Saturday, November 26, 2011

ဒီလိုလေးလည်းတွေးကြည့်ပေးပါ


 

ဒီလိုလေးလည်းတွေးကြည့်ပေးပါ

လူတိုင်း ကိုယ်စီမှာ အနည်း နဲ့အများ တော့ အတွေးကိုယ်စီ တွေးမိကြမယ် ထင်ပါတယ်။ အဲဒီ လိုတွေးကြတဲ့ အခါ မိမိတွေးတဲ့ အတွေးဟာ အကျိုးရှိမယ့် အတွေး ပဲဖြစ်ပြီး စိတ်ကူး ယဉ်တဲ့ အတွေး မျိုးမဖြစ်ဖို့ အရေးကြီး ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်ကူး ယဉ်တယ်ဆိုတာ အကျိုး မရှိတာ ကို စိတ်ကူးယဉ် တာဖြစ်သလို မ ဖြစ်နိုင်တဲ့ အရာကို စိတ်ကူးယဉ် မိရင်လည်း မိမိဖြစ်ချင် တာမဖြစ် လာတဲ့အခါ စိတ်ထိခိုက်မှု၊ စိတ် ဒဏ်ရာများရပြီး ဘဝဟာ ဗရုတ် သုတ်ခဖြစ်သွား တတ်လို့ပါ။

အသက် နှစ်ဆယ်ကျော်လာ တဲ့လူဆိုရင် စိတ်ကူးယဉ်ရမယ့် အရွယ်ထက် တည်ငြိမ်နေ တဲ့အ ရွယ်ဆို ပိုမှန်ပါလိမ့်မယ်။ ဒါပေ မယ့် ဆယ်ကျော်သက်ကတည်း က အသိဥာဏ်မြင့်မားနေပြီမို့ အဲ ဒီအရွယ်က နေစပြီး မိမိဘဝရဲ့ ရှင်သန်မှု၊ ရှေ့ဆက်လျှောက်ရ မယ့် အခြေအနေအရာအားလုံး ကို ဆင်ခြင်ဆုံးဖြတ် လုပ်ကိုင် ဆောင်ရွက်မယ်ဆိုရင် ပိုသင့် တော်ပါလိမ့်မယ်။ အခုခေတ် ဆယ်ကျော် သက်များဟာ အရာ ရာကို ဆင်ခြင်နိုင်တဲ့ စွမ်းအား တွေတော့ရှိနေကြပါပြီ။

မိမိတို့ စိတ်ကူးယဉ်မှားမှု၊ ဆုံးဖြတ်ချက် မှားမှုတွေပဲဖြစ် နေကြတာပါ။ လူ ဆိုတာ ရည်ရွယ်ချက်မရှိဘူး။ ပစ် မှတ်ပန်းတိုင် မရှိဘူးဆိုရင် လျှောက် ချင်ရာ လျှောက်နေပါက လမ်း ပေါင်းစုံရောက်မှာဖြစ်လို့ ဘဝ ဟာလည်း ဟိုရောက်ဒီ ရောက်ဖြစ် နေပြီး ဗရချာဘဝဖြစ်ကာ လှပ သာယာတဲ့ ဘဝဖြစ်လာမှာ မဟုတ် သလို အနာဂတ် ဘဝများစွာလည်း လှပဖို့ မသေချာတော့ပါဘူး။ ဒါ ကြောင့် မိမိရှေ့ ဆက်လျှောက်ရ မယ့် ဘဝခရီးများစွာ အတွက် ပြု လုပ်သင့်ပြု လုပ်ပေးရမယ့်အရာ များကို တွေးတော ဆင်ခြင်ထား ပြီး ပြုလုပ်ဆောင်ရွက်ပေးဖို့ လို ပါတယ်။

စာရေးသူလည်း အသက် အရွယ်ရလာတဲ့အခါ ဘဝရဲ့အ နှစ်သာရဆိုတာ ဘာတွေများပါ လိမ့်။ ငါ့ရဲ့အသက်ရှင်ရပ်တည် နေမှုက ဘာများပါလိမ့်ဆိုပြီး တွေးတောကြည့်လိုက်တဲ့အခါ အရာရာတိုင်းဟာ စိတ်ကုန်စရာ ပဲလို့ ခံစားလာရပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အမှန်ကိုအမှန် အတိုင်းသိအောင် တဖြည်းဖြည်း ချင်းသိမြင်လာလို့ပါ။ အဲဒီလို သိ မြင်လာတဲ့အချိန်မှာဆိုရင် လော ကကြီးမှာ ဘာမှလိုချင်တာပြုလုပ် ချင်တာတွေမရှိဘဲဖြစ်နေပါတယ်။ အင်း အဲဒီလိုအမှန်ကိုအမှန်အ တိုင်းသိမြင်တဲ့စိတ်ကလေးပျောက် နေတဲ့ အချိန်မှာဆိုရင်တော့ ဟို ဟာလုပ်ချင်၊ ဟိုဟာဖြစ်ချင်နဲ့ အလုပ်တွေတန်းစီနေပြီး စိတ်ကူး တွေတန်းစီနေပါတော့တယ်။

ဒါကြောင့်လည်း လူတိုင်း ဟာ အမှန်ကို အမှန်အတိုင်း မသိ မြင်ကြသေးလို့ လိုချင်မှုလောဘ တွေပေါများနေပြီး ထိုလောဘ တွေနဲ့ ဘဝကိုနိဂုံးချုပ်ကြတာများ ပါလား။ ကိုယ့်ဘဝရဲ့အသက်ရှင် မှု၊ ကိုယ်လျှောက် လှမ်းရဦးမယ့် သံသရာခရီးအတွက် ဘယ်လို ပြင်ဆင်မှုတွေလုပ်ရမလဲဆိုတာ တွေတော့ မတွေးတောမကြံစည် ကြပါဘား။ တကယ်လို့များ အား လုံးသာ အမှန်ကိုမြင်ကြမယ်ဆိုရင် အားလုံးငြိမ်းချမ်းနေမှာအမှန်ပါ။ ခုတော့ အားလုံးဟာ လောကီ ကိစ္စအဝ၀နဲ့၊ တွေးတောပူဆွေးမှု များနဲ့ လုံးလည်ခက်နေပြီး ဒီလုံး လည်ခတ်နေတဲ့ဒုက္ခတွေနဲ့ရင်ဆိုင် ကာ ဘဝကိုဖြတ်သန်းရတာကိုပဲ ပျော်ရွှင်စရာလို့ ထင်နေကြပါ လားလို့ မိမိကိုယ်ကိုဆင်ခြင်မိပါ တယ်။

ဒီဘဝမှာလုပ်ရတဲ့အရာများ ထဲက မိမိအတွက် တကယ်အသုံး ဝင်မယ့်အရာဟာ ဘာလဲဆိုတာ သိရှိရမယ်ဖြစ်ပါတယ်။ အဲဒါမှ သာ မိမိဟာ အသုံးဝင်မယ့်အရာ များကိုပြုလုပ်မှာပါ။ မိမိဟာ ယခု မျက်မှောက်မှာ လူ့ဘဝကိုရနေပြီမို့ ဒီဘဝအတွက်ဆိုတာထက် မသေချာသေးတဲ့ အနာဂတ်ဘဝ များစွာအတွက်ကို ဦးစားပေးလုပ် မယ်ဆိုတဲ့စဉ်းစားတွေးခေါ်မှုလေး တွေလုပ်ဆောင် ပေးရပါမယ်။ ကံ မပါလို့ ဆင်းရဲနေပြန်ရင်လည်း နောက်ဘဝတွေမှာတော့ မဆင်း ရဲအောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်တွေရှိဖို့လိုပါတယ်။ ဒီဘဝ မှာ ငါဆိုတဲ့အတ္တစွဲများပြီး မလုပ် သင့်တဲ့မကောင်း မှုများနဲ့မှအသက် ရှင်ရမယ်၊ မကောင်းမှုများလုပ်ပြီး မှ ငါ့ရဲ့လူ့ကျင့်ဝတ်တွေကျေပွန် မယ်ဆိုရင် သဘာဝမကျလှဘူး။ ဒါကြောင့် မကောင်းမှုနဲ့တော့ အသက်လည် မရှင်ချင်၊လူ့ကျင့်ဝတ် လည်းမစောင့်ထိန်းနိုင်ဆိုတဲ့ ဆုံး ဖြတ်ချက်များရှိဖို့လည်းလိုပါတယ်။

တချို့က မကောင်းမှုနဲ့ မိမိ အတ္တစွဲတွေနဲ့ ငါ့မိသားစု၊ ငါ့ချစ် သူ၊ ငါ့သားသမီးစတဲ့လူတွေအ တွက် ကောင်းစားဖို့ရန်ဆိုပြီး မိမိ စွမ်းအားရှိသလောက် သမ္မာအာ ဇီဝဖြင့် လုပ်ကိုင် ရှာဖွေမပေးဘဲ မကောင်းမှုများနဲ့ လုပ်ကိုင်ရှာဖွေ ပေးနေရတာကို ကျေနပ်နေကြ ပါတယ်။ တကယ်တော့ မိမိအတ္တ စွဲ လူတွေက မိမိကိုဒီဘဝမှာ စိတ် ပျော်ရွှင်မှုခဏတာပေးဦးတောင် မှ မိမိမကောင်းမှုများနဲ့ ရှာဖွေပေး မိရင် အဲဒီ အကျိုး ဆက်တွေဟာ တခြားလူများ မခံစားရဘဲ မိမိ တစ်ယောက်တည်းခံစားရမယ်ဆို တာ သတိထားပါ။ တချို့က ချစ် သူအတွက်ဆိုပြီး သူလိုချင်တာကို မရ,ရအောင် တရားမျှတမှုရှိတဲ့ အလုပ်ဟုတ်လား၊ မဟုတ်လား ဆိုတာမစဉ်းစားမဆင်ခြင်ဘဲ ပြု လုပ်ပေးလေ့ရှိကြပါတယ်။ မိမိ ဘဝခဏတာပျော်ရွှင်မှုလေးရဖို့ အတွက်နဲ့တော့ ဘဝပေါင်းများ စွာ ဆင်းရဲဒုက္ခခံရမယ့် မကောင်း မှုများကို မလုပ်သင့်ဘူးဆိုတာ တွေးတောဆင်ခြင်သင့်ပါတယ်။

မိမိကိုယ်မိမိ ဆင်ခြင်တွေး တောမှုမရှိဘူးဆိုရင် ဘဝဟာ ဘာဖြစ်လို့ဘာဖြစ်နေမှန်းမသိဘူး ဖြစ်နေပါတယ်။ မိမိလုပ်ခဲ့တဲ့ တစ် နေ့တာအလုပ်များထဲတောင်မှ ကောင်းမှုနဲ့မကောင်းမှု ဘယ်ဟာ ပိုများလဲဆိုတာ ဆင်ခြင်ပေးရပါ မယ်။ ဒါမှသာ နောက်ရက်များ မှာ ကောင်းမှုနည်းနေရင် အ စားထိုးလုပ်ပေးနိုင်မှာပါ။ ကိုယ့် အနာဂတ်ကောင်းဖို့အတွက် ယခု မျက်မှောက်မှာ ကောင်းမှုများ များလုပ်ပြီး ဘဝကိုရှင်သန်မယ် လို့ ဆုံးဖြတ်ထားမှ တော်ရာကျ ပါလိမ့်မယ်။တော်ကြာအနာဂတ် ရောက်မှ မဟုတ်တာတွေနဲ့ တွေ့ ကြုံနေကြရရင် ဒါဟာငါလုပ်ခဲ့တဲ့ မကောင်းကျိုး တွေပါလား ဆိုပြီး အခုရောက်နေတဲ့ နေရာကဘာလဲ၊ ခုဘာတွေလုပ်နေလဲ။ ဘာအတွက် လဲ။ အခုလုပ်နေတာက မျက် မှောက်အတွက်လား။ သံသရာ အတွက်လားဆိုတာတွေမသေချာ ဘဲနဲ့ အချိန်တွေကုန်ခဲ့မယ်ဆိုရင် ထိုအချိန်တွေကို အသက် ကြီးလာတဲ့အခါ နှမြောတသဖြစ် နေမိမှာအမှန်ပါ။

ဒီလို ဒီလိုအတွေးတွေ တွေး ကြည့်လိုက်တော့လည်း ဘာမှ မ ဟုတ်ပါလား။ လောကကြီးထဲမှာ တကယ်ရှိတဲ့အရာနဲ့မရှိတဲ့အရာ၊ ဘယ်ဟာကို ငါကမက်မောနေ တာလဲ။ ဘာကိုရယူဖို့လုပ်နေတာ လဲ။ တကယ်တော့လည်း ဒါတွေ ဟာအဆန်းမဟုတ်တော့ပါဘူး။ သဘာဝတရားကြီးက သူ့အလို လိုဖြစ်နေတာကို ကိုယ်ကမသိဘဲ နဲ့ အဲဒီသဘာဝလောကကြီးက ပေးတဲ့ဒဏ်တွေကိုပဲ အကောင်း မှတ်ပြိး လိုက်လုပ်နေကြတာ။ အဲဒီလို အမှန်တရားကိုမသိလို့ အမှားတွေကို အမှန်ထင်မက်မော ပြီး ဒုက္ခပင်လယ်ထဲမှာ နစ်မြော ပျော်ရွှင်ခဲ့တဲ့ဘဝတွေကလည်း မ နည်းဘူးလေ။ ဒါကြောင့် ယခု ဘဝမှာတော့ အမှားနဲ့အမှန်ကို သိမြင်အောင်လုပ်မယ်ဆိုတဲ့ဆုံး ဖြတ်ချက်လေးထားဖို့လိုနေပါပြီ။ အမှန်တရားကို သိမြင်တဲ့အတွေး များနဲ့ တွေးမိမယ်ဆိုရင် လောက ကြီးထဲမှာ ဖြစ်ပျက်တတ်တဲ့သ ဘောတရားနဲ့ အာရုံသိတတ်တဲ့ သဘောတရားလေးပဲရှိပါလားလို့ သိလာပါလိမ့်မယ်။

အဲဒါကို မသိတဲ့အခါကျ တော့ အားလုံးကိုငါပိုင်တယ်။ ငါ ဆိုင်တယ်။ ငါမှဖြစ်မယ်စတဲ့ ငါ စွဲကြီးတွေနဲ့ အမှန်တကယ်တည် ရှိတဲ့အရာတွေထင်ပြီး အဲဒီဟာ တွေကိုရဖို့အတွက်နဲ့ပဲ တန်ဖိုးရှိ တဲ့ဘဝကြီးကို ဖြုန်းတီးပစ်လိုက် ကြတာပါလား။ ခုလို တန်ဖိုးရှိတဲ့ ဘဝကိုရလာတဲ့အခါလေးမှာ သိ သင့်သိထိုက်တဲ့အမှန်တရားများ သိရှိအောင် ကျင့်ကြံပေးဖို့လို တယ်ဆိုတာ ငါဘာဖြစ်လို့ အရင် ကမသိခဲ့ပါလားဆိုပြီး နောင်တစ် ချိန်မှာ ကိုယ့်ကိုယ်ကိုအပြစ်တင် မနေမိအောင် ယခုကတည်းက ပြုလုပ်ထားရပါမယ်။ တကယ် တော့ ဒီလို အမှန်ကိုမသိခဲ့တဲ့ ဘဝတွေက များစွာဖြစ်ခဲ့ တာဆို တော့ ခုမသိတာဟာ မထူးဆန်း ဘူးလို့ထင်ရပါတယ်။ တကယ်လို့ များဒီဘဝမှာလည်းလောကမှာရှိ တဲ့ အမှန်တရားကိုမသိဘူးဆိုရင် နောင်လည်းသိဖို့လွယ်မှာမဟုတ် ပါဘူး။ ဒီဘဝမှာအမှန်ကိုအမှန် အတိုင်း တတ်နိုင်သမျှသိအောင် မလုပ်ဘဲနဲ့များဘဝကိုနိဂုံးချုပ်မယ် ဆိုရင်တော့ တော်တော်နှမြော စရာကောင်းတဲ့ဘဝ ရှင်သန်မှုကြီး ဖြစ်နေမှာပါ။

ခုခေတ်မှာ လူကောင်းနဲ့လူ မိုက်ဆို လူကောင်းတွေနည်းလာ တယ်။ ဒါက ဘာဖြစ်လို့လဲဆို တော့ တန်ဖိုးရှိတဲ့လူ့ဘဝလေးရ လာချိန်မှာ မိမိတို့ပန်းတိုင်ကို လျင် မြန်စွာရောက်အောင်ဖြစ်လေရာ မှာ ကိုယ်စိတ်နှစ်ပါး ချမ်းသာ အောင်ဆိုတဲ့ အနာဂတ်အတွက် မတွေးတောဘဲ လက်ရှိဘဝမှာ ကောင်းစားရေးကိုပဲကြည့်ကာ ဖြစ် ချင်ရာဖြစ်ဆိုပြီး လုပ်နေကြလို့ပါ။ တချို့ဆို သူတို့ကိုယ်သူတို့ ဒီဘဝ မှာပဲအမြဲ နေရမယ်ထင်ပြီး တစ် နေ့သေရဦးမယ်ဆိုတာကို သတိ မရဘဲ လောကကြီးမှာမကောင်း မှုတွေနဲ့ ပျော်နေကြတဲ့သူတွေက လည်း အများကြီးပဲ။ ဘဝတစ် လျှောက်လုံးမှာ ကောင်းမှုလုပ်ဖို့ မပြောနဲ့ ဘုရားတရားစာပါရင် တောင် နားကြားပြင်းကပ်တယ် ဆိုတဲ့ လူတွေကလည်း လောက မှာအများကြီးရှိနေကြတယ်။ တော် သေးတာပေါ့။ အဲဒီလိုလူတွေထဲ မှာ ငါမပါလို့ဟု တွေးတွေးကြည့် ကာ မိမိကိုယ်ကို ကျေးဇူတင်နေ မိပါတယ်။

သူများတွေ အဲဒီလိုမျက် မှောက်အတွက်ပဲကြည့်ပြီး ပျော် ရွှင်မြူးတူးပျော်နေကြတာတွေ့ရ တော့လည်း ကိုယ်ကအားကျစိတ် မဖြစ်မိလို့တော်သေးတယ်။ တ ကယ်လို့များ ကိုယ်က ဒီလိုဘဝ ကိုပျော်ဖို့ပဲတွေးပြီး ဖြစ်ချင်ရာဖြစ် လုပ်နေမယ်ဆိုရင် ငါလည်းဒီသံ သရာဝဲဂယက်ထဲမှာ တဝဲလည် လည်ဖြစ်နေဦးမှာပါလားလို့ စဉ်း စားမိတယ်။ အသက်ငါးဆယ် ခြောက်ဆယ်ဆိုတဲ့ အရွယ်ကြမှ ငါ ကောင်းမှုတွေ၊ အများအကျိုး တွေကို သံသရာအတွက်လုပ်ချင် လိုက်တာလို့ တွေးတောမိရင် အဲဒီအတွေးဟာ နောက်ကျသွား ပါပြီ။ ငယ်ရွယ်တဲ့အသိဥာဏ် ဖွံ့ ဖြိုးချိန်က တည်းက တွေးပြီးပြု လုပ်ခဲ့ရမယ့်အလုပ်တွေပါ။

အသက်(၅၀)ကျော်လာရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ စိတ်တိုရပြီလေ။ ကျန်းမာရေးက အရင်လိုလည်းမကောင်းနိုင်တော့ ဘူး။ ဒူးတွေလည်းနာ၊ ခါးကလည်း ညောင်း မျက်လုံးက လည်းမှုန်၊ အို တကယ်ကို ဒုက္ခတွေဆိုတာ မ တွေးဘဲတောင်သိပါတယ်။ ဒါကို ပဲ တချို့ကမျက်နှာလွှဲ၊ မသိချင် ယောင်ဆောင်နေလိုက်ကြတာ များ၊ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ဒါ မျိုးတွေဖြစ်မယ် ဆိုတာ သိရဲ့သား ကိုသူတို့ရှေ့မှာပြောရင် မကြိုက် တဲ့လူတွေကလည်း ရှိကြသေး တယ်။ တကယ်တော့ ဒါတွေဟာ မိမိတို့ဧကန်မုချကြုံတွေ့ရမှာမို့ ကြိုတင်ပြင်ဆင်မှုတွေကတော့ လုပ်ထား ဖို့လိုပါတယ်။ ဒီလိုအို၊နာ၊ သေဘေးကနေအမြဲလွတ်အောင် ကြိုးစားပြင်ဆင်မယ်ဆိုရင်တော့ အကောင်းဆုံးပြင်ဆင်မှုပါပဲ။

အသက်ကြီးလာတဲ့အခါ မိ မိသားသမီး၊ ဆွေမျိုးတွေကလည်း ကိုယ့်ကိုဂရုမစိုက်တော့လို့ ကိုယ် သွားချင်ရာ လုပ်ချင်ရာတွေကို လုပ်မပေးနိုင်ကြတော့ဘူးဆိုရင် နောင်တတွေရနေကြတာများပါ တယ်။ ငါကတော့ သားသမီးကို ပြုစုပေးလိုက်ရတာ။ ဘာမဆို အကုန်ဖြည့်ပေးခဲ့ရတာ။ ငါ့မှာ ဖြင့် သူတို့အတွက်နဲ့ မကောင်းမှု တွေလည်းလုပ်ပြီး ရှာဖွေပေးခဲ့ရ တယ်။ ကောင်းမှုလည်းမလုပ်ခဲ့ရ ဘူး။ ခုနေများ ငါသေသွားရင် ဘာဖြစ်တော့မယ်။ ညာဖြစ်တော့ မယ်ဆိုပြီး နောက်ဘဝကိုသိလို့ လုပ်မယ်လို့စိတ်ဆုံးဖြတ်လိုက်တဲ့ အချိန်ဟာ အိပ်ယာထဲလဲနေရင် တော့ ဘဝနာတဲ့လူလို့ သတ်မှတ် ရတော့မှာပဲ။ အရွယ်ရောက်က တည်းက အကုသိုလ်နဲ့သာ အ သက်မွေးခဲ့ရသူဆိုရင်တော့ ပိုပြီး တော့ ကိုယ့်ကိုယ်ကို နောင်တ တွေရနေမှာပါ။ အသက်ကြီးမှ ကြုံတွေ့ရမယ့် ဒုက္ခတွေက အ သက်ကြီးမှ နားလည်ပြီး သိရှိကြ တာမဟုတ်ပါဘူး။ ငယ်ရွယ်စဉ် အသိÓဏ်ဖွံ့ဖြိုးတဲ့အရွယ်ရောက် ကတည်းက ဆင်ခြင်နိုင်ကြပါ တယ်။ ကြိုတင်ပြီးလည်း သိရှိနိုင် ကြပါတယ်။ မိမိကိုယ်ကို ဆင်ခြင် ပြုလုပ်ထားဖို့သာလိုအပ်တာပါ။

မိမိကိုယ်ကိုဆင်ခြင်တယ် ဆိုတာ တကယ်တော့ ခက်ခဲပါ တယ်။ အတွေးဆိုတာမျိုး က လျှောက်သွားနေပြီး ခဏချင်းလဲ ပျောက်ပြယ်သွား တတ်ပါတယ်။ ဒါ့ပြင် မိမိစိတ်ချမ်းသာဖို့အတွက် ပဲ တွေးတောတတ်ပြီးမိမိဘာ တွေလုပ်ရမယ်၊ နောက်ဆက် လျှောက်ရမယ့်ဘဝခရီးကို ဘယ် လိုရင်ဆိုင်ဖို့ ပြင်ဆင်မှုတွေလုပ် ထားရမယ်ဆိုတာမျိုး တွေးတဲ့လူ ကရှားပါးလှပါတယ်။ နောက်ပြီး အတွေးဆိုတာမျိုးက အချိန်ရှိ တိုင်းတွေးနေဖို့လည်းမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တွေးနေ ရင်းနဲ့ အချိန်တွေကုန်သွားလို့ ဘာမှမလုပ်လိုက်ရဖြစ်နေဦးမှာ ဆိုးလို့လေ။

တစ်နေ့မလွဲမသွေကြုံရမယ့် ဒုက္ခဆိုးကြိုးတွေ၊ စိတ်ခံစားမှုတွေ ကိုယ်ခန္ဓာနာကျင်မှုတွေ၊ အထီး ကျန်မှုတွေစတဲ့ ဒုက္ခတွေကို ငယ် ရွယ်စဉ်ကတည်းက တွေးတော ဆင်ခြင်ပြီး ခံနိုင်ရည်ရှိအောင်၊ သေခြင်းတရား ကိုလည်း ရင်ဆိုင် ရဲအောင် ကြိုတင်ပြင်ဆင်ထား မယ်ဆိုရင် မိမိရလာတဲ့ လူ့ဘဝ လေးဟာ ပိုပြီးလှပကာ သာယာ တဲ့နေ့ရက်များကိုသာ ပိုင်ဆိုင် ကြရပါလိမ့်မယ်။ အဲဒီလို သာယာ တဲ့ဘဝများ စွာကို ပိုင်ဆိုင်နိုင်ကြဖို့ ရန်အတွက်မိမိလို မတွေးတောတဲ့ လူတွေကိုမိမိလိုပဲ စဉ်းစားမှုလေး၊ ဆင်ခြင်မှုလေးတွေ ဖြစ်စေချင်ပြီး ပြင်ဆင်စရာတွေ ကိုပြင်ဆင် ထား နိုင်ဖို့ရာ အခုလို မိမိရဲ့ အတွေးများ နဲ့ဆင်ခြင်မှုများကို မျှဝေပေးလိုက် ရခြင်းပါ။

အရှင်ကောမလ