လူပျံတော်ပတ္တမြား ဦးမောင်မောင်
ဦးမောင်မောင်သည် ရဟန်းဘ၀မှ လူထွက်ပြီးနောက် ရန်ကုန်မြို. ကပ္ပလီကွက်သစ် (ယခု တော်လှန်ရေးပန်းခြံအနီး) ၌ ဆင်းရဲချို.ငဲ.စွာ နေထိုင်ခဲ.ရ၏။
"ကျွန်တော် အဲဒီတုန်းက မွဲလိုက်တာ မပြောနဲ.တော.၊ ဓနိမိုးတန်းလျားမှာ ရိုက်စရာ သံမ၀ယ်နိုင်လို. ကြမ်းခင်းကို ရဲရဲမနင်းရဲဘူး။ ထိုးထိုးထောင်ထောင်နဲ.၊ အောက်ကဆင်.ကလဲ စုံအောင်မရှိတော. ခဲခုထားရတယ်။"
“ဒီလောက်မွဲတဲ.ကြားထဲ ကွဲနေတဲ.မိတ်ဆွေတွေ၊ အထူးသဖြင်. ကိုယ်.ဆရာသမားတွေတွေ.ရင် မကျွေးဘဲမနေနိုင်ဘူးဗျ၊ တွေ.ရာကနေ ဇွတ်ဆွဲခေါ် ဇွတ်ပင်.တာပဲ၊ အိမ်ကသာ ကြယ်မြင်လမြင်၊ ဆွမ်းကျွေးက မပြတ်ဘူး၊ တချို. ကိုယ်.ဆရာတော်တွေက အိမ်ကစုတ်တော. မလိုက်ချင်ကြဘူးပေါ.ဗျာ၊ မွဲလို. အလှူမခံရက်တာ၊ သနားတာလဲ ပါမှာပေါ.ဗျာ၊ ဒါပေမယ်. ကျုပ်က ဘယ်နေမလဲ ဇွတ်ပင်.တာပဲ။"
ဦးမောင်မောင်က တချိန်က သူဆင်းရဲခဲ.ပုံကို ကျွန်တော်.အား ပြောပြနေ၏။
“ကျွန်တော်က သာသနာ ချီးမြှောက်ချင်တဲ.လူဆိုတော
“ကျွန်တော်လဲ သာသနာကို ဦးတိုက်ပြီး လုပ်နေတာ မွဲပေမယ်. စိတ်ထဲကတော. မလျှော.ဘူး။ နေ.တိုင်း ပရိတ်ကြီး ၁၁ -သုတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားထိုင်၊ တတ်သရွေ.မှတ်သရွေ. ရတနာသုံးပါး ဦးထိပ်ထားပြီး လုပ်နေတာပေါ.ဗျာ။ လူရာမ၀င်ခင်တော. ရှက်စရာ ရယ်စရာပေါ.။"
“ဘယ်လောက်ထိ လုပ်လဲဆိုတော. ဆရာသမားများဆီကရတဲ. ဆေးနည်းကလေး စမ်းဖော်၊ ကိုယ်တိုင် မောင်းထုပြီး မြို.ထဲလှည်.ရောင်းရတာဗျာ.၊
ထို.ပြင် အတွင်းသိ မိတ်ဆွေတစ်ဦးကလည်း သူ.အကြောင်းနှင်. စပ်၍ - "ဒီလူက လူထူးဗျ ၊ အဲသလို တဲကုပ်လေးနဲ.သာ နေတယ်။ ဆွမ်းကျွေးပွဲမပြတ်သလို ဧည်.သည်လည်း မပြတ်ဘူးဗျ။ သူ.ကိုအားကိုးလာတဲ. ဧည်.သည်ဘယ်လောက်များများ သူ.အိမ်မှာ မစားဘဲနဲ.မသွားရဘူး၊ နောက်ဆုံး ပိုက်ဆံ မချောင်လည်တဲ.အလှည်.နဲ. ကြုံရင် ဧည်.သည်မသိအောင် အပေါင်ဆိုင်သွားပြီး အသစ်မရှိတောင် ခပ်လတ်လတ် အ၀တ်အစားကလေးတွေ သွားပေါင်ပြီး ဧည်.၀တ်ပြုတာပဲ။ နည်းနည်းလေးမှ မငြိုငြင်ဘူး၊ နှမြောတွန်.တိုမှု မစ္ဆရိယနည်းတာ ကျွန်တော်တို.မျက်မြင်ပဲ။ ဒါလဲ တကယ်.လက်တွေ.ကျရင် မလွယ်ဘူးဗျ။ ဒါကြောင်. ရှေးလူကြီးတွေက ဧည်.သည်လာရင် ဆီမကုန်စေနဲ.၊ ဆန်မကုန်စေနဲ.လို.ပြောတာ။ ကျွေးရပြီး စိတ်မထားတတ်ရင် ဆီကုန် ဆန်ကုန်ရုံပေါ.ဗျာ။" ဟုပြောဆိုသည်ကို မှတ်သားရဖူး၏။
ထိုဧည်.၀တ်ကို မငြိုမငြင်ပြုစုနိုင်သည်မှာ
ထိုသို.ဆင်းဆင်းရဲရဲဖြင်. ကိုယ်တိုင်မြန်မာ.ဆေးများ ဖော်စပ်ရောင်းချ လူငှားတစ်ယောက် အဖော်နှင်.၊ နောက် ဂျစ်ကားစုတ်ကလေးနှင်. တိုးတက်လာကာ မြန်မာပြည်အနှံ. လူပျံတော်ပတ္တမြားသွေးဆေး ဆိုင်းဘုတ်များနှင်.အတူ လူပျံတော်ပတ္တမြား သွေးဆေးတိုက်ပိုင်ရှင် ဦးမောင်မောင် ဒေါ်ငြိမ်းငြိမ်းမိသားစု ကောင်းမှု ဟူသော ဆိုင်းဘုတ်များကို ကျောင်းကန်ဘုရားအနှံ. မြင်သူတိုင်း သာဓုခေါ်ရသော အခြေအနေသို. ရောက်ရှိလာပေတော.သည်။
မန္တလေး ရန်ကုန်ရှိ အထူးသဖြင်. စာသင်တိုက်များ၊ ဓမ္မရိပ်သာများ၌ သူ၏ ကောင်းမှုများကို တွေ.နိုင်၏။ ပခုက္ကူနှင်. မန္တလေး အနောက်ပြင်၊ တောင်ပြင်ရှိ စာသင်တိုက်ကြီးများ၌ ရေအခက်အခဲရှိသဖြင်. စက်ရေတွင်း လှူခြင်း၊ တောင်မြို. (အမရပူရ) တူးမောင်းတိုက်၌ စက်ရေတွင်းနှင်. ကုဋီလှူခြင်း၊ မန္တလေး ၄၅ တာ အတွင်း ၂၅၀၀ ဓမ္မာရုံကြီးအနီး ၂ ထပ်တိုက် သဒ္ဓါဓိက ဓမ္မာရုံကြီး ဆောက်လှူ၍ အခမဲ. ဘုရားဖူးဧည်.ရိပ်သာတည်ခြင်း
"ကျွန်တော် မန္တလေး မစိုးရိမ်တိုက်မရောက်ခင် တောင်မြို. တူးမောင်းတိုက်မှာနေတုန်းက ကုဋီဟာ သိပ်ညစ်ပတ်သဗျာ.။ သူဋ္ဌေးတွေလဲ ရှိပါရဲ.။ သည်.ပြင် လူမြင်တဲ. ကုသိုလ်ပဲ လုပ်ချင်ကြတာ။ ကုဋီတော. ပုပ်စော်နံတဲ. ကုသိုလ်မလိုချင်ပါဘူး ဆိုပြီး သိတဲ.လူကလဲ ရှောင်သွားတာပဲ။ ကျွန်တော်ဒီဘက်ခေတ် ရောက်လို. သွားကြည်.တော. ဟိုတုန်းက ကျွန်တော်တက်ခဲ.ရတဲ.အတိုင်း
ကျွန်ုပ်နှင်. ရင်းနှီးစွာသိရသော အချိန်မှာ သူဋ္ဌေးဦးမောင်မောင် ဘ၀မှ သာသနာ.ဒါယကာ ဦးမောင်မောင် ဖြစ်နေပေပြီ။ ‘အဘိဓဇမဟာရဋ္ဌဂုရု’ မစိုးရိမ်ဆရာတော်ကြီးအား သက်တော် (၉၅နှစ်) အရ တာဝါလိန်းရှိခြံထဲ၌ နောက်ပါ သံဃာ လေးငါးပါးနှင်.အတူ ပင်.၍ နေ.စဉ် ဆွမ်းကွမ်း ဝေယျာဝစ္စများ လုပ်နေချိန်ဖြစ်၏။
ဆရာတော်ဘုရားကြီး၏ ဆန္ဒ၊ ဦးမောင်မောင်၏ သဒ္ဓါတရားအရ နိကာယ်သာသနာတော် ထွန်းကားရေး အသင်းကြီးကိုပင် ဖွဲ.စည်း၍ ‘နိကာယ် စာသင်တိုက်ကြီး’ ဆောက်ရန်၊ သိန်းသုံးဆယ်ကျော်တန် ‘ကျောက်စာ ဓမ္မစေတီတော်’ တည်ရန် စတင်အကောင်အထည်ဖော်လျက် ရှိနေ၏။
သာသနာပိုင်ဆရာတော်ဘုရားကြီး
ခြံထဲတွင် ဆရာတော်များ အမြဲသီတင်းသုံးရန် ၀ိနည်းတော်အရ အပ်အပ်စပ်စပ်ရှိဖို. သီးသန်.တိုက်ကြီး တစ်လုံးကိုပင် အပူတပြင်း ဆောက်လုပ်လှူဒါန်းလေးသည်။ ထိုတိုက် အုတ်မြစ်ချတူးဖော်နေခိုက် အစည်းအဝေးရှိ၍ ကျွန်ုပ် ရောက်သွားရာ လူသုံးယောက်က အုတ်မြစ်များကို တူးနေကြ၏။ ဦးမောင်မောင်ကား နေပူကျဲကျဲ ခြံစည်းရိုး ၀ါးရုံချုံအောက်၌ ခမောက်ကြီးဆောင်ပြီး အလုပ်သမားများကို စီမံနေရင်း ပါးစပ်က တတွတ်တွတ်နှင်. ပရိတ်ရွတ်နေသည်ကို တွေ.ရသည်။
‘ကိုဋ္ဌေးလှိုင် လာပါဦးဗျာ.’ ဟု ခေါ်၍ ရှေ.ဆက်လုက်ကိုင်ရမည်. သာသနာရေးကိစ္စများကို ဆွေးနွေးပြောဆိုကြ၏။ ဦးမောင်မောင်က ‘ လူတွေက ခက်တာပဲဗျာ.။ ခုဆိုရင် သတင်းစာထဲမှာ ဦးမောင်မောင်က သိန်းသုံးဆယ်ကျော်တန် ကျောက်စာဓမ္မ စေတီတော်ကြီး တည်မယ်ဆိုတာ ဖတ်ကြရတော. ကျွန်တော်.ကို သိန်းတစ်ရာနှစ်ရာ ချမ်းသာနေပြီလို. ထင်ကြတယ်။ သူတို.နဲ. ကိုယ်ချင်းစာကြတာပေါ.ဗျာ။ လူတွေဟာ တစ်ဆယ်ရှိမှ အလွန်ဆုံး တစ်ကျပ်လှူကြတာကလား။"
‘ကျွန်တော်.ကိုလဲ သူတို.လိုပဲထင်ပြီး တကယ်. မီလျံနာသူဋ္ဌေးကြီး အောက်မေ.နေကြသလားမသိဘူး။ ကျွန်တော်က လူတစ်မျိုးဗျ။ အခု ကျွန်တော် လုပ်တာ သာသနာအတွက် လုပ်နေတာ။ သူတို.လို ဇိမ်ခံဖို. ဂုဏ်ဒြပ်ကြီးဖို. မဟုတ်ပါဘူး။ တကယ်လဲ ကျွန်တော်.လက်ထဲမှာ ငါးသောင်းပြည်.အောင် မရှိပါဘူး။ ပြောရင် ယုံမှာမဟုတ်ဘူးဗျ..ခက်တာက။"
"သိန်းသုံးဆယ်ဆိုတာ လျှော.ပြောတာ ကိုဋ္ဌေးလှိုင်ရေ၊ ကျွန်တော် လုပ်ချင်တာက သိန်းတရာအနည်းဆုံး။ စိတ်ထဲရှိတာပြောရင် လူတွေက သူတို.လို ကိုယ်ချင်းစာပြီး ဒုက္ခပေးကြမှာစိုးလို.။ ရသေ.ကြီး ဦးခန္တီလို ငွေလုပ်တဲ.စက် ရှိသလားလို. စုံစမ်းခံနေရဦးမယ်ဗျာ.။ "
"ကျွန်တော်က ကိုယ်.ကိုယ်ကို ယုံကြည်တယ်လေဗျာ.. ငါလုပ်ရင် ဖြစ်တယ်ဆိုတာ။ ဒါ စိတ်ကူးယဉ်တာ မဟုတ်ဘူး။ အကြိမ်ကြိမ် ကျွန်တော်. လက်တွေ.ပဲ။ ဗေဒင် ဟောထားလို. ယုံစားနေတာမျိုးလဲ မဟုတ်ဘူး။ နေ.စဉ် ပရိတ်ရွတ်သဗျား။ ဂုဏ်တော်ပွား၊ တရားထိုင်သဗျား။ ဒါတွေကို ကျွန်တော်အားကိုးပြီး လုပ်နေတာဗျာ.။ ကျွန်တော်. ငွေလုပ်တဲ.စက်က ရတနာသုံးပါးပဲ။"
"ကျွန်တော် ဘောက်ထော် စွန်းလွန်းရိပ်သာ သဒ္ဓါဓိကဓမ္မာရုံ ဆောက်ဖို. ဆရာတော်ကို သွားပြီး တာဝန်ခံ လျှောက်ထားလိုက်တယ်။ အနည်းဆုံး ငါးသိန်းတန် ဆောက်ဖို. ဆုံးဖြတ်တယ်။ ဒါပေမယ်. အဲဒီအချိန်က လက်ထဲမှာ သောင်းကိုးထောင် လာတာ၊ မကြပါဘူး၊ ကျွန်တော်. ငွေလုပ်တဲ.စက်က ငါးသိန်းတန် ဓမ္မာရုံကြီး ပြီးသွားတာပါပဲ။ လူတွေက ရတနာသုံးပါးကျေးဇူးကို မယုံကြဘူးဗျာ.။"
ဦးမောင်မောင်သည် ခြေသလုံးအိမ်တိုင်ဘ၀မှ သိန်းပေါင်းများစွာ အကုန်အကျခံ၍ သာသနာ.ဒါယကာ ပြုလုပ်နိုင်သူ ဖြစ်၏။ မည်မျှ ချမ်းသာကြွယ်ဝသည်ဟု ကျွန်ုပ်တို.မသိသော်လည်း ချမ်းသာသမျှ သာသနာအတွက် ဟု စွန်.စားရဲသူ ဖြစ်သည်ကိုမူ ပြောဝံ.ပေ၏။
စိတ္တသူကြွယ် ကဲ.သို. အနည်းဆုံး တစ်ကျပ်ရှိလျှင် ပြားငါးဆယ်သည် သာသနာအတွက်ဟု လျာထားရာ မိမိနှင်.သာသနာကို မခွဲခြားဘဲ ကျင်.သုံးသူ အပ္ပဋိဝိဘတ္တ ဘောဂီ ဟုခေါ်ဆိုရလေသည်။
"ဦးလေးမောင်၊ ဦးလေးလို သဒ္ဓါများ၍ ကြွယ်ဝသူတွေကို ဓါတ်လုံးဆရာ၊ ၀ိဇ္ဇာဆရာတွေ မ တတ်တယ်။ သတိပြုပါ။ ကိုယ်.ဟာကို ပရိတ်ရွတ် ဂုဏ်တော်ပွား တရားသဖြင်. ကျင်.ကြံနေထိုင်လို. ကြီးပွားလာတာကို သူတို.တန်ခိုးနဲ. မစလို. ဖြစ်နေဦးမယ်။ သာသနာပြုတဲ. နေရာမှာလဲ ကျောင်းကန်ဘုရားကို မရှိမဖြစ်တဲ. နေရာမျိုးမှာသာလုပ်ပါ။ ဗဟိဒ္ဓသာသနာ၊ ရုပ်ဝတ္ထု သာသနာ ဟာ အရေးမကြီးဘူး၊ အင်အားလဲမပါဘူး။ ကိုယ်ပိုင် အဇ္ဈတ္တိကသာသနာ အရေးကြီးပါတယ်" စသည်ဖြင် ဆွေးနွေးရှင်းပြခဲ.ဖူး၏။
ဦးမောင်မောင် ထိုယုံကြည်ချက်နှင်. အသိဥာဏ်ဝင်လာသည်မှာ ပင်ကိုယ်အခံရှိသကဲ.သို. ဆရာကောင်းသမားကောင်း အမှီရခြင်းကြောင်.လည်း ဖြစ်ပေသည်။
ဆရာကောင်းသမားကောင်းအမှီဟူသ
"ကိုဋ္ဌေးလှိုင် ၊ ကျွန်တော် ခုလိုအသိဥာဏ်ရတာ ခင်ဗျားဆရာ၊ ကျွန်တော်.ဆရာ ဒီဆရာတော်ဘုရားကြီး ကျေးဇူးပဲဗျ။ ပထမကတော. ဒီလောက်မယုံဘူး ဆိုပါတော.။ ရတနာသုံးပါး ဦးထိပ်ထားပြီး သာသနာပြုလုပ်ငန်းကို တော်တော်ကလေးလည်း လုပ်မိရော ကောင်းကောင်းကြီးယုံစရာတွေ တွေ.လာတာပဲဗျ’။
ဦးမောင်မောင်သည် မစိုးရိမ်ဆရာတော်ဘုရားကြီး၏
ဦးမောင်မောင်ကိုယ်တိုင်လည်
ရတနာသုံးပါးကျေးဇူးသိ၍ အဇ္ဈတ္တိကသာသနာခေါ် ကိုယ်ပိုင်စွမ်းအား ရှိထားသူတို.သည် နတ်သိကြား မ သည်ထက်ပင် ချမ်းသာကြွယ်ဝလိုတိုင်းရ၍ မကြောင်.မကြပင် သာသနာပြုနိုင်ကြလေသည်။
တိုက်ပြိုင် ကားပြိုင် မိဘတို.မှ မွေးဖွားသည်. တိုးတက်သည်ဆိုသော နှောင်းခေတ်လူငယ်တို.ကား ထိုကျောင်းဒကာများကို မကြားဖူးရှာကြ။ ထိုကျောင်းတိုက်ကြီးမျိုးကိ
ထိုကျောင်းတိုက်ကြီးမျိုးကိ
ယင်းသို. သာသနာတော်ကို အခြေခံကျကျ တည်ဆောက်ထားသော ပင်မ အင်အားများနှင်. အလှမ်းကွားနေခဲ.ရသူများအတွက
ထိုသို.သော ခေတ်လူငယ်များအတွက် ပိုက်ဆံရှိရင် ဘာမဆိုလုပ်နိုင်၊ လှူနိုင်သည်၊ ရှိလို. လှူကြတာပဲ ဟူသော အတွေးအထင်များနှင်. ပေးလှူရင် ကုန်ဆုံး၍ ကျင်.ကြံရင် ပင်ပန်းရုံပါပဲ ဟူသော ခံယူချက်များကို ရှင်းလင်းပြောကြားပေးရန်မှာ
ကိုယ်ပိုင်အင်အား သတ္တိနှင်. ရတနာသုံးပါးကျေးဇူးကို သြကာသ အစက ပြန်၍ကောက်ကြရန် တိုက်တွန်းဖို.သာရှိတော.သည်
ဆရာကောင်း သမားကောင်း ၊ ရဟန်းကောင်းများကို ဆည်းကပ်ရ၍ ကြီးမားသော သာသနာ.တာဝန်ကို ထမ်းဆောင်နေရသူများ၌ ဘာသာရေးမှိုင်းမိကာ မသေချာသော အနာဂတ်၊ စိတ်ကူးယဉ် ရည်မှန်းချက်ကြီးများကို ရင်ဝယ်ပိုက်၍ ယခုကဲ.သို. အင်တိုက် အားတိုက် လုပ်နေကြခြင်းမဟုတ်၊ ကိုယ်ပိုင်ဥာဏ် ကင်းမဲ.ကာ သဒ္ဓါလွန် ယုံလွယ်သူများလည်း မဟုတ်။
သူတို.၌ တစ်စတစ်စ သိမြင်လာသော လက်တွေ.များရှိကြ၏။ လှူရင်း လှူရင်း၊ ကျင်.ရင်း ကျင်.ရင်းက သာသနာ၌ အသက်ကိုပင်စွန်.ကာ အလျော်အစား လုပ်ရဲလာကြသည်။
ကိုယ်ခံ အင်အားကြောင်. ထပ်ကူအင်အားကောင်းများ ကိန်းဝပ်လာကာ’သာသနာအတွက် ဘာပဲလုပ်ရလုပ်ရ၊ အသက်ပင်သေပစေ’ ဟူသော စွန်.လွှတ်နိုင်စိတ်၊ စွန်.စားစိတ်များ အလိုလိုဝင်လာကြစမြဲပင်ဖြစ်သ
သီလ၏အင်အားသည် မည်မျှကြီးမား၍ ကိုယ်ချင်းစာ (မေတ္တ၊ သမာဓိ) စိတ်ဓါတ်တန်ခိုးသည် အနန္တပတ်ဝန်းကျင်တစ်ခုလုံး ရိုက်ခတ်လွှမ်းဖုံးကာ မည်မျှလောက် ဆွဲဆောင်စည်းရုံးနိုင်အားရှ
ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးကြီးပင် အလှူရဲ၍ ဘကျပဏ္ဍာကျီကြများ တက်တက်ပြောင်အောင် မွဲသွားကာ ကုန်းကောက်စရာမရှိသော ဘ၀သို.ရောက်အောင် နှောက်ယှက်တတ်သော အမွှေဓါတ်၏သဘောနှင်. ဖြူစင် မြင်.မြတ်၍ မလျှော.သော စိတ်ဓါတ်ကြောင်. တပ်ကူအင်အားကောင်းများဝင်လာ
ကာလတန်ကြေးအရ ဦးမောင်မောင်၏ အရပ်ရပ် ပြုလုပ်ပြီး ကောင်းမှုများမှာလည်း ခန်.မှန်းခြေ သိန်းပေါင်းမြောက်များစွာရှ
ဦးမောင်မောင် အလိုရှိသော ရက်ပိုင်းအတွင်း၌ပင် (အလွန်ထူးခြားလှသည်ဟု မဆိုသာသော) သူ.ဆေးများမှ ထောင်နှင်.သောင်းနှင်.ချီ၍ ငွေများရလာတတ်၏။
ထိုသဘောများကို တစ်စတစ်စ သိမြင်လာသောအခါ သာသနာအတွက် ပေးလှူရမည်. ဟာကွက်ကိုသာ ငံ.လျက်နေမိခဲ.ကြ၏။ ပရိတ်ရွတ်ရင်း၊ တရားထိုင်ရင်း၊ ရောင်းရင်းဝယ်ရင်း ၊ စားရင်းသောက်ရင်းနှင်. သာသနာပြု၍ မတင်းတိမ်ခဲ.ကြ။
ဦးမောင်မောင်သည် ထိုသာသနာပြုလုပ်ငန်း လုပ်လက်စများကို လက်လွှတ်ရကာ ၁၃၃၇ ခုနှစ်၊ သီတင်းကျွတ်လ၊ အသက် (၆၇) နှစ်အရတွင် ကွယ်လွန်ခဲ.ရရှာ၏။
‘ကျွန်တော် ဒီနည်းကိုရတာ နည်းနည်းနောက်ကျသွားသဗျာ။ ခပ်ငယ်ငယ်ကသာ ရလိုက်ရင် သာသနာပြုရတာ ဘယ်လောက်ပျော်စရာကောင်းလိုက
( ရေနေ တစ်တောင်ရှိသော ရေတွင်းမှ ရေကို ခပ်ယူပြီး သုံးစွဲသော်လည်း မကြာမီ တစ်တောင်ပြည်.အောင် ရေပြန်ထွက်မြဲဖြစ်၏။ ကုန်မည်စိုး၍ မခပ်ယူ မသုံးစွဲလျှင်လည်း ရေတစ်တောင်သာရှိ၏။(ကြောင်ပန
ဓမ္မာစရိယဦးဋ္ဌေးလှိုင်
( ရတနာသုံးပါးကျေးဇူး စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်)