skip to main |
skip to sidebar
သာမာဝတီ မိဖုရား (၂)
မာဂဏ္ဍီ၏ ရန်ငြိုး
မာဂဏ္ဍိဟာ ဗုဒ္ဓအပေါ်ရန်ငြိုးကြောင့် နောက်တကြိမ် အကောက်ကြံပြန်ပါတယ်။
တစ်နေ့ ဥတေနမင်းကြီး အရက်သောက်နေ့စဉ် မာဂဏ္ဍီမိဖုရား အခစားဝင်ကာ ကြက်အသေရှစ်ကောင် ဆက်သပါတယ်။
ဥတေနမင်းကြီးက ဝမ်းသာလို့ ဘယ်သူချက်ခိုင်းရင်းကောင်းမလဲလို့မေးရာ မာဂဏ္ဍီက
သာမာဝတီတို့မှာ အလုပ်မရှိဘူး သူတို့ကို ချက်ခိုင်းလိုက်ပါလား ဟုပြောရာ..
မင်ကြီးကလည်း သဘောတူလိုက်ပါတတယ်။
ထိုနောက် မာဂဏ္ဍီရဲ့ ဦးလေးက
ပရိယာယ်ဖြင့် လှည့်ပတ်ကာ မာဂဏ္ဍီရဲ့ အကြံအတိုင်း ကြက်အရှင် ရှစ်ကောင်ကို
သာမာဝတီတို့ထံသွားပြီး ဘုရင်အတွက် စီမံတော်မူပါလို့ ခိုင်းပါတယ်
သာမာဝတီတို့က ကြက် အရှင်တွေဖြစ်နေတာကြောင့် သူတပါးအသက်ကို မသက်လိုကြောင်း
ငြင်းဆိုခဲ့ပါတယ်။
ဒီစကားကို ဘုရင်ထံ သံတော်ဦးတင်ပြီး မာဂဏ္ဍီက အကောက်ကြံကာ “တွေ့တယ် မဟုတ်လား မင်းကြီး ၊ သာမာဝတီဟာ မင်းကြီး အပေါ်မှာ မေတ္တာမရှိတော့ဘူး သူတို့မှာ အကြံတစ်ခုရှိနေတယ်”ဟု
ငေါ့တော့တော့ ပြောလိုက်ပါတယ်။
“ မင်းကြီး .. ဗုဒ္ဓဂေါတမအတွက် ဒီကြက်တွေကို ချက်ခိုင်းကြည့်ပါလားလို့
အကြံပေးတော့ မင်းကြီးလည် ကောင်းပြီလေ ချက်ခိုင်းကြည်ပေါ့ဟု
ပြောလိုက်ပြန်ပါတယ်။
မာဂဏ္ဍီက မင်းကြီးအား လှည့်ပတ်ခါ သူ့ဦးလေးကို ကြက်သေများကို ယူသွားစေပြီး မင်းကြီးရဲ့အမိန်နဲ့ သာမာဝတီတို့အား ကြက်သေ ရှစ်ကောင်ကို ဗုဒ္ဓအတွက် ဆွမ်းဟင်း ချက်ခိုင်ပြန်ပါတယ်။ ကြက်တွေက အသေတွေဆိုတော့ သာမာဝတီတို့လည်း ကောင်းကောင်း ဆွမ်းချက်ကပ်ပါတယ်။
မာဂဏ္ဍီက ဒီတစ်ခါ အကွက်မိတာနဲ့ “ မင်းကြီးတွေ့တယ် မဟုတ်လား ၊
မင်းကြီးအတွက်တော့ ချက်မပေးဘူး၊ ဗုဒ္ဓအတွက်တော့ ချက်ပေးတယ်
ဒါသွေးရိုးသာရိုးကော ဟုတ်ရဲ့လား” လို့ မင်းကြီး ခနဲ့လိုက်ပြန်ပါတယ်။
သို့သော်လည်း မင်းကြီးက သာမာဝတီအပေါ်မှာ ဘာမှထူးထူးခြားခြား သံသယ
မပြခဲ့ပါဘူး။
နောက်တကြိမ် မာဂဏ္ဍီအကြံထုတ်ပြန်ပါတယ်။
တစ်နေ့သောအခါ မင်းကြိး သာမာဝတီတို့ရဲ့ အဆောင်ကို သွားရောက်စဉ် မာဂဏ္ဍီဟာ မင်းကြီးအား စိတ်မချဟုဆိုကာ နောက်ကလိုက်သွားပါတယ်။
ဒီတခေါက်မှာတော့ မာဂဏ္ဍီရဲ့အကြံ ဦးလေးအစီအမံဖြင့် အဆိပ်ထုတ်ထားတဲ့ မွေဟောက်တစ်ကောင်ကို မင်းကြီးနှစ်သက်မြတ်နိုးတဲ့ ဟတ္တိကန္တစောင်းမှာ ထည့်ယူကာ နောက်က လိုက်သွားပါတယ်။
သာမာဝတီတို့ မင်းကြီးကို ကောင်းစွာပြုစုစောင့်ရှောက်ပြီး နောက် တရေးတမော ဟတ္တကကန္တစောင်းကို ခေါင်းခုအိပ်စက်အနားယူရာ..
မာဂဏ္ဍီရဲ့လုပ်ဆောင်မှုကြောင့် စောင်းတွင်း သုံးရက်လောက် ကြာအောင် အောင်းနေတဲ့
မွေဟောက်ဟာ ဒေါသတကြီးထွက်လာပါတယ်။
ဒီမှာတင် မာဂဏ္ဍီက “ အောင်မလေး အရှင်
..မြွေကြီး၊ မြွေကြီးဟု တအားကြုံးအော်သံ၊ သာမာဝတီတို့ကို ပြင်တင်
ချုတ်ချသံတို့ကို ကြားတော့ ဘုရင်းမင်းမြတ် ရုတ်တရက်စိတ်ဆိုးသွားပါတယ်။
သာမာဝတီတို့နှင့် ပတ်သတ်လို့ မင်းကြီး လုပ်ကြံခံရတာလည်း သုံးကြိမ်
သုံးခါရှိပြီဆိုတော့ မင်းကြီး အမျက်ဒေါသထွက်ကာ သာမာဝတီနှင့်အတွ မောင်းမ
ငါးရာကို ပစ်သတ်ဖို့ တန်းစီခိုင်းလိုက်ပါတယ်။
ဒီအချိန်မှာ
သာမာဝတီက တပည့် မောင်းမအပေါင်းအား “ အမိတို့ ၊ ငါတို့အတွက် တခြားအားကိုးစရာ
မရှိဘူး ၊ မင်းကြီးကိုလည်း စိတ်မဆိုးနဲ့၊ မာဂဏ္ဍီကိုလည်း စိတ်မဆိုးနဲ့
ကိုယ်နဲ့အတူ မေတ္တာထားပါ ၊ (မင်းကြီး ၊ မဏ္ဍီ ၊ မိမိကိုယ်” သုးံယောက်အပေါ်မှာ
မေတ္တာအတူထားပါ၊ ဒေါသတရား မကျရောက်စေပါနဲ့လို့ ဆုံးမစကားပြောပြီး
မေတ္တာစိတ်နဲ့ အားလုံး ငြိမ်နေလိုက်ကြပါတယ်။
မင်းကြီးလည်း
ဒေါသတကြီးဖြင့် .. အရှိန်ဟုန်းပြင်တဲ့ မြှားကို ပစ်ခွန်းလိုက်ရာ မင်းကြီး
ပစ်တဲ့မြှားဟာ ဘာအကာအရံမှ မရှိပဲ သာမာဝတီတို့ထံ မသွားပဲ မင်းကြီးရဲ့
ရင်ဝတဲ့တဲဆီကို ဦးတည်လားပါတယ်။
ထိုအချင်းအရာကို မြင်တော့ မင်းကြီးဟာ တုန်လှုပ်ခြောက်ခြားပြီး “ သက်မဲ့ဖြစ်တဲ့ မြှာက သူတော်ကောင်း သာမဝတီရဲ့ကျေးဇူးတရားကို သိတတ်ပါလားဆိုကာ မင်းကြီးဟာ ပြစ်မှားမိတာတွေကို ခွင့်လွှတ်ဖို့ သာမာဝတီ ရှေ့မှာ ဒူထောက်တောင်းပန်ပါတော့တယ်။
သာမာဝတီက “ အရှင်မင်းကြီး ကျမကို အားကိုးရာအဖြစ် မသတ်မှတ်ပါနဲ့ ဗုဒ္ဓကိုသာ အားကိုးရာ”ဟု သတ်မှတ်တော်မူပါလို့ ပြောပါတယ်။
သုံးကြိမ်တိုင်အောင် သာမာဝတီကို တောင်းပန်သော်လည်း ဘုရားကိုသာ
အားထားဖို့အကြောင်း ပြောနေတော့ မင်းကြီးက “ အိမ်း.. ကောင်းပြီး မင်းကိုလည်း
အားကိုးပါတယ်၊ ဗုဒ္ဓကိုလည်း ကိုးကွယ်ပါတယ်၊ မင်းကိုလည်း လိုရာဆုပေးပါတယ်”
လို့ပြောလိုက်ပါတယ်။
သို့သော်လည်း သာမာဝတီက အဘယ်ဆုရယ်ဟု မတောင်းဆိုခဲ့သေးပါဘူး
နောက်တနေ့ .. ဥတေနမင်းကြိး ဗုဒ္ဓထံသို့ ချဉ်းကပ်ခါ “ ရှင်တော် မြတ်ဘုရားကို ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါ၏လို့” လျှောက်ထားပြီး ဘုရားအမှူးရှိသောသံဃာတော်များကိုနန်တော်မှာ ဆွမ်းပင့် ကပ်ပါတယ်။
အလှူပွဲကြီး ခုနစ်ရက်တိုင်တိုင်ကျင်းပအပြီးမှာ “ကဲ.. သာမာဝတီ..သင်လည်း လိုရာ ဆုကို တောင်းပါလော့”ဟု မင်းကြီးက အမိန့်ရှိသောအခါ…။
“ တပည့်တော် ရွှေ၊ ငွေ ရတနာ လက်ဝတ် တန်ဆာ အဖြာဖြာကို မယူလိုပါ တပည့်တော်မ
ယူလိုတဲ့ ဆုက .. မြတ်စွာဘုရားနှင့် သံဃာတော်များ နန်းတွင်းမှာ
မပြတ်ကြွလာပါစေ တပည့်တော်များ တရားနာချင်ပါတယ် ဤဆုကို ပေးတော်မူပါလို့”
တောင်းတော်မူပါတယ်။
နောက်နေ့များမှာ .. မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ နန်းတွင်းမှာ အရှင်အာနန္ဒာ ဦးဆောင်ပြီးသံဃာတော်များ မပြတ်ကြွရောက်ခါ တရာတော်များ ဟေားကြားပါတယ်။
သာမာဝတီတို့ မီးတိုက်ခံရ
သာမာဝတီတို့အဖွဲ့ဟာ ဗုဒ္ဓနှင့်သံဃာတော်တည်းဟူသော သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံရ၍ စိတ်ကောင်းနှလုံးကောင်းများရှိပြီး မေတ္တာဘာဝနာ အပြည့်ဖြင့်နေနိုင်ကြပါတယ်။ မင်းကြီးလည်း သာမာဝတီရဲ့
ကျေးဇူးကြောင့် စိတ်ကောင်းနှလုံးကောင်းရှိသော မင်းတစ်ပါးဖြစ်လာပါတယ်။
သို့သော်လည်း ဒေါသရဲ့ ကျေးကျွန်ဖြစ်နေသော မဏ္ဍီမှာ သူရဲ့လုပ်ရပ်များ
မအောင်မြင်လို့ စိတ်ထဲမှာ မကျေနပ်နိုင် နောက်တကြိမ် သာမာဝတီကို ဘယ်လို
အပြတ်ခြေမှုန်းရမလဲဆိုတာတွေးတောနေပါတယ်။
တနေ့ မင်းကြီးဥယျာဉ်တော်
ကစားသွားတာကို အခွင့်ကောင်းယူကာ သူကိုယ်တိုင်း မင်းကြီး
နောက်လိုက်ပါသွားပြီး ဦးရီးတော်အား တိတ်တဆိတ် သာမာဝတီတို့နေသော အဆောင်း
မီတိုက်ရန် မှာခဲ့ပါတယ်။
သာမာဝတီတို့အဖွဲ့လည်း ကြမ္မာဝဋ်ကြွေး
ပြေးမလွတ်သာ ဆိုသကဲ့သို့ အဆောင်တွင်းမှာ ကမ္မဋ္ဌာန်း စီဖြန်းရင်းဖြင့်
သောတာပန် ၊ အနာဂါမ်၊ စသည်အဆင့်ဆင့်ရောက်ကာ ဘဝနိဂုံးချုပ်ရပါတယ်။
သာမာဝတီရဲ့အတိတ်ကံကြမ္မာ
ရှေးအခါက ဗာရာဏသီပြည်မှာ မင်းကြီးရဲ့ နန်တွင်းမှာ မပြတ်ဆွမ်းရပ်တော်မူတဲ့ ပစ္စေဗုဒ္ဓါ
၈-ပါးရှိခဲ့ဖူးပါတယ်။ သာမာဝတီလောင်း မောင်းမငါးရာတို့လည်
ထိုပစ္စေကဗုဒ္ဓါရှစ်ပါးကို ဆွမ်းလောင်းလှူရပါတယ်။
တစ်နေ့ ပစ္စေဗုဒ္ဓါ
၈-ပါးတွင် ၇-ပါးက ဟိမဝန္တာတောကို ကြွသွားပြီး ကျန်တစ်ပါးက မြစ်ကမ်းနားရှိ
မြက်ချုံပုတ်ကြီး တခုမှာ ဈာန်ဝင် စားကာ နေရစ်ခဲ့ပါတယ်။
နောက်တစ်နေတွင် မင်းကြီးဟာ မောင်းမငါးရာကို ခေါ်ရာ မြစ်ဆိပ်ကိုရေ
ကစားထွက်ကြပါတယ်။ မောင်းမတို့ဟာ တစ်နေလုံးရေကစားရတာ
အလွန်တရာချမ်းအေးသည့်အတွက် မီးလှုံဖို့ရာ နေရာရှာရင်းက
ပစ္စေကဗုဒ္ဓါအရှင်သူမြတ် ဈာန်ဝင်စားရာ ချုံပုတ်ကို မီးရှို့မိရာ မြက်များ လောင်၍ ပြာကျပြီးမှ ဈာန်ဝင်စားနေသော အရှင်မြတ်ကို တွေ့မြင်ကြပါတယ်။
ထိုနောက် .. ငါတို့ဘုရင်မင်းမြတ် တွေ့ရင် ငါတို့တော့ သတ်ခံရမှာပဲဟု တွေးတောကာ ပစ္စေကဗုဒ္ဓါကို ဆက်လက်၍ မိးရှို့ လိုက်ကြပါတယ်။
ပထမအကြိမ် မသိ၍ မီးရှို့မိခြင်းက ကံမမြောက်သေးသောလည်း နောက်တကြိမ်
စိတ်ပါလက်ပါ မီးရှို့လိုက်ရာ စေတနာပါသေကြောင့် အကုသိုလ်ကံ မြောက်သွားပါတယ်။
ဈာန်ဝင်စားနေသော ဘုရား၊ ရဟန္တာ ၊ဗုစ္စေကဗုဒ္ဓတို့မည်သည်ကား မည်သို့ပင်
မီးရှို့သည်ဖြစ်စေ လောင်မြိုက်ခြင်း မရှိပါ။ နောက် ၇-ရက်မြောက်သောနေ့တွင်
ဈာန်သမာပတ်မှ ထကာ လိုရာသို့ ကြွသွားပါတယ်။
ဤကဲ့သို့
ပစ္စေကဗုဒ္ဓါကို မီးရှို့ခဲ့တဲ့ အကုသိုလ်ကံကြောင့် ယခုပစ္စုပ္ပန်ဘဝတွင်
မောင်းမငါးရာနှင့်တူ အဆောင်တွင်းမှာ သာမာဝတီတို့ မီးရှို့ခံရခြင်းဖြစ်ပါတယ်။
သို့သော်လည်း သာမာဝတီနှင့် မောင်းမများဟာ မမေ့မလျောသော သတိတရားဖြင့် နေထိုင် သွားသောကြောင့် နိဗ္ဗာန်ချမ်းသာကို ရရှိသွားကြပါတယ်။
သာမဝတီကို နှလုံးမှု၍ မေတ္တာတရာ၊ အပ္ပမာဒတရားတို့ဖြင့် လူဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါစေ။
from
မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ ·