနဲ့ သစ္စာဆိုလို့ကတော့
အဲဒီသစ္စာ စွမ်းမှာမဟုတ်ပါဘူး။
ကဿပဘုရားရှင်လက်ထက်တုန်းက သူဋ္ဌေးသမီးတစ်ဦး ခင်ပွန်းလောင်းသူဋ္ဌေးသားရဲ့ အိမ်ကို အ၀င် တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့တစ်ပြိုင်နက် မိမိကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဋ္ဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဋ္ဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဋ္ဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရရှာပါတယ်။
အတိတ်ဘ၀တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကတစ်ပါး ဆွမ်းခံကြွလာတော့ ယောက်မကဆွမ်းလောင်းပြီး “ ဒီလိုအမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင်ပါရစေ”လို့ဆုတော င်းလိုက်တာကို ၊ ယောက်မရဲ့ဆုတောင်း
ပြည့်စေချင်တဲ့စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေသွန်ပစ်ပြီး ရွှံ့ညွန်တွေ
အပြည့်ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်း အိမ်ရောက်တိုင်း
အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။
“ ယောကျာ်းမရတော့မယ့် အတူတူ မထူးဘူး” ဆိုပြီးလက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ ၊ ရတဲ့ငွေနဲ့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဋ္ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ပထမဆုံးလက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဋ္ဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကို ခေါ်တောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဋ္ဌေးသမီးရဲ့ ကိုယ်ကစန္ဒကူးနံ့တွေ သင်းပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဋ္ဌေးသမီးစကားပြောလိုက်တိုင်း လည်း အာခံတွင်းက ကြာညိုရနံ့
မွှေးပျံ့သင်းကြိုင်လို့ နေပါတယ်။
ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဋ္ဌေးသမီး အချစ်ကံကောင်းလာခဲ့ရတာပါ။ “ နံ့သာခင်” “ရှင်မွှေးလွန်း”သူဋ္ဌေးသမီး အချစ်ကံကောင်းလာခဲ့ရတာပါ။ (မိမိကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့မွှေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်းသွားတာလို့လည်း ပြောနိုင်ပါတယ်။)
ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးတွေ ပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ်ကံကောင်းဦးမှာလဲ။
အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီး အနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝတ္တုလေး အသေးစိတ်ပြောပြပြီး ၀တ္တုကြောင်းကိုဆင်ခြင်ရင်း အိမ်ကဘုရားမှာရော ၊ ရွှေတိဂုံဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ်လှူဒါန်းဖို့ တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့အတိုင်း ယုံယုံကြည်ကြည်လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကိုသိပ်ချစ် ၊ သိပ်မြတ်နိုး ၊ သိပ်တန်ဖိုးထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်းတစ်ဦးကို စိတ်ချမ်းမြေ့စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုတာပါ။)
ရွှေသင်္ကန်းနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နဲ့သာအလှူနဲ့ ဆေးအလှူကလည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ ၊ ဆေးအလှူကလည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူနဲ့ဆေးအလှူတွေရဲ့ အကျိုးတရားတွေမှာ “ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဘယ်တော့မှ မခွဲခွာရခြင်း”ဆိုတဲ့ အကျိုးတရားတစ်ခု ပါနေလို့ပါ။
နံ့သာရဲ့ သဘောတရာ ၊ ဆေးဝါးရဲ့အာနိသင်နဲ့နိုင်းယှဉ် စဉ်းစားကြည့်ရင် ဒါဟာ
သဘာဝကျပါတယ်။ မွှေးရနံ့သင်းနေသူကို ပတ်ဝန်းကျင်က ချစ်မြတ်နိုးကြသလို
ဆေးကြောင့် သေဘေးကလွတ်သွားသူဟာလည်း သူချစ်တဲ့သူတွေနဲ့ မခွဲခွာ
မကွေကွင်းရတော့ဘူး မဟုတ်လား။
မွှေးရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ ၊ တစ်ဖက်သားစွဲမက်စေတဲ့အရာ...။ဆေး ဆိုတာ ချစ်သူတွေ မကွေကွင်းစေတဲ့အ၇ာ ၊
ချစ်စရာ ကျန်းမာခြင်းကို ဆောင်ကြဉ်းပေးတဲ့အရာ...။အကောင်း ကံတွေပဲပေါ့။
မြတ်စွာဘုရားရှင် လက်ထက်တုန်းက အရေပြားရောဂါစွဲကပ်နေတဲ့ “ရောဟိနီ”မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ်ဓါရဲ့ လမ်းညွန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ရတဲ့ငွေနဲ့ နှစ်ထပ်ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး သောက်ရေ သုံးရေဖြည့်ခြင်း ၊ တံမြက်လှည်းခြင်း ၊ နေရာခြင်းခြင်း...စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်း ပျောက်၊ သေလွန်တဲ့အခါ တာဝတိ့သာနတ်ပြည်လည်း ရောက်သွားခဲ့ပါတယ်။
နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာ နတ်သမီးလေးသွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်း အရမ်းကိုချစ်သွားတဲ့အတွက် သူ ရထိုက်တယ် ၊ ငါ ရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းကြီးဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးကလည်း ရောဟိနီကို မြင်မြင်ချင်း ချစ်သွားပြီး.......
“အသင်နတ်သားတို့...၊ ရေဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရပါသလဲ”
လို့နတ်သားလေးဦးကို မေးလိုက်ပါတယ်။
“သူ့ကိုမြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့ စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက် ၊ ထရခက်နဲ့ဆောက်တည်ရာမရ ဖြစ်နေပါတယ်”
“ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ်”
“ကျွန်တော်မျိုးရဲ့ မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုစွန်မျက်လုံးလို ပြူးထွက်နေပါပြီ”
“ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ်နေခဲ့ရပါပြီ”
နတ်သားလေးဦးရဲ့ အချစ်ခံစားချက်တေါကိုလည်း နားထောင်ပြီးရော သိကြားမင်းကြီးက...
“အသင်နတ်သားတို့ရဲ့ အချစ်ခဲစားချက်တွေက အတော့်ကို ပြင်းထန်လှပါတယ်။ ဒါပေမဲ့ ထိန်းချုပ်မယ်ဆို ထိန်းချုပ်လို့ရပါသေးတယ်။ ကျွန်ုပ်ကတော့လေ..ရောဟိနီကိုမှ မရရင်...သူ့ကိုမှမရရင်...ဘယ်... ဘယ်လိုမှ...အသက်ရှင်သန်နိုင်မှာ
မဟုတ်တော့ပါဘူး...သူနဲ့သာ...အတူ မနေရရင်...သေ...သေရပါလိမ့်မယ်.. .အသင်နတ်သားတို့ရဲ့
ခေါင်းဆောင်ဖြစ်တဲ့ ကျွန်ုပ်သိကြားဟာ...ရောဟိနီကို ရမှ...ပုံမှန်ရှင်သန်ခွင့်
ရှိတော့မယ့်သူပါ...
လို့ဆွေးဆွေးမြည့်မြည့် ငိုပြောပြောလိုက်ပါတယ်။
“အသင်သိကြားမင်းကြီး ဒီလောက်တောင် ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့ ၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ် ၊ ကျွန်တော်မျိုးတို့လေးဦး ရောဟိနီကို စွန့်လွှတ်လိုက်ပါပြီ”
သိကြားမင်းကြီး ဒိုင်စားသွားပုံကတော့ ပိုင်လိုက်တာနော်...။
ရောဟိနီကို သိကြားမင်းကြီး ချစ်လိုက်ပုံများ...အရာရာ “နီသဘော”...“နီသဘော”နဲ့ပါပဲ။ ဘယ်သွားချင်သလဲ...နီိ့သဘော၊ ဘာလုပ်ချင်သလဲ...နီသဘော၊...“အရာ ရာ...မင်းပါ...နီ...။
ရောဟိနီနတ်သမီး အချစ်ကံကောင်းတာ ကျောင်းအလှူကုသိုလ်နဲ့ ဝေယျာဝစ္စကုသိုလ်ကြောင့်ပါ။
တစ်ဖက်သားရဲ့ ကစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စကုသိုလ်ရှင်တွေဟာ ချစ်သူခင်သူ ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေတတ်ပါတယ်။
နောက်ဆုံးတော့ မယမင်းရယ်...၊“မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား ”ဆိုတဲ့ဘုရားအဆုံးအမ အတိုင်း မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ ကောင်းမှုမှန်သမျှပြုလုပ်မယ် ၊ စိတ်နှလုံးကို ဖြူစင်မြင့်မြတ်အောင် အမြဲထားမယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါ ကောင်းပြီး ချစ်စရာအကောင်းဆုံး နောင်ဘ၀ကို ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။
သြော်...အရေးအကြီးဆုံးလို့ ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ...။
“အချစ်ကံကောင်းချင်ရင်...ချစ်ေ အာင်နေပါ၊
မုန်းအောင် မလုပ်ပါနဲ့”...လို့။
ဒါပါပဲ...သူငယ်ချင်းတို့...။
အကောင်းကံချစ်၍ အချစ်ကံကောင်းကြပါစေ... by လောကနတ်
ကဿပဘုရားရှင်လက်ထက်တုန်းက သူဋ္ဌေးသမီးတစ်ဦး ခင်ပွန်းလောင်းသူဋ္ဌေးသားရဲ့ အိမ်ကို အ၀င် တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့တစ်ပြိုင်နက် မိမိကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဋ္ဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ် ပြန်လာခဲ့ရပါတယ်။ တခြားသူဋ္ဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဋ္ဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရရှာပါတယ်။
အတိတ်ဘ၀တစ်ခုတုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကတစ်ပါး ဆွမ်းခံကြွလာတော့ ယောက်မကဆွမ်းလောင်းပြီး “ ဒီလိုအမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင်ပါရစေ”လို့ဆုတော
“ ယောကျာ်းမရတော့မယ့် အတူတူ မထူးဘူး” ဆိုပြီးလက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ ၊ ရတဲ့ငွေနဲ့ ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဋ္ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ပထမဆုံးလက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဋ္ဌေးသမီးကို အသည်းအသန် သတိရပြီး အိမ်ကို ခေါ်တောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဋ္ဌေးသမီးရဲ့ ကိုယ်ကစန္ဒကူးနံ့တွေ သင်းပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဋ္ဌေးသမီးစကားပြောလိုက်တိုင်း
ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကံကြောင့် သူဋ္ဌေးသမီး အချစ်ကံကောင်းလာခဲ့ရတာပါ။ “ နံ့သာခင်” “ရှင်မွှေးလွန်း”သူဋ္ဌေးသမီး အချစ်ကံကောင်းလာခဲ့ရတာပါ။ (မိမိကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့မွှေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်းသွားတာလို့လည်း ပြောနိုင်ပါတယ်။)
ရွှေကို လူသားတိုင်း ချစ်မြတ်နိုးကြသလို ကြာပန်းလေးတွေ ပွင့်နေပုံကလည်း မြင်သူတိုင်းရဲ့ စိတ်မှာ ချစ်မြတ်နိုးစရာပါ။ ဒီတော့ ရွှေအလှူရှင်နဲ့ ကြာအလှူရှင်မှ အချစ်ကံမကောင်းရင် ဘယ်သူများ အချစ်ကံကောင်းဦးမှာလဲ။
အချစ်ကံမကောင်းလို့ အသစ်ပြန်ပြောင်းနေရတဲ့ နာမည်ကြီး အနုပညာရှင်အမျိုးသမီးတစ်ဦးကို ဒီဝတ္တုလေး အသေးစိတ်ပြောပြပြီး ၀တ္တုကြောင်းကိုဆင်ခြင်ရင်း အိမ်ကဘုရားမှာရော ၊ ရွှေတိဂုံဘုရားမှာပါ ရွှေသင်္ကန်းနဲ့ ကြာပန်းတွေ အဆက်မပြတ်လှူဒါန်းဖို့ တိုက်တွန်းလိုက်တာ တိုက်တွန်းတဲ့အတိုင်း ယုံယုံကြည်ကြည်လုပ်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူမကိုသိပ်ချစ် ၊ သိပ်မြတ်နိုး ၊ သိပ်တန်ဖိုးထားတဲ့ ၊ သူမကလည်း ပြန်ချစ်နိုင်တဲ့ ပါရမီဖြည့်ဖက် အိမ်ဦးနတ်ကောင်းတစ်ဦးကို စိတ်ချမ်းမြေ့စွာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။ (ယတြာချေတာ မဟုတ်ပါဘူး။ အကြောင်းအကျိုးဆက်စပ်တဲ့ ကုသိုလ်ကောင်းမှု ပြုတာပါ။)
ရွှေသင်္ကန်းနဲ့ ကြာပန်းအလှူက အချစ်ကံကောင်းစေသလို နဲ့သာအလှူနဲ့ ဆေးအလှူကလည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူ ၊ ဆေးအလှူကလည်း အချစ်ကံကောင်းစေပါတယ်။ နံ့သာအလှူနဲ့ဆေးအလှူတွေရဲ့ အကျိုးတရားတွေမှာ “ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဘယ်တော့မှ မခွဲခွာရခြင်း”ဆိုတဲ့ အကျိုးတရားတစ်ခု ပါနေလို့ပါ။
နံ့သာရဲ့ သဘောတရာ ၊ ဆေးဝါးရဲ့အာနိသင်နဲ့နိုင်းယှဉ်
မွှေးရနံ့ဆိုတာ အချစ်တိုးစေတဲ့အရာ ၊ တစ်ဖက်သားစွဲမက်စေတဲ့အရာ...။ဆေး
မြတ်စွာဘုရားရှင် လက်ထက်တုန်းက အရေပြားရောဂါစွဲကပ်နေတဲ့ “ရောဟိနီ”မင်းသမီးလေးဟာ အစ်ကိုဖြစ်သူ အရှင်အနုရုဒ်ဓါရဲ့ လမ်းညွန်ချက်အရ လက်ဝတ်တန်ဆာတွေ ရောင်းချလို့ရတဲ့ငွေနဲ့ နှစ်ထပ်ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး သောက်ရေ သုံးရေဖြည့်ခြင်း ၊ တံမြက်လှည်းခြင်း ၊ နေရာခြင်းခြင်း...စတဲ့ ဝေယျာဝစ္စတွေ ပြုလုပ်တဲ့အတွက် အရေပြားရောဂါလည်း ပျောက်၊ သေလွန်တဲ့အခါ တာဝတိ့သာနတ်ပြည်လည်း ရောက်သွားခဲ့ပါတယ်။
နတ်သားလေးဦးရဲ့ နယ်စပ်ဧရိယာ နတ်သမီးလေးသွားဖြစ်တဲ့ ရောဟိနီကို နတ်သားလေးဦးက မြင်မြင်ချင်း အရမ်းကိုချစ်သွားတဲ့အတွက် သူ ရထိုက်တယ် ၊ ငါ ရထိုက်တယ်နဲ့ ငြင်းခုံကြပါလေရော။ နောက်ဆုံး သိကြားမင်းကြီးဆီ သွားအဆုံးအဖြတ်ခံတဲ့အခါ သိကြားမင်းကြီးကလည်း ရောဟိနီကို မြင်မြင်ချင်း ချစ်သွားပြီး.......
“အသင်နတ်သားတို့...၊ ရေဟိနီကို မြင်တဲ့အချိန်ကစပြီး သင်တို့စိတ်ထဲမှာ ဘယ်လိုခံစားနေရပါသလဲ”
လို့နတ်သားလေးဦးကို မေးလိုက်ပါတယ်။
“သူ့ကိုမြင်တဲ့အချိန်ကစပြီး ကျွန်တော်မျိုးရဲ့ စိတ်ဟာ စစ်မြေပြင်မှာ စည်ကြီးတီးလိုက်သလို တုန်ခါသွားပြီး ထိုင်ရခက် ၊ ထရခက်နဲ့ဆောက်တည်ရာမရ ဖြစ်နေပါတယ်”
“ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာတော့ တောင်ကျရေတံခွန်ကြီး စီးဆင်းနေသလို သူ့အပေါ် သံယောဇဉ်ရေတံခွန်ကြီး စီးဆင်းနေပါတယ်”
“ကျွန်တော်မျိုးရဲ့ မျက်လုံးဟာ သူ့ကိုမြင်တဲ့အချိန်ကစပြီး ပုစွန်မျက်လုံးလို ပြူးထွက်နေပါပြီ”
“ကျွန်တော်မျိုးရဲ့ နှလုံးသားကတော့ စေတီဘုရားပေါ်က တံခွန်အလံတွေလို တဖျပ်ဖျပ် တုန်လှုပ်နေခဲ့ရပါပြီ”
နတ်သားလေးဦးရဲ့ အချစ်ခံစားချက်တေါကိုလည်း နားထောင်ပြီးရော သိကြားမင်းကြီးက...
“အသင်နတ်သားတို့ရဲ့ အချစ်ခဲစားချက်တွေက အတော့်ကို ပြင်းထန်လှပါတယ်။ ဒါပေမဲ့ ထိန်းချုပ်မယ်ဆို ထိန်းချုပ်လို့ရပါသေးတယ်။ ကျွန်ုပ်ကတော့လေ..ရောဟိနီကိုမှ
လို့ဆွေးဆွေးမြည့်မြည့် ငိုပြောပြောလိုက်ပါတယ်။
“အသင်သိကြားမင်းကြီး ဒီလောက်တောင် ကြွေနေရင်လည်း ရောဟိနီကို အသင်သိကြားမင်းကြီးပဲ ယူလိုက်ပါတော့ ၊ အသက်တော့ အသေမခံလိုက်ပါနဲ့ သိကြားမင်းကြီးရယ် ၊ ကျွန်တော်မျိုးတို့လေးဦး ရောဟိနီကို စွန့်လွှတ်လိုက်ပါပြီ”
သိကြားမင်းကြီး ဒိုင်စားသွားပုံကတော့ ပိုင်လိုက်တာနော်...။
ရောဟိနီကို သိကြားမင်းကြီး ချစ်လိုက်ပုံများ...အရာရာ “နီသဘော”...“နီသဘော”နဲ့ပါပဲ။ ဘယ်သွားချင်သလဲ...နီိ့သဘော၊ ဘာလုပ်ချင်သလဲ...နီသဘော၊...“အရာ
ရောဟိနီနတ်သမီး အချစ်ကံကောင်းတာ ကျောင်းအလှူကုသိုလ်နဲ့ ဝေယျာဝစ္စကုသိုလ်ကြောင့်ပါ။
တစ်ဖက်သားရဲ့ ကစ္စကြီးငယ်ကို မေတ္တာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးတတ်တဲ့ ဝေယျာဝစ္စကုသိုလ်ရှင်တွေဟာ ချစ်သူခင်သူ ၊ ကူညီစောင့်ရှောက်သူတွေ ပေါများပြီး ဘ၀မှာ အစစအရာရာ အဆင်ပြေတတ်ပါတယ်။
နောက်ဆုံးတော့ မယမင်းရယ်...၊“မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား ”ဆိုတဲ့ဘုရားအဆုံးအမ အတိုင်း မကောင်းမှုမှန်သမျှ ရှောင်ကြဉ်မယ်၊ ကောင်းမှုမှန်သမျှပြုလုပ်မယ် ၊ စိတ်နှလုံးကို ဖြူစင်မြင့်မြတ်အောင် အမြဲထားမယ်ဆိုရင် အချစ်ကံသာမက အနှစ်ကံတွေပါ ကောင်းပြီး ချစ်စရာအကောင်းဆုံး နောင်ဘ၀ကို ဧကန်မုချ ရရှိကြမှာ မလွဲပါဘူး။
သြော်...အရေးအကြီးဆုံးလို့ ထင်တဲ့ စကားတစ်ခွန်းတော့ နောက်ဆုံးပြောလိုက်ပါရစေ...။
“အချစ်ကံကောင်းချင်ရင်...ချစ်ေ
ဒါပါပဲ...သူငယ်ချင်းတို့...။
အကောင်းကံချစ်၍ အချစ်ကံကောင်းကြပါစေ... by လောကနတ်