Showing posts with labelူဖြစ်ရပ်မှန်. Show all posts
Showing posts with labelူဖြစ်ရပ်မှန်. Show all posts

Tuesday, June 10, 2014

ကျွံ (ဖြစ်ရပ်မှန်ဇာတ်လမ်း)


ကျွံ (ဖြစ်ရပ်မှန်ဇာတ်လမ်း)

"ဆရာမရေ...စာကြည့်တိုက်ရှေ့မှာ ရပ်နေတဲ့ ကလေးတွေကို ခေါ်လိုက်ပါဦး..."
ကလေးတွေကို ဘုရားရှိခိုးဖို့ နေရာချနေတုန်း စာကြည့်တိုက်ရှေ့မှာ ယောင်လည်လည်လုပ်နေတဲ့ ကလေးသုံးယောက်တွေ့လို့ ဆရာမကို ခေါ်ခိုင်းလိုက်ပါတယ်... ဆရာမက လှမ်းကြည့်ရင်း...။

"သူတို့က ခေါ်လို့ ဘယ်လာမလဲ... ဦးဇင်း"
"ဟင်...ဘာဖြစ်လို့လဲ..."
"အဲဒါ မွတ်စလင်လေးတွေ..."
"ဟာ ... မဟုတ်ပါဘူး... မနေ့ကတောင် လာသေးတယ်လေ..".

"သြော်... အဲဒါ ဘုရားရှိခိုးပြီး... ပုံပြင်ပြောတဲ့ အချိန်ကျမှ လာတာလေ.. ခု ဘုရားရှိခိုးပြီးချိန်ကို စောင့်နေကြတာ... ပြီးမှ သူတို့ ပုံပြင်နားထောင်ဖို့ ဝင်လာကြလိမ့်မယ်..."
ကလေးတွေ ကြည့်လိုက်တော့ တကယ့် ဗမာရုပ်ကလေးတွေ၊ ဘာသာခြားရုပ်လုံးဝမပေါက်... အင်း...နောက်မှ အကြောင်းစုံကို စုံစမ်းကြည့်ရမှာပဲ...။

ဆရာမပြောတဲ့အတိုင်းပါပဲ...။  ဘုရားရှိခိုး... အမျှဝေပြီးလို့ ပုံပြင်ပြောချိန်အရောက်မှာတော့ သူတို့လေးတွေ စာကြည့်တိုက်ထဲ ဝင်လာကြတော့တာပါပဲ.။ တခြားကလေးတွေလို သူတို့ကိုလည်း မုန့်ကြွေးရင်း ပုံပြင်နားထားထောင်စေပါတယ်၊ အဖြူထည်သက်သက်ဖြစ်တဲ့ ကလေးတွေဟာ ဘုရားအကြောင်း... အရှင်မဟာမောဂ္ဂလာန်အကြောင်း... မိဘကျေးဇူးဆပ်နည်း၊ ကိုရင်လေး ဥတ္တရသာမဏေ အကြောင်းတွေကို အတုယူဖွယ် ပြောပြနေစဉ်မှာလည်း စိတ်ဝင်တစားနဲ့ နားထောင်ကြပါတယ်၊ ပျော်စရာပါရင် သူတို့ပျော်ကြတယ်၊ အံ့သြစရာပါရင် သူတို့ မျက်လုံးကလေးတွေ ဝိုင်းသွားတယ်၊ ဝမ်းနည်းစရာရှိရင် သူတို့ မျက်ရည်ကလေးတွေ ဝဲကြတယ်၊ တစ်ခြား ဗုဒ္ဓဘာသာကလေးတွေနဲ့ တစ်သားထဲပါပဲ။

နောက်မှသိရတာက... သူတို့ ဒီလိုနာပြီး ဘုရားရှိခိုးပြီတိုင်း ပုံပြင်လာနားထောင်နေကြတာ... ကြာပါပြီ...တဲ့၊ ရွှေဘုန်းက ကလေးတွေများလွန်းတော့ သတိမထားမိတာ...။ တဖြည်းဖြည်း ရင်းနှီးလာတော့ ရွှေဘုန်းကို သူတို့လေးတွေက ခင်ရှာပါတယ်၊ ရွှေဘုန်းလည်း တခြားကလေးတွေနဲ့ တန်းတူပဲ...ပြောတယ်၊ ဆိုတယ်၊ မုန့်ကြွေးတယ်ဆိုတော့ သူတို့ပျော်တာပေါ့...။

တစ်နေ့တော့ ဆရာမက အလတ်ကောင်လေးကို စတယ်... ထိုစဉ်က အသက် ၆ နှစ်ယောက်ပဲ ရှိဦးမှာပါ... မျက်လုံးဝိုင်းဝိုင်း အသားဖြူဖြူ မျက်ခုံးကောင်းကောင်းနဲ့ ရုပ်ကလေးက ချောချောလေး၊

"ဟဲ့...နင် ဘုန်းဘုန်းကို ချစ်လား..."
"ချစ်တာပေါ့ ဆရာမကလဲ..."
"အေး...အဲဒါဆို နင့် ဘုန်းဘုန်းကို ဆွမ်းကပ်မလား... ဘုန်းကြီးဆိုတာ ချစ်ရင် ဆွမ်းကပ်ရတယ်..."

ကလေးက ခနစဉ်းစားနေတယ်...ပြီးတော့မှ...ရွှေဘုန်းကို ကြည့်ပြီး
"အပါးကြီး ဒီတစ်ခါ မြို့သွားမှ ကပ်မယ်နော် ဘုန်းဘုန်း" (အမေက ဗမာပါ၊ ဇာတ်ပျက်ဗမာပေါ့)

တစ်နေ့သော ညနေခင်းမှာ...ကလေးဆယ့်လေးငါးယောက်ရယ် (ဆိုခဲ့သော ဘာသာခြား ကလေး သုံးယောက်အပါအဝင်ပေါ့)...ရွှေဘုန်းရယ်...ဆရာမရယ် ရယ်ရယ်မောမော စကားတွေ ပြောနေကြတုန်း ဆရာမက အသက် ငါးနှစ်ခန့်သာ ရှိဦးမည့် (ထိုစဉ်က) အငယ်မလေးကို စကားစလိုက်တယ်...

"သမီးလေး ရွှေကြည်... သမီးကြီးလာရင်... ဆရာမတူလေးနဲ့ ပေးစားမယ်နော်... သမီးကို ချစ်လို့ပါ."
ကလေးက အမှတ်တမဲ့ ကြားလိုက်ရပုံ ပေါ်ပါတယ်... ကိုယ်လေး ဆတ်ခနဲ တုန်သွားတယ်... ပြီးတော့မှ ချက်ခြင်းမဆိုင်းမတွ ပြန်ဖြေတာက...
"မယူဘူး...ဆရာမ၊ သမီးတို့ဆရာကြီးက မှာထားတယ်... ...မွတ်စလင်ကိုပဲ ယူရမယ်...မွတ်စလင်လိုပဲ သေရမယ်...တဲ့ "

ရွှေဘုန်းလည်း သူတို့လေးတွေကို ကြည့်ပြီး...ဘာမှ မပြောနိုင်တော့ဘူး...စိတ်ထဲမှာတော့ နှမြောခြင်း... စိတ်မကောင်းခြင်း... ယူကျုံးမရခြင်း...သနားခြင်းတွေက စုပြုံပြီး အရာရာ ဆွံ့အသွားတော့တာပါပဲ...။

ဒါ... အသက် ငါးနှစ်အရွယ်... ဗမာသွေးနဲ့ ဘာသာခြားကလေးမလေးရဲ့ ခေါင်းထဲမှာ သံမှိုနဲ့ နှက်လိုက်သလို စွဲသွားတဲ့ အသိဥာဏ်ပါ...။ ဒီအရွယ်လေးမှာတောင် အမြစ်တွယ်နေပြီဖြစ်တဲ့ ဒီသံမှိုကို ဘယ်လို တူနဲ့ဆွဲနှုတ်နိုင်တော့မလဲ...။ နှုတ်ဖို့ကြိုးစားတဲ့ တူသာကျိုးဖို့ ရှိပါတော့တယ်...။

သူတို့သိပ်ပြီး အမြင်ကျယ်ကြပါတယ်... ဘာသာရေးနဲ့ပတ်သက်လျှင်...သူတို့ သိပ်ကို အမြင်စူးရှကြပါတယ်...။
စီးပွားရေးလုပ်လည်း ဘာသာရေး စိတ်ဓါတ်နဲ့လုပ်တယ်...၊ လူမှုရေးလုပ်လည်း ဘာသာရေး စိတ်ဓါတ်နဲ့လုပ်တယ်၊ အိမ်ထောင်ပြုလည်း ဘာသာရေးစိတ်ဓါတ်နဲ့ ပြုပါတယ်။

ဘာသာရေးနဲ့ ချုပ်ကိုင်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးစီမံချက်ကတော့ လက်ဖျား ခါလောက်အောင် ထက်မြက်လှပါတယ်....။

*** ဘာသာ၊ သာသနာတစ်ခုရဲ့ အဓိက ... ယိုကွက်...ဟာကွက်ဟာ အမျိုးသမီးတွေပဲ ဆိုတာ သူတို့ကောင်းကောင်းသိကြပါတယ်...***

ဒါကြောင့် သူတို့ဒီဟာကွက်ကို ဘဝတစ်ခုရဲ့ အစောဆုံး အချိန်ကတည်းက ပိတ်ပစ်လိုက် နိုင်ကြတယ်... ဒီစီမံချက် အကွက်ကျလွန်းမှုကြောင့်ပဲ သူတို့ အမျိုးသမီးငယ်လေးတွေ ဘာသာခြား အမျိုးသားလေးတွေနဲ့ လက်ထပ်ထိမ်းမြှားတယ်ဆိုတာ မရှိသလောက်ကို ရှားတာပါ... (အမျိုးသားတွေကတော့ ရသလောက်ယူပါတယ်)

ခုရွှေဘုန်းပြောပြနေတဲ့ အဖြစ်အပျက်လေးက လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဖြစ်အပျက်ကလေးပါ... ခုဆို...

*ရွှေဘုန်း ပုံပြင်တွေပြောတိုင်း... လာနားထောင်တတ်တဲ့ ထိုဘာသာခြား ကလေးမလေးတွေ...
*ရွှေဘုန်းကို အပါကြီးမြို့သွားရင် ဆွမ်းကပ်မယ်ဆိုတဲ့ ထိုဘာသာခြား ကလေးမလေးတွေ...
*ရွှေဘုန်းမြင်ရင် အလွန်ပျော်တတ်တဲ့ ထိုဘာသာခြား ကလေးမလေးတွေ...

ခုချိန်မှာ ရွှေဘုန်းနှင့် မတော်တဆ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်ကြတော့ပါဘူး...။ သိတတ်တဲ့ အရွယ်တွေ ရောက်ကုန်ကြပြီလေ...ထိထိရောက်ရောက်ချုပ်ကိုင်ခံရတဲ့ အရွယ်ကို ရောက်သွားကြပြီလေ...။ တကယ်တော့...။ ဒီကလေးတွေဟာ လေးပုံ ပုံလျှင် သုံးပုံစပ်တဲ့ ရွှေဘုန်းတို့ သွေးသားတွေပါ...။

ထိုကလေးတို့ရဲ့ ... ဘိုးအေဖြစ်တဲ့ ဘာသာခြားက... ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးကို ယူတယ်... ထုံးစံအတိုင်း ထိုအမျိုးသမီး ခေါင်းမြီးခြုံပါတယ်...။ သူတို့က မွေးလာတော့...မျိုးနွယ် သွေးက ... ဗမာ+ကုလား၊ ဘာသာသွေးကတော့ မွတ်စလင် အပြည့်။

ထိုကုလား+ ဗမာ ကပြားက ယူတော့ ဗုဒ္ဓဘာသာ ဗမာအမျိုးသမီး အစစ်ကိုပဲ ယူပြန်ပါတယ်... ထိုအမျိုးသမီးလည်း ခေါင်းမြီးခြုံပဲဖြစ်ပါတယ်။ သူတို့က မွေးလာတော့.... ဗမာ ၂ + ကုလား ၁/၂ ၊ ဘာသာသွေးကတော့ မွတ်စလင်ပါပဲ။

စောစောက ပြောနေတဲ့ ကလေးတွေကတော့ အထက်ပါ... ဗမာ ၂+ ကုလား နှစ်ပိုင်းတစ်ပိုင်းက မွေးတဲ့ သွေးသားတွေပါ...။ ဗမာသွေးများပြီး ကုလားသွေး ပါတယ်ဆိုရုံရှိတော့ပေမယ့်... စိတ်ဓါတ်ကတော့ မွတ်စလင် စိတ်ဓါတ်အပြည့်ပါပဲ...။

ဘာသာရေးနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်အတွက်တော့ ရင်နာစရာ အဖြစ်အပျက်တွေပါ...။ မြန်မာနိုင်ငံမှာ. ဒီလို အဖြစ်အပျက်တွေ ဘယ်လောက်များနေပြီလဲ.။ ဒီတိုင်းသာ ရှေ့ဆက်သွားရင်... နောက် ဆယ်နှစ်... အနှစ်သုံးဆယ်... အနှစ်ငါးဆယ်...များဆိုပါလျှင်...ဒီဇာတ်ပျက် ဇာတ်လမ်းကို စခဲ့တာကတော့ ... ဒေါ်ချစ်ကြည်ဆိုသော ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တစ်ဦးပဲဖြစ်ပါတယ်...။

~~~~~~+~~~~~+~~~~~~+~~~~~+~~~~+~~~+~~~~+~~~~~+~~~~~

၁၃၂၅-ခုနှစ်ခန့်က၊ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းမှာ ရှိတဲ့ ရွာတစ်ရွာမှာ မချစ်ကြည်ဆိုသော အမျိုးသမီးတစ်ဦးရှိပါတယ်။ ရုပ်ရည်က အသင့်အတင့် ချောမောလှပသော်လည်း ပစ္စည်းက နွမ်းပါးသည်၊ သို့အတွက်ကြောင့် ပညာရေးလည်း ဆုံးခန်းတိုင်ရောက်အောင် မသင်ကြားနိုင်ခဲ့...။

ပစ္စည်းဥစ္စာနွမ်းပါး၍ မျက်နှာငယ်ရသော ဆင်းရဲကို အလွန်ကြောက်သော မချစ်ကြည်ဟာ အမြဲပဲ ထွက်ပေါက်ရှာပါတယ်။ အလုပ်ကိုတော့ မယ်မယ်ရရမလုပ်..။ ရုပ်ကလေးဗန်းပြပြီး... အမျိုးသားများနှင့် တတွဲတွဲလုပ်သည်။ မိဘမသိပဲ...သူစိမ်းအမျိုးသားများနှင့် ပွဲလမ်းသဘင်များ ရပ်ဝေးနယ်များအထိ လှည့်လည်ကြည့်ရှုသည်...။

အစပိုင်းက မိဘနှင့် ပတ်ဝန်းကျင်မသိအောင် ခို်းကြောင်ခို်းဝှက် ပြုမူသော်လည်း နောင်သောအခါ မိဘနှင့် ပတ်ဝန်းကျင်ကိုပါ ဂရုမစိုက်တော့ပဲ... ထိုအပြုအမူများကို ပြောင်ပြောင်တင်းတင်းပဲ ပြုလာပါတော့တယ်...။

နောက်ဆုံးမှာတော့ ထိုအကွက်ကို ချောင်းနေတဲ့ ဘာသာခြားတစ်ယောက်ရဲ့ နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားပြီး... မိမိတို့ ဘိုးဘွားအစဉ်အဆက် ယုံယုံကြည်ကြည် ကိုးကွယ်လာခဲ့ကြတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကို အပြီးပိုင်စွန့်လွှတ်ကာ ခြေစုံကန်ခဲ့ပါတော့တယ်...။

ဘာသာခြားနဲ့ လက်ထပ်၍ ဗုဒ္ဓသာသနာတော်ကို ခြေစုံကန်ခဲ့သော မချစ်ကြည်ဟာ အစပိုင်းတော့ မိဘရဲ့ ပစ်ပယ်မှု... ပတ်ဝန်းကျင်ရဲ့ ရှုပ်ချမှုတွေကြောင့် ခပ်လျှိုလျှိုပဲ နေခဲ့ပါတယ်၊ နောက်ပိုင်း ဘာသာခြား အမျိုးသားရဲ့ အလုပ်ကျိုးစားမှုတွေကြောင့် စီးပွားရေးလေး ခေါင်းထောင်လာတဲ့ အချိန်မှာတော့ မချစ်ကြည်လည်း တစ်စခန်းထလာပါပြီ....။

တွေ့တဲ့ အမျိုးသမီးတိုင်းကို...
''ဟဲ့...မိအေး...ညည်းကြည့်ရတာ ပင်ပန်းလိုက်တာအေ...။ ညည်းတို့ အစတုန်းကတော့ ငါ့ကို ကုလားယူလို့ဆိုပြီး...။ အမျိုးဖျက်မလေး ဘာလေးနဲ့ ပြောလိုက်ဆိုလိုက်ကြတာ...ငါဖြင့် ခေါင်းတောင် မထောင်နိုင်ဘူး..။ ခုတော့ ဘယ့်နှယ့်ရှိစ..။ ခု နင့်ယောက်ကျား ငမူး အရက်သောက်ဖို့ ရှာရတာနဲ့ ဈေးတောင်း ခေါင်းပေါ်ကတောင် မချရပါလား..။ ခု ငါ့ကိုကြည့်စမ်း... ငါဘာလုပ်ရသလဲ..။ အိမ်မှာ အေးအေး ဆေးဆေး ထမင်းလေး ချက်..။ သနပ်ခါး ချေဆုံးခေါင်းဆုံး လိမ်းပြီး ဝတ္ထုစာအုပ်လေးတောင် ဖတ်နေနိုင်သေး..."

"တော်စမ်းပါ...ချစ်ကြည်မရယ်... နင့်လို ငွေမက်ပြီး ဘုရားပစ်မတော့ ငါတို့ အဖြစ်မခံနိုင်ဘူးဟေ့... စားစရာမရှိရင် လျှာပေါ် မြက်ပေါက်ချင် ပေါက်သွားပစေ.... ကုလားတော့ လင်မတော်နိုင်ဘူး...''

''နင်တို့ အဲဒါခက်တာပေါ့ မိအေးရဲ့.။ နင်တို့ ဗမာတွေဟာလေ..။ စားစရာသာမရှိတာ။ လေက တစက်ကလေးမှ မလျှော့ချင်ကြဘူး...။ ဒီမယ် ငါပြောမယ်.။ နင်တို့ဘုရားဆိုတာကရော.. ဘာလုပ်ပေးနိုင်သလဲ...။ ဒီမှာကြည့် ငါတို့ အလ္လာက လုပ်ပေးတာ ငါ့မှာ ရွှေတွဲလွဲ ငွေတွဲလွဲနဲ့..။ အတွေးမလွဲနဲ့နော် မိအေး..။ နင့်ယောက်ကျား အရက်သမားကိုသာ ကွာလိုက်..။ ကိုမူတူးမှာ... ညီဝမ်းကွဲတစ်ယောက်ရှိတယ်..။ သူက မိန်းမနှစ်ယောက်ပဲ ရှိသေးတယ်..။ သူက အလွန်သဘောကောင်းတယ်...။ ငါပြောပေးမယ်... မိအေး နင် အတွေးမချော်စမ်းပါနဲ့... နင့်ကို ငါခင်လွန်းလို့... နင်ဆင်းရဲပြီး အရက်သမားမယားဖြစ်နေတာ ငါ မကြည့်ရက်လွန်းလို့ပါ...။''

''တော်စမ်းပါ ချစ်ကြည်မရယ်...။ ကုလားမယားငယ်လုပ်ဖို့ နင်မို့ပြောထွက်တယ်...။ နင့်ကို ငယ်သူငယ်ချင်း သံယောဇဉ်နဲ့မို့ ဒီတစ်ခါတော့ ငါသီးခံလိုက်မယ်...။ ဒီမယ် ချစ်ကြည်မ... ကုလားမယားလုပ်ပြီး... ဘုရား...တရား...သံဃာစော်ကားမယ့်အစား...။ ငါ့လင် အရက်သမားကို တစ်သက်လုံး လုပ်ကျွေးတာက ပိုမြတ်သေးတယ်...။ အေး...နင်မှတ်ထား... အရက်သမားကို လင်တော်ပြီး ဈေးတောင်း ခေါင်းပေါ်က မချရတာက.... တစ်ဘဝပဲ ဆင်းရဲမယ်..။ နင့်လို မမြင်ဖူး မူးမြစ်ထင်ပြီး.... ဘုရား...တရား...စော်ကားတဲ့သူက တစ်သံသရာလုံး ဆင်းရဲမှာ...။ အဲဒါ နင်သိရဲ့လား...။''

''ကဲ....တော်ပြီ...တော်ပြီ...။ မိအေး.... နင့်ကို စေတနာရှိလွန်းလို့.....ပြောပြနေတာ ငါ့စေတနာ နင်နားမလည်တော့လည်း.... အပိုပဲ အချိန်ကုန်တယ်...။ ငါသွားမယ်.... အေး...နင့်ဆုံးဖြတ်ချက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အချိန်မရွေး ငါ့ဆီလာခဲ့ ငါကူညီပေးမယ်....။''

တဖြည်းဖြည်းနဲ့ မချစ်ကြည်ဟာ ရပ်ကျော်၊ ရွာကျော်ဖြစ်လာပါတော့တယ်၊ လူရှေ့ သူရှေ့ ရောက်ရင် သူ့ရဲ့ မိထွေးဘာသာတရားကို ပိုပြီး ကိုင်းရှိုင်းပြတယ်... လေးစားပြတယ်...။ နောက်ဆုံး ဗမာစစ်စစ်က ခေါင်းမြီးခြုံတာ ထိုရွာလေးမှာ မချစ်ကြည်ကအဦးဆုံးပါပဲ...။ ဆင်းဆင်းရဲရဲ ဗမာမလေးတွေ တွေ့တိုင်း.... ကုလားနဲ့ ယူဖို့....၊ ကုလားမယားငယ်လုပ်ဖို့ ဆွယ်ရတာလည်း သူ့တာဝန်တစ်ရပ်လိုပါပဲ...။

မချစ်ကြည်ရဲ့ အဆွယ်ကောင်းမှုတွေကြောင့် ထိုရွာလေးနဲ့ အနီးပတ်ဝန်းကျင်ရွာများမှာ ကုလား ယောင်္ကျားယူတဲ့စနစ် တစ်ခေတ်စားခဲ့ပါသေးတယ်..။ ပိုဆိုးတာက ထိုအချိန်က ရပ်ရွာရဲ့ ဦးစီးဦးဆောင်များ.... ညံ့ဖျင်းမှုကြောင့်... ထိုရွာလေးမှာ မချစ်ကြည်တို့ ဘာသာရေးဂိုဏ်းက လူသားချင်း စာနာမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ရွာပိုင်မြေတွေကို ဝယ်ပြီး အိမ်တွေဆောက်ပါတယ်....။

ပြီးတော့ သတင်းတစ်ခုလွှင့်လိုက်တယ်...
''ဆင်းရဲဒုက္ခရောက်၍ အိုးပိုင် အိမ်ပိုင်မရှိသော သူများအတွက် ကျွနု်ပ်တို့ အလ္လာအရှင်မြတ်မှ ကရုဏာတော်သက်၍ တစ်ဦးလျှင် အိမ်တစ်ဆောင် မီးတစ်ပြောင် ချီးမြှင့်ပေးသနားလိုက်သည်''

အစကတည်းက မချစ်ကြည်ရဲ့ စည်းရုံးအားကောင်းမှုနဲ့ ကုလားမယားခေတ်စားရတဲ့ အထဲ... အိမ်ကလေးတွေပါ ဆောက်ပေးလိုက်တော့.... အပျင်းကြီးကြတဲ့ ကိုရွှေဗမာများ.... အပျော် မက်ကြတဲ့ မရွှေဗမာများ... ကုလားကို ယူ.။ ကုလားဆောက်ပေးတဲ့ အိမ်ပေါ်မှာ အခန့်သား... ပျော်တစ်ပြုံးပြုံး မော်မဆုံးပေါ့...။

ထိုစဉ်က မချစ်ကြည်မှစခဲ့သော ဇာတ်ပျက်မှုဟာ ယခုဆိုလျှင် ထိုရွာလေးမှာ.... အနှစ်သုံးဆယ် အတွင်း ဘာသာခြား အိမ်ခြေတစ်ရာကျော်သွားပါပြီ....။

အမျိုးသမီးတစ်ယောက် .... အိမ်တစ်လုံးက စခဲ့တဲ့ ဇာတ်လမ်းပါ....
ဒါကြောင့် အစက ဆိုခဲ့ပါတယ်.....

**** ဘာသာတရားရဲ့ အဓိက ယိုပေါက်ဟာ အမျိုးသမီးတွေပါ ****
~~~~~~~~+~~~~~~~~~~~+~~~~~~~~~+~~~~~~~~+~~~~~~~~~

ထိုရွာလေးရဲ့ထိုမျှလောက်သော ကြေကွဲစရာဇာတ်လမ်းကို အစပျိုးခဲ့သော မချစ်ကြည်ရဲ့ ဇာတ်သိမ်းကလည်း...... ကြေကွဲစရာပါပဲ....။

တကယ်တော့ မချစ်ကြည်ဟာ အပျော်အပါးကို မက်တဲ့စိတ်..။ အလှအပကို ခုံမင်တဲ့ စိတ်..။ ငွေကြေးကို လွယ်လွယ်ရလိုတဲ့ စိတ်တွေနဲ့.. မိဘကို စွန့်ပယ်..။ ဆွေမျိုးကို စွန့်ပယ်.။ ဘာသာတရားကို စွန့်ပယ်လို့... မွေးစား ဘာသာတရားနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ပေမယ်...မချစ်ကြည့်ရဲ့ ရင်ထဲက မသိစိတ်တစ်နေရာမှာ အစွဲအမြဲ တည်မြဲနေတာက.... ငယ်စဉ်တောင်ကျေး ကဘေးဘဝမှာကတည်းက ယုံယုံကြည်ကြည်.... ဘိုးဘွားစဉ်ဆက် ကိုးကွယ်ဆည်းကပ်လာခဲ့တဲ့ ဗုဒ္ဓမြတ်စွာ သာသနာပါ...။

ထိုအငုံ့စိတ်က မချစ်ကြည်အတွက်တော့ အလွန်နောက်ကျမှ အစွမ်းပြပါတယ်...။ အကုသိုလ်ရဲ့ အကျိုးပေးလို့ပဲ ဆိုရမလား....။ မချစ်ကြည်ဟာ ငယ်ငယ်ရွယ်ရွယ် အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးခန့်မှာပဲ...။ အလွန်ပျင်းထန်တဲ့ ရောဂါတစ်ခုစွဲကပ်လို့ အိပ်ယာထဲ လဲပါတော့တယ်....။

ထိုအချိန်န်မှာ... သူ ဘုရားတမျှ အားကိုးခဲ့တဲ့ သူရဲ့ ချစ်လှစွာသော.... ချစ်လင်... ဘဘာသာခြား ကလည်း မကယ်နိုင်တော့ပြီ.။ ရောဂါရှိတဲ့ ကြားက.... ဆရာဝန်က ကလေး မမွေးပါတော့နဲ့လို့ တားမြစ်တဲ့ ကြားကပဲ.၊ အလ္လာမကြိုက်လို့ ....ဆိုပြီး မွေးခဲ့သော သားတစ်ရာ မြေးတစ်ဖျာ ခန့်လောက်ကလည်း မကယ်နိုင်တော့ပြီ....။ (မချစ်ကြည်တို့ ဘာသာက ကလေးမမွေးရင် မကြိုက်ပါဘူး..။ မွေးနိုင်သလောက်မွေးရပါတယ်။)

အနာရောဂါတွေ သည်းထန်လို့ မျှော်လင့်ချက်တွေ ကုန်ဆုံးခါနီးတဲ့ အချိန်မှာ မချစ်ကြည် ရင်ထဲပေါ်လာတာက.....
***လာတုန်းကလည်း တစ်ယောက်တည်းနော့....၊ လက်တွဲခေါ်ကာ ဖော်မပါဘူး..။ ဥစ္စာချည်းနှီး …ကို်ယ်ထီးတည်း...။**

**ပြန်သွားတော့လည်း တစ်ယောက်တည်းနော့…၊ လက်တွဲခေါ်ကာ ဖော်မပါဘူး..။ ဥစ္စာချည်းနှီး…ကိုယ်ထီးတည်း....။**

ငယ်စဉ်တောင်ကျေး ကလေးဘဝမှာကတည်းက ရွာဦးကျောင်းဆရာတော်ထံမှာ သင်ကြားခဲ့ရသော အဖိုးဖြတ်နိုင်တဲ့ ဗုဒ္ဓကျမ်းစာလေးများက ခေါင်းထဲတန်းစီ ဝင်လာပါတော့တယ်...။ မချစ်ကြည်ရဲ့ မျက်ဝန်းမှာ မျက်ရည်ပူများ ကျဆင်းလာပါပြီ...။ အမိုက်မရဲ့ နောင်တမျက်ရည်များပါ....။

*တစ်ဘဝစာအတွက် မဟုတ်...။ တစ်သံသရာစာလုံးစာအတွကမိုက်ခဲ့တဲ့ အမိုက်မ....
*တစ်ယောက်စာအတွက် မဟုတ်....။ တစ်မျိုးသားလုံးအတွက် မိုက်ခဲ့တဲ့ အမိုက်မ...။

မချစ်ကြည်ခမျာ...သေရာညောင်စောင်း လဲလျောင်းရင်း... ဘေးမှာရှိနေတဲ့ အစစ်ကိုဝမ်းကွဲ တော်စပ်သူ ကိုဘကြည်ကို စီးကျလာတဲ့ မျက်ရည်များကို သုတ်ဖယ်ရင်း ပြောရှာပါတယ်...။

''အစ်ကိုကြည်ရယ်.... ခုတော့ကျမလေ ဘုရားကို စော်ကား..။ တရားကို စော်ကား...။ သံဃာကို စော်ကားခဲ့တဲ့ အပြစ်တွေအတွက် နောက်တရလှပါပြီ..။ ခုချိန်မှာလေ သံဃာတော်တစ်ပါးပါးကို အိမ်ပင့်ပြီး ဆွမ်းလေး ကပ်လှူလိုက်ရရင် ကျမသေပျော်ပါပြီ အစ်ကိုကြည်ရယ်....။''

***နှောင်းခဲ့ပါပြီ.......မချစ်ကြည်...***
မချစ်ကြည် လှမ်းခဲ့တဲ့ ခြေလှမ်းတွေက လှုပ်မရအောင်.... နှုတ်မရအောင် ကျွံခဲ့ပါပြီ....။
နှောင်းမှတတဲ့ နောင်တ တရားအတွက်...ပြုခဲ့လှတဲ့ ကောင်းမှုကို ပြုဖို့ မချစ်ကြည့်ရဲ့ အိမ်ဦးနတ် သခင်က ခွင့်ပြုမည် မဟုတ်တော့ပါ...။

ဘယ်လိုမှ မဖြစ်နိုင်မှန်းသိတဲ့ ကိုဘကြည်ခမျာ...နှမလေးမျက်နှာကို ကြည့်ရင်း....
''နင့်အဖြစ်ကို ကြည့်ရင်း ငါရင်နာလိုက်တာ...ချစ်ကြည်မရယ်...။ နင့်ရဲ့ မိုက်နောင်တတွေက နောက်ကျလိုက်တာကွယ်...။ ခုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး...။ နင့်ယောက်ကျားကလည်း ဘယ်လိုမှ ခွင့်ပြုမှမဟုတ်ဘူး...။ စိတ်လျှော့လိုက်ပါတော့ နှမရယ်...။''

အစ်ကိုဖြစ်သူရဲ့ ကိုဘကြည်ရဲ့ လက်ကလေးကို တုန်တုန်ချချိနဲ့ စွဲကိုင်ရင်း မချစ်ကြည် ခမျာ မျက်နှာငယ်လေးနဲ့ ပြောရှာပါတယ်...။
''သေမယ့်သူရဲ့ နောက်ဆုံး ဆန္ဒအဖြစ် အတတ်နိုင်ဆုံး ကြိုးစားပေးပါလား ....အစ်ကိုကြည်ရယ် ....။ ခု သူ မြို့ကို သွားပါတယ်...။ နောက်တစ်နာရီအတွင်း ပြန်မလာနိုင်ပါဘူး...။ ညီမကို သနားရင် ကူညီပါ အစ်ကိုရယ်...။''

ကိုဘကြည်ခမျာ ညီမဖြစ်သူကိုကြည့်လိုက် ...ပတ်ဝန်းကျင်ကို ကြည့်လိုက် လုပ်ရင်း နာရီကို ကြည့်လိုက်တော့.... နံနက် ၁၁-နာရီတိတိ...
''ကဲ...မချစ်ကြည် မွန်းတည့်ဖို့ကလည်း တစ်နာရီပဲ လိုတော့တယ်....။ ငါ မဖြစ်ဖြစ်အောင် ကြိုးစားပေးမယ်...။ နင် အားတင်းပြီး စောင့်နေနော်....။''
ညှိုးနွမ်းနေတဲ့ မချစ်ကြည်ရဲ့ မျက်နှာလေး ချက်ခြင်းဆိုသလိုပဲ ပြန်လည် လန်းဆန်းလာပြီး ခပ်သွက်သွက်လေး ခေါင်းညိတ်ရှာပါတယ်....။

လမ်းပေါ်ရောက်တော့ ကိုဘကြည် စဉ်းစားပါတယ်.....။
''အင်း...ဒီအချိန်ဆိုရင်.... ကျောင်းက သံဃာတော်တွေလည်း ဆွမ်းဘုဉ်ပေး ပြီးလောက်ပြီ...။ မပြီးဦးတော့ သွားပင့်ဖို့ အချိန်မမှီတော့ဘူး....။ သူ့ယောက်ကျားကြီး ပြန်လာရင်လည်း အခက်၊....ကဲ...မထူးပါဘူး....မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ လုပ်ရမှာပဲ.....။''

အနှီးဆုံးဖြစ်တဲ့ ရထားဘူတာမှာ ခေါင်းရွက်ပြီး ရောင်းနေတဲ့ ထမင်းထုပ်သည်ထံက ထမင်းတစ်ထုပ် ဟင်းတစ်ထုပ်ဝယ်လိုက်တယ်၊ ပြီးတဲ့အခါ ခေါင်းမော့ကြည့်လိုက်တော့ ရထားလာချိန်စောင့်နေတဲ့ သံဃာတော် တစ်ပါး....၊ ဟန်ကျပြီ...။

ကိုဘကြည် ကသောကမြောပဲ ထမင်းထုပ်လေးတွေ ဘေးချလို့ ဦးတော်တင်လိုက်တယ်...။
''ဆရာတော် ဘုရား၊ တပည့်တော်နောက် လိုက်ပြီး...။ တပည့်တော် ညီမလေးကို ကယ်တင်တော်မူပါ ဘုရား...။''
''ဟဲ့ ဒကာ၊ အစမရှိ ၊ အဆုံးမရှိ ငါက ဘယ်ကိုလိုက်ပြီး ဘယ်သူ့ကို ကယ်တင်ရမှာလဲ..''.

''နောက်မှပဲ အကြောင်းစုံ လျှောက်ထားပါ့မယ် ဘုရား...။ သနားသောအားဖြင့် ဘုရားတပည့်တော် ပင့်လျှောက်ရာကို ကြွပေးတော်မူပါဘုရား....။''
ခရီးသွားသံဃာတော်ကလည်း နာရီကြည့်လို့ ရထားချိန်ကလည်း ဝေးသေးတာနဲ့.... အပြေးတစ်ပိုင်း ဖြစ်နေတဲ့ ကိုဘကြည်နောက်က ခပ်မှန်မှန်ကလေး ကြွလိုက်ခဲ့ပါတယ်....။
~~~~~~~~+~~~~~~~~~+~~~~~~~~~+~~~~~~~~~+~~~~~~~~~~

''ညီမလေးရေ..... အ မျှ......အ မျှ.....အမျှ....။''
မျက်ရည်တစ်ဖက် ငိုသံတစ်ဝက်နဲ့ အမျှပေးဝေနေရှာတဲ့.... ကိုဘကြည်ရဲ့ အသံကို မချစ်ကြည်လေး မကြားနိုင်ရှာတော့ပြီ...။

''ညီမလေးရေ.... နင့်ရဲ့ ကံက ဆိုးလှပါလားကွယ်....ဟင် အမိုက်မရဲ့၊ ..နှောင်းမှတတဲ့ ကုသိုလ်နောင်တ ရခဲ့ပေမယ့်....ငါ ကြိုးစားပမ်းစား ဆရာတော်တစ်ပါး ရအောင်ပင့်ခဲ့ပေမယ့် နင်ဘာလို့ စောင့်မနေနိုင်ခဲ့ရတာလဲ.....ညီမလေးရယ်....။''

*သြော်......တစ်ဘဝစာမဟုတ်.....၊ တစ်သံသရာလုံးစာအတွက်… ကျွံခဲ့တဲ့ ခြေလှမ်း....။
တစ်ယောက်စာ မဟုတ်.....၊ တစ်မျိုးသားလုံးအတွက်… ကျွံခဲ့တဲ့ ခြေလှမ်း....*
***အချိန်မှီလေးတောင် လှုပ်ခွင့်မရ.....နှုတ်ခွင့်မရတော့ပါလားကွယ်......***
***လောကကမ္ဘာမြေမှာ ဒုတိယ…မချစ်ကြည်များ.. မရှိစေချင်တော့ပါ...။

နောက်ထပ် မချစ်ကြည် အသစ်များ.. ထပ်မံ မပေါ်လာစေချင်တော့ပါ***

မေတ္တာဖြင့်....
ရွှေဘုန်း 26.May.2014 ( 1:07 A.M)

မှတ်ချက် ။ ။ ဒီဇာတ်လမ်းဟာ.... နာမည်နဲ့ နေရပ်ပြာင်း၍ ရသပေါ်လွင်အောင် ရေးဖွဲ့ထားသော ဖြစ်ရပ်မှန် ဇာတ်လမ်းလေးဖြစ်ပါတယ်......။

Friday, August 9, 2013

အမျိုးစောင့်စေချင်သည်


အမျိုးစောင့်စေချင်သည်(ဖြစ်ရပ်မှတ် ဇာတ်လမ်း)


ခင်မွန့်တစ်ယောက် သူနှင့်လက်ထပ်ခါစက မိမိလောက် ကံကောင်းသူမရှိဟု ယူဆမိခဲ့သည်။သူ၏ အကြင်နာအယုယများကြား။ ငွေကြေးချမ်းသာပြည့်စုံမှုများကြား သာယာနေမိခဲ့သည်။ မိဘ၏ အမွေပြက်စွန့်လွှတ်မှုခံရခြင်းကိုလည် ၀မ်းမနည်းခဲ့၊ပတ်ဝန်းကျင်တွင် မိမိကြောင့် မိဘများ ခေါင်းမဖော်နိုင်ဘံ ကျန်ရစ်သည့်အဖြစ်ကိုလည်း မတွေးမိခဲ့။သို့သော် ထိုပျော်ရွှင်ခြင်းသည် တစ်ခဏသာခံသော ပျော်ရွှင်ခြင်းတည်း။

သူနှင့်လက်မထပ်မီက ခင်မွန့်အတွက် ဘာသာတရားသည် အလေးအနက်မရှိခဲ့၊ မိရိုးဖလာကိုးကွယ် မှုအဖြစ်သာ လက်ခံခဲ့မိသည်။ထို့ကြောင့် လူမျိုးခြား ဘာသာခြားသူနှင့် ချစ်ကြိုက်မိခဲ့သောအခါ ကိုယ်ယုံကြည်ရသော ဘာသာကို လွတ်လပ်စွာကိုးကွယ်ကြ မည်ဟု ပြောခဲ့ခြင်းကို ခင်မွန်လက်ခံခဲ့သည်။ စစ်စစ် ခင်မွန့်အသက်က ဆယ်ကျော်သက်ရွယ် မနူးမနပ်အရွယ်မျှသာ၊ သူ့အသက် သုံးဆယ်ကျော် လေးဆယ်အတွင်း။


ခင်မွန်တတ်သော ကျူရှင့်တည့်တည့် လက်ဖက်ရည်ဆိုင်တွှု သူက နို့ဆီဖိုးများ လာသိမ်းလေ့ရှိ သည်။ တန်ဖိုးကြီးသော အ၀တ်အစားများဝတ်ကာ ရွှေထည်အမျိုးမျိုးဝတ်ဆင်၍ ဆိုင်ကယ်ဖြင့် လာလေ့ရှိသော သူ့ကို 

ခင်မွန်တို့သူငယ်ချင်းများက `မင်းသား´ဟုနာမည် ပေးထားသည်၊ သူက ခင်မွန်ကို ချစ်ရေဆို လာသော အခါ ခင်မွန် ဂုဏ်ယူခဲ့မိသည်၊ သူငယ်ချင်းများ ဖျက်သည့်ကြားမှ သူ့ကိုလက်ခံခဲ့မိသည်။

ခင်မွန်တို့ ချစ်ခရီးမကြာမီမှာပင် သူငယ်ချင်း ရင်ရင်နွဲ့ သွားပြောသဖြင့် ခင်မွန်မိဘများ သိသွားခဲ့သည်၊ ရင်ရင်နွဲ့၏ စေတနာကို နာမလည်ခဲ့သော ခင်မွန် ရင်ရင်နွဲ့ကို စိတ်နာခဲ့သည်။ ရင့်ရင့်သီးသီးပြောချခဲ့သည်။ခင်မွန်အား မိဘဆွေမျိုးများက ဆုံးမကြသည်။

´မိုက်လိုက်တာ သမီးရယ်၊ ဘာသာခြား လူမျိုးခြားနဲ့မှ ကြိုက်ရသလာ၊တိုင်းရင်းသား ဗုဒ္ဓဘာသာဖြစ်ပါစေ၊ ငါ့သမီးချစ်သူကို ဘယ်လောက် ဆင်းရဲဆင်းရဲ ပေးစာမယ်´´

``လူမျိုးခြားနဲ့ယူလို့ကတော့ ဆွေပြက်မျိုးပြက် သေခန်းပြက်ပဲ´´

``ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကိုယ်ကတန်ဖိုးထား စောင့်ရှောက်ရမယ်´´ ဆုံးမစကားများကို ခင်မွန် နားမ၀င်ခဲ့ပါ။မိဘများက ကြပ်မတ်၍ ကျောင်းသို့အပို့အကြို လုပ်သည့်ကြား ထဲမှ သူ့နောက်ကို ခိုးရာလိုက်ခဲ့ပါသည်။

ဟိန်းနေသော သူတို့တိုတ်ကြီးထဲအ၀င် ခင်မွန်အားငယ်သည်၊ မိမိနှင့် လူမျိုးခြား၊ ဘာသာခြားဖြစ်သော သူ့မိဘညီအစ်ကိုမောင်နှမများအား အတွေ့၊ စိတ်ကူးယဉ်အိမ်မက်မှ ဖျက်ခနဲ လန့်နိုးသည်၊ သူ့မိဘများက လိုလားစွာဆက်ဆံသဖြင့် ခင်မွန်ဖြေသာရသည်။သူ၏ အကြင်နာများ။ သူဆင်ပေးသော လက်ဝတ်လက်စားများကြောင့် ခင်မွန်ကျေနပ်မိသည်။ ယခင်က ဘတ်စ်ကား တိုးစီးခဲ့ရာမှ ယခုအပြင်ထွက်လျင် ဆိုင်ကယ်ပေါ် ကိုယ်ပိုင်ကားပေါ်မှ လိုက်ရသောအခါ ခင်မွန် ဘ၀င်မြင့်မိသည်။

သို့သော် ခင်မွန် သူ့အစ်မနှင့် မီးဖိုးချောင်ဝင်ရတိုင်း သွေးသံတရဲရဲ သားငါးများ လုပ်နေသည် ကို မြင်ရလျင် ခေါင်းမူး ရသည်။ဤအဖြစ်ကို ဒုက္ခဟု မမှတ်ယူခဲ့မိ၊ သူတို့မိသားစုနှင့်အတူး ဘာသာရေး ၀တ်ပြုရာသို့ ခင်မွန် ကြည်ဖြူစွာလိုက်သည်။ခင်မွန်ခေါ်လျင်လည်း ခင်မွန်နှင့်အတူ ဘုရားသွားကျောင်းတတ် သူလိုက်မည်ဟု ခင်မွန်ထင်ခဲ့မိသည်။

ဝါဆိုလပြည့်သို့ ရောက်ခဲ့ပြီး အခါကြီးရက်ကြီးဖြစ်၍ တ်ကောင်းစားလှများဝတ်ကာ သူနှင့်အတူတူ ဘုရားသွားလိုသဖြင့် ခင်မွန်ပူဆာမိသည်။

``အစ်ကိုကြီး ဒီနေ့ဘုရားသွားချင်တယ်၊ လိုက်ပို့နော်´´ သူက မျက်စိမျက်နှာပျက်သွားသည်။

``နောက်မှ သွားတာပေါ့ ကို မအားဘူး´´ ခင်မွန်ကို လိုက်မပို့လိုမှန် ခင်မွန်မရိပ်စားမိခဲ့။ သူတို့သဘောထားကို နားလည်ရသောနေ့ကို မကြာမီရောက်ခဲ့ပြီး၊ ခင်မွန်ဈေးသွားဝယ်းရင်း မန္တလေး မဟာမြတ်မုနိဘုရားပုံတော်ကို ပူဇော်ရန် ပင့်ဆောင်ဝယ်ယူလာခဲ့သည်၊ မီးဖိုချောင်ထဲတွင် သီးနှံများထုတ်နေခိုက် စားပွဲပေါ်၌ အမှတ်တမဲ့ တင်ထားမိသော ဘုရားပုံတော်ကားကို သူ့မိခင်ကယူ၍ ဖြန့်ကြည့်သည်။ ထို့နောက် မျက်စိမျက်နှာပျက်၍ ထွက်သွားပြီး မကြာမီ သူဒေါသတကြီး ၀င်လာသောအခါ ခင်မွန် အံသြရသည်။

``မင်းက ဘာအချိုလဲ ခင်မွန်၊ ဒီပုံကို ဘယ်သူခွင့်ပြုလို့ ၀ယ်လာရတာလဲ´´

``ခင်မွန် ပူဇော်ချင်လို့ပါ ကိုကို´´

``မင်းကို ဘယ်သူက ပူဇော်ခွင့်ပြုလို့လဲ´´

``ခင်မွန်တို့ အခန်းထဲမှာ ပူဇော်ထားချင်လို့ပေါ့၊ ခင်မွန်ကိုပြောတော့ ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ် ကိုးကွယ်ဆို´´

``တော်စမ်း၊ ခွင့်မပြုနိုင်ဘူး။ ငါ့တို့အိမ်ထဲမှာ ဘယ်တော့မှ ဒီလိုပုံမျိုး ယူမလာနဲ့၊ ဒါ နောက်ဆုံးဖြစ်ပါစေသိလာ´´

ကြမ်းပြင်ပေါ်၌ လုံးချေလွှင့်ပစ်ခဲ့သော ပုံတော်ကိုကြည့်ရင် ခင်မွန်တုန်လှုပ်ရသည်၊သူက ဒေါသတကြီး ထွက်သွားပြီး၊ ထို့ညက သူအိမ်ပြန်မလာ၊ သူ့မိခင်ကပြောသည်။

``ခင်မွန် မလိမ္မာဘူး၊ သားကြီး ဒီည တာမွေက သူ့မယားကြီးဆီ သွားအိပ်လိမ့်မယ်ထင်တယ်´´

``ဟင်.........မယားကြီးရှိတယ် ဟုတ်လာ´´

``အေ.. ရှိတယ် ကလေးသုံးယောက်နဲ့ သူ့ကျွေးနိုင်လို့ ယူတာပဲ မင်းနဲ့ယူတာလည် ခင်မာစိန်က သိတယ်၊ သားကိုကြောက်တော့ ဘာမှမပြောဘူး´´

ခင်မွန်တစ်ယောက် ကျောချမှ ဓားမြမှန် သိရပြီး၊ ယခုမှ ဘာတတ်နိုင်မည်နည်း။နောင်တတရား ရခဲ့သော ခင်မွန်အတွက် တီဗွီတွင် ဗုဒ္ဓဘုရား ဆင်းတုပုံတော်များ၊ စေတီပုထိုးပုံတော်များ ဘုန်းတော်ကြီးများကိုမြင်လျက် စိတ်ထဲမှ ကြိတ်ကန်တော့ရသည်။ခင်မွန်အတွက် ယခုအချိန်အတောင်းတဆုံးမှာ ဘုရား၊တရား၊သံဃာအား ပူဇော်လိုခြင်းဖြစ်သည်။ ခင်မွန်ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသော ရွှေငွေရတနာများသည် မက်မောဖွယ်မရှိတော့၊ ခင်မွန်နေထိုင်ရသော တိုတ်အိမ်သည်လည်း ပျော်ရွှင်မှု ကင်းမဲ့ခဲ့ရလေပြီ။

ခင်မွန်သားဦးလေး မွေးဖွားခဲ့ပြီး သားကလေး၏ မျက်နှာအား တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးမှုနှင့်အတူ ပူပင်သောကပါ ဖြစ်ရပြီး၊ ခင်မွန်သားလေး ဗုဒ္ဓဘာသာဖြစ်ခွင့်ရပါမလား၊ လင်နှင့်မယား ဗုဒ္ဓဘာသာ စစ်စစ်များဆိုလျင် ယခုအချိန်သည် သားလေးရှင်ပြုရန် တွေး၍ကြည်နူးရမည့် အချိန်ဖြစ်သည်။ ယခုတော့ ခင်မွန် မကြည်နူးနိုင်ပါ။ သူ၏ မင်းသားခေါင်းသည်လည် ကွာကျခဲ့ပြီး။

``ခင်မွန်...မင်းရော ကလေးပါ တို့ဘာသာထဲ ၀င်ရမယ်´´ သူ့အိမ်သူ့ရာ၌ ခင်မွန် ပြန်မပြောဝံ့ပါ။

``ခင်မွန်လေးက လိမ္မာပါတယ်ကွာ၊ ကိုကြီး လက်ကောက်ပုံဆန်းလေးတစ်ကွင်း ထပ်လုပ်ပေးမယ် သိလာ။ ကိုကြီးတို့ ဘာသာထဲ ၀င်နော်´´ ချော့မော့၍ မြူဆွယ်သည်။

``ခင်မွန်စဉ်းစာရပါပြီး ဘာသာခြား လူမျိုးခြားအား မြတ်နိုး၍ ဘ၀ကို ပုံအပ်ခဲ့မိသော ခင်မွန်၊ ယခုတော့ အခက်တွေ့ရပေပြီး၊ စိတ်သောကများကြားထဲ မိခင်ကြီး မကျန်းမားဟူသော သတင်းကြားရသောအခါ၊ ခင်မွန် အိမ်ပြန်ချင်မိသည်၊ သူ့ကို ခွင့်တောင်းသောအခါ သူက ခွင့်မပြုခဲ့။

`` မင်းဘ၀မှာ မိဘဆွေမျိုးတွေ မရှိတော့ဘူးလို့ သဘောထားလိုက်စမ်း၊ မင်းကိုလည်း သူတို့က အမွေးဖြက်ထားတာ၊ ကိုကြီးတို့ မိသားစုဟာ မင်းမိသားစုပဲ မင်းဘ၀ကို တို့မိသားစုထဲမှာ ပုံအပ်ထားစမ်းပါ။

သူ့ကဆက်ပြောသည်.............

``ခင်မွန်လေး ဘာမှ တစ်ခြားအရေးမပါတဲ့ကိစ္စတွေ တွေးမနေနဲ့၊ နက်ဖြန် ကိုကြီးရယ်၊ ခင်မွန်ရယ်၊ သားလေးရယ် ဘာသာရေးကျောင်းသွားမယ်၊ ခင်မွန်နဲ့သားလေး ကိုကြီးတို့ဘာသာထဲဝင်ကြမယ်၊ ခင်မွန်က ခင်မွန်တို့ဘုရားပုံကို ဖျက်ဆီးပြရမယ်၊ အဲဒါပြီးရင် ကိုကြီးတို့ မိသားစု ရွှေဘုံသာလမ်းက ရွှေဆိုင်ကိုသွားမယ်၊ခင်မွန်အတွက် လက်ကောက်တစ်ကွင်း၊ သားလေးဖို့ ကြိုးတစ်ကုံး သွားလုပ်ပေးမယ် ဟုတ်ပြီးလာ´´

သူ ထွက်သွားပြီး ခင်မွန်ကတော့ ဆုံးဖြက်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချဖြစ်ခဲ့ပါပြီး။

အမိုက်မ၏ အိမ်ပြန်ခရီးသည် ကြိုဆိုသူကင်းမဲ့လှချေ၏။ မိဘတို့က သမီးမိုက်အား မကြိုဆိုသော်လည်း ချစ်ခြင်းမေတ္တာဖြင့် ခွှင့်လွှတ်ပေးလိမ့်မည်၊ သားကလေးကို ရင်မှာပိုက်ရင်း နွေးထွေးသော အရိပ်ဆီသို့ ခင်မွန်ပြန်လာခဲ့ပြီ။

ခင်မွန်သားကလေး ဘာသာခြားမဖြစ်စေရ၊ စဉ်းစားဆင်ခြင်မဲ့စွာ မိုက်မိခဲ့သော်လည်း မိမိဘာသာရေး အပေါ်ကတော့ မိုက်မဲစော်ကားသူ မဖြစ်စေလိုတော့၊ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော မြန်မာလူမျိုး မိဘများမှ မွေးဖွားလာသည့်ခင်မွန် အမျိုးမစောင့်သူ ဖြစ်ခဲ့ပြီ။

ခင်မွန်အမှားကို ပြုပြင်မည်။ခင်မွန်မက်မောခဲ့သော ရွှေ ငွေ ရတနာများကိုလည်း ထားခဲ့ပြီး၊ ခင်မွန် ချစ်ခဲ့ဖူးသော လူမျိုးခြား ဘာသာခြား သူသည်လည်း ကျန်ရစ်ခဲ့ပြီး၊ ဘ၀နှင့်ရင်းခဲ့ရသော သင်ခန်းစာကြောင့် ခင်မွန်အားလုံးကို ပြောပြချင်ပါသည်။ အမျိုးဘာသာ သာသနာတော်ကို စောင့်စည်းကြပါ၊မြေမျို၍ လူမျိုးမဖြုတ်ပါ။ လူမျိုမှသာ လူမျိုးပြုတ်မည်ဖြစ်ပါသည်။

လူတိုင်း အမျိုးဘာသာ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေဟု ဆုတောင်းလိုက်ရင်း



သန္တာမြတ်သောင်း
မြတ်ပန်းရဂုံဓမ္မစာစောင်၊ ၂၀၀၃ သြဂုတ်

Tuesday, March 26, 2013

( ၉ )နှစ်သား ကလေးက ပေးခဲ့တဲ့ သင်ခန်းစာ




                             ( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက် ပါ့မယ် ။

ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝ သရုပ်ဖေါ် ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ် ။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့ အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ် ။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ် ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာ ခွဲတမ်း လည်း ကုန်သလောက် ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ် ရောက် နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန် ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ် ။

သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာ ထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့် ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာ ထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့ တဲ့။

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည် ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည် သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့် တာဝန်ချိန်လည်း ပြန်စပါပြီ။

- ဟာမင်းသန်း ( Ha Minh Thanh )

စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါ သေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

၁။ တည်ငြိမ်မှု့

ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက် နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ

ရေနှင့် စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသော စကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

၃။ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင် တော်သော ဗိသုကာပညာရှင် များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင် သွားသော်လည်း ပြိုမကျ ။

၎။ ထောက်ထားညှာတာမှု့

လောလောဆယ် လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင် လုယက်ခြင်းမရှိ လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည် ပေးမှု့ရှိသည် ။

၆။ အနာခံမှု့

နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည် နောက်ချန်နေခဲ့သည် . ( ရေဒီယို ဓါတ်ရောင်ခြည် သင့်မှု့ ခံရမည်ကို သိလျက်နှင့် စွန့်လွှတ် အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူးနှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ ပေးဆပ်နိုင်ပါမည်နည်း ။

၇။ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်း လျှော့ချပေးကြသည် အစောင့်အရှောက် မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီ စောင့်ရှောက်သည်။

၈။ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရ မည်ကို တိတိကျကျ သိသည် သိသည့်အတိုင်း လိုက်နာကျင့်သုံး ကြသည် ။

၉။ မီဒီယာ

သတင်း မီဒီယာများက အထိန်းအကွပ်ရှိသည် သတင်း ထုတ်ပြန်ရာ၌ နှိုင်းနှိုင်း ချိန်ချိန် ထိန်းထိန်း သိမ်းသိမ်း ရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ်

စတိုးဆိုင် တစ်ခုတွင် ဓါတ်အား ပြတ်တောက်၍ အမှောင်ကျ သွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန် ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာ သွားကြသည် ။



Cheers!
San San 


Tuesday, December 11, 2012

ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ။

ကျွန်တော်တို့ရဲ့ ကံတွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ။
 
ဂျက် လီဟာ အာရှတိုက်မှာ လူသိအများဆုံး သိုင်း (ကိုယ်ခံပညာ) ရုပ်ရှင်မင်းသား ဖြစ်နိုင် ပါတယ်။ ဒါ့ အပြင် ဟောလိဝုဒ်မှာ ရေပန်းစားမှု ကလည်း တိုးပွားလို့ လာနေပါတယ်။ သူ့ရဲ့ ဒီ ကိုယ်ရေး အကျဉ်းချုပ်မှာတော့ ဗုဒ္ဓဘာသာ အပေါ်မှာ သူ့ရဲ့ စိတ်ဝင်စားမှုနှင့် အများအကျိုး အတွက် ဗုဒ္ဓဘာသာ တရားတော်ရဲ့ တန်ဖိုးတွေ ကို ထွန်းကားအောင် လုပ်နေတဲ့ သူ့ရဲ့တာဝန်ကို မျှဝေထားပါတယ်။


၁၉၉၇ ခုနှစ်မှာ ရုပ်ရှင်ရိုက်တာကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချက်ကတော့ ကျွန်တော် အရမ်းကို ပင်ပန်းလို့ပါ။ စဉ်းစားကြည့်ပါဦး။ ရှစ်နှစ်သား အရွယ်က စပြီးတော့ဗျာ၊ ဝူးရှူးကို တစ်နေ့ကို ရှစ်နာရီ နှုန်းနှင့် ဆယ်နှစ်ကြာ လေ့ကျင့်ခဲ့ရတယ်။ အဲဒီနောက် ရုပ်ရှင်ကားတွေ စရိုက်တာပဲ။ ပြီးတော့လဲ အားလုံးက အတူတူလိုပါပဲ။ နောက်ပြီး သတင်းထောက်တွေနှင့် စကားပြောတိုင်း ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြ ပေးဖို့ရာ အမြဲပဲ ချော့မော့ ပြောကြတော့တာပဲ။ ဒါပေမဲ့လဲ ထင်ပေါ်ကျော်ကြားတော့ လာ တာပေါ့လေ။ ဝင်ငွေကောင်းကောင်းရပါတယ်။ ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမားတော့လဲ ရှိတာပေါ့ဗျာ။


နှစ်တွေက ကုန်လွန်ခဲ့ပါပြီ။ အရွယ်အသီးသီးဟာ သူ့နည်းသူ့ဟန်နှင့်တော့ တွေးခေါ်နိုင်စွမ်းရှိတာပါပဲ။ ဒီတော့လဲ ဟိုဟိုဒီဒီ ဆုံးဖြတ်ချက်တွေ ချမိတာပါပဲ။ ရိုးရိုးသားသားပြောရရင် ပိုကျော်ကြားအောင် ဒါမှမဟုတ် အာဏာ ပိုရှိအောင်လုပ်ရတာကို ကျွန်တော် စိတ်မဝင်စာခဲ့ဘူးဗျ။ မေမေ့အတွက်၊ ကျွန်တော့မိသားစုနှင့် ကျွန်တော့ ကလေးတွေအတွက် မျှမျှတတရှိဖို့၊ သူတို့ကို ထောက်ပံ့ပေးဖို့ လုံလောက်ပါပြီ။ ကျွန်တော် အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။

ဒီအချိန်မှာပေါ့ဗျာ ... လို ကုန်စန် ရင်ပိုချီ (Lho Kunsang Rinpoche) ကို တွေ့ပါတယ်။ သူက တိဗက်ဗုဒ္ဓ ဘာသာရဲ့ ဘာသာရေးဆရာတော်ကြီးပေါ့။ ဘာလို့ အနားယူတော့မှာလဲလို့ သူက ကျွန်တော့ကို မေးပါ တယ်။ “ဗုဒ္ဓတရားတော်ကို လေ့လာဖို့နှင့် ဘာသာတရား ကိုင်းရှိုင်းတဲ့ ဘဝနှင့် နေထိုင်ဖို့ပါဘုရား” လို့ လျှေက်ထားလိုက်တယ်။

“ဟင့်အင်း၊ မင်း အနားယူလို့ မရသေးပါဘူး” လို့ ရင်ပိုချီက မိန့်ပါတယ်။

အခုတော့ဗျာ ... ကျွန်တော့ရဲ့ အသက်မွေးမှုလုပ်ငန်းစဉ်မှာ ပညာသုတ ကြီးမားကြွယ်ဝတော်မူကြတဲ့ ဆရာသမားတွေကို တွေ့ထားရပါပြီ။ ပြီးတော့လဲ ကျွန်တော့ရဲ့ ကံကြမ္မာဟာ ဗုဒ္ဓဘာသာနှင့် ဆက်စပ် နေတယ်လို့ သူတို့တွေအားလုံးက မိန့်ကြတယ်ဗျ။ ရှောင်လင်ကျောင်းတော် (Shaolin Temple) ရုပ်ရှင်ကား ရိုက်နေစဉ်ကတောင်မှလေ၊ ကျွန်တော့်ရဲ့ ဇာတ်ကောင်စရိုက်အတွက် ဘာသာရေး ထုံးတမ်း ဓလေ့တွေကို ကျွန်တော်လေ့လာနေစဉ်ပေါ့ဗျာ၊ ကျောင်းကလူတွေက “ခင်ဗျား ဘုန်းကြီးလုပ်သင့်ပြီ” လို့တောင် ကျွန်တော့်ကို ပြောကြတယ်လေ။ (ဒီတော့ ဒါရိုက်တာက “ဟင့်အင်း၊ စောင့်ပါဦး၊ မလုပ်သေးပါနဲ့ဦး၊ ဇာတ်ကား ပြီးအောင်ရိုက်ဖို့ ရှိသေးတယ်လေ” လို့ ပြောရသေးတယ်)။

ဒါပေမဲ့လဲ ငါဟာ ဗုဒ္ဓဘာသာကျင့်စဉ်လမ်းကို အမှန်တကယ် ရှာဖွေရမှာပဲလို့ အချိန်ကြာမြင့်စွာကို ကျွန်တော်ကလည်း ခံစားနေခဲ့ရပါပြီ။ ကျွန်တော် ရင်ပိုချီကို လျှောက်ထားမိတယ်။ “တခြားလူတွေအားလုံးက တော့ ဘုန်းကြီးဖြစ်လာဖို့၊ သို့မဟုတ် လောကီဘောင်ကို စွန့်ခွါပြီး ပိဋကတ်ကျန်းဂန်တွေလေ့လာဖို့ တပည့် တော်ကို တိုက်တွန်းနေကြပါပြီ။ ဒါပေမဲ့ အားလုံးရဲ့အရှင် ဆရာသခင်ကတော့ “အလုပ်ဆီကို ပြန်ပါ” လို့ မိန့်နေတာပါ။”

“ဒီတစ်သက်တာမှာ မင်းရဲ့တာဝန်က မပြီးသေးဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

ကျွန်တော်က မေးလိုက်တယ်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တပည့်တော် ရခဲ့တာတွေ၊ ပေးနိုင်စွမ်း ရှိခဲ့ပြီးတာတွေနှင့် တပည့်တော် ကျေနပ်တင်းတိမ်ပါပြီ။ တပည့်တော်ရဲ့ အသက်မွေးမှုလုပ်ငန်း၊ တပည့် တော်ရဲ့ ကျော်ကြားမှု၊ တပည့်တော်ရဲ့မိသားစုနှင့် တပည့်တော် ကျေနပ်ပါပြီ။ လုပ်ဖို့ ကြံစည်ထားတာတွေ အားလုံး ပြီးမြောက်ပြီးပါပြီဘုရား။”

“မင်းရဲ့တာဝန်ဆိုတာ တစ်ဦးတစ်ယောက်ကိုအကြွေးတင်တာမျိုး မဟုတ်ပါဘူးကွာ။ မင်းမှာ ပိုပြီးကြီးမားတဲ့ တာဝန်ကြီး ရှိနေသေးတာကို ပြောတာပါ။”

“ကောင်းပါပြီ၊ အဲဒါ ဘာလဲဆိုတာ မိန့်ပါ။ အဲဒါ ဘာလဲဆိုတာ သိရရင် ဒီတာဝန်ကိုယူဖို့ တပည့်တော် သဘော တူချင်မှတူမယ်။ ငြင်းပယ်ကောင်း ငြင်းပယ်ပါမယ်” လို့ ပြန်လျှောက်လိုက်တယ်။
“မင်းကို ထုပ်ပြောလို့ မဖြစ်ပါဘူးကွာ။ အတွေ့အကြုံကတဆင့် မင်းဖာသာမင်း သဘောပေါက်လာပါလိမ့် မယ်”လို့ သူက ဖြေတယ်လေ။

“ကောင်းပါပြီ။ ဆရာက ဒီလိုဆိုရင် အဲဒါကို တပည့်တော် ရှာဖွေပါ့မယ်” လို့ သံသယနှင့်ပဲ လျှောက်လိုက် ပါတယ်။ သူဘာတွေပြောနေတယ်ဆိုတာ ကျွန်တော် မသိဘူး။

ဒါပေမယ်လို့ တချိန်တည်းမှာလေ၊ ရုပ်ရှင်ကားတွေ ဆက်ရိုက်နေဖြစ်တယ်ဗျ။ ကျွန်တော် Lethal Weapon 4 ကို ရိုက်တယ်။ ဒိနောက်တော့ တစ်နှစ် နှစ်နှစ်လောက် ဒီတာဝန်ဆိုတာကြီးက ဘာကြီးများဖြစ်လေမလဲလို့ နားလည်လာသည်တိုင်အောင် ကြိုးစားရင်း အချိန်တွေ အများကြီးကုန်ခဲ့ပါတယ်။

အမေရိကမှာရှိနေတဲ့ ကျွန်တော့ထံ ရင်ပိုချီ အလည်လာတဲ့အချိန်မတိုင်မီ သူဆိုလိုတာကို အရိပ်အမြွက် တော့ သိရပြီလို့ ကျွန်တော် စပြီးခံစားလာရပြီ။ ကျွန်တော်လုပ်ရမည့် အရာနှင့်ပတ်သက်လို့ သဲလွန်စ အများ အပြားကို ကျွန်တော် တွေ့ထားပြီးပြီ။ အဲဒါက ရုပ်ရှင်ကားတွေရိုက်ဖို့ရာ ကျွန်တော့် စိတ်ရင်းစေတနာနှင့် ဆက်စပ် ပတ်သက်နေတယ်လေ။

ခက်ခဲပင်ပန်းလှပြီး ဒဏ်ရာရဖို့ အန္တရာယ်အမြဲရှိနေတဲ့ ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကို ဆက်လုပ်ဖို့ ဘယ်လို အကြောင်းတရားမျိုးကများ င့ါကို လှုံ့ဆော်ပေးနေပါလိမ့်မလဲ။ ရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်က ငွေကိုပဲဖြစ်ဖြစ်၊ ကျော်ကြားမှုကိုပဲဖြစ်ဖြစ် ထပ်ပြီး မမက်မော မကပ်ငြိတော့တဲ့ လူမျိုးလေ။ ကျွန်တော့မိသားစုကို စောင့်ရှောက်ထောက်ပံ့ဖို့ ငွေလုံလုံလောက်လောက်ရအောင် အချိန် အကြာကြီး ကျွန် တော် ရှာခဲ့ပြီးပြီပဲဗျာ။

ပြီးတော့လဲလေ ကျွန်တော်တို့တွေ သိကြတဲ့အတိုင်းပါပဲ၊ ကျော်ကြားမှုဆိုတာဗျာ တဒင်္ဂ တစ်ခဏပါပဲ။ သမိုင်းတစ်လျှောက်မှာ ထင်ပေါ်ကျောင်ကြားတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲဗျာ။ ဟောလိဝုဒ် တစ်နေရာတည်းမှာပဲ ရုပ်ရှင်မင်းသား ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီထဲက ဘယ်နှစ်ယောက် မှတ်ဉာဏ်ထဲက လျော့ပါးပျောက်ကွယ်သွားပြီလဲ။

အချိန်က အရာရာတိုင်းကို တိုက်စားသွားပါတယ်။ ဆယ်ကျော်သက်တွေဟာ ပြီးခဲ့တဲ့ မျိုးဆက်က ရုပ်ရှင်သရုပ်ဆောင်တွေကိုတောင် သိကြတော့တာမှ မဟုတ်တာ။ ဂုဏ်သတင်းကြီးမှုရဲ့ သွေးဆောင် လှည့်ဖြားမှုကို ကောင်းကောင်းကြီး သဘောပေါက်ရင် ခင်များကို အဓမ္မကြီးမောင်းနှင်နေတဲ့ အဲဒီ လည့်ဖြားမှုကို မောင်းနှင်ခွင့် မပေးဘူးဆိုတာ သေချာပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတာဝန်ကြီးကို ကျွန်တော် မနှစ်က သဘောပေါက်နားလည်လာတယ်ဗျ။ ကျွန်တော့မှာ ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာကို ကူညီ မိတ်ဆက်ပေးဖို့ တာဝန်တစ်ရပ် ရှိတယ်လေ။ အစဉ်အလာနည်းလမ်းနှင့်လဲ မဟုတ်သလို အစဉ်အလာ ဆက်သွယ်ရေးနည်း နှင့်လဲ မဟုတ်ဘူးလေ။

ဗုဒ္ဓဘာသာမှာ အဓိကကျတဲ့ အယူအဆကြီးတွေ အများကြီး ရှိပါတယ်။ အခုလောလောဆယ်တော့ အဲဒီထဲက နှစ်ခုကိုပဲ ကျွန်တော် ပြောပါ့မယ်။ အယူအဆတစ်ခုက ကံတရားဗျ။ အဲဒီကံဆိုတာဗျာ - ခင်ဗျားရဲ့ ကံကြမ္မာကို စီမံဖန်တီးပေးတဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေပေါ့။ တခြားတစ်ခုက မေတ္တာ ဒါမှမဟုတ် ကရုဏာတရားပါ။ လူတိုင်းလူတိုင်းကို မေတ္တာနှင့်ယှဉ်ပြီး ဆက်ဆံတဲ့ တရားပေါ့။

လူတိုင်းလူတိုင်းဟာလေ ဘယ်လောက်ထိ ညည်းညူနေချင်ကြတာကို ကျွန်တော် စပြီးသတိထားမိတယ်။ သူတို့တွေရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ အလုပ်ရှင်၊ ဆက်ဆံရေး၊ သူတို့တွေရဲ့ မိသားစုနှင့်ပတ်သက်ပြီး ညည်းညူချင်ကြတာပါ။ လူတွေကဗျာ သူတို့တွေရဲ့ဘဝတွေ ဘာတွေများဖြစ်နေပါလိမ့်၊ တခြားလူတွေ အားလုံးက သူတို့တွေရဲ့ဘဝကို ဘယ်လိုများ ခက်ခဲအောင်လုပ်နေပါလိမ့် ဆိုတာတွေနှင့် ပတ်သက်ပြီး တစ်ချိန်လုံး ငြီးတွားပြောဆိုနေကြတာပါ။ ဒါပေမယ်လို့လဲ ခင်ဗျားမှာ ဖြစ်လာနေတာတွေက မဝေးလှတဲ့ အတိတ်ကာလကပဲ ခင်ဗျားရဲ့ အပြုအမူတွေက ဖန်တီးထားတာတွေပါ။ 
 အလားတူပါပဲ ဒီဘဝမှာ ခင်ဗျားလုပ်ထားတာတွေ - ခင်ဗျားရဲ့ အပြုအမူ အလုပ်အကိုင်တွေ၊ စကားတွေ၊ အမူအရာတွေ အားလုံးဟာ နောက်ဘဝမှာ ခင်ဗျားဘာဖြစ်မယ်ဆိုတာကို စီမံဖန်တီးပေးတယ်လေ။ အခု ခင်ဗျားဘဝရဲ့အဆုံးမှာ ကိုယ်ပိုင် account statement တစ်ခုကို ခင်ဗျားရေးပေးရပြီလို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ တခြားလူတွေကိုတော့ ခင်ဗျား ဖုံးကွယ်လို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ ခင်ဗျား လိမ်လို့မရပါဘူး။ ဘယ်သူ့ကို ခင်ဗျား ညည်းညူတယ်၊ ဘယ်လုပ်ငန်း တာဝန်တွေကတော့ဖြင့် မပြီးဆုံးပဲထားခဲ့ရပြီ၊ ဘယ်ကတိစကားတွေ ပျက် ကွက်ခဲ့တယ်ဆိုတာတွေ ခင်ဗျား သိပါတယ်။

အဲဒါကိုသာ ဒီနည်းနှင့် ခင်ဗျားတွေးကြည့်လိုက်မယ်ဆိုရင် အတော်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ကွက် တစ်ခုတော့ ခင်ဗျား ဖန်တီးပြီးသွားပြီလို့ ပြောလို့ရသွားပြီပေါ့။ စိတ်ဝင်စားဖွယ်ရာ လှုံ့ဆော်မှုတွေ၊ ဖြေရှင်း မပြီးသေးတဲ့ ပြဿနာတွေ၊ သူ (သို့မဟုတ်) သူမ တိုက်ရိုက်ပြောဖို့ လိုအပ်မယ့် ဒါမှမဟုတ် နောက်တစ်ကြိမ် ကျရင် အစားပေးရမယ့် ဒီလိုမှ မဟုတ်သေးရင်လဲ အမှန်ဖြစ်အောင် ပြင်ရဦးမယ့် အမှားတွေ အဲဒီလိုဟာမျိုးတွေ အားလုံးနှင့် ဇာတ်ဆောင်စရိုက်တစ်ခု ဖြစ်လာနိုင်အောင်ပေါ့။ 
 စင်စစ်တော့ ခင်ဗျားဟာ နောက်ဘဝအတွက် ဇာတ်ညွှန်း တစ်ပုဒ်ကို အမြဲမပြတ် ရေးနေပါတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ လက်ရှိ အခြေ အနေကို ငြီးငြူတဲ့အခါ နှစ်ကြိမ်တွေးလို့ရတာပေါ့။ - ဘာလို့လဲဆိုတော့ ဒါကို ဖြစ်လာအောင်လုပ်တဲ့ အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ခင်ဗျားထင်သလဲ။ တစ်ချို့အခိုက်အတန့်မှာ ကပြဖို့ အချို့ ဇာတ်ကောင် စရိုက်တွေကို ဘယ်သူက စီစဉ်ခဲ့တယ်လို့ ခင်ဗျားထင်သလဲ။ ဇာတ်လမ်းထဲမှာ ကြေကွဲဖွယ်ရာ အကွေ့ အကောက်တွေ၊ နောက်ပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေနှင့် အခြေအနေတွေကို ဘယ်သူက ပုံဖေါ်ခဲ့တာလဲ။ 
ကံတရားကပဲ ဇာတ်ညွှန်းရေးပြီး ခင်ဗျားရဲ့ကံတရားအတွက် ခင်ဗျားတစ်ယောက်ထဲမှာပဲ တာဝန်ရှိတာပါ။ လူအများကသာ ကံတရားကို ဒီလိုတွေးကြရင် ကမ္ဘာကြီးဟာ အလွန်ကိုပဲ ထူးခြားလာနိုင်ပါတယ်။ ညည်းညူတာတွေလဲ လျော့ပါးသွားမယ်။ လူတွေလည်း သူတို့ရဲ့ စိတ်နေသဘောထားကို အပြောင်းလဲကြီး ပြောင်းလဲအောင် လုပ်နိုင်လောက်ပါတယ်။ တခြားလူတွေအပေါ် ပိုကောင်းလာနိုင်ပါတယ်။ ပြီးတော့ ပိုမိုပြီး မေတ္တာတရား ရှေးရှုတဲ့နည်နှင့် စပြီးပြုမူ ဆက်ဆံလာနိုင်ပါတယ်။

ဒါက တကယ့် အပေါ်ယံလေးပါ။ ကျွန်တော် နေ့စဉ်နေ့တိုင်း အသစ်အသစ်တွေကို လေ့လာနေရဆဲပါ။ ယခုအခါမှာတော့ ရုပ်ရှင်ရိုက်ရာမှာ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်က ရုပ်ရှင်မဟုတ် ဘူးဗျ။ အဲဒီအစား ရုပ်ရှင် တီဗွီ သို့မဟုတ် အင်တာနက်ဆိုတဲ့ ကြားခံဆက်သွယ်ရေး နည်းလမ်းကိုသုံးပြီး ဗုဒ္ဓဘာသာ နှင့်ပတ်သက်လို့ ကျွန်တော့ရဲ့ နားလည်မှုတွေကို နားထောင်လို ကြားလိုကြသူတွေနှင့် မျှဝေဖို့က ကျွန်တော့ ရဲ့ မျှော်လင့်ချက်ပါ။ 
 အနာဂတ်ကာလမှာ အရှိန်အဝါ ဒါမှမဟုတ် ငွေကြေး ပိုရမယ်ဆိုရင် ဒီတာဝန်ကို ပြီးပြတ် အောင် ကူညီဆောင်ရွက်ရာမှာ သုံးစွဲဖို့ ကြံစည်စိတ်ကူးထားပါတယ်။ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ၊ ရင်ပိုချီတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ နာမည်ကျော်ကြား လူသိများကြတာ မဟုတ်လေတော့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ သင်ကြားချက်တွေကို ဘယ်သူမှ အာရုံမစိုက်မိဘူး ဖြစ်နေတယ်။ ကျွန်တော် သူတို့ရဲ့ ဉာဏ်ပညာကို ဝိုင်းပြီး ဖြန့်ဖြူးပေးချင်ပါတယ်။ သူတို့တွေရဲ့ ဒဿနနှင့် ပတ်သက်လို့ အနည်းအကျဉ်း ပြောပြပေးဖို့နှင့် လူ့ဘဝဖြစ်တည်မှုဇာတ်လမ်းမှာ မေတ္တာတရားက ဘယ်လို အရေးပါတဲ့ အခန်းက ပါဝင်ကပြနေတယ် ဆိုတာကို ပြောပြပေးဖို့ ဆက်သွယ်ရေး (media) ကို သုံးနိုင်စွမ်း ကျွန်တော့မှာ ရှိပါတယ်။ ဒါဟာ အခုအခါ ကျွန်တော်ရဲ့ အရင်းခံအကြောင်းတရားပါပဲ။  
ကျွန်တော်ကိုယ်တိုင် အတွက်တော့ နောက်ထပ် ရုပ်ရှင်ကားတွေကို မရိုက်တော့ပါဘူး။ ကျွန်တော်ဟာ အနားယူလို့ မရသေးဘူးဆိုတာ အခုတော့ သဘောပေါက်လာပါပြီ။ ကမ္ဘာကြီးမှာ ပိုမိုကြီးမားတဲ့ ဉာဏ်ပညာနှင့် သဘာဝပိုကျတဲ့ အပြုအမူဖြစ်လာအောင် ဝိုင်းဝန်းပြီး လှုံ့ဆော် ပေးကောင်းပေးနိုင်တဲ့ ရုပ်ရှင် ဇာတ်ကား အနည်းငယ် မရိုက်ရသေးခင်တော့ အနားယူလို့ မရသေးပါဘူး။ လက်မှတ်ရောင်းတဲ့ နေရာက ပြန်လှည့်တာထက် အဝေးဆို အဝေးကြီးကို မျှော်ကြည့်နေပါတယ်။

ကရုဏာတရားနှင့် အကန့်အသတ်မဲ့ မေတ္တာတရားဆိုတဲ့ ဗုဒ္ဓဒဿနကို မြှင့်တင်ပေးဖို့ ကျွန်တော့ အပိုင်းကို ကျွန်တော် လုပ်ချင်တာသက်သက်ပါ။ ဒီဘဝတစ်သက်တာမှာ လူဖြစ်ရခြင်းဆိုတဲ့ အခွင့် အရေးကို အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ အချို့လူတွေ နားလည် လာအောင်လို့ပါ။ နည်းနည်း လေးပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော် ကိုယ့်ပရိတ်သတ်တွေကို ဘာသာတရား ပြောင်းဖို့ ကြိုးစားနေတာ မဟုတ်ရပါဘူး။ သတင်းအချက်အလက် ကမ်းပေးရုံလေးပါ။ ဒီလိုမှမဟုတ်ရင် ကြုံကြိုက်ချင်မှ ကြုံကြိုက်မယ့် အယူအဆတွေကို လှစ်ပြ ထိတွေ့စေဖို့သက်သက်ပါ။ သတင်းစကားကို သူတို့တွေ စိတ်မဝင်စားရင် ဒါကို သတိတောင် ထားမိကောင်းမှ ထားမိမှာပါ။ နားဆင်ဖို့ အသင့်ပါပဲ ဆိုရင်တော့ သူတို့တွေ ကြားပါလိမ့်မယ်ဗျာ။


Sasana Abhiwurdhi Wardhana Society မှ April 2009 တွင် ရိုက်နှိပ်ထုပ်ဝေသည့် How to Develop Happiness in Daily Living, Features & Interviews with Buddhist Celebrities စာအုပ်မှ Jet Li ၏ “Our Actions Determine our Destiny ကို ဘာသာပြန်ဆိုပါသည်။


ဘုန်းဉာဏ်
Sitiawan, Malaysia
Thu 18/02/2010

Wednesday, June 6, 2012

ရင်နင့်ရသော လိမ်လည်မှု


 ရင်နင့်ရသော လိမ်လည်မှု
ကိုယ်တိုင်အလိမ်မခံရသော်လည်း အလိမ်ခံရသော မိန်းကလေး၏ ကိုယ်စား ရင်နင့်အောင် ခံစားခဲ့ရသော အဖြစ်အပျက် တခုကိုတင်ပြပါဦးမည်။ ၁၉၄၇ခု၊ဇန်နဝါရီလ ၂၆ရက်-ဗုဒ္ဓဟူးနေ့ က စတင်ခဲ့သော ၎င်းဖြစ်ရပ်လေးမှာ နှစ်ပေါင်း ၅၀-နီးပါးခန့်ရှိပြီမို့ ကာယကံရှင် မိန်းကလေးရော ၊ လက်တွေ့ရေးသားတင်ပြခဲ့သော စာရေးဆရာကြီး သော်တာဆွေ ရော လူ့လောက မှာ မရှိကြတော့ပြီ။
စာရေးဆရာကြီးသော်တာဆွေ သည် အိမ်ထော်သုံးဆက် ကျခဲ့ ရာ ယခုရေးလတ္တံ့သော မသူအမည်ရှိ မိန်းကလေးမှာ ဒုတိယမြောက် အိမ်ထောင်ဖြစ်ပေသည်။

တရားဝင်ကားမဟုတ်ပေ။ ဖြစ်ပုံမှာ သော်တာဆွေတစ်ယောက် ဆန်ကုန်ကူးရင်း ကုန်ရှုံးအကြွေးတင် ကသာတွင် အကြွေးစောင့်ရင်း သောင်တင်နေရာမှ အပျက်မလေး မသူနှင့် အကြောင်းပါခဲ့ရခြင်းဖြစ်သည်။
တစ်နေ့သော် ပြည့်တန်ဆာခေါင်းဆောင် အောင်သင်းကြီးထံမှ ထွက်ပြေးလာခဲ့သော မသူသည် မြစ်ကြီးနားထွက်မည် ရထားပေါ်ရောက်လာသည်။ အောင်သင်းကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် မျက်နှာတဝိုက်မှာလည်း အညိုအမည်းများစွဲနေရှာသည်။ သို့သော် အညိုအမည်း တို့က လှပနုနယ်သော မျက်နှာတစ်ပြင်လုံး၏ ကျက်သရေကိုတော့ မယတ်လျော့စေနိုင်ခဲ့ပါ။ အကျဉ်းချုပ်တော့ လူယုတ်မာ အောင်သင်းကြီး လက်ထဲမှ သူမကို သော်တာဆွေက ကယ်တင်နိုင်ခဲ့ပါသည်။

လွယ်လွယ်ကူကူကယ်တင်ခဲ့ရသည်တော့မဟုတ် ။ မိမိထက်ဗလကောင်းသော လူမိုက်ကြီးအောင်သင်းကို သတိလစ်မေ့မြောသည် အထိ အပြင်းအထန် ထိုးကြိတ်ပြီးမှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ မတရားတာကို လက်ပိုက်ကြည့်မနေဘဲ ဝင်ရှင်းရဲသော သော်တာဆွေ၏ သတ္တိကိုကား လေးစားရပေမည်။ လူယုတ်မာလက်က လွတ်ရင်ပြီးရော ဟူသော သဘောရိုးဖြင့် ဝင်က်ခဲ့ခြင်းဖြစ်သော်လည်း ခုမှ အချစ်စစ်ကို မွေးဖွားဖူးသော မသူ၏ အလိုက်သိ ပြုစုယုယမှု ကြောင့် ကလေးနှစ်ယောက်အဖေ ပထမအိမ်ထောင်တန်းလန်း နှင့် သော်တာဆွေ မှာ တရားမဝင် ဒုတိယ အိမ်ထောင် သည်ဘဝသို့ ရောက်ခဲ့ ရပြန်ပါသည်။

ခြောက်လတာမျှ ပေငါးသင်းရသောသူတို့၏ အိမ်ထောင်သည်ဘဝမှာ ချမ်းမြေ့မှု အပြည့်ရှိ ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ယောက်အကြောင်းတစ်ယောက် သိအောင် ရိုးရိုးသားသား ဖွင့်ဟပြောဆို ထားကြသောကြောင့် ဖြစ်သည်။ ခြောက်လတာမျှ ပေါင်းသင်းနေကြရသောအချိန် မှားတွင် လျှပ်ပေါ်လော်လည်မှု အလျဉ်းမရှိသော မသူ၏ အခြေအနေကို တွေ့မြင်ရသည့်အခါ တွင် မသူတစ်ယောက် အဘယ်ကဲ့သို့ သော် ဆိုးဝါးသော လောကဓံများကြောင့် ဤဘဝကဲ့ သို့ ရောက်ခဲ့ရကြောင်း သော်တာဆွေတစ်ယောက် တွေးမရအောင် ရှိခဲ့သည်။
သိချင်လွန်းအားကြီး၍ မသူ၏ဘဝနောက်ကြောင်း ကို မေးကြည့်မိသော်လည်း “ယခုချိန်မှ သိရလို့ ဘာထူးတော့မှာလဲ မောင်ရယ် ၊ မသူမပြောပါရစေနဲ့ ” ဟူသောအဖြေကိုသာ ပြန်ရသည်။

မယားခုနစ်မျိုး
မယားခုနစ်မျိုး၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင်၊ သူသတ်သွင် တို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊ အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွင်း ၊ ခင်ပွန်းတသွယ် ၊ ကျွန်နှယ်အလား ၊ ထိုမယားမူ ၊ နိမ္မာနတ်ပြည်၊ လားမြဲမည်၏။ ယင်းသည့်လေးသွယ် ၊မယားဝယ်လည်း ၊ ကျွန်နှယ်အလား ၊ ထိုမယားမူ ၊ ယောက်ျားဆုပန် ၊ နိဗ္ဗာန်ဆုတောင်း ၊ တောင်းကားမလွတ် ၊ မချွတ်ဟူတည့် ၊ ပြည့်မြဲမည်၏။
ဟူသော် အလင်္ကာအတိုင်း မယားခုနစ်မျိုးရှိရာတွင် ခိုးသူ၊ အရှင်သခင်၊ သူသတ်နှင့်တူသော မယားများမှာ သေလျှင်ငရဲ သို့လားရုသည် ။ နှမ ၊ မိတ်ဆွေ ၊ ကျွန်နှင့်တူသော မယားလေးမျိုးတို့မှာ နိမ္မာနရတိ နတ်ဘုံသို့ ရောက်ရသည် ။ အထူးအားဖြင့် မိမိခန္ဓာကိုယ်ကို ကျွန်လိုသဘောထား ပြီး လင်သား အားပြုစုသော မယားမျိုးသည် ယောက်ျားဆု ၊ နိဗ္ဗာန်ဆု တို့ကိုတောင်းလျှင် အလွယ်တကူပြည့်သည် ဟု ဆိုထားပါသည်။

ယခု မသူသည်ကား မိခင်နှင့် တူသော မယားကဲ့သို့ သော်တာဆွေ အပေါ်မှာ ကြင်နာလှသလို ၊ ကျွန်နှင့်တူသော မယားကဲ့ သို့ ပြုစုလိုက်သည် မှာလည်း သော်တာဆွေ၏ ဘဝတစ်လျှောက်လုံး လင်သားအပေါ် ယခုလောက် ပြုစု ယုယသော မယားမျိုးမတွေ့ဖူးခဲ့ပါ ဟု ဆိုထားပါသည်။ အားကိုးရာမဲ့ လေလွင့်ပျက်စီး နေရသောအချိန်တွင် ရာသက်ပန်မဟုတ်သော် လည်း တခဏတာ ဇနီးမယားအဖြစ် ပေါ်ပေါ် ထင်ထင် ပေါင်းသင်းပေးခဲ့သည်ကို ပင် ကျေးဇူးတင်လှသော ကြောင့်ဖြစ်ပေ သည်။
တစ်နေ့တွင် တစ်ခဏတာ ပေါင်းသင်းခွင့် ရသည့် သူတို့၏ အိမ်ထောင်သက်ကလေးကို သက်တမ်းတိုစေမည့် စာတစ်စောင် ရောက်လာပါတော့သည်။ ၎င်းစာကား …….
ပေါင်းတည်
၃.၆.၄၇

သို့
ကိုကြင်ဆွေ
မေလ၂၅-ရက်နေ့ နေစွဲ့နဲ့ ကသာက ပေးလုက်တဲ့စာ မနေ့က ရပါတယ်။ ကျန်းကျန်းမာမာရှိကြောင်း သိရလို့ နော်မာ ဝမ်းသာပါတယ်။ ဒါထက် ကိုကြင်ဆွေ့လူဆီက ငွေကလည်း ရမယ်ဆိုပြီး ကြာလှ ချည်လား။ ရရမရရ ဒါလောက်ငွေလေးကိုအဆုံးထားပြီး ပြန်ခဲ့ဖို့သင့်ပြီ ထင်ပါတယ် ကိုကြင်ဆွေရယ် ၊ ဒီငွေလေး သုံးထောင်လောက်နဲ့ ကသာမှာ ခြောက်လတောင် ကျော်နေပြီ။
ဒါနဲ့ တချို့က ပြောကြတယ် ။အဲဘက်မှာမိန်းမတွေသိပ်ပေါတယ်တဲ့ ။ ကြင်ဆွေတော့ ဟိုမှာ မိန်းမရနေလို့ မပြန်နိုင်တာပဲဖြစ်မှာပဲ ဘာညာနဲ့။ ကိုကြင်ဆွေ့အဖေ ကတောင် အင်း…..ဒီကောင့် ကံဇာတာက မျက်နှာများတယ် ၊ ဟုတ်များ နေမလား မသိဘူးလို့ညည်းနေသေးတယ်။ ဒါပေမယ့် နော်မာကတော့ သူတို့ ဘာပြောပြောမယုံပါဘူး ။ ဘာကြောင့်ဆို ကိုကြင်ဆွေ ဟာ နော်မာ့ကို ဘယ်လောက်ချစ်သလဲ ဆိုတာ နော်မာသိတယ်လေ ။

နို့ပြီး ကိုကြင်ဆွေ့သမီး ဒင်ပယ်လ်ဆွေအကြောင်း ပြောရဦးမယ် ။ ဟိုနေ့ကပဲ စပါးပွဲစား ကိုစံမြင့်က ဟေ့ ….. ပယ်ပယ် နင့်အဖေတော့ အညာမှာ မိန်းမရနေလို့ ပြန်မလာတော့ဘူး ဘာညာနဲ့စတော့ ၊ အောင်မယ် ပယ်ပယ့် ဒါဒါက အန်ကယ်လို မှတ်လို့လား ၊ အန်ကယ်သာတောမှာ စပါး သွားဝယ်ရင်းနဲ့ မိန်းမတွေ တိတ်တိတ်ပုန်းယူနေတာ ၊ ပယ်ပယ့် ဒါဒါကို ဒီလိုမပြောနဲ့ ရှင့်လို့ ရန်တွေ့တယ် ။
နို့ပြီး ကိုကြင်ဆွေ မမြင်ရသေးတဲ့ သားကလေးကလဲ အခုဝမ်းလျားထိုးသွားနေပြီ ၊ သန်လိုက်တာ ကြီးကလဲ ၊ တစ်လှမ်းတစ်လှမ်း ထိုးရင်အဝေးကြီး ၊ သင်ဖြူးဟိုဘက် ဒီဘက်ကို လေးငါးလှမ်းပဲ ။ ငိုလိုက်ရင်လည်း သူ့အသံကြီးက ကျယ်လိုက်တာ ။ အာခေါင်ထဲ လော်စပီကာ ထည့်ထားသလားအောက်မေ့ရတယ် ။ ကိုကြင်ဆွေ မမြင်ရသေးတဲ့ အဲဒီသားကလေးကိုမကြည့်ချင်ဘူးလား ။

သမီးကြီး ပယ်ပယ်ကိုကော မလွမ်းဘူးလားဟင် ။ ပယ်ပယ်က တော့ တစ်ခါတစ်ခါ ဖအေကိုလွမ်းတယ် ထင်ပါရဲ့ ။ ဒါဒါရေပြန်ခဲ့ပါတော့ ၊ ပြန်ခဲ့ပါတော့နဲ့ အော်အော် နေတတ်တယ် ။ ဟော…… အခုစာရေးနေတုန်းပဲ ကိုကြင်ဆွေ့သားလေး က အာခေါင်လော်စပီကာ နဲ့ အော်ငိုနေပြီ ၊ နို့ဆာရင်ဒီလိုပဲ ၊ သွားနို့တိုက်လိုက် ဦးမယ်၊ ကဲ…..တော်သေးပြီ ၊ မြန်မြန်သာ ပြန်ခဲ့ပါတော့ အချစ်ရယ် ။
အိမ်သားအားလုံးကျန်းမာကြပါတယ်။
ကိုကြင်ဆွေလည်းကျန်းမာပါစေ။
ချစ်သော နော်မာ
ထိုစာရောက်လာပြီး မကြာခင်မှာပင် အဖေအသည်းအသန် ဖြစ်ကြောင်းသံကြိုးစာ လာပါတော့သည်။

သော်တာဆွေမှာ မသွားမဖြစ် သွားရတော့မည်ဖြစ်သောကြောင့် ချစ်လျက်နှင့် ခွဲခွာသွားတာထက် မုန်းပြီးခွဲခွါ ရတာက ကောင်းတယ်ဟု သဘောထားကာ မူးပြီး ရမ်းကားမိပုံကို သူ့ရေးသားချက်အတိုင်း ကူးယူဖော်ပြလိုက်ပါသည်။
သူကသာ ငါ့ကိုမုန်းသွားရငင်ကောင်းမှာပဲ ၊ ငါကလည်း သူ့ကို သနားနေမှာမဟုတ်တော့ဘူး ။ သူ့ဟာသူဘာဖြစ်နေနေ ငါပူစရာမဟုတ်တော့ဘူး ၊ အို…. အခုတော့ငါကပဲ သူ့ကိုချစ်အောင် ပြုလုပ်နေပါပလား၊ ငါမှားတယ် ၊ ငါနဲ့သူဟာ ဘာဆိုင်သလဲ ၊ ဟိုမှာတော့ ငါ့သား ၊ငါ့သမီး ၊ငါ့မယားနဲ့ ငါ့ဖခင် သောကရောက်နေကြပြီ ၊ စိတ်မကောင်းဖြစ်နေကြပြီ ၊ အို…..ငါကသူ့ကိုဘာလို့ချစ်ရမှာလဲ ၊ ငါကသူ့ကို ဘာလို့မုန်းသွားအောင် မလုပ်နိုင်ရမှာလဲ။

ဇွန်လ ၂-ရက်နေ့ညတွင် ကျွန်တော်သည် အထက်ပါအတိုင်း သောကပြွန်းသော တွေးလုံးတွေကိုတွေး၏။ အရက်ကို အလွန်အကျွံ သောက်၏။ ညနေ ၆-နာရီခန့်တွင် ကျွန်တော် ဘယ်ကနေဘယ်လို မသူကိုရန်စမိသည် မမှတ်မိတော့ ၊ သူ့မျက်နှာနှင့် ဦးခေါင်းကို နာကြည်းစွာ ပုတ်ခတ်မိ၏။ မသူသည် အခြားခန်းများမှ မသိရအောင် အောင့်၍ခံ ၏။ အသံ မထွက်ပဲ ငုံ့ခံ နေ၏။ သောကနှင့်အရက် ပေါင်း၍ ရူးနေသော ကျွန်တော် သည် လက်နျင့်ရိုက်နေရာ က အားမရတော့ပဲ “နင်က လက်များပြီးနေသလား၊ တယ်ပြီး ခံနိုင်ရည်ရှိတယ်၊ ဓားနှင့်ထိုးမှဘဲ ဟု ”ဆိုပြီး ကျွန်တော့ခေါင်းဦးအောက် က ဓားမြှောင်ကို သွားပြီးယူသည် တွင် မသူသည်လန့်၍ အော်ဟစ်ထွက်ပြေး လေ၏။ ကျွန်တော်သူ့ကိုလိုက်ရန် လှေကားက ခုန်ချလိုက်သော အခါ၌ ကျွန်တော့အခန်းရှေ့တွင် ရောက်နေသော လူတစ်ယောက်က “ဟေ့လူ ခင်ဗျားကောင်မလေးကို နှိပ်စက် လှချည်လားဗျာ၊ မတရားပါဘူး ”

သူတို့သည် မီးရထားဝင်းထဲ မှ ကျွန်တော်နှင့် တွေ့ဖူး ၊ မြင်ဖူး သော အသိအကျွမ်းများဖြစ်၍ သူတို့အသံကို ကျွန်တော် မှတ် ပါသည်။ သို့သော် ကျွန်တော့တွင် ဤအချိန်၌ လူကောင်း စိတ်မရှိတော့သည် ဖြစ်၍ သူတို့က ဤသို့ ဆီးပြောသည်ကိုပင် ရန်ဖြစ်ဖော်ရပြီဟူသော သဘောဖြင့် ဝမ်းသာသလိုဖြစ်ကာ …….
“ အို….ကျူပ်မယား ကျူပ်နှိပ်စက်တာ ဘာဖြစ်သလဲဗျ ၊ ခင်ဗျား တို့နဲ့ ဘာဆိုင်သလဲ ၊ ခင်ဗျားတို့ပါ သေပေရော့” ဟုဆိုပြီး ကျွန်တော်သူတို့ကိုဓားနှင့် ထိုးရန် လိုက်ပေတော့သည်။
သူတို့မှာ ဘာလက်နက်မှ မရှိ၍ ဓားနှင့်ပြေးလာသော ကျွန်တော့ကို ရင်မဆိုင်ဝံ့ပဲ ဦးတည် ရာ စွပ် ပြေးကြလေသည် ။ ကျွန်တော်သည် သူတို့နောက်က အတင်းလိုက်၏ ။

ဘယ်ကဘယ်လို ရောက်အောင် လိုက်မိသည် မသိ ခေတ္တမျှ အကြာ၌ ကျွန်တော်သည် လူ၇-ယောက် ၈-ယောက် တို့၏ ဝိုးအုံခြင်းကို ခံရပါတော့သည် ။
အကြောင်းမှာုပထမနှစ်ယောက် မှ တစ်ယောက်သည် အခြားသို့ခွဲပြေးလေ၍ ကျွန်တော်က တစ်ယောက်ကို မဲလိုက် နေစဉ် သူတို့ ၏ အပေါင်းအဖော် တပြည့်တပန်းများ ကိုခေါ်လာသောကြောင့် ဖြစ်ပါ၏ သူတို့မှာ အချို့တွင် လက်နက် များ နှင့် ဖြစ်၏ ။ သို့သော် မိုက်မိပြီ ဖြစ်သော ကျွန်တော်သည် သူတို့ကိုမကြောက် ၊ ကိုယ့်ရှေ့ဦးတည် ရာလူကို ဓားနှင့် လိုက်၍ လိုက်ထိုးနေ၏ ။

သူတို့လူစုသည် ရှဲခနဲ ကွဲပြေးလိုက် ၊ ခွေးရူးနှင့် တူသော ကျွန်တော့ကိုပတ်ပတ်လည်ဝိုင်းလိုက်နှင့် တရုံးရုံးဖြစ်နေရာမှ နောက်ဆုံးတွင် ကျွန်တော့ခေါင်းတွင် တုန်တစ်ချက်ထိလေ၍ ကျွန်တော်မိုက်ခနဲ ဖြစ်ပြီးဝမ်းလျား မှောက်လဲ စေ၏ ။ ဤအလဲ ၌ကား လူအများစုလက်နက် ၊ တစ်ယောက်တစ်ချက်ဖြင့် ကျွန်တော် အသက်ထွက်ပေတော့မည် ဟု မျက်စိမှိတ် လိုက်ပါတော့သည်။
သို့သော် မရောက်သေးလေရကား ကျွန်တော်လဲလျှင်လဲ ချင်း ကျွန်တော့ကိုယ်ကျောပေါ်၌ ကိုယ်တစ်ခုထပ်ကျလာကာ …..

“အမလေး ရှင်တို့ရယ် ၊ သူ့ကိုမလုပ်ကြပါနဲ့ ၊ ကျွန်မကိုသာသတ်ကြပါ” ဟူသော မသူ၏ တတွတ်တွတ်တောင်းပန်သံကို ကြားရပါတော့သည် ။ အမှန်ကိုပြောရလျှင် ဤအချိန်၌ ကျွန်တော့မှာ အရက်မူးခြင်း ၊ မောပန်းခြင်းတို့ ကြောင့် ကျွန်တော့ဘာသာ ကျွန်တော့မထနိုင်တော့ပါ။ လူမှန်း သူမှန်း သိရုံလောက်သာ ရှိတော့၏။ မည်သူက မည်သို့ပြောကြသည်
နောက်ဆုံး ကျွန်တော်မှတ်မိ သလေလာက်ကားကျွန်တော့် အခန်းနီး ချင်း ဦးခင်မောင် ဆိုသူကပါ ကျွန်တော့ဘက်က တောင်းပန်ပေး၍ ကျွန်တော်ချမ်းသာရာ ရကာ ဦးခင်မောင် နှင့် မသူနှစ်ယောက်တွဲ၍ ကျွန်တော့ကို အိပ်ရာထဲသို့ ပို့ခြင်း ဖြစ်ပါတော့၏ ။ နို့မဟုတ်လျှင် ကျွန်တော် သော်တာဆွေ ဟူသော စာရေးဆရာသည် ဖြစ်ပေါ်လာတော့်မည် မဟုတ် ။
ထိုညကသာ မီးရထားဝင်းထဲမှာပင် လူများစု လက်နက် တစ်ယောက်တစ်ချက်နှင့် အနိစ္စသဘော ကိစ္စချောခဲ့ပြီ တည်း ။ အိပ်ယာထဲတွင် မသူသည် ကျွန်တော့်ကိုဖက်၍ မျက်ရည်များတွေတွေ တွေတွေ ကျကာ……

အခုသတ်လိုက်ပါတော့ ၊ ရော….ဓားမြောင် ၊ ဒါပေမယ့်အမောင့်ကို ကျွန်မ စိတ်မဆိုးနိုင် ၊မမုန်းနိုင်ပါဘူး ၊ အမောင် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာ ကျွန်မအကုန်သိပါတယ် ။ နေ့ခင်းကရောက်လာတဲ့ သံကြိုးစာကိုလဲ ဟိုဘက်ခန်းက စာရေးကြီးကို ဖတ်ပြခိုင်းလို့ သိရပါတယ် ။
ဘာလို့ ကိုယ့်ကိုကိုယ် ဒါလောက် ဒုက္ခရှာ ရတာလဲ အမောင် ရယ် ၊ အမောင်ဟာ အမောင် အေးအေး ဆေးဆေးပြန်သွားပါ ၊ ကျွန်မအတွက်တော့ စိတ်ဒုက္ခမဖြစ်ပါစေနဲ့ ၊ ကျွန်မကံနှင့် ကျွန်မသာ ရှိပါစေတော့ ”
ထိုအချိန်၌ ကျွန်တော်သည် အမောအပန်းပြေသလောက် ရှိပြီဖြစ်၍ ကိုယ်လက်လှုပ်ရှားနိုင်ပြီဖြစ်သောကြောင့် မသူကိုပြန်ဖက် လိုက်ကာ…..

“အမောင်မှားပါတယ် မသူ ၊ အမောင်မှားတယ် ၊ အခုအမောင့်မှာ မသူကယ်ပေးတဲ့ အသက်ပဲ ရှိတော့တယ်” ဟုဆိုပြီး ကျွန်တော် ယောက်ျားကြီးတန်မဲ့ နှင့် မျက်ရည်ဖြိုင်ဖြိုင် ကျလာပါတော့၏။
ဇွန်လ -၅ ရက်နေ့၊ စနေနေ့ နေ့လည် သုံးနာရီ ဆိုက်သော တိုင်ရိုသင်္ဘော ပေါ်တွင် သော်တာဆွေ၏ တဝမ်းကွဲအကိုတစ်ယေက် ကိုယ်တိုင်ပါပြီး မရမက ခေါ်လေတော့ရာ သော်တာဆွေမှာ ဘယ်လိုမှ မတတ်နိုင်တော့ပဲ နောက် ရက်သင်္ဘော ဖြင့်ပြန်လိုက်ရန်ပြင်ဆင်ရပါတော့သည် ။ ထိုနေ့ခွဲခွါ ရမည့် နောက်ဆုံးညတွင် သော်တာဆွေကော မသူရော နှစ်ယောက်စလုံး အိပ်မပျော်နိုင်ကြတော့ပါ ။
စစ်မှန်သော မေတ္တာတရား ၏ စေ့ဆော်မှုဖြင့် မသူထံမှ ကြေကွဲဖွယ်ရာ တောင်းဆိုချက် တစ်ခုကိုလည်း သော်တာဆွေမှာ မဖြစ်နိုင်လွန်း ၍ ရင်နာနာဖြင့်ပင် ပယ်ချခဲ့ရသည် ။

၎င်းတောင်းဆိုချက်ကား မသူတစ်ယောက်သော်တာဆွေတို့ အိမ်တွင် အစေခံအလုပ်ဖြင့် နေခွင့်ပေးရန် ပင်ဖြစ်ပါသည် ။ သူ့အနေဖြင့် မပေါင်းရသော် လည်းး သော်တာဆွေ၏ မျက်နှာကိုမြင်နေရလျှင် သေပျော် ပါပြီ ဆိုသည့်သဘောပင် ။
မသူ၏ တောင်းဆိုချက်ကို သော်တာဆွေက ရင်နာနာ နှင့်ပယ်ချ ခဲ့သလို သော်တာဆွေ၏ တောင်းဆိုချက်ကိုလည်း မသူက ခေါင်းညိတ် ခေါင်းခါမတတ်ပါလုပ်နေခဲ့သည် ။ သော်တာဆွေတောင်းဆိုသော အချက်ကိုကား ပေါင်းတည်ပြန်ရောက်လျှင် သော်တာဆွေပို့လိုက်သော ငွေကိုယူ ပြီး မသူ၏ အမေရှိရာ ရွာ ပြန်နေခိုင်းခြင်းဖြစ်ပါသည် ။

နောက်တစ်နေ့ မိုးလင်း သည်အထ ဘာအဖြေမှ မပေးခဲ့သော မသူသည် သော်တာဆွေတို့ သင်္ဘောပေါ်တက်ခါနီး တွင်မှ တစိမ့်စိမ့်ကျနေသော မျက်ရည်များကြားမှ ဘယ်အချိန်က ရေးထားမှန်းမသိ သော စာအိတ်လေးတခုကို ထုတ်ကာ သော်တာဆွေ့ကို ပေးလိုက်ပါသည် ။ သင်္ဘော ထွက်မှ ဖတ်ဖို့ ကတိကိုလည်း တောင်းလိုက်ပါသေးသည် ။
သင်္ဘောကမ်းမှ ခွါပြီးခဏ အကြာမှာပင် သော်တာဆွေတစ်ယောက် မသူ၏ စာကို ဖောက်ဖတ်လိုက်ပါတော့သည် ။

မိသူအကြောင်းဇစ်မြစ် ကို သိချင်လှတဲ့ အမောင် ရေ…..
ဟုတ်တိုင်းမှန်ရာ မချွင်းမချန် ပြောလိုက်မယ်ပ ၊ ပါးစပ်နဲ့ဆိုရင် မရဲ ပါဘူး ၊ စာနဲ့မှ အကုန်ရေးဝံ့တာ ၊ ကျွန်မဟာ အခု၁၉-နှစ် ၊ ဟိုဂျပန်ခေတ်မှာ ၁၆-နှစ်ဖြစ်လို့ အရွယ်ရောက်ခါစ ၊ ကျွန်မတို့ ရွာမှာဆို ရင် ကျွန်မက ညီအစ်မ သားချင်းတွေထဲမှာ ထွန်းပြီးတော့ သူများနဲ့ မတူ အောင် ရုပ်ရည်ကလှပခဲ့တာပ ။
ဒါနဲ့ အတော်ပဲ လှဂုဏ်မောက်ပြီး ကိုယ့်ရွာက လူတွေဆိုရင် စိတ်ကူးမထည့် ၊ မြို့ပေါ်ကရောက်လာတဲ့ လူချောချော တစ်ယောက်နဲ့ ကျွန်မကြိုက်ပါလေရော ၊ ကြိုက်တယ် ဆိုပဲ အရူးအမူး သူခေါ်ရာ ခိုးရာ လိုက်ခဲ့တာပ ၊ ကသာမြို့ရောက်တော့ သူ့ဦးကြီး ဆိုတဲ့ မန္တလေးက မကြာခင်ကမှ ပြောင်းလာတဲ့ ရဲ အရာရှိကြီး အိမ်မှာနေရတယ် ။
နောက်တော့ အဲဒီလူကြီးဟာ တစ်ခြားသူ ဟုတ်ပါရိုးလား ၊ ကျွန်မဒုတိယ ယူရတဲ့ လင်ကြီးပေါ့ ။ ဖြစ်ပုံ က ပြောရမှာ ရှက်လိုက်ပါဘိ ။

ကျွန်မတို့ သူ့အိမ်ရောက်တော့ ၁၀- ရက်လောက်ပဲ ရှိသေးတယ် ။တစ်န့ခင်းလုံး ကျွန်မတစ်ယောက်တည်း အခန်းထဲမှာ အိပ်ပျော်နေတုန်း အဲဒီလူကြီးဝင်လာပြီး မတရားကျင့်တယ် ၊ အဲဒါကို ကျွန်မယောက်ျားပြန်လာလို့ ပြောပြတော့ သူက ဘယ့်နှယ့်ပြောတယ်မှတ်သလဲ ။
အဲဒါလူတွင်ပါလို့ နွားကျားကိုက်တာ ၊နင်ဟာ နည်းနည်းမှ သစ္စာရှိတာ မဟုတ်ဘူး ၊နင့်လင်ကြီးနဲ့ပဲနေတော့ ဆိုပြီး သူအိမ်က ဆင်းသွားတယ် ။ အဲဒီတော့ သူ့ဦးကြီး ဆိုတဲ့ လူကြီးက ကဲ …မထူးတော့ပါဘူး ။ မင်းကိုငါ တကယ် ချစ်တယ် ၊ ငါ့မှာလည်း သားမယားမရှိဘူး ၊မင်း ကို ကောင်းကောင်းမွန်မွန်ထားမယ် ဆိုပြီး ခရီးဆက်တော့တာကိုး ၊ အဲဒါကျွုန်မအပြစ်လား အမောင် ။

အမှန်ကတော့ ကျွန်မနောက်မှသိရတာက သူတို့ ချင်း အချိတ်အဆက် အမောင်ရဲ့ ၊ အဲဒီအကောင်က ကျွန်မကိုငွေတစ်ထောင်နဲ့ ရောင်း ခဲ့တာလေ ။ ဒါနဲ့ ကျွန်မဟာ ဇွတ်မိုက်ရတော့တာပေါ့ ၊ အဲဒီ လူကြီးက ကျွန်မကို မယားအဖြစ်နဲ့ အတော်ပဲကြင်ကြင်နာနာ မြှောက်စားထားပါတယ် ၊ ဒါပေမယ့် ခုချိန် ကျွန်မ ကလေးမမွေးနိုင်အောင် တားဆေးတွေကျွေးပစ်ခဲ့တာက အဲဒီလူကြီးပဲ အမောင်ရေ ၊ ကျွေးမှာပလေ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ နဲ့အတူပေါင်းလို့ ခြောက်လပဲ ကြာရော သူ့မယားတွေ မန္တလေးက လိုက်လာတာပဲ ၊ အဲဒီတော့ ကျွန်မကို သူ့အိမ်ကြီးပေါ်မှာမထားတော့ဘူး ၊ ချောင်ကျကျမျာ အိမ်ကလေးတစ်လုံးငှါးပေးထားတယ် ၊ အဲဒီအခါ မှာ လူမိုက်အောင်သင်းက ကျွန်မအစောင့်အထိန်းပေါ့ ။
သည့်ပြင့်လူဆိုရင် ယင်ဖိုတောင် မနားရဘူး ၊ အဲဒီလူကြီးပဲ ကျွန်မဆီကို လာချင်းတိုင်းလာတယ် ခေါ်ချင်တဲ့ နေရာ ခေါ်သွားတယ် ၊ အမယ်သူကပြောလိုက်သေး ၊ သူ့မယားကြီးဟာ မကြာခင်ပြန်မှာ ၊ အဲဒီတော့ အစိုးရအိမ်ကြီးမှာ အတူတူ ပြန်နေမယ်တဲ့ ၊ ကျွန်မ မိတောသူက ယုံမိတာပေါ့ ၊ ဒါပေမယ့် နောက်ခြောက်လ လောက်လဲ ကြာရော အဲဒီလူကြီးဟာ သူ့အလုပ်နဲ့ ပြောင်းသွားပါရော ၊ ကျွန်မကတော့ အိမ်လေးတစ်လုံးနဲ့ ။

အောင်သင်းက အစကတော့ တော်ပါတယ် ၊ သူ့ဆရာကတော် အဖြစ်နဲ့ လက်ဖျားနဲ့တောင် မတို့ပါဘူး ၊ အဲဒီတော့ ကျွန်မမှာ ရွာပြန်ရအခက် ဆက်နေနေရအခက် နဲ့ အကျပ်တွေ့နေတုန်း အောင်သင်းက ကျွန်မကို အရာရှိတစ်ယောက်က ရချင်တယ် ဆိုပြီး ဆွယ်ပေးတယ် ။အဲဒီလူကြီး ဟာ ကျွန်မ တတိယလင် ပေါ့ ၊ သူနဲ့ကျတော့ အဲဒီအိမ်လေးမှာပဲ တိတ်တိတ်ပုန်းမယား လေ။
ဒါပေမယ့် အဝတ်အစားတွေမပြတ်ဝယ်ပေုး၊ ပိုက်ဆံဖောဖောသီသီပေး ၊ ပွဲတို့ ရုပ်ရှင်တို့ သွားကြည့်ချင်ယင် အောင်သင်းကလိုက်ပို့နဲ့ ကျွန်မတို့ တောရွာနဲ့ မတူတော့ (ဝန်ခံပါရဲ့)ကျေနပ်မိတာပေါ့ ။ ဒါပေမယ့် လင်များရမဲ့ ကျွန်မမှာ အဲဒီဆရာနဲ့ ခုနစ်လလောက်ပဲ ကြာလိုက်ရတယ် ၊သူ့အလုပ်နဲ့ တစ်ရပ်တစ်ကျေး ပြောင်းပြေးရပါရော ။

အဲဒီအခါမှာ ကျွန်မ လင်ဆွယ်ပေးလို့မြက်မြက်တွေ့နေတဲ့ အောင်သင်းက နောက်တစ်ယောက်နဲ့ နောက်တစ်ယောက်နဲ့ ဆောင်ကြဉ်းပေးပြန်ပါရော ၊ အဲဒီလူကျတော့ ဟိုအစဦးနှစ်ယောက်လောက် အဆင်အတန်းမမြင့်ဘူး ၊ ရာထူးခပ်ငယ်ငယ်ပဲ ၊ ဒါပေမယ့် သူကအောက်ဆိုဒ်ကောင်းလို့ အတော်လေးပဲ လှလှ ဝဝ နေလိုက်ရပါတယ်၊ သူနဲ့ကျတော့ လေးလလောက် ပဲ ကြာလိုက်ပါတယ် ။
အဲဒီလူနဲ့လဲ ကွဲ ရော အမောင်ရေ ကျွန်မသိမ်ငယ်လာလိုက်တာ အောင်သင်းက ပါ စော်ကားတော့တာပါပဲ ၊ သည်တော့မှ ကျွန်မဘဝ ကျွန်မသိပြီး မြိုမှာ ကိုနဲ့မတန်တဲ့ အဝတ်လှလှတွေ ၊ ဘာမျှ မလုပ်ရတဲ့ အနေလှလှ တွေ မမက်တော့ပဲ တောမှာပဲ ကောက်စိုက် ၊ ကောက်ရိတ် ၊ ငါးပက်ရတဲ့ အလုပ်နဲ့ ပဲ နေတော့မယ် ဆိုပြီး ရွာ ပြန်ပြေးပါတယ်။

ဘဝဆုံးဖို့ ကုသိုလ်ကံ ပါလာတဲ့ ကျွန်မမှာ ရွာမှာ မကောင်းသတင်း ပြေးနေလိုက်တာ က မြို့မှာ ကျွမဖြစ်ခဲ့တာထက် ပိုဆိုးပြီး ပြည့်တန်ဆာမ မကောင်းတဲ့ မိန်းမရယ်လို့ ဘယ်သူကမှ အဖက် မလုပ်ကြဘဲ ၊ တံတွေးခွက် ပက်လက်မြော တော့တာပါပဲ ၊ ကျွန်မကို မိန်းမဖော်တွေ ယောက်ျား လေးတွေကလဲ ဝိုင်းပြီး နှိမ်ကြတော့ တာပါပဲ ၊ ကျွန်မမှာ နေစရာ ထိုင်စရာ မရှိတော့ဘူး ။
သည်တော့ ကျွန်မလဲုစိတ်ဆတ်ဆတ်နဲ့ အို……ငါဒီမှာ နေလည်းဘာထူးသေးလဲ ၊ လူတောထဲ တိုး နိုင်တာမှ မဟုတ်တော့ဘဲ အသိတွေ ၊ဆွေမျိုးတွေ မျက်မှောက်မှာ တော့ အရှက်တော့ ခံမနေဘူး ၊ သူတို့ မမြင်ကွယ် ရာမှာပဲ ငါဖြစ်ချင်သလို ဖြစ်လို့ဆိုပြီး ကသာကို ပြန်လာခဲ့တော့တာပါပဲ ။

ရှေ့ဆက်တော့ အထူးမရေးပါရစေနဲ့တော့ အမောင်ရယ် ၊ ဖြစ်လိုရာဖြစ်ဆိုပြီး အောင်သင်းကြီးလက်ထဲ ပြန်ရောက်ခဲ့တာမို့ အမောင်ပဲ စဉ်းစားကြည့်တော့ ၊ ဒါပေမယ့် ကသာကပြန်လာပြီုးတစ်လလောက်ပဲ ကြာပါတယ် ၊ သူက မတရား အနိုင်ကျင့်လွန်းတာနဲ့ သူနဲ့ရန်ဖြစ်ပြီး အမောင့်ဆီရောက်လာတာပါ ပဲ ၊ ကဲ ………..အမောင် ကျွန်မအကြောင်းတွေ အမှန်အတိုင်းသိရတော့ အော်ဂလီဆန်မသွားဘူးလား ၊ ရွံမသွားဘူး လား ။ ဒါကြောင့် အမောင်မေးတိုင်း မပြောပါရစေနဲ့ လို့တောင်းပန်ခဲ့တာ ၊ မပြောတာကလည်း တခြား အကြောင်းကြောင့်မဟုတ်ဘူး ၊ အမောင့်ကိုချစ်လွန်းလို့ ၊ အမောင်ကကျွန်မ ဘဝကိုရွံပြီး ကျွန်မကိုပစ်သွားမှာ စိုးလို့ ၊ အခုတော့ ဘာထူးသေးလဲ ၊ အမောင် ကျွန်မကို ပစ်သွားပြီ မဟုတ်လား ။
အမောင်ရေ ……သွားတော့ သွားတော့ ၊ ကျွန်မရဲ့ အသည်းနှလုံးထဲက နှစ်နှစ်ကာကာ ချစ်မိတဲ့ အမောင် ရယ်။

အမောင် ဟာ ကျွန်မကို သူများလို လှည်းစားယူတာလဲ မဟုတ် ၊လူမိုက်ငွေ ပေးပြီး ယူတာလည်း မဟုတ်၊တကယ့်စိတ်ကောင်း ၊ တကယ့်သတ္တနဲ့ ယောက်ျားပီပီ လူမိုက်လက်ထဲက ကျွန်မဘဝကို ကယ်တင်တာ ကျွန်မသိပါတယ် ၊ ဒါကြောင့်လည်း အမောင့်ကို ကျွန်မချစ်တာ ၊ အသက်ပေးပြီး ချစ်တာ အမောင်၊ စတွေ့တွေ့ချင်း အကိုလို့ခေါ်ခဲ့ရက နောက်တော့ နှလုံးသားထဲမှာ ပေါ်လာတဲ့ အတိုင်း “အမောင်” လို့ ဘယ်သူ့ကိုမှ မခေါ်ဘူးတာ ခေါ်ခဲ့ တာပဲ အမောင် ရယ် ။
အမောင်ကလဲ ကျွန်မကိုတကယ်ချစ်တာပါပဲ ၊ ကျွန်မသိပါတယ် ။ ဒါပေမဲ့ အမာင်အခု ဆက်မချစ်နိုင်တော့ဘူး မဟုတ်လား ၊ မယား ရှိရာ နေရပ်ကို ပြန်ရတော့မယ် ၊ ပြန်ပါ ပြန်ပါ အမောင်ရေ ၊ ကျွန်မကိုမေ့လိုက်ပါတော့ ၊ လူဆိုတာ သတ္တဝါတခု ၊ ကံတခု ပဲ ၊ အမောင် မရှိတော့တဲ့ နောက် ကျွန်မလည်း ဒီဘူတာဝင်းက ဝေးတဲ့ နေရာ သွားတော့မယ် ၊ လူ့ဘဝ ဆိုတာ ဒီလိုပဲ ဆန်ဆုံစား ကံကုန်သွားကြတာပါပဲ ၊ အမောင် ရေ သွားတော့ သွားတော့ ။
မသူ

လူယုတ်မာ ရဲ့ စကားတစ်ခွန်း
မိန်းမပျိုလေးများကို ဖျက်ဆီးနေသော လူယုတ်မာ တစ်ဦး အား စာရေး ဆရာ တစ်ယေက်က သားသမီးချင်း မစာနာ အဘယ်ကြောင့် ဖျက်ဆီးရသနညးဟု မေးလိုက်ရာ ၎င်းလူယုတ်မာ က ”ကျုပ်ဖျက်ဆီးတယ် ဆိုတာကလည်း ဖျက်ဆီးခံရအောင် နေထိုင်ကြတဲ့ ရှပ်တေး မလေး တွေပါဗျ ၊ ဣနြေ္ဒသိက္ခာနဲ့ နေတဲ့ မိန်းကလေးတွေကိုတော့ ဖျက်ဆီးဖို့ နေနေသာသာ အနားတောင်သီခွင့် မရပါဘူး ၊ ဥပမာအားဖြင့် ပေါ့ ဗျာ ခြေဆေး အိုးထံ ရေကိုသာ ကျုပ်ခြေဆေး မှာ ပေါ့ ၊ သောက်ရေအိုး ထဲကရေကို ကျုပ် ခြေမဆေးရဲပါဘူး ” ဟု ဆို၏။
အမျိုးသမီး တိုင်း သောက်ရေအိုး ထဲ က ရေလိုဖြစ် အောင် ကြိုးစား၍ မေတ္တာကို ဗန်းပြကာ ခန္ဓာကိုယ်ကိုပင် လိမ်၍ယူကြသော လူယုတ်မာ များလက်မှ ကင်းဝေးကြပါစေသော်။

ကြည်ညိုခြင်း သုံးမျိုး
ဒကာ ၊ဒကာမ တို့၏ ကြည်ညိုခြင်း ၊ သီတင်းသုံးဖော်တို့၏ ကြည်ညို ခြင်း ၊ မိမိကိုယ်ကို ကြည်ညိုခြင်း လို့ ကြည်ညိုခြင်း သုံးမျိုး ထဲမှာ မိမိကိုယ်ကိုမိမိ ပြန်ပြီး ကြည်ညိုဖို့ ဟာ အရေးအကြီး ဆုံးပဲ ၊ သံသရာမှာ ဘဝကူးချင်တဲ့ သူတွေ အလေးအနက်ထားရမယ့် အချက်ပဲ ၊ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးကို လိမ်ညာ ဟန်ဆောင် လို့ ရသော်လည်း မိမိကိုယ်ကို လိမ်ညာ ဟန်ဆောင် ၍ မရလို့ပါပဲ”

(မေတ္တာရှင် ရွှေပြည်သာ )

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့
မန္တလေးကျောင်းတိုက် ဆရာတော်