``မြတ်ဗုဒ္ဓအလိုတော်ကျ Facebookသုံးနည်း´´
မနေ့က မိမိဆီကိုလာတဲ့ အသိဒကာတစ်ဦးက Facebookမကောင်းကြောင်းကို နည်းလမ်းမျိုးစုံနဲ့
ပြောသွားပါ တယ်။ သူပြောတာတွေကို လိုရင်းချုပ်လိုက်ရင်တော့ facebookဟာ ဖွဘုတ်ခ်ဖြစ်နေပြီး
သုံးစွဲရတာ အကုသိုလ် အရမ်းများကြောင်း၊ တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို ငဲ့ညာထောက်ထားမှု မရှိကြပဲ
မဟုတ်တာတွေရော ဟုတ်တာတွေပါ စည်းမရှိကမ်းမရှိ ကျင့်ဝတ်မဲ့ဖွနေကြကြောင်း Homeထဲဝင်လာသမျှ
အကြောင်းအရာတိုင်းက ဆယ်ခုမှာ ကိုးခုလောက်က အကုသိုလ်ဖြစ်စရာ စိတ်ချမ်းမြေ့စရာတွေသာဖြစ်ကြောင်းတွေပဲ
ဖြစ်ပါတယ်။
သူပြောတာ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ လူတိုင်း ကတော့
လူကောင်းဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ facebookမှာ မကောင်းတာတွေရှိသလို ကောင်းတာတွေရှိလည်း
ရှိပါတယ်။ မိမိဆိုရင် facebookသုံးရတာကို နှစ်သက်ပါတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းအရာလေးတွေ
ရေးတင်တယ်။ သူများရေးတင်တာတွေဖတ်တယ်။ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေပေးတယ်။ ကိုယ်နှစ်
သက်တာတွေတွေ့ရင် Like လုပ်လိုက်ပါတယ်။ တကယ်တော့ Facebookဟာ ဘုရားအလိုတော်ကျသာ သုံးစွဲ
တတ်မယ်ဆိုရင် စိတ်ဆင်းရဲစရာ စိတ်မချမ်းမြေ့စရာ မရှိပါဘူး။ ဘုရားရှင်အလိုတော်ကျ
Facebookသုံးနည်း ပြောပြချင်ပါတယ်။
သာသနာတော်မှ အရိယာဖြစ်ပြီးခါမှ နွားဝှေ့လို့သေရတဲ့ အရိယာလေးဦးရှိပါတယ်။ ဂေါတမ ဘုရားရှင်
မပွင့် ထွန်းမှီ တစ်ခုသောကာလတုန်းက သူဌေးသားလေးယောက်ဟာ ပြည့်တန်ဆာမ တစ်ယောက်ကို အခငွေကြေး
ပေး၍ ဥယျာဉ်ထဲသို့ ခေါ်ဆောင်ကာ တစ်နေကုန်ပျော်ပါးကြပါတယ်။ ညနေရောက်တဲ့အခါမှာ တစ်ယောက်
သော သူဌေးသားက ကျန်သူငယ်ချင်းသုံးဦးကို ``သူငယ်ချင်းတို့ ဤပြည့်တန်ဆာမ၏ လက်၌ ငွေတစ်ထောင်
ရွှေငွေများစွာတို့နှင့် အဖိုးတန် အဆင်တန်ဆာများ ပါရှိလေသည်။ ဤဥယျာဉ်၌ ငါတို့မှတစ်ပါး
အခြားသူတစ်ဦး တစ်ယောက်မျှမရှိ။ ညဥ့်အခါလည်း ဖြစ်ခဲ့ပြီ။ ကိုင်း ငါတို့သည် ဤပြည့်တန်ဆာမကို
သတ်၍ ဥစ္စာအားလုံးကို ယူဆောင်သွားကြစို့´´လို့ ပြောဆိုအကြံပေးပါတယ်။
သူငယ်ချင်းလေးယောက်လုံးဟာ သဘောတူညီကြတာကြောင့် ပြည့်တန်ဆာမကို ရိုက်ပုတ် ထိုးကြိတ်သတ်
ဖြတ်ကြစဉ်ပင် ``ဤသူတို့ကား အရှက်မဲ့ကြ ကရုဏာမဲ့ကြကုန်၏။ ကိလေသာ အလိုလိုက်ပြီး ငါ့နှင့်အတူ
ပျော်ပါးပြီး အပြစ်မဲ့သူ ငါ့ကို သက်သက်မဲ့ ဥစ္စာလောဘဖြင့် သတ်ကြ၏။ ဤသူတို့သည် ငါ့ကို
တစ်ကြိမ်တော့ ငါအားနွဲ့နေ၍ သတ်ကြစေဦးတော့။ ငါသည်ကား ဘီးလူးမဖြစ်ပြီးလျှင် ဤသူလေးယောက်တို့ကို
အကြိမ်များစွာ သတ်နိုင်သော သူ ဖြစ်ရပါလို၏´´လို့ ဆုတောင်းပြီးမှ သေဆုံးသွားခဲ့ပါတယ်။
အဲဒီသူဌေးသားလူဦးကတော့ ဂေါတမဘုရားရှင် ရဲ့လက်တော်မှာ ပုက္ကုသာတိမင်း ဗာဟိယ ဒါရုစီရိယ
တမ္ဗဒါဌိကသူသတ်သမား သုပ္ပဗုဒ္ဓနူနာရောဂါသည်တို့ ဖြစ်ကြပါတယ်။ သူတို့တွေဟာ အတိတ်ဘ၀တုန်းက
ဆိုးယုတ်ခဲ့ကြပေမယ့် ဘုရားရှင်ရဲ့ တရားတော်ကိုနာကြား ပြီး ပုက္ကုသာတိမင်းက အနာဂါမ် ဗာဟိယဒါရုစီရိယ
က ရဟန္တာ ကျန်နှစ်ယောက်က သောတာပန်တွေ ဖြစ်ကြပါတယ်။ ဒီလေးယောက်ထဲက ဗာဟိယဒါရုစီရိယ အကြောင်းကို
ပြောပြချင်ပါတယ်။
ဘုရားရှင်လက်တော်က ဗာဟိယတိုင်းက အမျိုးကောင်းသားတစ်ယောက်ဟာ ကုန်သွယ်ဖို့ရန် အတွက် ပင်လယ်ကူးရွက်သင်္ဘောကို
စီးနင်းကာ သုဝဏ္ဏဘူမိတိုင်းကို ထွက်ခွါခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သမုဒ္ဒရာအလယ် မှာ မုန်တိုင်းမိပြိး
ရွက်သင်္ဘောကပျက်ပါတယ်။ ဗာဟိယတိုင်းသား အမျိုးသားကလွဲရင် ကျန်သူအားလုံး သေဆုံး ကုန်ကြပါတယ်။
ဗာဟိယတိုင်းသားကတော့ ပျဉ်းပြားတစ်ချပ်ရတာကြောင့်ပျဉ်ချပ်ကိုဖက်ကာ ခုနှစ်ရက်ပတ် လုံး
သမုဒ္ဒရာထဲမှာ မျောချင်ရာ မျောနေရာကနေ ကံကောင်းစွာနဲ့ပဲ သုပ္ပါရကဆိပ်ကမ်းကို ကပ်ရောက်သွားပါ
တယ်။ ဗာဟိယ တိုင်းသားမှာ သုပ္ပါရကဆိပ်ကမ်းရောက်တဲ့အခါမှာ ကိုယ်လုံးတီးကြီးဖြစ်နေပါတယ်။
ဒါကြောင့် သူဟာ မသင့်တော်တာမို့ ဟိုဟိုသည်သည် ကြည့်ရင်း အနီးနားကတွေ့တဲ့ ရေမှော်သိုက်ကြီးကို
ခါးမှာပတ်ပြီး သူများ စွန့်ပစ်ထားတဲ့ ခွက်စုတ်တစ်ခုကို ကောက်ယူကာ ဆိပ်ကမ်းမှာ လှည့်လည်တောင်းရမ်းပါတယ်။
ဗာဟိယတိုင်းသားကို မြင်တွေ့ကြရတဲ့ ဆိပ်ကမ်းမှလူများဟာ ``လောက၌ ရဟန္တာပုဂ္ဂိုလ်များ အကယ်၍
ရှိကြ မည်ဆိုလျှင် ဤအရှင်မြတ်ကဲ့သို့သော သဘောရှိသူတို့သာ ရဟန္တာဖြစ်လေရာ၏။ အသို့နည်း
အရှင်မြတ်သည် မြင့်မြတ်သောအကျင့်ကို ကျင့်နေသောသူဖြစ်သောကြောင့် အ၀တ်ကိုမခံယူသလော။
သို့မဟုတ် လှုဒါန်းလျှင် ခံယူမည်လော´´လို့ စုံစမ်းလိုကြသဖြင့် အ၀တ်အစားမျိုးစုံ လှုဒါန်းကြပါတယ်။
ဗာဟိယတိုင်းသားကလည်း ``အကယ်၍များ ငါသည် ဤယခုအသွင်ဖြင့် မလာရောက်ခဲ့ပဲ သားနားသပ်ရပ်စွာ
ဝတ်ဆင်၍ လာရောက်ခဲ့လျှင် ဤလူများသည် ငါ့အား မကြည်ညိုကြကုန် လေရာ။ တစ်စုံတစ်ခုပြုလုပ်ကာ
ဤလူ အများကို လှည့်ဖြား၍ အသက်ရှင်ကြောင်း နည်းလမ်း ကောင်းတစ်ခုတော့ ပြုမှ သင်လျော်တော့မည်´´လို့
ကြံ စည်စဉ်းစားပြီး အလိုလောဘ နည်းသောဟန်ဖြင့် အ၀တ်များကို မခံယူပါဘူး။ ဒီအခါမှာ လူတွေဟာ
အတိုင်း ထက်အလွန် ကြည်ညိုသွားကြပြီး ရဟန္တာဟုယူဆကာ ကိုးကွယ်ဆည်းကပ်ကြပါတော့တယ်။
နောင်အခါမှာတော့ ဗာဟိယတိုင်းသားဟာ ပျဉ်ချပ်ပါးပါးလေးတွေကို
ကြိုးနဲ့သီကာ ရေမှော်တွေ အစား ပျဉ်ချပ်တွေကို ခါးမှာ ပတ်ထားပါတယ်။ ဒီအခါမှစပြီး သူဟာ
ဗာဟိယဒါရုစီရိယလို့ နာမည်တွင် သွားတော့တယ်။ အဓိပ္ပါယ်ကတော့ `သစ်သားများကို ၀တ်ဆင်သော
ဗာဟိယ တိုင်းသား´ ဖြစ်ပါတယ်။ စုတ်တီးစုတ်ပဲ့များ ၀တ်ဆင်ထားသောသူများ ကို တန်ခိုးရှင်ထင်နေကြတဲ့
လူပုဂ္ဂိုလ်တွေ ဒီအဖြစ်အပျက်လေးကို ကြပ်ကြပ်နှလုံးသွင်းထားသင့်ပါတယ်။
ဗာဟိယဟာ လက်ရှိဘ၀မှာ လိမ်ညာစားသောက်နေပေမယ့် အတိတ်ဘ၀တွေတုန်းကတော့ ခေသူမဟုတ်ပါ ဘူး။
သူဟာ ကဿပဘုရားရှင်လက်တော်တုန်းက ရဟန်းတစ်ပါးဖြစ်ခဲ့ပြီး ရဟန္တာမဖြစ်မချင်း ဆွမ်းမစားဘူးလို့
အဓိဋ္ဌာန်ပြုကာ တရားအားထုတ်ရင်း သေဆုံးခဲ့တဲ့သူပါ။ အဲဒီတုန်းက သူနဲ့အတူ တရားအားထုတ်ဖော်
ရဟန်းတစ်ပါးဟာ အနာဂါမ်ဖြစ်ပြီး သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ အရိယာဗြဟ္မာကြီးဖြစ်နေပါတယ်။ အဲဒီဗြဟ္မာကြီးဟာ
``ငါ့သူငယ်ချင်းများသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်နေကြသနည်း´´လို့ ကြံစည်မိပြီး ကြည့်ရှု့ဆင်ခြင်တဲ့
အခါမှာ ရဟန္တာဆိုပြီး လူတွေကို လိမ်စားနေတဲ့ သူငယ်ချင်းဟောင်းကြီး ဗာဟိယကို မြင်တွေ့
လိုက်ရပါတယ်။
ဗြဟ္မာကြီးဟာ ``ငါ့သူငယ်ချင်းဆီသွားပြီး ထိတ်လန့်သံဝေဂဖြစ်စေပြီး လောက၌ ဘုရားရှင် ပွင့်ထွန်းနေကြောင်း
ပြောကြားပေအံ့´´လို့ ကြံစည်စဉ်းစားကာ ဗာဟိယဆီလာပြီး ကဿပ ဘုရားလက်တော်တုန်းက သူနဲ့ဗာဟိယ
ဟာ တရားအားထုတ်ဖော်အားထုတ်ဖက် ရဟန်းတွေ ဖြစ်ခဲ့ကြောင်းကို ပြောပြပြီး ``အို ဗာဟိယ သင်သည်
အာသဝေါကုန်ခန်း ရဟန္တာလည်း မဟုတ်ချေ။ သင့်မှာ ရဟန္တာဖြစ်ဖို့ရန် မြူမှုန်မျှလောက်သော အကျင့်ကောင်း
တောင်မရှိချေ´´လို့ ပွင့်ပွင့်လင်းလင်း ပြောပြပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ
ဘုရားရှင်ရှိကြောင်း ပြောပြပါတယ်။ ဘုရားရှင်ဆီရောက်ဖို့ ရက်ပေါင်း၁၂၀သွားရမယ့် ခရီးဝေးကြီးကို
သူ့တန်ခိုးနဲ့ တစ်ရက်ထဲနဲ့ ရောက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။
ဗာဟိယ ဇေတ၀န်ကျောင်းတော်ကို ရောက်တဲ့အခါမှာ ဘုရားရှင်က သာဝတ္ထိမြို့တွင်းကို ဆွမ်းခံကြွနေတာနဲ့
ကြုံပါတယ်။ ရဟန်းတော်တွေက ဘုရားရှင်ဆွမ်းခံပြီးရင် ပြန်ကြွလာမှာဖြစ်လို့ အပန်းဖြေနားနေရင်း
ကျောင်း ကနေ စောင့်နေပါလို့ ပြောကြတာတောင် မရပဲ ဗာဟိယဟာ ဘုရားရှင်ဆွမ်းခံရာကို လိုက်သွားပါတယ်။
သာဝတ္ထိမြို့တွင်းမှာ ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကို မြင်တွေ့လိုက်ရတဲ့ ဗာဟိယဟာ ``ငါသည်
အလွန်ကြီးကြာ မြင့်မှ မြတ်စွာဘုရားကို ဖူးမြင်ရလေသည်´´လို့ ၀မ်းမြောက်ဝမ်းသာ ငါးဖြာသောပီတိဖြစ်ပြီး
ပီတိရဲ့အဟုန် ကြောင့် မျက်တောင်လေးတောင် မခတ်တော့ပဲ မြတ်စွာဘုရားနားကပ်ပြီး ရှိခိုးကန်တော့ပါတယ်။
ရှိခိုးကန်တော့ပြီးတော့ ``မြတ်စွာဘုရား တပည့်တော်အား တရားဟောတော်မူပါ။ ကောင်းသော စကားကို
ဆိုတော်မူတတ်သော မြတ်စွာဘုရား တပည့်တော်အား တရားဟောတော်မူပါ။ မြတ်စွာဘုရား ဟောကြားအပ်
သော တရားတော်သည် တပည့်တော်၏အဖို့ရာ ရှည်လျားစွာသော နေ့ညဥ့်ပတ်လုံး စီးပွါးချမ်းသာအလို့ငှါ
ဖြစ်ပါလိမ့်မည်´´လို့ တောင်းပန်လျှောက်ထားပါတယ်။
ဗာဟိယဟာ အရမ်းပီတိတွေများနေတာကြောင့်ရော တရားတော်ကို နားလည်လောက်အောင် ဥာဏ်မရင့်ကျက်
သေးတာကြောင့်ရော ခရီးရှည်ကြီးကို လာခဲ့ရတာကြောင့် ပင်ပန်းနေတဲ့ အတွက် ကြောင့်ရော
``ချစ်သား ဗာဟိ ယ တရားဟောရန် အခါမဟုတ်သေး။ ငါဘုရားသည် ဆွမ်းအလို့ငှါ လှည့်လည်နေသည်´´လို့
မိန့်တော်မူပါတ ယ်။ ဗာဟိယ ဒုတိယအကြိမ် တောင်းပန်လျှောက်ထား တဲ့အခါမှာလည်း ပယ်မြစ်ပါတယ်။
တတိယအကြိမ် လျှောက်ထား တောင်းပန်တဲ့အခါမှာတော့
ဗာဟိယစိတ် ပီတိတွေလျှော့သွားခါ စိတ်နေစိတ်ထား အလယ်အ လတ်ပြန်ဖြစ်သွားပြီ ဖြစ်တဲ့ အတွက်ကြောင့်လည်းကောင်း
ခရီးပန်းမှု ပြေပျောက်သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် လည်းကောင်း ဥာဏ်ပညာကလည်း တရားတော်ကို
နားလည်လောက်အောင် ရင့်ကျက်နေပြီဖြစ်တဲ့အတွက် ကြောင့်လည်းကောင်း မကြာခင် သေဆုံးရတော့မှာ
ဖြစ်တဲ့အတွက်ကြောင့်လည်းကောင်း သိမြင် တော်မူတာကြောင့် ယခုလိုဟောကြားတော်မူလိုက်ပါတယ်။
``ချစ်သား ဗာဟိယ ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် ဤသို့ကျင့်ရမည်။ မြင်အပ်သော အဆင်းမျိုးစုံ
ရူပါရုံ၌ မြင်လျှင်မြင်ကာမျှမတ္တဖြစ်အောင်၊ ကြားအပ်သော အသံမျိုးစုံ သဒ္ဒါရုံ၌ ကြားလျှင်ကြားကာမျှမတ္တဖြစ်အောင်၊
တွေ့ရောက်အပ်သော အနံ့မျိုးစုံ ဂန္ဓာရုံ ရသာမျိုးစုံ ရသာရုံ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၌
တွေ့ရောက်ကာမျှမတ္တဖြစ် အောင်၊ သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ သိကာမျှမတ္တဖြစ်အောင်
သင်ချစ်သားသည် ဤသို့လျှင် ကျင့်ဆောင် ရမည်´´
``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ မြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သော အာရုံ၌
မြင်ကာမျှ ကြားကာမျှ တွေ့ရောက်အပ်ကာမျှ သိအပ်ကာမျှဖြစ်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြား
အံ့။ သင်ချစ်သားသည် ထိုအခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သည့် အာရုံနှင့်စပ်သော
ရာဂ ဒေါသ မောဟနှင့်ယှဉ်သူ တပ်မက်သူ ပြစ်မှားသူ တွေဝေသူ ဖြစ်လိမ့်မည် မဟုတ်တော့ချေ´´
``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သည့်
အာရုံနှင့်စပ်သော ရာဂ ဒေါသ မောဟနှင့် မယှဉ်သူ မတပ်မက်သူ မပြစ်မှားသူ မတွေဝေသူ ဖြစ်ခဲ့လျှင်
သင်ချစ် သားသည် ထိုအခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သောအာရုံ၌ ငါ့ဥစ္စာဟု
တဏှာဖြင့်မစွဲငြိသူ မမှီသူ၊ ငါဟု မာနဖြင့် မစွဲငြိသူ မမှီသူ၊ ငါ့လိပ်ပြာဟု မှားယွင်းသောအမြင်ဖြင့်
မစွဲငြိသူ မမှီသူ ဖြစ်ပေလိမ်မည်´´
``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သော
အာရုံ၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမှီသူဖြစ်ခဲ့လျှင် သင်ချစ်သားသည် လူလည်း မဖြစ်တော့ချေ
နတ်လည်း မဖြစ်တော့ချေ ဗြဟ္မာလည်းမဖြစ်တော့ချေ အပါယ်ဘံသို့လည်း မကျရောက်ရတော့ချေ။ သင်ချစ်သားသည်
နိဗ္ဗာန်သို့သာ စံဝင်ရတော့ပေအံ့´´လို့ ဟောကြားတော် မူလိုက်ပါတယ်။ ဗာဟိယဟာ တရားတော်ကို
နာယူပြီး တရားရှု့မှတ်ပွားများလိုက်တာ ပါရမီရှင်ဖြစ်သူမို့ တစ်ခဏလေးနဲ့ ရဟန္တာဖြစ်သွားခဲ့ပါတယ်။
ရဟန်းပြုဖို့ရန်အ တွက် သင်္ကန်းရှာနေတုန်းမှာ ဘီးလူးမက နွားယောင်ဆောင်ကာ ဝှေ့လိုက်လို့
ဗာဟိယဟာ အမှိုက်ပုံထက်မှာ အသက်ကုန် သွားရရှာပါတယ်။ ဘီးလူးမဟာ အရင့်အရင်ဘ၀တစ်ခုတုန်းက
ဗာဟိယတို့သူငယ်ချင်းလေးဦး သတ်ဖြတ်ခဲ့တဲ့ ပြည့်တန်ဆာမပါ။ ရန်ငြိုးတွေက အင်မတန်ကြောက်မက်ဖွယ်ကောင်းလှပါတယ်။
Facebookသုံးတဲ့အခါမှာ ဘုရားရှင်က ဗာဟိယကို ဟောကြားတော်မူခဲ့သလို မြင်ရင် မြင်တယ်လို့မှတ်။
ကြားရင် ကြားတယ်လို့မှတ်။ သိရင်သိတယ်လို့မှတ်လိုက်ရပါမယ်။ ဒီလိုမမှတ်ပဲ မြင်ပြီးတဲ့နောက်မှာ
တဏှာနဲ့တပ်မက်မယ်၊ မာနကြောင့် မခံချင်စိတ်တွေဖြစ်မယ်၊ မှားယွင်းသော သုံးသပ်မှုနဲ့ သုံးသပ်ပြီး
လောဘတွေ ဒေါသတွေ မောဟတွေဖြစ်မယ်ဆိုရင်တော့ Facebookဟာ အကုသိုလ်အရမ်းများတဲ့နေရာဆိုတာ
မှန်ပါတယ်။ သေချာ တွေးကြည့်လိုက်မယ်ဆိုရင်တော့ Facebookမှ မဟုတ်ပါဘူး။ ကိုယ်က စိတ်ထားမတတ်ရင်
လူမှုဆက်ဆံရေး နယ်ပယ်တိုင်းက အကုသိုလ်များစရာတွေချည်းပါပဲ။ အဓိကကတော့ မြင်တိုင်း ကြားတိုင်း
သိတိုင်း လောဘ ဒေါသ မောဟ မာန်မာနတွေမဖြစ်အောင် ကိုယ့်စိတ်ကလေးကို လေ့ကျင့်ထားဖို့ပါပဲ။
The Voiceမှာ မိမိရေးသားခဲ့သော ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ထားတဲ့ ဆောင်းပါး တချို့ကြောင့်
Facebookမှာလည်းဆဲကြပါတယ်။ ဖုန်းမက်ဆေ့ခ်ျတွေ Viberမက်ဆေ့ခ်ျတွေ Emailတွေပို့ပြီး ရစရာမရှိအောင်
နည်းလမ်းမျိုးစုံနည်းနဲ့ မိမိကို ဆဲဆိုကြပါတယ်။ ရွာမှာရှိတဲ့ မယ်တော်ကြီးတောင် ဆဲခံရလို့
ကိုယ်ဝန်တည်မယ် ဆိုရင် မိမိမှာ ညီငယ်လေးတွေ အများအပြားထပ်ရရှိလာနိုင်ပါတယ်။ သူတို့ဘာသာ
ဘယ်လိုပဲဆဲဆဲ ``ငါလဲ ရေးသင့်ရေးထိုက်လို့ ရေးလိုက်တာ။ သူတို့လဲ ဆဲသင့်ဆဲထိုက်လို့ ဆဲနေကြတာ´´လို့
နှလုံးသွင်းပြီး မြင်ကာမျှမတ္တ ကြားကာမျှမတ္တ သိခါမျှမတ္တနေလိုက်တော့ မိမိမှာ ဘာစိတ်ပူပန်ဆင်းရဲမှုမှ
မဖြစ်တော့ပါဘူး။
ဘုရားရှင်အလိုတော်ကျ မြင်ရင်မြင်ကာမျှ ကြားရင်ကြားခါမျှ သိရင်သိခါမျှအနေနဲ့ သဘောထားပြီး
Facebook ကို အသုံးပြုမယ်ဆိုရင် ၀ိပဿနာရှု့မှတ်ပွားများပြီးသားတောင် ဖြစ်ပါတယ်။ ဘာနေနေ
အလေ့အကျင့်ပါပဲ။ လေ့ကျင့်ယူလို့ မရနိုင်တာ ဘာမှ မရှိပါဘူး။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။
Facebookအသုံးပြုရင်း မြင်တာတွေကို မြင်ကာမျှ သိတာတွေကို သိကာမျှ သဘောထားလိုက်ပါ။ အမြင်နောက်
အသိနောက်မှာ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ ခံစားချက် မထည့်ပဲ ပညာဥာဏ်နဲ့သုံးသပ်ပြီး နေလိုက်ပါ။
အဲဒါဆိုရင် Facebookသုံးရ တာ အကုသိုလ်မဖြစ် တော့ပါဘူး။ ဒါဟာ မြတ်ဗုဒ္ဓ အလိုတော်ကျ
facebookသုံးနည်းပဲဖြစ်ပါတယ်။
(မိုးသု-မန္တလေး)
မနေ့က မိမိဆီကိုလာတဲ့ အသိဒကာတစ်ဦးက Facebookမကောင်းကြောင်းကို နည်းလမ်းမျိုးစုံနဲ့ ပြောသွားပါ တယ်။ သူပြောတာတွေကို လိုရင်းချုပ်လိုက်ရင်တော့ facebookဟာ ဖွဘုတ်ခ်ဖြစ်နေပြီး သုံးစွဲရတာ အကုသိုလ် အရမ်းများကြောင်း၊ တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို ငဲ့ညာထောက်ထားမှု မရှိကြပဲ မဟုတ်တာတွေရော ဟုတ်တာတွေပါ စည်းမရှိကမ်းမရှိ ကျင့်ဝတ်မဲ့ဖွနေကြကြောင်း Homeထဲဝင်လာသမျှ အကြောင်းအရာတိုင်းက ဆယ်ခုမှာ ကိုးခုလောက်က အကုသိုလ်ဖြစ်စရာ စိတ်ချမ်းမြေ့စရာတွေသာဖြစ်ကြောင်းတွေပဲ ဖြစ်ပါတယ်။
သူပြောတာ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ လူတိုင်း ကတော့ လူကောင်းဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ facebookမှာ မကောင်းတာတွေရှိသလို ကောင်းတာတွေရှိလည်း ရှိပါတယ်။ မိမိဆိုရင် facebookသုံးရတာကို နှစ်သက်ပါတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းအရာလေးတွေ ရေးတင်တယ်။ သူများရေးတင်တာတွေဖတ်တယ်။ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေပေးတယ်။ ကိုယ်နှစ် သက်တာတွေတွေ့ရင် Like လုပ်လိုက်ပါတယ်။ တကယ်တော့ Facebookဟာ ဘုရားအလိုတော်ကျသာ သုံးစွဲ တတ်မယ်ဆိုရင် စိတ်ဆင်းရဲစရာ စိတ်မချမ်းမြေ့စရာ မရှိပါဘူး။ ဘုရားရှင်အလိုတော်ကျ Facebookသုံးနည်း ပြောပြချင်ပါတယ်။
သာသနာတော်မှ အရိယာဖြစ်ပြီးခါမှ နွားဝှေ့လို့သေရတဲ့ အရိယာလေးဦးရှိပါတယ်။ ဂေါတမ ဘုရားရှင် မပွင့် ထွန်းမှီ တစ်ခုသောကာလတုန်းက သူဌေးသားလေးယောက်ဟာ ပြည့်တန်ဆာမ တစ်ယောက်ကို အခငွေကြေး ပေး၍ ဥယျာဉ်ထဲသို့ ခေါ်ဆောင်ကာ တစ်နေကုန်ပျော်ပါးကြပါတယ်။ ညနေရောက်တဲ့အခါမှာ တစ်ယောက် သော သူဌေးသားက ကျန်သူငယ်ချင်းသုံးဦးကို ``သူငယ်ချင်းတို့ ဤပြည့်တန်ဆာမ၏ လက်၌ ငွေတစ်ထောင် ရွှေငွေများစွာတို့နှင့် အဖိုးတန် အဆင်တန်ဆာများ ပါရှိလေသည်။ ဤဥယျာဉ်၌ ငါတို့မှတစ်ပါး အခြားသူတစ်ဦး တစ်ယောက်မျှမရှိ။ ညဥ့်အခါလည်း ဖြစ်ခဲ့ပြီ။ ကိုင်း ငါတို့သည် ဤပြည့်တန်ဆာမကို သတ်၍ ဥစ္စာအားလုံးကို ယူဆောင်သွားကြစို့´´လို့ ပြောဆိုအကြံပေးပါတယ်။
သူငယ်ချင်းလေးယောက်လုံးဟာ သဘောတူညီကြတာကြောင့် ပြည့်တန်ဆာမကို ရိုက်ပုတ် ထိုးကြိတ်သတ် ဖြတ်ကြစဉ်ပင် ``ဤသူတို့ကား အရှက်မဲ့ကြ ကရုဏာမဲ့ကြကုန်၏။ ကိလေသာ အလိုလိုက်ပြီး ငါ့နှင့်အတူ ပျော်ပါးပြီး အပြစ်မဲ့သူ ငါ့ကို သက်သက်မဲ့ ဥစ္စာလောဘဖြင့် သတ်ကြ၏။ ဤသူတို့သည် ငါ့ကို တစ်ကြိမ်တော့ ငါအားနွဲ့နေ၍ သတ်ကြစေဦးတော့။ ငါသည်ကား ဘီးလူးမဖြစ်ပြီးလျှင် ဤသူလေးယောက်တို့ကို အကြိမ်များစွာ သတ်နိုင်သော သူ ဖြစ်ရပါလို၏´´လို့ ဆုတောင်းပြီးမှ သေဆုံးသွားခဲ့ပါတယ်။
အဲဒီသူဌေးသားလူဦးကတော့ ဂေါတမဘုရားရှင် ရဲ့လက်တော်မှာ ပုက္ကုသာတိမင်း ဗာဟိယ ဒါရုစီရိယ တမ္ဗဒါဌိကသူသတ်သမား သုပ္ပဗုဒ္ဓနူနာရောဂါသည်တို့ ဖြစ်ကြပါတယ်။ သူတို့တွေဟာ အတိတ်ဘ၀တုန်းက ဆိုးယုတ်ခဲ့ကြပေမယ့် ဘုရားရှင်ရဲ့ တရားတော်ကိုနာကြား ပြီး ပုက္ကုသာတိမင်းက အနာဂါမ် ဗာဟိယဒါရုစီရိယ က ရဟန္တာ ကျန်နှစ်ယောက်က သောတာပန်တွေ ဖြစ်ကြပါတယ်။ ဒီလေးယောက်ထဲက ဗာဟိယဒါရုစီရိယ အကြောင်းကို ပြောပြချင်ပါတယ်။
ဘုရားရှင်လက်တော်က ဗာဟိယတိုင်းက အမျိုးကောင်းသားတစ်ယောက်ဟာ ကုန်သွယ်ဖို့ရန် အတွက် ပင်လယ်ကူးရွက်သင်္ဘောကို စီးနင်းကာ သုဝဏ္ဏဘူမိတိုင်းကို ထွက်ခွါခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သမုဒ္ဒရာအလယ် မှာ မုန်တိုင်းမိပြိး ရွက်သင်္ဘောကပျက်ပါတယ်။ ဗာဟိယတိုင်းသား အမျိုးသားကလွဲရင် ကျန်သူအားလုံး သေဆုံး ကုန်ကြပါတယ်။ ဗာဟိယတိုင်းသားကတော့ ပျဉ်းပြားတစ်ချပ်ရတာကြောင့်ပျဉ်ချပ်ကိုဖက်ကာ ခုနှစ်ရက်ပတ် လုံး သမုဒ္ဒရာထဲမှာ မျောချင်ရာ မျောနေရာကနေ ကံကောင်းစွာနဲ့ပဲ သုပ္ပါရကဆိပ်ကမ်းကို ကပ်ရောက်သွားပါ တယ်။ ဗာဟိယ တိုင်းသားမှာ သုပ္ပါရကဆိပ်ကမ်းရောက်တဲ့အခါမှာ ကိုယ်လုံးတီးကြီးဖြစ်နေပါတယ်။ ဒါကြောင့် သူဟာ မသင့်တော်တာမို့ ဟိုဟိုသည်သည် ကြည့်ရင်း အနီးနားကတွေ့တဲ့ ရေမှော်သိုက်ကြီးကို ခါးမှာပတ်ပြီး သူများ စွန့်ပစ်ထားတဲ့ ခွက်စုတ်တစ်ခုကို ကောက်ယူကာ ဆိပ်ကမ်းမှာ လှည့်လည်တောင်းရမ်းပါတယ်။
ဗာဟိယတိုင်းသားကို မြင်တွေ့ကြရတဲ့ ဆိပ်ကမ်းမှလူများဟာ ``လောက၌ ရဟန္တာပုဂ္ဂိုလ်များ အကယ်၍ ရှိကြ မည်ဆိုလျှင် ဤအရှင်မြတ်ကဲ့သို့သော သဘောရှိသူတို့သာ ရဟန္တာဖြစ်လေရာ၏။ အသို့နည်း အရှင်မြတ်သည် မြင့်မြတ်သောအကျင့်ကို ကျင့်နေသောသူဖြစ်သောကြောင့် အ၀တ်ကိုမခံယူသလော။ သို့မဟုတ် လှုဒါန်းလျှင် ခံယူမည်လော´´လို့ စုံစမ်းလိုကြသဖြင့် အ၀တ်အစားမျိုးစုံ လှုဒါန်းကြပါတယ်။
ဗာဟိယတိုင်းသားကလည်း ``အကယ်၍များ ငါသည် ဤယခုအသွင်ဖြင့် မလာရောက်ခဲ့ပဲ သားနားသပ်ရပ်စွာ ၀တ်ဆင်၍ လာရောက်ခဲ့လျှင် ဤလူများသည် ငါ့အား မကြည်ညိုကြကုန် လေရာ။ တစ်စုံတစ်ခုပြုလုပ်ကာ ဤလူ အများကို လှည့်ဖြား၍ အသက်ရှင်ကြောင်း နည်းလမ်း ကောင်းတစ်ခုတော့ ပြုမှ သင်လျော်တော့မည်´´လို့ ကြံ စည်စဉ်းစားပြီး အလိုလောဘ နည်းသောဟန်ဖြင့် အ၀တ်များကို မခံယူပါဘူး။ ဒီအခါမှာ လူတွေဟာ အတိုင်း ထက်အလွန် ကြည်ညိုသွားကြပြီး ရဟန္တာဟုယူဆကာ ကိုးကွယ်ဆည်းကပ်ကြပါတော့တယ်။
ဗာဟိယဟာ လက်ရှိဘ၀မှာ လိမ်ညာစားသောက်နေပေမယ့် အတိတ်ဘ၀တွေတုန်းကတော့ ခေသူမဟုတ်ပါ ဘူး။ သူဟာ ကဿပဘုရားရှင်လက်တော်တုန်းက ရဟန်းတစ်ပါးဖြစ်ခဲ့ပြီး ရဟန္တာမဖြစ်မချင်း ဆွမ်းမစားဘူးလို့ အဓိဋ္ဌာန်ပြုကာ တရားအားထုတ်ရင်း သေဆုံးခဲ့တဲ့သူပါ။ အဲဒီတုန်းက သူနဲ့အတူ တရားအားထုတ်ဖော် ရဟန်းတစ်ပါးဟာ အနာဂါမ်ဖြစ်ပြီး သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ အရိယာဗြဟ္မာကြီးဖြစ်နေပါတယ်။ အဲဒီဗြဟ္မာကြီးဟာ ``ငါ့သူငယ်ချင်းများသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်နေကြသနည်း´´လို့ ကြံစည်မိပြီး ကြည့်ရှု့ဆင်ခြင်တဲ့ အခါမှာ ရဟန္တာဆိုပြီး လူတွေကို လိမ်စားနေတဲ့ သူငယ်ချင်းဟောင်းကြီး ဗာဟိယကို မြင်တွေ့ လိုက်ရပါတယ်။
ဗြဟ္မာကြီးဟာ ``ငါ့သူငယ်ချင်းဆီသွားပြီး ထိတ်လန့်သံဝေဂဖြစ်စေပြီး လောက၌ ဘုရားရှင် ပွင့်ထွန်းနေကြောင်း ပြောကြားပေအံ့´´လို့ ကြံစည်စဉ်းစားကာ ဗာဟိယဆီလာပြီး ကဿပ ဘုရားလက်တော်တုန်းက သူနဲ့ဗာဟိယ ဟာ တရားအားထုတ်ဖော်အားထုတ်ဖက် ရဟန်းတွေ ဖြစ်ခဲ့ကြောင်းကို ပြောပြပြီး ``အို ဗာဟိယ သင်သည် အာသဝေါကုန်ခန်း ရဟန္တာလည်း မဟုတ်ချေ။ သင့်မှာ ရဟန္တာဖြစ်ဖို့ရန် မြူမှုန်မျှလောက်သော အကျင့်ကောင်း တောင်မရှိချေ´´လို့ ပွင့်ပွင့်လင်းလင်း ပြောပြပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ ဘုရားရှင်ရှိကြောင်း ပြောပြပါတယ်။ ဘုရားရှင်ဆီရောက်ဖို့ ရက်ပေါင်း၁၂၀သွားရမယ့် ခရီးဝေးကြီးကို သူ့တန်ခိုးနဲ့ တစ်ရက်ထဲနဲ့ ရောက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။
ဗာဟိယ ဇေတ၀န်ကျောင်းတော်ကို ရောက်တဲ့အခါမှာ ဘုရားရှင်က သာဝတ္ထိမြို့တွင်းကို ဆွမ်းခံကြွနေတာနဲ့ ကြုံပါတယ်။ ရဟန်းတော်တွေက ဘုရားရှင်ဆွမ်းခံပြီးရင် ပြန်ကြွလာမှာဖြစ်လို့ အပန်းဖြေနားနေရင်း ကျောင်း ကနေ စောင့်နေပါလို့ ပြောကြတာတောင် မရပဲ ဗာဟိယဟာ ဘုရားရှင်ဆွမ်းခံရာကို လိုက်သွားပါတယ်။ သာဝတ္ထိမြို့တွင်းမှာ ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကို မြင်တွေ့လိုက်ရတဲ့ ဗာဟိယဟာ ``ငါသည် အလွန်ကြီးကြာ မြင့်မှ မြတ်စွာဘုရားကို ဖူးမြင်ရလေသည်´´လို့ ၀မ်းမြောက်ဝမ်းသာ ငါးဖြာသောပီတိဖြစ်ပြီး ပီတိရဲ့အဟုန် ကြောင့် မျက်တောင်လေးတောင် မခတ်တော့ပဲ မြတ်စွာဘုရားနားကပ်ပြီး ရှိခိုးကန်တော့ပါတယ်။
ရှိခိုးကန်တော့ပြီးတော့ ``မြတ်စွာဘုရား တပည့်တော်အား တရားဟောတော်မူပါ။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တပည့်တော်အား တရားဟောတော်မူပါ။ မြတ်စွာဘုရား ဟောကြားအပ် သော တရားတော်သည် တပည့်တော်၏အဖို့ရာ ရှည်လျားစွာသော နေ့ညဥ့်ပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပါလိမ့်မည်´´လို့ တောင်းပန်လျှောက်ထားပါတယ်။
ဗာဟိယဟာ အရမ်းပီတိတွေများနေတာကြောင့်ရော တရားတော်ကို နားလည်လောက်အောင် ဥာဏ်မရင့်ကျက် သေးတာကြောင့်ရော ခရီးရှည်ကြီးကို လာခဲ့ရတာကြောင့် ပင်ပန်းနေတဲ့ အတွက် ကြောင့်ရော ``ချစ်သား ဗာဟိ ယ တရားဟောရန် အခါမဟုတ်သေး။ ငါဘုရားသည် ဆွမ်းအလို့ငှါ လှည့်လည်နေသည်´´လို့ မိန့်တော်မူပါတ ယ်။ ဗာဟိယ ဒုတိယအကြိမ် တောင်းပန်လျှောက်ထား တဲ့အခါမှာလည်း ပယ်မြစ်ပါတယ်။
``ချစ်သား ဗာဟိယ ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် ဤသို့ကျင့်ရမည်။ မြင်အပ်သော အဆင်းမျိုးစုံ ရူပါရုံ၌ မြင်လျှင်မြင်ကာမျှမတ္တဖြစ်အောင်၊ ကြားအပ်သော အသံမျိုးစုံ သဒ္ဒါရုံ၌ ကြားလျှင်ကြားကာမျှမတ္တဖြစ်အောင်၊ တွေ့ရောက်အပ်သော အနံ့မျိုးစုံ ဂန္ဓာရုံ ရသာမျိုးစုံ ရသာရုံ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၌ တွေ့ရောက်ကာမျှမတ္တဖြစ် အောင်၊ သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ သိကာမျှမတ္တဖြစ်အောင် သင်ချစ်သားသည် ဤသို့လျှင် ကျင့်ဆောင် ရမည်´´
``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ မြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သော အာရုံ၌ မြင်ကာမျှ ကြားကာမျှ တွေ့ရောက်အပ်ကာမျှ သိအပ်ကာမျှဖြစ်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြား အံ့။ သင်ချစ်သားသည် ထိုအခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ ဒေါသ မောဟနှင့်ယှဉ်သူ တပ်မက်သူ ပြစ်မှားသူ တွေဝေသူ ဖြစ်လိမ့်မည် မဟုတ်တော့ချေ´´
``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ ဒေါသ မောဟနှင့် မယှဉ်သူ မတပ်မက်သူ မပြစ်မှားသူ မတွေဝေသူ ဖြစ်ခဲ့လျှင် သင်ချစ် သားသည် ထိုအခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သောအာရုံ၌ ငါ့ဥစ္စာဟု တဏှာဖြင့်မစွဲငြိသူ မမှီသူ၊ ငါဟု မာနဖြင့် မစွဲငြိသူ မမှီသူ၊ ငါ့လိပ်ပြာဟု မှားယွင်းသောအမြင်ဖြင့် မစွဲငြိသူ မမှီသူ ဖြစ်ပေလိမ်မည်´´
``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သော အာရုံ၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမှီသူဖြစ်ခဲ့လျှင် သင်ချစ်သားသည် လူလည်း မဖြစ်တော့ချေ နတ်လည်း မဖြစ်တော့ချေ ဗြဟ္မာလည်းမဖြစ်တော့ချေ အပါယ်ဘံသို့လည်း မကျရောက်ရတော့ချေ။ သင်ချစ်သားသည် နိဗ္ဗာန်သို့သာ စံဝင်ရတော့ပေအံ့´´လို့ ဟောကြားတော် မူလိုက်ပါတယ်။ ဗာဟိယဟာ တရားတော်ကို နာယူပြီး တရားရှု့မှတ်ပွားများလိုက်တာ ပါရမီရှင်ဖြစ်သူမို့ တစ်ခဏလေးနဲ့ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ ရဟန်းပြုဖို့ရန်အ တွက် သင်္ကန်းရှာနေတုန်းမှာ ဘီးလူးမက နွားယောင်ဆောင်ကာ ဝှေ့လိုက်လို့ ဗာဟိယဟာ အမှိုက်ပုံထက်မှာ အသက်ကုန် သွားရရှာပါတယ်။ ဘီးလူးမဟာ အရင့်အရင်ဘ၀တစ်ခုတုန်းက ဗာဟိယတို့သူငယ်ချင်းလေးဦး သတ်ဖြတ်ခဲ့တဲ့ ပြည့်တန်ဆာမပါ။ ရန်ငြိုးတွေက အင်မတန်ကြောက်မက်ဖွယ်ကောင်းလှပါတယ်။
Facebookသုံးတဲ့အခါမှာ ဘုရားရှင်က ဗာဟိယကို ဟောကြားတော်မူခဲ့သလို မြင်ရင် မြင်တယ်လို့မှတ်။ ကြားရင် ကြားတယ်လို့မှတ်။ သိရင်သိတယ်လို့မှတ်လိုက်ရပါမယ်။ ဒီလိုမမှတ်ပဲ မြင်ပြီးတဲ့နောက်မှာ တဏှာနဲ့တပ်မက်မယ်၊ မာနကြောင့် မခံချင်စိတ်တွေဖြစ်မယ်၊ မှားယွင်းသော သုံးသပ်မှုနဲ့ သုံးသပ်ပြီး လောဘတွေ ဒေါသတွေ မောဟတွေဖြစ်မယ်ဆိုရင်တော့ Facebookဟာ အကုသိုလ်အရမ်းများတဲ့နေရာဆိုတာ မှန်ပါတယ်။ သေချာ တွေးကြည့်လိုက်မယ်ဆိုရင်တော့ Facebookမှ မဟုတ်ပါဘူး။ ကိုယ်က စိတ်ထားမတတ်ရင် လူမှုဆက်ဆံရေး နယ်ပယ်တိုင်းက အကုသိုလ်များစရာတွေချည်းပါပဲ။ အဓိကကတော့ မြင်တိုင်း ကြားတိုင်း သိတိုင်း လောဘ ဒေါသ မောဟ မာန်မာနတွေမဖြစ်အောင် ကိုယ့်စိတ်ကလေးကို လေ့ကျင့်ထားဖို့ပါပဲ။
The Voiceမှာ မိမိရေးသားခဲ့သော ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ထားတဲ့ ဆောင်းပါး တချို့ကြောင့် Facebookမှာလည်းဆဲကြပါတယ်။ ဖုန်းမက်ဆေ့ခ်ျတွေ Viberမက်ဆေ့ခ်ျတွေ Emailတွေပို့ပြီး ရစရာမရှိအောင် နည်းလမ်းမျိုးစုံနည်းနဲ့ မိမိကို ဆဲဆိုကြပါတယ်။ ရွာမှာရှိတဲ့ မယ်တော်ကြီးတောင် ဆဲခံရလို့ ကိုယ်ဝန်တည်မယ် ဆိုရင် မိမိမှာ ညီငယ်လေးတွေ အများအပြားထပ်ရရှိလာနိုင်ပါတယ်။ သူတို့ဘာသာ ဘယ်လိုပဲဆဲဆဲ ``ငါလဲ ရေးသင့်ရေးထိုက်လို့ ရေးလိုက်တာ။ သူတို့လဲ ဆဲသင့်ဆဲထိုက်လို့ ဆဲနေကြတာ´´လို့ နှလုံးသွင်းပြီး မြင်ကာမျှမတ္တ ကြားကာမျှမတ္တ သိခါမျှမတ္တနေလိုက်တော့ မိမိမှာ ဘာစိတ်ပူပန်ဆင်းရဲမှုမှ မဖြစ်တော့ပါဘူး။
ဘုရားရှင်အလိုတော်ကျ မြင်ရင်မြင်ကာမျှ ကြားရင်ကြားခါမျှ သိရင်သိခါမျှအနေနဲ့ သဘောထားပြီး Facebook ကို အသုံးပြုမယ်ဆိုရင် ၀ိပဿနာရှု့မှတ်ပွားများပြီးသားတောင် ဖြစ်ပါတယ်။ ဘာနေနေ အလေ့အကျင့်ပါပဲ။ လေ့ကျင့်ယူလို့ မရနိုင်တာ ဘာမှ မရှိပါဘူး။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ Facebookအသုံးပြုရင်း မြင်တာတွေကို မြင်ကာမျှ သိတာတွေကို သိကာမျှ သဘောထားလိုက်ပါ။ အမြင်နောက် အသိနောက်မှာ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ ခံစားချက် မထည့်ပဲ ပညာဥာဏ်နဲ့သုံးသပ်ပြီး နေလိုက်ပါ။ အဲဒါဆိုရင် Facebookသုံးရ တာ အကုသိုလ်မဖြစ် တော့ပါဘူး။ ဒါဟာ မြတ်ဗုဒ္ဓ အလိုတော်ကျ facebookသုံးနည်းပဲဖြစ်ပါတယ်။