Friday, June 7, 2013

မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီး


မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီး

စာရေးသူသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ မဟာသန္တိသုခကျာင်းတော်ကြီးမှ ခွဲခွါခဲ့တာ ၁၀-နှစ်တာ ကြာပြီမို့ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီက ကျောင်းတော်ကြီးဆီ အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ်။

ဝတ္ထုစာအုပ်တွေထဲတွင် ဖတ်ဖူးသော ရန်ကုန်တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်၊ သစ်ပုတ်ပင်ကြီး၊ ကန်းတော်ကြီးစတဲ့ တက္ကသိုလ်ရဲ့ အမှတ်တရနေရာ ကလေးတွေဟာ  အရွယ်ငယ်ငယ်ကြီးကြီး ဘယ်ကျောင်းသူ /သားမဆို ဆွဲဆောင်အားရှိတယ်။ တက္ကသိုလ်ကျောင်းသားတွေကို
 ပြန်လည် နုပျိုလန်းဆန်းစေတယ်။စိတ်ခွန်အားတွေ ဖြစ်စေတယ်လို့ ကြားဖူး ဖတ်ဖူးပါတယ်။ သို့သော်လည်း စာရေးသူတို့  ပညာသင်ကြားခဲ့သော မဟာသန္တိသုခ ကျောင်းတော်ကြီးကား စာရေးသူအား စိမ်းစိမ်းကားကား ကြိုဆိုလိုက်ပါတယ်။

စာရေးသူတို့ ရှိစဉ်က ကျောင်းတော်ကြီးမှာ ရဟန်းသံဃာ၊ သီလရှင်များနှင့် သာသနာရောင် လွှမ်းနေသလို့ ၊ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း တက်ရောက်ရန် လာရောက်ကြသော ကျောင်းသာ ကလေးငယ်ပေါင်း ထောင်ချီ၍   မျိုးဆက်သစ်သာသာနာအတွက် သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။

ခုတစ်ခေါက် ကျောင်းတော်ကြီး ပြန်အရောက်မှာတော့ ဖြူ၊နီ၊ဝါ ကာလာစုံ မင်္ဂလာမောင်မယ်များနဲ့  ဟိုတယ်ကြီးများ ပမာ မောင်နှင့်မယ် မင်္ဂလာအခမ်းအနားများ၊ အရွယ်မျိုးစုံ ကျား/မ များနှင့်   ကျောင်းတော်ကြီးမှာ ကိလေသာရောင် ဖုံးလွမ်းထားသလိုပါပဲ။

ကျောင်းတော်ကြီးရောက်တော့  တောင်ကြည့်မြောက်ကြည့် ကိုယ့်သိမည်သူများ ရှိမလားလို့   ငေးမောကာကြည့်လိုက်တော့ ကျောင်းတော်ကြီးရဲ့ရှေ့ ဧည့်ကြိုဌာန မှာ လှလှပပ ကလေးမ သုံးယောက်က "ဘယ်သွားမှာလဲ"ဆိုတဲ့ မေးခွန်းကို စာရေးသူအား စတင်အကြိုဆို ခံလိုက်ရပါတယ်။

စာရေးသူလည်း မျက်နှာငယ်လည်းနဲ့ “ ဘုန်းဘုန်းတို့ ကိုးထပ်က ဘုရားကို ဖူးချင်းလို့ “ ဟုပြောတော့မှ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဓာတ်လှေကားတစ်ဘက်က ပျက်နေလို့ တစ်ဘက်ကိုပဲစောင့်ပြီး အသုံးပြုကာ  ကိုးထပ်က ဘုရားခန်းကို ရောက်သွားခဲ့ပါတယ်။

ကိုးထပ်မှာ စံမြန်းနေသော ပွင့်တော်မူပြီးသော ဂေါတမ၊ ကဿပ၊ ကကုသန်၊ ကောဏဂုံ ဘုရားလေးဆူတို့လည်း၊ဆွမ်းကပ်မည့်သူမရှိ၊ပန်းကပ်မည့်သူမရှိ၊ ရေးချမ်းကမ်မည့်သူမရှိ
 ခြောက်ခြောက်ကပ်ကပ် မျက်နှာညိုငယ်စွာနဲ့ပဲ စဲမြန်းနေပါတယ်။

စားရေးသူလည်း စိတ်ထဲမှ ဒီတစ်ခေါက်တော့ တပည့်တော် အရှင်ဘုရားတို့အား လပ်အုပ်ချီကာ ကန်တော့ခြင်းမှတစ်ပါး တခြားမတတ်နိုင်ပါဟု သာလျှောက်ထားခဲ့ရပါတယ်။

ကျောင်းတော်ကြီးမှာ မင်္ဂလာခန်းမအတွက်၊ ဧည်ခံ ခန်းမအတွက်အသုံးပြုပြီး သန့်ရှင်းရေးလုပ်မည့်သူမရှိလို့ ညစ်ပတ်နေပါတယ်။  ၉-ထပ်မှ ရေသန့်အိမ်သာကို အသုံးပြုဖို့ ဝင်ကြည့်သောအခါ ပျက်စီးယိုယွင်းနေပြီး သုံးမဖြစ်လို့ အောင့်အီးကာ ပြန်ဆင်းခဲ့ရပါတယ်။

တစ်နေ့က ဒီဗွီဘီသတင်းကို နားထောင်တော့ မဟာသန္တိသုခကျောင်းတော်ကြီးကို ဦးစီးတည်ထောင်တဲ့ ပီနန်ဆရာတော်ကြီးမှ  ကျောင်းတော်ကြီးပျက်စီး ယိုယွင်းနေတာကို ပြန်လည်ပြုပြင်လိုကြောင်းနှင့်  မူလရည်ရွယ်ချက်အတိုင်း ပြည်ပသာသနာပြုလုပ်ငန်း များကို ပြန်လည် အကောင်အထည်ရန်  ဆန္ဒရှိကြောင်း ကြားသိရတော့ စာရေးသူ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။

သတင်းအရ ဤကျောင်းတော်ကြီးကို သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော်သံဃနာယက  ဆရာတော် များမှ သိမ်းပိုက်ထားကြောင်းသိရပါတယ်။

“သမင်မွေးရင်းကျားစားရင်းဆိုသလို”  သာသနာရေးဌာနနှင့်နိုင်ငံတော်သံဃနာယက ဆရာတော်များ  ဦးစီးဆောင်ရွက်သောကျောင်းတော်တော်များများမှာ နှစ်တွေကြာသော်လည်း ဘာမှ ထူးထူးခြားခြား တိုးတက်မှုဖြစ်မလာတာကို တွေ့ရပါတယ်။

စားရေးသူတို့ ပထမပတ် ၁၉၉၉- ၂၀၀၂ နှစ်ကာ  သင်တန်းသားများမှာ ပြည်ပနိုင်ငံတော်တော် များများမှာ သာသနာပြုလို့နေပါပြီ။  စာရေးသူတို့နောက် မွေးထုတ်ပေးသော မဟာသန္တိသုခစသင်းတန်းသားများ
ဘယ်ဆီဘယ်ဝယ်ရောက်ကုန်းမှန်းမသိပါ။

ဆက်ရန်..၂
Posted by 

Thursday, June 6, 2013

“သတိမမူဂူမမြင်”


“သတိမမူဂူမမြင်”


သတိသည် မရှိမဖြစ် မသိမဖြစ် လိုအပ်သောအရာဖြစ်သည်၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ကုသိုလ်ရေး စသည်အရေးအားလုံးအတွက် သတိတရားသည် အသက်သွေးကြောဖြစ်သည်။

ထို့ကြောင့်…..

“သတိလက်လွတ် ငှက်တောင်ကျွတ်” ဟုလည်းကောင်း၊

“သတိမမူ ဂူမမြင်” ဟုလည်းကောင်း၊

“ပမာဒေါ မစ္စုနော ပဒံ” ဟုလည်းကောင်း စသည်ဖြင့် လောကရေး၊ ဓမ္မရေးတို့၌ ပြောဆိုသုံးနှုန်း ရေးသားကြသည်။

သတိမရှိလျှင် သတိမထားလျှင် သက်ရှိသတ္တဝါလည်း သေသွားမည်၊ အသက်ထွက် သွားမည်၊ အဖွဲ့အစည်း စသည်လည်း သေသွားမည်၊ အရေးအားလုံး ပျက်သုဉ်းသွားမည်ဟု ဆိုလိုသည်။ သတိသည် သက်ရှိသက်မဲ့ အရေးအရာအားလုံး မပျက်သုဉ်းအောင် ထိန်းကျောင်း ပေးနေသည်။ လမ်းညွှန်ပေးနေသည်။ တပ်လှန့်ပေးနေသည်။ ကြိုးကိုင်ပေးနေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက …

“အပ္ပမာဒေါ အမတံ ပဒံ (သတိသည် မသေကြောင်း မပျက်သုဉ်းကြောင်းတရား)”ဟု ဟောကြားထားသည်။

သတိတရား လက်ကိုင်ထားနေသမျှ မပျက်သုဉ်းနိုင်၊ မဆုတ်ယုတ်နိုင်၊ ရှင်သန်နေမည်၊ တိုးတက်နေမည်၊ အောင်မြင်နေမည်၊ သတိသည် စွမ်းအင်လည်းဖြစ်သည်၊ စွမ်းအားလည်း ဖြစ်သည်၊ သတိပိုင်ရှင်သည် သူများကိုလွှမ်းမိုးအောင်မြင်နိုင်ခြင်းကြောင့် သတိဗိုလ်ဟု ကျမ်းဂန် တို့၌ သုံးနှုန်းသည်၊ သတိစွမ်းအား ပြည့်စုံသူသည် ဗိုလ်ဖြစ်နိုင်သည်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ မှန်သမျှ သမုဒ္ဒရာသို့သာ သက်ဝင်သကဲ့သို့ ကောင်းမှုမှန်သမျှ သတိ၌ သက်ဝင်ကြသည်။

“ဘာသာရေး သတိပြုစရာ”

အရာခပ်သိမ်းမှာ သတိမရှိလျှင် သေဆုံးမည်၊ ပျက်သုဉ်းမည်၊ သတိရှိလျှင် မသေဆုံးနိုင်၊ မပျက်သုဉ်းနိုင်၊ ဤ၌ စာရေးသူ တင်ပြလိုသည်မှာ ဘာသာရေး သတိရှိဖို့ပင် ဖြစ်သည်၊ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များ၊ မိမိတို့ဘာသာရေး၌ သတိမမူမိခဲ့ခြင်းကြောင့် တစ်ချိန်က ဗုဒ္ဓဘာသာ လျှမ်းလျှမ်းတောက် အားကောင်းခဲ့သော ထွန်းကားခဲ့သော အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေရှ့်စသောနိုင်ငံတို့၌ ယခုအချိန်မှာ ဗုဒ္ဓဘာသာ အားနည်း ချိနဲ့ရုံမက ပျက်သုဉ်းသွားခဲ့ရပြီ၊ ကွယ်ပျောက်သွားခဲ့ရပြီ၊ ယခုအချိန်မှာလည်း ဗုဒ္ဓဘာသာ အားကောင်းနေသော နိုင်ငံများ၌ပင် တဖြည်းဖြည်း အားနည်း လာသည်မှာ အထင်အရှားပင် ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်ကစ၍ ဗုဒ္ဓဘာသာခေါင်းဆောင်များ ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဘာသာရေးအတွက် ကြိုတင်သတိပြု ဆင်ခြင်ကာ ပြင်သင့်သည်ကိုပြင်ဖို့ ကာသင့်သည်ကို ကာဖို့ လုပ်သင့်သည်ကို လုပ်ဖို့ လိုအပ်နေပေပြီ၊ ဘာသာရေးအန္တရာယ်များကို သတိကြီးကြီးထားဖို့ လိုနေပေပြီ၊ သူများဘာသာကို ရှုတ်ချဖို့ တိုက်ခိုက်ဖို့ ဖျက်ဆီးဖို့ ဆိုလိုသည်မဟုတ်။

သို့သော် ကိုယ့်အမျိုးဘာသာ သာသနာအတွက် သတိအင်အား များများမွေးထားဖို့ လိုနေပေပြီ၊ အခြားဘာသာဝင်များ၏ အနုနည်း၊ အကြမ်းနည်း၊ မြူဆွယ်နည်း၊ ပုံမှားရိုက်နည်း စသောပုံစံအမျိုးမျိုး နည်းပရိယာယ်အသွယ်သွယ်တို့ဖြင့် ကိုယ့်အမျိုးဘာသာကို ဖျက်ဆီးဖို့ လွှမ်းမိုးဖို့ သိမ်းသွင်းကြိုးစားနေကြသည့် အန္တရာယ်များကို ဗုဒ္ဓဘာသာဝင်တိုင်းက ကာကွယ်တား ဆီးရန် ပြင်ဆင်ကြဖို့ လိုနေပြီ၊ သိအောင် မြင်အောင် ကိုယ်ကိုယ်တိုင်လည်း ကြိုးစားရမည်၊ ကိုယ့်ဘာသာဝင်များကိုလည်း သိအောင် မြင်အောင် လုပ်ဆောင်ပေးကြဖို့ လိုအပ်နေပေပြီ၊ ဗုဒ္ဓဘာသာဝင်တိုင်း မျက်စိကြီးကြီး နားကြီးကြီးဖြင့် မျက်စိဖွင့် နားစွင့် နေကြရမည်။

“နည်းပရိယာယ် အသွယ်သွယ်”

“ကာမေဘိဇ္ဈာ၊ ဒိဋ္ဌိမှာ၊ ဖြစ်လာ လောဘကြောင့်” ဆိုသည့်အတိုင်း တဏှာလောဘကြောင့် မိစ္ဆာဒိဋ္ဌိဘဝ ရောက်သွားကြရသည်။ ဘာသာခြားများသည် မိမိတို့ ဘာသာဝင်များကို လောဘ ဖြင့်လည်း မြူဆွယ်သိမ်းသွင်းကြသည်၊ ပိုက်ဆံဖြင့် တစ်မျိုး ပစ္စည်းဖြင့်တစ်ဖုံ ချိုချိုသာသာ ပြောဆို၍ တစ်သွယ် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံ၍ တစ်နည်း စသည်စသည်ဖြင့် မြေကို လည်းဝယ်သည် လူကိုလည်း ယူသည် သူ့ဘာသာဝင်ဖြစ်အောင်လည်း လုပ်သည် တစ်ချို့ဆိုလျှင် မက်လောက်အောင် ကြေးကြီးကြီးပေး၍ မြေစသည်ကို ဝယ်သည်၊ ကျလောက်အောင် ကြိုက်လောက်အောင် ပြောဆိုဆက်ဆံ၍ သမီးပျိုများကို ယူသည်၊ သတိမမူ ဂူမမြင်သူများကို အပြောချိုချို ဈေးချိုချိုဖြင့်လည်း ရောင်းပေးတတ်ကြသည်၊ ဤသည်တို့မှာ လောဘဖြင့် ဖျားယောင်း ခံရခြင်း၊ သိမ်းသွင်းခံရခြင်း ဖြစ်သည်၊ “လုဒ္ဓေါ အတ္ထံ နဇာနာတိ” စသော ဒေသနာအရ လောဘတက်နေသူသည် အမှားအမှန်ကို မမြင်နိုင် မိမိ၏ လက်တလော တစ်ဝမ်းတစ်ခါး ပြေလည်မှုလောက်သာ ကြည့်ကြသူ နောင်ရေး မတွေးသူ မမြင်သူ မျက်တောင် တဆုံးလောက်သာ ကြည့်သူ၊ အမြင်ကျဉ်းသူ အသိဉာဏ် ဗဟုသုတနည်းသူတို့သည် ဘာသာခြား များ၏ အသိမ်းသွင်းခံ အကျဉ်းစံ ဘဝသို့ ရောက်သွားကြရသည်။ သမီးလည်းဆုံး မြေလည်းဆုံး အရှုံးကြီး ရှုံးကြရသည်။

တစ်ခါက သားအမိနှစ်ယောက်ရှိခဲ့သည်၊ အမေက လ္ဘက်ရည်နှင့် နံပြားကြိုက်သည်၊ သမီးပျိုလေးက အမေ့အတွက် မွတ်ဆလင်မ်ဆိုင်မှာ နံပြားနဲ့ လ္ဘရည် နေ့စဉ်သွားဝယ်ပေးရသည်၊ မွတ်ဆလင်မ်ကုလားက သမီးပျိုကို ပိုးပန်းပြီး အပြောချိုချို ဆက်ဆံကာ နံပြားတစ်ခု အပို ထည့်ပေးလိုက်သည်။ ကြာတော့ မိခင်က နံပြားတစ်ခု နေ့စဉ်အပိုစားနေရသဖြင့် မွတ်ဆလင်မ် ကုလားအပေါ် သံယောဇဉ်တွယ်မိသွားသည်၊ နောက်တော့ သမီးနဲ့ပေးစားလိုက်သည်။ (ဦးဖိုးကျား စာပေကို မှီငြမ်းပြုသည်)။
ဤဖြစ်ရပ်မှာ ကာမရာဂ သံယောဇဉ် တဏှာလောဘကြောင့် သမီးကို နံပြားတစ်ချပ်နဲ့ လဲပေးလိုက်ခြင်း မဟုတ်ပါလော?

“ပုံမှားရိုက် ဆွဲဆောင်နည်း”

အချို့ဘာသာခြားများက မိမိတို့ဆိုင် မိမိတို့ကား စသည်တို့၌ ထင်ယောင်ထင်မှားဖြစ် အောင် သူတို့ဆိုင် လာဝယ်အောင် သူတို့ကား ငှားစီးအောင်….

အရဟံတံဆိပ်များ

၉၆၉ ပုံများ

ဗုဒ္ဓဘုရားပုံများ

ထင်ရှားသည့်ဆရာတော် သံဃာတော်များ၏ ပုံများ

စသည်တို့ကို ချိတ်ဆွဲထား ပြသထားပြီး ဖျားယောင်းကြသည်။

သည်မျှမက သူတို့ဗလီစသည်တို့၌

သမထဝိပဿနာ ဝေါဟာရ

ဥပုသ်နေ့ဟူသော ဝေါဟာရ

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော ဝေါဟာရ

ကုသိုလ်ကောင်းမှု ဟူသော ဝေါဟာရ

စသော ဝေါဟာရများဖြင့်လည်း ဗုဒ္ဓဘာသာဝင်များကို ဖျားယောင်းသိမ်းသွင်းကြသည်။

အမှန်မှာ ဗုဒ္ဓဘာသာဝင်များ အလေးထား တန်ဖိုးထား စိတ်ဝင်စားသည့် ဝေါဟာရများဖြင့် ခိုးယူ၊ ပုံမှားရိုက် ဖျားယောင်းသိမ်းသွင်းကြသည်။ မကောင်းသောလုပ်ရပ်၊ ဆိုးဝါးသောလုပ်ရပ်၊ အလွန်အောက်တန်းကျသောလုပ်ရပ်၊ ယုတ်မာသောလုပ်ရပ်များသာ ဖြစ်ပါသည်။ အလွန် မသဒီစရာ ရွံစရာကောင်းပေစွ။

သတိပြုရမည်မှာ အဆိုပါ ဝေါဟာရများသည် ဗုဒ္ဓဘာသာ၌သာ စာပေရော လက်တွေ့ ပါရှိသည်။ သူတို့ဘာသာ သူတို့စာပေ၌ တကယ်မရှိဟု စာရေးသူ ထင်ပါသည်။

အချို့သောဘာသာခြား အရင်းရှင်များသည် ဗုဒ္ဓဘာသာဝင် မြန်မာဝန်ထမ်းများကို ခန့်ထား ကာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ လာရောက်စေရန် အားပေးစေရန် ဝယ်ယူသုံးစွဲ စေရန် ဖျားယောင်းကြသည်ကိုလည်း တွေ့ရသည်။ ဗုဒ္ဓဘာသာဝင် ကိုယ့်လူမျိုးများ ကိုယ့်ဘာသာဝင်များ အခြားဘာသာဝင်များ၏ အသုံးချခံ ကျေးကျွန်ဖြစ်နေရသည်မှာလည်း ရင်နာစရာပင် ဖြစ်သည်။ အခြားဘာသာဝင်များသည် သူတို့ပစ္စည်းများ မြန်မာနိုင်ငံ၌ အရောင်းသွက်စေရန် မြန်မာလူမျိုး များ၏ သည်းချေကြိုက် ရွှေတိဂုံ၊ ကျိုက်ထီးရိုး ပုံများ ပုဂံ အနုပညာပုံများ မြန်မာယဉ်ကျေးမှုပုံများ စသည်တို့ဖြင့် ဟန်းဆက် စတီးပစ္စည်း စာအုပ် စက်ပစ္စည်း အမျိုးမျိုးစသည်တို့ကို ကြော်ငြာလေ့ ရှိကြသည်ကိုလည်း တွေ့ရသည်။ သတိကြီးကြီး ထားနိုင်ကြပါစေ။

ဘာသာခြားများသည် မိမိတို့ဘာသာဝင်များကို လောဘဖြင့်သာမက ဒေါသဖြင့်လည်း မြူဆွယ်သိမ်းသွင်းကြသည်။ စိတ်တိုအောင်စသည်၊ မခံချင်အောင်လုပ်သည်၊ အတို့အထောင် လုပ်သည်၊ တို့မီးရှို့မီးလုပ်သည်၊ မိမိတို့၏ ဘာသာဝင်များသည် စိတ်လိုက်မာန်ပါ ထင်ရာလုပ်မိ သဖြင့် သူတို့ထောင်ချောက်စက်ကွင်းထဲ ရောက်သွားကြရသည်။ တစ်ချို့ဆိုလျှင် အသက်ပင် ဆုံးရှုံးကြရသည်၊ တစ်ပါးသူများ၏ ကဲ့ရဲ့ရှုတ်ချမှု အထင်သေးမှုလည်း ခံကြရသည်၊ ဒေါသစိတ် ခံပြင်းစိတ်များကို ထိန်းသိမ်းကာ စိတ်လိုက်မာန်ပါမလုပ်ဘဲ ကိုယ့်စည်းရိုးကို ကိုယ်ကာရံဖို့သာ လိုသည်၊ “ကုဒ္ဓေါ အတ္ထံ နဇာနာတိ”စသော ဒေသနာအရ ဒေါသဖြစ်သူသည် အမှားအမှန်ကို မဝေခွဲနိုင် ဒေါသရှေ့ထားက မှားတက်သည်၊ ထိရောက်သည့် တုန့်ပြန်နည်းကိုသာ သုံးဖို့လို သည်ကို အထူးသတိပြုရမည်။

“ထိရောက်သည့် တုန့်ပြန်နည်းများ”

ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာဝင် ပုဂ္ဂိုလ်များနှင့်သာ

၁။ စီးပွားရေးအရ ရောင်းဝယ်ဆက်ဆံမှု၊

၂။ လူမှုရေးအရ ပေါင်းသင်းဆက်ဆံမှု၊

၃။ အိမ်ထောင်ဘက် ရွေးချယ်မှု၊

၎။ ပညာသင်ကြားမှု၊

စသည် စသည်တို့သည် အမျိုးဘာသာ သာသနာမပျက်သုဉ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သည့် တုန့်ပြန်နည်းများ ကာကွယ်နည်းများ ပြင်ဆင်နည်းများ ဖြစ်ပေသည်။

“ရွှေတောင်ကုန်း ဆရာတော်ဘုရားကြီး၏ သတိပေး တပ်လှန့်သံ”

သူစိမ်းပြင်ပ ဝါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေအတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လိုပေါက်ရောက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုးမပြုန်း လူမျိုမှ လူမျိုးပြုန်းတယ်။

သူစိမ်းပြင်ပ ဝါဒရှင်တွေက အင်းအိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနှင့် သာသနာပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတယ်၊ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်းမျိုဖို့ ကြိုးစားနေကြတယ်။

ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ ရမယ်။ ဗုဒ္ဓယဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့်သုံးထား ကြရမယ်။

လူတစ်ယောက်ကို အသက်ကြီးကာမှာ ဗုဒ္ဓယဉ်ကျေးမှုတွေ ပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကဘဲပေးမှ ထိရောက်မှု ရှိတယ်။

လေဟာပြင် ကွက်လပ်မှာ လေတွေအလိုလိုဝင်လာကြတယ်။ မှုန်ဝါးဝါး ချိနဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယဉ်ကျေးမှုလေးတွေဟာ ပြင်ပကွင်းထဲက သူစိမ်းပြင်ပ အယူဝါဒတွေ ယဉ်ကျေးမှုတွေရဲ့ ကျေးကျွန်ဘဝကို လွယ်လွယ်လေးရောက်သွား နိုင်တယ်။

ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့ခါ လှေကြီးပေါက်နေတယ် ဆိုတာ သိရင် လှေပေါက်ကို ဝိုင်းဖာထေးရမယ်၊ မဖာရင် လှေကြီး ရေဝင်ပြီး မကြာမီ မြုပ်လိမ့်မယ်၊ ဗုဒ္ဓသာသနာလှေကြီး ပေါက်နေတယ်ဆိုတာ သိရင် ဗုဒ္ဓဘာသာဝင်တိုင်း ဝိုင်းဝန်းဖာထေးရမယ်၊ မဖာရင် ပြင်ပအယူဝါဒရှင်တွေရဲ့ရေတွေဝင်ပြီး မြုပ်လိမ့်မယ်။

မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအသက်မထွက်ရအောင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်ထဲမှာ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ ဗုဒ္ဓယဉ်ကျေးမှု သွေးတွေ မအေးခဲစေဘဲ နွေးနွေးထွေးထွေး ရှိဖို့လိုအပ်တယ်။

ကလေးတွေကို ငယ်ရွယ်စဉ်ကဘဲ ဗုဒ္ဓယဉ်ကျေးမှု နို့ချို ဗုဒ္ဓယဉ်ကျေးမှု အာဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေးပေးရတယ်၊ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေး အားမရှိတဲ့ ကလေးတွေကို ဘာသာခြားတွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက်ကောက်ပါသွား တတ်တယ်။

ဗုဒ္ဓဘာသာဝင် မိခင်ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာအငွေ့ဓာတ် အလေ့ ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်၊ ကြိုးစားလို့ ပေးနိုင်ပြီဆိုရင် ရွှေ၊ ငွေ စတဲ့ရတနာတွေကို ရလို့ဝမ်းသာကြည်နူးရတာထက် သာလွန်တဲ့သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ရလို့ဝမ်းသာကြည်နူးရတာက များစွာသာလွန်ပါတယ်။

မိသားစုလည်း အကျိုးများ သာသနာတော်အတွက်လည်း အကျိုးများ နိုင်ငံတော်အတွက် လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာ မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။

ဗုဒ္ဓယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်း တစ်ခု ဖြစ်ထွန်းလာအောင် ကြိုးစားဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။

အမေရယ်၊ အဖေရယ်၊ သားရယ်၊ သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ်လို့ အမြင်မတော် ဖြစ်နေတော့ အဖေက “ကဲ… တို့သားအဖတွေ ပြင်ထိုင်ကြစို့”လို့ ပြောတဲ့အခါ သမီးဖြစ်သူက “အဖေ… ကျွန်မကော ပါသေးလား”လို့ မေးတော့ အဖေဖြစ်သူက “သမီးက အရေးအကြီးဆုံးပဲ”လို့ ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးအောင်ပြင်ကြတဲ့ နေရာမှာ “ကျွန်တော်တို့ ပါသေးသလား” မမေးနဲ့ ၊ ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင်မှန်သမျှ ပြင်ထိုင်ဖို့ လိုနေကြတယ်။

ရှေးဦးစွာ တစ်ကိုယ်ရည်သာသနာပြည့်စုံဖို့လိုတယ်၊ ပြီးတော့ လက်လှမ်းမီရာမှာ သာသနာ လက်ဆင့်ကမ်းရတယ်။ (ရွှေတောင်ကုန်း သာသနာ့ရိပ်သာဆရာတော်၏ တစ်ဘဝတာခရီးမှ ကောက်နှုတ်တင်ပြပါသည်။)

“နိုင်ငံခြား ပညာသင် မြန်မာ့သားကောင်းများနှင့် တာဝန်”

အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း စသော နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက်ကာ ပညာသင်ကြားနေကြသော မြန်မာ့သားကောင်း သာသနာ့အာဇာနည် ပုဂ္ဂိုလ်လေးများ မြောက်များစွာ ရှိကြသည်။ အဆိုပါ မြန်မာ့သားကောင်း သာသနာ့အာဇာနည်လေးများသည် အရွယ်ကလည်းကောင်း၊ ပညာဗဟုသုတကလည်း ပြည့်စုံသူများ ဖြစ်ကြသဖြင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သည့် ဦးဆောင်နိုင်လောက်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

အဆိုပါ မြန်မာ့သားကောင်း သာသနာ့အာဇာနည်များကို စာရေးသူအနေဖြင့် တိုက်တွန်းလို သည်မှာ အသင်တို့သည်….

အမျိုးဘာသာ သာသနာအတွက် ဦးဆောင်ပေးကြပါ။

အသင်တို့၏ အစွမ်းထက်သည့် အင်အားများဖြင့် …

အမျိုးဘာသာ သာသနာ၏ အန္တရာယ်များကို ဝိုင်းဝန်းကာကွယ်ပေးကြပါ။

တားဆီးပေးကြပါ ဟု တိုက်တွန်းရင်း ဤဆောင်းပါးကို အဆုံးသတ်အပ်ပါ သတည်း။

တန်ခူးလဆန်း(၅)ရက်၊ ၁၃၇၄-ခု

(ဧပြီ ၁၅၊ ၂၀၁၃၊ တနင်္လာနေ့)

အရှင်တိလောကာဘိဝံသ (အင်းစိန်)

ရွာမပရိယတ္တိစာသင်တိုက်၊

အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။

Wednesday, June 5, 2013

ရှဲရှဲနီ …နံနက်ခင်း



“ကျုပ်တို့ခေါင်းဆောင်တွေကရော ကိုယ့်လူမျိုးကို ကိုယ်မချစ်လို့လား၊”
“ မချစ်ဘူးလို့တော့မပြောရဲပါဘူးဗျာ၊ မချစ်တတ်ဘူးလို့တော့ပြောရဲတယ်။ ဥာဏ်သွင်းပြီးတော့မချစ်တတ်ဘူးဗျ၊ စိုးရိမ်စိတ်နဲ့တော့ချစ်တတ် တယ်။ လုံခြုံရေးအမြင်နဲ့ပဲချစ်တတ်တယ်။ ကျုပ်တို့တိုင်းပြည်ကတိုးတက်ဖို့ အတွက် အခွင့်အလမ်းတွေအများကြီးပါ။”

………………………………………………………………………….


“ခီများကို ကီစွန်းတီခင်းပေးမယ်၊ ခီများဘာလုပ်မီလဲ”

“ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်၏ နံနက်ခင်းတစ်ခု။ ကျွန်တော်တစ် ယောက်တည်းဂျာနယ်ကို သဲကြီးမဲကြီးငုံ့ဖတ်နေသည်။ ကျွန်တော်ထိုင်နေ သော စားပွဲသို့လူနှစ်ယောက်လာပြီးထိုင်သည်။ စကားသံကြား၍ ဂျာနယ်ကို ဖတ်နေရင်း အကဲခတ်လိုက်သည်။ နှစ်ယောက်စလုံးက အားကစားဝတ်စုံ ကိုယ်စီနှင့် မန္တလေးကျုံးနံဘေးလမ်းလျှောက်ပြီးပြန်လာကြသူများဖြစ်မည် ထင်သည်။ တစ်ယောက်က အသက်ကြီးကြီး မြန်မာအမျိုးသား၊ ကျန်တစ် ယောက်က တရုတ်လူမျိုးအဘိုးအို၊ သူက “ကန်းစွန်းတစ်ခင်းပေးမယ်၊ ဘာ လုပ်မလဲ” ဟုမြန်မာသံမပီမသဖြင့်မေးသည်။ သူ့မေးခွန်းကို ကျွန်တော်စိတ် ဝင်စားသွားသည်။ ကျန်တစ်ယောက်ကပြုံးပြီးဖြေသည်။

“ကန်စွန်းတစ်ခင်းပေးရင် … လွယ်လွယ်လေးပါ။ ကန်စွန်းရွက်ခူးပြီး ငါးစီးကိုတရာနဲ့ဈေးမှာ ရောင်းစားမယ်ဗျာ၊ ဘာခက်တာမှတ်လို့”
အဖြေစကားကိုကြား၍ တရုတ်အဘိုးကြီးက ခေါင်းခါလိုက်သည်။

“အီဒါပဲဗျ၊ ခီများတို့က ကန်စွန်းရွက်ကို ခူးပြီးရောင်းစားမယ်၊ ဒါပဲသိ လယ်။ ငေါ်ကတော့ အဲဒီကီစွန်းရွက်ကို ကီစွန်းရွက်ကြောလုပ်ပြီးငွေရှာ မယ်။ ခီများတို့က တက်တာဖို့ပဲစဉ်းစားတယ်၊ တူးတက်ဖို့မီစဉ်းစားဘူး”

ထိုသို့အခြေအတင်စကားတွေပြောပြီး လက်ဖက်ရည်ဆိုင်မှထသွားကြ သည်။

ကျွန်တော်ဖတ်နေသော ဂျာနယ်ထဲတွင် မန္တလေးမြို့အတွက် မင်္ဂလာအိမ် ရာစီမံကိန်းအကြောင်း တံတားဦးလေဆိပ်ကို ဒီထက်အဆင့်မြှင့်တင်မည့် အကြောင်း၊ ဟိုတယ်ဇုန်များတိုးချဲ့ဆောက်လုပ်မည့်အကြောင်း ခရီးသွား လုပ်ငန်းမှ နိုင်ငံခြားငွေတိုးချဲ့ရှာနိုင်မည့်နည်းလမ်းများအကြောင်းကို ဖတ် ရင်း လက်ဖက်ရည်ဆိုင်တွင်ဆက်ပြီးထိုင်နေမိသည်။
×××

နာရီကိုငုံ့ကြည့်လိုက်သည်။ ၈နာရီကျော်ပြီ၊ ဆိုင်မှာလည်းလူစုံလာသည်။

ကျွန်တော့်သူငယ်ချင်း ကိုဝင်းမြင့်ရောက်လာသည်။ သူက Acid Man အမည်ဖြင့်စာရေးသည်။ Spider Man, Bad Man ကိုအားကျပြီး Acid Man ဟုအမည်ပေးထားခြင်ဖြစ်သည်။ လွဲရင်ချော်ရင် သရော်မယ်ဆိုတဲ့ ကလောင်အမည်မျိုးပေါ့။ သူက သူ့သမီး “ပိစိ” ကို ဒေါ်မမနိုင်၏ အင်္ဂလိပ် စကားပြောသင်တန်းတွင် အပ်နှံထားသည်။ သင်တန်းက ၁၀နာရီမှဆင်း မည်။ သူ့သမီးကို စောင့်ရင်း “ရွှေပြည်မိုး” လက်ဖက်ရည်ဆိုင်သို့ရောက်လာ ခြင်းဖြစ်သည်။

သူ့ကို ကျွန်တော်နှင့်အတူထိုင်ဖို့လှမ်းပြီးခေါ်လိုက်သည်။

“လာဗျာ။ လက်ဖက်ရည်သောက်ဦး၊ ဘာစားမလဲ”
“ဖန်ချိုတစ်ချိုတစ်ခွက်၊ ပေါက်စီချဟေ့”

သူစားနေစဉ် ကျွန်တော်က မေးခွန်းတစ်ခုမေးလိုက်သည်။

“ခင်ဗျားကို ကန်စွန်းတစ်ခင်းပေးထားမယ်။ ခင်ဗျားအဲဒီကန်စွန်းခင်းကို ဘာလုပ်မလဲ”
“ခင်ဗျားမေးခွန်းကလည်း ဘာခက်တာမှတ်လို့၊ ကန်စွန်းတစ်ခင်းပေးရင် ကန်စွန်းရွက်ကိုခူးမယ်၊ အစည်းလေးတွေလုပ်မယ်၊ ပြီးရင်တစ်စည်းကို တစ် ဆယ်ဗျာ၊ တစ်ရာဖိုးကို ဆယ့်ငါးစည်းပေးမယ်။ ဟဲ…ဟဲ…ဟဲ”
“ဒါဆိုရင်ဗျာ၊ ခင်ဗျားကို မန္တလေးမြို့ကြီးပေးမယ်၊ ခင်ဗျားဘာလုပ်မလဲ”

“ဒါလေးများ၊ ခက်တာမှတ်လို့၊ ကျုပ်ကို မန္တလေးမြို့ကြီးတကယ်ပေးမယ် ဆိုရင် မြေတွေကို တစ်ကွက်ပြီးတစ်ကွက်ရောင်းစားမှာပေါ့”

သူ့အဖြေကြောင့် ကျွန်တော်စိတ်ပျက်မိသည်။ ဒါမြန်မာ့အတွေးပဲ၊ ဒါမန္တလေးသားအတွေးပဲ၊ ကျွန်တော်တို့က ဖောက်ထွက်ပြီးမတွေးဘူး၊ ဖြန့် ထွက်ပြီးမတွေးဘူး၊ ပြောင်းပြန်မတွေးဘူး၊ အတွေးမရဲဘူး၊ အတွေးရိုးတယ်။

“အတွေးမဆန်း” တော့ “သွေးမလန်း” ဘူး။
“အတွေးရိုး” တော့ “သွေးမိုး”ခံရတာပေါ့။
“အတွေးမသစ်” တော့ “ခွေးဖြစ်” တော့တယ်။
“အတွေးရဲ” မှ “ခွေးဆွဲ” မခံရမှာဗျ။

“ကိုဝင်းမြင့်ရယ်၊ ကျုပ်ကိုမန္တလေးမြို့ကြီးပေးစမ်းပါ။ ကျုပ်ဘာလုပ်မယ် ထင်လဲ၊ ခင်ဗျားလိုတော့ မြေကွက်တွေကိုရောင်းစားမှာမဟုတ်ဘူး”

“ဆရာဘုန်း၊ ဒါဆိုခင်ဗျားက ဘာလုပ်မလဲ”

“ကဲ…. ဟိုမယ်ကြည့်၊ မန္တလေးကျုံးတော်ကြီး၊ ဘယ်လောက်လှသလဲ၊ ရေပြင်စိမ်းစိမ်းရှိတယ်ဗျာ။ မြောက်ဘက်မှာ စိမ်းစိုနေတဲ့ မန္တလေးတောင် တော်ကြီးရှိတယ်ဗျာ၊ အရှေ့ဘက်မှာဆိုရင်လည်း ရန်ကင်းတောင်ကြီး၊ သိပ် လှတဲ့ ကျုံးမြို့ရိုးနဲ့ မန္တလေးနန်းတော်ကြီးဗ၊ မြို့တစ်မြို့မှာရေတွေ၊ အင်း တွေ၊ အိုင်တွေ၊ တောင်တွေ၊ တောတွေပါတာ ကမ္ဘာပေါ်ရှားတယ်ဗျ၊ ကျုပ် တို့ မန္တလေးက အရှားအပါးဆုံးအလှအပကို ပိုင်ဆိုင်ထားတဲ့ နတ်မိမယ်ရဲ့ မျက်ဝန်းဗျ”
ကိုဝင်းမြင့်က ပြုံးသည်

“ကျုပ် အိန္ဒိယနိုင်ငံက “တက်ခ်ျမဟာဂူဗိမာန်”ရောပ်ဖူးတယ်။ ဘာမှ မဟုတ်တဲ့အချစ်ဇာတ်လမ်းကို ဇာတ်အိမ်ဖွဲ့ပြီးသမိုင်းလုပ်ထားတယ်။

“တက်ခ်ျမဟာ”နဲ့ကပ်လျက်မှာ ရေမဲ့သောင်ထွန်းနေတဲ့ “ယမုံနာမြစ်သေ ကြီး” ရှိတယ်။ မနီးမဝေးမှာလည်း “အာဂရာ” ဆိုတဲ့နန်းတော်ကြီးရှိတယ်။ ကျုပ်တို့မန္တလေးကျုံးတော်ကြိးလောက်မလှဘူး၊ တောင်မရှိဘူး၊ တောမရှိ ဘူး၊ ရေမရှိဘူးဗျာ။ အဲဒီ “အာဂရာ” ဆိုတဲ့နန်းတော်ကြီးထဲကို ပိုက်ဆံပေး ပြီးမှဝင်ကြည့်ခွင့်ရတယ်၊ အိန္ဒိယနိုင်ငံသားဆိုရင်တော့ အိန္ဒိယ ၅ရူပီးပေးရ တယ်။ ကျောင်းသားကျောင်းသူတွေဆိုရင် အခမဲ့၊ နိုင်ငံခြားသားဆိုရင် တော့ အိန္ဒိယရူပီး ၁၀၀ပေးရတယ်။ ကျုပ်တို့ရဲ့ မန္တလေးကျုံးတော်ကြီးနဲ့ နန်းတော်ကြီးကို ကျုပ်ကသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ပြီး နိုင်ငံခြားသား တွေရဲ့ အိတ်ထောင်ထဲက ပိုက်ဆံကိုရအောင်ယူချင်တာဗျ”

“ကဲ… ဆိုစမ်းပါဦးဗျာ။ ခင်ဗျားကို မန္တလေးတောင်ကြီးပေးပါပြီတဲ့။ ဘာ လုပ်မလဲ”

ကိုဝင်းမြင့်က မခို့တရို့ပြုံးပြီး ကျွန်တော့်ကို ရန်စသလိုမေးခွန်းမေး သည်။

“ပထမဆုံးဗျာ၊ နန်းတော်ထဲမှာရှိတဲ့ စစ်တပ်ကြီးကို ရန်ကင်းတောင်ခြေ၊ ဒါမှမဟုတ် သင့်တော်တဲ့တစ်နေရာကို ရွှေ့မယ်၊ တပ်မတော်သားတွေအ တွက် နေစရာလိုင်းခန်းတွေကိုလည်း သပ်သပ်ရပ်ရပ်ဆောက်ပေးမယ်။ နန်း တော်ထဲမှာ စစ်တပ်ကြီးမရှိတော့ဘူးဆိုရင် “ရတနာပုံမင်းနေပြည်ခေတ်” အတိုင်း နန်းတော်အတွင်းကိုပြုပြင်မယ်။ မွမ်းမံမယ်၊ “မြနန်းစံကျော်ရွှေ နန်းတော်ကြီး”ကို ဒီထက်သန့်ရှင်းသပ်ရပ်အောင်လုပ်မယ်။ မြင်းတပ်တွေ၊ ဆင်တပ်တွေထားမယ်။

ရှေးတုန်းက မြန်မာအမျိုးသမီးကြီးများ၊ မြန်မာအမျိုးသားကြီးများ ဝတ်စားဆင်ယင်သလိုမျိုးဖန်တီးထားမယ်။ သျှောင်ထုံးကြီးတွေထုံး၊ ထိုး ကွင်းမင်ကြောင်ထိုးထားတဲ့ အမျိုးသားတွေ ညနေပိုင်းဆိုရင် “ဝိုင်းခြင်း” တွေခတ်ကြမယ်ဗျာ။ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာပြီး “ဝိုင်းခြင်း” ခတ် နေတာကိုကြည့်နေကြတဲ့ ပရိသတ်တွေဖန်တီးထားမယ်၊ ပြီးတော့ သစ်သား ဘီးတပ်နွားလှည်းကြီးတွေ၊ ရထားလုံးတွေလုပ်မယ်၊ နန်းတော်ထဲကိုလာတဲ့ နိုင်ငံခြားသားတွေကိုပြစားမယ်။ Taxi ဆွဲစားမယ်။ နန်းတော်ထဲကို အင်ဂျင် တပ်မီးခိုးထွက် ဘယ်မော်တော်ကားမှ ဝင်ခွင့်မပေးဘူး၊ ဒီနန်းတော်ကြီးထဲ ရောက်လိုက်တာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ကိုပြန်ရောက်သွားသလိုမျိုး ခံစားစေရမယ်။ အဲဒီခေတ် အခင်းအကျင်းမျိုးကိုပြထားမယ်ဗျာ”

ကိုဝင်းမြင့်က မဖြစ်နိုင်ဘူးဆိုသောအကြည့်ဖြင့် ကျွန်တော့်စကားကို သည်းခံပြီးနားထောင်ပေးနေသည်။

“ကဲ…. ဆိုစမ်းပါဦးဆရာဘုန်းရဲ့၊ ဒါပဲလား”

“ဒါတင်ဘယ်ကမလဲဗျ၊ နန်းတော်ကြီးတစ်ခုလုံးကို ဥယျာဉ်ကြီးလုပ်ပစ် မယ်။ မြက်ခင်းစိမ်းစိမ်းတွေစိုက်မယ်ဗျာ၊ နန်းတော်ထဲမှာ အရိပ်ရတဲ့ မန် ကျည်းပင်တွေ၊ ကုက္ကိုပင်တွေဆိုတာအများကြီးပဲ။ ပြီးတော့ နန်းတော်ရဲ့ သင့်တော်တဲ့နေရာတွေမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ကျေးရွာပုံစံတွေ ဖန် တီးထားမယ်။ သူတို့ရဲ့ ရိုးရာအဝတ်အထည်တွေ၊ ပစ္စည်းတွေပြထားမယ်။ ရောင်းချမယ်။ ရိုးရာပစ္စည်းတွေတစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ပြုလုပ်ပုံကို လည်း လေ့လာနိုင်ဖို့ ဖန်တီးထားဦးမယ်။ ပြီးတော့ ရိုးရာအစားအစာတွေကို လည်းရောင်းချမယ်၊ စားသောက်စေမယ်”

ကျွန်တော်က မန္တလေးကျုံးတော်ကြီးကို ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် ပြောသည်။ ကိုဝင်းမြင့်က စိတ်မဝင်စားပါ။

“ခင်းဗျားစိတ်ကူးက ဖြစ်နိုင်ပါ့မလားဆရာဘုန်းရဲ့”

“စိတ်ကူးပဲဗျာ၊ တစ်ချိန်ချိန်တော့ဖြစ်ရမျာပေါ့၊ အဲဒီနန်းတော်ကြီးထဲမှာ ရှေးဟောင်းပစ္စည်းတွေရောင်းမယ်၊ ကျောက်ဆစ်ထုလုပ်တဲ့ဈေး တန်းတွေ ထားမယ်၊ ကြေးသွန်းလုပ်တဲ့ဈေးတန်းတွေထားမယ်၊ ရွှေချည်ထိုးငွေချည် ထိုး၊ ပန်းချီ၊ ပန်းပုလုပ်ငန်းတွေကိုလည်းပြထားမယ်။ စည်းကမ်းတကျပေါ့ ဗျာ၊ နန်းတော်ကြီးထဲကိုတစ်ရက်လောက်ဝင်ကြည့်ရုံနဲ့ ကြည့်လို့မဝအောင် လုပ်ထားမယ်။ အနည်းဆုံး မန္တလေးနန်းတော်ကြီးကို ၃၊ ၄ရက်လောက်ဝင် ပြီးလေ့လာမှဖြစ်မယ်ဆိုတဲ့ အနေအထားတွေကျုပ်ကလုပ်ချင်တာ၊ ပြီးတော့ ဗျာ “မြေဝိုင်းဇာတ်” တွေကမယ်။ ရေနံကြီးမီးတိုင်တွေရဲ့အလယ်မှာ ဖျာ ချောကိုခင်းပြီးနားထောင်ကြမယ်။ ညဘက်ဆိုရင် လျှပ်စစ်မီးရောင်မှိန်မှိန် ထွန်းပေးထားမယ်။ စောင်းတီးပညာရှင်တွေကို နေရာပေးမယ်။ ရှေးသီချင်း ကြီး၊ သီချင်းခန့်တွေကို သီဆိုကြမယ်။ “ဦးပုည” တို့၊ “အချုပ်တန်း ဆရာဖေ” တို့ရဲ့စာတွေ၊ ကဗျာတွေကိုပြန်လည်ဖော်ထုတ်မယ်၊ သူတို့စာပေ တွေကိုကို အင်္ဂလိပ်လို၊ ပြင်သစ်လို၊ ဂျပန်လို ဘာသာပြန်ပြမယ်။ နိုင်ငံခြား သားတွေအလွန်အင်မတန်စိတ်ဝင်စားမှာဗျ”

ကိုဝင်းမြင့်းက ပြုံးဖြီးဖြီးကြီးလုပ်သည်။

“ဒီလောက်ပဲလားဗျ”

“ဒါတင်ဘယ်ကမလဲဗျာ၊ Special Day တွေ၊ Special Month တွေ၊ Special Season တွေလုပ်မယ်။ နိုင်ငံခြားသားတွေကိုဆွဲဆောင်မယ်။ နန် ဝတ်နန်းစားနဲ့ ဓာတ်ပုံရိုက်ရင် ပိုက်ဆံပေးရမယ်၊ ဓာတ်ပုံတွဲရိုက်ရင်လည်း ပိုက်ဆံယူမယ်။ ပြီးတော့ “မြန်မာ့ဆိုင်းဝိုင်းကြီး” တွေထားမယ်။ နတ်ဖိုသံ တွေတီးမယ်။ မှုတ်မယ်။ နိုင်ငံခြားသားတွေဆိုတော့ လမ်းကျယ်ကျယ်ကြီး တွေ၊ တိုက်မြင့်မြင့်ကြီးတွေ၊ အုတ်နဲ့ဘိလပ်မြေနဲ့တည်ဆောက်ထားတဲ့ မြို့ပြ ဆန်ဆန်မြင်ကွင်းတွေကိုမကြည့်ချင်ကြဘူး၊ သူတို့မျက်စိထဲမှာ ရိုးအီ နေပြီ၊ မထူးဆန်းတော့ဘူး၊ မြန်မာဆိုတာ ဒီလိုနေခဲ့တယ်။ ဒီလိုယဉ်ကျေး မှု ရှိခဲ့တယ်။ ရှိနေတယ်ဆိုတာသူတို့ကိုပြလိုက်ချင်တယ်။ သူတို့က အဲဒါမျိုးမှ စိတ်ဝင်စားတာ၊ နိုင်ငံခြားသားတွေနဲ့ တွေ့တိုင်း သူတို့ အမြဲပြောတဲ့ သူတို့ အမြင်တွေရှိတယ်ဗျ”
“ဆိုစမ်းပါဦး ဆရာဘုန်းရဲ့”

“မင်းတို့ဆီက ဟော်တယ်ကြီးတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်ကွ၊ ငါတို့ မျက်လုံးထဲမှာ သိပ်မဆန်းဘူး။ ငါတို့မျက်လုံးထဲကို မင်းတို့ဝင်ကြည့်။ ငါတို့ က ဒေသတစ်ခုကိုရောက်ရင် အဲဒီဒေသရဲ့ မူရင်းအတိုင်းမပျက်စီးသေးတဲ့ သဘာဝကို ကြည့်ချင်တာ။ မင်းတို့နန်းတော်ကြီးကို ရှေးမူအတိုင်းလုပ်လုက် စမ်းပါကွာ။ မင်းတို့ပဲ စဉ်းစားကြည့်၊ နိုင်ငံခြားသားတစ်ယောက်က နိုင်ငံ တစ်ခုကိုအလည်အပတ်သွားရင် ဒေါ်လာ ၃၀၀၀လောက်အနည်းဆုံးသုံးရ တယ်။ နိုင်ငံခြားသားတစ်သန်းအလည်အပတ်လာရင် ဒေါ်လာ သန်း ၃၀၀၀ ရမယ်ကွာ။ ယိုးဒယားကိုလာတဲ့ နိုင်ငံခြားဧည့်သည်တိုင်း မြန်မာပြည်ကို လာချင်ကြတဲ့သူတွေချည်းပဲ။ ယိုးဒယားမှာဆိုရင် ယိုးဒယားပြည်ဝင်ခွင့် နိုင်ငံခြားသားတစ်ယောက်ကို ဒေါ်လာ ၄၀ကောက်ခံတယ်။ တစ်နှစ်ကို နိုင်ငံခြားသား ၁၅သန်းလာပြီးလည်ပတ်သတဲ့။ အဲဒီဝင်ငွေကိုက မနည်းမ နော်ပဲ။ သူတို့တိုင်းပြည် သယံဇာတအရင်းအမြစ်တွေ မပျက်စီးဘဲ တိုးတက် နေတာ အဲဒါကြောင့်ကွ။ သူတို့ထက်မင်းတို့ တိုင်းပြည်က အများကြီးသာ ပါတယ်။ သူတို့ ဧည့်သည်တွေကို မင်းတို့ ဆွဲဆောင်နိုင်ရင် သဘာသ သယံ ဇာတအရင်းအမြစ်တွေကို ထိန်းသိမ်းရာရောက်မယ်။ ဝင်ငွေလည်းရမယ်။ အခုလက်ရှိ မပျက်စီးဘဲ ကျန်ရှိနေတဲ့ သဘာဝအရင်းအမြစ်နဲ့ သမိုင်းဆိုင် ရာနေရာတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်မယ်။ နိုင်ငံခြားဝင်ငွေတိုး လာနိုင်တယ်။ မင်းတို့က ရွှေခွက်နဲ့ခြေဆေးနေတဲ့လူမျိုး”

“ဘယ်လိုပြောလိုက်တယ်။ ရွှေခွက်နဲ့ခြေဆေးနေတယ်ဟုတ်လား။ ဘာသဘောလဲဗျ”
“ရွှေခွက်နဲ့ ခြေဆေးတယ်ဆိုလို့ အထင်ကြိးပြီးပြောတာမထင်နဲ့၊ ရွှေခွက် ကို တန်ဖိုးမထားတတ်ဘူးလို့ပြောတဗျ၊ ခြေဆေးတဲ့ခွက်ကို ဘယ်သူက တန်ဖိုးထားလို့လဲ။ ကိုယ့်တန်ဖိုးကိုယ်မသိတဲ့လူမျိုးလို့ပြောတာဗျ”
“တော်တော်မြင်တတ်တဲ့ နိုင်ငံခြားသားတွေပဲ”
“သူတို့ကပြောတယ်။ မင်းတို့နိုင်ငံမှာ နိုင်ငံခြားဝင်ငွေရှာလို့ရနိုင်တဲ့ သမိုင်းဆိုင်ရာ သဘာဝဆိုင်ရာအရင်းအမြစ်တွေအများကြီးပဲတဲ့၊ စနစ်တကျ ထိန်းသိမ်းပြီး သပ်သပ်ရပ်ရပ်ပြုပြင်လိုက်ရင် အာရှမှာ နိုင်ငံခြားသားဧည့် သည်အလာဆုံးနိုင်ငံဖြစ်သွားနိုင်တယ်။ နိုင်ငံခြားသာ ဆယ်သန်းလောက် လာလိုပကတော့ မင်းတို့နိုင်ငံရဲ့ဝင်ငွေ မင်းတို့တွက်ကြည့်ကွာတဲ့၊ မင်းတို့ လုပ်ရင်ဖြစ်မှာပါတဲ့”

ကိုဝင်းမြင့်က သူ့ထုံးစံအတိုင်း သရော်တော်တ်ာမျက်လုံးပြူးကြီးဖြင့် ကျွန်တော့်ကို ကြည့်သည်။

“နန်းမြို့ရိုးနဲ့ ကျုံးတော်ကြီးရဲ့အကြားမှာလည်း ပန်းခြံတွေလုပ်မယ်ဗျာ။ ကျွန်တာ့်တို့ မန္တလေးမြို့ရဲ့အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ရုပ်ထုတွေထားမယ် ဗျာ။ “နန်းတော်ရှေ့ဆရာတင်” တို့၊ “မြို့မငြိမ်း” တို့၊ “စိန်ဗေဒါ” တို့၊ “လေဘာတီမမြရင်” တို့၊ ပြီးတော့ စားသောက်ဆိုင်ဖွင့်မယ်ဗျာ၊ ရိုးရာနဲ့ အနောက်တိုင်းတူရိယာကို လိုက်ဖက်ညီအောင်တွဲဖက်ပြီး တီးခတ်နိုင်တဲ့ “မြို့မ”တေးဂီတကို ဂီတဖျော်ဖြေပွဲတွေ ညတိုင်းကျင်းပမယ်ဗျာ။ ပြီးတော့ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ ညဈေးတန်းကြီးတွေ၊ Night Bazaar တွေ၊ မန္တလေးမြို့ပေါ်မှာ သုံးလေးနေရာလောက်ဖန်တီးမယ်ဗျာ”

နားထောင်နေသော ကိုဝင်းမြင့် ပျော်မပျော်တော့ကျွန်တော်မသိ၊ ကျွန် တော်ကတော့ ကိုယ့်စိတ်ကူးဖြင့် ကိုယ်ပြောနေရင်ပျော်လာမိသည်။
“နန်းတော်ကြီးထဲမှာလည်းဗျာ ….. “ယောမင်းကြီးဦးဖိုးလှိုင်” ရဲ့ပြတိုက်၊ “ကင်းဝန်မင်းကြီး” ရဲ့ပြတိုက်၊ “တိုင်တားမင်းကြီး” ရဲ့ပြတိုက်၊ “လှေသင်း အတွင်းဝန်မင်းကြီး” ရဲ့ပြတိုက်၊ “စာဆိုဦးပုည” ရဲ့ပြတိုက်၊ “မင်းတုန်းမင်း” တို့၊ “ကနောင်မင်း” တို့၊ “သီပေါမင်း”တို့ရဲ့ပြတိုက်တွေလုပ်ချင်တယ်ဗျာ။ မန္တလေးနန်းတော်ကြိးတည်ဆောက်တုန်းက သမိုင်းအထောက်အထားတွေ၊ အင်ဂျင်နီယာဆိုင်ရာဆောက်လုပ်ရေးအယူအဆတွေကိုမှတ်တမ်းတင်ထားတဲ့ ပြတိုက်တွေလည်း လုပ်ချင်တယ်ဗျာ။ မန္တလေးနန်းတော်ကြီးကို တည် ဆောက်ခဲ့တဲ့ လူသိနည်းတဲ့ အင်ဂျင်နီယာပညာရှင်ကြီး “ပန်းပဲမင်းကြီး ဦးမှို”။ သူတို့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ခေတ်မီဆော့စ်ဝဲတွေနဲ့ ဆလိုက်ထိုးပြီးပြမယ်။ နန်းတော်ကြီးရဲ့အပြင်ဘက်မှာလည်း စင်္ကာပူလို ရေပန်းဆလိုက်ထိုးဥယျာဉ်ကြီးလုပ်မယ်။”

“ဆရာဘုန်း ခင်ဗျားတော်တော်စိတ်ကူးယဉ်တဲ့လူပဲ”

“ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျုပ်စိတ်ကူးထားတာရှိသေးတယ်။ သီပေါမင်းနဲ့ ဒိုင်း ခင်ခင်တို့ရဲ့ အချစ်ဇာတ်လမ်းကို အင်္ဂလိပ်အသံထွက်ပြဇာတ်ကမယ်ဗျာ။ ကနောင်မင်းကြီးနဲ့ လှိုင်ထိပ်ခေါင်တင်တို့ရဲ့ နှလုံးသားပုံရိပ်ကိုလည်း ဇာတ်အိမ်ဖွဲ့ပြီး ဖျော်ဖြေတင်ဆက်မယ်ဗျာ။ ဒီလိုပဲဗျ၊ ရတနာပုံခေတ်က အဖြစ်အပျက်တွေကို ဇာတ်လမ်းဇာတ်ကွက်တွေလုပ်ပြီး ဂန္တဝင်မြောက်တင် ဆက်ပွဲတွေကျင်းပမယ်ဗျာ”

“ဆရာဘုန်း၊ ခင်ဗျားစိတ်ကူးကဖြစ်နိုင်ပါ့မလားဗျ၊ မဖြစ်နိုင်တဲ့စိတ်ကူး ကို ရူးတယ်လို့ခေါ်တယ်နော်”
ကိုဝင်းမြင့်က ကျွန်တော်ကို သာသာနှင့် နာနာနှက်သည်။

“ဘာပဲဖြစ်ဖြစ် ကိုဝင်းမြင့်ရာ၊ ခင်ဗျားပဲစဉ်းစားကြည့်၊ ခိုင်မာတဲ့သမိုင်း ကြောင်းလည်းမရှိ၊ မြေကျယ်ကျယ်လည်းမရှိ၊ လူသားအရင်းအမြစ်လည်း မရှိ၊ အင်္ဂတေနဲ့တည်ဆောက်ထားတဲ့ အရုပ်တွေကိုပြပြီး ဝင်ငွေရှာတတ်တဲ့ စင်္ကာပူကို ကျုပ်တို့အတုယူသင့်တယ်။ သူတို့ခေါင်းဆောင်တွေက စိတ်ကူး ကောင်းတယ်ဗျ။ တိုင်းပြည်အပေါ်မှာလည်း စေတနာရှိတယ်။ အနာဂတ်ကို လည်း လှပအောင် အသိပညာနဲ့ ဆေးခြယ်တတ်တယ်၊ ပြီးတော့ ကိုယ့် လူမျိုးနဲ့ကိုယ့်နိုင်ငံကိုတကယ်ချစ်တယ်ဗျ”

“နို့ …. နေပါဦးဆရာဘုန်းရဲ့၊ ကျုပ်တို့ ခေါင်းဆောင်တွေကရော ကိုယ့် လူမျိုးကို ကိုယ်မချစ်လို့လား”
“မချစ်ဘူးလို့တော့ မပြောရဲပါဘူးဗျာ၊ မချစ်တတ်ဘူးလို့တော့ပြော ရဲတယ်။ ဥာဏ်သွင်းပြီးတော့မချစ်တတ်ဘူးဗျ။ စိုးရိမ်စိတ်နဲ့တော့ချစ်တတ် တယ်။ လုံခြုံရေးအမြင်နဲ့ပဲချစ်တတ်တယ်။ကျုပ်တို့ တိုင်းပြည်ကတိုးတက် ဖို့အတွက် အခွင့်အလမ်းတွေအများကြီးပါ။ ဒါတောင်မှ နန်းတော်ကြီးနဲ့ ကျုံး မြို့ရိုးပေါ်မှာတွေးမိတဲ့စိတ်ကူးနော်၊ ဧရာဝတီတာရိုးပေါ်က ကားလမ်းမကြီး ကို ကောင်းအောင်ပြုပြင်မယ်။ ပြီးတော့ ဧရာဝတီမြစ်အလှကို ပြစာမယ်ဆို ရင်လည်း ရသေးတယ်။ “ဦးပန်တံတား” တို့၊ “မဟာဂန္ဓာရုံ” တို့၊ “မစိုးရိမ် တိုက်ဟောင်း” တို့၊ “မဟာမုနိဘုရားကြီး”တို့၊ “အိမ်တော်ရာဘုရား”တို့ စုံလို့ပါပဲ။ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ဝင်ငွေရှာလို့ရတယ်။ “ပုဂံ”၊ “အင်းလေး”၊ “ကျိုက်ထီးရိုး”၊ “ပုပ္ပားတောင်”၊ “ငပလီ”တို့ မပါသေးဘူးနော်။ သေချာတွေးကြည့်ရင် ကျုပ်တို့တိုင်းပြည် ဖွံ့ဖြိုးဖို့သိပ်ပြီးမခက်ပါဘူးဗျ”။

ကိုဝင်းမြင့်က ဖင်တကြွကြွဖြစ်နေသည်။ ကျွန်တော့်စကားမဆုံးသေးပါ။

“ကဲဗျာ…ကန်စွန်းတစ်ခင်းပေးရင် ကန်စွန်းရွက်ရောင်းစားဖို့လောက်သာ သိတဲ့ ကျွန်တော်တို့ရဲ့ ဥာဏ်မပါတဲ့စိတ်ကူးတွေစွန့်လွှတ်သင့်ပြီဗျ။ မန္တလေး မြို့ကြီးကို ကျုပ်တို့ပိုင်တယ်။ မန္တလေးနန်းတော်ကြီးကို ကျုပ်တို့ ပိုင်တယ်။ အဘိုးတို့၊ အဘေးတို့ ပေးထားခဲ့တဲ့ သမိုင်းတွေကျုပ်တို့ပိုင် တယ်၊ သယံဇာတတွေကျုပ်တို့ပိုင်တယ်၊ ရေချိုမြစ်ကြီးတွေ ကျုပ်တို့ပိုင် တယ်။ တောင်တန်းပြာပြာကြီးတွေကျုပ်တို့ပိုင်တယ်။ လူမျိုးစုံ၊ ယဉ်ကျေးမှု မျိုးစုံ၊ ဓလေ့မျိုးစုံ ကျုပ်တို့ပိုင်တယ်။ မတူညီခြင်း၊ ခြားနားခြင်းဆိုတဲ့ အလှ တရားတွေကျုပ်တို့ပိုင်တယ်။ မတူညီခြင်း၊ ခြားနားခြင်းတွေကို အလှတရား လို့ကျုပ်တို့ကမမြင်ဘူး။ မတူညီခြင်း၊ ခြားနားခြင်းကို ပြဿနာလို့မြင်တယ်။ ဒီလိုနဲ့ပဲ ကျုပ်တို့တိုင်းပြည် ဆင်းရဲတွင်းနက်လာတော့တယ်။ ဒီမယ် ကိုဝင်း မြင့်ရ၊ စိုးရိမ်စိတ်အပေါ်အခြေခံတဲ့စီမံခန့်ခွဲခြင်းဟာ တိုင်းပြည်ဆင်းရဲရခြင်း ရဲ့ အဓိကအကြောင်းတရားပဲ။ ယုံကြည်မှုအပေါ်အခြေခံပြီး အနစ်နာခံတဲ့ စိတ်နဲ့စေတနာသွင်းပါ။ ဥာဏ်သွင်းပါ။ ဒါဆိုရင် ကျုပ်တို့တိုင်းပြည်တိုးတက် လာပြီဗျ”

ကိုဝ င်းမြင့်က သူ့လက်ပတ်နာရီကိုငုံ့ကြည့်လိုက်သည်။ ဆယ်နာရီထိုးခါ နီးပြီ။
ကျွန်တော့်ကိုအားနာ၍၊ ဒါမှမဟုတ် …
သူ့သမီးကို စောင့်ကြိုရင်း အပျင်းဖြေလို၍၊ ဒါမှမဟုတ် …
လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းလို၍ ….. ၍…… ၍…… ၍။

မိတ်ဆွေသဘောအရ စိတ်မပါဘဲနားထောင်ပေးသွားသည်ကို ကျွန်တော် သိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲက အတွေးတွေ၊ စိတ်ကူးတွေကို ပြောလိုက်ရသဖြင့် စိတ်ထဲတွင် တော်တော်ပေါ့ပါးသွားသည်။

တကယ်တော့ လက်ဖက်ရည်ဆိုင်ဆိုတာ၊ လူတွေရဲ့ ခံစားချက်နဲ့စိတ်ကူး ကို လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်းပြောဆိုလို့ရတဲ့ “လူမူဒီမိုကရေစီ ဘုံဗိမာန်” တွေပဲလေ။

ကိုဝင်းမြင့်ကပြောသည်။

“ဒီမယ် ဆရာဘုန်း၊ ကျုပ်ကိုလည်း ကန်စွန်းတစ်ခင်းမပေးနဲ့၊ ခင်ဗျားကို လည်း ဘယ်သူကမှ မန္တလေးမြို့ကြီးပေးမှာမဟုတ်ဘူး၊ ဆက်ပြီး စိတ်ကူး ယဉ်လိုက်ဦး၊ကျုပ်ပြန်တော့မယ်”
×××

ကိုဝင်းမြင့်
တရုတ်ပြည်မှလာသော လက်ပတ်နာရီကိုငုံ့ကြည်၊
တရုတ်ပြည်မှလာသော နေကာမျက်မှန်ကိုတပ်။
တရုတ်ပြည်မှလာသော ဟန်းဆက်ကိုကိုင်။
တရုတ်ပြည်မှလာသော မိုးကာကိုဝတ်။
တရုတ်ပြည်မှလာသော ဆိုင်ကယ်စီဦးထုပ်ကိုဆောင်း။
တရုတ်ပြည်မှလာသော ဆိုင်ကယ်ကိုစီးပြီး …
ကျွန်တော့်အပါးမှ နှုတ်ဆက်ထွက်ခွားသွားသည်။
သူ ကျွန်တော်ကို နှုတ်ဆက်သွားတဲ့စကားလုံးက
“ရှဲ ရှဲ နီ ….” တဲ့။
×××
ဦးဖုန်း (ဓာတု) မန္တလေး
ဇွန် ၃၊ ၂၀၁၃

Tuesday, June 4, 2013

မငြိမ်မလှုပ် ကူးနည်း

                                    

မငြိမ်မလှုပ် ကူးနည်း

တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။

“မြတ်စွာဘုရား...သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ....ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ်သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”

မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးခဲ့တာဆိုတော့ ရူပဗြဟ္မာက နားမလည်တော့ပါဘူး။ ရူပဗြဟ္မာက မြတ်စွာဘုရားဆီကို မာနလေးနဲ့ လာတာပါ။ သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “ငါ့အနေနဲ့  မြတ်စွာဘုရား သြဃလေးပါးက လွန်မြောက်ပြီးပြီဆိုတာလည်း သိထားတယ်။ သြဃလေးပါးက ဘာတွေလဲ
ဆိုတာလည်း သိထားတယ်။ ကူးနည်းလေးသိဖို့ ပဲ လိုတော့တယ်” လို့  အတွေးမာနရှိနေတာပါ။

မာနရှိနေရင် တရားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားက “ငါက ငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ” လို့  စကားဝှက်နဲ့ြေ ဖလိုက်တာပါ။ သူမမျှော်လင့်တဲ့ အဖြေစကား ကြားလိုက်ရတော့ ရူပဗြဟ္မာ နားမလည်တော့ပါဘူး။

ဒီတော့မှ သူ့ ရဲ့ မာနလေးကိုချပြီး “မြတ်စွာဘုရား....ဘယ်လို မငြိမ်မလှုပ်ကူးခဲ့တာလဲဘုရား၊ တပည့်တော်ကို အကျယ်ဟောပြပါဦးဘုရား” လို့ ပြန်လျှောက်ပါတယ်။ြ မတ်စွာဘုရားရှင်ကလည်း ပြန်ရှင်းပြပါတယ်။

”ဒါယကာ...ငါဟာ သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးတဲ့နေရာမှာ ငြိမ်နေရင်ြ မှုပ်သွားလိမ့်မယ်။ လှုပ်နေရင်လည်း မျောသွားလိမ့်မယ်။ ဒါကြောင့် ငါငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ”

မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာလည်း သဘောပေါက်ပြီး သောတာပတ္တိဖိုလ်ကို ရသွားပါတော့တယ်။ (သြဃတရဏသုတ်၊ သံယုတ်ပါဠိတော်)

အဲဒီမှာ အံ့သြဖို့ ကောင်းတာက မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာက သဘောပေါက်ပြီး သောတာပန်ဖြစ်သွားတာပါ။ နတ်ဗြဟ္မာတွေဟာ လူတွေနဲ့ မတူပါဘူး။ အသိဉာဏ်က သိပ်ပြီးလျင်မြန်ပါတယ်။ ဒါကြောင့် ချက်ချင်းသဘောပေါက်ပြီး တရားထူးရသွားတာပါ။

ကဲ....ရူပဗြဟ္မာကတော့ နည်းနည်းလေးချဲ့ ဟောလိုက်တာနဲ့  သောတာပန်တည်သွားပါပြီ။ စာရေးသူနဲ့ စာဖတ်သူကတော့ သောတာပန်နားကို မကပ်နိုင်သေးပါဘူး။

ငြိမ်ပြီးကူးရင် မြုပ်မယ်၊ လှုပ်ပြီးကူးရင် မျောမယ်၊ မငြိမ်မလှုပ်ကူးပါဆိုတော့ ဘယ်လိုကူးမလဲ.....?

မျက်လုံးထဲမှာလည်း မြင်ယောင်ကြည့်ပေါ့။ သမုဒ္ဒရာထဲမှာ လူတစ်ယောက်ငြိမ်နေရင်ြ မုပ်သွားပါလိမ့်မယ်။ လှုပ်နေရင် မျောသွားပါလိမ့်မယ်။ြ မတ်စွာဘုရား အလိုကျ မငြိမ်မလှုပ် ဘယ်လိုကူးမလဲ?ြေ ဖကြည့်ပါဦး။
(............................)
အဲဒီမှာ "အငြိမ်တရားရယ်၊ အလှုပ်တရားရယ်၊ မငြိမ်မလှုပ်တရားရယ်"ဆိုပြီး သုံးမျိုးခွဲသိလိုက်ပါ။

အငြိမ်တရားဆိုတာ အကုသိုလ်တရားပါ။ အလှုပ်တရားဆိုတာ လောကီစည်းစိမ်တွေေ တာင့်တပြီး ပြုတဲ့ကုသိုလ်ပါ။
မငြိမ်မလှုပ်တရားဆိုတာ နိဗ္ဗာန်ကို တောင့်တပြီြး ပုတဲ့ကုသိုလ်ပါ။

ရှင်းအောင်ပြောရရင် အကုသိုလ်စိတ်ဖြစ်နေတာ အငြိမ်တရားပါ။ လောကီစည်းစိမ်တွေေ တာင့်တပြီး ကုသိုလ်ပြုတာဟာ အလှုပ်တရားပါ။ နိဗ္ဗာန်ကို တောင့်တပြီး ကုသိုလ်ပြုတာဟာ မငြိမ်မလှုပ်တရားပါ။

ဥပမာ ထားပါတော့။ ကိုယ့်ရင်ထဲမှာ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ကိန်းနေပြီဆိုရင် ငြိမ်ပြီး ကူးနေတာပါ။ ငြိမ်ပြီးကူးရင်ြ မုပ်တော့မှာပါ။ ဘယ်ကိုမြုပ်မှာလည်း ဆိုတော့ အပါယ်လေးပါးကို မြုပ်မှာပါ။

နောက် ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ “ဤကုသိုလ်ကောင်းမှုကြောင့် စီးပွားရေး အဆင်ပြေရပါလို၏၊ ရာထူးတက်ရပါလို၏၊ ဥစ္စာပေါရပါလို၏၊ နောက်ဘ၀ ပညာတက်ရပါလို၏၊ သူဌေးကြီး ဖြစ်ရပါလို၏၊ နတ်ပြည်ရောက်ရပါလို၏“ စသည်ဖြင့် လောကီဆုတွေတောင့်တပြီး ကုသိုလ်ပြုနေရင် လှုပ်ပြီးကူးနေတာပါ။ လှုပ်ပြီးကူးရင်ေ မျာတော့မှာပါ။ ဘယ်ကိုမျောမှာလည်းဆိုတော့ လူ့ ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကိုမျောတော့မှာပါ။ ဘယ်လောက်ထိမျောနေမယ်ဆိုတာ မသိရပါဘူး။ လူ့ ပြည် နတ်ပြည်ဗြဟ္မာ့ပြည်တွေကို စုန်ဆန်မျောနေရတော့မှာပါ။

“နောက်ဘ၀ သူဌေးကြီးဖြစ်ရပါလို၏” ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော သံသရာမှာ
မျောရဦးမှာပါ။ နောက်ဘ၀ထပ်ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော ဆက်ကာ ဆက်ကာမျောနေရဦးမှာပါ။

လောကီဆုတွေ တောင့်တမိတိုင်းလည်း ကိုယ့်ကိုယ်ကို သတိပေးပါ။
“ငါတော့လှုပ်နေပြီ၊ မျောတော့မယ်” လို့ ။

အဲဒီမှာ နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတာ မြင့်မြတ်တဲ့ဘုံတွေလို့  ပြောလို့ ရပါတယ်။ ဒါပေမယ့် သက်တမ်းစေ့တဲ့အခါ အောက်ကို ပြန်ဆင်းရဦးမှာပါ။ေ အာက်ပြန်ဆင်းတဲ့အခါ ကိလေသာ မကင်းသေးတဲ့ အတွက် အကုသိုလ်ပြုမိဦးမှာပါ။ အကုသိုလ်ပြုမိရင် အပြစ်အားလျော်စွာ ခံရဦးမှာပါ။

နောက်မငြိမ်မလှုပ်ကူးနည်းကတော့ ကုသိုလ်ကောင်းမှုပြုတဲ့အခါတိုင်း “ဤကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ” လို့  နိဗ္ဗာန်ကိုေ တာင့်တပြီးပြုတာပါ။ လောကီဆုတွေကို မတောင်းပါဘူး။

ဒါကတော့ မငြိမ်မလှုပ်ကူးတာပါ။

ဆရာတော် ရဝေနွယ်-အင်းမ

Monday, June 3, 2013

စိတ်ကို အရောင်မဆိုးကြပါနဲ့


 စိတ်ကို အရောင်မဆိုးကြပါနဲ့
ဘဝသံသရာဟာ ဘယ်ကလာပြီး ဘယ်ကိုသွားရမှန်းမသိတဲ့ ဝင်္ကဘာလိုပါပဲ။ ရှုပ်ထွေးလွန်းလှပါတယ်။ ရှုပ်ထွေးလွန်းတဲ့ဘဝသံသရာမှာ ပဲကျင်လည်နေကြရပြီး ရှုပ်ထွေးတဲ့ အသိုက်အမြုံမှာ ရှုပ်ထွေးတဲ့သံယောဇဉ်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ကာ ရုံးလို့မရတဲ့ နှောင်ကြိုးတွေနဲ့အတူ တ၀ဲလယ်လယ်နဲ့ သွားလာကျက်စားနေကြရပါတယ်။
တစ်နေ့ ဒကာကြီးတစ်ယောက် ကျောင်းကို ရောက်လာကာ စာရေးသူ သီတင်းသုံးတဲ့ကျောင်းဆောင်ပေါ်ကို မော့ကြည့်ပြီး “အရှင်ဘုရား..ကျောင်းရဲ့မျက်နှာကျက်က ဘယ်က လက်သမားနဲ့ လုပ်ထားတာလဲဘုရား” လို့ မေးလာတယ်။ “ ဒီလိုပါပဲ မြို့ထဲက ဦး…………တို့အဖွဲ့ကို ခေါ်ပြီး လုပ်ထားတာပါ။ သူတို့က အလုပ်လုပ်တဲ့နေရာမှာ လက်ရာသေသပ်တယ်” လို့ စာရေးသူက ပြန်ပြောပြပါတယ်။ 
ထိုအခါ ဒကာကြီးက “ဟုတ်တယ်ဘုရား၊ လုပ်ထားတာတွေက အတော်သပ်ရပ်ပြီး ရှင်းရှင်းလင်းလင်းလေး လုပ်ထားတာ တပည့်တော်သဘောကျတယ်ဘုရား၊ ဒီလိုရှင်းလင်းသပ်ရပ်မှာလဲ စိတ်ထဲရှင်းတာဘုရား၊ အချို့ကျောင်းတွေမှာ လုပ်ထားတာတွေက ရှုပ်ထွေးနေတာပဲဘုရား၊ ဒီလိုရှုပ်ထွေးတာတွေကို မြင်ရရင် စိတ်လည်းရှုပ်သွားတယ်ဘုရား၊ ဒီလိုစိတ်ရှုပ်မခံချင်လို့လဲ မိသားစုနဲ့တောင်မှ အရှုပ်အခံဘဲ ရှင်းအောင်နေတာပါဘုရား” လို့လျှောက်ထားလာပါတယ်။

          အော်….လောကမှာ ရှင်းတာကိုမှ ကြိုက်တဲ့သူတွေလဲ ရှိပါသေးလား၊ အချို့ကတော့ သားသမီး၊ ဆွေမျိုးတွေကို သံယောဇဉ်ရှိပေမယ့် ပြတ်ပြတ်သားသားဆက်ဆံတယ်။ ကူညီစရာရှိကူညီ၊ ပေးစရာရှိပေး၊ ပြောစရာရှိပြောပြီး ကိုယ့်ဟာကို အေးအေးပဲနေတယ် လို့ ဆိုတယ်။ ဘယ်လိုပဲပြောဦးတော့ မြေးအလှည့်ရောက်လာတဲ့အခါမှာတော့ “သားအချစ် မြေးအနှစ်” ဆိုတဲ့အတိုင်း အရင်က ရှင်းရှင်းနေချင်တဲ့သူတွေ ဘာမှ မပြောတဲ့အတိုင်းပဲ မြေးကို ချစ်နေလိုက်ကြတာ ရှုပ်သွားချင်ရှုပ်သွားပါစေ၊ မြေးကိုတော့ မပစ်ထားနိုင်ဘူး ဆိုပြီးတော့လဲ အဖြစ်သဲတတ်ကြပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဘာကြောင်ဆိုရင် ကာမနယ်ထဲက ကာမဘုံသားတွေမို့လို့ပါပဲ။
          အခုလည်း ဘယ်လောက်ပဲ ရှင်းအောင်နေတယ်ပဲပြောပြော၊ ကာမနယ်ထဲကလူသားပေမို့ ကာမဂုဏ်နဲ့ ကင်းရှင်းဖို့ဆိုတာ လွယ်မယောင် ယောင်နဲ့ အလွန်ခက်လှပါတယ်။ ထိုဒကာကြီးပြောတာက သားသမီး ဆွေးမျိုးတွေနဲ့ ပြတ်ပြတ်သားသား ရှင်းရှင်းနေတယ်ဆိုတာ စိတ်ရှုပ်မခံချင်လို့ပဲ ဖြစ်ပါတယ်။ ဒကာကြီးဟာ ရှင်းလင်းရေး တရားကို တသီကြီးပြောလိုက်ရလို့ မောသွားဟန်တူပါတယ်။ ဒါနဲ့စပ်လို့….
          ပါဠိတော်မှာ ရှင်းရှင်းလေး သန့်သန့်လေး နေတယ်ဆိုတာ ရှိပါတယ်။ ဗုဒ္ဓစာပေမှာ ဒိဝါဝိဟာရ လို့ အသုံးအနှုန်းတစ်ခုရှိတယ်။ အဓိပ္ပါယ်က နေ့သန့်စင်တယ် နေ့သန့်တယ် လို့ ဆိုပါတယ်။ နေ့သန့်နေတယ်ဆိုတဲ့စကားလုံးဟာ  နေ့အခါမှာ သန့်သန့်ရှင်းရှင်းလေးနေတာကို ပြောတာပါပဲ။ 
နားလည်အောင်ပြောရရင် လူအများတွေ့ဆုံမိကြရင် အများအားဖြင့် လောကအကြောင်း သားသမီးအကြောင်း စီးပွားရေးအကြောင်း လူမှုရေးအကြောင်း သာရေးနာရေးစတဲ့ကာမဂုဏ်နဲ့စပ်တဲ့အကြောင်း တွေကိုပဲ ပြောဆိုကြတယ်။ ဒီိလို အသိုင်းအဝိုင်းထဲမှာ နေရတယ်ဆိုရင် သန့်သန့်ရှင်းရှင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဖေါ်မပါ တစ်ယောက်တည်း သီးသန့် ရှင်းရှင်းလေးနေတာကို “ကာယ၀ိဝေက” လို့ခေါ်တယ်။
ပိဋကတ်တော်မှာ အရှင်ရဋ္ဌပါရ အမည်ရတဲ့ရဟန်းတော်တစ်ပါး သာဝတ္ထိကနေ  ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ထုလ္လကောဌိကနိဂုံးသို့ ကြွလာတော်မူတဲ့အခါ ရွာမရောက်မီ လမ်းမှာ ဆွမ်းချိန်ကျလို့ ဆွမ်းခံကြွကာ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ကောရဗျမင်း ပိုင်တဲ့ မင်းဥယျာဉ်တော်မှာ နေ့သန့်တော်မူတယ် လို့ ပါရှိပါတယ်။ ဒါဟာ နေ့အခါမှာ အဖေါ်မပါ တစ်ကိုယ်တည်းနေပြီး စိတ်ကိုလည်း ရှင်းသထင်ရှင်းအောင် ဖလသမာပတ် ၀င်းစားနေတော်မူတာကို “နေ့သန့်တယ်”လို့ ခေါ်ပါတယ်။ ပြောချင်ပါသေးတယ်။
အချို့က တစ်ယောက်တည်းတော့ နေပါရဲ့။ ဒါပေမယ့် စိတ်မှာတော့ အဖေါ်တွေ အများကြီးရှိနေတယ်။ ကာမဂုဏ်နဲ့စပ်တဲ့ အတွေးအကြံတွေဟာ မကောင်းတဲ့စိတ်အဖေါ်တွေပါပဲ။ တစ်ယောက်ထဲနေတယ်ဆိုပေမယ့် မကောင်းတဲ့စိတ်အဖေါ်တွေ ရှိနေသမျှကာလပတ်လုံး ရှုပ်နေဦးမှာပဲ။
ဓမ္မပဒအဋ္ဌကထာမှာ မေဃိယမထေရ်ဆိုတာရှိတယ်။ သူဟာ အဲဒီတုန်းက ဘုရားရှင်ရဲ့အလုပ်အကျွေး ဖြစ်တယ်။ တစ်နေ့ သရက်ဥယျာဉ်ကြီး တစ်ခုကို မြင်ရတဲ့အခါ “ငါ ဒီဥယျာဉ်မှာ တစ်ပါးတည်းနေပြီး တရားရှုမှတ်လိုက်ရရင် ကောင်းမှာပဲ” လို့ တွေးပြီး  ထိုသရက်ဥယျာဉ်မှာ တရားရှုမှတ်ရင်း ကျန်နေရစ်ခဲ့ဖို့ ဘုရားရှင်ကိုလျှောက်တဲ့အခါ ဘုရားရှင်က ခဏနေပါဦးလို့ ပြောပေမယ့် မရဘူး။ နောက်ဆုံး ဘုရားရှင်ကို ခွင့်ပန်ပြီး ကျန်ရစ်ခဲ့တယ်။
 မေဃိယျထေရ်ဟာ သရက်ဥယျာဉ်ထဲ တစ်ပါးတည်း သီတင်းသုံးကာ ကျောက်ဖျာချပ်ကြီးတစ်ခုပေါ်မှာ တရားအားထုတ်နေပါတယ်။ ဖြစ်ချင်တော့ ထိုကျောက်ဖျာကြီးနေရာဟာ မေဃိယထေရ် အတိတ်ဘ၀တွေတုန်းက ဘုရင်ဖြစ်ခဲ့ဖူးတဲ့နေရာဖြစ်နေပါတယ်။  တရားအားထုတ်နေပမယ့် စိတ်က ကမ္မဋ္ဌာန်းအာရုံမှာ  မထားနိုင်ဖြစ်နေတယ်။  လိုချင်ဖွယ်ရာကာမဂုဏ်နဲ့စပ်လို့ လောဘဖြစ်ဖွယ် အကြံအစည်တွေ၊  ဒေါသဖြစ်ဖွယ်အကြံအစည်တွေ၊ သူတစ်ပါးကို ညင်းဆဲဖို့အကြံအစည်တွေပဲ ဖြစ်နေပြီး စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။
ဒါဟာ အနေရှင်းပေမယ့် စိတ်မရှင်းဖြစ်နေတာ ဖြစ်တယ်။ ဒကာကြီးလဲ အနေရှင်းတယ်ဆိုပေမယ့် စိတ်မရှင်းဖြစ်တာကို သတိမိဟန် မတူပါဘူး။ တကယ်တော့ အနေလဲရှင်း စိတ်လည်းရှင်းဖို့ သတိထားရမှာပါ။
နောက်တော့ ရဟန်းဟာ ဘုရားရှင်ထံသွားပြီး သူ့ရဲ့စိတ်ထဲမှာ အမျိုးမျိုး ဖြစ်ပေါ်နေတဲ့ကြောင်းတွေ လျှောက်ထားပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က “ စိတ်ရဲ့အလိုအတိုင်း မဖြစ်သင့်ဘူး၊ စိတ်ဆိုတာ လျင်မြန်လှတယ်၊ စိတ်က မိမိရဲ့အလိုကို ပါနိုင်အောင် စွမ်းဆောင်သင့်တယ်။
 လေးသမားဟာ ကောက်နေတဲ့မြှားကို ဖြောင့်အောင် ပြုစွမ်းနိုင်သလို ကာမဂုဏ်အာရုံနဲ့တွေ့တဲ့အခါ တုန်လှုပ်တတ်တဲ့စိတ်၊ လျပ်ပေါ်လော်လီတတ် တဲ့စိတ်၊ ဆုံးမဖို့ရာခက်ခဲလှတဲ့စိတ်ကို ဖြောင့်အောင် ပြုစွမ်းနိုင်ရမယ်” လို့ ဟောတော်မူပြီးတဲ့နောက် မေဃိယထေရ် တရားပြန်အားထုတ်လိုက်တဲ့အခါ သောတာပန်တည်သွားခဲ့ပါတယ်။ ဒီလို အရိယာဖြစ်သွားတဲ့မေဃိယဟာ ထိုအချိန်ကစလို့ အနေလည်းရှင်းသလို စိတ်လဲရှင်းလင်းသွားပါတော့တယ်။
ဒါကြောင့် လောကမှာ အရှုပ်ဆုံးဟာ ကိလေသာတွေပါ။ ဘာကြောင့်ဆိုရင် ကိလေသာတရားတွေကို လက်ခံထားတဲ့သူတိုင်းဟာ ရှုပ်ထွေးပြီးနေရလို့ပါပဲ၊ သားသမီးဆွေမျိုးတွေနဲ့ ဘယ်လောက်ပြတ်တယ်ပဲ ပြောပြော မိမိရင်ထဲက ကိလေသာတွေကို ပြတ်အောင် လုပ်ဖို့ မေ့နေတတ်ကြတယ်။ ကိလေသာတွေမပြတ်သေးသမျှ သံသရာမှာ  မဆုံးနိုင်တော့ဘဲ မရေရာမသေချာတဲ့ဘဝတွေကို ဖြတ်သန်းကြရ ဦးမှာပါ။ ကိလေသာကင်းပြီး တည်ကြည်တဲ့စိတ်ဟာ ဖြူစင်တယ်။ ဒီလိုဖြူစင်တဲ့စိတ်ဟာ အရောင်ထွက်တယ်လို့ စာပေမှာ ဆိုထားပါတယ်။
ကမ္ဘာဦးစ လူတွေရဲ့စိတ်ဟာ  ကြည်လင်သန့်ရှင်းနေတဲ့အတွက် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်ထွက်ပြီး တောက်ပနေပါတယ်။ ကမ္ဘာဦးအစတုန်းက အခုလိုမျိုး နေ - လ  တို့ မပေါ်ထွန်းသေးပါဘူး။ ကမ္ဘာဦးလူသားများဟာ သူတို့ရဲ့စိတ်ကထွက်ပေါ်တဲ့အရောင်တွေနဲ့ပဲ သွားလာနေကြရတယ်။ နောက်ပိုင်းမှာ အရသာရှိလှတဲ့ မြေအဆီမြေအနှစ်တွေကို စားသုံးရာကနေ အရသာအပေါ် စွဲလမ်းတပ်မက်တဲ့ ရသတဏှာ ဖြစ်ပေါ်လာခဲ့တယ်။
 အဲဒီအချိန်ကစပြီး လူသားတွေရဲ့စိတ်မှာ လောဘစတဲ့ကိလေသာအရောင်တွေ အဆိုးခံခဲ့ရပါတယ်။ အရောင်ဆိုးခံလိုက်ကြ ရတဲ့ စိတ်တွေကြောင့် သူတို့ရဲ့ခန္ဓာကိုယ်က အလင်းရောင်များလဲ မထွက်ပေါ်လာတော့ပါ။ လောကကြီးတစ်ခုလုံးလဲ မှောင်နဲ့မည်းမည်း ဘယ်ကိုပဲကြည့်ကြည့် မှောင်မည်းနေတဲ့အတွက် ကမ္ဘာဦးလူသားများဟာ ကြောက်စိတ်တွေဝင်တယ်။
 အဲဒါနဲ့ “အရင်လို အလင်းရောင်များဖြစ်ပေါ်လာရင်တော့ ကောင်းမှာပဲ” လို့ သူတို့စိတ်မှာ ဆန္ဒတွေဖြစ်ပေါ်နေတယ်။ အဲဒီအချိန်မှာပဲ လတစ်စင်း ထွက်ပေါ်လာတယ်။ လရဲ့အလင်းရောင်ကြောင့် လူတွေအားလုံးလဲ ဆန္ဒပြည့်ဝတဲ့အတွက် ပျော်ရွှင်နေကြတယ်။ အဲဒီမှာ လရဲ့ အလင်းရောင်ဟာ သူတို့ရဲ့ဆန္ဒကို ပြည့်ဝစေတဲ့အတွက် လ ကို “ဆန္ဒ” လို့ အမည်မှည့်ခေါ်ကြတယ်။ နောက် ခေတ်ကာလ ရွှေ့လျောလာတဲ့အခါ ဆန္ဒ ကနေ စန္ဒ ဖြစ်လာတယ်။ ပါဠိစာပေမှာလဲ  လကို စန္ဒာ လို့ ခေါ်ပါတယ်။
ဒီလိုနဲ့ အရသာရှိတဲ့မြေဆီမြေလွှာတွေကို စားသောက်လာရာကနေ လောတဏှာကြောင့် မြေဆီတွေလဲ ပျောက်ကွယ်ခဲ့တယ်။ နောက်တော့ သလေးစပါးတွေကို စိုက်ယူစရာမလိုဘဲ ဒီအတိုင်း ခူးယူစားသုံးရခဲ့ကြရတယ်။ နောက်ပိုင်းမှာ သလေးစပါးကို သူပိုင်တယ်ငါပိုင်တယ်ဆိုပြီး အငြင်းအခုံဖြစ်ကြ၊ ရန်တွေဖြစ်ကြရတယ်။ ဒါဟာ စိတ်မှာ ကြီးမားတဲ့လောဘ ကြီးမားတဲ့ဒေါသအရောင်တွေ လွှမ်းမိုးလာခဲ့တယ်။ နောက်တော့ ငြင်းခုံရန်ဖြစ်ရာက ခိုက်ရန်တွေဖြစ်ကြတယ်။
 ဒီလိုနဲ့ ဒီလိုငြင်းခုံရန်ဖြစ်နေလို့ အကျိုးမရှိဘူး။ ဒီပြသနာကို ဖြေရှင်းပေးနိုင်တဲ့လူတစ်ယောက်တော့ ထားမှရမှာပဲဆိုပြီး အားလုံးသဘောတူစွာနဲ့ စွမ်းနိုင်တဲ့လူတစ်ယောက်ကို လူကြီး သမုတ်ကြ(မြောက်တင်ကြ)တယ်။ ဒီလို လူအများက ၀ိုင်းပြီး သမုတ်ပေးလိုက်တဲ့လူကြီးကို အခုအခါမှာတော့ သမတ (သမုတ် = သမတ) လို့ ခေါ်ကြတာပါ။
ပြောချင်တာကတော့ ကမ္ဘာဦးစလူသားများရဲ့စိတ်ဟာ အစမှာ သန့်ရှင်းခဲ့ပေမယ့် နောက်ပိုင်းမှာ လောဘ ဒေါသအရောင်တွေ အဆိုးခံလိုက်ရတဲ့အချိန်ကစလို့  ရိုးသားမှု ပြတ်သားမှုမရှိတော့ ပိုပြီးရှုပ်ထွေးလာပါတယ်။ ကိုယ်လိုချင်တဲ့အရာဆိုရင် တရားသော မတရားသော နားမလည် ရအောင်ယူတဲ့တဲ့အကျင့်တွေရှိလာတယ်။ လိုချင်တာ မရရင် ဒေါသတွေ ဖြစ်လာတယ် ရအောင်ယူမယ်ဆိုတဲ့ မတရားလောဘကြောင့် လူမျိုးတစ်စုနဲ့တစ်စု ခိုက်ရန်တွေဖြစ်ကြရတယ်။ စစ်ပွဲကြီးတွေ ဖြစ်ကြရတယ်။  ဒါဟာ လူတွေရဲ့စိတ်ကို အရောင်ဆိုးလိုက်လို့ ဖြစ်ရတာပါ။
ဒါနဲ့စပ်လို့….
 လူတွေရဲ့စိတ်ကို ပြောင်းလဲသွားစေတတ်တဲ့အရောင်အချို့ကို ပြောချင်ပါသေးတယ်။
(၁) ကာမစ္ဆန္ဒနိဝါရဏ။          ။ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေအထိ ဆိုတဲ့ ကာမဂုဏ်အာရုံအပေါ်မှာ နှစ်သက်လိုချင်နေတာတွေ ဖြစ်နေတာပါ။  နားလည်အောင်ပြောရရင်၊ ဇနီး၊မယား၊ သမီး၊သား၊ လင်သား၊ဆွေမျိုးဥာတိ၊ ပစ္စည်းဥစ္စာ လယ်ယာကိုင်းကျွန်းဆင်မြင်းစတဲ့ သက်ရှိ သက်မဲ့တွေအပေါ်မှာ နှစ်သက်လိုချင်နေတာဖြစ်တယ်။ အရင်းစစ်တော့ လောဘအရောင်ပါပဲ။ ကာမဂုဏ်အာရုံမှာ နှစ်သက်လိုချင်နေပီဆိုရင် လောဘက စိတ်ကို အရောင်ခြယ်ပေးလိုက်တာ ဖြစ်တယ်။
(၂)ဗျာပါဒနိဝါရဏ။             ။ စိတ်ပျက် စိတ်ဆိုး အလိုမကျ အာဃာတ၊ စိတ်ညစ်တာတွေ ဖြစ်နေတာကို ပြောတာပါ။ အရင်းစစ်တော့ ဒေါသအရောင်ပါပဲ။ ဒါကလဲ  ဒေါသဖြစ်ဖွယ်တွေနဲ့ ကြုံရင် မိမိစိတ်ကို ဒေါသက အရောင် ခြယ်ပေးနေတာ ဖြစ်တယ်။
(၃)ထိနမိဒ္ဓနိဝါရဏ။             ။ထိုင်းမှိုင်း ၊ ပျင်းရိ တာတွေ ဖြစ်နေတာကို ဆိုတာပါ။ အရင်းစစ်တော့ မောဟ အရောင်ပါပဲ။ ဒီလိုထိုင်းမှိုင်းပျင်းရိနေပီဆိုရင် စိတ်ကို မောဟက အရောင်ခြယ်ပေးနေတာ ဖြစ်တယ်။
(၄)ဥဒစ္စ၊ကုက္ကုစ္စနိဝါရဏ။      ။စိတ်ပြန့်လွင့်တာ၊ စိတ်လေတာ၊ ပူပန်တာတွေ ဖြစ်နေတာကို ပြောတာပါ။ အရင်းစစ်တော့ လောဘ၊ ဒေါသစတဲ့ ကိလေသာတွေပါပဲ။ တစ်ခါတစ်ရံ စိတ်တွေ မတည်ငြိမ်ဘဲ ဟိုရောက် ဒီရောက်၊ ဟိုတွေးဒီတွေး ဖြစ်နေတာတွေ၊ တစ်ခါတစ်ရံ မကောင်းတာတွေ ပြုလုပ်မိ ပြောမိ တွေးမိထားတယ်ဆိုရင် အဲဒီပြုလုပ်ပြောဆို တွေးတောထားတာတွေအပေါ် တွေးပြီး ပူပန်နေတယ်ဆိုရင် စိတ်ကို လောဘ၊ဒေါသစတဲ့ ကိလေသာအရောင် ခြယ်ပေးနေတာ ဖြစ်တယ်။
(၅)၀ိစိကိစ္ဆာနိဝါရဏ။ ။ သို့လောသို့လော ယုံမှားသံသယဖြစ်နေတာကို ဆိုတာပါ။ အရင်းစစ်တော့ မောဟပါပဲ။ အဲဒီလို ယုံမှားသံသယဖြစ်နေပီ ဆိုရင် စိတ်ကို မောဟက အရောင်ခြယ်ပေးနေတာ ဖြစ်တယ်။ အချုပ်ပြောရရင် ကိလေသာအရောင်တွေ လို့ ပြောရမှာပါ။
          အထက်က ဆိုခဲ့တဲ့အတိုင်း စိတ်ဟာ ပကတိအတိုင်းဆိုရင် ဖြူစင်နေပေမယ့် ကိလေသာအရောင်များ အဆိုးခံရတဲ့အတွက် ရှုပ်ထွေးသွားရပါတယ်။ ဒါကြောင့် ရှင်းရှင်းနေချင်တဲ့စာချစ်သူများလဲ အားလုံးနဲ့ ကင်းကင်းရှင်းရှင်း နေရုံမျှနဲ့တော့ ကင်းရှင်းပြီလို့ မဆိုနိုင်သေးပါ။ စိတ်အညစ်အကြေးတွေကင်း အောင် ဆေးကြောဖို့ လိုပါသေးတယ်။ ဒီအတွက်က ဘာဝနာတရားကို ကျင့်သုံးပေးဖို့လိုအပ်ပါတယ်ဆိုတာ ပြောရင်း…….  နားပါဦးမည်။   ။
ဓမ္မအလင်းရောင်

Sunday, June 2, 2013

လူနှင့် လူ့ယန္တရား

လူနှင့် လူ့ယန္တရား

လူ့ဘ၀၌ မှတ်မှတ်ရရပျော်စရာတို့ကို ပြန်ပြောင်းတွေးကြည့်မိလျှင် ကလေးဘ၀က အတွေ့အကြုံတို့က နေရာယူနေတတ်သည်။ ပျော်စရာ အကောင်းဆုံးဘ၀က ကလေးဘ၀ဟု ထင်ပါရဲ့၊ ကလေးဘ၀မှာ စိတ်ပျက်စရာတွေပါလားဟု မသိ၊ မတွေ့၊ မကြုံသေးတော့ စိတ်ကမပျက်သေး၊ လူကြီးဘ၀မှာ သိတတ်လာတော့ စိတ်ပျက်စရာတွေ မြင်ရ၊ တွေ့ရ၊ ကြုံရသည်ကများလာတော့ စိတ်ကပျက်ရလေပြီ။

အညာဒေသ တောရွာဓလေ့က ဆုန်ညောင်ရေသွန်းပွဲဆိုလျှင် အငြိမ့်ပွဲပါတတ်သည်။ ချမ်းသာသော ရွာတွေက ဇာတ်ပွဲထည့်ကြသည်။ ဘုန်းတန်ခိုးကြီးသော ဆရာတော်များ ပျံတော်မူလျှင် အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ဧယင်ကျူးပွဲတွေနှင့် ခြိမ့်ခြိမ့်သဲ စည်ကားလှသည်။ ကထိန်ပွဲမျိုးဆိုလျှင်တော့ မြို့က မင်းသမီးတစ်လက်နှစ်လက်ငှားပြီး ရွာက ကာလသားတို့နှင့် အငြိမ့်ကလေ့ရှိကြသည်။

အငြိမ့်ပွဲဇာတ်ပွဲရှိလျှင် ရွာဦး ရွာထိပ်က လယ်ကွင်းကျယ်ကျယ်မှာ အငြိမ့်ခုံ၊ ဇာတ်ခုံဆောက်လေ့ရှိကြသည်။ အငြိမ့်ခုံ၊ ဇာတ်ခုံပန္နက်ချပွဲကွင်းသတ်မှတ်ပြီဆိုလျင် ရွာထဲက အမျိုးသမီးများ၊ ကလေးများ၊ ပွဲခင်းထဲမှာ နေရာဦးကြသည်။ ဖျာ စုတ်ကလေးတွေခင်း၊ ငုတ်ဖြင့်ရိုက်ထားပြီး သူ့နေရာ ကိုယ့်နေရာ သတ်မှတ်ထားကြသည်။ နေရာဦးရင်းနှင့် နေရာလုရန်ဖြစ်ကြသည်လည်း ရှိသည်။

အငြိမ့်ခုံ ဇာတ်ခုံရှေ့ပေ ၁၀၀၊ ၁၅၀ ပတ်လည်ခန့်မှာ ဖျာခင်း၍ ကြည့်ကြသည်။ ထိုဘေးပတ်လည်မှာ တန်းလျားတွေခင်း၍ ကြည့်ကြသည်။ ထို့နောက်မှာ ခုတင်၊ ထို့နောက်မှာတော့ နွားလှည်းတွေထိုး၍ ကြည့်ကြသည်။ နွားလှည်းတွေ ကတော့ တခြားရွာတွေက လာကြတာများသည်။ ထို့အပြင်မှာတော့ ပွဲဈေးတန်းတွေရှိသည်။ ပွဲဈေးတန်းမှာ ညှော်နံ့မျိုးစုံတသင်းသင်းနှင့် ပွဲဈေးလျောက်ရသည်က ပွဲ၏အရသာ တစ်ပါးဖြစ်သည်။

နေရာတိုင်း ကိစ္စတိုင်းမှာ လူအတွက် နေရာတစ်ခုလိုအပ်လျက်ရှိသည်။ လေယာဉ်၊ ကား၊ ရထား စသည်တို့နှင့် ခရီးသွားရာမှာ ခုံနံပါတ်နှင့် သတ်သတ်မှတ်မှတ်ငွေကြေးပေး၍ ၀ယ်ထားရသည်။ ခုံနံပါတ် သတ်သတ်မှတ်မရှိသော ဘတ်စ်ကားတို့၊ သင်္ဘောတို့လို နေရာမျိုးမှာတော့ နေရာလုလေ့ရှိကြသည်။ လူတွေမှာ နေရာတစ်ခုက ကိစ္စတိုင်းမှာ လိုအပ်နေပါသလား။

နွားကျောင်းသားတစ်ယောက်အတွက် နွားကျောင်းဖို့ လယ်ကွင်း၊ နွားစားကျက်မြက်စားကျက် လိုအပ်သည်။ တောင်သူလယ်သမားတို့အတွက် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေလိုအပ်သည်။ ဆွမ်းခံရဟန်းအဖို့ ဆွမ်းခံရွာ ဂေါစရဂါမ် လိုအပ်သည်။ ခေတ်ပညာတတ်ဘွဲ့ရ တစ်ယောက်အဖို့ သူ့ဘွဲ့၊ သူ့ပညာရပ်နှင့် အံဝင်ခွင်ကျဖြစ်သော အလုပ်အကိုင်နေရာတစ်နေရာ လိုအပ်သည်။

"ငယ်စဉ်အခါ ပညာရှာ၊ ပညာ ရွှေအိုးလူမခိုး"ဟူသော ဆိုရိုးအတိုင်း ပထမအရွယ်ငယ်စဉ်မှာ ပညာရှာကြရ၊ ပညာသင်ကြရသည်။ ဆေးလိုင်း၊ အင်ဂျင်နီယာလိုင်း စသည်ဖြင့် ရမှတ်အလိုက် ကျောင်းတွေတက်၊ စာတွေကျက်ကြရသည်။ ယခုခေတ်မှာ သားသမီးပညာတတ်ဖို့ မိဘက ရွှေအိုးထမ်းပြီးနောက်က လိုက်နေကြရလို့ ပညာရွှေအိုးဟူသော အဆိုကို တစ်မျိုးတစ်ဖုံ အဓိပ္ပါယ်ဖော်လာကြသည်။

ယခုခေတ်မှာ ကျောင်းသားလေးတွေခမျာ ကျောင်းနှင့်ကျူရှင်၊ ကျူရှင်နှင့်ကျောင်း လုံးလည်ချာလည်လိုက်နေတာမို့ ကိုယ်ပိုင်လွတ်လပ်ချိန်၊ ကစားချိန်တောင် သိပ်မရှိရှာကြတော့၊ ပင်ပန်းဆင်းရဲစွာ ပညာသင်နေကြရ ရှာနေကြရသည်။ အဘယ်အတွက် ပါနည်း။ နည်းနည်း၊ ရှင်းရှင်းပြောလျင် အများစုမှာ ရာထူးဌာနန္တရဟူသော နေရာကောင်းလေးတစ်ခုရဖို့ အတွက်ဖြစ်သည်။ တစ်နည်းဆိုသော် ကိုယ့်ပညာနှင့် အံဝင်ခွင်ကျ နေရာတစ်ခုရဖို့အတွက် ဖြစ်သည်။
နေရာတိုင်း၌ အရေးကြီးဆုံးက လူနှင့်နေရာ အံဝင်ခွင်ကျဖြစ်ဖို့ လူမှန်နေရာမှန်ဖြစ်ဖို့သာ ဖြစ်သည်။

လူဦးရေက လျင်မြန်စွာတိုး၍လာ၊ အလုပ်အကိုင်နေရာတွေက တိုးမလာ၊ လူနှင့်နေရာ၊ လူကများ၊ နေရာကရှား၊ လူတွေကို နေရာမပေးနိုင်တော့၊ အလုပ်အကိုင်မပေးနိုင်တော့၊ ငွေကုန်ကြေးကျခံပညာတွေသင်ထား၊ ကျောင်းကပြီး အလုပ်အကိုင်ကမရှိ၊ တကယ့် ပြဿနာကြီးဖြစ်နေသည်။ ကျေးလက်တွေမှာလည်း လူဦးရေတွေက တိုးလာ၊ ရွာကိုချဲ့၍ တိုးချဲ့နေထိုင်လာ၊ လုပ်ကိုင်စားစရာ လယ်ယာမြေကွက်က ကျဉ်းမြောင်းလာနှင့်အများစုမှာ ရှေးတုန်းကလို ချောင်ချောင်လည်လည် မရှိရှာကြတော့။

နံရံထက်က နာရီသည် အချိန် မှန်မှန်သွားနေသည်။ လည်ပတ်နေသည်။ ထိုသို့ လည်ပတ်နိုင်ဖို့ အတွင်းက ဘီးလေးတွေမှာ ခွေးသွားစိတ်လေးတွေ သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေဖို့လိုသည်။ ခွေးသွားစိတ်လေးတွေ အံဝင်ခွင်ကျမဖြစ်လျှင် ထို နာရီမလည်ပတ်နိုင်တော့၊ မသွားတော့၊ ထိုအခါမှာ ထိုနာရီကို ပျက်သွားပြီဟု သတ်မှတ်သည်။

အလုပ်လုပ်နေသော သို့မဟုတ် လည်ပတ်နေသော စက်ပစ္စည်းမှန်သမျှ အသေးစိတ်ပစ္စည်းတွေ သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေဖို့လိုသည်။ ရှိနေရမည်။ အံမ၀င်ခွင်မကျ၊ အံချော်နေလျင် ထိုစက်အလုပ်မလုပ်တော့၊ ထိုစက်ပျက်သွားတော့သည်။

လူ့ခန္ဓာကိုယ် ယန္တရားကြီးမှာလည်း သွေးလေလည်ပတ်မှု မှန်ကန်မှ ထိုခန္ဓာကိုယ်ကြီး ကျန်းမာသည်။ ထို ခန္ဓာကိုယ်ကြီးပုံမှန်လည်ပတ်နိုင်သည်။ သွေးလေလည်ပတ်မှုမှန်ဖို့ အဆုတ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်စသည့် အတွင်းက လီစာတွေ သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေဖို့လိုသည်။

ဘောလုံးကွင်းထဲ၌ ဘောလုံးကန်ကြရာတွင် ဟိုဘက်သည်ဘက် လူ ၁၁ ယောက်စီ ပါရှိသည်။ ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းတို့၌ သူ့နေရာနှင့် သူအံဝင်ခွင်ကျရှိဖို့လိုသည်။ ဂိုးသမားက လက်စွမ်းပြနိုင်ရမည်။ ကွင်းထဲက တစ်ဖက် ၁၁ ယောက်စီကလည်း ခြေစွမ်းပြနိုင်ရမည်။ သူ့နေရာနှင့် သူ အံဝင်ခွင်ကျဖြစ်သဖြင့် တစ်သင်းလုံး ခြေစွမ်းပြနိုင်မှသာ အောင်မြင်မှုကို မျှော်မှန်းနိုင်သည်။

ယခုခေတ် ကိုယ့်နိုင်ငံ၊ ကိုယ့်ရပ်ရွာတွင် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်ရတာ အဆင်မပြေလို့ တခြားတစ်နိုင်ငံ၊ တခြားဒေသသွား၍ ရှာဖွေလုပ်ကိုင်စားသူများကို ''ရွှေ့ပြောင်းလုပ်သား''ဟု ခေါ်ကြသည်။ ကမ္ဘာဦးလူသားတို့လည်း ကမ္ဘာဦးကာလက ရေကြည်ရာ၊ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသော ရွှေ့ပြောင်းလူသားများသာ ဖြစ်ကြသည်။ နောက်မှ ရွာနှင့်ရပ်နှင့် ကိုယ့်နေရာနှင့်ကိုယ်သတ်သတ်မှတ်မှတ် နေထိုင်လာခဲ့ကြသည်။ ယဉ်ကျေးမှုတွေ တိုးတက်လာမှ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးဟူ၍ ခွဲခြားသတ်မှတ် နေထိုင်လာခဲ့ကြသည်။

ယဉ်ကျေးမှုတွေ တိုးတက်လာလေလေ ကျစ်လျစ်သော လူ့အဖွဲ့အစည်းလည်း ခိုင်မာလာလေလေ ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်းမှာလည်း လူအမျိုးမျိုးဆိုတော့ လူမိုက်တွေ မကြီးစိုးနိုင်ဖို့၊ မတရားမှုတွေနည်းပါး၍ တရားမျှတမှုတွေ ရှင်သန်ကြီးထွားနိုင်ဖို့၊ မတရား အနိုင်ကျင့်မှုတွေ၊ အုပ်စုဖွဲ့ ဗိုလ်ကျရမ်းကားမှုတွေ ကင်းရှင်းဖို့၊ ကိုယ့်ကျိုးရှာ အတ္တ၀ါဒီတွေ လူတွင်ကျယ်မလုပ်နိုင်ဖို့၊ နိုင်ငံသားအားလုံး အသက်အိုးအိမ်စည်းစိမ်လုံခြုံစွာနှင့် ကိုယ်ချမ်းသာ စိတ်ချမ်းသာ လွတ် လွတ်လပ်လပ် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ဖို့ တရားသောဥပေဒေစိုးမိုးရေးအတွက် ပြည်သူ၏ကိုယ်စား၊ ပြည်သူ၏ ဆန္ဒနှင့်အညီ စီမံအုပ်ချုပ်သော အာဏာပိုင်အဖွဲ့အစည်းတစ်ရပ် မဖြစ်မနေလိုအပ်လာရာမှ 'အစိုးရ' ဟူသော အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

အချုပ်အခြာအာဏာဟူသော ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်စီမံရေးအာဏာ ဟူသော အာဏာသုံးရပ်သည် ပြည်သူအများစု အသိအမှတ်ပြု၍ ပြည်သူ့ဆန္ဒနှင့်အညီဖြစ်သော အာဏာမျိုးဖြစ်ရမည်။ ထို့ကြောင့် အချုပ် အခြာအာဏာသည် ပြည်သူ့ဆန္ဒမှ ဆင်းသက်လာရမည်ဟု နိုင်ငံရေးသုခမိန်တို့ သတိပေးခဲ့ကြသည်။

စက်မှုတော်လှန်ရေးခေတ်နောက်ပိုင်း စက်မှုပညာရပ်တွေ တိုးတက်လာရာမှ အစိုးရအဖွဲ့အစည်း အသီးသီးမှာလည်း ၀န်ကြီးဌာနတွေ တိုးချဲ့တိုးချဲ့လာရာကနေ နေရာတွေ ဌာနတွေ များပြားလာခဲ့သည်။ ထိုအခါ လူနှင့်နေရာ အံဝင်ခွင်ကျဖြစ်အောင် နေရာချထား၍ လူ့ယန္တရားကြီး လည်ပတ်လာခဲ့သည်။ လူ ဟူသည်မှာ ထိုလူယန္တရားကြီးထဲက ခွေးသွားစိတ်တစ်ခုပမာသာ ဖြစ်သည်။ တောင်သူလယ်သမား၊ ကုန်သည်ပွဲစား၊ လခစားဝန်ထမ်း၊ ဦးဆောင်သူနှင့် နောက်လိုက်အချင်း ချင်းချိတ်ဆက်၍ လည်ပတ်နေရသည်။ထိုသို့ လည်ပတ်ရာတွင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်ဖို့လိုသည်။ လူနှင့်နေရာ အံဝင်ခွင်ကျဖြစ်ခြင်းကိုပင် လူမှန်နေရာမှန်ဟု ခေါ်သည်။ နေရာတိုင်း၌ အရေးကြီးဆုံးကလူနှင့် နေရာအံဝင်ခွင်ကျဖြစ်ဖို့ လူမှန် နေရာမှန်ဖြစ်ဖို့သာ ဖြစ်သည်။ အံဝင်ခွင်ကျမဖြစ် အံချော်နေလျင် ကောင်းမွန်မှန်ကန်စွာ လည်ပတ်နိုင်မည်မဟုတ်၊ အံမ၀င်ခွင်မကျပါဘဲ ဇွတ်တရွတ် ဆက်လက်မောင်းနှင်လည်ပတ်လျှင်လည်း ဒရွတ်တိုက်ဆွဲလည်ပတ်နေခြင်းသာ ဖြစ်ချေတော့မည်။

လူနှင့်နေရာနှစ်ခုအနက် လူက နေရာလိုအပ်သလို နေရာကလည်း လူကိုလိုအပ်လျက်ရှိသည်။ အရေးကြီးတာက လူနှင့်နေရာအံမချော်ဖို့၊ အံဝင်ခွင်ကျဖြစ်ဖို့သာ အရေးကြီးသည်။ လူနှင့်နေရာအံဝင်ခွင်ကျဖြစ်ပါမှ လူမှန်နေရာမှန်ဖြစ်သည်။ မြန်မာ စကား၌ 'တော်တော်ဂွကျတာပဲ။ တော်တော်ဂွကျတဲ့သူပဲ'ဟု သုံးနှုန်းလေ့ရှိသည်။ ဂွကျဟူသည်မှာ အံဝင်ခွင်မကျဖြစ်ခြင်း၊ အံမ၀င်ခြင်း၊ ခွင်မကျခြင်း၊ အံချော်နေခြင်းဖြစ်သည်။ လူနှင့်နေရာ နေရာနှင့်လူ အံဝင်ခွင်ကျ မဖြစ်လျင် ဂွကျတော့သည်။ ဂွစာ ဖြစ်တော့သည်။

လူတွေနှင့် လည်ပတ်နေရသော လူ့ယန္တရားကြီး၌ လူသည် ခွေးသွားစိတ်ပမာ တစ်ထောင့်တစ်နေရာမှ ပါဝင်ကျေးဇူးပြုနေရသည်။ ထိုအခါ လူသည် လူ့ယန္တရားကြီး ပုံမှန်လည်ပတ်နိုင်ရေးအတွက် အသုံးတည့်ဖို့၊ အသုံးဝင်ဖို့ အသုံးကျဖို့လိုပါသည်။ အံဝင်ခွင်ကျဖြစ်ဖို့ လိုပါသည်။ လူ့ယန္တရားကြီးအတွက် အံဝင်ခွင်ကျဖြစ်မှသာ လူမှန်နေရာမှန် ဖြစ်ပါလိမ့်မည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယ)ဆရာတော်    


Saturday, June 1, 2013

ထူးဆန်းထွေလာ ဖေ့မေတ္တာ

ထူးဆန်းထွေလာ ဖေ့မေတ္တာ

ကျွန်မမိဘများသည် သမီးချည်းမွေးသောကြောင့် မေမေက အိမ်တွင်းနတ်ထံ သားဆုပန်ပါသည်။ ဤတွင် ကျွန်မအောက် သားယောက်ျားလေးတယောက် ရခဲ့ပါသည်။ မေမေက သူ့သားကို အိမ်တွင်းကပေးတဲ့ သား၊ နတ်က ပေးတဲ့ သား-ဟုဆိုကာ အထူးဂရုစိုက်ပါသည်။ မောင်လေးက စိတ်ကြမ်းတမ်းသည်။ အပြောအဆိုလည်း ကြမ်းပါသည်။ လက်မြန်ခြေမြန် ဖြစ်ပါသည်။


ဖေဖေက ၀ပ်ရှော့ဆရာဖြစ်ပါသည်။ မောင်လေးအရွယ်ရောက်လာသောအခါ ဖေဖေနှင့်တွဲလုပ်ပါသည်။ မိန်းကလေးချည်း မွေးသည့်အနက် သာေးလးတယောက် ထွန်းကားလာ၍ အားလုံးက ၀ိုင်းချစ်ကြပါသည်။ ဖေဖေကလည်း စိတ်တိုစိတ်မြန်ဖြစ်သောကြောင့် ဖေဖေနှင့်မောင်လေး တွဲအလုပ်လုပ်တိုင်း မေမေနှင့် ကျွန်မတို့ စိတ်ဆင်းရဲရပါသည်။

ဖေဖေကလည်း မောင်လေးကို စိတ်တိုင်းမကျတိုင်း မြည်တွန်တောက်တီးနေတတ်ပါသည်။ မောင်လေးကလည်း ဖခင်မို့သာ ငြိမ်ခံနေရသည့်သဘောမျိုးပါ။ သူ့မျက်နှာကိုကြည့်လျှင် သူ ဖေဖေ့ကို အလိုမကျမှန်း သိသာပါသည်။ ဖေဖေနှင့် တယောက်တပြန်ဖြစ်မှာ အလွန်စိုးရိမ်မိပါသည်။

ကျွန်မတို့စိုးရိမ်နေသော တနေ့ကို ရောက်လာသည်။ ဖေဖေနှင့်မောင်လေးတို့ စက်တလုံးကိုပြင်ဆင်နေသည်။ ကျွန်မတို့ ညီအမများနှင့် မေမေက အနီးအပါးမှာပင် ကိုယ့်အလုပ် ကိုယ်လုပ်နေကြသည်။ ဖေဖေက ဘာဖြစ်သွားသည်မသိ။ မော်ငလေးကို -ငါ ----တယ်-ဆိုပြီး ပြောလိုက်ရာ မောင်လေးက အနီးရှိ နှစ်တလက်မ တုတ်တချောင်းကိုဆွဲပြီး ဖေဖေ့ကို ပြန်ရိုက်ဖို့ ရွယ်လိုက်ပါသည်။ ထိုအချိန်တွင် မေမေက-

ဟဲ့သား၊ အဲဒါ နှင့်အဖေလေ၊ နင့်အဖေ သား ကံကြီးထိုက်လိမ့်မယ်၊ သား သတိထားပါ။ တုတ်ချလိုက်၊ အခု တုတ်ချလိုက်-ဟု အော်ပါသည်။
ထိုအခါမှ ကျွန်မတို့လည်း ကြောင်ကြည့်နေရာမှ အဖေ့အနား ပြေးသူပြေး၊ မောင်လေးအနား ပြေးသူပြေး ပြေးကြပါသည်။ မောင်လေးကလည်း မေမေ့အသံကြားလိုက်၍ တုတ်ကိုပစ်ချလိုက်ပြီး ချာခနဲ လှည့်ထွက်သွား ပါသည်။ မေမေနှင့် ကျွန်မတို့ညီအမများ ငိုကျန်ခဲ့ပါသည်။ ဖေဖေကမူ ဗျစ်တောက်ဗျစ်တောက် ပြောတုန်းပင်။

နောက်တနေ့တွင် မေမေက မောင်လေးကို ပဉ္စင်းတက်ပေးပါသည်။ အပြစ်များကျေအောင် ဖြစ်ပါသည်။ ပဉ္စင်းတက်ပွဲသို့ ဖေဖေ မလာပါ။ ဖေဖေက ငါခွင့်လွှတ်အောင် ပဉ္စင်းဝတ်တာ။ ငါက သူ့ကို ထိုက်ကန်တော့ရ မှာလား-ဆိုရာ ကျွန်မတို့ ငိုရပြန်ပါသည်။

သည်အဖြစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀-ခန့်က ဖြစ်ပါသည်။ သို့သော် ကျွန်မမျက်စိထဲ၌ ရုပ်ရှင်ပြသလို စွဲနေအောင် မြင်ယောင်နေပါသည်။ ဖေဖေနှင့်မေမေလည်း မရှိတော့ပါ။ ကျွန်မမောင်လေးလည်း အိမ်ထောင်ကျပြီး သားလေးများ မွေးပါသည်။ သို့သော် သူ့လိုမဆိုးကြဘဲ လိမ္မာကြပါသည်။ ထို့ကြောင့် ကျွန်မတို့လည်း စိတ်ချမ်းသာရပါတယ်။

သို့သော် မကြာပါ။ မောင်လေးတွင် လူတကာကြောက်သော ကင်ဆာဆိုသည့် ရောဂါဆိုးကြီး ၀င်ရောက်လာ ပါသည်။ ထူးဆန်းသည်မှာ င်ဆာအမည်မတပ်မီ မောင်လေးတွင် နှလုံးရောဂါ အပြင်းအထန် ခံစားရသည်။ ဆေးရုံတက်ကုသရာ ငွေအလွန်ကုန်ပါသည်။ ဆေးရုံက ဆင်းသောနေ့တွင်ပင် လေဖြတ်သွားပါသည်။ လေဖြတ်ပြီး တနှစ်အကြာတွင် သည်းခြေအိတ်ခေါင်း ကင်ဆာ ဖြစ်နေပြီဟု ချောက်ချားစွာ သိလိုက်ရပါသည်။ ခြောက်လလောက်သာနေရတော့မည်ဟုလည်း ပြောပါသည်။

ကျွန်မတို့ညီအမများ ဆောက်တည်ရာမရ အပူမီးတွေတညီးညီး တောက်လောင်ခဲ့ရပါသည်။ မောင်လေးကို တလှည့်စီ ပြုစုယုယကြပါသည်။ ထိုအချိန်တွင် မောင်လေးက ဖေဖေ့ကို တုတ်နှင့်ရွယ်ခဲ့သည်ကို ပြန်သတိရ နေသည်ဟု ပြောပါသည်။ ကျွန်မတို့ အစိုးရိမ်ကြီးကြရပါသည်။ အာသန္နကံ အကျိုးပေးတော့မှာပါလား-ဟုတွေးကြောက်ကြပါသည်။

ဒီအကြောင်းတွေကို စိတ်ထဲမှာ ဖျောက်ပစ်ပါ-ဟု အားပေးရင်း ကျွန်မတို့ မောင်နှမများ ဖေဖေနှင့်မေမေကို တ-ပါသည်။ ဖေဖေက မောင်လေးကို ခွင့်လွှတ်ဖို့ ရင်ထဲတွင် နှစ်နှစ်ကာကာနှင့် ဆုတွေတောင်းကြပါသည်။ နေ့စဉ်လိုဖြစ်ပါသည်။

ထိုရက်များတွင် မောင်လေးရောဂါလည်း သည်းနေပါပြီ။ အသက်ကို ပင်ပန်းကြီးစွာ ရှူနေရသော မောင်လေးကိုလည်း မကြည့်ရက်တော့ပါ။ ညီစို့စို့အနံ့များလည်း လှိုင်လှိုင်ထွက်နေပါသည်။

အင်္ဂါနေ့သည် မောင်လေးမွေးနေ့ဖြစ်ပါသည်။ သတိရတချက် မရတချက်နှင့် မောင်လေးအရိုးပေါ် အရေတင်ပြီး ဦးခေါင်းရိုးပုံပေါ်နေသော မောင်လေးကို မကြည့်ရက်တော့ပါ။ ထိုအချိန်တွင် မောင်လေးကိုစောင့်ရန် ခေါ်ထားသော သူနာပြုဆရာမလေးသည် ဆေးရုံအပြင်သို့ ကွမ်းထွက်ဝယ်ပြီး ပြန်လာပါသည်။ ထိုကွမ်းကို သတင်းစာစက္ကူနှင့် ထုပ်ထားသည်။ ကွမ်းထုပ်ကိုဖြေလိုက်ရာ ကွမ်းထုပ်ထားသည့် စက္ကူမှာ လွန်ခဲ့သော ၁၉၉၈-ခုနှစ်က ကွယ်လွန်ခဲ့သော ဖေဖေ၏ နာရေးကြော်ငြာလေးဖြစ်ကြောင်း အံ့သြစွာ တွေ့ရှိရပါသည်။

ညီအမများအားလုံး ၀ိုင်းကြည့်ပြီး တယောက်တပေါက်ပြောသံကို မောင်လေးကြားသွားပါသည်။ ဖေဖေသူ့ကို လာကြည့်တယ်။ ဖေဖေ သူ့ကိုခွင့်လွှတ်တယ်-ဟု မပီကလာ ပီကလာ ပြောပြီး ညင်သာစွာ ၀ိညာဉ် ချုပ်သွား သည်နှင့် သူ၏ မကောင်းသောအနံ့အားလုံး ပျောက်သွားသည်ကို အံ့သြဖွယ် တွေ့ရပါသည်။ ဘာအနံ့မှ မရှိတော့ပါ။

အဖြစ်အပျက်အမှန် ဖြစ်ပါသည်။ မိဘမေတ္တာ ကြီးမားလှပါသည်။ လွန်ခဲ့သော ၁၀-နှစ်က တမလွန်ဘ၀ ရောက်သွားသော ဖခင်ကြီးသည် သားဖြစ်သူ ၀ိညာဉ်မချုပ်နိုင်သေးသည်ကို လာပြီး စောင့်ရှောက်ပေးသွား သည်ဟု ယုံကြည်မိပါသည်။

ထို့ကြောင့် သားသမီးတိုင်း မိဘကို ကိုယ်ထိလက်ရောက် မပြောနှင့် စိတ်နှင့်ပင် မပြစ်မှားမိကြရန် ကျွန်မတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ထူးဆန်းထွေလာ ဖေ့မေတ္တာကို လူငယ်များအတွက် စိတ်မကောင်းစွာနှင့် ဖော်ပြလိုက်ရပါသည်။

တီတီအိပ်ခ်ျ (ပြည်)
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဇူလိုင်လ)