သစ်မြစ်ဆိုတာ လူတိုင်းသိကြတဲ့အတိုင်း သစ်ပင်ကြီးက အကိုင်းအခက်တွေ
ဝေဆာလေလေ သစ်မြစ် တွေက ရေကြည်စုပ်ပြီး မြုပ်သည်ထက်မြုပ်လေလေပါပဲ။ ဒီလိုပါပဲ
မြန်မာနိုင်ငံတော်မှာ မျိုးချစ်သားသုံးသားဆို တာ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ သားကောင်းရတနာများဖြစ်တဲ့
(၁)စာသင်သား (သံဃာတော်များ)။
(၂)ကျောင်း သား။
(၃)စစ်သားဆိုတဲ့ သားသုံးသားတို့ပဲဖြစ်ပါတယ်။
ဒီသားသုံးသားက
မြန်မာနိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ အရေးကြုံရင် သက်လုံကောင်းခဲ့ကြတယ်။
အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ကြတယ်။ သမိုင်းအဆက်ဆက် အနစ်နာခံဘက်ကချည်း
နေခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။
(၁) စာသင်သားတွေကို လှမ်းကြည့်လိုက်။ ငပိရည်ဆွမ်း ထမင်းကြမ်းကို လွေးရင်းနဲ့ အရေးကြုံလာရင် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်လှုပ်ရှားခဲ့ကြတယ်။ စာရေးသူတို့ ရေနံချောင်းမြို့ ရွှေတောင်တိုက်ပါဠိ တက္ကသိုလ်ကြီးမှာ စာသင်သားဘဝမှာ နေထိုင်ခဲ့စဉ်တုန်းက ရွှေတောင်တိုက်ဆိုတာ ဆေးရုံကြီးနဲ့ ကပ်လျှက်ဆို တော့ ဆေးရုံမှာ သွေးလိုတိုင်းလိုတိုင်း လူနာရှင်တွေက ရွှေတောင်တိုက်ထဲကိုပဲ ပြေးလာပြီး အကူအညီတောင်း ကြတာ။
တခါတလေဆိုရင် ညဥ့်နက်သန်းခေါင် သွေးလိုလို့ လာခေါ်ရင်လည်း လိုက်သွားပြီး လှူခဲ့ရတာချည်းပဲ။ ဘယ်သူ့အပေါ်က ဘယ်လိုမျှော်လင့်ချက်မျိုးမှကို မရှိခဲ့တာ။ တခါတလေ သွေးလိုလို့ လာပြီးအကူအညီတောင်း တဲ့လူနာရှင်တွေက ခဏခဏလာ၊ ကိုယ်ကလည်း သွေးထပ်လှူနိုင်မည့် လေးလကမပြည့်သေးဘူး။ မပြည့်သေး ပေမဲ့လည်း ရက်စွဲကို ညာပြီးတော့တောင် လှူခဲ့ရဘူးပါတယ်။ ကျောင်းက သံဃာစာရင်းတွေမှာကိုပဲ သွေးအမျိုး အစား တစ်ခါတည်း ရေးမှတ်ထားလိုက်ရတယ်။ ဆေးရုံကြီးက ဘာသွေးလိုလို့တဲ့လို့ ဆိုလိုက်တာနဲ့ အဲဒီသွေး အမျိုးအစားထဲက မလှူရသေးတဲ့ သံဃာက ကျန်းမာရေးကောင်းရင် သွားလှူလိုက်ရတာပါပဲ။
ရပ်ကွက်ထဲမှာ မီးလောင်လို့တဲ့ဆိုရင်လည်း ဒီစာသင်သားတွေကပဲ ရှေ့ကနေဦးဆောင်ပြီး မီးငြှိမ်းသတ် တာတွေ၊ ပစ္စည်းတွေကို မီးလွတ်ရာကို ရွှေ့ပြောင်းပေးရတာတွေ၊ မေးဘေးဒုက္ခသည်တွေ နေရေးထိုင်ရေးကိစ္စ တွေကို ဆောင်ရွက်ပေးခဲ့ကြတာပါ။ ရပ်ထဲရွာထဲမှာ မိုက်ပေ့ဆိုးပေ့ဆိုတဲ့ ကောင်တွေ သောင်းကျန်းနေပြီဆိုရင် လည်း သံဃာတော်တွေကပဲ အမိုက်ခံ အမုန်းခံပြီး ဝင်ထိန်းသိမ်းပေးခဲ့ကြတာပါပဲ။
ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီးလည်းမဟုတ်ဘူး၊ ကိုယ့်အမေကမွေးတဲ့ ကိုယ့်ညီမလည်းမဟုတ် ဘူး၊ ကိုယ့်အမျိုးလည်းမဟုတ်ဘူး၊ ကိုယ့်ကြင်သူသက်ထား ဇနီးမယားလည်းမဟုတ်ဘူး၊ ဒါပေမဲ့ မြန်မာအမျိုး သမီးလေးတစ်ယောက်က လူမျိုးခြား ဘာသာခြားနဲ့ လက်တွဲသွားနေတာ အကြည်ဆိုက်နေတာကို မြင်တိုင်း မြင်တိုင်း အသည်းဆတ်ဆတ်ခါ နာတတ်တာလည်း သံဃာတော်တွေပါပဲ။ ရုတ်တရက် ဆူဝေတက်ကြွလာတဲ့ ဒေါသယမ်းအိုးကြီးကို မပေါက်ကွဲအောင် သူတော်ကောင်းတရားနဲ့ အနိုင်နိုင်ထိန်းချုပ်ပြီး ကိုယ့်အမျိုးမျိုး ကိုယ့် ဘာသာ ကိုယ့်သာသနာကို စောင့်ရှောက်ဖို့ လက်တွေ့သာဓကတွေနဲ့ နည်းလမ်းပေးခဲ့ကြတာတွေကလည်း သံဃာတော်တွေပါပဲ။
သံဃာတော်တွေရဲ့ နှလုံးသားထဲမှာ မြန်မာအမျိုးသမီးမှန်ရင် ကိုယ့်ညီမတွေလိုပဲ သဘောထားပြီး မြန်မာအမျိုးသမီးတစ်ယောက် ပဲ့ပါသွားတိုင်း နှလုံးသားတစ်စ ပဲ့ကြွေသွားသလို ခံစားကြရတာ ချည်းပဲဆိုတာ ဟုတ်/မဟုတ် သမိုင်းဖြစ်စဉ်တွေကို မေးကြည့်လိုက်ပါ။ သံဃာတော်တွေဟာ (လူတွေလို) ပုဂ္ဂလိကဆန်ဆန် ချစ်စရာခင်စရာ တစ်ယောက်တစ်လေမှ မရှိတဲ့အခါကြတော့ မြန်မာတစ်မျိုးသားလုံးကိုပဲ တန်းတူညီမျှ ချစ်ခင်ကြင်နာတတ်ကြတယ်။ အဲဒီလို ချစ်ခင်ကြင်နာတတ်တဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်လို့ တဲ့ဟေ့လို့ ဆိုလိုက်တာနဲ့ သူများ ဓားခုတ်ရာကို လက်ဝင်လျိုပြီး ကြားထဲက ငထွား ခါးနာခဲ့ရတဲ့အဖြစ်မျိုးတွေ သမိုင်းမှာ အထင်အရှား ရှိခဲ့ကြပါတယ်။
နိုင်ငံရေး သမိုင်းမျက်နှာစာကို ကြည့်လိုက်ဦးမလား။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဦးဆောင်ပါဝင်ခဲ့ ကြတာတွေကလည်း ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့လို သံဃာတော်တွေပါပဲ။ အရေးကြုံလာရင် အသက်ကို ပဓာနမထားပဲ လူဝတ်လဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ဘူးပါတယ်။ ၈၈ အရေး အခင်းတစ်ခုလုံးမှာ အတုံးအရုံး သေဆုံးခဲ့ကြတဲ့အထဲမှာ သံဃာတော်တွေ အများကြီးပါခဲ့ပါတယ်။ အရေးအခင်း ကာလအတွင်း မင်းမဲ့တိုင်းပြည်လို ဖြစ်နေတဲ့ စပ်ကူးမတ်ကူး ကာလတွေမှာလည်း သံဃာတော်တွေကပဲ ဦးဆောင်ပြီး ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်။
ဓာတ်ဆီဈေးတွေတက်လို့တဲ့၊ ကုန်ဈေးနှုံးတွေ တက်လို့တဲ့ အရှင်ဘုရားတို့ ပြည်သူတွေမှာ ဒီလောက် ဆင်းရဲကြပ်တည်းနေကြတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြတော့မှာလားဘုရား၊ အရှင်ဘုရားတို့က ရှေ့က ဦးဆောင်ပါ၊ အရှင်ဘုရားတို့က ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်လိုက်ရင် လူတွေလည်း နောက်ကပါလာ မှာပါ စသဖြင့်စသဖြင့်ပေါ့၊ ဟိုလူတွေကပြောကြ ဒီလူတွေက ပြောကြနဲ့ အဲဒီလိုပြောကြတဲ့အခါ တိုင်းပြည်အရေး ငါတို့အရေး၊ ပြည်သူ့အရေး ငါ့အရေးပဲဆိုပြီး ရှေ့တန်းကနေ သံဃာတော်တွေက မားမားမတ်မတ် ဦးဆောင် ချီတက်ခဲ့ကြလို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု(အရေးအခင်း)ဆိုတာ ပေါ်လာခဲ့တယ်။ ဘယ်သူမှ အဲဒီလို ကမ္ဘာ တစ်ဝှမ်းလုံးက တုံလှုပ်ခြောက်ခြားသွားအောင် လုပ်မပြနိုင်ခဲ့တာကို သံဃာတော်တွေက ညီညီညွတ်ညွတ်နဲ့ လုပ်ပြနိုင်ခဲ့ကြတယ်။
အဲဒီတုန်းကများဆိုရင် တစ်ချို့ အဖွားတွေ အဒေါ်တွေက မျက်ရည်တောက်တောက်ကျပြီး ဝမ်းသာဝမ်းနည်းစိတ်တွေနဲ့ ဦးခိုက်ကန်တော့ကြရှာတယ်။ လူတွေမလုပ်နိုင်တာကို သံဃာတော်တွေ လုပ်ပြနိုင် ခံတယ်။ လူတွေမလုပ်ရဲတာကို သံဃာတော်တွေ လုပ်ရဲခဲ့ကြတယ်။ လူတွေ မစတေးရဲတာကို သံဃာတော်တွေ စတေးပြခဲ့ကြတယ်။ အဲဒီတုန်းကများဆိုရင် အစိုးရက သံဃာတော်တွေကို အညှိုးအတေးကြီးကြီးနဲ့ သံဃာများ တဲ့ ကျောင်းတိုက်တွေကို ညဥ့်နက်သန်းခေါင် ဝင်ဝင်စီးပြီး ဖမ်းခေါ်သွားတာတွေ၊ လက်စတုန်း ကိစ္စပြတ်အလုပ် ခံရတာတွေလည်း သံဃာတော်တွေပါပဲ။
နိုင်ငံကျော်တဲ့ နိုင်ငံရေးသမားဆိုရင်တော့ လက်စတုန်း ဘယ်လုပ်ရဲပါ့မလဲ။ အညတရ ကျေးရွာလေးက မထင်မရှားမိသားစုကနေပေါက်ဖွားလာရပြီး သေးသေးသိမ်သိမ် သံဃာတော်လေးတွေမှာတော့ မှေးမှေးမှိန်မှိန် ပျောက်ကွယ်ခဲ့ကြရတယ်ဆိုတာလည်း လူတိုင်းအသိပါပဲ။ လူတွေမှာ ကုန်ဈေးနှုံးကြီးလို့ ဆင်းရဲကြပ်တည်းလို့ ဆိုပြီး လူတွေမလုပ်ရဲတာကို သံဃာတော်တွေက ရှေ့ကနေ ဦးဆောင်တောင်လှန်ခဲ့ကြပေမဲ့ ဘယ်သံဃာတော် ကတော့ ဘယ်ပါတီက ဘယ်လိုရာထူးမျိုးဆိုတဲ့ အာဏာခွဲဝေရေးမှာကော ပါခဲ့ဘူးလို့လဲ။ ဘယ်လိုအခွင့်ထူးကို မှ ပိုင်ဆိုင်ချင်ပါတယ်ဆိုတဲ့ အခွင့်အရေးမျိုးကော တောင်းဆိုခဲ့ဘူးသလား။ ဘာမျှော်လင့်ချက်မှကို မထားခဲ့တာ ပါ။ ပြည်သူ့အတွက် ပြည်သူ့အတွက်ချည်းပဲ အရာအားလုံးကို ပေးဆပ်ခဲ့ကြတာချည်းပါပဲ။
အခုကြည့်လေ ၉၆၉-ဆိုတာပေါ်လာပြန်ပြီ။ ၉၆၉ အတွက် လှုပ်ရှားနေကြတဲ့ သံဃာတော်တွေကို အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာအောင်၊ အစိုးရ လက်ကိုင်ဒုတ်အဖြစ် မြင်လာအောင် လူမျိုးခြား စက်သေနတ် မီဒီယာတွေက အရေးကောင်းကောင်းနဲ့ ကမ္ဘာသိအောင် ရေးသားဖြန့်ဝေခဲ့ကြတယ်။ ၉၆၉ လှုပ်ရှားမှုဆိုတာ ကိုယ့်တိုင်းပြည်ကိုချစ်ဖို့၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကိုချစ်ဖို့၊ ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကိုယ့်အသက်ကိုတောင် စတေးပြီး တိုင်းပြည်အရေးအတွက် အဓိကထားလှုပ် ရှားခဲ့ကြတာပါ။
ဒါကိုမြန်မာနိုင်ငံ တချို့နေရာတွေမှာ အကြမ်းဖက်မှုတွေဖြစ်တိုင်း ၉၆၉ ကိုချည်းလက်ညှိုးထိုးပြီး အပြစ်ပုံချခဲ့ကြတယ်။ ပြဿနာရင်းမြစ်က ဘယ်သူက စတာလဲ။ ပြဿနာကြီးထွားလာအောင် ဘယ်သူတွေက လုပ်နေတာလဲဆိုတာ အသေအချာ မကြည့်ဘဲ၊ လူမျိုးခြား စက်သေနတ်မီဒီယာတွေရဲ့ ပါးစပ်ဖြားမှာပဲ အသိ ဉာဏ် မျက်ကန်း အရမ်းယုံခဲ့ကြတယ်။ အဲဒီလို အသိဉာဏ် နည်းကြတဲ့သူတွေဟာ စောလူးမင်းလို လူစားမျိုး တွေပါပဲ။ ကိုယ့်အတွက် လုပ်နေတာလား အများအတွက် လုပ်နေတာလားဆိုတာ မစဉ်းစားတတ်ကြဘူး။
သံဃာတော်တွေက ကိုယ့်အသက်ကို စတေးပြီး ပြည်သူတွေအတွက်ပဲ လုပ်နေကြတာဆိုတာ သဘော မပေါက်ကြတဲ့အတွက် မျိုးချစ်စိတ်ဓာတ်ရှိကြဖို့ တရားလေးအစပျိုးလိုက်တာနဲ့ ဒီကိုယ်တော်က အစိုးရလက်ကိုင် ဒုတ်၊ အကြမ်းဖက်မှုတွေ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာပဲလို့ အထင်တော်လွဲကြပြန်ရော။ ကိုယ့်တိုင်း ပြည် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်ကလေးရှိတာတောင် အရှိကိုအရှိအတိုင်း မပြောရဲတဲ့ အဖြစ်။ ပြောလိုက်မိတာနဲ့ ဦးဇင်းကတော့ နိုင်ငံရေးတရားတွေ ဟောနေပြန်ပါပြီ၊ ဦးဇင်းက ဟောရဲပေမဲ့ တပည့်တော်တို့မှာက သားတွေ သမီးတွေ သံယောဇဉ်တွေနဲ့ ဦးဇင်းတို့လို တစ်ကိုယ်ရေ တစ်ကာယမဟုတ်တော့ မနာရဲဘူး-ဆိုတာမျိုးလည်း ကြုံခဲ့ရဘူးပါရဲ့။ နိုင်ငံရေးမှန်းမသိ၊ ဘာသာရေးမှန်းမသိကြသူတွေကလည်း တစ်ပုံတစ်ခေါင်း။ နှမ်းတစ်စေ့နဲ့ ဆီ မဖြစ်ပါဘူး၊ သူ့ထိုက်သူ့ကံ သွားစမ်းပါစေ-ဆိုတဲ့ လူမျိုးတွေကလည်း ဒုနဲ့ဒေး။
စကားပုံထဲမှာ ဘုန်းကြီးအမှု ရွာပတ်ဆိုတာရှိခဲ့ပေမဲ့ တကယ့်တကယ်ကြတော့ ရွာထဲကအမှုမှန်သမျှ ဘုန်းကြီးတွေကပဲ လိုက်ရှင်းပေးရတွေလည်း အများကြီးပါ။ ဆွမ်းခံဝင်ရတဲ့ ကိုယ်တော်လေးတွေမှာ လူတွေရဲ့ အခက်အခက် အကျပ်အတည်းတွေ၊ လူမှုဒုက္ခပြဿနာတွေကို တွေ့ရမြင်ရကြားနေကြရတယ်။ အဲဒီလို တွေ့မြင် ကြားနာနေကြရတဲ့ အခါကျတော့ လူတွေမှာ တစ်ခုခု အရေးကြုံလာတိုင်း သံဃာတော်လေးတွေက ပါလေ သူကြီးလုပ်နေကြရတယ်။ ဆရာတော်ကြီးတွေကတော့ ဆုံးမတာပေါ့၊ မြင်းက မြင်းနေရာမှာ မနေပဲ ခွေးနေရာ မှာ သွားနေတော့ ဒုတ်နဲ့အရိုက်ခံရတာပေါ့-တဲ့။ ဘုန်းကြီးက ကိုယ့်အလုပ်မဟုတ်တာကို သွားလုပ်တော့ ဒီလိုပဲ အရိုက်ခံရတာပေါ့လို့ ဆိုလိုချင်တာပါ။ ဆရာတော်ကြီးတွေကတော့ ပြောအားရှိတာပေါ့။
လူ့လောကအသိုင်း အဝိုင်းနဲ့ အနီးကပ်ဆက်ဆံရတာမှ မဟုတ်တာ။ လူတွေရဲ့ အခက်အခက် အကျပ်အတည်းတွေ၊ လူမှုဒုက္ခ ပြဿနာ တွေကို နေ့စဉ်နေ့စဉ် တွေ့မြင်ကြားနာနေရတာက စာသင်သားသံဃာတော်တွေမို့လား။ ဒီတော့ အရေးရယ် အကြောင်းရယ် ဖြစ်လာပြီဆိုရင် စာသင်သားလေးတွေကပဲ မနေနိုင် မထိုင်နိုင် ရှေ့ကနေ ဓားစာခံ ဖြစ်ကြရတယ်။ တစ်ချို့လူတွေကလည်း စာသင်သားသံဃာတော်တွေကို “အရှင်ဘုရားတို့က နောက်ပိုင်းက ဘာသံယောဇဉ်မှ ရှိတာမဟုတ်ဘူး။ လုပ်စရာရှိတာ ရဲရဲဝံ့ဝံ့လုပ်ပါ”ဆိုပြီး လူတွေ မလုပ်နိုင်တာ၊ မလုပ်ရဲတာ မှန် သမျှ စာသင်သားတွေကို မြှောက်ပင့်ပေးတတ်ကြတယ်။
မြှောက်ပင့်ပေးပေး မမြှောက်ဘဲနဲ့ ပင့်ပေးပေး အမျိုး ဘာသာ သာသနာကို ထိပါးစော်ကားလာရင် ဘယ်သံဃာတော်ကမှ လက်ပိုက်ကြည့်မနေတတ်ဘူး။ လူတွေဆို တာက ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်းလေး မထိပါးရင် အသာနေတတ်ကြတယ်။ သံဃာတော်တွေဆိုတာ က တစ်တိုင်းပြည်လုံးက ပစ္စည်းလေးပါးကို ဘုန်းပေးသုံးဆောင်နေကြရတာဆိုတော့ မြန်မာပြည်သူတစ်ရပ်လုံး ဟာ ကိုယ့်ကျေးဇူးရှင်တွေ၊ ကိုယ့်မိသားစုတွေလို သဘောထားတတ်ကြတယ်။ မြို့ထဲရွာထဲမှာ လူမျိုးခြား ဘာသာခြားအုပ်စုတစ်စုက မြန်မာတွေကို ဝိုင်းအနိုင်ကျင့်စော်ကားနေတာမြင်ရင် လူတွေကတော့ ကိုယ်နဲ့မဆိုင် ရင် သက်သေလိုက်နေရမှာစိုးတာနဲ့ကို ဝေးဝေးကနေ ကွင်းရှောင်သွားတတ်ကြပေမဲ့ သံဃာတော်တွေကတော့ မနေသာဘူး။ မြန်မာတွေ စော်ကားနေတဲ့ အုပ်စုကို ပြန်ဆော်ထည့်လိုက်ကြတာချည်းပဲ။
ဒီလို ဖြစ်စဉ် သာဓကတွေက အများဆိုမှ အများကြီးပဲ။ ဆရာတော်လေး ဦးဝီရသူဆိုရင် မြန်မာတွေရဲ့ လူမျိုးရေး ပဋိပက္ခမှန်သမျှကို ဒိုင်ခံဖြေရှင်းပေးနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကိုယ့်အသက်ကို ပဓာန မထားပဲ သူလို စွန့်စားရဲတဲ့သူမျိုး ဘယ်မှာမှကို ရှာလိုမတွေ့ခဲ့ဘူး။ ဘယ်သူ့သမီးကို ဘယ်လူမျိုးခြားက မတရား စော်ကားလို့တဲ့၊ ကားတင်ပြေးလို့တဲ့၊ မယားအဖြစ် သိမ်းပိုက်ပြီး သူတို့ဘာသာ မကူးပြောင်းလို့ အမျိုးမျိုး နှိပ်စက် လို့တဲ့ စသည်ဖြင့် စသည်ဖြင့် လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လာရင် ရဲတွေကလည်း ငွေကို အထုပ် လိုက်ပုံပေးထားလိုက်ရင် လက်ပိုက်ကြည့်နေကြတာ။
အဲဒီအခါကျတော့ ဒီဆရာတော်လေးတွေကပဲ ဦးဆောင် ပြီး ပြဿနာပေါင်းစုံကို ဦးဆောင်ဖြေရှင်းပေးခဲ့ကြတာချည်းပဲ။ ဦးဝီရသူတို့ ဖြေရှင်းပေးခဲ့ရတဲ့ လူမျိုးရေး ပဋိပက္ခ ပြဿနာ ဖိုင်တွဲကြီးတွေက သူ့အခန်းထဲမှာ အထပ်လိုက် အထပ်လိုက် တိတိကျကျ မှတ်တမ်းတင်ထားတယ်။ ဒါကို ဘာသာခြား လူမျိုးခြားတွေက ဒီကိုယ်တော်လေးကို မတရား နာမည်ပျက်အောင် လုပ်နေကြတယ်။ ဒီ ကိုယ်တော်လေး လုပ်တဲ့အလုပ်မှန်သမျှကို အစိုးရက တားဆီးနှောက်ရှက်အောင်၊ ဒီကိုယ်တော်လေး လုပ်သမျှ ကို ပြည်သူတွေက နောက်ကနေ မလိုက်ရဲအောင်၊ ဒီကိုယ်တော်လေး လုပ်နေတာမှန်သမျှကို အကြမ်းဖက်လှုပ် ရှားမှုလို့ မြင်လာအောင် မီဒီယာတွေကို ငွေပုံပေးပြီး နာမည်ဖျက်နေကြတယ်။ ဒီတော့ လူတွေရဲ့စိတ်ထဲမှာ သူ တို့အတွက်၊ သူတို့ သားသမီးတွေရဲ့ နောင်ရေးအတွက် အသက်စွန့်လုပ်နေရတာကို နားမလည်ကြဘူး။ ဒီကိုယ် တော်လေးကြောင့်ပဲ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ အထင်အမြင်လွဲနေကြတယ်။
ဟိုပါတီ ဒီပါတီက လူတွေကလည်း အစိုးရက သူတို့ကို မလှုပ်ရဲအောင် အမြစ်ပြတ်ခြေမှုန်း နှိပ်ကွပ်နေ စဉ်တုန်းကတော့ သံဃာတော်တွေကို ဦးစီးခေါင်းဆောင်အနေနဲ့ ရှေ့တန်းတင်ပေးခဲ့ကြတယ်။ သံဃာတော်တွေ ရှေ့တန်းကနေ ဦးဆောင်တော်လှန်ခဲ့ကြလို့ ပွင့်လင်းမြင်သာတဲ့ခေတ်ကိုလည်း ရောက်လာရော သံဃာတော် တွေက ကိုယ့်နေရာကိုယ် ကိုယ့်ဝိနည်းစည်းကမ်းအတိုင်း နေပါတော့လား။ လူတွေကြားထဲမှာ နေရာတကာ ဟိုနေရာပါချင် ဒီနေရာပါချင်နဲ့ ပါချင်လို့ချည်း နေကြတာပဲ-ဆိုပြီး ဝိုင်းပြီးလက်ညှိုးထိုးကြပြန်ရော။ သံဃာတော် တွေက နဂိုကထဲက ဘယ်လို အခွင့်အရေးမျိုးကိုမှ လိုချင်တပ်မက်တာမဟုတ်ဘူး။ ပြည်သူတွေ ဆင်းရဲတွင်းထဲ မှာ အတိဒုက္ခရောက်လွန်းလို့သာ ကြားထဲက အမိုက်ခံပြီး ဝင်ပါနေရတာ။
နာဂစ်မုန်တိုင်းကာလတုန်းက အဖြစ်ဆိုးကြီးတွေကို ပြန်ကြည့်လိုက်ပါဦး။ အဲဒီအချိန်တုန်းက ဧရာဝတီ တိုင်းဘက်တွေမှာဆို လူတွေသိန်းနဲ့ချီပြီး သေဆုံးခဲ့ကြတယ်။ အစာရေစာ ငတ်ပြတ်ပြီး အသက်ရှင် ကျန်ရစ်နေ ကြတဲ့သူတွေကို ဘာသာခြား လူမျိုးခြားတွေက အစာရေစာတွေ နေရာတွေပေးပြီး သူတို့ဘာသာထဲ ဝင်ဖို့စည်း ရုံးပြီး ပွဲလန့်တုန်း ဖျာခင်းခဲ့ကြတယ်။ ဒါကိုတဲ့ သီတဂူဆရာတော်၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်၊ ရွှေညဝါဆရာ တော်စတဲ့ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်တွေက ဦးဆောင်ပြီး အနယ်နယ် အရပ်ရပ်က စေတနာရှင်တွေက ဝိုင်းဝန်းပံ့ပိုးလှူဒါန်းခဲ့ကြလို့ ဖျာခင်းဘေးမှ ကင်းဝေးခဲ့ကြရတယ်။ ရန်ကုန်မြို့မှာရှိတဲ့ သစ်ပင်တိုင်းလိုလို အပိုင်း ပိုင်းပြတ်ပြီး အမှိုက်ပုံကြီးလိုဖြစ်ခဲ့ကြတဲ့အခါမှာလည်း သံဃာတော်တွေရဲ့အင်အားနဲ့ တစ်ဖက်တစ်လမ်းက ကူညီရှင်းလင်းပေးခဲ့ကြတယ်။
နိုင်ငံတကာကိုရောက်နေကြတဲ့ သံဃာတော်တွေကိုကြည့်လိုက်ဦးမလား။ ချမ်းသာကြွယ်ဝ အဆင်ပြေ ကြတဲ့ သူတွေက ပစ္စည်းလေးပါး အထောက်အပံ့လှူဒါန်းကြလို့ အဆင်ပြေပြေ အေးအေးလူလူ သီတင်းသုံးနိုင် ပေမဲ့ ဒုက္ခရောက်လာတဲ့သူတွေကိုလည်း အမြဲတမ်းအကူအညီပေးလေ့ရှိကြပါတယ်။ အခုတစ်လော မလေးရှား မှာ ဒုက္ခရောက်နေကြတဲ့သူတွေကို ကက်ပုန်းကျောင်းဆရာတော်က အစစအရာရာ ကူညီဆောင်ရွက်ပေးနေ တယ်ဆိုတဲ့ သတင်းတွေ ကြားရသိရပါလိမ့်မယ်။
အခုတလော အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးဆိုပြီး သံဃာတော်တွေ စတင်လှုပ်ရှားနေကြပြန်ပြီ။ ဒါကို လည်း တစ်ချို့က အမျိုးမျိုး ဝေဖန်ပုတ်ခတ်နေကြလေရဲ့။ လူ့အခွင့်အရေးတို့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းတို့ ဆိုတဲ့ အထောက်အထားတွေနဲ့ ခိုင်ခိုင်လုံလုံ သက်သေပြပြီး ကက်ကက်လန် ရန်တွေ့နေကြပြန်ပြီကော။ ကိုယ် တိုင်က အမျိုးကို မစောင့်ရှောက်ခဲ့လို့ လမ်းမှားကို ရောက်ခဲ့ကြရင်တောင် သူများတွေက အမျိုးစောင့်တရား၊ လောကပါလတရား အမှန်တရားကို ဖော်ထုတ်တဲ့နေရာမှာ စောဒကတက်ပြီး မကန့်ကွက်သင့်ဘူးလို့ထင်ပါ တယ်။ လူတိုင်းသိတဲ့ ဥပမာကို ပြောပြမယ်။ ကိုယ်လက်အင်္ဂါ မစုံဘဲ မွေးလာတဲ့ မိဘတိုင်းကို မေးကြည့်လိုက် သူတို့ သားသမီးလေးတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ မွေးလာမည့် ကိုယ့်သားသမီးလေးတွေကို ကိုယ်လိုပဲ ကိုယ်လက်အင်္ဂါ မစုံဘဲနဲ့ မွေးလာစေချင်သလား၊ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ လူတော်လူကောင်း လေးတွေ မွေးလာစေချင်သလား-ဆိုတာကို။
ကိုယ်ကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားကိုရောက်ခဲ့ရင် သူများတွေကိုလည်း ငါလိုပဲ သူတို့ လမ်းမှားရောက်ပါစေ-လို့ နည်းမှားလမ်းမှားတွေကိုပဲ ဆက်ပေးကြမှာလား။ နည်းမှန်လမ်းမှန်ရောက် အောင် ကူညီကြမှာလား။ ဒါကို အလေးအနက် စဉ်းစားကြစေချင်တယ်။ နိုင်ငံတကာကို လှမ်းမျှော်ကြည့်လိုက် ဘယ်နိုင်ငံမဆို ကိုယ့်အမျိုးကို မပျက်စီးရအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်စောင့်ရှောက်ကြတာချည်းပဲ။ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက် ကိုယ့်မိသားစုအသက်ကို ပုံအောပြီး စတေးခဲ့ကြတာချည်း ပါပဲ။
ကိုယ့်အမျိုးကို မပျက်စီးအောင် ကာကွယ်စောင့်ရှောက်တယ်ဆိုတာ မြန်မာတစ်နိုင်ငံထဲ မဟုတ်ဘူးဆိုတာ ကိုရော သိကြပါရဲ့လား။ ဒီမိုကရေစီနိုင်ငံတွေကလည်း ဒီမိုကရေစီဘောင်ထဲကနေ ဒီမိုကရေစီ စည်းကမ်းနဲ့ အညီ ကိုယ့်အမျိုးမပျက်စီးရအောင် ကာကွယ်စောင့်ရှောက်ကြတာချည်းပဲ။ အခု သံဃာတော်တွေ လှုပ်ရှားနေ တဲ့ အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေးဆိုတာကလည်း ကိုယ့်မြန်မာအမျိုးသမီးငယ်တွေ ဘာသာခြား လူမျိုးခြား လက်ထဲ ပါပါသွားရာကနေ တဖြည်းဖြည်းနဲ့ မျိုးတုန်းပျောက်ကွယ်မည့် အခြေအနေမျိုး မရောက်အောင် အကာ အကွယ်ယူတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဘယ်သူ့ကိုမှ ချုပ်ချယ်တာလည်း မဟုတ်ဘူး၊ နစ်နာအောင်လုပ်တာလည်း မဟုတ်ဘူး။ သူတို့တွေ အခုလို လုပ်နေကြတာ သူတို့ဘာမှမဆိုင်ပဲ ငါတို့အတွက် အမုန်းခံပြီး လုပ်နေကြတာပါ လားဆိုတာကို နားလည်သင့်တယ်။
ကိုယ့်နိုင်ငံမှာက နိုင်ငံလေးကသာ ကျဉ်းပေမဲ့ လူမျိုးတွေကလည်း ပေါင်းစုံ၊ ဘာသာစကားတွေက လည်း များမှများ၊ အတွေးအခေါ်တွေကလည်း နက်နက်နဲနဲ မရှိကြတော့ တိုင်းပြည်အတွက် လိုအပ်ချက် ဥပဒေ မူကြမ်းတစ်ခုတင်မယ်လို့ လုပ်လိုက်တာနဲ့ ဟိုကထကန့်ကွက်၊ ဒီကထကန့်ကွက်နဲ့ အလုပ်တစ်ခု ပြီးမြောက် တယ်ရယ်လို့ကို မရှိဘူး။ တစ်ချို့ ဒီမိုကရေစီနိုင်ငံတွေမှာက လူချမ်းသာတွေက နိုင်ငံရေးသမားတွေကို ငွေပေး ဝယ်ပြီး လက်သပ်မွေးထားကြတယ်။ သူတို့ စီးပွားရေး ထိခိုက်မည့် ဥပဒေမျိုး၊ သူတို့ မလိုချင်တဲ့ ဥပဒေမျိုး လွှတ်တော်မှာ တင်သွင်းတော့မယ်ဆိုရင် သူတို့လက်သပ်မွေးထားတဲ့ လွှတ်တော်အမတ်တွေကို ငွေပုံပေးပြီး ဥပဒေမူကြမ်းပျက်စီးအောင် ကန့်ကွက်ခိုင်းကြတယ်။ ငွေများတရားနိုင်တဲ့ခေတ်က ဘယ်တော့မှ ကုန်မယ် မ ထင်ဘူး။
ဒီတော့ သံဃာ့အင်အား သံဃာ့စွမ်းအားနဲ့ တိုင်းပြည်ကို ကာကွယ်နိုင်ဖို့ အမျိုးစောင့် ဥပဒေ ရေးဆွဲနိုင် ရေး သံဃာတော်တွေက အမုန်းခံပြီး လုပ်ဆောင်နေကြပြန်ပြီ။ ဆားဆိုတာ ပင်ကိုယ်သဘာဝက ငန်တဲ့သဘော ရှိပေမဲ့ အနာရှိတဲ့ လက်ကိုသွားပွတ်ရင်တော့ အရမ်းစပ်မှာပဲ။ သုဝဏ္ဏဘူမိဆိုတဲ့ အရပ်ဒေသကို ရှင်သောဏနဲ့ ရှင်ဥတ္တရတို့ သာသနာပြု ကြွစဉ်တုန်းကလည်း ဒီလိုပါပဲ။ အဲဒီအရပ်ကလူတွေက သံဃာတော်တွေကို သူတို့ကို သတ်ဖြတ် စားသောက်နေတဲ့ ဘီလူးသဘက်တွေနဲ့ အထင်မှားပြီး ခဲနဲ့ပေါက်ပြီး နှင်ထုတ်ခဲ့ကြတယ်။ သူတို့ကို တကယ် ဖမ်းယူစားသောက်နေတဲ့ ဘီလူးအစစ်တွေကို လက်တွေ့ပြပြီး နှင်ထုတ်ပေးလိုက်မှ သံဃာတော်တွေ အပေါ်မှာ အမြင်ကြည်လင်လာခဲ့ကြတယ်။
အဲဒီလို မြန်မာ့သမိုင်းခေတ်အဆက်ဆက်မှာ အဖက်ဖက်က ပါဝင်ကူညီကြတဲ့ သံဃာတော်တွေဟာ တကယ်တော့ သစ်မြစ်တွေပါပဲ။ ပင်စည်ကြီးက ဘယ်လောက်လှလှ၊ အခက်အလက်၊ အဖူး၊ အပွင့်၊ အသီးတွေ ဘယ်လောက်ပဲ ဝေဆာပွင့်ဖူးနေပါစေ၊ သစ်မြစ်ကတော့ ဟိုးအောက်မြေကြီးထဲမှာပါပဲ။ သစ်ပင်ကြီးမြင့်မားပြီး ခမ်းနားတင့်တယ်လေလေ သစ်မြစ်တွေက ဟိုးအောက်မြေလွှာကို ရောက်လေလေပါပဲ။ တိုင်းပြည်ကြီးဘယ် လောက်ကောင်းစားပြီး ဘယ်လောက်ခမ်းနားထယ်ဝါနေနေ သံဃာတော်များအဖို့ကတော့ အာရုဏ်တစ်နပ်၊ နေ့ တစ်နပ်နဲ့ ချပ်ဝတ်လွှာ(သင်္ကန်း)တစ်စုံပါပဲ။ ဘာအခွင့်ထူးမှမရလို့ဆိုပြီး ငြိုငြင်နေမည့် သံဃာလည်းမရှိပါဘူး။ အရေး ကြုံလာတိုင်း သက်လုံတွေ ကောင်းခဲ့ကြတာချည်းပဲ။
● ကျောင်းသား
ကျောင်းသားဆိုတာ လွတ်လပ်ရေးသမိုင်းအဆက်ဆက်မှာ တိုင်းပြည်အတွက် ဘယ်လိုအနစ်နာခံခဲ့ကြ တယ်၊ ကိုလိုနီနယ်ချဲ့တွေကို ဘယ်လိုတော်လှန်ခဲ့ကြတယ်ဆိုတာ သမိုင်းကိုလေ့လာဘူးသူတိုင်း သိကြပါတယ်။ ဗိုလ်အောင်ကျော်တို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့ စတဲ့ကျောင်းသားတွေဟာ တိုင်းပြည်အတွက် လူမျိုး အတွက် ကိုယ့်အသက်ကိုစတေးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ မဟုတ်မခံ လူငယ်စိတ်နဲ့ တိုင်းပြည်မှာ အရေးကြုံ လာတိုင်း ရှေ့တန်းကနေ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့ကြတယ်။
မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ကြသူတွေထဲမှာ ကျောင်းသားတွေ အများကြီးပါတယ်။ ကျောင်းသားဆိုတာ အဆင့်မြင့် ခေတ်ပညာတွေကို သင်ယူတတ်မြောက်ထားကြတော့ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမားကြတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အရေးတွေမှာ သူများတွေထွက် ပိုပြီး အမြင်ကျယ်ကြတယ်။ လူငယ်တွေဖြစ်တဲ့အတွက် အရာရာတိုင်းမှာ စွန့်လွှတ်အနစ်နာခံ တတ်တဲ့စိတ်၊ ရဲဝံ့စွန့်စားတတ်တဲ့ စိတ်တွေရှိကြတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်ခဲ့ကြသူ တွေကော၊ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရတဲ့အထိ ဆက်တိုက်ကြိုးစားဆောင်ရွက်ခဲ့ကြသူတွေကော ကျောင်း သား တွေချည်းပါပဲ။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားဆောင်ရွက်ခဲ့ကြပေမဲ့ ဘယ်လိုနေရာမျိုး ကိုမှ မယူဘဲ တိမ်မြုပ်ပျောက်ကွယ်သွားကြတဲ့ ကျောင်းသားတွေလည်း အများကြီးပါပဲ။
တိုင်းပြည်အတွက် အမျိုးဘာသာ သာသနာအတွက် အသက်ပေးခဲ့ကြတဲ့ ကျောင်းသားတွေ၊ စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့ ကျောင်းသားတွေဟာလည်း တကယ်တော့ သစ်မြစ်တွေလိုပါပဲ။ တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ သစ်ပင်ကြီးက ထီးထီးမားမား ရှင်သန်ဝေဆာနေပေမဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြတဲ့ ကျောင်းသားတွေကတော့ သစ်မြစ်တွေလို ဟိုးမြေဆီလွှာရဲ့ အောက်ဆုံးမှာ မြုပ်သည်ထက်မြုပ်သွားခဲ့ကြတဲ့ သာဓကတွေကလည်း အများကြီးရှိခဲ့ကြဘူးပါတယ်။
● စစ်သား
စစ်သားဆိုတာကလည်း ပြည်သူ့ရင်သွေး ပြည်သူကမွေးတဲ့ ပြည်သူ့သားကောင်းရတနာတွေပါပဲ။ စစ် သားတွေ တိုင်းပြည်အတွက် ဘယ်လို စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြတယ်ဆိုတဲ့အကြောင်းတွေ ရေးမိ တာနဲ့ အစိုးရ လက်ကိုင်ဒုတ်လို့ ပြောကြတော့မယ်။ ဒါပေမဲ့ အမှန်တရားကိုတော့ အမှန်တရားအတိုင်း ရေးရမှာ ပဲ။ ပြည်သူတွေ လေးစားမြတ်နိုးကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦးတို့ဆို ရင်လည်း စစ်သားတွေပါပဲ။ စာသင်သားသံဃာတော်ပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် ကောင်းတဲ့သူက ကောင်းကိုကောင်းတယ်။ မကောင်းတဲ့လူကတော့ မကောင်းကို မကောင်းပါဘူး။
မြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝကနေ လွတ်မြောက်အောင် အသက်ပေါင်းများစွာ စတေးပြီ စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့သူတွေဟာ စစ်သားတွေဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ရှေ့တန်းမှာ ဆင်း ဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့ တိုင်းပြည်ကို ကာကွယ်ရင်းနဲ့ အသက်ပေးသွားကြတဲ့ စစ်သားတွေကလည်း ရေ တွက်လို့ မရအောင် များလွန်းလှပါတယ်။ ဘဝပေးအခြေအနေအရ အထက်ကပေးတဲ့ အမိန့်အတိုင်း ကိုင်တွယ် ဖြေရှင်းရတဲ့အခါ ပြည်သူနဲ့ စစ်သားတွေဟာ သဟဇာတ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ စိတ်ကတော့ ကိုယ်စီကိုယ်စီ ရှိနေတတ်ကြပါတယ်။
တိုင်းပြည်မှာ ရေဘေးတွေ၊ မီးဘေးတွေ၊ သူခိုးဓားပြဘေးတွေ ကြုံတဲ့အခါတိုင်း ကယ်ဆယ်ရေးလုပ်ငန်း တွေမှာ စစ်သားတွေက အင်နဲ့အားနဲ့ ရှေ့တန်းကနေ ပါဝင်ကူညီကယ်တင်ခဲ့ကြပါတယ်။ ဘယ်နေရာမှာတော့ ငလျင်လှုပ်လို့တဲ့၊ ဘယ်နေရာမှာတော့ ရေတွေကြီးလို့တဲ့၊ ဘယ်နေရာမှာတော့ မီးတွေလောင်လို့တဲ့ စသည်ဖြင့် စသည်ဖြင့် အရေးတွေ ကြုံလာတိုင်း ကြုံလာတိုင်း စစ်သားတွေကပဲ ပြည်သူတွေကို ကူညီကယ်တင်ခဲ့ကြတာ ပါ။ တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးစားဆောင်ရွက်ရင်းနဲ့ အသက်တွေကို စတေးသွားကြတဲ့အခါမှာ ဘယ်သူမှ မသိလိုက်ရ မကြားလိုက်ရပါပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ကြတဲ့ တိုင်းပြည်ကိုချစ်တဲ့ စစ်သားတွေဟာလည်း ရေတွက်လို့ မရအောင် များလွန်းလှပါတယ်။ အဲဒီစစ်သားတွေဟာလည်း သစ်မြစ်တွေလိုပါပဲ။ သူတို့ချစ်ခင်မြတ် နိုးလှတဲ့ တိုင်းပြည်ကြီးမှာ အကိုင်းအခက် အသီးအပွင့်တွေ ဝေဆာစိမ်းလန်းနေပေမဲ့ သူတို့တွေကတော့ ဟိုး မြေအောက်မှာ ရေကြည်ကိုရှာသောက်လျှက် သစ်ပင်ကြီးတစ်ခုလုံးအတွက် အင်သစ်အားသစ်တွေ ထောက်ပံ့ နေရစ်ကြလေရဲ့။
တိုင်းပြည်နဲ့လူမျိုးအတွက် တက်ညီလက်ညီအလုပ်လုပ်ကြတဲ့အခါ သူကတော့ တိုင်းပြည်အတွက် စွန့် လွှတ်စွန့်စား အနစ်နာခံထားပါတယ်၊ ငါကတော့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား အနစ်နာခံထားပါတယ်-လို့ အချင်းချင်း ငြင်းခုံအနိုင်လုနေစရာမလိုဘူး။ ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင်ရေးသားကြတာချည်းပဲ။ ကိုယ်က စာသင်သားပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်ကို စွန့်လွှတ် စွန့်စား အနစ်နာခံသွားကြတဲ့သူတွေကို ပြည်သူတွေရဲ့ နှလုံးသားမှာ မှတ်တမ်းကိုယ်စီတင်ထားကြပါလိမ့်မယ်။ ပြည်သူ့နှလုံးသားမှာ အမှန်တရားနဲ့အညီ မှတ်တမ်းတင်မခံရပေမဲ့ ကိုယ်အသက်ပေးပြီး စတေး မြှုပ်နှံထားခဲ့ရတဲ့ မဟာပထဝီမြေကြီးက သက်သေတည်ပါလိမ့်မယ်။
တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်ကို စွန့်လွှတ်စွန့်စား အနစ်နာခံသွားကြပြီးတော့ အာဇာနည်-လို့ ပြည်သူတွေက လေးစားဂုဏ်ယူခြင်းကို မခံရသူတွေရှိကြသလို တိုင်းပြည်နဲ့လူမျိုးအတွက် တကယ့်ကို စွန့်လွှတ် စွန့်စား အနစ်နာခံထားကြသူတွေမဟုတ်ပဲ ပြည်သူတွေက အထင်မှားအမြင်မှား အချောင် လေးစားဂုဏ်ယူခြင်း ခံရသူ အယောင်ဆောင် အာဇာနည်တွေလည်း အများကြီးရှိပါတယ်။
တကယ်တမ်း တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေါင်းများစွာ၊ သွေးပေါင်းများစွာ၊ ချွေးပေါင်းများစွာ စွန့်လွှတ်အနစ်နာခံပြီး ချစ်ခင်မြတ်နိုးခဲ့ကြသော အညတရ စာသင်သားများ၊ မထင်မရှား ကျောင်းသားများ၊ မထင်မရှား စစ်သားများကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အရင်တုန်းကလည်း စွန့်လွှတ်စွန့်စား အနစ်နာခံ သွားခဲ့ကြတယ်။ အခုလည်း စွန့်လွှတ်စွန့်စား အနစ်နာနေကြတုန်းပဲ။ နောင်လည်း စွန့်လွှတ်စွန့်စား အနစ်နာခံ သွားကြဦးမယ်ဆိုတာ သမိုင်းအဆက်ဆက်က သက်သေထူနေမှာဖြစ်ပါကြောင်း။
မထင်မရှား တကယ့်မျိုးချစ်အာဇာနည်များကို လေးစားဂုဏ်ပြုလျှက် …
အရှင်ဇဝန (ကုန်းဇောင်း)