Wednesday, July 14, 2010

လက်တွေ့ မေတ္တာဘာဝနာ ပွါးကြရအောင်


(မဟာစည်ဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်း)

(၁)မိမိကိုယ်ကို မေတ္တာပို့နည်း

(က) အဟံ အဝေရော ဟောမိ=( အကျွနုပ်သည် ဘေးရန်ကင်းပါစေ)

Aham avero homi

May I be free from enmity and danger

願我無敵意,無危險
(ခ) အဗျာပဇ္ဇော ဟောမိ=( စိတ်ဆင်းရဲခြင်းကင်းပါစေ)

Abyapajjho homi

May I be free from mental suffering

願我無精神的痛苦
(ဂ) အနီဃော ဟောမိ=( ကိုယ်ဆင်းရဲခြင်းကင်းပါစေ)

Anigho homi

May I be free from physical suffering

願我無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရာမိ=( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ )

Sukhi attanam pariharami.

May I take care of myself happily.

願我保持快樂。


(၂) မိဘ ဆရာ ဆွေမျိုး မိတ်ဆွေ သူတော်ကောင်း တရားကျင့်ဖော် အပေါင်းတို့ကို မေတ္တာပို့နည်း

မာတာပိတု =((မိဘ များ)

Mama matapitu

May my parents

願我的父母親

အာစရိယာစ=(ဆရာ အားလုံး)

Acariya

Teachers

我的道師

ဉာတိမိတ္တာစ =(ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အားလုံး)

Natimitta samuha

Relatives and friends

親戚和 朋友,

သဗြဟ္မစာရိနောစ =(သီတင်းသုံးဖော် သူတော်စင် ယောဂီ အားလုံး)

Upasaka upasaki

Fellows Dhamma colleagues;

我的同修

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၃)ဤကျောင်း အာရာမ်တွင်း၌ မှီတင်း နေထိုင်ကြကုန်သော သူတော်စင် ယောဂီ တို့ကို မေတ္တာပို့နည်း

ဣမသ္မိံအာရာမေ သဗ္ဗေယောဂိနော =(ဤအရာမ်တွင်း ကျောင်းတွင်း၌် မှီတင်းနေထိုင်ကြကုန်သော), (သူတော်စင် ယောဂီ အားလုံး)

Imasmiam arame , Sabbe yogino

May all yogis (meditators) in this compound

願在這寺廟的所有修禪者

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၄)ဤကျောင်း အာရာမ်တွင်း၌ မှီတင်း နေထိုင်ကြကုန်သော ရဟန်း၊ သာမဏေ၊ သူတော်စင် ဒကာ ဒကာမတို့ကို မေတ္တာပို့နည်း

ဣမသ္မိံအာရာမေ သဗ္ဗေ ဘိက္ခု သာမဏေရာစ=

(ဤအရာမ်တွင်း ကျောင်းတွင်း၌် မှီတင်းနေထိုင်ကြကုန်သော) (သူတော်စင် ရဟန်းတော် အားလုံး) (သူတော်စင် ကိုရင် သာမဏေ အားလုံး)

Imasmiam arame , Sabbe bikkhu, Samaneraca

May all monks in this compound , novices (monks)

願在這寺廟的比丘,沙彌

ဥပါသကာ ဥပါသိကာယောစ=(သူတော်ကောင်း ဒကာ ဒကာမ အားလုံး)

Upasaka upasikayoca

laymen and laywomen all disciple;

男教徒,女教徒

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၅) ပစ္စည်း (၄)ပါး လှူဒါန်းကြသော သူတော်ကောင်း ဒကာ ဒကာမ အပေါင်းတို့ကို မေတ္တာပို့နည်း

အမှာကံ စတုပစ္စယ ဒါယကာ =(ပစ္စည်း(၄)ပါး လှူဒါန်းကြကုန်သော ဒကာ ဒကာမ အားလုံး)

Amhakam catupaccaya dayaka

May our donors of the four supports, of clothes, food, medicine and shelter;

願我們的四資貝的布施主

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၆)ကျောင်း နေရာ အာရာမ်တို့ကို စောင့်ရှောက်ကြကုန်သော နတ်အပေါင်းတို့ကို မေတ္တာပို့နည်း

အမှာကံ အာရက္ခ ဒေ၀တာ=(အကျွန်ုပ်တို့ကို စောင့်ရှောက်ကြကုန်သော နတ်များ အားလုံး)

Amhakam arakkha devata

May our guardian devas (spirits)

願我們的護法神,

ဣမသ္မိံဝိဟာရေ =(ဤကျောင်း၌)

Imasmiam vihare

In this monastery,

在這寺廟的,

ဣမသ္မိံအာဝါသေ =(ဤနေရာ၌)

Imasmiam avase

In this dwelling,

在這住所的,

ဣမသ္မိံအာရာမေ =(ဤအရာမ် ခြံဝင်း၌)

Imasmiam arame

In this compound;

在這範圍的,

အာရက္ခ ဒေ၀တာ=(စောင့်ရှောက်ကြကုန်သော နတ်များ အားလုံး)

Arakkha devata

May the guardian devas (spirits);

願所有的護法神

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂。


(၇) အလုံးစုံသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား သြဓိသ၊ အနောဓိသ မေတ္တာပို့်နည်း

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)

Sabbe satta

My all beings,

願一切眾生,

သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)

Sabbe pana

All breathing things,

一切活著的眾生,

သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)

Sabbe buta

All creatures,

一切有形體的眾生,

သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)

Sabbe puggala

All individuals,

一切有各相的眾生,

သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု

Sabbe attabava pariyapanna

All personalities,

一切有身軀的眾生,

သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)

Sabba itthiyo

May all females,

所有雌性的,

သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)

Sabbe purisa

All males,

所有雄性的,

သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)

Sabbe ariya

All noble ones,

所有聖者,

သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)

Sabbe anariya

All wordling,

所有非聖者,

သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)

Sabbe deva

All deities,

所有天神,

သဗ္ဗေ မနုဿာ=(လူသား အားလုံး)

Sabbe manussa

All humans,

所有人類,

သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

Sabbe vinipatika

All those in the four woeful planes;

所有苦道中的眾生,

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂

(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)

Dukkha muccantu

May all beings be free from suffering,

願一切眾生脫離痛苦

(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)

Yathaladdha sampattito mavigacchantu

May whatever they have gained not be lost,

願他們不失去以正當途徑所獲取的一切

(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

Kammassaka.

All beings are owners of their Kamma.

願他們依據個人所造的因果而受生。


(၈) အရပ် (၁၀) မျက်နှာ အတွင်း၌ နေထိုင် ကျင်လည်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ပုရတ္ထိမာယ ဒိသာယ=(အရှေ့အရပ် ၌ရှိသော)

Puratthimaya disaya

In the Eastern direction,

在東方的,

ပစ္ဆိမာယ ဒိသာယ=(အနောက် အရပ် ၌ရှိသော)

Pacchimaya disaya

In the Western direction,

在西方的,

ဥတ္တရာယ ဒိသာယ=(မြောက် အရပ် ၌ရှိသော)

Uttaraya disaya

In the Northern direction,

在北方的,

ဒက္ခိဏာယ ဒိသာယ=(တောင် အရပ် ၌ရှိသော)

Dakkhinaya disaya

In the Southern direction,

在南方的,

ပုရတ္ထိမာယ အနုဒိသာယ=(အရှေ့တောာင် အရပ် ၌ရှိသော)

Puratthimaya anudisaya

In the South East direction,

在東南方的,

ပစ္ဆိမာယ အနုဒိသာယ=(အနောက် မြောက် အရပ် ၌ရှိသော)

Pacchimaya anudisaya

In the North West direction,

在西北方的,

ဥတ္တရာယ အနုဒိသာယ=(အရှေ့မြောက် အရပ် ၌ရှိသော)

Uttaraya anudisaya

In the North East direction,

在東北方的,,

ဒက္ခိဏာယ အနုဒိသာယ=(အနောက် တောင် အရပ် ၌ရှိသော)

Dakkhinaya anudisaya

In the South West direction,

在西南方的

ဟေဋ္ဌိမာယ ဒိသာယ=(အောက် အရပ် ၌ရှိသော)

Hetthimaya disaya

In the direction below,

在下方的,

ဥပရိမာယ ဒိသာယ=(အထက် အရပ် ၌ရှိသော)

Uparimaya disaya

In the direction above.

在上方的,

သဗ္ဗေ သတ္တာ=(သတ္တ၀ါ အားလုံ)

Sabbe satta

My all beings,

願一切眾生,

သဗ္ဗေ ပါဏာ=(ထွက်သက် ၀င်သက် ရှိသော သတ္တ၀ါ အားလုံး)

Sabbe pana

All breathing things,

一切活著的眾生,

သဗ္ဗေ ဘူတာ=(ကိုယ်ထင်ရှားရှိသော သတ္တ၀ါ အားလုံး)

Sabbe buta

All creatures,

一切有形體的眾生,

သဗ္ဗေ ပုဂ္ဂလာ=(ပုဂ္ဂိုလ် အားလုံး)

Sabbe puggala

All individuals,

一切有各相的眾生,

သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ =(အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါ အားလုံး)ု

Sabbe attabava pariyapanna

All personalities,

一切有身軀的眾生,

သဗ္ဗာ ဣတ္ထိယော=(မိန်းမ အားလုံး)

Sabba itthiyo

May all females,

所有雌性的,

သဗ္ဗေ ပုရိသာ=(ယောကျား အားလုံး)

Sabbe purisa

All males,

所有雄性的,

သဗ္ဗေ အရိယာ=(အရိယာ ပုဂ္ဂိုလ် အားလုံး)

Sabbe ariya

All noble ones,

所有聖者,

သဗ္ဗေ အနရိယာ=(ပုထုဇဉ် အားလုံး)

Sabbe anariya

All wordling,

所有非聖者,

သဗ္ဗေ ဒေ၀ါ=(နတ်ဗြဟ္မာ အားလုံး)

Sabbe deva

All deities,

所有天神,

သဗ္ဗေ မနုဿာ=(လူသား အားလုံး)

Sabbe manussa

All humans,

所有人類,

သဗ္ဗေ ၀ိနိပါတိကာ=(အသူရာ နှင့် ပြိတ္တာ အားလုံး)

Sabbe vinipatika

All those in the four woeful planes;

所有苦道中的眾生,

(က) အဝေရာ ဟောန္တု=( ဘေးရန်ကင်းကြပါစေ)

Avera hontu

May they be free from enmity and danger

無敵意,無危險
(ခ) အဗျာပဇ္ဇာ ဟောန္တု=(စိတ်ဆင်းရဲခြင်းကင်းကြပါစေ)

Abyapajjha hontu

May they be free from mental suffering

無精神的痛苦
(ဂ) အနီဃာ ဟောန္တု=( ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ)

Anigha hontu

May they be free from physical suffering

無身體的痛苦
(ဃ) သုခိအတ္တာနံ ပရိဟရ န္တု =( ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ )

Sukhi attanam pariharantu.

May they take care of themselves happily.

願他們保持快樂

(င)ဒုက္ခာမုစ္စန္တု=( ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြပါစေ)

Dukkha muccantu

May all beings be free from suffering,

願一切眾生脫離痛苦

(စ)ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =( ရရှိပြီးသော ရာထူးအာဏာ စည်းစိမ်ဥစ္စာ ရတနာ အပေါင်းတို့သည် မပြောက်ပျက် မပျက်စီးနိုင်ကြပါစေ)

Yathaladdha sampattito mavigacchantu

May whatever they have gained not be lost,

願他們不失去以正當途徑所獲取的一切

(ဆ)ကမ္မဿကာ=( ကံသာလျှင် အားကိုးရာရှိကြ၍ ကံစီမံသည့် အတိုင်းသာလျှင် ဖြစ်ကြရကုန်၏။)

Kammassaka.

All beings are owners of their Kamma.

願他們依據個人所造的因果而受生。


(၉) ကုန်းမြေပေါ်၌ နေထိုင်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)

Uddhamyava bavaggaca

As far as the highest plane of existence,

上至最高的天眾,

အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)

Adhoyava avicito

To as far down as the lowest plane,

下至苦道中的眾生

သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)

Smanta cakkavalhesu

In the entire universe,

在三界的眾生

ယေသတ္တာ ပထ၀ီစရာ=( နေထိုင်ကြသော ကုန်းနေ သတ္တ၀ါ အပေါင်းတို့သည်)

Yesatta pathavicara

Whatever beings that move on earth,

所有在陸地上生存的眾生

အဗျာပဇ္ဖာ နိဝေရာစ =( ဘေးရန် ကင်းကြပါစေ) ( ရောဂါ ကင်းကြပါစေ)

Abyapajja Niveraca

May they be free from mental suffering and enmity

願他們無精神的痛苦,無敵意,

နိဒုက္ခာစ နုပ္ပဒ္ဒ၀ါ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ) ( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

Nidukkhaca Nupaddava

May they be free from physical suffering and danger.

願他們無身體的痛苦,無危險。


(၁၀) ရေထဲ၌ နေထိုင်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)

Uddhamyava bavaggaca

As far as the highest plane of existence,

上至最高的天眾,

အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)

Adhoyava avicito

To as far down as the lowest plane,

下至苦道中的眾生

သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)

Smanta cakkavalhesu

In the entire universe,

在三界的眾生

ယေသတ္တာ ဥဒကေစရာ=( နေထိုင်ကြသော ရေနေ သတ္တ၀ါ အပေါင်းတို့သည်)

Yesatta udakecara

Whatever beings that move in water,

所有在水中生存的眾生

အဗျာပဇ္ဖာ နိဝေရာစ =( ဘေးရန် ကင်းကြပါစေ) ( ရောဂါ ကင်းကြပါစေ)

Abyapajja Niveraca

May they be free from mental suffering and enmity

願他們無精神的痛苦,無敵意,

နိဒုက္ခာစ နုပ္ပဒ္ဒ၀ါ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ) ( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

Nidukkhaca Nupaddava

May they be free from physical suffering and danger.

願他們無身體的痛苦,無危險。


(၁၁) လေထဲ၌ နေထိုင်ကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို့အား မေတ္တာပို့်နည်း

ဥဒ္ဓံယာဝ ဘ၀ဂ္ဂ္ဂါစ =(အထက်ဘ၀ဂ်)

Uddhamyava bavaggaca

As far as the highest plane of existence,

上至最高的天眾,

အဓေါယာဝ အ၀ီစီတော=( အောက် အ၀ီစိ)

Adhoyava avicito

To as far down as the lowest plane,

下至苦道中的眾生

သမန္တာ စက္က၀ါဠေသု =( အနန္တ စကြာဝဠာ အတွင်း၌)

Smanta cakkavalhesu

In the entire universe,

在三界的眾生

ယေသတ္တာ အာကာသေစရာ=( နေထိုင်ကြသော ရေနေ သတ္တ၀ါ အပေါင်းတို့သည်)

Yesatta akaseecara

Whatever beings that move in air;

所有在空中生存的眾生

အဗျာပဇ္ဖာ နိဝေရာစ =( ဘေးရန် ကင်းကြပါစေ) ( ရောဂါ ကင်းကြပါစေ)

Abyapajja Niveraca

May they be free from mental suffering and enmity

願他們無精神的痛苦,無敵意,

နိဒုက္ခာစ နုပ္ပဒ္ဒ၀ါ=( ကိုယ် စိတ်(၂) ဖြာ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ) ( ဘေးဥပါဒ် အန္တရာယ် အပေါင်းတို့ မကျရောက်နိုင်ပါစေ။)

Nidukkhaca Nupaddava

May they be free from physical suffering and danger.

願他們無身體的痛苦,無危險。

မေတ္တာပို့ ပါဠိ အနက် မြန်မာပြန် အင်္ဂလိပ် တရုတ် ပြီး၏။

မှတ်ချက်။ ။ ဤမေတ္တာပို့နည်းသည် ယခုအခါ နိုင်ငံတကာတွင် ခေတ်စားနေပြီး၊ ဘာသာပေါင်းများစွာ ပြန်ဆိုထား၊ ရွတ်ဆိုထားကြ၏။ မလေးရှားမှ (Imee Ooi)ကရွတ်ဆို ပူဇော်ထားသည့် မေတ္တာပို့နည်း ဖြစ်ပါ၏။

စာရေးသူ ရန်ကုန် တာမွေ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်စဉ်က မိမိသင်ကြားပေးနေသော Sunday School ကလေးများနှင့် ဤမဟာစည် ဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်း အပါအ၀င် “ယဉ်ကျေးလိမ္မာ ကလေးကဗျာ နှင့် ပုံပြင်များ” အမည်ဖြင့် ယင်းမာ တေးသံသွင်းမှ ကိုအောင်အောင်က ဦးဆောင်လျှက် ဒါရိုက်တာ မောင်ရွှစွန်က ရိုက်ကူးကာ VCD တစ်ခွေ ဖြန့်ချီခဲ့ပါသည်။ ယင်းမာတေးသံသွင်းမှ ယင်းအခွေကို သာသနာရေးဋ္ဌာနများ၊ တောင်တန်း သာသနာပြုဋ္ဌာနများသို့ အခွေပေါင်းများစွာ ဓမ္မဒါန လှူဒါန်းခဲ့ပါ၏။

ဝမ်းမြောက်ဖွယ် သတင်းမှာ ထိုအခွေ တစ်ခွေလုံးကိုသော်၎င်း၊ အပိုင်းပိုင်းဖြင့်သော်၎င်း၊ အင်တာနက်ပေါ်တွင် ကြည့်ရှု နားဆင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။


ကြည့်ရှု နားဆင်နိုင်သော ၀က်ဆိုက်များမှာ…

၁။www.burmeseclaassic.com

၂။www.youtube.com

၃။www.yatanavasatemple.ning.com

၎။www.theravadamyanmartemple.ning.com

၅။www.lovelyworld-uk.ning.com

၆။www.problemclean.ning.com

၇။www.foreverfriend.ning.com

၈။ www.yatanavasa.blogspot.com

Thursday, July 8, 2010

ရတနာဝါသကျောင်းတိုက် သတင်း



မဟာသွံသာရ ဆရာတော် ဘဒ္ဒန္တကုမာရ

ပထမကျော် ဓမ္မာစရိယ B.Sc (Maths)

အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ

ပြည်တွင်းပြည်ပ သာသနာပြု သြ၀ါဒါစရိယအဖွဲ့အကျိုးတော်ဆောင်(အတွင်းရေးမှူး) ၏

ထေရုပ္ပတ္တိ အကျဉ်း

ငယ်ဘ၀။ ။

ဆရာတော်လောင်းလျာကို ၁၃၀၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၂)ရက်၊ တနင်္လာနေ့ (25.11.1940) တွင် ဖခမည်းတော် ဦးသောင်၊ မယ်တော် ဒေါ်မြတွန့် တို့မှ ဖွါးမြင်တော်မူခဲ့ပါသည်။ မွေးချင်း (၅)ယောက်အနက် အကြီးဆုံး သားရတနာ ဖြစ်ပါသည်။ (၁၀)နှစ်သားအရွယ်ကပင် သာမဏေပြုခဲ့ပြီး၊ အသက်(၂၀)တွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်

ယခုအခါတွင် ဆရာတော်သည် သက်တော်(၇၀)နှစ်၊ ၀ါတော် (၅၀)ရှိပြီ ဖြစ်ပါသည်။

ပညာရေး။ ။

ဆရာတော်သည် ပထမလတ်တန်း၌ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမဖြင့်လည်းကောင်း၊ ပထမကြီးတန်း၌ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမ(ပထမကျော်)ဖြင့်လည်းကောင်း၊ ဓမ္မာစရိယတန်း၌ တစ်နိုင်ငံလုံးတွင် ဒုတိယအမှတ်အများဆုံး ဖြင့်လည်းကောင်း ဖြေဆိုအောင်မြင်တော်မူပြီး ပထမကျော်နှင့် ဓမ္မာစရိယ ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။ ထိုမှတဖန် လောကီပညာရေးကို ရဟန်းဝတ်နှင့်ပင် ဖြေဆို၍ သင်္ချာဘာသာအထူးပြူဖြင့် သိပ္ပံဘွဲ့ B.Sc (Math) ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာပြု။ ။

ရန်ကုန်တိုင်း သံဃနာယက ၀န်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယက ဗဟိုဝန်ဆောင်အဖြစ်လည်းကောင်း(၈)နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး၊ ယခုအခါ ကျန်းရေးကြောင့် အနားယူခဲ့ပါသည်။ ကမ္ဘာအေးရှိ နိုင်ငံတော် ပရိပတ္တိသာသနာ့တက္ကသိုလ် မော်ကွန်းထိန်း ဆရာတော်အဖြစ်(၄)နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယက၏ ပညာရေးအဖွဲ့တွင် ပထမပြန်စာမေးပွဲ အတွက် မေးခွန်းးထုတ်ခြင်း(ပု စ္ဆက)တာဝန်ကိုလည်း(၈)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယက ပြည်တွင်း ပြည်ပ သာသနာပြု သြ၀ါဒါစရိယအဖွဲ့၏ အကျိုးတော်ဆောင်(အတွင်းရေးမှူး) အဖြစ် ယခုတိုင် တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။

ဆရာတော်နှင့် မဟာသွံသာရဘုရား။ ။

တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မဟာသွံသာရဘုရားနှင့် ကျောင်းကို သာသနာသန့်ရှင်းရေးကာလတွင် နိုင်ငံတော်မှ သိမ်းယူခြဲ့ပီး၊ ဆရာတော် တက္ကသိုလ် မော်ကွန်းထိန်းရာထူးမှ အနားယူသောနှစ် (၁၉၈၉ ခုနှစ်) တွင် အဆိုပါ မဟာသွံသာရဘုရားနှင့် ကျောင်းကို ဆရာတော်ကို လှူဒါန်းကာ ကျောင်းထိုင်စေခဲ့ပါသည်။ ဆရာတော်သည် မဟာသွံသာရဘုရားကျောင်းတွင် နေထိုင်သာသနာပြုရင်း နွေရာသီကျောင်းပိတ်ရက်များတွင် ရဟန်းတော်များအတွက် (အထူးသဖြင့် ပထမကြီးတန်၊ ဓမ္မာစရိယတန်းနှင့် ဘွဲ့ရ ရဟန်းတော်များအတွက်) အင်္ဂလိပ်စာ၊ မြန်မာစာ၊ ကွန်ပျူတာသင်တန်းများကို အခမဲ့ ဖွင့်လှစ် သင်ကြား ပို့ချပေးတော်မူခဲ့ပါသည်။

ဆရာတော်သည် နိုင်ငံတော်မှ လှူဒါန်းထားသော မဟာသွံသာရ ဘုရားကျောင်းတွင် နေထိုင်သာသနာပြုနေသော်လည်း ဆရာတော်၏ ကိုယ်ပိုင်လည်းဖြစ်၊ နာယကဆရာတော် အဖြစ် ဆောင်ရွက်နေသော ကျောင်းခွဲများလည်းရှိပါသည်။ ယင်းတို့မှာ…………….

၁။ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရွာဦး ပရိယတ္တိ စာသင်တိုက်။

၂။ ရွှေပြည်သာမြို့နယ်၊ အုတ်ဖို မြသိန်းတန် ကမ္မဋ္ဌာန်း ရိပ်သာကျောင်း။

၃။ ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်း ရန်ပျိုအေး မင်းကျောင်း။

၎။ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလဲ့ မင်းကျောင်း ပရိယတ္တိစာသင်တိုက်။

၅။ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းတာဆုံ ဘုရားကျောင်းတို့ဖြစ်ပါသည်။

ဤသည်ကား မဟာသွံသာရ ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းချုပ် ဖြစ်ပါသည်။

Friday, June 25, 2010

မွေခံထိုက်စေလှူမျှဝေ၍



အမွေ

အမွေကို မြန်မာအဘိဓာန်က "(၁)မိဘဘိုးဘွားစသည်ထံမှ လက်ခံရရှိသာ ပစ္စည်းဥစ္စာ၊ (၂) (ဥပစာ) ဆက်ခံရရှိသော ပညာ၊ ရောဂါ"စသည် ဟု ဖွင့်သည်။

အမွေကို ပါဠိဝေါဟာရဖြင့် ဒါယာဒ၊ ဒါယဇ္ဇဟူ၍ခေါ်သည်၊ ပဒတ္ထမဉ္ဇူသာအဘိဓာန်က ဒါယာဒကို "ပေးသည်ကိုယူသည်၊အမွေ"ဟု ဖွင့်သည်။ ဒါယဇ္ဇကို "အမွေ၊ အမွေ ဥစ္စာ၊ အမွေခံ"ဟု ဖွင့်သည်။ ဒါယာဒကို တိပိဋက ပါဠိမြန်မာအဘိဓာန်က (၁)အမွေဥစ္စာ၊ (၂)ဆွေမျိုး၊ (၃)ပေးအပ်သော အမွေဥစ္စာကို ခံယူတတ်သော သူ၊ အမွေခံ၊ အမွေစား၊ အမွေဆိုင်၊ အတွင်းသား၊ (၄)မကောင်းမှု၏အကျိုး (မကောင်းမွေ၊ဆိုးမွေ)ကို စံစားတတ်သော၊သူ"ဟုဖွင့်သည်။ဒါယဇ္ဇကို "(၁) ပေးအပ်သော ဆုလာဘ်၊(၂)အမွေခံ၏-အဖြစ်-ဖြစ်ကြောင်းဖြစ်ရာ-အမွေ ဥစ္စာ၊အမွေခံဟုသိကြောင်း အမှတ်လက္ခဏာ၊(က)မိဘတို့ထံမှရအပ်သော အမွေဥစ္စာ။(ခ)ဘုရားရှင်ထံမှရအပ်သော အမွေဥစ္စာ''ဟု ဖွင့်သည်။

အမွေကို တချို့က အမွှေဟုခေါ် ကြသည်။ ညီအစ်ကိုမောင်နှမချင်း သွေးကွဲအောင်၊ စိတ်ဝမ်းကွဲအောင် မွှေနှောက်တတ်သောကြောင့် အမွှေဟု ခေါ်ခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းအချင်းချင်း မခေါ်နိုင်မပြောနိုင်အဖြစ်မျိုးရောက် အောင် အမွေက မွှေတတ်သည်။

တောင်ဥက္ကလာဘက်က သိသူကလေးမတစ်ယောက် အသက်သုံးဆယ်စွန်းစွန်း တစ်ကိုယ်တည်းသမား၊ မိဘတွေမဆုံးခင်က အကြီးတွေကိုလည်း ထိုက်သင့်သလို အမွေခွဲခြမ်းပေးပြီးပြီ။ မိဘတွေဆုံးတော့ အငယ်ဆုံးသမီး တစ်ကိုယ်တည်းသမားကို အတွင်းပစ္စည်းနှင့်အိမ် ပေးခဲ့သည်။ အစ်မအကြီးဆုံးလုပ်သူကလည်း သူ့အိမ်ထောင်နှင့်သူ၊ သူ့အလုပ်နှင့်သူ၊ ပြည့်ပြည့်စုံစုံတောင့်တောင့်တင်းတင်းရှိပါသည်။ သို့ဖြစ်ပါလျက် အငယ်ဆုံးညီမဆီက ထပ်မံဝေစုရရေးအတွက် မောင်တွေကို စည်းရုံးပြီး ညီမအငယ်ဆုံး တစ်ကိုယ်တော်သမားလေးကို ဖိအားပေးလျက်ရှိသည်။ အငယ်ဆုံးညီမမှာ မျက်ရည်နှင့် မျက်ခွက်၊ နောက်ဆုံးမတတ်သာလို့ အခြားရပ်ကွက် ပြောင်းရွှေ့နေထိုင်ပြီး အိမ်ထောင်ပြုလိုက်ရသည်။ အကြီးတွေလိုချင်တာကိုလည်း ထုခွဲ ပေးဖို့လုပ်နေသည်။

အကြီးတွေဖြစ်လျက် အတော်အသင့် ပြည့်ပြည့်စုံစုံရှိပါလျက် ကိုယ့်ညီမအငယ်ဆုံးလေးကို နည်းနည်းမှမညှာတာ၊ လောဘ...လောဘ.... အတော်ကြောက်ဖို့ ကောင်းသည်၊ အမွေကို အမွှေဟုခေါ်ကြသည်မှာ ဟုတ်ပုံရသည်။


လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊ အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုကနေ လာသည် . . .

ပစ္စယ၊ ဓမ္မ နှစ်ဝအမွေ

ဒေသနာတော်အလိုအရ တရားဓမ္မအမွေနှင့် ပစ္စည်းအာမိသအမွေဟု အမွေနှစ်မျိုးရှိသည်။ ဓမ္မအမွေသည် တိုက်ရိုက်ဓမ္မအမွေ၊ သွယ်ဝိုက်ဓမ္မအမွေဟု နှစ်မျိုးရှိသည်။ အာမိသပစ္စည်းအမွေလည်း ထို့အတူပင်၊သွယ်ဝိုက်နှင့် တိုက်ရိုက်နှစ်မျိုးရှိသည်။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်သည် တိုက်ရိုက်ဓမ္မအမွေဖြစ်သည်။ ၀ဋ်ဒုက္ခကင်းရာကို မျှော်လင့်တောင့်တ၍ ပြုအပ်သော ဒါနသီလသမထ ၀ိပဿနာကုသိုလ်စုသည် အစဉ်သဖြင့် နိဗ္ဗာန်တိုင်အောင် ဆောင်နိုင်သော ကြောင့် သွယ်ဝိုက်ဓမ္မအမွေဖြစ်သည်။ ရဟန်းတို့အတွက် ဆွမ်းစသော ပစ္စည်းလေးပါးသည် တိုက်ရိုက်အာမိသအမွေဖြစ်သည်၊သံသရာဝဋ်၊ဘ၀စည်းစိမ်ကို မျှော်လင့်တောင့်တ၍ ပြုလုပ်အပ်သော ဒါနသီလသမထ၀ိပဿနာ ကုသိုလ်အစုစုသည် အစဉ်သဖြင့် လူနတ်စည်းစိမ်ကို ရရှိနိုင်သောကြောင့် သွယ်ဝိုက်အာမိသအမွေဖြစ်သည်။

ဓမ္မအမွေခံယူစေ

ဓမ္မဒါယာဒသုတ်၌ ဘုရားရှင်က ''ရဟန်းတို့...သင်တို့သည် တရားဓမ္မ အမွေခံတို့သာဖြစ်ကြကုန်လော့။ ပစ္စည်းအာမိသအမွေခံတို့ မဖြစ်ကြကုန်လင့်''ဟု မိန့်ခဲ့သည်။ ဘုရားရှင်က သူ၏တပည့်သားသာဝက အားလုံးဓမ္မအမွေကိုပဲ ခံယူစေချင်သည်။ ဘုရားကိုယ်တော်တိုင်လည်း ဓမ္မအမွေပဲ ပေးခဲ့ချင်သည်။

ဘုရားရှင်ပြည်တော်ဝင်ပြီး ခုနစ်ရက်မြောက်နေ့တွင် ယသော်ဓရာက သားတော်ရာဟုလာကို အမွေတောင်းခိုင်းသည်။ ''ချစ်သားရာဟုလာ..... ရွှေအဆင်းလိုဝါ၀င်းတဲ့ အဆင်းရှိတဲ့ ဗြဟ္မာမင်းလို ခန့်ငြားတင့်တယ်တဲ့ အ ဆင်းရှိတဲ့ ဟိုရဟန်းကိုကြည့်လိုက် အဲဒီရဟန်းဟာ သင့်ဖခမည်းတော်ပဲ၊သူ့မှာ ကြီးမားလှတဲ့ ရွှေအိုးကြီးလေးလုံး ရှိခဲ့ဖူးတယ်။ငါ့သားသွားချေ အဲဒီရွှေအိုးကြီးလေးလုံးကို အမွေတောင်းခဲ့ချေ''ဟု မှာကြားကာ လွှတ်လိုက်သည်။

ရာဟုလာမင်းသားလေးသည် ဘုရားရှင်လက်ကိုဆွဲပြီး ''ဖခမည်းတော်ရဟန်းမြတ်...သားတော်အားအမွေပေးပါ။ ဖခမည်းတော်ရဟန်းမြတ် ....သားတော်အားအမွေပေးပါ''ဟု တတွတ်တွတ်ပြောရင်း ဘုရားနောက်က ပါသွားလေသည်။ ထိုအခါ ဘုရားရှင်က ''သားတော်သည် ဥစ္စာကိုအလိုရှိနေ၏။ ထိုဥစ္စာသည် ၀ဋ်ဆင်းရဲသို့ အစဉ်လိုက်နေသဖြင့် ပင်ပန်းဆင်းရဲခြင်းနှင့်တကွဖြစ်သည်။ ယခု ငါသည် ဗောဓိရင်ပြင်၌ ရအပ်သော အရိယာဥစ္စာခုနစ်ပါးကို ပေးမည်။ သားတော်ကို လောကုတ္တရာ ဓမ္မအမွေကိုပေးမည်''ဟု စဉ်းစားလေသည်။

ထို့နောက် ဘုရားရှင်က အရှင်သာရိပုတ္တရာကိုခေါ်ပြီး ''သာရိပုတ္တရာ ....ရာဟုလာကို ရှင်ပြုပေးလိုက်ပါ''ဟု မိန့်၍ သားတော်ရာဟုလာကို လောကုတ္တရာအမွေကို ပေးလိုက်လေသည်။

လူမှာ အပိုင်းနှစ်ပိုင်းရှိသည်။ ပထမပိုင်းက အမွေခံယူသော အပိုင်းဖြစ်သည်။ဒုတိယအပိုင်းက အမွေပေးရသော အပိုင်းဖြစ်သည်။ မွေခံထိုက်စေဟူသည့်အတိုင်း ပထမအပိုင်းက အမွေခံယူထိုက်သော အပိုင်းဖြစ်သည်။ ဒုတိယပိုင်းက မိမိတို့သားသမီး မြေးမြစ်တပည့် သာဝကမျိုးဆက်တွေကို အမွေပေးရမည့် အပိုင်းဖြစ်သည်။

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျဝေ၍ စောင့်လေမျိုးနွယ်ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ(သမီးတို့တာ)ဟူ၍ မိဘတို့၏ မျော်လင့်ချက်ငါးပါး သို့မဟုတ် သားသမီးဝတ္တရားငါးပါးရှိသည်။ ထိုငါးပါးတွင် မွေခံထိုက်စေလှူမျဝေ၍ကား အားလုံးနှင့်ဆိုင်သည်။

သားသမီးတို့သည် မိဘတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ လူငယ်တို့သည် လူကြီးတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ တပည့်တို့သည် ဆရာသမားတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ ခံယူပြီးသည့်နောက်ပိုင်း မိမိက မိဘနေရာ ရောက်သောအခါ သားသမီးတို့ကို အမွေပြန်ပေးရမည်၊ မိမိတို့လူကြီး နေရာရောက်သောအခါ လူငယ်တို့ကို အမွေပြန်ပေးရမည်၊ ဆရာသမားနေရာရောက်သောအခါ တပည့်တို့ကို အမွေပြန်ပေးရမည်။

အမွေက အာမိသ-ပစ္စည်းဥစ္စာ အမွေနှင့် ဓမ္မ-တရားအမွေ နှစ်မျိုးရှိသည်။ တစ်နည်း လောကီအမွေနှင့် လောကုတ္တရာအမွေဟု နှစ်မျိုးရှိသည်။ အမွေနှစ်မျိုးလုံးက လိုအပ်တာချည်းမို့ နှစ်မျိုးလုံးပေးနိုင်ရမည်။ စားမှုသောက်မှု အဆင်ပြေအောင်၊ ၀တ်မှု အဆင်ပြေအောင်၊ နေမှုထိုင်မှု အဆင်ပြေအောင်၊ အလုပ်အကိုင် အဆင်ပြေအောင်၊ စီးပွားရေး အဆင်ပြေအောင်၊ ကျန်းမာရေး အဆင်ပြေအောင်၊ သွားရေးလာရေး အဆင်ပြေအောင်၊ လူမှုကိစ္စအားလုံး အဆင်ပြေအောင် ဆောင် ရွက်ပေးထားခဲ့ကြရမည်၊ ဤကား အာမိသအမွေဖြစ်သည်။

ဘုရားကတော့ သူ့တပည့်သာဝကတွေကို ဓမ္မအမွေကိုသာ ခံယူကြဖို့ တိုက်တွန်းသည်။ သားတော်ရာဟုလာကအစ အားလုံးကို ဓမ္မအမွေပဲ ပေးခဲ့သည်။ ဓမ္မဟူသည် မှန်ကန်ခြင်းဖြစ်သည်။ ဓမ္မဟူသည် မွန်မြတ်ခြင်းဖြစ်သည် ဓမ္မဟူသည် မျှတခြင်းဖြစ် သည်။ မိမိတို့ကိုယ်တိုင် မှန်ကန်မှုကို ကျင့်သုံး၍ မွန်မြတ်မှုကို ကျင့်သုံး၍ မျှတမှုကိုကျင့်သုံး၍ အမွေခံတို့အားလည်း မှန်ကန်မှု၊ မွန်မြတ်မှု၊ မျှတမှုတို့ကို ပေးခဲ့ကြရမည်။

လှူရမည်

မိမိတို့သည် အမွေရ၍ဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေရ၍ဖြစ်စေ၊ ရရှိလာသော ပစ္စည်းဥစ္စာတို့ကို သုံးသင့်တာကိုသုံး၊ စားသင့်တာကိုစား၊ လှူသင့်တာကိုလှူရမည်။ ပစ္စည်းဥစ္စာတို့သည် ရန်သူမျိုးငါးပါးလုံးနှင့်သက်ဆိုင်နေသည့် အတွက်ကြောင့် အနှစ် သာရမဟုတ်၊ ထိုပစ္စည်းဥစ္စာထဲမှ အနှစ်ထုတ်ရမည်ဆိုလျှင် ဒါနသာရှိသည်ဟု သူတော်ကောင်းများမိန့်ကြသည်။ ယခုနှစ်ပွင့်လင်းရာသီမှာ မီးလောင်မှုတွေ တော်တော်များသည်၊ ဆုံးရှုံးမှုတွေလည်းများသည်။

"ပစ္စည်းနှင့်လူ ဤနှစ်ဆူ၊ စွန့်သူ၊ စွန့်ခံ၊ အပြန်အလှန်၊ သူကနိုင်မလား၊ ကိုယ်နိုင်မလား၊ စဉ်းစားဝေဖန်၊ ခွဲခြားရန်"ဟုဆိုသည်။ လူက ပစ္စည်းကိုစွန့်လျှင်စွန့်၊ လူက ပစ္စည်းကိုမစွန့်နိုင်လျှင် ပစ္စည်းက လူကိုစွန့်သွားတတ်သည်။ ကိုယ်ကသူ့ကိုမစွန့်လျှင် သူကကိုယ့်ကိုစွန့်သွားမှာ သေချာသည်။ကိုယ်က လက်ဦးမှုရယူဖို့လိုသည်။တစ်စတစ်စ နည်းနည်းချင်းစွန့်ရမည်။ နည်းနည်းချင်း စွန့်ရာကနေ များများစွန့်ရဲသော အကျင့်ရလာလိမ့်မည်။ နိဗ္ဗာန်ဟူသည် စာဂ-စွန့်ခြင်းဖြစ်သည်။ နည်းနည်း စွန့် နည်းနည်းနိဗ္ဗာန်၊ များများစွန့် များများနိဗ္ဗာန်၊ အားလုံးစွန့်လျှင်တကယ့် နိဗ္ဗာန်အစစ်ရောက်တော့သည်။

မျှရ၊ ဝေရမည်

လောကသားသည် လောဘသားကများသည်။လောဘကလည်း ၀ိသမလောဘတွေကများသည်။ လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှ ပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုက နေလာသည်။

ထို့ကြောင့် လူနှင့်လူ့ဝန်းကျင် ငြိမ်းချမ်းစေဖို့ မျှ၍တွေးရမည်။ မျှ၍ ပြောရမည်။ မျ၍ လုပ်ရမည်။ မျှမျှတတ တွေးရမည်။ မျှမျှတတပြောရမည်။ မျှမျှတတလုပ်ရမည်။ မျှ၍ဝေ၍ ဒုက္ခနှင့်သုခမျှဝေ၍ မျှမျှတတ ခံစားကြမည်ဆိုပါလျှင် အားလုံးငြိမ်းငြိမ်း ချမ်းချမ်းရှိပါလိမ့်မည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဘယ်သူပြိုင်၍ လှပါနိုင်

သူတို့ ဘယ်သို့ ရောက်မည်နည်း

Tuesday, June 15, 2010

မြတ်ဗုဒ္ဓ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်း



အသက်ဉာဏ်စောင့်။ ။

သက်ပိုင်းတိုရာ၊ ဇာတာပါလည်း

သမ္မာပယောဂ၊ ကုသလဖြင့်

ဒီဃအာယု၊ ပြိုင်တုဘက်ရှား

သက်ရှည်ပွါး၍၊ ထင်ရှားချမ်းသာ

ကြီးကျယ်စွာလျက်၊ တေဇာဘုန်းရောင်

တိုးတက်ပြောင်၏။

(မဃဒေ၀၊ ၃၇၂)



မူလဖွါးဇာတာအရ အသက်တိုမည်ဆိုသော်လည်း သမ္မာပယောဂနှင့် ကုသိုလ်ဆက်၍ ပေးသောကြောင့် အသက်မတိုသည့်အပြင် အသက်ရှည်၍ အနာရောဂါကင်းကွာ ကျန်းမာ ချမ်းသာကြောင်း မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာဖြင့်
ညွှန်ပြတော်မူခဲ့ခြင်း ဖြစ်ပါသည်။သမ္မာပယောဂဟူသည် အသက်ရှည်ကြာ အနာကင်းဝေး ကျန်းမာရေးအတွက်
နည်းမှန်လမ်းမှန် လုံ့လကြိုးကုတ် အားထုတ်ခြင်းပင် ဖြစ်ပါ၏။



“အသက် ဉာဏ်စောင့်၊ ဥစ္စာ ကံစောင့်” ဆိုသည့်အတိုင်း အသက်ရှည်စွာ နေနိုင်ရေးတွင် အသိဉာဏ် အလိမ္မာသည် အခရာဖြစ်ပေသည်။ နေရာတိုင်းတွင် မိုက်ရူးရဲ အဆင်ခြင်မဲ့ ပြုလုပ်သွားလာ နေထိုင်ခြင်း မပြုဘဲ၊ သတိသမ္ပဇဉ် ဉာဏ်ယှဉ်၍ ပြုလုပ်ပါက ကျန်းမာ ချမ်းသာနိုင်ရုံမက
ဘေးအန္တရယ်ကင်းရှင်း အသက်ရှည်ခြင်း အကျိုးကို မုချရရှိနိုင်မည် ဖြစ်ပါသည်။ စိတ်ဆန္ဒ၏
ကျေးကျွန် မဖြစ်စေဘဲ၊ မတော်တာကို ရှောင်နိုင်၍ တော်တာကို ဆောင်နိုင်သောသူအတွက် ကျန်းမာရေးဆုမွန်သည်
လက်တစ်ကမ်းတွင်သာ ရှိနေကြောင်း သဘောပေါက်လာမည်ဖြစ်ပါသည်။


ယနေ့ခေတ် ဆေးရုံပေါ်မှ လူနာများကို စနစ်တကျ သုတေသနပြုကြည့်မည်ဆိုလျှင် ရောဂါမဖြစ်ထိုက်ဘဲ ဖြစ်နေကြရသူက ရာနှုန်းများနေကြောင်း တွေ့နိုင်ပေသည်။ မိမိ၏ ခန္ဓာကိုယ် စက်ယန္တရားကို ဉာဏ်ဖြင့်ပြုပြင်မှုမရှိဘဲ မတော်နေ၊ မတော်စား၊ မတော်သွားသူများသည် ရောဂါဘယ၏ မိတ်ဆွေများ ဖြစ်ကြ၏။


ဆီ ရေ လေ မီးကို ဂရုမပြုဘဲ၊ ဘီးလိမ့်တိုင်း အရမ်းမောင်းနေသော ဒရိုင်ဘာ၏ ကားသည် အပျက်မြန်၏။ ၀ပ်ရှော့၌ ခဏခဏထိုးရ၏။ လူ၏ခန္ဓာကိုယ်သည်လည်း စက်ယန္တရားသဖွယ်ဖြစ်၏။ ဓါတ်လေးပါး မျှတမှုရှိ မရှိ သတိမပြုဘဲ၊
မဆင်မခြင် စားသောက်နေထိုင်သူသည် ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းဖြစ်၏။ ဆေးရုံသို့ ခဏခဏရောက်ရရှာ၏။
ဆေးရုံ ဆေးခန်းသို့ ခဏခဏ ဆက်ကြေးပေးနေရပေလိမ့်မည်။


တစ်ဖက်တွင်မူ မိမိကျန်းမာရေးကို လက်တွေ့အရယူတတ်သူ၊ ရောဂါဘယကို လက်တွေ့ကာကွယ်တတ်သူမျိုးမှာမူ ကျန်းမာရွှင်လန်းရမြဲ ဖြစ်၏။ ဆေးရုံ ဆေးခန်းတို့ကို ဦးတိုက် ခစားစရာမလို။ သူ့အသိ သူ့အဆင်ခြင်ကပင် သူ့ကို ကျန်းမာရေးပလ္လင်၌ နန်းတင်ပေလိမ့်မည်။


ကျန်းမာရေးကို လက်တွေ့အရယူရာတွင် စိတ်သည် ပဓါနအခန်းမှ ပါဝင်သည်။ မိမိစိတ်ကို နိုင်သူမျိုးသည်သာ ကြီးပွါးချမ်းသာ ရောဂါကင်းကွာ သက်ရှည်ကျန်းမာမြဲဖြစ်၏။ အချို့သူတို့သည် မကောင်းမှန်း၊ မတော်မှန်းသိလျှက်နှင့် လုပ်မိတတ်ကြ၏။ မတည့်မှန်းသိလျှက်နှင့်
စားမိတတ်ကြ၏။ ကောင်းမှန်းသိလျှက်နှင့် မလုပ်ဖြစ်ကြ။ တည့်မှန်းသိလျှက်နှင့် မစားဖြစ်ကြပေ။
ဤသို့ ဖြစ်ရခြင်းမှာ စိတ်ဓာတ် မခိုင်မာခြင်း၊ စိတ်ဓာတ်အားနည်းခြင်း၏ လက္ခဏာများပင် ဖြစ်ပါသည်။
စိတ်ဓာတ်အားနည်း၍ ဆန္ဒ၏ စေစားရာ၊ ရမ္မက်၏ လှုံ့ဆော်ရာ ပါနေသူမျိုးသည် ကျန်းမာရေးဆုလာဒ်ကို
အရယူနိုင်မည် မဟုတ်ပေ။


ရသာယတနဆေး။ ။

သတိပညာ၊ မကွာသောအား၊ သင့်ခံစားက

ခေါင်းပါးရောဂါ၊ ကင်းအနာနှင့်၊ ရသာယန

ဆေးသြဇသို့၊ ကာယမနွမ်း၊ အေးကြည်ချမ်း၍

သက်တမ်းကျွံလိမ့်မည်ကိုသော်။ ။

(ဥမ္မာဒန္တီပျို့)



သတိနှင့်ပညာ လက်မလွတ်စေဘဲ ကာမဂုဏ်ခံစားရာ၌ ဖြစ်စေ၊ စားရာ၌ဖြစ်စေ၊ သောက်ရာ၌ဖြစ်စေ အသင့်အတင့် ခံစားရမည်။ အတိုင်းအရှည်ပမာဏကို သိရမည်။ “တန်ဆေး လွန်ဘေး” ဆိုသော စကားပုံသည် သတိရှိခြင်း၊ အတိုင်းအရှည်ပမာဏကို သိခြင်းကို
ညွှန်းဆိုခြင်းပင် ဖြစ်ပါသည်။ ထိုသို့အသင့်အတင့် သုံးဆောင်ခံစားလျှင် ရသာယတနဆေးမှီဝဲသလို
အသက်ရှည်စေတတ်သည်ဟု ဆိုလိုပါသည်။


အသက်တိုကြောင်း (၆)ပါး။ ။



အသက်တိုတတ်သော အကြောင်း(၆)ပါးရှိပါသည်။ ၄င်းတို့မှာ ….


၁။ကျန်းမာရေးအတွက် မလက်ဆတ်သောအသားနှင့် အမှည့်လွန်သော သစ်သီးးးများကို မစားပါနှင့်။


၂။ငယ်ရွယ်သူသည် အရွယ်လွန်သော ဇရာအိုနှင့် အိမ်ထောင်မှု မပြုသင့်ပါ။


၃။နေအပူရှိန် အရမ်းပြင်းသော တော်သလင်းလတွင် နေပူမမိစေရန် အထူးဆင်ခြင်ရမည်။ အပူပြင်းသော နွေရာသီတွင် နေမွန်းတည့်ချိန်(၁၂)နာရီဝန်းကျင် နေပူမမိစေရန် သတိပြုရပေမည်။ သွားလာပါက အမိုးအကာဖြင့်သာ
သွားလာသင့်ပါသည်။


၎။နွားနို့ကို အချဉ်ထည့်၍ (ဒိန်ချဉ် ပြုလုပ်၍) စားရာတွင် (၃)ရက် မပြည့်ခင် မစားသင့်။ ဘေးဖြစ်တတ်၏။


၅။နံနက်စောစော အရုဏ်တတ်တွင် မေထုန်ပြုခြင်းမှ ရှောင်ကြဉ်ပါ။ ကျန်းမာရေး ပျက်စီးတတ်၏။


၆။နံနက်စောစော အိပ်ယာမထဘဲ၊ နေမြင့်မှ အိပ်ယာထခြင်းသည်လည်း အသက်တိုတတ်၏။ ရောဂါရစေတတ်၏။


(စာဏကျနီတိ၊ ဥတုဘောဇနသင်္ဂဟကျမ်း)



ကျန်းမာရေးအတွက် မသင့်တော်သော အရာများ ။ ။


တရားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်များအတွက် မသင့်လျှော် မလျှောက်ပတ်သော အရာ (၄)မျိုးရှိပါသည်။ ဤအချက်များသည်လည်း ကျန်းမာလိုသူ ရောဂါကင်းလိုသူတို့အတွက် အသုံးဝင်ကြောင်း တွေ့မြင်နိုင်ပါသည်။


၁။မိမိနှင့် မသင့်တော်သောနေရာတွင် မနေသင့်ပါ။ ဥပမာ။ ။မိမိက ကိုယ်ငွေ့နည်းပြီး၊ အခိုးပွင့်နည်းသူ ဖြစ်ပါက စိမ့်အေးသောနေရာမျိုး၌ မနေသင့်ပါ။ နေမိက ရောဂါအမျိုးမျိုး ဖြစ်ပေါ်လာမည်သာ ဖြစ်ပါသည်။(ပတိရူပ ဒေသ၀ါသ)


၂။အစားအစာကို သင့်လျှော် မျှတရုံသာ စားပါ။ အားဖြစ်အောင် စားပါ။ အစာအာဟာရ ချို့တဲ့လွန်းလျှင်လည်း ရောဂါ ၀င်လာတတ်ပါသည်။ အစာအာဟာရ သြဇာပြည့်ဝလျှင် တော်ရုံ တန်ရုံ ရောဂါကို ကာကွယ်နိုင်စွမ်းရှိပါ၏။
သို့ဖြစ်၍ အစားအသောက်ကို မျှတအောင် စားရန်လိုအပ်ပါသည်။ အချို့သူတို့သည် အချိန်မှန်မှန်
မစားကြ၍ မူးဝေတတ်၏။ လေနာရောဂါ ရတတ်၏။ အစာအိမ်ရောဂါ ဖြစ်တတပါ၏။ သို့ဖြစ်၍ ခန္ဓာကိုယ်
စက်ယန္တရားကြီးအတွက် လောင်စာဆီသဖွယ် ဖြစ်သော အစာအာဟာရကို လုံလောက်အောင် စားသုံးပေးရန်
သတိလက်မလွတ်သင့်ပါ။ (ဘောဇန မတ္တညုတာ)


၃။ ကျန်းမာသက်ရှည်ရန်အတွက် ရာသီဥတု မျှတရန်လိုသည်။ အချို့သူတို့သည် အေးသောရာသီဥတုနှင့် ကိုက်ညီ၍ ကျန်းမာ၏။ အချို့သူတို့သည် ပူသောရာသီဥတုနှင့် ကိုက်ညီ၍ ကျန်းမာ၏။ အေးသောရာသီတုနှင့် သင့်တော်သူသည် ပူသောရာသီဥတုနှင့်
မသင့်ဖြစ်တတ်၏။ နေထိုင်ရန် မသင့်လျှော်ပေ။ ပူသောရာသီတုနှင့် သင့်တော်သူသည် အေးသောရာသီဥတုနှင့်
မသင့်ဖြစ်တတ်၏။ နေထိုင်ရန် မသင့်လျှော်ပေ။ မိမိခန္ဓာကိုယ် အခြေအနေနှင့် ကိုက်ညီမည့်
ရာသီဥတုကို ရွေး၍ နေထိုင်ရန် ဖြစ်ပါသည်။(ဥတုသပ္ပါယ)


၎။ကျန်းမာချင်သူတိုင်းအတွက် အရေးကြီးဆုံးသောအချက်မှာ သွား၊ ထိုင်၊ ရပ်၊ လျောင်း ဣရိယာပုတ်(၄)ပါးကို သင့်တင့် မျှတအောင် ပြုမူနေထိုင်တတ်ရပေမည်။ နေ့စဉ် ပြန်လည်စဉ်းစား ဆင်ခြင်သော အလုပ်ကို မွေးမြူသင့်၏။ ဤနေ့
အထိုင်များသလား။ အအိပ်များသလား စသည်ဖြင့် ဆင်ခြင်
စဉ်းစားသင့်၏။ လူတိုင်း အလုပ်လုပ်ရမြဲ ဖြစ်၏။ အချို့အလုပ်မှာ အထိုင်များ၍ အညောင်းမိပြီး၊
ရောဂါ ရတတ်၏။ ဣရိယာပုတ်(၄)ပါးတို့တွင် အထိုင်များ၍ ရောဂါ ရသည်က များ၏။ အသွားများ၍ ရောဂါရသည်ဟူ၍
မရှိတတ်ပေ။ (ဣရိယာပထသပ္ပါယ)


(၀ိသုဒ္ဓိမဂ်၊ ဋ္ဌ၊၁၉။ ၀ိ၊၁၊ဋ္ဌ၊၃၀။ပဏ်၊၁၊ဋ္ဌ၊၂၈၀။)



လမ်းလျှောက်ခြင်း(စင်္ကြံသွားခြင်း)အကျိုး။ ။



မြတ်စွာဘုရားရှင်က လမ်းလျှောက်ခြင်း(စင်္ကြံသွားခြင်း) အကျိုးကျေးဇူးတို့ကို ဤသို့ဟောတော်မူခဲ့ပါသည်။


၁။ခရီးရှည်ကို မမောမပန်း သွားနိုင်သည်။ လမ်းလျှောက် အကျင့်ရနေ၍ ဖြစ်သည်။


၂။ကိုယ်ခန္ဓာပေါ့ပါးလျင်မြန်သည်။ ထကြွလုံ့လ ၀ီရိယ ရှိသည်။


၃။အမြဲရောဂါကင်းသည်။ ကျန်းမာရေးကောင်းသည်။


၎။စားသော အစားအစာ ကြေညက်၍ မျှတ၏။ ထမင်းစား၍ ကောင်း၏။


၅။စိတ်တည်ကြည်မှု ရလွယ်၏။ သမာဓိ ခိုင်မြဲ၏။


(စင်္ကမသုတ်၊အံ၊၅၊ပါ၊၂၄။ဋ္ဌ၊၁၂။)


သို့ဖြစ်၍ ရောဂါကင်းလိုသူတိုင်း၊ ကျန်းမာလိုသူတိုင်းသည် လမ်းလျှောက်ပေးရန် လိုအပ်ကြောင်း ထင်ရှားလေပြီ။



ထိန်းချုပ်မထားသင့်။ ။


အစာကြေမှ၊ စားထဘောဇဉ်

အစဉ်မှတ်ဖွယ်၊ ကြီးငယ်နှစ်ပါး

ကျင့်အသွားကို၊ မတားအဟုန်

မေထုန်ကြဉ်ရှား၊ သူ့အားမညှဉ်း

မစဉ်းသားမှု၊ မပြုလျင်စွာ

ဤငါးဖြာလည်း၊ အာယုသက်မြတ်

ရှည်ကြောင်းမှတ်လော့။ ။

(မဃဒေ၀၊ ၃၂၇။ ပုတ္တောဝါဒ၊ ၁၅၈။)



ကျန်းမာလိုသူ၊ ရောဂါကင်းလိုသူ၊ အသက်ရှည်လိုသူတိုင်းသည် ကျန်းမာရေးအတွက် အရေးကြီးသော ဤအချက်(၅)ချက်ကို သဘောပေါက်နားလည်ရမည်။ လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည်။


၁။ပထမစားပြီးသော အစားအစာများ ကောင်းစွာကြေညက်ပြီးမှ နောက်ထပ် အစားအစာကို စားရန် ဖြစ်ပါသည်။ အစာမကြေသေးဘဲ နောက်ထပ်စားလျှင် ဆေးမဖြစ်ဘဲ ဘေးဖြစ်နိုင်ပါသည်။


၂။ကျင်ကြီး ကျင်ငယ်စွန့်ချင်လျှင် အောင့်အည်း ထိန်းချုပ်၍ မထားသင့်ပေ။ စွန့်ချင်လျှင် ချက်ချင်း စွန့်ထုတ်သင့်၏။ အောင့်အည်းထားပါက ၀မ်းချုပ်၊ ဆီးချုပ် ဖြစ်ရုံမက အပြင်သို့မထွက်ရသော ဆီးနှင့် ၀မ်းတို့က လူကို ဘေးဥပါဒ်
ပေးတတ်လေသည်။


၃။မေထုန်မှီဝဲခြင်းကို ကြဉ်ရှောင်ပါ။ အားအင် မပြည့်စုံသူနှင့် အသက်အရွယ် ကြီးရင့်သူများအတွက် ညွှန်ကြားချက် ဖြစ်၏။ အားအင်ချိနဲ့နေပါလျက် မေထုန်မှီဝဲပါက အားအင်ကုန်ခမ်းသွား၍ ကြံ့ခိုင်မှုစွမ်းရည် နည်းသွား၏။ ထို့ကြောင့် ရောဂါအမျိုးမျိုး
ဖြစ်လာနိုင်သည်။


၎။သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်ခြင်းကို မပြုရန် ဖြစ်၏။ သူတစ်ပါးကို ညှဉ်းပန်း နှိပ်စက်သောသူသည် တူသောအကျိုးပေးခြင်းကို ခံရတတ်၏။ မိမိမှာ နာကျင်ခံခက် ရောဂါရတတ်လေသည်။


၅။မစဉ်းစား မဆင်ခြင် အလျင်စလို ပြောတတ် ဆိုတတ် လုပ်တတ်သူသည် ကျန်းမာရေးကို တစ်နည်းနည်းဖြင့် ထိခိုက်တတ်၏။ ရောဂါရတတ်၏။



ကျန်းမာရေးအတွက် ဤ(၅)ချက်။ ။



ကျန်းမာရေးအတွက် အရေးကြီးသောအချက်(၅)ချက်ကို မြတ်စွာဘုရားရှင်က ဤသို့တစ်ဖန် ထုတ်ဆောင် ဟောကြားတော်မူခဲ့ပါသည်။


၁။သင့်တင့်လျောက်ပတ်သည်ကိုသာ ပြုလေ့ရှိခြင်း။ အနေအထိုင်၊ အစားအသောက်၊ အသွားအလာမှစ၍ အစစအရာရာတွင် သင့်တင့်မျှတအောင် စဉ်းစားဆင်ခြင်၍ ပြုလုပ်ရန်ဖြစ်ပါသည်။ မသင့်သည်ကို ရှောင်ကြဉ်၍ သင့်သည်ကို ဆောင်ပါလျှင်
ရောဂါကင်းကွာ ကျန်းမာသည်မှအစပြု၍ အစစအရာရာ အောင်မြင်မြဲသာ ဖြစ်ပါသည်။


၂။သင့်လျှော်ရာကို ပြုခြင်း၌လည်း အတိုင်းအရှည်ကို သိခြင်း။ မိမိနှင့် သင့်၍ တည့်၍ စားသောက်ရာမျိုး၌ပင် အတိုင်းအရှည် ပမာဏကို သိရှိနားလည်ရန် ဖြစ်ပါသည်။ အတိုင်းအတာကို မလွန်စေဘဲ တန်ရုံသာ သုံးဆောင် သားသောက်ရန်
ဖြစ်ပါ၏။ “တန်ဆေး လွန်ဘေး” သဘောကို လက်တွေ့နားလည် ကျင့်သုံးရန် ဖြစ်ပါ၏။


၃။ကြေလွယ် ကျက်လွယ်သော အစာအာဟာရကိုသာ စားသုံးလေ့ရှိခြင်း။ “၀မ်းတစ်လုံးကောင်း ခေါင်းမခဲ” ဟူသော စကားပုံအညီ ၀မ်းတစ်လုံးကောင်းနေပါက ရောဂါကင်းစင်နေမည်သာ ဖြစ်ပါ၏။ မည်သည့်အခါမျှ ခေါင်းခဲမည် မဟုတ်ပေ။ နေ့စဉ် စားသုံးနေသော
အစာအာဟာရသည် ကောင်းစွာ ကြေညက်ပြီး၊ ခန္ဓာကိုယ်အား အကျိုးပြု၏။ ကောင်းစွာ မကြေညက်ပါက
ထိုအစာအာဟာရသည် ခန္ဓာကိုယ်အား အကျိုးမပြုသည့်အပြင် ဒုက္ခဖြစ်စေတတ်ပါသည်။ ထိုမကြေညက်သော
အစာအာဟာရသည် ဆေးမဖြစ်ဘဲ၊ ဘေးဖြစ်စေလိမ့်မည်သာ။ ထို့ကြောင့် ကြေလွယ်ကျက်လွယ်သော အစာအာဟာရမျိုးကို
ရွေးချယ်စားခြင်းသည် ကျန်းမာရေးအတွက် စိတ်ချရသည်။


၎။အစားအသောက် အအိပ်အနေ စသောကိစ္စတို့ကို အချိန်မှန်မှန် ပြုလုပ်တတ်ခြင်း။ အဆာလွန် ခံခြင်း၊ ခံတွင်းတွေ့လျှင် တွေ့သလို စား၍ ခံတွင်းမတွေ့လျှင် ဆေးပင် ဖြစ်စေတော့ လုံးဝမစားခြင်း။ အစား ပစ်ပယ်ခြင်း၊ အအိပ် ပစ်ပယ်ခြင်းကို
ပြုတတ်လျှင်လည်း ကျန်းမာရေးကို အမြန်ဆုံး ထိခိုက်တတ်ပါသည်။ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်၊
ကျင်ကြီး ကျင်ငယ် စွန့်ချိန်တန်စွန့် စသည်ဖြင့် အချိန်မှန်စွာ စနစ်တကျ ပြုလုပ်နေထိုင်တတ်ပါလျှင်
ကျန်းမာရေးအတွက် ဆေးတစ်ခွက်မက အကျိုးရှိနိုင်ပါသည်။


၅။မိတ်ကောင်း ဆွေကောင်းရှိခြင်း။ ကျန်းမာရေး ဗဟုသုတ ရှိသူများနှင့် ဆရာကောင်း သမားကောင်းများကို ခင်မင်သိကျွမ်းသင့်၏။ ဆည်းကပ်မှီဝဲသင့်၏။ ထိုသူတို့ထံမှ အစာအာဟာရဗဟုသုတ ဆေးဗဟုသုတ စသည်တို့ကို ရရှိနိုင်
သိရှိနိုင်၍ ကျန်းမားရေးအတွက် အထောက်အပံ့ကောင်း ဖြစ်နိုင်ပါသည်။


(အံ၊၅၊ပါ၊၁၂၉။ အံ၊၃၊ဋ္ဌ၊၂၂၈။ ဓမ္မ၊ဋ္ဌ၊ပ၊၂၀၁။)


“လျောက်ပတ်ကျင့်ငြါး၊ လျောက်ပတ်စားနှင့်

ဆေးဝါးစာကြေ၊ သွားထွေကာလ၊ ဗြဟ္မစာရီ၊ ဤငါးလီမူ

ကောကီလူပေါင်း၊ သက်ရှည်ကြောင်းတည်း။”

(မဃဒေ၀၊၃၂၇၊ ပုတ္တောဝါဒ၊၁၅၈။)


မတည့်တာကို ရှောင်နိုင်သည့် ခန္တီတရား။ ။



သည်းခံမှုဆိုင်ရာတွင် အဓိဝါသနခန္တီ ခေါ်သော သည်းခံခြင်းတစ်မျိုးရှိ၏။ ဤသည်းခံခြင်း ခန္တီကား အခြားမဟုတ်ပေ။ မိမိစိတ်ကြိုက်မကျသော (မိမိသဘောမကျသော) အရာတို့နှင့် ကြုံတွေ့လာသောအခါ အနေအထားမပျက် ကြံ့ကြံ့ခံနိုင်မှုပင်
ဖြစ်ပါ၏။ အပူနှင့် တွေ့လျှင် စိတ်က အပူမခံချင်။ အအေးနှင့် တွေ့လျှင် စိတ်က အအေးမခံချင်။
ဆာလောင်လာလျှင် စိတ်က မတည့်တာကိုမှ စားချင်တတ်၏။ ဤကဲ့သို့ အပူ အအေး ဆာလောင်မှု စသည်တို့၌
သည်းခံခြင်းမျိုးပင် ဖြစ်ပါ၏။


ထို့ကြောင့် ကျန်းမာချင်သူတိုင်း၊ ရောဂါကင်းလိုသူတိုင်း၊ အသက်ရှည်လိုသူတိုင်းသည် အဓိဝါသနခန္တီတရားကို လက်ကိုင်ထားကာ လိုက်နာကျင့်သုံးခြင်းဖြင့် လက်တွေ့ကျန်းမာရေးကို အရယူနိုင်ပါကြောင်း သတင်းကောင်းပါး ရေးသားတင်ပြလိုက်ရပါသည်။ ရောဂါကို
ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်၍ ကောင်းမွန်လွယ်ကူမှု ရှိသည်ဆိုခြင်းကို နှလုံးသွင်းမိပါလျှင်
ဤဆောင်းပါးကို ဖတ်၍ မိမိကိုယ်တိုင် ကျန်းမာအောင် အသက်ရှည်ရာ အနာမဲ့ကြောင်းဖြစ်အောင်
ပြုလုပ်နိုင်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။


တက္ကသိုလ် မောင်ကိုရင်