Wednesday, February 15, 2012

တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ


သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှ ဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရကို ငြိမ်းချမ်းရေး လိုလားသူများ ဖူးမြော်သြဝါဒ ခံယူကြစဉ်

ညနေ ၄ နာရီဆိုတော့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးမှာ လူတော်တော်ရှင်းနေပြီ။ စောစောပိုင်းက သင်ကြားပေးနေခဲ့သော လူ သင်တန်းသားများအတွက် အတန်း ကြီးမှာ လည်း ပြီးသွားပြီ။ သင်တန်းသားများက အသံတိတ်စွာ ဆင်းသွားကြပြီ။ ရဟန်းတော် များကို အင်္ဂလိပ်လို သင်ကြားပို့ချပေးနေသော အတန်းကြီးလည်းပြီးသွားပြီး။ အသံတိတ်ဆိတ်စွာ စာသင်သားရဟန်းတော်များ ဆင်း သွားကြပြီ။ ကြီးကျယ်ခမ်းနားသော သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီးမှာ လင်းကျင်းကျန်နေရစ်ပြီ။ အလင်းရောင် တန်းများက တက္ကသိုလ် အဆောက်အအုံကြီး၏ ဟိုမှာဘက်မှ သည်မှာဘက်အထိ ပြေးလွှားရောက်ရှိလာသည်။ ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္က သိုလ်ကြီးသည် စိမ်းဝါညိုငမိုး ရိပ်ချောင်းကြီး၏ ကမ်းခြေတွင် မို့မို့ထိုးထွန်း လင်းလက်ရောင်ဖြာလျက်ရှိသည်။

 တောင် ဥက္ကလာပရှိ ပါရမီလမ်းကြီးအတိုင်းတက်လာ ခဲ့သည်ရှိသော် ငမိုးရိပ်ချောင်းစိမ်းညိုဝါက ရေစီးအိအိဖြင့်ကြိုနေမည်။ ထိုငမိုးရိပ်ချောင်း ကြီးကို ဘေလီတံတားဟုခေါ်သော ဘေလီ တံတားမဟုတ်သည့် အင်္ဂတေ တံတားကြီးဖြင့် ကျော်လာသောအခါ မြောက်ဒဂုံမြို့နယ်၏ ပင်လုံလမ်းကြီးပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။ ပါရမီလမ်းကလာ၊ ပင်လုံကိုရောက် တယ်ဟု ပြောတတ်ကြလေသည်။ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကား သုံးထပ်အဆောင်ကြီး သုံးဆောင်ကို ပေါင်းကူး ယှက်သွယ်ဆောက်လုပ်ထား၏။

 ခေတ်မီ ဗိသု ကာပုံစံဖြင့်လည်း ဆောက်လုပ်ထားသည်။ မြန်မာ့ရိုးရာနှင့် ညီညွတ်အောင်လည်း စီစဉ်ထား၏။ ဘုရားဆောင်၊ ဆရာတော်ဘုရားကြီး သီတင်းသုံးရာအခန်း၊ စာသင် ခန်းများ၊ ဆွမ်း စားခန်းများ၊ ရုံးခန်းဧည့်ခန်းများ၊ မော်တော် ကားများထားရာ ဌာနစသဖြင့် အဆင်ပြေပြေ ခွဲထားသည်။ အမိုးများအောက်ရှိ လျှပ်စစ်မီး ရောင်တို့မှာ အမြဲလင်းလက်နေသည်။ အမိုး၊ နံရံ၊ တံခါးစသည်များတွင် ကနုတ်ပန်းပုံများ ဖော်ထား၏။ သစ်သားပန်းပုရုပ်များလည်း ဆင်ထား၏။  

ဘုရားခန်းတွင်ကား  ကျောက်ဖြူ သား ကြည်ကြည်မွတ်မွတ်ဖြင့် ပုဂံပုံထုလုပ်ထား သော ရုပ်ပွားတော်မှာ ကြည်ညိုဖွယ်ကောင်း သတဲ့သို့ မြန်မာ့အနုပညာကိုလည်း ဖော်ကျူးထားသည်။ ခန်းမကြီးထိပ်ရှိ ရုပ်ပွားတော်မှာကား နှီးဘုရား ရုပ်ပွားဆင်းတုဟု သိရသည်။ ရွှေရောင် ဖိတ်ဖိတ်လက်နေသည့် ရုပ်ပွားတော်ကြီး သည် ပလ္လင်တော်ပေါ်မှ ခြေတော်ချထိုင်နေ ပုံဖြစ်သည်။ ရုပ်ပွားတော်ကြီး၏ နောက်ဘက်တွင် မြတ်စွာဘုရား၏ ဖွားတော်မူပုံ၊ ပွင့်တော် မူပုံ၊ ပရိနိဗ္ဗာန်စံဝင်တော်မူပုံများကို ပန်းတမော့ ပန်းပုဖြင့် ရိပ်ရိပ်ပျော့ပျော့ သရုပ်ဖော်ထား သည်။ ဧရာမခန်းမကြီးတစ်ခုလုံးကို လေအေး ပေးစက်ဖြင့် အေးမြအောင် လုပ်ထားသည်။ ကော်ဇောစိမ်းများကို ခန်းမပြည့်ခင်းထားသည်။ 

အလွန်လှသော ကျောင်း   တော်ကြီး ဖြစ်သည်။ မီးပန်းဆိုင်းကြီးများက စိန်ရောင် လင်းလက်။ ခန်းမနဖူးစည်းတွင် WE RESOLVE TO MAKE BETTER THE WORLD WE LIVE IN (我們決心做出更好的,我們生活的世界) ဟု အင်္ဂလိပ်လို စာတန်းကြီး လျှပ်စစ်ဖြင့် ရေးထိုးထားသည်။ 

ဤကျောင်းတော် ကြီးဖွင့်ပွဲတွင် ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက လာရောက်ကြသော ပြည်တွင်း   ပြည်ပ ပရိသတ်များအား အင်္ဂလိပ်ဘာသာဖြင့် တရားဟောသည်။ ဆရာတော်သည် မြန်မာဘာသာဖြင့် တရားဟောသောအခါ မုန့်ဆီကြော်စားရသလို အိညက်ချိုရှနေပြီး အင်္ဂလိပ်လို ဟောသောအခါတွင်လည်း ရဲရင့် ရှင်းလင်းပါပေသည်။  တက္ကသိုလ်၏ ပညာရေးဦးစီးမှူး အရှင် ပညာသီဟ၏ အခန်းသို့ ရောက်သွားသော အခါ ကွန်ပျူတာ များ၊ အခြားပစ္စည်းကိရိယာ မျိုးစုံတို့ဖြင့် ပို့ချသင်ကြားရန် ခေါင်းမဖော်နိုင် အောင် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ကျွန်တော်တို့ ပညာသင်ခဲ့ရသော တက္ကသိုလ် ကြီးများမှာပင် ဤမျှ ခေတ်မီပစ္စည်းပြည့်စုံခြင်း မရှိခဲ့ပါ။ ညနေ ၄ နာရီတွင် နေရောင်လည်း ရွှေ ရည်ဝင်းဆဲဖြစ်သော်လည်း အပူဓာတ်မရှိ တော့သလောက်ဖြစ်ပါသည်။


‘လာ..လာ..လာကြ၊ ဆရာတော် အားပြီ’ ဟု ကဗျာဆရာ မောင်စန်းအေး (သဲ ကုန်း)က လာခေါ်သဖြင့် ပထမထပ်ဆရာ တော်၏အခန်းသို့ ကျွန်တော်တို့ တက်သွား ကြသည်။ ဆရာတော်ကြီးသည် ထိုနေ့(၁၃-၉-၂ဝ၁၁)ညနေ ၆နာရီတွင် အမေရိကန်သို့သွား ရန် ပြင်နေသည်။ ဦးပဉ္စင်းများက သေတ္တာ များထဲတွင် ပစ္စည်းထည့်ရင်း အလုပ်ရှုပ်နေ ကြသည်။ လေယာဉ်ပျံပေါ်မတက်မီ အချိန် ၂ နာရီ မပြည့်တပြည့်သာကျန်၏။ ‘ကဲ.. ပြောကြဗျား၊ဘယ်လိုအကြောင်း ကိစ္စများလဲ’ဟုဆရာတော်ကြီးက ဆီးကြို၍ ပဋိသန္ဓာရ မိန့်ကြားသည်။


 ‘တပည့်တော်တို့က ငြိမ်းချမ်းရေး အတွက် တတ်နိုင်သမျှ ဆောင်ရွက်နေကြ တာပါဘုရား။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆရာတော် ဘုရားရဲ့ သြဝါဒခံယူဖို့လာကြတာ ပါဘုရား’ဟု ကျွန်တော်က လျှောက်ရသည်။ မောင်စန်းအေး(သဲကုန်း)ကလည်း သူ ရေးလာသည့် ကဗျာကို ဆရာတော်ကြီးထံ ဆက် ကပ်သည်။ ‘တို့က ကဗျာကို ကာရန်မပါရင်တော့ ကဗျာလို့ မအောက်မေ့ဘူးကွ’ဟု ဆရာတော် က ရင်းနှီးသူ သဲကုန်းသား တပည့်အားပြောသည်။ ‘တပည့်တော် ကာရန်နဲ့ ရေးထားတာပါ ဘုရား’ဟု သဲကုန်းသားကဗျာဆရာက မရွံ့ မရဲလျှောက်သည်။  

ဆရာတော်ကြီးက ငြိမ်းချမ်းရေး အကြောင်းကို ကရားရေလွှတ် မိန့်တော်မူပါသည် ‘ငြိမ်း ချမ်းရေးတည်ဆောက်ဖို့ကိစ္စမှာ အရေးကြီးဆုံးလိုအပ်ချက်က အဲဒီငြိမ်းချမ်း ရေးလုပ်ရမယ့် ပုဂ္ဂိုလ်တွေကိုယ်တိုင်က ဒေါ သနဲ့မာနလျှော့ချရမယ်။ အဲဒီဒေါသတရား၊ မာနတရား ကင်းနိုင်ရမယ်။ သည်းခံ၊ ခွင့်လွှတ် ခြင်းရှိရမယ်။ တရားမျှတမှုရှိရမယ်။ Forgiveness(饒恕) ဆိုတဲ့ သဘောက အပြစ်ရှိသူကို ခွင့်လွှတ်နိုင်ရမယ်။ အခြားသူရဲ့ အပြစ်ကို မေ့ပစ် နိုင်ရမယ်။ Forget other’s mistake(其他的錯誤) ဒါဟာ ဗုဒ္ဓရဲ့နည်းဖြစ်တယ်။ ဗုဒ္ဓကျင့်စဉ်နဲ့မှ Peace (和平 )ရမယ်။ ဆုတောင်းနေရုံနဲ့မရဘူး။

 ဒေါသနဲ့ မာနရှိတဲ့ သူတွေ   ခေါင်းဆောင်လို့ငြိမ်းချမ်းရေး မရနိုင်။ Loving-kindness (慈愛), forgiveness (饒恕) မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ တခြားသူရဲ့ အပြစ်ကိုခွင့်လွှတ်မေ့ပစ်နိုင်ရမယ်။ အဲဒီလို လူမျိုး ငြိမ်းချမ်းရေးတည်ဆောက်လို့ရမယ်။ ‘ဘုန်းကြီးပြောတာတွေ အသံသွင်းထား ဖို့မလိုဘူး။ ပြီးခဲ့တဲ့ ၅ ရက် (၈-၉-၂ဝ၁၁) က ငြိမ်းချမ်းရေးတရားဟောထား တာရှိ တယ်။ အဲဒါနားထောင်ကြည်၊ ကြိုက်သလိုရေးသား ဖြန့်ချိနိုင်တယ်။ ‘မြန်မာပြည်မှာတင်မဟုတ်၊ ကမ္ဘာမှာပါ ဒီနည်းနဲ့သာ ငြိမ်းချမ်းရေး တည်ဆောက်ရနိုင်မယ်။ 

ကုလသမဂ္ဂ မှာလည်း ဘုန်းကြီးဒါကိုပဲ ပြောခဲ့တယ်။ Justice,Peace, Harmony and Co-existence (正義,和平,和諧共存ဒီတရားပဲ နားထောင် ကြည့်’ ဟု ဆရာတော်က အမိန့်ရှိပါသည်။  ‘ဒီတရား အကြောင်းကို ဖြန့်ချိခွင့်ရှိပါရဲ့ လားဘုရား’ဟု မေးလျှောက်သောအခါ  ဆရာတော်ကြီးက  ‘အထက် ဘဝဂ်၊ အောက်အဝီစိ၊ အားလုံးသိကြစေ၊ နေပြည်တော်ပါ မကျန်’ဟု ပြုံး၍  မိန့်ဆိုလိုက်ပါသည်။ ဆရာတော်ကြီးသည် အတွင်းခန်းထဲသို့ ဝင်သွားပြီး ဒီဗီဒီချပ်ပြားများကို လက်ခုပ်နှင့် ကျုံးယူလာကာ ကျွန်တော်တို့အားပေး စွန့် လိုက်သည်။ 

ထိုဒီဗီဒီပြားများမှာ ၈-၉-၂ဝ၁၁ တုန်းက မန္တလေးမြို့ မလွန်ဈေးဆန်လှူအသင်း ကြီး၏ ၁၁၅ နှစ်မြောက် ကုသိုလ်ပြုပွဲဓမ္မ သဘင်တွင် ဆရာတော်ကြီး    ဟောကြားခဲ့   သော တရားဖြစ်သည်။ တရားကဆန်းဆန်း။ အင်္ဂလိပ်လို အမည် တပ်ထားသည်။ Justice, Peace, Harmony,and Co-existence (正義,和平,和諧共存 ) တရားတော်တဲ့။   သာသနာ  အခြေအနေကိုလည်း ပြောပြသည်။ မြန်မာနိုင်ငံသံဃာ- ၆ သိန်းခန့် ထိုင်းနိုင်ငံ- ၃ သိန်း သီဟိုဋ်(သီရိလင်္ကာ)- ၃ သောင်းခန့်  လာအို- ၃ သောင်းခန့်  ကမ္ဘောဒီးယား – ၁၅ဝဝဝ ခန့်  ‘တို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။  “သမဂ္ဂါနံတပေါ သုခေါ The Strining of the united one is for the happiness of all  ( 聯合時的穿線是為所有的幸福)” ငြိမ်းချမ်းရေး အတွက်
၁-မိမိအပြစ်ကို ဝန်ခံရမည်။ Confess
(懺悔)
၂-တောင်းပန်ရမည်။ apologize
(道歉 )
You must be aware of your smallness, You must be aware of the potentiality of your greatness Forgiveness, Forbearance
(你必須知道你的渺小,你必須意識到你偉大的寬恕的潛力,忍)
ရှိကြပါစေ။ မှားတဲ့လူ မသေပါစေနဲ့၊ မှန်တဲ့လူ အလင်းရ ကြပါစေ။


‘လောဘကို အလောဘနဲ့ထိန်း
ဒေါသကို မေတ္တာနဲ့ထိန်း
Common platform
(共同 平台) ချစ်ခြင်းရှိမှဖြစ်မယ်။
နာရဒ (ရသေ့)လို ပုဂ္ဂိုလ်လိုပြီ’ဟု ဆရာ တော်ကြီးက အနုပညာမြောက်စွာ ဟောကြားသွားသည်ကို ဖရာဏာ ပီတိဂွမ်းဆီထိမျှ နာကြားရပါသတည်း။

အံ့မောင်
၂၆-၁ဝ-၂ဝ၁၁၊ ရန်ကုန်