Showing posts with label ပရိတ် ၀တ်ရွတ်စဉ်. Show all posts
Showing posts with label ပရိတ် ၀တ်ရွတ်စဉ်. Show all posts

Thursday, October 31, 2013

မကွဲခင်က ခွဲနှင့်ပါ

မကွဲခင်က ခွဲနှင့်ပါ

ကိုယ့်ကိုယ်ကို အမြဲတမ်းသတိပေးရမယ့် အချက် ၅ ချက်ရှိသတဲ့ဗျ။ အမြဲနှလုံးသွင်းရမယ့် တရား ၅ မျိုးလို့ ခေါ်တယ်။

ငါ အိုရဦးမယ်။ ဒါလဲအမြဲသတိပေးရမှာ.. ငါအိုရဦးမယ်။
ဘာဖြစ်လို့ လဲဆိုတော့ ဒို့ က သူများအိုတာသာ သိတာကွဲ့ ။
ကိုယ်အိုတာကို မေ့နေတယ်။ မေ့တတ်လွန်းလို့  သတိပေးရတယ်။ ငါအိုရဦးမယ်..။ ဒါပြီးတော့ နောက်ထပ်ဆင်ခြင်ရမှာက
အင်း.. ငါ အအိုကမလွတ်သေးဘူး။ မေ့တတ်လွန်းလို့  .. အမြဲဆင်ခြင်ပါ။

ဒုတိယကျတော့ .. ငါနာရဦးမယ်။ ဒါလည်း ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးနေရမယ်တဲ့။ ဘာဖြစ်လို့ တုန်း။ သူများနာတာတွေတာ သိနေတာ။ ကိုယ်နာတာတော့ မေ့နေသနော်။
သူများနာမှာတွေသာ ကြည့်နေတာ။ ကိုယ်နာမှာကျ သတိမရဘူး။ ကိုယ့်ကိုယ်ကို အမြဲတမ်း အကောင်းချည်းပဲ ထင်နေတာ။ ဒါလည်း အမြဲတမ်း သတိပေးရမှာတဲ့ဗျ။ အဲသလို သတိပေးရင်း..
အင်း ငါအနာက မလွတ်သေးပါလား။ အဲသလို ထပ်စဉ်းစားရမယ်တဲ့ဗျ။

ပြီးတော့ တစ်ခါ တတိယကျတော့ ငါသေရဦးမယ်။ ဘာဖြစ်လို့ တုန်း...
.ဒို့ က သူများသေမှာသာ လျှောက်စဉ်းစားနေတာ..။ ကိုယ်သေမှာကို ဘယ်နခါစဉ်းစားမိလို့ တုန်း။ မေ့လွန်းလို့  မေ့လွန်းလို့ ။ သေမှာလည်း မေ့လွန်းလို့  ဒါလည်း အမြဲသတိပေးနေရမယ်တဲ.ဗျ။

နံပါတ် ၄ ကျတော့ ငါ့မိဘ ဆွေမျိုး ညီကို မောင်နှမ ငါ့အပေါင်းအသင်းတွေနဲ့  သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ကွဲဦးမှာ။ စဉ်းစားထား။ စဉ်းစားထား။ အမြဲတမ်းဒီလိုချည်း နေရမယ်များ ထင်သလား။

သေကွဲလည်း သူက ခွဲထားခဲ့မှာလည်း ရှိသလို
ကိုယ်ကခွဲထားခဲ့မှာလည်း ရှိတယ်။

သူခွဲထားခဲ့တာရှိသလို ကိုယ်ကခွဲထားခဲ့တာလည်း ရှိမှာနော်။
ကွဲရမှာနော်။ ကွဲရမှာ ခင်ဗျားတို့ ။ ဒီတိုင်း အမြဲနေရလိမ့်မယ်များ ထင်မနေနဲ့ ။ သေကွဲလည်းကွဲနိုင်တာပဲ။ ရှင်ကွဲလည်း ကွဲနိုင်တာပဲ။
အိမ်ထောင်ရက်သားကျလို့  သူ့ ရွာ ကိုယ့်ရွာ ပါသွားကျတာတွေလည်း အများကြီးပဲ။ ဒါလည်း အမြဲစဉ်းစားရမှာ။

ဘာဖြစ်လို့ တုန်း မကွဲခင်က ခွဲမထားရင် ကွဲတဲ့အခါကျတော့ ဆတ်ဆတ်လူးမယ်နော်။

မကွဲခင်က ခွဲထားလို့ ရှိရင် ကွဲတော့ မတုန်လှုပ်ဘူး။ မကွဲခင်က ခွဲထား။ မကွဲခင်ကတွဲနေမိရင် ကွဲတဲ့အခါ ဆတ်ဆတ်လူးမယ်နော်။
ခွဲတော.့ခွဲကြရမယ်။ သေကွဲလား ရှင်ကွဲလား ဒါပဲကွာမယ်။
သူကထားခဲ့မှာလား ကိုယ်ကထားခဲ့မှာလား ဒါပဲကွာတယ်။ ထားတော့ ထားခဲ့မှာချည်းပဲ။ ထားခဲ့တာတွေလည်း ရှိလောက်ပါပြီ ခုချိန်ဆို။
အဖေတွေထားခဲ့တာ.. အမေတွေထားခဲ့တာ ခုကတည်းက စလောက်ပြီ။ ညီတွေထားခဲ့တာ အကိုတွေထားခဲ့တာ ညီမတွေထားခဲ့ အစ်မတွေထားခဲ.တာ ခုကတည်းက ရှိလောက်ပြီ။ ကိုယ်ကလည်း
နောက်သူများကိုထားခဲ့ရဦးမယ်။ တွဲနေရတုန်းကတည်းက ကွဲအောင်လုပ်ထား။

ကွဲလို့  မကွဲတဲ့အခါကျရင် သေမှ ပြန်တွဲမယ်နော်။ ပြန်ပြီးအစွဲနဲ. အိမ်ခင်အိမ်၊ မိသားစုစွဲ မိသားစု၊ ပြိတ္တာဘ၀နဲ့ ရောက်တာ ပြန်တွဲတာပြောတာ။ စွဲမိစွဲရာ ပြိတ္တာဘ၀နဲ့  နေကြရဦးမယ်။
အိမ်စွဲတဲ့ပုဂ္ဂိုလ် အိမ် မကျွတ်မလွတ်နဲ့ နေရမယ်။ ပြန်ပြီးတော့ ဒီအိမ်ပဲ ပြန်တွဲမယ်..။ ငြိနေတာ ပြန်တွဲနေတာမဟုတ်ဘူးလား။ ငြိနေ တွဲနေမှာပေါ့။

ခွဲရတယ်ဆိုတည်းက ကိုယ်ပစ္စည်းဟုတ်လို့ လား မဟုတ်လို.လား။
မဟုတ်လို့ ခွဲရတာပေါ့။ မဟုတ်လို့ ခွဲရတာ..ဟုတ်ရင် မခွဲရဘူး။
အဲတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ စာရင်းစစ်ကြည့်ပါတဲ့။

အဲတော့ နံပါတ် ၅ က ငါ့အတွက် ဘာရှိသလဲဆိုတော့ ကံအမွေပဲရှိတယ်။ ကံအမွေကတော့ ကိုယ်သွားရာပါလိမ့်မယ်..
ခွဲထားခဲ့ရမှာလား။ သွားရာပါမှာ။ ကိုယ်သေးလို့  သားတွေ သမီးတွေကလိုက်မယ်ထင်လား..။ လိုက်မှာ ဘယ်သူတုန်း .. ကံအမွေပဲဗျ........။ ကိုယ့်ကံအတိုင်း သွားရမှာ။

ငရဲသွားမယ့် ပုဂ္ဂိုလ်ကို ဘုရားဝင်တားလို့ မရဘူး။ သိကြားဝင်တားလို့ မရဘူး။ နတ်ပြည်တက်မယ့် ပုဂ္ဂိုလ်ကို ဘုရားဝင်ဆွဲချလို့ မရဘူး။
သိကြားဝင်ဆွဲချလို့ မရဘူး။ ကိုယ့်ကံအတိုင်း သွားကြရမှာ။ .......မေ့မေ့ကြီးနဲ့ ဒီတိုင်း.နေရင် ဆိုးကံပစ်ချရာခံရမယ်နော်။

ငါ သေရဦးမယ် ဆင်ခြင်ပါ။ ငါ အသေမလွတ်သေးဘူး..ဆင်ခြင်ပါ။
..မဆင်ခြင်လို့ ရှိရင် သေရင် ခင်ဗျားတို့  မသေဘဲဖြစ်မယ်နော်။
အစွဲရှိရင် သေတယ်လို.ပြောလို.ဖြစ်မလား.. မသေဘဲဖြစ်သွားမယ်နော်။
ရှင်တုန်းက သေထားမှ ..သေတော.သေမှာ။ ရှင်တုန်းက ကိုယ်.ကိုယ်ကိုရှင်နေရင် သေတော့ ခင်ဗျားတို့  မသေနိုင်ဘူးနော်........။


(မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောကြားသော မကွဲခင်က ခွဲနှင့်ပါ တရားတော် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

(www.infinitydhamma.com)

Friday, August 27, 2010

Ratana Sutta ရတနသုတ် By Imee Ooi



ရတနသုတ်တော်

ရတနသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း

မြတ်စွာဘုရား ပွင့်တော်မူတဲ့ အခါတုန်းက အိန္ဒိယနိုင်ငံက ဝေသာလီပြည်ကြီးဆိုတာဟာ ရှင်ဘုရင် ပေါင်း (၇၇ဝ၇) ပါး၊ အိမ်ရှေ့ဥပရာဇာမင်းသားပေါင်း၊ စစ်သေနာပတိပေါင်း၊ ဘဏ္ဍာစိုးပေါင်း၊ နန်းတော် ပြဿဒ်ပေါင်း၊ ဥယျာဉ်ပေါင်း၊ ရေကန်ပေါင်း ၇၇ဝ၇ ခုစီ ညီတူညာတူရှိနေကြပြီး လူနေကလည်း ထူထပ် အစာ ရေစာကလည်းပေါများ, တာဝတိံသာ နတ်ပြည်ကြီး လောက်ကိုပဲ အထူးစည်ကားသိုက်မြိုက် သာယာလှပ နေပါတော့သတဲ့။

အဲဒီ ဝေသာလီတိုင်းပြည်ကြီးဟာ တစ်နှစ်မှာ တော့ မိုးခေါင်ရေရှားတဲ့အတွက် ကောက်ပဲသီးနှံတွေ မထွက်ဘဲ အစာရေစာ ပြတ်လပ်တဲ့ ”အငတ်ဘေး” ကြီး ဆိုက်ရောက်ပါတော့တယ်။ လူတွေဟာ ငတ်လာတော့ အသေအပျောက် ပိုများလာတယ်၊ အဲဒီ လူသေတွေကို တွေ့ကရာမှာ ဖြစ်သလို စွန့်ပစ်ခဲ့ကြလေတော့ အဲဒီ လူသေအနံ့ဆိုးတွေကြောင့် ဘီလူးတွေ, သရဲတွေ, နတ် မိစ္ဆာတွေကပါ မြို့ထဲဝင်လာပြီး လူတွေကို ပူးကပ် ဒုက္ခပေးလာကြပြန်တော့ လူတွေပိုသေကြရပြန်တယ်၊ အဲဒါအပြင် ”ကူးစက်ရောဂါဘေးကြီး” တစ်ခုပါ ဝင်ရောက်လာလေတော့ လူတွေပိုပြီး သေကြေကြရ တော့တာပေါ့။
အစာငတ်တဲ့ဘေး ဘီလူး သရဲ တစ္ဆေ နတ် မိစ္ဆာဘေး ကူးစက်ရောဂါဘေးကြီးရယ်လို့ ဘေးကြီး ၃ ပါး ကပ်ကြီး ၃ မျိုး ဆိုက်ရောက်နေကြရှာတဲ့ ဝေသာလီပြည်က လိစ္ဆဝီမင်းတွေဟာ ရာဇဂြိုလ်မြို့မှာ သီတင်းသုံးတော်မူနေတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးနဲ့ နောက်လိုက်နောက်ပါ သံဃာတော်ပေါင်း အပါး ၅ဝဝ ကို ပင့်ဆောင်ကြရတော့တာပေါ့။
မြတ်စွာဘုရားနဲ့ သံဃာတော် အရှင်မြတ်တွေ ဂင်္ဂါမြစ်ကမ်းကနေ ဝေသာလီပြည်ဘက် တက်ရောက် မိပြီဆိုတာနဲ့ တစ်ပြိုင်နက် အရပ် ၄ မျက်နှာကနေ မိုးတွေ အကြီးအကျယ် ရွာသွန်းပြီး လူသေအပုပ် ကောင်တွေလည်း ဂင်္ဂါမြစ်ထဲကို မျောပါသွားကြသလို တချို့ ဘီလူး၊ သရဲ၊ တစ္ဆေ၊ နတ်မိစ္ဆာတွေလည်း ထွက်ပြေးကြရတော့တာပါပဲ။
မြတ်စွာဘုရားရှင်ဟာ ဝေသာလီပြည်ရဲ့ တံခါးဝ မှာ ရပ်တော်မူပြီး အရှင်အာနန္ဒာမထေရ်ကို လိစ္ဆဝီမင်း တွေနဲ့အတူ ဝေသာလီပြည်ကြီးရဲ့ တံတိုင်း ၃ ထပ် ကြားမှာ ပရိတ်အရံအတားတွေပြုလုပ်ဖို့ စီမံညွှန်ကြားပြီး ရတနသုတ္တန်ကို သင်ပေးတော်မူခဲ့ပါတယ်။ အဲဒီနောက် အရှင်အာနန္ဒာအပြင် မြတ်စွာဘုရား ကိုယ်တော်တိုင်ပါ ဒီရတနသုတ်တော်ကို ၇ ရက် ၇ လီ ဟောကြားတော် မူခဲ့ပါတယ်။ သိကြားမင်းကလည်း တာဝတိံသာကနေ ဆင်းလာပြီး ဘုရား တရား သံဃာ့ ဂုဏ်ရည်ပြ ”ယာနီဓ ဘူတာနိ” စတဲ့ ၃ ဂါထာကို ရွတ်ဆိုလိုက်တဲ့ အဆုံးမှာ တော့ ဝေသာလီပြည်ကြီးဟာ အငတ်ဘေး၊ ဘီလူး သရဲဘေး၊ ကူးစက် ရောဂါဘေးတွေကင်းပြီး သာယာ ဝပြော အစာပေါကာ ကြီးပွားချမ်းသာလာခဲ့ရပါတော့တယ်။
ဘေးကြီး ၃ ပါးလည်းပျောက် နတ် လူတွေ ၅၈၄,ဝဝဝ ကိုလည်း မဂ်ဖိုလ်နိဗ္ဗာန် ရစေ ရောက်စေ လောက်အောင် အလွန်တန်ခိုးထက်မြက်တဲ့ ရတနသုတ်ပရိတ်ဒေသနာ တော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညို ပူဇော်ကြပါစို့ သူတော်ကောင်းတို့။

¸

ဘုရားဂုဏ် အာရုံပြုနည်း

(၁) ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသပါရမိယော။
ဒသဥပပါရမိယော ဒသပရမတ္ထပါရမိယော တိ။
သမတိံ သ ပါရမိယော ပဉ္စ မဟာပရိစ္စာဂေ
လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ
တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ
ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ
မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ
ဓမ္မစက္ကပ္ပဝတ္တနံ နဝ လောကုတ္တရဓမ္မေတိ
သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ
ဝေသာလိယာ တီသု ပါကာရန္တရေသု
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော
အာယသ္မာ အာနန္ဒတ္ထေရောဝိယ
ကာရုညစိတံ္တ ဥပဋ္ဌပေတွာ

(၁) အို သူတော်ကောင်းတို့ ဒီပင်္ကရာဘုရားမြတ်ထံ ဘုရားဆုပန်သည်မှစ၍ မြတ်စွာဘုရား၏ ပါရမီဆယ်ပါး ဥပပါရမီဆယ်ပါး၊ ပရမတ္ထပါရမီဆယ်ပါးဟူသော အမျှအညီ ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ သတ္တဝါများအတွက် ကျင့်မှု၊ ဆွေမျိုးများအတွက်ကျင့်မှု၊ ဘုရားဖြစ်ရေးအတွက် ကျင့်မှုဟူသော အကျင့်သုံးပါး၊ ဘုရားဖြစ်မည့် နောက်ဆုံး ဘဝ၌ ပဋိသန္ဓေနေခြင်း၊ ဖွားမြင်ခြင်း၊ တောထွက်ခြင်း၊ ဒုက္ကရစရိယာကျင့်ခြင်း၊ ဗောဓိပင်ခြေ ပလ္လင်ဘွေ၌ မာရ် ငါးပါးအောင်မြင်ခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း သိခြင်း၊ ဓမ္မစင်္ကြာတရားဟောခြင်း၊ ကိုးပါးသော လောကုတ္တရာတရားဟူသော ဤဗုဒ္ဓဂုဏ်အလုံးစုံတို့ကို ဆင်ခြင်တော်မူပြီးလျှင် ဝေသာလီပြည် တံတိုင်းသုံးထပ် အကြားတို့၌ ညဥ့်သုံးယာမ်ပတ်လုံး ပရိတ်အရံအတားကို ပြုတော်မူသော အရှင်အာနန္ဒာမထေရ်ကဲ့သို့ ကရုဏာ စိတ်ကို ဖြစ်စေကြကုန်၍

ရတနသုတ်တော်အမွှန်း


(၂) ကောဋီသတ သဟေဿသု၊ စက္ကဝါဋ္ဌေသု ဒေဝတာ။
ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

(၃) ရောဂါ မနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပ မန္တရဓာပေသိ၊ ပရိတံ္တ တံ ဘဏာမ ဟေ။

(၂-၃) အကြင်ရတနသုတ်ပရိတ်တော်၏ အရှိန်အဝါ အာဏာကို စကြဝဠာကုဋေတစ်သိန်းရှိ နတ်ဗြဟ္မာများ ခံယူကြကုန်၏၊ အကြင်ရတနသုတ်ပရိတ်တော်သည် ဝေသာလီပြည်၌ ရောဂါထူးခြား ဘီလူးများနှင့် အစာရှားပါး ခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးသုံးမျိုးကိုလည်း လျင်မြန်စွာ ကွယ်ပျောက်စေခဲ့ဘူးပြီး ထိုရတနသုတ် ပရိတ်တော်ကို ငါတို့ရွတ်ကြကုန်စို့။

(၄) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

(၄) ဤအရပ်၌ စည်းဝေးရောက်လာကြသော မြေ၌ဖြစ် သောနတ်များ၊ ကောင်းကင်၌ဖြစ်သော နတ်များအားလုံး တို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြကုန်လော့၊ ထို့ပြင် ငါဘုရား တရားတော်ကို ရိုသေစွာ နာယူကြ ကုန်လော့။

(၅) တသ္မာ ဟိ ဘူတာ နိ သာမေထ သဗ္ဗေ။
မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ။
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

(၅) နတ်အများတို့ ငါဘုရားတရားနာရန် တိုက်တွန်း ခဲ့သည်ဖြစ်၍ သင်တို့နားစိုက်ကြကုန်လော့၊ သင်တို့အားလုံး လူသားများအပေါ်မှာ မေတ္တာထားကြလော့၊ လူတို့သည် နေ့ရောညဥ့်ပါ ပူဇော်ဖွယ်ရာကို ပို့ဆောင်ပူဇော်ကြသော ကြောင့် ထိုလူအများကို သင်တို့မမေ့ကြပဲ စောင့်ရှောက် ကြလေ။

မှတ်ချက်။ ။ ဤနှစ်ဂါထာသည် မြတ်စွာဘုရား၏ အမိန့်အာဏာတော်ဖြစ်၏။

ဘုရားရတနာ

(၆) ယံကိဥ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၆) လူ့ပြည်၊ နဂါး၊ ဂဠုန်စသောပြည်၊ နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိသမျှ ကောင်းမြတ်သောရတနာတို့တွင် မြတ်စွာဘုရားနှင့်တူသော ရတနာကား မရှိနိုင်သည်သာ၊ ဘုရားမြတ်၌ ရတနာ၏အဖြစ် နှစ်သက်ဖွယ်ဂုဏ်ရည်ကား ထူးခြားကောင်းမြတ်လှပါပေသည်၊ ဤသစ္စာစကား ကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

တရားရတနာ

(၇) ခယံ ဝိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၇) အရိယမဂ်သမာဓိ ရှိတော်မူသော သာကီနွယ် ဖွား ဘုရားရှင်သည် ကိလေသာကုန်ရာ ရာဂအတွယ် ပျောက်ပြယ်ရာ သေခြင်းကင်းရာ ကောင်းမြတ်လှစွာသော အကြင် နိဗ္ဗာန်တရားတော်ကို သိမြင်ရပိုင်တော်မူခဲ့သည်၊ ထိုနိဗ္ဗာန်တရားနှင့် ဂုဏ်ရည်တူညီသော တရားဟူ၍ တစုံတရာ မရှိတော့ပေ၊ နိဗ္ဗာန်တရားတော်၌ ဤရတနာဟု သိနိုင်ကြောင်း ဂုဏ်တော်အပေါင်းသည်လည်း ထူးမြတ်လှ ပေသည်၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာ ကြပါစေ။

(၈) ယံ ဗုဒ္ဓ သေဋ္ဌော ပရိဝဏ္ဏယိ သုစိံ
သမာဓိ မာနန္တရိကညမာဟု။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၈) ဗုဒ္ဓရှင်တော်မြတ်သည် ကိလေသာကင်း အလွန် သန့်ရှင်းဖြူစင်သော အရိယမဂ်သမာဓိကို အနည်း နည်းထုတ်ဖော် ချီးကျူးတော်မူခဲ့၏။ ယင်းအရိယ မဂ်သမာဓိကိုပင် မိမိအခြားမဲ့၌ အကျိုးပေးတတ်သည့် အာနန္တရိက သမာဓိဟူ၍လည်း ဘုရားရှင်များ မိန့်ကြား တော်မူခဲ့သည်၊ ထိုအရိယမဂ် သမာဓိနှင့်တူညီသော သမာဓိကားမရှိပေ၊ အရိယမဂ်တရားတော်၌ ရတနာ၏ အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည်သည်လည်း ထူးမြတ် လှပေသည်၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

သံဃာရတနာ

(၉) ယေပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
ဧတေသု ဒိêာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၉) ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်း အပ်သော အရိယာပုဂ္ဂိုလ်များကား ရှစ်ပါးဖြစ်ရာ (ထိုအရိယာများကား)အစုံအားဖြင့် လေးစုံဖြစ်သည်၊ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ထိုအရိယာ တို့ကား အလှူကောင်း အလှူမှန်ကို ခံတော်မူထိုက်သော ပုဂ္ဂိုလ်များပင်တည်း၊ ထိုအရိယာတို့၌ လှူအပ်သမျှ အလှူဒါနတို့ကား အကျိုးကြီးမားလှပေသည်၊ အရိယာ သံဃာတော်၌ ရတနာ၏အဖြစ် နှစ်သက်ဖွယ် ဤဂုဏ်ရည် သည်လည်း ထူးမြတ်လှပါပေသည်၊ ဤသစ္စာစကား ကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁ဝ) ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္ဇမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁ဝ) မြဲမြဲတည်တံ့သော သမာဓိဖြင့် လွန်စွာအားထုတ် ကြကုန်၍ ဂေါတမမြတ်စွာ သာသနာတော်၌ ကိလေသာ တို့မှ လွတ်ထွက်ကြသော ရဟန္တာအရှင်မြတ်တို့သည် နိဗ္ဗာနဓာတ်သို့ အာရုံယူလျှက် သက်ရောက်ကြပြီးသော် ပစ္စည်းဥစ္စာ အနည်းငယ်မျှ မကုန်ကျရပဲ အလွယ်တကူ ရရှိ၍ ဖလသမာပတ် အငြိမ်းဓာတ်အရသာခံစားကြလျက် အရဟတ္တဖိုလ် ဝင်စားတော်မူကြ၏၊ ရဟန္တာသံဃာတော်၌ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ်ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေ၏၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၁) ယထိန္ဒ ခီလော ပထဝိဿိတော သိယာ၊
စတုဗ္ဘိဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ဝဒါမိ၊
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၁) မြေကြီးထဲ၌ ဝင်မှီတည်နေသော တံခါးတိုင်ကြီး သည် အရပ်လေးမျက်နှာမှ လေပြင်းမုန်တိုင်းများ လှုပ်ရှား စေခြင်းငှာ မတတ်နိုင်သကဲ့သို့ မဂ်ဉာဏ်ဖြင့် အရိယသစ္စာ တို့ကို သိမြင်သော သောတာပန်ပုဂ္ဂိုလ်မြတ်ကို ထိုတံခါး တိုင်ကြီးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ ငါဘုရား ဟောတော် မူသည်၊ သောတာပန်သံဃာ၌ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေ၏၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၂) ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊
ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၂) နက်နဲသော ဉာဏ်တော်ရှင် သဗ္ဗညုမြတ်စွာ ဘုရား အကောင်းဆုံး ဟောကြားတော်မူအပ်သော အရိယ သစ္စာတို့ကို မဂ်ဉာဏ်ရရှိ ထင်ရှားသိတော်မူကြသော သတ္တက္ခတ္တု ပရမ သောတာပန်ပုဂ္ဂိုလ်တို့သည် စည်းစိမ် ယစ်၍ အလွန်အကဲ မေ့လျော့ကြစေကာမူ ရှစ်ကြိမ် မြောက်ဘဝကို ယူရိုးမရှိတော့ပေ၊ သောတပန်သံဃာ၏ ရတနာဟု သိနိုင်ဖွယ် ဤဂုဏ်တော်သည်လည်း ထူးမြတ် လှပါပေသည် ၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၃) သဟာဝဿ ဒဿနသမ္ပဒါယ
တယဿုဓမ္မာ ဇဟိတာ ဘဝန္တိ။
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။

(၁၄) စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊
ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၃-၁၄) သောတာပန် ပုဂ္ဂိုလ်မြတ်သည် သောတာပတ္တိ မဂ်ဉာဏ် ပြည့်စုံသည်နှင့်တပြိုက်နက် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ တရားသုံးပါးနှင့် အချို့ကိလေသာ များကို ပယ်ရှားအပ်ပြီးဖြစ်သည်၊ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးဘုံတို့မှလည်း လွတ်မြောက် ရပေပြီ၊ အဘိဌာနခေါ် ရုန့်ရင်းသောအကြောင်းစု အမှုအပြစ်တို့ကိုလည်းပြုခြင်းငှာ မထိုက်တော့ပေ၊ သောတာပန် သံဃာ၌ ရတနာ၏အဖြစ် ဤနှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၅) ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊
ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၅) သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ မကောင်းသောပြစ်မှုကို ကျူးလွန်မိစေကာမူ ထိုသောတာပန်မှာ ထိုပြုမိသောပြစ်မှု ကိုကွယ်ကာ ဖုံးဝှက်သူမဖြစ်နိုင်ပေ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန် မြင်ပြီးသော အရိယာသောတာပန်၏ မိမိပြုသောပြစ်မှုကို မဖုံးကွယ်ထိုက်သူဖြစ်ကြောင်းကို ရှင်တော်ဘုရားဟော ကြားတော်မူအပ်၏၊ သောတာပန်သံဃာ၌ ဤရတနာဟု သိနိုင်ကြောင်း ဂုဏ်ရည်သည်လည်း ထူးမြတ်လှပါ ပေသည်၊ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာ ကြပါစေ။

(၁၆) ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မဝရံ အဒေသယိ၊
နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(၁၆) နွေလများတွင် နွေဦးအစဖြစ်သော တန်ခူးလ၌ ကောင်းစွာပွင့်သည့် ခက်ဖျားစုံရှိသော တောအုပ်သည် အသရေရှိလှသကဲ့သို့ အနက်သဒ္ဒါ ဝေဆာစုံပေါ ထိုတော အုပ်ကြီးနှင့်တူသော နိဗ္ဗာန်ရောက်ကြောင်း တရားတော် မြတ် ပိဋကတ်ကို နိဗ္ဗာနဓာတ် အမြတ်ဆုံး အကျိုးစီးပွား အလို့ငှာ ရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည်၊ မြတ်စွာဘုရား၌ ရတနာဟု သိကြောင်းဖြစ်သော ဤဂုဏ်တော်သည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၇) ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊
အနုတ္တရော ဓမ္မဝရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၇) နတ်လူအများ လိုလားတောင့်တအပ်သော ပုဂ္ဂိုလ် မြတ် ဖြစ်တော်မူသော အမြတ်ဆုံးနိဗ္ဗာန်ကို သိတော်မူ၍ အမြတ်တရားကို ပေးသနားတော်မူတတ်သော ရှေးဟောင်း ကျင့်စဉ်လမ်းမြတ်ကို ယူဆောင်တော်မူတတ်၊ အမြတ်ဆုံး ဘုရားမြတ်သည် တရားတော်မြတ်အရပ်ရပ်ကို ဟောကြား တော်မူလေသည်။ မြတ်စွာဘုရား၌ရတနာဟု သိနိုင်ကြောင်း ဤဂုဏ်တော်အပေါင်းသည်လည်း ထူးမြတ်လှပါပေသည်။ ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၈) ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊
ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။
တေ ခီဏဗီဇာ အဝိရုဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္မိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

(၁၈) ရဟန္တာအရှင်မြတ်တို့အား ရှေးအတိတ်ကံဟောင်း များလည်း ကုန်ခဲ့ပြီ ၊ကံအသစ်လည်း ဖြစ်ပေါ်ခြင်းမရှိ တော့ပေ၊ နောင်ဖြစ်ရမည့်ဘဝသစ်၌ တွယ်တာသော စိတ်လည်း ကင်းတော်မူကြ၏၊ ထိုရဟန္တာအရှင်မြတ်တို့ သည် ပဋိသန္ဓေမျိုးစေ့လည်းကုန်ခဲ့ပြီ၊ ဘဝသစ်ဆက်ဖြစ် စည်ကားရေးဝယ် တွယ်တာသော ဆန္ဒလည်းမရှိကြ ၊ ထိုရဟန္တာပညာရှင်တို့သည် ဤဆီမီးငြိမ်းသွားသကဲ့သို့ ဝဋ်ဇာတ်သိမ်း၍ ချုပ်ငြိမ်းတော်မူကြသည်။ ရဟန္တာ သံဃာတော်၌ ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ် ရည်သည်လည်း ထူးမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။

(၁၉) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

(၂ဝ) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

(၂၁) ယာနီဓ ဘူတာနိ သမာဂတာနိ၊
ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
တထာဂတံ ဒေဝမနုဿပူဇိတံ၊
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။

(၁၉-၂ဝ-၂၁) မြေ၌ဖြစ်သောနတ်များ၊ ကောင်းကင်၌ ဖြစ်သောနတ်များ ဤအရပ်၌ စည်းဝေးလျှက်ရှိကြ၏၊ ထိုနတ်ပေါင်းများစွာတို့သည် နတ်လူအများ လေးစားပူ ဇော်အပ်သော တထာဂတဘွဲ့ မည်ရသော မြတ်စွာဘုရား
ကို ရှိခိုးကြပါကုန်၏၊ သတ္တဝါတွေ ချမ်းသာကြပါစေ။ (နောက်နှစ်ဂါထာ၌ ဓမ္မံ၊သံဃံ သာကွဲသည်၊ အထူးမရှိ)

ရတနသုတ္တံ နိဋ္ဌိတံ
ရတနသုတ်တော် ပြီး၏။

If you want to read to Ratana Sutta The Discourse On Jewels.(Pali and English)

Press ..Here...

Ratana Sutta(pdf)


三宝经(Ratana Sutta)


([宝经]-[小诵经]-[小部]-[南传大藏经])译者不详,法增比丘1999年润饰及2005年註釋)


天空或地上,众生[2]来聚集,愿众生安乐,汝等应谛听,如来[3]所说法,(千万劫难遇)。

天地诸神祗,汝等应谛听,人民日与夜,献奉诸供品[4],应慈爱彼等,精进施佑护。

於此处他界,或於诸天上[5] ,无论何种宝[6],难与如来等,唯於佛陀[7]中,具足如斯宝,由此真谛故,愿一切安乐。

释迦[8]之圣者,亲证般涅槃[9],解脱於贪欲,无生[10]最尊上,别无有他法,可与其比伦,实尔达摩[11]中,具足如斯宝,由此真谛故,愿一切安乐。

佛陀所赞叹,修定念相继,净念无间断[12],(可证殊胜果),实尔达摩中,具足如斯宝,由此真谛故,愿一切安乐。

四双八辈[13]者,贤者所称赞,佛陀之弟子,施彼得大果[14],唯诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

乔达摩[15]教中,离贪比丘众,坚心勤修持,进趋不死城,享受涅槃乐,於诸僧伽[16]中,具足如斯宝,由此真谛故,愿一切安乐。

如石柱[17]立地,不为四风撼,佛子见圣谛,真信亦如是,唯诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

了解圣谛人,极崇八正道[18],世尊之教法,具最上智慧,彼诸难调服,亦不受八生[19],於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

慧眼证道者,远离於三法[20],谓身见怀疑,戒取诸邪仪,解脱四恶趣[21],不作六逆罪[22],於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

由诸身口意,彼所作恶业,悉皆不覆藏,智慧见道者,若造新恶业,实为难思议,於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

犹如丛林顶,初夏花盛开[23],佛陀微妙法,指引涅槃路,教证臻至善,唯於佛陀中,具足如斯宝,由此真谛故,愿一切安乐。

无比至善者,真知[24]善施舍,圆满戒定慧[25],广演四真谛[26],唯於佛陀中[27],具足如斯宝,由此真谛故,愿一切安乐。

不顧於过去[28],不欣於将来[29],永断於生死,贪欲不再生,命尽如油灯,油耗而寂灭[30],於诸僧伽中,具足如斯宝,由此真谛故,愿一切安乐。

(佛说此经己,尔时萨迦天王等闻法欢喜,顶礼三宝,愿一切众生,信受奉行,得大安乐,即於佛前,以偈而赞三宝曰)[31]:

天空或地上,来集此神祗,我等应敬礼,圆满佛陀尊,人天所崇敬,愿一切安乐。

天空或地上,来集此神祗,我等应敬礼,圆满达摩尊,人天所崇敬,愿一切安乐。

天空或地上,来集此神祗,我等应敬礼,圆满僧伽尊,人天所崇敬,愿一切安乐。

註:( )括号内之文句原文沒有。


註释:

1.[三宝经]也叫[宝经]。关於此经的來源,各註释书所說的是因为吠舍离(Vesali)城先發生饥荒,而後鬼怪和虫災为患,造成許多人死亡。居 民惶恐不安,在不知所措時,有人提议邀請佛陀從王舍城來此解难,離車国(Licchavi)的皇族立即派人去王舍城邀請佛陀, 佛陀接受了邀請,与众多比丘到時, 吠舍离城即下了一場大雨,把饥荒饿死的死屍都沖走了,空气也清新了,佛陀於是开示此经,並命阿难陀在吠舍离城四處誦唸此经,並以佛缽遍灑誦经水,鬼怪受不 了,都逃离吠舍离城。此城居民才恢復安宁。

2.众生包括三界裡欲界的六道众生;色界及无色界的十六种众生。這些众生包括一切的胎、卵、湿、化的四生。

3.如來,Tathagata, ‘如’指如实知一切相,如实断煩恼,如实說正覺法;‘來’是成就解脫。乘如实道而成就正等正觉。

4.人們都在日夜祭祀天神,为了祭奉甚至造了众多杀业。他們不論順境或逆境,都在向各种神明祷告,祈求平安吉祥,但幾乎沒人会想,這些天神也是貪瞋 痴跟人一樣嚴重的眾生,他們一樣会死,佛未涅槃前,有善根的众天神尚且向佛求教,因為他們知道佛的偉大,是大智大觉者。天神死时会有五衰耗之相:头上花 萎,衣裳垢穢,身体臭穢,腋下汗出,不乐本座(众天女厌离)。

5.天上是指從四天王天(Catumaharaia)以上至色究竟天(Akanittha)的二十四层天。其中有欲界六天:即四天王天,仞利天,夜 摩天,兜率天,化乐天,他化乐天;色界十八天:即梵身天,梵輔天,大梵天,少光天,無量光天,光音天,少淨天,無量淨天,遍淨天,少福天,福生天,廣果 天,和五阿那含天 (無煩天,無熱天,善現天,善見天,色究竟天)及無想天。

6.宝是Ratana的義譯,Ra 指吸引,ta指引导,渡過。意為依三宝而得渡過輪迴之生死苦海。

7.佛陀是自己觉悟生死輪迴之真相並擺脫輪迴之苦和渡過輪迴苦海的大圣者,他能宣示四圣諦及教导八圣道修行法的无上正等正无者,他也是值得受人類及 天神供养的应供者,他已調服及断除所有大小微細的煩恼,故此他无有任何世間的系縛。因此他有十個名号;如來,应供,正等觉,明行足,善逝,世间解,無上士 調御丈夫,天人师,佛,世尊。

8.释迦是指释迦族,圣者是指释迦牟尼佛(Sakyamuni Buddha),牟尼意為寂靜,即释迦族的寂靜者。

9.涅槃,Nibbana的音译,意為寂滅,指一切煩恼的熄灭,包括求生的欲望。请看下面的详细解释。

10.无生,阿罗汉,辟支佛與佛皆證无生,不再在三界裡受生。生是指四生:胎生、卵生、湿生、及化生。往生去西方極乐世界仍未脫离輪迴。

11.‘达摩’是指‘法’,巴利文Dhamma。泛指佛觉悟之法;有三法印、四圣諦、八正道、十二緣起法等。

12.‘净念无间断’是指定的境界,心中无有想念,只有正念。

13.四双八輩即是:向須陀洹道及須陀洹果,向斯陀含道及斯陀含果,向阿那含道及阿那含果,向阿罗汉道及阿罗汉果。请看下面的详细解释。

14.布施是六度或六波罗蜜之一(布施、忍辱、持戒、精進、禅定、智慧),也是十度之一(布施、忍辱、持戒、精進、出离、真实、決意、慈、捨、智 慧),大果是指阿罗汉果。布施也是六隨念之一(念佛、念法、念僧、念戒、念施、念天),本经所涉及的就是六随念,它們是修行人們生於天界的主要原因,並能 趣向涅槃。

15.喬达摩是Gotama是释迦牟尼佛的俗姓,佛俗姓名为悉达多喬达摩Siddhartha Gotama。

16.僧伽,巴利文Sangha,指四双八輩修行者,這可能包括出家的五众;即比丘、比丘尼、沙弥、沙弥尼、及式叉摩那(Sikkhamana);和在家的五戒优婆塞(Upasaka)、优婆夷(Upasika);及八戒白衣男、白衣女。

17.‘石柱’是仞利天(三十三天)的天王帝释的主要柱子一般高而堅固。註释書所說的是豎立於城內或城外的高大八角木柱或磚柱,柱基極深,不易動搖,用以保佑城市。

18.四圣諦裡道諦的八正道:即正見,正思惟,正語,正行,正命,正精進,正念,及正定。

19.证初果(Sotapana,須陀洹果)的圣者,只會回來人天道受生七次就涅槃,所以說不受八生。

20.這三法是十結(Samyojanas) 的前三結;即是怀疑、戒禁取、和身见。

21.四恶趣是地獄、饿鬼、畜生、及阿修罗(Asura)。

22.六逆罪是殺父、殺母、殺阿罗汉、出佛身血、破和合僧团、邪信。

23.這是比喻佛法如森林裡丛林頂盛開的花。

24.佛陀是真正知道諸法实相的无上正等正觉者。

25.戒定慧学,即是三学; 戒学、定学、及慧学。

26.四真諦,即四圣諦;苦諦、集諦、滅諦、及道諦。

27.黄谨良所译的[小部]译作“如是法宝,是最上宝。”

28.執著於過去有一個我的心已經熄灭。

29.執著於未來有一個我的心不再生起。

30.觉者的心犹如一盞油尽燈灭的枯灯,再也点燃不起來。所有履行八正道者都会证涅槃。佛陀說完此句,手指著一盞供給某某天神的油灯,那油灯即刻熄灭。

31.佛陀宣說完此经,仞利天王帝释(Sakka, 萨迦天王)就法喜充滿,因此就說了这最後三偈,讚頌佛宝,法宝,及僧宝。註释书說明佛陀命阿难陀在吠舍离城一連七天宣說此经。


法增比丘注於馬來西亚吡叻州高烏镇祥云山崇圣寺寮房,

佛曆二五四九年九月十八日。


RATANA SUTTA 寶石經


yānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
sabbe va bh
ūtā sumanā bhavantu

athopi sakkacca suantu bhāsita

天空或地上, 來集此神衹;

唯願諸神衹, 保眾生安樂;

願汝等諳聽,此處所念誦;

如來所說法, 千萬劫難遇。

tasm
ā hi bhūtā nisāmetha sabbe

metta karotha mānusiyā pajāya

divā ca ratto ca haranti ye bali

tasmā hi ne rakkhatha appamattā

故諸神衹眾, 應當善諦聽,

人民日與夜, 獻奉諸供養

應慈愛彼等, 精進施佑護

ya
kinci vitta idha vā hura vā

saggesu vā ya ratana paīta

na no sama atthi tathāgatena

idampi buddhe ratana paīta

etena saccena suvatthi hotu.

于此世他世, 或天上珍寶 無一堪任此,

于諸佛陀中 具足如斯寶,

由此真實語, 願一切安樂

khaya
virāga amata paīta

yadajjhagā sakyamunī samāhito
na tena dhammena samatthi kinci

idampi dhamme ratana paīta
etena saccena suvatthi hotu

淨妙聖釋子, 尋覓不死門
殊勝解脫味, 無一物堪此
實爾達摩中, 具足如斯寶
由此真實語, 願一切安樂

ya
buddhaseṭṭho parivaṇṇayī suci

samādhi ānantarika??amāhu
sam
ādhinā tena samo na vijjati

idampi dhamme ratana paīta
etena saccena suvatthi hotu

為佛陀贊許, 妙行三昧定
無一物堪此, 禪定聖功力
實爾達摩中, 具足如斯寶
由此真實語, 願一切安樂

ye puggal
ā aṭṭha sata pasatthā

cattāri etāni yugāni honti

te dakkhieyyā sugatassa sāvakā

etesu dinnāni mahapphalāni

Idampi saghe ratana paīta

etena saccena suvatthi hotu

受稱譽施供, 四雙八輩者
善逝聖弟子, 無上福田僧
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂


7. ye suppayutt
ā manasā dahena

nikkāmino gotamasāsanamhi
te pattipatt
ā amata vigayha

laddhā mudhā nibbuti bhu?jamānā
idampi sa
ghe ratana paīta

etena saccena suvatthi hotu

喬達摩教中, 離貪比丘眾
手戒捉金錢, 衣鉢隨身用
進不滅生死, 享受涅盤樂
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

8. yathindakhilo pa
havi sito siyā

catubbhi vātehi asampakampiyo
tath
ūpama sappurisa vadāmi

yo ariyasaccāni avecca passati
Idampi sa
ghe ratana paīta

etena saccena suvatthi hotu

如城墙石柱, 堅固立地上
不為八風動, 佛子見聖地
真信亦如是, 彼是最善人
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

9. ye ariyasacc
āni vibhāvayanti

gambhirapa??ena sudesitāni
ki?c
āpi te honti bhusappamattā

na te bhava aṭṭhamam ādiyanti
idampi sa
ghe ratana paīta

etena saccena suvatthi hotu

了解聖諦者, 極重八正道
最善所教授, 慈悲智慧強
不受第八生, 定證阿羅漢
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

10. sah
āvassa dassanasampadāya

tayassu dhammā jahitā bhavanti
sakk
āyadiṭṭhi vicikicchita?ca

sīlabbata vā pi yadatthi ki?ci

具足正視者, 遠離四種法
謂身見疑惑, 及邪信戒取

11. catuhap
āyehi ca vippamutto

chaccābhihānāni abhabbo kātu
idampi sa
ghe ratana paīta

etena saccena suvatthi hotu

解脫四惡趣, 不作六逆罪
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

12. kinc
āpi so kamma karoti pāpaka

kāyena vācā uda cetasā vā
abhabbo so tassa pa
icchādāya

abhabbatā diṭṭhapadassa vuttā
idampi sa
ghe ratana paīta

etena saccena suvatthi hotu

由諸身口意, 彼所作惡業
悉皆不覆藏, 智慧見道者
更不造新罪, 對眾常懺悔
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

13. vanappagumbe yath
ā phūssitagge

gimhāa māse pahamasmi gimhe

tathūpama dhammavara adesayī

nibbānagāmi parama hitāya

idampi buddhe ratana paīta

etena saccena suvatthi hotu

猶如初夏時, 叢林花枝盛
佛陀所宣說, 指引涅槃路
為諸無上樂, 于諸佛陀中,
具足如斯寶, 由此真實語,
願一切安樂

14.varo varann
ū varado varāharo

anuttaro dhammavara adesayi
idampi buddhe ratana
paīta

etena saccena suvatthi hotu

布施最善者, 創立八正道
宣說最上法, 比丘戒第一
于諸佛陀中, 具足如斯寶,
由此真實語, 願一切安樂

15. kh
īa purāa nava natthi sambhava
virattacitt
ā āyatike bhavasmi
te kh
īabijā avirūhichandā

nibbanti dhirā yathāya padīpo
idampi sa
ghe ratana paīta

etena saccena suvatthi hotu

彼人消逝去, 不复再重生
彼心己脫出, 受生緣已斷
滅除貪欲心, 猶如燈之熄
于諸僧伽中, 具足如斯寶
由此真實語, 願一切安樂

16. y
ānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
tath
āgata devamanussapūjitam

buddha namassāma suvatthi hotu

天空或地上, 來集此神衹;
我等應皈依, 圓滿佛陀尊;
人天所供養, 願一切安樂

17. y
ānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
tath
āgata devamanussapūjitam

dhamma namassāma suvatthi hotu

天空或地上, 來集此神衹;
我等應皈依, 圓滿達摩尊;
人天所供養, 願一切安樂

18. y
ānidha bhūtāni samāgatāni

bhummāni vā yāni vā antalikkhe
tath
āgata devamanussapūjitam

sagha namassāma suvatthi hotu

天空或地上, 來集此神衹;
我等應皈依, 圓滿僧伽尊;
人天所供養, 願一切安樂

Etena sacca vajjena - dukkha vupa samentu me(te) ­

By these true words may all suffering cease. ­

以此真言,愿一切苦熄灭.

Etena sacca vajjena - bhaya vupa samentu me(te) ­

By these true words may all fears cease.

­以此真言,愿一切恐怖熄灭.

Etena sacca vajjena - roga vupa samentu me(te) ­

By these true words may all diseases cease. ­

以此真言,愿一切病难熄灭.



Tuesday, August 10, 2010

တိပိဋက မင်းကွန်းဆရာတော်ကြီး၏ မေတ္တသုတ်



မင်းကွန်းဆရာတော်ကြီး၏ မေတ္တသုတ်လာ မေတ္တာပို့နည်း (၁၁)နည်း

လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ကြောက်တတ်-မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

မြင်အပ်-မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဝေးနေ-နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဘဝဇတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ရှည်-တို-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ကြီး-ငယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

ဆူ-ကြုံ-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

မေတ္တသုတ်တော်


မေတ္တသုတ်တော်

မေတ္တသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း

မြတ်စွာဘုရားရှင်ရဲ့ ရွှေလက်ထက်တော်အခါက ရဟန်းတော်ပေါင်း ၅ဝဝ တို့ဟာ မြတ်စွာဘုရားရှင်ရဲ့ အထံတော်ကနေ ဝိပဿနာ ကမ္မဋ္ဌာန်းတရား ရှုမှတ်ပွား များ အားထုတ်တဲ့နည်းတွေကို သင်ယူမှတ်သားကြပြီးတော့ သာဝတ္ထိ ဇေတဝန်နဲ့ ဝေးလံတဲ့အရပ်မှာရှိတဲ့ ဟိမဝန္တာတော အစပ်က မဟာဝါသတောအုပ်ကြီးထဲမှာ ဝိပဿနာတရား အားထုတ်တော်မူနေခဲ့ကြပါတယ်။


ရဟန်းတော်များရဲ့ သီလတန်ခိုးကြောင့် ရုက္ခစိုးနတ် တွေဟာ သူတို့နေထိုင်ကြတဲ့ သစ်ပင်ဗိမာန်တွေ အပေါ် ကနေ အောက်ကိုဆင်းပြီး သားသမီးတွေ လက်ဆွဲလို့ ဆင်းဆင်းရဲရဲနေကြရတာ ကြာလာတော့ စိတ်ဆင်းရဲ ကြရရှာတာပေါ့။ ဒီတော့ ရဟန်းတော်တွေ စိတ်ညစ်ပြီး တောထဲကနေ ပြန်သွားကြလေအောင် ညအခါမှာ ကြောက်စရာကောင်းတဲ့ ရုပ်ပုံသဏ္ဍာန်တွေ, ကြောက်စရာ ကောင်းတဲ့အသံတွေ, ကြောက်စရာကောင်းတဲ့ အနံ့ဆိုး တွေနဲ့ ခြောက်လှန့်ပြကြတော့တာပါပဲ။


အဲဒီတော့ ရဟန်းတော်တွေဟာ သမာဓိလည်းမရ၊ ဝိပဿနာတရားလည်း ကောင်းကောင်းမရှုမှတ်နိုင်ကြတော့ တဲ့အတွက် မြတ်စွာဘုရားရှင်ထံ ပြန်ကြားလျှောက်ထား ကြပါတယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်က နတ်တွေ မနှောင့်ယှက်နိုင်အောင်, မေတ္တာဘာဝနာတွေ ပွားများ နိုင်အောင် ဟောဒီ မေတ္တသုတ် ပရိတ်ဒေသနာတော်ကို သင်ကြားပြသပေးပြီး ရဟန်းတော်တွေကို တောကြီးထဲကို ပြန်လွှတ်တော်မူလိုက်ပါတယ်။


ရဟန်းတော်တွေဟာ တောထဲပြန်ရောက်တယ် ဆိုရင်ပဲ မေတ္တသုတ် ပရိတ်ဒေသနာတော်တွေကို ရွတ် ဖတ်ရင်း မေတ္တာ ဘာဝနာ သမထကမ္မဋ္ဌာန်းကိုပါ ပွားများ ပို့လွှတ်တော်မူကြလေတော့ တောစောင့်နတ်တွေ, တောင်စောင့်နတ်တွေ, သစ်ပင်စောင့်နတ်တွေ, ဘုမ္မစိုး ရုက္ခစိုးတွေ အားလုံးက ဝိုင်းပြီး ကြည်ညိုကြလွန်းလို့ အားလုံးက ပြန်လည်ကူညီ စောင့်ရှောက်ကြပါတော့သတဲ့။


ဒီတော့မှ ကိုယ်ရောစိတ်ပါ ချမ်းသာပြီး သမာဓိ လည်းရ, ဝိပဿနာတရားကိုလည်း ရှုမှတ်ပွားများတော် မူနိုင်ကြတဲ့အတွက် အဲဒီနှစ် တန်ဆောင်မုန်းလပြည့် ဒုတိယ ဝါကျွတ်တဲ့ညမှာပဲ ရဟန်းတော် ၅ဝဝ လုံး အာသဝေါကင်းကွာ ရဟန္တာဖြစ်တော်မူခဲ့ကြပါတော့တယ်။


မေတ္တာပွားရင် ”ချမ်းချမ်းသာသာ အိပ်ရတယ်၊ ချမ်းချမ်းသာသာ နိုးရတယ်၊ အိပ်မက်ဆိုး မမက်ရဘူး၊ လူတွေက ချစ်တယ်၊ ဘီလူးသရဲ တစ္ဆေတွေက ချစ်တယ်၊ နတ်တွေက စောင့်ရှောက်တယ်၊ မီးလောင်တာ, အဆိပ် သင့်တာ, လက်နက်ထိတာမျိုး မဖြစ်ရဘူး၊ သမာဓိ ရလွယ်တယ်၊ မျက်နှာကြည်လင်ရွှင်ပျတယ်၊ သေခါနီး ပြုံးပြုံးကြီး သေနိုင်ခွင့်ရတယ်၊ သေပြီးရင် ဗြဟ္မာ့ပြည် ရောက်တယ်”ဆိုတဲ့ အကျိုးပေါင်း ၁၁ ပါးကို ရရှိစေနိုင်တဲ့ မေတ္တသုတ် ပရိတ်ဒေသနာတော်ကို ကြည်ညိုသဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြ ဖတ်ကြ နာကြ ကြည်ညိုပူဇော်ကြ ပါစို့ သူတော်ကောင်းတို့။


မေတ္တသုတ်တော်အမွှန်း

==========

(က) ယဿာ နုဘာဝတော ယက္ခာ နေဝ ဒေဿန္တိ ဘီသနံ။
ယဥှီ စေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

(ခ) သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတံ္တ တံ ဘဏာမ ဟေ။

အို-သူတော်ကောင်းတို့ မေတ္တသုတ်ပရိတ်တော်၏ အာနုဘော်တော်ကြောင့် နတ်အများတို့သည် ကြောက်မက် ဖွယ် အာရုံမျိုးကို မပြနိုင်ပဲရှိကြသည်၊ ထိုမေတ္တသုတ် ပရိတ်တော်၌ နေ့ညမပြတ် မပျင်းမရိပဲ ထပ်တလဲလဲ စွဲမြဲရွတ်ပွား ကြိုးစားအားထုတ်သူသည် ချမ်းချမ်းသာသာ အိပ်စက်ရ၏၊ အိပ်ပျော်သည်ရှိသော် မကောင်းသော အိပ်မက်မျိုးလည်း မမြင်မက်ရ၊ ဤသို့စသော အကျိုး အာနိသင်နှင့် ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို ငါတို့ ရွတ်ဖတ်ပူဇော်ကြပါကုန်စို့။

မေတ္တာ ကြိုတင်ကျင့်ဖွယ် (၁၅)ချက်

၁။ ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူစ ၊
သုဝစော စဿ မုဒု အနတိမာနီ။

၂။ သန္တုဿကော စ သုဘရောစ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၃။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပဝဒေယျုံ၊
ဂ ( သုခိနော ဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ )ဂ

ငြိမ်းအေးသောနိဗ္ဗာန်သို့ ဉာဏ်ဖြင့်သက်ဝင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသောသူသည် (ဤဆိုလတံ္တ့သော အကျင့်တို့ကို)ပြုကျင့်အပ်၏။
(၁) ကျင့်စွမ်းနိုင်ရမည်။
(၂) ကိုယ်နှုတ်ဖြောင့်မတ်ရမည်။
(၃) စိတ်နေစိတ်ထား ကောင်းစွာဖြောင့်မတ်ရမည်။
(၄) ဆိုဆုံးမလွယ်ရမည်။
(၅) စိတ်ထားနူးညံ့ သိမ်မွေ့ရမည်။
(၆) လွန်ကဲတက်ကြွသော မာန်မာနမရှိရာ။
(၇) ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
(၈) မွေးမြူလွယ်ရမည်၊ (သူတစ်ပါးအပြုအစု မခက်စေရ)
(၉) အမှုကိစ္စနည်းပါး ရမည်၊ (အပိုအလုပ်တွေ နည်းရမည်)
(၁ဝ) ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိရမည်။
(၁၁) ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
(၁၂) ရင့်ကျက်သော ပညာရှိရမည်။
(၁၃) ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်းမရှိရာ။
(၁၄) ဒါယကာတို့၌ တပ်မက်မှုကင်းရမည်။
(ဒကာစွဲ၊ ဆရာစွဲ၊ လူမျိုးစွဲကင်းရမည်။)
(၁၅) ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်မှုကို စိုးစဉ်း အနည်းငယ်မျှလည်း မပြုမကျင့်ရာ။
ဂ(ခပ်သိမ်းသော သတ္တဝါတွေ ချမ်းသာကြပါစေ။
ခပ်သိမ်းသော သတ္တဝါတွေ ဘေးကင်းကြပါစေ။
ခပ်သိမ်းသော သတ္တဝါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။)ဂ

မေတ္တာပွားနည်း

၎။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာ ဝ နဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။

၅။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊
ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ကြွင်းမဲ့ဥဿုံအလုံးစုံသော (ထွက်သက် ဝင် သက်ရှိ)သတ္တဝါ (ထွက်သက်ဝင်သက်မဲ့)သတ္တဝါတို့ သည်လည်းကောင်း၊ ထိတ်လန့်တတ်သော(ပုထုဇဉ် သေက္ခ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ စိတ်ဓာတ် ခိုင်ခံ့သော(ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ခန္ဓာကိုယ်ရှည်သော သတ္တဝါတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်ကြီးသော သတ္တဝါတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်အလတ်စားရှိသော သတ္တဝါတို့သည်လည်း ကောင်း၊ ခန္ဓာကိုယ်ပုတိုသော သတ္တဝါတို့သည်လည်း ကောင်း၊ ခန္ဓာကိုယ်သေးငယ်သော သတ္တဝါတို့သည် လည်းကောင်း၊ ခန္ဓာကိုယ်ဆူဖြိုးသော သတ္တဝါတို့သည် လည်းကောင်း၊ မြင်ဖူးသော သတ္တဝါတို့သည်လည်း ကောင်း၊ မမြင်ဘူးသော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌နေသော သတ္တဝါတို့သည်လည်းကောင်း၊ အနီး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ ဘဝ၌ဖြစ်ပြီး ကြသော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဘဝ အသစ်ကို ရှာမှီးနေကြကုန်သေးသော ပုထုဇဉ် သေက္ခ ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ခပ်သိမ်းကုန်သော သတ္တဝါ တို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသတည်း။

မှတ်ချက်။ ။ ဤဂါထာ၏ အသေးစိတ် မေတ္တာပွား နည်းကို မေတ္တသုတ်အဆုံးတွင် ပြထားပါသည်။

၆။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။

  • တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသကင်း ကြပါစေ။
  • တစ်ယောက်နှင့် တစ်ယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
  • တစ်ယောက်နှင့် တစ်ယောက် ဒေါသဖြင့်ချုပ်ချယ်မှု ကင်းကြပါစေ။
  • တစ်ယောက်နှင့်တစ်ယောက် (အချင်းချင်း) ဆင်းရဲ ဒုက္ခရောက်ခြင်းကို အလိုမရှိကြပါစေလင့်။


မေတ္တာရှင်တို့၏ စိတ်ထား

၇။ မာတာယထာ နိယံပုတ္တ
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု။
မာနသံ ဘာဝယေ အပရိမာဏံ။
မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို အသက်ရှင်စေရန် အစဉ်စောင့်ရှောက်ဘိသကဲ့သို့ (အသက်နှင့်လဲ၍ အစဉ်စောင့်ရှောက်ဘိသကဲ့သို့) ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

မေတ္တာနယ်ပယ်
၈။ မေတ္တဉ္စ သဗ္ဗလောကသ္မိ
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။

အထက်၊အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်းမရှိသော၊ အတွင်းရန်၊ အပြင်ရန်ကင်းသော၊ အတိုင်းအရှည်မရှိသော (မေတ္တာ စိတ်ကို ပွားများရာ၏။)
ဣရိယာပုတ်လေးပါး မေတ္တာပွား

၉။ တိဋ္ဌံ စရံ နိသိန္နော ဝ၊
သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မမေတံ ဝိဟာရ မိဓ မာဟု။

ငိုက်မျဉ်းခြင်းကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်သမျှ လျောင်းနေသမျှ ကာလပတ်လုံး ဤ (မေတ္တာနှင့် ယှဉ်သော) သတိကိုပွားများအံ့ဟု ဆောက်တည်ရာ၏၊ ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့် နေခြင်းကို မြတ်သောနေခြင်း (ဗြဟ္မဝိဟာရ)ဟူ၍ မြတ်စွာ ဘုရားတို့ ဟောတော်မူကုန်၏။

မေတ္တာသမထမှ ဝိပဿနာသို့

၁ဝ။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

(ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည်) သက္ကာယဒိဋ္ဌိသို့လည်း မကပ်ရောက်မူ၍ (လောကုတ္တရာ) သီလရှိသည်ဖြစ်လျက် သောတာပတ္တိမဂ်ဥာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တဖန်ပဋိသန္ဓေနေ ခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။

မေတ္တသုတံ္တ နဋ္ဌိတံ
မေတ္တသုတ်တော် ပြီး၏။


မှတ်ချက်။ ။ တရားတော်အသံကို နာယူလိုပါက ဤနေရာကို နှိပ်ပါ။

မင်းကွန်တိပိဋက ဆရာတော်၏ အရပ်(၁၀)မျက်နှာမေတ္တာပို့နှင့် မေတ္တာသုတ်တရားတော်


METTA SUTTA

DISCOURSE ON LOVINGKINDNESS

46.

yassanubhavato yakkha, nevadassenti bhisanam;

yamhi cevanuyunjanto, rattindivamatandito.




47.

sukham supati sutto ca, papam kinci na passati;

evammadi gunupetam, parritamb tam bhanama he.




48.

karaniyam atthakusalena, yanta santam padam abhisamecca

sakko uju ca suhuju ca, suvaco cassa mudu anatimani




49.

santussako ca subharo ca, appakicco ca sallahukavutti;

santindriyo ca nipako ca, appagabbho kulesvananugiddho.




50.

na ca khuddhamacare kinci, yena vinnu pare upavadeyyum;

sukhino va khemino horitu, sabbasatta bhavantu sukhitatta.




51.

ye keci panabhutatthi, tasa va thavara va-navasesa;

digha va ye va mahanta, majjhima rassaka anukathula.




52.

dittha va ye va additha, ye va dure vasanti avidure;

bhuta va sambhavesi va, sabbasatta bhavantu sukhitatta.




53.

na paro param nikubbetha, natimannetha katthaci na kanci;

byarasana patighasanna; nannamannassa dukkhamiccheyya.




54.

mata yatha niyamputtam ayusa ekaputtamanurakkhe;

evampi sabbabhuitesu, manasam bhavaye aparimanam.




55.

mettanca sabbalokasmi, manasam bhavaye aparimanam;

uddham adho ca tiriyanca, asambadham averamasapattam.




56.

tittham caram nisinno va, sayano yavatassa vigatamiddho;

etam satim adhittheyya, brahmametam vihara-midha-mahu.




57.

ditthinca anupaggamma, silava dassanena sampanno;

kamesu vinaya gedham, na hi jatuggabbhaseyya puna-reti.


Metta Suttam Nitthitam.

Khuddakapatha 10-11; Suttanipata 300-302


3. METTA SUTTA

( Metta=Love; Affection; benevolence; eros; agape amour; Loving-kindness. )

Discourse on Love

Introduction
46.

Due to the glorious power of this discourse on Love, spirits dare not disclose the frighful sights.

One who devotes to himself this doctrine day and night diligently.

47.

sleeps soundly and does not see any nightmare when asleep.

Oh thou! Let us recite this doctrine endowed with such and other merits.

48.

He who is clever in the benefaction and who has anticipated in the attainment of the state of Perfect Tranquility

must work to be efficient, right, upright, discussable, gentle, and humble,

49.

Contented, well-bred, less responsible, of fugal livelihood, serene in faculties, prudent, modest, not hanker after the families.

50.

He must not commit even the slightest sin for which the wise men might censure.

He must contemplate thus:- may all sentient beings be cheerful and be endowed with happy secured life.

51.

Whatever breathing beings there may be the frail ones or the firm creatures, with no exception tall or stout, short or meduim-sized, thin or fat,

52.

Those which are seen or those unseen those who are dwelling far or near those who are already born or those still seeking to become yet.

May all these beings be endowed with happy-life.

53.

Let not one be angry with another, let him not despise anyone in any place

By means of physical and verbal provocation or by frustrated enmity,

Let one not wish another's suffering.

54.

Just like a mother would protect her baby, the only child, even so towards with her lifeall beings

Let one cultivate the (Agape) boundless spirit of love.

55.

Let him radiate the boundless of love rays towards the entire world, to the above, below, and across unhindered, without malice and enmity.

56.

While standing, walking, or reclining, as long awake without sloth, sitting, as he be

Let him devote himself to this mindfulness.

This is called in this religion as "Noble Living" (Holy life).

57.

If the meditator, without falling into wrong view (egoism), be virtuous, and endowed with perfect insight, has expelled passion in sensual desires,

he will surely come never again to be born in any womb. The end of Metta-sutta



The End of Metta Sutta

3. DISCOURSE ON LOVINGKINDNESS.

Historical Sketch

Lord Buddha was then residing at Savatthi in the pleasaunce of Anthapindika; and a group of monks received permission from the Lord to meditate in a distant forest during their retreat for the rainy season. The monks took shelter under huge trees as temporary residence and engaged themselves intensively in the practice of meditation.

The tree deities inhabiting this forest could not stay in their tree-abodes which were above the monks, for the monks were imbued with spiritual power due to meditation, and they had to come down to stay on the ground. So the deities were very much annoyed and frustrated; and when they realised that the monks would spend the whole rainy season there, they tried to scare the monks away during the nights. They purposely harassed the monks in various ways.

Living under such impossible conditions for some time, the disturbed meditators rushed back to the Buddha and informed about their difficulties. So the Buddha advised them to recite the text of Loving-kindness and to radiate the spirit of Love to all sentient beings. Encouraged by this media, the meditators returned to forest and practised in accordance with the instructions to permeate the entire atmosphere with the radiant thoughts of Love. The tree-gods were very much pleased to be affected by this power of love and thenceforth let the monks stay there to meditate peacefully without any further disturbances.

This discourse, as a matter of fact, is the Buddhist doctrine of Love, which promulgates the method of practice to disseminate Love in order to attain Purity and Peace to realize finally the Perfect Emancipation.

This sutta is composed of twelve stanzas, with two introductory verses beautifully set by the learned elder-monks of Burma.


The Minor Readings; P.T.S. tr. The Lovingkindncss Discourse, pp. 10-11

The Illustrator of Ultimate Meaning; P.T.S. tr. Ch. IX, pp. 265-294.


Metta Sutta

Translated from the Pali by Thanissaro Bhikkhu.

For free distribution only.

This is toTThis is to be done by one skilled in aims
who wants to break through to the state of peace:
Be capable, upright, & straightforward,
easy to instruct, gentle, & not conceited,
content & easy to support,
with few duties, living lightly,
with peaceful faculties, masterful,
modest, & no greed for supporters.


慈經
坦尼沙羅尊者英譯,良稹中譯

爲了解脫、獲得寧靜,

善達目標者當如此行:
能幹、端正、直接、
易教、溫和、不自滿、
知足、易養、
少管事、生活簡樸、
諸根寂靜、技能完善、
謙虛、對供養者不貪。


Do not do the slightest thing
that the wise would later censure
不做任何
事後受智者指責之事。


Think: Happy, at rest,
may all beings be happy at heart.
Whatever beings there may be,
weak or strong, without exception,
long, large,
middling, short,
subtle, blatant,
seen & unseen,
near & far,
born & seeking birth:
May all beings be happy at heart.

這樣想: 喜樂、平安,
願一切衆生心有喜樂。
一切衆生,
無論軟弱、強壯、
長、大、
中等、短小、
精細、粗顯、
可見、不可見、
遠、近、
已出生的、將投生的:
願一切衆生心有喜樂。


Let no one deceive another
or despise anyone anywhere,
or through anger or irritation
wish for another to suffer.

願人們不相互欺騙、
不鄙視任何地方的任何人,
不以怒意、敵意,
願他人受苦。


As a mother would risk her life
to protect her child, her only child,
even so should one cultivate a limitless heart
with regard to all beings.
With good will for the entire cosmos,
cultivate a limitless heart:
Above, below, & all around,
unobstructed, without enmity or hate.
Whether standing, walking,
sitting, or lying down,
as long as one is alert,
one should be resolved on this mindfulness.
This is called a sublime abiding
here & now.

如一位母親
舍命保護親子、獨子,
他更應對一切衆生
長養無量之心。
以對全宇宙的善意,
長養無量之心:
自上、自下、周遭,
無障礙、無敵意、無恨意。
無論站、行、
坐、臥,
凡清醒時,
他應當確立此念。
這稱為即時即地的
梵住之心。


Not taken with views,
but virtuous & consummate in vision,
having subdued desire for sensual pleasures,
one never again
will lie in the womb.

不受觀念左右,
有戒德與具足見,
滅除了感官貪欲,
他不再投胎。


《慈經》/張慈田  
  熟練善法及得到寂靜

熟練善法及得到寂靜,他應該要:
 
    能幹、坦誠、正直、善語、柔軟、不傲慢;
 
    知足、易養、少俗務、簡樸生活;
 
    六根寂靜、謹慎、謙虛、不貪著於家庭;
 
    他不應該犯智者會指責的任何過失。
 
 
    他應該要這樣發願:
 
  願所有眾生喜樂平安。
 
  願眾生充滿喜樂。所有眾生都包括在內,無論是動的、靜的,長的、粗的、中等
 
      的、短的,大的、小的,可見的、不可見的,遠的、近的,已出生的、未出生
 
      的,願他們都充滿喜樂。
 
  願在任何處所任何人都不相敵對、輕視。
 
  願任何人都不以憤怒、惡念加害於人。
 
  願修養無量的慈心對待一切眾生,
 
 
  像母親寧願犧牲生命護衛其獨子。
 
  願慈悲心廣被整個高處、低處、平坦的世界,無有障礙、瞋恚、仇恨。
 
  不管在行、立、坐、臥,任何時候都應該保持慈心的正念。這被認為是人間的梵
 
      界生活。
 
  不墮惡見,具足戒律及智見,斷除感官的貪欲,就不會再度投胎。
 
    Sutta-nipata(經集)I.8

【嘉義新雨】期刊第十三期, 臺灣, 1996.05


《慈悲經》簡介

《慈 悲經》是南傳小部經中小誦經之一,它是修持慈心禪(止禪)的重要參考經典。在此經中,佛陀宣示了修持善法的綱領,其中除較著重修習慈悲心的發願內容外,也 提醒我們修習慈悲心前的準備,即調昇德行或自利利他的優良行為和習慣,也包括進修正念(四念處觀禪),體證涅槃,獲得解脫。平實具體,層次分明,對於認真 追求世間幸福或出世間解脫的初心修行人士,極有參考價值。
我參考了數編中英文譯本重譯此經,並附加了數則簡註於本文之後,希望讀者能細心閱讀、思考、尋解、以及行持體證;更希望不幸的人生能迅速停止,幸福的人生能繼續維持、增長,以及無上的幸福(涅槃)能早日降臨行者身上。
慈 悲心是一種善法欲,初修慈心禪時,散發慈心和善念的對象不宜一開始就選擇自己不喜歡的人、自己的仇敵、或是異性。宜先向自己、然後選一自己最喜歡、仰慕或 專敬的人、然後喜歡的親友、然後不喜歡也不厭惡的人(如陌生人)、然後不喜歡的人、然後自己所厭惡的怨敵、最後是所有其他眾生。熟練後,亦可因應環境和需 求,向特定的某一(或某類)眾生或有情,集中散發善念,亦可一般性地,先向自己,後向所有眾生,或上下、四維所有眾生散發善念。例如:「願我能遠離危難、 憂慮、苦痛,得到快樂、安祥寧靜、以及對想望已久的好結果感到滿意。」「願所有眾生(或分為人、天人、其他眾生;亦可由近處漸漸推至遠處的人)皆能 …… 。」
現請看以下【附錄】中的《慈悲經》。

《慈悲經》 

一個善於修習善法,希望得到心境寧靜的人,他應如是努力:令自己能幹、正直、高潔、恭順、溫柔與謙虛。
他應知足、少欲、少俗務、生活簡樸、對感官欲樂有自制力、謹慎、不厚顏無恥,亦不貪戀眷屬。
他應勤求無過,以免遭到賢明人士的譴責;他應常發善願:
>
願一切眾生皆能快樂、安穩、以及心智健康。
>
願一切眾生 ── 無論是弱或強,高或矮,長或短,強壯或中等,大或小,看得到的或看不到的,住在遠方的或住在近處的,已生的或即將出生的 …,無一例外,皆心境快樂。
>
願不論何處,不管誰都不會欺騙任何人、蔑視任何人;願他在盛怒或惡意時,也不會傷害他人。
>
願他能像一個不顧自身安危、保護著她的獨子的母親一樣,培養到對一切眾生的無限慈愛。
>
讓他無限的慈愛普及全世界,遍於十方,沒有障礙與阻撓,沒有仇恨,也沒有敵意。
無論行、住、坐、臥,祇要醒著,他都必須發展他的正念(修習四念處),這才是智者所稱的"梵行 ── 最清高的行為"
沒有過失,但有戒德,且有洞察力地捨棄愛欲,依於真理,他將不再轉世輪迴。
[
]

(1) 慈悲:慈愛眾生(包括自己在內)並給與快樂(與樂),稱為慈;同感其苦,憐憫眾生,並拔除其苦(拔苦),稱為悲;二者合稱為慈悲。
(
2) 善:能於現在世、未來世中,給與自他利益之法,泛指與善心相應之一切思想行為。
(
3) 善法:指合乎於「善」之一切道理,即指五戒、十善、三學、六度。為「惡法」之對稱。五戒、十善為世間之善法,三學、六度為出世間之善法,二者雖有深淺之差異,而皆為順理益世之法,故稱為善法。
(
4) 賢明人士:通情達理、有道德或良好行為和習慣的各階層人士。


慈經注 序
明法比丘

《慈經》在上座佛教是家喻戶曉的一部經典,它並不是以美麗的詞藻,或動人的故事吸引人,而是其內容對美化內心有強大的作用,也對消災解厄有濟急的作用。

中國字「慈」,有「愛」、「惠」、「仁」之義,這些都是儒家及教育者的重要施教及修養德目。但是儒家、老莊思想等,並沒有全天候乃至經年累月修習 「慈」的教導。古代中國佛教雖沒有《慈經》,但是「慈愛」並沒有缺席,因為有觀世音的《普門品》,廣為民眾所喜愛、念誦及流傳。只是它是依靠菩薩大慈大悲 的他力加庇,跟依靠自力救濟的「慈心」不同。「慈心」的濟拔原理:即時在內心產生強大的慈念,令災厄(惡業的果報)中斷或消減,即大厄化小厄,小厄化更 小。

人間有種種苦難,小則病苦、不愉快、衝突、失意,大則打打殺殺乃至戰爭,這些苦難都是自己所造惡業的結果,無一樣是自然的,或者沒有原因的,或者 是由善業轉變成惡果。對於「救苦救難」一事,只能靠自己的善業來自救,上座部佛教並沒有依靠菩薩的想法,倒是發展出「護衛經」,以免除眾生的苦難。

佛教達到解脫的途徑是親近善友,聞法,論法,持戒,修禪,行八正道等,「法」本身就有自護、護他的力量,而「法」中的「慈」這一項,對滅除苦難則 特別有濟急的作用,因此,《慈經》就應運而出。《慈經》本身的義理即淺白易懂;再加上《慈經注》的詮釋,則更能深入「慈」的道理;編者於本書中,則再添加 「補注」與注解,以讓文義更為順暢與顯然。

最後,願所有讀誦、贊助、流通、贊歎慈經的人,或修習慈心者,都能充滿慈心,並晉身解脫之列。