Wednesday, August 21, 2013
အထုံ
အထုံ
ကျွန်မတို့ နေ့စဉ်ပြုမူနေကြတဲ့ အပြုအမူ ၊ အပြောအဆိုတွေမှာ အတတ်ဘဝက အပြုအမူ ၊ အပြောအဆိုတွေ ပါဝင်နေတတ်ကြပါတယ် … အတိတ်ဘဝက တရားမှ ပျော်မွေ့သူဟာ ယခုဘဝမှာလည်း ဘုရား ၊ တရားနဲ့ မွေ့လျော်သောသူ ဖြစ်တတ်ပါတယ်…. အတတ်ဘဝက စိတ်ကောင်းထားတဲ့သူဟာ ယခုဘဝမှာလည်း စိတ်ကောင်းရှိတတ်ကြပါတယ် … အတိတ်ဘဝက အလှကြိုက်တဲ့သူဟာ ဒီဘဝမှာလည်း အလှကြိုက်တတ်ကြပါတယ် … အတိတ်ဘဝက အပြောအဆိုကြမ်းတမ်းသူဟာ ယခုဘဝမှာလည်း အပြောအဆို ကြမ်းတမ်းတတ်ပါတယ် … အဲလို လိုက်ဖြစ်တတ်တာကို အထုံ လို့ ခေါ်ပါတယ် … အထုံဓါတ်တွေဟာ လိုက်တတ်တဲ့ သဘောရှိပါတယ် … ထင်ရှားအောင် သာဓက ပြပါအံ့…။
မြတ်စွာဘုရားရှင် လက်ထက်တော်က ဒါယကာတစ်ယောက်ရှိပါတယ် … သူက သရဏဂုံလည်း တည်ပါတယ် ၊ ငါးပါးသီလလည်း လုံခြုံပါတယ် ၊ မြတ်စွာဘုရားကိုလည်း မြတ်နိုးပါတယ် ၊ တရားကိုလည်း မြတ်နိုးပါတယ် ၊ သံဃာကိုလည်း မြတ်နိုးပါတယ် ၊ ဒါပေမယ့် သူ့မယားကတော့ ဖောက်ပြန်ပါတယ် ၊ မယားပြဿနာ နှိပ်စက်နေလို့ သွားနေကြ မြတ်စွာဘုရားဆီတောင် (၇) ရက်လောက် မရောက်နိုင်ဘူး ဖြစ်နေပါတယ် …။
တစ်နေ့လောက်မှာ ဒကာက မြတ်စွာဘုရားဆီသွားပါတယ် … (၇)ရက် ၊ (၈) ရက်လောက် ပျောက်နေတာဖြစ်တော့ မြတ်စွာဘုရားရှင်က “ဒကာ ၊ (၇) ရက် (၈) ရက်လုံး ဘာလို့ မလာတာလဲ” လို့ မေးပါတယ်…။
ဒကာက “တပည့်တော်ရဲ့ မယားဟာ ဖောက်ပြန်နေပါတယ် ဘုရား ၊ ဒီအတွက် စိတ်ညစ်ပြီး မလာတာပါ ဘုရား ” လို့ ပြန်လျှောက်ပါတယ် …။
ဒီတော့ ဘုရားရှင်က ” ဒကာ ၊ မိန်းမတို့မည်သည် ဖောက်ပြန်တတ်တယ် လို့ နှလုံးသွင်းပြီး အဲဒီမိန်းမတွေ အပေါ် ဒေါသ မထွက်ပါနဲ့ ၊ လျစ်လျူရှုနေတာပဲ သင့်တယ် ၊ သင့်ရဲ့ မိန်းမဟာ ရှေးဘဝကလည်း ဖောက်ပြန်ခဲ့ဖူးတယ် ၊ သင့်က ဘဝခြားသွားလို့ မမှတ်မိတော့တာ” လို့ ဟောတော်မူပြီး အတိတ်ဇာတ်ကြောင်းကို ပြန်ဟောပြပါတယ်…။
ဗာရာဏသီပြည်မှာ ဗြဟ္မမင်း မင်းပြုနေတဲ့ အချိန်မျာ ဘုရားအလောင်းက ဒိသာပါမောက္ခဆရာဖြစ်နေပါတယ် … ဆရာကြီးရဲ့ တပည့်တစ်ယောက်က သူ့ရဲ့ဇနီးဖောက်ပြန်လို့ စိတ်ညစ်ပြီး နှစ်ရက် ၊ သုံးရက် ဆရာ့ဆီကို မလာပါဘူး … ။
တစ်နေ့မှာတော့ ဆရာ့ဆီကို ရောက်လာပါတယ် … ဆရာက မလာဖြစ်ရတဲ့ အကြောင်းအရင်းကို မေးတော့ မယားဖောက်ပြန်လို့ စိတ်ညစ်ပြီး မလာဖြစ်ကြောင်း ပြန်ပြောပါတယ် … ဒီတော့ ဆရာက “မိန်းမတွေဟာ လူခပ်သိမ်းနဲ့ ဆက်ဆံတတ်တဲ့ သဘောရှိတယ် ၊ စိတ်မဆိုးပါနဲ့ ” လို့ ဆုံးမပါတယ် …။
နောက် မြတ်စွာဘုရားရှင်က ပြန်ပြီး ဇာတ်ပေါင်းပြပါတယ် … အတိတ်ဝတ္ထုထဲမှာ ပါတဲ့ လင်မယားဟာ ယခု ပစ္စုပ္ပန်ဘဝမှာလည်း လင်မယားပါပဲ တဲ့ …။ မြတ်စွာဘုရားကတော့ ဒကာရဲ့ ဆရာ ဒိသာပါမောက္ခပါတဲ့ …။
ဒီဝတ္ထုလေးကို ထောက်ပြီး ဒီဘဝအပြုအမူတွေဟာ အတိတ် အတိတ်ဘဝတွေနဲ့လည်း ဆိုင်နေပါတယ် … ဒါကို ကိုယ်က အထူးသတိထားရပါမယ် …။
အတိတ်အတိတ်ဘဝတွေက သဒ္ဓါတရားကောင်းနေတတ်ပါတယ် ၊ ဒီဘဝ သဒ္ဓါတရားကောင်းရင် နောက်ဘဝလည်း သဒ္ဓါတရားကောင်းနေဦးမှာပါပဲ … အတိတ်ဘဝက သီလစောင့်ထိန်းခဲ့ရင် ဒီဘဝမှာလည်း သီလစောင့်ထိန်းတတ်ပါတယ် … ဒီဘဝ သီလစောင့်ထိန်းရင် နောက်ဘဝတွေမှာလည်း သီလစောင့်ထိန်းဦးမှာပါ … အတိတ်ဘဝတွေက ဝိပဿနာပွားများအားထုတ်ခဲ့ရင် ဒီဘဝမှာလည်း အားထုတ်တတ်ပါတယ် … ဒီဘဝအားထုတ်ရင် နောက်ဘဝမှာလည်း အားထုတ်ဦးမှာပါ…။
ကုသိုလ်အထုံဓါတ် ၊ အကုသိုလ်အထုံဓါတ်တွေဟာ ဘဝအဆက်ဆက် အထုံလိုက်တတ်ပါတယ် … အတတ်ဘဝပါလာတဲ့ အကုသိုလ်အထုံဓါတ်တွေကို အသိဉာဏ်ရှိတဲ့ ယခုဘဝမှာ နောက်ဘဝအထိ ဆက်မပါသွားအောင် ဖြတ်ချနိုင်ရပါမယ်… အဲဒီလို ဖြတ်ချဖို့အတွက်….
(၁) ဆင်ခြင်၍ ပယ်ခြင်း
ကိုယ့်မှာ ရှိတဲ့ စရိုက်ဆိုးကို လက်မခံချင်တဲ့ စိတ် ၊ အလိုမရှိတဲ့စိတ် ၊ ပစ်ပယ်ချင်တဲ့ စိတ်ရှိဖို့က ပထမပါ ၊ ပယ်ချင်တဲ့ စိတ်ရှိရင် ပယ်လို့ရသွားပါပြီ … ဥပမာ – ကိုယ်က မနာလိုဝန်တိုစိတ်ရှိတဲ့ သူ ဆိုပါတော့ ၊ မြတ်စွာဘုရားကို ရေချမ်း ၊ ပန်း ၊ ဆီမီး တစ်ခုခု ကပ်လှုပူဇော်ပြီး ” ဤကုသိုလ်ကောင်းမှုကြောင့် မနာလို ဝန်တို ကင်းစင်သူ ဖြစ်ရပါလို၏ ” လို့ မြတ်စွာဘုရားဆီမှာ အခါအခွင့်သင့်တိုင်း ဆုတောင်းပါ ၊ ဒါက စရိုက်ဆိုးကို မလိုချင်ဘူး ဆိုတဲ့စိတ် အရင်မွေးမြူလိုက်တာပါ ၊ ဆုတောင်းလိုက်ရရင်ပဲ စိတ်က အလိုလိုပေါ့သွားပါပြီ ။
 တကယ်လို့ မနာလိုဝန်တိုစိတ် ဝင်လာတာနဲ့ ” မနာလိုဝန်တိုစိတ် ဆိုတာ အကုသိုလ် တရားပဲ ၊ အပြစ်နှင့် တကွ မကောင်းသော အကျိုးပေးခြင်း လက္ခဏာ ရှိတယ် ၊ နောက်ဘဝအထိလည်း အထုံလိုက်တယ် ၊ မကောင်းဘူး ၊ မလိုချင်ဘူး ” စသည် ဆင်ခြင်လိုက်ပါ … ဆင်ခြင်တာဟာ ပယ်ချင်တဲ့သူအတွက် သိပ်အကျိုးကျေးဇူးများပါတယ် … ဆင်ခြင်စမှာ မပျောက်ပေမယ့် ဆင်ခြင်မှုရက်တွေ ကြာလာတဲ့အခါ ပျောက်သွားပါလိမ့်မယ် … ။
(၂) ပွားများ၍ ပယ်ခြင်း
ဖြစ်နေတဲ့ ဝန်တိုစိတ်လေးကို စိတ်နဲ့ တည့်တည့်ကြည့်လိုက်ပါ ၊ မိပြီဆိုရင် ဖြစ်နေတဲ့ စိတ်လေးကို သတိကပ်ပြီး “မနာလို ဝန်တိုစိတ်လေးက ဘယ်လိုလေးလဲ ၊ ဘယ်လိုလေးဖြစ်နေတာလဲ ” သဘောလေး သိအောင် လုပ်ပါ ၊ ဖြစ်နေတဲ့ စိတ်လေးကို သိသိပြီး ပယ်တာဟာ ပွားများပြီး ပယ်တာပါပဲ ။ ပွားများပြီး ပယ်တဲ့အခါ ဖြစ်နေတဲ့စိတ်က ပျောက်ချင်လည်း ပျောက်မယ် ၊ မပျောက်ဘူး ၊ ပျောက်တာ မပျောက်တာ ကိုယ့်အလုပ် မဟုတ်ပါဘူး ၊ ဖြစ်နေတဲ့ စိတ်ကို သိသိ နေဖို့က ကိုယ့်အလုပ်ပါ ၊ သိပါများလာရင် လျော့လျော့ပြီး သွားပါလိမ့်မယ်။
ပယ်နည်း နှစ်နည်းထဲက ကြိုက်တဲ့ နည်းနဲ့သာ ပယ်ပါ ၊ရတဲ့ နည်းနဲ့ ပယ်သွားဖို့က အရေးကြီးပါတယ် ၊ နောက်ဘဝအထိ အထုံပါမသွားအောင်လို့ပါ ။
*** အရှည်ကို ဆရာတော် ရဝေနွယ် (အင်းမ) ရဲ့ စိတ်ညစ်ရင် ရေချိုးပါ မှာ ဖတ်ရှုနိုင်ပါတယ်…။
စန္ဒာ 
Tuesday, August 20, 2013
ငွေပုံပေးကာ ကျေးဇူးဆပ်ရုံနှင့် လုံလောက်ပြီလား
ငွေပုံပေးကာ ကျေးဇူးဆပ်ရုံနှင့် လုံလောက်ပြီလား
                 လူတိုင်းလူတိုင်း အခွင့်သာလျှင် မိဘကျေးဇူးကို ဆပ်ချင်ကြသည်ချည်းပင်၊ တချို့ က “ မိဘကျေးဇူးဆပ်တာပဲ ငွေပေးဆပ်လိုက်ရင်ပြီးတာပဲ” ဟု ထင်နေတတ်ကြ၏။ မိဘကျေးဇူးကို ငွေကြေးနှင့်တန်ဖိုးဖြတ်ကာ ဆပ်နေလိုက်ကြသည်မှာ- မိန်းမကလည်းသူ့  မိဘဆီကို တစ်လတစ်ခါပို့ လိုက်၊ ယောက်ျားကလည်း အားကျမခံပို့ လိုက်၊ သည်လိုနှင့် ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ကြိုးစားကာ အများအမြင်မှာတော့ သားကောင်း သမီးအလိမ္မာပြီးတွေပေါ့။
                “ မိဘကို ငွေပေးရုံနဲ့ လုံလောက်ပါပြီ ” လို့ ဆိုတဲ့ ထိုထိုလူသားများအတွက် လေ့လာ ဖတ်ရှုဖူးသော ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြလိုက်ချင်သေး၏။ ရပ်ကွက်တစ်ခုတွင် အင်မတန် စရိုက်ဆိုးသည့် လင်မယားနှစ်ယောက်ရှိ၏။ တစ်ယောက်က အရက်ကို အလွန်အကျွံသောက်ကာ မူးလာရင် လူမှန်းသူမှန်းမသိတဲ့ ဆိုက္ကာသမား၊ တစ်ယောက်က ဈေးထဲမှာ ငါးရောင်းရရှာသည့် ငါးစိမ်းသည်၊ သူတို့ နှစ်ယောက် ရေစက်ဆုံပံဆုံနည်းကလည်း ရပ်ကွက်ထဲမှာ သြချစရာ၊ အရက်မူးလွန်ပြီး ကင်းတဲတစ်ခုမှာ အိပ်ပျော်နေတုန်း
( ကားသများတွေရန်ကိုကြောက်လို့  ခိုကိုးရာမဲ့ ပြေးလွားခဲ့သည့် ) အမျိုးသမီးက ဗြုန်းဆို သူ့ နောက်မှာ ဝင်ပုန်းရင်း မထင်မှတ်ဘဲ ညားခဲ့ကြရသည့် ဇနီးမောင်နှံ၊ နာမည်က ကိုထွန်းရင်နှင့် မသိန်းမြ-တဲ့၊ ချစ်ခြင်းမေတ္တာတွေလည်းမပါ၊ သံယောဇဉ်တွေလည်းမရှိ၊ ဟိုကြောက် သည်ကြောက်နှင့် ညားခဲ့ကြသည်မို့  နေ့ လည်း တကျက်ကျက် ညလည်းတကျက်ကျက် ရန်ဖြစ်တတ်ကြ၏။ ရပ်ကွက်ထဲမှ အိမ်နီးနားချင်းများ ဆယ်အိမ်မှူး ရာအိမ်မှူးများ ဖြေရှင်းပေးလို့ ကမဆုံးနိုင်။
               ( လင်နဲ့ မယား လျှာနဲ့ သွား-ဆိုတာလို လင်ကရှာရှာလာသမျှ မယားကသွားသွားဖြုန်းလို့ လျှာနှင့်သွားပမာ တစ်ခါတစ်ရံမှ ထိမိခိုက်ကြသည်မဟုတ် )၊ ကိုထွန်းရင်ကလည်း အရက်သမားပီပီ စရိုက်ကြမ်းကြမ်း မသိန်းမြကလည်း ငါးစိမ်းသည်ပီပီ နှုတ်သီးကစွာတာတာ၊ ဝါသနာမတူညီ၊ စရိုက်ကိုယ်စီမို့  ခုနှစ်သံချီပြီး ရန်ပွဲကို အမြဲနွဲနေကျ။
              သည်လိုနှင့်နေလာခဲ့ကြရာ တစ်နေ့ မှာတော့ သူတို့လင်မယားနှင့် ဘယ်လိုမှပတ်သက် ဆက်နွယ်သည်ဟု အထင်ရလောက်အောင် ချောမေလှပသည့်  အသက်နှစ်ဆယ်အရွယ် မိန်းမပျိုလေးတစ်ယောက် သူတို့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့၏။ အလှတွင် အယဉ်ဆင့်-ဆိုတာလို  မျက်နှာလေးက လှပရုံမက ကျက်သေရရှိလွန်းလှ၏။ မျက်နှာအချောအလှလေးကို မြင်လိုက်သည်နှင့် သဘောမနေကောင်းမည့်သူလေဖြစ်ကြောင်း  မသိန်းမြက မှတ်ချက်ပြုလိုက်၏။
မေမိုးဝသန်-ပင်ဖြစ်ပါသတဲ့၊ မချင်ဖြစ်သူ ကွယ်လွန်သွားပြီမို့ ၊ အဖွားတွေလက်ထဲမှာ ကြီးပြင်းလာခဲ့ရသည့် မေမိုးဝသန်၊ ယခုသူမ၏ဖခင် ကိုထွန်းရင်ဆီကို ဘာလာလုပ်တာလဲ-ဟု ထွန်းရင်ကိုယ်တိုင်က နားမလည်နိုင်၊ ငိုင်တိုင်တိုင်နှင့် ငေးကြည့်နေ့ သည့်ဖခင်အား သမီးလေး မေမိုးဝသန်က “ သမီး အဖေ့ကျေးဇူးတွေ ဆပ်ချင်လို့ လာခဲ့တာပါ၊ အဖေ သမီးကို တစ်နှစ်တော့ လက်ခံပါ ”ဟု ပြောသည့်အခါ အဖေအရင်းဖြစ်တဲ့ ထွန်းရင်ကတော့ ဘာပြောနေမလဲ၊ စကားတစ်လုံးတည်း “ သမီးနေမယ်ဆိုရင်နေပေါ့ ” တဲ့၊ 
              ဒါပေမယ့် အဖေ့မိန်းမ မသိန်းမြက သိပ်မကြည်ချင်၊ ဘဝင်မကျ နှုတ်က ရေရွတ် သည်မှာ“ အဖေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်လည်း ငွေလေးဘာလေး ထောက်ပံ့ပေးရင် ပြီးရောပေါ့ ” တဲ့၊ ဒီလိုနဲ့ ပဲ လမ်းလုံကျော် ရပ်ကွက်ကျော် အိမ်တော်ကြီးမှာ မိသားစုသုံးယောက် ဖြစ်သွား  လေတော့၏။
             သမီးလေး မေမိုးဝသန် ရောက်ပြီးသည့်နောက်တစ်နေ့ မနက် ဝေလီဝေလင်းအချိန်မှာ အရက်သမား ကိုထွန်းရင်နှင့် ငါးစိမ်းသည် မသိန်းမြတို့ ၏ အိမ်ထဲမှ အင်မတန်သာယာတဲ့ ကြေးစည်သံလေး ထွက်ပေါ်လာပါတော့၏။ မေမိုးဝသန်ရဲ့ ဘုရားရှိခိုးသံ မေတ္တာပို့ သံတွေ ကြားရသည့်အခါ အားလုံး တအံ့တသြ ဖြစ်ကြကုန်၏။ ကလေးမလေးသည် မြန်မာရိုးရာ ယဉ်ကျေးမှုတွင်မကပဲ စစ်မှန်သည့် ဗုဒ္ဓဘာသာဝင်တစ်ယောက်လို ပီပီပြင်ပြင်ရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်မှန်း တစ်ရပ်ကွက်လုံး သိလိုက်ကြရတော့၏။
             ဘယ်တုန်းကမျှ ဆွမ်းလောင်းလေ့မရှိတဲ့ သူတို့ အိမ်ကို ဆွမ်းခံကိုယ်တော်လေးတွေ ပင့်ဖိတ်ပြီး ကလေးမလေးက ဆွမ်းလောင်း၏၊ ညဘက်ရောက်သည့်အခါ အဖေ့ကိုတစ်လှည့် မိထွေးကိုတစ်လှည် နှိပ်နယ်ပေးရင်း ဘုရားအကြောင်းတရားအကြောင်း သူ့ အသိပညာ အတိုင်းအထွာလေးနှင့် ပြောပြလေ့ရှိပါသတဲ့။ 
            ( မှတ်ချက်-မိခင်နှင့်အဘွားတို့ ၏ ထိန်းကွယ်မှုအောက်မှာ လူလားမြောက်ခဲ့ရသည့် မေမိုးဝသန်၊ သည်ကလေး၏ လိမ္မာရေးခြားရှိပုံကို တွေ့ မြင်းရသည့်အခါ လောကနီတိဆရာ၏ အဆိုပြုချက်တစ်ရပ်ကို သွား၍ သတိပြုမိတော့၏-  
            *  အမိအုပ်ထိန်းသောသမီးနှင့် အဘအုပ်ထိန်းသောသမီး မတူ၊ အမိအုပ်ထိန်းသော သမီးကသိမ်မွေ့ သည်၊   က္ကုနြေ္ဒရှိသည်၊ လိမ္မာရေးခြားရှိသည်။ 
            *   အမိအုပ်ထိန်း သောသားနှင့် အဘအုပ်ထိန်းသောသားသည်မတူ၊ အဘအုပ်ထိန်း သောသားက လိမ္မာရေးခြားရှိသည်။
           *   အမိရော အဘရောနှစ်ဦးစလုံးအုပ်ထိန်းသော သားသမီးများသည် ပို၍လိမ္မာရေးခြား ရှိသည်၊ လူတော်လူကောင်းလေးများ ဖြစ်လာတတ်သည်၊ သမီးမိန်းခလေးကို အုပ်ထိန်းရန် အမိတွင်ပို၍တာဝန်ရှိသည်၊ သားယောက်ျားလေးကို ထိန်းသိမ်းကွပ်ညှပ်ရန် အဖတွင် ပို၍ တာဝန်ရှိဘိ၏၊။ ဤသည်မှာ လောကနီတိ အဆိုဖြစ်၏ )
            မေးမိုးဝသန်က သူ့ အဖေကိုလည်း ( အရက်မသောက်ပါနဲ့ လား အဖေရယ် ) ဟု တစ်ခွန်းမှမပြော၊ ထိုနည်းတူ သူ့ မိထွေးကိုလည်း ( ငါးမရောင်းပါနဲ့ လား အမေရယ် ) ဟု တစ်ခွန်းမှမဟ၊  ဘာမျှမကြာလိုက်တဲ့ တစ်နှစ်တာမပြည့်တပြည့် အချိန်လေးမှာ ကိုထွန်းရင် တစ်ယောက် အရက်ပျက်သွား၏။
 ဒီတစ်ယောက်ပဲလားဆိုတော့ မဟုတ်သေးပါ။ မသိန်းမြလည်း ငါးမရောင်းတော့ပဲ မိန်းခလေး အဝတ်အထည်တွေချုပ်တဲ့ အပ်ချုပ်ဆိုင်ကလေး ဖွင့်လိုက်ပါတော့၏။ ( အချိန်ကလည်း တက္ကသိုလ်ကျောင်းသူတွေ မြန်မာဆန်ဆန် အဝတ်အစားတွေ ဝတ်ရမည့်အချိန်အခါ ဖြစ်နေ လေတော့ အဆင်ပြေလိုက်သည်မှာ အတိုင်းအထက်အလွန်ပင် ) မထင်မှတ်လောက်အောင် ပြောင်းလည်းသွားသော သည်မိသားစုလေးကိုကြည့်၍ တစ်ရပ်ကွက်လုံး တအံ့တသြဖြစ်ကုန်ကြ၏။ 
သူတို့ အိမ်ကလေးမှ ထွက်လာသည့် ဝတ်ရွှတ်သံကို နားခံရင်း နေ့ စဉ်နှင့်အမျှ ကြားနေရသည့် သမီးလေးမေမိုးဝသန်၏ ဘုရားရှိခိုးသံ ကြေးစည်သံ များကြောင့် အားလုံးမှာ ဝမ်းသာပီတိဖြစ်ကာ စိတ်ချမ်းသာသွားကြ၏ ၊ သြော်- ဘာလိုလိုနဲ့  တစ်နှစ်ဆိုသည်မှာ ဘာမှမကြာလိုက်၊ အဘွားတွေက မေမိုးဝသန်ကို ပြန်လာခေါ်ကြပြီမို့  လင်မယားနှစ်ယောက်လုံး ဗြုန်းကနဲဝမ်းသာ, ဗြုန်းကနဲ့ ဝမ်းနဲဆိုတာလို ဖြစ်ကြကုန်၏။
စိတ်မကောင်းကြ။ 
         “ သည်ခလေးမနှယ်  အဖေကိုကျေးဇူးဆပ်ချင်ရင် ပိုက်ဆံလေးဘာလေးပေးလည်း ပြီးရော ” ဟု ပြောခဲ့ကြသည့် ထိုထိုလူသားများ ပြောမိသည့်စကားအတွက် နောင်တရကြ လိမ့်မည်ထင်ပါကြောင်း။
အရှင်ကဉ္စနာသီရိ၏
သီတာရေစင်အမည်တွင်သော စာအုပ်မှ ပြန်လည်မျှဝေခြင်းပါ။
Monday, August 19, 2013
အမေပြောခဲ့တဲ့ ဦးတော်
အမေပြောခဲ့တဲ့ ဦးတော်
ငယ်စဉ်ကလေးဘ၀အရွယ်.. ဘာမှမသိနားမလည်သေးတဲ့အရွယ်တုန်းက အမေ အမြဲမှာတဲ့ စကားလေးတစ်ခွန်း သတိရမိပါတယ်။ ဘုရားစင်(ဘုရားကျောင်းဆောင်)ရှေ့ရောက်ရင် သားရေ.. လက်လေးနှစ်ဖက်ကိုပူးပြီး ဦးတော်လုပ်ရတယ်ဆိုပြီး နှဖူးနဲ့ကြမ်းပြင်ကို ထိပြီး ရှိခိုးဖို့ အမြဲမှာတယ်။ လမ်းမှာ ရဟန်းသံဃာတွေ တွေ့ရင်လည်း လက်အုပ်လေးချီပြီး သားရေ.. ဦးတော်လုပ် ဦးတော်လုပ်။ ညအိပ်ရာဝင်ရင်လည်း ဖေဖေနဲ့မေမေကို ဦးတော်လုပ်အိပ်ရတယ်ဆိုပြီး အမြဲမှာခဲ့တယ်။ .အသက်အရွယ်အနည်းငယ်ရောက်လာပြီး ကျောင်းစနေတဲ့အချိန်တုန်းကလည်း ဆရာဆရာမတွေ အခန်းထဲဝင်လာရင် လက်အုပ်လေးချီပြီး မင်္ဂလာပါဆရာမ ဆိုပြီး နှုတ်ဆက်ရပြန်ပါတယ်။
 အမေမှာကြားတဲ့ ဦးတော်လုပ်ရတယ်ဆိုတဲ့ စကားလုံးနဲ့တော့ ရင်းနှီးခဲ့တာ ကြာခဲ့ပါပြီ။ ဦးတော်လုပ်ရတဲ့အကြောင်းကိုတော့ သေချာနားမလည်ခဲ့မိပါဘူး။ ဘာလို့လုပ်ခိုင်းရတာလဲပေါ့။ အသက်အရွယ်လေး နည်းနည်းကြီးလာပြီး သိတတ်နားလည်တတ်တဲ့အချိန်ကျမှ အမေဦးတော်လုပ်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေဟာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွေ ဆိုတာ သိလာရပါတယ်။ ဘာလို့ကျေးဇူးရှိရတာလဲဆိုတာတော့ သေချာမသိခဲ့ရပြန်ပါဘူး။ ဒီလိုနဲ့ ဘာမှန်းမသိဘဲ ဦးတော်လုပ်ခဲ့တာ ကြာခဲ့ပြီပေါ့။
ဦးတော်အကြောင်းစဉ်းစားရင်း ဆရာတော်တစ်ပါး မေးလိုက်တဲ့ မေးခွန်းနဲ့မှ ကိုယ်စဉ်းစားတာ သွားတိုက်ဆိုင် နေပါတယ်။ ဆရာတော်ဘုရားကမေးပါတယ်.. ဘာလို့ ဘုရားကို ရှိခိုးတာလဲတဲ့။ တန်ခိုးကြီးလို့လား၊ ကိုယ်က အကုသိုလ်တွေ ဘယ်လောက်လုပ်လုပ်.. ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ကျေအေးပေးစေနိုင်တဲ့ပုဂ္ဂိုလ် မို့လို့လား၊ ဒါမှမဟုတ်.. အရာရာကို ဖန်းဆင်းပေးနိုင်တဲ့ တန်ခိုးရှင်မို့လို့ အားကိုးရှာတာလား၊ လူကြီးမိဘတွေက ဘုရားဆိုရှိခိုးလိုက် ဆိုလို့သာ ရှိခိုးနေရတာလား ဆိုပြီး လားပေါင်းများစွာနဲ့ ဆရာတော်က မေးခွန်းတွေ ထုတ်လိုက်ပါတယ်။ 
ဒီတော့မှာ့ ကိုယ့်ကိုယ်ကိုလည်း ဘုရားကိုရှိခိုးနေတာ ဘာအတွက်လဲဆိုပြီး စဉ်းစားမိတယ်။ ဦးငါးကြိမ်သာ ချလိုက်တယ် ဘာကိုရည်ညွှန်းပြီး ဘာအတွက် ချတာလဲ။ ဘုရားရှိခိုးဆိုရင် ဘုရားရှင်ရဲ့ပုံတော်ကြီးမျက်စိထဲမြင်ပြီး ရှိခိုးနေတာလား..။ ဒီလိုဆို စေတီတော်တွေသွားပြီး ဘုရားဖူးရင် ဘယ်ဟာကို မျက်စိထဲမြင်ပြီး ရှိခိုးရမှာလဲ..။ ဘုရားပုံတော်လား၊ စေတီတော်ပုံလား။ အဲ့လိုမေးလိုက်တော့ ကိုယ့်မှာ စဉ်းစားစရာတွေက အများကြီး ထွက်လာပါတယ်။
ကိုယ်ကသာအများကြီး စဉ်းစားနေတာ ဆရာတော်ပြောတော့လည်း ရှင်းလင်းလိုက်ပါဘိ။ ဘုရားကိုရှိခိုးတာဟာ ကျေးဇူးရှိလို့ ရှိခိုးတာ။ ဘယ်လိုရှိခိုးကန်တော့ရလဲဆိုတော့ ကျေးဇူးသိပြီး ကျေးဇူးတရားကို တန်ဖိုးထားတဲ့စိတ်ကို နှလုံးသွင်းပြီး ကန်တော့ရတယ်တဲ့။ မှန်လိုက်ပါဘိ။ အင်မတန် မှတ်သားသင့်တဲ့ စကားပါပဲ။ ဒီတော့ ကျေးဇူးတရားကို ဘယ်လိုတန်ဖိုးထားရမလဲ။ ဘယ်လိုတွေ ကျေးဇူးရှိတာလဲဆိုတာသိဖို့အတွက် အရေးကြီးပြီပေါ့။ 
ဘုရားရှင်ရဲ့ကျေးဇူးတွေကို နားမလည်ရင် ဘုရားကိုတန်ဖိုးထားရမှန်းလည်း မသိသလို.. ဦးတော်လုပ်နေတာတွေဟာလည်း ပုဆိန်ပေါက်သလိုပဲ ဖြစ်နေအုံးမှာပါ။ ဦးငါးကြိမ်သာပြီးသွားတယ် ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို ရည်ညွှတ်တဲ့စိတ်တွေက ပျောက်နေမှာပါပဲ။ ဘုရားကိုရည်ညွှတ်တဲ့ စိတ်တွေပျောက်နေရင်လည်း ဦးတော်လုပ်နေတာဟာ ဘုရားကိုကန်တော့တာ မဟုတ်တော့ပြန်ပါဘူး။ ဒီတော့ ဘုရားကန်တော့တတ်ဖို့ဆိုရင်.. ကျေးဇူးတရားကိုသိအောင် အရင်ဆုံး နှလုံးသွင်းတတ်ဖို့ အရေးကြီးပြီပေါ့။
ကျေးဇူးတရားကို သိဖို့ပြောမိတော့.. မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်။ “အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား၊ မပွင့်ငြားက၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ” တဲ့။ ဒါဟာ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကို မြင်သာအောင် မီးမောင်းထိုးပြပေးလိုက်တဲ့ အဆုံးမစာသားပါပဲ။ မြတ်ဗုဒ္ဓသာ ကုသိုလ်အကုသိုလ်တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အကြောင်းအကျိုးဆက်စပ်ပြီး ဝေဖန်ပိုင်းခြား ဆုံးမမပေးခဲ့လျှင် သတ္တလောကကြီးဟာ လူ့တိရိစ္ဆာန်ဘ၀တွေနဲ့ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။ 
မိဘဆိုတာနားမလည်၊ ဆရာဆိုတာ တန်ဖိုးထားရမှန်းမသိနဲ့ ကျေးဇူးရှင်ဆိုတာလည်း အလကားထင်သွားမှာပါပဲ။ ဒီ့အပြင် လူ့ဘ၀ကို ရရှိလာတာဟာ ပျော်ပျော်နေပြီး ကာမဂုဏ်အာရုံတွေခံစားဖို့လို့ ထင်သွားမှာပါ။ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဒုက္ခတွေနဲ့ မပြတ်နှိတ်စက်နေတဲ့ကြားထဲက လောဘ၊ ဒေါသ၊ မောဟမီးတွေ တဟုန်းဟုန်း တောက်လောက်နေကြမယ်ဆိုရင်ဖြင့် အပူပေါ်အပူဆင့်ကြရအုံးမှာပါ။ မိုက်ပြီးရင်း မိုက်ရင်း အမှောင်သံသရာထဲမှာ ကျင်လည်ကြရအုံးမှာပါ။ အိပ် စား ကာမဆိုတဲ့သုံးခုနဲ့တင် လူ့ဘ၀ကြီးကို အသုံးချသွားကြရတော့မှာပါ။
ယခုအချိန်ခါမှာလည်း ဘုရားရှင်ရဲ့ တရားနဲ့ ဝေးကွာနေတဲ့သူတွေဟာ ဒီလိုတွေပဲဖြစ်နေတာကို မျက်မြင်တွေ့နေရတာပါ။ ဗုဒ္ဓဘာသာဝင်လို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ပါဘူးနော်.. ဘယ်ဘာသာဝင်ပဲ ဖြစ်နေပါစေ.. အရှက်တရား အကြောက်တရားဆိုတာ ကင်းမဲ့ပြီးတော့ ပျော်လိုက်ပါးလိုက် မူးလိုက်ရူးလိုက်နဲ့ ဘ၀ကိုအကျိုးမဲ့ အသုံးချသွားမယ်ဆိုရင် တိရိစ္ဆာန်တစ်ကောင်နဲ့ ဘာမှမထူးပါဘူး။
 မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ လူသားချင်းစာနာထောက်ထားတတ်တဲ့ ကိုယ်ချင်းစာတရားတွေမှ မရှိရင်ဘယ်လောက်ကြီးပဲ တိုးတက်ပါတယ်ပြောပြော.. ဘယ်လောက်ကြီးပဲ ကြွယ်ဝချမ်းသာပါတယ်ပြောပြော လူ့အဆင့်တန်း တိုးတက်တယ်လို့ကို မဆိုနိုင်ပါဘူး။ အမြဲနိမ့်ကျနေတယ်လို့ ဆိုရမှာပါပဲ။ လူ့ဘ၀ရဲ့အနှစ်သာရ လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်တွေ နားမလည်ရင် လူ့ဘ၀ရဲ့အဓိပ္ပါယ်ကို သဘောမပေါက်ရင်တော့ အဲ့ဒီ့ပုဂ္ဂိုလ်ဟာ လူဖြစ်ရက်နဲ့ တိရိစ္ဆာန်တစ်ကောင်ဘ၀ကို ရောက်နေရတာပါပဲ။ 
သီတဂူဆရာတော်ဘုရားကြီး ဆုံးမစကားနဲ့ ပြောရရင်တော့ “နွားတွေဟာ တနေ့တခြား အသားတွေသာတိုးပြီး အသိဥာဏ်တိုးမလာကြဘူး.. နွားလိုမဖြစ်ချင်ရင်တော့ အသားတိုးသလို အသိဥာဏ်ပညာတွေ တိုးအောင်လုပ်ကြ” ဆိုတာပါပဲ။ “အသိဥာဏ်ပညာဆိုတာ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်တာကို ဆိုလိုတာပါ”။ မှား၏ မှန်၏ တော်၏ မတော်၏ကို ဝေဖန်ပိုင်းခြားပြီး လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိ နေထိုင်ကျင့်ကြံနေတာဟာ အသိဥာဏ်နဲ့ နေထိုင်နေတာပါပဲ။ ဒီလိုအသိဥာဏ်နဲ့ နေထိုင်တတ်လာအောင် လူ့ဘ၀ကို တန်ဖိုးထားတတ်လာအောင် ဆုံးမပြုပြင်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကတော့ အနန္တပါပဲ။ ဒီလိုကျေးဇူးတရားတွေမြင်ပြီး ဘုရားရှင်ကို ကန်တော့မှသာ ကျေးဇူးသိပြီး ကန်တော့တဲ့အတွက် တကယ်ကန်တော့တတ်လာမှာပါ။
ကျွန်တော့်အနေနဲ့ ဘုရားရင်ရဲ့ ကျေးဇူးတရားတွေကို အနည်းငယ်မြင်သာအောင်သာ ပြောပြလိုက်တာပါ။ ဖြန့်တွေးနိုင်ရင် တွေးနိုင်သလောက် ဘုရားရှင်ရဲ့ ကျေးဇူးတော်တွေက အနန္တပါပဲ။ အဓိကပြောလိုတာကတော့ ဘုရားရှင်ကိုကန်တော့တဲ့အခါမှ ကျေးဇူးသိပြီး ကျေးဇူးတရားကို တန်ဖိုးထားတတ်တဲ့ စိတ်ထားတွေနဲ့ ကန်တော့တတ်ဖို့ပါ။ လက်အုပ်လေးချီပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီးတော့. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့လိုသာ တိရိစ္ဆန်တစ်ကောင်ရဲ့ဘ၀နဲ့ ဘာမှမထူးတဲ့ ငါ့ဘ၀လေး လူ့ဘ၀မှာ နေရတာ ပိုပြီး အဓိပ္ပါယ်ရှိလာပါလား.. လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူမီးတွေကနေ ကင်းဝေးစေရန် ဟောပြဆုံးမပေးခဲ့တာဟာ အင်မတန်မှပဲ စိတ်ကိုနူးညံ့အေးချမ်းစေပါလားဆိုပြီး ကျေးဇူးတရားတွေကို စိတ်ထဲမှာ ရည်ညွှတ်ပြီး ဘုရားရှင်ရဲ့ကျေးဇူးတွေ မြင်အောင် ကန်တော့ပေးနိုင်ကြပါစေ။ 
မိမိကိုယ်တိုင်လည်း ကိလေသာ အပူမီးတွေ ငြိမ်းအေးသလို.. သတ္တ၀ါအားလုံးကိုလည်း ကိလေသာအပူမီးတွေ ငြိမ်းအေးပေးစေတဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတွေကို မြင်သိနိုင်အောင် နှလုံးသွင်းပြီး ရှိခိုးနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ အမေပြောခဲ့တဲ့ ဦးတော်တွေ ပိုပြီး အသက်ဝင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။
စာရေးသူ။ မောင်ကောင်း အချိန်
Sunday, August 18, 2013
စကားပြောတတ်မှ နိဗ္ဗာန်ရ
စကားပြောတတ်မှ နိဗ္ဗာန်ရ
ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့ အတွက် နေ့စဉ် လူမှု စကားအသုံးအနှုံးအများစုတွင် ဗုဒ္ဓဘုရားအဆုံးအမ များ စိမ့်ဝင်ပြန့်နှံ့ နေသည် ကိုတွေ့ရပါတယ်။ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကို ပယ် နှစ်ခွန်း တွယ် ဆိုတဲ့ စကား ရှိပါတယ်။ အဲဒီစကား လုံးများက ဗုဒ္ဓမြတ်ဘုရား ရဲ့ သုဂတ ဂုဏ်တော် နှင့်တိုက် ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ သုဂတော အနက် နှစ်ချက် က သုဂတော- ဟုတ်မှန် ကျိုးများ ကြိုက် မကြိုက်အားဖြင့် နှစ်ပါး သော စကား ကောင်း ကိုသာ ပြောဆိုတတ်သော မြတ်စွာဘုရား၊ သုဂတော- နိဗ္ဗာန် သို့ ကောင်းစွာ ကြွသွား တော် မူသော မြတ်စွာဘုရား .ဖြစ်ပါတယ်။ အဲဒီအထဲက နှစ်ပါးသော စကား ကောင်းဆိုတာကို ၊
မစ္ဇျိမ ပဏ္ဏာသ ပါဠိတော် မှာ.
(၁) ဟုတ်မှန် ၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား၊
(၂) ဟုတ်မှန် ၍ အကျိုးရှိပြီး သူများ မနာလိုသော စကား၊
(၃) ဟုတ်မှန် ၍ အကျိုးမရှိ သူများလည်း မကြားနာ လိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများ ကြားနာလိုသော စကား၊
(၅) မဟုတ် မမှန် အကျိုးမရှိ သူများ ကြားနာလိုသော စကား၊
(၆) မဟုတ် မမှန် အကျိုးလည်းမရှိ သူများလည်း မကြားနာလိုသော စကား၊ ဟူသော ဤ စကား ခြောက်ခွန်းတွင် ဘုရားရှင် တို့မှာ ပ- ဒု စကား နှစ်ခွန်းကို သာ သင့်လျော်သလို သုံးစွဲတော်မူကြပြီး၊ နောက်လေးခွန်း ကို လုံးဝ ပြောဆိုခြင်း မပြုဟု ဆိုပါတယ်။
မိမိက ကောင်းသော အကျိုးရှိသော စကားကို ပြောဆိုနေစေကာမူ နားထောင်သူ တစ်ပါး၏ စရိုက် နှင့် ကိုက်ညီမှ သာ အဲဒီစကားကို အလိုက်သင့် လက်ခံ သဘောကျပေလိမ့်မယ်။ စကားပြောရာ တိုက်တွန်း ရာ ၌ ကောင်းမွန် သည်ပင် ဖြစ်စေကာမူ နားထောင်သူ အလို အကြိုက်စရိုက် နှင့် မကိုက်ညီပါမူ မကောင်းသော စကားဟု အထင်ခံရတတ်ကြောင်း ဒုက္ကထာသုတ် (အံ-၅-ပါ-၁၅၉)မှာ ဖေါ်ပြထားပါတယ်။
(၁) သဒ္ဓါတရား မရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား.
(၂) သီလ မရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကား၊
(၃) အကြားအမြင်နည်းပါးသူအား အကြားအမြင် များမှုနှင့် စပ်သော စကားသည် မကောင်းသော စကား၊
(၄) ၀န်တိုသူအား စွန့်ကြဲမှု နှင့် စပ်သော စကားသည် မကောင်းသော စကား ၊
(၅) ပညာမရှိသူအား ပညာနှင့် စပ်သော စကားသည် မကောင်းသော စကား .အဖြစ်အထင်ခံရကြောင်း နှင့်
အပြန်အလှန်အားဖြင့် နားထောင်သူရဲ့ အလို အကြိုက် စရိုက်နဲ့ ကိုက်ညီလျှင်မူ ထိုသူအတွက် စကားကောင်းဖြစ် ရပြန်တယ်။ ဒီတော့
(၁) သဒ္ဓါတရား ရှိသူ အတွက် သဒ္ဓါ တရား နှင့်စပ်တဲ့စကား သည် စကားကောင်း..
(၂) သီလ ရှိသူအတွက် သီလတရားနှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၃) အကြားအမြင် များသူအတွက် အကြားအမြင်ဗဟုသုတ နှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၄) စွန့်ကြဲမှု ရှိသူအတွက် ပေးကမ်းစွန့်ကြဲမှု နှင့်စပ်တဲ့စကားသည် စကားကောင်း၊
(၅) ပညာ ရှိသူအတွက် ပညာ နှင့် စပ်တဲ့စကား ဟာ စကားကောင်းဖြစ်တယ်။
မိမိမှာ ရှိနေတဲ. သဒ္ဓါ.သီလ.ဗဟုသုတ.စာဂ .ပညာ စတဲ့ အရာကို ပြောကြားလာရင် ထိုအရာတွေနှင့် ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းမြောက်မှု ကို ရတယ်။ ဒါကြောင့် အဆိုပါ ပုဂ္ဂိုလ်ငါးမျိုး တို့ အားပြောအပ်တဲ့ စကား သည် ပုဂ္ဂိုလ် အစားစား ကို လိုက်၍ ကောင်းတဲ့စကား ဖြစ်လာရတယ် လို့ ဘုရားရှင်က ညွှန်ပြဟောဆိုပါတယ်။
ဒါ့အပြင် စကားကောင်း တို့ရဲ့ အင်္ဂါ (၄) ပါးကို သဂါထာဝဂ္ဂ သံယုတ် ၊ သုဘာသိတ သုတ်မှာ ဆိုထားပါသေးတယ်။
ကောင်းစွာဆိုအပ်တဲ့စကား၊ မကောင်းသဖြင့် ဆိုအပ်တဲ့ စကားမမည်၊ အပြစ်လည်း မရှိ၊ ပညာ ရှိတို့ မကဲ့ရဲ့အပ် တဲ့စကား (ပညာနုံဖျင်း လူ့ဗာလ နှင့် ဘာသာခြားတို့ ကဲ့ရဲ့ချင် ကဲ့ရဲ့ပါစေ) လို့ညွှန်ပြထားတာက..
(၁) ကောင်းစွာ ဆိုအပ် တဲ့ စကား၊
(၂) တရားနှင့် ညီသော စကား၊
(၃) ချစ်ခင်ဖွယ် သော စကား၊
(၄) မှန်သော စကား၊
အဲဒီ ၄ ပါးမှာ (၁) က ပထမ အမြတ်ဆုံး စကား (ဟုတ်မှန် ကျိုးများ ကြိုက်မကြိက် .ဆိုသော စကား) ၊ (၂) (၃)(၄) ကား အစဉ်အတိုင်း အမြတ်စကား ဟု ဘုရားရှင် ညွှန်ပြတော်မူပါတယ်။
စကားဆိုတာ လူတိုင်း ပြောဆိုနေကြတာပါ။ ပြော သာ ပြော နေတယ်။ မတတ်တာ က စကား လို့ ဆိုကြပါသေးတယ်။ ဘာကြောင့်လဲ…စကားကောင်း မပြောတတ်တဲ့အတွက် ဟု ပင် ဆိုရပါလိမ့်မယ်။
စကားပြောသူနှင့် စပ်ပြီး ပုဂ္ဂိုလ် သုံး မျိုး ရှိကြောင်း ဂူထဘာဏီ သုတ်(အံ-၃-ပါ-၁၂၅) မှာ ဆိုထားပါတယ်။ အချို့
က မြင်တာ ကို မမြင်ဘူး၊ မြင်တာကိုမြင်တယ် စသည်ဖြင့် မုသာဝါဒ ကိုရေလဲ သုံး တတ်တဲ့ သူမျိုး၊ လာဘ်ပေးလာဘ်ယူ မတရားသက်သေလိုက် တတ်တဲ့သူမျိုးများ၊ ၊မုသား မပါ လင်္ကာမချော လို့လည်း သူတို့ရဲ့ အပြစ်ကိုကာဗာ လုပ်တတ်သူ များ ရှိပါတယ်။ အဲဒီသူမျိုးကိုတော့ မစင် ကဲ့သို့ မကောင်းသော အနံ့ ရှိသော စကား ကို ဆိုတတ် သူ- ဂူထဘာဏီ ပုဂ္ဂိုလ် တဲ့။
အချို့ ကတော့ မြင်တာ ကိုမြင်တယ်၊ မမြင်တာ ကို မမြင်ဘူး၊ ဟု မှန်မှန်ကန်ကန် ပြောဆိုတတ်သူများရှိပါတယ်။ အပြစ်လုပ်မိရင်လည်း ၀န်ခံ တယ်။ သိလျက် မမှန်တဲ့ စကားကို မပြော ဆို။ ထိုသူများကိုတော့ ပန်းကဲ့ သို့ ကောင်းသော အနံ့ ရှိသော စကားကို ပြောတတ်သူ - ပုပ္ဖဘာဏီ ပုဂ္ဂိုလ် ။
နောက်ဆုံး တစ်မျိုးကတော့ အပြစ်ကင်းတဲ့စကား၊ နှစ်လိုဖွယ် စကား ၊ ယဉ်ယဉ်ကျေးကျေး ပြော တတ်တယ်။ ထိုသူများကိုတော့ ပျားကဲ့ သို့ချိုသာ စကားကို ဆိုတတ်သူ - မဓုဘာဏီ ပုဂ္ဂိုလ် ဟု ဘုရားရှင် မိန့်ဆိုတော် မူပါ တယ်။
နေ့စဉ် လူမှု ဆက်ဆံ ရေးနယ်ပယ်၊ တစ်ဦးနှင့် တစ်ဦး စကားပြောဆို ဆက်ဆံ ရာမှာ ဘယ်နည်းဘယ်ပုံ စကားကို ပြောရမယ်။ ဘယ်လိုဘယ်ပုံ မပြောသင့်ဘူး၊ ဘယ်လိုမျိုး စကား ပြောသူ ကို ရှောင်၊ ဘယ်လိုမျိုး စကားကို ပြောရင် လူအများရဲ့ ချစ်ခင် နှစ်သက် မှု ကို ရပြီး လူမှု ဆက်ဆံ ရေးမှာ အောင်မြင် နိုင်မယ်…စသည်ဖြင့် ပိဋကတ် တော်ထဲမှာ အသေးစိတ် နည်းပေး ညွှန်ပြထားတာ တွေ့နိုင်ပါတယ်။ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာဖို့ သင်ယူလေ့ကျင့်ကြဖို့ လိုအပ်မယ် လို့ထင်ပါတယ်။
စကားပြောကောင်းခြင်းဖြင့် နေ့စဉ် လူမှု ဆက်ဆံရေမှာ အဆင်ပြေအောင်မြင်ခြင်း၊ အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ လုပ်ငန်းအဆင်ပြေချောမွေ့ခြင်း၊ အများရဲ့ ချစ်ခင်လေးစားမှု ရရှိခြင်း စတဲ့ လက်ငင်းအကျိုးများသာမက နိဗ္ဗာန် မ၈်ဖိုလ် ပန်းတိုင် သို့ပင် ပို့ဆောင်ပေးနိုင်တယ် လို့ ဆိုရင် ပိုလွန်းသည် ဟု တစ်ချို့က ဆိုချင် ဆိုကြပါလိမ့်မယ်။
ဆက်ပါဦးမယ်..
ဘုရားပွင့်တော်မူလာခြင်းက လောက သားအားလုံး ဆင်းရဲကင်းပျောက်ချမ်းသာရောက်ဖို့ အတွက်ဖြစ်ပြီး ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား နှင့် ဆင်းရဲငြိမ်းရာအမှန်တရား နှင့် ဆင်းရဲကင်းပျောက်ချမ်းသာရောက် စေနိုင်တဲ့လမ်းစဉ် ကျင့်စဉ် တရား ကိုညွှန်ပြခဲ့ပါတယ်။ သစ္စာလေး ပါး လို့သိနားလည်တဲ့အရာပါပဲ။ အဲဒီအထဲက နိဗ္ဗာန်ရောက်စေတဲ့ လမ်းစဉ်အဖြစ် မဂ္ဂင် ရှစ်ပါး ကိုဟောဖေါ်ညွှန်ပြတော်မူပါတယ်။ မဂ္ဂင် ရှစ်ပါး ကို အကျဉ်းချုပ်လိုက် ပါ က သီလ၊ သမာဓိ၊ ပညာ ဤ သုံးပါး ရပါတယ်။ ထိုတွင်. သီလ မရှိရင် သမာဓိ မတည်၊ သမာဓိ မတည် လျှင် ပညာ မဖြစ် ၊ ပညာ မပ်ါလျှင် နိဗ္ဗာန် ရောက်ရိုး ထုံးစံ မရှိရကား၊ သီလ တရားသည် နိဗ္ဗာန် ရကြောင်း အခြေခံ ပင် ဖြစ်နေပါ၏။ သီလ မဂ္ဂင်များ စုံညီရေးအတွက် သမ္မာ ၀ါစာ သည် မရှိမဖြစ် အရေးပါနေပါ၏။ စကားမပြောတတ်လျှင် သမ္မာ ၀ါစာမဖြစ်၊ သမ္မာ ၀ါစာ မဖြစ်လျှင် မဂ္ဂင် မရထိုက်၊ မဂ္ဂင် မရ ထိုက်လျှင် မဂ် မဆိုက်နိုင်၊မဂ် မဆိုက်လျှင် နိဗ္ဗာန် မရ နိုင် ဖြစ်ရ လေသောကြောင့် - စကားပြောတတ်မှ နိဗ္ဗာန်ရ၊ နိဗ္ဗာန် ရချင် စကားကောင်းပြောတတ်သူ ဖြစ်အောင် သင် ဟု သာ ညွှန်းဆိုလိုက်ရပါ သတည်း။ ။
Saturday, August 17, 2013
ပါဠိတော်ကို နားမလည်သော်လည်း
*ပါဠိတော်ကို နားမလည်သော်လည်း*
ကျန်ခဲ့သည့်တစ်လ­ကျော်ခန့်ကကျွနု­်ပ်ထံသို့မိတ်ဆွေတစ်ဦးရောက်လာပ­ါသည်။သူက "ဓမ္မကထိကဆရာတော်­တစ်ပါးကသူတရားဟေ­ာတဲ့အခါပါဠိမပါလို့အချို့ကေပြာ­ကြတယ်။ပါဠိကိုရွ­တ်ပြေတာ့လဲလူတွေ ကနားလည်မှာလား၊လ­ူတွေမှ နားမလည်ဘဲနဲ့ ပါဠိ ကိုရွတ်ပြ အလကားပေါ့ " ဟောခဲ့ပါကြောင်း­ ကျွန်ုပ်ကိုပြော­ပါသည်။
အန ဂ္ဃရတနာ
ပါဠိတော်ရွတ်ပြသ­ည်မှာအလကားမဟုတ်­ပါ။တချို့ဓမ္မကထိ ကများဆိုလျှင် တရားဟောသည့်အခါ အင်္ဂလိပ်စကားများ ကိုပရင်ွတ်ပြပါ သည်။တရားနာပရိတ်­သတ်ထဲ အင်္ဂလိပ်စာနားမလည­်သောလူများစွာ ပါဝင်နေသည်သာဖြစ­်ပါသည်။
ပါဠိကိုလူအများန­ားမလည်သည်မှာမှန­်ပါသည်။သို့သော်­လည်း ရှေးရှေးပညာရှိဆ­ရာတော်များ၊ပညာရ­ှင် သူတော်ကောင်းမျာ­းက"အဟံ ဘေန္တ တိသရေဏ န သဟ ပဉ္စသီလံ" စသည်ဖြင့် ငါးပါးသီလ အစရှီသော သီလေတာင်းပုံကို ပါဠိဘာသာဖြင့်စီ­စဉ်ထားတော်မူကြပ­ါသည်။လူအများစုအ နေဖြင့်လိုက်ဆို­နေရပါသော်လည်း မြန်မာလို တိတိကျကျနားမလည်­ပါ။ပါဠိ သဖင်ူးသူတစ်ချို­့သာ နားလည်ပါသည်။
မြန်မာနိုငင်ံမှ­ဗုဒ္ဓဘာသာဝမင်ျား­သည် ထေရ၀ါဒဗုဒ္ဓဘာသာဝ မင်ျားဖြစ်ကြသည်­။ထေရ၀ါဒသည်ဗုဒ္ဓြ­မတ်စွာဘုရားရှင် ဟောတော်မူထားသော­တရားတော်များကို­မေပျာက်ပျက်အောင်ကောင်းမွန်စွာထ­ိန်းသိမ်းစောင့်­ရှောက်ကြ သည်။
ဗုဒ္ဓမြတ်စွာဘုရာ­းရှင်ဟောသောတရား­တော်များကို ဟောနေခြင်း ဖြစ်သည့်အတွက်ြေ­ကာင့်ပါဠိကို မြတ်မြတ်နိုးနို­းတန်ဖိုးထားပါသည­်။ "အပညတ္တံ န ပညေပယျ၊ပညတ္တံ န သမုစ္ဆိန္ဒေယျ= တစ်လုံးမစွက်နဲ့ ­၊တစ်လုံး မဖျက်နဲ့" မူ ကိုအတိအကျ လိုက်နာကြပါသည်။
ဗုဒ္ဓဘုရားရှင်ဟေ­ာတော်မူထားသောတရ­ားတော်များမှာစွ က်စရာလည်းမလိုပါ­။ထည့်စရာလည်းမလိ­ုပါ။ဖြည့်စရာလည်­းမလိုပါ။ ထို့အတူ­နှုတ်စရာလည်းမလို­၊ထုတ်စရာလည်းမလိ­ု၊ ပယ်စရာလည်းမလိ­ု၊ဖျက်စရာလည်းမလ­ိုပါ။
မန္တလေးမြို့၊မဟာ­မုနိဂေါပကအဖွဲ့န­ှင့်ဓမ္မဝေယျာဝစ္စ­တို့၏တရားပွဲဖိတ်ကြားစာတွင် "မဟာမုနိဂေါပကအဖ­ွဲ့နှင့်ဓမ္မဝေယျ­၀စ္စအဖွဲ့တို့က ၃၄ကြိမ်မြောက် ၀ါတွင်းသီတင်းစဥ­် နေ့ဓမ္မသဘင် ကို မဟာမုနိရင်ပြင်ေ­တာ် ဓမ္မာရုံ ၌ နေ့၂း၀၀နာရီ မှ ညေန ၄း၀၀ အထိ ပါဠိတော်ဟောစဉ်မ­ျား ဟောကြားပါမည်" ဟုဖော်ပြေလ့ရှိပ­ါသည်။
ဤနေရာ၌အဓိကတင်ပြ­လိုရင်းမှာမန္တလေ­းမြို့၊မဟာမုနိေ ဂါပကအဖွဲ့နှင့်ဓ­မ္မဝေယျာဝစ္စတို့က­ပါဠိတော်ဟောစဉ်မ­ျားကိုဦးစားပေး ကာ ဟောတော်မူစေချင်­ကြသည်။ဗုဒ္ဓ၀စန ဖြစ်သောပါဠိ၊အဋ္ဌက­ထာ၊ ဋီကာ၊တို့ကို­ မြတ်မြတ်နိုးနို­း တန်ဖိုးထားကြပါသ­ည်။အထူးလေးစားကြ ­ပါသည်။
ပါဠိတော်ဟောစဉ်မ­ျားကိုဟောကြားတေ­ာ်မူစေရန်၊နာယြူ ကေစရန်ပါဠိတော်ေ­ဟာစဉ်တရားပွဲမျာ­းကိုကျင်းပလာသည်­မှာ ၃၄-နှ်ရစှိခဲ့ပါ­ပြီ။နောတင်ွလင်ည­်းဆက်ကာဆက်ကာ ကျင်းပပြုလုပ်မည်သာဖြစ်ပါသည်။
ပဋိသမ္ဘိဒါဉာဏ် ရေစရန်
ပဋိသမ္ဘိဒါ (၄)ပါး ရှိပါသည်။ယင်းတိ­ု့မှာ-
၁။ အတ္တ ပဋိသမ္ဘိဒါ= အနက်အကျိုးအမျို­းမျိုး ကို ခွဲခြား၍ သိသောဉာဏ် ၂။ ဓမ္မ ပဋိသမ္ဘိဒါ= ပါဠိအေကြာင်း အမျိုးမျိုး ကို ခွဲခြား၍ သိသောဉာဏ် ၃။ နိရုတ္တိ ပဋိသမ္ဘိဒါ= သဒ္ဒါ ကို ခွဲခြား၍ သိသောဉာဏ် ၄။ ပဋိဘာန ပဋိသမ္ဘိဒါ= ပဋိဘာန် ကို ခွဲခြား၍ သိသောဉာဏ် တို့ဖြစ်ပါသည်။
ပါဠိတော် ဖြင့်ဟောလျှင် ပါဠိမတတ်သူများ နားမလည်ကြသည်မှာ မှန်ပါသည်။သို့ေ­သာ် ပါဠိတော်ဖြင့်ဟေ­ာသံကိုနာရလျှင်၊ ပါဠိတော်ရွတ်သံက­ိုကြားရဖန်များလ­ျှင် ပဋိသမ္ဘိဒါ ဉာဏ် လေးပါးတို့ကို ရရှိရန်အားကြီးေ­သာ အေကြာင်းအေထာက်အ­ပံ့ဖြစ်နိုပင်ါသ­ည်။ ယင်းအချက်ကို­ သမ္မာဒိဋ္ဌိ-အမြမင်­ှ်ရနှိသူ မည်သူမဆို လက်ခံကြမည် ဖြစ်ပါသည်။
မြန်မာနိုငင်ံတွ­င် အချို့သော ဗုဒ္ဓဘာသာဝမင်ျား­ ဘုရားဝတ်တက်၊ ပရိရတွတ် ကြရာ ၌ (ရှသင်ာမေဏငယ်မျ­ား အပါအ၀င်) ပရိရတွတ်နေသာ်­လည်း ပရိတ်၏ဆိုလိုရင်­း အဓိပ္ပါယ်ကို နားမလည်နိုင်သေး­ပါ။
ဤသို့နားမလည်ဘဲ­ပရိရတွတ်နေကြေသ­ာ်လည်းပရိရတွတ် ကြသူများအတွက်အက­ျိုးမမဲ့ပါ။အကျိ­ုးများပါ၏။ များပြားလှစွာသေ­ာအကျိုးထူးများက­ို ရရှိစေပါသည်။
ဗုဒ္ဓဂယာသို့ဘုရာ­းဖူးသွားခဲ့သူမျ­ားကိုယ်တွေ့သိမြ­င်နိုင်ကြပါလိမ်­့မည်။ သီရိလင်္ကာဘု­ရားဖူးများ၊ထိုင­်းဘုရားဖူးများ၊­ထိုင်ဝမ်ဘုရားဖူ­းများ ပါဠိလို ရွတ်ဖတ်နေသာအသံ­ကိုကြားကြရပါသည်­။ ဓမ္မစကြာရွတ်ဖတ်သ­ံ၊ အနတ္တလက္ခဏ သ်ုရတွတ်ဖတ်သံ၊ဘ­ုရားဂုဏ်တော်များကိုရွတ်ဖတ်သံ၊"­ဗုဒ္ဓံသရဏံဂစ္ဆာမိ­ " စေသာ သရဏဂုံသုံးပါးကိ­ု ရွတ်ဆိုသံများကိ­ု ကြားရသည်။
၎င်းတို့ရွတ်ဖတ်နေ­သာတရားတော်များ၏­ပါဠိအသံကိုပီပီသ သနားမလည်သော်လည်­းရွတ်ဆိုသံကိုသေ­ဘာကျနှစ်သက်ကြပါ သည်။ ပါဠိကျွမ်းကျင်ေ­သာပညာရှဆင်ရာတော­်များကမျိုးဆက်သ စ်တပည့်ရဟန်းမျာ­းကိုယခုကဲ့သို့မ­ိန့်ကြားတော်မူဖ­ူးပါသည်။
"ဦးပဉ္စင်း တို့ စာကိုကြည့်ပေးရတ­ယ်။ပါဠိတော်နဲ့အ­ဋ္ဌကထာ၊ ဋီကာတွေကို­ ကြည့်ပေးရတယ်။တခ­ျို့နေရာတွေမှာ နားမလည်တာတွေပါတ­တ်ပါတယ်။နားမလည်­ပေးမယ့်ထပ်ထပ်ကြ ည့်ပါ။ထပ်ထပ်ကြည­့်တော့ခြုံငုံသံ­ုးသပ်မိသွားပါတယ­်။ ဆက်စပ်ကြည့်လိ­ုက်တော့ တစ်လုံးချင်းနား­မလည်ပေမယ့် မြန်မာလိုသေဘာအဓ­ိပ္ပါယ်ကို နားလည်သွားပါတယ်­။ သေဘာပေါက်သွားပ­ါတယ်"ဟု မိန့်တော်မူပါသည­်။
ပါဠိ၊အဋ္ဌကထာ၊ဋီကာ­များကိုအထပ်ထပ်ြ­ကည့်ရေသာအခါ၊အမြဲမပြတ်ကြည့်ရေသာ­အခါ မြန်မာလိုသေဘာအဓ­ိပ္ပါယ်ကိုနားလည် သွားသကဲ့သို့ ပါဠိလို ဟောသံ၊ပါဠိလို ရွတ်သံ၊ပါဠိလိုဖ­တ်သံများကို ကြားရဖန်များသော­အခါ ပါဠိတွေနှင့်ရင်­းနှီးသွားပါမည်။ အကျွမ်းဝသင်ွားပ­ါမည်။တစ်စတစ်စဖြ­င့်သေဘာအဓိပ္ပါယ် ကိုနားလည်သွားပါ­မည်။ထို့ကြောင့်­ တရားဟောသောအခါ ပါဠိတော်ထည့်၍ဟေ­ာကြပါသည်။ပါဠိတေ­ာ်ကိုရွတ်ကြပါသည­်။
ရှေးကစစ်ကိုင်းေ­တာရငိုးဝိဇ္ဇောဒ­ယဆရာတော်၊အနီးစခ­န်းဆရာတော်၊ မင်း­ကွန်းဆရာတော်၊သီ­တဂူ ဆရာတော်နှင့်ယခု­ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသတို့သည်တရား­ဟောသောအခါပါဠိတေ­ာ်ကိုရွတ်ဆိုကာ ဟောတော်မူပါသည်။
ထိုအခါတရားနာပရိ­တ်သတ်တို့မှာဓမ္မ­ရသ ဖြစ်ကြပါသည်။နာယ­ူ၍မ၀ ဖြစ်ကြရပါသည်။နှ­စ်သ်ရကွှလင်န်း ၀မ်းမြောက်ဝမ်းသ­ာ နာယူကြပါသည်။
ဖားနတ်သားအေကြာင­်း
တစ်နေ့သောအခါဗုဒ­္ဓမြတ်စွာဘုရားသည­်ဂဂ္ဂရာရေကန်၏အနီးမှာစမ္ပာမြို့သူ­မြို့သားတို့အား­တရားဟောတော်မူနေ­ပါသည်။ ရေကန်၏ကမ်­းနားမှာရှိသောဖာ­းကေလးတစ်ကောသင်ည်ဗုဒ္ဓမြတ်စွာဘုရ­ားဟောတော်မူသော တရားတော်၏အသံ၌အာ­ရုံပြုနေသည်။အမှ­တ်နိမိတ်ကို ယူနေသည်။
ရေကန်နားမှာနွား­ကျောင်းသားတစ်ယေ­ာက်ကနွားကျောင်း­နေသည်။ နွားကျောင­်းသားကတုတ်ကို(န­ှတင်ံတံဖျာကို)ေ­မြေပ်ါမှာထောက်ကာ ရပ်နေသည်။တုတ် က ဖား၏ခေါင်းပေါ်ထေ­ာက်မိနေပါသည်။
ဖားကေလးသည်ဗုဒ္ဓ မြတ်စွာဘုရား၏တရ­ားသံကို အာရုံပြုနေသည်။ "ဤတရားကား ကုသိုလ်တရား၊ဤတရ­ားကား အကုသိုလ်တရား"ဟု­မသိ ပါ။"ဤတရားကား ခန္ဓာငါးပါးတရား၊­ဤတရားကား သစ္စာလေးပါးတရား"­ဟု မသိပါ။နားမလည်ပါ­။
ဖားကေလးသည်တရားသ­ံကိုအာရုံပြုနေစ­ဉ်မှာပင် နွားကျောင်းသား၏ ­တံဖျာလက်ချက်ကြေ­ာင့်သေသွားပါတော­့သည်။ထို့နောက်တာဝတိံသာနတ်ပ်ြရညှ­ိတစ်ဆယ့်နှစ်ယူဇ­နာရှိသော ရွှေဗိမာန်မှာ ဖ်ြရစသည်။ဖားနတ်­သား သည် နတ်ပြည်တွင် နတ်သမီးအေပါင်းအ­လည်၌ကိုယ့်ကိုယ် ကိုတွေ့ရေသာအခါ အံ့သြသွားသည်။
"အချင်းတို့၊ငါလ­ိုသတ္တ၀ါသော်မှပင­်ဤနတ်ပြည်မှာဖြစ­ေ်ရသး၏။ အဘယ်သို့­သောကောင်းမှုကုသိ­ုလ်ပြုခဲ့ပါသလဲ"­ဟုပြောဆိုကာ သူပြုခဲ့သော ကောင်းမှုကုသိုလ်­ကို စူးစမ်းဆင်ခြမင်­ိသည်။
အခြားအခြားသော ကုသိုလ်ကောင်းမှု­များကိုမမြမငိပ­ါ။ဗုဒ္ဓမြတ်စွာဘု ရားရှင်၏တရားသံ ၌အာရုံနိမိတ်ယူခ­ဲ့သော ကုသိုလ်ကိုစိတ်ဝ ယ်ထထင်င်မြမငိပ­ါတော့သည်။
ထိုခဏမှာပဖင်ားန­တ်သားသည်ဗုဒ္ဓမြတ­်စွာဘုရား၏ေခြေတ်ာအစုံဆီသို့လာ­ရောက်ကာဦးခေါင်­းဖြင့်တိုက်ကာတိ­ုက်ကာရှိခိုးဦး ချသည်။ဗုဒ္ဓမြတ်စ­ွာဘုရားရှင် က မေးတော်မူသောအခါ ဖြစ်ခဲ့ပုံအေကြာ­င်းစုံကိုလျှောက­်ထားသည်။
ဗုဒ္ဓမြတ်စွာဘုရာ­းရှကင် ဖားနတ်သားအား တရားဟောတော်မူသည­်။ တရားဒေသနာတော်­၏အဆုံးမှာ ဖားနတ်သားသည် သောတပန်ဖြစ်သွား­ပါသည်။
လင်းနို့သား ငါးရာ
အရှသင်ာရိပုတ္တရာ­သည် ဗုဒ္ဓမြတ်စွာဘုရာ­းအကျဉ်းအားဖြင့် ဟောပြေတ်ာမူသော အဘိဓမ္မာတရားကို မိမိ၏အတူနေတပည့် ငါးရာတို့အားပြန­်လည်ကာ ဟောပြေတ်ာမူသည်။­၎င်းရဟန်းငါးရာတို့ ၏ရှေးဘ၀ ကပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု­ကို တင်ပြပါဦးမည်။
ထိုရဟန်းငါးရာတိ­ု့သည်ကဿပဘုရားရှ­လင်က်ထက်တော်ကလင်းနို့ငယ်ဘ၀ဖြစ်­ခဲ့ကြသည်။လင်းနိ­ု့ငယ် တို့သည် တောကြီးမြက်မည်း­တောင်ဝှမ်းထဲမှ လိုဏ်ဂူများတွင် တွဲရရွဲဆွဲ(တွဲလ­ဲဆွဲ) ကာနေကြသည်။ ထိုတောတောင်ဝှမ်းလိုဏ်ဂူထဲတွင် အဘိဓမ္မာကိုဆောင်­သော ရဟန်းနှစ်ပါးတို့ သည်လည်း နေထိုင် သီတင်းသုံး ကြသည်။
ရဟန်းတော်နှစ်ပါ­းတို့သည်"ကုသလာဓ­မ္မာ၊အကုသလာဓမ္မာ"­ စေသာ တရားတော်၊"ဟေတုပ­စ္စယော၊အာရမ္မဏ ပစ္စယော"အစရှိသော အဘိဓမ္မာတရားတော်­၊ပဋ္ဌာန်းတရားတော်­များကို ရွတ်ဆိုပူဇော်နေ ကြပါသည်။
လင်းနို့သားငါးရ­ာတို့သည်ထိုအဘိဓ­မ္မာတရားတော်သံတို့၌တရားဆိုသောအမ­ှတ်ယူနေကြသည်။အာ­ရုံပြုနေကြသည်။နားစိုက်စိုက်ထော­င်နေကြသည်။
လင်းနို့သားငါးရ­ာတို့သည်"ဤတရားက­ားကုသိုလ်တရား၊ဤ တရားကားအကုသိုလ်­တရား"ဟုမသိပါ။"ဤ­တရားကားခန္ဓာငါးပါးတရား၊ဤတရားကား­ သစ္စာလေးပါးတရား"­ဟု မသိပါ။နားမလည်ပါ ­။ သို့သော်လည်း"ဒါ­ တရားသံ"ဟူ၍ကား သိကြပါသည်။
လင်းနို့သားငါးရ­ာတို့သည် အဘိဓမ္မာတရားသံ ၌တရားဆိုသော အာရုံနိမိတ် အမှတ်နိမိတ်ကိုယ­ူသော ကုသိုလ်ကောင်းမှု­ကံကြောင့် သေပြီး နောက် နတ်ပြည်ရောက်ကြရ­ပါသည်။ ထိုကုသိုလ် ကောင်းမှုကံကြောင­့် ကဿပမြတ်စွာဘုရား­နှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလ၌ နတ်ပြည်မှာပင် ထပ်ကာထပ်ကာ ဖြစ်နေကြရပါသည်။
ဂေါတမဗုဒ္ဓမြတ်စွ­ာဘုရားရှင်၏လက်ထ­က်တော် ၌ လူ့ပြည်တွင် လူဖြစ်ကြရပါသည်။­ ထိုသူတို့သည် ကဏ္ဍဥယာဉ်မှူး စိုက်ပျိုးသော သရက် ပအင်နီး ၌ ဗုဒ္ဓမြတ်စွာဘုရာ­းပြေတ်ာမူသော ရေမီးအစုံ တန်ခိုးပြာဋိဟာ ကိုကြည်ညိုပြီး အရှသင်ာရိပုတ္တရာ­၏အထံတော်တွင် ရဟန်းပြုကြ၏။ ထိုရဟန်းငါးရာတိ­ု့ သည် အရှသင်ာရိပုတ္တရာ­မေထရ်မြတ်ကြီးထပ်ဆင့်ဟောပြေတ်ာမ­ူသော အဘိဓမ္မာတရားကို နာယူကြ၏။သင်ယူကြ ­၏။
သို့ဖြစ်ပါ၍ ပါဠိတော်ကို လူတွေနားမလည်သော­်လည်း နာယူရုံမျှဖြင် ပင် အတိုင်းအဆမရှိမျ­ားလှစွာသော ကောင်းကျိုးအမျိ­ုးမျိုးတို့ကိုရ ရှိစေပါ သည်။ထို့ကြောင့်­ တရားဟော၊တရားစာေ­ရး၊တရားစာဖတ်ကြသ ည့်အခါ ပါဠိတော်များကို­ အေလးအနက်ထားစေလိ­ုပါကြောင်းတင်ပြ အပ်ပါ သည်။
(ဆရာတော် အရှင်ဣဒ္ဓိကာဘိဝံ­သ(မ န္တလေး ပေဇ္ဇာတာရုံ) ၏ တရားတော်တစ်ပုဒ်­ကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,­ဓမ္မဒါနပြုခြင်ြး ဖစ်ပါသည်)
Friday, August 16, 2013
သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း…
သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း…
သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း ရှိနေကြ၏။ ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။ အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အနေဖြင့် မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏ အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။ ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။
.စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။
အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊ ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။ ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာ လောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း မိစ္ဆာဇီဝအမှုများတွင် အကျုံးဝင်၏။
ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို ဓမ္မိယလဒ္ဓ ပစ္စည်း (ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း) ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့် မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊ ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။ ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြင့် အသက်မွေးမှုများပင် ဖြစ်၏။
သို့ဆိုလျင် ယနေ့ခေတ် ငွေတိုးပေးနေကြသူများ၊ ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊ ကုန်သည်ပွဲစား လုပ်နေကြသူများ၊ ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။ ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည် အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင် သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။
 ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။ လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့် အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့် မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့် ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။
ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍ အတိုးစားနေသူများတွင် အစိုးရဘဏ်၊ အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့် အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။
ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။ ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။ မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့် မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့် အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။
တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့် အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။ စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို သုတ္တန်အလို သမ္မာအာဇီဝနှင့် အဘိဓမ္မာအလို သမ္မာအာဇီဝဟူ၍ နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။ 
တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်းမျိုးသည် သုတ္တန်အလို သမ္မာအာဇီဝဖြစ်ပြီး မတရားသဖြင့် ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း နားလည်သဘောပေါက်လာသည့်အခါ ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့် ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။
ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။ ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင် တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးလေ့ရှိသည့် သုတ္တန်အလို သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။ အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့် အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။ သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ မရနိုင်ဟုကား မမှတ်အပ်ပေ။ အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။ ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။
ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍ တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက် စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ” ဟု တိုက်တွန်းပေးရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊ ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည် သူများအောက်ကျို့ကာ သူများအခိုင်းခံများ ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့် တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန် သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။
အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင် သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။ သို့သော် မလွယ်သည်ကားမဟုတ်၊ မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။ သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့် အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ် မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။ မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊ တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ အပေါ်တွင်သာ တည်မှီနေပေတော့၏။
အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝတစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာ မတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့် အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ် ရွေးချယ်သင့်ကြောင်း၊ မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။
မှတ်ချက်။ ။ စီးဘောက်စ်တွင် တောင်းဆိုထားသည့် ဒကာဇော်လင်း၏ တောင်းဆိုချက်အရ မဟာဂန္ဓာရုံဆရတော် ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်ပါ မိစ္ဆာဇီဝအဖွင့်ကို ကိုးကား၍ ရိုးသားစွာ တင်ပြအပ်ပါသည်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) 
Thursday, August 15, 2013
ကြွေး
ကြွေး
 သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ် (မယ်နုအုတ်ကျောင်းဆရာတော် ဦးဗုဓ်)
        ဒီစကားကို ၁၂၀၂-ခု၊ ကဆုန်လဆန်း(၁၂)ရက်၊ အင်္ဂါနေ့(၁၂-၅-၁၈၄၀)က နန်းကျမိဖုရား အုတ်ကျောင်းအစ်မကြီး “မယ်နု”ကို ဆရာတော်ဦးဗုဒ် မိန့်ကြားခဲ့တဲ့ စကားဖြစ်ပါတယ်။
        သာယာဝတီမင်းကို ပုန်ကန်ခြားနားတဲ့ မတ္တရာ အရေးအခင်းမှာ နန်းကျဘုရင် ဘကြီးတော် စစ်ကိုင်းမင်းရဲ့ နန်းကျမိဖုရား ခေါင်ကြီး“မယ်နု” အစီအမံများ ဖြစ်ကြောင်း ထင်းရှားတဲ့အတွက် ထုံးစံအတိုင်း ရေချပြီး အဆုံးစီရင်ဖို့ အမိန့်ချမှတ်ခံရတဲ့အခါ နောက်ဆုံးအခွင့်အရေးတစ်ခုအနေနဲ့ လိုရာဆုကို တောင်းခွင့်ပြုတော
        ကျောင်းအမ နန်းမတော်ကြီးက “ဆရာတော်ဦးဗုဒ်ကို နောက်ဆုံးဖူးမျှော်    လိုတယ်” ဆိုလို့ အဆုံးစီစဉ်ဖို့ တာဝန်ယူရတဲ့ မြို့ဝန်မင်းက ခွင့်ပြုခဲ့တယ်။
ကျောင်းအမက  ဆရာတော်ကို ဦးချပြီး အကြောင်းစုံလျှောက်ထားတဲ့အခါ ဆရာတော်က အထက်ပါစကားကို မိန့်ကြား လိုက်တာ ပါ။ ဆရာတော်ဟာ ဘကြီးတော် စစ်ကိုင်းမင်းက နန်းမတော်မယ်နု မိမိအပေါ် နိုင်စားလွန်းတဲ့အတွက် ကျောင်းအမကြီး ကို ဆုံးမပေးဖို့ လျှောက်ထားစဉ်ကလည်း ဒီစကားကိုပဲ မိန့်ကြားခဲ့ပြီး နန်းတွင်းရေးကို ဘာမျှ ၀င်မစွက်ဘဲ ကိုယ့်စာ ကိုယ်သာ ကြည့်ပြီး ကြည့်နေခဲ့တာပါပဲတဲ့။
ဆရာတော်ရဲ့ ဆိုလိုချက်ကတော့ “ပြုသူအသစ်၊ ဖြစ်သူအဟောင်း” ဆိုတဲ့အတိုင်း အဆိုးလောကဓံနဲ့ တွေ့ကြုံဖြစ်ပျက်ရသမျှဟာ ကိုယ်ပြုထားတဲ့ အကုသိုလ်က ကြွေး ဟောင်းဖြစ်လို့ မုချပေးဆပ်ရမယ်လို့ ဆိုလိုတာပါပဲ။
ဒီနေရာမှာ ကြွေးဟောင်းဆပ်တာနဲ့ ပတ်သက်လို့ နှစ်မျိုး နှစ်စားရှိတယ်လို့ ဆိုရ မယ်ထင်ပါတယ်။ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံရှိလို့ ဆိုးကျိုးကို ခံရတာဟာလည်း ကြွေး ဟောင်းဆပ်ရခြင်းပဲ ဖြစ်သလို ကိုယ့်အပေါ်မှာ မိဘ ဆရာစတဲ့ ကျေးဇူးရှင်များ ကပြုထားတဲ့ ကျေးဇူးတရားတွေကို ပြန်ပြီးကျေးဇူးတုံ့ပြန်ရတာကိုလည်း ကြွေးဟောင်း ဆပ်တယ်လို့ပဲ ဆိုရပါတယ်။
“သာလိကေဒါရ”ဇာတ်တော်မှာ ဘုရားအလောင်းကျေးမင်းက ကျွန်ုပ်သည် မိအို ဖအိုတို့ကို လုပ်ကျွေးခြင်းဖြင့် ကြွေးသစ်ကိုလည်း ချရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒီကြွေးဟောင်းနှစ်မျိုးမှာ အကုသိုလ်ကံဟောင်းအတွက် ဆိုးကျိုးကိုခံစားပြီး ကြွေးဟောင်းဆပ်ရခြင်းဟာ ပေးဆပ်မှုသက်သက်သာ ဖြစ်ပေမယ့် ကျေးဇူးတုံ့ပြုပြီး ကြွေးဟောင်းဆပ်ခြင်းကတော့ ကြွေးဟောင်းကို ကျေစေသလို နောင်အခါမှာ မိမိ အတွက် အကျိုးနဲ့အတိုးတို့ကို ရရှိစေနိုင်တဲ့ ကြွေးသစ် (ကုသိုလ်ကံသစ်) ချခြင်းလည်း မည်ပါတယ်။
မှန်ပါတယ်၊ မိအို ဖအိုတို့ ထင်ရှားရှိနေလျက်နဲ့ မိဘတို့ရဲ့ ကျေးဇူးကြွေးဟောင်းကို မပေးဆပ်ဘဲ သားမယားကို လုပ်ကျွေးခြင်းဆိုတဲ့ ကြွေးသစ်ချခါမျှနဲ့တော့ နောင်တစ်ချိန် မှာ မိမိက ပြန်လည်ရရှိစေနိုင်မည့် “ ကြွေးသစ်ချခြင်း”လို့ ပုံသေဧကန် ဆိုနိုင်မယ် မဟုတ်ပါဘူး။
ဘာကြောင့်လည်းဆိုရင်တော့ မိဘဆိုတာ သားသမီးတို့ရဲ့ ရှေ့သွားစံပြ ပုဗ္ဗာစရိယ များ ဖြစ်တဲ့အတိုင်း မိမိတို့ ကိုယ်တိုင်က မိဘကျေးဇူးကို သိမှတ်ပေးဆပ်တဲ့ စံနမူနာရှိမှ သာ သားသမီးများကလည်း အတုလိုက်ကြမှာ ဖြစ်လို့ပါပဲ။ တကယ်လို့သာ မိမိက သား မယားတို့ကိုသာ လုပ်ကျွေးပြီး မိဘအပေါ်မှာ တာဝန်မဲ့ ပစ်ထားမယ်ဆိုရင် မိမိရဲ့ သားမ ယားအပေါ်မှာ ဘယ်လိုပင် ချစ်ခင်လုပ်ကျွေးထားပေမယ့် ကြွေးသစ်ချခြင်း မမည်နိုင်ဘူးဆိုတာ အဇာတသတ်နဲ့ သူ့ရဲ့ သားစဉ်မြေးဆက်များကို ကြည့်ရင် သိနိုင်ပါတယ်။
‘အဇာတသတ်မင်းကြီး’ဟာ သူ့သားကို အလွန်ပဲ ချစ်လှပါသတဲ့။ ချစ်ခင်တဲ့ အတွက် သားကို လိုလေသေးမရှိ လုပ်ကျွေးပြုစု တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဖခင်ဖြစ်တဲ့ ‘ဗိမ္ဗိသာရမင်းကြီး’ အပေါ်မှာတော့ ကျေးဇူးတုံ့ ကျေးဇူးကြွေးကို မပေးဆပ်ခဲ့ ရုံမျှမက ကျေးဇူးကန်း သတ်ဖြတ်ပြီး အလွန်အတိုးကြီးတဲ့ ကြွေးသစ်ကြီးကို ယူခဲ့မိတယ်။
ဒါကြောင့်လည်း သူ့သား ‘ဥဒယမင်းသား’ အရွယ်ရောက်တဲ့အခါမှာ သူကိုပဲ စံနမူနာ ယူ ပြီး အဖသတ်မင်း ပဲ ဖြစ်ခဲ့တယ်။ သူလည်း သူ့ဖခင်’၏ ‘ဗိမ္ဗိသာရ’ လိုပဲ သားရဲ့ လက် ချက်နဲ့အသက်သေခဲ့ရတာပါပဲ။
        ဒါကြောင့်ရှေးဆရာတော်ကြီးများက “အဇာတသတ်ဟာ ဖခင် ဗိမ္ဗိသာရမင်းကြီး ကို သတ်ဖြတ်သူဖြစ်သလို သူ့ကိုယ်သူ သတ်ဖြတ်သူလည်း ဖြစ်သည်။ အဇာတသတ်ကို သူ့သားက သတ်ဖြတ်တာဟာ သူကိုယ်တိုင်က ဖခင်ကို သတ်ဖြတ်ခဲ့တာကို အတုလိုက် ပြီး ပြုခြင်းသာဖြစ်လို့ အဇာတသတ် သာလျှင် အဇာတသတ်ကိုသတ်တဲ့ မူလတရားခံ အစစ်လို့”လို့ မိန့်ကြားတာကို မှတ်သားရဖူးပါတယ်။
        ဒီနေရာမှာ ပစ္စုပ္ပာန် သာဓကတစ်ခုအနေနဲ့ ဆရာဖေမြင့်ရဲ့ “ ဘ၀ဒဿနရသ စာစု” ထဲက “စောင်”ဆိုတဲ့ စာကလေး ကိုလည်း ဖတ်ကြည့်စေချင်တယ်။ အကြောင်း အရာအကျဉ်းချုပ်ကတော့ ဖအေလုပ်သူက သူ့အဖေအိုကြီးကို သက်ကြီးဂေဟာပို့ဖို့ လုပ်တယ်။ ပို့မည့်နေ့မှာ စောင်အကောင်းစား နှစ်ယောက်အိပ်တစ်ထည်ကိုလည်း ပေးလိုက်ဖို့ စီစဉ်ထားတယ်။ သူ့သားလေးကတော့ အဘိုးဖြစ်သူကို ဂေဟာပို့မယ်ဆို တာ မကျေနပ်ဘူး။ ဒါပေမယ့် ဖအေရဲ့ နောက်ယူတဲ့ မိန်းမဆန္ဒအရ ပို့ရမှာ။
        အဘိုးကို ဂေဟာပို့ခါနီးရောက်တော့ ဖအေရဲ့ နောက်မိန်းမက ဒီလောက် ကောင်းတဲ့ နှစ်ယောက်အိပ်စောင်ကြီးကို ပေးဖို့မလိုဘူးဆိုပြီး အဘိုးကွယ်ရာမှာ ယောင်္ကျားကို ကန့်ကွက်တယ်။ ဒါနဲ့ သားငယ်က ဖအေကို ဒီစောင်က ကြီးလွန်းတယ် ဆိုရင် တစ်ယောက်အိပ်ဖြစ်အောင် စောင်ကို ထက်ဝက်ခွဲလိုက်ပေါ့။ ပြီးတော့ တစ်ဝက် ကို အဘိုးနဲ့ ထည်ပေးလိုက်ပြီး ကျန်တစ်ဝက်ကိုတော့ သူ့ကို ပေးထားပါလို့တောင်း တယ်။ ဘာလုပ်ဖို့လဲဆိုတော့ “ အဖေ အသက်ကြီးလို့ အခုလို ပို့တဲ့အခါမှာ ပေးဖို့ပါ”လို့ ပြန်ပြောတဲ့ မြေးအဘိုး သားအဖ သုံးယောက်တို့အကြောင်းပါ။
        ကြွေးဟောင်းနှစ်မျိုးလုံးဟာ ယူထားပြီးရင် မလွဲမသွေ ပြန်ဆပ်ရတာကတော့ သေချာပါတယ်။ ကျေးဇူကြွေးကို ပြန်ဆပ်ရတာက သိတတ်တဲ့ သားကောင်း သမီးကောင်းတို့ရဲ့ နိယာမအစဉ်အလာကောင်းတစ်ရပ် ဖြစ်သလို ကျေးဇူးကန်းမိတဲ့ ကြွေးဟောင်းကို ပေးဆပ်ရတာကလည်း ဓမ္မရဲ့ နိယာမ အစဉ်အလာအမှန်တစ်ရပ် ဖြစ်ပါတယ်။
        ဘုရားအစရှိတဲ့ အရိယာ အရှင်မြတ်ကြီးများ ကြွေးဆက်ကြပုံကိုလည်း အတုယူ တန်ယူ၊ သံဝေဂပွားတန်ပွားကြဖို့အတွက် လေ့လာမှတ်သားသင့်ပါတယ်။
        မိဘတို့ရဲ့ ကျေးဇူးတုံ့ကို ပေးဆပ်ပူဇော်ပြီး ကြွေးဆပ်ခြင်းနှင့် ပတ်သက်လို့တော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မယ်တော် ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို ကျေးဇူးကြွေးဆပ် ဖို့(၇)၀ါမြောက်မှာ တာဝတိံသာနတ်ပြည်အထိ ကြွရောက်ပြီ မယ်တော် ဟောင်း နတ်သား အမှုးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားကာ ကျေးဇူးဆပ်ခဲ့ပုံကို လူတိုင်း သိဖူးကြားဖူးကြမှာပါ။
        သတိထား အသိပွားရမှာကတော့ သဗ္ဗညူဘုရားရှင်ဖြစ်ပြီးလို့ သံသရာခရီးဆုံးနေ ပြီ။ မိမိကိုယ်တော်တိုင်အတွက် ဆင်းရဲ ချမ်းသာဆိုတဲ့ လောကကျိုးများလည်း မလိုအပ်၊ လောကုတ္တရာကျိုးအရလည်း အထွတ်ထိပ်ရောက်နေပြီ ဖြစ်ပေမယ့် မိဘရဲ့ ကျေးဇူး ကြွေး ကိုတော့ အတင်မခံဘဲ အကျေပေးဆပ်ခဲ့ပုံ ဆင်ခြင်မိကြဖို့ပါ။ ဒါကြောင့်လည်း ရှေးဆရာမြတ်တို့က သီတင်းကျွက် လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ်သာမက မိဘကျေးဇူးသိတတ်တဲ့ “ သားကောင်းရတနာများနေ့”လို့လည်း ခေါ်ဆို ထိုက်ကြောင်း မိန့်ကြားကြပါတယ်။
        အလားတူပဲ လက်ယာရံ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလည်း နောက်ဆုံး ပရိနိဗ္ဗာန်ပြုခါနီးမှာတောင် အမိရဲ့ ကျေးဇူး ကြွေးကို တရားဟောပြီး ကျေအောင် အမိရဲ့ ကျေးဇူးကြွေးကို တရားဟောပြီး ကျေအောင်ပေးဆပ်ခဲ့ပါတယ်။
        မြတ်စွာဘုရားရှင်နဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်တို့ရဲ့ ကြွေးဆပ်ပုံကတော့ အတုယူစရာ မိဘတို့ရဲ့ ကျေးဇူးဟောင်း ကြွေးပေးဆပ်ခြင်းဖြစ်ပါတယ်။ သံဝေဂယူဖို့ ကောင်းလှတဲ့ မိဘအပေါ် ပြစ်မှားမိတဲ့ ဆိုးကြွေးပေးဆပ်ရပုံနဲ့ ပတ်သက်လို့တော့ လက်ဝဲရံ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ပရိနိဗ္ဗာန်ပြုခါနီးမှာ ပေးဆပ်ခဲ့ရတဲ့ ကြွေးပါပဲ။
        အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးက တန်ခိုးဣဒ္ဓိပါဒ် အရာမှာ အထွတ် အထိပ်ရောက်အောင် ကြီးမား တော်မူတဲ့အတွက် အထက် နတ်ပြည်လောကနဲ့ အောက် ဥဿာဒငရဲပြည်လောကများအထိ ဒေသစာရီ ကြွတော်မူပြီး အဲဒီ အထက် အောက်ဒေ သ တွေမှာ တွေ့ရတဲ့ နတ်သားတို့ ငရဲသားသားတို့ရဲ့ အတိက်ကံများကိုလည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ လူ့ပြည်ကို ပြန်ရောက်တဲ့အခါမှာ ရတနာသုံးပါး ဦးထိပ်ထားပြီး ကုသိုလ်ကောင်းမှု ပြုကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ တပည့်သားတွေထဲက “ဘယ်သူ ဘယ်သူတွေဖြင့် ကောင်းမှုကြောင့် နတ်ပြည်လောကမှာ စည်းစိမ်ချမ်းသာတွေ ဘယ်လို ခံစား နေကြရတယ်” ဆိုတာကို ကိုယ်တွေ့ မျက်မြင် တွေ့ဆုံမေးမြန်းခဲ့တဲ့အတိုင်း ပြန်ပြီး ဟောပြသလို အောက်ဥဿာဒငရဲမှာ တွေ့ကြုံရတဲ့ တိတ္ထိတို့ရဲ့ တပည့်တွေထဲက“ဘယ် သူ ဘယ်ဝါဖြင့် ဘယ်ငရဲမှာ ခံစားနေရတယ်” ဆိုတာကိုလည်း ကိုယ်တွေ့အဖြစ် ဟောပြ ပါတယ်။
        အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီး ကိုယ်တော်တိုင် ကိုယ်တွေ့ မျက်မြင် ဟောပြောချက်များကို ကြားနာကြရ တဲ့အတွက် လူအပေါင်းတို့ဟာ တိတ္ထိတို့ကို ရှောင် ခွာပြီး ရတနာသုံးပါးကို ဆည်းကပ်ကြသူတွေ ပိုများလာတယ်။ ဒါကို တိတ္ထိတို့က ရန်ငြိုး ဖွဲ့ပြီး “အရှင်မဟာမေဂ္ဂလာန် ကို သတ်ဖြတ်ဖို့ “သမဏဂုတ္တ” ဆိုတဲ့ ဓားပြဗိုလ်ကို ငွေအသပြာတစ်ထောင်ပေးပြီး လုပ်ကြံခိုင်းတယ်။ အရှင်မြတ်ကြီးဟာ ပင်ကိုအားဖြင့် ပရိနိဗ္ဗာန်ပြုဖို့ (၇)ရက်လောက်ပဲလိုတော့တဲ့ အချိန်ဖြစ်ပါတယ်။
        “သမဏဂုတ္တ”ဆိုတဲ့ လူဆိုးဓားပြဗိုလ်ဟာ အခြံအရံ သူခိုးဓားပြများနဲ့အတူ မထေရ်မြတ်ကြီး သီတင်းသုံးနေတဲ့ ကာဠသိလာကျောက်ဖျာ ရှိရာအရပ်ကို သွားရောက် ၀ိုင်းဝန်းကြပေမယ့် မထေရ်မြတ်ကြီးက တန်ခိုးအဘိညာဉ်နဲ့ ကောင်းကင်ကို ပျံတက်ပြီး တိမ်းရှောင်နှင့်တယ်။ ဒီလိုနည်းနဲ့ (၆)ရက်အထိ တိမ်းရှောင်နိုင်ခဲ့ပေမယ့်(၇)ရက်မြောက် မှာတော့ မထေရ်မြတ်ရဲ့ ရှေးက ပြုမှားခဲ့တဲ့ အကုသိုလ်ကံက အကျိုးပေးခွင့် ကြုံလာတယ်။ မထေရ်မြတ် ပြုမှားမိတဲ့ အကုသိုလ်ကံကတော့ ရှေးနုစဉ်ကာလ ဘ၀တစ်ခုမှာ မယားရဲ့ ဂုံးချောစကားကို နားထောင်ပြီး  မျက်မမြင် မိဘနှစ်ပါးကို တောထဲအထိ လှည်းနဲ့ ခေါ်ဆောင်ပြီး လူဆိုးဓားပြများ ထကြွသောင်းကျန်း ဟန်ဆောင်ကာ ရိုက်နှက်သတ် ဖြတ်ဖို့ ကြိုးစားခဲ့မိတာပါပဲ။
        လူဆိုးများဟန်ဆောင်ပြီး ရိုက်နှက်တဲ့အခါ မျက်မမြင် မိဘနှစ်ပါးက တကယ့် ခိုးသားဓားပြတွေ ထင်မှတ်ပြီး သားကို လွတ်အောင်ရှောင်ပြေးဖို့ ပြောဆို ငိုကြွေးရင်း သတိပေးကြတယ်။
        မထေရ်မြတ်အလောင်း သတို့သားက မိဘတို့ရဲ့ မေတ္တာတရားကို အံ့သြလောက် အောင် သိလိုက်ရတဲ့အခါ နောင်တရပြီး ခိုးသားဓားပြတွေ ထွက်ပြေးကြတဲ့ အခြင်းအရာမျိုး ပြုပြီးတော့မှ မိဘများကို သက်သာရာ ရစေပြီး အိမ်ကိုပြန်ခေါ်လာခဲ့ကာ လုပ်ကျွေး ပြုစုပါတယ်။
        ဒီနေရာမှာ တချို့က “ ရှင်မောဂ္ဂလာန်အလောင်း သတို့သားဟာ မျက်မမြင် မိခင်ကြီးကို ရိုက်သတ်ခဲ့တယ်”လို့ အစဉ်အလာ အမှတ်မှား အပြောမှားကြတာ ရှိတယ်။ အမှန်က အသေတော့ မသတ်မိပါဘူး။ သတ်ဖို့ ရည်ရွယ်ပြီး ရိုက်ပုတ်ရုံ ရိုက်ပုတ်ခဲ့တာ ပါ။ မိခင် ကိုသာ မဟုတ်ဘူး၊ မိဘနှစ်ပါးလုံးကို ပြစ်မှားမိခဲ့တာ ဖြစ်ပါတယ်။
        အဲဒီ အကုသိုလ်ကံ အကျိုးပေးခွင့် ကြုံလာတဲ့အတွက် မြေလျှိုးမိုးပျံပြီး သိကြား မင်းရဲ့ ဝေဇယန္တာပြာဿဒ်ကိုပင် ဆတ်ဆတ်ခါ တုန်လှုပ်အောင် စွမ်းဆောင်နိုင်တဲ့ မထေရ်မြတ်ရဲ့ တန်ခိုးဣဒ္ဓိပါဒ်ဟာ အားနွဲ့တဲ့ အဖြစ်ရောက်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံး ပရိနိဗ္ဗာန်ပြု့မည့်နေ့မှာတော့ တန်ခိုးနဲ့ တိမ်းရှောင်နိုင်စွမ်းမရှိတော့တာပါ။ ကြွေး ဟောင်းကို ပေးဆပ်ဖို့ မငြင်းဆန် လိုတဲ့အတွက် တန်ခိုးအဘိညာဉ်ဝင်စားဖို့ကို စိတ်မပါ တော့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။
        မထေရ်မြတ်ရဲ့ အတိက်ကံဟာ မိဘများကို တကယ် အသေသတ်ခဲ့တာမဟုတ်ဘဲ သတ်ဖို့ ကြိုးစားရိုက်ပုတ်ခဲ့ခြင်းသာ ဖြစ်တဲ့အတွက် ခိုးသားများ ရိုက်ပုတ်သတ်ဖြတ်ပေမယ့် ပလာလပီဌိက ကမ္ဗကရဏလို့ခေါ်တဲ့ အရိုးတွေကို ကြေမွအောင် ရိုက်ထုပြီး တစ်ကိုယ်လုံးကို ကောက်ရိုးကရွက်လို ခွေလို့ရအောင်  ပြုလုပ် သတ်ဖြတ်ကြတာပါပဲ။ ဒါပေမယ့် မထေရ်မြတ်ရဲ့ ကံဟောင်းက မိဘကို အသေသတ်ခဲ့တာ မဟုတ်လို့ လူဆိုး များ လက်ချက်နဲ့ အသက်ဆုံးသည်အထိ မဖြစ်ခဲ့ပါဘူး။ အဘိညဉ်ပတ်တီးနဲ့ ခန္ဓာကိုယ်ကို ခိုင်မတ်အောင် ရစ်နှောင် ဖွဲ့စည်းပြီး ကောင်းကင်ခရီးနဲ့ မြတ်စွာဘုရားရှိရာကို ကြွ ရောက် ကန်တော့ပြီးမှ ကာဠသိလာကျောက်ဖျာရှိရာ တောအုပ်ကို ပြန်ကြွပြီး ပရိနိဗ္ဗာန် ပြုခဲ့တာ ဖြစ်ပါတယ်။
        ဒီဖြစ်ရပ်များကို ကြည့်လိုက်ရင် “ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်”ဆိုတဲ့ စကားဟာ အလွန်လေးနက် မှန်ကန်တဲ့ စကားဖြစ်သလို ကောင်း ဆိုး နှစ်တန် လောကဓံ အတွက် လည်း စွယ်စုံရ ကုသ ကာကွယ်ဆေးကြီးတစ်လက်လို့ ထင်မိပါတယ်။ ကြွေးသစ်မတင် အောင် ကာကွယ်ဖို့ အဆိုး အကောင်း ကြွေးဟောင်းနှစ်မျိုးထဲက အကောင်းကြွေး ဟောင်းများဖြစ်တဲ့ မိဘဆရာတို့ရဲ့ ကျေးဇူးကြွေးကို ကျေပွန်အောင်ပေးဆပ်ကြဖို့နဲ့ ကြွေးဟောင်းဆိုးကို ပေးဆပ်တဲ့အနေနဲ့ လောကဓံအဆိုး ကို ခံရတဲ့အခါမှာလည်း “ ဒါဟာ ငါပေးရမယ့် ကြွေးဟောင်းတွေကို ကျေအောင်ပေးဆပ်နေရတာပဲ”ဆိုတာ သဘောပေါက်ပြီး သည်းခံနိုင်ကြဖို့ပါ။ “ပြုသူအသစ် ဖြစ်သူအဟောင်း”ဆိုတဲ့ ရှေးလူကြီး သူမတို့ရဲ့ စကားဟာလည်း ဒီသဘောကိုပဲ ရည်ရွယ်တာ ဖြစ်မှာပါပဲ။
ဒီနေရာမှာ “ လယ်တီဆရာတော်ကြီး”မိန့်ကြားခဲ့တဲ့ “ ကိုယ့်ပစ္စည်း လူခိုးခံရတာဟာ ကိုယ်ကလည်း တစ်ချိန်ချိန်မှာ သူများပစ္စည်း ခိုးခဲ့လို့ပေါ့ကွ” ဆိုတဲ့ စကားကိုလည်း နှလုံးမူသင့်မယ် ထင်ပါတယ်။
        လူ့ဘ၀ကို ရရှိခြင်း၊ သာသနာတောနဲ့ ကြုံတွေ့ခြင်းဆိုတဲ့ ရတောင့်ရခဲ အခြေခံ ဒုလဘတရား နှစ်ပါးကို ရရှိကြတဲ့အခိုက်မှာ မိမိတို့ဘက်က ဖြည့်စွက်တည်ဆောက် ပေးရမည့် သဒ္ဓါ စတဲ့ ဣနြေ္ဒများနဲ့ ပြည့်စုံခြင်း၊ ဒုက္ခခပ်သိမ်းမှလွတ်အောင် ရုန်းထွက် လိုခြင်း၊ သူတော်ကောင်းတရားကို နာယူမှတ်သားခြင်းဆိုတဲ့ ဒုလဘသုံးခုကို မပျက်မကွက် ဖြည့်စွက်ပြီး ဒုလဘငါးခုလုံး ပြည့်စုံတဲ့ အဆင့်မြင့်လူသားများဖြစ်ကြဖို့ အတွက် ဒီ ဒုလဘတရားဆိုတဲ့ အခွင့်ထူးတွေကို ပျက်စီးစေတတ်တဲ့ အဆိုးအကောင်း ကြွေးဟောင်းများ ကင်းရှင်းပြီး အဆိုးကြွေးသစ်များ  မတင်အောင် ကြိုးစားကြပါစို့။
        မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆရာ့ကျေးဇူးဆိုတဲ့ ကြွေးဟောင်းကို မပေးဆပ်ရုံမျှ မကဘဲ ဘာမဟုတ်တဲ့ ပစ္စည်းလေးပါးနဲ့ ဒကာ ဒကာမတို့ကို အကြောင်းပြုပြီး ဆရာသမားအပေါ်မှာ အလွန်ဝန်လေးတဲ့ ကြွေးသစ်တွေ တိုးသည်ထက် တိုးအောင် လုပ်ဆောင်နေကြတဲ့ တပည့်မျိုးတွေကို အံ့သြတုန်လှုပ်စရာကောင်းလောက်အောင် မျက်မြင်တွေ့ကြုံနေရလို့ အခုလိုသတိပေးလိုက်ရတာပါ။
        ကြွေးဟောင်းလည်းကျေ၊ ပေးဆပ်စရာ ကြွေးသစ်ကင်းပြီး သာသနာတွင်း ကုသိုလ်ထူးများကို ဆည်းပူးရယူနိုင်ကြပါစေ။
   ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)