Friday, January 7, 2011

ပုဂ္ဂိုလ်လေးမျိုး တရားတော်




ပုဂ္ဂိုလ်လေးမျိုး တရားတော်


ဒီနေ့ဘုန်းကြီးဟောကြားမယ့်တရားတော်က အိန္ဒိယနိုင်ငံ သာဝတိပြည့်ရှင် ပသေနဒီကောသလ ဘုရင်ကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ]]ပုဂ္ဂိုလ်လေးမျိုး}} တရားတော်ဖြစ်ပါတယ်။ ဒီသုတ်မှာ မြတ်စွာ ဘုရားက -

(၁) အမှောင်က အမှောင်ကိုသွားသူ၊ (၂) အမှောင်က အလင်းကိုသွားသူ၊ (၃) အလင်းက အမှောင်ကိုသွားသူ၊ (၄) အလင်းက အလင်းကိုသွားသူ၊

ရယ်လို့ ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောကြားတော်မူခဲ့ပါတယ်၊ မြတ်စွာဘုရားက ဆက်လက်၍ အကျယ်ရှင်းလင်း ဟောကြားရာ၌-

၁။ ရှေးဦးစွာပထမ ပုဂ္ဂိုလ်တစ်ယောက်ဟာ အလွန်အောက်တန်း နောက်တန်းကျတဲ့ အသိုင်းအ၀ိုင်းထဲမှာ မွေးဖွားလူဖြစ်လာတယ်၊ ဥပဓိရုပ်ကလည်းဆိုး၊ ကျန်းမာရေး ကလဲချို့တဲ့၊ မျက်စိကွယ်၊ နားထိုင်း၊ ဆွံ့အ၊ ကိုယ်လက်အင်္ဂါမသန်စွမ်း စသည့် လူစဉ်မမီဖြစ်နေတယ်၊ စားဝတ်နေရေး ဆေးဝါးကုသရေးပင် မပြည့်စုံ ဒီလို ဆင်းရဲ မွဲတေနေသော်လည်း သတိသံဝေဂ နောင်တမရဘူး သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးယူခြင်း၊ ကာမတို့္ပမှားယွင်းစွာကျင့်ခြင်း၊ လိမ်ညာ၍ပြောဆိုခြင်း၊ သေရည် အရက် သောက်စားခြင်း၊ စသည့်အကုသိုလ် ဒုစ ရိုက်တို့နှင့်သာ ပျော်ပိုက် အကျင့်ပျက် မိုက်မဲလျက်ရှိနေတယ်၊ ထိုသူသည် ဒီဘ၀မှသေလျှင် ငရဲ၊ တိရစ္ဆာန် ပြိတ္တာ၊ အသူရကယ် စသည့် အပါယ်လေးဘုံသို့ ရောက်သွားတယ်၊ ထိုကဲ့သို့သော ပုဂ္ဂိုလ် မျိုးကို အမှောင်က အမှောင်ကို သွားသည့်ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုအပ်ပေ၏။

၂။ ဒုတိယအမျိုးအစားဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ အထက်ကဖော်ပြပါအတိုင်း ဆင်းရဲ မွဲတေ လူစဉ်မမီအောင် ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း စသည့်ဒုက္ခတွေ ပင်လယ် ဝေနေ သော်လည်း အတိတ်ကပြုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေကြောင့်ပဲလို့ သတိသံဝေဂ နောင်တရပြီး မိမိရဲ့စိတ်ကို အသင့်အတင့်နှလုံးသွင်း၍ ကောင်းမှု ကုသိုလ်မှန်သမျှ ကြိုးစားဖြည့်ကျင့်ပါသည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုး ယူခြင်း၊ ကာမတို့္ပ လွဲမှားစွာကျင့်ခြင်း၊ လိမ်ညာ၍ပြောဆိုခြင်း၊ တွေဝေမိုက်မဲ ကြောင်းဖြစ်သော အရက်သေစာ စသည်သောက် စားခြင်းများကို လုံးဝရှောင် ကြဉ်၍ ကာယ၊၀စီ၊မနော သုစရိုက် ကုသိုလ်ကောင်းမှု တို့ကို စွမ်းအားရှိသမျှ ပြုလုပ်ကျင့်ကြံပေ၏၊ ထိုသူသည်ယခုဘ၀္ပပင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သ ထက် မြင့်ပြီး သေသည်၏ အခြားမဲ့္ပ နတ်ချမ်းသာ လူချမ်းသာတို့ကို အထက် တန်း ကျကျ ရရှိခံစားရပေသည်။

ဤကဲ့သို့သောပုဂ္ဂိုလ်မျိုးကို အမှောင်က အလင်းကိုသွားသည့် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုအပ်ပေ၏။

၃။ တတိယအမျိုးအစားကတော့ ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာ မိဘများမှ မွေးဖွားလာသည်၊ စားဝတ်နေရေး ကျန်းမာရေး စသည်တို့အတွက် မပူပင်ရသည့် အပြင် လောကီစည်းစိမ်ချမ်းသာ အပြည့်အ၀ခံစားရင်း ကြီး ပြင်း လာရ၏ သို့သော်လည်း အကြောင်းအကျိုး အကောင်းအဆိုးမသိ၊ ကိုယ်ကျင့် တရားမရှိ သူတစ်ပါးအပေါ် ညှာတာထောက်ထား စာနာစိတ် ကရုဏာတရားမရှိ သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ ကာမတို့္ပ မှားယွင်းစွာကျင့်ခြင်း၊ လိမ် ညာပြော ဆိုခြင်း၊ မူးယစ် စေတတ်သော အရက်သေစာ စသည်တို့ စားသုံးခြင်း၊ ဖြင့်ဒုစရိုက် မကောင်းမှုများနှင့်သာ ပျော်ပိုက်၍နေ၏၊ ထိုသူ၏ ဘ၀အဆင့် အတန်း သည် တစ်ဆင့်ထက်တစ်ဆင့် နိမ့်ကျ သွားပြီး သေသည်၏ အခြားမဲ့္ပ အပါယ်လေးဘုံသို့ ကျရောက်မည်သာ တည်း၊ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို အလင်းက လာပြီး အမှောင်ကို သွားသူဟူ၍ ခေါ်ဆိုအပ်ပေ၏။

၎။ စတုတအမျိုးအစားကတော့ အထက်ဖော်ပြပါအတိုင်း ပစ္စည်းဥစ္စာကြွယ်ဝတဲ့ အထက်တန်းလွှာမိဘများမှ မွေးဖွားကြီးပြင်းလာ၏ ဘ၀မှာ လိုလေသေးမရှိ အောင် ပြည့်စုံချမ်းသာမှုရှိ၏။ အမြင်ကျယ် ပညာရှိသူ ဖြစ်၍ ]]ငါအခုလို ချမ်းသာ ကြွယ်ဝ အထက်တန်းကျကျနေနိုင်တာဟာ အတိတ်က ကောင်းမှု ကုသိုလ်ကံ တွေကြောင့်ဖြစ်တယ်}} လို့ အသင့်အတင့်နှလုံးသွင်းပြီး တတ်အား သမျှ ကိုယ် နှုတ် စိတ် သုံးပါးတို့ဖြင့် ကုသိုလ် ကောင်းမှုများကို ကြိုးစားဆည်းပူး တယ်၊ သူ့အသက်သတ်ခြင်း၊သူ့ဥစ္စာခိုးယူခြင်း၊ ကာမတို့္ပမှား ယွင်းစွာကျင့်ခြင်း၊ လိမ်ညာ၍ပြောဆိုခြင်း၊ မေ့လျော့ကြောင်းဖြစ်သော အရက်သေစာများ စားသုံး ခြင်း စတဲ့ မကောင်းမှုများကို ရှောင်ကြဉ်ပြီး အများအပေါ်မှာ မေတ္တာကရုဏာ ထား၍ ငဲ့ညှာတယ်၊ အဲဒီလို သန့်ရှင်း စင်ကြယ်တဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံ သူရဲ့ဘ၀ဟာ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ပြီး သေလွန် တဲ့နောက် မြင့်မြတ်တဲ့ နတ်ဘ၀ လူ့ဘ၀တွေကို ရောက်သွားသည်။ ထိုကဲ့သို့ သော ပုဂ္ဂိုလ် မျိုးကို အလင်းမှ အလင်းသို့သွားသောသူ ဟူ၍ ခေါ်ဆိုအပ် ပေ၏။

အခုဒီက ယောဂီများရဲ့ အဆင့်အတန်းကို လေ့လာသုံးသပ်ကြည့်ရအောင် ယောဂီများဟာ ယခင်ဘ၀ ကပြုစုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ပစ္စည်းဥစ္စာ ကြွယ်ဝခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း၊ အသိဿဏ် ထက်မြက်ခြင်းစတဲ့ ကောင်း ကျိုးချမ်းသာများနှင့် ပြည့်စုံပြီး ဒီမဟာစည် သာသနာ့ရိပ်သာကို လာရောက်၍ ကျွမ်း ကျင်သော ဆရာသမားများ၏ သွန်သင် ညွှန်ကြား ပြသမှုဖြင့် ၀ိပဿနာတရား အလုပ် ကို စနစ်တကျ ပွားများ အားထုတ်နိုင်သည့် အခွင့်ကောင်းကြီးကို ရနေကြပေ သည်။ ထို့ကြောင့် သင်ယောဂီများကို အလင်းမှလာ၍ အလင်းသို့ သွားမည့်သူများ ဟူ၍ ခေါ်ဆိုထိုက်ကြပေသည်။ ဒီအဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ရန်အတွက် သင် ယောဂီ အပေါင်း သူတော်ကောင်းတို့သည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှု များကို ဆက်လက်ကြိုးစား ပွားများ အားထုတ်သင့်ကြသည်။

ကုသိုလ်ရော အကုသိုလ်ရော ပြုလုပ်နေမယ်ဆိုရင် သင်တို့ရဲ့အနာဂတ် ခရီးပန်တိုင်ဟာ အလင်း ရောက်မယ်၊ အမှောင်ရောက်မယ် မသေချာပါ၊၊ စာရွက်ပိုင်း တစ်ခုကို အမြင့်မှ လွှတ်ချလျှင် မြေပေါ် ရေပေါ် ဆူးချုံပေါ် သို့မဟုတ် ရွှံနွံပေါ် ကျလိုရာ ကျနိုင်သကဲ့သို့ မဂ်ဿဏ်ဖြင့် အရိယာမဖြစ်သေးသူ၏ ရှေ့ရေးဘ၀ တွေ အတွက် စိတ်မချရပါ၊ မဂ်ဿဏ်ဖြင့် အရိယာဖြစ်ပြီးသူသာလျှင် အလင်းကို ရောက် ရန် သေချာနိုင်တာပါ။
ွှသစ သ် စေါနသြအအသာ သ် စေါန

မြတ်စွာဘုရားက မဟာသတိပဋ္ဌာန်သုတ်နိဒါန်းမှာ -

(၁) ကိုယ်အမူအရာရုပ်သဘောတရားတွေကို ရှုရသည့်ကာယာနုပဿနာ၊ (၂) ခံစားချက်အာရုံများကို ရှုရသည့်ဝေဒနာနုပဿနာ၊ (၃) စိတ်ကူးစဉ်းစား၊ ကြံစည်မှု စသည်ကို ရှုမှတ်ရသည့် စိတ္တာနုပဿနာ။ (၄) မြင်၊ကြား၊နံ၊လျက် ထိသိချက် စသည့်သဘောတရားများကို ရှုမှတ်ရသည့် ဓမ္မာနုပဿနာ။

သတိပဋ္ဌာန်လေးပါး ၀ိပဿနာဘာဝနာ တရားများကို အပြည့်အ၀ထက် သန်သော လုံ့လဖြင့် ပွားများ အားထုတ်သော ယောဂီများသာလျှင် ယခုဘ၀မှာ မဂ်ဿဏ်ကို ရရှိနိုင်ပေမည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။ ဒါကြောင့် ယောဂီသူတော် စင် အပေါင်းဟာ မဂ်ဿဏ်ကိုရအောင် အပြည့်အ၀ ဇွဲလုံ့လဖြင့် အစွမ်းကုန်ကြိုးစား အားထုတ်သင့်ကြသည်။

ယောဂီများဟာ အခုလို ဗုဒ္ဓသာသနာတော်နှင့် တွေ့ကြုံ၍ ၀ိပဿနာတရား အားထုတ်နိုင်သည့် အခွင့်အရေးကြီး ရနေခိုက် မဂ်ဿဏ်ရောက်အောင် ကြိုးစားအား ထုတ်သင့်ကြသည်။ မဂ်ဿဏ်ကို ရရှိမှသာလျှင် မကောင်းမှု အကုသိုလ်မှန်သမျှ ကျော်လွှားနိုင်ပြီး လူ့ပြည်နတ်ပြည် အလင်းသို့ သေချာရောက်၍ ဘ၀စဉ်ဆက် ကုသိုလ်တရားများ ကြိုးစားပွားများခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဆင်းရဲ ခပ်သိမ်းတို့ငြိမ်းရာ နိဗ္ဗာန် ကိုရကြပေမည်။

ဤကဲ့သို့ခိုင်မာသော သဒ္ဓါတရားဖြင့် မကောင်းသောကာယကံ ၀စီကံ မနောကံ တို့ကို လွန်မြောက်ပြီး ၀ိပဿနာဿဏ်အစဉ်တက်၍ မဂ်ဿဏ်ဖိုလ်ဿဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် အပြင်းအထန်ကြိုးစား အားထုတ်ရာ၏။

ယောဂီသူတော်စင်အပေါင်းတို့သည် ၀ိပဿနာသတိပဋ္ဌာန် ဘာဝနာကို စွဲစွဲမြဲမြဲ ဇွဲလုံ့လဖြင့် မနေမနား ကြိုးစားပွားများအားထုတ်ကြ၍ နိဗ္ဗာန်ချမ်းသာမြတ်ကို အချိန် တိုတိုနှင့် လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။

သာဓု ... သာဓု ... သာဓု...

ဆရာတော် ဇဋိလ

Dhammaransi.net