ဂုဏ်ယူစရာ ရွှေမြန်မာ Proud to be a Myanmar
အမှာစကား
ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ တင်ခဲ့ပါတယ်။ အခုမှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့ နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ (မြန်မာ နိုင်ငံ ကလေးများနေ့) အထိမ်းအမှတ် အနေနဲ့ မြန်မာလို အလျင်းသင့် သလိုပြန်ရေးပါတယ်။ ဆားချက်တာ မဟုတ်ပါ။ အစ အဆုံးအားထုတ်ရပါတယ်။ အခု ခေတ်လူငယ် တွေအများစုဟာ ဖေဖော်ဝါရီလ ကိုရောက်ရင် ၁၂ ရက်နဲ့ ၁၃ ရက်ကို ကျော်ပြီ ၁၄ ရက်ကို ပဲ စောင့် မျှော် ပြီးတော့ ဘာလုပ်ရမလဲ၊ ဘာလုပ်ရင် ထူးခြား နိုင်မလဲ ဆိုတာ အမျိုးမျိုး တွေးတောကြံဆ ပြီး တကယ်လဲ ပိုက်ဆံကုန်၊ အချိန်ကုန်၊ လူပင်ပန်း ခံပြီး အထိမ်း အမှတ်တခုခု ပျော်ပျော်ပါးပါး လုပ်ကြပါတယ်။ တကယ့် အထိမ်းအမှတ် နေ့တွေ ကိုကျတော့ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် ထက် ပိုပြီး ဘာမှမခံစားကြပါဘူး။ ယနေ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး လွတ်လပ် ရေးရ စေရန်အတွက် အရေးအကြီး ဆုံး အခန်းကဏ္ဏ အနေနဲ့မြန်မာ့သမိုင်းစာမျက် နှာက လုံးဝ ဖယ်ဖျောက် လို့မရနိုင်တဲ့ ပင်လုံစာချုပ် နဲ့ မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရဲ့ မွေးဖွား ရာ နေ့တွေ ကို တော့ ဖြင့် ယနေ့လူငယ်တွေရဲ့စိတ်ထဲမှာ ဘယ်သော အခါမှ မမေ့သင့် အရာများ အဖြစ် အမြဲ စွဲနေစေချင် ပါတယ်။
   ဒီပို့စ်
  ဟာ အကြောင်းအမျိုးမျိုး နဲ့  အမိမြေနဲ့ ဝေးရာ နိုင်ငံရပ်ခြား  
ကိုရောက်နေတဲ့ ပြည်ထောင်စု ဖွား  တိုင်းရင်းသား ညီအကို မောင်နှမ အားလုံး  
ကို အထူးသဖြင့် ရည်ရွယ်ပါတယ်။  အမိနိုင်ငံတော် ရဲ့ အခြေအနေ အရပ်ရပ်ကြောင့် 
 ရောက်ရှိရာ နိုင်ငံရပ်ခြား မှာ  အမျိုးမျိုး စိတ်အားငယ်၊ အောက်ကျ နောက်ကျ 
 ဖြစ်နေတဲ့ စိတ်ဓတ် မျိုးတွေ  ပျောက်စေချင်တဲ့ စေတနာ က အရင်းခံပါ။ တကယ်တော့
  မြန်မာ နိုင်ငံသားဖြစ်ရတဲ့  အတွက် ဘယ်တုန်းက မှ အားမငယ်
   ခဲ့သလို အခြေအနေအရ နိုင်ငံရပ်ခြားမှာ သူ့နိုင်ငံသား တွေ မလုပ်ချင်တဲ့   
အလုပ်မျိုးတွေ လုပ်နေရပေမယ့်လဲ အားမငယ် ပဲ မြန်မာနိုင်ငံသားအဖြစ် ဂုဏ်ယူတတ်
   တဲ့ သူတွေ ကိုတွေ့ရင်လဲအလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ အကယ်၍
   ဒီပို့စ် ကိုဖတ်ပြီး ပြည်ထောင်စု နဲ့ အမိမြေကို ချစ်စိတ် ၊  
ဂုဏ်ယူတတ်တဲ့   စိတ် တစုံတယောက် လောက်မှာ ပဲ ဖြစ်ဖြစ် ရှိသွားခဲ့ မယ်ဆိုရင်
   ကျေနပ်ပါပြီ။       ။
ွှံအများ နဲ့မတူ တမူ ထူးခြား တဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေနဲ့ သဘာဝ ရေမြေတော တောင်ရှုခင်း အလှတွေ ကြောင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ဟာ ဒေသတွင်း မှ ဆွဲဆောင်မှု အရှိဆုံး နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ ရွှေရောင် တ၀င်းဝင်း တောက်ပြောင်နေတဲ့ စေတီ ပုထိုး တွေကြောင့် "ရွှေနိုင်ငံ" ရယ်လို့ ပြောစမတ် တွင်ရခြင်း ဖြစ်ပါတယ်။ အမှန် တကယ်တော့ မြန်မာနိုင်ငံဟာ အဖိုးမဖြတ် နိုင်တဲ့ ခန့်ညားထည်ဝါ တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ၊ ရှုမငြီး နိုင်အောင် သာယာ လှပတဲ့ ရေမြေတော တောင် သဘာဝအလှ တွေ၊ ကြီးမားကျယ်ပြန့်တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ နိုင်ငံ အနှံ့ မှီတင်း နေထိုင်ကြတဲ့ ၁၀၀ ကျော် သော တိုင်းရင်းသား ညီအကို မောင်နှမ များ နဲ့ သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ပြည့်စုံရာ တိုင်းပြည် လဲဖြစ်ပါတယ်။ ထပ်ပြောရမယ် ဆိုရင် ပထ၀ီဝင် သဘာဝ အားဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တခုလုံး မှာ အကြီး နိုင်ငံ ဖြစ်ပြီး တော့ အာဆီယံ နိုင်ငံ အား လုံးမှာမှ တနိုင်ငံတည်း သော ရေခဲတောင်များ ရှိရာ နိုင်ငံလဲပဲ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ရဲ့သမိုင်း ကြောင်း ကို သေချာ လေ့လာကြည့် ရင် ရှည်လျား ပြီး ရှုပ်ထွေးလှပါတယ်။ သမိုင်းမတင် မီ ၊ လူမဖြစ် မီ က ပုံတောင် လူတူပရိုင်းမိတ်အကြောင်း အရာ တွေထက်၊ အနီးစပ်ဆုံး ခရစ်တော် မပေါ်မှီ ဘီစီ ၃၀၀ လောက် ကိုပဲ ပြန်ကြည့်မယ် ဆိုရင် ယနေ့ တိုင်းရင်းသား ညီအကိုအရင်း အခြာ တွေဖြစ်တဲ့ မွန်လူမျိုး တွေက အစောဆုံး စတင် အခြေချတယ် လို့ သမိုင်းပညာ ရှင် အများစုက တညီတညွတ်ထဲ ဆိုပါတယ်။ အလွန် ခန်းနား ကြီးကျယ်၊ ချမ်းသာ ကြွယ်ဝ ပုံရပြီး ရွှေနိုင်ငံ လို့ အဓိပ္ပါယ်ရတဲ့ သုဝဏ္ဏဘုမ္မိ နိုင်ငံတော် ကြီး ကို မုတ္တမ ပင်လယ်ကွေ့ တနေရာ မှာ ဘီစီ ၃၀၀ စုနှစ် လောက် က တည်ထောင်ခဲ့တယ် လို့ ဆိုပါတယ်။ ယနေ့ ဗမာ လို့ဆို နိုင်တဲ့ ပျု လူမျိုး တွေ ကတော့ ခရစ်တော် ပေါ်ပြီး အေဒီ ၇ ရာစုလောက် မှာ စတင် ၀င်ရောက် လာကြကာ ယနေ့မြန်မာ နိုင်ငံလို့ ခေါ်ဆိုနိုင်တဲ့ နေရာ ဒေသ အနှံ့ မှာ မြို့ပြ နိုင်ငံ တွေ တည်ထောင် နေထိုင်ကြတယ် လို့ဆိုပါတယ်။ ခရစ်သက္ကရာဇ် ၈၄၉ ရောက်မှ မြန်မာ နိုင်ငံ အလယ် ပိုင်း က ပုဂံ ဒေသ ကို ဗဟိုပြုပြီး ပထမ မြန်မာနိုင်ငံတော် ကို တည်ထောင်ခဲ့ပါတယ်။
အေဒီ ၁၄ ရာစုကနေ ၁၆ ရာစု အထိ တည်တန့် ခိုင်မြဲခဲ့တဲ့ ဒုတိယ မြန်မာ နိုင်ငံတော် ကိုတော့ ဘုရင့်နောင် မင်းတရား ကြီး က တည်ထောင်ခဲ့ပါတယ်။ ဒုတိယ မြန်မာ နိုင်ငံတော် အင်ပါယာ ပိုင်နက် ဟာ ယနေ့မြန်မာ နိုင်ငံ အကျယ် အ၀န်း အပြင် ထိုင်းနိုင်ငံ နဲ့ မလေးကျွန်းဆွယ် အစိတ် အပိုင်း တချို့ အထိ ကျယ်ပြန့်တယ် လို့ ယုံကြည်ရပါတယ်။ ကုန်းဘောင်မင်းဆက် ကို စတင် တည်ထောင် သူ အလောင်းမင်း တရား လက်ထက် မှာ တော့ တကွဲ တပြားစီဖြစ်နေတဲ့ အောက်မြန်မာ နိုင်ငံ ကို စည်းရုံး သိမ်းသွင်း ယူပြီး တတိယမြန်မာ နိုင်ငံတော် ကို ၁၇၅၉ ခုနှစ်မှာ တည်ထောင် နိုင်ခဲ့ပါတယ်။ အာသံ၊ မဏိပူရ၊ ကချာ၊ ဂျိန်းတိယ စတဲ့ ယနေ့ အိန္ဒိယ ရဲ့ တစိတ် တပိုင်း က ပဒေသရာဇ် တချို့ အပြင် ဇင်းမယ်၊ ပစ္စနုလောက် စတဲ့ ယနေ့ထိုင်းနိုင်ငံ ရဲ့ ဒေသ တော်တော်များများ ကို ပါသြ ဇာ လွှမ်း မိုးခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ကို ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တွေက စစ်သုံးကြိမ် တိုက် ပြီး ၁၈၈၅ ခုနှစ် မှာ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်း ပြီး ကိုလိုနီ ဖြစ်ခဲ့ ပေမယ့် ငုံ့မခံပဲ နှစ်ပေါင်းများစွာ ခုခံ တော်လှန်ခဲ့ ပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ (မလေးရှား ထက် ၉ နှစ်စော ပြီး၊ စင်္ကာပူထက် ၁၇ နှစ်စော ပြီးလွတ်လပ်တဲ့ နိုင်ငံဖြစ်တယ် လို့ဆိုရမှာပါ)။
ပေပေါင်း ၁၇၆၄၀ ကျော် အမြင့်ရှိတဲ့ ခါကာဘိုရာဇီ တောင်ဟာ အာဆီယံ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက ပေပေါင်း ၁၄၅၀၀ ကျော်မြင့် တဲ့ နာဂပုလု (Naga Pulu) ထက် ပေပေါင်း ၃၀၀၀ ကျော် ပိုမြင့်ပါတယ်။ ကမ္ဘာပေါ်မှာ ငှက်မျိုးစိပ် ပေါင်း ၉၆၇၂ မျိုးရှိပြီး၊ ၁၂၂၅ မျိုးက ဖြင့် အာဆီယံ နိုင်ငံ များအတွင်းမှာ ရှိပါတယ်။ ငှက်ပညာ ရှင်တွေ ရဲ့ တွေ့ရှိချက် အရ မြန်မာ နိုင်ငံ မှာ ငှက် မျိုးစိပ် ပေါင်း ၁၀၆၉ မျိုးရှိပြီး ကမ္ဘာ့စုစု ပေါင်း ငှက်မျိုးစိပ်ရဲ့ ၁၀ ရာခိုင်နှုံး၊ အာဆီယံ နိုင်ငံ အားလုံးရဲ့ ၉၀ ရာခိုင်နှုံး ရှိတာ သိရပါတယ်။ မြန်မာ နိုင်ငံ မြောက်ဖြား ပိုင်းဟာ ဟိမ၀န္တာ ဒေသန္တရ အခြေအနေ မျိုး ဖြစ် ပြီး၊ အောက်ပိုင်း ကတော့ မလေးယား ဒေသန္တရ အခြေ အနေမျိုး ဖြစ်လို့ မြန်မာ နိုင်ငံဟာ ဒေသတွင်း မှာ ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝ ချမ်းသာ ဆုံး နိုင်ငံလို့ ဆိုနိုင်ပါတယ်။
ကမ္ဘာ့အကြီး ဆုံး နိုင်ငံ နှစ် နိုင်ငံကြား မှာ ပထ၀ီဝင် သဘာဝ အရ တည်ရှိနေပေ မယ့် မြန်မာ့ ယဉ်ကျေး မှု ဓလေ့ထုံးတမ်း တွေဟာ ဘယ်နိုင်ငံနဲ့ မှ မတူပဲ တသီးတခြား ရပ်တည် နေတာ ဖြစ်ပါတယ်။ အလွန် ကျယ်ပြန့်တဲ့ မြန်မာ့ တိုင်းရင်း သားတွေရဲ့ ဓလေ့ ထုံးစံ တွေ ကို အသေအချာသုတေသန ပြု ရင် ကျမ်းပေါင်း များစွာ ပေါ်ထွက် လာ နိုင်ပါတယ်။
ရွှေမြန်မာ မှ ဂုဏ်ယူစရာတချို့
- ပေပေါင်း ၃၀၀ ခန့် ရှိတဲ့ ရွှေတိဂုံ စေတီတော် မြတ်ကြီး ဟာ နှစ်ပေါင်း ၂၅၀၀ လောက် ကတည်း က တည်ဆောက် ခဲ့တယ် လို့ဆိုပါတယ်။ တန်ပေါင်း များစွာ ရှိတဲ့ ရွှေပြား တွေ၊ ရတီပေါင်း များစွာ ရှိတဲ့ အမျိုးမျိုးသော ကျောက်မျက်ရတနာ တွေနဲ့ပူဇော်ဆင်ယင်ထားပါတယ်။
- အာဆီယံ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီ တောင် ရှိရာ နိုင်ငံ
- ဒေသတွင်း မှာ သဘာဝ သယံဇာတ အကြွယ်ဝ ဆုံး နိုင်ငံ
- တိုင်းရင်းသား လူမျိုးစုပေါင်း ၁၀၀ ကျော်ရှိသော နိုင်ငံ
- ကမ္ဘာ့ အကောင်း ဆုံးလို့ ဆိုနိုင်တဲ့ ကျွန်းသစ်ရွှေဝါ ထွက်ရာ နိုင်ငံ
- မြန်မာ စပါးကြီး မြွေ နဲ့ စပါးအုံးမြွေ များဟာ ကမ္ဘာပေါ်မှာ အကြီး ဆုံး မြွေ အမျိုး အစားထဲ တွင်ပါဝင်
- မြန်မာ့ ၀ါးပိုးဝါး ဟာ ဒေသတွင်း မှာ အကြီးဆုံးဝါးမျိုး
- မြန်မာ့ ပတ္တမြာ၊ နီလာ၊ ကျောက်စိမ်း စတဲ့ တွင်းထွက် ကျောက်မျက် တွေ ဟာ ကမ္ဘာပေါ်မှာ အရည် အသွေး အကောင်း ဆုံးလို့ ဆိုကြတယ်။
- ကမ္ဘာ အကြီး ဆုံး ကျောက်စိမ်း တုံး ကြီး မြန်မာ နိုင်ငံ ကချင်ပြည်နယ်တွင် ရှိ
- မြန်မာ လူမျိုး များဟာ ကမ္ဘာပေါ်မှာ ပထမဆုံး သနပ်ခါး ဖြင့် အလှဆင်တဲ့ လူမျိုးဖြစ် ပြီး ယခု အချိန်အထိ အသုံးပြုဆဲ။
- ကမ္ဘာပေါ်မှာ ထေရ၀ါဒ ဗုဒ္ဓ ဘာသာစစ် ကျင့်သုံး တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပြီး နိုင်ငံတ၀ှမ်း မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ပေါင်း ၄ သိန်းကျော် ရှိ။
- ကမ္ဘာပေါ်မှာ လှေကို ခြေထောက် ဖြင့်လှော် သော တခုတည်းသော လူမျိုး ဟာမြန်မာတိုင်းရင်းသား အင်းသား လူမျိုး။
- ကမ္ဘာ့ ပထမ ဆုံး အာရှတိုက်သား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဦးသန့် ဧ။် ဇာတိ နိုင်ငံ။
- အရှေ့တောင် အာရှရဲ့ ပထမဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ နိုင်ငံတကာ မှ ဆုတံဆိပ်ပေါင်း ၂၀ ကျော်ဖြင့် လေးစား ဂုဏ်ပြုခြင်း ခံရသူ၊ ကမ္ဘာ့ အရှိန်အ၀ါ အကြီး မားဆုံး အမျိုး သမီး များအနက်မှ တဦး အဖြစ် ဖော်ပြ သတ်မှတ် ခြင်း ခံရသူ၊ ၂၀ ရာစု အတွင်း အာရှတိုက် ရဲ့ အထင်အရှားဆုံး အမျိုးသမီး နိုင်ငံရေး ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိရာ နိုင်ငံ။
(ဂုဏ်ယူစရာအများကြီး ကျန် ရှိပါသေးသည်)
         
သမိုင်းနောက်ခံ အခြေအနေ

သဘာဝ ရှုထောင့် အမြင်

ယဉ်ကျေးမှု ရှု ထောင့်အမြင်

Proud to be a Myanmar
Myanmar
    is the most attractive country in the region in terms of unique    
cultural and natural attractions.  For its glittering pagodas    
everywhere, Myanmar is called "Golden Land". In fact, Myanmar is    
comprising elegant heritages, beautiful landscapes, mighty rivers,    
hundred of colorful indigenous ethnic groups and their incredible fine  
  arts. In addition, geographically, it is the largest country in the   
 mainland Indochina Peninsular and only one country in ASEAN who has    
snow-peaked mountains.

Historical View
Myanmar
    historical background is long and with very complexity. The Mon is  
the   first identifiable civilization in Myanmar said to begin migrating
   into  the area in about 300 BC, and their first  Kingdom Suvanabhumi,
   was  founded around the Gulf of Muttaban in about 300 BC. The Pyu   
arrived in  Myanmar in the 7th century and established city kingdoms in 
  the various  parts of current Myanmar. In 849, the Myanmar had founded
   an emperor  centered on the city of Bagan which is the “First Myanmar
   Empire”. The  “Second Myanmar Empire” was long last from 14th to 16th
   century by King  Bayintnaung and (believed to comprise the land of   
current Myanmar, some  parts of Thailand and some parts of Peninsular   
Malaysia). A Myanmar king  named Alaungpaya drove the Bago forces out of
   northern Myanmar by 1753,  and by 1759 he had once again conquered  
Pegu  and southern Myanmar while  also regaining control of Assam and  
Manipur  as the “Third Myanmar  Empire”. He established his capital at  
Rangoon,  now known as Yangon.  Myanmar fell in British colonial  
administration in  1885 and independent  in 1948 January 04 (ie: 9 years
  earlier than  Malaysia’s independent).
Natural Aspect
Khakaborazi
    (5.881) is the highest peak in the ASEAN countries, compared the   
second  highest Naga Pulu (4.862) of 1.019 meters lower than it.  There 
  are  9672 bird species in the world and 1225 species in ASEAN  
countries.   According to the birders' records, there are 1069 bird  
species in   Myanmar which is 10 percent of the entire total birds of  
the world as   well as 90 percent of the ASEAN countries. Myanmar's  
biodiversity is   obviously richer than any other countries in the  
mainland Indochina   peninsular.
 Cultural Aspect
Cultural Aspect
Despite    it is located between two 
largest countries in the world (India and    China), Myanmar's culture 
is very unique compared to any other  countries   in the region.

Selected Prides of Myanmar
-         The Shwedagon Pagoda, a 98-meter-high golden pagoda, said to built date back to 2500 years
- The highest peak Mt. Khakaborazi in ASEAN (5881 meters)
- Earliest inscription among Indochina
- The richest country in natural resources in general
- One hundred over different ethnic groups indigenous to the land
- Land of Pagodas
- Myanmar Teak Wood (ကျွန်းသစ်) is the best wood in the world
- Burmese Python (Python molurus bivittatus) (စပါးကြီးမြွေ) is the largest subspecies of the Indian Pythons and one of the 6 largest snakes in the world
- Burmese Bamboo (၀ါးပိုးဝါး) is the largest bamboo plant specie in ASEAN countries
- Myanmar’s Ruby, Sapphire and Jades are the best in the world
- The largest Jade stone in the world is in Myanmar
- Myanmar is the original country who wear Thanakha (သနပ်ခါး)
- Padaung people are originally indigenous people of Myanmar
- Taron people (Kachin State) are the shortest people in Indochina Peninsular
- The strongest Theravada Buddhism (out of Thailand, Laos, Cambodia and Sri Lanka) with a number of over 400000 Buddhist Bakku
- Once it was the largest Empire in Indochina
- Intha (only people who row their canoe by their legs)
- U Thant (the first Asian UN Secretary General in the world)
- Daw Aung San Suu Kyi (the first Nobel Peace Prize winner in ASEAN countries) and more than 20 international honored prizes winner / the most famous woman political leader in Asia in 20th Century
- Etc ..

***
***This    post is dedicated to all 
Burmese (Myanmar) people especially those  who   really devote the 
country and are exiled for various reasons.
Ref:-
- Wikipedia
- CIA world fact sheet
- Myanmar Travel Information
Photos:-
- Myanmars Net
- Myanmar photo gallery
- Burma Ruby Mo Mo
- Elephant Guide
***Special Thanks to Craton and Ko Moe Thway Nge.
စာရေးသူ An Asia Tour Operator ရဲ့ ပို့စ်ကို ပြန်လည် ကူးယူဖေါ်ပြပါတယ်။
ရွင်လန်းချမ်းမြေ့ကြပါစေ။