Saturday, February 8, 2014

မောင်စံနဲ့ဒဏ်

Mg San  Dan

“မင်းတို့ရဲ့ ဒီအမေရိကန်တို့ အင်္ဂလန်တို့ တိုင်းပြည်အသီးသီးမှာရောက်နေတဲ့ ဒကာဒကာမတွေ အကြွား လွဲနေတာရှိတယ်။ ဘာလဲဆိုရင် “တပည့်တော်တို့သားလေးက၊ သမီးလေးက ဗမာစကားတောင် မပြောတတ်ဘူးဘုရာ့၊ အင်္ဂလိပ်လိုပဲပြောတယ်” လို့ ဆိုပြီး အကြွားလွဲနေတာတွေရှိတယ်။ ဗမာမိဘနှစ်ပါးက မွေးဖွားတဲ့ကလေးဟာ ဗမာစကားတော့ပြောတတ်ဘို့ကောင်းတာပေါ့။ အဲဒါကို တလွဲဆံပင်ကောင်းပြီးတော့ ကြွားနေကြတယ်။ အဲဒါတွေ ဆင်ခြင်ဘို့ကောင်းတယ်။”

    ဒီကနေ့ ၂၀၁၁ ခုနှစ် ဇွန်လ (၁) ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် မောင်စံကျောင်းထိုင်ရမယ့် “သီတဂူသံဃဝိဟာရ” ကျောင်းဖွင့်ပွဲမှာ မစိုးရိမ်ဆရာတော် သြဝါဒမိန့်ကြားနေတာ “အကြွားမလွဲနဲ့” တဲ့။

    အင်း သိပ်မှန်တာပဲ မောင်စံတို့ဗမာတွေ ကြွားလိုက်ချက်ကတော့ ကမ်းကုန်တယ်။ ကလေးတွေ မွေးကတည်း က ပြောနေကျမို့ အင်္ဂလိပ်လိုပြောတာကို ထားပါတော့၊ မနေ့တနေ့ကမှ ကိုယ့်နိုင်ငံကထွက်လာပြီး ဗမာအချင်းချင်း မီးကျိုးမောင်းပျက် ငပိအင်္ဂလိပ်တွေနဲ့ ပြောဆိုနေကြတာကို ကြားရတာ အလွန်နားယားတာပဲ။ တချို့ဆို ကိုယ့်ကလေးက ဗမာတွေနဲ့တွေ့တုန်း ဗမာ လိုကြိုးစားပြီးပြောနေတာကိုတောင် လိုက်ဟန့်တဲ့မိဘကရှိသေးတယ်၊ ဗမာတွေနဲ့ ပေးမတွေ့တော့ပဲ အနောက်တိုင်း ပုံစံသွင်းပစ် လိုက်ကြတယ်။ ကလေးက အရွယ်ရောက်လာလို့ မိဘကို အရိုအသေပေး ရမှန်းမသိတော့ဘဲ ကလန်ကဆန် လုပ်လာတော့မှ မျက်ရည်နဲ့မျက်ခွက် ဘုန်းကြီးဘက်လှည့်ချင်ကြတယ် အရှင်ဘုရား ညီမကို ဆုံးမပါဦးဘုရားတဲ့၊ သောက်ကျိုးနည်း။

    ပြောမယ့်သာ ပြောရတာပါ မောင်စံလည်းပဲ အင်္ဂလိပ်စာကို အတော်ရူးခဲ့သေးတာ။ မစိုးရိမ်မှာတုန်းကပေါ့၊ 1986 ရောက်စပဲရှိသေးတယ်။ သိတဲ့အတိုင်းပဲ စာဝါကအပြည့်၊ မိုးမလင်းခင် ဘုံဆွမ်းခံထွက်၊ (၈) နာရီခွဲလောက် ပြန်ရောက်၊ ကမန်းကတန်း အဆာပြေ တစ်လုပ်နှစ်လုပ်လောက်ဝါးလိုက်ပြီး (၉)နာရီခွဲစာဝါကို မှီအောင်ပြေး။ (၁၀) နာရီခွဲတော့ ရေချိုးပြီး (၁၁) နာရီဆွမ်းစား၊ (၁၂) နာရီမှာခဏနားပြီး နေ့ (၁) နာရီကနေ ညနေ (၄) နာရီထိ စာဝါတွေ ပြန်သွား၊ ည ဘုရားဝတ်တက်ပြီး ဆရာတော့်ဆီမှာ ဝါကျခွဲ၊ ပြီးတော့ စာအံကျောင်းတက်၊ ည (၁၀) နာရီမှ အတန်းဖြုတ်ပြီး အိပ်ချင်အိပ်၊ မအိပ်ချင်သေးလို့ အငြိမ့်လေး၊ ဇာတ်ပွဲလေးရှိရင် သွားကြည့်ပေါ့။ အဲ့ဒီလို။

    ဒါ မစိုးရိမ်စာသင်သားတိုင်းမှာရှိတဲ့ တိုမ်းတေဘယ်။ မောင်စံက ရောက်စနှစ်မှာ သီလက္ခန် တစ်ကျမ်းတည်း လုပ်သေးတာမို့ တော်သေးတယ်၊ နှစ်ကျမ်း သုံးကျမ်းတွဲလုပ်ရတဲ့သူတွေဆို အားချိန်ကို မရှိတော့ဘူး။ အဲလို မအားတဲ့ ကြားထဲကပဲ အင်္ဂလိပ်စာကို ရူးဖြစ်အောင် ရူးခဲ့သေးတာ။

    ဘယ်ကစတာလဲဆိုတော့ ဦးသြသဓကို ဆရာတော်က အင်္ဂလိပ်စာ ခေါ်ခေါ်သင်ပေးတာကနေစတာ။ ဖတ်တတ်ချင်လိုက်တာ၊ ဦးပဏ္ဏဝကလည်း ကွမ်းလေးပါးစောင်ကပ်ပြီး တွေ့တိုင်း မိုင်ဖရင့် မိုင်ဖရင့်နဲ့  အင်္ဂလိပ်လို ခေါ် တာ၊ သူလည်း မိုင်ဖရင့်ကနေတော့ မတက်ဘူး၊ ဒါပေမယ့် ကိုယ်က အဲဒီလိုကို မဖရင့်နိုင်သေးတာ ဆိုတော့အထင်ကြီး တာပေါ့။ အဲ့ဒါနဲ့ စုံစမ်းကြည့်လိုက်တော့ စိန်ပန်းထဲမှာ ကိုယ်တော်တွေကို အင်္ဂလိပ်စာအခမဲ့ သင်ပေးတဲ့သင်တန်းရှိ တယ်လို့သိရရော။ ဘာပြောကောင်းမလဲ ဆွမ်းစားပြီး နားရတဲ့အချိန်လေးကို မနားတော့ပဲ အပြေးသွားတက်တာ။ အမယ် တပတ်လောက်တက်ပြီးတော့ Cat ကက်-ကြောင်၊ Rat ရက်-ကြွက်တွေ ဘာတွေ လုပ်လာပြီ။ တယ်ဟုတ်တဲ့ ငါပါလားပေါ့။

    မကြာပါဘူး ဒဏ်ကျပါလေရော။ ဒဏ်က နေ့လည်အိပ်ချိန်ကို မအိပ်ရပဲ ဆရာတော့်ဆီမှာ စာသွားကျက်ရတာ။ ကိုယ့်အင်္ဂလိပ်စာသင်တန်းကလည်း ဒီအချိန်ပဲဆိုတော့ ဘယ်လိုမှလုပ်လို့မရတော့ဘူး၊ အဲဒီမှာ အစပြတ်သွားတာပဲ။ ဘာကြောင့် ဒဏ်ကျတာလဲ ဟုတ်လား။ သီတဂူပေါ့ သီတဂူ။ မောင်စံက သီတဂူနဲ့ အဲဒီကတည်းက ဇာတ်လမ်းရှိတာ။ သီတဂူသုံးထပ်ကျောင်းကြီး ရေစက်ချပွဲမှာ၊ ကျောင်းအမကြီး ဒေါ်အေးက ငါးခြောက်နှပ်ကြွေးတယ်၊ အလျှံပယ်ပဲ၊ မကုန် လို့  ပိုတာတွေကို ခွဲဝေပြီးပေးတာပေါ့။ မောင်စံတို့တောင်ငူအဖွဲ့က (ဇလုံသေး) တစ်ဇလုံရတယ်။

    တညနေ အဲဒီငါးခြောက် ဇလုံကိုမီးဖိုထဲမှာနွှေးပြီး ကျောင်းထဲကိုပြန်ယူလာတာ။ ဘာဏကဆောင်မှာ။ ညနေခင်းဆိုတော့ ဆရာတော်ဘုရားရေချမ်းလာလဲနေကျ။ ဆရာတော်တွေ့မှာစိုးလို့ ဟိုဟိုသည်သည် အကဲခတ် လိုက်သေးတယ်။ သေချာပြီဆိုတော့မှ ဝမ်းသာအားရ ငါးခြောက်ဇလုံကြီး မပြီးကျောင်းထဲကို သီချင်းတကျော်ကျော်နဲ့ ဝင်ချလာတာ။

    “ငါးခြောက်ကလေးရယ်တဲ့.... အို ခမျာ၊ အို ခမျာ.....”
    “အမယ်... သီချင်းလေး တကျော်ကျော်နဲ့ ဟေ့ကောင် လာခဲ့”
    ဟိုက် သွားပါပြီ၊ ဆရာတော် ကျောင်းပေါ်ကို ဘယ်တုန်းကရောက်နေတယ်မသိ၊ လှေခါးအဆင်းမှာ ပက်ပင်းတိုးပါလေရော။
    “မင်း ပြေးလို့မလွတ်ပါဘူးကွ၊ လာခဲ့ မနက်ဖြန်ကစပြီး (၇) ရက် ဒဏ်လာထမ်း”

    သွားရော၊ အဲဒီကတည်းကစပြီး နေ့လည် ၁၂-နာရီကနေ ၁-နာရီထိ ဆရာတော်ဆီမှာ စာသွားကျက်ရတယ်၊ အင်္ဂလိပ်စာသင်တန်းကို သွားလို့မရတော့ဘူး။ ကိုယ့်လိုပဲ ဒဏ်ကျနေတဲ့သူတော့ အများကြီးပါပဲ။ ဆရာတော်က ပြောလေ့ရှိတယ်၊ “မင်းတို့ဒဏ်သမားတွေရဲ့ စာကျက်သံမကြားရရင် ငါကအိပ်မပျော်ဘူးကွ”တဲ့၊ ဟင်း ဟင်း။

    မောင်စံတို့ တောင်ငူကအဖွဲ့တောင့်တယ်၊ ခရမ်းအဖွဲ့နဲ့လည်း အရမ်းရင်းနှီးတာ ဆိုတော့ နှစ်ဖွဲ့ကိုတစ်ဖွဲ့တည်း ပေါင်းပြီး ဆွမ်းအတူတူစားကြတာ။ ဆွမ်းဝိုင်းအလယ်က ငါးခြောက်ဇလုံကြီးကိုကြည့်ပြီး သူငယ်ချင်းတွေက တခွီးခွီးရယ် ကြတယ်။ တချို့ကလည်း သီချင်းဆိုပြီး စတယ်၊ “ငါးခြောက်လေးရယ်တဲ့.... အို ခမျာ၊ အို ခမျာ...” တဲ့။ ဟင်း ဟင်း လူ့ကို ငိုချင်သလို ရီချင်သလို အတော်ကို ဆိုးပါတယ်။

    ရှိသေးတယ် အဲဒီ သီတဂူကျောင်း ရေစက်ချပွဲမှာပဲ၊ ပွဲအဝင်ညမှာ ခင်းကြကျင်းကြ ပြင်ဆင်ကြပေါ့ သူသူ ကိုယ် ကိုယ် အလုပ်တွေရှုပ်နေကြတာ။ မောင်စံက လာဘနဲ့အတူ လမင်းတရာအငြိမ့်ကို သွားငှားတယ်။ ရတယ်ပေါ့။ လူက နဂိုကမှ ဇာတ်ရူးဆိုတော့ အဲဒါတွေမှာ စပ်စပ်စပ်စပ်လုပ်ရတာ သိပ်ဝါသနာပါတာ။

    တရားပွဲအတွက် ကျောင်းရှေ့ကွင်းပြင်မှာ အသံချဲ့စက်တွေ ဆင်တဲ့နေရာမှာလည်း များလားများလားပေါ့၊ စက်ဆရာက ပြင်ဆင်လည်းပြီးရော မြို့မသီချင်းတွေဖွင့်တဲ့အခါ မောင်စံဘာပြောမလဲ စိတ်တွေမထိန်းနိုင်တော့ပဲ အသံ ကုန်လိုက်အော်ဆိုတော့တာ။ သူငယ်ချင်းတွေကလည်း စီးချက်တွေဘာတွေ လိုက်ပြီး အားပေးတယ်ပေါ့။

    ကျောင်းရှေ့ကုလားထိုင်တွေစီခင်းထားတဲ့အပေါ်မှာ ထိုင်ပြီးစီမံညွှန်ကြားနေကြတဲ့ နာယကတွေက မောင်စံကို ကြည့်ပြီး အတော်မျက်စိနောက်နေပုံရတယ်။ ခေါ်ပြီး ဆူတော့တာပဲ။

    “ဟေ့ကောင် လာစမ်း၊ မင်း ဘွဲ့ ဘယ်သူလဲ”
    “စန္ဒာသီရိပါဘုရား..”
    “ဘယ် အတန်းကလဲ”
    “စာချတန်း သီလက္ခန် တက်နေပါတယ်ဘုရား”
    “မင်း စာချတန်းတောင် ရောက်နေပြီ၊ ဘုန်းကြီး သီချင်းမဆိုရဘူးဆိုတာ မသိဘူးလား”
    မောင်စံ ဘာမှပြန်မဖြေဘဲ မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့နေလိုက်တယ်။
    “လူက ရောက်တာမှမကြာသေးဘူး၊ လပ်ယား လပ်ယားနဲ့၊ ဒေါင့်ကိုမကျိုးဘူး၊ သွား..”
    မောင်စံ တချက်တည်း ငြိမ်ကုတ်သွားတော့တာပဲ။

    အဲဒါကို နောက်ရက်နာယက ဆွမ်းဝိုင်းမှာ စကားစပ်ပြီးပြောဖြစ်ကြတယ်နဲ့တူပါတယ်၊ မောင်စံဆီကို ဆရာတော်ရဲ့ အမိန့် ရောက်လာပါလေရော။ “အဲဒီကောင်ကို ရာသက်ပန် ဒဏ်လို့ပြောလိုက်”တဲ့။ အီး ဟီး... သွားပါပြီ၊ (၇) ရက်နေလို့ ဒဏ်လွတ်ရင် အင်္ဂလိပ်စာသင်တန်း ပြန်သွားမယ်လို့ စိတ်ကူးထားတာ။ ရာသက်ပန်ဒဏ်ဆိုတာ ဒီတိုက်ကထွက်သွားပြီးရင်တောင် မပြီးသေးဘူး၊ ဘယ်လောက်ကြာမှတိုက်ထဲပြန်ဝင်ဝင် အဲဒီဒဏ်ဆက်ထမ်းရမယ်၊ ဒီလို။ အဲဒီကတည်းက အင်္ဂလိပ်စာသင်တန်း မသွားဖြစ်တော့ဘူး။ ပြတ်ကရော။ ဒါပေမယ့် ဦးပဏ္ဏဝနဲ့တွေ့တဲ့အခါတိုင်း မှာတော့ “ဟိုင်း မိုင်ဖရင့်၊ ဟောင်း အာ ယူ” ဆိုတာလောက်တော့ နောက်ရင်း ပြောင်ရင်း နှုတ်ဆက်ဖြစ်တယ်။

    မောင်စံရဲ့ကံကို သတိထားမိသလောက် နေရာအတော်များများမှာ လူကြီးတွေနဲ့တွေ့တွေ့ချင်း အဆင်မပြေ တတ်ဘူး။ တဖြေးဖြေး စိတ်အရင်းကိုသိလာတဲ့အခါကျတော့မှ တကယ်ရင်းနှီးသွားတော့တာ။ ခု မစိုးရိမ်နာယကတွေ လည်း ဘုန်းကြီးဦးကေတို့ ဦးသုစိတ္တတို့ဆိုတာ နောက်ပိုင်းကျတော့ တကယ့်အရင်းနှီးဆုံးဆရာတပည့်တွေ ဖြစ်သွား တော့တာ၊ ၈၈ နောက်ပိုင်းမှာပေါ့။ ဦးပေစိဘုရားထဲမှာ လုပ်ဆောင်ကြတာတွေ၊ မင်းကွန်းဘက်အတူသွားနေကြရင်း ဆန်ကုန်လို့ မောင်စံစွန့်စွန့်စားစား ပြန်ယူ တာတွေ ပြောစရာဇာတ်လမ်းက အရှည်ကြီး။ ထားတော့။

    မောင်စံနဲ့ဒဏ်အကြောင်းကို ဆက်ပြောဦးမယ်။ ကျထားတဲ့ဒဏ်က လွတ်ရက်မရှိ၊ ရာသက်ပန် လို့ဆိုပေမယ့် တိုက်ပတ်စာမေးပွဲအောင်တာတို့ စာဝါမှန်ဘုရားဝတ်တက်မှန်တာတို့ ဖြစ်လာရင် လွှတ်ပေးတတ်တယ် ဆိုတာသိထား aတာ့ မောင်စံ ကျိုးစားတာပေါ့။ စာဝါတွေ ဘယ်တော့မှ နောက်မကျစေရဘူး၊ ဘုရားဝတ်တက် ဘယ်တော့မှ မပျက်စေရဘူး၊ ဒဏ်ကိုလည်း မှန်အောင်သွားတယ်။ ဒဏ်မှန်မှန်သွားရလို့ စာတွေအများကြီး ရသွားတယ်။ ပထမနေ့ (စာမေးပွဲအသုံး) အတွက် နိယံတွေ၊ သံဝဏ္ဏနာတွေ၊ နည်းစစ်တွေ အကုန်ရ၊ ဘယ်လိုပွိုင့်ကလာမေးမေး ပထမနေ့အတွက်ကတော့ အဲဗားရယ်ဒီ၊ အဲဒီလို အကျိုးရှိခဲ့တယ်။

    မိမိနဲ့အတူ ဒဏ်ကျဖေါ်တွေက မိုးရွာတဲ့နေ့တွေဆိုရင် မိုးအေးတာအကြောင်းပြပြီး ဒဏ်ကိုမသွားကြဘူး။ ညှိထားသလိုပဲ တယောက်မှကိုမလာကြတာ။ ကိုယ်တယောက်တည်း ဆရာတော့်ကျောင်းမှာ၊ ဆရာတော်က မိုးရွာရင် မလာရဘူး လို့မိန့်ထားတယ်တောင် ထင်မိတယ်။ မိုးကလည်း သုံး လေးရက် ဆက်ရွာတယ်။ မောင်စံ စိတ်မလျှော့ဘူး၊ ဆက်သွားတယ်၊ တရက် မှာတော့ ဆရာတော်က-

    “အေး မင်း ဒဏ်မှန်တဲ့ကောင် မလာတော့နဲ့၊ ဟိုကောင်တွေကိုပြောလိုက် မနက်ဖြန်ကစပြီး နောက်သုံးလစီ ဒဏ်တိုးတယ်လို့” တဲ့။
    ဝါး... ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ မောင်စံ ဝမ်းသာအားရ စာအုပ်တွေပိုက်ပြီး ပြန်လာခဲ့တယ်။ မိုးရွာနေ တာတောင် ထီးဆောင်းဘို့မေ့နေတယ်။ ကိုယ့်ဒဏ်ကျဖေါ်တွေအတွက်တော့ စိတ်မကောင်းပါဘူး။

    ဆရာတော့်မှာ ဒဏ်နှစ်မျိုးရှိတယ်၊ တစ်မျိုးက စာဒဏ်၊ နောက်တစ်မျိုး
က ဘုရားဝတ်တက်ဒဏ်။ ဘုရားဝတ်တက် စာရင်းစစ်လို့ မပါရင် မနက်အစောကြီး (၅) နာရီထပြီး ဆရာတော့်ကျောင်းမှာ ဆရာတော်နဲ့အတူ ဘုရားသွား ဝတ်တက်ရတယ်။ မောင်စံ အဲဒီဒဏ်လည်း ကျဘူးတယ်။

    တနေ့ ညနေ (၄) နာရီစာဝါပြီးတော့ တောင်ငူကလူကြုံဧည့်သည်လာတယ်ဆိုလို့ ဘုရားကြီးဘက်မှာရှိတဲ့ တောင်ငူကျောင်းကို ဧည့်သည်သွားတွေ့တယ်။ စကားကောင်းနေတာနဲ့  ည (၇) နာရီဘုရားဝတ်တက်ကို မမှီလိုက် တော့ဘူး။ တစ်ခါလစ် တစ်ခါထိပဲ။ ဘုရားဝတ်တက်စစ်တဲ့ ဦးပညိန္ဒကလည်း သိပ်မှတ်ဥာဏ်ကောင်းတာ၊ မောင်စံတို့ခေတ်က သံဃာ (၃၀၀) လောက်ရှိတာ စာရွက်မကြည့်ပဲ ဘယ်နေရာမှာ ဘယ်သူမပါဘူးဆိုတာကို အတိ အကျသိတယ်ဗျာ။ ဘုရားဝတ်တက်ပြီးတဲ့အခါ ဆရာတော်ကို မပါတဲ့သူစာရင်း လျှောက်ပြရတယ်။ အဲဒီနေ့က မောင်စံ ရယ်၊ ခေမိန်ရယ်၊ ဘိုကိ (သုဇန) ရယ် တောင်ငူက သုံးပါးထိကြတယ်။

    နောက်တစ်ရက် မနက် (၅) နာရီထပြီး ဆရာတော်ကျောင်း (ဒါယာဒ) မှာ ဘုရားသွားဝတ်တက်ရတာပေါ့။ အိုး ---- ဒဏ် ကျတော့မှပဲ ဆရာတော်ရဲ့ ရောင့်ရဲသီးခံတတ်ပုံတွေကို ပိုသိလာရပြီး ပိုကြည်ညိုမိလာတယ်။ စာသင်တိုက် ကြီးတစ်ခုရဲ့ အဓိပတိဆရာတော်ကြီးဆိုပြီး ဟိတ်နဲ့ဟန်နဲ့ သီးသီးသန့်သန့် နေတာမဟုတ်၊ ကုတင်တစ်လုံးသာရှိတဲ့ အခန်းကျဉ်းလေးထဲမှာ အများနည်းတူနေတာ။

    အပြင်ဘက် Hall ထဲမှာ စာသင်သားသံဃာတွေက နံရံ ပတ် ပတ်လည်အပြည့်။ ခြင်ထောင်တွေဆိုတာ တစ်လုံးနဲ့တစ်လုံး ထိစပ်ပြီးထောင်ထားကြတာ ဘုရားခန်းရှေ့ရောက်ဘို့ ခြင် ထောင်တွေကြားထဲ ကုန်းကုန်း ကုန်းကုန်းနဲ့ ငုံ့ပြီးသွားရ တာ မောတောင်မောတယ်။ ဆရာတော်လည်း ဒီလိုပဲ ကြွလာခဲ့ တာပဲ။ မောင်စံတို့ နာရီဝက်လောက် ဘုရားဝတ်တက်ပြီး တာတောင် ခြင်ထောင်ထဲက ဘသားချောတွေ တစ်ယောက်မှ တုတ်တုတ် မလှုပ်ကြဘူး။ အဲဒါ နေ့တိုင်း နေ့တိုင်း။

    မစိုးရိမ်မှာ စနစ်ကောင်းတာက စာသင်သားကို စည်းကမ်းတွေ ဥပဒေတွေနဲ့ တင်းကြပ်မထားဘူး၊ စာဝါ ရယ် ဘုရားဝတ်တက်ရယ်နဲ့ပဲထိန်းထားတယ်။ စာဝါနဲ့ဘုရားဝတ်တက်မှန်ရင်ပြီးရော၊ ပြီးရင် ဘယ်သွားသွား၊ ပွဲတွေ အငြိမ့်တွေကြိုက်တာ သွားကြည့်လို့ရတယ်။ စာဝါနဲ့ဘုရားဝတ်တက်ကလည်း အချိန်ကောင်းတွေသတ်မှတ်ထားတာဆို တော့ စည်းပျက်ကမ်းပျက် အပြင် မသွားဖြစ်အောင် အလိုလိုထိန်းချုပ်ပြီးသားဖြစ်နေတယ်လေ။

    မောင်စံတို့ (၇) ရက်ဒဏ်ကျတာ၊ သုံးရက်ပြီး လေးရက်မြောက်တဲ့နေ့မှာ ဘာဖြစ်လဲဆိုတော့ တောင်ပြုံးပွဲ စတယ်။ တောင်ပြုံးပွဲက နာမည်ကြီး၊ ကြားဘူးတာကြာပြီ တခါမှမရောက်ဘူးသေးတော့ သွားကြည့်ချင်တာနဲ့ သူငယ် ချင်းတွေနဲ့အတူလိုက်သွားလိုက်တယ်။ မန္တလေးနဲ့မတ္တရာဆိုတာ တစ်နာရီခရီးဆိုတော့ အချိန်မီပြန်လာကြ မယ်ပေါ့။ 

    ဖြစ်ချင်တော့ ပြန်လို့မရတော့ဘူး၊ လိုင်းကားတွေမှန်သမျှကလည်း လူပြည့်လူလျှံ၊ တောင်ပြုံးနဲ့မန္တလေး ဆွဲပေးတဲ့ ရထားနဲ့ လိုက်မယ်ကြံပြန်တော့လည်းအမလေးလေး နေရာရဘို့ နေနေသာသာ ခြေထောက်တစ်ချောင်းတင်ပြီး တွဲလွဲဆွဲ လိုက်ဘို့တောင် နေရာမကျန်တော့ဘူး။ လူတွေလူတွေဆိုတာ ပြွတ်သတ်ကြိတ်ခဲလို့။ အော်ကြဟစ်ကြ နောက်ကြပြောင်ကြနဲ့ ဒီလူတွေကြားထဲမှာ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အဲဒါနဲ့ နောက်ဆုံးတော့ စိတ်ဒုန်းဒုန်းချပြီး မန္တလေးသိန်းဇော်ဇာတ်ပွဲ ဝင်ကြည့်နေ လိုက်ကြတယ်။

    မနက်လင်းခါနီးတော့မှ လူတွေရှင်းနေတာနဲ့ အပြန်လိုင်းကားတွေကို လွယ်လွယ်ကူကူပဲ ရလိုက်ကြတယ်။ ကျောင်းထဲကို ငိုက်စိုက်ငိုက်စိုက်နဲ့ ပြန်ဝင်လာကြပြီး သူငယ်ချင်းတွေကို သတင်းမေးကြည့်လိုက်တော့ “အေး မင်းတို့ အဖွဲ့ ဘုရားဝတ်တက်ဒဏ် တစ်လတိုးတယ်တဲ့ဗျာ...” ဟင်း ဟင်း ထင်တော့ထင်ထားပြီးသားပါ။ ဒီတော့လည်း မနက် တိုင်း ကုသိုလ်သွားယူကြရတာပေါ့လေ။ မကြာပါဘူး စာမေးပွဲအောင်တာနဲ့ ဒဏ်ကလွတ်ငြိမ်းချမ်းသာခွင့် ရသွားခဲ့ တယ်။

    မောင်စံ မစိုးရိမ်မှာတုန်းက သီတဂူသုံးထပ်ကျောင်းကြီး အပေါ်ဆုံးထပ်မှာနေရာရတယ်။ ကျောတစ်နေရာစာပါ ပဲ။ အဲဒီကျောတစ်နေရာစာရဘို့  (၂) နှစ်နီးပါးစောင့်ခဲ့ရတယ်။ စီနီယာအတိုင်း နေရာပေးတာဆိုတော့ ကိုယ့်ရှေ့မှာ အရင်ရောက်နှင့်နေ သူတွေက နေရာအရင်ရတယ်ပေါ့။ တဖြည်းဖြည်း ရှေ့ကလူတွေထွက်ထွက်ကုန်မှ ကိုယ့်အလှည့်ကို ရောက်လာတာ။

    အဲဒီမတိုင်ခင်က ကိုယ့်ပစ္စည်းတွေကို အသိသူငယ်ချင်းတစ်ပါးရဲ့ သေတ္တာပေါ်မှာ ထပ်တင်ထားပြီး ညအိပ်တော့ ကြုံသလို သစ်ပင်အောက်အိပ်လိုက်၊ အုတ်ပုံပေါ်အိပ်လိုက်၊ တခါတခါ ခွေးတွေက နေရာဦးထားလို့ မောင်းချပြီး ဝင်အိပ်ခဲ့ရတာ။ ကိုယ့်လိုလူတွေလည်း အများကြီးပဲ။ နှစ်တဝက်လောက်ကြာတော့ ဘာဏက ဆွမ်းစားကျောင်းပေါ်မှာ အိပ်စရာ နေရာရလာတယ်။

    ကံဆိုးချင်တော့ ကိုယ်ရတဲ့နေရာတည့်တည့်က မိုးယိုတဲ့နေရာ၊ မိုးရွာတဲ့ညဆို အိပ်ကောင်းနေတုန်း ရေတွေတပေါက်ပေါက် နဲ့ကျလာလို့ ထပြေးခဲ့ရဘူးတာလဲ အကြိမ်မနည်း။ ဒါပေမယ့်လည်း စာသင်သားတွေဟာ အားလုံးပျော်နေကြတာချည့်ပဲ။ အဲဒီလို စားစရာ နေစရာ ခက်ခက် ခဲခဲကြားထဲ ကပဲ အောင်မြင်တိုးတက်လာခဲ့ကြသူ တွေဟာ ဒုနဲ့ဒေးဆိုတော့ စာသင်သားတွေ ပျော် တာပေါ့။

    မောင်စံ စစ်ကိုင်း သီတဂူကိုရောက်တော့လည်း မစိုးရိမ်မှာအတူနေခဲ့ဘူးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ရတယ်။ ဒေါက်တာသြသဓ၊ ဒေါက်တာသဇ္ဇန၊ ဒေါက်တာသေဋ္ဌိလစတဲ့သူတွေဟာ မစိုးရိမ်မိတ်ဟောင်းတွေပေါ့။ သီတဂူဆေးရုံမှာ ဆရာတော် မျက်စိလာစစ်တာတို့၊ သီတဂူအခမ်းအနားတွေကို ကြွလာတဲ့အခါတို့မှာ သေသေချာချာ ပြုစုစောင့် ရှောက်ခွင့်ရခဲ့တယ်။ အိန္ဒိယမှာ တက္ကသိုလ်တက်နေတုန်းကလည်း ဘုံဘေရွှေတိဂုံစေတီတော်ကြီး ဌပနာ ပိတ်ပွဲကြွ လာတဲ့အတွက် ပြုစုခွင့်ရခြဲ့ ပန်တယ်။ ဟောအခု အမေရိကန် သီတဂူမှာဖူးတွေ့စောင့်ရှောက်ခွင့်ရပြန်ပြီ။ ဆုံးမသြဝါဒများကို နာကြားခွင့်ရပြန်ပြီ ဆိုတော့ မောင်စံ ကံကောင်းပြီးရင်း ကံကောင်းနေတာပေါ့။


    Oh! Great, I am very very lucky person. ကိုယ့်ကိုကိုယ်ကျေနပ်လွန်းလို့ ရေရွတ်လိုက်တာ အသံတောင် ထွက်သွားတယ်။

    “အေး မင်းတို့ အင်္ဂလိပ်စကား ပြောတာလည်းပြောပေါ့၊ ကိုယ့်စာနဲ့ ကိုယ့်စကားတော့ ဘယ်တော့မှ မေ့မထား ကြနဲ့။ ကလေးတွေကိုလည်း မြန်မာစာ မြန်မာစကား သင်ပေးကြ။ အကြွားလွဲမနေကြနဲ့။ ဒါပဲ ငါ့သြဝါဒက။”


    “သာဓု၊ သာဓု၊ သာဓုပါဘုရား။”
    ဟာ ဆရာတော် သြဝါဒပြီးသွားပြီပဲ။ ကိုယ့် အသံထွက်သွားတာ ဆရာတော်များကြားသွားလားမသိဘူး။ ဘုရား ဘုရား.. တော်ကြာ ဆရာတော်က နားကြားပြင်းကတ်ပြီး ရာသက်ပန်ဒဏ်ချနေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

Friday, February 7, 2014

ကိုယ်စောင့်တရား


ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်း(သို့) ကိုယ်စောင့်တရား

အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့ အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊ သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

တစ်ချို့က အစောင့်အရှောက်ထူထပ်စွာ ချထားပြီး မမြဲတဲ့ ရုပ်တရားနဲ့ မပိုင်ဆိုင်တဲ့ ဥစ္စာ တရားတွေကို စောင့်ရှောက်ဖို့ ကြိုးစားကြပါတယ်။ ကိုယ့်ကိုစောင့်ရှောက်ဖို့ ဆိုပြီးတော့လည်း အစောင့် ဘော်ဒီဂတ် (Body guard) တွေတောင် ထားလိုက်ပါသေးတယ်။ ဘယ်လောက်ပဲထားထား သွားဖို့အချိန်တန်ရင်တော့ သွားကြရတာပဲ ဖြစ်ပါတယ်။ ရုပ်တရားဆိုတာ ချုပ်ထားလည်းပဲ သွားချိန်တန်သွား၊ ထားချိန်တန်ထား၊ ပျက်ချိန်တန် ပျက်နေမှာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ကတော့ မမြဲခြင်းသဘောရှိနေတဲ့ ရုပ်တရားကို စောင့်ရှောက်ဖို့ထက် ကိုယ့် ကိုယ်ကို စောင့်ရှောက်ဖို့ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းကို စောင့်ရှောက်ဖို့ လမ်းညွန်တော်မူပြီး တကယ်စောင့်သင့်တဲ့ ကိုယ့်စောင့်တရား လေးပါးကို ဟောတော်မူပါတယ်။ ဗုဒ္ဓညွန်ပြတဲ့ ကိုယ်စောင့်တရားလေးပါးကတော့

၁။ ဗုဒ္ဓါနုဿတိ (ဘုရားဂုဏ်ကို ပွားများခြင်း)
၂။ မေတ္တာဘာဝနာ (မေတ္တာတရား ပို့သပွားများခြင်း)
၃။ အသုဘဘာဝနာ (အပုတ်ကောင်အပေါ် ရှုဆင်ခြင်ခြင်း)
၎။ မရဏာနုဿတိ (သေခြင်းတရားကို ဆင်ခြင်ခြင်း) ဆိုတဲ့ တရားလေးပါးပဲ ဖြစ်ပါတယ်။

ဒီတရားလေးပါးကို ကျင့်ကြံပွားများ အားထုတ်ထားနိုင်တဲ့သူဟာ တကယ့်ကိုပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်တရားအပေါ် မပျက်ဆီးအောင် စောင့်ရှောက်ခြင်းမျိုးမဟုတ်ဘဲ ရရှိထားတဲ့ ကိုယ့်ရဲ့ဘဝလေးကို စောင့်ရှောက်ခြင်းသဘော ဖြစ်တဲ့အတွက် ဒီတရားလေးပါးသာ နေ့စဉ်ပွားများ အားထုတ်နိုင်ရင် အဲဒီသူဟာ အမှန်ပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့သူ တစ်နည်းအားဖြင့် ကိုယ့်စောင့်တရားများနဲ့ အညီငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

ကိုယ့်စောင့်တရားလေးပါးနဲ့ ပတ်သက်ပြီး နည်းနည်းချဲ့ပြောရရင် ဗုဒ္ဓါနုဿတိလို့ ခေါ်တဲ့ ဘုရားဂုဏ်တော်ကို ပွားများတဲ့ အကျင့်ဟာ အားများတဲ့ ဘုရားရှင်ရဲ့ အားတွေကို ကိုယ့်သန္တာန်မှာ ပွားယူခြင်း ဖြစ်တဲ့အတွက် “ဘုရားကိုးကွယ် တန်ခိုးကြွယ် အပါယ်မကျ နိဗ္ဗာန်ရ”လို့ ဆိုတဲ့အတိုင်း ဘုန်းတန်ခိုးကြီးမားပြီး ကိုယ်ခံစွမ်းအားတွေ တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို နေ့စဉ်မပြတ် ပွားများအားထုတ်တတ်တဲ့သူဟာ အဲဒီဂုဏ်တော် တွေရဲ့ ကျေးဇူးကြောင့် အန္တရာယ်ကင်းပြီး ကိုယ့်သန္တာန်မှာလည်း တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ တန်ခိုး တော်တွေနဲ့ ထုံလွှမ်းထားတဲ့အတွက် အပြင်အန္တရာယ်တွေကလည်း အကာအကွယ်ပြုထားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ပွားများအားထုတ်နေတဲ့သူဟာ ဘုရားရှင်အနားမှာ ရှိသလိုဖြစ်ပြီး ဘုရားရှင်တို့မည်သည် မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ အရပ်မှာတောင် ပြုတော်မမူတဲ့အတိုင်း ကိုယ်လည်းပဲ အကုသိုလ်ကို မပြုဖြစ်တော့ပါဘူး။ အကုသိုလ်မပြုဖြစ်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး စောင့်ရှောင်တာပါပဲ။

ပြီးတော့ တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ကျင့်ပွားနေတဲ့သူဟာလည်း ဘုန်းကံ ကြီးမားတဲ့သူ ဖြစ်တဲ့အတွက် ဘုန်းကံကြီးတဲ့သူကို ကျရှုံးသွားအောင်၊ အန္တရာယ်ဖြစ်အောင် ဘယ်သူမှ လုပ်လို့မရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ချင်တဲ့ သူတွေဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများကျင့်ကြံသင့်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

နောက်တစ်ချက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်လိုသူတွေ အနေနဲ့ မေတ္တာဘာဝနာကို ပွားများပြီးလည်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့ သဘောဖြစ်တဲ့ အတွက် ဘယ်နေရာမှာပဲ ရောက်ရောက် ဘယ်သူအပေါ်မှာပဲ ဖြစ်ဖြစ် အကျိုးလိုလားတဲ့ မေတ္တာလေးကို အခြေခံပြီး ကျင့်ကြံပွားများ နေထိုင်ကြမယ်ဆိုရင် အဲဒီမေတ္တာဘာဝနာက ကိုယ့်ကိုစောင့်ရှောက်ထားပြီးသား ဖြစ်ပါတယ်။

မေတ္တာခြုံမှ လုံတယ်လို့ ဆိုကြတဲ့အတိုင်း မေတ္တာတံတိုင်း ကာရံထားတဲ့သူဟာ အန္တရာယ်ကင်းပြီး အေးငြိမ်းမှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မေတ္တာရဲ့ သဘောက သူ့အတွက်ပွားများရဲ့ ကိုယ့်အတွက်လည်း အငြိမ်းဓာတ်၊ အအေးဓာတ်ကို ခံစားနိုင်တာ ဖြစ်တဲ့အတွက် ငြိမ်းနေတဲ့သူ၊ အေးနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေသူပဲ ဖြစ်ပါတယ်။

နောက်ထပ် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ့် လမ်းစဉ်တစ်ခုက အသုဘဘာဝနာ ပွားများခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အပုတ်ကောင် အသုဘလို့ မထင်ဘဲ သုဘလို့ ထင်နေကြတဲ့သူတွေမှာ အဲဒီအထင်မှားကြောင့်ပဲ အတ္တမာန အစွဲတွေဝင်ပြီး အလွဲတွေ အသွင်သွင် လုပ်မိနေ တတ်တဲ့ အတွက် အဲဒီအလွဲတွေက ကိုယ့်ကို ဒုက္ခအဖြစ် ရောက်ရှိစေတာလည်း ရှိနေတတ်ကြပါတယ်။

အသုဘကို သုဘလို့ ထင်နေတတ်တဲ့သူမှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ထက် ကိုယ့်အယူကို ဖြောင့်အောင်လုပ်ဖို့တောင် အတော်ကြိုးစားကြရမယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒီလို အလွဲအမြင်နဲ့ တစ်လွဲထင်နေကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အတ္တတွေပါယ်ပြီး အမြင်မှန်နဲ့ စောင့်ရှောက်နိုင်ဖို့အတွက် အသုဘဘာဝနာကိုလည်း ပွားများပြီး စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

ဘုရားပေးတဲ့ ကိုယ်စောင့်နည်းတွေထဲမှာ မရဏာနုဿတိလို့ ခေါ်တဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့နည်းဟာလည်း လက်တွေ့ကျင့်သုံးသင့်တဲ နည်းပဲ ဖြစ်ပါတယ်။ ပုထုဇဉ် အတော် များများဟာ သေရမှာကို သိကြပေမယ့် သေခြင်းတရားကို မေ့နေကြတဲ့ သူတွေအဖြစ် ဘဝကို ဖြတ်သန်းနေကြတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သေခြင်းတရားကို အလေမထားဘဲ မေ့နေကြတဲ့သူတွေဟာ တဒင်္ဂအရှိတရားကိုလည်း ထာဝရအတည်တရား ထင်ကာ မာနတွေဝင်ပြီး အကျင့်တရားတွေပါ ပျောက်ပျက်နေကြတော့တာ ဖြစ်ပါတယ်။

နေ့စဉ် သေခြင်းတရားကို ဆင်ခြင်နိုင်တဲ့သူတွေကတော့ သေရမယ်ဆိုတာ သိနေတဲ့အတွက် သတိမလွတ်ဘဲ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက် နိုင်ကြတော့တာ ဖြစ်ပါတယ်။ သေခြင်းတရားကို ဆင်ခြင်နှလုံးသွင်းထားတဲ့အတွက် ဘဝမှာ အဆိုးဆုံး ဒုက္ခလို့ ပြောရမယ့် သေခြင်းတရားအထိ ကြုံလာခဲ့ရင်လည်း မတုန်မလှုပ် ရင်ဆိုင်ပြီး အသိသတိ ထပ်တူညှိနိုင်ကြမှာ ဖြစ်ပါတယ်။ အသိသတိကပ်ထားတဲ့သူဟာ ကိုယ့်ကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။

ဆိုလိုတာက စောင့်ရှောက်မှုအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ကြတဲ့ အပိုင်းမှာ ဗုဒ္ဓအလိုကျ စောင့်ရှောက်နည်းဖြစ်တဲ့ ကိုယ့်စောင့်တရားလေးပါးနဲ့ စောင့်ရှောက်ခြင်းကသာ အကောင်းဆုံး ကိုယ့်စောင့်တရားပဲ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်ဘဝထဲမှာ ဗုဒ္ဓဂုဏ်ကို ခုံလှုံရင်း၊ မေတ္တာလည်းထား၊ အသုဘလည်း ပွား၊ သေခြင်းတရားလည်း ဆင်ခြင်ကာ အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊ ဗုဒ္ဓဂုဏ်အစွမ်းကြောင့် တန်ခိုးတွေ ထုံလွှမ်း ရောက်စေ၊ မေတ္တာအစွမ်းနဲ့ အေးချမ်းကြစေပြီး အပုတ်ကောင်ကို ဆင်ခြင်းလျက် အတ္တဝါဒဖျောက်ကာ သေခြင်းတရား နှလုံးသွင်းထားလို့ မာနလေးတွေ လျော့ချနိုင်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ နေရတဲ့အခိုက် ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်မှုနဲ့ စောင့်ရှောက် နိုင်ကြဖို့ ဗုဒ္ဓပေးတဲ့ ကိုယ့်စောင့်တရားလေးပါးကို ပွားများအားထုတ်ရင်း ဂုဏ်တော်မြဲစေ၊ မေတ္တာ တွဲစေ၊ သုဘလွဲစေ၊ သေခြင်းမြဲနေ ဆိုတဲ့ အချက်လေးတွေကို အခက်မဝေးအောင် ဆင်ခြင်စဉ်းစား အစောင့်ထားကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Thursday, February 6, 2014

ပညာရှိ


ပညာရှိ 

ပညာရှိဆိုတာ ဘယ်လိုလူမျိုးလဲဟု စဉ်းစားကြည့်မိတိုင်း ကျွန်တော်သည် မဟော်သဓာကို သတိရမိ ပါသည်။ မဟော်သဓာသည် ဘုရားဖြစ်ဖို့အတွက် ပါရမီဖြည့်နေသော ဘုရားလောင်းဆိုတာကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းလိုလို သိကြပါသည်။ ကျွန်တော်ကတော့ ကြံ့ခိုင်တောင့်တင်းသည့် ကိုယ်ကာယနှင့်ချောမောခန့်ညားကာ တင့်တယ်ပြေပြစ်သည့် ရုပ်အဆင်းလက္ခဏာရှိသော ယောက်ျားကောင်းတစ်ယောက်အသွင် မဟော်သဓာကို မြင်ယောင်ကြည့်နေမိပါသည်။ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ ပါးစပ်တို့ဖြင့် ပေါင်းစပ်ထားသော မဟော်သဓာ၏မျက်နှာကို စိတ်ကူးကြည့်မိပြီး ပညာရှိတွေရဲ့ ရုပ်လက္ခဏာဟာ ဘယ်လိုမျိုးနေပါလိမ့်မလဲဟု တွေးနေမိပြန်ပါသည်။


ပညာရှိ၏ အဓိပ္ပာယ်သည် ရုပ်လက္ခဏာကျက်သရေရှိရုံသက်သက် မဟုတ်နိုင်ပါ။ ထိုရုပ်လက္ခဏာပိုင်ရှင်၏ စိတ်ဓာတ်နှင့်လည်း သက်ဆိုင်နေပါသည်။ တကယ်တော့ မဟော်သဓာကို ပညာရှိဟု အများကခေါ်ဆို သတ်မှတ်ကြသည်မှာ သူ၏ ရုပ်လက္ခဏာထက် သူ၏စိတ်နှလုံးသားက ပို၍အဓိကကျပေလိမ့်မည်။ ၀ိဒေဟရာဇ်မင်းကြီး နှင့်တကွ သူ၏တိုင်းသူပြည်သားတို့က မဟော်သဓာကို ပညာရှိဟု တဖွဖွခေါ်ကာ အားကိုးယုံကြည်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ထိုမေးခွန်းကိုသာ ဖြေဆိုနိုင်ပြီဆိုလျှင် ပညာရှိ၏ အဓိပ္ပာယ်ကို ကျွန်တော်တို့အကြမ်းဖျင်း ခြေရာကောက်လို့ရနိုင်ပါလိမ့်မည်။ ထို့ကြောင့် မဟော်သဓာ၏ အပြုအမူတစ်ခုမှ ကျွန်တော်တို့ထုတ်ယူဆင်ခြင်ကြည့် ကြရအောင်။
မိမိပတ်ဝန်းကျင် မိမိရပ်ရွာ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကြံဥာဏ်များကို ဖော်ထုတ်ကာ လက်တွေ့အသုံးချတတ်သူမျိုးကိုသာ ပညာရှိဟု ခေါ်ဆိုထိုက်သည်မဟုတ်ပါလား  . . .


ဧကရာဇ်မင်းဖြစ်ချင်သော စူလနီဗြဟ္မဒတ်မင်းသည် တစ်ရာ့တစ်ပါးသော မင်းတို့ကို သူ့လက်အောက်ခံအဖြစ် သိမ်းသွင်းပြီးဖြစ်သော်လည်း နောက်ဆုံးလက်ကျန်အဖြစ် တိုင်းပြည်တစ်ခု ကျန်နေပါသေးသည်။၎င်းတိုင်းပြည်မှာ ပညာရှိအမတ် မဟော်သဓာရှိရာ မိထိလာပြည်ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတိုင်းပြည်ကို သိမ်းပိုက်ဖို့ရန် စူလနီဗြဟ္မဒတ်မင်းသည် သူ၏ခေါဘဏီတပ်ကြီးဖြင့် မိထိလာကို ၀ိုင်းလေတော့သည်။ မြို့တွင်းသို့ဝင်ဖို့ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မဟော်သဓာ၏ ပညာစွမ်းကြောင့် မြို့တွင်းသို့ပင်ဝင်၍မရ ဖြစ်လေသည်။ ထိုအခါ စူလနီဗြဟ္မဒတ်မင်း စိတ်ဓာတ်ကျ၍ တပ်ခေါက်ပြန်မည်ဟု ပြင်ဆင်သောအခါ ကေ၀ဋ်ပုဏ္ဏားက မဟော်သဓာနှင့် စကားစစ်ထိုးလိုကြောင်း လျှောက်ထားလေသည်။ သူ၏အကြံမှာ  မဟော်သဓာသည် သူ့အဘိုးအရွယ်လောက်ရှိသော ကေ၀ဋ်ပုဏ္ဏားကိုမြင်လျှင် ရှိခိုးလိမ့်မည်။ ထိုအခါရှိခိုးသူက ရှုံးသူဖြစ်သောကြောင့် မိထိလာကို သိမ်းပိုက်ရုံသာ ရှိတော့သည် မဟုတ်ပါလား။ ကေ၀ဋ်ပုဏ္ဏား၏အကြံပေးချက်အတိုင်း မဟော်သဓာထံသို့ ရာဇသံပို့စေလေသည်။ ဤသို့ဖြင့် နောက်တစ်နေ့  နံနက်တွင် မြို့တံခါးဖွင့်ကာ မဟော်သဓာ ထွက်လာလေသည်။


စကားစစ်ထိုးမည့်နေရာ၌ နှစ်ဦးရင်ဆိုင်တွေ့သောအခါ ကေ၀ဋ်ပုဏ္ဏားက သူ့အတွက် မည်သည့်လက်ဆောင်ပါလာပါသလဲဟု မေးသည်။ မဟော်သဓာက “ပညာရှိကြီးအတွက် လက်ဆောင်ကောင်း ယူလာပါသည်”ဟုပြောကာ ၀ိဒေဟရာဇ်မင်းကြီးထံမှ တောင်းယူလာခဲ့သော နန်းစဉ်ပတ္တမြားကို ကေ၀ဋ်ပုဏ္ဏားလက်သို့ မရောက်မီ သူ့ခြေထောက်အောက်သို့ ရောက်သွားအောင် အသာပစ်ချလိုက်ပါသည်။ ကေ၀ဋ်ပုဏ္ဏားသည် အရောင်တောက်နေသော ပတ္တမြားကိုမြင်သောအခါ လိုချင်လောဘ တက်လာသောကြောင့် အငမ်းမရအတင်းကုန်းကာ လိုက်ကောက်လေသည်။ မဟော်သဓာသည် သူ့ရှေ့မှာ ကုန်းကုန်းကွကွလုပ်နေသော ကေ၀ဋ်ပုဏ္ဏားကို လည်ကုပ်မှဖိနှိပ်ကာ “ကေ၀ဋ်ပုဏ္ဏားကြီး ထပါ။ ကျွန်ုပ်ကို မရှိခိုးပါနဲ့”ဟု ပြောလေသည်။ ထိုအခါ မဟော်သဓာ၏ တပ်သားများကလည်း “ကေ၀ဋ်ပုဏ္ဏား မဟော်သဓာကို ရှိခိုးနေပြီ” ဟု ငြာသံပေးကာ ၀ိုင်းအော်ကြလေသည်။ ၎င်းအခြင်းအရာကို မြင်သော စူလနီဗြဟ္မဒတ်မင်းနှင့်တကွ တစ်ရာ့တစ်ပါးသော မင်းတို့ အပါအ၀င်  ပဉ္စာလရာဇ်တပ်ကြီးသည် ၀ရုန်းသုန်းကားဖြစ်ကာ ထွက်ပြေးကြလေတော့သည်။


သူ့တိုင်းပြည် ရန်သူ့လက်မှ လွတ်မြောက်ဖို့ မဟော်သဓာအသုံးပြုခဲ့သော လက်နက်မှာ ပတ္တမြားတစ်လုံးသာ ဖြစ်ပါသည်။ တကယ်တော့ ၎င်းပတ္တမြားသည် ၀ိဒေဟရာဇ်မင်းကြီး၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလာခဲ့သော နန်းစဉ်ပတ္တမြားဖြစ်ပါသည်။ နန်းတော်ထဲမှာ ခေတ်အဆက်ဆက် အလှပြရုံ၊ ဂုဏ်ယူဝံ့ကြွားရုံသက်သက်အဖြစ် သိမ်းဆည်းထားခဲ့သော ပတ္တမြားဖြစ်ပါသည်။ သာမန်လူတို့အတွက် ဘာမှမထူးခြားသော ၎င်းပတ္တမြားသည် မဟော်သဓာ၏ မျက်လုံးထဲမှာတော့ ထူးခြားသည့်ပတ္တမြားတစ်လုံး ဖြစ်ခဲ့ပါသည်။ ဒီပတ္တမြားကို ငါ့တိုင်းပြည်အတွက် ဘယ်လိုအသုံးချမလဲဟု မဟော်သဓာ စဉ်းစားသည်။ ထို့နောက်တိုင်းပြည်မှာ အရေးကြုံလာသောအခါ ၎င်းပတ္တမြားကို သူအကွက်ကျကျ အသုံးချခဲ့သည်။ ၎င်းပတ္တမြားကြောင့် သူ့တိုင်းပြည်လွတ်မြောက် လာခဲ့ရသည်။


အလှပြရုံသက်သက်ထားသော ပတ္တမြားကို သူ့တိုင်းပြည်လွတ်မြောက်ဖို့အတွက် အသုံးချခံ ပစ္စည်းတစ်ခုအဖြစ် မဟော်သဓာ မြင်နိုင်စွမ်းခဲ့ပါသည်။ ထိုကဲ့သို့မြင်တတ်သောကြောင့်လည်း မဟော်သဓာကို အများက ယုံကြည်အားကိုးစွာ ပညာရှိဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ ပညာရှိဆိုတာ စာကြည့်တိုက်ထဲမှာ အချိန်ကုန်ပြီးစာတောပေတောထဲက မထွက်ဘဲ စာသံပေသံနှင့် စကားကြီး စကားကျယ် ပြောတတ်သူမျိုးမဟုတ်ပါ။ မိမိပတ်ဝန်းကျင်  မိမိရပ်ရွာ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကြံဥာဏ်များကို ဖော်ထုတ်ကာ လက်တွေ့အသုံးချတတ်သူမျိုးကိုသာ ပညာရှိဟုခေါ်ဆို ထိုက်သည်မဟုတ်ပါလား။


ကျွန်တော်သည် မဟော်သဓာ၏ အပြုအမူကို ဖတ်ကြည့်ပြီးနောက် မှတ်ချက်ချမိပါသည်။ ဘုရင် သို့မဟုတ် သမ္မတ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်တို့၏ အနားမှာနေသော အကြံပေးပုဂ္ဂိုလ်တို့သည် မဟော်သဓာ ကဲ့သို့ ပညာဥာဏ်နှင့် ပြည့်စုံဖို့လိုပေလိမ့်မည်။ ထိုကဲ့သို့ ပညာဥာဏ်နှင့် ပြည့်စုံမှသာ တိုင်းပြည်သာယာဝပြောပြီး တိုင်းသူပြည်သားတို့၏ အသက်အိုးအိမ်စည်းစိမ်များလည်း တည်တံ့နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ မဟုတ်ဘူးဆိုလျှင်တော့...။

Written by: မောင်ကြည်
http://www.news-eleven.com

Wednesday, February 5, 2014

မေတ္တာသည်သာ စမ်းရေပမာ

မေတ္တာသည်သာ စမ်းရေပမာ

ကျွန်မတို့ မြန်မာ နိုင်ငံသူ ၊ နိုင်ငံသား အားလုံးအတွက် အမွန်မြတ်ဆုံး ထားကြသည်မှာ ဘုရား၊ တရား၊ သံဃာနှင့် မိဘ၊ ဆရာသမား များပင် ဖြစ်ကြသည်။ ထိုအထဲတွင် ဘုရား၊ တရားနှင့် သံဃာ ကိုတော့ ကိုးကွယ် ဆည်းကပ် ကြသည်မှာ ဆိုဖွယ်ရာ မရှိသော်လည်း မိဘနှင့် ဆရာသမား ကိုတော့ လူတိုင်း ကိုးကွယ် ရမှန်း၊ ဆည်းကပ် ရမှန်း အသိနည်း ကြသည်။
အရွယ် မရောက်မီ ကလေးဘဝ ကတည်းက လူမှန်းသိပြီး လူလား မြောက်သည် အထိ ကျွေးမွေး သုတ်သင် ပဲ့ပြင်ဆုံးမ ခဲ့သော ပညာများကို သင်ကြား ပေးခဲ့သော ဆရာသမား များသည် လူ့လောက အလယ်တွင် မရှိမဖြစ်သည့် အပြင် အမြဲရပ်တည် နေသော အဓိက ကျသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့အတွက် ကြောင့် လေးလေး နက်နက် ကိုးကွယ် ဆည်းကပ် ရိုသေ ကြဖို့လည်း လိုအပ်သည်။ မိဘ၊ ဆရာသမား များကို ရိုသေ ဆည်းကပ် သည်မှာ ကောင်းသော အကျင့်ဖြစ်သည်။ 

ထို့အတူ ကျွန်မ တို့ ဗုဒ္ဓဘာသာ တွင် အသက်အရွယ် ကြီးသော အဘိုး၊ အဘွား များကိုလည်း ရိုသေ ဆည်းကပ် ကြသည်။ မိမိ၏ အမိ၊ အဖ များကို ကျွေးမွေး ပေးခဲ့သော၊ ပညာသင်ကြား ပေးသော အဘိုး၊ အဘွား ကို မိမိက တစ်ဖန် ပြန်လည် အလုပ် အကျွေး ပြုရသည်မှာ သားသမီး နှင့် မြေးများ၏ တာဝန်ပင် ဖြစ်ပေသည်။ သက်ကြီး ရွယ်အို ဘဝတွင် နေထိုင်ရသော အဘိုး၊ အဘွားများ အားကိုးရာမဲ့ မဖြစ်အောင်၊ စားရမဲ့ သောက်ရမဲ့ ဘဝ မရောက်အောင် ကျွေးမွေး ပြုစုရန်မှာ မိမိတို့၏ လူမှုရေး တာဝန် တစ်ရပ် ဖြစ်ပေသည်။ 
ယနေ့ ကာလဝယ် ကျွန်မတို့၏ သက်ကြီးရွယ်အို မကျန်း မမာ အဘိုး၊ အဘွား များကို နိုင်ငံတော် မှလည်း လိုအပ်သည်များ ပံ့ပိုး စောင့်ရှောက် နေသည့်အပြင် ဘိုးဘွား ရိပ်သာများ ထားရှိပြီး ကြင်နာစွာ ပြုစုပေးလျက် ရှိသည်။ ယခု ထပ်မံ၍ နိုင်ငံတော်မှ အောက်တိုဘာ ၁ ရက်ကို ကမ္ဘာ့ အဘိုး၊ အဘွားများ နေ့ရယ်လို့ သတ်မှတ်ပြီး ကျင်းပ ပေးလိုက် သည်မှာ အင်မတန်မှ ဝမ်းသာ ဂုဏ်ယူဖွယ် ကောင်းလှသည်။ ကျေးဇူးတင် စရာလည်း ကောင်းသည်။ သာဓုခေါ် မိပါသည်ရှင်။ ဘာ့ကြောင့်လည်း ဆိုရင် တချို့သောမိဘများ၊ သားသမီး များသည် တစ်ဦးနှင့် တစ်ဦး အကျိုးပေးခြင်း မတူကြပါ။

 တချို့သော မိဘများသည် အကျိုးပေး ကောင်းကြပြီး တချို့သော မိဘများ ကတော့ အကျိုးပေး မကောင်းပါ။ တချို့ တော့လည်း သားသမီး မရှိ၊ ဆွေမျိုး အားကိုးစရာ မရှိသည့် ဘဝနှင့် ရင်ဆိုင် ကြရသည်။ ထိုသို့သော ဘဝမျိုးများမှာ အင်မတန်မှ သနားဖို့ ကောင်းသည်။ တချို့မှာ ငွေကြေး ထိုက်သင့် သလောက် တတ်နိုင်သည်။ သို့သော် ဘယ်သူ့ကိုမှ အားမကိုးဘဲ နိုင်ငံတော်မှ တည်ထောင် ပေးသော ဘိုးဘွား ရိပ်သာတွင် မှီခိုပြီး နေထိုင် ကြရသည်။ တချို့မှာတော့ သားသမီးများ ရှိကြပါလျက် ဘယ် သားသမီးကမှ တင်ကျွေး မထားနိုင်သည့် အတွက် ခိုကိုး ရာမဲ့ပြီး လမ်းဘေးတွင် တောင်းစား ရသည့် အဖြစ်တွေ ရှိသည်။ အင်မတန်မှ လူ့ဘဝမှာ ရင်နာစရာ ကောင်းသော အဖြစ်မျိုး များပါ။ 
စာရေးသူ ကိုယ်တိုင် ကြုံတွေ့ခဲ့ ဖူးသည်။ ဤသည်ကို တွေ့တိုင်း မိမိလည်း တတ်နိုင်သည့် ဘက်မှ တွေ့သည့် နေရာတွင် မလွတ်တမ်း လှူဒါန်း ခဲ့ဖူးသည်။ ကျွန်မ ကိုယ်တိုင်လည်း အဘိုး၊ အဘွား များကို ဤကဲ့သို့ တောင်းရမ်း စားသောက်ခြင်း မျိုးမလုပ်ရန်၊ ကျွန်မတို့ မြန်မာနိုင်ငံမှ သက်ကြီး ရွယ်အိုများ ပြုစု စောင့်ရှောက်သော နေရာဖြစ်သည့် ဘိုးဘွားရိပ်သာ သို့ အဘိုး၊ အဘွားတို့ သွားပြီး အကူအညီ တောင်းပါရန် နှင့် သွားရောက် နေထိုင်ရန် မှာကြားခဲ့ ဖူးသည်။

 အချို့သော အဘွားများသည် ဘုရား ကျောင်းကန်များမှာ ပန်းကလေး ရောင်းပြီး ရသည့်ငွေနှင့် စားသောက် သည်။ မိဘမဲ့ ကလေးများ၊ တိရစ္ဆာန် ကလေးများကို ကျွေးမွေးပြီး နေထိုင် သည်လည်း တွေ့ဖူးသည်။ ကျွန်မက ထိုအဘွားကို ပြောသည်။ ဘိုးဘွား ရိပ်သာ ရှိသည်။ သွားပါ အဘွားရယ်၊ အဘွား မရှာနိုင်ရင် ဒုက္ခရောက်မှာ လို့ပြောတော့ ငါက လောလောဆယ် ဒုက္ခ မရောက်ဘူး။ ငါ့ကို မှီစားနေတဲ့ မိဘမဲ့ ကလေးတွေ၊ ခွေးလေးတွေ ဒုက္ခရောက်မှာ လို့ ပြန်ပြောတော့ ကျွန်မစိတ်ထဲ အတော်ပင် မကောင်း ဖြစ်ခဲ့သည်။ သူ့ရဲ့ သံယောဇဉ်က မသေးပါလား လို့ တွေးရင်းဖြင့် ကျွန်မလည်း ကိုယ်တတ် နိုင်သမျှ လှူဒါန်းခဲ့သည်။ ထို အဖြစ်အပျက် များကို တွေးရင်း မိဘများ၏ မေတ္တာ တရား အတိုင်းအဆ မရှိ ကြီးမားပုံကို တွေးတော မိပါတော့ သည်ရှင့်။
မိဘများသည် သူတို့မွေးသော သားသမီး များကို သူတို့တွေ ဘယ်လောက် အသက်ကြီးကြီး စောင့်ရှောက်ချင် ကြသည်။ သားသမီးနားမှာ နေချင် ကြသည်။ သားသမီးများ ဘယ်လောက် အသက်ကြီးကြီး ကလေးငယ် လေးလို သဘောထားပြီး ပူပင်တတ် ကြသည်။ သို့သော်လည်း သားသမီးတိုင်း ကတော့ မိဘများ အသက်ကြီး သည့်အခါ စိတ်ရှည်စွာ ပြုစုနိုင်ရန် မလွယ်ကူ ကြပါ။ ဒါဟာ ထားတဲ့ မေတ္တာခြင်း မတူညီကြ လို့ပါပဲ။ ဒါကြောင့် လူကြီးများက ပြောကြသည်။

 မိဘနှစ်ပါးက သားသမီး ဘယ်လောက် များများ ကျွေးနိုင်သည်။ သားသမီးများ ကသာ မိဘနှစ်ပါးကို တင်ကျွေးရန် မလွယ်ကူပါ။ သားသမီးတိုင်း လည်း မဟုတ်ပါ။ တချို့ သားသမီးများ ကြွေးတင်ခံ၍ ပြုစု ကြသည်။ တချို့ သားသမီး များမှာတော့ ချမ်းသာ သော်လည်း အမေမိဘ ကို တော့ တင့်တယ်စွာ မထားနိုင်ပါ။ တချို့ သားသမီး များသည် ဆင်းရဲရဲ ချမ်းသာသာ မိဘများကို အိမ်ပေါ်မှ နှင်ချသည် အထိ ပြစ်မှား ကြသည်ကို တွေ့ရ ပါသည်ရှင့်။
ထို့ကြောင့် ဤသို့သော အကြောင်း အမျိုးမျိုးနှင့် ဒုက္ခ ရောက်နေသော မိအိုဖအို များကို နိုင်ငံတော်မှ ကြည့်ရှု စောင့်ရှောက် ပေးသော ကျေးဇူးတရား သည်လည်း ကြီးမား လှသည်။ သည်လို လူမှုရေး တစ်ရပ် အနေဖြင့် လုပ်ဆောင်ပေး နေသော ဝန်ထမ်းများ၊ ရပ်မိရပ်ဖ များကိုလည်း ကျေးဇူးတင် ထိုက်ပေသည်။
သားသမီးနှင့် မိဘဆိုသည်မှာ လူမှုရေး နယ်ပယ်တွင် ဖြစ်လေ့ ဖြစ်ထရှိသော အကြောင်း များစွာ ရှိသည်။ ကျွန်မတို့ မြတ်စွာဘုရား က မိဘများသည် သားသမီးများ အပေါ် မျှော်လင့်ခြင်း ငါးမျိုး ရှိကြောင်း ပြောခဲ့ ဖူးသည်။ မိဘများ မျှော်လင့်ခြင်း ငါးမျိုးမှာ- 
  • (၁)ငါတို့သည် ငါတို့ သားသမီးများ အပေါ် မေတ္တာထား၍ စောင့်ရှောက် ခဲ့သည်။ ငါတို့ သက်ကြီး အိုမင်းမစွမ်း ဖြစ်လာရင် ငါတို့ကို ပြုစု စောင့်ရှောက် ပါ့မလား။ 
  • (၂) ငါတို့ရဲ့ အမျိုးကို ငါတို့ စောင့်ရှောက် သလို ငါတို့ရဲ့ သားသမီး များက စောင့်ရှောက်ကြ ပါ့မလား။ 
  • (၃) ငါတို့ရဲ့ဘာသာ၊ သာသနာကို ငါတို့ ကိုးကွယ် ဆည်းကပ်သလို သားသမီးများ ထိန်းသိမ်း စောင့်ရှောက် ဆည်းကပ်ကြ ပါ့မလား။
  • (၄) ငါတို့က မိဘ အမွေအနှစ် များကို စောင့်ရှောက် သလို ငါတို့ သားသမီး များက စောင့်ရှောက် ကြပါ့မလား။
  • (၅) ငါတို့ သေဆုံးသည့် အခါ ငါတို့ ရှာဖွေခဲ့သော ပစ္စည်းများကို စောင့်ရှောက် ပါ့မလား၊ ကုသိုလ်ပြု ၍ အမျှပေး ဝေကြ ပါ့မလား စသည့် မျှော်လင့်ခြင်း ငါးမျိုးဖြင့် မျှော်လင့် ကြသည်။

ထို့ကြောင့် ကျွန်မတို့နှင့် ကျွန်မတို့၏ သားသမီးများ၊ မြေးများ သိရှိနိုင်ရန် တစ်ဆင့် တစ်ဆင့် ကြားနာ၍ သွန်သင် ပြောဆို ဆုံးမပေးရန် လိုအပ်လှ ပါသည်။ ထို့ကြောင့် မင်္ဂလာ တရားတော်အရ- 
  • (၁) အသက်ကြီး သူကို ငယ်သူက ရိုသေခြင်း၊ 
  • (၂) ပညာရှိသူကို လေးစားခြင်း၊ 
  • (၃) ပစ္စည်းရှိသော သူသည် ပစ္စည်းမဲ့သူကို ကူညီခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ 
  • (၄) ကိုယ့်ကို ပြုစု စောင့်ရှောက် ပေးသောသူကို ကိုယ်က တစ်ဖန်ပြန်၍ ပြုစုပေးခြင်း၊ 
  • (၅) ဆွေမျိုး မိတ်ဟောင်း များကို မမေ့လျော့ခြင်း၊ 
  • (၆) မိမိထက် ဂုဏ်ကြီးသူကို ရိုသေခြင်း။

သို့ပါ၍ လမ်းသွားရင်း လူကြီးသူမ များတွေ့ သောအခါဝယ် လက်အုပ်ချီ၍ ရိုသေသမှု ပြုခြင်း စသည်ဖြင့် လိုအပ် ပေသည်။ ထို့အတွက် ကျွန်မတို့ တတ်နိုင်သမျှ မိဘများကို ပြုစု စောင့်ရှောက် ခြင်းဖြင့် ဘိုးဘိုး ဘွားဘွားများ၏ ကျေးဇူးတရား များကို ဆပ်နိုင်ကြ ပါစေ။ ဤ ဆောင်းပါးဖြင့် ဘိုးဘိုး ဘွားဘွားများ အသက် ရာကျော် ရှည်၍ မြတ်စွာဘုရား ၏ တရားဓမ္မများ ဆောက်တည် အားထုတ် ကျင့်ကြံ နိုင်ကြ ပါစေကြောင်း ဆုမွန် တောင်းရင်း ဦးညွတ် ကန်တော့ လိုက်ပါရ စေရှင့်။
အဘိုးအဘွား များကို ပြုစုသူများ ချမ်းသာ ကြီးပွား တိုးတက် နိုင်ပါစေ။ ။

မန်းခင်ခင်

Tuesday, February 4, 2014

တိုင်ထိပ်ပေါ်က သပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်



တိုင်ထိပ်ပေါ်က သပိတ်တော် (သို့) ရာဇဂြိုဟ်သူဋ္ဌေးရဲ့ ဘာသာရေး ရှာပုံတော်

ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် မင်္ကုလတောင် “ချရားတော”မှာ ဆဋ္ဌမမြောက်ဝါ ဆို၊၀ါကပ်ေ တာ် မူပါတယ်၊ တိတ္ထိဂိုဏ်းဆရားကြီး (၆)ယောက်တို့လည်း သူတို့ကိုယ်သူ တို့ ဘုရားဟုပြောဆိုကြပြီး ဗုဒ္ဓမြတ်စွာနှင့် ရောယောင်ကာလူတွေအထင်ကြီးစေရန် ဗုဒ္ဓမြတ်စွာ ၀ါဆိုတော်မူရာ ရာဇဂြိုလ်မှာပဲ နေထိုင်ကြပါတယ်။

ဝါကျွတ်ကာလတစ်ရက်မှာတော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးတစ် ဦးဟာ နောက်ပါ အခြွေအရံ တွေနဲ့ အတူ ဂင်္ဂါမြစ်ထဲမှာ ရေကစားကြပါတယ်၊ ဒီလိုရေကစားတဲ့အခါ မှာ မြစ်ထဲကကနေ အမှိုက်သ ရိုက်ေ တွ၊ တိရိစ္ဆာန်အသေကောင်စတာေ တွ ရေကစား တဲ့နေရာကို ရောက်မလာနိုင်အောင် လေးဘက်ေ လးတန်မှာ ပိုက်ကွန်တွေ ကာရံပြီးမှ စိတ်အေးလက်အေးကစားကြတာဖြစ်ပါတယ်။

ဒီလိုသူဋ္ဌေးကြီးနဲ့ အခြွေအရံတွေရေးကစားနေတုန်း ပိုက်ကွန်မှာ သစ်တုံးတစ် တုံးလာညိပါတ ယ်။ သစ်တုံးဆိုပေမဲ့ သာမာန်သစ်တုံးမဟုတ်ပဲ အဖိုးများစွာထိုက် တန်တဲ့ “စန္ဒကူးနှစ်”စစ်စစ်ဖြစ်ပါတယ် ၊ အထက်ဟိမ၀န္တာတောမှမြစ်ရိုး တစ်လျှော က်ရေစီးနဲ့မျောပါလာပြီး မြစ်ကွေ့ကျောက်ဆောင်၊ကျော က်စွန်းတွေနဲ့ ပွတ်တိုက်ခဲ့လို့ အကာမရှိတော့ပဲ အနှစ်သက်သက်မို့ တန်ဘိုးအနဂ္ဃ ထိုက်တန် လှပါတယ်။

သူဋ္ဌေးကြီးဟာ ဒီစန္ဒကူးနှစ်ကို အိမ်သို့ယူဆောင်သွားပြီး ဘယ်လိုအသုံးပြုရမလဲ ဆိုတာ တွေးေ တာနေပါတယ်။ နောက်ဆုံးမှာသူဋ္ဌေးကြီးဟာ တစ်ချက်ခုတ် နှစ်ချ က်ပြတ်ဆိုသလို အကျိုးလည်းရှိ သူရဲ့ ယုံးမှားသံသယကိုလည်းပယ်ဖျောက်ပြီး ကိုးကွယ်ရာအစစ်ကို ရှာဖို့ရန်အတွက် စန္ဒကူးနှစ်ကို အသုံးပြု ဘို့ဆုံးဖြတ်လိုက်ပါတယ်။ သူဋ္ဌေးကြီးဟာ အဲဒီအချိန်က ဘယ်ဘာသာကို ကိုးကွယ်ရမှန်း မသိပဲ ဖြစ်နေ တာပါ၊ ဘယ်ဘာသာတရားက မှန်ပြီ၊ ဘယ်ဘာသာကမှားတယ်ဆိုတာကို သူ့မှာရှိတဲ့ အရည်အချင်းနဲ့ မဆုံးဖြတ်မရွေးချယ်နိုင်ဖြစ်နေတာဖြစ်လို့ ဒီစန္ဒကူးနှစ်ကို အကြောင်းပြုပြီး စစ်မှန်တဲ့ ဘာသာတရားကို ရှာဘို့စိတ်ကူးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

လောကမှာ ငါတို့ဟာ ရဟန္တာများဖြစ်ကြတယ်ဆိုပြီးဝန်ခံပြောဆိုကြတဲ့ ဘာသာရေးဂိုဏ်ဆ ရာ တွေဟာ များလှပေတယ်၊ ဘယ်ဘာသာရေးဆရာတွေ ဘယ်ဂိုဏ်ကတွေက ဘုရားအစစ်၊ရဟန္တာအ မှန်ဖြစ်တယ်ဆိုတာ ငါလဲမဆုံးဖြတ်နိုင်ဘူး၊ တကယ်လို့ ရဟန္တာအစစ်ဖြစ်တယ် ဆိုရင် တော့ မလွဲမသွေ တန်ခိုးရှိပြီး ကောင်းကင်ေ ပ်ါတော့ ပျံတက်နိုင်ကြမှာပဲ၊ ဒီလိုကောင်းကင် ပျံတက်နိုင်တဲ့ ရဟန္တာမျိုး၊ဘာ သာတရားမျိုးကိုပဲ ငါရွေးချယ်ကိုးကွယ်မယ် လို့ကြံတွေးပြီး စန္ဒကူးနှစ်ကို သပိတ်ပြု လုပ်ပြီး “အတောင် ခြောက်ဆယ်မြင့်တဲ့တိုင်ထိပ်မှာ သပိတ်ကိုတင်ထားပြီး လောကမှာ ရဟန္တာစစ်စစ်ဖြစ်သူသည် ကောင်း ကင်ကနေကြွလာပြီ် ဤသပိတ်တော်ကို အလှုခံပါ၊ သပိတ်တော်ကိုယူနိုင်သောရဟန္တာအား အသက် ထက်ဆုံး သားမယားနဲ့တကွ ကိုးကွယ်မည်” ဟုသတင်းလွှတ်လိုက်ပါတော့တယ်။

တကယ်တော့ ရာဇဂြိုဟ်သူဋ္ဌေးကြီးဟာ သူများပြောတိုင်းယုံတတ်တဲ့သူ၊ သူများယောင်တိုင်းေ ယာင်တတ်တဲ့ ခပ်ညံ့ညံ့၊အသိဉာဏ်နည်းတဲ့သူမဟုတ်ပါဘူး၊ အသိဉာဏ်မနည်းသလို ဘယ်ဘာသာ တရားကမှ န်လောက်တယ်၊မမှန်လော က်ဘူးစသည်ဖြင့် ဝေဘန်ခွဲခြားဆုံးဖြတ်နိုင်လောက်တဲ့ အသိဉာဏ် မြင့်မား တဲ့သူလည်းမဟုတ်ပါဘူး။ “မျက်စေ့နဲ့တပ်အပ်မြင်တွေ့မှ ယုံကြည်မယ်”ဆိုတဲ့လူ စားမျိုးဖြစ်ပါတယ် ။

“မျက်စေ့ဆိုတာကလည်း ပကတိမျက်စေ့၊ အသိဉာဏ်မျက်စေ့လို့ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပကတိမျက်စေ့ဆိုတာ မွေကတည်းကပါလာတဲ့မျက်စေ့ပါ ၊ ကပတိမျက်စေ့ က မျက်စေ့နဲ့မြင်နိုင် သလော က် မျက်စေ့တစ်ဆုံးကိုသာကြည့်နိုင်၊မြင်နိုင်ပါတယ်။ မျက်စေ့ကွယ်ရာမှာ တော့မြင်နိုင်စွမ်း မရှိပါဘူး၊ အသိဉာဏ်မျက်စေ့ကတော့ ပကတိမျ က်စေ့နဲ့ မမြင်နိုင်တဲ့ အရာတွေကို ဘယ်လောက်ပဲ ဝေးဝေး၊ မည်မျှ ပင်ကြီးကြီးစဉ်းစား ဆင်ခြင်သုံးသတ်ပြီး မြင်နိုင်စွမ်းရှိပါတယ်”

ခုသူဋ္ဌေးကြီးလည်း ပကတိမျက်စေ့သာရှိပြီး၊ အသိဉာဏ်မျက်စေ့မရှိဘူးလို့ပြော ရမှာပါ၊ ဘာလို့ လဲဆိုရင် သာမာန်လောကီပညာရပ်တွေအနေနဲ့လ ည်း ကောင်းကင် ကိုပျံတက်နိုင်တယ်ဆိုတာ သူဋ္ဌေး ကြီးမသိပါဘူး။ အကယ်၍သာ လောကီပညာရှ င်တယောက်ယောက်ကများ ကောင်းကင် ကနေ သပိတ် ကိုယူသွားရင်လည်း သူဋ္ဌေးကြီး ကတော့ တကယ့်ရဟန္တာအစစ်ထင်ပြီး ကိုးကွယ် ဆရာတင်မှာဖြစ်လို့ ရည်ရွယ်ချ က်ကောင်းပြီး ဉာဏ်နည်းပါလို့ သူဋ္ဌေးကြီးမျှော်မှန်းသလို ဘုရားအစစ်၊ဘာသာအမှန်နဲ့ မတွေ့ရဘဲ ကိုးကွယ်လွဲ၊ဆရားမှားပြီး လမ်းမှားကို ရောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူဋ္ဌေးကြီးကံ ကောင်ပါတယ်၊ ဒီလိုကံကောင်းတာကလည်း ရှေ့အတိတ်ဘ ၀များက ပြုလုပ်ခဲ့သော ကုသိုလ်ကံများေ ကြာင့် လမ်းလွဲလမ်းမှား ကို ရောက်မ သွားခြင်းဖြစ်ပါတယ်။

သူဋ္ဌေးကြီးရဲ့ ဘာသာတရားရှာပုံတော် စန္ဒကူးသပိတ်သတင်းဟာ ရာဇဂြိုလ်ပြည်တစ်ပြည်လုံး သတင်းကြီးသွားပြီး တိတ္ထိဆရာကြီးမျာားဖြစ်ကြတဲ့ ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတ ကေသကမ္ဗလာ၊ ပကုဓကစ္စာယန၊ သိဉ္ဇည်းဆရာကြီး သဉ္စယဗေဋ္ဌိပုတ္တ နှင့် ဂျိန်းဆရာကြီး နိဂဏ္ဌနာဋပုတ္တ စတဲ့ ဘုရားအမည်ခံ တိတ္ထိဂုဏ်(၆)ဂိုဏ်ဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပါတယ်။

“အရည်အချင်းမရှိသော သူတို့၏သဘောသဘာဝအတိုင်း လူအထင်ကြီးစေရန်အတွက် အဆောင် ယောင် ဂုဏ်ဒြပ်နောက်လိုက်ပြီး ရယူလိုခြင်းဖြစ်ပါတယ်” ရဟန္တာစစ်စစ်များများစွာရှိသော မှန်ကန်သောအယူဝါဒဖြစ်ဖြစ်သည့် ဗုဒ္ဓသာ သနာတော်၌တွင်မူ အရည်အချင်ရှိ စစ်မှန်သည့် သဘော သဘာဝအတိုင်း ပကတိငြိမ်သက်လျှက်ပ င်ရှိနေပါတယ်။ “အရည်အချင်း အစစ်အမှန် ရှိသူတို့သည် ဘယ်တော့အခါမှ အဆောင်အယောင် ဂုဏ်ဒြပ်နောက်သို့မလိုက်၊ အနှစ်စွန့်၍ အကာနောက်လိုက်လေ့မရှိပေ”

တိတ္ထိဂုဏ်ဆရာ (၆)ယောက်တို့မှာ လူအများအထင်ကြီးပြီး လာတ်လာဘေ ပါများလာစေရန် စန္ဒကူးသပိတ်ကို ရယူချင်ပေမဲ့ ကောင်ကင်ပျံဘို့အ တွက် လောကု တ္တရာဈာန်၊ အဘိဉာဉ်ကို အသာထားလို့ လောကီအဘိဉာဉ်ပင် ရရှထားသူများမဟု တ်၊ နောက်ဆုံး ၀ိဇ္ဇာအတတ်၊ မှော်အတ်စတဲ့ အတတ်လောက်ပင် တတ်မြောက်ထား သူများမဟုတ်သဖြင့် စန္ဒကူး သပိတ်ကို ကောင်းကင်တက်ယူဘို့ ဘယ်လို မှမဖြစ်နိုင်ပါ ဘူး။ ဒါပေမဲ့ သူတို့မှာအတတ်တစ်ခုတော့ရှိပါတယ် ဒါကတော့ ဉာဏ်နီ၊ဉာဏ်နက်သုံးပြီး ဖျားယောင်းသွေးဆောင်လှည့်စားအယုံသွင်းတဲ့အတတ်ပါ၊ ဒီနည်းနဲ့ပဲ ဘာတရားမှမရှိပဲ ဘုရားလို့ကို ယ့်ကိုကိုယ်ကို အမည်တတ်ပြီးဂိုဏ်ထောင်ခဲ့မဟုတ်လား၊ သူတို့ရဲ့အယုံ သွင်းမှု သွေးဆောင်မှုတွေကို အဟုတ်ထင်အမှန်ထင်ပြီး ကိုးကွယ်တဲ့လူတွေကလဲ သူဋ္ဌေးကစ သူဆင်းရဲအထိ အလွှာစုံရှိနေကြေ တာ့၊ အခု စန္ဒကူးသပိတ်ရရှိရေး အရေးကိစ္စမှာလဲ ဒီနည်းနဲ့ပဲ သပိတ်ကိုရယူနိုင်လိပ်မယ်လို့ အပိုင် တွက်ထားကြတာဖြစ်ပါတယ်။

တိတ္ထိဂိုဏ်ဆရာကြီးတွေဟာ သူတို့ရဲ့မာယာနဲ့ စန္ဒကူးသပိတ်ကိုရယူဖို့အတွက် သူဋ္ဌေးကြီးရဲ့ အိမ်ကို တဖွဲ့ပြီးတဖွဲ့သွားရောက်ပြီး သူတို့သာ ရဟန္တာအစစ်ဖြစ်တာကြောင့် စန္ဒကူးသပိတ်ကို သူတို့ ကိုပေးဘို့ ပြောဆိုကြပါတော့တယ်။ သူဋ္ဌေးကြီးကလည်း ရဟန္တာဆိုရင် သူကြေညာထားတဲ့အတိုင်း ကောင်ကင်ပျံတက်ပြီး ယူနိုင်ကြောင်းပြ န်လည်းပြန်လည်ပြောကြားတော့ ဂိုဏ်းခေါင်းဆောင်တ္ထိ ဆရာကြီးဟာ ကော င်ကင်ပေါ်ပျံတက်တော့မဲ့ ပုံသဏ္ဍာန်လုပ်ပါတော့တယ် ဒီအခါမှာ နောက်လိုက်တ ပည့်တပန်းတွေက သူတို့စည်းဝါးရိုက်ထားတဲ့အတိုင်း

“ဆရာကြီးရယ် ဘာမဟုတ်တဲ့ သပိတ်လေးတ စ်လုံးအတွက်နဲ့များ ဆရာကြီးရဲ့ မြင့်မြတ်လှတဲ့ တန်ခိုးတော်တွေကို ထုတ်မသုံးသင့်ပါဘူး” လို့ ၀ိုင်းဝန်း တားမြစ်ကြတာကြောင့် သူဋ္ဌေးကြီးကို “ကဲ ရာဇဂြိုလ်သူဋ္ဌေးကြီး သင်ကြားတဲ့အတိုင်းပဲ ငါကိုယ်တော် ကောင်ကင်ပျံတက်ပြီး စန္ဒကူး သပိတ်ကိုယူမလို့ လုပ်တော့ ငါရဲ့တပည့်တော်က တားမြစ်တောင်းပန်လို့ ငါမတက်တော့ဘူး သင်ရဲ့သပိတ်ကို ဖြုတ်ပြီးငါ့ကိုသာ လှုဒါန်းလိုက်ပါတော့”လို့ အယုံသွင်းပြီး အလှုခံပါတော့တယ်။

ဒါပေမဲ့ ရာဇဂြိုဟ်သူဋ္ဌေးဟာ သူတို့အရင်က အယုံသွင်းလှည့်စားခဲ့တဲ့သူတွေေ လာက် အယုံမ လွယ်တာကြောင့် “ဆရာကြီးတို့ရယ် ကျွနုပ်က ရဟန္တာအစစ်ဆို ရင် ကောင်းကင်ပေါ်ပျံတက်ပြီး သပိတ် ကို အလှုခံပါလို့ ပြောထားပြီးပြီးပဲ အရှင်တို့ တကယ်ရဟန္တာအစစ်၊ ဘာသာတရား အမှန်ဆိုရင် ကောင်းက င်ပေါ်သာ ပျံတက်ပြီးသာ ယူကြပါ” လို့ တင်းခံနေလို့ သူဋ္ဌေးကြီးအိမ်ကနေ အရှက်ရပြီး စိတ်မအီမသာနဲ့ သာ ပြန်သွားကြရတာချည်းပါပဲ။

တိတ္ထိဆရာဂိုဏ်ဆရာကြီးတွေ (၆) ရက်လုံး နည်းပရိယာယ်မျိုးစုံသုံးပြီး စန္ဒကူးသပိတ်ကို အလှုခံကြပေမဲ့လည်း ဘယ်သူမှ သပိတ်ကိုရမသွားကြပါဘူး။ (၇)ရက်မြောက်နေ့နံနက်မှာတော့ အရှင်မောဂ္ဂလာန် နဲ့ အရှင်ပိဏ္ဍောလ မထေရ်တို့ဟာ ရာဇဂြိုဟ်မြို့အတွင်းသို့ ဆွမ်းခံကြွဘို့ရန် သင်္ကန်းရုံနေစဉ်မှာ

“ တကယ်တော့လောကမှာ ရဟန္တာဆိုတာ တကယ်မရှိပါဘူးကွာ ၊ ငါတို့ဟာရ ဟန္တာဖြစ်တယ်ဆိုပြီး ပြောတာပြောနေတာကြ၊ အပြောပဲရှိတယ်၊ ရာဇဂြိုဟ်သူဋ္ဌေးကြီးက ရဟန္တာဆိုရင် စန္ဒကူး သပိတ်ကို ကောင်းကင်ပျံပြီး လာယူပါလို့ပြောတော့ ဘယ်သူမှလာမယူနိုင်ကြဘူး၊ ခုဆို ၇-ရက်တောင်ရှိ နေပြီ၊ နောက်ဆိုရင် ဘုရား၊ရဟန္တာလို့ပြောကြတဲ့သူတွေရဲ့စကားကို ငါတို့နားထောင်စရာမလိုတော့ဘူး” လို့အရက်သမားတွေဟာ အရက်သောက်စားရင်ပြောဆိုနေတဲ့အသံကို မထေရ်နှစ်ပါးကြား သွားပါတ ယ်။

ဒီအခါမှာ အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးမှ အရှင်ပိဏ္ဍောလကို “ ငါ့ရှင် ဒီသေရည်သမား တို့ရဲ့စကားကို အမှုမဲ့အမှတ်မဲ့ နေဖို့မသင့်ပေဘူး၊ ဒကာ၊ဒကာမတွေ ဟာ ရတနာမြတ်သုံးပါး အပေါ်မှာ ယုံးမှားသံသယဖြစ်ပြီး ပြစ်မှားမိကြရင် သံသရာမှာနစ်မွန်းကြပေတော့မည်၊ ဒါကြောင့် ငါ့ရှင်အနေနဲ့ ကောင်ကင်ကို ကြွချီပြီ သပိတ်ကိုဆောင်ယူခဲ့လော့”ဟုတိုက်တွန်း တိုက်တွန်းတော် မူပါတယ်။

အရှင်မောဂ္ဂလာန်မထေရ်မြတ် တိုက်တွန်းတော်မူသောတာကြောင့် အရှင်ပိဏ္ဍော လမထေရ်မြ တ်ဟာ အဘိဉာဉ်တန်ခိုးတော်ဖြင့် ကောင်းကင်သို့ပြန်တက် ကြွချီတော်မူ ပြီး အလျား၊အနံ သုံးဂါဝုတ်ရှိ တဲ့ ကျောက်ဖျာကို ခြေမတော်ဖြင့်ညှပ်ယူပြီး ရာဇဂြိုဟ်မြို့ ပေါ်မှာ အကြိမ်ကြိမ်ကြွချီ စင်္ကြံကြွတော်မူပါ တယ်။ ကျော်ဖျာဟာ ကြီးလွန်းတာကြောင့် ရာဇဂြိုဟ်မြို့ပေါ်ကို အမိုးအုပ်မိုးထား သလိုဖြစ်နေပါတော့ တယ်။

ဒီလို အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ ကျောက်ဖျာကိုဖြေမတော်နဲ့ ညှပ်ပြီးစ င်္ကြံကြွနေတာကို မြို့သူ၊မြို့သားတွေ တွေ့မြင်ကြတဲ့အ ခါမှာ ကျောက်ဖျားကြီး အောက် ကိုပြုတ်ကျလာမည်ကို ကြောက် လန့်ကြပြီး ပုန်းအောင်းသူက ပုန်အောင်း၊ပြေးသူ ကပြေးနဲ့ ထိတ်လန့်တကြား ဖြစ်နေကြပါတယ်။ ဒီအခါမှာ အရှင်ပိဏ္ဍေလဟာ ကျော က်ဖျာကို ထိုးဖောက်ပြီး မိမိကိုယ်ကို ပြတော်မူလိုက်တာကြောင့် ရာဇဂြိုဟ်ပြည် သားတွေဟာ အရှင်ဘုရား ကျောက်ဖျာကြီးကျလာရင် တပည့်တော်တို့သေရပါလိပ် မယ်၊ ကျောက်ဖျာကြီးမကျပါစေနဲ့ ဘုရား ဆိုပြီး လျှောက်ထားကြပါတယ်။

ဒီတော့မှ အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ ကျောက်ဖျာကြီးကို တန်ခိုးနဲ့ မူလနေရာမှာပြန် ထားပြီးရာဇဂြိုဟ်သူဋ္ဌေးရဲ့ အိမ်ပေါ်ကောင်ကင်ယံမှာရ ပ်တော်မူနေပါတယ်။ ရာဇဂြိုဟ်သူဋ္ဌေးကြီးလဲ အရှင်ပိဏ္ဍောလမထေရ်မြတ်ကို “အရှင်မြတ်ဘုရား တပည့်တော်ရဲ့ အိမ်သို့ကြွတော်မူပြီး စန္ဒကူးသ ပိတ်သပိတ်တော်ကို အလှုခံတော်မူပါဘုရား” လို့လျှောက်ထားပြီး မထေရ်မြတ် ဆင်းသက် လာတဲ့အခါ မှာ အိမ်သို့ပင့်ဆောင်ပြီး စန္ဒကူးသပိတ်အတွင်းမှာ စတုမဓူများကို အပြည်ထည့်ပြီး လှုဒါန်းလိုက်ပါတယ်။

အရှင်ပိဏ္ဍောလမထေရ်မြတ် သပိတ်ကိုအလှုခံပြီး ကျောင်းတော် ကိုပြန်ကြွ တဲ့အခါမှာ လူတွေ ဟာ “ အရှင်ပိဏ္ဍောလမထေရ်မြတ်ဟာ တကယ်တန်ခိုးကြီး ပါပေတယ်။ ဟို တိတ္ထိဆရာတွေကတော့ ဘာတန်ခိုးမှလဲမရှိ ဘာတရားမှလဲမရပဲ လူတွေကိုလိမ်စားနေတာပါ” စတဲ့ ချီးမွမ်းစကားတွေပြောပြီး မထေရ်မြတ်နော က်ကနေလိုက်လာကြပါတယ်။

ဗုဒ္ဓမြတ်စွာဟာ အရှင်ပိဏ္ဍောလရဲ့ တန်ခိုးပြတဲ့သတင်းကို ကြားသိပြီး သံဃာတော်တွေကို စည်းဝေးစေကာ နောက်နောင် ရဟန်းတော်များ တန်ခိုးမပြရ ဟု သိက္ခာပုဒ်တော်ဖြင့် ပညတ်တား မြစ်တော်မူပြီး၍ ထိုစန္ဒကူးသပိတ်ကိုလည်း ခွဲစေကာ အမှုန့်ဖြစ်အောင်ကြိတ်စေပြီး မျက်စဉ်းမှုန့် အဖြစ်အသုံးပြုရန် ခွဲဝေပေးစေတော်ပါတယ်။

ဗုဒ္ဓမြတ်စွာဟာ တန်ခိုးပြခြင်းကို တားမြစ်တော်မူခြင်းမှာ သာသနာတော်ကြီး သန့်ရှင်း တည်ပြန့် စေရန်အတွက် တားမြစ်ခြင်းဖြစ်ပါတယ်။ အကယ်၍သာ သိက္ခာပုဒ်ေ တ်ာနဲ့ မတားမြစ်ခဲ့ပါက ဒကာ၊ဒ ကာမတွေဟာ တန်ခိုးရှိတဲ့ သူတွေကိုပဲ ကိုးကွယ်လှုဒါ န်းပါက ဒကာ၊ဒကာတွေအနေနဲ့ သံဃာတော်ေ တွနဲ့ စပ်၍ရရှိလာမဲ့ ကုသိုလ်တွေဟာ ယုတ်လျှော့သွားနိုင်ပါတယ်၊ ဒါအပြင် သံဃာတွေအနေနဲ့လည်း တန်ခိုးဣတ္ထိပါဒ်ရရှိေ ရးကိုသာ အလေးထားလိုက်စားနေပြီး သာသနာတော်ရဲ့အသက်သွေးကြော ဖြစ်တဲ့ ပရိယတ္ထိဘက်မှာ ကြိုးစားအားထုတ်မှု မရှိဖြစ်သွား နိုင်ပါတယ်။

ပိုဆိုးတာက လူဒကာ၊ဒကာမတွေ အထင်ကြီး ကြည်ညိုစေဘို့ တန်ခိုးဣတ္ထိပါဒ် ရရှိစေရန်အ တွက် လောကုတ္တရာဈန်၊အဘိဉာဉ်တွေကို ရရှိအောင်အားထုတ် တာမျိုးမဟုတ်ပဲ ၀ိဇ္ဖာ၊ဂန္ဒာရီ၊စတဲ့ သာသနာပလောကီလိုင်းတွေေ နာက်လိုက်စားသွားေ စနိုင်မကပဲ စုန်းကဝေ၊မှော်စတဲ့ေ အာက်လမ်းနည်းပညာတွေကိုပါ လိုက်စားသွားနိုင် ပါတယ်။ ဒီလို လောကီလိုင်း၊ အောက်လမ်းနည်းတွေကို လူတွေအ ထင်ကြီးစေရန် လိုက်စားကြမည်ဆိုပါက ဆင်းရဲကြီးစွာ တည်ထောင် ရှာဖွေထားခဲ့တဲ့ ဗုဒ္ဓသာသနာေ တ်ာဟာ အချိန်တိုအတွင်းမှာ မလွဲမသွေ ပျောက်ကွယ်သွားမှာကို ကြိုတင်သိမြင်တဲ့ အတွက် သိက္ခာပု ဒ်တော်ဖြင့် တားမြစ်ခြင်းဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပွင့်တော်မူခဲ့ရာ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ကွ ယ်ပျောက်ခဲ့ရခြ င်း အကြောင်း များစွာထဲမှာ ဗေဒင်၊၀ိဇ္ဇာ၊အောက်လမ်း စတဲ့လောကီအတတ်ပညာေ တွကို လိုက်စာခဲ့ခြင်း ဟာလည်း အဓိကအကြောင်းအရာတခုပဲဖြစ်ပါတယ်။ ယခုလည်း ဗုဒ္ဓဘာသာ ထွန်းကားရာ နိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊ထိုင်းကဲ့သို့သော နိုင်ငံတွေမှာ ဗုဒ္ဓဘာသာခေါင်းစဉ် အောက်က နေ ထိုလောကီအတတ်ပညာတွေကို ဦးစားပေး လိုက်စားနေတာ ကိုတွေ့နေရပါတယ်။ ဒါတွေဟာ အမှန်တော့ ကိုယ့်ဘာသာ ကို ပြန်လည်၍ အားနည်း၊ယုတ်လျော့အောင်လုပ်တေဲ့ အတွင်းပိုး များဖြစ်လို့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ထိုလောကီ လိုင်းတွေကို အားပေးအားမြောက်မပြုသင့်ပါဘူး။

တွေ့ကြုံဘို့ခက်ခဲလှတဲ့ ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့ခိုက်မှာ ကုသိုလ်အခွင့်အေ ရးကို ပြည့်ပြည့်၀၀ အသုံးချ၍ မြတ်ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓသာဝကများဖြစ်အောင် လိုက်နာကျင့်သုံး အားထုတ်သင့် လှပါတယ်။

(မိမိအကျိုး၊ သူတပါးတို့၏အကျိုး၊ ထိုနှစ်မျိုးအား၊ သည်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ


Monday, February 3, 2014

“စကား”


“စကား”

တစ်နေ့ ဘုန်းဘုန်းတစ်ပါးတည်း ဆရာဝန်ရက်ချိန်းပြည့်လို့ ဆေရုံးသွားပြတုန်းက ဆေးရုံမှာ ဆရာဝန်နဲ့တွေ့ဖို့ အကြာကြီး စောင့်လိုက်ရတဲ့ အဖြစ်နဲ့ကြုံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ရောက်ပြီး သိပ်မကြာဘူး ဆရာဝန်ကြီးနဲ့ တွေ့ခွင့်ရတတ်ပါတယ်။ အဲဒီနေ့က ဆရာဝန်းကြီးမှာ လူနာ မကြည့်အားနိုင်သေးဘဲ ပြဿနာ ဖြေရှင်းပေးနေရတဲ့အတွက် အကြာကြီး စောင့်နေရခဲ့ရတာပါ။ အဲလိုစောင့်နေရတာကို အားနာတဲ့အတွက် သူနာပြုဆရာမလေး တစ်ယောက်က တောင်းပန်ရှာ ပါတယ်။

သူနာပြု ဆရာမလေး တစ်ယောက်နဲ့ လူနာစောင့် မိန်းကလေးတစ်ယောက် ပြဿနာဖြစ်ပြီး ဆရာဝန်ကြီးဆီရောက်လာတဲ့ အတွက် ဆရာဝန်ကြီးက ဖြေရှင်းပေးနေရလို့ ခဏသီးခံပြီး စောင့်ပေး ပါလို့ ရိုရိုသေသေ ပြောရှာပါတယ်။ သိတဲ့အတိုင်း ဘုန်းဘုန်းလည်း စပ်စပ်စုစု ဘယ်လိုဖြစ်ကြ တာလဲလို့ မေးလိုက်မိပါတယ်။

ဒီတော့ သူနာပြုဆရာမလေးက “တစ်ခြားမဟုတ်ဘူး အရှင်ဘုရားရေ… စကား… စကား… ပေါ့ဘုရား… စကားပြော မှားကြတာပေါ့ဘုရား..”လို့ တိုတိုပဲ ပြောပြီးထွက်သွားပါတယ်။ ဘုန်းဘုန်းလည်း သူနာပြုဆရာမလေး ပြောတာကို နားထောင်ပြီး ဆရာဝန်ကိုစောင့်ရင်း အတွေးနယ်ချဲ့မိပါတော့တယ်။

“အော်… စကား… စကား… တစ်ခါတစ်ရံ စ ရာကနေ ကား သွားတတ်ပါလား” လို့ ကလေးကလား အတွေးပွားမိပါတယ်။ ဟုတ်တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ စတာနောက်တာလေးကစပြီး အကြီးအကျယ် ရန်ဖြစ်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ သေချာပြန်တွေးကြည့်ရင် တစ်ဦးနဲ့ တစ်ဦးကြားမှာ စကားအပြော မတတ်ကြလို့၊ စကားအပြောမှားကြလို့ နားလည်မှုလွဲရာကနေ ပြဿနာတွေ ဖြစ်တတ်တာကို တွေ့ရမှာပါ။ “အပြောမတတ်တော့ ဆဲသလို” ဆိုတဲ့ မြန်မာစကားပုံလိုပေါ့။

စကားအပြော မတတ်တဲ့အတွက် တစ်ဘက်လူမှာ ပိတ်သလေးနဲ့ ဘေးပြစ်သလို ခံရတဲ့အဖြစ်တွေ မနည်းပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ ဒါတွေဟာ စကားကြောင့် ဖြစ်ရတာတွေပါ။ ဒါကြောင့် စကားပြောတဲ့အခါမှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားမျိုးထက် သိမ်မွေးနူးညံ့ပြီး ချိုသာတဲ့ စကားလေးတွေကို ရွေးပြီးပြောဆိုတတ်ဖို့ အရေးကြီးပါတယ်။ သူသူကိုယ်ကိုယ် ချိုသာနူးညံ့တဲ့ စကားကိုပဲ ကြားချင်ကြတာပါ။

တစ်ခြားသူမပြောနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတွေးကြည့် စဉ်းစားကြည့်ပါ။ ကိုယ့်ကိုအပြစ်ပြောတဲ့စကား အပုတ်ချတဲ့စကား ရိုင်းစိုင်းတဲ့စကားဆိုရင် မခံနိုင်ကြပါဘူး။ ဒီလိုပဲ ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်တိုင်မခံနိုင်တဲ့စကားမျိုးကို သူတစ်ပါးကိုလည်း မပြောမိအောင် ကြိုးစားသင့်ပါတယ်။ အမှန်တော့ ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ကြပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အားလုံးသိပြီးသား ကြားဖူးသားဖြစ်တဲ့ ဇာတ်တော်လေးအကြောင်း ပြောပြလိုပါတယ်။ ကြားဖူးထပ်မံပေါ့။ ဇာတ်တော်ရဲ့ အမည်က “နန္ဒိဝိသာလ ဇာတ်တော်”ပါ။

ရှေးတုန်းက တက္ကသိုလ်ပြည်မှာ ဂန္ဓာရမင်း ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ နွားမျိုးမှာ လာဖြစ်ပါတယ်။ တစ်နေ့ ဘုရားလောင်းနွားလားရဲ့ သခင်ဟာ ဘုရားလောင်းနွားကို ပုဏ္ဏားတစ်ယောက်ထံ လှူလိုက်ပါတယ်။

ပုဏ္ဏားဟာ ဘုရားလောင်းနွားကို နန္ဒိဝိသာလလို့ အမည်ပေးပြီး မြက်မကျွေးဘဲ ယာဂု၊ထမင်း စတာတွေကို ကျွေးတဲ့အတွက် ဘုရားလောင်းနွားဟာ အလွန်ခွန်အားကောင်းတဲ့ နွားလား ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဘုရားလောင်းနွားဟာ ပုဏ္ဏားကြီးကို မွေးကျေးဇူးဆပ်ချင်တဲ့အတွက် “ပုဏ္ဏား သွားပါ။ ဒီမြို့မှာရှိတဲ့ ဂေါဝိတ္တကသေဋ္ဌေးကို ငါ့နွားဟာ လှည်းတစ်ရာကို ရုန်းနိုင်တယ်လို့ ပြောပြီး အသပြာတစ်ထောင်ကြေး အလောင်းအစားလုပ်ပါ” ပါလို့ ပြောပြီး လောင်းခိုင်းပါတယ်။ ဒီလိုနဲ့ အလောင်းအစား ဖြစ်တယ်လို့ ဆိုကြပါစို့..။

ပုဏ္ဏားဟာ လှည်းအစီးတစ်ရာကို သဲကျောက်အပြည့်တင်ပြီး လှည်းဦးမှာထိုင်ကာ “ဟဲ့… ကောက်ကျစ်တဲ့နွား၊ ရိုင်းစိုင်းတဲ့နွား ရုန်းလိုက်စမ်း” စတဲ့ ကြမ်းတမ်းတဲ့ စကားတွေနဲ့ လှည်းကိုမောင်းပါတယ်။ ဒီအခါ ဘုရားလောင်းနွားဟာ လုံးဝမရုန်းဘဲ စုံရပ်နေလို့ ပုဏ္ဏားကြီး လောင်းကြေးရှုံးသွားပါတယ်။

ပုဏ္ဏားကြီးဟာ ငွေတစ်ထောင်ရှုံးလို့ စိတ်မချမ်းမသာဖြစ်နေတုန်း ဘုရားလောင်းနွားလားက ပုဏ္ဏားကြီးကို “ပုဏ္ဏား.. ငါဟာ ဒီအိမ်မှာနေလာခဲ့တာ ကြပါပြီ၊ ငါ့ကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ပစ္စည်းဥစ္စာဆိုတာ၊ သင့်အကျိုး ပျက်ဆီးသွားတယ်ဆိုတာ မရှိဖူးပါဘဲနဲ့ ဘာကြောင့် ငါ့ကို ဒီလို ရိုင်းစိုင်း ကြမ်းတမ်းတဲ့စကားတွေနဲ့ ပြောခိုင်းရတာလဲ… သွားပါ… နောက်တစ်ခါ အသပြာ နှစ်ထောင်ကြေး လောင်းကြေးထပ်ပါ။ ပြီးတော့ ငါ့ကို ကြမ်းတမ်းတဲ့ စကားတွေ မပြောမိအောင် သတိထားပါ” ဟုပြောပြီး အလောင်းအစား ထပ်လုပ်ခိုင်းပါတယ်။

ဒီတစ်ခါတော့ ပုဏ္ဏားကြီးက “လိမ္မာတဲ့ ချစ်သား… ရုန်းပြလိုက်စမ်းပါ… ကြိုးစားလိုက်စမ်းပါ..” ဆိုတဲ့ နူးညံ့သိမ်မွေ့တဲ့ စကားတွေနဲ့ ခိုင်းတဲ့အတွက် ဘုရားလောင်းနွားလားဟာ အလွယ်တကူပဲ ရုန်းပြပြီး လောင်းကြေးကို အနိုင်ရစေခဲ့ပါတယ်။

ဒီဇာတ်တော်ဟာ မြတ်စွာဘုရားရဲ့ တကယ့်အဖြစ်မှန် အတိတ်ဇာတ်ကြောင်းလေးပါ။ ဒီဇာတ် တော်ကို ကြည့်မယ်ဆိုရင် ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ဘူးဆိုတာ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီဥပမာကို သာဓကယူပြီး ကြမ်းတမ်းတဲ့စကားကို မပြောဆိုမိအောင် အထူးသတိပြု ဆင်ခြင်သင့်လှပါတယ်။

မှန်ပါတယ်။ တကယ်တော့ ပါးစပ်ဆိုတာ စားဖို့နဲ့ ပြောဖို့သဘာဝက ဖန်တီးပေးထားတာဖြစ်တဲ့ အတွက် ပါးစပ်ပါရင်တော့ ပြောကြမှာပါ။ အဲလိုပြောတဲ့အခါမှာသာ သတိပြုဆင်ခြင် ပြောဆိုကြဖို့ပါ။ ပါးစပ်ကထွက်တဲ့ စကားဟာ ရိုင်းစိုင်းတဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှုတ်ကထွက်တဲ့ စကားကြောင့်ပဲ ဘ၀မှာ ပစ္စုပ္ပန်သံသရာ ကောင်းကျိုးဆိုးကျိုးတွေကို ဖြစ်စေလို့ပါ။

နှုတ်ကထွက်တဲ့စကားဟာ ကုသိုလ်ဖြစ်မယ့်စကားမျိုးဆို ကောင်းကျိုးဖြစ်စေပြီး အကုသိုလ်ဖြစ်မယ့် စကားမျိုးဆို မကောင်းကျိုးကို ဖြစ်စေတဲ့အတွက်ပါ။ စာလိုပြောရင် သုစရိုက်နဲ့ ဒုစရိုက်ပေါ့။

 ဗုဒ္ဓစာပေများမှာ စကားနဲ့ပတ်သက်လို့
♦ မုသာဝါဒဆိုတဲ့ မဟုတ်မမှန် လိမ်ညာပြောဆိုတဲ့ စကား၊
♦ ပိသုဏ၀ါစာဆိုတဲ့ ချောပစ်ကုန်းတိုက်တဲ့ စကား၊
♦ ဖရုသ၀ါစာဆိုတဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကား၊
♦ သမ္ဖပ္ပလာပ၀စာဆိုတဲ့ အပေါ့အဖျင်း အနှစ်ကင်းပြီး
♦ အကျိုးမရှိတဲ့ စကားများ မပြောဆိုမိဖို့၊

ဒီစကားများကို ရှောင်ကြဉ်ပြီး သမ္မာဝါစာလို့ခေါ်တဲ့ မှန်ကန်တဲ့စကားမျိုး ပြောဆိုဖို့ လမ်းညွှန် ပြသပါတယ်။ သမ္မာဝါစာဆိုတာ ခုနပြောခဲ့တဲ့ စကားတွေရဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ မှန်ကန်တဲ့စကား၊ ချောပစ်ကုန်းတိုက်မှုမှ ရှောင်ကြဉ်တဲ့စကား၊ နူးညံ့သိမ့်မွေ့တဲ့စကား၊ အနှစ်ရှိတဲ့စကားတွေကို ပြောတာပါ။

ဟုတ်ပါတယ်။
♦ စကားဆိုတာ ပြောတိုင်း မကောင်းသလို ပြောကောင်းတိုင်းလည်း မပြောရပါဘူး။
♦ တစ်ခါတစ်ရံ ပြောကောင်းကောင်းနဲ့ ပြောနေပေမယ့် ကိုယ်ပြောတဲ့စကားတွေဟာ အနှစ်မရှိ အရေမရ အဖတ်မရ၊ သူလည်းအကျိုးမရှိ၊ ကိုယ်လည်းအကျိုးမရှိတဲ့ စကားမျိုးတွေသာ ဖြစ်နေတတ် ပါတယ်။

♦ တစ်ခါတစ်ရံ တစ်ဘက်သားကို အပြစ်ပြောတဲ့စကားတွေ ဖြစ်နေတတ်ပြီး
♦ တစ်ခါတစ်လေ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားတွေလည်း ဖြစ်နေတတ်ပါတယ်။
ဒီလို အကျိုးမရှိတဲ့ စကားတွေကြောင့်ပဲ တစ်ဦးနဲ့တစ်ဦး ပြဿနာတွေဖြစ်၊ အထင်မှား အမြင်မှား တွေဖြစ်ပြီး နောက်ဆုံးမခေါ်နိုင် မပြောနိုင်ဖြစ်ကုန်ကြတာပါ။ ဒါတွေဟာ အရင်းစစ်လိုက်တော့ စကားကြောင့်ဆိုတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း ရှေးရှေးပညာရှိများဟာ စကားကို လိုမှပြောပြီး မလိုရင်ဘာမှ မပြောဘဲ နေလေ့ရှိကြတာပါ။

မြန်မာ့ဗုဒ္ဓသာသနာ့ သမိုင်းမှာ ရေငုံဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ ဆရာတော်ဟာ စာချချိန်၊ တရားဟောချိန်၊ ဆွမ်စားချိန်နဲ့ အိပ်ချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ပါးစပ်ထဲရေငုံပြီး နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေငုံဆရာတော်လို့ အမည်တွင်ခြင်းဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလိုရေငုံထားရတာလဲ ဆိုရင် ပါးစပ်က မလိုအပ်တဲ့စကား၊ အကျိုးမရှိတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားတွေ မပြောမိအောင်လို့လို့ ဆိုပါတယ်။ ကြည်ညိုစရာကောင်းလိုက်တဲ့ ရှေးပညာရှိများရဲ့ လုပ်ရပ်တွေဟာ နောင်းလူတွေအတွက် ပညာယူစရာတွေချည်းပါပဲ။ ထားပါတော့။ ပြောချင်တာက စကားနဲ့ ပတ်သက်လို့ပါ။ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိတဲ့ လူ့ဘောင် အဖွဲ့အစည်းကြားမှာ နေရတဲ့အတွက် ပညာရှိများ၊ ဆရာတော်ကြီးများလို ကိုယ်ကမနေနိုင်ပေမယ့် စကားဆိုတာ သတိထားပြောဆို လေ့ကျင့်မယ်ဆိုရင် အပြစ်ကင်းပြီး နူးညံ့သိမ်မွေ့လာ တတ်ပါတယ်။

အဓိကကတော့ စကားပြောဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကိုနဲ့ ယှဉ်ပြီး ပြောဆိုကြည့်ကြဖို့ပါ။ ကိုယ်က ဒီလိုစကားမျိုး၊ ဒီလိုအပြောအဆိုမျိုး မကြိုက်သလို တစ်ခြားသူတွေလည်း ကြိုက်မှာ မဟုတ်ပါဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ပြောဆိုကြည့်ရင် နှစ်ဦးနှစ်ဘက် အဆင်ပြေတတ်ပါတယ်။

ကိုယ့်ကို အပြစ်ပြောတဲ့စကား၊ ဆဲဆိုကြိမ်းမောင်းတဲ့စကား၊ အကျိုးမရှိတဲ့စကားကို ပြောလာရင် မကြိုက်တတ်သလို တစ်ခြားသူတွေလည်း ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ စကားအပြောအဆို ဆင်ခြင်မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး စကားနဲ့ပတ်သက်လို့ ပြဿနာဖြစ်ဖို့ အကြောင်းနည်းသွားတတ်ပါတယ်။


အပြောလွယ်သလောက် အလုပ်ခက်တတ်ပေမယ့် တဖြည်းဖြည်း လေ့ကျင့်မယ်ဆိုရင် အောင်မြင်လာတတ်ပါတယ်။ ဒါကြောင့် “စကား… စကား… ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသလို မဖြစ်ရအောင် စကားပြောဆိုတဲ့အခါ အထူးသတိပြု ဆင်ခြင်ကြဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပါးစပ်ဆိုတာ အယုတ်တမာကိုလည်း ပြောတတ်၊ အဟုတ်မှန်တာကိုလည်း ပြောတတ်တဲ့အတွက်  အယုတ်တမာစကား၊ မဟုတ်မမှန်စကားများ မပြောဖြစ်အောင် ကိုယ်ချင်စာစိတ်လေးများ လက်ကိုင် ထားပြီး နူးညံ့တဲ့စကား၊ အကျိုးရှိတဲ့စကား၊ မှန်ကန်တဲ့စကားတွေ ပြောဆိုတတ်အောင်၊ ပြောဆို နိုင်အောင် တဖြည်းဖြည်းလေ့ကျင့် ယူနိုင်ကြဖို့ သတိပေးတိုက်တွန်း လိုက်ရပါတယ်။
အားလုံး… စကားပြောတတ်ကြပါစေ…။

[ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

Saturday, February 1, 2014

သတိထားဖွယ် ပုဗ္ဗစေတနာချို့တဲ့လျှင်



 သတိထားဖွယ် ပုဗ္ဗစေတနာချို့တဲ့လျှင် ဆိုးကျိုးနှင့် ပြည့်ဝလျှင် ကောင်းကျိုး

“ဒါန” ဟူသောဝေါဟာရသည် ပါဠိဝေါဟာရဖြစ်၏။ ဤဝေါဟာရကို ဒါတဗ္ဗိန္တိ ဒါနံ ပေးလှူအပ်သောကြောင့် ဒါနမည်၏ဟု ဆိုသောကြောင့် ပေးကမ်းလှူဒါန်းအပ်သည့်ဝတ္ထုပစ္စည်းသည် ဒါနမည်၏ဟု ကျမ်းဂန်များ၌ မိန့်ဆိုကြ၏။

ဤဒါနကို ဝတ္ထုဒါန ဟုခေါ်၏။
ဒီယတိ ဧတေနာတိဒါနံ တစ်ခုတစ်ခုသော ပစ္စည်းဝတ္ထုကို ပေးလှူကြောင်း၊ ဖြစ်သောကြောင့်
“မဟာကုသိုလ်စိတ်” ၌ပါသော စေတနာတရားသည် ဒါနမည်၏။ ဤဒါနမျိုးကို စေတနာဒါဟု ခေါ်သည်။
အလှူဒါနတစ်ခုဖြစ်လာရခြင်းမှာ အလိုအလျောက် ဖြစ်လာခြင်းမျိုးမဟုတ်၊ စေတနာခေါ်သည့်
စေတသိတ်တရား၏ လှုံ့ဆော်ပေးမှုကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်၏ ။

ထို့ကြောင့် စေတနာကို ပေးလှူကြောင်းဟု ဆိုရသည်။ စေတနာစေတသိတ်၏ လှုံ့ဆော်ပေးမှုကြောင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုဆိုသည့် ဒါနကုသိုလ်တရား ဖြစ်ပွားပေါ်ပေါက်လာရ၏။ ထိုစေတနာမျိုးရှိမှ ဒါနမှုအထမြောက်သည်။

ထို့ကြောင့် လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ပေးကမ်းလှူဒါန်းရာ၌ ထိုဝတ္ထုပစ္စည်းတို့ ဖြစ်ရာကာလမှစ၍ အလှူမီ ရှေ့အဖို့၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းဆဲ၌ဖြစ်စေ၊ လှူဒါန်းပေးကမ်းပြီး နောက်၌ဖြစ်စေ အချိန်သုံးမျိုးလုံး၌ ဖြစ်ပေါ်လာသော စေတနာသည် ဒါနခေါ် ပုညကိရိယာဝတ္ထုမည်၏ ဟု အဋ္ဌသာလိနီအဋ္ဌကထာတွင် ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

ဝတ္ထုဒါန စေတနာဒါနနှစ်မျိုးတွင် စေတနာကသာ ကံတရားဖြစ်၍ တိုက်ရိုက်အကျိုးပေးနိုင် သောကြောင့် ဝတ္ထုဒါနထက် စေတနာဒါနက ပိုအရေးကြီး၏။ စေတနာသည်လည်း ဖြစ်ပေါ်လာသည့် အချိန်ကာလအပိုင်းအခြားအရ
♦ (၁)ပုဗ္ဗစေတနာ၊
♦ (၂) မုဉ္စစေတနာ၊
             ♦ (၃) အပရစေတနာဟူ၍     
သုံးမျိုးသုံးစားရှိပါသည်။ 

ပုဗ္ဗစေတနာဆိုသည်မှာ လှူဖွယ်ပစ္စည်းတို့ကို  မစွန့်လွှတ် မလှူဒါန်းမီ ရှေ့အဖို့တွင် ကြိုတင်၍ ဒါနနှင့် ဆက်သွယ်ပြီး  “သိန်းသန်းကုဋေမက ဖြစ်ဖြစ်သမျှ စေတနာ” များဖြစ်၏။ ရှေ့အဖို့ဆိုသော်လည်း လှူဖွယ်ဝတ္ထုပစ္စည်း ထင်ရှားရှိနေပြီးမှ ဤပစ္စည်းကို လှူဒါန်းမည် စသည်ဖြင့် ကြံစည်ရည်ရွယ်နေခြင်း
စသည်မျိုးဖြစ်၏။ ပစ္စည်းဝတ္ထုမရှိမီ လှူဒါန်းမည်ဟု အလိုအလျောက် ကြံစည်စိတ်ကူး ရာတွင် ပါဝင်သည့် စေတနာမျာကား ပုဗ္ဗစေတနာဟု ခေါ်လိုက ခေါ်နိုင်သော်လည်း ဒါန အတွင်းသို့ မသွတ်သွင်းနိုင် ၊ သာမညကုသိုလ်မျိုးသာ ဖြစ်နိုင်၏ဟု မင်းကွန်းတိပိဋက 
ဆရာတော်ဘုရားကြီးက မိန့်ဆိုထား၏။

ဤအဆိုအမိန့်သည် ထိုထိုပစ္စည်းကို လှူဒါန်းသူအား ထိုထိုပစ္စည်းဝတ္ထုများ ဖြစ်ပေါ်လာပြီးသည်မှစ၍ မလှူမီ ရှေ့ အဖို့၌ဖြစ်သော စေတနာသည် ဒါနမယပုညကိရိယာဝတ္ထုမည်၏ဟူသော
အဋ္ဌသာလိနီကျမ်းအဆိုအမိန့်နှင့် ညီညွတ်၏။

ထိုပုဗ္ဗစေတနာများကား ပုဗ္ဗေဝ ဒါနာ သုမနော (လှူဒါန်းသည်မှ ရှေ့အဖို့၌ စိတ်ကြည်လင် တက်ကြွခြင်း၊ဝမ်းသာရွှင်ပျနေခြင်း) ဘုရားဟော ဒေသနာတော်အတိုင်း လှူဖွယ်ပစ္စည်း ထင်ရှားရှိပြီး၍ မလှူဒါန်းမီရှေ့ပိုင်းမှာ စိတ်ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ ဖြစ်နေမှုများပင် ဖြစ်၏။ လှူဒါန်းမှုဒါနကိစ္စနှင့် မဆက်သွယ်ဘဲ အခြားကိစ္စများအတွက်ဖြစ်သည့် စေတနာမျိုးကို ဤဒါနအရာ၌ ပုဗ္ဗစေတနာဟု မခေါ်နိုင်ပါချေ။ (ပုဗ္ဗစေတနာ- ထင်ရှားရှိနေသော လှူဖွယ်ပစ္စည်းကို မလှူဒါန်းမီ ရှေ့ပိုင်းကာလ၌
အလှူနှင့် စပ်၍ဖြစ်သော စေတနာ)။



“ပုဗ္ဗစေတနာပြည့်ဝလျှင် ရရှိနိုင်သည့်အကျိုးတရား”
•••••••••••••••••••••••••••••••••••••••••••
စေတနာသုံးတန် ထက်သန်ပြည့်စုံသည်ကို မဆိုထားဘိ၊ မိမိ၏ ပစ္စည်းဥစ္စာကို အလှူခံလက်သို့ မပေးလှူမီ ပုဗ္ဗစေတနာထက်သန်ရုံမျှဖြင့်ပင် ကြီးမြတ်သော အကျိုးကို ရရှိနိုင်ပေသည်။ မှန်၏။

ရှေးအခါက ရာဇဂြိုဟ်ပြည်သူ ကလေးတစ်ဦးသည် ခါးလွန်း၍ လူအများမလိုချင်သည့် ရွှေဝါရောင် အဆင်းကဲ့သို့ ဝါဝင်းနေသော “သပွတ်ခါးပန်းလေးပွင့်”ကို့ မြတ်စွာဘုရား၏ ဓာတ်တော်များ ကိန်းအောင်နေသည့် ဓာတုစေတီတော်အား ဆက်ကပ်လှူဒါန်းရန် နံနက်စောစော အိမ်မှထွက်လာခဲ့၏။

စေတီတော်သို့ ဦးတည်၍ ဒီပန်းလေးပွင့်ကို ဓာတုစေတီတော်မြတ်အား ငါလှူဒါန်းမယ်- ဟု ကြည်လင်သည့် စိတ်စေတနာဖြင့် လျှောက်လှမ်းလာသည့်အတွက် လမ်း၏ ဘေးပတ်ဝန်းကျင်များကို သတိမပြုမိခဲ့ချေ။
တစ်နေရာသို့အရောက်တွင် လမ်းဘေးရှိ နွားအုပ်ထဲမှ နွားသားငယ်ရှိသော နွားမကြီးသည် ပြေးလာပြီး
ထိုမိန်းကလေးကို ဝှေ့သတ်လိုက်၏။

ထိုအမျိုးသမီးလေးမှာ စေတီတော်အား ပန်းလှူမှု အထမမြောက်သော်လည်း ဒီပန်းလေးပွင့်ကို စေတီတော်အား ပန်းလှူမှု ဟူသော ကြည်လင်သန့်ရှင်းသည့် ပုဗ္ဗစေတနာကြောင့် တာဝတိ`ံသာ နတ်ပြည်၌ သိကြားမင်း၏ အခြံအရံနတ်သမီး သွားဖြစ်ရသည်။

ထိုနတ်သမီး၏ ခန္ဓာကိုယ်နှင့်တကွ အသုံးအဆောင် ပစ္စည်းအားလုံးတို့မှာ ရွှေဝါရောင်ချည်းဖြစ်နေသဖြင့် သိကြားမင်း၏ အခြံအရံနတ်သမီးများ ထဲတွင်အလွန် ထူးခြားလျှက်ရှိ၏။

ဤရွှေဝါရောင်အဆင်း ဝါဝင်းသော ဗိမာန်ရှင်နတ်သမီး (ပီတဝိမာန) ဝတ္ထု၌ အမျိုးသမီးကလေးမှာ ပန်းများကို စေတီတော်သို့ လှူဒါန်းရသည့် “မုဉ္စစေတနာ” အဆင့်သို့ မရောက်ရှာသေးပေ။ ပုဗ္ဗစေတနာအဆင့်၌သာ ရှိသေး၏။ ထိုကြောင့် ထိုအမျိုးသမီးကလေးက အကယ်၍ အကျွနု်ပ်သာ စေတီတော်သို့ ရောက်၍ ကိုယ်ထိလက်ရောက် လှူဒါန်းရပါမူ ဤစည်းစိမ်ချမ်းသာထက် သာလွန်သည့် စည်းစိမ် ချမ်းသာမျိုး  ရရှိမည်ဖြစ်ပါသည်ဟု သိကြားမင်းကြီးအား ပြောကြား၏။

ထိုအခါသိကြားမင်းကြီးက မာတလိနတ်သားအား “အံ့ဖွယ်ကောင်းလေစွ၊ ကုသိုလ်ကံ၏ အကျိုးပေးပုံကားဆန်းကြယ်လှပါတယ်။ မပြောပဖွယ် အနည်းငယ်လှူဖွယ်ပစ္စည်းပင် ဖြစ်ပေမယ့် အကျိုးတရားကား ကြီးမားလှပါပေတယ်”ဟု မိန့်ကြားတော်မူပါတယ်။

ဤသို့ ပုဗ္ဗစေတနာသည် စေတနာအားကောင်းလျှင် နတ်သမီးဘဝရခြင်းဟူသော  ပဋိသန္ဓေအကျိုးကို ပေးနိုင်ကြောင်း ထင်ရှားတော့၏။

“ချိုတဲ့လျှင် ဆိုးကျိုး”
••••••••••••••••••
စေတနာသုံးတန်တွင် ပုဗ္ဗစေတနာချိုတဲ့ ပျက်ကွက်ပါလျှင်  ရုပ်ဆင်းအင်္ဂါမလှခြင်း၊ ပထမအရွယ်၌ ဆင်းရဲနွမ်းပါးခြင်းစသော မကောင်းကျိုးများဖြစ်ရတတ်သည်။

ဘုရားရှင် လက်ထက်တော်က အတွေ့အထိကောင်းသည့် ဖောဋ္ဌဗ္ဗာရုံအရာ၌ ထင်ရှားကျော်ကြား ခဲ့သည့် ဆင်းရဲသူမလေးရှိခဲ့သည်။ “ပဉ္စပါပီ” ဟု နာမည်ကြီး၏။  သူမသည် ရှေးအတိတ်ဘဝ တစ်ခု၌ ဆင်းရဲသူမကလေးဖြစ်၍ မြေညက်များကို နယ်ပြီး အိမ်နံရံများကို လိမ်းကျံရသော အလုပ်ကို လုပ်၏။ တစ်နေ့တွင် ပစ္စေကဗုဒ္ဓါတစ်ပါးသည် လိုဏ်ဂူလိမ်းကျံရန် မြေညက်လိုသဖြင့် သပိတ်ပိုက်ကာ
ထိုဆင်းရဲသူမလေးအနီးတွင် ရပ်နေ၏။

ထိုအခါ ဆင်းရဲသူမလေးက “ဒီကိုယ်တော်ကြီးဟာ မြေညက်ကလေးကိုတောင်မှ အလှူခံတယ်” လို့ ဒေါသစိတ်ဖြင့် ပြောကြားပြီး မျက်စောင်းထိုး၍ ကြည့်နေသည်။ ပစ္စေကဗုဒ္ဓါကြီးကား မလှုပ်မယှက် ငြိမ်သက်စွာ ရပ်မြဲရပ်နေသည်။

ထိုအခြင်းအရာကို မြင်ရသည့်အခါ စိတ်ပြောင်းသွားကာ ကြည်ညိုစိတ်ဖြစ်ပေါ်လာပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်ထဲသို့ မြေညက်ခဲကြီးကို ထည့်၍ စေတနာထက်သန်စွာဖြင့် လှူဒါန်းလိုက်လေသည်။ ထိုဆင်းရဲသူမလေးသည် “ပဉ္စပါပီ” ဘဝရောက်သောအခါ မြေညက်ကို လှူဒါန်းခဲ့သော ထက်မြက်သည့် မုဉ္စစေတနာကြောင့်  ကိုယ်အတွေ့အထိအလွန်ကောင်းသော အမျိုးသမီးလေး ဖြစ်ရသော်လည်း မြေညက်ကို မလှူဒါန်းမီ ရှေ့အဖို့၌ ဒေါသစိတ်ဖြင့် “မကောင်းပြောကြားမှု၊ မျက်စောင်းထိုးကြည့်မှု” တို့ကြောင့် “ပုဗ္ဗစေတနာ” ချိုတဲ့ရကား လက်၊ခြေ၊ ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အင်္ဂါငါးပါးလုံး အချိုးအစားမကျ၊ ရုပ်ဆိုးလှသည့်  အမျိုးသမီးကလေး ဖြစ်ရရှာသည်။
♦ (ပဉ္စ-အင်္ဂါငါးပါး၊ ပါပီ- မကောင်းသူ၊ အကြည့်ရဆိုးသူ အမျိုးသမီး)

■ ဘုရားအလောင်းတော်သည်လည်း“ကုသမင်း” မဖြစ်မီ ရှေးဘဝတစ်ခု၌ ဗာရာဏသီပြည်ကြီး၏ တံခါးအနီးရွာကြီးတွင် လူပျိုကြီးတစ်ဦးဖြစ်ခဲ့သည်။

တစ်နေ့မှာ အရသာရှိလှသည့် မုန့်ကိုကြော်စား၏။ ဘုရားအလောင်းမှာ တောသို့သွားနေခိုက်ဖြစ်၍ ဘုရားအလောင်းအတွက် မုန့်ချန်ထားကြ၏။  မကြာခင်မှာပင် ပစ္စေကဗုဒ္ဓါတစ်ပါးသည် ဆွမ်းအလို့ငှာ အိမ်တံခါး၌ လာရပ်တော်မူ၏။ မရီးဖြစ်သူ အမျိုးသမီးသည် ဘုရားလောင်းအား အခြားမုန့်ကို ကြော်ကျွေးမည်ဆိုပြီး ဘုရားအလောင်းအတွက် ချန်ထားသည့်မုန့်ကို ပစ္စေကအရှင်အား လှူဒါန်းလိုက်၏။

ထိုအခိုက်မှာပင် ဘုရားအလောင်းသည် တောမှပြန်ရောက်လာ၏။  မရီးဖြစ်သူက ဘုရားအလောင်း ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် ထိုအကြောင်းကို ပြောပြ၏။ ထိုအခါဘုရားအလောင်းသည် သူ့အဖို့ဝေစုကု လှူလိုက်ရမလားဟု အမျက်ထွက်ကာ  အရှင်ပစ္စေက၏ သပိတ်ထဲမှ မုန့်ကို ပြန်ယူ၏။ မရီးဖြစ်သူက ထောပတ်ကို ယူဆောင်ပြီး ပစ္စေကအရှင်၏  သပိတ်ထဲသို့ အပြည့်လောင်းလှူလိုက်၏။ ထိုထောပတ်သည် အံ့ဖွယ်အရောင်ထွက်လာ၏။  မရီးသည် ထောပတ်မှ အရောင်ထွက်သည်ကို မြင်သောအခါ “အရှင်ဘုရား ဤထောပတ်အလှူကြောင့် ဖြစ်လေရာဘဝ၌ တပည့်တော်မကိုယ်မှ အရောင်ထွက်ပါစေ။ မြတ်သောအဆင်းရှိပါစေ။ ဤသူယုတ်နှင့် တစ်ရပ်တည်း အတူမနေရပါစေနဲ့ဘုရား”ဟု ဆုတောင်းလိုက်၏။

ဘုရားလောင်းသည် ထိုအခါမှ စေတနာသဒ္ဓါတရား ဖြစ်ပွားလာကာ မိမိပြန်ယူခဲ့သော မုန့်ကို ထိုထောပတ်အထက်၌ တင်လှူလိုက်ပြီး “အရှင်ဘုရား တပည့်တော်ရဲ့ မရီးသည် ယူဇနာ တစ်ရာ ကွာခြားသောအရပ်၌ နေပေမယ့် သူကိုဆောင်ပြီး တပည့်တော်ရဲ့ ခြေရင်းအလုပ်အကျွေးပြုနိုင်ပါစေ” ဟု ဆုတောင်းလိုက်၏။

ဘုရားလောင်း နောင်ဘဝတစ်ခု၌ ကုသမင်းဖြစ်လာ၏။  မုန့်ကို ပြန်မလှူမီ မရီးလှူဒါန်းပြီးသော မုန့်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပစ္စေကအရှင်ထံမှ ပြန်လုယူလာသည့် ပုဗ္ဗစေတနာချို့တဲ့သော မကောင်းမှုကြောင့် မိဖုရားကြီးဖြစ်နေသည့် “ပဘာဝတီမင်းသမီး” က သူ့ကိုမြင်ရသည့်အခါ သူမတိုင်းပြည်သို့ ပြန်ထွက်ပြေးလောက်အောင် အရုပ်ဆိုးရ၏။ မရီးဖြစ်သူမှာ သူမဆုတောင်းသည့်အတိုင်း မဒ္ဒရာဇ်မင်း၏သမီးတော် ဖြစ်လာ၍ (ပဘာဝတီ)ဟု အမည်တွင်၏။

ဤကဲ့သို့ ဒါနကုသိုလ်ပြုရာ၌“ပုဗ္ဗစေတနာချို့တဲ့သူ”များသည် နောက်ဘဝများတွင် အရုပ်ဆိုးတတ်ခြင်း၊ပထမအရွယ်၌ဆင်းရဲရခြင်းစသည့် အကျိုးများကို ရရှိစေသည်ကို သတိပြုသင့်လှတော့၏။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
- [အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)]