Thursday, August 5, 2010

မြတ်ဆရာ



မတ်ဆရာ


ပျက်အစဉ် ပြင်ခဏဆိုပေမယ့်

ပြင်မရတာတွေက အများသား

အမှားများမကြုံခင်

ပြင်ရအောင်

သင်ပြတဲ့ မြတ်ဆရာ။

အလှတွင် အယဉ်ဆင့် ဆိုပေမယ့်

အရမ်းပြင် အယဉ်ပျက်တာလည်း ခဏ ခဏ

သံသရာအစဉ်လှအောင်

သင်ပြတဲ့ မြတ်ဆရာ။


ပြင်တတ်မှ လှ ကြင်တတ်မှ လှဆိုပေမယ့်

ပေးကား ပေး၏ မရခဲ့တာလည်း အကြိမ်ကြိမ်

အချိန်မီချုပ် အစုတ်သက်သာအောင်

အထုပ်ထုပ်ပေးတဲ့ မြတ်ဆရာ။


အာစရိယဂုဏော အနန္တော ဆိုပေမယ့်

အသိခေါက်ခက် အ၀င်နက်ခဲ့တာလည်း အခါခါ

သံသရာအပြစ်မသင့်ရလေအောင်

အခါခါ ခွင့်လွှတ်တဲ့ မြတ်ဆရာ။


အောင်ချမ်းမြေ့

(၂၉၊၉၊၂၀၀၃)