Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, March 5, 2017

ထိုင်ဝမ်၊ ရတနာဝါသကျောင်း၊ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် ဖိတ်ကြားလွှာ

ထိုင်ဝမ်၊ ရတနာဝါသကျောင်း၊ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြစေရန်၊ ဘေးအန္တရာယ်အပေါင်း၊ ရောဂါအပေါင်းတို့မှ ကင်းဝေး၍ ကျန်းမာ အသက်ရှည်စေရန် ကြွရောက်ပြီး အတူတကွ ကုသိုလ်ပြုလုပ်၍ ဆုတောင်းမေတ္တာပို့ကြရန် မေတ္တာ စေတနာရှေ့ထားကာ ဖိတ်ကြားအပ်ပါသည်။

Monday, April 18, 2016

ဘုရား၊ သိမ်၊ ကျောင်းလှူခြင်း၏ အကျိုးကြီးမြတ်ပုံ

 ဘုရား၊ သိမ်၊ ကျောင်းလှူခြင်း၏ အကျိုးကြီးမြတ်ပုံ
လေးမျိုးသောအလှူ
သဒ္ဓါကဲချွန်၊ ကျောင်းလှူမွန်ကား
အားခွန်ဗလ၊ အဆင်းလှနှင့်
သုခချမ်းသာ၊ မျက်စိပါလျှင်
လေးဖြာလှူမျိုး၊ မော်ကွန်းထိုးသည်
အကျိုးနိဗ္ဗာန်တိုင်အောင်တည်း။ ။


နတ်သားမေး၍ ဘုရားဖြေ
၁။ ‘အား’ကို ပေးလိုလျှင် ‘ထမင်းစသော အာဟာရ’ကို ပေးလှူရမည်။
၂။ ‘အဆင်းလှ’ကို ပေးလိုလျှင် ‘အ၀တ်အထည’်ကို ပေးလှူရမည်။
၃။ ‘သုခ ချမ်းသာ’ကို ပေးလိုလျှင် ‘ထီး၊ ဘိနပ်စသော ယာဉ်’ကို ပေးလှူရမည်။
၎။ ‘မျက်စိ’ကို ပေးလိုလျှင် ‘ဆီမီးစသော အလင်းရောင်’ကို ပေးလှူရမည်။
၅။ ‘လေးမျိုးလုံးကို ’ စုပေါင်း၍ ပေးလိုလျှင် ‘ကျောင်း’ကို ပေးလှူရမည်။
ကျောင်းလှူခြင်းသည် အင်အား၊ အဆင်း၊ ချမ်းသာခြင်းနှင့် မျက်စိ (၄)မျိုးလုံးကို လှူသည်မည်ပါ၏။
နတ်သားမမေးသော်လည်း မြတ်ဗုဒ္ဓ ဖြေလိုက်သော အဖြေတစ်ခုကား တရားကို ဟောပြောပြသသူ၊ တရားစာအုပ်များကို ဓမ္မဒါနလှူသူ၊ တရားနာသူတို့သည် နိဗ္ဗာန်ကို ပေးလှူသည်မည်ပါ၏။ (ကိ`ံဒဒသုတ်၊ သဂါထာ၊ သံ၊ ပါ၊၂၉။ ဋ္ဌ၊ ၇၈။)

ကုသိုလ် အမြဲတိုးပွါးသော အလှူ(၆)မျိုး
 ဘယ်ပုဂ္ဂိုလ်မျိုး၊ ကုသိုလ်တိုး၊ နောင်ကျိုး နတ်ပြည် ရောက်ရသနည်း။
 သီးပွင့် ဥယျာဉ်၊ ရိပ်ခိုပင်နှင့်၊ ရေချမ်းစင်အိုး၊ တံတားထိုးလော့၊ သောက်ချိုး တွင်း ကန်၊ ကျောင်းဆောက်ဟန်တည့်၊ ခြောက်တန် ပုဂ္ဂိုလ်၊ ပွါးကုသိုလ်၊ ထိုထိုနတ်ပြည် ရောက်ရသည်။ (၀နရောပသုတ်၊ သဂါထာ၊ သံ၊ ပါ၊ ၃၀။ ဋ္ဌ၊ ၈၃။)

နတ်သား….
အဘယ်ပုဂ္ဂိုလ်မျိုးသည် နေ့ညမပြတ် ကုသိုလ်တိုးပွါးနေ၍ သေလွန်သောအခါ နတ်ပြည်သို့ ရောက်ရသနည်း။?
 မြတ်စွာဘုရား……
၁။သစ်သီးပင် ပန်းပင် ဥယျာဉ် အာရာမ် စိုက်ပျိုး လှူဒါန်းသူ၊
၂။အရိပ်ခိုစရာ သစ်ပင်ကြီးမျိုး စိုက်ပျိုး လှူဒါန်းသူ၊
၃။သောက်ရေချမ်းစဉ် တည်ဆောက် လှူဒါန်းသူ၊
၎။လမ်းပြင် လမ်းဖောက် တံတား ဆောက်လုပ် လှူဒါန်းသူ၊
၅။သောက်ရေ၊ ချိုးရေ၊ သုံးဆောင်ရေအတွက် ရေတွင်းရေကန် တူးဖော် လှူဒါန်းသူ၊
၆။ ဘုရားကျောင်း ဗိမာန် ဆောက်လုပ် လှူဒါန်းသူ၊
ဤအလှူရှင်ပုဂ္ဂိုလ် (၆)မျိုးတို့သည် နေ့ညမပြတ် အမြဲတမ်း ကုသိုလ်တိုးပွါးနေ၍ သေလွန်သောအခါ နတ်ပြည်သို့ ရောက်ရသည်။
ဤသို့ဘုရားရှင်တော်မြတ် ဟောတော်မူခဲ့သောကြောင့် ဤမျှအကျိုးကြီးမားသော သာသနာပြု ကုသိုလ်ထူးကို လူတိုင်းကိုယ်စီ အရယူ၍ သာသနာပြုနိုင်ကြပါစေ ဟု နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

“ဘုရားဒကာ ဘုရားဒကာမ ၊ကျောင်းဒကာ ကျောင်းဒကာမ၊ သိမ်ဒကာ သိမ်ဒကာမအဖြစ် ခံယူကြရန်
တိုက်တွန်းလွှာ

ကျုံးလိမြို့၊ ရတနာဝါသ ဘုရားကျောင်းကို တည်ထောင် ဖွင့်လှစ်လာခဲ့သည်မှာ ယခုဆိုလျှင် (၇)နှစ်ပြည့်ခဲ့လေပြီ။ ရတနာဝါသ ဘုရားကျောင်းကို စတင် ထူထောာင်သည်မှစ၍ ယခုတိုင်အောင် အိမ်ခန်း ငှါးရမ်း၍သာ သာသနာပြုခဲ့ရပါသည်။ ယခုဆိုလျှင် ကျောင်းသစ်အတွက် သင့်တော်သော မြေနေရာ桃園市平鎮區貿中街51號(ယူနန်ဈေးအနီး)ကို ဝယ်ယူနိုင်ခဲ့ပါပြီ။ ထိုဝယ်ယူသော မြေနေရာတွင် အိမ်အဟောင်းတစ်လုံး ပါရှိ၏။ ထိုအိမ်ဟောင်းကို ဖျက်ကာ ကျောင်းအသစ်ကို မြန်မာမှုပုံစံဖြင့် ဆောက်လုပ်ပါမည်။ (၅)ထပ် အဆောက်အဦး ဖြစ်ပြီး၊ (၅)ထပ်မြောက်တွင် သိမ်သမုတ်ပါမည်။ အပေါ်ဆုံး ခေါင်မိုးထပ်တွင် (၉)တောင်ပြည့်ဘုရား ဣစ္ဆာသယ ဆုတောင်းပြည့် စေတီတော်ကို တည်ထား ကိုးကွယ်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရတနာဝါသ ဘုရားကျောင်းသစ် ဖြစ်မြောက်စေရန်၊ ဗုဒ္ဓဘာသာဝင်များ ဘာသာ သာသနာနှင့် မကင်းဝေးစေရန်၊ ဗုဒ္ဓဘာသာ မဟုတ်သူများ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စား သက်ဝင်ယုံကြည်လာစေရန်၊ ကျုံးလိမြို့ဝန်းကျင်မှသည် ထိုင်ဝမ်တစ်နိုင်ငံလုံးတွင် ဗုဒ္ဓဘာသာ သာသနာ ထွန်းကားပြန့်ပွါးပြီး၊ ထာဝရ တည်တံ့စေရန်အတွက် မိမိတို့ တတ်နိုင်သမျှ နည်းများမဆို ပါဝင်လှူဒါန်းပြီး အနုဂါမိကရွှေအိုး မြုပ်နှံ၍ ဘုရားဒကာ ဘုရားဒကာမ၊ သိမ်ဒကာ သိမ်ဒကာမ၊ ကျောင်းဒကာ ကျောင်းဒကာမများအဖြစ် ခံယူနိုင်ကြစေရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

နှစ်သစ်မှာ ဘေးအပေါင်း ရန်အပေါင်း အန္တရာယ်အပေါင်းမှ ကင်းဝေး၍ မင်္ဂလာအပေါင်းတို့ဖြင့် ပြည့်စုံကြပါစေ။ ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ဆထက်တိုးကာ လှူနိုင် တန်းနိုင် သာသနာပြုနိုင်ကြပါစေ။


နာယကဆရာတော်များနှင့် ရတနာဝါသဥပဋ္ဌာကအဖွဲ့

Wednesday, February 18, 2015

ရတနာဝါသကျောင်း တရားထိုင် အချိန်ဇယား 三寶寺 禪修作息表



三寶寺Yatanavasa Temple ရတနာဝါသကျောင်း
禪修作息表Meditation schedule table တရားထိုင် အချိန်ဇယား
(20.2.2015 - 23.2.2015)
04:30
起床  Rise  အိပ်ယာထ
04:30 - 5:00
行禪  Walking Meditation  စင်္ကြံလျှောက်
05:00 - 6:00 
                                        巴利文誦早果 Pali Chanting  ဘုရားရှိခိုး                              (5:30 - 6:00) 禪修 Sitting Meditation  တရားထိုင်
6:00 - 8:00
                                   早餐 服務道場 Breakfast & Veyyavcca                                 အရုဏ်ဆွမ်းစား၊ ဝေယျာဝစ္စဆောင်ရွက်
8:00 - 9:00
禪修 Sitting Meditation  တရားထိုင်
9:00 - 10:00
行禪 Walking Meditation  စင်္ကြံလျှောက်
10:00 - 11:00
禪修 Sitting Meditation  တရားထိုင်
11:00 - 12:00
午餐 Lunch  နေ့ဆွမ်းစား
12:00 - 1:30
午休息 Take a rest  အနားယူ
1:30 – 2:00
行禪 Walking Meditation  စင်္ကြံလျှောက်
2:00 -3:00
                                            禪修 Sitting Meditation  တရားထိုင်                                            (講經佛法 Dhamma Talk  ဓမ္မသြဝါဒ)
3:00 - 4:00
行禪 Walking Meditation  စင်္ကြံလျှောက်


4:00 - 5:00
禪修 Sitting Meditation  တရားထိုင်
5:00 - 6:00
                                 禪修報 Meditation Report  တရားလျှောက်                                                                 行禪 Walking Meditation  စင်္ကြံလျှောက်                    洗澡Take a bath ရေချိုး
6:00 - 7:00
                                           講經佛法 Dhamma Talk  ဓမ္မသြဝါဒ                                            (行禪 Walking Meditation  စင်္ကြံလျှောက် )
7:00 - 8:00
                                            巴利文誦早果 Pali Chanting  ဘုရားရှိခိုး                                         (禪修 Sitting Meditation  တရားထိုင်)
8:00 - 9:00
行禪 Walking Meditation  စင်္ကြံလျှောက်
9:00
休息 Take a rest  အနားယူ


Friday, March 7, 2014

သမ္မတကြီးပေးတဲ့ မွေးနေ့လက်ဆောင်အကောင်းဆုံးပဲတဲ့

သမ္မတကြီးပေးတဲ့ မွေးနေ့လက်ဆောင်အကောင်းဆုံးပဲတဲ့

မတ်လ (၂) ရက်နေ့က အင်းစိန်ရွာမကျောင်းတိုက်တွင် အမျိုးဘာသာသာ သနာစောင့်   ရှောက်ရေးအဖွဲ့ဗဟိုဥက္ကဋ္ဌဆရာ တော်အရှင်တိလောကဘိဝံသ၏ သက်တော် ၇၅ နှစ်ပြည့်စိန်ရတု ၀ိဇာတကုသိုလ်တော်မင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆရာတော်အရှင်တိလောကာဘိဝံ သ၏အတ္ထုပ္ပတ်္တိအားမဇ္ဈိမဂုဏ်ရည် ဆရာတော်မှဖတ်ကြားရာ “န၀တ အစိုးရလက်ထက်တုန်းက ဆရာ တော်ဘုရားဟာတပည့်တွေကို နိုင်ငံရေးကိစ္စမလုပ်ခိုင်းသလို ဆရာတော်ဘုရားကိုယ်တိုင်လည်း အဲဒါမျိုးတွေမလုပ်ပါဘူး။ ဒါပေမဲ့ ဆရာတော်ဘုရားဟာဝဋ်ကြွေး ကံကြမ္မာမလွတ်သာတဲ့အခါမလျော် ရာနေရာကိုရောက်ခဲ့ရတယ်။ အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အတွက် ဆရာတော်ဘုရားရဲ့ မေတ္တာရပ်ခံချက်နဲ့ လက်မှတ်ထိုး ချက်တွေ နိုင်ငံတော်သမ္မတကြီး ဆီကိုပို့ပေးလိုက်တယ်။ ၂၅ ရက် နေ့မှာ နိုင်ငံတော်သမ္မတရုံးကနေ ပြီး အမျိုးစောင့်ဥပဒေကိုလွှတ်တော် နာယကကြီးဆီပို့လိုက်တဲ့စာမူရင်း ဆရာတော်ထံသမ်္မတရုံးက ဆပ်ကပ်ခဲ့တယ်။ အဲဒါကို ဆရာ တော်ဘုရားကအားလုံးပေးတဲ့ မွေးနေ့လက်ဆောင်ထဲမှာ သမ်္မတ ကြီးပေးတဲ့ ဒီမွေးနေ့လက်ဆောင် က အကောင်းဆုံးပဲလို့မိန့်ကြား တယ်”ဟု ထည့်သွင်းမိန့်ကြားခဲ့ သည်။

လွှတ်တော်နာယကကြီး ဦးရွှေမန်းနှင့် တာဝန်ရှိသူများ အစည်းအဝေးထိုင်ပြီးအမျိုးစောင့် ဥပဒေသည်နူးညံ့သိမ်မွေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဥပဒေ ကြမ်းရေးဆွဲပြီးမှ လွှတ်တော်တင် ရန်သမ္မတကြီးဆီသို့ပို့သည့်စာအား ဆရာတော်ဘုရားထံဖေဖော်ဝါရီ ၂၇ ရက်တွင် သမ်္မတရုံးမှဆက်ကပ် ခဲ့ကြောင်း၊ ယခုဒေါ်အောင်ဆန်း စုကြည်တက်ရောက်သည်ကို ဆရာတော်ဘုရားများအနေဖြင့် အဖိုးမဖြတ်နိုင်သည့်မွေးနေ့လက် ဆောင်အဖြစ်ခံယူထားကြောင်း၊ ဆရာတော်ဘုရား၏ ၇၆ နှစ်ပြည့် စိန်ရတုအလွန်မွေးနေ့တွင်လည်း သာသနာရေးဝန်ကြီးဦးဆန်းဆင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ ဗုဒ္ဓ ဘာသာဝင်များအတွက် တကယ် လိုအပ်သည့်အဆိုပါဥပဒေကိုမွေး နေ့လက်အောင်အဖြစ်ပေးစေချင် ကြောင်း မဇ္ဈိမဂုဏ်ရည်ဆရာတော် ကမိန့်ကြားသည်။

ယင်းအခမ်းအနားသို့သာသနာ ရေးဝန်ကြီးဦးဆန်းဆင့်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့တက် ရောက်ခဲ့ကြသည်။
From: HOT NEWS

Monday, June 11, 2012

ဝမ်းမြောက်နုမော် သာဓုခေါ်ဖွယ်ရာ

ထေရဝါဒ ပြည်ပသာသနာ ဝမ်းမြောက်ဖွယ်ရာ သတင်းလွှာ 
 ဝိပဿနာကမ္မဋ္ဌာန်း (၁ဝ)ရက် တရားစခန်းပွဲ။ ။
ထိုင်ဝမ်၊ ထိုင်ပေမြို့သစ်မြို့နယ်၊ စန်းရှာမြို့၊ မဟာထေရကဿပရိပ်သာ တရုတ်မြန်မာကျောင်းတွင် ရန်ကုန် မဟာစည် သာသနာ့ရိပ်သာကြီး၏ သြဝါဒါစရိယ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ ဆရာတော် ဘဒ္ဒန္တဇဋိလက (၁၃.၆.၂ဝ၁၂ မှ ၂၃.၆.၂ဝ၁၂ အထိ) (၁ဝ)ရက်တိုင်တိုင် ဝိပဿနာကမ္မဋ္ဌာန်း (၁ဝ)ရက် တရားစခန်းပွဲကို တရုတ်မြန်မာ ယောဂီ (၃ဝ)ဦးဖြင့် စတင်ကာ ကျင်းပမှာ ဖြစ်ပါတယ်။

လစဉ်လတိုင်း၏ နောက်ဆုံး(၁ဝ)ရက်ကို တရားစခန်းရက်အဖြစ် သတ်မှတ်ကာ တရားစခန်းကို ဆက်လက်ကာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ တရုတ်ယောဂီရော မြန်မာယောဂီများမပါ (မည်သည့်နိုင်ငံသားမဆို) စိတ်ပါ ဝင်စားသူတိုင်း မြတ်ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်သော ဝိပဿနာ တရားတော်ကို လာရောက်ကာ   လေ့လာရှုပွါးနိုင်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

 မဟာထေရကဿပ ရိပ်သာ၏ သမိုင်းအစ။ ။
ဤရိပ်သာကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိချင်လျှင် ထိုင်ဝမ်ဆရာတော်၏ မင်္ဂလာစာစောင်ပါ နှိုးဆော်တိုက်တွန်းလွှာကို လေ့လာကြည့်ပါဦး။ 
 
အိုသူတော်ကောင်းအပေါင်းတို့---------
ထိုင်ဝမ်ပြည်ပသာသနာပြုကျောင်းကိုတရုတ်မြန်မာဒကာဒကာမများဖြင့်1986ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်၊၂၅နှစ်ကျော်ခဲ့ပါပြီယခုအခါပြည်ပထွက်သူမြန်မာများအပြီးပြန်လာသူများအလွန်များပြားလာသည့်အတွက် 2006ခုနှစ်မှစပြီးကျောင်းသစ်ဖြစ်မြောက်ရေး  မြေရှာ၍ ကျောင်း ဆောက်ရန် ကြိုးပမ်းလာခဲ့ရာ မြေဈေးအိမ်ဈေးများအဆမတန်ကြီးမြင့်နေသဖြင့်အချိန်ဆိုင်း၍့နေခဲရ ပါသည်။ ယခုအခါထိုင်ဝမ်တရုတ်မြန်မာဘုရားကျောင်းသစ်ကိုရှင်းထိုင်ပေ စန်းရှာမြို့ စန်းရှာတောင် ပေါ်တွင် တရုတ်ဘုန်းတော်ကြီးပိုင်ဆောက်လုပ်ပြီးပုံစံပါကျောင်းးဆောင်များအပါအဝင်မြေ (3137.8) ရှိသော  ကျောင်းမြေကို ထိုင်ဝမ်တရုတ်မြန်မာဘုရားကျောင်းဆရာတော်များနှင့်တရုတ်မြန်မာထေရဝါဒဗုဒ္ဓဘာသာဝင် အသင်းသူအသင်းသား ဒကာဒကာမများက ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ပြန့် ပွား တိုးတက်ဆောင်ရွက်နှိုင်စေရန်
ကျေးဇူရှင် သာသနာ့ မိခင်ကြီး ဒေါ်စန်းရီ နှင့်  ဒေါက်တာ ဒေါ်ခင်ခင်ရီ မိသားစု (ရှိုင်းဟုတ်ကုမ္ပဏီ)မှ (ထိုင်ဝမ် NT $ (485) သိန်း၊ US$ (16.2)သိန်းဖြင့် (2011) ခု အောက်တိုဘာလ (13) ရက်နေ့ တွင် ဝယ်ယူလှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ 
 ကျောင်းတော်ကြီးအမည်မှာ 迦葉襌寺 မဟာထေရ ကဿပ ရိပ်သာ
ဖြစ်ပြီး ထိုင်ပေ စန်းရှာ တောင်ပေါ်တွင် ရှေးနှစ်ပေါင်းများစွာက ရှေးဟောင်း အနုပညာတို့ဖြင့် ချယ်သ၍ တည်ဆောက်ထားသော ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးဖြစ်ပါသည်၊

ထိုကျောင်တော်ကြီးကို အစဉ်မပျက်ဆက်လက်ထိန်းသိမ်းစောာင့်ရှောက်ရန် မြန်မာပုံစံ အတုလ ကမ္ဘာအေး စေတီတော် တည်ဆောက်ရန်နှင့်၊ အသစ် တဖန် ပြန်လည်ပြုပြင်တိုးချဲ့တည်ဆောက်ရေးတို့ကို ဆောင်ရွက်မည် ဖြစ်၍
ဗုဒ္ဓဘာသာဝင်များအားလုံးမှ "စုပေါင်းခြင်းသည်အင်အား ညီညွတ်ခြင်းသည်အလုပ်ဖြစ်၏ "ဆိုသည့်အတိုင်း 
ကမ္ဘာ နှင်ြ့မန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်အားလုံးက လုပ်အား အချိန်-ပစ္စည်းနှင့် အလှူငွေများ ကူညီပံ့ပိုး လှူဒါန်းပေးကြပါရန် ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး၊ ထေရဝါဒသာသနာ ကမ္ဘာမှာ တည်တန့်ပြန့် ပွားမည်ဖြစ်ကြောင်း အကျိုးမျှော်၍ လေးလေးစားစား ဝမ်းမြောက်ဖွယ်ရာ ထိုင်ဝမ်သာသနာ သတင်းလွှာကို ပေးပို့နှိုးဆော် လိုက်ရပါသည်။ ကူညီပံ့ပိုးလှူဖွယ်ရာ အမျိုမျိုးအတွက်ဤစာဆောင် စာမျက်နှာ(  )တွင်ဖေါ်ပြထားပါ သည်။ မိမိတို့ဆန္ဒအတိုင်း ပံ့ပိုးကူညီဆောင်ရွက်နိုင်ပါသည် ။
လုံးစုံများစွာ ဝေနေယာ ချမ်းသားကိုယ်စိတ်မြဲပါစေ။
ဘဒ္ဒန္တ နန္ဒဝံသ(ထိုင်ဝမ်ဆရာတော် )
2011 နိုဝင်ဘာ 23 


With many ancient Buddhist Arts decorated MAHAKASSAPA BUDDHIST TEMPLE is located at San Xia Mountain Area in New Taipei City, Taiwan for about twenty years and now it has been taken over by the CHINESE MYANMAR BUDDHIST ASSOCIATION (C.M.B.A,) on October 13, 2011.
We are enthusiastic aspiration on Renovation, Maintaining and Expanding of this Temple forever and cordially invite with highly appreciated your generously participate in Finance & Material Supports and Volunteer Activity.
201110 13日開始由中緬南傳佛教協會(C.M.B.A.)收購接管一座二十年歷久之古代佛教藝術裝飾的摩詞迦葉禪寺 (MAHAKASSAPA) 位於在台灣新北市三峽山區.
不謹保存和保護這座記念碑是我們的高度優先事宜而且也有雄心勃勃的計劃要改造與滱擴建目標. 為了成功地達到此願望, 我們謹以誠摯的邀請大家來踴躍參加樂意讚助資金, 物資, 志工等之活動.

       ဆန္ဒကြီးစေ အောင်မြင်ပေ
ဒို့တွက်များမြောက်ချမ်းသာရောက်ဖို့၊
ခုလောက်ကျိုးးကုတ်အားမထုတ်ဘူး ။
ဗုဒ္ဓသာသနာကျွန်းထိုင်ဝမ်မှာ ၊
ရှည်ကြာအဓွန်၊ရောင်လျှံကွန့်ဖို့ ။
စွန်းစားမပျက်၊ ဒို့ဆောင်ရွက်သည်
စဉ်ဆက်သာသနာတည်ပါစေ။ ဆန္ဒမွန်ဖြင့်
၂၀၀၆ခု မေလ-၇-ရက်နေ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်တွင် ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်သက်တော် ၈၀ အရွယ်တွင်ထိုင်ဝမ်ကျောင်း၏ ၅-ထပ် ၆-ထပ်ပေါ်တက်ရသည့် ဒုက္ခ။ သက်ကြီးရွယ်အိုများကို စာနာ သနား ကရုဏာ များဖြင့်၊ဆရာတော်ဦးဆောင်ဝယ်၍မြေပြင်မှာဘုရားစေတီဘုရားကျောင်းတည်ဆောက်ရန်တိုက်တွန်းကာသြဝါဒတရားမိန့်ကြားခဲ့ပါသည်။ထိုအချိန်မှစပြီးအောက်ပါနာယကများဖြင့်စတင်ဆောင်ရွက်ခဲ့ရာယခုကျောင်းမြေဝယ်ယူသည့်နေ့အထိ ၆-နှစ်ကျော်ကြာခဲ့ပါသည်။  

ထိုင်ဝမ်အတုလကမ္ဘာအေးစေတီတော တည်ဆောက်ရာတွင်တာဝန်ယူဆောင် ရွက်ကြမည့် ဦိးဆောင်နာယကများ ။ 
၁။ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသ  (အမေရိက စင်ကာပူ မလေးရှား )
၂။ ဘဒ္ဒန္တဒေါက်တာဇာဂရ                             ( သြစတေးလျား ဆစ်ဒနီ )
၃။ဘဒ္ဒန္တသုန္ဒရ                                         ( အမေရိက   L.A )
၎။ဘဒ္ဒန္တတိလောက                                              ( စင်္ကာပူ )
၅။ဘဒ္ဒန္တဆေကိန္ဒ  ဆေကိန္ဒာရာမကျောင်းတိုက်                   ( မှော်ဘီ ရန်ကုန်)
၆။ ဘဒၵႏၲနႏၵိယ်                                     ( ၾသစေတးလ်ား ဆစ္ဒနီ )
၇။ ဘဒ္ဒန္တသုမန                                 (နယူးဇီလန် ၊ အောက်ကလန်း)
၈။ ဘဒ္ဒန္တကောဝိဒ                                      ( ကနေဒါ  တိုရန်တို )
၉။ ဘဒ္ဒန္တနန္ဒဝံသ                                        ( ထိုင်ဝမ်၊ ကနေဒါ )
၁၀။ ဘဒ္ဒန္တနန္ဒသိရီ                                      (ထိုင်ဝမ်က၊ကနေဒါ )
၁၁။ ဘဒ္ဒန္တပညာဇောတ                                           (ထိုင်ဝမ် )
၁၂။ ဘဒ္ဒန္တသဒ္ဒိယ                              ( ရွှေသုဝဏ်ဆရာတော် ရန်ကုန်)
၁၃။ ဘဒ္ဒန္တသြဘာသ                                          (တိုကျို-ဂျပန်)
၁၄။ဦးချိန်လျောင်း+ဒေါ်ခင်ဆွေဝင်း                                  (ထိုင်ဝမ်)
၁၅။ ဥိးတိတ်လှိုင်                                                (ထိုင်ဝမ်)
၁၆။ ဦးစိန်ဝင်း                                                  (ထိုင်ဝမ်)
၁၇။ ဒေါ်စန်းရီ                                                   (ထိုင်ဝမ်)
၁၈။ ဒေါ်မြတ်မြတ်မွန်                                             (ထိုင်ဝမ်) တို့ဖြင့်ဖွဲ့စည်ဆောင်ရွက်ခဲ့ပါသည်။

 ကျောင်တည်နေရာ လိပ်စာ။ ။
237新北市三峽區添福路329-1號 
No.329-1, Tianfu Rd, Sanxia Dist., New Taipei City 237, Taiwan (R.O.C.)
Tel: 886-2-26733478

http://www.theravada-taiwan.org

theravadataiwan@gmail.com
အောက်ပါနေရာဌာနတို့တွင်လှူဒါန်းနိုင်ပါသည်
၁။ဦးပညာဇောတ  ၂။ဦးသောဘိတ    ၃။ဦးပညာဒီပ
Chinese Myanmar Buddhist Association,No.122,5F Chung Hsiao St.
Chung He, New Taipei City. Taiwan. Tel:(02) 2940-2646

၁။ ဆရာတော်ဦးတိလောက(စင်္ကာပူ) (65) 6251-1717
၂။ ဦးပဏ္ဍဝါစာရ (စင်္ကာပူ-ဓမ္မဥယျာဉ် စင်္ကာပူ ) (65) 9734-1415
၃။ ဆရာတော်ဦးကောဝိဒ၊ တိုရန်တိုကျောင်း ၊ကနေဒါ (416) 747 7879
၎။ ဒေါ်ဟယ်လင် - ကနေဒါ (BBAO) (905) 270 6028
၅။ အရှင်ဃောသက ဗုဒ္ဓရံသီကျောင်း ဗန်ကူးဗား ကနေဒါ (604) 207 0068
၆။ ဦးသြသဓ မေတ္တာဝိဟာရီကျောင်း Saskatoon ကနေဒါ (306) 382 0461
၇။ ဦးဥက္ကံသ (ရတနာဝါသကျောင်း ကျုံးလီ ထိုင်ဝမ် )(03) 4162397
၈။ ဦးသြဘာသ တိုကျို ဂျပန် (81-3-09733348)
၉။ ဦးဝိလာသ-မဟာအောင်မြေ(နယူးယောက် U.S.A)7188031585
၁၀။ဦးပါမောက္ခ ဝိသုဒ္ဓါရုံဓမ္မရံသီကျောင်း(နယူးယောက် U.S.A)7186393834
၁၁။ ဦး  န္ဒက အောင်ရတနာကျောင်းမေရီလင်းဝါရှင်တန် 3015400565
     ဒါနံ သဗ္ဗတ္ထ သာဓကံ
ဒါနစွမ်းအား  ဘုရားဆုယူ၊
ရန်သူကင်းဝေး  စိတ်အေးကြည်ဖြူ ၊
စောင်းတန်းလှေကား  မခြားပုံတူ
လူနတ်နန်း စံမြန်းအောင်နိဗ္ဗူ၊
စုပေါင်းဒါန လှူကြသူတွေ
ရောက်ရာဘဝ သုခထွေထွေ
ကာယသုခ အေးမြပါစေ
နိဗ္ဗာန်နန်းရောက်လှမ်းနိုင်ပါစေ


Saturday, May 26, 2012

အထူးသတင်း

ထေရ၀ါဒ တက္ကသိုလ် ပါဠိပါမောက္ခ မိုးကုတ်ရိပ်သာဌာနချုပ် နာယက

ကျိုက်ကလော့ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသ
(ပထမကျော်၊ သ၊ စ၊ အ ဓမ္မာစရိယ)
တရားပွဲ

- ၂၆.၅.၂၀၁၂ (စနေနေ့) ည - ၇ နာရီ
- ၂၇.၅.၂၀၁၂ (တနင်္ဂနွေနေ့) နေ့လည် - ၁ နာရီ
- ၂၇.၅.၂၀၁၂ (တနင်္ဂနွေနေ့) ည - ၇ နာရီ


တိုက်ရိုက်ထုတ်လွှင့်မှု
> တရားပွဲ စတင်ပါက UStream သို့ LiveStream တွင် Play နှိပ်ပြီး တိုက်ရိုက် နာယူနိုင်ပါသည်။


ကျိုက်ကလော့ဆရာတော် ထေရုပ္ပတ္တိအကျဉ်း

ဒေါက်တာ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ(သ၊စ၊အ )ဓမ္မာစရိယ ဆရာတော်ဘုရားသည် ဧရာဝတီတိုင်း ဇလွန်မြို့ မြစ်ဝရွာခမည်း တော်ဦးသာဟန် +မယ်တော် ဒေါ်မြ တို့မှ ကောဇာ သက္ကရာဇ် 1311 တန်ဆောင်မုန်းလ္ဆန်း၅-ရက်25,10,1949အင်္ဂါနေ့တွက်ဖွားမြင်ခဲ့ပါသည်။

ဆရာတော် ငယ်စဉ်ကပညာသင်ကြားခဲ့သောကျောင်းများမှာ ဟင်္သာတမြို့မိုးကောင်းစာသင်တိုက်၊ ပြည်မြို့ဇောတိကာရုံပရိယတ္တိစာသင်တိုက် ၊ ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက်၊  မန္တလေးမြို့ အနောက်ဝိသုဒ္ဓါရုံစာသင်တိုက် တို့တွင် ပညာ သင်ကြားခဲ့ပါသည်။

အောင်မြင်ပြီးမြောက်ခဲ့သောအတန်းများမှာ သကျသီဟ ဓမ္မာစရိယ စေတီယင်္ဂဏ ဓမ္မာစရိယ အစိုးရဓမ္မာစရိယ ပထမကျော် အဖြစ်အောင်မြင်ခဲ့ပါသည်။  သီရိလင်္ကာနိုင်ငံမှ M.A  အိန္ဒိယနိုင်ငံမှ  Ph.D  ဒေါက်တာဘွဲ့ရရှိခဲ့ပါသည်။ နိုင်ငံတော်မှ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ ဘွဲ့ကိုလည်းအပူဇော်ခံရရှိခဲ့ပါသည်။

ယခုအခါတွင် ကျိုက်ကလော့ကျောင်းတိုက်ကြီး၏ ဦးစီပဓာန နာယက အဖြစ်လည်းကောင်းမိုးကုတ်ဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ ချုပ်ကြီး ၏ နာယကဆရာတော်အဖြစ်လည်းကောင်း၊ကမ္မဋ္ဌာနာစရိယဆရာတော်အဖြစ်လည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနုာပြုတက္ကသိုလ်ဒုတိယပါမောက္ခချုပ်အဖြစ်လည်း ကောင်း၊မိုးကုတ်ဆရာတော်ဘုရားကြီးနည်းဖြင့်တရားဟောတရားပြခြင်းပြည်တွင်းပြည်ပ စာသင်သားများအားစာပေပိုချခြင်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

Wednesday, May 2, 2012

မြန်မာ့ရှေးဟောင်းအမွေများကို မိုးပေါ်မှ စောင့်ရှောက်ခြင်း



  မြန်မာ့ရှေးဟောင်းအမွေများကို မိုးပေါ်မှ စောင့်ရှောက်ခြင်း

ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့်သာ ဆောင်ရွက်မည် ဆိုပါက အားလုံး ပျက်စီးကိန်း ဆိုက်သွားနိုင်သည့် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် နေရာများကို စောင့်ကြည့်နေသော အာကာသ ဂြိုဟ်တုတခုအား ခရီးသွားလုပ်ငန်းနှင့်ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းများအတွက် အသုံးပြုနေပါသည်။

ရခိုင်မြို့ဟောင်း မြောက်ဦးရှိ သမိုင်းဝင် ကိုးသောင်းဘုရား
မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှု စံသတ်မှတ်ချက်ထဲ သို့မဟုတ် ယင်းသတ်မှတ်ချက် အောက်တွင် ရှိနေဆဲဖြစ်ပြီး တိုင်းပြည်၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) တန်ဖိုးသည် ဒေသတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သည်။ သို့သော် ယင်းရှေးမြို့ဟောင်းများကို တာဝန်ရှိရှိဖြင့် သေသေချာချာ စီမံခန့်ခွဲနိုင်ပါက ခရီးသွားလုပ်ငန်းမှ အခြေအနေ ပြောင်းလဲသွားအောင် လုပ်ပေးနိုင်မည်။

ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များရံပုံငွေ (Global Heritage Fund – GHF) သည် ကမ္ဘာ့ပထမဦးဆုံး တင်ကြို အသိပေးခြင်းနှင့် အန္တရာယ်စောင့်ကြည့်ရေးစနစ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များကွန်ရက် (Global Heritage Network – GHN) ကို ယမန်နှစ်က စတင် ဖွဲ့စည်းခဲ့သည်။ ကွန်ရက်သည် Google Earth အပြင် DigitalGlobe ပရိုဂရမ်များအသုံးပြု၍ ကျွမ်းကျင်သူများ၊ ဒေသခံပြည်သူများကို အလွန်အကျွံ ဖွံ့ဖြိုးရေး၊ ညံ့ဖျင်းသောစီမံခန့်ခွဲမှုနှင့် ခိုးယက်လုယူမှုများ အန္တရာယ်ကြောင့် ပျက်စီးသွားနိုင်သော ယဉ်ကျေးမှု အမွေအနှစ်နေရာများအား မျက်ခြည်မပြတ် စောင့်ကြည့်နိုင်စေရန် ကူညီပေးသည်။

“ဒီကနေ့ဆို GHN က မြန်မာနိုင်ငံအတွင်းမှာ စောင့်ကြည့်နေတဲ့နေရာ ၆ နေရာ ရှိပါတယ်။ အဲဒီအထဲမှာ ပုဂံရယ်၊ ပျူမြို့ဟောင်းသုံးခုရယ် ပါပါတယ်။ အီတလီအစိုးရက ထောက်ပံ့ပေးတဲ့ UNESCO အစီအစဉ် အသစ်တခုက မြန်မာအစိုးရနဲ့ တွဲလုပ်မယ့် UNESCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အစီအစဉ်များ၊ အမည်တင်သွင်းခြင်း လုပ်ငန်းများ တိုးတက်လာဖို့ ၂ နှစ်စာ အမေရိကန်ဒေါ်လာ ရှစ်သိန်း ကူညီသွားမှာဖြစ်ပါတယ်။ မြန်မာပြည် တံခါးပွင့်လာတာကြောင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်းနဲ့ တာဝန်ရှိရှိ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ နိုင်ငံတကာပညာရှင်တွေ ပိုမိုပါဝင်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု GHF အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဂျပ်ဖ်မော်ဂင်က ပြောဆိုခဲ့သည်။
ပုဂံနှင့် အထက်မြန်မာပြည် ရှေးဟောင်းမြို့တော်များ (အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းနှင့် မန္တလေး) ကို GHN က “အန္တရာယ်ကျရောက်နေသည်” ဟု သတ်မှတ်ထားပြီး မီးရထားလမ်း တည်ဆောက်နေသဖြင့် အန္တရာယ်ရှိနေသော ရခိုင်ပြည်နယ်ရှိ မြောက်ဦး ရှေးဟောင်းသုတေသနနေရာအား ကယ်ဆယ်ရမည့် အခြေအနေဟု သတ်မှတ်ထားသည်။

ထူထောင်စ ခရီးသွားလုပ်ငန်းဖြစ်နေသည်က တကြောင်း၊ နိုင်ငံခြားခရီးသွားများ တဖွဲဖွဲ ဆက်တိုက် ၀င်ရောက်လာမည့်အပေါ် ဖြည့်ဆည်းပေးနိုင်ရန် အလွန်အကျွံ ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်နိုင်ခြင်းကြောင့် တကြောင်း မြန်မာ့ သမိုင်းဝင်နေရာများ ပျက်စီးသွားနိုင်သည်။ ဒေသခံအာဏာပိုင်များက မြန်မာနိုင်ငံကို အားလပ်ရက် အပန်းဖြေနေရာတခုအဖြစ် မြှင့်တင်ရန် ကြိုးစားနေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်ထားမှုကို လျှော့ပေါ့ပေးထားခဲ့သည်။

သို့သော် ခရီးသွားလုပ်ငန်းကြောင့် ဒေသခံ သမိုင်းအမွေအနှစ်နေရာများ ဆုံးရှုံးသွားနိုင်သည့် အနေအထားများကို မြင်တွေ့နေရသည်။ ၂၀၁၀ ခုနှစ်တွင် မြောက်ဦးဒေသခံများက မီးရထားလမ်းအသစ် တည်ဆောက်နေခြင်းကြောင့် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော စေတီပုထိုးများ၊ ပိဋိကတိုက်များ ဖျက်ဆီးခံနေရသည်ဟု ဒေသခံအာဏာပိုင်များထံ တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့သည်။ ရှေးဟောင်းအမွေအနှစ် အပျက်အဆီးများကို နှစ်သက်လေ့လာလိုသည့် ခရီးသွားများအတွက် ဟိုတယ်များ အပြိုင်အဆိုင်ဆောက်ခဲ့ကြသော်လည်း အရေးကြီးသော ရှေးဟောင်း အဆောက်အဦများအား တန်ဖိုးမသိသည့် အုပ်ချုပ်သူများကို ဒေသခံများက အမျက်ထွက်နေခဲ့ကြသည်။

အမှန်တကယ်တွင် တန်ဖိုးထားအပ်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ရှိနေခြင်းကြောင့် အဆိုပါ ရတနာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် လူနေမှုဘ၀ အဆင့်အတန်းများ မြင့်လာစေနိုင်သည်။ ယဉ်ကျေးမှု အမွေအနှစ်နေရာများကြောင့် ရောက်ရှိလာမည့် ဧည့်သည်များအပေါ် မှီ၍ ထိုဒေသအတွင်းရှိ ရပ်ရွာလူမှု အသိုင်းအ၀န်းများအကြား ၀င်ငွေတိုးလာစေကာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ပေးနိုင်သည်။
သို့သော် ကမ္ဘာ့သဘာဝနှင့် ယဉ်ကျေးမှု အမွေအနှစ်များအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များ စောင့်ကြည့်လေ့လာရန် အခွင့်အာဏာရှိသည့် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO) အနေနှင့်ပင် ထိပ်တန်းရှေးဟောင်း အမွေအနှစ်နေရာတခုဖြစ်သည့် ကမ္ဘောဒီးယား အန်ကောဝပ်သို့ နိုင်ငံခြားခရီးသွား အလုံးအရင်းနှင့် ၀င်ရောက်လာမှုကြောင့် မည်သည့်နေရာများ မည်သို့ ပျက်စီးပျောက်ဆုံးရသည်ကို စောင့်ကြည့်ရန် အလွန်ခက်ခဲကြောင်း တွေ့လာခဲ့ရသည်။

“ခရီးသွားဦးရေ အဆမတန်များလာတာကြောင့် မူရင်းအနှစ်သာရ မပျောက်အောင် ထိန်းသိမ်းထားရမယ့် စည်းမျဉ်းတွေအားလုံး ကမောက်ကမ ဖြစ်ကုန်တာပဲ။ ကမ္ဘောဒီးယားရဲ့ အန်ကောဝပ်မှာဆို ဘုရားကျောင်းတွေကို ကျနော်တို့ ထိန်းသိမ်းထားတယ်။ ဒါပေမယ့် ကျနော်တို့ သတိမထားမိခဲ့တာက ဆီရမ်ရိ (Siem Reap) မှာ ဇိမ်ခံဟိုတယ်ပေါင်း ၁၅၀ လောက် မှိုပေါက်သလို အပြိုင်းအရိုင်း ဆောက်လာတာပါ” ဟု  UNESCO ၏  ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ ထိန်းသိန်းရေး အရာရှိချုပ်လည်းဖြစ်၊ လက်ထောက် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ်လည်း လက်ရှိတာဝန်ထမ်းဆောင်နေသူ  ဖရန်စ္စကို ဘန်ဒရီယန် က The Art Newspapers နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။

“ကျနော်တို့ ဇဝေဇ၀ါတွေ ဖြစ်ခဲ့ရတယ်။ ကျနော်တို့က ဘုရားကျောင်းတွေ ပြုပြင်ထိန်းသိမ်းဖို့ကိုပဲ တာဝန်ရှိတာ ဖြစ်ပါတယ်။ အနီးအနား ပတ်ဝန်းကျင်က ကျနော်တို့နဲ့မဆိုင်ပါဘူး။ အခု ဒီကိစ္စက ပြဿနာဖြစ်နေတယ်။ ကျနော်တို့က နိုင်ငံတကာရဲတပ်ဖွဲ့လည်း မဟုတ်ဘူး။ သို့သော် ကျနော်တို့မှာ တကယ်ခိုင်မာတဲ့ စောင့်ကြည့်ကြပ်မတ်ရေး စနစ်တော့ ရှိပါတယ်” ဟု သူက ပြောဆိုခဲ့သည်။
ဂွာတီမာလာနိုင်ငံရှိ တီကယ် (Tikal) နှင့် ပီရူးနိုင်ငံရှိ မက်ချူ ပီချူ (Machu Picchu) ကဲ့သို့သော ကမ္ဘာပေါ်တွင် ခရီးသွားအများဆုံး လာကြည့်သည့် လူ့ယဉ်ကျေးမှု သမိုင်းဝင် ရှေးဟောင်းမြို့ နေရာများသည် ဝင်ငွေရရှိနေသည့် ပိုက်ဆံထုတ်စက်များ ဖြစ်သည်။

ထိုနေရာများကို နောင်မျိုးဆက်များအတွက် စောင့်ရှောက်ထိန်းသိမ်းခြင်း မလုပ်ပါက လုံးဝ ပျောက်ဆုံးသွားနိုင်သည်။ ရှေးဟောင်းအမွေအနှစ်နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိစ္စနှစ်ခုကို စီးပွားရေး အထူးသဖြင့် ခရီးသွားလုပ်ငန်းတွင် ချိတ်ဆက်ထားခြင်းသည် အသစ်ပေါ်လာခြင်း ဖြစ်သည်။
“ဒါကို တိုက်ရိုက်လုပ်နေတဲ့သူ တဦးတလေမှတော့ မတွေ့သေးဘူး။ ကျနော်ထင်တာက ယိုပေါက်တခု ရှိနေတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက ဖရန်စ္စကို ဘန်ဒရီယန် ကိုယ်တိုင် ပထမဦးဆုံးအကြိမ်အဖြစ် နယူးယောက်ကိုသွားပြီး တောင်းဆိုခဲ့တယ်။ အထူးသဖြင့် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များမှာ စာသားထည့်ပေးဖို့ သူတောင်းဆိုခဲ့တယ်။ ဆုံးဖြတ်ချက်အနေနဲ့ ချပေးဖို့ ကုလသမဂ္ဂမှာ သူတို့ သဘောတူခဲ့တယ်” ဟု မော်ဂင်က ဧရာဝတီသို့ ပြောသည်။

“ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကို လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က မူကြမ်းရေးဆွဲခဲ့တယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်လုံးလုံး အဲဒီကိစ္စအတွက် ကျနော်တို့ တွန်းအားပေးခဲ့တယ်။ လွန်ခဲ့တဲ့ ၅ နှစ်က လာအိုနိုင်ငံ ဝတ်ဖူ (Wat Phu) ဒေသမှာ ဒီလုပ်ငန်းကို ကျနော်တို့ စတယ်။ နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း တသောင်းနှစ်ထောင်ကျော်ကနေ ဒီကနေ့ဆို နှစ်သိန်းငါးသောင်းကျော် လာလည်နေပါပြီ။ ငါးသောင်းက ပြည်တွင်းခရီးသွားတွေပါ။ နိုင်ငံခြားသား ခရီးသွားတဦးက ပစ္စည်းတခုကို ငါးဒေါ်လာပေး ဝင်တယ်ထား ၀င်ငွေဒေါ်လာ တသန်းဖြစ်သွားတယ်။ အဲဒီတော့ အဲဒီနေရာကို ထိန်းသိမ်းပြုပြင်ဖို့ ဘဏ္ဍာရေးအရ တည်တည်ငြိမ်ငြိမ် ရှိသွားပြီလို့ ဆိုလိုတာပါ” ဟု မော်ဂင်က ဖြည့်စွက်ပြောဆိုခဲ့သည်။
GHF ၏ အာရှနှင့် ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး ဂျွန် ဆန်းဒေးကလည်း ထိုငွေနှင့် တခြားမတူညီသည့် ကိစ္စများကို လုပ်နိုင်သည်ဟု မြင်သည်။

“အာရှဒေသတလွှားမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို ကျနော် မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သင်တန်းတွေ၊ ကျွမ်းကျင်မှုတွေ တပ်ဆင် ထောက်ပံ့ပေးနေတာကြောင့် ဖြစ်ပါတယ်။ ဒီလူတွေအတွက် ရေရှည်ဝင်ငွေ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခေတ်ပေါ် စက်မှုထုတ်ကုန်ပစ္စည်းတွေ အဆမတန် ထွက်လာနေတဲ့အချိန်မှ လက်မှုပစ္စည်းတွေကို လူတွေမေ့လာနေကြပါပြီ။ အဖေတတ်တဲ့ လက်မှုပညာကို သားဆီကို လက်ဆင့်မကမ်းနိုင်တော့ အန္တရာယ်က မျိုးဆက်သစ်တွေအတွက် ကြီးကြီးမားမား ရှိနေပါတယ်။

ဒါကြောင့် ယဉ်ကျေးမှုအစီအစဉ်တွေ ဒါမှမဟုတ် စောင့်ရှောက်ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်တွေဟာ အလွန်တာသွားပါတယ်။ ကျနော်အခုပြောနေတာက ဒေသခံပြည်သူတွေ သူတို့ကိုယ်တိုင် လုပ်နိုင်တဲ့အဆင့်ကို ပြောနေတာပါ” ဟု ဂျွန် ဆန်းဒေးက ဧရာဝတီသို့ ပြောသည်။
မြန်မာပြည်ရှိ ကြွယ်ဝလှသည့် သမိုင်းဝင် ရှေးမြို့ဟောင်းများ၊ စေတီပုထိုးများနှင့် သဘာဝတောတောင် မည်သည့်နေရာကိုမျှ မြန်မာအစိုးရက ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များစာရင်းတွင် နာမည်စာရင်း တင်သွင်းခြင်း မရှိသေးချေ။ ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ စာချုပ်ကိုမူ ၁၉၉၄ ခုတွင် လက်မှတ်ရေးထိုးထားသည်။

UNESCO နှင့် မြန်မာအစိုးရကြား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနှင့် ပတ်သက်သမျှ ဆက်ဆံရေးဆို၍ မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနခွဲ၊ အမျိုးသားပြတိုက်၊ စာကြည့်တိုက်တို့နှင့် ပူးပေါင်းလုပ်ဆောင်သည့် ရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုတွင် အတတ်ပညာ ကျွမ်းကျင်ရေးနှင့် သတိပြုမိလာစေရေး အစီအစဉ်သာ ရှိသည်။

မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့်ပတ်သက်ပြီး နေပြည်တော်တွင် မည်သို့လုပ်ဆောင်ရမှန်း မသိဖြစ်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များ ရန်ပုံငွေ၏ ကိန်းဂဏန်းများအရ ဖွံ့ဖြိုးဆဲတိုင်းပြည်များရှိ ကမ္ဘာလုံးဆိုင်ရာ သမိုင်းအမွေအနှစ်နေရာများသည် ၂၀၂၅ ခုနှစ်တွင် တနှစ်လျှင် ဒေါ်လာ သန်း ဘီလီယံ ၁၀၀ အထိ ၀င်ငွေရှာပေးနိုင်သည်ဟု ခန့်မှန်းလိုက်သည်။
“ဘယ်စီးပွားရေးလုပ်ငန်းက တနှစ်ကို ဘီလီယံ ၁၀၀ ရှာပေးနိုင်မှာလဲ” ဟု မော်ဂင်က စောဒကတက်  မေးခွန်းထုတ်လိုက်သေးသည်။

(Matt Crook ၏ Protecting Burma’s Heritage from Above သတင်းပေးပို့ချက်ကို ဆီလျော်အောင် ဘာသာပြန်သည်။)
by ဧရာဝတီ