အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက် ကြပါစို့
မြန်မာတို့သည် ရေခံမြေခံ ကောင်းများဖြင့်
အတိတ်ကောင်း၊ သမိုင်းကောင်း အစဉ်အလာများ ထင်ရှားစွာ ရှိခဲ့သော လူမျိုးများ
ဖြစ်သည်။ ကိုယ်တိုင် ရပ်တည်နိုင်သော နိုင်ငံ၊ ထင်ရှားသည့် လူမျိုး၊ ဘာသာ၊
ကိုးကွယ်မှု၊ ဘာသာ စကား၊ စာပေ၊ ဂီတ၊ အနုပညာ၊ လက်မှု အသက်မွေးမှု ပညာရပ်
များဖြင့် ယဉ်ကျေးမှု အမွေအနှစ် များစွာ လိမ်းကျံ ထုံမွမ်းသော နိုင်ငံအဖြစ်
ထူးခြား ထင်ရှားစွာ ရပ်တည် လာခဲ့သည်။
မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများသည်
ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမဖြင့်''ရှက်ခြင်း၊ ကြောက်ခြင်း'' ဟူသော ဟီရိသြတ္တပ္ပ
လောကပါလ တရားနှစ်ပါး အခြေခံ၍ တိုင်းရင်းသား လူမျိုးစု တို့၏ ယဉ်ကျေးမှု၊
လူမှု ကျင့်ဝတ်များကို စောင့်ထိန်း လာခဲ့ကြပေသည်။ မြန်မာတို့သည် ဇာတိကို
ချစ်သည်။ နိုင်ငံကို ချစ်သည်။ အသိ ဥာဏ် ကြွယ်ဝ၍ ဘာသာ သာသနာကို ရိုသေ
လေးမြတ်သည့် နှလုံးသား လှပ ကိုယ် ကျင့်သိက္ခာ ပြည့်ဝသည့် လူမျိုးများ
ဖြစ်ခဲ့ကြသည်။ ဤကဲ့သို့ အစဉ်အလာ ကြီးမားစွာ နက်ရှိုင်းပြီး မြတ်နိုး
နှစ်သက်ဖွယ် ယဉ်ကျေးမှု အမွေများကို မယိမ်းမယိုင် ခိုင်မြဲအောင် ထိန်းသိမ်း
ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပေသည်။ ယဉ်ကျေးမှု ကွယ်ပျောက်လျှင်
လူမျိုးပျောက်မှာ စိုးရပါသည်။ မြေမျို၍ လူမျိုး မကွယ်ပျောက်၊ လူမျိုမှသာ
လူမျိုး ကွယ်ပျောက် နိုင်ပါသည်။
မြန်မာတို့၏ ကိုးကွယ်ရာ ဘာသာ တရားကို
ရဟန်းတော်များက ဦးဆောင် ပါသည်။ ထို့ပြင် ဆရာတော်ကြီး များသည် အမျိုး၊ ဘာသာ
သာသနာကို ကာကွယ်ရန် တာဝန် ရှိကြောင်းကို ဆုံးမ ဟောကြားတော် မူကြပါသည်။
ဆရာတော်များသည် ဓမ္မစာပေ များကို ရေးသားကြ သကဲ့သို့ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တို့
အမြင်မှန်၊ အသိမှန်များ ရစေရန် ဟောကြားခြင်းများ ရှိပါသည်။ ဆရာတင်မှား၍
သံသရာ တစ်လျှောက်လုံး မမှောက်စေရန်နှင့် ကိုးကွယ်ရာ အစစ်အမှန် ကိုလည်း
ညွှန်ပြတော် မူကြပါသည်။
မြန်မာနိုင်ငံကို နယ်ချဲ့တို့ သိမ်းသွင်း
အုပ်ချုပ်စဉ် မြန်မာတို့ အိုးအိမ် တိုက်တာ အဆောက်အအုံ များနှင့်အတူ
အကျင့်စာရိတ္တ များပါ ပျက်ယွင်း လာခဲ့ရသည်။ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို
ထိပါး ရိုက်ခတ်ခြင်း ခံလာရတော့သည်။ မြန်မာတို့၏ ရိုးသားခြင်း၊ အသိဥာဏ်
အတွေးအခေါ် မကျယ်ပြန့်ခြင်း၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်း ရမည်ကို
အလေးအနက် ထားရမှန်း အသိများ နည်းပါး ခဲ့ကြသည်။
မြန်မာတို့သည်
စိတ်ကောင်းရှိ၏။ ဧည့်ဝတ် ကျေပွန်၏။ လူချင်း ခင်လာလျှင် မည်သူ့ကို မဆို
ဆွေမျိုး အရင်းသဖွယ် ပေါင်းသင်း ဆက်ဆံ ယုံကြည် တတ်ကြသည်။ ပစ္စည်း ဥစ္စာကို
ရှာဖွေလျှင် ဖြစ်စေ၊ သုံးစွဲလျှင် ဖြစ်စေ၊ စနစ်တကျ မရှိ ပေါ့ဆစွာ သုံးသည်။
ကုန်၍ ကုန်မှန်းမသိ၊ မွဲပြာကျမှ လူမျိုးနှင့် ဘာသာတရားကို မျက်ကွယ်ပြု၍
ဖြစ်သလို ရင်ဆိုင်ကြသည်။ ဤအားနည်းချက်ကို အခွင့်ကောင်းယူ၍ တိုင်းတစ်ပါးသား
များက ဗဟုသုတ နည်းပါးပြီး ရိုးသားသော မိဘများကို ငွေကြေး ပစ္စည်းများနှင့်
မျှားကာ မြန်မာ မိန်းကလေးတို့အား အထင်သေးစွာ ချဉ်းကပ် သိမ်းပိုက် ကြလေသည်။
တိုင်းတစ်ပါးသား တို့သည် ယခင်က
အလုပ်လုပ်ရန်၊ စီးပွားရှာရန် မြန်မာ နိုင်ငံသို့ ရောက်လာကြသည်။ မြန်မာတို့က
ထိုသူတို့ကို ခိုင်းခဲ့ကြသည်။ ကာလ ကြာလာသော် မြန်မာတို့ကို သူတို့က
ပြန်လည် ခိုင်းစေ နေပေပြီ။ ပစ္စည်း ဥစ္စာများဖြင့် ဆင်းရဲ နွမ်းပါးပြီး
ဗဟုသုတ နည်းပါးသော အမျိုးသမီး များကို သိမ်းပိုက်ကြသည်။ မိဘ ဆွေမျိုး
အသိုင်းအဝိုင်း အချို့ကလည်း ပစ္စည်းဥစ္စာ ချမ်းသာသည်ကို ကျေနပ်အားရ
ဂုဏ်ယူကြသည်။ အမျိုးပျက်၊ ဘာသာပျက် သွားသည်ဟု ဂရုမထား မိတော့ပါ။ ၎င်းတို့
မွေးဖွား လာသော ရင်သွေးများကား မြန်မာသွေး၊ မြန်မာလူမျိုး များ
မဟုတ်တော့ပါ။
လွန်ခဲ့သော အနှစ်လေးဆယ်က ဖြစ်ပါသည်။
စာရေးသူနှင့် ခင်မင်ရင်းနှီး သော ဘွဲ့ရ ပညာတတ် ဝန်ထမ်းကောင်း တစ်ယောက်
ဖြစ်သည့် သူငယ်ချင်း အမျိုး သမီး တစ်ယောက်သည် ဂျပန် နိုင်ငံသား
တစ်ယောက်နှင့် အကြောင်း ပါသွားပြီး ဂျပန် နိုင်ငံသို့ လိုက်သွားပါသည်။
တချို့ သူငယ်ချင်းများက သူမ ချမ်းသာနေကြောင်း၊ မြန်မာ နိုင်ငံသို့
ပြန်လာလျှင် သူ့ဆွေမျိုးများကို ထောက်ပံ့သွားကြောင်း၊ လှူဒါန်း
သွားကြောင်းကို အားကျခြင်း၊ ဂုဏ်ယူခြင်း များဖြင့် ပြောဆိုပါသည်။
စာရေးသူကား ဂုဏ်မယူနိုင်ပါ။ သူမ ချမ်းသာသည်ကို ဝမ်းသာသော်လည်း မြန်မာ
နိုင်ငံသား မဖြစ်တော့၍ နှမြောတသ ဖြစ်မိပါသည်။ ပညာတတ် ဝန်ထမ်းကောင်း မြန်မာ
နိုင်ငံသား တစ်ယောက် ဆုံးရှုံး၍ ဖြစ်သည်။ သူ၏ မျိုးဆက်များ မြန်မာ လူမျိုး
ဖြစ်မလာ နိုင်တော့ပါ။
နောက်ထပ် သူငယ်ချင်း တစ်ယောက်လည်း
ရှိပါသည်။ သူမကား သံရုံး တစ်ရုံးမှ ဝန်ထမ်း တစ်ဦးနှင့်
အိမ်ထောင်ပြုပါသည်။ ကလေးနှစ်ယောက် ရပြီးသော အခါ အဆင်မပြေ ဖြစ်၍
အိမ်ထောင်ရေး ပြိုကွဲသွားပါသည်။ သူ့ခင်ပွန်းကနောက် အိမ်ထောင်ပြုသွားပါသည်။
သူငယ်ချင်း၏ဆန္ဒဖြစ်သော တစ်လင် တစ်မယား စနစ်ကား မိုးတိမ်နှယ် လွင့်ပါး
ပျောက်ကွယ် သွားခဲ့ရပါသည်။ သူမ၏ ရင်သွေးများကား သူမနှင့်နေပြီး မြန်မာ
လူမျိုးများ ဖြစ်နေခဲ့ပါ၍ တော်ပါသေးသည်။ မြန်မာတို့ ယဉ်ကျေးမှု ဓလေ
့အစဉ်တွင် ဆိုရိုးစကား တစ်ခု ရှိခဲ့ပါသည်။ ''အိမ်ထောင်မှု၊ ဘုရား တည်၊
ဆေးမင်ရည် စုတ်ထိုး ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန် ခက်သည့် အမျိုး''
ဖြစ်သည်။
မြန်မာလူမျိုး တို့သည် ဘုရားတည်ခြင်း၊
အိမ်ထောင်ပြုခြင်း၊ ဆေးမင်ရည်များ စုတ်ဖြင့် ထိုးရာတွင် တည်ပြီး၊ ပြုပြီး၊
ထိုးပြီးမှ ပြင်၍ ဖျက်၍ မရပါ။ ဘဝအတွက် အရေးပါကြောင်း ဖော်ပြသည့် စကားများ
ဖြစ်သည်။ ဘဝအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာ အတွက်ဖြစ်၍ နိုင်ငံ့ဂုဏ်၊
လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မိသားစု ဆွေမျိုးဂုဏ် မပျက်အောင် ဆင်ခြင်
ထိန်းသိမ်းရမည် ဖြစ်သည်။
ယခုအခါသည် Globalization အရ ကမ္ဘာကြီးသည်
ရွာကြီး တစ်ရွာ ဖြစ်လာပေပြီ။ အနောက်တိုင်းက ဖြစ်ပျက်သမျှ အရှေ့တိုင်း
နိုင်ငံများက တစ်ချိန်တည်း သိရှိနိုင်ပေပြီ။ ကွန်ပျူတာခေတ်၊ ဆက်သွယ်ရေး
ဂြိုဟ်တုခေတ်၊ အင်တာနက် ကွန်ရက်ခေတ်သို့ ရောက်ခဲ့ပေပြီ။ နိုင်ငံတကာမှ
ယဉ်ကျေးမှု များသည်လည်း မြန်မာ တို့၏ အစဉ်အလာ ကြီးမား ယဉ်ကျေး
သိမ်မွေ့ခဲ့သော ယဉ်ကျေးမှု တံခါးကို အတင်း ဝင်တိုးလျက် ရှိနေပြီဖြစ်သည်။
မြန်မာလူငယ် တို့သည် နိုင်ငံတကာ၏ ကောင်းသည့် အချက် များကိုသာ အတုယူ
စေချင်ပါသည်။ မကောင်းသည်ကိုတော့ အတုမယူ စေချင်ပါ။ မြန်မာ မိန်းကလေးတို့၏
ယဉ်ကျေး သိမ်မွေ့သော အမူအရာနှင့် ဣနြေ္ဒ ထိန်းသိမ်းမှုဖြင့် မြန်မာကို ကမ္ဘာက
အထင်ကြီး လေးစား စေချင်ပါသည်။
မြန်မာတို့ နိုင်ငံကိုချစ်ပြီး အမျိုး၊
ဘာသာ သာသနာကို သမိုင်းစဉ်ဆက် စောင့်ထိန်း ခဲ့သည်ကို သာဓက နှစ်ခုဖြင့်
တင်ပြပါမည်။ အေဒီ(၁ဝ၄၃- ၁ဝ၁၇) မွန်တို့ဌာနီ ဟံသာဝတီတွင် တိဿမင်းသည် မူလ
ဗုဒ္ဓ ဘာသာဝင် ဖြစ်သော်လည်း ဗြဟ္မဏ အမတ်များ သိမ်းသွင်းသော အခါ ဗုဒ္ဓ ဘာသာအား
ယုံကြည်မှု သဒ္ဓါတရား နည်းပါး၍ ဗြဟ္မာကို ကိုးကွယ်သူ ဖြစ်သွားသည်။ သူ၏
တိုင်းသူ ပြည်သား များအားလည်း ဗုဒ္ဓဆင်းတုတော် မကိုးကွယ်ရ၊
ကိုးကွယ်သူများကို သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ခဲ့သည်။ ဘာသာရေးထက် အသက်ကို
တွယ်တာသူ အများစုတို့သည် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓ ရုပ်တုများကို
ရေထဲသို့ မျှောချခြင်း၊ မီးရှို့ခြင်း၊ ဝေးလံလှသော တောနက်ထဲသို့ ပစ်ထားခြင်း
များဖြင့် အယူဝါဒကို စွန့်ကြသည်။ ဟံသာဝတီ မြို့သူ သူဌေးသမီးလေး တလထော်ကား
သူ့ကိုးကွယ်မှုကို မစွန့်၊ သူ့အိမ်ထဲတွင် ဗုဒ္ဓ ဆင်းတုကို ကိုးကွယ်လျက်
ရှိသည်။
တစ်နေ့သောအခါ အခြွေအရံ များနှင့်အတူ
ရေချိုး ဆင်းသောအခါ ရေထဲတွင် မျောလာသော ဆင်းတုတော် ရှစ်ဆူကို မိမိ
ကိုယ်တိုင် ဆယ်ယူ၍အခြွေအရံ များကို လည်း ဆယ်ယူ စေသည်။ ရံရွေများက ရုပ်တု
ကိုးကွယ်လျှင် သတ်ရန် ဘုရင်ကြီးက အမိန့်ထုတ် ထားကြောင်း မဆယ်ယူရန်
တားမြစ်ကြသည်။ တလထော်က အသက် သေရန် မကြောက် ဗုဒ္ဓဆင်းတုတွေ သယ်ယူခြင်းကို
သူတာဝန် ယူကြောင်း ပြော၍ ဆယ်ယူ ကိုးကွယ် ခဲ့ကြသည်။
ဘုရင်တိဿ ကြားသောအခါ
တလထော်အား ဖမ်းဆီးပြီး ဆင်ဆိုးကြီး များကို အရက်ပြင်း တိုက်၍ အကြိမ်ကြိမ်
ထိုးသတ် စေခဲ့သည်။ ဆင်များကား သရဏဂုံ တည်သူ တလထော်အား မထိုးဝံ့ဘဲ
ဝူးဝူးဝါးဝါး အော်ကာ နောက်သို့ ဆုတ်ပြေး သွားကြသည်။ ဆင်နင်း၍ မသေ မီးဖိုကာ
မီးဖြင့် ရှို့သော်လည်း အလျှံ တညီးညီး ထိုမီးသည် တရားရှင် မလေး တလထော်အား
မွေးညင်း တစ်ပင်မျှပင် လောင်ကျွမ်းစေခြင်း အလျဉ်း မပြုနိုင်ခဲ့ချေ။
နောက်ဆုံး မြေဖို့ သတ်ရန် စီစဉ်ပြီး မြေမဖို့မီ ဘုရင်က သင့်အိမ်က
ဗုဒ္ဓရုပ်တု ရှစ်ဆူကို ဤနန်းရင်ပြင် အတွင်းသို့ ကောင်းကင်မှ ဈာန်ဖြင့်
ကြွလာအောင် ပင့်ဆောင်နိုင်လျှင် အသက် ချမ်းသာပေးမည်။ သူကိုယ်တိုင် ဗုဒ္ဓဘာသာ
အဖြစ် ခံယူမည်ဟု ပြောဆိုလေသည်။ ဘုရင်နှင့် သူ၏ အမတ်တို့ကား တလထော်
မလုပ်နိုင်ဟု ယုံကြည် ကြလေသည်။
တလထော်က ရတနာ သုံးပါးကို ယုံကြည်သူ ဖြစ်၍
''ဗုဒ္ဓ ဆင်းတုတော်များကို အသက်နှင့် ရင်းကာ ကိုးကွယ် ပူဇော် ခဲ့ပါသည်။ ရတနာ
မြတ်သုံးပါး ဂုဏ်တော် အနန္တ ကြီးမြတ်တော် မူပါသည်။ ဤမှန်သော
သစ္စာစကားကြောင့် မြတ်စွာဘုရား ကိုယ်စား ရုပ်ပွားတော် ရှစ်ဆူ တို့သည်
တိဿဘုရင် နန်းရင်ပြင်ပေါ် ကောင်းကင်ထက်၌ ကြွလာစံပယ် တည်တော်မူ ကြပါစေသား''
ဟု သစ္စာဆို ဆုတောင်း လိုက်ပါသည်။ သစ္စာစကား ဆုံးသည်နှင့် ဗုဒ္ဓရုပ်ပွား
ဆင်းတုတော် ရှစ်ဆူသည် ကောင်းကင်ခရီးက ဈာန်ဖြင့် ဘုရင့် နန်းတော်
ကောင်းကင်ယံဝယ် ရွှေရောင် တဝင်းဝင်း ရောက်ရှိ စံမြန်း နေပါတော့သည်။
တိဿဘုရင်နှင့် တိုင်းသူ ပြည်သားတို့သည် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်သွားကြ သည်။
ပုဂံပြည့်ရှင် ကျန်စစ်သား မင်းကြီးသည်
သမီးတော် ရွှေအိမ်စည်နှင့် အရိယံ နွယ်ဖွား ပဋိက္ကရား မင်းသားတို့ လူငယ်ဘာဝ
ရည်ငံနေကြသည်ကို သိသောအခါ အမျိုး ဘာသာ သာသနာ အတွက် ပြင်းထန်စွာ ငြင်းဆန်
ခဲ့ပါသည်။ တူတော် စောယွန်း မင်းသားနှင့် သမီးတော်ကို လက်ဆက် ပေးခြင်းဖြင့်
စောင့်လေမျိုးနွယ် အစဉ်အလာ ကို အလေးထား ထိန်းသိမ်း ခဲ့သည်ကို မြန်မာ့
သမိုင်းတွင် ထင်ရှား ရှိခဲ့သည်။
မြန်မာနိုင်ငံသည် အာရှနိုင်ငံ
အသီးသီးနှင့် ဆက်နွှယ်သော လမ်းကြီးများဖြင့် ကမ္ဘာတစ်ဝန်းနှင့် ရေလမ်း၊
ကုန်းလမ်း၊ လေလမ်း အသီးသီး ဆက်သွယ် သွားလာ ကြတော့မည်။ အမျိုးသမီး၊
အမျိုးသားများ အိမ်ထောင်ဖက် များကို ''ကျား'' ဖြစ်လျှင် ပြီးရော၊
''မ''ဖြစ်လျှင် ပြီးရော သဘော မထားဘဲ လူမှုရေး၊ စီးပွားရေး၊ ဘာသာ သာသနာ အရေး
ချင့်ချိန် တွေးတောပြီး လူမျိုးစည်းကို စောင့်ထိန်း ရပါမည်။ လူ့စည်းကို
မစောင့်ထိန်း နိုင်ပါလျှင် လူမျိုးပါ ကွယ်၍ အမျိုး၊ ဘာသာ သာသနာပါ
ပျောက်ကွယ် နိုင်သည်ကို သတိထား ရပေမည်။
စာရေးသူတို့ မြန်မာများသည် ခေတ်အဆက်ဆက်
မညံ့ခဲ့ကြပါ။ ယခုအခါ နိုင်ငံတော် အနေဖြင့် ဘက်ပေါင်းစုံမှ ပွင့်လင်း
မြင်သာစွာ မီးမောင်း ထိုးပြ၍ နိုင်ငံတော် ကြီးကို ခေတ်မီဖွံ့ဖြိုး
တိုးတက်အောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ များကို မြှင့်တင်
ဆောင်ရွက် နေကြပြီ ဖြစ်သည်။ မြန်မာလူမျိုး အချင်းချင်း လက်လှမ်းမီ သလောက်
အသိတရားများ မျှဝေ ပေးခြင်းဖြင့် ဝိုင်းဝန်း တူညီစွာ စောင့်လေမျိုးနွယ်
ဟူသော မြတ်စွာဘုရား ဟောကြားသည့် သိင်္ဂါလောဝါဒ သုတ်လာ အတိုင်း အမျိုး ဘာသာ
သာသနာကို စောင့်ထိန်း နိုင်ရန် တင်ပြအပ်ပါသည်။
မေချို(ပျဉ်းမနား)