Showing posts with label ဖြစ်ရပ်မှန်. Show all posts
Showing posts with label ဖြစ်ရပ်မှန်. Show all posts

Monday, January 5, 2015

လက်သည်းခွံပေါ်က မြေတစ်မှုန့်


လက်သည်းခွံပေါ်က မြေတစ်မှုန့်

 (က)
ယေဘုယျအားဖြင့် သူမကို မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘနှစ်ဦးမှ မွေးဖွားလာသောကြောင့် ဘာသာတရားအပေါ်၌ လေးစားကိုင်းရှိုင်းသော မိန်းမပျိုတစ်ဦးဟု လူအများက ထင်မှတ် ယုံကြည်လျက်ရှိကြသည်။ တကယ်တော့ သူမသည် ခရစ်ယာန်ဘာသာဝင် မိခင်ဝမ်းမှာ ၀င်စားခဲ့ခြင်းဖြစ်သည်။ သူမ မိခင်ဘက်မှ အဖိုးနှင့်အဖွား၊ ဦးလေးနှင့် အဒေါ်များအားလုံး ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ သူမ ငယ်စဉ်က အဖွား၏ သမ္မာကျမ်းစာ ပါဇာတ်တော်များ နားထောင်ပြီး အိပ်ရာဝင်ခဲ့ဖူးသည်။

အဖွားတို့မြို့က အပတ်စဉ်ဝတ်ပြုဆုတောင်းသော ဘုရားရှိခိုး ကျောင်းမှာ ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ဖူးသည်။ သူမ မိခင်နှင့်လည်း ရန်ကုန်မြို့ထဲက ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ဝတ်ပြုခဲ့ဖူးသည်။ သူမအစ်ကိုဝမ်းကွဲက လက်ဆောင် ပေးသော ဓမ္မသစ်ကျမ်းစာလည်း ဖတ်ရှုခဲ့ဖူးသည်။ သူမ မှတ်မိသလောက် သူမ၏ မိခင်နှင့်ဖခင်ဖြစ်သူ နှစ်ဦးစလုံးက သူမကို ဘယ်သာသာဝင်ရမည်ဟု တိုက်တွန်းဆွယ်ယူခြင်း လုံးလုံး မပြုခဲ့ပါ။ သူမ အဖေဘက်မှအဖွား အိမ်မှာညအိပ်အလည်အပတ်ရောက်လာသည့်အခါ သူမတို့မောင်နှမကို ဘုရားစင်ရှေ့မှာ အတူဘုရားရှိခိုးစေပြီး ဘုရားစာများကို ရွတ်ဆိုသင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် သြကာသကန်တော့ခန်းမှစသော အခြေခံဘုရားစာများကို အလွတ်ရနေခဲ့ပြန်သည်။

သူမ အလယ်တန်းရောက်သောအခါ ခရစ်ယာန်ဘာသာ၌ လွန်စွာယုံကြည်ကိုးစားသော သူငယ်ချင်း တစ်ယောက်နှင့် ခင်မင်မိသည်။ ထိုသူငယ်ချင်းက သူမအား ခရစ်ယာန်ဘာသာသို့ လုံးလုံး ကူးပြောင်းရန် တိုက်တွန်းပြီး သူ့အစွမ်းအစနှင့် ရသလောက်ကြိုးစားအားထုတ်ခဲ့သည်။ သူမက လည်း ညစဉ်အိပ်ရာမ၀င်မီ သူငယ်ချင်းပေးသော ၀ိညာဉ်ရိပ်သာ စာအုပ်များဖတ်ပြီး ဘုရားသခင် ထံပါး ဆုတောင်းခဲ့သည်။ သူမ၏ အမေဘက်မှ အဖွားက သူမအား အသက်ဆယ့်ရှစ်နှစ် ပြည့်သောအခါ ဘာသာတစ်ခုခုကို ဆုံးဖြတ်ကိုးကွယ်ရမည်ဖြစ်ကြောင်း၊ ထိုဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်သင့်ကြောင်း သူမကို မကြာခဏ မှာကြားခဲ့ဖူးသည်ကို သတိရသည်။

သူမကိုယ်တိုင်လည်း အေးချမ်းလှသောအဖွားနှင့်ဦးလေးတို့ကိုကြည့်ပြီး ခရစ်ယာန်ဘာသာဝင် တို့သည် အစဉ်အေးချမ်းပြီး စိတ်သဘောထားကောင်းမွန်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တို့မှာ သူတို့နှင့်ယှဉ်လျှင် ပူလောင်ကာ သဘောထားမပြည့်ဝကြောင်း စိတ်မှာစွဲထင်နေပြီး တစ်နေ့ သူမ ယုံကြည်ကိုးကွယ်ရမည့် ဘာသာသည် ခရစ်ယာန်ဘာသာသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သူမ သတ္တမတန်းသို့ရောက်ချိန်တွင် သူမမိခင်သည် ဖခင်၏တိုက်တွန်းမှုလုံးလုံးမပါဘဲ ကိုယ်ပိုင် ယုံကြည်မှုဖြင့် ဗုဒ္ဓဘာသာ၌ သက်ဝင်ဆည်းကပ်မှု ပြုခဲ့သည်။

ခရစ်ယာန်ဘက်သို့ စိတ်ယိုင်နေသော သူမအား ဘုရားသောက်တော်ရေများ လဲလှယ်ကပ်ယူ ခိုင်းခြင်း၊ ဘုရားပန်းအိုးများ ဆေးကြောစေခြင်းတို့ကို လုပ်ဆောင်ခိုင်းသောအခါ သူမ စိတ်ထဲ သိပ် အလိုမကျခဲ့။ သို့သော် မိခင်ကို ချစ်ကြောက်ရိုသေလေးစားသူပီပီ မိခင်ညွှန်ကြားသမျှ သူမ လုပ်ဆောင်ပေးခဲ့သည်။ သူမတို့ ဆယ်တန်းအောင်ပြီးချိန်တွင် သူမ အသက် ၁၇နှစ် ပြည့်ခဲ့ပြီ။ အသက် ၁၈နှစ်တွင် ဘာသာတစ်ခုခုကို ဆုံးဖြတ် ရွေးချယ်ရမည်ဟူသော အဖွား၏စကားကို ကြားယောင်ကာ သူမ ဘယ်သာသာကို ယတိပြတ် ယုံကြည်ကိုးကွယ်ရမည်လဲဟု တွေဝေစဉ်းစား ခဲ့သည်။ သူမ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့သော်လည်း စိတ်ထဲမှာ ခရစ်ယာန်ဘာသာက အလေးသာနေခဲ့သည်။

ထိုနှစ်များအတွင်း သူမ၏မိခင်သည် ဗုဒ္ဓတရားတော်များအပေါ် အဆတိုး၍ ထဲထဲဝင်ဝင် သက်ဝင် ယုံကြည်လာပြီး အိမ်၌ရဟန်းသံဃာများကို နေ့စဉ်ဆွမ်းပင့်လောင်းလှူခြင်း၊ သဒ္ဓါတရား ကြီးမားစွာ ဖြင့် အမျိုးမျိုးသော အလှူဒါနများကို ကိုယ်တိုင်ပြုလုပ်လှူဒါန်းရုံသာမက မိသားစုဝင်မိတ်ဆွေ များကိုလည်း လှူဒါန်းရန် တိုက်တွန်းခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။ သူမကိုလည်း မနက်စဉ် သံဃာအပါး နှစ်ဆယ်ကျော်အတွက် ဆွမ်းချက်ပြုတ်ပေးရန်၊ ဈေးဝယ်သွားရန် အလှည့်ကျ စီမံဆောင်ရွက်စေခဲ့သည်။

သူမ မိခင်၏ဆန္ဒအရကူညီလုပ်ဆောင်ပေးရသော်လည်း ထိုအချိန်ထိ သူမကိုယ်သူမ ဗုဒ္ဓဘာသာဝင် တစ်ဦးဟု မမှတ်ယူမိသေး။ သို့သော် ဘုရားရှိခိုးခြင်း၊ ဘုရားစာရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်များ ကို (ဟိုးယခင်က ရှိခိုးရန် ၀န်လေးခဲ့ဖူးသော်လည်း) ရှိခိုးကန်တော့ခြင်းများတော့ သူမ လုပ်ဆောင်ခဲ့သည်။ သူမအသက်လည်း နှစ်ဆယ်ပြည့်ခဲ့ပြီ။ နောက်နှစ်အနည်းငယ်အကြာတွင် သူမ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရန် အစီအစဉ်တွေရှိနေခဲ့ပြီ။ သူမစိတ်ထဲ တွေးနေခဲ့သည်မှာ သူမ အိမ်မှဝေးရာနိုင်ငံခြားရောက်သည်အခါ သူမဆန္ဒရှိသော ဘာသာဝင်အဖြစ် တစ်ဦးတည်း လွတ်လွတ်လပ်လပ် ခံယူနိုင်ပြီဟူ၍ဖြစ်သည်။

(ခ)
သူမအား ကိုယ်ဝန်ဆောင်ထားစဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်သော မိခင်က အိပ်မက်တစ်ခု မက်သည်။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ပါးက အထုပ်ဖြူဖြူလေး တစ်ခု လာပေးခဲ့သည်။ ထိုအထုပ်လေးထဲမှ ကလေးငယ်သည် သူမဖြစ်သည်။ ထိုအိပ်မက်ကြောင့်လား မသိ၊ သူမငယ်စဉ်က မွေးနေ့ရောက်တိုင်း မိခင်က ဘုရားမကန်တော့သော်လည်း သူမကို ရွှေတိဂုံ ဘုရားသို့ခေါ်သွားလေ့ရှိသည်ကို အမှတ်ရသည်။ တစ်ခါက သူမတို့အိမ်ကို လာရောက် လည်ပတ်သော အသိ မယ်သီလရှင်ကြီးတစ်ဦးက သူမကို ဘာသာရေးနှင့်ပတ်သက်ပြီး အကျိုးပြု ဆောင်ရွက်ရသော ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု ဗေဒင်ဟောသောအခါ သူမ စိတ်ထဲသိပ်ဘ၀င်မကျခဲ့။ ဒီလိုကိစ္စရပ်မျိုးဖြစ်လာနိုင်စရာအကြောင်းမရှိဟုသာ သူမ ယုံကြည်ခဲ့သည်။ သို့သော် သူမ နိုင်ငံရပ်ခြားသို့ မထွက်မီက ကြုံခဲ့ရသော သင်္ကြန်ကာလတစ်ခုသည် သူမ၏ အတွေးအမြင် ယုံကြည်ချက်များကို မထင်မှတ်ဘဲ ပြောင်းလဲစေခဲ့သည်။
(ဂ)
သင်္ကြန်ရက်များအတွင်း တစ်ဖက်ခန်းမှ အန်တီအပျိုကြီးနှင့်အတူ မှော်ဘီရှိ သဲအင်းဂူ တရား ရိပ်သာ၌ ရက်သတ္တပတ်တရားစခန်းဝင်ရန် မိခင်ဖြစ်သူက တိုက်တွန်းခဲ့သည်။ အစပိုင်းက သိပ်စိတ်မပါခဲ့သော်လည်း နိုင်ငံရပ်ခြား၌ မိမိထက်တစ်နှစ်စောပြီးရောက်ရှိနေသော ချစ်သူ ရည်းစားကို လွမ်းမိသည်ကတစ်ကြောင်း၊ အများပြောပြောနေသော တရားစခန်းဝင်သည်ဟူသော အတွေ့အကြုံကို သိလိုရယူချင်သည်ကတစ်ကြောင်းမို့ မိခင်၏တိုက်တွန်းချက်ကို လက်ခံပြီး ထိုအန်တီနှင့်အတူ တရားစခန်းဝင်ခဲ့သည်။

ထို့ယခင်က တရားတစ်ခါမျှ မထိုင်ဖူးသော သူမအတွက် သဲအင်းဂူ၏တရားက ပြင်းလွန်းလှသည်။ တရားထိုင်ချိန် နှစ်နာရီကြာအတွင်း နေရာအနေအထားမပြောင်းဘဲ ၀င်လေထွက်လေကို အာရုံ စူးစိုက်ရှူမှတ်ရချိန်သည် သူမအတွက် ဒုက္ခဆင်းရဲ အကြီးအကျယ်ခံစားခဲ့ရချိန်ဖြစ်သည်။ တရားပြ ဆရာတော်များက ယောဂီအသစ်များ တစ်နာရီကြာသာထိုင်လိုကထိုင်နိုင်ပြီး ဝေဒနာပြင်းလွန်း၍ မခံမရပ်နိုင်ဖြစ်လာလျှင် အနေအထားပြောင်းချင် ပြောင်းလို့ရကြောင်း၊ သို့သော် မကြာခဏ ပြောင်းခြင်းမျိုးတော့ မပြုလုပ်သင့်ကြောင်း ပြောပြပေးသောအခါမှသာ သူမအတွက် အနည်းငယ် အဆင်ပြေသွားခဲ့သည်။ လေးရက်မြောက်နေ့တွင် သူမ၏သမာဓိများလွန်စွာကောင်းလာပြီး နှစ်နာရီကြာသည်အထိလည်း ထိုင်နိုင်ခဲ့ပြီဖြစ်သည်။

တစ်ချိန်တွင် သူမသည် ၀င်လေထွက်လေပေါ်မှာ အာရုံစူးစိုက်မှုအပြည့်ဖြင့် သတိကပ်နိုင်သွားကာ ၀င်လေ ထွက်လေကြောင်းကို စိတ်ဖြင့် သိသိသာသာ ထင်ထင်ရှားရှား မြင်နေရသည်။ သူမ၏ စိတ်များ ခန္ဓာနှင့် တဒင်္ဂကင်းကွာသွားပြီး သူမသည် အသက်မှန်မှန်ရှူနေသော ခန္ဓာကြီးကို အပေါ်စီးမှ ပြန်ငုံ့မိုး၍ ကြည့်နေသည့်အလား မြင်နေရသည်။

ထိုအခိုက်အတန့်မှာ ပေးစွမ်းသော စိတ်နှလုံး၏ငြိမ်းအေးမှုသည် ဘယ်အရာနှင့်မျှမတူကြောင်း သူမ သိရှိခံစားလိုက်ရသည်။ သူမ၏ အေးချမ်းမှုအပေါ်သာယာလိုက်သော ပီတိက သတိကို ဆွဲချလိုက်သလိုဖြစ်ပြီး သူမစိတ်နှင့် ခန္ဓာတစ်သားတည်း ပြန်ဖြစ်သွားသည့်အခါ ထိုအေးချမ်း ငြိမ်သက်မှုသည်လည်း ပျောက်ဆုံး သွားတော့သည်။ သူမ ထိုအနေအထားရောက်အောင် ပြန်လည်ကြိုးစား ရှူမှတ်သော်လည်း ပြန်မရတော့။ သို့သော်… သူမ ငယ်စဉ်ကတည်းက သိချင်ခဲ့သော တစ်စုံတစ်ခုကို သိလိုက်ရပြီဖြစ်၍ သူမ အလွန်အမင်းကျေနပ်သွားခဲ့သည်။

သူမ သုံးနှစ်သမီးအရွယ်ကပင် အသက်ရှူခြင်းနှင့်အတွေးအာရုံကြား ဆက်စပ်မှုရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ဘာကြောင့်ရယ်တော့မသိ ကလေးပီပီ သူမ အသက်ရှူလိုက်အောင့်လိုက် မကြာခဏ လုပ်ကြည့်ဖူးသည်။ အသက်ရှူနေလျှင် တွေးနိုင်ပြီး၊ အသက်အောင့်လိုက်လျှင် ဆက်တွေး၍မရတော့သည်မှာ ဘာကြောင့်လဲဟု သူမ စဉ်းစားမိခဲ့သည်။ ထိုစဉ်က သက်ရှိ သတ္တ၀ါ မှန်သမျှ အသက်ရှူသွင်းရှူထုတ်သည့်အခါတိုင်း ဖြစ်ပေါ်လာသည့် ၀င်လေထွက်လေ၏ အရေးပါပုံ အကြောင်းကိုတော့ သူမ၏ ဦးနှောက်ငယ်ငယ်ဖြင့် မသိနိုင်စွမ်းခဲ့။ ပြီးတော့ သူမ ဆယ်ကျော်သက် အရွယ်မှာဖြစ်ပေါ်ခဲ့သော စိတ်အလိုမကျမှုတွေနှင့် လူ့ဘ၀မှာ အသက်ရှင် နေထိုင်ရခြင်း၏ အဓိပ္ပာယ်ကဘာလဲဆိုသော မေးခွန်းမျိုးအပေါ် မကြာခဏ စမ်းစစ် အဖြေရှာခဲ့သည်။

လူ့ဘ၀ဟာ ပညာတွေသင်ရင်း၊ စီးပွားတွေရှာရင်း ဒီလိုပဲ ကုန်ဆုံးလွန်မြောက်သွားရတော့မှာလား။ ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိတဲ့ တရားရှာဆိုတာကရော ဘယ်လိုမျိုးလဲ၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲ… စသည့် အတွေးမေးခွန်းများကို အနီးအနားမှာ ဖြေပေးနိုင်မည့်သူ မရှိခဲ့။ သူမ၏ ဖခင်က မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ဦးမျှသာ၊ မိခင်ကလည်း ဘာသာခြားအဖြစ်မှ ကူးပြောင်းလာ သူမို့ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး အတွင်းကျနက်နဲသော တရားတော်များကိုသိမြင်ဖို့ အချိန်ကာလ တစ်ခုတော့ ဖြတ်သန်းရဦးမည်။ သူမကလည်း အတွေးထဲမှာသာမေးပြီး လက်တွေ့အပြင်မှာ မည်သူ့ကိုမျှ မမေးမြန်းမိခဲ့။

သဲအင်းဂူတရားစခန်းမှ ခေတ္တခဏမျှ အာရုံစုစည်းငြိမ်အေးမှုသည် သူမ သိချင်ခဲ့သော မေးခွန်းများအားလုံးကို ဖြေဆိုပေးသွားခဲ့သည်။ သတိသမာဓိဖြင့် စိတ်မပျံ့လွင့်ဘဲ အတွေးအာရုံကို ခေတ္တမျှစုစည်းလိုက်နိုင်သော အခိုက်အတန့်သည် ထိုမျှငြိမ်းချမ်းရလျှင် ရုပ်ခန္ဓာချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သည် မည်မျှငြိမ်းအေးလိုက်မည်လဲဟု သူမ တွေးဆဆင်ခြင်မိလိုက်သည်။ ၀င်လေ ထွက်လေသည် တရားထူးနှင့်မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်းရောက်ကြောင်း၏ မူလအစ လွန်စွာ အခြေခံကျအရေးပါသော အကြောင်းခြင်းရာတစ်ရပ်ဖြစ်ကြောင်း၊ အသက်ရှင်ခိုက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများ နည်းပါးကင်းဝေးအောင် ဒါနနှင့်သီလသာမက ဘာဝနာနှင့်ပါ အားထုတ် ကြိုးစားသင့်ကြောင်း တရားရှာခြင်း၏ အဓိပ္ပာယ်ကိုလည်း သူမ အထိုက်အလျောက် နားလည် သဘောပေါက်သွားခဲ့သည်။

 ချစ်သူခင်သူမိသားစုများနှင့်ဝေးရာ တရားစခန်းဝင်ချိန်ရက်များအတွင်း အရာရာပေါ် ပူပန်စိုးရိမ် ကြောင့်ကြတတ်သော သူမ၏စိတ်နှလုံးသည်လည်း သိသိသာသာ လျော့ပါးအေးချမ်းနေသည်ကို တွေ့သိခံစားခဲ့ရသည်။ မှော်ဘီသဲအင်းဂူမှ အပြန်တွင် သူမသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ် ခံယူသတ်မှတ်လိုက်တော့သည်။ ထိုစဉ်က သူမအသက် ၂၂နှစ်ပြည့်ရန် လပိုင်းအလို။

(ဃ)
အသက် ၂၂နှစ်မှ ၂၇နှစ် ပြည့်ပြီးသည်အထိ သူမသည် သာမန်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်သာ ရပ်တည်နေထိုင်ခဲ့သည်။ မမျှော်လင့်သော ဘ၀အချိုးအကွေ့အပြောင်းအလဲတစ်ခုသည် သူမအား ဗုဒ္ဓဘာသာအပေါ် ပိုမိုလေးနက်ကျွမ်းဝင်ယုံကြည်ရန် အကြောင်းအထောက်အပံ့တစ်ခု ဖြစ်လာ ခဲ့သည်။ သူမ၏ချစ်သူ ကားအက်ဆီးဒင့်ဖြင့် ရုတ်တရက်ကွယ်လွန်သွားချိန်တွင် သူမ ဆောက်တည် ရာမဲ့ခဲ့သည်။ ပူလောင်လှသော သောကဗျာပါဒ ဝေဒနာကြီးစွာ ခံစားခဲ့ရသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး မတွေးမိအောင် ရုံးအလုပ်များဖိလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ချင်း စသည့် လောကီနည်းလမ်းများဖြင့် ကြိုးစားဖြေဖျောက်ခဲ့သော်လည်း ခေတ္တခဏမျှသာ အာရုံ လွှဲနိုင်ခဲ့သည်။ စိတ်နှလုံးဆင်းရဲပူလောင်မှုသည် ပကတိ ပပျောက်မသွားခဲ့ဘဲ ဆယ်လတိုင်တိုင် ကြာမြင့်ခဲ့သည်။

တစ်ရက်မှာ သူငယ်ချင်းတစ်ဦးက မေတ္တာရှင် (ရွှေပြည်သာ) ၏ တရားတော်များကို အွန်လိုင်းမှာ တင်ထားပေးပြီး နာယူကြည့်ရန် တိုက်တွန်းခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်က ဆရာတော်၏ “မြန်မာတို့၏အသက်” ဟူသော စာအုပ်ကို ဖတ်နေချိန်ဖြစ်ပြီး “မျက်ရည်မကျခင် သိစေချင်” စာအုပ်ကိုလည်း ရှာဖတ်ဖို့ ကြိုးစားနေချိန်ဖြစ်သည်။ ဆရာတော်၏စာအုပ်များနှင့် တရားတော်များ က သူမကို သာမန်ဗုဒ္ဓဘာသာဝင်မှသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ထောက်ပံ့ပေးခဲ့သည်။ တရားတော်များနာယူရခြင်းကို နှစ်ခြိုက်ပျော်မွေ့လာသောသူမ၏ စိတ်နှလုံးသည် ငြိမ်းအေးစ ပြုလာခဲ့သည်။ ပူလောင်မြိုက်ကျွမ်းနေသော စိတ်နှလုံးကို တရားဓမ္မကသာ အစဉ်အေးချမ်းအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြောင်း သူမ လက်တွေ့ခံစားခွင့်ရလိုက်သည်။

(င)
ထိုစဉ်မှစ၍ စင်္ကာပူတစ်ကျွန်းလုံးမှာ တစ်နှစ်ပတ်လုံးကျင်းပသော တရားပွဲတိုင်းလိုလို သူမ သွားရောက်နာယူခဲ့သည်။ ယခင့်ယခင်က မြန်မာပြည်မှာနေပြီး မဖူးခဲ့ရသော၊ ဖူးခွင့်မကြုံခဲ့ရသော ဓမ္မကထိကအကျော်အမော် ဆရာတော်ကြီးများကိုလည်း ကိုယ်တိုင်ဖူးမြော်ခွင့်ရခဲ့သည်။ အပတ်စဉ် စနေနေ့တိုင်း တိုပါးရိုး ဘုန်းတော်ကြီးကျောင်းမှာ ဓမ္မစကြာသွားရွတ်သည်။ တရားပွဲများမှာတစ်ဆင့် ဓမ္မမိတ်ဆွေများတိုးပွားလာပြီး တရား သတင်းများ ဖလှယ်ရာမှ ဆရာကြီး မင်းတင်မွန်၏ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ်သင်တန်းကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် တစ်ကြိမ်မက တက်ရောက် သင်ယူခွင့်ရခြင်းသည် သူမ၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော ယုံကြည်လေးနက်မှုကို အဆပေါင်း များစွာ ပို၍ ခိုင်ကျည်စွဲမြဲသွားစေခဲ့သည်။

အဘိဓမ္မာကိုလေ့လာသင်ယူခြင်းဖြင့် ကိုယ်တိုင် ဆန်းစစ်သိမြင်ခွင့်ရသော စိတ်၊ စေတသိတ်၊ ကုသိုလ်၊ အကုသိုလ်တို့၏ ကြောင်းကျိုးတရားသည် သူမဘ၀အတွက် အဖိုးမဖြတ်နိုင်သော၊ လောကီပညာထက် အဆပေါင်းများစွာ ပို၍တန်ဖိုးကြီးမားသော လောကုတ္တရာဆိုင်ရာ ဗဟုသုတကို တွေးဆသိမြင်ရရှိစေခဲ့သည်။ ဆရာကြီး၏ တိုက်တွန်းမှုဖြင့် ဖားအောက်တောရကျောင်းသို့ ရောက်ရှိပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ရန် ကျင့်ကြံအားထုတ်ရမည့် တရားလမ်းကြောင်းကို သေချာ ကျနစွာ ရှင်းရှင်းလင်းလင်း နားလည်သိမြင်ခွင့်ရခဲ့သည်။ အချိန်အားရခိုက်မှာ တရားစခန်းတွေ ၀င်ဖြစ်ခဲ့သည်။ သူမ လူဖြစ်ရကျိုး၊ လူ့ဘ၀တွင် အသက်ရှင်နေထိုင်ရကျိုးနပ်ပြီဟု စိတ်ကျေနပ်စွာ သိလိုက်ရသည့်နှင့်တပြိုင်နက် သူမ အတိုင်းမသိ ကြည်နူးသွားခဲ့သည်။

(စ)
ရခဲလှသော လူ့ဘ၀မှာ သံသရာမှ လွတ်မြောက်ရာလမ်းကြောင်းကို ညွှန်ပြပေးနိုင်သော၊ စစ်မှန်သော ဘာသာတရားကို ယုံကြည်ဆည်းကပ်ခွင့်ရဖို့အတွက် ယခုအချိန်ထိ အသက်ရှင် နေထိုင်ခွင့်ရသော သူမ လွန်စွာ ကံကောင်းလှသည်ဟု မကြာခဏ တွေးတောဆင်ခြင်မိသည်။ အဂုင်္တ္ထိုရ် ပါဠိတော်၌ မြတ်ဗုဒ္ဓဟောကြားထားသော ရခဲခြင်းတရားငါးပါးမှာ - ဘုရားရှင် ပွင့်တော် မူသောအခါကို ရခဲခြင်း၊ လူ့ဘ၀ကို ရခဲခြင်း၊ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊ ရဟန်းဘ၀ကို ရခဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်၍ သူမသည် ယခုဘ၀တွင် ငါးပါးလုံး မရသော်လည်း သဒ္ဓါတရားရှိသော လူအဖြစ်နှင့် သူတော်ကောင်းတရား နာကြားခွင့် ရသည်နှင့်မျှပင် ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။

ဆရာတော်အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ မြန်မာတို့၏အသက် စာအုပ်ကို ဖတ်နေစဉ်က သူမ ဖျတ်ကနဲ အတွေးဝင်ခဲ့သေးသည်။ ရခဲလှသော လူ့ဘ၀ဆိုပေမယ့် ကမ္ဘာမှာ တစ်နေ့တစ်နေ့ မွေးဖွားလာတဲ့သူတွေ မနည်းပါလား၊ လူဦးရေ ဘီလျံနဲ့ချီပြီးမွေးဖွားလာတဲ့သူအားလုံးက လူ့ဘ၀ထဲ ရောက်လာကြသူတွေပဲ။ ဒါကို ခက်ခဲတယ်လို့ ဆိုနိုင်မလား…။ ထိုသို့ အတွေးဝင်ပြီး နောက် တစ်မျက်နှာအရောက်မှာတော့ ရခဲလှသော လူ့ဘ၀ဆိုသည့် အဓိပ္ပာယ်ကို သူမ ကောင်းစွာ သဘော ပေါက်ခဲ့ရသည်။ ဆရာတော်က ဗုဒ္ဓဟောကြားခဲ့သည့် သံယုတ်ပါဠိတော်၊ နခသီခူပမ သုတ်ဖြင့် အောက်ပါအတိုင်း ရှင်းလင်းပေးထားသောကြောင့် ဖြစ်သည်။

မြတ်စွာဘုရားက “ချစ်သား၊ ချစ်သမီးတို့ ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန့်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေကြီး ဘယ်ဟာက များသနည်း”
“အောက်မှာရှိသည့် မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည်ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ လူ့ဘ၀က သေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်”

သူမ ထိုတရားတော်ဖတ်အပြီးမှာ ခဏရပ်ပြီး စဉ်းစားကြည့်လိုက်မိသည်။ ဟုတ်သားပဲ… ငရဲ၊ တိရိစ္ဆာန်၊ ပြိတာ၊ အသူရကာယ် အပါယ်လေးဘုံသားထဲက တိရိစ္ဆာန် အရေအတွက်ကိုပဲ ကြည့်လိုက်ပါဦး၊ ပုရွက်ဆိတ်၊ ခြင်၊ ယင်၊ ခြ၊ ကြမ်းပိုး အကောင်ပေါက်ဖွားနှုန်းက နည်းမှမနည်းဘဲ၊ သမုဒ္ဒရာထဲက အမျိုးအစားမြောက်မြားလှစွာသော ငါးတွေ၊ ရေသတ္တ၀ါတွေ၊ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်တွေ… သူတို့အရေအတွက်အားလုံးနဲ့ယှဉ်လိုက်ရင် လူဖြစ်တဲ့ဦးရေက နည်းနည်း လေးပါလား။ အဲဒီ့ထဲကမှ ရခဲခြင်းတရားငါးပါးကြုံဖို့ဆိုတာ ပိုပြီးတော့တောင် ခဲယဉ်းသေးတယ်။

အပါယ်ဘုံသားတို့ လူ့ဘ၀ပြန်ရဖို့ ခဲယဉ်းကြောင်းကိုလည်း ဆရာတော်မှ မြတ်ဗုဒ္ဓ၏ ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်ပါအတိုင်း ဖွင့်ဆိုရေးသားထားပေးသည်ကို သူမ တစ်ဆက်တည်း ဖတ်မှတ် လိုက်ရသည်။

“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုရဖို့ ခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော် မူမယ်၊ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာနေမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။

အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်း ပစ်ချလိုက်ရမယ်၊ ထမ်းပိုးကလည်း လေတိုက်ရာလိုက်ပြီး အရပ်လေးမျက်နှာ မျောချင်ရာ မျောနေမယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။

တိုက်တိုက်ဆိုင်ဖြစ်ပေးရမှာက လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကိုပေါ်လာတဲ့ အချိန်လည်းဖြစ်ရမယ်၊ အရပ်လေးမျက်နှာ မျောချင်ရာမျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့်နေရာ ရောက်နေရမယ်။

ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်တည်းသာ ဖောက်ထားတဲ့ ထမ်းပိုးအပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ် ၀င်သွားဖို့ဆိုတဲ့အရာဟာ လွယ်လွယ်ကူကူ ဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”

“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည် ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ အပါယ်ကျနေသူများ လူ့ဘ၀ပြန်ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှပေတယ်”

ထိုဥပမာကို ဖတ်ပြီးသောအခါ သူမ ထိတ်လန့်တုန်လှုပ်သွားမိခဲ့သည်။ အကယ်၍များ ယခုနေ ကုသိုလ်၊ အကုသိုလ်ကို မသိလိုက်ဘဲ သူမ ရုတ်တရက်ကွယ်လွန်သွားပါလျှင် အပါယ်ကျရ တော့မည်။ အပါယ်ဘ၀မှနေပြီး လူ့ဘ၀ပြန်လည်ရရှိဖို့ဆိုတာ လွန်စွာခဲယဉ်းလှသည်။ ထိုအသိသည် သူမအား ဘယ်နေရာရောက်ရောက် ကုသိုလ်တရားများ ဆက်ကာဆက်ကာ ပွားများပြုလုပ်စေဖို့ ကြီးစွာသော အထောက်အပံ့ပေးခဲ့ပါသည်။

(ဆ)
ယခုအချိန်တွင် ဖြတ်သန်းခဲ့သော သူမဘ၀ကို နောက်ပြန်လှည့်ကြည့်တော့ ကုသိုလ်၊ အကုသိုလ် များနှင့် တစ်လှည့်စီ ဒွန်တွဲနေသော စိတ်အစဉ်ကို မြင်ရသည်။ အရိယာမဖြစ်သေးသော ပုထုဇဉ်ပီပီ သူမစိတ်တွေမှာ လောဘ၊ ဒေါသ၊ မောဟတွေနှင့် အကုသိုလ်တရားများက ကြီးစိုးနေသေးသည်။ သို့သော် လွန်ခဲ့သော ငါးနှစ်အတွင်း သဒ္ဓါတရားထက်သန်စွာ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် တရားတို့ကို ပြန်လည်အောက်မေ့သတိရမိသောအခါ သူမ စိတ်ကြည်နူးသွားရသည်။ သူမ ဖြစ်တည်ခဲ့သော၊ ဖြတ်သန်းခဲ့သော ဘ၀အစိတ်အပိုင်းများသည် အစပိုင်းတွင် လွဲချော်မှုများ ရှိခဲ့သော်လည်း စစ်မှန်သော ဘာသာတရားကို ယုံကြည်ကိုးကွယ်ခွင့်ရအောင် လမ်းကြောင်း တည်ပေးခဲ့သည့်အတွက် သူမ ၀မ်းသာမိသည်။

သူမ၏ လူ့ဘ၀ဖြစ်တည်မှုကို လက်သည်းခွံပေါ်မှ မြေတစ်မှုန့်နှင့် ကိုယ်စားပြုခဲ့ပါလျှင် ယနေ့တွင် ထိုမြေမှုန့်၏ သက်တမ်း ၃၄နှစ်ရှိပြီဖြစ်သည်။ နောင်အနှစ်ဘယ်လောက်ကြာသည်အထိ ထိုမြေ တစ်မှုန့်၏ သက်တမ်း ရှည်ကြာခွင့်ရမည်ကို ကြိုတင်မသိနိုင်သော်လည်း ယခုရှင်သန်နေသော ပစ္စုပ္ပန်တည့်တည့်မှာ စိတ်စေတနာ ကောင်းနှင့် ကုသိုလ်များ တတ်အားသရွေ့ ကြိုးစားပွားများ အားထုတ်နိုင်မှသာလျှင် နိဗ္ဗာန်မရောက်မီ စပ်ကြားကာလများ၌ လက်သည်းခွံပေါ်မှ မြေတစ်မှုန့် အဖြစ် ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ကြောင်း သူမ တွေးဆဆင်ခြင်မိပါသည်။

ဇွန်မိုးစက်
(၉.၆.၂၀၁၃ တွင် ကျရောက်သော မွေးနေ့အမှတ်တရ)


Friday, August 22, 2014

မယားကိုစွဲလန်း၍ ပြိတ္တာဘ၀ရောက်သွားရသူ

မယားကိုစွဲလန်း၍ ပြိတ္တာဘ၀ရောက်သွားရှာသူ တစ်ယောက်အကြောင်း


လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုး အသိုင်းအ၀ိုင်း ကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေးစားကြတဲ့ မိသားစုလေး ဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မကြောင့်မကျ မတောင့်မတ ဘ၀မျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘ၀ကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။

 ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့် ခြွေရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ၀ိပသနာတရားစခန်းတွေကို လည်းမကြာခဏ အလျှင်းသင့်သလို ၀င်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီးနဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါ ဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါး ဆယ်ကျော်ကျော်အရွယ်လေးနဲ့ နားမကျန်း ဖြစ်ပြီးဦးချမ်းသာ သေဆုံးသွားခဲ့ရရှာပါတယ်။ 

ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ငါးရက်လောက်အကြာမှာ မိမိယောက်ျား ဦးချမ်းသာ မကျွတ် မလွတ်ပဲ ပြိတ္တာဘ၀ကို ရောက်ရှိနေပြီး အိမ်မှာသာတွယ်ကပ်နေတယ်ဆိုတာကို ဒေါ်ခင်မီ ခံစား သိရှိနေခဲ့ပါတယ်။ ညဘက်အိပ်ရင်မိမိအနား တစ်စုံတစ်ယောက်ရှိနေသလိုခံစားချက် များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။

ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး ရှိနေ ဆဲပါပဲ။ ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက် ရည်စူးပြီး တရားနာ၊ ရေစက်ချပြီး အမျှဝေပြန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အတွက် ဘ၀ကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လ ပြည့်မှာ လည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေစက်ချ အမျှ ဝေပြန်ပါတယ်။

ကျန်ကြားရက်တွေမှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအားနံနက် အာရုံဆွမ်းကပ်တိုင်း ဦးချမ်းသာအတွက် ရည်စူးပြီးနေ့စဉ် အမျှဝေဆုတောင်း ခဲ့ပေမဲ့ ဦးချမ်းသာကတော့ ဆက်ပြီး ရှိနေမြဲရှိနေတုန်းပါပဲတဲ့။ ဦးချမ်းသာဆုံးပြီး သုံးလလောက်မှာတော့ ဒေါ်ခင်မီတစ်ယောက် စိတ်ပြေ လက်ပျောက် အဖြစ် ရပ်ကွက်အတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ မြန်မာပြည်တွင်း ဘုရားဖူးဖို့ လိုက်လာခဲ့ဖြစ်ပါတယ်။ ဒေါ်ခင်မီတစ်ယောက်ကတော့ ဘုရားလည်းဖူးရင်း မိမိခင်ပွန်းကိုလည်းထို ဘုရားဖူးရတဲ့ ကုသိုလ်တွေကို ရပါစေကြောင်း ဆုတောင်းပြီးအမျှဝေနေခဲ့ပါတယ်။

ထိုအချိန်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ မြေလတ်မြို့လေးတစ်မြို့မှာ ရှိတဲ့ ဆရာတော်ဘုရားကြီးကလည်း ပရိတ်ရွတ်ရင် ရာဝင်အိုးလောက်ရှိတဲ့ နှမ်းဆီတွေနဲ့ စဥ့်အိုးကြီးတွေ အတွင်းမှ ဆီများဆူဝေကျလာတယ်ဆိုပြီး နံမည်ကျော်နေခဲ့ပါတယ်။ ထိုဆရာတော် ဘုရားကြီးရဲ့ ဂုဏ်သတင်းကလည်း တော်တော်လေးကြော်ကြား နေခဲ့ပါတယ်။ ဒါနဲ့ မြန်မာပြည်အထက်ပိုင်းရှိ ဘုရားများကို ဖူးအပြီးအပြန်ထိုဆရာတော်ဘုရားကြီးကိုလည်း ၀င်ရောက်ဖူးမျှော်ကြရန် စီစဉ်ခဲ့ကြပြီး အပြန်မှာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ ကားကိုခဏအပ်ခဲ့ကြပြီး ဧရာဝတီမြစ်ကိုဇက်နဲ့ ဖြတ်ကာ ကူးလာကြပြီး ဆရာတော်ဘုရားကြီးဆီကို ၀င်ရောက်ဖူးမျှော် ခဲ့ကြပါတယ်။

ဆရာတော် ဘုရားကြီးဆီဝင်ရောက်ဖူးမျှော်ကြရန် ခွင့်တောင်းကြပြီး ဆရာတော် ဘုရားကြီး သတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်ကို တက်ခဲ့ကြပါတယ်။ သူတို့လူအုပ် ၀င်ဝင် လာခြင်း ဆရာတော် ဘုရားကြီးမှ မျက်လွှာကို ပင့်ကြည့်ပြီး
 “ အော်..အော်…ဒကာကြီးတို့လာတာ…ရှစ်ယောက်တောင်မှကိုး” လို့ ပြောလိုက်ပါတယ်။ ဒေါ်ခင်မီတို့ လည်းဇဝေဇ၀ါဖြစ်သွားကြပြီး မိမိလူတွေကိုပြန်ကြည့်လိုက်ပါတယ်။ အမှန်တော့ ဒေါ်ခင်မီတို့ ဘုရားဖူးထွက်လာကြတာ ခုနှစ်ယောက်တည်းသာရှိတာပါ။ ဒါနဲ့ ဒေါ်ခင်မိတို့ထဲက အသက်နဲနဲကြီးတဲ့သူတစ်ယောက်က လက်အုပ်ချီပြီး “မှန်လှပါ…တပည့်တော်တို့..ခုနှစ်ယောက်ပါ ဘုရား” လို့ ပြန်လျှောက်တော့ ဆရာတော် ဘုရားကြီးက လှေကားထိပ်က တံခါးနားကို လှမ်းကြည့်ပြီး “ဘုန်းကြီး မြင်တာတော့………နောက်တစ်ယောက် ထပ်ပါလာပါသေးတယ်” လို့ ပြန်မိန့်ပါတယ်။

 ဒီတော့မှာ ဒေါ်ခင်မီလည်း သဘောပေါက်သွားပြီး မျက်ရည်သွင်သွင် ကျလာကာ “မှန်လှပါ……တပည့်တော်မ ယောက်ျားကိုချမ်းသာဖြစ်ပါလိမ့်မယ် ဘုရား…တပည့် တော် အမျိုးသားဟာ လွန်ခဲ့တဲ့ သုံးလလောက်က ကွယ်လွန်သွားခဲ့တာပါ..တပည့်တော် စိတ်ထင် မကျွတ်မလွတ်ပဲ တပည့်တော်နောက်ကို လိုက်လိုက်နေတယ်လို့ ထင်ပါတယ် ဘုရား” ဟု လက်အုပ်ချီကာ လျှောက်ထားပြောဆိုပါတယ်။

ဒီတော့မှ ဘုရားဖူးအဖွဲ့တွေလည်း မျက်စိပြူးကာ တစ်လမ်းလုံးနောက်က မမြင်ရတဲ့ပရ လောကသား လိုက်လာပါလား ဆိုတဲ့အသိနဲ့ ကြောက်လန့်ကုန်ကြပါတယ်တဲ့။ ဒါနဲ့ဆရာတော် ဘုရားကြီးက ဒေါ်ခင်မီကိုကြည့်ပြီး ဆက်မိန့်ပါတယ်။ “မပူပါနဲ့ ဒကာမကြီး.. ဒီဒကာကြီးဟာ… ကျွတ်ချိန်တန်လို့ ..ဘုန်းကြီးဆီထိ ရောက် အောင် လိုက်လာနိုင်တာပဲ…ကဲ..ကဲ…ဒကာကြီးကို ဘုန်းကြီးမေးချင်တာရှိတယ်.. တရားလည်း ဟောချင်တယ်…ဒကာမကြီး သဘောတူလား” လို့ ပြန်မေးပါတယ်။

ဒီတော့ ဒေါ်ခင်မီလည်း ၀မ်းသာအားရ နဲ့ “သဘောမတူစရာမရှိပါဘူး..ဘုရား” လို့ ပြန်လျှောက် ပါတယ်။ ဒါနဲ့ ဆရာတော် ဘုရားကြီးက တံခါးဘက်ကို လှမ်းကြည့်ကာ “ကဲ..ဒကာမောင်ချမ်းသာ… မင်းသင့်တော်တဲ့ သူတစ်ယောက်ယောက်ကတစ်ဆင့်.. စကားပြောကြတာပေါ့…မင်းအကြောင်းကို ကျန်တဲ့ သူတွေလည်းသိပြီး သံဝေဂ ယူနိုင် အောင် မင်းသင့်တော်မဲ့ စကားပြောနိုင်မဲ့ တစ်ယောက်ယောက်ဆီကနေ ဆက်သွယ်ပြီး ပြောကြတာပေါ့” လို့ အမိန့်ရှိလိုက်ပြီး… အခန်းတွင်းမှာ ခဏတာမျှငြိမ်သက် တိတ်ဆိတ်သွားခဲ့ပါတယ်။ 

ဆယ်မိနစ်လောက် အချိန်လောက်ကြာမှ ဒေါ်ခင်မီရဲ့ ခန္တာကိုယ်ဟာ လှုတ်ရမ်းပြီး သိသိသာသာ တုန်ယင်လာခဲ့ပါတယ်။ ပြီးတော့မျက်ရည် ဖြိုင်ဖြိုင်ကျကာ ခေါင်းကြီးကိုအတင်း ငုံ့ပြီးထိုင်နေ ပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီကို လှမ်းကြည့်ပြီး “ဒကာကြီး…ရဟန်း သံဃာ ကိုတွေ့တာတောင် မရှစ်ခိုးတော့ဘူးလား” လို့ မိန့်တော့မှ ဆရာတော်ကြီးကို လှမ်းကြည့်ပြီး ဦးသုံးကြိမ်ချပြီး ကန်တော့ပါတယ်။

 ဆရာတော် ဘုရားကြီးက “ဒီဘ၀မှာတောင် ရဟန်းသံဃာကို ကိုးကွယ်ရမှန်းသိသေးရင် ဒကာကြီးရဲ့အတိတ်ဘ၀ကပါရမီက လည်းနဲမှာမဟုတ်ဘူး…ဘာလို့ နိမ့်ကျတဲ့ ဒီလြိုပိတ္တာ ဘုံမှာရောက်နေရတာလည်း” လို့ ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီဘက်ကို လှည့်ပြီး မေးပါတယ်။ ဒေါ်ခင်မီက ဘာမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက် ဆရာတော်ဘုရားကြီးက နောက်ထပ်ပြန်ပြီး ထပ်မေးကာမှ

“ တပည့်တော်..ရောဂါသည်းတော့ ..အရင်က ကျင့်ခဲ့ဘူးတဲ့ ၀ိပသနာတရားတွေကို ပြန်ဆင်ခြင်ပြီး ခန္တာကိုယ်ကို ထွက်လေ၊ ၀င်လေနဲ့ သတိကပ်နေခဲ့ပါတယ် ဘုရား။ ဒါပေမဲ့ တပည့်တော်ရဲ့ အမျိုးသမီးက တပည့်တော်ရဲ့ လက်ကိုဆုတ်ကိုင်ပြီး အားပေးစကားပြောနေတဲ့ အချိန်မှာတော့ တပည့်တော်ရဲ့စိတ်ထဲမှာ ငါတော့ငါ့မိန်းမကို ခွဲခွာရတော့မယ်ဆိုပြီး ၀မ်းနည်းစိတ်ဖြစ်လာခဲ့တဲ့ အချိန်အခိုက်လေးမှာပဲ တပည့်တော် သေဆုံးခဲ့ပါတယ် ဇနီးကို စွဲလမ်းစိတ်နဲ့ ဇနီးသည်အနားက မခွာပဲတစ်ကောက်ကောက်လိုက် နေခဲ့ပါတယ် တပည့်တော်ကို အမျှဝေတာလည်း ကြားရပါတယ်.. ဒါပေမဲ့..တပည့်တော် သာဓုခေါ် လိုက်ရင် ဇနီးနဲ့ဝေးရမှာ ကြောက်လို့သာဓုမခေါ်ခဲ့တာပါ…ဘုရား” လို့ ပြန်ပြီးလျောက်ပါတယ်။ 

ဒါနဲ့ဆရာတော်ဘုရားကြီးက ”ငါ့တောင်ပေါ်ကို တော်ရုံတန်ရုံ လာလို့ မရဘူး ဒကာကြီးလာလို့ ရတယ်ဆိုတာ ဒကာကြီးရဲ့ ကုသိုလ်ကံအဟုန်က တော်တော်ကြီးခဲ့လို့ပဲ…” လို့ပြန်မိန့်ပြီး ဦးချမ်းသာကို တရားဟောပါတယ်။ ခုလိုနိမ့်ကျတဲ့ ပြိတ္တာဘုံဘ၀ကို တွယ်မက်မနေရန်နဲ့ အရင်ဘ၀ ကသာ ဇနီးမောင်နှံပေမဲ့ ခုဘ၀ခြားနေလို့ ဘာမှမဆိုင်တော့ ကြောင်း ရှင်ပြပြီးတရားဟောပါတယ်။ ဒါပေမဲ့ဇနီးသည်ကို တွယ်မက်နေတဲ့ ဦးချမ်းသာ ကို တော်တော်အချိန်ယူပြီး ဟောပြောလိုက် ရပါတယ်။ 

တစ်နာရီကျော်ကျော်လောက် ဟောပြောတရားပြ ပြီးချိန်မှာတော့ ဦးချမ်းသာက ပြိတ္တာဘ၀ကို စွန့်လွှတ်ပြီး သာဓုခေါ် ပါမည့်အကြောင်း ဇနီးသည်ကိုဆက်ပြီး မခင်တွယ်ပဲ နောက်က ဆက်မလိုက်တော့ပါဘူး ဆိုသည့်အကြောင်း..ကတိပေးကာ ဆရာတော်ဘုရားကြီးအား ဦးသုံးကြိမ် ချပြီး ဦးချမ်း သာ၏ ၀ိဥာဉ်စွဲကပ်နေသော ဒေါ်ခင်မီမှာလည်း ထိုင်နေရာမှာ ဘေးကို တစ်စောင်းလေး ဖြည်းညှင်းစွာလဲကျကာ သတိခဏမျှမေ့သွားပါတယ်။ နောက်ဆယ်မိနစ်လောက်အကြာမှ သတိပြန်လည်လာပါတယ်။

ဒီတော့မှ ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို “ဒကာမကြီး…ဒကာမကြီးခင်ပွန်းအတွက် စိတ်မပူတော့နဲ့ ..ဒီနေ့ညနေ မြို့ထဲကိုဆင်းပြီး လှုဖွယ် ပစ္စည်းတွေနဲ့ ထီး၊ သင်္ကန်း၊ ဖိနပ်တွေ သွားဝယ်ပြီး သံဃာတော်တွေကို ဒကာကြီး မောင်ချမ်းသာကို ရည်စူးပြီးလှုလိုက်ပါ။ ပြီးတော့ နံနက်အာရုံဆွမ်း ယာဂု ကိုလည်း ဒကာကြီး မောင်ချမ်းသာကိုရည်စုးပြီး ဘုရားရှင်နဲ့တစ်ကွ သံဃာတော်အရှင်မြတ်တွေကို လှုပေးပါ” လို့ပြန်မိန့်ပါတယ်။

ဒါနဲ့ ဒေါ်ခင်မီတို့ လူစုလည်း ကျောင်းကလူတွေခေါ်ပြီး လေးမိုင်လောက် ဝေးတဲ့ မြို့ထဲကို ဆင်းကာ လှုဖွယ်ပစ္စည်းတွေ ၀ယ်ကာ ထိုညက ကျောင်းမှာ ပဲ အိပ်လိုက်ကြပါတယ်။ နောက်နေ့ အာရုံဆွမ်း ယာဂုဆွမ်းကို ဘုရားကိုရည်စူးပြီးကပ်လှုကာ ဆရာတော်ဘုရားကြီးနဲ့ တစ်ကွသံဃာတော် များကိုအာရုံဆွမ်းကပ်လှုပြီး သင်္ကန်း စတဲ့ လှုဖွယ်ပစ္စည်း တွေနဲ့ ကပ်လှုပူဇော်ကာ ဦးချမ်းသာကို နံမည်တပ်၍ အမျှဝေပြီး သာဓု ခေါ်ကြပါတယ်။

ထူးဆန်းစွာပဲ သာဓု သုံးကြိမ်ခေါ်အပြီးမှာတော့ အမည်မဖော်နိုင်တဲ့ အမွှေးနံ့သင်းသင်းလေးက ကျောင်းတိုက်အပေါ်ထပ်တစ်ထပ်လုံးမွှေးနေ ခဲ့ပါတယ်။ ဆရာတော် ဘုရားကြီးက “ ဒကာကြီးတော့ ကောင်းရာဘုံဘ၀ ကိုရောက်သွားပါပြီ…ဒကာမကြီး” လို့ အမိန့်ရှိလိုက်ချိန်မှာတော့ ဒေါ်ခင်မီရဲ့ ရင်ထဲမှာ ၀မ်းသာ ၀မ်းနည်းခံစားချက်တွေနဲ့ မျက်ရည်တွေလည်လာပြီး ကိုချမ်းသာရေ နှုတ်ဆက် လိုက်ပါတယ် လို့တိုးတိုးလေးရေ ရွတ်ရင်း…………။



ကဲ….ရွာသူ ရွာသားတွေလည်း အသေမဦးခင် ဥဏ်ဦးကာ ကျွတ်တန်းဝင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ မှက်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသော စကားလုံးအမေးအဖြေ များတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် မဖော်ပြတော့ ပဲ အကျဉ်းခြုံးကာ အတိုချုပ်ပြီးရေးလိုက်ပါသည်။

Credit: ရွှေမြန်မာများ

Tuesday, August 5, 2014

ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို.


ယဉ်ကျေးမှုမှ ရိုင်းစိုင်းမှုသို.

ဗုဒ္ဓဘာသာဝင်မိသာစုအားလုံး သားယောင်္ကျားလေးတစ်ယောက်ပါလာပြီဆိုသည်နှင့် ရှင်ပြု ပေးရန် ဆိုသည့်ရည်ရွက်ချက်က အပြ ည့်အ၀ရှိနေပြီးပင်ဖြစ်သည် ။ တခြားအလှူ မလုပ်နိုင်သည် နေပါစေ ရှင်ပြုအလှူပွဲ ကြီး ကိုကားမဖြစ်မနေပြုလုပ်ကြသည် ။ ဤသည်ကား ဗုဒ္ဓဘာသာဝင်မြန်မာ အမျိုသားတို.၏ တူညီသောယဉ်ကျေးမှုကြီး တစ်ခုပင်ဖြစိပါသည်။

 တစ်မျိုသားလုံး နှင်.သက်ဆိုင်သော ယဉ်ကျေးမှု ကြီး၏ အနက်အဓိပ္ပာယ်ကို တစ်မျိုးသာလုံးပင် ကျကျနန သိထားသင့်သည်။ ၇ှင်မပြုမှီ ၀တ်ရသော ရှင်လောင်းဝတ်စုံကို မင်းမြောက်တန်ဆာဟု ခေါ်သည် ။ ကိုရင်လောင်းကို အဘယ်.ကြောင်. မင်မြောက်တန်ဆာဆင်ယင်ပေးရသနည်း။

 အလှအတွက်သက်သက်မဟုတ်ပါ ။ သာသနာ့ ဘောင်သို. ၀င်ရောက်မည်.ကိုရင်လောင်းကို လူ.ဘ၀တွင် အမြင့်မြတ်ဆုံး ဖြစ်သော မင်းအဖြစ်ကို တင်မြောက်ခြင်းဖြစ်သည် ။ ရှင်လောင်း လှည့်ခါနီးတွင် ဆိုင်ရာရိုးရာနတ်မျာကို ပြသခြင်း ကိုနတ်ပြသည်ဟု ခေါ်ကြသည် ။ ဘယ်အတွက်ကြောင့် ပြရသနည်း။ ဆိုင်ရာရိုးရာနတ်တို.က အမြင်.မြတ်ဆုံးဘဝသို. ရောက်ရှိမည်. ရှင်လောင်များအား ရှိခိုးပူဇော်စောင်.ရှောက်ကြရန်သာဖြစ်သည်။

 ထိုကဲ.သို. သေချာမသိသောအလှု၇ှင်များက ရှင်လောင်းတို.ကိုနတ်တို.အား ရှိခိုးခိုင်ခြင်ကား မှားခြင်းကြီးမားလေစွ ။ ၇ှုင်လောင်းလည်.ခြင်သည်လည်း အပိုကြွားခြင်းသက်သက်မဟုတ်၊ ရှင်လောင်းများအား တွေ.သမျှ လူတို.က ပူဇော်နိုင်ရန်အတွက် အပူဇော်ခံတိုင်းခန်းလှည်.လည် ကြွခြင်သာဖြစ်ပေသည် ။

 ရှင်လောင်လည်.ပြီဆံချရန် မဏ္ဍပ်သို. မဟုတ် ဘုန်ကြီင်္းကျောင်းသို.ပြန်လာသည်.အခါ ရှင်လာင်းလည်.လည်ရာတွင်မလိုက်ပါနှိင်ကြသောဝေယျာဝစ္စ ပြုသူတချို.က ရွှေကြိုတားကြသည် ။ အဓိပ္ပာယ်က မောင်ရှင်လောင်းတို. ခေတ္တ ခဏ ဆိုင်ငံ့ တော်မူကြပါ ။ အကျွန်ုပ်တို.မှာဝေယျာဝစ္စ များ ပြုလုပ်ဆောင်ရွက်နေရသည်.အတွက် အသင်မောင်၇ှင်လောင်းအား ရှိးခိုးပူဇော်ခွင်.မရလိုက်ပါ ၊ ယခုမှသာ ရှိခိုးပူဇော်နိုင်တော.သည် ၊ ဟု ပြောဆိုပြီးရှိခိုပူဇော်ကြရန်ပင်ဖြစ်ပေသည် ။ ထိုကဲ.သို. တားသောအခါတွင်လည်း တွေ.ကရာ ကြိုးများဖြင်.မတားရပါ ။ တကယ်.ရွှေ ကြိုးမျာကိုဖြတ်ပြီး တားကြရသည် ။ တားမြစ်ရသည်.ရည်၇ွယ်ချက်ကရှင်လောင်းတို.အား ရှိခိုး ပူဇော်ကန်တော့ရန်ပင်ဖြစ်ပေသည် ။သို.သော် ကာလကြာညောင်းလာသာအခါ ယဉ်ကျေးမှု နေရာတွင် ရိုင်းစိုင်းမှု ကအစားထိုး ၀င်ရောက်လာခဲ.သည်။

 မ`ဏ္ဍပ်ထဲ သိုမဟုတ် ဘုန်းကြီးကျောင်းဝိုင်းထဲသို. ၀င်ရောက်လာသောရှင်လောင်းမျာကို တွေ.ကရာကြိုးများဖြင်. ၀င်မရအောင်တားပြီးအလှူရှင်များထံမှငွေညစ်ကြသည်။ အလှူ လှူနေချိန် အတွင်း အကုသိုလ်မဖြစ်သော အလှူများကလည်း တောင်းအမျှ ပေးကြသည်သာ။

 ထိုအညှာ ကိုသိထားသော လူလည်တချို.က အပျော်သဘောမျိုး မဟုတ်တော.ဘဲ အလှူ ၇ှင် သဒ္ဓါ ပျက်အောင် လူ ပြန်ပေးဆွဲသလို မတန်မဆ ငွေတောင်းလာသောအခါ အချို.အလှူ ၇ှင် နှင်.ေ၇ွှဆွဲကြိုး တားသူများ စသားများသည် အဆင်.သို. ရောက်လာခဲ.သည် ။

'ကောင်းမှန်းသိ သာအိတစိုစို " ဟူသောစကားအတိုင်း အလှူ ရှင် ဘက်မှ လိုက်လျှောမှန်း သိသောအခါ ရွှေဆွဲကြိုးတားရုံနှင်.အားမရ ကြတော.ဘဲ ရှင်လောင်းဖွက်သည်.အဆင်.အထိ ရောက်လာကြပါတော.သည် ။ တောင်းသမျှ ငွေကို အလှူရှင်ကမပေးနိုင်ခဲ.လျှင် ရှင်လောင်းကို တွေ.ရဖို. မလွယ်တော.ပါ ။ ၇ှုင်လောင်းကိုမတွေ.ရလျှင် အလှူ ပွဲ ပျက်ဖို. သာ၇ှိပါတော.သည်။ အလှူ ပွဲ အပျက်မခံနိုင်သော ကြောင်. ရှင်လောင်းပြန်ပေးသမားတို.တောင်းသမျှ ငွေကို အလှူ ရှင်တို.က မဖြစ်မနေ ပေးကြရရှာသည်။

မြန်မာ.ယဉ်ကျေးမှုနယ်ပယ်တွင်အစားထိုးဝင်ရောက်လာသောရှင်လောင်းပြန်ပေးဆွဲမှု တည်းဟူ သော ရိုင်းစိုင်းမှု ကြီး ကို ရဟန်းရှင်လူအားလုံးတို.က ရေး သားမှု၊ ဟောပြော မှု ၊ပညာပေးမှု တို.ဖြင်. ကျောက်ပျက်အောင် မတိုက်ဖျက်နိုင်ခဲ.လျှင် ။

" ဆရာတော် တပည်.တော် သားနှစ်ယောက်ကိုဆရာတော်.ကျောင်းမှာ ရှင် ပြု ပေးချင်လို.ပါဘုရား"
 " ၇ှုင် ပြုတာတော.ဟုတ်ပါပြီး ၊ ဒကာသားတွေရဲ. အသက်ကိုလည်း ပြောပါဦး "

 "အငယ်ကငါးနှစ် ၊အကြီး ကခုနှစ်ပါဘုရား "..." အင်း.....အကြီးကတော. သရဏဂုံ လည်း ပီးမယ် ။ သင်္ကန်းလည်းနိုင်မယ် ၊ အငယ်ကတော.သရဏဂုံလည်းပီမှာမဟုတ်သလို သင်္ကန်လည်းနိုင်မှာ မဟုတ်ဘူး ၊ဒီတော.အကြီးကောင်ပဲ သင်္ကန် ၀တ်လို.ရမယ် ၊ အငယ်ကောင်ကတော. နောက်နှစ်နှစ်လောက်မှ စောင်.လိုက်ပါအုန်း "

 " ဟာ အဲဒီလိုခွဲရှင်ပြုလို.တော.မဖြစ်ဘူးဘုရား ။ တပည်.တော်နောက်ထပ်လှူဖို. လွယ်မှာ မဟုတ်လို.ပါ ဘုရား "

 ...ဒါဆိုရင်လည်းနှစ်နှစ်လောက်စောင့်ပြီးမှ ညီအစ်ကိုယောက် စလုံး ၇ှင်ပြုကြတာပေါ. "


ဦးညွန်.မောင် တစ်ယောက် တော်တော်စိတ်ဓါတ်ကျသွားရှာသည်။ ဒီသားနှစ်ယောက်၇ှင်ပြု နိုင်ရန် လက်လုပ်လက်စားဖြစ်သောသူအဖို. ခြစ်ခြစ်ကုတ်ကုတ်နှင့် နှစ်ချီကာ စုဆောင်ခဲ့၇သည် ။ ပန်၇န်ဆရာတစ်ယောက်တစ်နေ.ငါးရာ ရသဖြင့် အကြောင်းမသိသောအစိုးရလခစားတို.က ခေါင်းထောင်ကြည်.ကြသည်။

 အလုပ်ပြတ်သွား၍ မဆင်းရသည်.အခါ ၊ နေထိုင်မကောင်းသဖြင်. မဆင်းနိုင်သောအခါများမှာ သူတို.လခစားကဲ့သို. ခွင်.ယူ ၍မရ သည်ကိုမှု သတိထားမိကြဟန်မတူပါ ။ သားနှစ်ယောက် အထက်က သမီး(၃) ကလည်း အထက်တန်းကျောင်းသူဖြစ်၍ တစ်နှစ်တစ်နှစ် သူတို. ကျောင်လခ ကိုက နည်းသည်မဟုတ် ။


 ဇနီးသည်၏ စက်ချုပ်ခ နှင်. စိုက်ထားသော ကီလိုမာလကာ ဆယ်ပင်တို. ၏ အထောက်အပံ့ ကြောင်. သာငွေလေးငါးသောင်း ကျော်မနည်း၇အောင် စုပြီး ရှင်ပြုပေးနိုင်ခြင်းပါ။ သားနှစ်ယောက် ၇ှင်ပြုဖို. စုဆောင်းနေရသည်နှင်. အိမ်ကလေးတောင်သွပ်မမိုးနိုင်သေး ။ ဓနိမိုနှင့် စခန်း သွားနေရသည်မှာ အတော်ကြာပြီး ၊ ယခုငွေကြေး ပြည့်စုံပြန်တော. သားတွေက အသက် ငယ်လွန်းနေပြန် သည်တဲ. ။ စိတ်ထဲက အဖုအထစ်တွေကြောင့် စောဒက တက်မိပြန်သည် ။

" ဆရာတော် တစ်ခုလောက် မသိလို. မေးပါရစေဘုရား " တချို.ကျောင်းတွမှာ အသက် လေးငါးနှစ်လောက် အ၇ွယ်၇ှိတဲယကလေးတွေ ကိုရင်ဝတ်ထားတာတွေ. ရသလားလို.ပါ ဘုရား "

 " ဟူတ်တယ် ဒကာကြီး ။ အဲဒါ ဆရာနဲ. ဒကာပေါင်းပြီး ကလေးတွေကို အပါယ်ကျအောင် လုပ်ထားတာပေါ

" ဘာဖြစ်လို.ပါလဲ ဘုရား "

 " ဘာဖြစ်ရမှာလဲ ဒကာ၇ဲ. ၊ ကလေးကငယ်လွန်းတော့ သရဏ ဂုံမပီသဘူး ၊ သရဏဂုံ မပီသတော. ကိုရင်မဖြစ်ဘူးလေ ၊ ကိုရင်မဖြစ်ဘဲနဲ. ဒကာ၊ဒကာမတွေ၇ဲ. ပစ္စည်းလေးပါးတွေကိုသံ့းဆောင်မိတော့ အကြွေးယူရာ ၊ ခိုးယူစရာ ရောက်တယ် ။အဲဒီပစ္စည်းလေးပါးအကြွေးတွေကို နောင်ဘ၀ကျတော့ ခန္ဓာနဲ.ရင်းပြီး အကြွေး ဆပ်ကြရတယ် ၊ မြင်းတို. ၊နွားတို. ၊ ကျွဲ တို. သွားဖြစ်ရတာ အဲဒီ အကြွေးတွေပေါ. "

ဦးညွန်.မောင်တစ်ယောက် ယခုမှပင် ဆရာတော်ကအသက်ငယ်လွန်းသူများကို ၇ှင်ပြု မပေးခြင်း အကြောင်းကို သေချာကျနစွာ သိ၇ှာလေတော့သည် ။ မိမိသားများအတွက် တော်တော် ထိတ်လန်.သွား၇ှာမိသည်။ တော်ပါသေး၇ဲ. ဆရာကောင်း သမားကောင်းနဲ.လာတွေ.ပေလို. ၊ ဘုရားမျက်နှာမကြည့်ဘဲ ၊အများမျက်နှာ ကြည်.သည့် ဆရာတော်မျိုးဆိုရင်မိမိသားများ ကိုယ်ကျိုးနည်းရပေတော.မည်။

" ဒါ နဲ. ဘုရား သရဏဂုံ ကို ဆရာရော တပည့်ရော ပီသမှ ကိုရင်ဖြစ်တယ်ဆိုတော့၇ှင်းပါပြီးဘုရား ။ သင်္ကန်နိုင်တယ် ၊မနိုင်ဘူးဆိုတာ ကရော ဘာကိုပြောတာပါဘုရား ။ တပည်.တော်မအထင်ကတော့ ရှင်တွေ စောင်းထိန်းရတဲ.ဆယ်ပါးသီလကို စောင့်ထိန်းနိုင်ရင် သင်္ကန်းနိုင်တယ် ၊ မစောင့်ထိန်းနိုင်ရင် သင်္ကန်မနိုင်သေးဘူးလို. ဆိုလိုတယ်ထင်တာပဲဘုရား "

 " ဟုတ်ပါတယ်ဒကာကြီး "

 " ဆယ်ပါးသီလလောက်ကတော့ စောင့်ထိန်းနိုင်လိမ်.မယ် ထင်ပါတယ်ဘုရား ။ ဘာများတာ မှတ်လို."

 "ဆယ်ပါးဘယ်ကမလဲ ဒကာကြီး "

 "ဒါဆိုဘယ်လောက်များ ၇ှိပါသလဲဘုရား"


 "၁၀၉ " ပါးတောင်ရှိပါတယ်ဒကာကြီး ၊ သေခိယ သိက္ခာ-၇၅ပါး ၊ လိမ် ၁၀ ပါး --ဒဏ် ၁၀ပါး ၊ စုဒ္ဒသခန္ဒ ၀တ် ( ၁၄ ) ပါး ၊ စုစုပေါင်း ၁၀၉ ပါး ပေါ."

 "မနည်းပါလားဆရာတော် "

 " ဘယ်နည်းမလဲ ။ ဒကာကြီးတို.သိထားတာက၇ှာင်ကြဉ်ရမယ်. ၀ါရိတ္တသီလလောက် သိထားတာကိုး ။ ကျင်.သုံး ရမယ်ဆိုတဲ.စာရိတ္တသ သီလ ကအများကြီးပဲ ၊ဥပမာ မြို.ထဲသွားရင် သင်္ကန်ရုံရမယ် ၊ေ၇ှ.ကိုလေးတောင်ခန်.သာ ကြည်.ပြီးသွားရမယ် ၊ ဒကာ ၊ဒကာမနဲ. စကားပြောတဲ.အခါ ၊ တစ်ဖက်လူကြားနိုင်လောက်ရုံသာ ဖြစ်ရမယ် ဆိုတာမျိုးတွေပေါ့ "

 " တပည်.တော် သဘောပေါက်နားလည်ပါပြီးဘုရား။ ဒါကြောင့်နောက်နှစ်ပြည်.တော.မှပဲ၇ှင်ပြုပေးပါတော.မယ်ဘုရား "


ဦးညွန့်မောင် ရဲ့ဆန္ဒပြည့်ဝသွားပါပြီ။ နောက်ထက်နှစ်နှစ်စောင့်ပြီးသည်နှင့် ရှင်ပြုခွင့် ရလေပြီ။ နွေရာသီကျောင်းပိတ်သည်နှင့်အလှူမတိုင်မီတစ်လလောက်က ကြိုပြီး သားနှစ်ယောက်ကို ဘုန်းကြီးကျောင်းပို့ထားလိုက်သည်။ သားနှစ်ယောက်၏ နှလုံးသားတွင် ဘုရားတည် ပေးလိုက်ခြင်းပါ။


 အပြင်ဗဟိဒ္ဓမှာတည်သော်ဘုရားထက် ကလေးသူငယ်တို့၏ နှလုံးသားတွင်တည်သည့်ဘုရားက ပိုအရေးကြီးပုံကိုလည်း ဦးညွန့်မောင် ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပြီ။ ပြီးခဲ့သော ရက်အနည်းငယ်က ဆွမ်းကျွေးတစ်ခုတွင် ဦးညွန့်မောင်တို့ ဆရာတော်ဟော်ခဲ့သော တရာသံက ဦးညွန့်မောင် နားထဲမှ မထွက်တော့။

 ဒကာ၊ ဒကာမတို့ ပြင်ပဗဟိဒ္ဓ မှာ ဘုရားတစ်ဆူပြီးတစ်ဆူတည်သလို ဗုဒွဘာသာ ကလေးငယ်တွေ၇ဲ့နှလုံးသားမှာလည်းအဇျွတ္တဘုရားတွေ အဆက်မပြတ် တည်ပေးသင့်နေပြီ။ ဒီကနေ့ ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ဗုဒွဘာသာယဉ်ကျေးမူ့ သင်တန်းတွေဟာကလေးတွေရဲ့ အဇျွတ္တနှလုံးသားမှာဘုရားတည်ပေးနေတာပဲပေါ့။

 နောက်ပြီးနွေကျောင်းပိတ်တဲ့အချိန်တွေဆီုရင်လည်းမိမိ သားသမီးများကို နီးစပ်ရာ ဘုန်းကြီး ကျောင်းတွေမှာ အခြေခံဘာသာရေးအသိတွေ သင်ရအောင် မိဘတွေကိုတိုင် အပ်နှံပေးသင့်တယ်။ ကလေးသူငယ်တွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးတဲ့အလုပ်ကို ခုချိန်ကတည်းက ပေါက်ပါက်ရောက်ရောက် ၊ထိထိမိမိ မလုပ်ကြဘူးဆိုရင် နောင်အနှစ်တစ်ရာ လောက်ရှိတဲ့အခါ ပုဂံနဲ့တကွမြန်မာတစ်ပြည်လုံးမှာရှိတဲ့ဘုရား၊စေတိပုထီုးတွေဟာ သြော် ဒီမြန်မာပြည်ဟာ ဟိုတချိန်တုန်းက ဗုဒွဘာသာ ဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုပါလားလို့ အသိမှတ်ပြုရုံ သင်္ကေတတစ်ခု အနေနဲ့ ပဲ ကျန်ရစ်လိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့အဲဒီအချီန်မှာ မြန်မာတစ်ပြည်လုံး ဗုဒွဘာသာ တစ်ယောက်မှ ရှိမှာမဟုတ်တော့လို့ဘဲ။

အင်ဒီုနိးရှားနိင်ငံ ၊ဂျာဗာကျွန်းမှာ ကမ္ဘာအကြီးဆုံး ဗောရောဗုဒုရ်ဆိုတဲ့ကျောက်စေတီကြီးရှီတယ် အာဖဂန် ၊ နစ္စတန် နိုင်ငံ ၊ ဘာမီယန်မြို.ရဲ.အထက်ပိုင်းမှာလည်း (၅၅ )မီတာနဲ. (၃၅ ) မီတာ စီမြင့်တဲ့ မတ်တပ် ဗုဒ္ဓ ရုပ်ပွားတော်ကြီးတွေ ၊ဆင်းတုတော်ကြီးတွေ ရှိနေလို.သာ ဒီနိုင်ငံတွေဟာတစ်ချိန်က ဗုဒ္ဓဘာသာဖြစ်ခဲ.ဖူးတဲ. နိုင်ငံပါလားလို. သိကြရတာ။ အခုချိန်မှာတော့ ဗုဒ္ဓ ဘာသာ တစ်ယောက်မှ မရှိကြတော့ဘာဘူး ။ ဘာကြောင်.လဲဆိုတော့ ကလေးသူငယ်တွေရဲ. နုလုံးသားမှာ ဘုရားတည်မပေးမိခဲ.ကြတဲ့အတွက် ပဲ..။


 ဆရာတော်၏ဆွမ်းကျွေးသြ၀ါသတရားက တိုတို နှုင်.ထိရောက်လှသည် ။ ထိုတရားကို ကြားတာမိ မှ အိပ်ပျော်နေသော ဘာသာရေးအသိများ ပြန်လည်နိုးကြားလာကြ သည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကိုပေါ.ပေါ့ တန်တန်သဘောမထားတော့ပဲ သားငယ်သမီးငယ်တို.အား မရောက် ရောက်အောင် ပို.ဖြစ်ကြသလို ကျောင်ကန်ဘုရားသွားရင်လည်းသာသမီးများကို မပါပါအောင် ခေါ်လာမိကြသည်။

 ယခုလည်းဘုန်းကြီးကျောင်းပို.ပြီး၍ တစ်လအရမှာပင် ဦးညွန်.မောင်၏ အနှစ်နှစ်အလလက ကြိုးစားခဲ.ရသော ၇ှင်ပြုပွဲ ကြီး ကို မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပနိုင်တော.မည်။ ရန်ကုန်မြို.သစ်တို.၏ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းမှာပင် ရှင်ပြုအလှူပွဲကျင်းပ ဖြစ်ခဲ့သည်။ ပေ (၄၀ ) ..ပေ (၆၀ ) သာ၇ှိသော ဦး ညွန်.မောင် ၏ အိမ်ဝိုင်းလေး မှာလည်း လူနေဖြစ်ရံသာ ရှိသည် မဟုတ်ပါလား ။ ( ဒါတောင် ဦး ညွန်.မောင် တို.ကစကတည်းက ရောက်တဲ့သူ များမို. ။ နောက်ကျမှ ရောက်သူများ မှာ ပေ (၂၀ ) - ပေ (၆၀) သာရကြတော့သည်။ )

စနေနေ.အလှူ ၀င် ၊ တနင်္ဂနွေနေ.အလှူ ကြီး ၊ဒါကလည်း ၀န်ထမ်းများသာ အဓိက ထားပြီး အလှူ အတန်း ပြုကြရသည် ။ ဒါ မှသာ အများစု ဖြစ်သော ရုံးသူ ၊ရုံးသား များက လာနိုင်မည် မဟုတ်လား ၊ စနေနေ. ၇ှင်လောင်းလည်. ဆံချ ၊ ကိုရင်ဝတ် ၊ တနင်္ဂနွေနေ. ကျွေးမွေး ဧည်.ခံ ၊ နေ.လည် (၁) နာရီ တရားနာ ၊ ဆရာတော်ရေးပေးလိုက်သော အစီအစဉ် စာ၇ွက်လေးကိုဖတ်ရင်း ဇနီး ဖြစ်သူ ဒေါ် မြင့် ဘက်သို.လည်.၍ -

" မိန်မရေ ဆရာတော်က ငါတို.သားနှစ်ယောက်နဲ.ပက်သက်ပြီး ထူးထူးခြားခြား စကားနှစ်ခွန်း ပြောလိုက်တယ် ။ အဲဒါမင်းကို ငါပြန်ပြောပြ ရဦးမယ် "

 "ဆရာတော်ကဘာများပြောလိုက်လို.တုန်း "

အေး---ပထမ တစ်ခုကလူတစ်ယေက်ရဲ.အတိတ်က ဖြည့်ဆည်းခဲ့ဖူးတဲ့ပါရမီ ဘယ်လောက်ပါတယ် မပါဘူးဆိုတာ ဘုရားရှင်မှတစ်ပါး မသိနိုင်ဘူးတဲ့ ။ အဲဒါကြောင့် တို.သားနှစ်ယောက်ကိုကြို သင်ပေးတဲ့အထဲ မှာ တစပဉ္စက ကမ္မဋ္ဌါန်းကိုပါ သင်ပေးထားတယ်တဲ့ ဟ ။

 တစပဉ္စက ဆိုတာ အရေလျှင် ငါးခုမြောက်ဖြစ်သော ကမ္မဋ္ဌါန်းလို. အဓိပ္ပါယ်ရသတဲ့ ။ ဆံပင် ၊ အမွေး ၊ ခြေသည်း ၊ လက်သန်း ၊ သွား ၊ အရေ အဲဒီ ငါးခုကိုဆံချ နေတဲ.အချိန်မှာ ရှင်လောင်းရဲ. နှုတ်ကနေ ရွတ်ဆို ပွားများနေရသတဲ့ .။ ပါရမီပြည်.တဲ့ကလေးဆိုရင် ဆံ ချအပြီးမှာတင် ကိလေသာ အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်သွား ရောတဲ့ ။ အမယ်လေး ငါ.သားတွေများရဟန္တာ ဖြစ်သွားရင်ဘယ်လောက်ကောင်းမလဲ ၊။ မင်းနဲ.ငါ နဲ. လည်း ရဟ န္တာ တွေရဲ. ခမည်းတော် ၊ မယ်တော် မယ်တော်ဖြစ်ပေါ. ကွာနော် ။

" ဒါ ဆို ဒီ ကမ္မ ဋ္ဌါန်းက တော်တ်ေကျေးဇူးများတာပဲနော် "

 " ကျေးဇူးများတာတော့မပြောနဲ.ဟေ့ ။ ဘုရားလက်ထက်က (၇ )နှစ်သား နဲ.ရဟန္တာ ဖြစ်သွားတဲ့ ကိုရင်လေးဟာ အဲဒီ ကမ္မဋ္ဌါန်း ၇ွတ်ဖတ် စီးဖြန်းရင်နဲ. ခေါင်း၇ိတ်လိုက်တာ တချိုးဆိုရင် သင်ဓုန်းဓါး ခေါင်းပေါ် တင်တုန်း၇ှိသေး ။ အောက်ကရဟန္တာဖြစ်သွားရော တဲ့ ။ အဲဒါ အခုခတ်မှာ တစပဉ္စက ကမ္မဋ္ဌါန်းပွားများရင်ဆံချတဲ့ အလေ့အထ ပျောက်သလောက်ဖြစ်နေတယ်တဲ့ ။

" ဆရာတော်ပြောတာက ရှင်းတယ်ဟ ၊ ရဟန္တာဖြစ်တာ ၊မဖြစ်တာသူ. အလုပ်တဲ့ ။ တစပဉ္စက ကမ္မ ဋ္ဌါန်း သင်ပေးရမှာက ဆရာသမား ရဲ.အလုပ်တဲ့ ။ တကယ်လို. ကိုယ်ကသင်ပေးသင့်တာကို သင်မပေးတဲ့အတွက် ရှင်လောင်းဟာ ရဟန္တာဖြစ်ထိုက်တဲ့ ပါရမီ ၇ှိပါလျှက် တစပဉ္စက ကမ္မဋ္ဌါန်း အမှီ မ၇လို. ရဟန္တာ မဖြစ်တော့ဘူးဆိုရင်သင်မပေးတဲ့ ဆရာဟာ ရှင်လောင်းရဲ့ အရဟတ္တ မဂ် ၊ အ၇ဟတ္တဖိုလ် အညွန်.ကို ချိုးပစ်ရာ ရောက်သတဲ့ဟ " ။

" ဒီလိုဆို တော့လည်း ဆံချ တယ်ဆိုတယ ၊ သာမန်ကာ လျှံကာ မဟုတ်ဘဲ အရေးကြီးတာပေါ.နော်"

 " အေးပေါ့ဟ "

ဦးညွန်.မောင် ဒေါ်မြင်.၏ အမေးကို အတိုချုပ် ဖြေရင်းအကြမ်းပန်ကန်ထဲသို. ရေနွေး ငှဲ.ထည်. လိုက်သည်။ အာအတော်ခြောက်သွားပြီး မဟုတ်ပါလား။

" တော့်ရေနွေးက အသာထားပါအုန်း ၊ ဆရာတော်ပြောတဲ့နောက်တစ်ခွန်းကို ဆက်စမ်းပါဦး"

ဪ- အေး အေး ။ ဒုတိယပြောတဲ့ စကားကလည်း တို.ဗုဒ္ဓဘာသာဝင် မြို.သူ မြို.သား အားလုံး သတိထားသင့်တဲ့ အချက်ပဲကွ ။ ဆရာတော်ပြောတာက ဒကာကြီးတို. သားတွေ သာသနာ့ဘောင် မှာ ပျော်သွားရင် တစ်သက်လုံး ဘုန်းကြီး ၀တ်ပါစေ ။ ဇွတ် လူမထွက်ခိုင်းပါနဲ. တဲ့ ။

မြို.သူ မြို.သားတွေဟာ ရဟန်းသံဃာတွေကို အလှူ မင်္ဂလာရှိတဲ့ အခါလောက်ပဲ သတိရကြပြီး အသုံးချ စရာ ပစ္စည်း တစ်ခုလောက်သာ သဘောထားမယ်ဆိုရင် ပါရမီရှိတဲ့ မိမိရဲ့ သားသမီးတွေကို သာသနာ့ရေး အားမပေး ဘူးဆိုရင်ရေသောက်မြစ်ခြောက်ရင် သစ်ပင်ကြီးသေသလို တောဘက် သာသနာ မျိုးဆက်သစ် တွေ သာ အလျင် မီအောင် မထွက်တော.ဘူးဆိုရင် ဒီသာသနာကြီး ခဏ နဲ.ပျောက်မှာပဲတဲ့ ။ အဲဒါကြောင့် ဒကာကြီးရဲ့သားတွေ သာသနာ.ဘောင်မှာ တကယ် ပျော်နေပြီးဆိုရင် ဇွတ်မထွက်ခိုင်းပါနဲ.တဲ့ ။

 ဆရာတော်ပြောတာမှန်တာပေါ့ ။ ကျမတို. ဗုဒ္ဓဘာသာဝင်မြို.သူ မြို.သားတွေဟာ အသီးသာ စားချင်တာ အပင်မှမစိုက်ချင်ကြဘဲ ။ ကျမတော့ ဆုံးဖြတ်လိုက်ပြီး သားနှစ်ယောက်စလုံး သာသနာ့ဘောင်မှာ ပျော်လို.ကတော့ တစ်သက်လုံး နေပလေ့စေတော့ ။ ဘယ်တော့မှ မထွက်ခိုင်းတော့ဘူး ။ ရှင်ကရော "

 " ၀မ်းသာလိုက်တာ မိန်မရာ ။ ငါလည်းဆရာတော်အမိန်. ရှိကတည်းက သားတွေကိုဘယ်တော့မှ လူမထွက်ခိုင်းတော့လို. ဆုံးဖြတ်ပြီး သားပါ "/

 " တလောက ဓမ္မကထိက ဆရာတော်တစ်ပါးဟောတဲ့ သာနု သာမဏေ အကြောင်း တရားကို နာရကတည်းက ကျ မက သားနှစ်ယောက်ကို လုံး ကို သာသနာ့ဘောင်မှာမြဲစေချင်နေတာ "။

" အမယ် -- ဓမ္မ ကထိက ဆရာတော်က ဘယ်လိုများဟောသွားကလဲကွ ။ လုပ်စမ်းပါအုန်း ။၊ နာထောင်ကြည့်၇အောင် "

 " အကုန်တော့မမှတ်မိတော့ဘူး "

 " အကုန်မမှတ်မိတော့ဘူးဆိုတော့ ငါက ဘာသွားနာထောင် ရတော့မလဲ "

နည်းနည်းတစ်ဝက်တစ်ပျက်တော့ မှတ်မိသေးတယ်လို. ပြောမလို.ပါ "

 " တော်သေးတာပေါ့ကွာ။ စာသင်တိုက် တစ်ခုကိုရောက်လာစ စာသင်သားရဟန်း တစ်ပါးလိုများ ဖြစ်နေသလားလို.ပါ "

အဲဒီ စာသင်သားရဟန်းက ဘယ်လိုဖြစ်တာတုန်း "

 " ဪ အဲဒီ ကျောင်းတိုက်ရဲ. စည်းမျဉ်းက ကျောင်းတိုက်မှာ နေချင်ရင် ရဟန်းဆိုရင် ပါတိမောက် နှစ်စောင်ပြန်ရတယ်တဲ့ ။ ကိုရင်ဆို၇င် သေခိယတို. လိင်ဆယ်ပါး ၊ ဒဏ်ဆယိပါးတို. အလွတ်ပြန်ရတယ်တဲ့ ။ အဲဒါနဲ. အသစ်ရောက်လာတဲ့ ရဟန်းကို ကျောင်းထိုင်ဆရာတော်က ... ကဲ မင်းဒီကျောင်းတိုက်မှာနေချင်၇င် ပါတိမောက်နှစ်စောင် ပြန်စမ်း ... လို. ခိုင်းတော့ အဲဒီ ရဟန်းက ပြောသတဲ့ ။' တပည့်တော် အကုန်မရဘူး ဘုရားတဲ့ " ။ ဒီတော့ဆရာတော်ကြီးကလည်း သက်သက်ညှာညှာနဲ.--ကဲ-ကဲ--အကုန်မရလည်း ရသလောက် ပြန်ပါကွာ လို.ပြောတော့ "

 " ရသလောက်ပြန်လိုက်ရောလား "

 'မင်းကလည်း ဆုံးအောင်နာထောင်စမ်းပါအုန်း ၊ အဲဒီကျတော့ ရဟန်းလေးက တပည့်တော် အကုန်မရဘူးဆိုတာ တစ်လုံးမှမရဘူးလို. ပြောတာပါဘုရားတဲ့ ။ မင်းလည်း အခုဓမ္မကထိက ဟောသွားသောအကုန်မမှတ်မိဘူးဆိုတာ အဲဒီရဟန်းလို တစ်လုံးမှမမှတ်ဘူးလို.များ ဖြစ်နေသလား လို.ပါကွာ "

 ' လူကိုများ အထင်သေးလိုက်တာတော် ၊ လိုရင်းအချက်လေးကိုတော့သေချာမှတ်ထားပါတယ် "

 " ကဲ- ကဲ ပြောစမ်းပါဦးကွာ "

 ' ဘုရား၇ှင်လက်ထက်တော်အခါက သာဝတ္ထိ မြို.မှာ သာ နု အမည်ရှိတဲ့ ကိုရင်တစ်ပါးရှိသတဲ့ ။ တရားဟောတာကလည်း သိပ်ကောင်းတာပဲတဲ့ ။ ရဟန်း ခံခါနီးအ၇ွယ် ရောက်လာတော့ ကာမ ဂုဏ်ဘက်စိတ်ပြောင်းပြီး လူထွက်ချင်လာရောတဲ့ ။ တနေ.တော့ လူထွက်တော့မယ်ဆိုပြီး မိဘ အိမ်ပြန်အလာမှာအိမ်လည်းရောက်ရော ဘီလူး ၀င်စီးတော့တာပဲတဲ့ '

ဟ မင်းဘီလူး ကလည်း ကိုရင်တောင် ၀င်စီးနိုင်သလားကွ "

 " ဒါကတော့သောတာပန် ဖြစ်တဲ့ အ၇ှင်အာနန္ဒာ တောင် မာရ်နတ်က စကားမပြောနိုင်အောင် လုပ်နိုင်သေးတာပဲ။ အခုကိုရင်က ပုထုဇဉ် လည်းဖြစ်ပြန် ၊ ကာမဂုဏ်အာရုံ ထဲစိတ် ရောက်နေဆဲလည်းဖြစ်ပြန်တော့ ဘီလူးက ၀င်စီးနိုင်တာပေါ့ ။ ပြီးတော့ ဘီလူးက ရိုး ရိုးဘီလူး မဟုတ်ဘူးလေ "

 " ဘာလဲရှယ်ဘီလူးလား"

 " ဟုတ်တယ် ၊ ရှင်ပြောသလို ရှယ်ဘီလူးပေါ. ၊ သူက နတ်ဘီလူးဖြစ်တဲ့ အပြင် ကိုရင်သာနု ရဲ. အတိတ် ဘ၀ တစ်ခု ကမိခင်ဖြစ်ခဲ့ဖူးတယ်တဲ့ ဘီလူးမဖြစ်နေတယ်

 ဟ မင်းဟာကရှေ.နောက်မညီညွတ်သေးဘူး။ မိခင်ဖြစ်ခဲ့ဖူးတဲ့ဘီလူမဆိုရင် ကိုယ်.သား ဖြစ်ခဲ့ဖူးတဲ.ကိုရင်ကို ဘေးမရောက်အောင်စောင်.ရှောက်ဖို.ရှိပါတယ် ။ အခုတော့ ဘယ်နှယ့် သူကိုယ်တိုင်တောင်ဝင်စီးပြီး ဒုက္ခပေးနေရတယ်ဆိုတော့ ။

 ရှင်ကလည်းစကားးကို ဆုံးအောင်နာမထောင်ဘူး ။ သူဝင်စီးတာကိုက ကိုရင်သာနု ကို သာသနာ့ဘောင်မှာမြဲစေချင်လို. ၀င်စီးတာ။ စီးပြီးတာနဲ. ဘီးလူးမက ဘာပြောတာလဲ ဆိုတော့ ဒီသာနုကိုရင်လေး သာသနာ့ဘောင်မြဲနေတဲ့အတွက် သူ.မှာ သွားလေရာ မျက်နှာပွင်.လင်းပြီး ထင်ပေါ် ကျော်စောနေတယ်တဲ့ ။ နတ်သဘင်အစည်းအဝေးသွားလည်း သာနုကိုရင် နဲ. မယ်တော်ဆိုပြီး နေရာပေးကြိုဆိုကြတယ်တဲ့ ။

" ကိုရင်သာနု သာသနာ့ဘောင်ကထွက်သွားရင် သူ.မှာလည်း စောစော ကပြောတဲ့ ဂုဏ် တွေမရနိုင်တော့သလို ကိုရင်သာနုမှာလည်း လူ.လောကမှာ ဆင်းရဲဒုက္ခရောက်ဖို.ပဲ၇ှိတယ်။ ဒါကြောင့်ကိုရင်သာနု သာသနာ့ဘောင်မှာမနေဘဲ လူဝတ်လဲမယ်ဆိုရင် ဒီထက်ဒုက္ခ ရောက်စေရမယ်လို. ခြိမ်.ခြောက်ပြီးမှ ထွက်သွားသတဲ့ ။ ကိုရင်သာနု သတိ  ပြန်လည်လာတဲ့အခါကျမှ အဖြစ်မှန်တွေကိုသိပြီး သံဝေဂ ရသွားလို. သာသနာ့ဘောင်မှာနေရင်း ဆက်ကြိုးစား လိုက်တာ ရဟန္ထာ ကြီးတောင်ဖြစ်သွားသတဲ.။

 အဲဒီမှာ ကျွန်မ စဉ်းစားမိတာက မိမိရဲ. သားတစ်ယောက် သာသနာ့ဘောင်ရောက်နေရင် အရင်ဘ၀က တော်စပ်ခဲ.ဖူးတဲ့ မိဘကတောင် ဂုဏ်ကျက်သရေတိုးတက်နေရင် အခုဘ၀က မိဘတွေတော့ ပြောစရာတောင်၇ှိတော့မယ်မထင်ဘူးလို.'

အဲဒါကြောင့် မင်းက သားတွေကိုသာသနာ့ဘောင်မှာ မြဲအောင်ထားတော့မယ်လို. ဆုံးဖြတ်လိုက်တယ်ပေါ့"

 ' ကောင်းလေစွ ၊ ကောင်းလေစွ ၊ ကောင်းလေစွ ။သာဓု ၊ သာ ဓု ၊ သာဓု "

ငါးသောင်းဆိုသော ငွေသည် ပစ္စည်း၇ှိ အလှူရှင်များအတွက် ဆိုင်းဝိုင်းကြီး တစ်ညစာသာ ရှိပါသော်လည်း ဦးညွန်.မောင်တို.လို ကာယလုပ်သား အလှူ ရှင်များအတွက်ကားသင်္ကန်း ပရိက္ခရာ ၊ အကျွေးအမွေး၊ ဒိုးပတ်ဝိုင်းကအစ အပြီးပါအောင် စီစဉ်ကြရသည်။ ဆင်လည်း ဆင့်အထွား ၊ ဆိတ်လည်း ဆိတ်အထွာပင် မဟုတ်ပါလား ။

 သား၇ှင်ပြုအလှူ ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တစ်မျိုးသားလုံး မလုပ်လျှင် မဖြစ်ဟု ခံယူထားသော ယဉ်ကျေးမှု ကြီး တစ်ခုဖြစ်ရာ သူဋ္ဌေး ၊ သူကြွယ် ကလည်းလှူသလို လက်လုပ်လက်စား ဆင်းရဲသားကလည်း လှူ သည်ပင်ဖြစ်ရာ သူဋ္ဌေးသူကြွယ်အတွက်က ပြောစရာမ၇ှိသော်လည်း ဦးညွန်.မောင် တို.လိုလက်လုပ်လက်စားဆင်းရဲသားများ၏ အလှူ ကတော့ပြောစရာ ဖြစ်လာသည်။ အခြားမဟုတ်တာ့ ။

 မရှိမဲ့ ၊ ၇ှိမဲ. မဖြစ်မနေ လှူရသောအလှူဖြစ်သောကြောင့် အကုန် အကျ နည်းနိုင်သမျှနည်းအောင် ဘုန်းကြီးကျောင်းကိုသာအစစအရာရာ အားကိုးကြရတော့သည် ။ ရွှေထီးအစ. ၊ ကွမ်းတောင် ပန်းတောင်အဆုံး၊ဘုန်းကြီးကျောင်းမှာသာ အခမဲ့ငှားရမ်းကြရသည် ။ ပစ္စည်းရှိသူများမှာတော့ဆိုင်မှ အသစ်ဝယ်သုံးပြီး အလှူ ပြီးသည်နှင့် ကျောင်းမှာတစ်ခါတည်း လှူ ပစ်ခဲ့ကြသည်။

 ချို.တဲ.သောအလှူ ရှင်များ ဘုန်းကြီးကျောင်းမှာ လှူပြီးသွား လျှင်များသောအားဖြင်. အလှူ ကို လက်ခံကျင်းပခွင်.ရသော ဘုန်းကြီးကျောင်းများ အရှုံး ပေါ်ရကြောင်းကို ဟာသနှောပြီး ဟောသွားသောဓမ္မ ကထိက ဆရာတော်တစ်ပါး၏ ထိမိသောပုံတိုပတ်စလေး တစ်ခုကိုကိုလည်း ဦးညွန်.မောင် ဘယ်တော့မှ မမေ့ ။

" ပရိတ်သတ်တွေကြားဖူးလားတော့မသိဘူး ၊။ကံများဆိုးလာပြီးဆိုရင် အလကားရတဲ့ကန်စွန်ရွက် ဈေးသွား ရောင်းတာတောင် ငွေတစ်မတ် ဆုံး တယ် ဆိုတာလေ ။ တစ်ခါတော့ ဒကာမ တစ်ယောက် ဆင်းရဲလွန်းလို. အရင်းတောင်မတတ်နိုင်တာနဲ. ပိုင်ရှင်မဲ့ ချောင်းဘေးက ကန်စွန်းရွက် တွေခူးပြီး ဈေးသွားရောင်းသတဲ့ ။ ဈေးသွားရောင်းတာဆိုတော့ ရောင်းရတာ မ ရောင်းရတာ အပထား ။ ဈေး ထဲ ၀င်သွား တာနဲ. ဈေးကောက် ကို ငွေ တစ်မတ် ပေးရတယ် ။

" အဲဒါ ဈေးကောက် ကိုငွေတစ်မတ် ပေးပြီး ကန်စွန်းရွက် စည်းတွေ ပုံ ပြီး ကာစ၇ှိသေးတယ် ၊ အကြွေသီးသန်.ထားတဲ့ ပိုက်ဆံအိတ်လေး မေ့ကျန် ခဲ့ လို.အိမ်ပြန်အယူ မှာမျက်စိလည်ပြီး ဈေး ထဲဝင်လာတဲ့ နွားတစ်အုပ်က ပုံထားတဲ. ကန်စွန်၇ွက်တွေအကုန်စားပစ်လိုက်လို. အလကားရတဲ့ ကန်စွန်းရွက် ရောင်းတာတောင်တစ်မတ်ဆုံးသွားရတော.တာပေါ့ ။

 အခုလည်း တချို.မသိတတ်တဲ့ ဒကာတွေ ကျောင်းကိုအလှူ လာလုပ်ရင် ကျောင်းထိုင်ဘုန်းကြီး ကတော့ နေရင်းထိုင်ရင်းအ၇ှုံး ပေါ် တော့တာပဲ ။ ကြည်.ပါလား လာလှူ တဲ.ဒကာတွေက နေရာ ၊ ရေ ၊ လျှပ်စစ်မီး အလကား သုံးတယ် ၊ဒါကတော့ထားတော့ ၊ ကိုယ့်ကျောင်းလာလှူလို. ကိုယ်ကလည်း တတ်နိုင်သလောက် ကူညီရတာပေါ့ ၊ ဆိုးတာက သူတို.၀ယ်တဲ့ ထင်းမလောက်ရင် ကျောင်းက ယူသုံးတယ် ၊ ဆန်ကုန်သွားရင် အရေးပေါ် ကျောင်းကယူသုံးတယ် ။ အဲဒါတွေ အလှူလည်းပြီးရော တစ်ခါတည်း မေ့ပစ်လိုက်တော့ အလကားရတဲ့ ကန်စွန်းရွက် ဈေးသွား ရောင်းတာ တစ်မတ်ရှုံးရသလို ကျောင်းထိုင်ဘုန်းကြီးတွေလည်း အလှူလက်ခံမိရာက နေရင်းထိုင်ရင်း ထင်းရော ၊ ဆန်ရော ရှုံး ရတာပေါ့ ။

 ဒီလိုတရားလေးနာကြားထားတော့ ဦးညွန်.မောင် ကတော့်လှူ ပြီး တာနဲ. ကျောင်းဝေယျာ ၀စ္စ အတွက် ကိုယ်တတ်နိုင်သလောက် လှူ ဒါန်းခဲ့ရန် ဆုံးဖြတ်ပြီးသားပါ ။ ရှင်လောင်း လှည်.တော့လည်း လူကအတော်လေးစည်လှသည် ။ စည်ပေမပေါ. ၊ ဒိုးပတ်ဝိုင်းကလည်း ပါ ၊ လမ်းတစ်လျှောက် ပိုက်ဆံ ကြဲနေတာလည်းပါတော့ ကလေးရော ၊ လူ ကြီး ပါ ၊ လုံး ထွေး နေကြ တော့သည် ။ ကျောင်းဝိုင်းထဲဝင်ပြီးလို. ဆရာတော်ဆံချဖို. စီစဉ်နေ ချိန်မှာပင် စိတ်ဆင်းရဲ စရာ ပြသနာကစပါလေပြီး ။


 ၇ှင်လောင်းနှစ်ယောက်လုံး ၇ှာမတွေ.တော့ ၊ ဦးညွန်.မောင် လိုက်ပြီး ။အချိန်ဆွဲမနေတော့ ၊ အပျက်ပျက် နဲ.နှားခေါင်းသွေးလည်းမထွက်လိုတော့ပါ ၊ ထို.ကြောင့် ..ကဲ .မင်းတို လိုချင်တဲ့ငွေ ပြောကွာ။ အချိန်သိပ်မရှိတော့ဘူး။ နေ၀င်တော့မယ် .ဘယ်လောက်ပေးရမလဲပြောဟု လူအုပ်ဘက် လှည်.ကာ မေးလိုက်သည်။ ဦးညွန်.မောင်၏ အမေးအဆုံးမှာပင် လူအုပ်ထဲမှ အသံ တစ်သံ ထွက်လာသည် ။

 သုံးထောင်ရမှ ခေါ်ပေးမယ် ။ သုံးထောင်မရရင်တော့ ဒီနေ.၇ှင်ပြုဖို.စိတ်မကူးနဲ.တော့ "

အသံလာရာကို ဦးညွန်.မောင်ကြည်.လိုက်တော့ မောင်နီ ၊ အရက်ကလည်း အတော် သောက်ထားဟန် တူသည် ။ မျက်နှာ က နီ ရဲ နေသည် ။ ဘယ်သူ.ကိုမှလည်းအမှု ထားဟန်း မ၇ှိ ၊ အလိပ် လိုက် တက်လာသော ဒေါသကို ဦးညွန်.မောင်၏ဒေါသကိုဒေါ်မြင့် မျက်နှာမှာလည်း သွေးမ၇ှိတော့ ။ ဦးညွန်.မောင် ၏ ဒေါသကို ရိပ်စားမိသွားသော --ဓမ္မရောင်ခြည် ၀တ်အသင်း ခေါင်းဆောင် ဦးကြည်က--

"ဟေ.--မောင်နီ ၊မင်းတို.ဟာက မလွန်လွန်းဘူးလားကွာ ၊ လူပြန်ပေးဆွဲတာကျနေတာပဲ ၊ ။ လေးငါးရာလောက်ရ တော်ရောပေါ.ကွ ။ ဦးညွန်.မောင်တို.မှာလည်း ပေါများလွန်းလို. လှူတာမှမဟုတ်တဲ့ဟာကို "

ဟာ ဗျာ --ဒါ မျိုးက ကြုံ ခဲဘိတောင်းဗျ ၊ အခွင်.အရေး ရတုန်း တောင်းထားရတာ ၊ သူ တို.မပေးရင် ကျုပ်တို.ကလည်း ၇ှင်လောင်းမပေးဘူး ၊ ရှင်းရှင်းလေးပဲ "

ဒီတော့ ဒေါ်မြင်.ပါမနေနိုင် ။ ၀င်ပါ၇တော့သည် ကြာရင်အခြေအနေက သည်.ထက် ဆိုးလာနိုင်သည် မဟုတ်ပါလား ။

 ကဲပါ ..ငါ့တူရယ် ၊ကိုယ်. ရပ်ကွက်သားချင်း ဒီလောက်စိတ်ဆင်းရဲအောင်မလုပ်ကောင်းပါဘူး ။ တစ်ထောင်လောက်ရရင်တော်ရော့ပေါ့ကွယ် ။ ဟောဒီမှာရော့ ၊ အရေးပေါ်လိုရင်သုံးရအောင် အဒေါ် ဆောင်ထားတာလေးပါ ။ ပြီးတော့အဒေါ်တို.မှာလှူဖို.ကလည်းရှိသေးတယ်လေ ။ ဒါကြောင်.ပါ ၊ ကဲ..ရော့ ယူ လိုက်ပါ ။

 မရဘူးဗျာ၊ မရဘူး ။ကျုပ်တို.အဖွဲ.က အများကြီးဗျ ။ ငွေတစ်ထောင်နဲ. ဘယ်လိုမှမရဘူး။ သုံးထောင်ပေးမှ ၇ှင်လောင်းတွေကိုတွေ.ရမယ် ။ သုံးထောင်မပေးရင် ၇ှင်လောင်းတွေကို မပေးဘူး။ အခြေအနေတွေက တစ်ဖြေးဖြေး တင်းမာလာသည် ။ ဈေ.အလျှော့အတင်းက ဘယ်လိုမှ ညှိလို.မရ ၊ နေပင်ဝင်စပြူလာပြီး ဖြစ်သော ကြောင်. ကျောင်းအပေါ်ထပ်ဝရံတာမှ ဆရာတော် အသံ ထွက်ပေါ်လာသည် .

ဒကာဦးညွန်.မောင်တို. ၇ှင်လောင်းတွေဆံချမပြီးသေးဘူးလား ၊ ပြီးရင် ခေါ်ခဲ.ကြလေ ၊ မိုးတောင်ချုပ်တော.မယ် ။

 ဦးညွန်.မောင် ပျာပျာသလဲ ..လှမ်းလျှောက်ထားရပြန်သည် ၊။

"မှန်ပါ့ ။ ခဏနေရင်ပြီးတော.မှာပါဘုရား "

ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ ။ လူမိုက်နဲ. လူလိမ္မာ ၊ လူမိုက်ကိုပဲ ဦးစားပေးရတော့မယ် ၊ အဘယ့်ကြောင်.ဆိုသော် လူလိမ္မာကတောင်းပန် ၍ ၇သော်လည်း လူမိုက်ကတောင်းပန် ၍ မရသောကြောင်.ပင် ။ ထိုသို.တွေးမိသည်နှင့် ဆရာတော်ထံ ဝေယျာဝစ္စ အတွက် ကပ်လှူ ရန်ဆောင်တားသော မိမိထံမှ ငွေနှစ်မှ အရေးပေါ် ၇ှိရင်သုံးရန် အသင့်ထားသောဇနီးသည်ထံမှ တစ်ထောင်တို.ကိုယူ ၍ ၇ှင်လောင်းပြန်ပေးသမားတို. အားပေးလိုက်၇တော့သည် ။

 ငွေသုံးထောင်ကိုရသည်နှင့်မောင်နီကမပြေးရုံတစ်မယ် ထွက်ခွါသွာသည် ။ ခဏအကြာမှာပင် မောင်နီနှင့် အပေါင်းအပါသုံးယောက်တို. ၇ှင်လောင်းနှစ်ပါးကို ပွေ.ချီလာသည် ကိုခပ်လှမ်းလှမ်းမှ လှမ်းမြင်နေရသည် ၊ ဦးညွန်.မောင်စိတ်ထဲဇဝေဇ၀ါ ဖြစ်သွားသည်က ၇ှင်လောင်းနှစ်ပါးကို ပခုံးပေါ် ထမ်းမလာပဲ အဘယ့်ကြောင့် ပွေ.ချီလာသနည်း ၊ မကိုဋ္ဋ်တွေ။ စလွယ်တွေတော့ ကျိုးကြေ ကုန်တော့မှာပဲ ။

 ၇ှင်လောင်းနှစ်ပါးရဲ. ခေါင်းတွေကလည်း ဘာကြောင့် နောက်ကိုလန်ကျနေတာလဲ ၊ လက်တွေက လည်း တွဲလောင်းကြီးကိုဖြစ်လို. ၊ ဦး ညွန်.မောင်၏ သံသယကား သိပ်မကြာလိုက်ရပါ ၊ ရှင်လောင်းတွေအနားမရောက်မှီ မှာပင် သားနှစ်ယောက်၏ ကျောင်းနေဖက် သူငယ်ချင်း မောင်ဇင်မင်း ဦးညွန်.မောင်အနားသို. မျက်လုံး မျက်စံ ပြူး နှင့် အရေးတကြီး ပြေးကပ်လာကာ ---

" ဦးလေး--ဦးလေး ကျော်ဦးနဲ. သော်ဦး အသက်ရှူ ကျပ်ပြီးသေသွာပြီး"

 "ဟ..ဘာ ပြောတာလဲကွ ..."

ဦးလေးသားနှစ်ယောက်လုံး သေသွားပြီး ၊ ဟိုလူကြီးတွေက ဦးလေးရဲ.သားနှစ်ယောက်ကို ပီပါထဲ ထည့်အဖုံးပိတ်ပြီး အပေါ်ကကျောက်တုံးကြီးနဲ.ဖိထားတယ် ၊ ကျော်ဦး နဲ.သော်ဦးက မွန်းလို. အော်ကြတာကိုလည်း ဘယ်သူမှ လာပြီး ပီပါအဖုံးကို ဖွင့်မပေးကြဘူး။ ကျွန်တော့်ကိုလည်း ဦးလေးတို.ကို သွားပြောမှာစိုးလို.ဆိုပြီး အိမ်ထဲကနေ ဘယ်မှမသွားရဘူး ။ အခုမှ လွတ်ပေးလိုက်လို.လာပြောတာ ၊ဟိုမှာကျော်ဦး နဲ.သော်ဦး တို.ရဲ.အလောင်းတွေသယ်လာပြီး ။

 ဟင် "

ဦးညွန်.မောင၊် ဒေါ်မြင့် နှင်.တစ်ကွ အနားမှာ၇ှိကြတဲ. လူတွေအားလုံး ကြက်သေသေသွားကြသည်။ ဦး ညွန်.မောင်သည်းခံနိုင်သော အတိုင်းအတာကားလွန်သွားလေပြီး ၊ ငွေကိုလည်း အဆမတန် တောင်းစဉ်ကလည်းသည်းခံပြီး မရှိမဲ့၇ှိမဲ့ ပေးခဲ.ရသည်။ ယခုတစ်ဖန် သားနှစ်ယောက်ကိုလည်း သတ်လိုက်ကြပြန်ပြီး ၊ ငါ့သားနှစ်ယောက် ရှင်တောင်ဖြစ်ခွင့်မရဘဲ လူ.လောကထဲက ထွက်သွားခဲ့ရပြီး ။ ဒင်းတို.တစ်တွေကို လူ.ပြည်မှာ မထားဘူး ။

"ဒေါသောအတ္ထံ နဇာနာတိ ---- ဒေါသဟူသည် အကျိုးအကြောင်း အဆိုးအကောင်း ဘာမှမသိ "

ထိုဒေါ သကို မိမိသန္တာန် မှာ စက္ကန်.ပိုင်းလောက် လက်ခံလိုက်မိသည်နှင့် ဦးညွန်.မောင်တစ်ယောက် ဆံချ မည်.နေရာာမီးဖိုချောင်အနီးမှ ထင်းခွဲသည့် ရဲတင်း တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး မောင်နီတို.လူစုထဲသို.. အပြေးထွက် သွားမိလေတော.သည်။ ဘယ်သူမှလည်း လိုက်ဆွဲလို. မမှီလိုက်တော့ပါ ။

 နောက်ဆုံးစာရင်း ချုပ်လိုက်သောအခါ ဦးညွန်.မောင်တစ်ယောက် သားနှစ်ယောက် ဆုံးရှုံး ရသည်. အပြင် မောင်နီနှင်.တစ်ကွ အပေါင်းအပါ သုံးဦးကို သတ်မှုဖြင့် ဥပဒေ၏ အရေးယူမှုကို ခံခဲ့ရရှာပါတော့သည် ။ ဤသည်ကား ယဉ်ကျေးမှုနေရာတွင် အစားထိုး ၀င်ရောက်လာသော ရိုင်းစိုင်းမှု၏ ရလာဒ် ပင်မဟုတ်ပါလော ။ ။

 ဒေါသ ဖြစ်ခြင်းသည် သူတစ်ပါးအပြစ်ကို မိမိအပြစ်ဖြစ်အောင် လုပ်ခြင်းပင်ဖြစ်သည်..


အရှင်ဇ၀န


 မေတ္တာရှင် ( ရွှေပြည်သာ )