Saturday, March 7, 2015

အတုကိုခွါ အစစ်ကိုရှာ


အတုကိုခွါ အစစ်ကိုရှာ

ဣဓ၀ါ- ဤလူ့ပြည်၌လည်းကောင်း၊ ဟုရံဝါ- နဂါးပြည်၊ ဂဠုန်ပြည်၌လည်းကောင်း၊ သဂ္ဂေသုဝါ- နတ်ပြည်တို့၌လည်းကောင်း၊ ယံကိဉ်္စိ- အမှတ်မရှိသော၊ ၀ိတ္တံ- နှစ်သက်အပ်သော၊ ပဏီတံ- တောင့်တအပ်သော၊ ယံ ရတနံ- အကြင်ရတနာသည်၊ အတ်္ထိ- ရှိ၏။ တံ ရတနံ- ထိုရတနာတို့တွင်၊ တထာဂတေန- မြတ်စွာဘုရားနှင့်၊ သမံ- တူသောရတနာသည်၊ နနောအတ်္ထိ- မရှိသည် သာလျှင်တည်း၊ ဤသို့ ရတနာအစစ် ဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော် ရိုသေစွာရှိခိုးပါ၏။

ခုတလောသတင်းတွေထဲမှာ အတုတွေအကြောင်းကို တော်တော်ကြားနေရတာနဲ့ အတုတွေ အကြောင်းကို ဟိုမရောက် ဒီမရောက် ရေးချင်စိတ်တွေ ပေါ်နေခဲ့ပါတယ်။ အတုဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ငယ်ငယ်တုန်းက မေမေဟင်းချက် တာကိုကြည့်ပြီး ဘာတွေလဲ မေးကြည့်တော့ အသားတုတွေဖြစ်နေတယ်။ အစားအစာဆိုတာလည်း အတုရှိနေတာပါပဲ။

အဖွားကလည်း အသားတုတွေကို သွားတုတွေနဲ့ဝါးနေပြန်ပါတယ်။ စားမကောင်းမှန်းသိပါတယ်။ ဒါပေမယ့် အဖွားမျက်နှာပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ အပြုံးတစ်ခုကို မြင်ခဲ့တယ်။ အပြုံးတုကြီးများဖြစ်နေရောလားလို့ ခုနေအခါတွေးကြည့်မိပါ တယ်။ ဒီလိုနဲ့ပဲ အတုတွေကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တော့ ဆယ်စုနှစ် နှစ်ခု တောင်ကျော်နေခဲ့ပါပြီ။

လူတွေအားလုံး အတုနဲ့အစစ် ဘယ်ဟာကိုကြိုက်လဲမေးရင် အစစ်ကိုပဲကြိုက်တယ် ပြောကြမှာပါ။ မဟုတ်ဘူး။ သူတို့ညာနေကြတာ။ သူတို့တွေ အတုကိုကြိုက်တာများတယ်။ ကျွန်တော်သိတယ်။ အတုရှိမှလည်း အဆင်ပြေမယ်ထင်နေကြတယ်လ။ တစ်ချို့နေရာတွေမှာတော့ အတုတွေ တစ်ကယ်အသုံးဝင်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အတုဆိုတာ မကောင်းတာတွေပါ။

ကွန်ပျုတာမှာ မှတ်ဉာဏ်တုဆိုတာက အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် အခုတစ်လော ကြားနေရသလို နို့မှုန့်အတုတွေ၊ ဆေးတုတွေ၊ အပြုံးတုတွေဆိုတာကတော့ မကောင်းဘူးဆိုတဲ့ အထဲမှာ သူတို့တွေပါပါတယ်။ မကောင်းတာတွေကိုမှ လုပ်တတ်တဲ့သူတွေကလည်း လူတွေ အပေါ်မှာ အကြင်နာတရားမရှိတဲ့ စိတ်ထားအတုပိုင်ရှင်တွေ၊ နှလုံးသားအတု ပိုင်ရှင်တွေပဲ ဖြစ်နေမလားလို့ မရေးမရာဆက်တွေးနေလိုက်ပြန်ပါတယ်။

တစ်ခါတုန်းက ရှမ်းအဖိုးကြီး တစ်ယောက် မန္တလေးမြို့ကြီးမှာ ဈေးလာဝယ်ရင်းနဲ့ အုန်းသီးဆိုင် တစ်ဆိုင်ကို ရောက်လာတယ်။ ဒါနဲ့ သူကဆိုင်မှာရှိတဲ့ အရာကိုလက်ညိုးထိုးပြီး ဒါက ဘာကြီးလဲ၊ ဘာလုပ်လို့ရတာကြီးလဲဆိုပြီးမေးပါတော့တယ်။ တစ်ကယ်တော့ သူမေးတာက အုန်သီးကြီးပါ။ ဆိုင်ရှင်ကလည်း အုန်းသီးဖြစ်ကြောင်းနဲ့ ဒီလိုအသီးမျိုးဆိုတာက တော်ဝင်နန်းသုံး မင်းမျိုးတွေသာ စားသုံးကြောင်း အစစ်ထည့်ပြောလိုက်သတဲ့။

သူလည်းဘာမသိညာမသိ ဒီအသီးကြီးကို ၀ယ်သွားပြီး အိမ်ရောက်တော့ ခွဲစားလိုက်ပါတယ်။ နောက်တစ်ကြိမ် ဈေးကိုသူလာတဲ့အခါမှာတော့ အုန်းသီးဝယ်ခဲ့တဲ့ဆိုင်ကိုသွားပြီး မင်းတို့အသီး ကလည်းကွာ မင်းသုံးဆောင်တဲ့ဟာမိုလို့သာ ၀ယ်စားရတယ်။ အရသာကတော့ ဖန်းတွတွပဲ လို့ဆိုလိုက်ပါတယ်။ဟုတ်တယ်လေ။ သူစားပုံကလည်း သာမာန်အသီးတွေစားသလိုပဲ အစေ့ကို လွှင့်ပစ်ပြီး အခွံကိုစားလိုက်တာကိုး။ အုန်းသီးမှာက အခွံကိုလွှင့်ပစ်ပြီး အစေ့ကိုခွဲစားရတာ ရှမ်းကြီးမသိလိုက်ဘူး။ ဒါကြောင့် သူဖန်တွတွကြီးလို့ ပြောလိုက်တာပါ။

ခုလည်းဒီလိုပဲ လူတွေအများစုက အနောက်တိုင်းကို အတုခိုးကြပါတယ်တဲ့။ သူတို့လုပ်နေပုံက သူတို့ဘယ်လိုဝတ်တယ်။ သူတို့တီးသလို လိုက်တီးတယ်။ သူတို့ဆိုသလို လိုက်ဆိုတယ်။ ဒီလိုလုပ်ရတာ ခေတ်မီတယ်၊ ခေတ်ဆန်တယ် ထင်နေကြတယ်။ သူတို့ ဘာတွေစားတယ်။ သူတို့ဘယ်လို နားတယ်ဆိုတာတွေကို လိုက်ပြီးအတုယူနေကြတယ်။

တို့တွေအတုမယူတာ၊ လိုက်မလုပ်တာတွေက သူတို့တတ်တဲ့ပညာတွေ၊ နည်းပညာတွေ၊ သုတေသနလုပ်ပုံတွေ၊ ကြိုးစား ပုံတွေ၊ နောက်ဆုံးယာဉ်စည်းကမ်းလိုက်နာတာ၊ လမ်းဘေး အမှိုက်ချတာကအစ သူတို့တွေဆီက သပ်သပ်ရပ်ရပ်နဲ့ စည်းကမ်းရှိတယ်။ လိုက်ပြီးအတု ခိုးသင့်တာတွေကျတော့ ခုနက နုံလိုက်အလိုက်တဲ့ ရှမ်းအဖိုးကြီးလိုပဲ အနှစ်ကို လွှင့်ပစ်ပြီး အကာတွေကို ယူနေကြတော့လည်း တို့တွေ မြင်နေ၊ ကြားနေရသမျှတွေက ဖန်းတွတွတွေ ဖြစ်နေတာ မဆန်းတော့သလိုပဲ။

အစစ်မဟုတ်သေးရင် အတုလိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတယ်။ ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်မယ်။ ဒါကိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့။ (ဓမ္မဒူတ အရှင်ဆေကိန္ဒ) တစ်ခုသော နံနက်ခင်းလေးမှာ ဒုန်းစိုင်းပြေးလာတဲ့ မြင်းတစ်ကောင်နဲ့ မရပ်မနားသွားနေတဲ့ ပက်ကျိတစ်ကောင်တို့ လမ်းမှာ အမှတ်မထင် ဆုံခဲ့ကြပါတယ်။ အပြေးသန်လှတဲ့ မြင်းကမာနကြီး တစ်ခွဲသားနဲ့ ဟေ့ ပက်ကျိ၊ ငါလိုအပြေးသန်တဲ့သူပြေးတဲ့ လမ်းမှာ မင်းဘာလာရှုပ်တာလဲပေါ့။

ရန်လိုတဲ့စကားနဲ့ စလိုက်တယ်။ ပက်ကျိကလည်း အားကျမခံ မင်းဘယ်လောက်များ အပြေး သန်နေလို့လဲ။ ငါလိုပက်ကျိနဲပရော အပြေးပြိုင်ဝံ့လို့လားလို့ မကြောက်မရွံ့ စိန်ခေါ်လိုက်ပါတယ်။ မြင်းကလည်း ဒီလိုမလောက်လေး မလောက်စားက စိန်ခေါ်ရမလားဆိုပြီး လောင်းကြေးအနေနဲ့ အသက်ချင်းထပ်လိုက်မယ်ပေါ့။ ရှုံးတဲ့သူရဲ့ အသားကိုစားကြေးပေါ့။ ဒီလိုနဲ့ သူတို့ချိန်းမဲ့နေကို အတိအကျသတ်မှတ်လိုက်ကြပါတယ်။

ပြိုင်ပွဲမှာစည်းကမ်းအနေနဲ့က တစ်ဦးကတစ်ဦးကို ကျော်နိုင်မှနိုင်တယ်လို့ပြောရမှာပါ။ အဲ့ဒိနောက် သူတို့ပြိုင်ပွဲကို စတင်ပါတော့တယ်။ မြင်ကတစ်ဖာလုံလောက်ပြေးပြီးတိုင်း ပက်ကျိရေလို့ ခေါ်ခေါ်ကြည့်တယ်။ ခေါ်ကြည့်တိုင်းလည်း ပက်ကျိက ငါပြေးနေတုန်းဟေ့လို့ ပြန်ပြန်ပြောသတဲ့။ တစ်ကယ်တော့ ပက်ကျိက အပြေးမပြိုင်ခင်ကတည်းက သူ့အပေါင်းဖော်တွေကို သူခေါ်ပြီးတော့ ကြိုတင်မှားထားသတဲ့။

တစ်ဖာလုံရောက်တိုင်း မြင်းကအော်ခေါ်တဲ့အခါ မင်းတို့က ပြေးနေတုန်းပဲလို့ပြော ဆိုတာကို တိုင်ပင်ထားကြတာပါ။ ဒါကို ဘာမှမသိတဲ့ မြင်းခမျာမှာ အော် ပက်ကျိက တော်တော်အပြေးသန်တဲ့ ကောင်ပဲလို့ သူထင်နေခဲ့တယ်လေ။ ဒီလောက်တောင် နုံရ၊ အရ သလားလို့ စိတ်ထဲက အပြစ်တင်နေမိပါတယ်။ တစ်ဖာလုံရောက်တိုင်း အော်ခေါ်လိုက်၊ ပက်ကျိက ထူးလိုက်နဲ့ မြင်းကြီးမှာ ပက်ကျိကိုကျော်အောင်ပြေးရင်ပဲ လမ်းခုလပ်မှာ အမောဆို့ပြီး သေပွဲဝင် ခဲ့ရှာပါတယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး အတုတွေကို အစစ်ထင်ပြီး ဖက်တွယ်နေမိတဲ့ ကိုယ့်အဖြစ်နဲ့ နှိုင်းယှဉ် နေမိတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်က ကလာပ်စည်းတွေဟာ မရပ်မနားကို ပျက်စီးနေတာပါ။ ဆဲလ်ဟောင်းတွေပျက်နေသလို ဆဲလ်သစ်တွေဟာလည်း ဖြစ်နေတာပါပဲ။ အဲ့ဒီဖြစ်နေပျက်နေတဲ့ အစဉ်(သန္တတိ)ကို တစ်ကယ်ရှိနေတည်နေတဲ့ အစုအဝေးခန္ဓာ ကိုယ်လို့ ကျွန်တော်တို့ကထင်တယ်။ ငါပဲ၊ ငါ့ခန္ဓာပဲလို့ထင်တယ်။ ကလာပ်စည်းတွေရဲ့ဖြစ်ပျက်နှုန်းဟာ မြန်လွန်းတဲ့အတွက် သာမာန်အမြင်နဲ့ မမြင်နိုင်ဘူး။

စောစောက ကလာပ်စည်းဆဲလ်တွေဟာ ခုကလာပ်စည်းဆဲလ်တွေ မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ခဲ့ဘူး။ ခုနကခန္ဓာကိုယ်ဟာ၊ ခုခန္ဓာကိုယ်မဟုတ်ဘူးဆိုတာကို မသိခဲ့ဘူး။ သူပဲ၊ ငါပဲ၊ ယောက်ျား၊ မိန်းမပဲ စသဖြင့် ထင်နေကြတယ်။ ဟုတ်တယ်။ ခုနကမြင်းလိုပဲ တစ်ဖာလုံရောက်တိုင်း၊ ရောက်တိုင်း သူအော်ခေါ်လိုက်တဲ့အခါ ထူးလိုက်တဲ့ ပက်ကျိဟာ ကျန်ခဲ့တဲ့ တစ်ဖာလုံးက ပက်ကျိမဟုတ်ဘူးဆိုတာကို သူမသိခဲ့ဘူး။ နောင်တစ်ဖာလုံက ပက်ကျိဟာ အယောင်ဆောင် ပက်ကျိ၊ ပက်ကျိအတုဆိုတာကို သူမသိဘူး။

အရင်တုန်းကတော့ ဒါကိုကျွန်တော် အပြစ်တင်ခဲ့မိပါသေးတယ်။ ဒီလောက်တောင် နုံရ၊ အရ သလားပေါ့။ ခုတော့ အပြစ်မတင်ရက်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် ကိုယ်တိုင်က အ.ရုံမက၊ မိုက်မဲနေတာတွေကြောင့်ပါပဲ။ ငါဟာ ငါမဟုတ်ပါလား။ ငါဆိုတာ မရှိပါလား ဆိုတာကို ခုအထိမသိသေးပါဘူး။ ငါ ပြီးရင်း ငါ ရင်းက ငါစွဲတန်းလန်းနဲ့ သံသရာမှာ ပြေးနေရဦးမဲ့ အဖြစ်နဲ့၊ ပြေးရင်နဲ့ အမောဆို့သေရတဲ့ မြင်းရဲ့အဖြစ်တွေကို ချိန်ထိုးကြည့်နေမိပါတယ်။

လောကမှာ အတုဆိုတာလည်း ရှိပါတယ်။ အစစ်ဆိုတာလည်း ရှိပါတယ်။ အတုတွေ၊ အစစ်တွေခဏထားလို့ အတုဆိုတာ ကို အတုမှန်းသိဖို့ အရေးကြီးသလို၊ အစစ်ဆိုတာကိုလည်း အစစ်မှန်းသိဖို့ အရေးကြီးပါတယ်။ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ ကလည်းအရေးကြီးပါတယ်။ ကိုယ်စိတ်ကထင်ချင်တာထင်ပြီး အတုကို အစစ်ထင်၊ အစစ်ကို အတုထင်နေတတ် တာကိုလည်းသတိပြု သင့်တယ်။


ပြောရင်းဆိုရင်း ကျွန်တော်နားထဲမှာ အတုယူကြပါ၊ အတုယူကြပါလို့ အမြဲပြောတဲ့ အလယ် တန်းတုန်းက သင်္ချာဆရာကြီးရဲ့ အသံကို ရုတ်တရက်ကြားလိုက်သလိုပဲ။အားလုံးသော သတ္တ၀ါတွေ ဘေးကင်းရန်ကွာ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။ဆရာကြီးနန္ဒာသိန်းဇံ၏ ဆောင်းပါး များကို မှီငြမ်းပါသည်။ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်း ၀ပ်ဆိုက်မှ ကူးယူပါသည်။

သော်ဇင် (စိန်ပန်း)

Friday, March 6, 2015

ရဟန်းရဲ့ တန်ဖိုး


ရဟန်းရဲ့ တန်ဖိုး

 ပုထုဇဉ်ရဟန်းလေးတပါး ကိုရင်လေး တစ်ပါး ဆိုရင် တချို့သောသူများက အထင်သေး တတ်ကြပါ တယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံရှိသေးတာပဲ.. တရားမှ မဟောပြောနိုင်သေးတာ..ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီး...တန်ဖိုးမထားတတ်ကြပါဘူး။ တကယ်တော့  ဒီကိုရင်လေး..ရဟန်းတော်လေး ဘ၀ကနေပဲ..သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။

ဒီကိုရင် ရဟန်းလေးများဟာလည်း.. သာသနာအဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့ အဆက်အနွယ်ကို ထိန်းထားတယ် ဆိုတာ ဓမ္မအစစ်တွေကို သင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ..အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမား ဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြလိုက်ပါတယ်.

အိမ်နေသူ လူပုဂ္ဂိုလ်တစ်ယောက်ဟာ အရိယာအဆင့် သောတပန် သကဒါကမ် မပြောနဲ့ အနာဂါမ်ထိပဲဖြစ်နေပါစေ..ဒီကိုရင်အသစ်ကလေး..ရဟန်းအသစ်ကလေးတွေကို ရှိခိုးရပါတယ်။ သောတပန်အဆင့်ကိုတောင် မဖြစ်သေးတဲ့သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ ပါဘူး။ လူပုဂ္ဂိုလ်ဘ၀မှာ ဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကို ရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။

ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ..
  1. ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း
  2. ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
    ဒီနှစ်ချက်ကို ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။ ဒီလိုအသွင် အပြင် ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက်သွားပါတယ်။ ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော် မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေချင်တာဟာ.. ဒီလို အသွင်အပြင်ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓအလိုတော်မှာတည်နေတဲ့သူကို မတည်နိုင်သေးတဲ့သူက ရှိခိုးရပါတယ် တန်ဖိုးထား ရပါတယ်ဆိုတာ သဘာဝကျပါတယ်။

  1. ထိုပုထုဇဉ်ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင် အားဖြင့် တူခြင်း (အတူတတန်းထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူဘုန်းပေးနိုင်ခြင်း)
  2. မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေရင်သော်လည်းကောင်း၊ အစည်းအဝေး လုပ်နေရင်သော်လည်းကောင်း ပုထုဇဉ် ရဟန်းလေး ဖြစ်နေပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်)

  1. ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး)
  2. လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလ သိက္ခာပုဒ်များကို စောင့်ထိန်းထားရခြင်း။
  3. ပုထုဇဉ်ရဟန်းလေးပဲဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သမုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေး အာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။

ဒါက သီတဂူဆရာတော်ဘုရားကြီးတရားတော်ထဲက..ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်းတို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။ ဆရာတော်ဘုရားကြီးကတော့ အချိန်ကိုငှဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ်ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။ အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။ အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ်ဆယ် အားသာချက်တွေကို ဖော်ပြလိုက် ပါတယ်။

  1. တရားဘာဝနာ၌ မွေ့လျော်ခြင်း
  2. တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း
  3. ဆွမ်းခံခြင်း
  4. ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း
  5. စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း
  6. ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း
  7. အချမ်းအပူစသည်ကို သည်းခံခြင်း
  8. ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း
  9. တစ်ပါးတည်း တရားကျင့်ခြင်း
  10. တစ်ပါးတည်း မွေ့လျော်ခြင်း
  11. တစ်ပါးတည်း ကိန်းအောင်းခြင်း
  12. မကောင်းမှုမှ ရှက်ခြင်း
  13. မကောင်းမှုကို ကြောက်ခြင်း
  14. ကောင်းမှုကို ပြုစုအားထုတ်ခြင်း
  15. ကုသိုလ်ကောင်းမှု ၌ မမေ့မလျော့ မပေါ့ဆခြင်း
  16. သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း
  17. ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း
  18. အဋ္ဌကထာကို သင်ယူခြင်း
  19. သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း
  20. တပ်မက်မောမှု ကင်းလွတ်ခြင်း
    စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)

ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာကြီးများဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုး ထားရခြင်း ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာ အကျင့် မကျင့်သေးနိုင်တဲ့သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လူချမ်းသာကြီးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေဖြစ်နေ.. ဘယ်သူမဆို...ရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ်ဆိုတာ သိသာထင်ရှားသွားပါပြီ။

သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား....ခင်ဗျား...
သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ............

သီတဂူစတား

Thursday, March 5, 2015

ဓမ္မခရီးသွားလုပ်ငန်း ကမ္ဘာလှည့်များကိုဆွဲဆောင်

ဓမ္မခရီးသွားလုပ်ငန်း ကမ္ဘာလှည့်များကိုဆွဲဆောင် 

အရုဏ်မတက်မီ နှိုးစက်သံ များနှင့်အတူ ငြိမ်သက်ဆာလောင် သော နေ့ရက်များသည် အားလပ် ရက်တစ်ရက်တွင် ပြုလုပ်လိုသည့် လူတိုင်း၏စိတ်ကူးမဖြစ်နိုင်ပေ။ သို့ သော်လည်း စိတ်အာဟာရကို ရှာ ဖွေရယူလိုသော ကမ္ဘာလှည့်ခရီး သည်များအတွက် ဗုဒ္ဓဟောကြား သော နိဗ္ဗာန်သို့ သွားရာလမ်းတွင် မြန်မာဘုန်းကြီးကျောင်းများက အကူအညီပေးလျက်ရှိသည်။

စိတ်၏ငြိမ်းချမ်းမှုကို ရှာ ဖွေခြင်းက အားလပ်ရက်များကို ပျော်ရွှင်မှုသာ ပဓာနဆိုသည့် ခံယူ ချက်ဖြင့် ချဉ်းကပ်နေသောသူများ ကို ဆွဲဆောင်ရန်မဖြစ်နိုင်ပေ။ အ ရက်ကမ်းခြေနှင့် ဘီကီနီတို့အား လုံးဝ အပြင်မှာသာရှိနေရသည်။

''စစချင်းမှာ နည်းနည်း တော့ အုတ်နံရံတစ်ခုကို ဝင်တိုးရ သလိုမျိုး အကျပ်တွေ့မှာပဲ၊ ခင် ဗျားသိတဲ့အတိုင်း ခင်ဗျားဟာ ခင်ဗျားရဲ့ ပြင်းထန်တဲ့ပြဿနာ တွေကို သက်သောင့်သက်သာဖြစ် အောင်လုပ်နေတာ ခင်ဗျားရဲ့စိတ် ကို အေးချမ်းအောင်လုပ်နေတာ ပါ'' ဟု ဗြိတိသျှပန်းချီသမိုင်းပညာ ရှင် ရူးပတ်အဲရိုးစမစ်က ပြော ကြားခဲ့သည်။

ရန်ကုန်အနီး ကျေးလက်ရှိ တရားကျင့်ရန်နှင့် အိပ်စက်ရန် အခန်းများရှိသော ငြိမ်းချမ်းသည့် ပရိဝုဏ်တစ်ခုဖြစ်သော ချမ်းမြေ့ ရိပ်သာဘုန်းကြီးကျောင်းတွင် ရူး ပတ်အဲရိုးစမစ်က ဝစီပိတ်၄၅ရက် နေခဲ့သည်။ ကျောင်းက အကျင့် ခြိုးခြံမှုနှင့် စည်းကမ်းနာမည်ကြီး သည်။

နံနက်၃နာရီခွဲတွင် အိပ် ရာမှထ၍ နေ့တစ်နေ့၏ အချိန် အများစုကို ထိုင်လျက်နှင့် လမ်း လျှောက်လျက် တရားရှုမှတ်ရင်း ကုန်ဆုံးစေခဲ့သည်။ ရံဖန်ရံခါ ကောင်းမွန်သောဟင်းလျာများ ပါသော အစားအစာကို မွန်းမ တည့်မီ စားသုံးကြရသည်။ ချမ်း မြေ့ရိပ်သာတွင် နောက်ဆုံးစား သောက်ရချိန်မှာ နံနက်၁ဝနာရီ ခွဲဖြစ်သည်။ လေးနက်သည့်သ ဘောထားရှိရန် ဘုန်းကြီးကျောင်း တစ်ခုသို့ ဝင်လာသူများကို

အဲရိုး စမစ်က တိုက်တွန်းခဲ့သည်။ ''ဒါ က ဒစ္စနေလဲန်းမဟုတ်ပါဘူး''ဟု ၎င်းကဆိုသည်။ ဘုန်းကြီးကျောင်း သို့ သူ၏ဒုတိယအကြိမ်ရောက် ရှိခဲ့သည့်အတွေ့အကြုံမှာ ထိုက် တန်မှုရှိသည်ဟုလည်း ၎င်းကပြော ကြားခဲ့သည်။

''ကိုယ့်ရဲ့စိတ်တွေက ဘာ တွေလုပ်ဆောင်နေသလဲဆိုတာကို သိချင်နေတဲ့သူတွေအတွက် ဒါက မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော် ဆိုလိုတာက ဒါဟာ အနောက် တိုင်းကလူတွေအတွက် အဓိက အချက်ဖြစ်နိုင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

''ကိုယ့်ကိုယ်ကိုယ်နားလည် တဲ့အကြောင်း ပြောတဲ့လူတွေ ခင် ဗျား သိပါတယ်။ သူတို့အနေနဲ့ မြန်မာပြည်ကိုလာပြီး ဝိပဿနာ တရားရှုမှတ်မှုလုပ်ဖို့ အမှန်တ ကယ်လိုအပ်ပါတယ်''ဟုလည်း အဲ ရိုးစမစ်က ပြောကြားခဲ့သည်။

ဘုန်းကြီးကျောင်းထောင် ပေါင်းများစွာရှိနေသော ဘာသာ တရားကိုင်းရှိုင်းမှုရှိသည်ဟု ဒေသ တွင်း၌ ဂုဏ်သတင်းကျော်ကြား သော မြန်မာနိုင်ငံအနေဖြင့် ဗုဒ္ဓ၏တရားဓမ္မကိုစိတ်ဝင်စားသော ကမ္ဘာလှည့်ခရီးသည်များကို ဆွဲ ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့် ထားသည်။


အေးချမ်းမွန် facebook မှ

Wednesday, March 4, 2015

ပြုခြင်း၊ ပြင်ခြင်း၊ ပြောင်းခြင်း


ပြုခြင်း၊ ပြင်ခြင်း၊ ပြောင်းခြင်း

ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ သင်္ခါရကတော့ အစဉ် ထာဝရမရှိ။ သူ့သဘာဝအတိုင်း ပြောင်း၍ ပြောင်း၍သာနေမည်။ ပြုလျှင်၊ ပြင်လျှင် အပြောင်းက ကောင်းသည်။ တည့်၍ သွားသည်။ မပြုလျှင် မပြင်လျှင် အပြောင်းက မကောင်း

စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ အခါမလပ် ပြောင်း၍ ပြောင်း၍ နေသည်။ နွေမိုး ဆောင်းဥတုသုံးပါး စဉ်ဆက်မပြတ်ပြောင်း၍ပြောင်း၍နေ သည်။ သစ်ပင်ပန်းမန်တို့လည်း ရွက်ဟောင်းတွေကြွေ၊ ရွက်သစ်တွေ ဝေကာ ပြောင်း၍ ပြောင်း၍နေသည်။ သံသရာမှာ ခန္ဓာတွေ အဖန်ဖန် အခါ ခါ ပြောင်း၍ပြောင်း၍ လာခဲ့သည်။ သက်ရှိသက်မဲ့ အရာခပ်သိမ်း ရပ်နေသည်မရှိ၊ တည်နေသည်မရှိ၊ တန့်နေသည်မရှိ၊ ဖြစ်ပျက်၍နေသည်၊ ပြောင်းလဲ၍နေသည်။ ရွေ့လျား၍နေသည်။ ယင်းသည်ပင် အနိစ္စ၊ ယင်းသည်ပင် ဒုက္ခ၊ ယင်းသည်ပင် အနတ္တ။

သံသရာမှာ ခန္ဓာတွေအကြိမ်ကြိမ် ပြောင်းခဲ့လေပြီ။ မဟာပထ၀ီ မြေတစ်ပြင်လုံး ကိုယ့်အလောင်း မသာ မမြှုပ်နှံဖူးသည့်နေရာအလွတ် မရှိတော့။ စင်စစ်မှာတော့ မဟာပထ၀ီမြေ တစ်ပြင်လုံးဟာ မိမိ၏သုဿန်သာ။ ထိုသို့ ထိုသို့ သံသရာမှာ ခန္ဓာတွေ အလီလီပြောင်းခဲ့လေရဲ့။ လူဖြစ်သည့် အခါဖြစ်၊ နတ်ဖြစ်သည့်အခါ ဖြစ်၊ ငရဲသားဖြစ်သည့် အခါဖြစ်၊ တိရစ္ဆာန်ဖြစ်သည့် အခါဖြစ်၊ ပြိတ္တာ ဖြစ်သည့်အခါဖြစ်၊ ဘယ်ဟာအတည်မမြဲ၊ ဖောက်လွဲဖောက်ပြန် အကြောင်းကတော့ မိမိတို့ပြုခဲ့သည့်ကံ။

မြင်မြင်သမျှ သင်္ခါရ၊ ပြုလျှင်လည်း ပြောင်းမည်၊ မပြုလျှင်လည်း ပြောင်းမည်၊ ပြင်လျှင်လည်း ပြောင်းမည်၊ မပြင်လျှင်လည်း ပြောင်းမည်၊ ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ သင်္ခါရကတော့ အစဉ်ထာဝရမရှိ။ သူ့သဘာဝအတိုင်း ပြောင်း၍ ပြောင်း၍သာ နေမည်။ ပြုလျှင်၊ ပြင်လျှင် အပြောင်းက ကောင်းသည်။ တည့်၍ သွားသည်။ မပြုလျှင် မပြင်လျှင် အပြောင်းကမကောင်း၊ ထူးမခြားနား၊ မတည့်ဘဲ လွဲချော်၍သွား။

သဗ္ဗေ သင်္ခါရာ အနိစ္စာ - သင်္ခါရဟူသမျှ အနိစ္စ။ အနိစ္စဆိုတာ သင်္ခါရ။ ရုပ်ဓမ္မ နာမ်ဓမ္မအားလုံး အနိစ္စ။ ရုပ်တရားဟူသမျှပြောင်း၍ နေသည်။ ရွေ့၍နေသည်။ နာမ် တရားဟူသမျှ ပြောင်း၍နေသည်။ ရွေ့၍နေသည်။ ငြိမ်နေသည် မရှိ။ ရပ်နေသည်မရှိ။ လှည့်၍နေသည်။ လည်၍နေသည်။ ပတ်၍နေသည်။

သဗ္ဗေသင်္ခါရ အနိစ္စာဟုဆိုသဖြင့် အများစုက သင်္ခါရကိုအနိစ္စအဖြစ်သာ မြင်ကြသည်။ သင်္ခါရသည် ပျက်စီးတတ်၏။ သင်္ခါရသည် ပျက်စီးခြင်းဖြစ်၏။ သင်္ခါရနှင့် အပျက် သဘော၊ အပျက်သဘောနှင့် သင်္ခါရ  ထပ်တူထပ်မျှ ရှုမြင်ကြသည်။ သင်္ခါရဟုဆိုလျှင် မျက်စိထဲ၌ပျက်စီးနေတာ တွေ၊ အပျက်အစီးတွေ၊ အပျက်သဘောတွေကိုပဲ မြင်ယောင်ကြသည်။အမှန်က သင်္ခါရသဘောသည် ထိုသို့ မဟုတ်။

‘သမ္မာ ကရောတီတိ သင်္ခါရော’ ဟူသော ကတ္တုသာဓ်ဝိဂြိုဟ်အရ ပြု တတ်သောသင်္ခါရက တစ်မျိုး ရှိသည်။  ‘သမ္မာကရီယ တေတိ သင်္ခါရော’ ဟူ သော ကမ္မသာဓ်ဝိဂြိုဟ်အရ အပြုခံ သင်္ခါရက တစ်မျိုးရှိသည်။ သင်္ခါရ သည် ပြုတတ်သော သင်္ခါရရှိသည်။ အပြုခံရသော သင်္ခါရဟူသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ဥာဏ်၊ ၀ီရိယ ဟူ၍ ခြောက်ပါးရှိသည်။ အပြုခံ သင်္ခါရဟူသည် သည်ရုပ်၊ သည်နာမ် သည်ခန္ဓာ၊ သည်ဘ၀၊ သည်ရာထူး၊ သည်ဥစ္စာ၊ ပိုင်ဆိုင်မှုမှန်သမျှနှင့် စည်းကမ်း သတ်မှတ်ချက်တွေ၊ မူတွေ၊ ဘောင်တွေ၊ ပညတ်ချက်ဥပဒေ တွေ၊ ပတ်ဝန်းကျင် ရေမြေသဘာဝ စသည် စသည် သက်ရှိသက်မဲ့ အားလုံးပါဝင်သည်။

ပြုတတ်သော သင်္ခါရသည်လည်း အနိစ္စ-အမြဲမရှိ။ အတည်တကျမရှိ။ ထာဝရမရှိ၊ တဒင်္ဂ တခဏ မျှနှင့် ရွေ့နေသည်။ ပြောင်းနေသည်။ အပြုခံ သင်္ခါရကလည်း အနိစ္စ-အမြဲမရှိ။ အတည်တကျမရှိ၊ ထာဝရမရှိ၊ တဒင်္ဂ  တစ်ခဏမျှနှင့်ရွေ့နေသည်။ ပြောင်းနေသည်။ သင်္ခါရဟူသမျှ အနိစ္စဟု ဆိုသဖြင့်သည်အတိုင်း ထား၍တော့ မရ။ ပစ်ထား၍တော့မရ။ ပြုစရာရှိ သည်ကိုပြုနေရမည်။ ပြင်စရာ ရှိသည်ကို ပြင်နေရမည်။ သင်္ခါရဟူသည် ပြုပြင်မှုကို တောင်းဆိုနေသည်။  ပြုပြင်မှုကို ငံ့လင့်နေသည်။ ပြုတတ်သည့်သင်္ခါရကိုလည်း ပြုနေ၊ ပြင်နေ ရမည်။ အပြုခံသင်္ခါရကိုလည်း ပြုနေ၊ ပြင်နေရမည်။ ပြုခြင်းနှင့် ပြင်ခြင်းသည် ဘ၀ပေး တာဝန်ဖြစ်သည်။ ပြုနေသူတို့ ရှေ့ရောက်သည်။ ပြင်နေသူတို့ ထွန်းပေါက်သည်။

သင်္ခါရဟူသည် ဂရုစိုက်မှုကို လိုလားသည်။ လူ၏သဘာဝကလည်း သူ့ကိုဂရုစိုက်မှ ကြိုက်သည်။ သူ့ကိုဂရုစိုက်တာကို ခံချင်သည်။ လူ ရိုသေ၊ ရှင်ရိုသေဟူသောစကားသည် လူ၏ဂရုစိုက်မှုအပေါ် လိုလားမှုကို ပြဆိုသောသက်သေ သာဓက ဝေါဟာရ ဖြစ်သည်။ ဘုရားကလည်း အည မညဂါရ၀ - အချင်းချင်း ဂရုစိုက်ကြဖို့၊ ပဋိသန္တာရဂါရ၀ - ကူးလူးဆက် ဆံရာမှာ လေးလေးစားစားဆက်ဆံ ကြဖို့ အလေးထားမှာကြားခဲ့သည်။ ဂရုစိုက်ဟူသည် ဂရုဂါရ၀မှလာ သည်။ အလေးထားခြင်း၊ လေးစား ခြင်း၊ ရိုသေခြင်းဟူသောအဓိပ္ပာယ် များသင့်သလိုသိမ်းကျုံးပါဝင်သည်။

လူမှဂရုစိုက်ခံချင်သည်မဟုတ်။ ခွေးလေး၊ ကြောင်လေးကအစ တိရစ္ဆာန်ဟူသမျှလည်း ဂရုစိုက်မှု ခံချင်ကြသည်။ ခွေးလေး၊ ကြောင်လေးတွေ သူတို့ကိုဂရုစိုက်သူဆိုလျှင် သူတို့ကလည်း ပြန်လည်၍ ခင်မင် ရင်းနှီးမှုကို ပြကြသည်။ သူတို့ကို ဂရုမစိုက်သူဆိုလျှင် သူတို့ကလည်း လှည့်တောင်မကြည့်။ မသိသလို၊ မထီသလို ဘာသိဘာသာနေကြသည်။

သက်ရှိတွေမှ ဂရုစိုက်ခံချင်ကြသည်မ ဟုတ်။ သက်မဲ့သစ်ပင်လေးတွေလည်း လူတို့၏ ဂရုစိုက်မှုကို တောင်းဆိုကြသည်။ စိုက်ပျိုးရေးသမားတွေက ပို၍သိမည်။ အနုအရွ အလှအပ ပန်းပင်လေး တွေဆိုလျှင် ပို၍ ဆိုးသည်။ ပိုးသတ်ဆေးဖျန်း၊ မြေ သြဇာကျွေး၊ ရေလောင်းပေးနှင့် တော်တော် ဂရုစိုက်နိုင်မှကို သူတို့ကပွင့်ကြ သီးကြသည်။ နှင်းဆီတို့၊ သစ်ခွတို့ ဆိုလျှင် ကလေးငယ် တစ်ယောက် ပြုစုစောင့်ရှောက်သလိုကို ပြုစုစောင့်ရှောက်ရသည်။ တော်တော်ကြီးကို ဂရုစိုက် ရသည်။

မိဘနှင့်သားသမီးတွင် မိဘက ပြုတတ်သော သင်္ခါရ၊ သားသမီးက အပြုခံသင်္ခါရဖြစ်သည်။ မိဘအများ စု သားသမီးကို အလွန်ဂရုစိုက်ကြသည်။ ခြင်တစ်ကောင် မကိုက် အောင်၊ နေတစ်ပြောက်မထိုးအောင်၊  လေစိမ်းတစ်ချက် မတိုက်အောင် အစစအရာရာ ဂရုစိုက်ကြသည်။ ပြုစုစောင့်ရှောက်ကြသည်။ သားသမီးတို့ အတွက် ကျန်းမာရေး၊ ချမ်းသာရေး၊ ရှင်သန်ကြီးထွားရေး၊ အစစအရာရာ အဆင်ပြေရေးအတွက် ပြုသင့်သည် ကိုပြု၊ ပြင်သင့်သည်ကို ပြင်၍ ပြုစု စောင့်ရှောက်သည်။

ဥယျာဉ်မှူးသည် သူစိုက်ပျိုးသည့် ပန်းပင်၊ သစ်ပင်လေးတွေကို ဂရုတစိုက်နှင့် ပြုသင့်သည်ကိုပြု၊ ပြင်သင့်သည်ကို ပြင်ပေး၍ ပြုစု သည်။ စောင့်ရှောက်သည်၊ ဆရာ သမားသည် တပည့်တို့ကိုပြုသင့် သည်ကိုပြု၊ ပြင်သင့်သည်ကို ပြင်ပေး၍ ပြုစုစောင့်ရှောက်သည်။ အခြား အခြားသူများလည်း ကိုယ်တာဝန်ယူ ထား၊ ကိုယ်တာဝန်ခံထားသော အရာဟူသမျှ အလုပ်ဟူသမျှ ပြုသင့်သည် ကို ပြုရ၊ ပြင်သင့်သည်ကို ပြင်ပေး၍ ဂရုစိုက်ရမည်။

လယ်စိုက်သူသည် လယ်ကိုပြုသူဖြစ်သည်။ ယာစိုက်သူသည် ယာကိုပြုသူဖြစ်သည်။ ၀န်ထမ်းက ဆိုင်ရာတာဝန်ကိုပြုသူဖြစ်သည်။ စီးပွား ရေးသမားက စီးပွားရေးကို ပြုသူဖြစ်သည်။ နိုင်ငံရေး သမားက နိုင်ငံကိုပြု သူဖြစ်သည်။ စာရေးဆရာက စာကို ပြုသူဖြစ်သည်။ တေးရေးဆရာက တေးကို ပြုသူဖြစ်သည်။ ပြုဟူသည် ဖျက်ခြင်းမဟုတ်။ ပြုဟူသည် ဖြစ်အောင်လုပ်ခြင်းဖြစ်သည်။ ဖြစ်မြောက်အောင် လုပ်ခြင်းဖြစ်သည်။ ဖြစ်ထွန်းအောင်လုပ်ခြင်းဖြစ်သည်။ ပြုဟူသည်ဖြစ်အောင် လုပ်ခြင်းဖြစ်သည့်အတွက် ကိုယ်ပြုသည့်ကိစ္စသည် ဖြစ်ထွန်းမှ၊ အောင်မြင်မှ၊ ဖြစ် မြောက်မှ၊ အကောင်အထည်ပေါ်မှ၊ ရလဒ်တွေကောင်းမှ၊ ကောင်းကျိုး တွေမြင်ရမှပြုရာရောက်သည် သို့မဟုတ်လျှင် ပြုရာမရောက်ဘဲ ဖျက်ရာ ရောက်တတ်သည်ကို သတိပြုရမည်။

တစ်စုံတစ်ခုပြုကြပြီဆိုလျှင် ကိုယ်ကပြုတတ်မှ၊ ပြုနိုင်မှ၊ ကျွမ်း မှ၊ စွမ်းမှသာပြုသင့်သည်။ ကိုယ်က မပြုတတ်၊ မပြုနိုင်၊ မကျွမ်းဘဲ၊ မစွမ်းဘဲပြုခဲ့လျှင် မျောက်အုန်းသီးရသလို ဘာမှအဓိပ္ပာယ်ရှိမည် မဟုတ်။ ထို့အပြင် ဖြစ်သင့်ဖြစ်ထိုက်တာတွေ ကဖြစ်မလာဘဲပျက်ကုန်တတ်သည်။  ထို့ကြောင့် မိမိက တစ်စုံတစ်ခုတာ ၀န်ယူ၍ပြုတော့မည်ဆိုလျှင် ထိုကိစ္စ နှင့်စပ်၍ မိမိကကျွမ်းမှဖြစ်မည်။ စွမ်း မှဖြစ်မည်။ ကျွမ်းမှ၊ စွမ်းမှသာပြု တတ်မည်၊ ပြုနိုင်မည်။

ဟုတ်တာကိုမလုပ်လျှင် မဟုတ်တာကို လုပ်နေခြင်းဖြစ်သည်။ လုပ်သင့်သည်ကို မလုပ်လျှင် မလုပ်သင့် သည်ကို လုပ်နေခြင်းဖြစ်သည်။ ဤကား တိကျသေချာသော အချက်ဖြစ်သည်။ ထို့ကြောင့် မိမိတို့သည် ဟုတ်တာကိုလုပ်နေဖို့၊ လုပ်ဖြစ်ဖို့လိုပါသည်။ လုပ်သင့်သည်ကို လုပ်နေဖို့၊ လုပ်ဖြစ်ဖို့ လိုပါသည်။

မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတွင် အတ္တသမ္မာပဏိဓိမင်္ဂလာက အချုပ်ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာထားခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာထားဟူသည် ပြုသင့် သည်ကို ပြုဖို့နှင့် ပြင်သင့်သည်ကို ပြင်ဖို့ဖြစ်သည်။ ရဟန္တာဖြစ်မှသာ ကတံ ကရဏီယံ - ပြုဖွယ်ကိစ္စ ဟူသမျှ ပြု၍ ပြီးလေသည်။ နာပရံ ဣတ္ထတ္ထာယ - အ ခြားတစ်စုံတစ်ရာပြုဖွယ်ကိစ္စမရှိတော့ ခြင်းဖြစ်သည်။ ရဟန္တာဖြစ်မှသာ ပြု ခြင်းကိစ္စ၊ ပြင်ခြင်းကိစ္စဟူသမျှ ပြီးဆုံးသည်။ မိမိကိုယ်၌ ပြန်ကြည့်လိုက်တော့ ပြုသင့်တာတွေကလည်း များစွာပါလား၊ ပြင်သင့်တာတွေက များစွာပါလားဟု တွေ့ရလိမ့်မည်။

မိမိတို့ပြုသင့်သည်ကို မပြုလျှင် ပြင်သင့်သည်ကို မပြင်လျှင် အနာဂတ်ခရီးလမ်းက ဆူးခင်းလမ်းမှ တစ်ပါး အခြားမရှိပြီ။ ပြုသင့်သည်ကိုမပြု၊ ပြင်သင့်သည်ကိုမပြင်ဘဲပြောင်းကြ လျှင်ဖြင့် ဆူးခင်းလမ်းမှာ သွေးရဲရဲ သံရဲရဲဖြင့် လျှောက်ရပေဦးမည်။ ထို့ကြောင့် ပန်းခင်းလမ်းကို လျှောက်နိုင်ဖို့ ပြုသင့်သည်ကို ပြုမှဖြစ်မည်။ ပြင်သင့်သည်ကိုပြင်မှဖြစ်မည်။ ဘ၀ဟူသည် ပြု၍ပြင်၍ပြောင်းမှသာ ကောင်းရာသုဂတိသို့ ရောက်ရှိမည်။

အများစုသည် တစ်ခုခုကိုပြုတော့ ပြုနေကြသည်။ သို့ရာတွင် ပြင်သင့်သည်ကိုမပြင်ဘဲ ပြုကြသည်။ ထိုသို့ ပြင်သင့်သည်ကိုမပြင်ဘဲပြုနေ လျှင် ပြုသမျှကိစ္စအ၀၀သည် ထိရောက်မှုရှိ၊ မရှိ၊ ကောင်းကျိုးသက် ရောက်မှု ရှိနိုင်၊ မရှိနိုင် စဉ်းစားဖို့ တော့လိုပေမည်။ “လူဆိုတာ အသက် လေးဆယ်ကျော်ရင် ယုတ်မာသွားတော့တာပဲ”ဟု ဆိုခဲ့သော ကမ္ဘာကျော်ခွ စာရေးဆရာကြီး ဘားနပ်ရှော့က “စာတစ်မျက်နှာရေးတာထက် အဲဒီစာ တစ်မျက်နှာကို ပြန်ပြင်နေရတာက အချိန် ပိုကြာတယ်။ အချိန်ပိုပေးရတယ်”ဟု ဆိုခဲ့သည်။ စာကောင်းပေကောင်း တစ်ပုဒ်ဖြစ်ဖို့ ပြုခြင်းထက် ပြင်ခြင်းကပို၍ အရေးပါနေသည်။

သို့ဆိုသဖြင့် မဟုတ်လို့ပြင်ခြင်း၊ မှားလို့ပြင်ခြင်း၊ မကြိုက်လို့ပြင်ခြင်း၊ ပျက်လို့ပြင်ခြင်း၊ မကောင်း လို့ပြင် ခြင်းစသည်ဖြင့် နဂိုအရှိပကတိကို ပြင်ခြင်းအပြင် မိမိတို့လက်ရှိပြုနေသည့် အထဲမှာပဲ ပြင်စရာတွေများစွာ ပါနေပါလားဟူသော ကောက်ချက်ကိုတွေ့ ရှိရသည်။ ထို့ကြောင့် နဂိုအမှားတွေ ကိုလည်း ပြင်ရမည်။ ပြုနေတာတွေ ကိုလည်း ပြင်ပြီးတော့ပြုရမည်ဟု ပြင်ခြင်းနှစ်မျိုး တွေ့ရလေသည်။

ဘုရားရဟန္တာအရှင်မြတ်တို့ သည် သူတို့ကိုယ်သူတို့ပြုသင့်သည် ကိုပြု၍ ပြင်သင့်သည်ကိုပြင်၍၊ ပြု ၍၊ ပြင်၍ အဆင့်ဆင့်ပြောင်းလဲခဲ့ကြ သဖြင့် ထိုသို့ ဘုရားရဟန္တာအရှင် မြတ်များဖြစ်ကြရသည်။ ထိုနည်းထုံး ကို အာရုံပြု၍ မိမိတို့အနာဂတ်ရှေ့ ခရီးကိုလည်းပြု၍၊ ပြင်၍၊ ပြောင်း ၍ ခရီးဆက်ကြရပေလိမ့်မည်။


အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Tuesday, March 3, 2015

ကံကို ဉာဏ်ယှဉ် ပြင်ပါစို့


ကံကို ဉာဏ်ယှဉ် ပြင်ပါစို့

ကံနဲ့ စခဲ့တဲ့ တို့ဘဝဘုရားဟောဖော် တရားတော်များကို လေ့လာကြည်ညို မှတ်သားရသောအခါ ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့က ဒီလောကကြီးကို ခြယ်လှယ်နေသည်ဟု သိမြင်သဘောပေါက်ခဲ့ပါတယ်။

ဒီလိုဆိုရင် လောကကြီးအတွင်းမှာ မှီတင်းနေကြတဲ့ ကျွန်ုပ်တို့အားလုံးကိုလည်း လူဖြစ်အောင် ‘ကံတရား’ကပဲ စီရင် ပုံသွင်းပေးခဲ့တယ်လို့ မှတ်ယူမိပါတယ်။ မိမိပြုခဲ့ဖူးတဲ့ ကံအကြောင်းတရား အလိုက်လည်း ချမ်းသာ၊ ဆင်းရဲ၊ ရာထူးနိမ့်မြင့် စသည်ဖြင့် ကွဲပြားနေရခြင်းသာ ဖြစ်ပါတယ်။

‘သဗ္ဗေသတ္တာ ကမ္မဿကာ’ အစလာသော ဒေသနာနဲ့ ‘ကမ္မံ သတ္တေ ဝိဘဇ္ဇတိ’ဟူသော ဒေသနာ ပါဠိတို့က ဒါကို အတိအကျ ညွှန်ပြနေတဲ့ သဘောပေါ့။ ဒါကိုပင် ရှေးလူကြီးသူမတို့ကလည်း ‘ကံသာအမိ ကံသာအဖ’လို့ ဆိုပြီး ဆိုရိုးစကား ထားခဲ့ကြတယ် မဟုတ်လား။

ဆင်းရဲချမ်းသာ ကံကြောင့်သာ

ဆင်းရဲခြင်း ချမ်းသာခြင်းလို့ ကွဲပြားနေမှုရဲ့ အခြေခံကတော့ ကံကြောင့်ပဲဟု ယေဘုယျ မှတ်ယူလို့ ရမယ် ထင်ပါတယ်။ရှေးတုန်းက ပြုခဲ့ဖူးတဲ့ ကောင်းမှုကံ မျိုးစေ့ ရှိခဲ့သူတွေမှာတော့ ကုမ္ပဏီပိုင်, တိုက်ပိုင်, ကားပိုင်အဖြစ်နဲ့ ချမ်းသာလို့ ကျန်းမာလို့ ရာထူးကြီးတွေနဲ့ ကောင်းစား အောင်မြင်နေ ကြသကဲ့သို့၊ တခြား တစ်ဖက်မှာ ရှေးက ပြုခဲ့ဖူးတဲ့ မကောင်းမှုကံ မျိုးစေ့ ရှိခဲ့ကြသူများကြ တော့လည်း ဘာကြံကြံ ဘာလုပ်လုပ် မအောင်မမြင် ဒုက္ခရောက်နေကြတာတွေ မြင်တွေ့ ကြားသိနေရတာဟာ ပတ်ဝန်းကျင်ကတဲ့ သာဓကတွေပဲပေါ့။

ဒီလိုဆိုရင် ကောင်းဆိုးနှစ်တန် ပြုစီမံနိုင်စွမ်းရှိတဲ့ အဲဒီကံကို ဉာဏ်ယှဉ်၍ ပြန်ပြင်ယူရင်ရော မရနိုင်ပေဘူးလားလို့ မေးမြန်း စဉ်းစားစရာ ရှိပါတယ်။ကောင်းကံပြုခဲ့လို့ ကံကောင်းနေကြတာ ဖြစ်သလို ဆိုးကံပြုခဲ့ကြလို့လည်း ကံဆိုးနေကြတာလို့ ပြောမယ်ဆိုလည်း ပြောလို့ ရတာကြောင့် ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ စဉ်းစား ဆင်ခြင် ဉာဏ်ယှဉ်သင့်တယ်ဆိုတာလည်း ထင်ရှားပါတယ်။

အသိက ပလာနတ္ထိ၊ သတိက လုံးဝ မရှိသူတွေမှာ အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုးကို ဉာဏ်နဲ့ ချိန်ထိုး ကြည့်နိုင်စွမ်း မရှိကြလေတော့ ကောင်းတာကိုပဲ မကောင်းထင်ပြီး မပြုချင်ကြ ပြန်ဘူး။မကောင်းတာကိုတော့ အကောင်းလို့ ထင်ပြီး ပြုချင်ကြပြန်တယ်။ဒီတော့ ရလာဒ်က အဆင်မပြေခြင်း၊ ဆင်းရဲခြင်း၊ ကံဆိုးခြင်း စတဲ့ ဒုက္ခတွေကိုသာ ပွေ့ပိုက်နေရတော့တယ်။

တချို့ကတော့ ဘယ်ခါမဆို ဘာကိုပဲ ကြံစည် ပြောဆို လုပ်ကိုင်ပါစေ၊ သတိရှေ့သွားတဲ့ ဆင်ခြင်ဉာဏ်တရားနဲ့ စဉ်းစားပြီးမှ လုပ်ကိုင်တတ်ကြတယ်။မသိသေးရင် သိအောင် မေးလို့၊ မတတ်သေးရင် တတ်အောင် သင်ယူ လေ့လာပြီးမှ လုပ်ကိုင် ဆောင်ရွက်လေ့ရှိကြတယ်။အဲဒီလို လူမျိုးတွေကြတော့ ကံသုံးပါးလုံးတွင် ဉာဏ်ယှဉ်နေတော့ အမှားနည်းပါးတာ တွေ့ရတယ်။ အမှားနည်းပါးလာတာနဲ့အမျှ ကောင်းကျိုးသုခတွေ ပွားများလာတာကိုလည်း တွေ့ရပြန်တယ်။

ကောင်းကံလုပ်မှ ကံကောင်းမယ်

မိဘ ဆရာသမားတွေရဲ့ သွန်သင် ညွှန်ပြ ဆိုဆုံးမမှုကို ရရှိနေကြတဲ့ သားသမီးများနဲ့ တပည့်များမှာ အသိအလိမ္မာနဲ့ သတိတရားများ ရှိတတ်ကြသလို စဉ်းစားမှု ဆင်ခြင်မှုကို လက်ကိုင်ထားတတ်ကြမြဲ ဖြစ်တာကိုလည်း သတိထားမိပြန်ပါတယ်။ဒီတော့ ဒီလိုပုဂ္ဂိုလ်များကျပြန်တော့ ကောင်းသော ကံတွေကို အပြုများကာ ကံကောင်းနေတတ်ကြပါတော့တယ်။

နောက်ပြီးတော့လည်း အသိအလိမ္မာဟာ ဉာဏ်ပညာကြီးခြင်းရဲ့ အခြေခံ အကြောင်းရင်းဖြစ်လို့ မိဘစကား နားထောင်ပြီး ကြိုးစား ပြုမူနေထိုင်သူတို့ဟာ အမှားနည်းမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့သန္တာန်မှာ မိဘက သင်တဲ့ ဘဝနဲ့ဆိုင်ရာ အသိပညာရယ်၊ ကျောင်းတော်က ဆရာတွေ သင်ပေးတဲ့ လောကနဲ့ဆိုင်တဲ့ အတတ်ပညာရယ်က ရှိနေကြပြီမဟုတ်လား။

ဒီတော့ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ဉာဏ်နဲ့ ချိန်ထိုးသွားတတ်ပြီပေါ့။အဲဒီလို အသိဉာဏ်နဲ့ အတတ်ပညာတွေကို သိရင် သိထားတဲ့အတိုင်း၊ တတ်ထားရင် တတ်ထားတဲ့ အတိုင်းသာ လိုက်နာ လေ့ကျင့်မယ်ဆိုရင် အဲဒီသူရဲ့ ကြံစည် ပြောဆို လုပ်ကိုင်မှုတွေဟာ အသိဉာဏ်နဲ့ ယှဉ်ပြီးနေတာကြောင့် အမှားနည်းမှာ အမှန်ပါ။အမှားစင်တော့ စိတ်တွေ ကြည်လင်ကာ ကံတွေ စင်ကြယ်ပြီးတော့ စေတနာကောင်းလို့ ကံကောင်းသူတွေ ဖြစ်လာကြမှာပါ။

ဒီတော့ ကံဆိုးနေသူများဟာ ကံကောင်းချင်ပါတယ်ဆိုရင် ကောင်းကံတွေဖြစ်လာဖို့ မိဘ ဆရာသမားတို့ရဲ့ သွန်သင် ညွှန်ကြားမှုကို နားထောင်သင့်တယ်၊ လိုက်နာသင့်တယ်၊ ဉာဏ်ယှဉ် သင့်တယ်။ အသိဉာဏ်ရှေ့သွားပြီး သတိတရားနဲ့ အမြဲတမ်း ကြံစည်ခြင်း(မနောကံ)၊ ပြောဆိုခြင်း (ဝစီကံ)၊ ပြုမူခြင်း(ကာယကံ)တို့ကို ပြုသင့်တယ်လို့ တွေးမိပါတယ်။

ဘဝတစ်ခု အောင်မြင်တိုးတက်ဖို့ဆိုတာမှာ ကံတရားက အရေးကြီးတယ်လို့ ထင်ထင်ရှားရှား သိခဲ့ပြီးတဲ့နောက်မှာ “ကံကောင်းလိုလျှင် စိတ်ကောင်းဝင်၊ ပြုပြင်တိုင်းရ ပြုတိုင်းလှ” ဟူသော ရှင်တော်ဘုရား ဟောကြားခဲ့တဲ့ တရားကို ကြားယောင် ဆင်ခြင်နေမိပြန်ပါတယ်။ကံဆိုတာ အလုပ်၊ အလုပ်ဆိုတာ ကံပင်ဖြစ်လို့ အလုပ်ကောင်းရင် ကံကောင်းမယ်။ ကံကောင်းချင်ရင်တော့ ကောင်းတာကိုပင် လုပ်ဟုသာ ကိုယ့်ကိုယ်ကိုလည်း သတိပေးနေမိပါတယ်။

အသိနောက်မှာ အကျင့်ပါမှ

ဒါဆိုရင် ကောင်းကံလုပ်မှ ကံကောင်းမယ်ဟူသော အသိလေးမျှ ရှိထားရုံနဲ့ ကံကောင်းပါမည်လားလို့ မေးလာမယ်ဆိုရင် ဝေးပါသေးတယ်လို့ ဆိုချင်ပါတယ်။

‘ကံကိုယုံ၍ ဆူးပုံအတွင်း မဆင်းအပ်စွာ’၊ ‘ကျားရဲရာ ကြမ္မာမရိုးသာ’၊ ‘လုံ့လမကူ ဉာဏ်မကူဘဲ မကောင်းလည်းကံ ကောင်းလည်းကံဟု ကံကိုချည်းသာ မကိုးရာဘူး’ စသည်ဖြင့်လည်း ရှေးသူတော်မွန်တို့က စာချွန်ချန်ထား မှာကြားခဲ့ကြပါတယ်။

စာရေးသူအနေနဲ့ ဘုရားရှင်၏ ဂုဏ်တော်ကိုးပါးထဲက “ဝိဇ္ဇာစရဏသမ္ပန္န”ဂုဏ်တော်အဖွင့်ကို အာရုံယူမျှော် ပူဇော်သည့်အခါ ‘ဝိဇ္ဇာ’ဟူသော အသိဉာဏ်ရှိသော်လည်း ‘စရဏ’ဟူသော သိတဲ့အတိုင်း လိုက်နာကျင့်သုံးခြင်း မရှိပါက နိမ့်ကျခြင်း ကျရှူံးခြင်း စသော ဆင်းရဲဒုက္ခက လွတ်မြောက်နိုင်မည် မဟုတ်ဟု သိခဲ့ပါတယ်။

ထို့အတူပင် ‘စရဏ’ဟု ခေါ်သော အကျင့်သာ ရှိ၍ ‘ဝိဇ္ဇာ’ဟူသော အသိဉာဏ် မရှိပြန်လျှင်လည်း လမ်းမှန် မရောက်ဘဲ အလွဲကိုသာ ကျင့်နေမိကာ စီးပွားရေး လူမှုရေးမှအစ အရေးတကာဝယ် ခရီးမတွင်ဘဲ ရှိတတ်ပါလားလို့ သိခဲ့ရပါတယ်။

မည်သူမဆို အထိုက်အလျောက်တော့ မိမိနှင့် သင့်လျော်သော အသိပညာ အတတ်ပညာ စီးပွားရေး ကြီးပွားရေး နည်းလမ်းများကို တီးမိ ခေါက်မိတော့ သိရှိကြမည်သာ ဖြစ်ပါတယ်။သိသလို မကျင့် မကြိုးစားခဲ့လို့သာ အောင်မြင်မှု ချမ်းသာနဲ့ ဝေးနေကြရခြင်း ဖြစ်ပါလိမ့်မယ်။သိပြီးတော့လည်း လိုက်မကျင့်ရင်လည်း မသိသည်နှင့် ဘာမှ မထူးခြားတော့ ပညာမဲ့ဟူသော နာမည်ဖြင့် စာရင်းသွင်း ခံရကာ နွမ်းပါး ဆင်းရဲ လူတောထဲမတိုး လူရာမဝင်တာမျိုးဟူသော အဖြစ်ဆိုးနဲ့ ကြုံတွေ့ နေရခြင်းသာ ဖြစ်ပါလိမ့်မယ်။

သို့ဖြစ်ရာ ကံကောင်းချင်သူတိုင်းဟာ ဦးစွာပထမအနေနဲ့ ကောင်းကံကို လုပ်ဖြစ်ဖို့ လိုအပ်တယ် ဆိုတာ သိထားရမှာဖြစ်သလို သိထားတဲ့အတိုင်းလည်း မဖြစ်မနေ လိုက်နာပြုကျင့်ဖို့ လိုအပ်တယ် ဆိုတာ ပြောပါရစေ။လက်တွေ့ကျင့်ဖို့ သိအောင် လေ့လာသင်ယူရတာဖြစ်သလို သိပြီးရင်လည်း လိုက်နာကျင့်ကြံ အားထုတ်ရအုန်းမယ်လို့ သတိမူမိစေချင်တာပါ။

ကံသုံးပါးတွင် အဓိပတိယှဉ်

လောကမှာ ကြီးပွားအောင်မြင် ချမ်းသာချင်သူတိုင်းဟာ အဘိဓမ္မာမှာ လာတဲ့ အဓိပတိတရား လေးပါးကို လက်ကိုင် ကျင့်သုံးဖို့ လိုအပ်ပါတယ်။စာရေးသူ နားလည်သလို ပြောပြရရင် ပြုလုပ် ပြောဆို ကြံစည်တာမှန်သမျှဟာ ကံတရားပါလို့ လက်ခံရင် ထိုကံထဲတွင် မိမိ၏ ကိုယ်ပိုင်ဆန္ဒ၊ ဉာဏ်၊ လုံ့လ ထည့်ပြီး စိတ်ဓာတ်အားဖြင့် ကြိုးစားရမယ်လို့ပဲ ပြောပြချင်မိတယ်။

မိမိဘဝ ကြီးပွားအောင်မြင်ကာ ချမ်းသာလိုတယ်၊ အဆင်ပြေလိုတယ်ဆိုရင် မိမိလုပ်နေဆဲ အလုပ်ထဲမှာ လုပ်ကိုင်ချင်တဲ့ဆန္ဒ၊ လုပ်ချင်တဲ့စိတ်၊ လုပ်တတ်ကိုင်တတ်မှု ပညာနဲ့၊ လုပ်နေမှုဆိုတဲ့ ဝိရိယ ဒီတရားလေးပါး ထည့်သွင်းထားဖို့ လိုအပ်တယ်လို့ နားလည်ရပါမယ်။ဒီတရားလေးပါး ညီမျှမှသာ အောင်မြင်နိုင် ချမ်းသာကြွယ်ဝနိုင်တယ်လို့ နားလည်မိပါတယ်။ဒီတရားလေးပါးဟာ တစ်ပါးက ရှေ့ကနေ ဦးဆောင်သွားနေခိုက်မှာ ကျန်သုံးပါးက နောက်နားက ကပ်လိုက်လာတတ်တဲ့ သဘောလည်း ရှိပါတယ်။

ကျန်းမာ ချမ်းသာမှုနဲ့ ပြည့်စုံ အောင်မြင် ကျော်ကြားလိုတယ်ဆိုရင် အရင်ဆုံး ချမ်းသာအောင်မြင် ကျော်ကြားချင်တယ်ဆိုတဲ့ ဆန္ဒ ဖြစ်ပေါ်ရပါမယ်။အဲဒီနောက်မှာမှ ချမ်းသာလိုစိတ် အောင်မြင်လို စိတ်တို့ ဖြစ်ပေါ်လာမှာ ဖြစ်တယ်။အဲဒီစိတ်ကြောင့် အသိပညာ အတတ်ပညာတို့ကို လေ့လာ သင်ယူကြကာ စိတ်ကူးယဉ်ဆန္ဒကို အကောင်အထည်ဖော်ကြလို့ ရာထူးကြီးတွေ ရပြီး စည်းစိမ်များ နှင့် ချမ်းသာကြွယ်ဝနေကြတာဖြစ်တယ်။

အပြန်အလှန်အားဖြင့် ထိုအဓိပတိတရားလေးပါး ဖြစ်ပေါ် သိရှိ လိုက်နာကျင့်သုံးမှု အားနည်းသူတွေ မှာတော့ ‘ဘဝဆိုတာ စိတ်နဲ့ တန်သလို ဖြစ်တာ’ဆိုတဲ့ စကားအတိုင်းပဲ သူတို့ရဲ့ စိတ်၊ ဆန္ဒ၊ ကြိုးစားမှု၊ ပညာ နည်းခဲ့တာနဲ့အညီ နိမ့်ကျစွာ လုပ်ကိုင် နေထိုင် ပေးဆပ် ရုန်းကန်နေကြ ရတော့တယ်။ဒီတော့လည်း သူတို့ရဲ့ဘဝ ဖြတ်သန်းမှု လမ်းခရီးဟာ ကြမ်းတမ်းလာပြီး ဒုက္ခတွေနဲ့ ပြွမ်းတီးနေရတဲ့ သူတို့ခမြာ သူတို့ဘဝကို သူတို့ ညည်းညူသံကိုသာ အဖော်ပြုကာ နေရပါတော့တယ်။

ဒီတော့ ဆင်းရဲက လွတ်ပြီး ချမ်းသာပြည့်ဝ ဂုဏ်ဓနနဲ့ လောကအလယ်မှာ တင့်တယ်စွာ နေနိုင်အောင်ဆိုရင် ကံသုံးပါးတွင် အဓိပတိတရားလေးပါးကို ယှဉ်စေပြီး ကြိုးစား ပြုမူ၊ ပြောဆို၊ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်နဲ့ရော မိဘမောင်ဖား ဇနီးမယား သမီးသားတွေအတွက်ပါ ကြိုးစား ရုန်းကန်နေရတာနဲ့ပဲ ဘဝအဓိပ္ပာယ်နဲ့ ဘဝတန်ဖိုးဆိုတာကို မသိနိုင်ရှာတဲ့ အဖြစ်ဆိုးနဲ့ တိုးရမှာ သေချာပါတော့တယ်။

ကိုယ့်ဘဝအဆင့် ကိုယ်တိုင်မြှင့်စို့

အချို့ အလုပ်ကောင်းမှ ကံကောင်းမယ်၊ ကံကောင်းအောင် ကောင်းတာ လုပ်ရမယ်၊ မိဘ ဆရာသမားတို့ရဲ့ စကားနားထောင်သင့်တယ်လို့ အခြေခံအားဖြင့် အသိဉာဏ် ရင့်သန် ပြည့်စုံကြ တာ များပါတယ်။အကြားအမြင်နဲ့ ဗဟုသုတတွေလည်း ရှိကြပါတယ်။ဒါပေမယ့်လည်း လိုက်နာ ကျင့်ကြံ အားထုတ်မှုလို့ ခေါ်တဲ့ စရဏတရားကတော့ အသိရဲ့ နောက်ပါးမှ ကပ်ပါမလာကြဘူး။

ဒီတော့ အောက်ကျနောက်ကျနဲ့ ပညာမဲ့ပြီး ဆင်းရဲနေကြတဲ့ သူတွေရဲ့ တရားခံကို ပြောပြပါဆိုရင် မိမိသိသလို လိုက်မလုပ်ဖြစ်ခဲ့ခြင်းကိုပဲ ညွှန်းပြရမလို ဖြစ်နေပါတော့တယ်။ဒီလို ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို ကြည့်ကာ စဉ်းစားဉာဏ် သက်ဝင်၍ ကံကို ပြုပြင်နိုင်ပါမူ လက်ရှိဘဝရဲ့ အနာဂတ်ဟာ ချမ်းသာသုခနဲ့ အနေလှနိုင်သလို သံသရာခရီးလမ်းမှာလည်း ဖြောင့်ဖြောင့်ဖြူးဖြူး ချောချောမွေ့မွေ့နဲ့ အခြေလှနိုင်ပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်ကံကို မိမိရဲ့ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ယှဉ်ပြီး မိမိတို့ဘဝတွေရဲ့ လက်ရှိ အနေအထားကို အသိဉာဏ်နဲ့ ပေါင်းစပ်ကာ ကောင်းမြတ်အောင် ကြိုးစားဆောင်ပါလျှင် ကောင်းစားနိုင်သည်ချည်း ဖြစ်တယ်လို့ ခံယူ နားလည်မိလိုက်ပါတယ်။

ကံတရားဆိုတာ ဆန်းကြယ်ပြီး၊ ကံတရားချည်းသက်သက်ကိုလည်း ပုံပြီး ယုံလို့ မနေသင့်ပါဘူး။ လောကကြီးကို ကံတရားက ခြယ်လှယ်နေတယ်။ကံကို မှီပြီးတော့ ဆင်းရဲနဲ့ ချမ်းသာ၊ ပညာမဲ့ ပညာတတ် စသည် ကွဲပြားနေတယ်။အဲဒီကံကို ဉာဏ်နဲ့ ယှဉ်ပြီး ပြုပြင်ပေးမယ်ဆိုရင် ရနိုင်တယ် ဆိုတာတွေကို စဉ်းစား ဆင်ခြင် သုံးသပ်ပြီး အဲဒီ ကံတရားကိုပဲ ဆန္ဒ၊ စိတ္တ၊ ဝိရိယ၊ ဝီမံသ ဟူသော အဓိပတိတရားလေးပါးနဲ့ ပေါင်းစပ်ကာ ကောင်းကံတွေ ပြုသူဟာ ကံတွေကောင်းမယ်၊ ဆိုးကံပြုသူ တွေ ကံဆိုးမယ်ဆိုတာ သေချာတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဒီတော့ ‘ကံ’ပိုင်ရှင် လူသားက ကံတရားကို ဉာဏ်အားသုံးပြီး ပြုပြင်ယူလို့ရတာ ထင်ရှားပါတယ်။ အဲဒီလို မဟုတ်ဘဲ ကံတရားကသာ ကံပိုင်ရှင်လူသားကို ကစားသွားခဲ့မယ်ဆိုရင် ကောင်းဆိုးနှစ်တန် လောကဓံမှာ ခါးသီးတဲ့ အဆိုးကံတွေနဲ့သာ ကြုံနေရပြီး ကံတွေ ဆိုးနေကြတော့မှာပါပဲ။

ကံကို ဉာဏ်ယှဉ် ပြင်ပါစို့လို့ တွေးမိခဲ့တဲ့ အတွေးလေးတွေကနေ စာရေးသူရင်ထဲမှာ ကံသုံးပါးတွင် အသိဉာဏ်ယှဉ်ပြီး ဆင်ခြင်ပြုပါလျှင် ကံကောင်းနိုင်ပါသည်လို့ တွေးသိ ခံယူမိပါတယ်။ဒါကြောင့် ယခုချိန်က စလို့ ဘဝတလျှောက် ကောင်းကောင်း ပြုမူနေထိုင်၊ လုပ်ကိုင်၊ ပြောဆို၊ ကြံစည်ကာ ကောင်းမြတ် သာယာ လှပသော ဘဝအနာဂတ် ရရှိအောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ဘာသာလည်း တွေးမြင် ဆင်ခြင် အသိတရား သတိတရားတွေ ပွားရင်း အကြိုက်ဆုံးသော အောက်ပါကဗျာလေးကို ရွတ်ဆိုနေမိပါတော့တယ်။

“အတိတ်ကိုတွေး၊ စိတ်မလေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်း၊ သိပ်မလွမ်းနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာကို၊
ပညာလုံ့လ၊ အသုံးချပြီး၊
ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းအောင်၊
သတိဆောင်လျက်၊ လက်ရှိကာလ၊
တဒင်္ဂကို၊ ကံ,ဉာဏ်,ဝီရိ၊
စောင်းနှယ်ညှိကာ၊ ကြိုးစားကာဖြင့်၊
ဘဝတန်ဖိုး၊ အားမာန်ကိုး၍၊
မြတ်နိုးကြည်ဖြူ အရယူ။”

မေတ္တာသီသေန စိတ္တေန .....အရှင်နန္ဒဝံသ (ရမည်းသင်း)ဇေယျဝတီကျောင်း၊
အမာလိုရီမြို့ တက္ကဆပ်ပြည်နယ် အမေရိကန်နိုင်ငံ


Monday, March 2, 2015

ပြေလည်မှု နှင့် နားလည်မှု


ပြေလည်မှု နှင့် နားလည်မှု 

သီတင်းဝါလကျွတ်ပြီဆိုလျှင် ဟိုအရပ်သည်အရပ်၌ ၀ါဆိုဝါကပ်ကြသော ရဟန်းတော်တို့သည် ဘုရားဖူးဖို့၊ တရားနာဖို့၊ သူတို့ရရှိထားသော တရားထူးတို့ကို လျှောက်ထားတင်ပြဖို့ ဘုရားရှိရာဌာနဆီသို့ ရောက်လာကြစမြဲ ဖြစ်သည်။

ဘုရားရှင်ကလည်း သူ၏သားတော်ရဟန်းများကို ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတော်မူမြဲ ဖြစ်သည်၊ တွေ့လျှင်တွေ့ချင်း ဘုရားရှင်မေးတော်မူမြဲဖြစ်သော နှုတ်ခွန်းဆက်စကားတော် ရှိသည်၊ ''ချစ်သားတို့... ကျန်းကျန်းမာမာရှိကြရဲ့လား၊ အာဝါသသပ္ပါယ၊ ပုဂ္ဂလသပ္ပါယစသည်တို့ မျှမျှတတကောရှိကြရဲ့လား၊ ဆွမ်းသင်္ကန်းစသည် ပစ္စည်းလေးပါးကိစ္စမှာ မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား''ဟု အရင်ဦးဆုံး မေးလေ့မေးထရှိသည်၊ အဓိပ္ပါယ်ကတော့ အစစအရာရာအားလုံး အဆင်ပြေကြရဲ့လား၊ ပြေလည်ကြရဲ့လားဟု မေးတော်မူလိုရင်း ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ သားတွေသမီးတွေမြေးတွေသည် သီတင်းဝါကျွတ်လို့ မိဘဘိုးဘွားတွေကို သွားရောက်ကန်တော့ကြသည့်အခါ မိဘဘိုးဘွားတွေက သူတို့၏ သားတွေသမီးတွေမြေးတွေကို ''အားလုံးအဆင်ပြေရဲ့လား'' ဆိုတာကစ၍ မေးကြသည်၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အခြားနေရာတစ်ခုခုမှာ သွားရောက်နေထိုင်ကြသူတွေကို မိတ်ဟောင်းဆွေဟောင်းတို့က ပြန်လည်တွေ့ကြသည့်အခါ ''ဟိုမှာအားလုံးအဆင်ပြေရဲ့လား''ဟု မေးလေ့မေးထရှိကြသည်၊ သုံးသပ်ကြည့်သော် ဘ၀၌အဆင်ပြေမှု၊ ပြေလည်မှုသည် အလိုအပ်ဆုံးအရေးဖြစ်သောကြောင့် ထိုအရေးကို အကြီးဆုံးအရေးအနေနှင့် မေးကြခြင်း ဖြစ်သည်။

နေလို့ထိုင်လို့ကောင်းလျှင် နေရေးထိုင်ရေး အဆင်ပြေသည်၊ ရောင်းလို့ဝယ်လို့ကောင်းလျှင် စီးပွားရေးပြေလည်သည်၊ လင်နှင့်မယားပေါင်းလို့သင်းလို့ကောင်းလျှင် အိမ်ထောင်ရေးပြေလည်သည်၊ မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင်ဘက်တွေ ပေါင်းသင်းဆက်ဆံလို့ ကောင်းလျှင် လူမှုရေးပြေလည်သည်၊ စားဝတ်နေရေးချောင်လည်လျှင် စားဝတ်နေရေးပြေလည်သည်၊ လူတို့ကိစ္စတိုင်းမှာ အဆင်ပြေဖို့၊ ပြေလည်ဖို့သည် အရေးကြီးဆုံးဖြစ်သည်။

ဟိတောပဒေသ၌ ဒါနဥပါယ်၊ ဒဏ္ဍဥပါယ်၊ ဘေဒဥပါယ်၊ သာမဥပါယ်ဟု ဥပါယ်တံမျဉ်(ဥပါယ်တမြည်) လေးမျိုးပြသည်၊ အလုပ်ကိစ္စတစ်ခု အောင်မြင်ပြီးမြောက်ဖို့အတွက် နည်းပရိယာယ် ဖြစ်သည်၊ နည်းစနစ်၊ နည်းဗျူဟာဟုလည်း ဆိုနိုင်သည်။

ပေးကမ်းခြင်းသည် ကောင်းကျိုးအားလုံး ပြီးစီးစေနိုင်သည်ဟု စာက ဆိုသည်၊ လောကစကားကတော့ ပေးကမ်းခြင်းသည် အောင်မြင်၏ဟု ဆိုသည်၊ ဒါန၏ထိရောက်ပုံ အဆိုအမိန့်တွေစာ၌ တော်တော်များများ ရှိသည်၊ ဒါနဖြင့် ရိုင်းသူကို ယဉ်အောင်လုပ်နိုင်သည်၊ ဒါနဖြင့် ပင်ကိုစိတ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားအောင် လုပ်လို့ရသည်၊ ဒါနသည် ပီယဆေးတစ်ပါးဖြစ်သည် စသည်ဖြင့် ဒါန၏အစွမ်းကို အမျိုးမျိုးတင်စားကြသည်၊ သို့ဖြစ်၍ ဒါနသည် မိမိကိစ္စပြီးမြောက်အောင်မြင်ကြောင်း ဥပါယ်တစ်ပါးဖြစ်သည်မှာ သေချာသည်။

ဒဏ္ဍဥပါယ်ဟူသည်မှာ ဒဏ်ခတ်ခြင်း၊ ဒဏ်ပေးခြင်းဖြစ်သည်၊ ထိုနည်းကလည်း အောင်မြင်ကြောင်း ဥပါယ်တစ်ပါးဖြစ်သည်၊ တစ်နည်းအားဖြင့် ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့်လည်း မိမိတို့လုပ်ငန်းတွေမှာ အောင်မြင်မှုရနိုင်သည်၊ ဘေဒဥပါယ်ကား သွေးခွဲခြင်းဖြစ်သည်၊ ကုန်းချော၊ သပ်လျှိုခြင်းဟူသော ပိသုဏ၀ါစာအမှုသည် ဘေဒဥပါယ်ဖြစ်သည်၊ ထိုနည်းကား မသမာမှုတစ်ခုဖြစ်သော်လည်း အောင်မြင်ကြောင်း ဥပါယ်တစ်ခုတော့ ဖြစ်သည်။

သာမဥပါယ်ဆိုသည်မှာ အပြေအပြစ်ပြုခြင်းဟု ဆိုသည်၊ ပြေပြေပြစ်ပြစ်ဖြစ်အောင် ပြုခြင်း၊ ပြေပြေပြစ်ပြစ်ဖြစ်အောင် ပြောခြင်းဖြစ်သည်၊ အောင်မြင်ရာအောင်မြင်ကြောင်း နည်းလမ်းလေးမျိုးရှိရာတွင် ရှေ့သုံးမျိုးက ရိုးသားချင်မှ ရိုးသားပေမည်၊ တရားနည်းလမ်းကျချင်မှလည်း ကျမည်၊ နောက်ဆုံး  သာမဥပါယ်ကတော့ ရိုးသားသည်၊ တရားနည်းလမ်းကျသည်၊ ကောင်းမြတ်သည်၊ အရာရာ၌ ပြေလည်တာက အကောင်းဆုံးဖြစ်သည်၊ ထို့ကြောင့် ပြေလည်ချင်စိတ်ရှိရမည်၊ ပြေလည်ရာပြေလည်ကြောင်း နည်းလမ်းကို ရှာရမည်၊ ပြေလည်မည့် စကားလုံးကို ရွေးချယ်၍ ပြေလည်အောင် ပြောရမည်၊ ပြေလည်နိုင်သည့် အလုပ်ကိုရွေးချယ်၍ ပြေလည်အောင် လုပ်ရမည်။

မပြေလည်နိုင်လောက်သောစကားမျိုးကို ရှောင်ရမည်၊ မပြေလည်နိုင်လောက်သည့် ကိစ္စမျိုးကို ရှောင်ရမည်၊ ဒါကလည်း ပြေလည်ချင်သည့် စိတ်ရှိမှဖြစ်မည်၊ ပြေလည်မှုကို မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်မှ ဖြစ်မည်၊ မပြေလည်သမျှတော့ စိတ်ဆင်းရဲနေကြရဦးမည်၊ ပြေလည်မှသာ စိတ်ချမ်းသာမည်၊ ထို့ကြောင့် အမြဲတစေအဖြစ်နိုင်ဆုံး ပြေလည်မည့်ဘက်ကို ဦးတည်ပြီးတော့ တွေးရမည်၊ ပြောရမည်၊ လုပ်ရမည်။

သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်ခဏတာဘ၀လေးမှာ နေနေရသည့်အခိုက် ဘာပဲဖြစ်စေ အားလုံးပြေပြေလည်လည် နေရထိုင်ရလုပ်ကိုင်ရခြင်းသည် အကောင်းဆုံးဖြစ်သည်၊ လင်နှင့်မယား၊ မိဘနှင့်သားသမီး၊ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဘက်အားလုံးအားလုံးဟာဖြင့် ပြေပြေလည်လည်ရှိကြလျှင် အကောင်းဆုံးဖြစ်သည်၊ အားလုံးပြေပြေလည်လည်ဆိုလျှင် အားလုံးစိတ်ချမ်းသာကြရမည်၊ အမှန်ကလည်း အားလုံးပြေလည်ခြင်းသည် အကောင်းဆုံးမဟုတ်ပါလား...။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

(Weekly Eleven News ဂျာနယ် အတွဲ ၅၊ အမှတ် ၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

Sunday, March 1, 2015

အချစ်ကံခေပမယ့် အနှစ်ကျန်စေရမယ်



"အချစ်ကံခေပမယ့် အနှစ်ကျန်စေရမယ်"


ဗုဒ္ဓဘာသာဝင်တွေရဲ့အေခြခံအကျဆုံးယုံကြည်ချက်ေကတာ့ ကံနဲ့ကံရဲ့အကျိုးတရားပါပဲ။

“ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးရမယ်၊ မေကာင်းတာလုပ်ခဲ့ရင် မေကာင်းကျိုးရမယ်၊ အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး အခါးသီးစားရမယ်၊ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့နဲ့ ထိုက်တန်တဲ့ အပင်ပေါက်ပြီး အဲဒီအပနင်ဲ့ ထိုက်တန်အသီးကိုပဲ ကိုယ်စားရမယ်၊ အလုပ်ဆိုတာကံ ၊ ကံဆိုတာအလုပ်၊ ကိုယ်ကံက ကိုယ့်ဘဝကိုစီမံတယ်၊ ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှပင်ာာ ကိုယ်လုပ်ခဲ့တဲ့ကံတရား”

အဲဒီလိုနားလည်လက်ခံယုံကြည်ထားကြပါတယ်။

အချစ်ရေး၊ အိမ်ထောင်းရေးမှာ အကျိုးပေးကံမေကာင်းတာဟာ အချစ်ရေး၊ အိမ်ထောင်းရေးနဲ့ ပတ်သတ်တဲ့ မေကာင်းကံတွေ အတိတ်ကပြုလုပ်ဖူးလို့ပါ။ သူတပါးရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊ သူတပါးရဲ့အိမ်ထောင်းကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်းရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမေကာင်းနိုပင်ါဘူး။ သမီးရည်းစားချစ်၊ လမင်ယားချစ်တွေကိုဖြိုခွဲမှအချစ်ကံမေကာင်းတာမဟုတ်ပါဘူး။

မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူမည်သူကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် လ်ုရပင်ဖြစ်လေရာ ဘဝတိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ “ဆုံနိုခင်ွင့်”မှေးမှိန်ပျောက် ကွယ်ပြီး “လွမ်းဆွတ်ခွင့်၊တမ်းတခွင့်”တွေသာ ရှသင်န်ကြီးထွား လာနိုပင်ါတယ်။

အောက်ထစ်ဆုံးငှက်ေကလး၊ ငါးကေလးတွေ၊ ကြောကေင်လးတွေ၊ ခွေးကေလးတွေကို သူတို့မိသားစု၊ သူတို့အသိုက်အမြုံကေန ခွဲခွာနုတ်ယူပြီး မွေးမြူသိမ်းပို က်ထားခဲ့ရင်တောင် အဒီအကုသိုလ်ကံက သူအကျိုးပေးတဲ့ဘ ဝမှာ ကာယကံရှကငို အချစ်ကံခေသူ၊ အလွမ်းကံဝေသူဖြစ်အောင် စွမ်းဆောဖင်န်တီးနိုပင်ါတယ်။

အချစ်ရေးအိမ်ထောင်ရေးကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ကြောက်စရာအေကာင်းဆုံးကံကေတာ့ “ကာမေသုမိစ္ဆာရကံ”ပါပဲ။ “ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်တဲ့ကံ”လို့ အဓိပ္ပ်ာရယပါတယ်။ ကိုယ့်ရဲ့ကာမပိုမင်ဟုတ်သူတွေနဲ့ ကာမကိစ္စဖောက်ပြန်ရင် “ကာမေသုမိစ္ဆာရကံ”ထိုက်ပါတယ်။

သူတပါးသားမယားနဲ့ ဖောက်ပ်ြရနင်တော့ “ပရဒါရကံ” ထိုက်တယ်လို့လည်း ခေါ်ပါတယ်။ အတိတ်ဘဝေတွက ကာမကိစ္စဖောက်ပြန်ခဲ့တဲ့သူဟာ ကာမကိစ္စတစ်စိတ်တ စ်ပိုင်းပါဝတင်ဲ့ အချစ်ရေး၊အိမ်ထောင်ရေးတွေမှာကံဆိုးတတ်ပါတယ်။ ကိုရယဲ့အိမ်ထောဖင်က် ကိုယ့်အေပ်ါသစ္စာက င်းမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က “သစ္စာမဲ့ကံ”က ကိုယ့်ကိုအကျိုးပေးတာပါပဲ။ ကံတရားရဲ့ သဘာဝကို အေကြာင်းအကျိုးဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုမင်ယ်ဆိုရင်တော့ ကိုယ့်ခပင်ွန်းရဲ့ သစ္စာမဲ့မှုအေပါ် အတိုင်းအတာတစ်ခုအထိ ခွင့်လွတ်ဖြေသိမ့်နိုမင်ယ်ထပင်ါရဲ့။

ဒါပေမယ့် ခွင့်လွတ်ဖြေသိမ့်နေရုံနဲ့ မပြီးသေးဘူး။ ကိုယ်ကြုံတွေ့နေရတဲ့ အဆိုးလောကဓံထဲကေန အနှစ်သာရတစ်ခုခုတော့ ထုတ်ယူနိုင်အောင် ကြိုးစားရပါဦးမယ်။ အရှုံးထဲက အမြတ်ထွက်အောင် လ်ုရပပါဦးမယ်။ မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာဝတ္ထိမြို့မှာ သိပ်ချောသိပ်လှတဲ့ အမျိုးသမီးတစ်ဦးရှိခဲ့ဖူးပါတယ်။ အတိတ်ကံအေကြာင်းတရားကြောင့် သူမရဲ့ခပင်ွန်းသည်က သူမကိုလုံးဝမချစ်ပါဘူး။ တခြားအမျိုးသမီးတစ်ယောက်နဲ့ မျက်နှာပြောင် တိုက်ပြီး လူမှုရေးဖောက်ပြန်နေပါတယ်။

ကိုယ့်ကိုမချစ်လို့၊ ကိုယ့်အေပ်ါသစ္စာမဲ့လို့ဆိုပြီး သူမကစိတ်လည်းမညစ်ပါဘူး။ စိတ်လည်းမဆိုးပါဘူး။ “လကင်မချစ်တော့လနင်ဲ့အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့”လို့ နှလုံးသွင်းပြီး အချိရနှိသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့် ပြုလုပ်နေလိုက်ပါတယ်။

အထူးသဖြင့် အရှသင်ာရိပုတ္တရာနဲ့ အရှမင်ဟာမောဂ္ဂလ္လာန် အဂ္ဂသာဝကမေထရ်ကြီးနှစ်ပါးကို အိမ်မှာနေ့စဉ်ဆွမ်းပင့်လှူပြီး တရားနာယူပါတယ်။ တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစားလိုက်တာ သိပ်မကြာခမငှ်ာပဲ သောတပန်အရိယာမေလး ဖြစ်သွားခဲ့ပါတယ်။

“လကင်မေပါင်းချင်မှတော့ အိမ်မှာနေလည်းအပိုပဲ” ဆိုပြီးရဟန်းပြုလိုက်တာ သိပ်မကြာခမငှ်ာပဲ ရဟန္တာအရှမေင်လး ဖြစ်သွားပြန်ပါတယ်။ တကယ်လို့သာ သူမရဲ့ခပင်ွန်းကသူမကို သိပ်ချစ်၊သိပ်ကြနင်ာနေမယ်ဆိုရင် အခုလိုတရားအရသာ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ယောကျာ်းအရသာနဲ့ နိဗ္ဗာန်အရသာ ဘယ်လိုမ နိုင်းယှဉ်လို့မရေအာင် ကွာခြားလွန်းလှပါတယ်။

နိဗ္ဗာန်အရသာကို အဆင့်အမြင့်ဆုံး ခံစားခွင့်ရေနမှတော့ ယောကျာ်းအရသာဆုံးရှုံးခဲ့တာကို နှမြောတမ်းတေနစရာ လိုပါဦးမလား။ တကယ်ဆို ကိုယ့်အေပ်ါမကြင်နာတဲ့ ခပင်ွန်းသည်ကို ကျေးဇူးတစင်ရာတောင် ကောင်းပါသေးတယ်။

ဝတ္ထုတွေ၊ရ်ုရပှင်တွေထဲကလို “နောက်ဆုံးထွက်သ က်အထိရူးသွပ်စွာချစ်နေမှာပါမောင်” လို့လည်း စိတ်ကူးမယဉ်ပါနဲ့။ သီချင်းတွေထဲကလို “ရက်စက်တက်တဲ့မင်းရဲ့အနားမှာ ရက်စက်မှုတွေခံယူချတင်ယ်” လို့လည်း တမ်းတမေနပါနဲ့။ လက်တွေ့ဘဝမှာ စိတ်ချမ်းသာဖို့နဲ့ဖြစ်နိုရင်င် ဘဝလွတ်မြောက်မှုရဖို့အတွက်သာ အတက်နိုဆင်ုံးကြိုးစားပါ။

ရှေးသူတော်ကောင်းတွေရဲ့ ထုံးနှလုံးမူပြီး၊ တရာနဲ့မွေ့ပျော်ပါ။ တရားများများနာ၊ တရားစာအုပ်များများဖတ်၊ ကုသိုလ်ကောင်းမှုများများပြု၊ တရားများများအားထုတ်ပါ။သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖ်ြရစတာပါ၊

ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊

ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်၊

ချစ်စရာအများကြီး ရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။

သောကငြိမ်းချရင်င် ချစ်စရာတွေကို လျှော့ပစ်နိုရင်မယ်လေ။

ခ်ျရစမယ့်သူ၊ ခ်ျရစမယ့်အရာနည်းပါးသွားလေ၊ သောကမီးလည်းချုပ်ငြိမ်းသွားလေပါပဲ။

ခ်ျရစသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုတင်ဲ့ ဘဝလွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။

အသုံးချတတ်သူ တစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ။ ။

စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။

စိတ်ချမ်းသာခြင်းကေတာ့ စိတ်ဓာတ်ခိုမင်ာသူတွေရဲ့ မူပိုရင်တနာထုပ်ကြီး တစ်ခုဖြစ်ပါတယ်။

အချစ်ရေး၊အိမ်ထောင်ရေးမှာ အကျိုးပေးမေကာင်းတာဟာ အချစ်ရေး၊အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့မေကာင်းကံတွေ အတိတ်ကပြုလုပ်ခဲ့ဖူးလို့ပါ။

သူတပါးရဲ့ချစ်ခြင်းကိုခွဲခဲ့တဲ့သူ သူတပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမေကာင်းနိုပင်ါဘူး။

နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်လို့ ဟစ်အော်ကြွေးကြော်နေတာဟာ အတိတ်ဘဝေတွကအချစ်ရေး အိမ်ထောင်ရေးတွေမှာ သစ္စာပျက်ခဲ့ပါတယ် ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့ ထုတ်ဖော်ဝန်ခံနေတာပါပဲ။

အရှဆင်န္ဒာဓိက(ရွှေပါရမီတောရ)