Tuesday, June 4, 2013

မငြိမ်မလှုပ် ကူးနည်း

                                    

မငြိမ်မလှုပ် ကူးနည်း

တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။

“မြတ်စွာဘုရား...သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ....ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ်သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”

မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးခဲ့တာဆိုတော့ ရူပဗြဟ္မာက နားမလည်တော့ပါဘူး။ ရူပဗြဟ္မာက မြတ်စွာဘုရားဆီကို မာနလေးနဲ့ လာတာပါ။ သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “ငါ့အနေနဲ့  မြတ်စွာဘုရား သြဃလေးပါးက လွန်မြောက်ပြီးပြီဆိုတာလည်း သိထားတယ်။ သြဃလေးပါးက ဘာတွေလဲ
ဆိုတာလည်း သိထားတယ်။ ကူးနည်းလေးသိဖို့ ပဲ လိုတော့တယ်” လို့  အတွေးမာနရှိနေတာပါ။

မာနရှိနေရင် တရားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားက “ငါက ငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ” လို့  စကားဝှက်နဲ့ြေ ဖလိုက်တာပါ။ သူမမျှော်လင့်တဲ့ အဖြေစကား ကြားလိုက်ရတော့ ရူပဗြဟ္မာ နားမလည်တော့ပါဘူး။

ဒီတော့မှ သူ့ ရဲ့ မာနလေးကိုချပြီး “မြတ်စွာဘုရား....ဘယ်လို မငြိမ်မလှုပ်ကူးခဲ့တာလဲဘုရား၊ တပည့်တော်ကို အကျယ်ဟောပြပါဦးဘုရား” လို့ ပြန်လျှောက်ပါတယ်။ြ မတ်စွာဘုရားရှင်ကလည်း ပြန်ရှင်းပြပါတယ်။

”ဒါယကာ...ငါဟာ သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးတဲ့နေရာမှာ ငြိမ်နေရင်ြ မှုပ်သွားလိမ့်မယ်။ လှုပ်နေရင်လည်း မျောသွားလိမ့်မယ်။ ဒါကြောင့် ငါငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ”

မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာလည်း သဘောပေါက်ပြီး သောတာပတ္တိဖိုလ်ကို ရသွားပါတော့တယ်။ (သြဃတရဏသုတ်၊ သံယုတ်ပါဠိတော်)

အဲဒီမှာ အံ့သြဖို့ ကောင်းတာက မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာက သဘောပေါက်ပြီး သောတာပန်ဖြစ်သွားတာပါ။ နတ်ဗြဟ္မာတွေဟာ လူတွေနဲ့ မတူပါဘူး။ အသိဉာဏ်က သိပ်ပြီးလျင်မြန်ပါတယ်။ ဒါကြောင့် ချက်ချင်းသဘောပေါက်ပြီး တရားထူးရသွားတာပါ။

ကဲ....ရူပဗြဟ္မာကတော့ နည်းနည်းလေးချဲ့ ဟောလိုက်တာနဲ့  သောတာပန်တည်သွားပါပြီ။ စာရေးသူနဲ့ စာဖတ်သူကတော့ သောတာပန်နားကို မကပ်နိုင်သေးပါဘူး။

ငြိမ်ပြီးကူးရင် မြုပ်မယ်၊ လှုပ်ပြီးကူးရင် မျောမယ်၊ မငြိမ်မလှုပ်ကူးပါဆိုတော့ ဘယ်လိုကူးမလဲ.....?

မျက်လုံးထဲမှာလည်း မြင်ယောင်ကြည့်ပေါ့။ သမုဒ္ဒရာထဲမှာ လူတစ်ယောက်ငြိမ်နေရင်ြ မုပ်သွားပါလိမ့်မယ်။ လှုပ်နေရင် မျောသွားပါလိမ့်မယ်။ြ မတ်စွာဘုရား အလိုကျ မငြိမ်မလှုပ် ဘယ်လိုကူးမလဲ?ြေ ဖကြည့်ပါဦး။
(............................)
အဲဒီမှာ "အငြိမ်တရားရယ်၊ အလှုပ်တရားရယ်၊ မငြိမ်မလှုပ်တရားရယ်"ဆိုပြီး သုံးမျိုးခွဲသိလိုက်ပါ။

အငြိမ်တရားဆိုတာ အကုသိုလ်တရားပါ။ အလှုပ်တရားဆိုတာ လောကီစည်းစိမ်တွေေ တာင့်တပြီး ပြုတဲ့ကုသိုလ်ပါ။
မငြိမ်မလှုပ်တရားဆိုတာ နိဗ္ဗာန်ကို တောင့်တပြီြး ပုတဲ့ကုသိုလ်ပါ။

ရှင်းအောင်ပြောရရင် အကုသိုလ်စိတ်ဖြစ်နေတာ အငြိမ်တရားပါ။ လောကီစည်းစိမ်တွေေ တာင့်တပြီး ကုသိုလ်ပြုတာဟာ အလှုပ်တရားပါ။ နိဗ္ဗာန်ကို တောင့်တပြီး ကုသိုလ်ပြုတာဟာ မငြိမ်မလှုပ်တရားပါ။

ဥပမာ ထားပါတော့။ ကိုယ့်ရင်ထဲမှာ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ်တရားတွေ ကိန်းနေပြီဆိုရင် ငြိမ်ပြီး ကူးနေတာပါ။ ငြိမ်ပြီးကူးရင်ြ မုပ်တော့မှာပါ။ ဘယ်ကိုမြုပ်မှာလည်း ဆိုတော့ အပါယ်လေးပါးကို မြုပ်မှာပါ။

နောက် ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ “ဤကုသိုလ်ကောင်းမှုကြောင့် စီးပွားရေး အဆင်ပြေရပါလို၏၊ ရာထူးတက်ရပါလို၏၊ ဥစ္စာပေါရပါလို၏၊ နောက်ဘ၀ ပညာတက်ရပါလို၏၊ သူဌေးကြီး ဖြစ်ရပါလို၏၊ နတ်ပြည်ရောက်ရပါလို၏“ စသည်ဖြင့် လောကီဆုတွေတောင့်တပြီး ကုသိုလ်ပြုနေရင် လှုပ်ပြီးကူးနေတာပါ။ လှုပ်ပြီးကူးရင်ေ မျာတော့မှာပါ။ ဘယ်ကိုမျောမှာလည်းဆိုတော့ လူ့ ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကိုမျောတော့မှာပါ။ ဘယ်လောက်ထိမျောနေမယ်ဆိုတာ မသိရပါဘူး။ လူ့ ပြည် နတ်ပြည်ဗြဟ္မာ့ပြည်တွေကို စုန်ဆန်မျောနေရတော့မှာပါ။

“နောက်ဘ၀ သူဌေးကြီးဖြစ်ရပါလို၏” ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော သံသရာမှာ
မျောရဦးမှာပါ။ နောက်ဘ၀ထပ်ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော ဆက်ကာ ဆက်ကာမျောနေရဦးမှာပါ။

လောကီဆုတွေ တောင့်တမိတိုင်းလည်း ကိုယ့်ကိုယ်ကို သတိပေးပါ။
“ငါတော့လှုပ်နေပြီ၊ မျောတော့မယ်” လို့ ။

အဲဒီမှာ နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတာ မြင့်မြတ်တဲ့ဘုံတွေလို့  ပြောလို့ ရပါတယ်။ ဒါပေမယ့် သက်တမ်းစေ့တဲ့အခါ အောက်ကို ပြန်ဆင်းရဦးမှာပါ။ေ အာက်ပြန်ဆင်းတဲ့အခါ ကိလေသာ မကင်းသေးတဲ့ အတွက် အကုသိုလ်ပြုမိဦးမှာပါ။ အကုသိုလ်ပြုမိရင် အပြစ်အားလျော်စွာ ခံရဦးမှာပါ။

နောက်မငြိမ်မလှုပ်ကူးနည်းကတော့ ကုသိုလ်ကောင်းမှုပြုတဲ့အခါတိုင်း “ဤကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ” လို့  နိဗ္ဗာန်ကိုေ တာင့်တပြီးပြုတာပါ။ လောကီဆုတွေကို မတောင်းပါဘူး။

ဒါကတော့ မငြိမ်မလှုပ်ကူးတာပါ။

ဆရာတော် ရဝေနွယ်-အင်းမ