Thursday, December 23, 2010

ဘုရား အနေကဇာတင် Sambodhi Udāna Inspired Utterance [after] Self-Awakening 正觉自说语

ဘုရား အနေကဇာတင် Sambodhi Udāna

Inspired Utterance [after] Self-Awakening

正觉自说语


(၁) အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ၊ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

Aneka-jāti sasāra—

Sandhāvissa anibbisa,

Gaha-kāra gavesanto—

Dukkhā jāti punappuna.

I wandered [through] many births in sasāra,

searching for the house builder (craving)

[but] found [him] not;

repeated birth is suffering.

在生死輪迴當中,

我尋找了許多世,

卻找不到造屋者。

一再投生的確苦。



(၂) ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

“Gaha-kāraka, di!!ho'si—

Puna geha na kāhasi,

Sabbā te phāsukā bhaggā—

Gaha-kū!a visa&khata,”

Visa&khāra-gata citta—

Ta+hāna khayam-ajjhagā.

I wandered [through] many births in sasāra,

searching for the house builder (craving)

[but] found [him] not;

repeated birth is suffering.

在生死輪迴當中,

我尋找了許多世,

卻找不到造屋者。

一再投生的確苦。

၁။ ပုနပ္ပုနံ-ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ၊ ဇာတိ- ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်၊ ဒုက္ခာ-သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်ဆက်
ဝင်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်ရဲလှဘိ၏။
(တသ္မာ-ထို့ကြောင့်) အဟံ-ဘုရားအလျာ သူမြတ်ငါသည်၊ ဂဟကာရံ - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို
ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား
လက်သမားကို၊ ဂဝေသန္တော -လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်၊
(၀ါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်၊ အနိဗ္ဗိသံ-အနိဗ္ဗိသန္တော-တဏှာယောက်ျား လက်သမားကို
ပိုင်ခြား ထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေးသည်ဖြစ်၍
(၀ါ) ငါမရသေးသောကြောင့်၊ အနေကဇာတိ သံသာရံ-ဘ၀များစွာ သံသရာကာလပတ်လုံး၊ သန္ဓာဝိဿံ-ခန္ဓာငါးချက်
ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင်
ပြေးသွားကျင်လည်ခဲ့ရလေပြီ။

၂။ ဂဟကာရက-ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ်
တည်ဆောက်လုပ် သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ်... လက်သမား၊
ဣဒါနိ- ဘုရားဖြစ်လာ ယခုအခါ၌၊ တွံ-သင် တဏှာယောက်ျား လက်သမားကို၊ ဒိဋ္ဌော- သဗ္ဗညုတ ဥာဏ်ကိုရသဖြင့်
ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်၊ အသိ-ဖြစ်ပေ၏၊ တွံ-သင်တဏှာယောက်ျား လက် သမားသည်၊ ဂေဟံ-ဒုက္ခယှက်လိမ်
ခန္ဓာကိုယ် အတ္တဘောတည်းဟူသောအိမ်ကို၊ ပုန န ကာဟသိ-နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန်
ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့်
တဖန်ထပ်လှောက် နင်ဆောက်လုပ်နိုင်တော့မည် မဟုတ်ချေ။ တေ-သင် တဏှာယောက်ျား လက်သမား၏၊ သဗ္ဗာ-တစ်ခုမကြွင်း
ခပင်းဥဿုံ အလုံးစုံကုန်သော၊ ဖာသုကာ-အခိုင်အမာ တည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏
ထုပ်လျောက်ဒိုင်းမြား ကိလေသာအခြင်ရနယ်တရားတို့ကို၊ ဘဂ္ဂါ-၀ါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ
ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်လေပြီ၊ ဂဟကူဋံ-သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး
ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အ၀ိဇ္ဇာ တည်းဟူသော အိမ်၏အထွတ်ကို၊ ၀ိသင်္ခတံ-မုန့်မုန့်ကြေမွ
ငါဖျက်ချအပ်လေပြီ၊ စိတ္တံ-ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်၊
ဝိသင်္ခါရံ-သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့၊ ဂတံ-အာရုံမျက်မှောက်
သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ၊ အဟံ-သုံးလောကထွတ်ထား ငါဘုရားသည်၊
တဏှာနံ ခယံ-တဏှာတရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့၊ အဇ္ဈဂါ-စက္က၀ါရိုက်ခြောင်း
တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်ခဲ့လေပြီတကား။

ဆောင်ပုဒ် လင်္ကာ

ပဋိသန္ဓေ၊ ဖန်ဖန်နေရ၊ ဆင်းရဲရအောင်၊ ပြုလှကြိမ်ကြိမ်၊
နှောင်အိမ်ခန္ဓာ၊ ဖန်တီးလာသည့်၊ တဏှာလုပ်သား၊ လက်သမားကို၊
ငါကားရှေးက၊ မမြင်ရ၍၊ ရှည်လှသံသရာ၊ လှည့်လည်ကြာပြီ၊
ခုအခါဝယ်၊ ခန္ဓာငါ့အိမ်၊ ကြိမ်ဖန်များစွာ၊ ဆောက်လုပ်လာသည့်၊
တဏှာယောက်ျား၊ လက်သမားကို၊ မျက်ဝါးထင်ထင်၊ ငါတွေ့မြင်ပြီ၊
သင်နောက်တဖန်၊ ဆောက်ရန်ခွင့်ပိုင်၊ မရနိုင်တော့၊ မြဲခိုင်အခြင်၊
များဖြင်ရနယ်၊ အသွယ်သွယ်ကို၊ ပယ်သတ်လွှမ်းမိုး၊ ငါရိုက်ချိုးပြီ၊
ခေါင်မိုးအ၀ိဇ္ဇာ၊ အထွတ်ပါကုန်၊ လုံးစုံမကြွင်း၊ အကုန်ရှင်း၍၊
လွတ်ကင်းတဏှာ၊ အရဟတ္တာ မဂ် ဖိုလ်၊ ငါကိုယ်တိုင်သာ၊ ရရှိလာပြီ၊ ခန္ဓာအဆုံး နိဗ္ဗာန်တည်း။

Paticca-samuppāda

Dependent Arising

缘起法

အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊

avijjā-paccayā sa&khārā,

dependent on ignorance, conceptions [arise];

无明缘行;

သင်္ခါရပစ္စယာ ၀ိညာဏံ၊

sa&khāra-paccayā viññā+a,

dependent on conceptions consciousness [arises];

行缘识;

ဝိညာဏပစ္စယာ နာမရူပံ၊

viññā+a-paccayā nāma-rūpa,

dependent on consciousness mentality and materiality

[arise];

识缘名色;

နာမရူပပစ္စယာ သဠာယတနံ၊

nāma-rūpa-paccayā sa0āyatana,

dependent on mentality and materiality the six

[internal sense] bases [arise];

名色缘六处;

သဠာယတနပစ္စယာ ဖေဿာ၊

sa0āyatana-paccayā phasso,

dependent on the six bases contact [occurs];

六处缘触;

ဖဿပစ္စယာ ဝေဒနာ၊

phassa-paccayā vedanā,

dependent on contact feeling [arises];

触缘受;

ဝေဒနာပစ္စယာ တဏှာ

vedanā-paccayā ta+hā,

dependent on feeling craving [arises];

受缘爱;

တဏှာပစ္စယာ ဥပါဒါနံ၊

ta+hā-paccayā upādāna,

dependent on craving attachment [arises];

爱缘取;

ဥပါဒါနပစ္စယာ ဘဝေါ၊

upādāna-paccayā bhavo,

dependent on attachment [there arises a new] existence;

取缘有;

ဘ၀ပစ္စယာ ဇာတိ၊

bhava-paccayā jāti,

dependent on [a new] birth [takes place];

有缘生;

ဇာတိပစ္စယာ ဇရာမရဏံ သောက၀-ပရိဒေ၀-ဒုက္ခ-ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊

jāti-paccayā jarā-mara+a soka-parideva-

dukkha-domanassupāyāsā sambhavanti.

dependent on birth, ageing, death, sorrow,

lamentation, pain, unhappiness and despair come to be.

生缘老、死、愁、悲、苦、忧、恼。

ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ။
Evam·etassa
kevalassa

dukkhakkhandhassa samudayo hoti.

Thus is the arising of this whole mass of dukkha.

如是一切苦蕴的集起。

အ၀ိဇ္ဇာယတွေဝ အသေသ၀ိရာဂနိရောဓာ သင်္ခါရနိရောဓော၊

Avijjāya tv·eva asesa-virāga-nirodhā

sa1khāra-nirodho,

With the reminderless dispassion and cessation of

ignorance, conceptions cease;

完全离欲无明灭则行灭;

သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊

sa&khāra-nirodhā viññā+a-nirodho,

with the cessation of conceptions, consciousness ceases;

行灭则识灭;

ဝိညာဏနိရောဓာ နာမရူပနိရောဓော၊

viññā+a-nirodhā nāma-rūpa-nirodho,

with the cessation of consciousness, mentality and

materiality cease;

识灭则名色灭;

နာမရူပနိရောဓာ သဠာယတနနိရောဓော၊

nāma-rūpa-nirodhā sa0āyatana-nirodho,

with the cessation of mentality and materiality,

the six [sense] bases cease;

名色灭则六处灭;

သဠာယတနနိရောဓာ ဖဿနိရောဓော၊

sa0āyatana-nirodhā phassa-nirodho,

with the cessation of the six [sense] bases,

contact ceases;

六处灭则触灭

ဖဿနိရောဓာ ဝေဒနာနိရောဓော၊

phassa-nirodhā vedanā-nirodho,

with the cessation of contact, feeling ceases;

触灭则受灭;

ဝေဒနာနိရောဓာ တဏှာနိရောဓော၊

vedanā-nirodhā ta+hā-nirodho,

with the cessation of feeling, craving ceases;

受灭则爱灭;

တဏှာနိရောဓာ ဥပါဒါနနိရောဓော၊

ta+hā-nirodhā upādāna-nirodho,

with the cessation of craving, attachment ceases;

爱灭则取灭;

ဥပါဒါနနိရောဓာ ဘ၀နိရောဓော၊

upādāna-nirodhā bhava-nirodho,

with the cessation of attachment, [the cause for

a new] existence ceases;

取灭则有灭;

ဘ၀နိရောဓာ ဇာတိနိရောဓော၊

bhava-nirodhā jāti-nirodho,

with the cessation of [the cause for a new]

existence, [the possibility of re]birth ceases;

有灭则生灭;

ဇာတိနိရောဓာ ဇရာမရဏံ သောက၀-ပရိဒေ၀- ဒုက္ခ-ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊

jāti-nirodhā jarā-mara+a soka-parideva-

dukkha-domanassupāyāsā nirujjhanti.

with the cessation of birth, ageing, death, sorrow,

lamentation, pain, unhappiness and despair cease.

生灭则老、死、愁、悲、苦、忧、恼灭。

ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ။
Evam·etassa
kevalassa

dukkhakkhandhassa nirodho hoti.

Thus there is the cessation of this whole mass of

dukkha.

如是一切苦蕴的熄灭。

'ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြာဟ္မဏဿ။
အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတုဓမ္မံ' တိ။

Yadā have pātubhavanti dhammā;

Ātāpino jhāyato brāhma+assa;

Ath’assa ka&khā vapayanti sabbā;

Yato pajānāti sahetudhamma.

When indeed phenomena become apparent

to the religious one who is ardent and

meditative, then all his doubts disappear,

since he knows the nature of their causes.

对于热诚禅修的婆罗门,

当诸法明显呈现时,

那么一切疑惑都会消失,

因为他了知诸法的因缘。

'ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြဟ္မာဏဿ။
အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊
ယတော ခယံ ပစ္စယာနံ အဝေဒီ' တိ။


Yadā have pātubhavanti dhammā;

Ātāpino jhāyato brāhma+assa;

Ath’assa ka&khā vapayanti sabbā;

Yato khaya paccayāna avedi.

When indeed phenomena become apparent to

the religious one who is ardent and

meditative, then all his doubts disappear, since

he experiences the elimination of [their] causes.

对于热诚禅修的婆罗门,

当诸法明显呈现时,

那么一切疑惑都会消失,

因为他体证灭尽它们的因缘。

"ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြာဟ္မဏဿ။
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယောဝ သြဘာသယ မန္တလိက္ခ" န္တိ။

“Yadā have pātubhavanti dhammā,

Ātāpino jhāyato brāhmaassa;

Vidhūpaya ti55hati māra-sena,

Suriyo’va obhāsayam·antalikkhan”ti.

“When indeed phenomena become apparent to

the religious one who is ardent and meditative,

he stands dispelling the hosts of Māra, just as

the sun illuminating the sky [dispels darkness].”

对于热诚禅修的婆罗门,

当诸法明显呈现时,

他击败魔军而稳立,

犹如太阳照亮天空。

ဘုရား အနေကဇာတင်ခြင်းအဓိပ္ပါယ်

(၁) သစ်သားရုပ်တု (၀ါ)ကြေးဆင်းတုကို ဘာလို. အနေကဇာ တင်ရတာလဲ ။ အနေကဇာတင်ခြင်း၊မတင်ခြင်း ဘာကွာသလဲ ။ (၂) ဘုရားအနေကဇာတင် တဲ. အစဉ်အလာ ဘယ်ကစပါသလဲ ။ (၃) အနေကဇာတင် ပြီးတဲ. ဆင်းတုကို ကိုးကွယ်လို့ ကုသိုလ်ရ ၊ မရ ။
(၄) ဆင်းတုတော်ကို မိမိအိမ် (၀ါ) အခန်းတွင် ဘယ်လိုနေရာချ ကိုးကွယ်သင်.လဲ ။
(၅)ထုလုပ်ရမည်. ဆင်းတုတော်၏ ပုံသဏ္ဍာန် ။
(၆)ဘုရားဆင်းတုတော် ထုလုပ်ပူဇော်ကိုးကွယ်ခြင်း၏ အကျိုးကျေးဇူးများ ။

အဖြေ (၁) -သစ်သားရုပ်တု (၀ါ)ကြေးဆင်းတုကို ဘာလို. အနေကဇာ တင်ရတာလဲ ။ အနေကဇာတင်ခြင်း၊မတင်ခြင်း ဘာကွာသလဲ ။ ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များကို အနေကဇာတင်ပြီးမှ ကိုးကွယ်ရမည်ဟု တရားသေ မမှတ်သင်.ပါ။ (၃၂)ပါးသော မဟာပုရိသ လက္ခဏာတော်များနှင်. ကိုက်ညီသော ရုပ်ပွားတော်များကို ဖူးတွေ.ရသောအခါ သက်ရှိထင်ရှားဘုရားရှင် ကို ဖူးမြင်ရသကဲ.သို. ကြည်ညိုသဒ္ဓါ ဖြစ်စေရန်သာ ဖြစ်သည် ။ အနေကဇာမတင်ရသေးသော်လည်း ထက်သန်သော သဒ္ဓါစိတ်ဖြင်. သိဒ္ဓတ္ထမင်းသားဘဝ
နန်းစည်းစိမ်ကိုပင် စွန်.ကာ သဗ္ဗညုတဥာဏ်တော်ရတော်မူပြီးသော ဘုရားရှင်၏ ဂုဏ်တော် (၉)ပါးကို ရည်စူးရှိခိုးလျှင် ဘုရားရှိခိုးပူဇော်ခြင်း
ပြည့်စုံပါပြီ။ ဘုရားရှင်၏ ဂုဏ်တော် (၉)ပါးကို ရည်စူးရှိခိုးရခြင်းသာ လိုရင်းဖြစ်သောကြောင်.ရွှေ ၊ငွေ၊မြ ၊သစ်သား၊ကျောက် ဘုရား ကွဲပြားမှု မရှိပါ။ ရုပ်ပွားတော်များကို အာရုံပြုပြီး သဒ္ဓါစိတ်ဖြင်. ရှိခိုးရခြင်းသာ ဖြစ်ပါသည်။


အဖြေ - (၂) - အနေကဇာတင်ခြင်းအစဉ်အလာ ။ ။

” အနေကဇာတင် ” ဟူသော စကားသည် ဗုဒ္ဓမြတ်စွာ အရဟတ္တမဂ်ဥာဏ် ( သဗ္ဗညုတဥာဏ်တော်) ကို ရတော်မူပြီးနောက် ဘုရားအဖြစ်သို. ရောက်ရှိခြင်းအတွက် ၀မ်း မြောက် စွာဖြင်. ကျူးရင်.တော်မူခဲ.သော ” အနေကဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ…………. ” စသော ဂါထာတော်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤဂါထာကို ရွတ်ဆိုခြင်းဖြင်. ဆင်းတုတော်ကို ဘုရားရှင်အစစ်ကဲ.သို. သဘောထား မှတ်ယူကြသည်။
အိန္ဒိယပြည်တွင် ဗုဒ္ဓဘာသာဝင်တို.သည် ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်ပြီးနောက် ဘုရားရှင် ကိုယ်စားကိုးကွယ်ရန် စဉ်းစားရှာကြံခဲ.ကြသည်။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကပင် ဗောဓိညောင်ပင်ကို ဘုရားရှင် ကိုယ်စား ကိုးကွယ်ခဲ.ကြသည်။”ထူပါ ဟုခေါ်သော စေတီများကိုလည်း တည်ဆောက်ကိုးကွယ်ခဲ.ကြသည်။ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်ပြီး နှစ် (၂၅၀) ကျော်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဓမ္မစကြာပုံတော်များ ဖြန်.ဝေစေလျက်ကိုးကွယ်စေခဲ.သည်။ မဟာသက္ကရာဇ် ( ၁၄၈) ပရိနိဗ္ဗာန်စံလွန်ပြီးနောက် နှစ်ပေါင်း (၄၀၀) အကြာ
စတုတ္ထသံဃာယနာ မတိုင်ခင်တွင် အိန္ဒိယပြည်၊အနောက်မြောက်ဘက် ဂန္ဓာရနှင့် ယောနက တိုင်းသား ယွန်းလူမျိုးတို.သည် ဘုရားပုံတူထုလုပ်ကိုးကွယ်ရန် ကံစည်အားထုတ်ခဲ.ကြသည်။

ထိုအချိန်က အတုမရှိ ဗုဒ္ဓမြတ်စွာကို ပုံတူထုလုပ်ပြီး မတူပါက လွန်စွာ အပြစ်ကြီးသည်ဟု ယူဆခဲ.ကြသည် ဆို၏။ ဗုဒ္ဓမြတ်စွာ၏ (၃၂)ပါးသော လက္ခဏာ ၊ (၈၀) ပါးသောလက္ခဏာငယ်များ စသည့်ရုပ်ပိုင်းဆိုင်ရာ များတွင် အမှားမယွင်းဖြစ်မှာ စိုးရိမ်ခဲ.ကြသည်။ သို.ဖြစ်စေကာမူ ယွန်းလူမျိုးတို.သည် သုတ်ပါဌေယျပါဠိတော် လာ (၃၂)ပါးသော မဟာပုရိသ လက္ခဏာတော်များနှင်. ကိုက်ညီသော ရုပ်ပွားတော်များကို စတင်ထုလုပ်ကိုးကွယ်ခဲ.ကြပါသည်။၎င်းနောက် (၄) ရာစုမှ (၇) ရာစု အတွင်း အိန္ဒိယ၌ဘုန်းတန်ခိုးကြီးမားခဲ.သော ” ဂုံပတာမင်းများ” လက်ထက်တွင် ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များ ၊ဆေးရေးပန်းချီများ ဖြင်. ပူဇော်ခဲ.ကြသည်။ အေဒီ ( ၅၇) မှာ ပထမဆုံးရုပ်ပွားတော်စရှိတယ်လို့ လဲ ကမ္ဘာ့မှတ်တမ်းများကဆိုကြပါတယ်။

မြန်မာနိုင်ငံတွင် (၁၁) ရာစု ၌ အနော်ရထာမင်းတရား လက်ထက်တွင် ရုပ်ပွားတော်များပူဇော်မှု စတင်ခဲ.သည်ဟု သိရသည်။ ဗုဒ္ဓရုပ်တုပုံပါသော ပုဂံခေတ် အုတ်ခွက်များတွင် “ယေ ဓမ္မာ ဟေတုပ္ပဟ၀ါ ” ဂါထာတော် နှင့် ” ဧ၀ံဝါဒီ မဟာအနုရုဒ္ဓဒေ၀ ”(မြတ်သောအနော်ရထာမင်းကြီးသည် ဤသို.အယူရှိပေသည် ) ဟူသောစာသားအရ ပုဂံခေတ် တွင် ရုပ်ပွားတော်များပူဇော်မှု စတင်ခဲ.ကြောင်း ထင်ရှားသည် ဆို၏။ အနေကဇာတင် ဟူသောစကားနှင်. ဆင်းတုတော်ကိုးကွယ်မှု အဖြေ ဖြစ်ပါတယ်။

အဖြေ (၃) - အနေကဇာတင် ပြီးတဲ. ဆင်းတုကို ကိုးကွယ်လို့ ကုသိုလ်ရ ၊ မရ ။ ဒီမေးခွန်းမှာ လဲ ကြည်ညိုသဒ္ဓါသာ အဓိကဖြစ်တယ် ပြောရပါမယ်။ ၀ိမာန ပါဠိတော်၌ — တိဌန္တေ နိဗ္ဗူတေ စာပိ ၊ သမေစိတ္တံ သမံဖလံ၊ စေတောပဏီဓိ ဟေတူပိ ၊ သတ္တာ ဂစ္ဆာန္တိ သုဂတိ ………. ဟု ဟောတော်မူခဲ.သည်။


တိဌန္တေ - သက်တော်ထက်ရှားရှိစဉ်၌ ၄င်း ၊ နိဗ္ဗူတေ စာပိ - ပရိနိဗ္ဗာန်စံလွန်ပြီးနောက် ၌ ၄င်း ၊
စိတ္တံ - ကြည်ညိုသောစိတ်သည် သမေ - သက်၇ှိထင်ရှားဘုရားနှင်. တူမျှသည်ရှိသော်
ဖလံ - အကျိုးကျေးဇူးသည် (ဘုရားရှင်စစ်ကို ပူဇော်ရသကဲ.သို.) သမံ - တူမျှ၏ ။
ဟေတူပိ (ဟေသစ္စံ)- မှန်၏ စေတောပဏီဓိ - စိတ်ထားကောင်းခြင်းကြောင့်
သတ္တာ - သတ္တ၀ါတို.သည် သုဂတိ -ကောင်းရာအလားသို. ဂစ္ဆာန္တိ -ရောက်ကြကုန်၏ ။

ဆိုလိုတာက မိမိက ဘုရားကို ကိုးကွယ်ဆည်းကပ်ရာ၌ စေတီပုထိုး ဆင်းတုတော်မှာတင် မိမိ၏ ကြည်ညိုသောစိတ်က ရပ်တန့် မနေဘဲ၊ သက်တော်ထင်ရှား ဘုရားရှင်နှင့် ဂုဏ်တော်တို့ကို အာရုံမှန်း၍ ရှိခိုး ပူဇော်ရန် ဖြစ်ပါသည်။

အဲဒီလိုသာ အရုံပြုနိုင်မည်ဆိုလျှင် မိမိပြုလုပ်သော ကုသိုလ်ကောင်းမှုသည် ဆင်းတုတော်ထျံမှာ ပြုလုပ်ခြင်း ဖြစ်သော်လည်း သက်မတော်ထင်ရှား ဘုရားရှင်ထံမှာ ပြုလုပ်ရသော ကုသိုလ်မျိုး ထပ်တူထပ်မျှ အကျိုးပေးနိုင်ကြောင်း ဆိုလိုပါသည်။

(၄) ဆင်းတုတော်ကို မိမိအိမ် (၀ါ) အခန်းတွင် ဘယ်လိုနေရာချ ကိုးကွယ်သင်.လဲ ။
ဆင်းတုတော် (၀ါ) ဘုရားစင်ကို မိမိအိမ်ဦးခန်းတွင် ထားသင်.ပါသည်။ မိမိအိမ်အတွင်းလှေခါးအောက် နေရာ ၊ နိမ့်သောနေရာ ၊ မြေညီ နေရာများတွင် မထားရပါ ။ မိမိအိပ်ရာနှင်. တန်းတူမထားရပါ ။ သီးခြားစင်မြင်.ဖြင်. မထားနိုင်ပါက မိမိအိပ်ရာ၊နေရာနှင်. ဘုရားစင် ကြားတွင် ကန်.လန်.ကာ (၀ါ) လိုက်ကာဖြင်.ကာထားရမည်။ မိမိအာရုံပြု ပူဇော်လိုသောအခါမှသာ ကန်.လန်.ကာဖွင်.၍ ပူဇော်ရမည်။ ဘုရားစင်ရှေ.တွင် အဂါရ၀ဖြစ်အောင်(ဆဲဆိုခြင်း ၊ ဒူးထောင် ပေါင်ကားထိုင်ခြင်း …စသော အပြုအမူများ…)ပြုလုပ်နေထိုင်ကြလျှင်
အပြစ်ဖြစ်မည် ။သတိပြု၍ ဆင်ခြင်ကြရပေမည်။ ဆိုလိုသည်မှာ ဘုရားရှေ့မှာ မသင့်တော်သော "ဗုဒ္ဓ အဂါရ၀၊ ဘုရားကို မရိုသေသောအမှု " ဖြစ်စေသော အပြုအမူ အနေအထိုင်မျိုးကို ရှောင်ကြဉ်ရန် ဖြစ်ပါတယ်။

(၅)ထုလုပ်ရမည်. ဆင်းတုတော်၏ ပုံသဏ္ဍာန် ။
ဒီ ထုလုပ်ရမည်. ဆင်းတုတော်၏ ပုံသဏ္ဍာန် ကတော. (၉)မျိုးရှိတယ်လို. ဆိုပါတယ်။
( ၁ )ဗောဓိညောင်ပင်အောက် ထိုင်နေတော်မူပုံ ၊
( ၂ ) ဓမ္မစကြာတရားဦးဟောနေတော်မူပုံ (ဓမ္မစကြာမုဒြာ)
( ၃ ) အနိမိသ၌ ရပ်တော်မူနေပုံ ( ဗျာဒိတ်ပေးနေပုံ )
( ၄ ) လက်ယာနံစောင်း လျောင်းနေတော်မူပုံ ၊
( ၅ ) မာရ်နတ်၏ အန္တရာယ်ကို ဖြေရှင်းစဉ် မြေကြီးကို ကိုင်၍သက်သေပြုနေပုံ ..(ဘူမိဖဿမုဒြာ)
( ၆ ) ပရိနိဗ္ဗာန်စံတော်မူပုံ ၊
( ၇ ) အာဠာရ၊ဥဒက တို. အရှုံးကြီးရှုံးလေစွ ဟု ဂရုဏာသက်ကာ ရင်ခွင်တွင် လက်တော်တင်ထားပုံ ( မဟာဂရုဏာမုဒြာ )
(၈) ရတနာစင်္ကြန်၌ စင်္ကြန်လျှောက်တော်မူပုံ
(၉)ညီတော် အာနန္ဒာအား လက်သန်းဖြင်.မြေမှုန်.များကို ကောက်ယူပြတော်မူပုံ

လျောင်းတော်မူပုံတော် အခေါ်အဝေါ်များ ။ ။
(၁) အရှေ.အရပ်သို. ဦးခေါင်းတော် တည်နေလျှင် …..ရွှေသာလျောင်း
(၂)တောင် ။ ။ …… သျှင်ပင်ပေါင်းလဲ
(၃)အနောက် ။ ။ ……. ဥပါဒိသေသ နိဗ္ဗာန်စံတော်မူနေပုံ
(၄)မြောက် ။ ။ ……. အနုပါဒိသေသ နိဗ္ဗာန်စံတော်မူနေပုံ။

ဒီမှာ သတိထားရမှာက ဆင်ခံဘုရား ၊ မြင်းခံဘုရား ၊ကြာခံဘုရား ၊ နဂါးရုံဘုရား ၊ ဒက္ခိဏဿခါ ၊ဆုတောင်းပြည်.ဘုရား စတာတွေက နောက်ပိုင်း ပန်းပုဆရာတွေ ထွင်လာတဲ. ပုံတော်တွေဖြစ်ပါတယ် ။ ဗုဒ္ဓ၀င်မှာလဲ မပါတဲ. ဆင်
(၃)ကောင် ၊ (၅)ကောင် စတာတွေအပေါ် ဘုရားရှင် ထိုင်နေတဲ. ပုံတော်တွေကိုတော.
မဖြစ်သင်.ပါဘူး ။ ဆင် ၊ မြင်း ဆိုတာ ဘုရားလောင်းဘ၀မှာ သာ စီးနင်းခဲ.တာပါ ။
ဘုရားဖြစ်ပြီးနောက် (၉)၀ါမြောက် ကောသမ္ဗီမှာ ၀ါကပ်စဉ် ဃောသိတာရုံ ကျောင်း ၌
သီတင်းသုံးတော်မူစဉ် ၀ိနည်းဆောင် နဲ. သုတ္တန်ဆောင် ရဟန်း (၂)ပါး မှ စသော
ပြဿနာကို တားဆီးဆုံးမ၍ မရသောကြောင်. ပါလိလေယျတော၌ ပလဲဆင်ကြီး၏
အလုပ်အကျွေးပြုခြင်းကို ခံယူသည် ဆိုစဉ်ကပင် ဆင်စီးသည်ဟု မရှိခဲ.ပါ။
သတိထားတားဆီးစရာပါ။

(၆)ဘုရားဆင်းတုတော် ထုလုပ်ပူဇော်ကိုးကွယ်ခြင်း၏ အကျိုးကျေးဇူးများ ။ ဒီမေးခွန်းမှာတော. အဖြေ (၂)မျိုးရှိနေတယ် ။ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန မှ ထုတ်သော ” ဗုဒ္ဓဘာသာကောင်း တစ်ယောက် ” (စာ - ၂၃) မှာ (၉) ချက်ပြပါတယ်။

အဲဒီ အချက်တွေကို ကျမ်းဂန်တွေမှာတော. မတွေ.ပါဘူး။ အကြမ်းဖျဉ်းဆန်တဲ. အချက်တွေ ဖြစ်နေတယ်။
ဒီစာအုပ်ကို http://www.esnips.com/_t_/%E1%80%B6how+to+…a+good+buddhist ဒီမှာ မပါရမီ က ဝေငှ ထားပါတယ်။


ဆရာကြီးဦးသုခ ရဲ. သုခမှတ်စု မှာတော. (၂၉) ချက်ပြထားပါတယ်။
(၁) မဇ္စျိမဒေသ၌ သာ လူဖြစ်ရခြင်း ၊
(၂)ယောက်ျားမြတ် ဖြစ်ရခြင်း ၊
(၃) အင်္ဂါချို.တဲ့မှု မရှိခြင်း ၊
(၄) အပယ်မလားနိုင်ခြင်း ၊
(၅) ဒွန်းစဏ္ဍားမျိုး၌ မဖြစ်ရခြင်း ၊
(၆) ကျွန် မျိုး၌ မဖြစ်ရခြင်း ၊
(၇)လောကန္တရိတ် ငရဲ ၌ မဖြစ်ရခြင်း ၊
(၈) ယုတ်မာသော အမျိုး၌ မဖြစ်ရခြင်း ၊
(၉)ရွှေအဆင်းရှိခြင်း ၊
(၁၀) ဘုန်းကြီးခြင်း ၊
(၁၁)မြင်သူချစ်ခင်ခြင်း ၊
(၁၂) လာဘ်ပေါခြင်း ၊
(၁၃) ကျီကျဘဏ္ဍာပြည်.စုံခြင်း ၊
(၁၄) များသော ကျွဲ၊နွား၊ဆင်၊မြင်း ရှိခြင်း ၊
(၁၅) ကြံစည်တိုင်း အောင်မြင်ခြင်း ၊
(၁၆) နတ်မင်းကြီး ဖြစ်စေခြင်း ၊
(၁၇) စကြ၀တေးမင်း ဖြစ်စေခြင်း ၊
(၁၈ ) သိကြားမင်း အကြိမ် (၁၀၀၀ )ဖြစ်စေခြင်း ၊
(၁၉) စကြ၀တေးမင်း အကြိမ် (၁၀၀၀ )ဖြစ်စေခြင်း ၊
(၂၀) ပဒေဿရာဇ်မင်း အကြိမ် များစွာ ဖြစ်စေခြင်း
(၂၁) ဘုရားဆု ရနိုင်ခြင်း ၊
(၂၂) ပစ္စေကဗုဒ္ဓဆု ရနိုင်ခြင်း ၊
(၂၃) သာဝက ဆု ရနိုင်ခြင်း ၊
(၂၄) မင်း ၊ ပုဏ္ဍားမျိုး၌ ဖြစ်ရခြင်း ၊
(၂၅) အမျိုးယုတ် ၌မ ဖြစ်ရခြင်း ၊
(၂၆) ချမ်းသာ ၊ လာဘ်ပေါ ၊ ခြံရံများ ၊ တန်ခိုးကြီး ၊ ပညာကြီး၊အနာကင်း
(၂၇) သက်ရှည်၊ကျန်းမာ စသော အကျိုးများ ၊
(၂၈) သံသရာ ကျင်လည်စဉ် စည်းစိမ်ပေါများခြင်း
(၂၉)နိဗ္ဗာန်ကို မျက်မှောက်ပြုလွယ်ခြင်း ။

(သုခမှတ်စု ဒီမှာရနိုင်ပါတယ် .... http://www.esnips.com/doc/ea386d63-35ce-4d…a(thu_kha_matsu)

ကိုးကားကျမ်း။