Thursday, September 19, 2013

အချစ်နှင့်အမုန်း၏ သံသရာ

  အချစ်နှင့်အမုန်း၏ သံသရာ
ချစ်ခြင်းကြောင့် ချစ်ခြင်းသည် ဖြစ်၏ ။
ချစ်ခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
မုန်းခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်၏ ။
မုန်းခြင်းကြောင့် မုန်းခြင်းသည် ဖြစ်၏ ။
(အဂုင်္တ္တရနိကယ်၊ စတုက္ကနိပါတ် ၊ပေမသုတ်)


ချစ်ခြင်းနှင့်မုန်းခြင်းတို့ သည် သဒ္ဒါအားဖြင့်ဆိုသော် အရကွဲ သော်လည်း ဒွန်တွဲနေလျှက်ရှိ၏။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း၊ အတို နှင်အရှည် ၊အနိမ့်နှင့်အမြင့် အစရှိသောအားဖြင့် အရမတူသော်လည်း ဒွန်တွဲလျှက်ရှိကြ၏ ။ သို့ သော် ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းသည် တစ်ပြိုင်တည်း ဖြစ်၍ မရသကဲ့သို့  ချစ်ခြင်းနှင့် မုန်းခြင်းသည်လည်း တစ်ပြိုင်နက်ထဲ ဖြစ်၍ မရပေ။ ကိလေသာနှောင်ထုံးဖြစ်သော ဤချစ်ခြင်းနှင့် မုန်းခြင်းသည် မဂ်ဖိုလ်မရသေး၍ ပုထုဇဉ် သတ္တဝါမှန်သမျှ ကို ချည်နှောင်နေမည်သာ ။ သံသရာရေယာဉ်ကြောမှာ စီမျောနေသမျှ တစ်ခဏတာဘဝအကွေ့ များစွာ၌ တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆုံးဆည်းမိကာ ချစ်လိုက်မုန်းလိုက် နှင့် အချစ်အမုန်းသံသရာက မဆုံးသေးသမျှ အဆုံးဘဝဟူ၍ လည်းရှိလာကြတော့မည့်မဟုတ်ပေ။


တစ်ဦးနှင့်တစ်ဦး ချစ်ကြရာ၌ ချစ်တက်လျှင်ကားဆေးဖြစ်၍ မချစ်တက်လျှင်ကားဘေး ဖြစ်သွားတက်၏ ။ မိမိချစ်ခင်နှစ်သက်သူ အပေါ်၌ နားလည်းမှု့ ၊ သီးခံခွင့်လွတ်နိုင်မှု့၊ပေးဆပ်မှု့ တို့ ဖြင့် ချစ်နိုင်လျှင် မေတ္တာသဘော သက်ရောက်သကဲ့ သို့  ဆေးမည်ခြင်းတစ်ပါးလည်းဖြစ်ပေ၏ ။ မိမိချစ်ခင်နှစ်သက်သူအား တစ်ပါးသူတို့ မှ ဂုဏ်မြှင့်၍ ချီးကျူးစကားပြောဆိုခြင်း ၊နှစ်သက် မြတ်နိုးကြောင်းစကားဖြင့် ပြောဆိုခြင်းကြောင့်ထိုသူအပေါ်၌ ဝမ်းမြောက်ခြင်းမုဒိတာဖြင့် ပို၍ ချစ်ခင်လာခြင်းသည် ဖြစ်လာရ၏။ ဤသည်ကို ချစ်ခြင်းကြောင့် ချစ်ခြင်းသည်ဖြစ်ပေါ်သည်မည်၏ ။
တစ်ဦးနှင့်တစ်ဦးချစ်ကြရာ၌ သီးခံမှု့ မရှိ၊ နားလည်းမှု့ မရှိ၊မနာလို ဝန်တိုခြင်း၊ ရယူလိုခြင်းသာရှိကြလျှင် ချစ်ရာမှ အမုန်းမာန်ပွားခြင်းသို့ ကူးပြောင်သွားကြရလေ၏။
*** စူဠသုဘဒ္ဒါသည် အလောင်းတော်ဆဒ္ဒန်ဆင်မင်းအပေါ်၌ သည်းခံခွင့်လွတ်မှုမရှိ၊ ရယူလိုမှုခြင်သာ ချစ်ခြင်းကြောင့် အမုန်းမာန်ပွားခြင်းရောက်သွားရလေ၏။ အမုန်မာန်ပွား၍ အငြှိုးထားတာ ဘဝပေါင်းများစွာ၌ အလောင်တော်အား ဘေးဒုက္ခအမျိုးမျိုးကို ပေးခဲ့လေ၏။ ထိုသို့ ဒုက္ခအမျိုးမျိုးပေး
ခဲ့ခြင်းကြောင့် မိမိသည်လည်း ဒုက္ခဆိုကျိုးအမျိုးမျိုးခံစားခဲ့ရလေ၏။ ဤ ကား မချစ်တက်ခြင်းကြောင့် ဘေးဒုက္ခဖြစ်ရသည်မည်၏။ ***
မိမိလိုလားနှစ်သက်၍ ချစ်ခင်မြတ်နိုးသေသာသူအား တစ်ပါးသူတို့ မှ ကဲရဲ့ရှုတ်ချခြင်းစကားတို့ ဖြင့်ပြောဆိုသောအခါ မိမိကိုကုန်းချောစကားပြော ဆိုသောအခါတို့ ၌ မိမိကို အမှန်ယုံမှတ်၍ ထိုသူအပေါ်၌ တဖြည်းဖြည်းအချစ်လျော့လာတက်ပေ၏။ ချစ်လွန်အားကြီး၍ အမြဲတမ်းစိုးရိမ်မှုရှိခြင်း ငုံထားမတက်ချစ်ပါသည်ဆို ၍အမြဲတမ်းဝန်တိုနေခြင်းတို့ ကြောင့်အချစ်ကြီး၍ အမျက်ကြီးရ ၏။ ဤသိုလျှင် ချစ်ခြင်းကြောင့် မုန်းခြင်း ဖြစ်ရ၏။
ပိယတော ဇာယတိ သောကော၊
ပိယတော ဇာယတိ ဘယံ၊
ပိယတော ဝိမုတ္တဿ ၊
နတ္ထိသောကော ကုတော ဘယံ။
ချစ်ခြင်းကြောင့် စိုးရိမ်ခြင်းသည် ဖြစ်၏။ ချစ်ခြင်းကြောင့်ဘေးရန်သည်ဖြစ်၏။ ချစ်ခြင်းမှ လွတ်သောသူအား စိုးရိမ်ခြင်းသည် မရှိ။ဘေးရန်သည်အဘယ်မှာရှိအံ့နည်း။ (ဓမ္မပဒ၊ပိယဝဂ်၊မထင်ရှားသောသူကြွယ်ဝတ္ထု) 
 
မိမိမလိုလားနှစ်သက်သူသည် မိမိအပေါ်၌ လောကဝတ်ဖြင့် ပျူငှာခြင်း အရာရာ၌ လည်းသည်းခံခွင်လွတ်နားလည်းပေးခြင်းတို့ ကြောင့်ထိုသူ၏မေတ္တာတရားသည် မိမိအပေါ်၌ စူးရှလာပြီး အမုန်းတရားကိုလျော့နည်းလာကာချစ်ခင်မြတ်နိုးလာရပေ၏။ ထိုအခါ မုန်းခြင်းမှ ချစ်ခြင်းသည်ဖြစ်ပေါ်လာရပေ၏။ မိမိမုန်းသောသူသည် မိမိအပေါ်၌ အဘယ်မျပင် လောကဝတ်ပျူငှာလွန်းနေသည်ဖြစ်စေ ထိုသူအပေါ်၌ အကောင်းမထင်တော့။ ထိုသူပြုသမျှ မိမိစိတ်ထဲ၌ ကန့် လန့် ကန့် လန့် သာမြင်နေတက်၏။ အမုန်းပေါ်၌ အမုန်းမာန်သာ ဆင့်ပွားနေမည်သာ ။ တစ်ပါးသူတို့ မှာလည်း မိမိမုန်းသောသူ၏ ချီးမွှမ်းဂုဏ်တင်ခန်းတို ကို ဖွင်ဆို နေလျှင်ပင် မရှုစိမ့်နိုင်တော့ပေ။
ထိုချီးမွှမ်းသူတို့ ကို ပင် ရောပြွမ်း၍ အမုန်းပွားမိတက်လေ၏။ ဤသည်ပင် မုန်းခြင်းကြောင့်မုန်းခြင်းသာဖြစ်ပေါ်ရသည်မည်၏ ။ အဘယ်သို့ ပင်ဖြစ်စေမုန်းခြင်းသည် ကား ဆိုးကျိုးတစ်ရပ်သာဖြစ်၏ ။သူတစ်ပါးအပေါ်၌
အမုန်းပွားခြင်းသည် မိမိအားသာတန်ပြန် တက်ရောက်စေ၏ ။တစ်ဦးနှင့်တစ်ဦး ချစ်ခင်မြတ်နိုးကြခြင်းသည်သာ အေးမြသောမေတ္တာ သဘောသို့  သက်ရောက်စေနိုင်၏။
ထိုကြောင့် "မဃဒေဝ"၌ လာသည်ကား
ချစ်ခင်မြတ်လေး၊ကျွမ်းဝင်ဆေးကား၊ကြည်အေးမေတ္တာ၊လက်တွေ့ သာတည်း။ကိုယ်မှာအမြဲ၊စောင့်သုံးစွဲက
၊ဘေးလွဲရန်ကာ၊ကိုယ်ချမ်းသာလျှက် ၊စိန္တာမဏိ၊တန်ခိုးရှိသို ၊သိဒ္ဓိသီးသီး၊ဘုန်းတန်းကြီးသည်၊ရှိန်ပြီးမေတ္တာမာန်တန်သာတည်း။ ဟုဆိုထားလေ၏။
ဤချစ်ခြင်းမုန်ခြင်းသည်ဈာန်ဝင်စားသောရဟန္တာ ပုဂ္ဂိုလ်တို့ နှင့် အာသောတရားကင်းသည့် အရဟတ္တဖိုလ်တည်းဟူသော လွတ်မြောက်မှုကို မျက်မြောက်ပြု၍ နေသော ရဟန္တာပုဂ္ဂိုလ် တိုအားသာလျှင် မဖြစ်ပေါ်နိုင်တော့ပေ။ မဂ်ဖိုလ်တည်းဟူသော လွတ်မြောက်မှုကို မျက်မှောက်မပြုသေးသမျှကာလပါတ်လုံး အချစ်နှင့်အမုန်းသံသရာ သည်ဆုံးနိုင်တော့မည် မဟုတ်ပေ။ ဤကျင်လည်နေသမျှ သံသရာတစ်လျှောက်၌ လည်းအမုန်းတရားတို့ လျော့နည်းနိုင်သမျှကျင့်ကြံကြ၍ အချစ်ဟူသောမေတ္တာသဘောကိုဆေုင်နိုင်ကြရန်ကျိုးစားကြရမည်သာ..။
ချမ်းသာကိုယ်စိတ်မြဲ ကြ၍ အချစ်စစ်မှန်တွေ့ နိုင်ကြပါစေ...။

 အရှင်သုမနသာရ(ဖြူး)