ပရဟိတအစ မြတ်ဗုဒ္ဓက
” မိမိနှင့်မိမိ မိသားစုအတွက် လောဘလက်ဖြင့်
ရယူထားသမျှတွေဟာ နောက်ဆုံး မိမိ၏ အန္တိမခရီးမှာ အားလုံးထားခဲ့ရမှာဖြစ်သည်။ လောကအကျိုး
ပရအကျိုးအတွက် ပေးလှူထား သမျှသော ဒါနကောင်းမှုသည်သာ မိမိနှင့်အတူ တမလွန်ဘဝအထိ ဆောင်ယူသွားနိုင်သောရွှေ
ဖြစ်သည်။ ထို့ကြောင့် ပေးဖို့လာသူလား၊ ယူဖို့လာသူလား မိမိကိုယ် မိမိ ဝေဖန်ပိုင်းခြား
တတ်ဖို့လိုသည်။ (ဓမ္မပီယဆရာတော်)
လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းနေလို့ရသော
သတ္တဝါမဟုတ်ပေ။ မိဘရှိသည်၊ ညီအစ်ကိုမောင်နှမရှိသည်။ ဆွေမျိုး၊မိတ်ဆွေ၊ သူငယ်ချင်း များရှိသည်။
ထို့ကြောင့် အား လုံးနှင့် ဆက်စပ်ရသလို ဝန်း ကျင် လူ့အဖွဲ့အစည်းနှင့် ပတ် သက်ရသည်။
ထိုအခါ ပြည့်စုံ ခြင်းများနှင့် ရင်ဆိုင်ရသလို၊ အဆင်မပြေခြင်းများနှင့်လည်း ကြုံတွေ့ရသည်။
ထိုအခြေအနေ များအပေါ် ဥပေက္ခာပြုနိုင်သူ သည် အတ္တကြီးသူသာဖြစ်ပြီး အဆင် မပြေသူများအတွက်
စာနာနားလည် အကူအညီပေး ခြင်းသည် “ပရဟိတ စိတ်ဓာတ်” ပင်ဖြစ်သည်။
“ပရ”ဆိုသည်မှာ “သူတစ်ပါး” ဖြစ်ပြီး
“ဟိတ” ဆိုသည်မှာ “အကျိုးစီးပွား” ဖြစ်၍ ထို့ ကြောင့် ပရဟိတစိတ်ဓာတ် ဆိုသည်မှာ
“သူတစ်ပါးအကျိုး စီးပွား ကို ဆောင် ရွက်လို သည့် စိတ်ဓာတ်” ဖြစ်သည်။ တစ်ဆက်တည်းမှာပင်
ပရဟိတအလုပ် လုပ်ချင်သည်မှာ သဒ္ဓါတရား” ဖြစ်ပြီး ပရဟိတ အလုပ်လုပ်နေ ခြင်းသည် “ဝီရိယတရား”
ဖြစ်သည်။ ထို့အတူ ပရဟိတစိတ် ရင်ထဲမှာ ဖြစ်နေခြင်းသည် “သတိတရား” ဖြစ်သလို ပရဟိတအလုပ်လုပ်နိုင်ခြင်းသည်
“သမာဓိတရား” ဖြစ်သည်။ ထို့ပြင် ပရဟိတအလုပ် လုပ် တတ်ခင်းသည်လည်း “ပညာတရား” ပင် ဖြစ်သည်။
ထို့ကြောင့် သူတော် ကောင်းတရား “၅” ပါးဟုလည်း ခေါ်သည်။
တစ်နည်းအားဖြင့်ဆိုရ သော် ပရဟိတစိတ်ဓာတ်ကို
ကောင်းမြတ်သည့် စိတ်ဓာတ်ဟု လည်း ခေါ်သည်။ ပရဟိတ၏ အခြေခံအကျဆုံး စိတ်ဓာတ်မှာ မိမိအိမ်တွင်
မိမိနှင့် အ တူနေ သည့် တခြားလူများ စိတ်ချမ်း သာအောင် ဝန်ဆောင်မှုပေး ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်ဟု
“ဆရာတော်အရှင်ဆန္ဒာဓိက” က မိန့်ဆိုခဲ့ခြင်းဖြစ် သည်။
” ပရ ဟိတ” ဆိုသည့် စကားလုံး လေးလုံးကို
ကြားလိုက်သည်နှင့် မည်သူမဆို သူတစ်ပါး အကျိုးအတွက် လုပ်ဆောင်ပေးသည့် အလုပ်ဟု နားလည်ပြီးသားဖြစ်သည်။
ထို့ကြောင့် ပရဟိတ စိတ်ရှိသည့်လူတိုင်းက သူတစ်ပါးအကျိုး ကိစ္စများကို ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်သလို၊
တချို့က မိမိတတ်နိုင်သည့် ငွေကြေး၊ အသုံး အဆောင်၊ အရာဝတ္ထုများပေး အပ် လှူဒါန်းခြင်းဖြင့်
ကူညီကြ သည်။ ယခင်က ပရဟိတအလုပ်ကို လူရွယ်နှင့် လူကြီးများကသာ လုပ်ဆောင်ကြသော်လည်း “ဒီမိုကရေစီ”
ဟု ယူဆရသော ရာစုသစ်၏ အမိုးအကာ အောက်တွင် လူငယ်လေးများကပါ အမျိုးဘာသာ သာသနာ စကားအဆုံးအမတို့ဖြင့်
ဝင်ရောက်လုပ်ကိုင်လာကြသည်မှာ နိုင်ငံနှင့် လူမျိုးအတွက် အားတက် စရာပင်ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် တဖြည်းဖြည်းနှင့်
ပရဟိတအဖွဲ့လေးများ တိုးတက်များပြားလာခြင်းသည် မင်္ဂလာပင်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ၊
အထူး ထင် ရှားေ သာ ပရဟိတလုပ်ငန်းမှာ ဆရာဦးသုခတည်ထောင်ပြီး ဦးကျော်သူ၊ ဆရာမသန်းမြင့်အောင်နှင့်
ဆရာမ ရွှေဇီးကွက်တို့ ဦးဆောင်သော “နာရေးကူညီမှု အသင်း (ရန်ကုန်)” ပင်ဖြစ်သည်။
ပညာရေးနှင့်ပတ်သက်သော၊ ကျန်းမာရေးနှင့်
ပတ်သက်သော၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်သော၊ သွေး နှင့် ပတ်သက် သော၊ အောက် ဆီဂျင်နှင့်
ပတ် သက်သော၊ နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော၊ သဘာဝ အန္တရာယ် နှင့် ပတ်သက်သော၊
စစ်ဘေးစစ်ဒဏ်နှင့် ပတ်သက်သော၊ လူ့ အခွင့်အရေးနှင့် ပတ် သက်ေ သာ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်များနှင့်
ပတ်သက်သောစသည့် လူမှုရေးနှင့် ပတ်သက်သည့် ကိစ္စဆိုသမျှကို ဝန်ဆောင်မှု ပေးသည့်အဖွဲ့များ
ပေါ်ပေါက် လာခြင်းသည် “ပရဟိတစိတ်ဓာတ်” ကြောင့် ပင်ဖြစ်သည်။
” လောကကြီးကို သင်အပေးနိုင်ဆုံး အကောင်းဆုံးတွေ
ပေးလိုက်ပါ။ ဘယ်တော့မှ လုံလောက်မှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်စေ လောကကြီးကို အကောင်းဆုံးပေး
ဆပ်မြဲပေးဆပ်ပါ”
(မာသာထရီဇာ)
ပရဟိတဆိုသည့် စကားသံကို ကြားလိုက်သည်နှင့်
ကျွန်တော်၏ မှတ်ဥာဏ်ထဲသို့ ရောက်လာသည့် ပရဟိတမိခင်ကြီးနှစ်ဦးဖြစ်သည့် မြန်မာနိုင်ငံသူ
“ဒေါ်ဦးဇွန်း” နှင့် ယူဂို ဆလားဗီးယားနိုင်ငံသူ “မာသာထရီဇာ” တို့ဖြစ်သည်။ ပရဟိတနှင့်
ထို နှစ်ယောက်ခွဲခြားလို့မရသလို၊ ပရဟိတဆိုသည်နှင့် ထိုမေတ္တာရှင် အမေအို နှစ်ယောက်ကို
မျက် စိထဲမြင်လိုက်မိပါသည်။ ထို့ကြောင့် ကျွန်တော့် မှတ်ဥာဏ်တွင်ရှိနေသော ထိုနှစ်ယောက်၏
အကြောင်းကို ပြန်တွေးကြည့်မိသည်။
“ဒေါ်ဦးဇွန်း” ကို မင်းတုန်းမင်းတရားကြီးလက်ထက်
မန္တလေးမြို့တွင် ” ၁၂၃ဝ ပြည့်နှစ် “ဝါခေါင် လဆန်း ၅” ရက်တွင် ပိုးကုန်သည် ဦးအိနှင့်ဒေါ်မျှင်
တို့မှ ဖွားမြင်ခဲ့သည်။ စိတ်ထားနူးညံ့ပြီး ကုသိုလ်ကောင်းမှု ပြုရန်လိုလားသူဖြစ်၏။ သူ့အသက်
၎ဝတွင် သိမ်ဖြူလမ်းရှိ လူအိုရုံသို့ သွားရောက်လည်ပတ်ရာမှ ထိုလုပ်ငန်းကို သဘောကျပြီး
၁၂၇၈ ခုနှစ်တွင် မင်းကွန်းရွာရှိ အသက် ၉ဝ အဘိုး အဘွား၊ သုံးဦးကို ပြုစုစောင့် ရှောက်ခြင်းဖြင့်
လူအိုရုံကို စတင်တည်ထောင်ခဲ့သည်။ ၁၂၈ဝ တွင် အဘိုး၊ အဘွား၂ဝ ဦးအထိ တိုးချဲ့ကာ မိမိတစ်ဦးတည်း၏
စရိတ်ဖြင့် ကူညီနိုင်ခဲ့လေသည်။
ထို့နောက် ဆက်လက်၍ သထုံမြသပိတ်တောင်ခြေ၊
ပေါင်းတည်၊ ရန်ကုန် (နှင်းဆီ ကုန်း)၊ ပခုက္ကူစသည့် မြို့များတွင် လူအိုရုံများတည်ဆောက်
ထူထောင်ခဲ့ပြီး ကိုယ်တိုင် လည်း ပေါင်းတည်မြို့လူအိုရုံတွင် သီလရှင်ဘဝသို့ ကူးပြောင်းခဲ့
သည်။ ခရစ် သက္ကရာဇ် ၁၉၄၄ မေလ၊ ၁ဝရက်နေ့ အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန် သွားခဲ့ သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး မေတ္တာရှင်ဟုလည်း ပြောလို့ရသည်။
နောက်မေတ္တာရှင်တစ်ဦးက ကျွန်တော်တို့
သိထားသော မာသာထရီဇာ ပင်ဖြစ်သည်။ သူမကို ၁၉၁ဝ သြဂုတ်လတွင် ယူဂိုဆလားဗီးယား နိုင်ငံရှိ
စကိုပီယေ၊ မြို့လေးတွင် လူကုံထံမိဘနှစ်ပါးမှ မွေးဖွားပေးခဲ့၏။ ငယ်စဉ်ကတည်းက ဘာသာရေးကိုင်းရှိုင်းပြီး
ဆင်းရဲသားများ အပေါ် သနားကြင်နာစိတ်ကြီးမားခဲ့၏။ အသက် ၁၈ နှစ်အရွယ်တွင် သီလရှင် ဖြစ်လာခဲ့ပြီး
ဆင်းရဲသားများ၊ ဒုက္ခသည်များနှင့် နာမကျန်းသူများကို မိမိတတ်နိုင်သမျှ သွားေ ရာက်ကူညီခဲ့လေသည်။
နွမ်းပါးသော ကလေးငယ်များကို ပညာသင်ပေးသည်။
ချုပ်၍ဆိုရသော် မာသာထရီဇာသည် အသက်
၈ဝ အရွယ် သူမကွယ်လွန်မီအချိန်အထိ ကုသိုလ်ဖြစ် ဂေဟာပေါင်း ၃၅ဝတည် ထောင်ပေးခဲ့သလို
သေအံ့ဆဲဆဲဒုက္ခသည်ပေါင်း ၂၂ဝဝဝ မျှကို အသေဖြောင့်အောင် စောင့်ရှောက်ပေးမည့် ဂေဟာပေါင်း
၁၄၅ ခု ဖွင့်လှစ်ပေးခဲ့၏။ ထို့အတူ နယ်လှည့် ဆေးခန်းပေါင်း ၇၄၅ ခုတည်ထောင် ပေးခဲ့လေသည်။
ယခုနောက်ပိုင်းတွင် ကမ္ဘာ့ နိုင်ငံအသီးသီးတွင်
ပရဟိတအဖွဲ့အစည်းများ အများအပြား ပေါ်ပေါက် လာသလို၊ ကျွန်တော်တို့နိုင်ငံတွင်လည်း ပရဟိတ
အသင်း အဖွဲ့ များ ပေါ်ပေါက်လာခဲ့သည်မှာ ကြည်နူးစရာ၊ အားရစရာပင်ဖြစ်သည်။ မိမိ နိုင်သည့်ဘက်မှ
မိမိတတ်နိုင်သည့် အလုပ်ကို လုပ်ခြင်းသည် ပရဟိတစိတ်ရှိသူတိုင်း အပြု အမူဖြစ် သည်။ အထူးသဖြင့်
အထင်အရှားဥပမာ ပေးရမည်ဆိုလျှင် နာရေးကူညီမှု အသင်း (ရန်ကုန်)၏ ခံယူထားသော ဆောင်ပုဒ်ပင်ဖြစ်သည်။
” အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို
မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင် လုပ်ဆောင်နိုင်ကြသည်”
ပရဟိတအစ မြတ်ဗုဒ္ဓက..ဟု အဆိုရှိသည်။
ထို့ ကြောင့် ပရဟိတစိတ်ဖြင့် သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဝန်ဆောင်မှုပေးခြင်းသည်
ဗုဒ္ဓစကားကို လိုက်နာခြင်းနှင့် ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်လေသည်။
မောင်မိုးဦး