Friday, July 4, 2014

ကံ များနှင့်စကားပြောခြင်း


ကံ များနှင့်စကားပြောခြင်း

အချိန်ကာလကို ပိုင်းခြားသတ်မှတ်ခေါ်ဝေါ်ပြောဆိုဖို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရယ်လို့ ကာလသုံးပါး သတ်မှတ်ထားကြတယ်။ အတိတ်ပြုမူချက်များက ပစ္စုပ္ပန်ကို မွေးဖွားပေးသလို ပစ္စုပ္ပန်ပြုမူချက်များက အနာဂတ်ကို မွေးဖွားပေးတယ်။ အတိတ်နဲ့ကင်းတဲ့ ပစ္စုပ္ပန်မရှိသလို ပစ္စုပ္ပန်မရှိရင်လဲ အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး။ ကာလသုံးပါးဟာ အချင်းချင်း ဆက်စပ်မှီခိုနေရပါတယ်။

လောကမှာ တစ်ချို့က `ပစ္စုပ္ပန်ဆိုတာ အတိတ်က ပြုမူလုပ်ဆောင်ချက်များရဲ့ အသီးအပွင့်ဖြစ်တယ်´လို့ တရားသေမှတ်ယူထားတတ်ကြတယ်။ ပစ္စုပ္ပန်အခြေအနေမှာ ဘာပဲဖြစ်ဖြစ် အတိတ်ကိုသာ လွှဲဖယ်ပုံချတတ်ကြတယ်။ ဒါဟာ ပစ္စုပ္ပန်လုပ်ဆောင်ချက်များက အနာဂတ်ကိုပုံဖော်တယ်ဆိုတဲ့သဘောတရားကို မျက်ကွယ်ပြုလိုက်တာပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာအလိုအရ ကာလသုံးပါးနဲ့ သူတို့ရဲ့ဖြစ်စဉ်ဟာ အကြောင်းအကျိုးခွဲခြားလို့ မရဘူး။

 အများအားဖြင့် မြန်မာလူမျိုးမှာ ဖြစ်နေတာက ပစ္စုပ္ပန်အဆင်မပြေမှုကျတော့ အတိတ်ကံ မကောင်းလို့ဟု ယူဆကြပြီး ပစ္စုပ္ပန်ကောင်းရင် အနာဂတ်ကောင်းနိုင်တယ်ဆိုတဲ့သဘောတရားကို ရေငုံနှုတ်ပိတ်နေကြတယ်။ `ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ၊ အတိတ်က မကောင်းခဲ့လို့ ဒို့ဒီလို ဖြစ်နေရတာ´ အဲဒီလို တရားသေ ယူဆနေသ၍တော့ ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုတဲ့ ဖြစ်သမျှအကြောင်း ရှေးကံအဟောင်းချည်းပဲလို့ ဆိုတဲ့ မိစ္ဆာဒိဋ္ဌိစာရင်း ၀င်သွားပါပြီ။ ဖြစ်သမျှအကြောင်း အကောင်း၊ အဆိုးအားလုံးကို အတိတ်ကို ပုံချလိုက်တဲ့သဘောပါ။

ဗုဒ္ဓဘာသာမှာ အဓိက ပြောပြောနေတတ်တဲ့ `သဗ္ဗေ သတ္တာ ကမ္မဿကာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ - သတ္တ၀ါတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်၊ သတ္တ၀ါတွေကို ကံက ဝေဖန်ပိုင်းခြားပေးတယ်´ဆိုတဲ့စကားထဲက `ကံ´ဆိုတဲ့စကားကို နားမလည်ကြလို့ပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ `လှံထမ်းလာတာပဲ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရ´စသော စကားများဖြင့်လဲ ကံကို အဓိပ္ပာယ်အကောက်အယူ မှားနေကြပါတယ်။ `ကံ´ဆိုတာ မမြင်ရတဲ့၊ မိမိတို့လက်လှမ်းမမီနိုင်တဲ့ မိမိတို့ဘ၀ အကောင်းအဆိုးကို ပြုပြင်ဖန်တီးပေးနေတဲ့ ဖန်ဆင်းရှင်ဘုရားတစ်ဆူလိုဖြစ်တယ်ဆိုတဲ့အမြင်အထိ လွဲမှားယူဆနေမိကြတယ်။ ဒီလိုသာ ယူဆမိရင် ဖန်ဆင်းရှင်က အရာရာကို ဖန်တီးပေးတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒနဲ့ ဘာမှထူးမှာ မဟုတ်တော့ဘူး။ ဖန်ဆင်းရှင်ဝါဒက ဖန်ဆင်းရှင်၊ ဗုဒ္ဓ၀ါဒက `ကံ´။ ဒီလောက်ပဲ ထူးခြားနေပါလိမ့်မယ်။

ဖန်ဆင်းရှင်ဝါဒမှာ `ဖြစ်ပေါ်ခြင်း၊ တည်ရှိခြင်း၊ ချုပ်ပျောက်ခြင်း´အားလုံးဟာ ဖန်ဆင်းရှင်ပြဋ္ဌာန်းလိုက်တဲ့အတိုင်း ဖြစ်ပေါ်နေရတယ်။ အကောင်းအဆိုးသတ်မှတ်ချက်ဟာ ဖန်ဆင်းရှင်သာလျှင် အဓိက ခွဲခြားဝေဖန်နိုင်တယ်။ ဖန်ဆင်းရှင်က ကောင်းဆိုလျှင်ကောင်း၊ မကောင်းဆိုလျှင် မကောင်းပဲ။ လူသားအနေနဲ့ ထူးခြားပြီး စဉ်းစားစရာမလိုဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာမှ စောဒကတက်ခွင့်မရှိဘူး။ ဖန်ဆင်းရှင်ပြဋ္ဌာန်းထားတဲ့ ပုံစံကွက်ထဲမှာ အလိုက်သင့် စီးမျောလိုက်ရုံပဲ။ အချို့ဗုဒ္ဓဘာသာတွေဟာလဲ မိမိတို့ဘ၀ကို `မကောင်းလဲ ကံ၊ ကောင်းလဲ ကံ´လို့သဘောထားပြီး `ကံ´ကိုပဲ ၀ကွက်အပ်ထားကြတယ်။ `ကံ´ဆိုတဲ့ ပုံစံခွက်ထဲမှာ ရေစုန်မျှော စီးဆင်းလွင့်ပါနေကြတယ်။

လောကမှာ အခက်အခဲအကျပ်အတည်းတွေဟာ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့နေကြရတယ်။ နိုင်ငံတစ်ခုအတိုင်းအတာ၊ ကုမ္ပဏီစတဲ့အဖွဲ့အစည်းအတိုင်းအတာ၊ မိသားစုအတိုင်းအတာ စသည်အလျောက် အကျပ်အတည်းတွေက မိမိတို့ အသက်ရှင်စဉ်ကာလမှာ တွေ့နေရမှာပဲ။ အဲဒီလို အခက်အခဲတွေ တွေ့ကြုံရတဲ့အခါ ဖောက်ထွက်ကျော်လွှား လွန်မြောက်သွားသူတွေရှိသလို `ကံပေါ့ကွာ´ဆိုပြီး ရေစုန်မျှောကာ `ကံ´ကို `´ကွက် လက်ပိုက်ကြည့်နေသူတွေလဲ အများကြီးရှိနေပါတယ်။ အဲဒီလို လူမျိုးတွေဟာ အရှုံးသံသရာထဲမှာ ရှုံးပြီးရင်းရှုံး၊ နစ်ပြီးရင်းနစ် ဒုက္ခပင်လယ်ဝေနေကြရတော့တာပဲ။

လူတွေ ပြောနေကြတာပဲ။ `ကိုယ်လုပ်မှ ကိုယ်စားတာ´တဲ့။ မှန်ပါတယ်။ ဒီသဘောတရားကို ချဲ့ထွင်သွားကြဖို့ပဲ ရှိပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ်လုပ်တာ ကိုယ်ခံရတာ၊ ကိုယ်တိုက်ပွဲဝင်မှ ကိုယ်အောင်ပွဲရတာ၊ ကိုယ်တောင်းဆိုမှ ကိုယ်ရတာ၊ ကိုယ်တိုက်ထုတ်မှ ကိုယ်နိုင်တာ၊ အရာရာမှာ ကိုယ်ဆိုတဲ့ မိမိအပေါ်မှာ မူတည်နေတာချည်းပဲ။ ကောင်းကျိုးခံစားရတာပဲဖြစ်ဖြစ်၊ ဆိုးကျိုးခံရတာဖြစ်ဖြစ် အဓိကလက်သည်တရားခံက ကိုယ်မှတစ်ပါး အခြားသူမရှိဘူး။ ကိုယ့်ဘ၀ကို ပုံဖော်နေတဲ့ ဖန်ဆင်းရှင်ဆိုတာလဲ မရှိဘူး။ အတ္တာဟိ အတ္တနော နာထောပဲ။ ကိုယ့်အားကို ကိုယ်ပဲ ကိုးစားရမှာ။ မမြင်ရတဲ့ ကံဆိုတဲ့ အခြားအရာလဲ မရှိဘူး။

`ကံ´ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ `ကံ´ဆိုတာ `ကမ္မ´ဆိုတဲ့ ပါဠိစကားကို ပါဠိသက်မြန်မာစကားပြေအဖြစ် ပြောင်းလဲသုံးစွဲထားတာ ဖြစ်တယ်။ လိုရင်းဆိုရလျှင် `အလုပ်´`အပြုအမူ´`လုပ်ဆောင်ချက်´လို့ အဓိပ္ပာယ်ရပါတယ်။ အပြုခံသတ္တိ သို့မဟုတ် Passive Type သဘောရှိပါတယ်။ Active Type သဘောရှိသူတွေ သို့မဟုတ် သတ္တ၀ါတွေ ပြုသမျှ၊ ပြောသမျှ၊ ကြံစည်သမျှအရာတွေဟာ `ကံ´တွေပါပဲ။ ကံဆိုတာ မမြင်ရတဲ့ ခုန်ပျံကျော်လွှားပြီး လူတွေရဲ့ဘ၀ထဲ ရောက်လာတဲ့ သဘောတရားမဟုတ်ပါဘူး။ ခေတ်စကားနဲ့ပြောရရင် ဘလိုင်းကြီးလာရောက်ကြိုးကိုင် ခြယ်လှယ်နေတဲ့အရာ မဟုတ်ပါဘူး။ စိတ်ပါလို့ဖြစ်စေ၊ မပါဘဲဖြစ်စေ တစ်နည်းနည်းနဲ့ ကိုယ်ကိုယ်တိုင် ပြုမူ၊ ပြောဆို၊ ကြံစည်ခဲ့တဲ့ `ကံ´က မိမိတို့ရဲ့ ဖြစ်တည်မှုကို အကောင်းအဆိုးစီမံပေးနေတာပါ။

မွေးရပ်မြေက အသိမိတ်ဆွေထဲမှာ `ကံပေါ့လေ´လို့ အမြဲပြောတတ်တဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်။ သူကဆိုရင် အမြဲတမ်း ဘာတွေပဲ ကြုံတွေ့တွေ့ ကံပဲ။ သူ့ဟာသူ ရေချိုးမှားလို့ ဖျားနေသူကို တွေ့ရင်လဲ `အော် သူခမျာ ကံမကောင်းရှာဘူး´ ကြီးပွားနေသူတစ်ယောက် သူ့ဟာသူ အရက်သောက် မျာပွေပြီး လုပ်ပုံလုပ်နည်းမမှန်လို့ ဆင်းရဲသားဘ၀ရောက်သူကိုတွေ့လဲ ကံပဲ။ အရက်အလွန်အကျွံသောက်ပြီး ရမ်းကားလို့ ဆေးရုံတက်နေရသူကိုကြည့်ပြီးတော့လဲ ကံပဲ။ အဒေါ်ကြီးပြောတာ မဟုတ်ဘူးလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ ကံက အဓိပ္ပာယ်အကောက်အယူလွဲနေတယ်။ `ကံမကောင်းဘူး´လို့ ပြောတာဟာ `လုပ်ပုံလုပ်နည်း မမှန်ဘူး´လို့ ပြောမှ ဗုဒ္ဓဘာသာရဲ့ ကံကို ထင်ဟပ်မိစေလိမ့်မယ်။ အများစု ရည်ညွှန်းတဲ့ကံဆိုတာ လက်ရှိပြုမူချက်တွေကို မရည်ညွှန်းဘဲ အတိတ်ကံကိုပဲ ရည်ညွှန်းတတ်ကြတယ်။ ဒါကြောင့် မှန်တော့ မှန်တယ်။ ဒါပေမယ့် မှားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ချို့က လက်ရှိကိုယ့်လုပ်ရပ်တွေ အသုံးမကျလို့ အမှားအယွင်းတွေဖြစ်၊ ဆိုးကျိုးတွေ ခံစားနေရတာကို မမြင်ရတဲ့ကံကို သွားပြီးလွှဲချနေတတ်ကြတယ်။ အမှားအယွင်းတစ်ခု၊ ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လာရပြီိဆိုရင် အမှန်တကယ် စဉ်းစားသင့်တာက `ငါလုပ်တာ ဘာတွေ မှားနေလဲ၊ ဘာတွေ လိုအပ်နေခဲ့သလဲ´ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အဲဒီလို ကိုယ့်လက်ရှိလုပ်ရပ်ရဲ့ အမှားအယွင်း၊ လိုအပ်ချက်တွေကိုမြင်မှ ကောင်းမွန်တဲ့ သစ်လွင်တဲ့ အကျိုးကြီးတဲ့ လုပ်ရပ်တွေအဖြစ် ပေါ်ထွက်လာမှာပါ။ `ငါကတော့ အကောင်းဆုံးလုပ်တာပဲ၊ ဒါပေမယ့် ကံမကောင်းလို့ ဘာမှဖြစ်မလာခဲ့ဘူး´လို့ ဆိုတာဟာ ရှေ့စကားနောက်စကား မညီပါဘူး။ ကိုယ့်အမြင်နဲ့ကိုယ်တော့ အကောင်းဆုံးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ လိုအပ်ချက်တစ်ခုမဟုတ်တစ်ခုရှိနေလို့ မအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်။ ရည်မှန်းချက်အောင်မြင်ချင်ရင် အဲဒီလိုအပ်ချက်တွေကို တွေ့အောင်ရှာရပါလိမ့်မယ်။ လိုအပ်ချက်ကို မရှာဘဲ `ကံမကောင်းလို့´ဆိုပြီး ယူဆနေသမျှ လမ်းကြောင်းမှန်ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။

လောကမှာ ပြောပြောနေတတ်ကြပါတယ်။ `ဒီကောင်က ဘာလုပ်လုပ် သိပ်အားမထုတ်ရဘူး၊ အကုန်အောင်မြင်တာချည်းပဲ´လို့။ အဲဒီလို လူမျိုးကို သေချာလေ့လာကြည့်ရင် အောင်မြင်မှုအတွက် အားသာချက်တစ်ခုမဟုတ်တစ်ခု ရှိနေလို့ပါ။ အပြောကောင်းခြင်း၊ စိတ်ရှည်ခြင်း၊ စေတနာထားခြင်း စတဲ့ လက်ရှိကောင်းကွက်လေးတွေက သူ့ကိုအောင်မြင်အောင် စွမ်းဆောင်ပေးနေတတ်ပါတယ်။ `သူက အတိတ်က ဘာကံတွေများ လုပ်ခဲ့သလဲမသိ၊ အများမြင်ချစ်ခင်နေတာပဲ´လို့လဲ ဆိုတတ်ကြတယ်။ တကယ်တော့ အတိတ်ကံဆိုတာထက် လက်ရှိသူရဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံတွေကိုက ချစ်ခင်စရာ ဖြစ်နေတတ်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပုံက လူတစ်ယောက်ဟာ အောင်မြင်မှုတွေ ရယူနေရသူတွေကို တွေ့တိုင်း `ဒီလူက တော်တော် အတိတ်ကံကောင်းခဲ့တာနော်´။ အဲဒီလိုချည်းပဲ ပြောပြောနေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် မိစ္ဆာဒိဋ္ဌိဘ၀ရောက်နေရတဲ့သူတွေ အများကြီးပဲ။

အများသိ ပုံပြင်လေးနဲ့ ပြောချင်ပါတယ်။ ကုန်သည်နှစ်ဦး ကန္တာရခရီးကို ဖြတ်ကျော်သွားကြတဲ့ ပုံပြင်ပါ။ တစ်ဦးက နောက်လိုက် လှည်းငါးရာနဲ့ ကန္တာရခရီးကို အရင် သွားနှင့်တယ်။ ကန္တာရထဲရောက်တော့ ဘီလူးတွေက ရှေ့မှာမိုးတွေ ရွာနေတဲ့အကြောင်း၊ ရေတွေကို အပင်ပန်းခံ သယ်စရာမလိုကြောင်းပြောပါတယ်။ သူတို့ကိုယ်တွေမှာလဲ ရေတွေရွှဲနေတဲ့ဟန်၊ ကြာဖူးကြာစွယ်တွေ စားနေဟန် သရုပ်ဆောင်ပြီး ပြောတာဆိုတော့ အဆိုပါ ကုန်သည်ခေါင်းဆောင်က ဘီလူးတွေရဲ့ စကားကို နားယောင်မိသွားတယ်။ ယုံကြည်သွားခဲ့တယ်။ ဒါနဲ့ သူ့နောက်လိုက် ခရီးသည်လှည်းသမားတွေကို ရှိသမျှရေတွေ အကုန်သွန်ချထားခဲ့ဖို့ ပြောလိုက်တယ်။

ဒီလိုနဲ့ သွားရင်းသွားရင်း ကန္တာရက ခြောက်သွေ့၊ ရေကလဲ မတွေ့နဲ့ လှည်းသမားတွေအားလုံး ပင်ပန်းကုန်တော့တာပဲ။ ဒါကြောင့် ဘီလူးတွေက အလွယ်တကူပဲ လှည်းကုန်သည်တွေကို စားပစ်လိုက်ကြတယ်။ ဒုတိယအဖွဲ့လာတော့လဲ ဘီလူးတွေက ရှေးနည်းတူ ဖြားယောင်းကြတယ်။ ဒါပေမယ့် ဒီကုန်သည်က အမြော်အမြင်ကြီးတယ်။ ဉာဏ်ရှိတယ်။ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်တတ်တယ်။ ရှေ့မှာ မိုးရွာနေတယ်ဆိုရင် မိုးရိပ်တော့ တွေ့ရမှာပဲ။ မိုးနံ့တော့ ရမှာပဲ။ ဒီလူတွေကြည့်ရတာ အရိပ်လဲ မထွက်ဘူး။ မျက်တောင်လဲ မခတ်ဘူး။ လူမဖြစ်နိုင်ဘူး။ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဒါနဲ့ သူ့နောက်လိုက် လှည်းသမားတွေကို ရေတွေ သွန်မပစ်ကြဖို့၊ ဘီလူးတွေရဲ့စကားကို နားမယောင်ကြဖို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကုန်သည်ဟာ ပထမလှည်းကုန်သည်ရဲ့ ကုန်ပစ္စည်းတွေရော၊ ဈေးနှုန်းအမြတ်အစွန်းတွေ ပါရပြီး အိမ်ပြန်ခရီးလှခဲ့ကြပါတယ်။

ဒီပုံပြင်မှာ ပြောချင်တာက ပထမကုန်သည်နဲ့အဖွဲ့ ဘီလူးတွေအစားခံရတာ၊ ကုန်တွေ ဆုံးရှုံးရတာ၊ ကျန်ခဲ့တဲ့ ဇနီးသားသမီးတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခရောက်ကြရတာဟာ `အော်သူတို့ခမျာ ကံမကောင်းရှာကြဘူးနော်´လို့ ဆိုမလား။ ဒုတိယကုန်သည်နဲ့အဖွဲ့ကိုရော `အော်သူတို့ဖြင့် ကံကောင်းလိုက်ကြတာ´လို့ ဆိုမလား။ လုပ်ရပ်ဟာ ကံလို့ သဘောပေါက်ထားသူတွေအတွက်ဆိုရင်တော့ ပထမအဖွဲ့ဟာ `ကံဆိုးတယ်´

ဒုတိယအဖွဲ့က `ကံကောင်းတယ်´လို့ပြောနိုင်ပါတယ်။ အသက်ပါ ဆုံးရှုံးပြီး မကောင်းတဲ့အကျိုးဆက်တွေ ခံစားသွားရတဲ့ ပထမအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ မကောင်းခဲ့ပါဘူး။ ဆုံးဖြတ်ချက်တွေ၊ စဉ်းစားဆင်ခြင်ပုံတွေက မမှန်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရတာပါ။ ဒီလိုမှ မဟုတ်ဘဲ သူတို့လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး `မမြင်ရတဲ့ ကံ´ကို လွှဲချနေပြီဆိုရင်တော့ အဲဒီအယူအဆဟာ မှားယွင်းသွားပါပြီ။ ပထမအဖွဲ့ဟာ ဉာဏ်ပညာနဲ့ နှိုင်းနှိုင်းချိန်ချိန် မလုပ်ဆောင်ဘဲ မှားယွင်းဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယအဖွဲ့တော့ မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေနဲ့ မှန်ကန်စွာ လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ အကျိုးရလာဒ်တွေ ခြားနားသွားခဲ့ရခြင်း ဖြစ်ပါတယ်။

ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းနှစ်ခုလုံးမှာ လျှို့ဝှက်ချက်လေးတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီ လျှို့ဝှက်ချက်လေးက အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်နေတတ်ပြန်ပါတယ်။ အောင်မြင်မှုရဖို့ရန်အတွက် ဗုဒ္ဓဘာသာက ကံ၊ ဉာဏ်၊ ၀ီရိယ သုံးခုညီဖို့ ပြောပါတယ်။ အတိတ်ကာလက ပြီးပြက်ခဲ့တဲ့ မိမိတို့ရဲ့ ကောင်းကံ၊ ဆိုးကံတွေကို ဘာမှ ပြုပြင်လို့ မရတော့ပါဘူး။ ပြီးခဲ့တဲ့အရာတွေက ပြီးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန်လုပ်ဆောင်ချက်(ကံ)ကို ဉာဏ်၊ ၀ီရိယနဲ့ သဟဇာတဖြစ်အောင် မျှမျှတတ လုပ်ဆောင်နိုင်ခြင်းအားဖြင့် အတိတ်ဘ၀က ဆိုးကံတွေကို အကောင်းဘက်ရောက်အောင် လမ်းကြောင်းလွှဲပစ်နိုင်ပါတယ်။

အတိတ်ကံဆိုတာ ပယ်ဖို့မဟုတ်၊ လက်တွေ့ဘ၀လုပ်ငန်းစဉ်မှာ မေ့ထားလိုက်ဖို့ပါ။ ပစ္စုပ္ပန်လုပ်ငန်းတွေမှာ ပစ္စုပ္ပန်ကျကျ တွေးခေါ်မြော်မြင်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေကို ရဲရဲတင်းတင်း ထားရှိလိုက်ကြဖို့ပါ။ `ငါတို့ကိုယ်က ကံဆိုးတာပါကွာ´ဆိုတာတွေကို မေ့ဖျောက်ပြီး ကိလေသာတိုက်ပွဲ၊ ဘ၀တိုက်ပွဲ၊ အမှန်တရားတိုက်ပွဲနဲ့ တိုက်ပွဲပေါင်းများစွာကို ဇွဲမလျှော့တမ်း၊ နောက်မဆုတ်တမ်း ဆက်လှမ်းကြပါစို့….


 (အရှင်ကုသလသာမိ (ပျော်ဘွယ်) )

Thursday, July 3, 2014

ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…


ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…

ပြောင်းလဲလာတဲ့ အရာတွေထဲမှာ လူတွေရဲ့ ဘုန်းကြီးရဟန်း ကိုးကွယ်ဆည်းကပ်မှုဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေ ပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးဆိုရင် ပရိယတ်၊ ပဋိပတ်လုပ်ငန်း တစ်ခုခုကို လုပ်နေရင်ပြီးတာပဲ ခွဲခြားမှုမရှိ ကိုးကွယ် ဆည်းကပ် တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်လာတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင်၊ ဒီဆရာတော်ကို ကိုးကွယ်ရင် ဘာဖြစ်မယ်၊ ဘာရမယ်၊ ဘယ်သူနဲ့ တွေ့ခွင့်ရ မယ် စသဖြင့် ရစရာ တစ်ခုခုရှိမှ ဆည်းကပ်လာတတ်တာ ရှိပါတယ်။

 ဒါကြောင့် သာသနာတော်မှာလည်း ပရိယတ်၊ ပဋိပတ် အလုပ်ကိုပဲ လုပ်နေကြတဲ့ ရဟန်းသံဃာတော်များမှာ လာဘ်လာဘတွေ ဆုတ်ယုတ်လာပြီး ဗေဒင်ဟော၊ လက္ခဏာ ကြည့်၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်၊ ဆေးကုသပေး၊ နှစ်လုံးသုံး လုံးပေး စသဖြင့် လုပ်ပေးကြတဲ့ ဘုန်းကြီးတွေမှာ မလို လောက်အောင်ကို ပေါများနေတော့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေများကြောင့် သဒ္ဓါတရား အားနည်းပြီး ပစ္စည်း လာဘ်လာဘကို ရယူလိုကြတဲ့ ရဟန်းတော်အချို့ဟာလည်း လာဘ်လာဘနောက် လိုက်ကာ လူတွေအကြိုက် လုပ်ကုန် တော့တာ ဖြစ်ပါတယ်။ ဒါဟာ သာသနာတော်အတွက်ရော ကိုးကွယ်ခံ ပုဂ္ဂိုလ်တွေနဲ့ ကိုးကွယ်သူတွေ အတွက်ပါ လွဲလာ နေတဲ့ အလွဲပဲ ဖြစ်ပါတယ်။

ခုနောက်ပိုင်း မြန်မာပြည်မှာ ရှိတဲ့ လူအတော်များများဟာ ဘယ်မှာ ဘယ်ဘုန်းကြီး ဘယ်လိုပေးတယ်၊ ဘာလုပ်ပေးတယ် ဆိုရင် အုံးအုံးကြက်ကြက်နဲ့ မရောက်ရောက်အောင်ကို သွား တော့တာ ဖြစ်ပါတယ်။ ဘုန်းကြီးကို ကြည်ညိုလို့တော့ မဟုတ်ပါဘူး။ ဘုန်းကြီးက ဘာပေးတယ်၊ ညာပေးတယ်ဆိုလို့ သွားကြတာ ဖြစ်ပါတယ်။ သံဃာကို ကြည်ညိုမှုထက် ပုဂ္ဂိုလ် ရေး ရင်းနှီးမှု၊ ပုဂ္ဂိုလ်ရေး အကျိုးကျေးဇူးများမှုတွေကို ကြည့် ပြီး ဆည်းကပ်ကြပါတယ်။ လှူဒါန်းတတ်ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ရှိနေတဲ့အတွက်လည်း ပြည့်ပြီးသားအိုးတွေက လျှံတက်နေပြီး လိုနေတဲ့အိုးတွေက ဟောက်ပက်ကြီးကို ဖြစ် နေတော့တာ ဖြစ်ပါတယ်။

 သာသနာ့ဝန်ထမ်း ရဟန်းသံဃာ ချင်းအတူတူ သာသနာတော်ကို တကယ်ထိန်းသိမ်း စောာင့် ရှောက်နေကြတဲ့ စာသင်တိုက်များ၊ ပရဟိတကျောင်းများမှာ ဆင်းဆင်းရဲရဲ ဖြစ်နေကြပေမယ့် ဗေဒင်ဟော၊ လက္ခဏာ ကြည့်၊ နှစ်လုံးသုံးလုံးပေး၊ ဆေးကုပေး၊ ယတြာချေပေးတဲ့ ဘုန်းကြီးကျောင်း တွေမှာတော့ အလျှံပယ် ပိုလျှံကာ ရွှေ ကျောင်းကြီးတွေ၊ ကားကြီးတွေနဲ့ စည်ပင်ဝပြောနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို မညီမျှမှုတွေ များလာရင်တော့ ကြာရင် အစစ်အမှန် သာသနာ့ဝန်ထမ်းတွေဟာ သာသနာ့ဘောင်မှာ ရပ်တည်ဖို့ ခက်ခဲလာကာ လူထွက်သွားကြပါက သာသနာမှာ အစစ်အမှန် သာသနာပြု ရဟန်းသံဃာတွေ အားနည်းလာ တော့မှာ ဖြစ်ပါတယ်။

အသေအချာ တွေးကြည့်ရင် မြတ်ဗုဒ္ဓ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်နေတာဟာ ဘုရားဟော တရား တော်တွေကို သင်အံပို့ချ၊ ဟောပြောပြသနေတဲ့ သာသနာ့ဝန် ထမ်း ရဟန်းသံဃာတော်တွေလား၊ ဗေဒင်ဟော၊ လက္ခဏာ ကြည့်၊ ယတြာချေ၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေလား ဆိုတာ အသိရှိတဲ့သူတွေ အနေနဲ့ ကောင်း ကောင်းဆင်ခြင် စဉ်းစားတတ်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် လူတွေကတော့ ဆင်းရဲတာက တစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းပါးတာက တစ်ကြောင်း၊ အယုံလွယ်တတ်တဲ့ ယုံကြည်မှု အားကောင်းပြီး ဆင်ခြင်တတ်တဲ့ ဉာဏ်ပညာ အားနည်းလာတာက တစ်ကြောင်း၊ ကြည်ညိုမှုထက် ရယူလိုမှုက များနေတာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် အစစ်အမှန် သာသနာပြုတွေကို လျစ်လျူရှုကာ ဘုရားမကြိုက်တဲ့ လောကီအလုပ်တွေနဲ့ အသက်မွေးနေတဲ့ ရဟန်းတော်များ ထံမှာပဲ စုနေကြတော့တာ ဖြစ်ပါတယ်။ ကိုးကွယ်မှုအလွဲနဲ့ ထောက်ပံ့မှုအလွဲတွေဟာ သာသနာတော်အတွက် မွဲစရာတွေ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။

အမှန်တော့ သာသနာတော်မှာ ဆရာဒကာဟာ တစ်ဦးနဲ့တစ် ဦး အမှီပြုနိုင်မှ သာသနာတော်ကြီး အရှည် တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ ဒကာဒကာမများ ဘက်က ပစ္စယာနုဂ္ဂဟနဲ့ ချီးမြှောက်ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဓမ္မာနုဂ္ဂဟနဲ့ ချီးမြှောက်နိုင်မှ ဒီသာသနာတော်ဟာ စည်ပင် လာမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆရာနဲ့ ဒကာဟာလည်း ကိုယ့် တာဝန်ကိုယ်ကျေကာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့လည်း လိုပါ တယ်။

သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဘုရား အလိုရှိတော်မူတဲ့ စာပေသင်အံ ပို့ချခြင်း ပရိယတ်အလုပ်နဲ့၊ တရားဓမ္မ ဟောပြောသခြင်း ပဋိပတ်အလုပ် တစ်ခုခုကို လုပ် နေဖို့ လိုသလို ဒကာဒကာမများဘက်ကလည်း ဒီလို ပရိယတ်၊ ပဋိပတ် လုပ်နေတဲ့ အစစ်အမှန် သာသနာ့ ၀န်ထမ်းတွေကို ရွေးချယ် ကိုးကွယ်တတ်ဖို့ လိုပါတယ်။ ဘုန်းကြီးရဟန်းဆိုရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ သာသနာနဲ့ မလျော်တဲ့အလုပ်တွေကို လုပ်နေတဲ့ ရဟန်းတော်များကို ကိုယ့်ရဲ့ ပစ္စုပ္ပန် လောကီ စီးပွားရေး၊ ကြီးပွားရေး အဆင်ပြေမှုလေးတွေလောက်ပဲ ကြည့်ပြီး မကိုးကွယ်မဆည်းကပ်မိဖို့ လိုပါတယ်။

ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ဆရာသမားဟာ ကိုယ့်ရဲ့ ပစ္စုပ္ပန်မှာ အပြစ်မဖြစ်ရေး၊ သံသရာမှာ သုဂတိဘ၀ကို ရရှိ ရေး စသဖြင့် ညွန်ပြနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်သင့်ပါတယ်။ သူ့ဟာသူ ဘာပဲဖြစ်ဖြစ် တို့ကို ဗေဒင်ဟောပေးနေ၊ ယတြာချေပေးနေ၊ တို့အကျိုးကို လုပ်ပေးနေရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့မကိုးကွယ် မဆည်းကပ်သင့်ပါဘူး။ ကိုးကွယ်မှုကို ကိုယ့်ရဲ့တစ်ဒင်္ဂ ချမ်း သာမှုလောက်နဲ့ အပေးအယူ မလုပ်သင့်ပါဘူး။ ဒါလုပ်ပေးလို့ ဒါလှူတယ်ဆိုတဲ့ ဈေးကွက်ဆန်ဆန် ကိုးကွယ်လှူဒါန်းမှုမျိုး မဖြစ်သင့်ပါဘူး။

တကယ်ဖြစ်သင့်တာက ကိုးကွယ်မှုကို စူးစမ်းဆင်ခြင်မှု ပညာ၊ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်မှု သဒ္ဓါတရားတွေနဲ့ ပေါင်းစပ်ပြီး ရွေးချယ်ကာ ကိုးကွယ်သင့်ပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင် ဘာရမယ်၊ ဘာဖြစ်မယ်စတဲ့ မျှော် လင့်ချက် ရယူမှုနဲ့ မကိုးကွယ်သင့်ပါဘူး။ ဆိုလိုတာက စီးပွား ရေး အဆင်ပြေမှု၊ ငွေကြေးချမ်းသာမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှု များကို မမျှော်လင့်ကြဖို့ ဆိုလိုတာပါ။ ဒီဆရာကို ကိုးကွယ်တဲ့ အတွက် အကုသိုလ်တွေ မဖြစ်ဘဲ ကုသိုလ်တွေ တိုးနေမယ် ဆိုရင်တော့ ဒါဟာ ကိုးကွယ်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

နောက် ဒကာ၊ ဒကာမတွေ အနေနဲ့ သာသနာ တော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်၊ ဆရာ ဒကာ တာဝန်ကျေလိုတဲ့ စိတ်နဲ့ စစ်မှန်တဲ့ ဆရာကို ရွေးချယ် ကာ စစ်မှန်တဲ့ သာသနာဖြစ်အောင် တစ်ဘက်တစ်လမ်းကာ အားပေးထောက်ပံ့ ပေးဖို့လည်း လိုပါတယ်။ ဒီလို ဆရာဒကာ ညီညွတ်မှပဲ သာသနာတော်ဟာ အရှည်တည်တံ့ကာ သန့်ရှင်း ပြန့်ပွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုတွေဟာလည်း တော်တော်များများ လွဲမှားလာနေ တာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်ရဲ့ ကိုး ကွယ် ဆည်းကပ်မှုကို အပေးအယူတွေနဲ့ ပေါင်းစပ်ကာ ဈေး ကွက်ဆန်တဲ့ ကိုးကွယ်မှုမျိုး မဖြစ်ကြစေဘဲ အစစ်အမှန် သာသနာနဲ့ အစစ်အမှန် ဆရာကို သဒ္ဓါပညာ ပေါင်းစပ်ကာ ရွေးချယ်စိစစ်ပြီး ကောင်းမြတ်တဲ့ အစစ်အမှန် ဒကာများ ဖြစ်အောင် ကြိုးစားကြဖို့၊ ရယူမှုနဲ့ ကိုးကွယ်မှုတွေကို လွဲမှား စွာ မလုပ်မိကြဖို့ လွဲတတ်တဲ့အလွဲတစ်ခု အဖြစ် ပြင်စေလိုတဲ့ စိတ်နဲ့ စေတနာထားကာ အသိပေး တင်ပြလိုက်ရပါတယ်။


စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

Wednesday, July 2, 2014

ကြောက်စရာ အကောင်းဆုံး အန္တရာယ် (သို့မဟုတ်) ဇီဝိန်ချွေမဲ့ လက်နက်ပုံး


ကြောက်စရာ အကောင်းဆုံး အန္တရာယ် (သို့မဟုတ်) ဇီဝိန်ချွေမဲ့ လက်နက်ပုံး

ကျွန်တော်ဟာ မြန်မာ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားလူမျိုး အပေါင်း တို့ဟာ အခြားသော နိုင်ငံများနည်းတူ အဓွန့်ရှည်ကြာစွာ တည်တန့်ပြီးတော့ ကမ္ဘာ့မြေပုံမှာ မြန်မာ့မြေပုံ အပြီးအပိုင် မကွယ်ပျောက်စေဖို့အတွက် ကျွန်တော် လေ့လာဖတ်ရှုမိသမျှ ရှာဖွေစုဆောင်းမိသမျှတို့ကို ညဏ်မီသမျှ အကျဉ်းရုံးပြီး ရိုးသားစွာ တင်ပြမှာဖြစ်ပါတယ်။

ဒီလိုတင်ပြရသည်မှာ ဘယ်လူမျိုး ဘယ်ဘာသာကိုမှ စော်ကားလိုစိတ်၊ မလိုမုန်းတီးစိတ် မရှိပဲ ယနေ့ ပစ္စုပ္ပုန် ကာလမှာ အမှုမဲ့အမှတ်မဲ့ နေခဲ့ကြပါလျှင် တစ်နေ့ (ကျွန်တော်တို့ရဲ့ မြေး၊မြစ်၊တီ၊ကျွတ် တို့လက်ထက် နောင်အနှစ် ၁၀၀ ၊ ၁၅၀ ဆိုလိုသလိုအတွင်းမှာ ) ပြည်ထောင်စုဖွား တိုင်းရင်းသား တွေဟာ ကိုယ့်နိုင်ငံ အတွင်းမှာ ကိုယ်မျက်နှာငယ်ကြရပြီး ဘယ်တော့မှ ပြန်ပြီး နလန်မထူ နိုင်တော့ကြ တော့ဘဲ မထွေးလေးလို မြွေမျိုမခံရေး အတွက် အထူးတင်ပြရခြင်းဖြစ်ပါတယ်။

ကျွန်တော်ရဲ့ လေ့လာချက်ကို ဟုတ်မှာပဲလို့ဖတ်၍ ကောင်းရုံ အနေထားမျိုးမဟုတ်ဘဲ ယုတ္တိယုတာနဲ့ယှဉ်ပြီး တိုက်ဆိုင်စစ်ဆေးကြစေလိုပါတယ်။ နောက်ပြီးရဟန်းရှင်လူတို့ဟာ မိမိတို့ရဲ့ ကဏ္ဍအလိုက် သတိဝီရိယထားပြီး အတတ်နိုင်ဆုံး နိုးကြားပြီး ဝိုင်းဝန်းကာကွယ်ကြစေလိုပါတယ်။ သတ္တဝါတွေဟာ မိမိကိုယ်မိမိ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှသာ အသက်ရှင်သန် နေထိုင်ကြ မယ်ဖြစ်ပါတယ်။

ဗုဒ္ဓ မြတ်စွာဘုရားက အတ္တာ ဟိ အတ္တာနော နာထော မိမိကိုယ်သာ မိမိကိုးကွယ်ရာလို့ ဟောကြားတော်မှုပါတယ်။ ဗုဒ္ဓ မြတ်စွာဘုရား ဟောကြား တော်မှုခဲ့တဲ့ ဇာတ်နိပါတ်တော်တွေ ထဲမှာကြည့် လျှင် တိရစ္ဆာန်တွေထဲမှာ နူးညံ့လှပနုနယ်တဲ့ သမင်တို့ပင်လျှင် မိမိတို့ရဲ့ သားငယ်သမီးတွေကို လူမုဆိုးတို့ရဲ့ဘေးရန်က လွတ်မြောက်စေရန် သမင်တို့ တတ်အပ်တဲ့ မာယာကို သင်ကြားပေးကြတာ ကို တွေ့ကြရပါတယ်။

သက်ရှိဖြစ်တဲ့လူတို့ တိရိစ္ဆာန်တို့မဆိုထားဘိ၊သက်မဲ့ဖြစ်တဲ့ သစ်ပင်မန်းမာလာတို့ တောင်မှ ဥပမာ-နှင်းဆီ ပင်မှာရှိတဲ့ဆူးတို့ သဲကန္တာရမှာ ရှားရှားပါးပါးပေါက်တဲ့ ဇောင်းရှားပင်တို့၊ နှင်းမုန်တိုင်းထန် တဲ့ အရပ်မှာပေါက်တဲ့ ထင်းရှုးတို့ဟာလည်း သဘာဝ နဲ့သက်ရှိသတ္တဝါတို့ရဲ့ ဘေးဒဏ်မှ ကာကွယ်ရပ် တည်ပြီး အရွက်အနေအစား ပင်စည်အနေအထား ထူခြားစွာ ပေါက်ရောက်ကြပါတယ်။

အဲဒီတော့ စောစောက ကျွန်တော်တင်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့အမျိုးဘာသာ သာသနာ မိမိတို့ရဲ့ မွေးရာဇာတိ နိုင်ငံမှာ မကွယ်ပစေဖို့အရေးကို ဆက်လက်ပြီး တင်ပြရပါလျှင် ယနေ့ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ နယ်နမိတ်အားဖြင့် အနောက်မြောက်ဘက်မှ တရုတ်ပြည်၊ အရှေ့ဘက်မှ လောနိုင်ငံ အရှေ့တောင်ဘက်မှ ယိုးဒယားပြည်၊ အနောက်တောင် ဘင်္ဂလားဒေ့ရှ် ၊ အနောက်ဖက်အိန္ဒိယ စသည်ဖြင့် နိုင်ငံ ငါးနိုင်ငံ နဲ့နယ်နမိတ်ချင်းဆက်စပ်လျက် ရှိပါတယ်။

အဲဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝပြီး အစာရေစာပေါများပြီး အစာရေစာပေါများပေမယ့် လူဦးရေအားဖြင့်ရော လူသိပ်သည်း ထူထပ်မှုပါ ကုန်းခေါင်တော တောင် ထူထပ်တဲ့လောနိုင်ငံကလွှဲလျှင် အိမ်နီးချင်းနိုင်ငံတွေမှာ လူဦးရေ အနည်းဆုံးနဲ့ အကျဆုံး ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့တစ်ဖက်တစ်ချက်စီမှာ နယ်နမိတ်ချင်းဆက်စပ်နေတဲ့ တရုတ်ပြည်နဲ့ အိန္ဒိယပြည်တို့ဟာ ကမ္ဘာပေါ်ရှိနိုင်ငံများတွေမှာ လူဦးရေပထမနဲ့ဒုတိယ လိုက်ပြီးတော့ကမ္ဘာလူဦးရေရဲ့ (၄၀) ရာခိုင်နှူန်းနီးပါခန့်ရှိပါတယ်။

ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဟာ ဘုရင်အနော်ရထာကစပြီး ကျန်စစ်သားစတဲ့ သာသနာပြုမင်း တွေ ၊ မင်းကြီးရန်နောင် ၊ မဟာမင်းခေါင် ၊ အနော်ရထာ၊ မဟာဗန္ဓုလ၊ မွန်သူရဲကောင်းသမိန်ဗရမ်း၊ ဗိုလ်ချုပ် အောင်ဆန်း အစရှိတဲ့စစ်သူကြီးတွေ၊ သူရဲကောင်းတွေ၊ ဝန်ကြီးပဒေသ ရာဇာ၊ ရာဇသင်္ကြန်၊ ဦးပေါ်ဦးအစရှိတဲ့ ပညာရှိအမတ်ကြီးတွေ၊ တောင်ဖီလာ ဆရာတော်၊ ဆရာတော်ဦးဗုဒ် အစရှိတဲ့ သာသနာ့အာဇာနည်ကြီးတွေ စသည်ဖြင့် ရေး၍ မကုန်နိုင်ဖွယ်ရာ မြောက်များလှစွာသော နှောင်းခေတ်က ကျေးဇူးရှင်ကြီး တွေရဲ့ လုံ့လဥဿာဟကြောင့်သာ ပထဝီအနေထားအရ အန္တရာယ် ရှိပေမယ့် ယနေ့တိုင်အောင် ရပ်တည်နေနိုင်ကြပြီး ကမ္ဘာမှာ မြန်မာဟေ့ လို့ခေါ်ဆိုနိုင်ခဲ့ကြပါတယ်။

ကုန်းဘောင်ခေတ် အင်္ဂလိပ်မြန်မာစစ်ပွဲမှာ မဟာဗန္ဓုလကျဆုံးခဲ့ရတဲ့အချိန်မှစပြီး ဗိုလ်ချုပ် အောင်ဆန်းတို့ ကျဆုံးရတဲ့ အချိန်အထိ (၁၂၃) နှစ်တိုင်တိုင် မြန်မာ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ စတဲ့ တိုင်းရင်း သား အာဇာနည်တို့သွေးမြေကျ တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ပြန်လည်ရယူခဲ့ကြပါတယ်။ အထက်ပါ ဖော်ပြခဲ့တဲ့ အာဇာနည်တွေနဲ့ မြောက်များလှစွာသော ဖော်မပြရသေး တဲ့မြန်မာ့ အာဇာနည် ပုဂ္ဂိုလ်ကြီး တွေကသာ နှောင်းအတိတ်က ထိန်းသိမ်းစောင့်ရှောက်မှု မပြုခဲ့ကြပါလျှင် ယနေ့ ကျွန်တော်တို့ဟာ ပျောက်ကွယ်လု“ဖြစ်လျှင် လည်းဖြစ်နေပါမယ်။ သို့မဟုတ် နိုင်ငံခြားသားတွေ ဘာသာခြားတွေကြားမှာ ကြားမှာ ကြွင်းကျန်ရစ် သူတို့ဟာမျက်နာငယ်ဘဝ ရောက် နေကြရမှာ အမှန်ပါဘဲ။

အဲဒီတော့ ယနေ့မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်းဟာ မည်သည့်ဆုလာဘ်ကိုမှ မမျှော်ကိုးဘဲ မိမိတို့ရဲ့ ရင်သွေးများဖြစ်ကြတဲ့ သားစဉ်မြေးဆက်တို့အတွက် မိမိတို့လက်လှမ်းမီသမျှ ကာကွယ် စောင့်ရှောက် ထိန်းသိမ်းသင့်ကြပါတယ်။
ယနေ့ပစ္စုပ္ပန်ခေတ်မှာ ကာကွယ်ကြမှသာ ကမ္ဘာမြေပေါ်မှ မြန်မာ့မြေ ပုံမပျောက်မှာကို အထူး ဂရုပြု သင့်ကြပါတယ်။

အဲဒီတော့ကျွန်တော်တို့ဟာ ဘယ်လိုအန္တရာယ်ဘယ်လိုအကြောင်းရင်းနဲ့ ပျောက်ကွယ် နိုင်ဖို့ အလားအလာရှိမလဲလို့ ညဏ်မီသရွေ့သတ္တုချပြီး ဆန်းစစ်ကြည့်ဖို့လိုပါတယ်။
ပထမအားဖြင့် လူဦးရေများပြားလှတဲ့ အိမ်နီးချင်း (၃)နိုင်ငံ ဖြစ်တဲ့ (၁) တရုတ် ၊ (၂) ဟိန္ဒူ အိန္ဒိယ ၊ (၃) အစ္စလာမ် ဘင်္ဂလားဒေ့ရှ် (၃)နိုင်ငံမှ လူတွေဟာ ရှေးရှေးခေတ်များကလို ရေကြည်ရာ မျက်နုရာဆိုသလို အရပ်တွေကို လူလုံးလိုက်လှိမ့်ပြီးတော့ အဓမ္မနည်းနဲ့ ဝင်လာပြန်ပြီဆိုပါက တိုင်းရင်း မြန်မာနွယ်ဖွားတို့ဟာ ကွယ်ပျောက်မြုပ်ကွယ်သွားရန် ရှိပါတယ်။ အဲဒီလို တိမ်မြုပ်ပျောက်ကွယ်ကြရတာ ကတော့ ဥပစ္ဆေဒကကံဖြတ်လို့ ရုတ်တရက် သေဆုံးရသလိုပါပဲ။

ဒါပေမယ့်ခေတ်မီတိုးတက်လာတဲ့ (၂၀)ရာစု နောက်ပိုင်းမှာ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာဒီလို မဟားဒယားနည်းနဲ့ဖြစ်စေ၊ အဓမ္မနည်းနှင်ြ့ဖစ်စေ၊ မတရားပြုကျင့်ဖို့ကို လုံးဝမလွယ်သ လောက်ပါဘဲ။ တိတိကျကျတင်ပြရပါလျှင်ဖြစ်ခဲ့တဲ့သာဓက တစ်ခုတော့ရှိခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး တရုတ်ပြည်ကြီးကို ချန်ကေရှိတ်ထဲမှ မော်စီတုန်း ကွန်မြူနစ်တို့ သိမ်းပိုက်ကြပြီး နောက်ပိုင်းမှာ တိဘက်ပြည်ကို သူတို့တရုတ်ပြည်က ပိုင်ဆိုင်တယ်ဆိုပြီး မတရားသိမ်းပိုက်ခဲ့ကြပါတယ်။ ပြီးတော့လည်း ပဲတိဗက်လူမျိုး (၃)သန်းခန့်ရှိသည့် နေရာမှာတရုတ် (၈) သန်းကို နေရာချထားပါတယ်။

တိဗက်လူမျိုး တွေကို ဝါးမျိုပစ်တဲ့ သဘောပါပဲ။ တရုတ်ပြည်က ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး ထိုအခါက သန်းပေါင်း (၇၀၀) ခန့်ကလည်းရှိ အဲဒီအချိန်မှာ ကွန်မြူနစ်ဝါဒ အရှိန်အဝါကလည်း အလွန်ကောင်း နေတော့ ကမ္ဘာက ငြိမ်နေလိုက်ကြပါတယ်။
၁၆-၁၇-၁၈ ရာစုနှစ်များမှာတော့ နှောင်းအတိတ်ကဥရောပ ကိုလိုနီများဖြစ်ကြတဲ့ အင်္ဂလိပ်၊ စပိန် ၊ပေါ်တူဂီ၊ပြင်သစ်ဒတ်ခ်ျတို့က တောင်/မြောက်အမေရိက ၁/၂ တို့နဲ့ သြစတြီးရီးယား တို့ကို နယ်ချဲ့ပြီး အဲဒီဒေသများမှာ တိုင်းရင်းသားလူနီတွေ၊ အင်းကောတွေနဲ့သြစတြီးရီးယားက အဘော်ရီဂျင်းတွေကို မျိုးဖြုတ်ခဲ့ကြပါတယ်။

သြစတြီးရီးယားတိုက်နားက ဘက်(စ်)မေးနီးယားကျွန်းဆိုလျှင် ဒေသခံတိုင်းရင်းသားတို့ လုံးဝ မျိုးဖြုတ်ခြင်းကို ခံခဲ့ကြရပါတယ်။ ဒါပေမယ့် စောစောက တင်ပြခဲ့သလို (၂၀)ရာစု နောက်ပိုင်းမှာအဲဒီလို အနိုင်ကျင့်မှုတွေဟာ တော်တော့ကို ပပျောက်သွားခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အခြားတစ်နည်း အားဖြင့် သတိပြုသင့်တာ စဉ်းစားကြည့်ကြပြီး ကြောက်ဖို့ကောင်းတာက အိမ်နီးချင်း( ၅)နိုင်ငံ အနက်(၁)တရုတ်(၂)ဟိန္ဒူအိန္ဒိယ၊(၃)ဘင်္ဂလားဒေ့ရှ်အစ္စလာမ်ခေါ်တောတို့ဟာ တစိမ့်စိမ့်ဝင်လို့ဖြစ်စေ၊ ပြည်တွင်းမှာရှိတဲ့သူတို့က တစိမ့်စိမ့်သွေးနှောပြီးဝါးမျိုလို့ဖြစ်စေ မြန်မာတိုင်းရင်းသားတို့ ပျောက်ကွယ် ကြမယ့် အရေးပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေသန်း (၄၀) ကျော်ရှိသည့်အနက် တရုတ်၊ ဟိန္ဒူကုလားဦးရေ နှစ်ရပ်ပေါင်းသည် တစ်သန်းပတ်ဝန်းကျင်ထက် မပိုသောကြောင့် လောလောဆယ်သူတို့ရဲ့ လက်ရှိ အင်အားကို ကြောက်ရာမရှိပါဘူး။
မဟာယာနနွယ်ဝင် တရုတ်နဲ့ဟိန္ဒူကုလားတို့ဟာ တိုင်းရင်းသားသူတို့နဲ့ ပေါင်းဖော် လက်ထပ်ကြလျှင်လည်း မျိုးဆက်၂ ဆက်၊ ၃ဆက် လောက်မှာ ၊ ပင်မဖြစ်တဲ့ တိုင်းရင်းသားများ (ဒေသခံများ)နဲ့ ရောနှောသွား တတ်ကြပါတယ် ။ အေးချမ်းစွာ လက်တွဲ နေထိုင်ကြပြီး ထင်ရှားလောက်တဲ့ ပဋ္ဋိပက္ခတွေလည်း မရှိခဲ့ကြ ပါဘူး။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ခေါ်တဲ့ ခေါ်တောနိုင်ငံ အစ္စလာမ်ကုလားဆိုးတို့ရဲ့ဝါးမျိုခံရမယ့် ဘေး အန္တရာယ်ကတော့ အမှန်တကယ်ရှိနေပါတယ်။ အဲဒီလို တစိမ့်စိမ့် မသိလိုက်မသိဘာသာ ဝါးမျိုခံ ရတာ ကတော့ သောက်ရေအိုးအောက်ကခံတဲ့ ကရွတ်ခွေဆွေး သလိုပါပဲ။ သူတို့ရဲ့အန္တရာယ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံလို သန်း(၄၅)သန်းခန့်သာရှိတဲ့ တိုင်းပြည်ငယ်ကို မပြောနဲ့ ယနေ့ စက်မှုလက်မှုထွန်းကားပြီး မော်တော်ကား ၊ လေယဉ်ပျံတွေနဲ့ အာကာသကိုတောင် ဂြိုလ်တု လွတ်တင်နေတဲ့ သန်းပေါင်း (၈၀၀) ခန့်ရှိတဲ့ အိန္ဒိယနိုင်ငံကတောင် အတော့် ကိုလန့်နေရှာတယ်။ လန့်ဆိုဟိန္ဒိုဘာသာ အိန္ဒိယ နိုင်ငံသား တို့ဟာ နှောင်းအတိတ်က ခဲမှန်ဘူးတဲ့ စာသူငယ်လိုရာဇဝင် တစ်လျှောက်မှာ မူဆလင် ဘုရင်တို့ရဲ့ အနုနည်း အကြမ်းနည်း နည်းပေါင်းစုံတို့နဲ့အဓမ္မ တစ်စတစ်စ နယ်ချဲ့ခံခဲ့ရတဲ့အပြင် အင်္ဂလိပ်တို့ထဲမှ အိန္ဒိယလွတ်လပ်ရေးရယူတော့ မူဆလင်များတဲ့ အရပ်တွေကို သီးခြားနိုင်ငံ အနေနဲ့ ဖဲ့ပေးခဲ့ရပါတယ်။

ဒါတောင်ယနေ့အိန္ဒိယပြည်ထဲမှာ မူဆလင်(၁၀) ကုဋ္ဋေ(သန်းပေါင်း၁၀၀)ရှိ နေပါသေးတယ်။ (ရှမ်းပြည်၆၀၀၀၀စတုရန်းမိုင်၊ ဘင်္ဂလားဒေ့ရှ် ၅၄၅၀၀စတုရန်းမိုင်ရှိ၍) ရှမ်းပြည်နယ်လောက် အ ကျယ် အဝန်းထက်ငယ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူဆလင်ခေါ်တော သန်း(၉၀)ခန့် မဆန့်မပြဲရှိနေပြီး အိန္ဒိယပိုင် အာသံပြည်ထဲကို တစိမ့်စိမ့် ဝင်ပြီး (လွန်ခဲ့သော ၁၀ နှစ်ခန့်အတွင်း မှာပင် ခေါ်တော ၃ သန်းကျော်တို့ခိုးဝင်ခဲ့ကြပြီး) မသိမသာ အခြေချခဲ့ရာမှ ယနေ့ အာသံပြည်နယ်သား (၂၅)ရာခိုင်နှူန်း ခန့်ဟာ ခေါ်တောနဲ့ ခေါ်တောအအနွယ်တို့ဖြစ်နေကြ ပြီဖြစ်ပါတယ်။

အခုမှပြည်နယ်သားတွေက မခံရပ်နိုင်ဖြစ်လို့၁၉၈၃ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ အဓိကရုဏ်းကြောင့်လူ ၃-၄ထောင်ခန့် သေဆုံးခဲ့ကြရပါ တယ်။ အိန္ဒိယပါလီမန်မှာလည်း-ဥပဒေသစ်တစ်ရပ်ပြဌာန်းပြီး အိန္ဒိယ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် မိုင် (၂၅၀၀) ကျော်မှာ တပ်စခန်းတွေ ညမီးမောင်းတွေ၊ ခေတ်မီကိရိယာတွေ၊ အစောင့်တပ်သားတွေနဲ့ မတရားခိုးဝင်သူများကို ထိန်းချုပ်နိုင်ဖို့လို့ ဆောင်ရွက်နေကြပါတယ်။ ဘဏ္ဍာတော်ငွေကုဋ္ဋေချီပြီး အကုန်ကျ ခံရမှာဖြစ်ပါတယ်။ အဲဒါကို လေ့လာကြည့်ရှု့ခြင်းအားဖြင့် ဒီပြသာနာကို အိန္ဒိယနိုင်ငံဟာ အတော့်ကို စိုးရိမ်ပူပန်နေကြောင်း ထင်ရှားပါတယ်။
ကျွန်တော်တို့ဟာ ဘင်္ဂလားဒေ့ရှ်ကုလားတို့ရဲ့ အယူဝါဒဖြစ်တဲ့ အစ္စလာမ်ဘာသာနှင့် ပတ်သက် လို့ အောက်ပါမေးခွန်းတွေကိုမေးသင့်ပါတယ်။

၁။ ဥရောပတိုက်ရှိ ခရစ်ယာန်နိုင်ငံအသီးသီးတို့ဟာ ၁၂ ရာစုလောက်က ဘာကြောင့်ထိတ်ထိတ်ပြာ ပြာဖြစ်ပြီး ကရူးဆိတ်ခေါ်တဲ့ တပ်ပေါင်းစုဖွဲ့စည်းပြီးတော့ မူဆလင်စစ်တပ်တွေကို သွေးချောင်းစီး တမျှ ခုခံ ကာကွယ်ခဲ့ကြသလဲ။

၂။ သန်းပေါင်း ၇၀၀ ကျော်ရှိပြီးကမ္ဘာမှာ လူဦးရေဒုတိယအများဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဘာကြောင့် ခဲမှန်ဘူးတဲ့ စာသူငယ်လို အစ္စလာမ်ဘာသာနဲ့ ပတ်သက်လာလျှင် လန့်နေရပါသလဲ။

၃။ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူအမျိုးသမီးတွေ ဘာကြောင့်အိမ်တွင်းပုန်းစနစ်ကျင့်သုံးနေရသလဲ။

၎။ အိန္ဒိယနိုင်ငံမှာ ဘာကြောင့် အုရဒူခေါ်တဲ့ ဘာသာစကားပေါ်ပေါက်လာရသလဲ။

၅။ ကမ္ဘာအရပ်ရပ်ရှိ ၉-တိုင်း၊ ၉-ဌာနသို့ သာသနာပြုစေလွတ်တော်မှုခဲ့တဲ့ သီရိဓမ္မာသောက မင်းတရားကြီး မဇ္စိုမဒေသမှာ ပြုစုထူထောင်ခဲ့တဲ့ ဗုဒ္ဓသာသနာတော်ကြီးနဲ့အတူ ဗုဒ္ဓရဟန်းတော်တွေ ဘာကြောင့် အပြီးအပိုင်ချုပ်ငြိမ်း ကွယ်ပျောက်သွားခဲ့ရပါသလဲ။

၆။ ကျွန်းစုပေါင်း ၃၀၀၀ကျော်ရှိတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် အစရှိတဲ့ ဒေသကြီး တစ်ခု လုံးမှ သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်တွေ ဘာကြောင့်ချုပ်ငြိမ်း ကွယ်ပျောက်သွားခဲ့ ရသလဲ၊ စသည်ဖြင့် အထက်ဖော်ပြပါမေးခွန်းများအပြင် အခြားမေးသင့်တဲ့မေးခွန်းတွေအများအပြား ရှိပါတယ်။
အထက်ပါမေးခွန်းတွေကို ဖြေဆိုဖို့အတွက်နဲ့ အမျိုးပျောက်မည်ကို စိုးကြောက်ဖို့အတွက် အောက်ပါ အချက်အလက်တို့ကို စနစ်တကျလေ့လာသင့်ကြပါတယ်။

၁။ အစ္စလာမ်ဘာသာစတင်၍ ပေါ်ပေါက်လာပုံ
၂။ ရှေးကပါးရှား(ယခုအီရန်)နိုင်ငံမှ ဇော်ရိုးစကားဘာသာဝင်များ ချုပ်ငြိမ်းကွယ်ပျောက်ရပုံ။
၃။ ဥရောပသို့မွတ်ဆလင်စစ်တပ် မားဘာသာရေးနယ်ချဲ့တိုက်ခိုက်ကြပုံ။
၎။ အိန္ဒိယတိုက်ငယ်သို့ အာရပ်၊အာဖဂန်၊ မဂို မူဆလင်ဘုရင်များ စစ်ချီ၍အဓမ္မသသာသနာ ပြုကြပုံ။
၅။ ကျွန်းစုပေါင်း ၃၀၀၀ကျော်ရှိတဲ့ အင်ဒိုနီးရှား သီရိဝိဇယ အင်ပါယာကြီးနဲ့တကွ ဗုဒ္ဓဘာသာ ဝင်များ နှစ်ပေါင်း ၁၈၀၀ခန့်ထွန်းကားခဲ့ပြီးမှ ကွယ်ပရပုံ(အေဒီ၃ရာစုမှ၊အေဒီ၁၅ရာစုအထိ)
၆။ မြန်မာနိုင်ငံနဲ့အစ္စလာမ်ဘာသာ။
၇။ တရုတ်ပြည်၊မွန်ဂိုလီးယားပြည်၊ဂျပန်၊ကိုရီးယားစသော အရှေ့ဖျားနိုင်ငံများနှင့် အစ္စလာမ်
ဘာသာ၊
၈။ ယနေ့ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်နဲ့မူဆလင်နိုင်ငံများ၏ အခြေအနေ။

စသည်တို့ကိုလေ့လာကြည့်မှသာ သဘောပေါက်နိုင်မည်ဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
From: အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Tuesday, July 1, 2014

အနန္တကျေးဇူးရှင်


အနန္တကျေးဇူးရှင် 

လောက၌ အချို့သော သူတို့သည် ကိုယ်ကျိုးတဖက်ကိုသာ ကြည့်ကြသည်။ ဘယ်သူသေသေ ငတေ မာပြီးရော စိတ်ထားကြသည်။ သူ့အကျိုး ကိုယ့် အကျိုးယှဉ်လာလျှင် ကိုယ့်ကျိုးကို ရှေ့တန်းတင်ကြသည်။ ထိုသူများကို ကိုယ်ကျိုးရှာသူများဟု ပြောလေ့ရှိကြသည်။ အချို့သူများကား ကိုယ်ကျိုးမငဲ့ သူ တစ်ပါးအကျိုးကိုသာ ဆောင်ရွက်ပေးတတ်ကြသည်။ သူတစ်ပါး စိတ် ချမ်းသာ လျှင်ပြီးရောဟု သဘောထားတတ်ကြ။

သူ့အကျိုးဆောင် ကိုယ့်ကျိုးအောင်- ဟုပင် ဆိုကြသည်။ သို့သော် အစွန်းရောက် တစ်ဖက်သတ် သမား မဖြစ်သင့်ပါ။ သူတစ်ပါးအကျိုးမကြည့်ပဲ မိမိ အကျိုးတစ်ခုကို ကြည့်သူ ကျင့်သူနှင့် ကိုယ်ကျိုးဆုံးရှုံးခံပြီး သူတစ်ပါး အကျိုးကို ဆောင်ရွက်သူများကို အစွန်းရောက်သမား ဟုဆိုရမည်။

ဘုရား ရှင်သည်ပင်-
၁။ လောကတ္ထစရိယာ= လောကသားအားလုံးအတွက် ကျင့်ဆောင်ခြင်း
၂။ ဥာတတ္ထစရိယာ= ဆွေးမျိုးတို့အတွက် ကျင့်ဆောင်ခြင်း
၃။ ဗုဒ္ဓတ္ထစရိယာ = ဘုရားဖြစ်ရန်အတွက် ကျင့်ဆောင်ခြင်း ဟူသော ၃-မျိုးလုံးသူ့အကျိုး ကိုယ့်အကျိုးမျှအောင် ကျင့်ဆောင်ခဲ့သည်။

မှန်ပါသည်။ လောကတ္ထစရိယာနှင့် ဥာတတ္ထစရိယာတို့သည် ပရဟိတ အကျိုးဆောင်ရွက် ချက်များ ဖြစ်သည်။ ဗုဒ္ဓတ္ထစရိယာကား ကိုယ်ကျိုးဆောင်ရွက်ချက်ဖြစ်သည်။ ကိုယ်ပိုင်အရည်အချင်း ပြည့်စုံ လေလေ သူတစ်ပါးအကျိုးကို ဆောင်ရွက်နိုင် လေဖြစ်သည်။ ကိုယ်ပိုင် အရည်အချင်းမပြည့်စုံလျှင် သူတစ်ပါးအကျိုး ဆောင်ရွက်သော်လည်း ပြည့်စုံအောင်မဆောင်ရွက်နိုင်ပေ။ သူတစ်ပါး အကျိုးကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်ရန် ကိုယ်ပိုင်အရည်အချင်း ပြည့်ဝ အောင် ကြိုတင်ပြင်ဆင်ထားရမည်။

မြင်းခြံကိုးဆောင် ဆရာတော်ဘုရားကြီးသည် ငယ်ရွယ်စဉ် အသက်၂၅-နှစ် သိက္ခာတော်(၅)ဝါရ အချိန်ကပင် အရည်ချင်းပြည့်ဝသော ပခုက္ကူ မဟာ ဝိသုတာရာမ တိုက်ကြီး၏ စာချဂဏဝါစက တစ်ပါးဖြစ်ခဲ့သည်။ ကိုယ်ပိုင် အရည်အချင်း ပြည့်ဝသော တပည့်ပေါင်းမြောက်များစွာကိုလည်း မွေးထုတ် ပေးခဲ့သည်။

နိုင်ငံဝန်ထမ်းများသည် အသက်၆၀-ကျော်လျှင် ပင်စင်ရ အနားယူလေ့ရှိ သော်လည်း ကျေးဇူးရှင် ကိုးဆောင်ဆရာတော်ဘုရားကြီး သည်ကား အလောင်းတော်ကြီးများပမာ သက်တော် ၈၀-ကျော် ၉၀ တိုင်အောင် သာသနာ့အတွက်နှင့် တပည့်ဒကာ ဒကာမများအတွက် ဆောင်ရွက်နေ သည်ကို ယခု နိကာယ်စာသင်တိုက်ကြီး ဖြစ်မြောက်အောင် ကြိုးပမ်းနေ ခြင်းက သက်သေခံလျက်ရှိသည်။

ဆရာတော်ကြီးသည် စာတုမ သုတ်တော်လာ အရှင်မောဂ္ဂလာန် မထေရ် မြတ်ကြီးကို အားကျနေဟန် ရှိသည်။ မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ စာတုမ သုတ်၌ ရဟန်းတော်များ၏ ဆူညံမှုကြောင့် အရှင်သာရိပုတ္တရာ အရှင်မဟာ မောဂ္ဂလာန်အပါအဝင် ရဟန်းတော်(၅၀၀)ကို ဘုရားရှင်က နှင်ထုတ်ခဲ့ ပါသည်။ ထိုအခါ သာကီဝင်မင်းသား ဒါယကားများ၏ လျှောက်ထားတောင်း ပန်ချက်ကြောင့် နှင်ထုတ်ခံ ရဟန်းတို့ကို ဘုရားရှင်က ပြန်လည်လက်ခံခဲ့ သည်။

နှင်ထုတ်မှုအပေါ် မည်သို့ သဘောထားကြောင်း အရှင်သာရိပုတ္တရာ အရှင် မဟာမောဂ္ဂလာန်တို့ကို ဘုရားရှင် မေးသောအခါ- “ဘုရားရှင်သည် ကြောင့် ကြမဲ့နေလို၍ သံဃာတော်ကို နှင်ထုတ်ပြီ၊ ငါတို့လည်း ပရိတ်သတ်အပေါ် ကြောင့်ကြမထားပဲ အေးဆေးစွာ နေတော့အံ့” ဟူသော အရှင်သာရိပုတ္တရာ ၏ လျှောက်ထားချက်အကြံကို ဘုရားရှင် လက်မခံခဲ့။

“ဘုရားရှင်သည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူသည်။ ယခုအခါ မြတ်စွာဘုရားသည် ကြောင့်ကြ မဲ့နေလိုသည် ယခုအခါ ငါသည်လည်း ကောင်း အရှင်သာရိပုတ္တရာသည်လည်းကောင်း ရဟန်းပေါင်းကို တာဝန် ယူ၍ ဆောင်ရွက်ကြမည်” ဟူသော အရှင်မဟာမောဂ္ဂလာန်၏ လျှောက် ထားချက်အကြံကို ဘုရားရှင် သာဓုခေါ်တော်မူခဲ့သည်။ ဘုရားရှင်သည် ပရိသတ်ဝန်ကို ဆောင်ရွက်နိုင်သူများ ဆောင်ရွက်စေလိုသည်။ အရှင်ဥပါလိ တောကျောင်းနေလိုမှုကို သာသနာ့အကျိုးငဲ့၍ ခွင့်မပြုခဲ့။

သာသနာ့ထိပ်ခေါင်တင် ရှေးရှေးဆရာတော်များ၏ သာသနာ့အကျိုး လောကအကျိုး သယ်ပိုး ဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့တိုင်အောင် သာသနာတော်၏ အနှစ်သာရများကို ကမ္ဘာသူ ကမ္ဘာသားများ ခံစားခွင့် ရရှိခဲ့သည်။ သာသနာ့ဝန်ဆောင် ဆရာတော်များ၏ ကျေးဇူးကား ကြီးမားလှ ပေသည်။

မြင်းခြံ ကိုးဆောင် ဆရာတော်ဘုရားကြီး၏ ကိုယ် စိတ် ပင်ပန်းမှုကို ငဲ့ကွက် တော်မမူပဲ သက်တော် ၉၀-တိုင်အောင် သာသာနာ့အကျိုး ဆောင်ရွက် တော်မူနေမှုကို ဦးညွှတ်ဂုဏ်ပြုရင်း ဤစာတမ်းကို အဆုံးသတ်အပ်ပါ သတည်း။


ဆရာတော် ဦးတိလောကာဘိဝံသ (အင်းစိန်၊ ရွာမပရိယတ္တိစာသင်တိုက်)
(၁၃၆၁-ခု တပေါင်းလထုတ်၊ မြင်းခြံဆရာတော် ဘဒ္ဒန္တသောဘိတ၏ သက်တော် ၉၀-ပြည့် မွေးနေ့ အထိမ်းအမှတ်စာစောင်မှ)