Wednesday, February 2, 2011

ဗုဒ္ဓသာသနာသက္ကရာဇ်



ဗုဒ္ဓသာသနာသက္ကရာဇ်

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံသည့်နှစ်မှစ၍ သာသနာသက္ကရာဇ် ၁-အဖြစ် စတင်ရေတွက်ခဲ့သည်မှာ အစဉ်အလာမှတ်သား
ချက်အရ ယနေ့ (မြန်မာသက္ကရာဇ် ၁၃၅၆ ခုနှစ်) ဆိုလျှင်နှစ်ပေါင်း ၂၅၄၈ နှစ်မြောက်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။
ခရစ်သက္ကရာဇ်နှင့်ယှဉ်၍ဆိုရမူ ရောက်ဆဲ ခရစ် ၂ဝဝ၄ခုနှစ်ကို သာသနာ ၂၅၄၈ မှ နုတ်သော် ၅၄၄-နှစ် ကျန်
သည်။ ယင်းသည် ခရစ်မတိုင်မီနှစ် သို့မဟုတ် ဘီစီနှစ် ဖြစ်သဖြင့် ဘီစီ ၅၄၄ သည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံသော
နှစ်ဖြစ်သည်။ ပရိနိဗ္ဗာန်စံသည့်နှစ်ကိုနုတ်၍ သက်တော် ၈ဝ-ကို ထည့်ပေါင်းသော် (၅၄၃+၈ဝ=၆၂၃) ဘီစီ ၆၂၃
ဖြစ်သည်။ ယင်းခုနှစ်ကို သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ လာအိုစသော ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ
များ၌ မြတ်ဗုဒ္ဓဖွားမြင်တော်မူသောနှစ်အဖြစ် အတည်ပြုလက်ခံကြသည်။

ဤသည်မှာ သီရိလင်္ကာနိုင်ငံနှင့်ဗုဒ္ဓသာသနာ သမိုင်းဦးကိုဖော်ပြသော မဟာဝံသကျမ်းနှင့်အညီဖြစ်သည်။ ယင်း ကျမ်းကို သီရိလင်္ကာနိုင်ငံ အနုရာဓမြို့ရှိ မဟာဝိဟာရ ကျောင်းတိုက်၌ ရေးသားခဲ့ပြီး သီဟိုဠ်ဘာသာ မဟာဝံသမူရင်းကျမ်းမှာ အဋ္ဌကထာကျမ်းများမတိုင်မီ အတော်ရှေး ကျသည့်ကာလကပင် မဟာဝံသဟူသောအမည် သို့မဟုတ် အခြား အမည်တစ်မျိုးဖြင့် တည်ရှိခဲ့သည်ဟု ဆိုသည်။ အရှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကိုပင်
ဝေဖန်ခဲ့သည့် သဒ္ဓမ္မပ္ပကာသနီအမည်ရှိ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌ ကထာကျမ်းပြု အရှင်မဟာနာမသည် ပဇ္ဇပဒေါရုဝံသခေါ် ပါဠိဘာသာ မဟာဝံသ (ပထမပိုင်း)ကို ရးသားခဲ့ကြောင်း ပညာရှင်တို့လက်ခံကြသည်။ သဒ္ဓမ္မပ္ပကာသနီကို ပထမ မောဂ္ဂလ္လာနမင်း (အေဒီ ၄၉၅-၅၁၃) ကွယ်လွန်ပြီးနောက် သုံးနှစ်အကြာ (အေဒီ ၅၁၆)တွင် ရေးပြီးသည်။ သို့ဖြစ်၍ ပါဠိဘာသာ မဟာဝံသကျမ်းကိုလည်း သဒ္ဓမ္မပ္ပကာသနီနှင့်
မရှေးမနှောင်းမှာပင် ရေးသားခဲ့ဖွယ်ရှိသည်။ မဟာဝိဟာရကျောင်းတိုက်ကား ထေရဝါဒဗုဒ္ဓဘာသာ
၏ဌာနချုပ်ဖြစ်သည်။ သို့ဖြစ်၍ ထေရဝါဒနိုင်ငံအားလုံး သည် ဝေဖန်ငြင်းဆိုချက်မရှိဘဲ မဟာဝံသနှင့် ယင်းကျမ်း
အဆက် စူဠဝံသ၌ဖော်ပြသည့် ခုနှစ်စဉ်အတိုင်း မှတ်ယူသုံး စွဲကြသည်။ မဟာဝိဟာရကျောင်းတိုက် မထေရ်စဉ်ဆက်
မှတ်ယူလာသည့်အတိုင်းပင် ထေရဝါဒအဋ္ဌကထာကျမ်းများ၌လည်း မဟာဝံသအဆိုနှင့် တူညီကြသည်။ သို့ဖြစ်၍ ဗုဒ္ဓရှင်တော်မြတ် ဘီစီ ၆၂၃ တွင် ဖွားမြင်သည်ဟူသော အဆိုမှာ ထေရဝါဒကျမ်းများ သို့မဟုတ် သီဟိုဠ်အစဉ်အလာ သို့မဟုတ် ထေရဝါဒအစဉ်အလာကို အခြေခံသည်။

သီဟိုဠ်ဘုရင် ပထမပရက္ကမဗာဟုမင်းသည် ဗုဒ္ဓပရိ နိဗ္ဗာန်စံပြီးနောက် ၁၆၉၇-နှစ် မြောက်တွင် အဘိသိက်ခံ
ကြောင်း ¤င်းရေးထိုးသောကျောက်စာ၌ ဆိုသည်။ ယင်း သည် သီဟိုဠ်သမိုင်းအရ အေဒီ ၁၁၅၃-ဖြစ်သည်။ ထို့
ကြောင့် ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်ကို ဘီစီ ၅၄၄-ဖြစ်ကြောင်း (၁၆၉၇-၁၁၅၃=၅၄၄) ဆိုလိုရာရောက်သည်။ ပရက္ကမဗာဟု
ကျောက်စာရက်စွဲမှာ အိန္ဒိယတောင်ပိုင်း ဗမစေုုောေ ေဒသ ႊငမကလေူင်လေမေ ဘုရားကျောင်း ကျောက်စာနှင့်ကိုက်ညီသည်။ စူဠဝံသကျမ်း(၅၆း၁၆)၌ ပရက္ကမဗာဟု နန်းစံနှစ်နှင့် ယင်းမတိုင်မီ မင်းဆက် ၆-ဆက်မြောက် ပရက္ကမပဏ္ဍုမင်း နန်းစံနှစ် နှစ်ခု၏ အကြားကာလကို ၁ဝ၇-နှစ်ဟုဆိုသည်။
ပထမပရက္ကမနန်းစံနှစ်(ဗုဒ္ဓနှစ် ၁၆၉၇)မှ နောက်သို့ ပြန်ရေ သော် ၁၅၉ဝ ဖြစ်သည်။ ယင်းသည် သီဟိုဠ်သမိုင်းအရ
အေဒီ ၁ဝ၄၆ ဖြစ်သည်။ တစ်ဖန် အိန္ဒိယတောင်ပိုင်း ညေငာညေါေူော ကျောက်စာနှင့်လည်း ထပ်တူညီသည်။
ယင်းကျောက်စာ၌ စောဠဘုရင် ပထမရာဇာဓိရာဇသည် သီဟိုဠ်ဘုရင် ပရက္ကမပဏ္ဍုကို ဗုဒ္ဓနှစ် ၁၅၉ဝ (အေဒီ
၁ဝ၄၆)တွင် ကွပ်မျက်ကြောင်း ဆိုထားသည်။

စူဠဝံသ၌ပရက္ကမပဏ္ဍုနန်းသက်ကို ၂-နှစ် ပြသော်လည်း ကျောက်စာ၌ အဘိသိက်ခံသည့်နှစ်နှင့် ကွပ်မျက်သည့်နှစ်ကို အတူတူဆိုသည်။ ဤသည်မှာ ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်ကို ဘီစီ ၅၄၄ ဖြစ်ကြောင်း (၁၅၉ဝ-၁ဝ၄၆=၅၄၄) ဆိုလိုရာရောက်သည်။
အထက်ပါ ဖော်ပြချက်များအရ သာရတ္ထဋီကာရှင်တို့ ခေတ် အေဒီ ၁၂-ရာစုနှစ်လယ်လောက်ထိ သီဟိုဠ်၌ ဗုဒ္ဓ ပရိနိဗ္ဗာန်စံနှစ်ကို ယနေ့ မြန်မာအပါအဝင် ထေရဝါဒနိုင်ငံ တို့၌ အသုံးပြုနေသည့်အတိုင်း ခရစ်မပေါ်မီ ၅၄၄ အဖြစ်
မကွဲမပြား အတည် ပြုဆဲဖြစ်ကြောင်း မှတ်သားရသည်။ သို့ရာတွင် ဘီစီ ၆၂၃ တွင် မြတ်ဗုဒ္ဓဖွားမြင်သည်ဟူ
သောအဆိုနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားရမည့် အ ထောက်အထားများကို ယခုအခါ ပညာရှင်တို့ တွေ့ရှိလာ ကသည်။ မဟာဝံသနှင့် အဋ္ဌကထာကျမ်းများအဆို၊ မဇ္ဈိမ ဒေသမင်းဆက် ကမ္ဘာ့သမိုင်းမှတ်တမ်းများ၊ သံဂါယနာ မှတ်တမ်းများ၊ ဆရာစဉ်ဖော်ပြချက်၊ အသောကကျောက်စာ၊ မြောက်ပိုင်းဗုဒ္ဓဘာသာမှတ်တမ်းများ၊ အိန္ဒိယတောင်ပိုင်းမှ ရှေးဟောင်းကျောက်စာအချို့တို့ကို ညှိနှိုင်းတိုက်
ဆိုင်ပြီးနောက် ယင်းသို့တွေ့ရှိလာရခြင်းဖြစ်သည်။ ¤င်းတို့က ဘီစီ ၅၆၃ တွင် မြတ်ဗုဒ္ဓဖွားမြင်သည်ဟု
ယူဆကြသည်။ ယင်းအယူအဆလည်း မဟာဝံသ၌ဖော်ပြ သည့် အစဉ်အလာယူဆချက်ကိုပင် အခြေခံပြန်သည်။
အတိအကျဆိုသော် မဟာဝံသ(၅း၂၁)၌ဖော်ပြသည့် ဘုရင် အသောကသည် ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန်စံပြီးနောက် ၂၁၈-နှစ် အကြာတွင် နန်းတက်သည်ဟူသော အချက်ကို ပင် အခြေခံခြင်း ဖြစ်သည်။

မဟာဝံသအလိုအရ အဇာတသတ္တု (ဗုဒ္ဓပရိနိဗ္ဗာန်မစံ မီ ၈+ စံပြီးနောက်) ၂၄၊ ဥဒယဘဒ္ဒ ၁၆၊ အနုရုဒ္ဓ နှင့် မုဏ္ဍ
၈၊ နာဂဒါသက ၂၄၊ သုသုနာဂ ၁၈၊ ကာဠာသောက ၂၈၊ ¤င်း၏သား ဆယ်ယောက် ၂၂၊ နန္ဒမင်းသား ကိုးယောက်
၂၂၊ စန္ဒဂုတ္တ ၂၄၊ ဗိန္ဒုသာရ ၂၈၊ အသောက အဘိသိက် မခံမီ ၄+နန်းစံ ၁၈၊ ပေါင်း ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် ၂၃၆-
အကြာတွင် အသောက၏သားတော် (ဟူယင်ဆန်မှတ်တမ်း အလို အသောက၏ညီတော်) အရှင်မဟိန္ဒ သီရိလင်္ကာသို့
ရောက်သည်(မဟာဝံသ၊ ၂း၃၁-၃၂၊ ၄း၁-၇၊ ၅း၁၄-၁၈)။ အရှင်မဟိန္ဒ သီဟိုဠ်ရောက်နှစ် ၂၃၆ မှ အသောက
နန်းသက် ၁၈-နှစ်ကိုနုတ်သော် အသောကနန်းတက်နှစ်မှာ ၂၁၈-ဖြစ်သည်။ အသောကသည် ဗိန္ဒုသာရ၏သားဖြစ်ပြီး
စန္ဒဂုတ္တမှာ ဗိန္ဒုသာရ၏ဘခင် အသောက၏ဘိုးတော် ဖြစ် သည်။ အသောကသည် နန်းရပြီး ၄-နှစ်ကြာမှ အဘိသိက် ခံသည်(မဟာဝံသ၊ ၅း၁ဝဝ-၁ဝ၁။ ဝိ-ဋ္ဌ ၁၊ ၅၄)။ ဘိုးတော် စန္ဒဂုတ္တမောရိယမင်းသည် ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် ၁၆၂- နှစ် အကြာ (၂၁၈–၅၆) တွင် နန်းစိုက်သည်။ ယင်းသည် အိန္ဒိယသမိုင်းအရ ဘီစီ ၃၂၁ တွင် ဖြစ်သည်။ ယင်းအရမူ ဗုဒ္ဓ ပရိနိဗ္ဗာန်စံသည့်နှစ်မှာ (၃၂၁+၁၆၂) = ၄၈၃ ဖြစ်သည်။ သက်တော် ၈ဝ ပေါင်းမူ မြတ်ဗုဒ္ဓ မွေးဖွားနှစ်မှာ ဘီစီ ၅၆၃ ဖြစ်သည်။ ကမ္ဘာ့သမိုင်းအရ ဂရိဘုရင် အလက်စန္ဒာသဂရိတ် သည် ဘီစီ ၃၂၇ တွင် အိန္ဒိယအနောက်မြောက်ပိုင်းကို တိုက်ခိုက်သည်။ ဘီစီ ၃၂၅ တွင် ပန်ဂျပ်ပြည်နယ်အထိ အောင်နိုင်ခဲ့သည်။ အလက်စန္ဒာသဂရိတ်သည် အိန္ဒိယမှ အပြန် ဘီစီ ၃၂၃ တွင် လမ်းခရီး၌ ကွယ်လွန်သည်။ ယင်း ၏အဆက်အနွယ်များကို အိန္ဒိယဘုရင် စန္ဒဂုတ္တမောရိယ မင်းက တော်လှန်နှိမ်နင်းခဲ့သည်။ စန္ဒဂုတ္တမောရိယသည် မဂဓဘုရင် နန္ဒမင်းများကို နှိမ် နင်း၍ မင်းပြုလာသူဖြစ်သည်။ ¤င်းသည် နောင်အခါ ဂျိန်းဘုန်းကြီး အဖြစ်ခံယူပြီး နှစ်ပေါင်းများစွာ အစာမစား ဘဲကျင့်ပြီးနောက် ကွယ်လွန်ခဲ့ကြောင်းအဆိုရှိသည်။ ¤င်း၏သား ဗိန္ဒုသာရမောရိယသည် အိန္ဒိယတောင်ပိုင်း မိုင်ဆိုရီ (ပျြသမန)ဒေသအထိ အုပ်ချုပ်နိုင်ခဲ့သည်။ ဗိန္ဒုသာရ၏သား
အသောကသည် ¤င်း၏ဘခင်ကွယ်လွန်ပြီးနောက် လေးနှစ် အကြာတွင် ထီးနန်းစိုက်ပြီး အိန္ဒိယကို ၃၇-နှစ်ကြာ အုပ်
ချုပ်သည်။

အသောကသည် အိန္ဒိယတောင်ဖျား ကလိင်္ဂ တိုင်း (ယခု သြရိဿ)အထိ အင်ပါရာကို တိုးချဲ့နိုင်ခဲ့သည်။
အသောကကွယ်လွန်ပြီးနောက် မောရိယအင်ပါရာ ပြိုကွဲ သွားသည်။ ¤င်း၏သားများက အိန္ဒိယနိုင်ငံကို ခွဲခြမ်း
အုပ်ချုပ်ခဲ့ကြသည်ဟု အိန္ဒိယသမိုင်းတို့ကဆိုသည်။ စန္ဒဂုတ္တသည် အသောကထက် ၅၆-နှစ် စောသည်။
ထိုအချိန်က အသောကမင်း မမွေးဖွားသေးဟု အိန္ဒိယ သမိုင်းနှင့် ကမ္ဘာ့သမိုင်းမှတ်တမ်းများ၌ဆိုသည်။
ထို့ကြောင့် သာသနာသက္ကရာဇ်သည် ဘီစီ ၅၄၄ တွင် စတင်သည်ဟုယူဆလျှင် အသောကနှင့် အလက်စန္ဒာတို့ကို
ခေတ်ပြိုင်ဟု ဆိုရလိမ့်မည်။ သို့သော် စန္ဒဂုတ္တနှင့် အလက် စန္ဒာခေတ်ပြိုင်ဟုဆိုထားသော ကမ္ဘာ့သမိုင်းအဆိုနှင့်မူ ဆန့် ကျင်သည်။ တစ်ချိန်တည်းတွင် သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား စသော ထေရဝါဒနိုင်ငံတို့၌ ဘီစီ ၅၄၄ ကို သာသနာနှစ် (ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်)အဖြစ် သတ်မှတ်ခြင်း၌ စဉ်းစားဖွယ် တစ်ရပ်ပါနိုင်သည်ဟု သမိုင်းပညာရှင်တို့ တွက်ဆချက်ကိုစဉ်းစားရမည့် အခြေအနေဖြစ်လာသည်။

ပါမောက္ခ ဝီလျံဂိုင်ဂါ (ျွှငူ့နွူာနငါနမ) သည် ၁၉ဝ၇ ခုနှစ်တွင် မဟာဝံသပါဠိကို အင်္ဂလိပ်ဘာသာပြန်ပြီး ယင်း
မဟာဝံသပါဠိသမိုင်းကျမ်း၏ အဆိုတစ်ချို့ကို ဝေဖန်သုံး သပ်ခဲ့သည်။ ဂိုင်ဂါသည် မဟာဝံသမှ တိမ်မြုပ်ချက်များ၊
မှားယွင်းချက်များကို ထောက်ပြခဲ့သည်။ ထို့ပြင် မဟာဝံသ အဆက် စူဠဝံသကျမ်းမှ ကွဲလွဲချက်တစ်ချို့ကိုလည်း ဖော်
ထုတ်ခဲ့သည်။ ဂိုင်ဂါအလိုအရ ၆၂-နှစ်ခန့် ပိုထွက်လာပြီး ယင်းသည် အေဒီ ၁ဝဝဝ ခန့်တွင် စောဠတိုင်းသားတို့ သီရိ
လင်္ကာကို ကျူးကျော်သည့် အချိန်တွင်ဖြစ်သည်။ စူဠဝံသ(၅၃း၎ဝ)၌ တတိယဥဒယ ဘုရင်နှင့် ပရက္ကမ
ပဏ္ဍုဘုရင်တို့ အကြားကာလကို ၉၃-နှစ်နှင့် ၈-ရက်ဟု ဆိုသည်။ ပရက္ကမပဏ္ဍုသည် ဗုဒ္ဓနှစ် ၁၅၉ဝ တွင် နန်း
စိုက်ပြီး တတိယဥဒယမူ ဗုဒ္ဓနှစ် ၁၄၉၇ တွင် နန်းစံသည်။ တတိယဥဒယမင်းသည် အိန္ဒိယတောင်ပိုင်ွးှညေသြမန နယ်မှ စောဠဘုရင် ရာဇိန္ဒြရာဇစောဠဒေဝနှင့် ခေတ်ပြိုင်သည်။ စောဠဒေဝရေးထိုးခဲ့သည့် ကျောက်စာ၌ စူဠဝံသ(ညွှန်းပြီး) ကဲ့သို့ပင် တတိယဥဒယဘုရင် နန်းစံပြီးစတွင် စောဠတိုင်း သားတို့ သီရိလင်္ကာသို့ စစ်ချီခြင်းအကြောင်းကိုဖော်ပြ သည်။ စောဠဒေဝ၏ နန်းတက်နှစ်ကို အေဒီ ၁ဝ၁၁ ကုန် ခါနီးနှင့် ၁ဝ၁၂ နှစ်လယ်ပိုင်းဟု အိန္ဒိယသမိုင်းဆရာတို့ဆိုသည်။ စောဠတို့ သီဟိုဠ်သို့ စစ်ချီသည်မှာ စောဠဒေဝမင်း နန်းစံ ၄-နှစ်နှင့် ၆-နှစ်မြောက်(အေဒီ ၁ဝ၁၅ နှင့် ၁ဝ၁၈) တွင်ဖြစ်သည်။ ယင်းသည် စူဠဝံသကျမ်းလာ တတိယဥဒယ နန်းစံနှစ် ၁၄၉၇(ဗုဒ္ဓနှစ်)နှင့် တူညီနေသည်။ ဗုဒ္ဓနှစ် ၁၄၉၇ မှ အေဒီ ၁ဝ၁၅ ကို နုတ်သော် ၄၈၂ ကျန်သည်။ ယင်း ကိန်းသည် ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်မှာ ဘီစီ ၄၈၃ ဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်စေသည်။

တတိယဥဒယဘုရင်မှစ၍ ပထမပရက္ကဗာဟုမင်း တိုင် အောင် အကြောင်းအရာများကို အသေးစိတ်ရေးသားခဲ့သူ
စူဠဝံသ ကျမ်းပြုဆရာသည် တတိယဥဒယနန်းတက်နှစ်ကို ဗုဒ္ဓနှစ် ၁၄၉၇ (အေဒီ ၁ဝ၁၅)၊ ပရက္ကမပဏ္ဍုနန်းတက်
နှစ်ကို ယင်း ၁၅၉ဝ (အေဒီ ၁ဝ၄၆)၊ ပထမပရက္ကမဗာဟု နန်းတက်နှစ်ကို ယင်း ၁၆၉၇ (အေဒီ ၁၁၅၃) ဟုဖော်ပြ
ခဲ့သော်လည်း တတိယဥဒယနန်းတက်နှစ်မှာ ကျန်ဘုရင် နှစ်ပါးနန်းတက်နှစ်နှင့် မတူသည့်အခြေခံ (သမိုင်းမှတ်တမ်း များ)မှ လာကြောင်း သတိမပြုမိခဲ့ချေ။ တတိယဥဒယနှင့် ပရက္ကမဘဏ္ဍုအကြား ¤င်းက ၉၃-ကြာသည်ဆိုသော်လည်း အမှန်အားဖြင့် ၃၁-နှစ် (အေဒီ ၁ဝ၁၅-၁ဝ၄၆)သာ ကွာ ကြောင်း တွေ့ရသည်။
ယင်းသို့ ၆၂-နှစ် ပိုထွက်လာခြင်းမှာ မည်သည့်မင်း ဆက်တွင်ဖြစ်သည်ဟု အတိအကျဆိုရန် ခဲယဉ်းကြောင်း
ဆိုပြီး သံသယဖြစ်နိုင်ဖွယ်ရှိသည့် ရှေးမင်းဆက်အချို့ကို ဂိုင်ဂါက ဝေဖန်သုံးသပ်ခဲ့သည်။ ¤င်းအလိုအရ ဝိဇယမှ ဒေဝါနံပိယတိဿမင်း တိုင် အောင် ရှေးဦးပိုင်းသီဟိုဠ်သမိုင်း၌ မှားယွင်းမှုရှိနိုင်သည်။ ဝိဇယဘုရင် သီဟိုဠ်သို့ရောက်သည့်နှစ်ကို ဗုဒ္ဓပရိနိဗ္ဗာန်စံ သည့်နှစ်နှင့် ထပ်တူပြုထားသည်။ ပဏ္ဍုကာဘယနှင့် မုဋ
သိဝဘုရင်များ၏ နန်းသက်ဖော်ပြချက် မှားယွင်းနိုင်သည်။ ပဏ္ဍုဝါသုဒေဝမကွယ်လွန်မီ နှစ်အနည်းငယ်တွင်မှ ¤င်း၏
သား ပဏ္ဍုကာဘယမွေးဖွားသည်။ ပဏ္ဍုကာဘယ မင်းမပြု နိုင်မီ ဦးလေးဖြစ်သူ အဘယမင်း ၂ဝ-နှစ် နန်းစံသည်။

ယင်းနောက် မင်းမရှိဘဲ ၁၇-နှစ် ကြာသည်။ ပဏ္ဍုကာဘယ မင်းပြုသော အခါ အသက် ၃၇-နှစ် ရှိပြီ။ နန်းသက် ၇ဝ- နှစ် ကြာသည်။ ထို့ကြောင့် ဤမင်း အသက် ၁ဝ၇-နှစ် ရှည်သည်။ ယင်းသို့ဖြစ်ခြင်းမှာ သဘာဝမကျချေ။
ပဏ္ဍုကာဘယကို ¤င်း၏သား မုဋသိဝ ဆက်ခံသည်။ မုဋသိဝသည် ပဏ္ဍုကာဘယ မင်းမဖြစ်မီ လက်ထပ်ခဲ့သော
မိဖုရားသုဝဏ္ဏဝတီမှ ဖွားမြင်သူဖြစ်သည်။ သို့ဖြစ်၍ ¤င်း မင်းပြုသောအခါ အတော်အတန်အသက် ကြီးရင့်ပြီ ဟုဆို နိုင်သည်။ သို့ရာတွင် ¤င်းသည် နန်းစံသက်တမ်း ၆ဝ- နှစ်ရှိခဲ့ကြောင်း မဟာဝံသ၌ ဆိုသည်။
နောက်တစ်ချက်မှာ ဒေဝါနံပိယတိဿသည် မုဋသိဝ ၏ဒုတိယသား ဖြစ်သည်။ ယင်းသည် ထီးနန်းရသောအခါ
အသက်အရွယ် အတော်အတန်ကြီးပြီဖြစ်သည်။ ¤င်း၏ ညီ သုံးယောက် ဥတ္တိယ၊ မဟာသိဝနှင့် သူရိယတိဿတို့က
တစ်ယောက်ကို ၁ဝ-နှစ်စီ အုပ်ချုပ်ခဲ့ကြသည်။ ထို့ပြင် ဒမိဠနှစ်ယောက် သေနနှင့် ဂုတ္တိလတို့က ၁၂-နှစ်ကြာ
အုပ်ချုပ်ခဲ့သေးသည်။ ယင်းနောက် လေးယောက်မြောက် ညီဖြစ်သူ အသေလမင်းက ၁ဝ-နှစ်ကြာ အုပ်ချုပ်ပြန်သည်။

သို့ဖြစ်၍ မုဋသိဝဘုရင်၏ သားလေးယောက် အုပ်ချုပ်မှု သက်တမ်းမှာ ဒေဝါနံပိယတိဿနန်းစံနှစ် ၆ဝ-အပါအဝင်
စုစုပေါင်း ၉၂-နှစ် ကြာသည်။ သီဟိုဠ်အစဉ်အလာသမိုင်းသည် အချို့ဖြစ်စဉ်များကို အမှန်အတိုင်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း ဘုရင်မင်းတို့၏ နန်းစံနှစ်များနှင့်ပတ်သက်၍မူ ဝိဇယမင်း
သီဟိုဠ်၌ နန်းစံနှစ်ကို ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်နှင့် ထပ်တူဖြစ် အောင် ဆွဲဆန့်ထားဖွယ်ရှိသည်ဟု ဂိုင်ဂါကယူဆခဲ့သည်။
ယင်းသို့ ယူဆသည့်အတိုင်း ဂိုင်ဂါသည် မဟာဝံသ အဆို ဘီစီ ၅၄၄ နှစ်မှ (ကမ္ဘာ့သမိုင်းနှင့်အညီ) ၆၁-နှစ်ကို
လျှော့ပစ်သဖြင့် အနောက်တိုင်း ပါဠိစာပေပညာရှင်တို့ အ ကြား၌ ဗုဒ္ဓပရိနိဗ္ဗာန်စံသည့်နှစ်သည် ဘီစီ ၄၈၃ ဖြစ်သွား
ပြီး ဗုဒ္ဓဖွားမြင်နှစ်ကို ဘီစီ ၅၆၃ ဟု ဆိုကြခြင်းဖြစ်သည်။ မဟာဝံသအဆိုအရ ဗုဒ္ဓပရိနိဗ္ဗာန်စံသည့်နှစ်တွင် ဝိဇ
ယမင်း တမ္ဗပဏ္ဏိသို့ရောက်သည်။ သို့ရာတွင် ပထမဆုံး သော ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသည့် အနုရာဓပုရမြို့ ရှိ ဆိရမ် ဒေရနိယဂါလ(ှငမညေ ီနမေညငပေါေူေ) ကျောက် စာအရ အဆိုပါဝိဇယမင်း သီဟိုဠိသို့ရောက်ချိန်သည် ဘီစီ ၄၈ဝ-ခန့်တွင် ဖြစ်သည်။ သို့ဖြစ်၍ မဟာဝံသအလို ဝိဇယ ဘုရင် သီဟိုဠ်သို့ ရောက်သည့်နှစ်နှင့် ယင်းပြာကရိတ် ဗြဟ္မီကျောက်စာ အဆိုတို့မှာ ကွဲလွဲလျက်ရှိသည်။ တစ်
ဆက်တည်းတွင် ဂိုင်ဂါ၏အယူအဆ(ဘီစီ ၅၆၃ ဗုဒ္ဓဖွား) ကို ထောက်ခံသကဲ့သို့လည်း ဖြစ်နေပြန်သည်။
သီရိလင်္ကာအစိုးရက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ သည့် ဗုဒ္ဓဝါဒစွယ်စုံကျမ်းနှင့် ဒေါက်တာ ဝါလ်ပိုလာရာဟု
လာ၊ ဒေါက်တာ ဂျီစီ မန်ဒိစ်ကဲ့သို့သော သမိုင်းပညာရှင် များသည် ဘီစီ ၄၈၃ ကို ဗုဒ္ဓပရိနိဗ္ဗာန်စံသည့် မှန်ကန်
သည့် ခုနှစ်အဖြစ် လက်ခံခဲ့ကြသည်။ အကယ်၍ ဤအယူ အဆကို လက်ခံခဲ့လျှင် ဗုဒ္ဓပရိနိဗ္ဗာန်စံသည့် ၂၅ဝဝ-ပြည့်
(ဗုဒ္ဓဇယန္တိ) အခမ်းအနားကို လာမည့် ခရစ်နှစ် ၂ဝ၁၇- ခုနှစ်တွင် ကျင်းပရလိမ့်မည်ဖြစ်သည်။ သို့ရာတွင် မဟာ
ဝံသအဆိုအတိုင်းပင် သီရိလင်္ကာ၊ မြန်မာနှင့် ယိုးဒယား နိုင်ငံတို့၌ ၁၉၅၆ ခုနှစ်တွင် ဗုဒ္ဓဇယန္တိ အခမ်းအနားများကို
ခမ်းနားစွာ ကျင်းပခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်ဖြင့် သတ်မှတ်သည့် သမိုင်းစဉ်ဝင် ပုဂ္ဂိုလ်များမှာ အစဉ်အဆက် သတ်မှတ်လာခဲ့ခြင်းဖြစ်၍
ယင်းဖြစ်ရပ်များကို ခရစ်နှစ်ဖြင့်ညှိယူရန် ခဲယဉ်းနိုင်သည်။ ဂရိဘုရင် အလက်စန္ဒာသဂရိတ် အိန္ဒိယနိုင်ငံကို ကျူးကျော် သိမ်းပိုက်သည့်ဖြစ်ရပ်သည် သာသနာသက္ကရာဇ်ကို နှစ်မျိုး ဖြစ်စေသည်။ ဂိုင်ဂါ၏ ဘီစီ ၄၈၃ ခုနှစ် ဗုဒ္ဓပရိနိဗ္ဗာန်စံ အယူအဆသည် ခေတ်ပြိုင်မိတ်ဆွေများ ဖြစ်ကြသည့် အသောကနှင့် ဒေဝါနံပိယတိဿတို့၏ ခေတ်နောက်ပိုင်း အတွက် ဆွေးနွေးရန်မလိုဟု ယူဆပါသည်။ မဟာယာနနိုင်ငံများကမူ ဘီစီ ၅၆၃ နှစ်တွင် မြတ်ဗုဒ္ဓ မွေးဖွားသည်ဟူသော အယူအဆကို နှစ်သက်ကြပုံရသည်။ ကမ္ဘာ့သမိုင်းတွင် ယင်းသို့ ဗုဒ္ဓသာသနာသက္ကရာဇ် နှစ်မျိုး ဖြစ်နေရခြင်းမှာ သဘာဝမကျသည့်ပြင် ဗုဒ္ဓဘာသာသမိုင်း ကို လေ့လာရာ၌ ခက်ခဲစေသည်။ သို့ရာတွင် ပညာရှင်တို့ ယူဆသည်ဆိုတိုင်းလည်း မှန်သည်ဟူ၍ကား မဆိုနိုင်ချေ။ အချို့ပညာရှင်များမှာ တစ်ခုသော ရင်းမြစ်ကို အခြေပြု၍ အစအဆုံး ပြောင်းပြန်လှန်ပစ်လိုကြသည်။

'ဗုဒ္ဓသာသနာသက္ကရာဇ်အမှန်'(ဃသမမနခအ ႀကိိ့င်အ ႏမေ) အမည္ရွိ စာအုပ်ကိုရေးသူ ဂျီအိတ်ခ်ျဒေဇိုင်ဆာ(ွ.ံ.ိန
ဇသပျေ)၏ သုတေသနပြုချက်အရ ဘုရင်အသောကသည် ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၁၁၆-နှစ်အကြာတွင် နန်းတက်ကြောင်းဆိုသည်။ ¤င်းအလိုမူ မဟာဝံသအဆို မှားယွင်းပြီး ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန်စံသည့်နေ့မှာပင် ဝိဇယဘုရင် သီရိလင်္ကာနိုင်ငံသို့ ရောက်သည်ဆိုသော မဟာဝံသထေရ်ကြီးများ၏အဆိုကို ညှိယူန် နှစ် ၁ဝဝ-မျှပင် ကွာဟသွားသည်။ ယင်းလျှို့ဝှက်ချက်ကို ပြုပြင်ရန် သမိုင်းကို နှစ် ၁ဝဝ- မျှ ပြုပြင်ရလိမ့်မည်ဖြစ်သည်။ သီရိလင်္ကာဘုရင်သုံးပါးဖြစ် သည့် မုဋသိဝ၊ ပဏ္ဍုကာဘယနှင့် ဒေဝါနံပိယတိဿတို့
အသက် ၁ဝ၇၊ ၁၂ဝ နှင့် ၁၃ဝ ခန့်ရှည်ခဲ့သည်ဟုဆိုနိုင် ရန်လည်း ¤င်းတို့၏နန်းစံနှစ်များကို တိုးရလိမ့်ဦးမည်။
မစ္စတာ ဇိုင်ဆာက 'မဟာဝံသဗုဒ္ဓနှစ်အလိုအရ အထင်ရှား ဆုံး သမိုင်းယုတ္တိမတန်မှုမှာ အသောကဘုရင်နှင့် အလက်
စန္ဒာဘုရင်တို့ ခေတ်ပြိုင်ကျရောက်ပြီး တစ်ချိန်တည်းတွင် စန္ဒဂုတ္တဘုရင်ခေတ်ထက် ရာစုနှစ်ဝက်မျှ စောနေသည်ကို
တွေ့ရခြင်းဖြစ်သည်' ဟုဖော်ပြခဲ့သည်။

ဇိုင်ဆာ ကိုးကားခဲ့သည့် ခေတ်ပြိုင်ကို အခြေပြုသော ခေတ်သတ်မှတ်ချက်သီအိုရီနှင့် မျိုးဆက်လူ့သက်တမ်း သီ
အိုရီအရ ဗုဒ္ဓသာသနာနှစ် အစစ်အမှန်မှာ ဘီစီ ၃၈၄- ဖြစ်သည်။ ¤င်းအလိုအရ ဗုဒ္ဓဘာသာနိုင်ငံတို့ အသုံးပြုနေ
သည့် အခြားနှစ်ကာလသတ်မှတ်ချက် နှစ်မျိုးလည်း မမှန် တော့ချေ။ ¤င်းက မဟာဝံသကျမ်းပြုဆရာများသည် ပထမ နှင့် ဒုတိယသံဂါယနာအကြား ခေတ်ကို ရာစုနှစ် တစ်ခု အဖြစ် မှားယွင်းစွာ ပုံဖျက်ထားသည်ဟု ဆိုသည်။
ဤသို့ဖြင့် မဟာဝံသကျမ်းပြုပုဂ္ဂိုလ်များသည် အသက် ၁၂ဝ-ရှည်သည့်မထေရ် အနည်းဆုံး ၈-ပါး ဒုတိယသံဂါ
ယနာသို့တက်ရောက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းမထေရ် ၈-ပါးသည် ဗုဒ္ဓဘုရားရှင်ကို ကိုယ်တိုင်ဖူးမြော်လိုက်ရပြီး
စိတ်ပိုင်းအရရော ကိုယ်ခန္ဓာအရပါ ကျန်းမာဆဲဖြစ်ကြောင်း ဖော်ပြသည်။ မစ္စတာဇိုင်ဆာအဆိုအရမူ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နောက် နှစ် ၆ဝ-ခန့် အကြာတွင် ဒုတိယသံဂါယနာတင် သည်။ ယင်းသံဂါယနာတွင် ဗုဒ္ဓဘုရားရှင်အား ကိုယ်တိုင် ဖူးမြင်လိုက်နိုင်သည့် မထေရ်များသည် အနည်းဆုံး သက် တော် ၈ဝ-နှင့် ၉ဝ-ရှိသည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသည်ဟု ¤င်းက ယူဆသည်။

ကမ္ဘာ့အဖြစ်အပျက်အားလုံးနှင့် သမိုင်းဆိုင်ရာ ရက်စွဲ များသည် ဇိုင်ဆာဆိုသည့်အတိုင်း ဖြစ်နိုင်ခြေနှင့် တူညီခြင်း သို့ ကျရောက်သည်ဟုထင်ရပြန်သည်။ ဆိုလိုသည်မှာ ဗုဒ္ဓ သက္ကရာဇ်အမှန်မှာ ¤င်းဆိုတုင်း ဘီစီ ၃၈၄ ဖြစ်နိုင်သည်
ဟုဖြစ်သည်။ အလက်စန္ဒာဘုရင် ကျူးကျော်ဝင်ရောက်ခြင်း နှင့် အသောက၏သံရုံးတို့ကို ဒုတိယပတိုလေမီ(ဏအသူနာပှု)၊ အလက်စန္ဒရီးယားမြို့မှ ဖီလာဒေဖတ်စ် (ဏ့ငူေိနူစ့ကျ)၊ အသောကကျောက်စာရက်စွဲတို့နှင့် ညှိ၍ ဆိုထားသည်။ ပဏ္ဍုကာဘယ၊ မုဋသိဝနှင့် ဒေဝါနံပိယတိဿတို့၏ နန်းစံ
သက်တမ်းများကိုလည်း မဟာဝံသကျမ်းပြုပုဂ္ဂိုလ်များ၏ အလိုနှင့် ဆန့်ကျင်လျက် ၄၅၊ ၃၅ နှင့် ၃ဝ နှစ်ဖြစ်ကြောင်း ဇိုင်ဆာ၏ ကျမ်းစာ၌ဖော်ပြထားသည်။ ယင်းကျမ်းအဆိုကို ဗုဒ္ဓဘာသာသမိုင်းပညာရှင်များ
နှင့် စာပေပညာရှင်များအနေဖြင့် ဂရုတစိုက်လေ့လာပြီး လက်ခံ သို့မဟုတ် လက်မခံနိုင်လျှင် ပြန်လည်ချေပသင့်
ပါသည်။ ဂိုင်ဂါအနေဖြင့် မဟာဝံသဗုဒ္ဓပရိနိဗ္ဗာန်စံနှစ်(ဘီစီ ၅၄၄)မှ ¤င်းအလို ပိုလာသည့် ၆၁-နှစ်ကို နုတ်ပစ်ခြင်းမှာ လည်း အစမှအဆုံးထိ ကွဲလွဲမှုများကို ဖြစ်ပေါ်စေသည်။

ယင်းပုဂ္ဂိုလ်တို့၏ ဝေဖန်ချက်များသည် အခြားသော ဗုဒ္ဓဘာသာပညာရှင်များနှင့် သမိုင်းပညာရှင်များ၏ စွမ်း
ရည်နှင့် မှန်ကန်မှုကို ပြန်လည်သုံးသပ်နိုင်ရန် စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။ သို့ရာတွင် ဗုဒ္ဓဘာသာသမိုင်းဆရာ
တို့သည် မှန်ကန်သည့်သာသနာသက္ကရာဇ်နှင့် ပတ်သက်၍ ယနေ့တိုင် သဘောတူညီမှု မရနိုင်သေးဘဲရှိသည်။ ယင်း
သို့ ဗုဒ္ဓသာသနာနှစ် မတိကျဖြစ်နေခြင်းသည် ဗုဒ္ဓသာသနာ သမိုင်းကိုလေ့လာရာ၌ ရှုပ်ထွေးစေသည်။
အေဒီ ၁၆-ရာစု ဥရောပအုပ်ချုပ်မှုအာဏာ အောက် သို့ မရောက်မီအချိန်အထိ သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓသာ
သနာသက္ကရာဇ်ကို အသုံးပြုခဲ့ပြီး ယခုမူ ခရစ်နှစ်ကိုပင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်းသိရသည်။ ယနေ့
မြန်မာသက္ကရာဇ်၏ ရင်းမြစ်လည်း အမှန်သော် သာသနာ သက္ကရာဇ်ပင် ဖြစ်သည်။ နှစ်ကြိမ်ဖြိုသက္ကရာဇ် နှစ်ရပ်
ပေါင်း ဧကဧကအဋ္ဌဒွေး(၁၁၈၂)နှင့် ရောက်ဆဲ ကောဇာ သက္ကရာဇ် ၁၃၆၆ ကို ပေါင်းသော် ရောက်ဆဲ သာသနာနှစ် ၂၅၄၈ ဖြစ်ကြောင်းနှင့် မဟာဝံသအစဉ်အလာကို လက်ခံ ကြောင်း (၂၅၄၈-၂ဝဝ၄=၅၄၄) သိနိုင်သည်။

ွသကမခန်ၚ
၁. ႊ့န ၾေ့ေလော်ေ ဘပ ႊၽ. ြနငါနမ
၂. ဃသမမနခအ ႀကိိ့င်အ ႏမေ ဘပ ြ. ံ. ိန ဇသပ်ေ
၃.ွှ့နှကညိပေ ဥဘျနမလနမယ ဗကါ ၁၈ယ ၂ဝဝ၂
--------------------------------------------
ဗ့်ငည ဳနူေ်ေ
၁၆၅၁ န ညြေ့အေအသညီမငလန
ွှနာစနယ ဗဇ ၈၅၂၈၂ယ့ှဗ.
အရှင်ကေလာသ