Showing posts with label အမေများနေ့ အမှတ်တရ. Show all posts
Showing posts with label အမေများနေ့ အမှတ်တရ. Show all posts

Sunday, May 13, 2012

ငါအိုသွားသောအခါ 當我老了 When I was old



ငါအိုသွားသောအခါ 當我老了 When I was old


ငါအိုသွားသောအခါ  ငါဟာအရင်ကလိုမဟုတ်တော့ဘူး။

ငါ့ကိုနားပေးပါ။စိတ်ရှည်ရှည်ထားပြီးဆက်ဆံပေးပါ။

ချည့်ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ

အင်္ကျီ လုံချည်ဖိုသီပတ်သီဖြစ်နေတဲ့အခါ အညစ်အကြေးတွေမထိန်းသိမ်းနိုင်တော့တဲ့ငါ့ကို

မရွံပါနဲ့ ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

အပ်ကြောင်းထပ်မတတ်ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ

ကျေးဇူးပြုပြီးသီးခံနားထောင်ပေးပါ။ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း ပုံပြင်တွေကို

မရိုးအောင်ပြောရင်းချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူညီလိုတဲ့အခုမှာ မငြိုမငြင်ပါနဲ့။ငယ်ငယ်တုန်းက ချော့တစ်လှည့်

ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ပုံကို သတိရပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ငယ်ငယ်တုန်းက

“ဘာကြောင့်လဲ” ဆိုတဲ့မေးခွန်းတွေကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာတွေ သတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့

ငါ့ကိုတွဲကူပေးပါ။လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်

ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ထက်တစ်နေ့ အိုသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့ နားလည်ပေးပါ။အားပေးပါ။

အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို ခုချိန်မှာငါ့ဘဝနောက်ဆုံး

အတွက် အဖော်ပြုပေးပါ။ချစ်ခြင်းမေတ္တာနဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။

အဲဒီအပြုံးတွေထဲမှာ မဆုံးသေးတဲ့ငါ့ မေတ္တာတွေ တွေ့ရမှာပါ။

 သားတို့သမီးတို့ ထာဝရပျော်ရွှင်ချမ်းမြေ့ပြည့်စုံကြပါစေကွယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

當我老了
當我老了,不再是原來的我。 請理解我,對我有一點耐心。

當我把菜湯灑到自己的衣服上時,當我忘記怎樣繫鞋帶時,
請想一想當初我是如何手把手地教你。

當我一遍又一遍地重複你早已聽膩的話語,請耐心地聽我說,不要打斷我。
你小的時候,我不得不重複那個講過千百遍的故事,直到你進入夢鄉。

當我需要你幫我洗澡時,請不要責備我。
還記得小時候我千方百計哄你洗澡的情形嗎?

當我對新科技和新事物不知所措時,請不要嘲笑我。
想一想當初我怎樣耐心地回答你的每一個「為什麼」。

當我由於雙腿疲勞而無法行走時,請伸出你年輕有力的手攙扶我。
就像你小時候學習走路時,我扶你那樣。

當我忽然忘記我們談話的主題,請給我一些時間讓我回想。
其實對我來說,談論什麼並不重要,只要你能在一旁聽我說,我就很滿足。

當你看著老去的我,請不要悲傷。
理解我,支持我,就像你剛才開始學習如何生活時我對你那樣。

當初我引導你走上人生路,如今請陪伴我走完最後的路。
給我你的愛和耐心,我會抱以感激的微笑,這微笑中凝結著我對你無限的愛。

When I was old
When I was old, I wasn't myself before. Please understand, be more patient.

When I splash soup on collar, When I forgot how to tie my shose,
Please think about how I taught you this when you were a kid.

When I repeat my words again and again you listened many times,
Please listening with your patience, Do not interrupt me.
When you were a small child I must repeat the story thousand of times, until you fall asleep.

When I need your help for shower, Please do not blame me.
Don't you remember I leave no stone unturned to help you took a bath.

When I perplexed about new technology and fashion stuff, Please do not laughing me.
Think how patience I was answer your each "why..."

When I tired my legs and can't even walk, Please give me your young and strong hands.
Just like before when you were learn walk I was your support.

When I suddenly forgot our topic, Please give me a bit more time let me recall it.
In fact any topic is not important for me, I satisfied just you can listen side of me.

When you saw me getting old, Do not be sad. Understood me, Support me,
As you just start to learn how to live independent what I helped you.

Originally I introduced life to you.
Now please be a company for me to finish end of my life.

give me your love and patience, I will pay my thanks smile, this smile.
full of my unlimity love for you.

ဗွီဒီယိုကြည့်ရန်...

Saturday, May 12, 2012

အမေဆိုတာ နှစ်၊ လ၊ ရာသီ 母親是一種歲月

အမေဆိုတာ နှစ်၊ လ၊ ရာသီ 母親是一種歲月

အိမ်ပြန်တဲ့အခေါက်တိုင်း အမေရဲ့ နက်နဲတဲ့မေတ္တာတရားတွေကို အနက်ကောက်ဆိုနိုင်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ အမေရဲ့ စကားတစ်ခွန်းတိုင်း၊ အကြည့်တစ်ချက်တိုင်းက ကျွန်မကို ခံစားချက်ပေါင်းများစွာ ပေးနိုင်ခဲ့တယ်။

ဒီဇင်ဘာကျောင်းပိတ်ရက်နီးတိုင်း ကျွန်မဆီ အမေ တစ်ရက်ခြားတစ်ခါ ဖုန်းဆက်ပြီး မနှစ်ကပိတ်ခဲ့တဲ့ ကျောင်းပိတ်ချိန်ကို မေးနေတတ်ခဲ့တယ်။ တိကျတဲ့ ကျောင်းပိတ်ရက်ချိန် ပေးလိုက်မှ အမေစိတ်ချသွားသလိုမျိုး ကျွန်မရဲ့အိမ်အပြန်လမ်း ဖြောင့်ဖြူးဖို့ ဆုတောင်းပေးနေတတ်တယ်။ ဒီလိုသာမန်ကိစ္စလေးကို မင်ကုန်ခံ ရေးပြစရာမလိုပေမယ့် ကျွန်မအိမ်ပြန်မရောက်ခင် ရှေ့တစ်ရက်မှာ အမေအအေးမိမလို ဖြစ်သွားကြောင်းကို အဖေပြောပြမှ ကျွန်မသိခဲ့ရတယ်။

ကျွန်မပြန်မယ့်ရက် မတိုင်ခင်ကတည်းက အမေဟာ အိမ်ရှေ့ထွက်မျှော်နေတတ်ပြီး ခြေသံကြားတာနဲ့ တံခါးထ,ထ ဖွင့်နေခဲ့လို့ဖြစ်တယ်။ ကျွန်မရဲ့အရိပ်အယောင်ကို မတွေ့ခဲ့လည်း အမေဇွဲမလျော့ခဲ့ဘူး။ တစ်ရက်ရောက်နိုး၊ နှစ်ရက်ရောက်နိုးနဲ့ ကျွန်မအပြန်ကို အမေစောင့်နေခဲ့တယ်။ အဲဒီအချိန်က ချမ်းအေးတဲ့အပြင် အရိုးထိအေးစေတဲ့ နှင်းမွှားလေးပါကျခဲ့တာကြောင့် အအေးကြောက်တဲ့အမေ အအေးမိမတတ်ဖြစ်ခဲ့ရတယ်။ အဖေပြောပြတာတွေ နားထောင်ပြီး ကျွန်မဆွံအခဲ့ရတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုစကားလုံးမျိုး ကျွန်မထုတ်ဖော်ပြောသင့်သလဲ? မီးဖိုထဲမှာ အလုပ်ရှုပ်နေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်မရုတ်တရက် ခံစားမိလိုက်တယ်။ "အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်"

မှန်ပါတယ်... အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
မျိုးစေ့ပင်ပေါက်ကနေ သစ်ပင်ကြီးအထိဖြစ်ခဲ့တဲ့ရာသီ
မြစ်ချောင်းကနေ ပင်လယ်ကြီးထဲထိ စီးဆင်းခဲ့တဲ့ရာသီ
ကန္တာရကနေ အိုအေစစ်အထိ အရောက်သွားခဲ့တဲ့ရာသီ
ဆင်းရဲဒုက္ခကနေ ပျော်ရွှင်ခြင်းနေ့ရက်ဆီ အရောက်လှမ်းခဲ့တဲ့ရာသီ

ဒီလိုရာသီထဲမှာ ဘယ်လိုလေးနက်တဲ့ အကြောင်းအရာတွေပါမလဲ? ဘယ်လောက်ပါမလဲ?

ကြီးမြတ်ထက်မြက်တဲ့ ကဗျာဆရာကတောင် အဲဒီအရာတွေကို ကဗျာတစ်ပုဒ်အဖြစ် တင်စားပြနိုင်လိမ့်မှာ မဟုတ်သလို သာယာငြိမ့်ညောင်းအသံပိုင်ရှင် အနုပညာသည်လည်း ဖွဲ့သီဆိုပြတတ်မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မသိတာတစ်ခုက ကုန်ဆုံးသွားတဲ့ရာသီတွေနဲ့အတူ ပျိုးပင်ပေါက်အရွယ်ကနေ ကလေးဘဝအဖြစ် ကျွန်မတဖြေးဖြေး ကြီးထွားခဲ့တယ်။ ကလေးဘဝကနေ မြီးကောက်ပေါက်အရွယ်၊ အဲဒီကမှ အပျိုအရွယ်အထိ ပန်းပွင့်ရာသီ၊ မိုးရာသီတွေကို ကျွန်မကျော်ဖြတ်ခဲ့တယ်။ ဒီလိုရာသီတွေက ကျွန်မကို မကြာခဏ အောင်းမေ့တမ်းတစေတယ်၊ တသက်လုံး အမှတ်ရ ကျေးဇူးတင်နေစေတယ်။

အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
သူဟာ လူ့လောကရဲ့ ဆင်းရဲဒုက္ခအများဆုံးကို ခါးစည်းခံသူ၊
မျက်ရည်တွေ အများဆုံးမျိုချသူ၊
မသိနားမလည်ခြင်းတွေကို အများဆုံး သည်းခံခွင့်လွတ်သူ၊
လေလွင့်စိတ်ဝိညာဉ်တွေကို ဖေးမကူညီသူ အမေ... ကြီးကျယ်မြင့်မြတ်တဲ့ အမေဖြစ်တယ်။

ငယ်ငယ်တုန်းက တစ်ခြားအိမ်က ကလေးတွေ မှောင်နက်မည်းမည်းထဲမှာ နွားကျောင်းဖို့ထချိန် အမေက ကျွန်မကိုကျောင်းတက်ဖို့နှိုးတယ်။ ကြီးပြင်းလို့ ကျွန်မသန်မာထွားကျိုင်းလာတဲ့အချိန် ကျွန်မအဖော်တွေက ကြီးလေးတဲ့ဝန်ထုပ်တွေ ထမ်းပိုးပြီး အလုပ်ထွက်ရှာကြတယ်။ အမေက ကျွန်မကို ပညာကောင်းကောင်းသင်ယူဖို့ မှာတယ်။ ဘွဲ့ရပြီး အမေ့ကို ကျေးဇူးဆပ်ချိန်ရောက်ခဲ့လည်း အမေက ကျွန်မကို ပညာဆက်သင်ဖို့ အားပေးကူညီခဲ့တယ်။

နှစ်၊ လ၊ ရာသီတွေရဲ့ ကုန်ဆုံးချိန်က အညှာတာကင်းမဲ့ခဲ့တယ်။ အမေရဲ့နူပျိုခြင်းတွေကို မညှာမတာ တိုက်စားခဲ့တယ်။ အမေရဲ့နဖူးပေါ်မှာ အစင်းရာတွေ ထွင်းထုခဲ့တယ်။ ဒါဟာ ဘယ်လိုရာသီမျိုးပါလိမ့်? ဒီလိုရာသီမျိုးကို ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတလို့ ကျွန်မအနက်ကောက်ခဲ့ပါတယ်။

အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
ရာသီတွေက ပြောင်းပြန်မစီးဘူး။
ရာသီတွေမှာ အဆုံးသတ်အနား မရှိဘူး။
အမေရဲ့မေတ္တာကလည်း အဲဒီလို အဆုံးသတ်အနားမရှိဘဲ ကြီးမားကျယ်ပြန့်တယ်။
အမေဟာ တစ်ခါတလေမှာ ကြံတစ်ချောင်းဖြစ်တယ်။
ချိုမြတဲ့ ကြံရည်တွေကို သားသမီးတွေ စုပ်ယူစားသုံးပြီး အဖတ်တွေစွန့်ခဲ့လည်း သူမမူဘူး။
အမေဟာ တစ်ခါတလေမှာ မြင့်မားတဲ့တောင်တစ်တောင်ဖြစ်တယ်။
သန်မာကြံ့ခိုင်တဲ့ ပုခုံးနှစ်ဖက်နဲ့ သားသမီးတွေရဲ့နာကျင်ခြင်းတွေကို ကုစားပေးတယ်။

ကျွန်မအတွက်နဲ့ အမေအိမ်နှစ်ခါ ပြောင်းရွေ့ခဲ့တယ်။ တောရွာကနေ မြို့သစ်၊ မြို့သစ်ကနေ ပိုတိုးတက်တဲ့ မြို့ပေါ် ဒီလိုပြောင်းရွေ့တဲ့ အကြောင်းပြချက်က ကျွန်မရှေ့ရေးအတွက်၊ ကျွန်မ ပညာသင်ရ လွယ်ကူဖို့ပဲဖြစ်တယ်။ ဒီလို မိဘမေတ္တာက သားသမီးတွေကို ကယ်တင်တဲ့မေတ္တာမျိုးဖြစ်တယ်။ လူလိမ္မာကနေ အသိပညာရှိသူတစ်ယောက်အဖြစ် အမေလမ်းပြခေါ်ဆောင်ခဲ့တယ်။

အမေဟာ သားသမီးတွေရဲ့ ပုခက်
လမ်းပျောက်သူကို ရှေ့ဆောင်လမ်းပြ အလင်းပေးတဲ့ ဓူဝံကြယ်

သားသမီးတွေရဲ့ မအောင်မြင်ခြင်းက တောင်အမြင့်ကလှိမ့်ချလိုက်တဲ့ ကျောက်တုံးလိုပဲ ရှုံးနိမ့်ကျဆုံးနေပါစေ အမေက ခန္ဓာကိုယ်နဲ့ကာဆီးပြီး မေတ္တာတရားနဲ့ ဖေးမကူညီတယ်၊ ချောက်ကမ်းပါးထက်ကို တွဲခေါ်ပြီး အသစ်တဖန် တက်လှမ်းနိုင်ဖို့ အားပေးတယ်။

အဆုံးသတ်အနားမရှိတဲ့ အမေ့မေတ္တာက အမျိုးသမီးတွေရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ အမေဟာ လောကီရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့်ဖြစ်ဖြစ်၊ ရှင်သန်ဖို့ ဂုဏ်သိက္ခာကို စွန့်ခဲ့ရတာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချုပ်ချယ်မှုနဲ့ ကာမရာဂလောဘလို့ အစွပ်စွဲခံရချိန်မှာပဲဖြစ်ဖြစ် သားသမီးတွေကို သူသတိရမိတတ်တယ်။ အဲဒီအချိန်မှာ အမေက သားသမီးတွေရဲ့ စံပြအဖြစ်၊ သားသမီးတွေ ကိုယ့်လိုမခံစားရအောင် အင်အားတွေပိုသုံးပြီး ပိုကြိုးစား၊ ပိုရိုးသားပြတတ်ခဲ့တယ်။

ကျွန်မက ကမ္ဘာပေါ်မှာ အထက်မြက်၊ အလိမ္မာဆုံးသမီး မဟုတ်ခဲ့ပေမယ့် အမေက ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးဆုံး၊ ကျွန်မကိုနားလည်မှုအပေးဆုံးနဲ့ အလှပဆုံး မိခင်ဖြစ်ခဲ့ပါတယ်။

အမေက နှစ်၊ လ၊ ရာသီဖြစ်တယ်။
ရာသီတွေက အဆုံးမရှိတဲ့ သီချင်းလို... အမေ့မေတ္တာကလည်း အဆုံးမရှိခဲ့ပါဘူး။

အမေ

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။

ချစ်သဒ္ဓါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။

ဆရာတော် ဦးကောဝိဒ (မဇ္ဈိမဂုဏ်ရည်)

"အမေ"ကဗျာကို အီးမေးလ်ပို့ပေးတဲ့ myomyo ကို ကျေးဇူးတင်ပါတယ်

မူရင်းရေးသားသူ-- Lu Sheng-Kuan (卢盛宽) (母亲是一种岁月)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

母親是一種歲月

少年的時候,對母親只是一種依賴。青年的時候,對母親也許只是一種盲目的愛。只有當生命的太陽走向正午,人生有了春也開始了夏,對母親才有了深刻的理解,深刻的愛。

我們也許突然感悟,母親其實是一種歲月,從綠地流向一片森林的歲月,從小溪流向一池深湖的歲月,從明月流向一座冰山的歲月。

隨著生命的腳步,當我們也以一角尾紋、一縷白髮在感受母親額頭的皺紋、母親滿頭白髮的時候,我們有時竟難以分辨:老了的,究竟是我們的母親,還是我們的歲月?我們希望留下的究竟是那銘心刻骨的母愛,還是那點點滴滴、風塵僕僕、有血有淚的歲月?

歲月的流逝是無言的,當我們對歲月有所感覺時,一定是在非常沉重的回憶中;而對母親的犧牲真正有所體會時,我們也一定進入了付出和犧牲的季節。

有時我在想,作為母親,僅僅是養育了我們嗎?倘若沒有母親的付出,母親的犧牲,母親巨大無私的愛,這個世界還會有溫暖,有陽光,有沉甸甸的淚水嗎?

我們終於長大了,從一個男孩變成一個男人;從一個女兒變成一個母親。當我們以為肩頭挑起責任也挑起命運的時候,當我們似乎可以傲視人生的時候,也許有一天,我們會突然發現,我們白髮蒼蒼的母親正以一種充滿無限憐愛、無限關懷、無限牽掛的目光從背後注視著我們。我們會在剎那間感到,在母親的眼裡,我們其實永遠沒有擺脫嬰兒的感覺,我們永遠是母親懷裡那個不懂事的孩子。

往往是在回首的片刻,在遠行之前,在離別之中,驀然發現我們從未離開過母親的視線,從未離開過母親的牽掛。誰言寸草心,報得三春暉。我總在想,我們又能回報母親什麼呢?

母親是一種歲月。無論是我個人的也許平庸也許單純的人生體驗,還是整個社會前進給我的教誨和印證,在絕無平坦而言的人生旅途上,擔負最多痛苦、背著最多壓力、嚥下最多淚水,但仍以愛、以溫情、以慈悲、以善良、以微笑,對著人生、對著我們的,只有母親,永遠的母親!

沒有母親,生命將是一團漆黑;沒有母親,社會將失去溫暖。那是在我認為生命最艱難的時刻,面對打擊,面對失落,我以為完全失去了。就在那一刻,是母親的一句話,讓我重新啟程。看著我掩飾不住的沮喪,母親說,該知足了!日子還長!

於是我便理解了,為什麼這麼多哲人誌士,將傷痕累累的民族視為母親,將滔滔不斷的江河視為母親,將廣闊無垠的大地視為母親。

因為能承受的,母親都承受了;該付出的,母親都付出了。而作為一種歲月,母親既是民族的象徵,也是愛的象徵。

也許因為我無法回報流淌的歲月所賜予我的,所以,我無時無刻不在愛著我的母親,我的老母親。在我的眼裡,母親是一種永遠值得洒淚感懷的歲月,是一篇總也讀不完的美好故事。

作者:張建星

ပြတ်ကျသွားသော အိပ်မက်သီကြိုး


ပြတ်ကျသွားသော အိပ်မက်သီကြိုး
     အမေ....အမေ....အမေ....။
ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ခေါ်သံတွေဟာ....မိဘမဲ့ ကလေးလေးတယောက်ရဲ့ လွမ်းမောစရာ တမ်းတညည်းညူသံလေး တွေပါ။
    ဘယ်လောက် ကြေကွဲစရာ ကောင်းလိုက်သလဲ။ ဘယ်သူ့ကို ဦးတည်ရမှန်း မသိတဲ့ ငိုညည်းသံတွေနဲ့ "အမေ" လို့ စခေါ်တတ် ကတည်းက ဘေးနားမှာ ချစ်ခင်မှီတွယ်စရာဆိုလို့ တယောက်မှ ရှိမနေတဲ့ ဘ၀ပျက်တခုဟာ 'သူမ' ဖြစ်နေခဲ့ရတယ်။
    ' အဖေနဲ့အမေ ဘယ်မှာလဲ' လို့ မေးတိုင်းလည်း တယောက်တမျိုး ဖြေချင်သလို ဖြေတတ်တဲ့ လူတွေကြားမှာ ကလေးဘ၀ရဲ့ တီတီတာတာ စကားသံတွေ ဆွံ့အခဲ့ရပြီ။ တောက်တိုမယ်ရ ခိုင်းရသလောက် ခိုင်းမယ်ဆိုပြီး မွေးဖို့လာခေါ်တဲ့ လူမှန်သမျှကို အကြောက်အကန် ငြင်းခဲ့မိတာ...၊ ငြူစူဖယ်ရှားချင်နေတဲ့ လူတစုကြားမှာ အတင်းတွယ်ကပ်နေခဲ့မိတာ...၊ ရတတ်သမျှလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲစိတ်မွေးရင်း ကြိုးစားရှင်သန်နေခဲ့မိတာ...သူမအတွက် ကံကောင်းမယ့် နေ့တနေ့နဲ့ကြုံဖို့ ဖြစ်လာခဲ့ရတယ်။
     " ညှက်စိ...အဲဒါ နင့်အမေပဲ"
     ဘယ်တုန်းကမှ အိပ်မက်တောင် မက်မကြည့်ရဲတဲ့ ချောမောလှပလွန်းတဲ့ အထက်တန်းစား အမျိုးသမီးဟာ အမေဆိုတော့ သူမ ယုံကြည်ဖို့ရာ မ၀ံ့ရဲနိုင်ပါဘူး။ သူမမျက်ဝန်းထဲက မသင်္ကာတဲ့အရိပ်အငွေ့တွေကို အမျိုးသမီးကြီးက ရိပ်မိသွားတယ် ထင်ပါရဲ့။
      " အမေတို့ ကွဲသွားကတည်းက လိုက်ရှာနေတာကြာပြီ.... ခုမှပြန်တွေ့လို့ မွေးဖို့လာခေါ်တာ...."
နူးညံ့ကြင်နာတဲ့ မျက်ဝန်းတစုံရယ်...၊ သိမ်မွေ့ညံ့သက်တဲ့ စကားသံရယ်..၊ နွေးထွေးလှိုက်လှဲတဲ့ ဖော်ရွေမှုအပြုံးတွေက သူမနှလုံးသားကို တုန်လှုပ်သွားအောင် ဆွဲငင်အားကောင်းခဲ့တာ...... တသက်နဲ့တကိုယ် ဘယ်တော့မှ မမေ့နိုင်တော့ဘူး။
      " ညှက်စိရယ်...စိတ်ကူးမလွဲချင်ပါနဲ့အေ။ အမေရင်းမဟုတ်ရင်တောင် ဆရာဝန်ကြီးလင်မယားရဲ့ မွေးစားသမီးဖြစ်ရလည်း
ညည်းက ကံကောင်း လှပါပြီ။ လိုက်သာသွားချည်စမ်းပါ။"
  အမှန်က တသက်လုံး ပိုင်ရှင်မဲ့ခဲ့ရတဲ့ "အမေ" ဆိုတဲ့ ခေါ်သံလေးနဲ့ ရင်ဖွင့်ခွင့်ရသွားရင်တောင် သူမဘ၀က အရာအားလုံး ပြီးပြည့်စုံသွားပြီ မဟုတ်လား။ 

    "အမေ..အမေ" လို့ မ၀ံ့မရဲခေါ်ညည်းရင်း ရင်ခွင်ထဲ တိုးဝှေ့ဝင်မိတယ်ဆိုရင်ပဲ အလိုက်တသင့် ခေါင်းလေးပွတ်သပ်ပေးတဲ့ အမေ့လက်ကလေးတွေက ခုနစ်နှစ်လုံးလုံး ရင်ခွင်မဲ့နေခဲ့တဲ့ သူမအတွက် လုံလောက်ခဲ့ပါပြီ။
     စောဒက တက်ရဲတဲ့သတ္တိ၊ အလွဲချော်ခံရဲတဲ့ အခြေအနေမဟုတ်တာမို့ အမေစိတ်ပြောင်းသွားမှာတောင် စိုးရွံ့နေမိတဲ့သူမဘ၀ပါ။ အိပ်မက်ဖြစ်နေခဲ့ရင်တောင် မနိုးသောအိပ်ခြင်းနဲ့ အိပ်ပါရစေဦး။ မနိုးထပါရစေနဲ့တော့။ အပျောက်ဆုံးမခံရဲတဲ့ အိပ်မက်ကလေးမို့ ခပ်တင်းတင်းသာ ပွေ့ဖက်ထားပါရစေတော့ အမေရယ်...။
+++++++++++++++
      " နန်းကြာဖြူ ဟုတ်လား...။ ဟား...ဟား...ဟား.. အညာဖက် အလှူသွားလုပ်ရင်း ဖြူဖြူဖွေးဖွေး ရှမ်းမအချောစားလေး
ကောက်ရလာတာပေါ့လေ..။ ဒီအရွယ်လေး...ဘာလုပ်တတ်မလဲ။ ထမင်းခွံ့မကျွေးရရင်တောင် ကံကောင်းပဲ။"
    "အသက်က ရှစ်နှစ်လောက်ရှိပါပြီ။ အာဟာရမပြည့်ဝလို့ ညှက်နေတာပါဟယ်။ ဘယ်သူခေါ်ခေါ် မလိုက်တဲ့ကလေးမလေးက ကြီးကြီးမြင်မှ လိုက်လာရှာတာ။ ရေစက်ထင်ပါရဲ့။ ကြီးကြီးလည်း အရင်ဘ၀က သမီးလေး ပြန်တွေ့ရသလိုပဲ...သနားမိတယ်..."
    စိတ်ကောင်းရှိပြီး ကြင်နာသနားတတ်တဲ့ အမေနဲ့တွေ့ရတာ ညှက်စိ...အဲလေ..နန်းကြာဖြူ သိတ်ကံကောင်းတာပါလားလို့ သူမ သက်ပြင်းချမိတော့တယ်။ အရုပ်ဆိုးဆိုး မည်းမည်းချိတ်ချိတ်လေးကို ပေးတဲ့နာမည်ကလည်း နန်းကြာဖြူ တဲ့လေ။
    သူမကတော့ ကျေနပ်တာပေါ့။ မကျေနပ်ကြတာက အိမ်မှာ ရှိနေနှင့်ပြီးသား ထမင်းချက်၊ သန့်ရှင်းရေးလုပ်ရတဲ့ ကောင်မလေး သုံးယောက်နဲ့ အမေ့ရဲ့တူ၊ တူမတွေပါပဲ။ နန်းကြာဖြူကို မွေးစားမယ်ဆိုတော့ နှာခေါင်းရှုံကြတာပေါ့။ အမေ့မှာက သားသမီးအရင်းသာ မရှိတာ...။ ဟိုဖက်ဒီဖက် တူ တူမတွေက အများကြီးရယ်...။ ငွေကြေးဥစ္စာကလည်း ချမ်းသာ...၊ ရာထူးဂုဏ်ဒြပ်ကလည်းရှိ...၊ သားသမီးကျတော့ မရှိ ဆိုတော့.....တူ တူမတွေ တရုန်းရုန်း ၀င်ကြထွက်ကြပေါ့။
   အမေကလည်း အိမ်မှာနေပြီး ကျောင်းလာတက်ချင်တဲ့ တူ တူမမှန်သမျှ ဘယ်သူ့မှ ငြင်းတယ်ရယ်လို့မရှိပဲ အကုန်လက်ခံတာလေ။ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ် အကုန်တာဝန်ယူတယ်။ လိုအပ်တဲ့ဘာသာဆိုရင် ကျူရှင်စရိတ်ပါ ထုတ်ပေးသေးတာ...။
     အဲ...ဒါပေမယ့် တနှစ်ကျတာနဲ့ ကျောင်းဆက်မထားပေးတော့ဘူး။ အဲဒါ သူ့မူဝါဒပဲ။
     " နန်းကြာဖြူ..သမီးက ငယ်ပေမယ့် အလုပ်လုပ်နိုင်ကြောင်း၊ ဘယ်လိုတော်ကြောင်းလေး ပြဦးနော်။ သမီးလိမ္မာရင် အမေက
ကျောင်းပါထားပေးမယ်...ကြားလား။ ကျောင်းတက်ချင်ရင်တော့ အလုပ်ကြိုးစားလုပ်။ အမေ စောင့်ကြည့်ဦးမယ်...."
    ပျော်လိုက်တာ အမေရယ်။ ထီပေါက်တာထက်တောင် သူမ၀မ်းသာလုံးဆို့သွားတယ်။ သူမဘ၀မှာ စိတ်ကူးယဉ်နဲ့ မြင်မက်ခဲ့ရတဲ့ အိပ်မက်လေး နှစ်ခုရှိတာ....။ ဘယ်တုန်းကမှ တကယ်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူး။ အမေနဲ့ပြန်တွေ့ချင်တဲ့ ပထမအိပ်မက် ကတော့ အကောင်အထည် ပေါ်ခဲ့ပြီပဲ ဆိုကြပါစို့။ ဒုတိယအိပ်မက်တခုက ကျောင်းနေချင်တာပါ။
    ကျောင်းတက်နေတဲ့ အမေ့တူမလေး တွေကို သူမ တိတ်တခိုး အားကျနေခဲ့ရတာ....။ အဖြူအစိမ်းဝတ်စုံလေးနဲ့ လွယ်အိတ် ကလေး လွယ်ပြီးများ ကျောင်းသွားတက်ရမယ်ဆိုရင်....သူမဘ၀မှာ ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးချင်လှပါတယ်။
     အမေ့အိမ်အလုပ်တွေ အရမ်းကြိုးစားပြီးလုပ်တဲ့ နန်းကြာဖြူလေးကို အမေကလည်း သဘောတွေ အရမ်းကျသွားပြီ။ 
"အမေ...သမီးကို ကျောင်းထားပေးမယ် ဆို....." လို့ လူလစ်တိုင်း တိုးတိုးလေး ကပ်ကပ်ပြောရှာတဲ့ မျက်နှာငယ်လေးကိုလည်း ဂရုဏာသက်လှပြီ ထင်ပါရဲ့။ အမေ့ဆီ သူမရောက်ပြီး နှစ်နှစ်အကြာမှာ အိမ်နားက မူလတန်းကျောင်းလေးဆီ အမေ ကိုယ်တိုင် ကျောင်းလိုက်အပ်ပေးတော့ သူမရင်ထဲမှာ ပီတိလှိုင်းတွေ ဘောင်ဘင်ခတ်လို့တောင် နေတော့တယ်။
    ကျေးဇူးတင်လိုက်တာ အမေရယ်။ အမေသာ နန်းကြာဖြူရဲ့ တကယ့်အမေရင်း ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။ အမေ့ သမီးရင်းသာ ဖြစ်ရမယ်ဆိုရင် သမီးအမေဟာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ နတ်သမီးလေးပဲ ဖြစ်နေပါစေဦး။ မတွေ့ချင်မဆုံချင်တော့ ပါဘူး။ အမေ့သမီးရင်းလေးသာ ဖြစ်လိုက်ချင်တာပါပဲ။
     အမေကရော....သမီးကို သမီးအရင်းလို မချစ်နိုင်ဘူးလား အမေရယ်....။
+++++++++++++

   "သမီးအရင်းမဟုတ်လို့ ဒီကျောင်းမှာ ထားတာပေါ့ဟဲ့..။ သမီးရင်းသာဆိုရင် မြို့လယ်က နံပါတ်တစ်ကျောင်းမှာထားပြီး အဖေကိုယ်တိုင် ကားနဲ့အကြိုအပို့လုပ်မှာပေါ့...."
     အတန်းထဲက သူငယ်ချင်းတွေရဲ့ တီးတိုးစကားတွေဟာ ကြားစေချင်လို့ကို တမင်ကျယ်ကျယ် ပြောနေကြတာလေ။
    "ပညာတွေအများကြီး သင်ပေးပြီး ဘာလုပ်မှာလဲ။ ရေးတတ်ဖတ်တတ်ဆို တော်ရောပေါ့။ ကျောင်းတက်တော့ အိမ်အလုပ်တွေ ဘယ်ကောင်းကောင်း လုပ်နိုင်မလဲ...."
   စိတ်ဓါတ် ပြည့်ဝခိုင်မာတဲ့ အမေမို့လို့သာ သူမအပေါ် သဘောထားမပြောင်းရှာတာ။ ဆွေမျိုးတွေထဲကရော၊ တူတူမတွေထဲကရော၊ အိမ်နီးနားချင်း မိတ်ဆွေတွေကရော...ယုတ်စွအဆုံး အိမ်မှာရှိတဲ့ အလုပ်သမားတွေထဲကတောင် ဒီလိုလေသံမျိုးပဲ ကြားရတာပါပဲ။ 
   ကျောင်းထုတ်ပစ်မှာကြောက်တဲ့ သူမခမျာမှာတော့ ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကလေးပစ်ချပြီး တညနေလုံး အိမ်အလုပ်တွေ ကြိုးစားပြီး ကူညီရတာပေါ့။ အမေ့အိမ်မှာက အလုပ်သမား ဘယ်လောက်ရှိရှိ ခြံကလည်းကျယ်၊ သစ်ပင်ပန်းပင်တွေ ကလည်း အများကြီး စိုက်ထားတော့ အလုပ်ဆိုတာ လုပ်ချင်ရင် လုပ်စရာတွေက ကုန်တယ်ရယ်လို့မှမရှိတာ...။ အလုပ်တွေဖိလုပ်နေပြီး စာကိုလွှတ်ထားလို့လည်း မဖြစ်သေးဘူး။ တနှစ်လောက်ကျတာနဲ့ အမေ့မူက သူမအပေါ်မှာလည်း သက်ညှာမှာ မဟုတ်ဘူးလေ။
    ကျောင်းထွက်ရမှာ ကြောက်တဲ့သူမက အလုပ်လည်း ကြိုးစားလုပ်...၊ ညရောက်တော့ စာလည်း ကြိုးစားကျက်ရသေးတယ်။ အလယ်တန်းရောက်လာတော့ ကျောင်းစာတွေက တဖြေးဖြေး ပိုခက်လာတယ်။
   "စာတွေများလာပြီ နန်းကြာဖြူ...။ အိမ်အလုပ်လျှော့လုပ်ပြီး စာကျက်ချိန် ပိုယူပါလား။ သမီး စာမေးပွဲကျရင်တော့ အမေက ကျောင်းဆက် မထားနိုင်တော့ဘူးနော်။ အမေ့ တူ တူမတွေလည်း ဒီမူဝါဒပဲ ကျင့်သုံးလာခဲ့တာ...။ နန်းကြာဖြူကျမှ မူပြောင်းရင် အမေဘယ်တရားတော့မှာလဲ"
   အမေ့ စေတနာနဲ့ သံယောဇဉ်ကတော့ တကယ့်ကို ယုံမှားစရာမရှိလောက်အောင် မြင့်မြတ်ခိုင်မာလှပါတယ်။ အမေပြောတာကလည်း နည်းလမ်းကျတာမို့ သူမ စာမေးပွဲကျမှာကို သေရမလောက် ကြောက်တတ်ခဲ့တယ်။
    "သမီးဘ၀ကို သမီးမြှင့်တင်မှ ရမှာနော်။ အမေက လမ်းပြပေးလို့ပဲရမှာ..။ ကြိုးစားရမှာက သမီးကိုယ်တိုင်ပဲ။ တနှစ်တတန်း မှန်မှန်အောင်ရင်တော့ ဆယ်တန်းအောင်ပြီးတာနဲ့ သူနာပြုတက္ကသိုလ် တက်နိုင်အောင် အမေကူညီပေးမယ်။ ဒါဆိုရင် ကုသိုလ်လည်းရ ၀မ်းလည်းဝမို့ သမီးဘ၀တလျှောက်လုံး စိတ်အေးရပြီ...။"
    အမေကယ်တင်ခဲ့လို့ ဆရာဝန်ကြီးလင်မယားရဲ့ မွေးစားသမီး၊ ကျောင်းသူဘ၀ ရောက်ခဲ့ပြီးပြီမို့ အမေညွှန်ပြတဲ့ သူနာပြုဆရာမကြီး ဘ၀ကလည်း သူမရဲ့ တတိယအိပ်မက် ဖြစ်ခဲ့ရပြန်ပါပြီ။ အမေ အသက်ကြီးလာရင် ပြုစုစောင့်ရှောက်မယ့်သူဟာ သူနာပြုဆရာမကြီး နန်းကြာဖြူပဲဖြစ်ရမယ်။ အြွေခအရံတွေ၊ တူ တူမတွေ ဘယ်လောက်များများ...အချိန်တန်တော့ သူတို့လမ်း သူတို့လျှောက်ပြီး အမေ့နားက တယောက်ပြီးတယောက် ခွဲခွာသွားကြတာ သူမတွေ့နေ ရတာပဲလေ။ နန်းကြာဖြူကတော့ တသက်လုံး အမေနဲ့ပဲနေမယ် စိတ်ကူးထားတယ်။ 
    သူမဘ၀မှာ မက်ခဲ့ရတဲ့ အိပ်မက်မှန်သမျှဟာ အမေ့ကြောင့်သာ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တာချည်းမို့ အမေသာလျှင် သူမဘ၀ ကယ်တင်ရှင်...။ အမေသာလျှင် အားကိုးရာ...။ အမေသာလျှင် သူမရဲ့ လမ်းပြကြယ်...။ အမေသာလျှင် သူမရဲ့ အိပ်မက်သခင်ပါ။
++++++++++++++
   အိပ်မက်နဲ့ လက်တွေ့ဟာ တကယ့်အဖြစ်မှာတော့ ထပ်တူမကျနိုင်တာ....နန်းကြာဖြူအတွက် နာကျည်းမုန်းတီးဖို့ တော်တော် ကောင်းခဲ့တယ်။ အလယ်တန်းကို ကျားကုတ်ကျားခဲ ကြိုးစားကျော်ဖြတ် နိုင်ခဲ့ပေမယ့် နဂိုကသေးကွေးတဲ့ သူမခန္ဓာကိုယ်လေးကတော့ စက္ကူဖြူတချပ်လို ပါးလွှာဖျော့တော့ နေခဲ့ပြီ။ စာမေးပွဲအတွက် အိမ်အလုပ် လစ်ဟင်းမှုတွေကို အမေက ဘယ်လောက်ပဲ ညှာတာ ခွင့်လွှတ်ပေမယ့် သူမဘ၀မှာ အမေနဲ့သူမ နှစ်ယောက်ထဲမှ မဟုတ်ပဲလေ။
   သူမ ကိုးတန်းတက်မယ့်နှစ်မှာ အမေ့မောင်မိသားစု တခြားမြို့က ပြောင်းလာပြီး အမေအိမ်မှာ လာနေခဲ့တယ်။ တူမ အရင်းခေါက်ခေါက်တွေက အမေ့မီးဖိုချောင်ထဲက မထွက်တော့သလို နန်းကြာဖြူ တာဝန်ယူနေကျ ဒယ်ဒီနဲ့ အမေ့ ဝေယျာဝစ္စတွေ ကိုပါ တချွဲတနွဲ့ ပြောဆိုလုပ်ကိုင်ပေးလာတော့ တပြုံးပြုံးဖြစ်နေတဲ့ အမေ့နားကို ကပ်ရမှာ သူမ အားငယ်လာရတယ်။
   သူမကံကိုက အမေနဲ့သူမ ဒီ့ထက်နီးစပ်တွယ်တာဖို့ အခြေအနေ မပေးချင်ဘူး ထင်ပါရဲ့။ ကျောင်းမသွားခင် မနက်ခင်းတစ်ခုမှာ အမေနဲ့အတူ ဘုရားခန်းသန့်ရှင်းရေး ကူညီလုပ်ကိုင်ပေးရင်း ကျောင်းချိန် နောက်ကျလုမတတ် ဖြစ်သွားရတယ်။ ထမင်းဗူးထဲကို အမေကိုယ်တိုင် ကြော်ခိုင်းထားတဲ့ ကြက်ဥကြော်ထည့်ထားတာ မတွေ့တော့... အမေမသိအောင်ပဲ ဆီဆမ်းဆားဖြူးပြီး မြန်မြန် ထည့် နေတာပါပဲ။ အနားရောက်လာတဲ့ အမေတွေ့သွားတော့ မီးဖိုချောင်တာဝန်ကျနေတဲ့ တူမကို ဆူတော့တာပေါ့။
    နန်းကြာဖြူဟာ အသေးအဖွဲ ပြဿနာနဲ့ အမေစိတ်ရှုပ်ရမယ့် ကိစ္စတွေမှန်သမျှ အမေမသိစေရအောင် ကြိတ်မှိတ်ခံနေခဲ့တာ...
ဒါ ပထမဦးဆုံးအကြိမ်မှ မဟုတ်ပဲ။ စားစရာအတွက် မပြောနဲ့။ အသားနာအောင် လိမ်ဆွဲတာတို့၊ ခေါင်းကိုဒေါင်ကနဲ ခေါက်ပစ်တာတို့၊ နားကို အမေဆင်ထားတဲ့ နားကွင်းလေး ပြုတ်လောက်အောင် ဆွဲလိမ်တာတို့ကိုတောင် ဘယ်သူ့ကိုမှ မသိစေခဲ့သူပါ။
    "နန်းကြာဖြူ..ညည်းဗလောင်းဗလဲ နိုင်လှချည်လား။ ညည်းဖာသာ ကြက်ဥကြော်မစားချင်လို့ ကြော်မထားနဲ့လို့ ပြောပြီး
ဘာ ခုမှ ဂုန်းသွားချောတာလဲ။ ကြီးကြီး...ဒီကောင်မက ကြက်ဥထည့်မသွားပဲ ကျောင်းကျမှ တိုထားတဲ့ပိုက်ဆံနဲ့ ၀ယ်စားဦးမှာ..."
အမေ့မှာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ် အများတကာထက် ပိုရှိတယ်ဆိုတာ နန်းကြာဖြူ ယုံကြည်ပါတယ်။ တူမ ပြောစကားဟာ ယုံကြည်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ပဲနည်းနည်း..။ တူမရဲ့ အသိုင်းအ၀ိုင်းအားတွေက နောက်ဖက်မှာ နည်းမှမနည်းတာ...။ 
    တစ်ယောက်တစ်ပေါက် ပြောဆိုတိုင်တန်းနေကြတဲ့ စကားသံတွေကြားမှာ သူမကတော့ တယောက်တည်းမို့ ဖြေရှင်းချက်အတွက် ပါးစပ်တောင် မဟ၀ံ့ခဲ့ပါဘူး။ အားငယ်စိတ်နဲ့ တစ်ဦးတည်းသော အားကိုးရာ အမေ့ကိုလှမ်းကြည့်မိတော့.... သူမကိုကြည့်တဲ့ အမေ့မျက်ဝန်းတွေဟာ သံသယကြောင့်လား...၊ သနားစိတ်ကြောင့်ပဲလား.. အရောင်မှိန်နေခဲ့တယ်။
    ဆူပူကြိမ်းမောင်း ခံရလွန်းလို့ မီးဖိုချောင်ထဲလည်း မ၀င်ရဲ...။ မလိုလားတဲ့ မျက်ဝန်းတွေနဲ့ အမေ့နားမှာ အမြဲလိုလို ရှိနေတတ်တဲ့ သူတွေကိုလည်း ရင်မဆိုင်ချင်တာနဲ့ ခြံအလုပ်တွေပဲ သူမ ဖိလုပ်နေမိတော့တယ်။
   ဘာပဲဖြစ်ဖြစ်...အမြင်စောင်းမသွားတဲ့၊ နားလည်မှုပြည့်ဝတဲ့ အမေ့ကျေးဇူးတွေကိုတော့ ဒီတသက် ဆပ်နိုင်သလောက် ကြိုးစားဆပ်ရမယ်။ အထူးသဖြင့် ကျေးဇူးကန်းတဲ့လူ မဖြစ်စေရဘူး။ အမေစိတ်ဆင်းရဲရမယ့် ကိစ္စမှန်သမျှ သူမ ဘယ်တော့မှ
မလုပ်မိစေရဘူး။ ဥပမာ.. စာမေးပွဲမကျစေရဘူး။ အမေ့ကျေးဇူးမဆပ်နိုင်ခင် ရည်းစားမထားဘူး။ အမေ့ဆွေမျိုးတွေနဲ့ ပြဿနာမဖြစ်အောင် ရှောင်ရမယ်။ သူတို့ အနိုင်ကျင့်တာတွေ၊ နှိမ်တာတွေ... အမေမသိအောင် မြိုသိပ်ထားရမယ်။ ယုတ်စွအဆုံး လူလစ်ရင်လစ်သလို ရိသဲ့သဲ့လုပ်ချင်တဲ့ တဖက်ခြံက အမေ့တူကိစ္စကိုလည်း အမေစိတ်ရှုပ်ထွေးရမှာစိုးလို့ မပြောပြတော့ပါဘူးလေ...။
+++++++++++++++
    နောင်တအတွေးနဲ့ ရှက်ရွံ့အားငယ်စိတ်တွေ အလုံးအရင်း ပြင်းထန်စွာ ပူးပေါင်းထိုးနှက်ကြတဲ့အခါ သူမ ရှိုက်ကြီးတငင် ငိုကြွေးမိတော့တယ်။ အမှန်က အမေ့ကို တိုးတိုးတိတ်တိတ် ပြောပြဖို့တောင် ၀န်လေးခဲ့မိတာ သူမ အမှားပါပဲ။ ခုလို အော်ကြီးဟစ်ကျယ် အရှက်တကွဲဖြစ်သွားရတော့ သူမ အနေအထိုင် အပြောအဆို ဆင်ခြင်ခဲ့သမျှတွေ အလကားဖြစ်ကုန်ရပြီ။
ဒါပေမယ့်...ဒီလိုမှ မအော်ရင်လည်း အခါတိုင်းကလို သူမ ငြိမ်နေလို့ဖြစ်တဲ့ ကိစ္စမျိုးမှ မဟုတ်တာလေ...။
   " အပိုတွေ သည်းပြမနေနဲ့ နန်းကြာဖြူ။ ရေချိုးခန်းတံခါးဆိုတာ အထဲက ဂျက်ထိုးထားရင် အပြင်ကလူက ဘယ်လိုလုပ်ဝင်လို့ရမှာလဲ။ ညည်းကိုယ်တိုင် ဖွင့်ပေးရင်ဖွင့်ပေးမှပဲ။ ခုလည်း...ကိုဝင်းက လက်ဆေးချင်လို့ လူရှိသလားဆိုပြီး တံခါးခေါက်ရုံ ခေါက်တာ လို့ ပြောတာပဲ။ ညည်းကိုယ်ညည်း ဘာထင်နေသလဲ။ သက်သက် အကဲပါပြမနေနဲ့။"
    တသိမ့်သိမ့် ရှိုက်ငင်နေမိတဲ့ သူမကိုယ်သူမ ကြိုးစားထိန်းပေမယ့် ၀မ်းနည်းကြေကွဲစိတ်တွေက တားဆီးမရအောင်ကို ပြင်းထန် လှိုက်စား ကုန်ပြီ။ နန်းကြာဖြူ ရေချိုးခန်းအ၀င်မှာ နောက်က ထပ်ကြပ်မခွာ လိုက်ဝင်ပြီး တံခါးချက်ချပစ်လိုက်တာ လျင်မြန်လွန်းလို့ ဘယ်သူမှ မမြင်လိုက်ကြတာ....။ ဆွဲလားရမ်းလားနဲ့ ကြမ်းတမ်းလွန်းတာမို့ ကြောက်လန့်ပြီးအော်ဟစ်မိတာ....။ လူစုံတက်စုံ ရောက်လာတော့ ဦးအောင်တိုင်ဖို့ နှုတ်ထွက်မမြန်ခဲ့တာ....။ ဘယ်ကိစ္စမဆို အမေ စိတ်ရှုပ်ရမှာကိုသာ စိုးရိမ်တတ်ခဲ့တာ...။
   အားလုံးဟာ သူမရဲ့အမှားတွေပဲ ထင်ပါရဲ့။ ဘာလို့ အမေ့ရဲ့သမီးရင်းမဖြစ်ခဲ့တာလဲ။ ဘာလို့ ရေချိုးခန်းနား လူရှင်းချိန်မှ ရေချိုးဖို့ဝင်မိတာလဲ။ ဘာလို့ တိုးတိုးတိတ်တိတ် မဖြေရှင်းဘဲ လန့်အော်ရတာလဲ။ ဘာလို့ ထုံးစံအတိုင်း ကြိတ်မှိတ်ပြီး ငြိမ်ခံမနေရတာလဲ။
   အို.....ဒီတခါကိစ္စကတော့ ငြိမ်ခံနေလို့ရတဲ့ အနိုင်ကျင့်နည်းမျိုး မဟုတ်ဘူးလေ။ ဘယ်မိန်းကလေးမှ ငြိမ်မခံသင့်တဲ့ အနိုင်ကျင့်နည်း...။ ဘယ်မအေမှ မကျေနပ်နိုင်တဲ့ စော်ကားမှု...။
    အမေ့ကို အားကိုးတကြီးကြည့်မိတော့ ငေးငိုင်နေတဲ့ အမေ့ပုံသဏ္ဍာန်ဟာ သူမအတွက် စိတ်ထိခိုက်နေတာလား။
စိတ်ပျက် အားလျော့နေတာလား။ ဝေခွဲမရ တွေဝေနေတာလား။
    ဘာပဲဖြစ်ဖြစ်....နန်းကြာဖြူဆိုတာ လက်တည့်စမ်းစရာ မဟုတ်ဘူးလို့....အမေကတော့ ခပ်တင်းတင်း ကြေငြာပေးလိုက်ပြီ။
ကျေးဇူးတင်လိုက်တာ အမေရယ်။ သမီး စိတ်မကောင်းလည်း ဖြစ်မိတယ်။ အမေကတော့ အမေတယောက်ရဲ့ တာဝန်တွေ
ကျေခဲ့သူပါ။ သမီးကို ဆင်းရဲတွင်းက ကယ်တင်ခဲ့တယ်။ ပညာသင်ပေးတယ်။ ပတ်ဝန်းကျင်မှာ မွေးစားသမီးဆိုတဲ့ လုံခြုံနွေးထွးမှုပေးခဲ့တယ်။ စားဝတ်နေရေး၊ ကျောင်းစရိတ် မပူပင် မကြောင့်ကျစေခဲ့ဘူး။ ဘ၀ရှေ့ရေးကို မြော်မြင်တတ်စေခဲ့တယ်။
နောက်ဆုံး...မိန်းကလေးတယောက်ရဲ့ အိနြေ္ဒသိက္ခာကို လုံခြုံမှုပေးခဲ့ပြန်တယ်။
    သူမကတော့ အမေ စိတ်ရှုပ်ထွေးရအောင်ပဲ လုပ်တတ်တယ်။ အိမ်ဗာဟီရလည်း ဘာမှမယ်မယ်ရရ မကူညီနိုင်ဘူး။
အမေနဲ့ ဆွေမျိုးတွကြားက ဆက်ဆံရေးကို အက်ကြောင်းလိုက်စေခဲ့တယ်။ သမီးတယောက်ရဲ့တာဝန်တွေ သူမ မကျေခဲ့ပါဘူး။
   တဖြေးဖြေးနဲ့....တွေဝေငေးမောပြီး အချိန်ကုန်မှန်းမသိအောင် လွင့်မျောနေတတ်တဲ့သူမကို အမေက စိတ်သောက ရောက်စရာတွေ ဘာမှမတွေးဖို့ အားပေးနှစ်သိမ့်ရှာတယ်။ အရေးကြီးတဲ့ ဆယ်တန်းနှစ်မို့လို့လည်း လိုအပ်တဲ့ဘာသာတွေမှာ အထူးထုတ်ကအစ
ဆရာအိမ်ခေါ် သင်ပေးတာအဆုံး လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့်...သူမ စာကျက်တိုင်း ခေါင်းထဲမ၀င်တော့ ဘူး။ ရပြီးသား စာတွေလည်း အလွယ်တကူ မေ့တတ်လာပြီ။ စာမေးပွဲနီးလာလေ ရင်တွေပူပြီး ခေါင်းကမထောင်နိုင်အောင် လေးလာ တယ်။ ဘာဆိုဘာမှ စားမ၀င်ပဲ ညတွေလည်း စာအုပ်ကြီးရှေ့ချထိုင်မိတာ...မိုးလင်းတာတောင် မသိခဲ့တဲ့ညပေါင်း မနည်းဘူး။
    အမေကစိတ်ပူပြီး အိပ်ရေးဝအောင်အိပ်ဖို့ ချော့မော့ပြောလည်း အိပ်ယာထဲမှာ အိပ်မပျော်မယ့်အတူတူ ဘာထူးသေးလဲ။
နန်းကြာဖြူက စာမေးပွဲကျလို့ မဖြစ်ဘူးလေ။ သူမ စာမေးပွဲကျရင် အမေက ကျောင်းထုတ်ပစ်တော့မှာ...။ သူများတွေက ၀မ်းသာကြမှာ....။
   ကျောင်းထွက်ပြီးရင်ရော ဘာလုပ်ရမှာလဲ။ မီးဖိုချောင်ထဲမှာပဲ ဘ၀ကို နှစ်မြုပ်ပစ်ရတော့မှာလား။ အမေ့မှာ ဆယ်နှစ်လုံးလုံး အကုန်အကျခံခဲ့ရတာ...။ ရည်မှန်းချက်ပန်းတိုင်နီးကာမှ လဲပြိုကျသွားရင်...အမေဟာ အားလုံးထဲမှာ ၀မ်းအနည်းဆုံးဖြစ်မှာပဲ.....။
+++++++++++++++
   တကယ်တမ်း ၀မ်းနည်းစရာ အကောင်းဆုံးနေ့တနေ့ဟာ ခြုံခိုတိုက်ခိုက်ရေးသမား တယောက်လို မထင်မှတ်တဲ့နေရာက ဖြုန်းကနဲ ထွက်ပေါ်လာပြီး သူမကိုအလဲထိုးတော့တယ်။ အမေက စိတ်ပြေလက်ပျောက်ဆိုပြီး အမေ့မိတ်ဆွေအိမ်ကို အဖော်ခေါ်သွားတော့ စိတ်မပါပေမယ့် အမေ့ကိုအားနာပြီး လိုက်သွားမိတာ...။ နန်းကြာဖြူဘ၀ ခံယူချက်တွေ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ရတော့တယ်။
    အထက်အောက် ၀တ်ဖြူစင်ကြယ်နဲ့ အမေ့မိတ်ဆွေအိမ်မှာ ရောက်နေနှင့်တာ....ဘိုးတော်ဆိုတာနဲ့ တူပါရဲ့။ သူမကို လှမ်းကြည့်
လိုက်တဲ့ မျက်လုံးတွေက စူးတောက်လွန်းတာမို့ ကြက်သီးဖြန်းကနဲ ထသွားရပြီး အမေ့နောက်ကို ၀င်ကွယ်နေလိုက်မိတယ်။ ရင်ထဲမှာလည်း မကြုံဖူးလောက်အောင် ပူလောင်ပြီး ခေါင်းတွေမူးဝေလာတော့ လိုက်ခဲ့မိတာမှားပြီလို့ နောင်တရမိတယ်။
    ဒါပေမယ့် နောက်ကျသွားခဲ့ပြီ။ ပြောဆိုနေကြတဲ့ စကားသံတွေရော....၊ အံ့သြသလို လှမ်းကြည့်လိုက်တဲ့ အမေ့ကိုရော...၊
တဖြေးဖြေး ကြမ်းပြင်ပေါ် ပြိုကျလာတဲ့ ကိုယ့်ကိုယ်ကိုရော...သူမအာရုံထဲမှာ အရောရော အထွေးထွေးေ၀၀ါးနေရတယ်။
    ' ညီမ အငယ်ဆုံးဆိုပေမယ့် နင်တို့နဲ့ ဘ၀ချင်းက ခြားနေပြီ။ အနှောင့်အယှက် မပေးကြနဲ့တော့။ ခုဘ၀မှာ သူလည်း ပျော်နေတယ်။ သူ့အမေကလည်း သိတ်ချစ်တယ်မဟုတ်လား... '
    ' မွေးစားသမီးပဲ....ဘယ်လောက်ချစ်နိုင်မှာလဲ... '
    သူမပါးစပ်က ထွက်သွားတဲ့စကားကို သူမအံ့သြသွားရတယ်။ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ အမေ့ကိုလည်း အားနာလိုက်တာ။
    ' မွေးစားသမီးဆိုပေမယ့် သမီးရင်းလေးလို ထားတာပါ..။ ဆင်ထားတာလည်း မြင်တဲ့အတိုင်းပဲ..လက်ဝတ်လက်စား အစုံပဲလေ...'
    ' နည်းသေးတယ်....' 
    ' ဟဲ့...စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်း။ ဒါ နင့်ညီမရဲ့ ကျေးဇူးရှင်မိခင်ပဲ...'
    သူမပါးစပ်က ထွက်ကျလာတဲ့ စကားတွေဟာ သူမစိတ်ထဲကနဲ့ ဆန့်ကျင်ဖက်တွေလို့ သူမသိနေတယ်။ 

   ပြီးတော့... သူမကိုယ်တိုင်ပြောနေတာ မဟုတ်သလိုပဲ။ စိတ်နဲ့လူနဲ့ လုပ်ဆောင်ချက်တွေနဲ့ တခုကိုတခုမစေးကပ်ပဲ လေဟာနယ်ထဲလွင့်နေသလိုလို....။ အိပ်မက်ထဲမှာရောက်နေသလိုခံစားချက်မျိုးနဲ့...။
    ' သူတို့က ဘာလို့ အမွေစားအမွေခံ စာချုပ်နဲ့ မမွေးသလဲ...'
   ဟယ်...ဘယ်လိုစကားမျိုး ထွက်သွားတာပါလိမ့်။ ဒါ...ကျောင်းကသူငယ်ချင်းတွေ ပြောနေကျစကားပဲ။ သူမနဲ့ ငြင်းခုံနေကျ အမုန်းဆုံးစကားတွေပဲ။ အံကိုတင်းတင်းကြိတ်ပြီး နောက်ထပ်စကားသံတွေ ထပ်ထွက်မလာအောင် စိတ်တင်းထားမိတယ်။
မပြောနဲ့..။ နောက်ထပ်မပြောနဲ့...။ အမေစိတ်ညစ်သွားလိမ့်မယ်။ ထင်မှတ်မထားတဲ့ စကားတွေမို့ ၀မ်းလည်းနည်းလိမ့်မယ်။ ကံမကောင်းရင် သူမအပေါ် အမေမုန်းသွားနိုင်သေးတယ်။ ဒါပေမယ့် ဒီလိုအချိန်မှ မပြောရင်လည်း ဒီလိုအခွင့်အရေးမျိုး နောက်ထပ်ရမှာ မဟုတ်တော့ဘူး။ ပြောချင်လွန်းလို့ မဟုတ်ပေမယ့် နည်းနည်းတော့ ပြောသင့်တယ်ထင်တာပဲ။ ဒါမှ အမေက သူမအပေါ် ပိုဂရုစိုက်လာမှာ။ 
    အမေကသာ နန်းကြာဖြူကို စာချုပ်စာတမ်းနဲ့ မွေးစားလိုက်ရင် ဒီတူ တူမတွေအားလုံး သူမနောက်ကို ရောက်သွားကြမှာပေါ့။ အမေ့ပိုင်ဆိုင်မှုတွေဟာလည်း သူမနဲ့ထိုက်သင့်သလောက် သက်ဆိုင်သွားမယ်။
    အို...ဒါပေမယ့်...ဒါတွေဟာ အဓိကမကျပါဘူး။ အဓိကက အမေ့ကိုသူမ ၀ံ့ဝံ့စားစားပိုင်ဆိုင်ချင်တာပါ။
   အမေ့မျက်နှာကို ခိုးကြည့်မိတော့ စိတ်သောကရောက်နေတဲ့ ညှိုးနွမ်းတဲ့သဏ္ဍာန်ဟာ သူမရင်ကို နာကျဉ်စေပြန်တယ်။ ကိုယ့်ကိုယ်ကိုလည်း နားမလည်တော့ဘူး။ ဘာဖြစ်နေတာလဲ။ ဘာဖြစ်ချင်တာလဲ။ မေးခွန်းတွေ ချားရဟတ်လို ချာချာလည်နေပြီ။
    ' သမီး.....သမီးလေး နန်းကြာဖြူ...၊ သတိထားပါကွယ်...'
    အေးမြကြည်လင်တဲ့ အမေ့အသံဟာ....မူးရစ်နစ်မျောမလို ဖြစ်နေတဲ့ သူမအတွက် ကောက်ရိုးမျှင်လေးတမျှင်ပါပဲ။
    ' အမေ.....အမေ.....သမီးကြောက်တယ်....'
+++++++++++++++
    
တကယ်တမ်း ကြောက်ဖို့ကောင်းတာ သူမကိုယ်တိုင် ဖြစ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။
   ' မယုံနဲ့ကြီးကြီး...။ ဒီလို ဘိုးတော်အယောင်ဆောင်တွေ ခဏခဏ ဖမ်းမိနေတာ မကြားဖူးဘူးလား။ သူကလည်းချောလဲရောထိုင်ပြီး အခွင့်အရေးယူတာ နေမှာပေါ့....။ ဘာနဂါးသိုက်လဲ။ ဘာဥစ္စာစောင့်လဲ။ ခေတ်မရှိတော့ပါဘူး....ဒါတွေ...'
    ' အသိအိမ်မှာ ချိန်းမထားပဲ သွားဆုံတယ်ဆိုပေမယ့် မမကြီးပဲစဉ်းစားကြည့်လေ..။ သူတို့နှစ်ယောက် စကားအပေးအယူ အချိတ်အဆက်တွေက မယုံချင်စရာဆိုတော့ ဒီကောင်မလေး သက်သက်ပလီတာများလား...လို့...'
   ' မင်းလည်း ခေတ်ပညာတတ်ပဲ မိန်းမရာ...။ အရာရာကို ချင့်ချိန် စဉ်းစားပေါ့။ ကိုယ်ကတော့ စိတ်ရောဂါ အထူးကုဆီ ခေါ်သွားပြစေချင်တယ်။ စာမေးပွဲလည်း နီးနေပြီမဟုတ်လား။ မနိုင်ဝန်ထမ်းရင် လှည်းကျိုးတတ်တယ်နော်.. သတိလည်းထားဦး'
   အားလုံးက ဒီလိုတွေပြောမှတော့ 'နန်းကြာဖြူ ဘာလဲ....ဘာကြောင့်လဲ..' လို့ သူမကိုယ်သူမ မေးခွန်းတွေ တန်းစီနေရတော့တယ်။ အမေကတော့ တိုင်းရင်းကု၊ အင်္ဂလိပ်ကု ရိုးရာကုရော ယတြာကုပါမကျန် ဂရုစိုက်လွန်းလှလို့ အားနာစရာ ကောင်းလိုက်တာ.....။
    နန်းကြာဖြူကတော့ စိတ်ရှုပ်ရှုပ်နဲ့ ဖြစ်ချင်တာရယ်..၊ ဖြစ်သင့်တာရယ်...၊ ဖြစ်နေတာရယ်.... အားလုံးကိုရောမွှေပြီး စိတ်ကူးထဲမှာ တိမ်လှေ လုပ်စီးပစ်လိုက်တယ်။ လေနှင်ရာ လွင့်ချင်တိုင်းလွင့်နေတဲ့ တိမ်လှေလေးပေါ်မှာ ကြယ်နှင်တံလေး ကိုင်ထားတဲ့ နတ်သမီးလေးဟာ သူမကိုယ်တိုင်ပဲပေါ့။ လူးလူးလွန့်လွန့် တဖြတ်ဖြတ်ခတ်နေတဲ့ ၀တ်ရုံဖြူလွလွနဲ့အတူ ပြိုးပြိုးပြက်ပြက် လှပလွန်းတဲ့ လည်ဆွဲတန်ဆာဟာ သူမလည်တိုင်မှာ တောက်ပရွှန်းလဲ့ နေလိုက်တာ... အရမ်းကိုပဲ...။
    ထူးဆန်းလွန်းလို့ သေချာအားစိုက်ကြည့်လိုက်တော့မှ လည်ဆွဲဟာ အိပ်မက်ကလေးတွေ သီထားတာဖြစ်နေတယ်။ အမေရယ်...၊ ကျောင်းသူမလေးရယ်...၊ သူနာပြုဆရာမကြီးရယ်....။ လှလိုက်တာ......။ အမေက သိပ်လှလိုက်တာ....။
ဟော... အမေကိုယ်တိုင် သီထားတဲ့လည်ဆွဲကို နန်းကြာဖြူလည်မှာ ဆွဲပေးဖို့ လက်လှမ်းနေတော့ သူမပျော်လိုက်တာ....။
    အမေဟာ သမီး အမေရင်းပဲမဟုတ်လား။ မွေးပြီးကတည်းက အမေ့ရဲ့မိဘတွေ စီမံမှုနဲ့ ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရတဲ့ သမီးလေး မဟုတ်လား။ ဟို ဗွီဒီယိုကားထဲကလိုလေ..။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို မကြေငြာရဲလို့ မွေးစားသမီး ဟန်ဆောင်ပြီး ခေါ်မွေးထားတာ မဟုတ်လား။ အမေ...သမီးကို သိပ်ချစ်တာ သမီးသိတယ်။ ဘေးလူတွေ အမြင်မှာ မျှတအောင် လုပ်နေရတာ သမီးသိတယ်။
     မနာလိုသူတွေ များလွန်းလို့ဟန်ဆောင်နေရတာ သမီးသိတယ်။
    ခု... ဘယ်သူမှမရှိတုန်း အမေ့မေတ္တာနဲ့သီထားတဲ့ လည်ဆွဲလေး သမီးကိုဆွဲပေးမလို့ မဟုတ်လား။ ကျေးဇူးတင်ပါတယ် အမေ။ ဘယ်သူ့မှ မကြောက်ပါနဲ့။ ဘယ်သူမှလည်း မရှိပါဘူး။ သမီးနဲ့အမေ နှစ်ယောက်ထဲ...။ အမေ့ဆီ သမီးကိုယ်တိုင်ဖန်ဆင်းထားတဲ့ တိမ်လှေလေးစီးပြီး လာခဲ့မယ်။ အမေ့လက်ထဲက လည်ဆွဲလေး သမီးကိုဆွဲပေးပါနော်။ သမီးလာပြီ အမေရေ...။
    ဟော.... ဘယ်ကပေါ်လာမှန်း မသိတဲ့ ပိန်ပိန်မဲမဲ ညှက်စိမလေးတယောက် အမေ့လက်ထဲက လည်ဆွဲကိုလုနေပြီ။ မပေးနဲ့အမေ..။ မပေးနဲ့...။ သမီးတသက်လုံး တောင့်တစိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်လေးတွေ...။
   ဟင်... ဘုရားရေ..။ နန်းကြာဖြူ စာမေးပွဲ မဖြေရသေးပါလား။ စာမေးပွဲက ပြီးသွားခဲ့ပြီဆို...။ လမ်းပေါ်က စာမေးပွဲဖြေပြီးပြန်လာတဲ့ ကျောင်းသားတွေ ပြောနေသံကြားတယ်။ ဒါဆို... သူမက ဘယ်မှာသွားပြီး အိပ်ပျော်နေခဲ့တာလဲ။ သေချာကြည့်လိုက်တော့ ဖတ်လက်စစာအုပ်လေးတွေက အိပ်ယာဘေးမှာ ပြန့်ကျဲနေတုန်းပဲ။ 

 ဘာတွေဖြစ်ကုန်တာလဲ... အမေ့ကိုမေးကြည့်ဦးမှပါပဲ။ ခုနက လည်ဆွဲကိုင်ထားတဲ့ အမေကရော... ဘယ်ရောက်သွားတာလဲ။ အလန့်တကြား ရှာဖွေမိတော့.. သူမခြေရင်းမှာ ပြန့်ကျဲနေတာ အိပ်မက်ကလေးတွေ.....။ ညှက်စိလို့ခေါ်တဲ့ ကလေးမလေးလက်ထဲမှာ ဆုပ်ကိုင်ပြီးကျန်နေတာ..... အိပ်မက်လေးတွေ သီထားတဲ့ကြိုး...။
    နန်းကြာဖြူ....နန်းကြာဖြူ ဘယ်ရောက်သွားပြီလဲ။ သူနာပြုဆရာမကြီး နန်းကြာဖြူလေ.....။
    အမေ.....အမေ....အမေ.....။
    ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ခေါ်သံတွေဟာ ပြတ်ကျသွားခဲ့ရတဲ့ အိပ်မက်လေးတွေရဲ့ ညည်းတွားရှိုက်သံလေးတွေပါ....။
++++++++++++++++
ဝေ(စီးပွားရေးတက္ကသိုလ်)

Saturday, May 8, 2010

Happy Mothers Day အမေများနေ့



Happy Mothers Day from Wilstar.com
Floweers M... is for the million things she gave me,


O... means only that she's growing old,


T... is for the tears she shed to save me,


H... is for her heart of purest gold;


E... is for her eyes, with love-light shining,


R... means right, and right she'll always be.


Put them all together, they spell "MOTHER,"
A word that means the world to me.