Thursday, April 29, 2010

တရားထိုင်ခြင်း(ကမ္မဋ္ဌာန်းထိုင်ခြင်း )နှင့် ဆေးပညာရှုထောင့်မှ ကျန်းမာခြင်း အကျိုးကျေးဇူး Meditation as Therapy

“အာရောဂျပရမာ လာဘာ၊ ကျန်းမာခြင်းသည် ကြီးမားသော လာဘ်ဖြစ်ကြောင်း” ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သည်။ အပြန်အားဖြင့် မကျန်းမာခြင်း၊ ရောဂါထူပြောခြင်းမှာမူ အကြီးမားဆုံးသောဆုံးရှုံးမှုကြီးပင် ဖြစ်ကြောင်း သဘောပေါက်နိုင်ပါ၏်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်းသည် တစ်ချက်ခုတ် နှစ်ချက်ပျက်သည့် အကျိုး(၂)မျိုး တစ်ပြီုင်နက်ရသော အလုပ်ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။ ကျန်းမာခြင်းအကျိုးနှင့် သမာဓိရ၍ စိတ်ဓာတ်တည်ကြည် ငြိမ်းအေးခြင်း အကျိုးတို့ပင်တည်း။

“အဒွေစ္စ ၀စနာ ဗုဒ္ဓါ၊ ဘုရားစကားအမှားမရှိ” ဟူသည်နှင့်အညီ တကယ်လိုက်နာကျင့်သုံးလျှင် တကယ်အကျိုးရှိသည့် ဘုရားဟောသော အချက်အလတ်များ ဖြစ်သောကြောင့် စိတ်ချယုံကြည်ထိုက်ကြောင်း အထူးဖေါ်ပြရန် မလိုပါချေ။ တစ်နည်းအားဖြင့် ဗုဒ္ဓဘုရားအပေါ် ယုံကြည်မှု အားနည်းသူ ဖြစ်လျှင်သော်မှ ပြောသူ၊ ဟောသူ၊ ရေးသူကို ဖယ်ထားပြီး၊ တင်ပြထားသော အချက်အလတ် အညွှန်အကြားများအပေါ် အကဲဖြတ်၍ အခြေအနေ အချိန်အခါအလိုက် အံကိုက်အောင် လက်တွေ့အသုံးချကြည့်ခြင်းအားဖြင့် ဦးတည်ချက် မှန်ကန်ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ဘာသာရေးကိုင်းရှိုင်းခြင်း၊ ၀တ်ပြုဆုတောင်းခြင်း၊ ဘာသာရေးဆိုင်ရာ အယူဝါဒ တဟ်ခုခုကို ယုံကြည်ကိုးကွယ် ဆည်းကပ်ခြင်း၊ တရားထိုင်ခြင်း(ကမ္မဋ္ဌာန်းထိုင်ခြင်း)၊ ဘသသာရေးဆိုင်ရာ အဆုံးအမတိုင်း နေထိုင်ပြုမူ လုပ်ကိုင်ကျင့်ကြံခြင်းတို့ဖြင့် လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါများ။ စိတ်ပိုင်းဆိုင်ရာ ရောဂါများကို ကုစားနိုင်၊ ပျောက်ကင်းနိုင်ကြောင်း အထောက်အထားများကို ကမ္ဘာတ၀န်းရှိ ဘာသာရေးအဖွဲ့အစည်းများကြား၌ တစ်နေ့တစ်ခြားတွေ့ရှိလာနေရ၏။

တရားထိုင်ခြင်းဖြင့် ရောဂါအမျိုးမျိုးတို့ကို သက်သာစေနိုင်ကြောင်း အများသိဖူး ကြားဖူးကြသည်။ သို့သော် ဘာာ့ကြောင့် ဤသို့ ဖြစ်ရသနည်းဆိုသည်ကို သိသူရှားသည်။ တရားထိုင်၍ ကျန်းမာခြင်းဖြစ်၏ဟု ဆိုသည်ထက် နက်နဲသော ဆေးပညာရှုထောင့်မှ အမြင်ကို ဆိုလိုခြင်း ဖြစ်ပါ၏။ တရားထိုင်ခြင်းဟူသော ကမ္မဋ္ဌာန်းထိုင်ခြင်းသည် ဘာသာရေးနှင့် ဆက်နွယ်နေပြီး၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဗောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ထင်ရှားပါသည်။ ကမ္မဋ္ဌာန်းထိုင်ခြင်းဟူသော တရားထိုင်ခြင်းသည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းလည်း ဖြစ်ပါ၏။

မိမိ၏ စိတ်စွမ်းအား၊ စိတ်တန်းခိုး (Will Power) တိုးတက်လာအောင်၊ ဈာန် အဘိညာဉ်ရအောင် တရားထိုင်ခြင်းမျိုးလည်း ရှိ၏။ တရားသဘောသိပြီး မဂ်ဖိုလ်ရအောင်၊ မိမိခန္ဓာကိုယ်သဘော သိလာအောင် တရားထိုင်ခြင်းမျိုးလည်း ရှိ၏။ စိတ်ငြိမ်းချမ်းမှု ရရှိခံစားရအောင်၊ စိုးရိမ်သောက ပူပန်မှုများပယ်ပျောက်အောင် တရားထိုင်ခြင်းမျိုးလည်း ရှိ၏။ မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုင်သည်ဖြစ်စေ၊ စိတ်ကို တည်ကြည် ငြိမ်းချမ်းအောင်၊ စိုးရိမ်းသောက ပူဆွေးမှုမှ ကင်းဝေးအောင် ပြုလုပ်ခြင်းဖြစ်၏။ စိတ်အေးချမ်း တည်ငြိမ်မှုမှသည် ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကိုပါ ရစေကြောင်း အကျင့်ကောင်းတစ်ခု ဖြစ်ပါ၏။

ထိုသို့သော အကျိုးကျေးဇူးတရားကို တွေ့မြင်လာရသောအခါ အရှေ့တိုင်းသားများသာမက အနောက်တိုင်းသားများ၊ ဘာသာခြားများပင် စူးစမ်းကာ လက်တွေ့ ထိုင်လာကြသည်။ ကံကောင်းသည်ဟု ဆိုရမည်လားမသိပေ။ အရှေ့တိုင်းမှ ပညာရပ်တို့သည် သူ့ချည်းနေလျှင် မည်သို့မျှ ပျံ့နှံ့ခြင်း မရှိဘဲ၊ အနောက်တိုင်းသားတို့နှင့် တွေ့မှ ကမ္ဘာသို့ ပြန့်နှံ့တတ်လေ့ ရှိသောကြောင့်ပင် ဖြစ်ပါ၏။ သူတို့တွင် သုတေသနအမြင်၊ သုတေသနဉာဏ် ရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ တရားထိုင်ခြင်းသည် လောကမှ ထွက်မြောက်ကြောင်း လောကုတ္တရာမှ လောကီစစ်စစ် ကိုယ်ကျန်းမာရေး၊ စိတ်ငြိမ်းချမ်းရေး ဆေးပညာသို့ နှီးနွယ်လာ၏။ သုတေသနပြု ဆန်းစစ်လေ့လာခဲ့ကြသည်။

မက်ဒီတေရှင်း ကုထုံးဆိုတာ ဘာလဲ?

သုတေသနပြုခြင်းဖြင့် တွေ့ကြရသည်မှာ တရားထိုင်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း၊ အစာချေခြင်းကဲ့သို့သော လုပ်ငန်းများ နှေးသွားကြောင်း တွေ့ကြရသည်။ ဟိုမုန်းများ၊ အင်ဇိုင်းများ အထွက်နှေးသွားသည်။ သို့ဖြစ်၍ ခန္ဓာကိုယ် သန့်စင်သွားသည့်ပြင် ဦးဏှောက်တွင်လည်း လုပ်ငန်းများ နည်းသွား၍ တည်ငြိမ် အနည်ထိုင်သွားကြောင်း တွေ့ကြရသည်။ ပထမတွင်မူ လူနာက တရားထိုင်ခြင်းအမှုကို (၁၀)မိနစ်မျှသာ ပြုလုပ်နိုင်သော်လည်း နောက်ပိုင်းတွင် မိနစ်(၂၀)၊ နာရီဝက် စသည်ဖြင့် တိုးကာတိုးကာ တရားထိုင်သွားနိုင်ကြောင်း တွေ့ကြရသည်။

ဘယ်ရောဂါတွေအတွက် သင့်တော်သလဲ?

စိတ်ကယောက်ကယက် ဖြစ်သော အခြေအနေ၊ (Anxisty)

သွေးတိုးရောဂါ၊ (High Blood Pressure)

ချောင်းဆိုးရင်ကျပ်နှင့် အခြားရင်ခေါင်းနှင့်ဆိုင်သော ရောဂါများ၊ (Chest Problems)

သွေးလှည့်ပတ်ခြင်းနှင့်ဆိုင်သော ရောဂါများ၊ (Circulation)

နှလုံးရောဂါ၊ (Heart Diseases)

အိပ်မပျော်ခြင်း၊ (Insomnia)

ကြွက်သားများတောင့်တင်းခြင်း၊ (Muscle Tension)

အကြောက်လွန်ခြင်း၊ (Phouias & Fear)

သွေးဆုံးချိန် ရောဂါလက္ခဏာများ၊ (Menopausal Syndrome)

စိတ်ဖိစီးမှုရှိနေသူများ၊ (Stress and Tension)

ချွဲကပ်နေသူများ၊ (Wheezing) စသောရောဂါများကို ပျောက်ကင်းနိုင်ကြောင်း၊ သို့မဟုတ် သက်သာနိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုပါသည်။

ဆရာဝန်တွေက ဘယ်လိုယူဆသလဲ၊ ?

ဆရာဝန်များကမူ ဆေးပညာသဘောအရ တရားထိုင်ခြင်းသည် ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်နိုင်ဟု ယုံကြည်ကြသည်။ သုတေသနပြုခြင်းမှ တွေ့ရှိရသည်မှာ တရားထိုင်နေစဉ် အချိန်အတွင်း အသက်ရှူနှုန်း၊ နှလုံခုန်နှုန်း၊ ဥဏှောက်လုပ်ငန်းများနှေးကာ အနားရခြင်းကြောင့် ခန္ဓာကိုယ်၏ နေ့စဉ်ပြဿနာများကို အေးဆေးစွာ ဖြေရှင်းနိုင်ကြောင်း ဆိုကြသည်။ ထို့ပြင် လူနာများက “တရားထိုင်ပြီးသောအခါ တရှောင်ရှောင် ဖြစ်နေခြင်းမှ ပျောက်ကင်းသွားကြောင်း” ပြောဆိုခဲ့ကြသည်။

သို့သော် ယင်းကိုကြည့်ပြီး ဘာပဲဖြစ်ဖြစ် တရားထိုင်လျှင် ရောဂါပျောက်သည်ဟု တစ်ယူသန်၍ မရပေ။ နှလုံးရောဂါရှိသူများသည် နှလုံးခုန်မြန်ကာ ရင်ဘက်မှ စူးအောင့်၍ အသက်ရှူကြပ်နေသည့် အချိန်အထိ တရားချည်း ဖိထိုင်နေရန် မသင့်ပေ။ သွေးတိုးရောဂါသမားများသည်လည်း ခေါင်းတွေမူး၊ ခြေလက်တွေ လှုပ်မရသည်အထိ တရားချည်းထိုင်ကာ ကုသနေ၍ မရပေ။

ထို့ပြင် တရားထိုင်ခြင်းသည် စိတ်ဓာတ်ခိုင်မာသူများသာ လုပ်၍ရခြင်းဖြစ်ရာ စိတ်ရောဂါရှိသူများနှင့် ရောဂါပြင်းထန်စွာ ခံစားနေရသူများအတွက်မူ တရားထိုင်ခြင်းကို လေ့ကျင့်၍ ရနိုင်မည် မဟုတ်ပေ။

ဘာ့ကြောင့် ကမ္မဋ္ဌာန်း ရှုမှတ်သင့်သလဲ၊ ?

ဘ၀မှာ ပိုပြီး ပျော်ရွှင်ရန်၊ ကျန်းမာရန်အတွက် ကမ္မဋ္ဌာန်းကို ရှုမှတ်သင့်ပါသည်။ အထပ်ထပ်လေ့လာထားချက် သုတေသနပြုချက်များအရ ကမ္မဋ္ဌာန်းရှုမှတ်သူများသည် ယခင်ကထက်ပိုပြီး ကျန်းမာလာကြသည်။ ပတ်ဝန်းကျင်နှင့် ပိုပြီး သဟဇာတဖြစ်လာကြောင်း တွေ့ရှိရသည်။ လန်ဒန်မြို့၊ ဆေးရုံအလင်းသတင်းစာ (Hospital Times of London) က (Dr. Demetrikanellakos) ၏ သုတေသနပြုချက်ကို အောက်ပါအတိုင်း အကျဉ်းချုံးပြီး ဖေါ်ပြခဲ့၏။

“ဘာအလုပ်ပဲလုပ်လုပ် ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ စွမ်းအင်နှင့် လုပ်ရည်ကိုင်ရည်ကို တိုးမြှင့်ပေးတယ်။ ကိုယ်နဲ့စိတ် တင်းကျပ်မှုကို လျှော့ကျစေပြီး၊ စိတ်ငြိမ်းအေးမှုကို တိုးတတ်စေပါတယ်။ အရက်အပါအ၀င် အာရုံကိုထင်မှားစေတဲ့ ဆေးဝါးများကို သုံးစွဲလိုတဲ့ ဆန္ဒကို လျှော့ပါးစေပါတယ်။ (သို့မဟုတ်) လုံးဝ ပျောက်ကင်းစေပါတယ်။ ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ပုံမှန်လည်ပတ်မှုနှုန်းကို လျှော့နည်းစေပါတယ်။ ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ တစ်ညတာ အိပ်ရေးဝတာထက် ပိုပြီး သာလွန်တဲ့ အပန်းဖြေမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်များနဲ့ အခြားတိကျသာလွန်မှုတေါ အမြောက်အများ ရှိတယ်ဆိုတာကို လက်တွေ့စမ်းသက်ချက်များက သက်သေခံထားပါတယ်” ဟု ဖေါ်ပြထားပါသည်။

ကမ္မဋ္ဌာန်း ရှုမှတ်ခြင်းဟာ ပိုပြီးကျန်းမာစေသလား?

ကမ္မဋ္ဌာန်းရှုမှတ်ခြင်းသည် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေကြောင်း စာရင်းဇယားများက ညွှန်ပြနေသည်။ ယခုအထိ ပြုလုပ်ခဲ့သော လေ့လာချက်များအရ ကမ္မဋ္ဌာန်းရှုမှတ်ခြင်းသည် ကျန်းမာရေးအပေါ်မှာ ကျန်းမာရေးအပေါ် အမှန်တကယ် သက်ရောက်မှုရှိကြောင်း တွေ့ရသည်။

“အထဲမှာ တစ်ချိန်လုံး အလုပ်လုပ်နေတဲ့ စက်ကို ငါတို့က အနားပေးရင် အဲဒီစက်က အနာရောဂါဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမှာပေါ့။” လို့ မဟာရိရှီ (Marishi) ကပြောခဲ့သည်။

သူ၏အခြေခံကျသော အကြောင်းပြချက်များသည် အလွန်ကောင်း၏။ နက်နဲသော အနားရခြင်းသည် ခန္ဓာကိုယ်အတွက် အရေးကြီးသည်ဟု ဆေးသိပ္ပံက သဘောတူခဲ့သည်မှာ ကြာပြီဖြစ်၏။ ထို့ပြင် အနားယူခြင်းကြောင့် အချို့သော မအီမသာ ဖြစ်ခြင်းများ ပျောက်ကင်းသွားနိုင်ပါသည်။ (Dr. Herbert Beenson) တို့၏ လေ့လာချက်အရ ကမ္မဋ္ဌာန်းထိုင်ခြင်းသည် နက်ရှိုင်းသော အပန်းဖြေမှုကို အများကြီး ရရှိစေသည်ဟု ဆိုပါသည်။

ဟားဗက်တက္ကသိုလ်(Harvard University) က ဒေါက်တာ ဟားဘက်ဘင်ဆင် အပါအ၀င် နှလုံးရောဂါ ဆရာဝန် အချို့သည် နှလုံးရောဂါသည်များကို ကမ္မဋ္ဌာန်းရှုမှတ်ဖို့ တိုက်တွန်းခဲ့ကြသည်။ အကြောင်းပြချက်က “လေဖြတ်ခြင်းဆိုသည်မှာ ကိုယ်စိတ်တင်းကျပ်မှုတို့ ဆက်တိုက် ဖြစ်ပေါ်ခြင်း၏ ရလာဒ်တစ်ခု ဖြစ်ပြီး၊ ကမ္မဋ္ဌာန်းရှုမှတ်ခြင်းက အဆိုပါ တင်းကျပ်မှုကို လျှော့နည်းစေသောကြောင့် နှလုံးရောဂါကိုလည်း သက်သာစေခြင်းဖြစ်၏” ဟု ဆိုသည်။

ပရင်စတန်တက္ကသိုလ်(Princeton University) က ရူပဗေဒ ပါမောက္ခ တစ်ဦးက “ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ခင်ဗျားရဲ့ အထွေထွေကျန်းမာရေးကို တိုးတက်စေတယ် ဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ရောဂါအားလုံးကိုတော့ မပျောက်ကင်းစေနိုင်ဘူး။ ကိုယ်စိတ် တင်းကျပ်မှုကို လျှော့နည်းစေပြီး၊ နက်ရှိုင်းတဲ့ အပန်းဖြေမှုကို ရရှိစေတာကတော့ သေချာပါတယ်။ ဒီအတွက်ကြောင့် ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ခင်းဗျားရဲ့ ကျန်းမာရေးအတွက် အင်မတန် အကျိုးများပါတယ်” ဟု သူ၏အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

ဟာဒဗက်ဆေးကျောင်း (Harvard University Medical School) မှာ ကမ္မဋ္ဌာန်းရှုမှတ် သူများကို စမ်းသပ်နေသော သွေးတိုးနှင့် နှလုံးရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဟားဘက်ဘင်ဆင်က သူ၏စမ်းသပ် တွေ့ရှိသည့် အဖြေကို ဇီဝကမ္မဆိုင်ရာ အမေရိကန်ဂျာနယ် (American Journal of Physiology) မှာ ဖေါ်ပြထား၏။ ယင်းအစီရင်ခံစာကို တိုင်းမဂ္ဂဇင်း (Time Magazine) က အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

“ကမ္မဋ္ဌာန်းရှုမှတ်သူများရဲ့ ခန္ဓာကိုယ် အလုပ်လုပ်တဲ့နှုန်းဟာ သိသိသာသာ လျှော့ကျသွားတယ်။ နှလုံးကလည်း လျှော့ပြီးညှစ်တယ်။ စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှုရဲ့ အညွှန်းတစ်ခုဖြစ်တဲ့ အရေပြားရဲ့ လျှပ်စစ်ခုခံမှုဟာ ထူးထူးခြားခြား မြင့်တတ်လာတယ်။

ဒါဟာ ကမ္မဋ္ဌာန်းရှုမှတ်သူက တင်းကျပ်မှုပြေလျှော့နေတာကို ပြတာပဲ။ ပြီးတော့ ခန္ဓာကိုယ်ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ထုတ်တယ်။ ဥဏှောက်ရဲ့ အယ်လ်ဖာလှိုင်း (Alpha Wave) များဟာ ပြင်းအား (Intensity) တိုးလာတယ်။ ဒါလည်း တင်းကျပ်မှု ပြေလျှော့ခြင်းရဲ့ လက္ခဏာ တစ်ခုပါပဲ။ တစ်ချိန်တည်းမှာ သွေးထဲက လက်တစ်အက်စစ် (Lactic Acid) ဓါတ် ထွက်ပေါ်တဲ့နှုန်းဟာ လျှော့ကျသွားပြန်တယ်။ ဒါကလည်း စတ်ပူပန်မှု လျှော့ကျသွားတဲ့ လက္ခဏာ တစ်ခုပင် ဖြစ်ပါတယ်” ဟု ဖေါ်ပြထားပါသည်။

ဤသည်တို့မှာ ကမ္မဋ္ဌာန်းရှုမှတ်ခြင်း၊ တရားထိုင်ခြင်းနှင့် ပက်သတ်၍ အနောက်တိုင်း ဆေးပညာအမြင်နှင့် သုတေသနပြု လေ့လာတွေ့ရှိချက်များ ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိဘ၀တွင် အမှန်တကယ် ရောဂါကင်းမှု၊ ကျန်းမာမှု၊ အသက်ရှည်မှုကို လိုလားသူတိုင်း ဘာသာရေးကျင့်စဉ်ဖြစ်သည့် ကမ္မဋ္ဌာန်းထိုင်ခြင်းဟူသော တရားအားထုတ်ခြင်းကို လက်မလွှတ်သင့်ကြောင်း သဘောပေါက်လိမ့်မည်ဟု ယုံကြည်မိပါသည်။ လူတိုင်းကိုယ်စီ ကမ္မဋ္ဌာန်းထိုင်ခြင်းဟူသော တရားအားထုတ်ခြင်းကို ပြုလုပ်၍ ရောဂါအပေါင်းမှ ကင်းလွတ်၍ ကျန်းမာခြင်း ဆုလာဘ်ကို အရယူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။

ကျမ်းကိုး။ ။

၁။Alternative Therapy & Western Medicine.

အလှည့်အပြောင်း ကုထုံးများနှင့် အနောက်တိုင်းဆေးပညာအမြင်၊ မော်ဦး ဆေး(၂)

၂။(Tranquility Without Pills, All About Transcendental Meditation, By-Jhan Robbins, David Fisher.

ဆေးမကူဘဲ ငြိမ်းအေးနည်း၊ ဒေါက်တာ မင်းတင်မွန်။]

တက္ကသိုလ် မောင်ကိုရင်

ကဆုန်လပြည့် ဗုဒ္ဓနေ့

ယနေ့ (၂၇.၄.၂၀၁၀) ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် ကမ္ဘာတစ်လွှားရှိ ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဘုရားရှင်ကို သတိရ အောက်မေ့ခြင်း အထိမ်းအမှတ်ပွဲများ၊ ဆုတောင်းပူဇော်ပွဲများ ပြုလုပ်ကြပါသည်။ မြန်မာ၊
ထိုင်း၊ ကမ္ဗေ္ဗာဒီးယား၊ သီရီလင်္ကာ၊ စင်ကာပူနိုင်သံတို့တွင် ဤနေ့ကို အများပြည်သူ အနားယူ
ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ကြသည်။

အဘယ့်ကြောင့် "ကဆုန်လပြည့် ဗုဒ္ဓနေ့"ဟု ခေါ်သနည်း။?

“ဗျာ ဖွါး ပွင့်ပြန်၊ နိဗ္ဗာန်စံ၊ မှတ်ရန် ကဆုန်လ” ဟူသည်နှင့်အညီ ဤ ကဆုန်လပြည့်နေ့သည်

၁။ ဒီပင်္ကရာဘုရားရှင်က ဤသုမေဓါ ရှင်ရသေ့သည် နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်ပြီးနောက် ဂေါတမအမည်ဖြင့် ဘုရားဖြစ်တော်မူလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူသောနေ့သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ဗျာ)

၂။ လုမ္ဗိနီအမည်ရှိသော အင်ကြင်းဥယျာဉ်ဝယ် ဖခမည်းတော် သုဒ္ဓေါဒန၊ မယ်တော် မာယာဒေ၀ီတို့မှ ဖွါးမြင်တော်မူသောနေ့ သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ဖွါး)

၃။ အိန္ဒိယ မဇ္ဈိမဒေသ ဗုဒ္ဓဂယာဒေသ၌ ဗောဓိပင်နှင့် ရွှေပလ္လင်ထက်တွင် မာရ်(၅)ပါးကို အောင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (ပွင့်ပြန်)

၎။ ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော်(၄၅)၀ါ၌ မလ္လာမင်းတို့၏ ကုသိနာရုံ အင်ကြင်းဥယျာဉ်ဝယ် နောက်ဆုံး ပရိနိဗ္ဗာန် ၀င်စံတော်မူသောနေ သည်လည်း ဤနေ့(ကဆုန်လပြည့်နေ့) ပင်ဖြစ်ပါသည်။ (နိဗ္ဗာန်စံ)

ထို့ကြောင့် ဤနေ့ကို အလေးအမြတ်ထားကာ ဗုဒ္ဓဘာသာဝင်တိုင်းက သတိရ အောက်မေ့ပြီး ဘုရားရှင်ကို ပူဇော်ကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ၊ စင်ကာပူနိုင်ငံတို့၌ ဤနေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို ရည်မှန်း၍ ဗောဓိညောင်ပင်နှင့် ဘုရားရှင်ကို ရေသွန်းလောင်း ပူဇော်လေ့ ရှိပါသည်။ အခြားသော ထေရ၀ါဒ နိုင်ငံတို့နှင့် မဟာယာနနိုင်ငံများ ဖြစ်ကြသော တရုတ်၊ ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန်နိုင်ငံတို့တွင်မူ ဘုရားရှင် ဖွါးတော်မူရာနေ့ကို
ရည်မှန်း၍ ဘုရားအလောင်းတော်ကလေးကို ရေသွန်းလောင်း ပူဇော်လေ့ ရှိကြပါသည်။

Vesak day ဟုခေါ်ကြခြင်းမှာ ကဆုန်လကို ပါဠိဘာသာအားဖြင်း ‘၀ိသာခ မာသ’ ဟုခေါ်၏။ မာသ သည် လဟုအဓိပ္ပါယ်ရ၏။ ထို့ကြောင့် ဤနေရာ၌ ‘၀ိသာခ’ (Visakha) ကိုသာ ယူရပေမည်။ ပါဠိနာမည်ဖြင့် ခေါ်မည်ဆိုလျှင် Visakha day ဟုခေါ်ဆိုရမည် ဖြစ်ပါသည်။ သို့သော် ယခုအခါတွင်မူ Visakha day ဟု ခေါ်ဆိုခြင်းထက် ဝေသာခ Vesakဟူသော သက္ကတ အမည်ဖြင့ှ် Vesak day ဟူသော နာမည်သည်သာ ပို၍ အသုံးတွင်ကျယ်ကာ လူတိုင်းနားလည် သိရှိနေပါကြောင်း ထပ်လောင်း တင်ပြအပ်ပါသည်။

ဤကား ကမ္ဘာတစ်လွှားရှိ ဗုဒ္ဓဘာသာဝင်များ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပကြခြင်း၊ ဘုရားရှင်ကို ပူဇော်ကြခြင်း၏ အဓိပ္ပါယ် အကျဉ်းချုပ် ဖြစ်ပါသည်။

တက္ကသိုလ် မောင်ကိုရင်

Saturday, April 10, 2010

ဆုံးမစာ နီတိကဗျာများ

အတိတ်ကိုတွေး မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာ မသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။ ။
(ဆရာတော် ဒေါက်တာ နန္ဒာယလယဘိဝံသ)

သူတစ်ဖက်သား မျက်မာန်ပွါးသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာရှချိမ့်နည်း။
(မင်းကွန်း တိပိဋက ဆရာတော်ကြီး)

ကျေးဇူးမြင်လျှင် မေတ္တာပေါ်သည်။
ကျေးဇူးပျောက်လျှင် မာနပေါ်သည်။
(ပိုင်းလော့ ဆရာတော်)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုး အကန့်အသတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက်
အကန့်အသတ်မရှိ ပေးဆပ်ရတာမျိုးပါ။
(တောင်စွန်း ဓမ္မဘေရီ ဆရာတော်)

ပါးစပ်မှာဓါး၊ သတိထားစကားဆင်ခြင်ပြော။
အကျိုးရှိ မရှိ၊ ဆင်ခြင်ကြည့်အကျိုးရှိမှပြော။
ပြောသင့် မသင့်၊ အခါချင့်ပြောသင့်ခါမှပြော။
(ထိုင်ဝမ်ဆရာတော် )

ငါသာငါထက် မာန်မတတ်နဲ့
အထက်နေမင်း လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏။
(ရှင်မဟာရဋ္ဌသာရ)

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊
ရလင့်ဧကန်သာ။
(မိုးကုတ်ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မကထိက အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(တောင်စွန်း ဓမ္မဘေရီ ဆရာတော်)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သောအညစအကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဓမ္မပဒ)

အသက်ရှင်ဖို့ စားပါ။
စားဖို့သက်သက်အတွက်တော့
အသက်မရှင်ချင်ပါနဲ့
လောကအတွက် သာသနာအတွက်
လုပ်စရာတွေ အများကြီးပါ။
(ထိုင်ဝမ် ဆရာတော်)

ချိန်ခါတိကျ၊ မသိရလည်း
သေရမည်မှာ မလွဲပါ။
ချိန်ခါမလင့်၊ မဂ္ဂင်ဖြင့်
တရားကျင့်၍စောင့်နေပါ။
()

အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ်၊ တံဆိက်မှတ်ကား
မပြတ်မစဲ၊ အိုးပင်ကွဲလည်း
အမြဲတစေ၊ တည်ရှိနေသို့
ထွေထွေသွေးသား၊ ကလေးများ၌
ဘုရားတံဆိတ်၊ ဘသသာစိတ်ကို
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ၊ စွဲမှတ်တည်မည်
ကိုယ်စီခပ်နှိပ်နိုင်စေသတည်း။ ။
(တောင်မြို့ မဟာဂန္ဓာရုံဆရတော်)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို
တရားကပြန်လည်စောင့်ရှောက်ပေး၏။
(ဗုဒ္ဓ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ်တွက် သင်ခန်းစာ။

မေတ္တာခြုံလို့ လုံပါစေ။
သစ္စာဆောင်လို့ အောင်ပါစေ။
မင်္ဂလာကျင့်လို့ မြင့်ပါစေ။
အရှင်ဥက္ကံသ M.A (Buddhism)

Monday, March 15, 2010

ဦးတင်လျှက်ပါ မြတ်ဆရာ

မိမိသည် ငယ်စဉ်ကပင် သာသနာ့ဘောင်သို့ဝင်၍ ရှင်ရဟန်းပြုခဲ့သည်။ ထိုစဉ်မှစ၍ မိဘများနှင့်ခွဲကာ နေခဲ့ရ၏။ ဆရာ့ခြေရင်းတွင် ၀တ်ကြီးဝတ်ငယ်ပြုစုရင်း ဆရာ့အရိပ်ဝယ် မှီခိုခဲ့ရ၏။ ပညာရင်နို့သောက်စို့ခဲ့ရ၏။ ဆရာ့ အဆုံးအမ၀ယ် လိုက်နာခဲ့ရ၏။ ဆရာ ညွှန်ပြမှုဖြင့် ထူးချွန်သူ ဖြစ်ခဲ့ရ၏။ ဆရာ ဖောက်သောလမ်းကို လျှောက်ခဲ့ရ၍ ပန်းတိုင်သို့ မပင်မပန်း ရောက်ခဲ့ရ၏။ မိမိဘ၀လမ်းဝယ် ဆရာမြှင့်၍ တင့်တယ်ထယ်ဝါခဲ့ရ၏။ ထို့ကြောင့် ဆရာသည် မိမိ၏ အမိလည်း မည်၏။ အဖလည်း မည်၏။ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင် ကောင်းလည်း မည်၏။ သင်ဆရာလည်း မည်၏။ ဆရာ့ အကျင့်အကြံ အနေအထိုင်တို့ကို အတုယူ လိုက်နာ ခဲ့ရ၍ မြင်ဆရာလည်း မည်၏။

ထို့အတူ ဆရာသည် မိမိကဲ့သို့ တပည့် ပန်းကလေးများကို ဖူးပွင့်စေသောကြောင့် ဥယျာဉ်မှူးလည်း မည်၏။ ဆရာသည် တပည့်များကို အတွေးအမြင် လှပအောင်၊ အကောင်း အဆိုး အမှားအမှန် ခွဲခြားဝေဖန်တတ်အောင်၊ အသိအလိမ္မာရှိ၍ ရည်ရွယ်ချက်နှင့် စေတနာ ကောင်းမြတ် မှန်ကန်အောင် အမြဲ တည့်မတ်ပေးခဲ့၏။ ထို့ကြောင့် ဆရာသည် အနာဂတ်ကို ကြီးကျယ် ခမ်းနားအောင် ပန္နက်ချပေးနေသည့် ဗိသုကာလည်း မည်၏။ တပည့်များကို သွန်သင် ဆုံးမရာ၌ ချော့သင့်လျှင် ချော့၏။ ခြောက်သင့်လျှင် ခြောက်၏။ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် လိုသလို ပုံသွင်းခဲ့၏။ ထို့ကြောင့် ဆရာသည် အလွန်နူးညံ့သော အနုပညာရှင်လည်း မည်၏။

ထို့အတူ ဆရာသည် စေတနာ အကောင်းဆုံး အလှူရှင်လည်း မည်၏။ ပညာအလှူကို ရက်ရက်ရောရော ပေးလှူခဲ့သောကြောင့် ဖြစ်ပါ၏။ ဆရာစားမျှ မချန်ခဲ့ပေ။ ပညာကို လိုလိုချင်ချင် သင်ကြားသော တပည့်များနှင့် ကြုံရလျှင် အားရ၀မ်းသာဖြစ်၍ စေတနာ ဝေဖြာရ၏။ ပညာကို လိုလိုချင်ချင် မကြိုးစားသော တပည့်များနှင့် ကြုံလျှင်လည်း သူ့ဘ၀ ရှေ့ရေးကို တွေးတတ် မြင်တတ်အောင် ဆုံးမသွန်သင်ပြီး ပညာပေးလေံ ရှိပါ၏။ ဤကြားထဲတွင် ဆရာ့စေတနာကို နားမလည်ဘဲ စော်ကားသော တပည့်မျိုးနှင့်ကြုံလျှင် ရင်ထုမနာ ဖြစ်ရ၏။ သို့သော် ဆရာသည် တပည့်များအပေါ်မှာ မည်သည့်အကြောင်းကြောင့်မျှ စိတ်ကောက်ခြင်း၊ စိတ်ကွက်ခြင်း၊ စိတ်ဆိုးခြင်း မဖြစ်နိုင်ရှာခဲ့ပေ။ အဆိုပါတပည့်က မှားမှန်းသိ၍ တောင်းပန်းလျှင် သနားကြင်နာမှုပင် ပိုလိုက်သေး၏။ ဆရာသည် မတောင်းပန်ခင်ကပင် တပည့်များကို ကျေနပ်ပြီးသား၊ ခွင့်လွှတ်ပြီးသား ဖြစ်နေ၏။ ထိုကြောင့် ဆရာသည် ကရုဏာရှင်ကြီးလည်း မည်ပါသည်။

ဥဋ္ဌာပေန္တိ ပရိသံ၊

ဓမ္မတော နောစ ကမ္မတော။

ဓမ္မံ ပရေသံေးသေန္တိ၊

အတ္ထတော နောစ လာဘတော။

(ပါရာပရိယတ္ထေရဂါထာ)

ပရိသံ၊ ရဟန်းရှင်လူ တပည့်ပရိတ်သတ်ကို။ ဓမ္မတော၊ အသိဉာဏ်တိုးပွါး ကုသိုလ်များအောင် တရားဟူသော အကြောင်းကြောင့်သာလျှင်။ ဥဋ္ဌာပေန္တိ၊ မိမထံပါး ခစား ဆည်းကပ်စေကုန်၏။ နောစ ကမ္မတော၊ မိမိ၏ အမှုကိစ္စကို ဆောင်ရွက်ပြုလုပ်ပေးကြစေရန် မဟုတ်ကုန်။ အတ္ထတော၊ လောကုတ္တရာ အကျိုးစီးပွါး တိုးပွါးစေလိုသောကြောင့်သာလျှင်။ ပရေသံ၊ သူတစ်ပါးတို့အား။ ဓမ္မံ၊ တရားကို။ ဒေသေန္တိ၊ ပို့ချသင်ကြား ရေးသား ဟောပြောကြကုန်၏။ နောစ လာဘတော၊ ကျော်စောသက္ကာရ လာဘ်လာဘရရန် မဟုတ်ကုန်။
(ပါဠိတော်လာ ဂါထာကို ဗျတိရေကတ္ထပြင်၍ ပြောင်းပြန် ယူထားပါသည်။)

မှန်ပါ၏။ ဆရာသည် မိမိ၏ ဝေယျာဝစ္စ လုပ်ကိုင် ဆောင်ရွက်ပေးစေရန်အတွက် တပည့်များကို အနီးအပါး၌ နေစေခြင်း မဟုတ်ပါ။ အသိဉာဏ်တိုးပွါး အကျိုးများစေရန် အတွက်သာ တပည့်များကို အနီးအပါး၌ နေစေခြင်း ဖြစ်ပါသည်။ မိမိအတွက်၊ ကျောင်းတိုက်အတွက် ကျော်စောခြင်း၊ လာဘ်လာဘပေါများခြင်း စသော အကြောင်းကြောင့် တပည့်များကို စာပေ သင်ကြား၊ ပို့ချ၊ ရေးသား၊ ဟောပြောနေခြင်း မဟုတ်ပါ။ တပည့်များ အသိအလိမ္မာ တိုးပွါးပြီး၊ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုး များစေရန် အတွက်သာ ဖြစ်ပါသည်။

ဆရာသည် တပည့်များအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား အမြဲပွါးများ နေသောကြောင့် ဗြဟ္မာလည်း မည်ပါ၏။ ဆရာသည် တပည့်များကို မိမိထံရောက်ရှိ ပညာသင်ချိန်မှစ၍ ရင်ဝယ်သားကဲ့သို့ အမြဲမေတ္တာစိတ် ဖြစ်၏။ တပည့်များ မတော်တာ လုပ်မိလေမလား၊ အပေါင်းအသင်းမှားပြီး လူဆိုးလူမိုက် ဖြစ်သွားလေမလား စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှု ကရုဏာစိတ် ဖြစ်၏။ တပည်များ၏ အောင်မြင်မှုနှင့် ကောင်းသတင်းကို ကြားရလျှင် ၀မ်းမြောက်ဝမ်းသာ မုဒိတာစိတ် ဖြစ်၏။ တပည့်များ အချိန်တန် အရွယ်ရောက်၍ ကိုယ့်အားကိုကိုးနိုင်သောအခါ၊ ဘ၀လမ်းကို ဖြောင့်တန်းစွာ လှမ်းနိုင်သောအခါ စိတ်ချရပြီ ဆိုသည့် ဥပေက္ခာစိတ် ဖြစ်၏။ ထို့ကြောင့် ဆရာကို ဗြဟ္မာဟု ဆိုအပ်ပါသည်။

ဆရာ့ဘ၀သည် ကူးတို့လှေငယ်ရှင် ဘ၀နှင့်လည်း မခြားပေ။ စာသင်သားလူငယ် ဘ၀ခရီးသည်များအား ဘ၀မြစ်ပြင်ကျယ်ကို အလွယ်တကူ ဖြတ်ကျော်၍ ရည်မှန်းချက် ပန်းတိုင်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ရှိစေရန် ပညာလှေဖြင့် ပို့ဆောင်ပေးရသော တာဝန်ကား ဆရာတို့ပြုအပ်သည့် တာဝန်သာဖြစ်၏။ ဆရာသည် ဘ၀ပန်းတိုင် တစ်ဖက်ကမ်းသို့ ရောက်လေပြီးသော ဘ၀ခရီးသည် တပည့်များအား နှစ်ထောင်း အားရစွာ ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ ဘ၀မြစ်ပြင်ကျယ်တွင် ကူးဖြတ်ဆဲဖြစ်သော ဘ၀ခရီးသည် တပည့် များအား ပို့ဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ လာလတ္တံ့သော ဘ၀ခရီးသည် တပည့်များအား မျှော်လင့် စောင့်စား ခြင်းဖြင့်လည်းကောင်း မိမ၏ကူးတို့ လှေငယ်ရှင်ဘ၀ကို ကြည်နူးကျေနပ် ပီတိဖြစ်လျှက်နေပေသည်။ ဆရာ့အနေနှင့်မူ သံသရာအကျိုးများသော်လည်း လက်ရှိ ပစ္စုပ္ပန်ဘ၀တွင်မူ အနည်းငယ် မပြောပလောက်သော အခြံအရံ အကျော်အစောဖြင့် တင်းတိမ်ရောင့်ရဲလျှက် နောက်းဆုံးတွင် ဤကူးတို့လှေငယ်ရှင်ကဲ့သို့ပင် မထင်မရှားဖြင့် ဘ၀ကို စွန့်လွှတ်ရပေလိမ့်မည်။

သကတ္ထော နတ္ထိ နတ္ထော ပရဿတ္ထမကုဗ္ဗတေတိ။
ဝစနတော ပရတ္ထောဝ သပ္ပုရိသေဟိ ကတ္တဗ္ဗော။
ပရတ္ထေ သမ္ပာဒိတေ ပန သကတ္ထော သမ္ပန္နောဝနာမ။

(သာရတ္ထ၀ိလာသိနီ ပဉ္စိကာ ဋီကာ)

ပရဿ၊ သူတစ်ပါး၏။ အတ္ထံ၊ အကျိုးကို။ အကုဗ္ဗတော၊ မပြုသောသူ၏။ သကတ္ထော၊ မိမအကျိုးသည်။ နတ္ထိ၊ မရှိနိုင်။ နတ္ထော၊ မုချ မရှိနိုင်သည်သာတည်း။ က္ကုတိ၊ ဤသို့။ ၀စနတော၊ ပညာရှိတို့ မိန့်ဆိုတော်မူခြင်းကြောင့်။ သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။ ပရတ္ထောဝ၊ သူတစ်ပါးအကျိုးကိုသာလျှင်။ ကတ္တဗ္ဗော၊ အလေးအနက် ထားကာ ပြုထိုက်စွာ၏။ ပရတ္ထေ၊ သူတစ်ပါးအကျိုးကို။ သမ္ပာဒိတေပန၊ ကူညီခြင်းဖြင့် ပြည်စုံအပ်သည် ရှိသော်ကား။ သကတ္ထောစ၊ မိမိအကျိုးသည်လည်း။ သမ္ပန္နောဝနာမ၊ ပြီးပြည့်စုံသည်သာလျှင်မည်၏။

အနှစ်ချုပ်၍ဆိုရလျှင် သူတစ်ပါးအကျိုးကို ပြုလုပ်ဆောင်ရွက်သောသူမှာ မိမိအကျိုးဆိုသည် မရှိနိုင်ပေ။ မိမိအကျိုးကို ငဲ့ကွက်ရိုး ထုံးစံ မရှိပေ။ ဤသို့ ပညာရှိတို့ မိန့်ဆိုတော်မူသောကြောင့် သူတော်ကောင်းတို့သည် သူတစ်ပါးအကျိုးကိုသာ အမြဲမပြတ် ဆောင်ရွက်ကြကုန်၏။ သူတစ်ပါးအကျိုး ပြည့်စုံလျှင် မိမိအကျိုးလည်း ပြည့်စုံသည်မည်၏။ ဆိုလိုသည်မှာ ကိုယ်ကျိုးမဖက် အများအကျိုးဆောင်ရွက်နေသူသည် အများအကျိုး ပြီးပြည့်စုံလျှင် မိမိအကျိုးပြည့်စုံသလို ၀မ်းမြောက်ကြည်နူးရသည်သာ။ လောက၌ အလေးစားထိုက်ဆုံးသော ပုဂ္ဂိုလ်မှာ သူတစ်ပါးအကျိုးကို သယ်ပိုး ဆောင်ရွက်သော ပုဂ္ဂိုလ်ပင် ဖြစ်ပါ၏။ ဆရာတို့သည်လည်း အများအကျိုးကို ဆောင်ရွက်သော ပုဂ္ဂိုလ်များပင် ဖြစ်ကြပါ၏။ သူတစ်ပါးအကျိုးကို ဆောင်ရွက်သည့် အတိုင်းအတာ ကျယ်ပြန့်ကြီးမားလျှင် ကြီးမားသလောက် လေးစားမှုအတိုင်းအတာလည်း ကျယ်ပြန့် ကြီးမားပါသည်။ ကိုယ်ကျိုးစွန့်လျှက် သူတစ်ပါးအကျိုးကို သယ်ပိုး ဆောင်ရွက်သောသူသည် အလေးစား ထိုက်ဆုံး၊ အတော်ဆုံးဆြစ်သော ပါရမီရှင်ပင် ဖြစ်ပါ၏။ အများကို အလုပ်အကျွေးပြုရသော ၀န်တို့သည် မေတ္တာ တာဝန်ပင် ဖြစ်ပါ၏။ မေတ္တာဝန်သည် မလေး။ ပေါ့ပါးလျှက် ရှိ၏။ မေတ္တာဝန်ထမ်းများသည် အကျိုးအမြတ်ကို မမျှော်လင့်။ မေတ္တာဝန် ထမ်းရသည်ပင် ပျော်သည်။

သာသနာ့ဝန် ထမ်းကြရသော အာဇာနည် ပုဂ္ဂိုလ် ဆရာတို့ အဖို့လည်း မေတ္တာဝန်ထမ်းများ ဖြစ်ကြ၏။ ထိုဝန်ကို ထမ်းရ၍ မောပန်းခြင်း မရှိ။ မောပန်းရမှန်းလည်း မသိပေ။ မေတ္တာဝန် ထမ်းရသည်ပင် ဆုကြီးဆုမြတ် ဖြစ်နေသည်။ အချို့တပည့်တို့သည် ပညာတင့်၍ ဘ၀မြင့်လာသည် နှင့်အမျှ ပညာမာန ထောင်လွှားချင်ကြ၏။ ဆရာနှင့် ခြေရာချင်း တိုင်းချင်ကြ၏။ စာသင်ရာတွင် ပညာစမ်း သလိုမျိုး မေးတတ်သော တပည့်များလည်း ရှိတတ်သည်။ မည်သို့ပင် ဖြစ်ပါစေ၊ ဆရာသည် တပည့်များအပေါ် စိတ်မဆိုး၊ အာဃာတ မထားခဲ့ပေ။ ဆရာထက် လက်စောင်းထက်သော တပည့်များကို လိုလားစွာဖြင့် ထာဝရ ကြိုဆိုနေမည်သာ ဖြစ်ပါ၏။ ဆရာထက် တော်သော တတ်သော အတိဇာတ တပည့်တို့ များများပေါ်ပေါက် လာမှသာ လောကကြီး သာသနာတော်ကြီးသည် ယခုထက်ပိုမို၍ တိုးတက် ထွန်းကားလာမည် ဆိုသည် ကိုလည်း ဆရာက နားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။

ဆရာ၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ထုတ်တင်ပြရလျှင် ကုန်နိုင်ဖွယ် မမြင်။ ထို့ကြောင့်ပင် “အာစရိယ ဂုဏော အနန္တော” ဟု အနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘတို့နှင့် တစ်တန်းစားတည်းထားကာ ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္စ န္တ မန္တရံ။

သရီရံ ခဏ၀ိဒဒ္ဓံသီ၊ ကပ္ပ န္တဋ္ဌာယီနော ဂုဏာ။

(ဟိတောပဒေသ၊ မိတ္တလာဘ၊ ဂါထာ ၄၉)

သရီရဿစ၊ ခန္ဓာကိုယ်၏လည်းကောင်း။ ဂုဏာနဉ္စ၊ ခန္ဓာကိုယ်၌ တည်ရှိသော ဂုဏ်တော်တို့၏ လည်းကောင်း။ အန္တရံ၊ တစ်ခုနှင့် တစ်ခု ခြားနားခြင်းသည်။ အစ္စ န္တံ စင်စစ်။ ဒူရံ၊ ဝေးကွာလှ၏။ သရီရံ၊ ခန္ဓာကိုယ်သည်။ ခဏ၀ိဒဒ္ဓံသီ၊ နှစ်တစ်ရာအတွင်း တစ်ချိန်ချိန်၌ ပျက်စီးခြင်းသဘော ရှိ၏။ ဂုဏာ၊ သမ္ပတ္တိအဖုံဖုံ ဂုဏ်တော်အစုံတို့သည်ကား။ ကပ္ပ န္တဋ္ဌာယိနော၊ ကမ္ဘာဆုံးသည့်တိုင်အောင် ရှိကြကုန်လတ္တံ့။

“အရှည်မကြာ၊ ကိုယ်ခန္ဓာကား၊ တစ်ရာအနှစ်၊ ကိုယ်၌ဖြစ်သား၊ ပြန်စစ်နှိုင်းလျော်၊ ကျေးဇူးသော်မှ၊ ကျူးကျော်ကုန်ခမ်း၊ ကမ္ဘာကျွမ်းလည်း၊ ဥဒါန်းမကျေ၊ လူ့ပြည်နတ်ရပ်၊ ပဲ့တင်ထပ်လိမ့်။”

(၀ိဓူရပျို့)

ဆရာတို့၏ ကိုယ်ခန္ဓာကား အနှစ်တစ်ရာအတွင်း တစ်ချိန်ချိန်၌ ပျက်စီး ချုပ်ငြိမ်းသွားနိုင်၏။ သို့သော် ဆရာတို့၏ အနန္တ ဂုဏ်ကျေးဇူးတော်တို့ကား ကမ္ဘာ ပျက်သည့်တိုင်အောင် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ လောကတွင် ကျေးဇူးတရားကို သိသူရှား၏။ ထို့ထက် သိသောကျေးဇူးကို ထုတ်ဖော် ပြောဆိုသူ ရှား၏။ ထို့ထက် ကျေးဇူးတရားကို တုန့်ပြန် ပေးဆပ်နိုင်သူသည် အရှားဆုံးပင် ဖြစ်၏ဟု ပညာရှိတို့ မိန့်ဆိုတော် မူခဲ့ကြသည်။

မိမိသည် ဆရာ့ထံတွင် အထူးထူးသော စာပေကျမ်းဂန်တို့ကို လေ့လာဆည်းပူး သင်ယူခဲ့သည်မှာ အကြာကြီး ကြာခဲ့ပေပြီ။ ဆရာ့ခြေရင်းတွင် နေထိုင်ကာ ကြားနာ မှတ်သားခဲ့ရသော အဆုံးအမများသည်လည်း မိမိ နှလုံးသားတွင် ထာဝစဉ် စွဲထင်လျက် ရှိပေပြီ။ သို့သော် ဆရာ့ကျေးဇူးကို သိကားသိ၏။ ထုတ်ဖော် ပြောဆိုခြင်း၊ တုန့်ပြန် ကျေးဇူဆပ်ခြင်း မပြုနိုင်ခဲ့ပေ။ မိမိသည် ဤဆောင်းပါးဖြင့် ဆရာ့ဂုဏ်ကျေးဇူးတော်တို့ကို တစ်စိတ် တစ်ဒေသ ထုတ်ဖော်တင်ပြ၍ ဆရာ့ဂုဏ်ကို အာရုံပြုပြီး၊ ဦးနှိမ်မာန်လျှော့ကာ ကန်တော့လိုက်ပါ၏။ ဆရာ့ကျေးဖူးကို တုန့်ပြန် မဆပ်နိုင်သော်ငြားလည်း ဤသို့ ဆရာ့ဂုဏ်ကျေးဇူးတော်တို့ကို ထုတ်ဖော် ရေးသားပြခြင်းကြောင့် ဆရာ၏ ကြီးမားလှသော အနန္တကျေးဇူးတော်တို့မှ မြူတစ်မှုန်စာမျှ ကျေသည်ဆိုလျှင်ပင် မိမိဘ၀ တစ်သက်တာတွင် ကြည်နူးကျေနပ်စွာဖြင့် ထာဝရ ၀မ်းမြောက်နေမည်သာ ဖြစ်ပါသတည်း။

(သင်ဆရာ မြင်ဆရာအားလုံးကို ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါသည်။)

ဦးဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)

Tuesday, March 2, 2010

မေတ္တာစိတ်ထား၍ မေတ္တာပို့ကြရအောင် (လက်တွေ့ မေတ္တာ ဘာဝနာ ပွါးခြင်း)

(၁)မိမိကိုယ်ကို မေတ္တာပို့နည်း

အဟံ=(အကျွနုပ်သည်)
(က) အဝေရော ဟောမိ=( ဘေးရန်ကင်းပါစေ)
(ခ) အဗျာပဇ္ဇော ဟောမိ=( စိတ်ဆင်းရဲခြင်းကင်းပါစေ)
(ဂ) အနီဃော ဟောမိ=( ကိုယ်ဆင်းရဲခြင်းကင်းပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရာမိ=( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ )
(င)ဒုက္ခာမုစ္စာမိ=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆာမိ=( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ပါစေ)
(ဆ)ကမ္မဿကော=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏)

အနက်မြန်မာပြန် အနေနှင့် ဤသို့မေတ္တာ ပို့ရပါ၏။

(က) အကျွနုပ်သည် ဘေးရန်ကင်းပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းပါစေ
(ဃ)ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ပါစေ
(ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၂)မိဘ အဖေ အမေတို့ကို မေတ္တာပို့နည်း

မမ မာတာပိတာ=(အကျွနုပ်၏ မိဘ အမေ အဖေတို့သည်)
(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့မေတ္တာ ပို့ရပါ၏။

(က) ငါ၏မိဘများသည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၃)ဆရာများကို မေတ္တာပို့နည်း

မမ အာစရိယာ=(အကျွနုပ်၏ ဆရာ အားလုံးတို့သည်)
(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့မေတ္တာ ပို့ရပါ၏။

(က) ငါ၏ဆရာများသည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၄)ဆွေမျိုး မိတ်ဆွေများကို မေတ္တာပို့နည်း

မမ ဉာတိမိတ္တသင်္ဂဟာ=(အကျွနုပ်၏ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အားလုံးတို့သည်)
(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့မေတ္တာ ပို့ရပါ၏။

(က) ငါ၏ဆွေမျိုး မိတ်ဆွေများသည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်က်ြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၅)မိမိ အချစ်ဆုံးသူများကို မေတ္တာပို့နည်း

မမ ပိယာ=(အကျွနုပ်၏ အချစ်ဆုံးသောသူ အားလုံးတို့သည်)
(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့မေတ္တာ ပို့ရပါ၏။

(က) ငါ၏ အချစ်ဆုံးသူများသည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ (စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်က်ြပါစေ
(ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၆)မိမိ ရန်သူများကို မေတ္တာပို့နည်း

မမ ဝေရီ=(အကျွနုပ်၏ ရန်သူ အားလုံးတို့သည်)
(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ).
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့မေတ္တာ ပို့ရပါ၏။

(က) ငါ၏ ရန်သူများသည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်က်ြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၇)မိမိနေထိုင်သော ကျောင်းနေရာ အရပ်ကို မေတ္တာပို့နည်း

ဣမသ္မိံဝိဟာရေ =(ဤကျောင်း၌)
ဣမသ္မိံအာဝါသေ =(ဤနေရာ၌)
ဣမသ္မိံအာရာမေ =(ဤအရာမ် ခြံဝင်း၌)
ဣမာယ ဥပစာယ သီိမာယ=(ဤကျောင်းဥပစာ ၀င်းအတွင်း၌ မှီတင်း နေထိုင်ကြကုန်သော)

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)
သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု
သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)
သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)
သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)
သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)
သဗ္ဗေ မနုဿာ=(လူသား အားလုံး)
သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး၊ တနည်း အပါယ်ဘုံသား အားလုံး)

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(က) ဤကျောင်းတိုက်အတွင်း၌ နေထိုင် သီတင်းသုံးကြသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၈)မိမိ ဆွမ်းခံရွာ ဆွမ်းဒကာ ဒကာမများကို မေတ္တာပို့နည်း

အမှာကံ ဂေါစရ ဂါမေ=(အကျွနုပ်တို့၏ ဆွမ်းခံရွာ၌)
ဣမသ္မိံဂါမေ =(ဤရွာ၌)
ဣမသ္မိံဂါမခေတ္တေ =(ဤရွာ၏ နယ်နိမိတ်အတွင်း၌)
ဣမာယ ဂါမ ဥပစာယ သီိမာယ=(ဤရွာ၏ ဥပစာ ၀င်း အတွင်း၌ မှီတင်း နေထိုင်ကြကုန်သော)

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)
သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု
သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)
သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)
သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး) သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)
သဗ္ဗေ မနုဿာ=(လူသား အားလုံး)
သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(က) ဤမြို့ရွာအတွင်း၌ နေထိုင်ကြကုန်သော ဆွမ်းဒကာ ဒကာမ အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။ (င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၉) မိဘ ဆရာ ဆွေမျိုး မိတ်ဆွေ သူတော်ကောင်း ဆွမ်းဒကာ ဒကာမ အပေါင်းတို့ကို စုပေါင်း၍ မေတ္တာပို့နည်း

မာတာပိတု အာစရိယာ=(မိဘ ဆရာ အားလုံး)
ဉာတိမိတ္တ သမူဟာ =(ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အားလုံး)
ဥပါသကာ ဥပါသကီ =(သူတော်စင် ယောဂီ အားလုံး)
အမှာကံ စတုပစ္စယ ဒါယကာ ဒါယကီ=(ပစ္စည်း(၄)ပါး လှူဒါန်းကြသော ဒကာ ဒကာမ အားလုံး)

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(က) မိဘ ဆရာ ဆွေမျိုး မိတ်ဆွေ သူတော်ကောင်း ဆွမ်းဒကာ ဒကာမ အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၁၀) မိမိတို့ကို စောင့်ရှာက်ကြကုန်သော နတ်အပေါင်းတို့အား မေတ္တာပို့နည်း

ဘုမ္မတ္ထ ဒေ၀တာ=(ဘုမ္မစိုရ်း=မြေစောင့်နတ် အားလုံး)
ရုက္ခဿ ဒေ၀တာ=( ရုက္ခစိုရ်း=သစ်ပင်စောင့်နတ် အားလုံး)
အာကာသဋ္ဌ ဒေ၀တာ=(အာကာသစိုရ်း=ကောင်းကင်စောင့်နတ် အားလုံး)
အာရက္ခ ဒေ၀တာ=(အစောင်းအရှောက်နတ်အားလုံး)
အမှာကံ အာရက္ခ ဒေ၀တာ=(အကျွနုပ်တို့ကို စောင့်ရှောက်ကြသော နတ်အားလုံး)

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(က) ဘုမ္မစိုရ်းနတ် ရုက္ခစိုရ်းနတ် အာကာသစိုရ်းနတ် မိမိတို့ကို စောင့်ရှောက်ကြသော အလုံးစုံသော နတ်အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၁၁) ဘုံ(၉)ပါး အတွင်း၌ ကျင်လည်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ကာမ ဘဝေ=(ကာမဘုံ )
ရူပ ဘဝေ=(ရူပဘုံ)ု
အရူပ ဘဝေ=(အရူပဘုံ)
သညီ ဘဝေ=(သညာရှိသောဘုံ)
အသညီ ဘဝေ=(သညာမရှိသောဘုံ)
နေ၀သညီ နာသညီ ဘဝေ =(သညာ ရှိသည်လည်း မဟုတ်၊ သညာ မရှိသည်လည်း မဟုတ်သော ဘုံ )
ပဉ္စဝေါကာရ ဘဝေ=(ခန္ဓာ(၅)ပါး ရှိသော ဘုံ)
စတုဝေါကာရ ဘဝေ=(ခန္ဓာ(၄)ပါး ရှိသော ဘုံ)
ဧကဝေါကာရ ဘဝေ=(ခန္ဓာ(၁)ပါး ရှိသော ဘုံ)
အပ္ပဒ=(အခြေ မရှိသော )
ဒွိပဒ=(ခြေ(၂)ချောင်းရှိသော)
စတုပ္ပဒ=(ခြေ(၄)ချောင်းရှိသော)
ဗဟုပ္ပဒ=(ခြေများစွာ ရှိသော)
သန္တေဒဇ=( သန္တေဒဇ ပဋိသန္ဓေဖြင့် မွေးဖွါးကြကုန်သော)
သြပပါတိက=( သြပပါတိက ပဋိသန္ဓေဖြင့် မွေးဖွါးကြကုန်သော)
ဇလာဗုဇ=( ဇလာဗုဇ ပဋိသန္ဓေဖြင့် မွေးဖွါးကြကုန်သော)
အဏ္ဍဇ=( အဏ္ဍဇ ပဋိသန္ဓေဖြင့် မွေးဖွါးကြကုန်သော)
ကာမ ပဋိသန္ဓိကာ=(ကာမဘုံ၌ ပဋိသန္ဓေနေ မွေးဖွါးကြကုန်သော)
ရုပ ပဋိသန္ဓိကာ=(ရူပဘုံ၌ ပဋိသန္ဓေနေ မွေးဖွါးကြကုန်သော)
အရုပ ပဋိသန္ဓိကာ=(အရူပဘုံ၌ ပဋိသန္ဓေနေ မွေးဖွါးကြကုန်သော)
ဒွိဟေတုက ပဋိသန္ဓိကာ=(ဒွိဟိတ် ပဋိသန္ဓေနေ မွေးဖွါးကြကုန်သော)
တိဟေတုက ပဋိသန္ဓိကာ=( တိဟိတ် ပဋိသန္ဓေနေ မွေးဖွါးကြကုန်သော)
ရူပုပကာ=(ရူပက္ခန္ဓာ ထင်ရှားရှိကြကုန်သော)
ဝေဒနုပကာ=(ဝေဒနက္ခန္ဓာ ထင်ရှားရှိကြကုန်သော)
သညုပကာ=(သညက္ခန္ဓာ ထင်ရှားရှိကြကုန်သော)
သင်္ခါရုပကာ=(သင်္ခါရက္ခန္ဓာ ထင်ရှားရှိကြကုန်သော)
ဝိညာနုပကာ=(၀ိညာနက္ခန္ဓာ ထင်ရှားရှိကြကုန်သော)

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)
သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု
သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)
သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)
သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)
သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)
သဗ္ဗေ မနုဿာ=(လူသား အားလုံး)
သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက် မြန်မာပြန်အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(က) ဘုံ(၉)ပါးအတွင်း၌ ကျင်လည် နေထိုင်းကြသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ (ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။ (င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၁၂) ခေတ်(၃)ပါး အတွင်း၌ ကျင်လည် နေထိုင်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ဇာတိခေတ္တေ စက္က၀ါဠေ (ဇာတိခေတ် ဖြစ်သော တစ်သောင်းသော လောကဓါတ် စကြာဝဠာ အတွင်း၌ နေထိုင်ကြကုန်သော )
အာဏာခေတ္တေ စက္က၀ါဠေ (အာဏာခေတ် ဖြစ်သော ကုဋေ တစ်သိန်းသော စကြာဝဠာ အတွင်း၌ နေထိုင်ကြကုန်သော )
ဝိသယခေတ္တေ စက္က၀ါဠေ (၀ိသယခေတ် ဖြစ်သော မရေမတွက်နိုင်အောင် များပြားသော စကြာဝဠာ အတွင်း၌ နေထိုင်ကြကုန်သော )

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုးံ)
သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု
သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)
သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)
သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)
သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)
သဗ္ဗေ မနုဿာ=(လူသား အားလုံး)
သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန် အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(က) ခေတ် (၃)ပါးအတွင်း၌ ကျင်လည် နေထိုင်းကြသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၁၃) အရပ် (၁၀) မျက်နှာ အတွင်း၌ နေထိုင် ကျင်လည်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ပုရတ္ထိမာယ ဒိသာယ=(အရှေ့အရပ် ၌ရှိသော)
ပစ္ဆိမာယ ဒိသာယ=(အနောက် အရပ် ၌ရှိသော)
ဥတ္တရာယ ဒိသာယ=(မြောက် အရပ် ၌ရှိသော)
ဒက္ခိဏာယ ဒိသာယ=(တောင် အရပ် ၌ရှိသော)
ပုရတ္ထိမာယ အနုဒိသာယ=(အရှေ့တောင် အရပ်၌ ရှိသော)
ပစ္ဆိမာယ အနုဒိသာယ=(အနောက် မြောက်အရပ် ၌ရှိသော)
ဥတ္တရာယ အနုဒိသာယ=(အရှေ့မြောက် အရပ် ၌ရှိသော)
ဒက္ခိဏာယ အနုဒိသာယ=(အနောက်တောင် အရပ် ၌ရှိသော)
ဟေဋ္ဌိမာယ ဒိသာယ=(အောက် အရပ် ၌ရှိသော)
ဥပရိမာယ ဒိသာယ=(အထက် အရပ် ၌ရှိသော)

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)
သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)
သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု
သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)
သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)
သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)
သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)
သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)
သဗ္ဗေ မနုဿာ=(လူသား အားလုံး)
သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )
(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)
(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)
(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

အနက်မြန်မာပြန်အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(က) အရပ် (၁၀) မျပ်နှာ အတွင်း၌ ကျင်လည် နေထိုင်ကြသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့သည် ဘေးရန်ကင်းကြပါစေ
(ခ) စိတ်ဆင်းရဲခြင်းကင်းကြပါစေ
(ဂ) ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ ။
(င)ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ
(စ)ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ (ဆ)ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။

(၁၄) ကုန်းနေ၊ ရေနေ၊ လေနေ ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

(1)ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)
အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)
သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)
ယေသတ္တာ ပထ၀ီစရာ=( နေထိုင်ကြသော ကုန်းနေ သတ္တ၀ါ အပေါင်းတို့သည်)
အဗျာပဇ္ဖာ=( ဘေးရန် ကင်းကြပါစေ)
နိဝေရာစ=( ရောဂါ ကင်းကြပါစေ)
နိဒုက္ခာစ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ)
နုပ္ပဒ္ဒ၀ါ=( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

(2)ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)
အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)
သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)
ယေသတ္တာ ဥဒကေစရာ=( နေထိုင်ကြသော ရေနေ သတ္တ၀ါ အပေါင်းတို့သည်)
အဗျာပဇ္ဖာ=( ဘေးရန် ကင်းကြပါစေ)
နိဝေရာစ=( ရောဂါ ကင်းကြပါစေ)
နိဒုက္ခာစ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ)
နုပ္ပဒ္ဒ၀ါ=( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

(3)ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)
အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)
သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)
ယေသတ္တာ အာကာသေစရာ=( နေထိုင်ကြသော လေနေ သတ္တ၀ါ အပေါင်းတို့သည်)
အဗျာပဇ္ဖာ=( ဘေးရန် ကင်းကြပါစေ)
နိဝေရာစ=( ရောဂါ ကင်းကြပါစေ)
နိဒုက္ခာစ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ)
နုပ္ပဒ္ဒ၀ါ=( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

အနက်မြန်မာပြန် အနေနှင့် ဤသို့ မေတ္တာ ပို့ရပါ၏။

(၁) အထက်ဘ၀ဂ် အောက် အ၀ီစိ အနန္တ စကြာဝဠာ အတွင်း၌ နေထိုင်ကြသော ကုန်းနေ သတ္တ၀ါ အပေါင်းတို့သည် ဘေးရန် ကင်းကြပါစေ ရောဂါ ကင်းကြပါစေ ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။
(၂) အထက်ဘ၀ဂ် အောက် အ၀ီစိ အနန္တ စကြာဝဠာ အတွင်း၌ နေထိုင်ကြသော ရေနေ သတ္တ၀ါ အပေါင်းတို့သည် ဘေးရန် ကင်းကြပါစေ ရောဂါ ကင်းကြပါစေ ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။
(၃) အထက်ဘ၀ဂ် အောက် အ၀ီစိ အနန္တ စကြာဝဠာ အတွင်း၌ နေထိုင်ကြသော လေနေ သတ္တ၀ါ အပေါင်းတို့သည် ဘေးရန် ကင်းကြပါစေ ရောဂါ ကင်းကြပါစေ ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။
မေတ္တာပို့ ပါဠိ အနက် မြန်မာပြန် ပြီး၏။

မှတ်ချက်။ ။ ဤမေတ္တာပို့နည်းသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက နေ့စဉ် နှုတ်တိုက် အာဂုံ ရွတ်ဆို ဘုရားရှိခိုးရင်း ရရှိခဲ့သော ရှေးဆရာစဉ်ဆက် ဆင်းသက် လက်ဆင့်ကမ်းလာသည့် မေတ္တာပို့နည်း ဖြစ်ပါ၏။ မဟာစည် ဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်း နှင့် တူ၏။ သို့သော် မိမိတို့၏ ဆရာစဉ်ဆက်နည်းသည် ပို၍ များပြီး၊ ပို၍ ပြည့်စုံပါသည်။

ယခုအခါ နိုင်ငံတကာတွင် ခေတ်စားနေပြီး၊ ဘာသာပေါင်းများစွာ ပြန်ဆိုထားသော မလေးရှားမှ ဒကာမလေး( Imee Ooi)ရွတ်ဆို ပူဇော်ထားသည့် မေတ္တာပို့နည်းသည်လည်း မဟာစည် ဆရာတော်ဘုရားကြီး၏ နည်းပင် ဖြစ်ပါ၏။ ထိုမေတ္တာပို့နည်းကိုလည်း Blog post တစ်ခု ရေးတင်ပါဦးမည်။ ပါဠိ မြန်မာ အင်္ဂလိပ် တရုတ်ဘာသာ ပေါင်းစုံတို့ဖြင့် ပြန်ဆိုထားသည်များလည်း ပါဝင်မည် ဖြစ်ပါသည်။ စာရေးသူ ရန်ကုန် တာမွေ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်စဉ်က မိမိသင်ကြာပေးးနေသော Sunday School ကလေးများနှင့် ဤမဟာစည် ဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်း အပါအ၀င် “ယဉ်ကျေးလိမ္မာ ကလေးကဗျာ နှင့် ပုံပြင်များ” အမည်ဖြင့် ယင်းမာ တေးသံသွင်းမှ ကိုအောင်အောင်က ဦးဆောင်လျှက် ဒါရိုက်တာ မောင်ရွှေစွန်က ရိုက်ကူးကာ VCD တစ်ခွေ ဖြန့်ချီခဲ့ဘူးပါသည်။ ယင်းမာတေးသံသွင်းမှ ယင်းအခွေကို သာသနာရေးဋ္ဌာနများ၊ တောင်တန်း သာသနာပြုဋ္ဌာနများသို့ အခွေပေါင်းများစွာ ဓမ္မဒါန လှူဒါန်းခဲ့ပါ၏။

ဝမ်းမြောက်ဖွယ် သတင်းမှာ ထိုအခွေ တစ်ခွေလုံးကိုသော်၎င်း၊ အပိုင်းပိုင်းဖြင့်သော်၎င်း၊ အင်တာနက်ပေါ်တွင် ကြည့်ရှု နားဆင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ကြည့်ရှု နားဆင်နိုင်သော ၀က်ဆိုက်များမှာ…

၁။http://www.burmeseclaassic.com/
၂။www.youtube.com
၃။http://www.yatanavasatemple.ning.com/
၎။http://www.theravadamyanmartemple.ning.com/
၅။www.lovelyworld-uk.ning.com
၆။www.problemclean.ning.com
၇။www.foreverfriend.ning.com
၈။http://yatanavasa.blogsport.com/

ဦးဥက္ကံသ M.A.(Buddhism)