Showing posts with label ဓမ္မပဒ၊ ဝတ္ထု. Show all posts
Showing posts with label ဓမ္မပဒ၊ ဝတ္ထု. Show all posts

Friday, January 16, 2015

ကုသိုလ်ဟူသည် ဘဝလမ်းအတွက်


ကုသိုလ်ဟူသည် ဘဝလမ်းအတွက်

မဋ္ဌကုဏ္ဍလီသည် အိမ်ပြင် ညောင်စောင်းထက်၌ လဲလျောင်းနေသည်။ စင်စစ် လဲလျောင်းနေသည် ဟူသည်မှာလည်း မည်ကာမတ္တမျှသာ ဖြစ်၏။ ကိုယ်ခန္ဓာ တစ်ခု ညောင်စောင်းပေါ်တွင် ပုံကျ နေသည်ဟု ဆိုနိုင်ရုံမျှသာ ဖြစ်သည်။ ၀ါထိန် ခြောက်သွေ့နေသော မျက်လုံးများ ရံဖန်ရံခါ လှုပ်ခတ် သွားသည်ကလွဲ၍ သူ၏ တစ်ကိုယ်လုံးသည် ငြိမ်သက်လျက် ရှိသည်။ မဋ္ဌကုဏ္ဍလီသည် ခေါင်းကို ကြိုးစား လှုပ်ကြည့်သည်။ လှုပ်၍ မရ ။ ခြေလက်များကို လှုပ်ကြည့် ဖို့ ကြိုးစားသည်။ လှုပ်၍ မရ။ ဆီးဝမ်းများ ထွက်ကျ၍ အညစ်အကြေး အမျိုးမျိုးတို့ကလည်း အိုင်ထွန်း နေသည်။ သုတ်သင်၍ မရ။ ယင်တစ်သိုက်က ခန္ဓာကိုယ် အနှံ့ ဆင်းတက် ကျက်စားနေသည်။ ခြောက်ထုတ်၍ မရ။

အတိတ်က ပျော်ပါးခဲ့သည်များကို စဉ်းစားကြည့်သည်။ စဉ်းစား၍ မရ။ စိတ်တွေက အဓိပ္ပါယ် ရေရေ ရာရာရှိအောင် မတွေးနိုင်။ လွင့်ပါးနေသည်။ အလိုလို ကြောက်ရွံ့နေသည်။ အလိုလို အားငယ် နေသည်။ မကြာမီ အသူရာနက်သော ချောက်နက်ကြီးထဲသို့ ပြုတ်ကျတော့ မလိုလို။ ရင်မှာ လှိုက်လို့ မောရင်း သြော်..အားကိုးရာမဲ့ လှသည်။

ခေါင်းက ကိုက်လှချည်ရဲ့။ ကျောက နာလှချည်ရဲ့။ ရင်က ပူလှချည်ရဲ့။ အို..အမေရဲ့.. အိုအဖေရဲ့...သက်သာအောင် ဆောင်ရွက် ပေးကြပါ...။ စိတ်ထဲမှာ အာခေါင်ခြစ်၍ အော်သည်။ အသံကား တစ်စက်မျှ မထွက်။ မျက်ရည် တွေတွေ စီးကျ၍ နေရသည်။ ကြာတော့ မျက်ရည်တွေပါ ခြောက်ခန်းလာသည်။ ရေတွေ ဆာသည်။ ၀မ်းကလည်း ဟာသည်။ တောင်းဆိုခြင်းကား မပြုနိုင်။ အလိုက်တသိ လာတိုက် လာကျွေးလျင်သာ မျိုနိုင်သည်။ သြော်..ဆင်းရဲတကာ့ ဆင်းရဲ ကြီးပါ တကား။ ပင်ပန်း တကာ့ ပင်ပန်း ကြီးပါ တကား ။

မဋ္ဌကုဏ္ဍလီ၏ မိဘတို့ကား ယောက်ယက်ခတ်နေသည်။ သည်းအူပြတ်မျှ ပူလောင်နေရသည်။ စိုးရိမ် နေရသည်။ သို့သော် သားဖြစ်သူ၏ ဒုက္ခကို မိရင်းဘရင်းတို့သည်လည်း အတိအကျမသိနိုင်။ ဖယ်ရှားပေး၍လည်း မရ။ လက်မှိုင်ချ၍ ကြည့်နေရုံသာ တတ်နိုင်သည်။ စင်စစ် ဤဒုက္ခများ သည်ကား ချစ်သူ ခင်သူ မည်သူမျှ ကိုယ်စား ခံပေးလို့ မရသော ဒုက္ခ များပင်တည်း ။ အသီး အသီး သော သတ္တ၀ါတို့ မိမိတို့ ဘာသာ ကိုယ်တိုင် ကိုယ်ကျ ခံစား တွေ့ကြုံ ရမည့် ဒုက္ခများ ဖြစ်ပေ၏။

မဋ္ဌကုဏ္ဍလီ ဟူသည်ကား သာဝတ္ထိ ပြည်တွင် နေထိုင်သော အဒိန္နပုဗ္ဗက သူဋ္ဌေးမောင်နှံ၏ တစ်ဦး တည်းသော သားရတနာ ဖြစ်၏။ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးသည်။ အသက် ၁၆ နှစ် ဆိုသည်မှာ ယခုကဲ့သို့ သေရာညောင်စောင် ထက်၌ လဲလျောင်း နေရမည့်အရွယ် မဟုတ်သေးဟု အများက ဆိုကြသည်လည်းရှိသည်။ စုတ်သပ်ကြသည်လည်း ရှိသည်။ သို့သော် နာခြင်းတရား၊ သေခြင်းတရား ဟူသည်ကား ငယ်ရွယ်သေး၍ နုပျိုသေး၍ မလာပါနှင့် မဖြစ်ပါနှင့်ဟု ကြိုတင် ညှိနှိုင်း ထားလို့ မရ။ ချမ်းသာသူဖြစ်၍၊ ချောမော လှပသူဖြစ်၍၊ ပညာတတ်သူဖြစ်၍ မလာပါနှင့်၊ မဖြစ်ပါနှင့် ဟုလည်း ကြိုတင် ညှိနှိုင်းထား၍ မရ။ သတ္တ၀ါ အသီးအသီးကို ဒဏ်ခတ် နှိပ်စက်သတ်ဖြတ်ရန် အတွက် တိကျ ဖြတ်လတ်စွာ၊ အားရ၀မ်းသာစွာ လာကြ၊ ဖြစ်ကြလေ့ ရှိသည်သာတည်း။

ကျန်းမာသန်စွမ်း ချိန်ကမူ မဋ္ဌကုဏ္ဍလီသည် အများနည်းတူ ပျော်ပျော်ပါးပါး နေထိုင်သွားလာ ခဲ့သည်သာ ဖြစ်သည်။ ဤရောဂါ ရရှိလိမ့်မည်ဟု အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဤသို့ သေရာ ညောင်စောင်း ထက်တွင် လဲလျောင်း၍ ဆင်းရဲ ဒုက္ခများ ခံနေရမည်ဟု အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဤသို့ မသိခဲ့၍လည်း ပျော်ပါး နိုင်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ အခြားသူများ ဝေဒနာ ခံစားနေရသည် သို့မဟုတ် သေအံ့မူးမူး ဖြစ်နေသည်ကို သတင်းမျှ ကြားရပါက မိမိလည်း တစ်နေ့ ဤသို့ ဝေဒနာ ခံစားရမည်၊ သေအံ့မူးမူး ဖြစ်ရမည်ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင် ပြုလုပ်ထားမည် ဖြစ်သည်။ သို့မဟုတ် သတင်း ကြားရသည်ကို အမှုမဲ့ အမှတ်မဲ့ နေမိသော်လည်း ဝေဒနာခံစား ရသောသူ၊ သေအံ့မူးမူး ဖြစ်နေသော သူများကို မျက်စိ ရှေ့တွင် တွေ့ရပါက တစ်နေ့ မိမိလည်း ဤသို့ ဖြစ်ရမည်ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင်ပြုလုပ် ထားမည် ဖြစ်သည်။

သို့သော် မဋ္ဌကုဏ္ဍလီကား ဒါန၊ သီလ၊ ဘာဝနာ များကိုလည်း ပြုခဲ့ဖူးသည် မရှိ။ အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံးသွားသည်သာ ဖြစ်သည်။ မိခင် ဖခင်တို့ကလည်း ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြုလုပ် ရမည်ဟု သင်ကြားပေးခြင်း မရှိ။ မိခင် ဖခင်တို့ကိုယ်တိုင်သည်လည်း ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ်သင့်သည်ဟု အကြားအမြင် ဗဟုသုတ မရှိ။ သို့သော် သင်ကြားခြင်း ရှိသည် မရှိသည် ဆိုခြင်း ထက် မိမိက ပြုလုပ်တတ်ဖို့ အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် တကယ်တမ်း သေမင်းနှင့် ရင်ဆိုင်ရမည်က မိမိ ကိုယ်တိုင်သာ ဖြစ်ပြီး မိဘအပါအ၀င် မည်သည့် တစ်ဦး တစ်ယောက်ကမျှ မိမိ ကိုယ်စား အငှားရင်ဆိုင် ပေး၍ မရသောကြောင့်တည်း။

သေခြင်းတရားကိုကား သတ္တ၀ါတိုင်း ရင်ဆိုင်ရမည်သာ ဖြစ်သည်။ သို့သော် ဒါန၊ သီလ၊ ဘာဝနာကို အာစိဏ္ဍ ကံမြောက် ပြုထားလျင်ကား သေခါနီးအချိန်၌ အနည်းငယ် စိတ်သက်သာရာ ရနိုင် သေးသည်။ သို့နှင့်တိုင် စိတ်ချရပြီဟုကား မဆိုနိုင်သေး။ သေခါနီး၌ ဖြစ်တတ်သော အကုသိုလ် ကံများကို သတိမူရဦးမည် ဖြစ်၏။ ငယ်တုန်းရွယ်တုန်း အာစိဏ္ဍကံ မြောက်အောင် ဒါန၊ သီလ၊ ဘာဝနာ အားမထုတ်ထားသူတို့မှာ အားအင် ပြတ်လပ်၊ စိတ်လက် ညစ်ညူး၊ ဝေဒနာ လှိုက်ဆူ ချိန်၌ အဘယ်သို့လျင် ထိုထို အကုသိုလ်ကံများကို ရှောင်ရှားနိုင်စွမ်း ရှိမည်နည်း။
အဘယ်သို့လျင် သေခါနီး၌ ဖြစ်ပေါ် လာတတ်သော အာရုံဆိုးများကို အကုသိုလ်ကံ မဖြစ်အောင် နှလုံးသွင်း နိုင်စွမ်း ရှိမည်နည်း။ ကလျာဏ မိတ္တကိုသာ အချိန်မီ ရရှိခဲ့ခြင်း မရှိလျင် ထိုထို ပုဂ္ဂိုလ်တို့ မှာ သေခါနီးဖြစ်သော အကုသိုလ်ကံများကြောင့် သေပြီးသည့်နောက် အပါယ်လေးပါးသို့သာ တဖြုတ်ဖြုတ် သက်ဆင်း ကြရမည် ဖြစ်လေသည်။

မဋ္ဌကုဏ္ဍလီနှင့် သူ၏ မိဘများ အပါအ၀င် သတ္တ၀ါ အများအပြားမှာ အတိတ်ဘ၀ တစ်ခုခုက မြင့်မြတ်သော အလုပ်များကို ပြုလုပ်ခဲ့ကြသည့် သူတော်ကောင်းများ ဖြစ်ခဲ့ကြမည်သာ ဖြစ်၏။ ကုသိုလ် ပါရမီဟူသည်ကား နိဗ္ဗာန် မရောက်မချင်း ပျောက်ပျက်လေ့ မရှိ။ နိဗ္ဗာန် ဆိုက်သည့် တိုင်အောင် အကျိုးပေးသည့် ကုသိုလ်မျိုး ဖြစ်၏။

ကုသိုလ် ပါရမီ ပါလာသည်ကား မှန်၏။ သို့သော် အသုံးမချသူများကိုကား ပါရမီသည် နိဗ္ဗာန် ရောက်အောင် အလိုလို ဆွဲမခေါ်နိုင်။ မဂ္ဂင်ရှစ်ပါးနှင့် အားထုတ်ရသေးသည် ။ အားမထုတ်မိလျင် သံသရာ လည်ကြ ပြန်ပါသည်။ ထို့ကြောင့်လည်း မြောက်မြားစွာသော ပါရမီရှိသူ ပုဂ္ဂိုလ်များမှာ အပါယ်လေးပါး၌ တစ်ဝဲလည်လည်နှင့် အချိန်ကုန် နေခြင်း ဖြစ်လေသည်။

လောကဓမ္မတာအရ ပုထုဇဉ်တို့၏ သဒ္ဓါတရားသည်ကား ခိုင်မြဲခြင်းမရှိ ဟူ၍လည်း သိအပ်၏ ။ ပုထုဇဉ်တို့သည် တစ်ဘ၀၌ သူတော်ကောင်း ဖြစ်သော်လည်း နောက်တစ်ဘ၀၌ သူယုတ်မာများ ဖြစ်နိုင် သေးသည်။ ယခုဘ၀၌ ရတနာ သုံးပါးကို ကြည်ညိုသော်လည်း နောက်ဘ၀များ၌ ရတနာ သုံးပါးကို ရန်မူသူများလည်း ဖြစ်နိုင်သေးသည်။ ကလျာဏမိတ္တနှင့် ပေါင်းဖော်မိလျင် သူတော် ကောင်း ဖြစ်ကြ၍ ဒေ၀ဒတ်ကဲ့သို့ ပါပမိတ္တနှင့် ပေါင်းဖော်မိလျင် သူယုတ်မာ များဖြစ်ကြ ရပြန်သည်။

မဋ္ဌကုဏ္ဍလီ၏ အချိန်သည်ကား နည်း၍နည်း၍ သွားပြီ။ နည်းသွားသည်ဆိုသဖြင့် လုံးဝ မရှိတော့ခြင်းတော့ မဟုတ်။ ကုသိုလ်မျိုးစေ့ကို ချမည်ဆိုလျင်ကား ချနိုင်သေးသည်။ သေရာ ညောင်စောင်းတွင် လဲလျောင်းနေရသည့် ယခုကာလသည်ပင် ကုသိုလ်ပြုဖို့ အချိန်ဖြစ်သည်။ တောင်တောင်အီအီ တွေး၍ စိတ်ညစ်နေရမည့် အချိန်မဟုတ်။

မဋ္ဌကုဏ္ဍလီသည် ပျော့ညံ့သည့် ပုဂ္ဂိုလ်ထဲတွင်တော့ ပါဟန်မတူ။ သေခြင်းတရားကို စွမ်းသလောက် ရင်ဆိုင်မည့်သူ ဖြစ်ဟန်တူ၏။ သို့ဖြစ်၍လည်း မြတ်စွာဘုရား၏ ကရုဏာဥာဏ်ကွန်ရက်တွင် ကယ်ချွတ် အပ်သူဟူ၍ ပေါ်လာခြင်းဖြစ်သည်။ အလျော့ပေး အရှုံးပေးထားသူကို မည်သည့် ကရုဏာရှင်ကမျှ ကူညီ၍ ၊ကယ်တင်၍ မရ။ အဘယ်ကြောင့် ဆိုသော် သတ္တ၀ါဟူသည့် သဘောမှာ မိမိ ကိုယ်ကို မိမိ အားကိုးရသည့်သဘော ရှိသောကြောင့် ဖြစ်သည်။ ဘုရားအပါအ၀င် ကလျာဏ မိတ္တများကား ဘ၀ကိုကယ်တင်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်။ လမ်းပြပေးနိုင်သော ပုဂ္ဂိုလ်များ သာဖြစ်၏။

မဋ္ဌကုဏ္ဍလီကို အကြောင်းပြု၍ သူ့မိဘများ အပါအ၀င် သတ္တ၀ါအများ တရားချမ်းသာကို မြည်းစမ်းခွင့်ရမည်ကို မြတ်စွာဘုရားက သိမြင်တော်မူ၏။ သို့ဖြစ်၍ ထိုနေ့က အိမ်စဉ် အလျောက် ဆွမ်းခံ ကြွသည့်အခါ မဋ္ဌကုဏ္ဍလီတို့ အိမ်ရှေ့၌ ရောင်ခြည်တော်ကို လွှတ်၍ ဆွမ်းရပ်သည်။ မဋ္ဌကုဏ္ဍလီသည် မျက်ဝန်းထောင့်စွန်း၌ ရောင်ခြည်တော်ကို ဖူးမြင်ရ၍ ဦးခေါင်းကို စောင်းငဲ့၍ ငေးကြည့်ရှာသည်။

စင်စစ် မဋ္ဌကုဏ္ဍလီသည် ဗုဒ္ဓကို ကြည်ညိုဖူးသူ မဟုတ်။ သို့သော် ကိလေသာကင်းစင်သော ပုဂ္ဂိုလ်ထူးကို ကြည်ညိုသည့်စိတ် ဟူသည်ကား အတ္တမာန အတန်ငယ် ကင်းစင်နေသော သူများ၌ ဖြစ်ပေါ်နိုင်စွမ်း ရှိသည်။ ရောဂါဝေဒနာတို့ကြောင့် အတ္တမာနတို့ ခေတ္တ ငုပ်လျှိုးနေသဖြင့်လည်း မဋ္ဌကုဏ္ဍလီ၏ ဥာဏ်၌ ကြည်ညို ထိုက်သူကို ကြည်ညိုသော အသိဥာဏ်သည် ဖြစ်ပေါ်လာခြင်း ဖြစ်ဟန်တူ၏။

ကိလေသာ ကင်းစင်တော်မူသော မြတ်ဘုရားကို ဖူးတွေ့ရသဖြင့် မဋ္ဌကုဏ္ဍလီ၏ သန္တန်တွင် ကာမာဝစရ ကုသိုလ်စိတ် ၈ ပါး၏ ပထမ ကုသိုလ်စိတ်သည် ထင်ရှား ဖြစ်ပေါ်လာ၏။ မြတ်ဘုရား၏ ကိလေသာ ကင်းစင်တော်မူသည့် အမူအရာကို စိတ်နှလုံး၌ ထပ်ဖန်တလဲလဲ မြင်ယောင်၍လည်း ဗုဒ္ဓါနုဿတိ ဘာဝနာ စိတ်သည် ထင်ရှား ဖြစ်ပေါ်လာ၏။ ကြည်ညိုလွန်းမက ကြည်ညိုသည့် စိတ် ကြောင့် လက်အုပ် ချီမိုး၍ ကန်တော့လိုက်ချင်သည်။ သို့သော် လက်ကိုကား မြှောက်၍ မရ။ စိတ်ထဲ မှသာ ကန်တော့လိုက်ရ၏။ လက်အုပ် မချီရသော်လည်း လက်အုပ်ချီသကဲ့သို့သာ ဖြစ်လေ၏။

မဋ္ဌကုဏ္ဍလီ၏ သန္တန်တွင် အကုသိုလ် စိတ်များ ကင်းပျောက်၍ ကုသိုလ်စိတ်များ ဖြစ်ပေါ်ာပေပြီ။ မဋ္ဌကုဏ္ဍလီ၏ ထွက်သက် ၀င်သက် သည်လည်း ငြိမ်၍ငြိမ်၍ သက်၍သက်၍ လာပြီ။ ဇောစိတ်များ သည်လည်း အရင်လို ခုနစ်ကြိမ်မျှ မဖြစ်တော့ဘဲ ငါးကြိမ် လေးကြိမ်မျှသာ ဖြစ်တော့သည်။ နောက်ဆုံးတွင်ကား..မဋ္ဌကုဏ္ဍလီ ၏ စုတိစိတ်သည် ကုသိုလ်ကံ၏ နိမိတ်ကို အာရုံပြု၍ ချုပ်လေ တော့၏။ စုတိစိတ် ချုပ်သည်နှင့် စက္ကန့်မခြားဘဲ ပဋ္ဋိသန္ဓေစိတ်သည် ဖြစ်ပေါ်လာ၏။ ပဋ္ဋိသန္ဓေစိတ် ဖြစ်သည့် နေရာကား တာဝတိသာ နတ်ပြည်တည်း။

"ဓမ္မတို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်း ကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆို၊ ပြုလုပ်၊ ကြံစည်ပါက ထို (ပြောဆို ပြုလုပ် ကြံစည်) သောကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ် လိုက်လေ၏။"

မဋ္ဌကုဏ္ဍလီ ဆုံးပြီး လပိုင်းမျှအချိန်တွင် မြတ်ဘုရားသည် ဤ တရားကို မဋ္ဌကုဏ္ဍလီ၏ ဖခင် သူဋ္ဌေးကြီး၏ နေအိမ်တွင် ဟောကြားခြင်းဖြစ်သည်။ သူဋ္ဌေးကြီးသည် မဋ္ဌကုဏ္ဍလီ သေဆုံးပြီနောက် သုဿာန်သို့ နေ့တိုင်း သွား၍ငိုသည်။ ထိုအခါ နတ်သား ဖြစ်နေသော သူဋ္ဌေးသားက ဖခင်ဖြစ်သူ အား ဗုဒ္ဓါနုဿတိ၏ ကျေးဇူးကို လာရောက် ပြောပြသည်။ သူဋ္ဌေးကြီးသည် ၀မ်းမြောက်ဝမ်းသာ ဖြစ်၍ မြတ်ဘုရား သာသနာ၌ သက်ဝင် ကြည်ညိုလေသည်။ ထို့နောက် ဥပသကာ အဖြစ်ကို ရောက်၍ မြတ်ဘုရားကို တရားဟောပြော ပြသရန် တောင်းပန်ခြင်း ဖြစ်လေ၏။

သဒ္ဓါတရား မရှိသော မိဘကို မဋ္ဌကုဏ္ဍလီက ဤသို့ ကျေးဇူးဆပ်ခဲ့၏။ အတုယူဖွယ်ပင် ဖြစ်၏။ ဤသို့ဖြင့် များစွာသော လူအပေါင်းနှင့်တကွ သားအမိ သားအဖသုံးဦးတို့သည် မြတ်ဘုရား၏ တရားတော်ကို ဒါနကထာသီလကထာ သဂ္ဂကထာ မဂ္ဂကထာ အစဉ်အတိုင်း နာကြားခွင့် ရကြပြီး၍ လူနတ် ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာစသည့် အကျိုးထူးများကို မိမိတို့ ပါရမီ အားလျော်စွာ ရရှိခဲ့ ကြလေတော့သည်။

ကိုးကား
ယမက၀ဂ်-မဋ္ဌကုဏ္ဍလီ-ဓမ္မပဒ ဦးရွှေအောင်
အရှင်သုမနသာရ(ဖြူး)


Thursday, October 23, 2014

စက္ခုပါလမထေရ်၏ ဝတ္ထု The Story of Thera Cakkhupala 瞎子尊者的故事


ယမကဝဂ်၊ ဂါထာ (၁) YAMAKA VAGGA – 雙品篇 – VERSE 1.

စက္ခုပါလမထေရ်၏ ဝတ္ထု The Story of Thera Cakkhupala 瞎子尊者的故事

ယမကဝဂ်၊ ဂါထာ (၁)

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။


Manopubbangama dhamma , manosettha manomaya
manasa ce padutthena , bhasati va karoti va
tato nam dukkhamanveti, cakkamva vahato padam.

心是法先導,心是造作主導,若人造作身口意惡業,
必定受苦報,如牛車緊隨牛足跡。

Mind is the forerunner of (all evil) states. Our life is the creation of our mind. If one speaks or acts with impure mind, suffering follows one as the wheel of the cart follows the draught-ox that draws the cart.

စက္ခုပါလမထေရ်၏ အတိတ်ဝတ္ထု

ချစ်သားရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးသည် မင်းပြုလတ် သည်ရှိသော် ဆေးသမားတစ်ဦးသည်ရွာ နိဂုံးဇနပုဒ်တို့ကို လှည့်လည်လျက် ဆေးကုသခြင်း အမှုကိုပြုရာ ထိုအခါ စက္ခုရောဂါဖြင့်ပြင်းစွာဖိစီး အားနည်းသော မိန်းမတစ်ယောက်ကို တွေ့မြင်၍ အသင်အား အဘယ်သို့သော မချမ်းသာခြင်းဖြစ်သနည်းဟု မေး၏။

အရှင် ကျွန်တော်မသည် မျက်စိရောဂါတို့ဖြင့် မမြင်ပါဟု ပြောလျှင် အသင်အား ငါသည် ဆေး ကုသခြင်းအမှုကို ပြုအံ့ဟုဆို၏။ အရှင် ဆေးကုသခြင်းငှာ စွမ်းနိုင်လျှင် ကုမပါဟု တောင်းပန်၏။ ဆေးဆရာကလည်း အသင့်ကို ကုမသည်ရှိသော် ငါ့အား ဆေးခကိုပေးလတ္တံ့လောဟုမေးက အရှင် အကယ်၍ အကျွန်ုပ် မျက်စိကို ပကတိ ထင်မြင်အောင် ကုစားခြင်းငှာ စွမ်းနိုင်ပါအံ့။

အကျွန်ုပ်သည် သားသမီးတို့နှင့်တကွ အသင်၏ ကျွန်အဖြစ်ကို ဖြစ်ပါစေလော့ဟု ဝန်ခံ၏။ ဆေးဆရာကလည်း ကောင်းလှပြီဟု နှစ်သက်၍ ထက်မြက်သောဆေးကို စီရင်၍ ပေး၏။ ထိုမိန်းမသည် တစ်ကြိမ်ခတ်ကာမျှဖြင့် ပကတိသော မျက်စိတို့သည် ဖြစ်လေကုန်၏။

ထိုမိန်းမလည်း ငါသည် သားသမီးနှင့်တကွ ကျွန်ဖြစ်ပါအံ့ဟု ဆေးဆရာအား ဝန်ခံ၍ ထားမိ၏။ ထားတိုင်းတစေ ကျွန်ဖြစ်၍နေက သိမ်မွေ့နူးညံ့သော စကားဖြင့် ပြောကြားခိုင်းစေခြင်း မဖြစ်လတ္တံ့။ ဆေးဆရာအား လှည့်ပတ်တော့အံ့ဟု ကြံပြီးမှ ထိုခဏ၌ ဆေးဆရာသည် လာ၍ နှမ သင်၏ ရောဂါဝေဒနာသည်အဘယ်သို့ ရှိလေသနည်းဟု မေးလေ၏။ အရှင် ရှေးအခါ၌ မျက်စိရောဂါသည် အနည်းငယ်သော ထိုးကျင့်နှိပ်စက်ပါသည်။

ယခုမူကား ရှေးကထက် တိုး၍ ထိုးကျင့် ကိုက်ခဲပါသည်ဟု ပြောလျှင် ဆေးဆရာသည် “ဤမိန်းမကား ငါ့ကို တစ်စုံတစ်ခုသော ဆေးခကို မပေးလိုသောကြောင့် လှည့်ပတ် ပြောဆိုလေသည်။ ထိုသူပေးအပ်သော ဆေးခဖြင့် ငါ့အား အဘယ်မူအံ့နည်း။ ယခုအခါ ထိုသူကို မျက်စိကန်းအောင် ပြုအံ့” ဟု ကြံပြီးလျှင် အိမ်သို့ပြန်၍ မိမိမယားအား အကြောင်းကို ပြန်ကြား၏။

မယားလည်း တိတ်တဆိတ်နေလျှင် ထိုဆေးဆရာသည် တစ်ခုသောဆေးကို ရှာကြံစုဆောင်း ထောင်းထုဖော်စပ်၍ ထိုမိန်းမ၏ထံသို့ တစ်ခုသောဆေးကို ရှာကြံစုဆောင်း ထောင်းထုဖော်စပ်၍ ထိုမိန်းမ၏ထံသို့ သွားပြီးလျှင်နှမ ဤဆေးကို ကွင်းလော့ဟု ပေး၍ ဆေးကို ကွင်းစေ၏။ ဆေးကို ကွင်းကာမျှဖြင့်ထိုမိန်းမအား နှစ်ဖက်သော မျက်စိတို့သည် ဆီမီးလျှံကဲ့သို့ ကွဲပျက်ကုန်၏။

ထိုဆေးဆရာသည် ယခုအခါ စက္ခုပါလမထေရ် ဖြစ်လာ၏ဟု ဇာတ်ကိုပေါင်းတော်မူပြီးမှ ချစ်သားရဟန်းများတို့ ထိုအခါ ငါ့သားတော်ဖြစ်သော စက္ခုပါလသည် မိမိပြုအပ်သော မကောင်းမှုကံသည် မိမိသို့ အစဉ်တစိုက် နောက်မှ လိုက်သည်ဖြစ်၍ ယခုဘဝ၌ မျက်စိကန်းခြင်း ဖြစ်ရလေသည်။

The Story of Thera Cakkhupala

While residing at the Jetavana monastery in Savatthi, the Buddha uttered Verse (1) of this book, with reference to Cakkhupala, a blind thera.
On one occasion, Thera Cakkhupala came to pay homage to the Buddha at the Jetavana monastery. One night, while pacing up and down in meditation, the thera accidentally stepped on some insects. In the morning, some bhikkhus visiting the thera found the dead insects.

They thought ill of the thera and reported the matter to the Buddha. The Buddha asked them whether they had seen the thera killing the insects. When they answered in the negative, the Buddha said, “Just as you had not seen him killing, so also he had not seen those living insects.

Besides, as the thera had already attained arahatship he could have no intention of killing and so was quite innocent." On being asked why Cakkhupala was blind although he was an arahat, the Buddha told the following story:

Cakkhupala was a physician in one of his past existences. Once, he had deliberately made a woman patient blind. That woman had promised him to become his slave, together with her children, if her eyes were completely cured. Fearing that she and her children would have to become slaves, she lied to the physician.

She told him that her eyes were getting worse when, in fact, they were perfectly cured. The physician knew she was deceiving him, so in revenge, he gave her another ointment, which made her totally blind. As a result of this evil deed the physician lost his eyesight many times in his later existences.


瞎子尊者的故事

有一天,盲尊者迦丘帕喇到祗樹給孤獨園向佛陀問訊。當天晚上經行時,他意外踩死一些昆蟲。第二天早上,精舍的其他比丘前去找他時,發現這些昆蟲的屍體,他們認為尊者犯了戒,就向佛陀報告這件事。

佛陀首先問他們是否親眼看見尊者踩死這些昆蟲,他們回答說沒有。
佛陀就勸告他們:「正如你們沒有親眼看見他殺生,他也看不見這些昆蟲;再說,身為阿羅漢,他沒有殺生的念頭,所以並沒有犯戒。」
他們接著問佛陀,尊者的眼睛為什麼會瞎掉?佛陀就以下面的故事來說明業力的影響:

迦丘帕喇的某一前世是醫生,卻故意使某個女人的眼睛瞎掉。事情的經過是這樣的:
該女人答應迦丘帕喇,如果能夠徹底治好她的眼病,她和兒子願意做他的僕人。但後來她卻害怕真的變為僕人,就向醫生撒謊,說她的眼睛愈來愈壞,而事實上,卻已經完全痊癒了。醫生很清楚她在騙他,所以為了報復,就給她另一付藥方,終於使她的眼睛完全瞎掉。

由於這罪行,這醫生在往後很多世都是瞎子。

Friday, September 19, 2014

ကိုယ့်နေရာနှင့် ကိုယ်


ကိုယ့်နေရာနှင့် ကိုယ် 

တခုသော ဆောင်းရာသီနံနက်ခင်း၌ ဘီလုံးငှက်ငယ်တကောင်သည် တံခါးတိုင်ထိပ်တွင် နေစာ လှုံနေ၏။ ထိုစဉ်ခိုက်တွင် ကောင်းကင်၌ ပျံဝဲလျက်ရှိသော သိန်းငှက်ကြီးတကောင်က တရှိန်ထိုး ထိုးစိုက်၍ ဘီလုံးငှက်ငယ်ကို သုတ်ချီလိုက်၏။

သိန်းငှက်ကြီး၏ လှံသွားတမျှ ထက်မြက်သန်မာလှသော ခြေသည်းကြီးများကြား၌ မချိမဆံ့ ပါသွားရသော ဘီလုံးငှက်ငယ်သည် မိမိ၏ ဖြစ်အင်ကို ပြန်လည်သုံးသပ်ကာ ဤသို့ ငိုကြွေး မြည်တမ်း၏။


ငါတို့သာ ညံ့ဖျင်းလိုက်လေခြင်း၊ ငါတို့သာ ဘုန်းကံနည်းလိုက်လေခြင်း၊ ငါတို့က ကိုယ့်နေရာ မဟုတ်တဲ့ဆီမှာ ကျက်စားမိလို့ ခံလိုက်ရပြီ။ တကယ်လို့များ မိဘဘိုးဘွားများ ကျက်စားခဲ့တဲ့ ကိုယ့်နေရာမှာသာ ငါတို့များ ကျက်စားနေခဲ့မယ်ဆိုရင် အခုလိုခံရမှာ မဟုတ်ဘူး။ အခုလို ခံရမှာမဟုတ်ဘူး။

ဤသို့ ကျီကျီကျာကျာနှင့် ငိုကြွေးသံကို သိန်းငှက်ကြီးက နားထောင်ကာ မခံချင်စိတ် ဖြစ်ပေါ်လာသဖြင့်-
 “ဟေ့ မောင်ဘီလုံး၊ မင်းတို့ မိဘဘိုးဘွားများ ကျက်စားခဲ့တဲ့နေရာက ဘယ်မှာလဲကွ”-ဟု မေးလိုက်ရာ-
 “လယ်သမားကြီးတွေ ထွန်ယက်ထားခဲ့တဲ့ ထယ်ခဲတွေကြားမှာ”ဖြစ်ပါတယ်။
 “အောင်မာ၊ အဲဒီမှာ သွားနေတော့ကော ငါ့လက်က လွတ်မတဲ့လား။ ကိုင်း ဒါလောက်တောင် ရှိလှတာ အဲဒီမှာ သွားနေလိုက်စမ်းကွာ”။
မိမိ၏ စွမ်းအားကို လုံးဝဥဿုံ ယုံကြည်စိတ်ချထားပြီးဖြစ်၍ သိတ်းငှက်ကြီးက လွှတ်ပေးလိုက်၏။

ဘီလုံးငှက်ငယ်သည် သိန်းငှက်ကြီးလက်က လွတ်သွားသည်နှင့် တပြိုင်နက် ထယ်ခဲပေါ် ဆင်းလာခဲ့၏။ နေသွေ့သွေ့ပူထား၍ ခြောက်ကပ်မာကျောနေသော ထယ်ခဲကြီးပေါ်၌ ခြေစုံ ရပ်လိုက်ပြီးလျှင် သိန်းငှက်ကြီးရှိရာသို့ ၀ံ့ဝံ့စားစား မော့ကြည့်ကာ-
 “ကိုင်း-အခုတော့ လာခဲ့ပေတော့ သိန်းငှက်ကြီးရေ၊ လာခဲ့ပေတော့ သိန်းငှက်ကြီးရေ”-ဟု စိန်ခေါ်လိုက်ရာ-

 “အေး လာပြီဟေ့၊ မင်း ဘယ်ပြေးမလဲ မောင်ဘီလုံးလေး”။
သိန်းငှက်ကြီးက အတောင်နှစ်ဖက်လုံးကို စုရုံးကာ ထက်ကောင်းကင်မှ တဟုန်ထိုး ထိုးစိုက်လာ၏။ သိန်းငှက်ကြီးကို မျက်ခြည်မပြတ်ကြည့်နေသော ဘီလုံးငှက်ငယ်က သိန်းငှက်ကြီး ရောက်မလာမီ ကလေးတွင် ထယ်ခဲကြီးနှစ်ခုကြားသို့ ရုတ်တရက် တိုးဝင်ထားလိုက်၏။

အရှိန်ပြင်းပြင်းနှင့် ထိုးစိုက်လာခဲ့သော သိန်းငှက်ကြီးသည် မိမိအရှိန်ကို မထိန်းနိုင်ဘဲ ထယ်ခဲနှင့် ရင်အုပ်မှာ ဆောင့်မိကာ ရင်ကွဲ၍ သေဆုံးရလေတော့သည်။

( သတိပဋ္ဌာန်သည်သာ ကိုယ့်နေရာ )
သတိပဋ္ဌာနသံယုတ် အမ္ဗပါလိဝဂ်၊ သကုဏဂ္ဃိသုတ် ပါဠိတော်တွင် ဘုရားရှင်ကိုယ်တော်တိုင်က ရဟန်းများအား ဟောပြသော ဥပမာပုံဝတ္ထု ဖြစ်ပါသည်။

ဗလအားကိုးဖြင့် တဇွတ်ထိုးလုပ်ခဲ့သော သိန်းငှက်ကြီး၏ မရှုမလှပျက်စီးရပုံနှင့်တကွ ဉာဏ်ရှေ့ ထား၍ ကြိုးစားခဲ့သော ဘီလုံးငှက်ငယ်၏ သိန်းငှက်အန္တရာယ်ဆိုးကြီးမှ လွတ်မြောက်ပုံတို့ကို နှိုင်းယှဉ်ဟောပြတော်မူပြီးလျှင် ဘုရားရှင်က ဆက်လက်၍ ဤသို့ ဟောကြားတော်မူပေသည်။

ရဟန်းတို့၊ ထိုကဲ့သို့ ဖြစ်လေရကား သင်တို့သည် မိမိတို့ ကျက်စားရာ မဟုတ်သော၊ အခြား တပါးသော အာရုံ၌ မကျက်စားကြကုန်လင့်။ မိမိတို့ကျက်စားရာ မဟုတ်သော၊ အခြားတပါးသော အာရုံ၌ ကျက်စားသော သူတို့အား မာရ်နတ်က နှောင့်ယှက်ဖျက်ဆီးရန် အကြားအပေါက်ကို ရလတံ့။ နှောင့်ယှက်ဖျက်ဆီးနိုင်သည့် အကြောင်းကို ရလတံ့။ ရဟန်းတို့ မိမိတို့၏ ကျက်စားရာ မဟုတ်သော အခြားတပါးသော အာရုံဟူသည်ကား အဘယ်နည်း။

ဤသို့ မေးခွန်းထုတ်တော်မူပြီးလျှင် ဘုရားရှင်က ကိုယ်တော်တိုင် ဖြေကြားတော်မူ၏။ သာယာ နှစ်သက်ဖွယ်၊ ယစ်မူးမိန်းမောဖွယ် ကာမချမ်းသာ ခံစားခြင်းနှင့် ဆက်နွယ်နေသော အာရုံ ငါးပါးတို့သည် သာသနာ့ဝန်ထမ်း ရဟန်းများနှင့်တကွ ယောဂီသူတော်ကောင်းတို့ မကျက်စား သင့်သောအာရုံများ ဖြစ်ပေသည်။ မာရ်နတ်မင်း၏ နှောင့်ယှက်ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ စက္က၀တ္တိသုတ်ကို ဖွင့်ဆိုရာတွင် အဋ္ဌကထာဆရာကြီးက မာရော-ဟူသော ပုဒ်အရကို ၀သ၀တ္တိဘုံစံ မာရ်နတ်သားနှင့်တကွ မစ္စုမာရ်၊ ကိလေသမာရ် တို့ကိုလည်း ကောက်ယူနိုင်ကြောင်း ပြဆိုထားပေသည်။

သို့ဖြစ်၍ ဘုရားရှင်၏ လက်ထက်တော်တုန်းက တလျှောက်လုံး နှောင့်ယှက်ဖျက်ဆီးလာခဲ့သည့် မာရ်နတ်သားသည် ယခုလက်ရှိ ဘုရားတပည့်သား ရဟန်းရှင်လူ သူတော်စင်အပေါင်းကို နှောင့်ယှက် ဖျက်ဆီးနိုင်၏။ အကယ်၍ မာရ်နတ်သား၏ အနှောင့်အယှက်က လွတ်နေလျှင်လည်း မစ္စုမာရ်၏ လက်ချက်ကတော့ လွတ်မည်မဟုတ်ပါ။

ဖွားမြင်လာသည့် သတ္တ၀ါမှန်သမျှ မစ္စုမာရ်နှင့် လုံးဝမကင်းနိုင်ပါ။ ဘုရားရဟန္တာများသော်မှ ဤဘ၀ ဤခန္ဓာအတွက် သေဘေးနှင့် မကင်းနိုင်ပါ။ ဤသို့ မကင်းနိုင်သေးပါဘဲလျက် ဘုရားရဟန္တာ အရှင်မြတ်ကြီးများ မစ္စုမာရ်ကို တွန်းလှန်ပယ်ရှားနိုင်သည်ဟု ဆိုရခြင်းမှာ နောက်ထပ်တဖန် ဘ၀သစ်ကို မရနိုင်တော့၍ ဖြစ်ပါ၏။ ဘုရားရဟန္တာ အရှင်မြတ်ကြီးတို့သည် နောက်ထပ်တဖန် ဘ၀သစ်ကို မရနိုင်တော့သည့်အတွက် အဖန်ဖန် အထပ်ထပ် သေပြီးရင်းသေ၍ နေရလတံ့သော ဘေးဒုက္ခမှ လွတ်မြောက်တော်မူကြ၏။ ထို့ကြောင့် ဤဘ၀ ဤခန္ဓာမှာပင် မစ္စုမာရ်ကို တွန်းလှန်နိုင်သည်ဟု ဆိုကြရ၏။

ကိလေသာမာရ် ဟူသည်မှာ ၀ီတိက္ကမ၊ ပရိယုဋ္ဌာန၊ အနုသယအားဖြင့် အဆင့်သုံးဆင့်မှာ ရှိနေကြသော ကိလေသာ ဆယ်ပါးတို့ ဖြစ်ကြ၏။ ကိလေသာဟူသောပုဒ်၏ အနက်အဓိပ္ပါယ်မှာ ပူပန်စေတတ်၊ နှိပ်စက်တတ်သော သဘောဖြစ်၏။ မည်သည့်အဆင့်မှာရှိနေသည်ဖြစ်စေ ကိလေသာတရားမှန်လျှင် သက်ဆိုင်ရာ ရုပ်နာမ်ခန္ဓာအစဉ်ကို ပူပန်စေတတ်၊ နှိပ်စက် တတ်သည်သာ ဖြစ်၏။

ထိုကဲ့သို့ မာရ်သုံးမျိုးတို့၏ လက်တွင်းမှ မလွတ်ကင်းနိုင်ခြင်းမှာ မိမိ၏ ကျက်စားရာ မဟုတ်သောနေရာ၌ ကျက်စားမိသောကြောင့် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က ကျက်စားသင့်သည့် အာရုံ၌သာ ကျက်စားကြရန် ဆက်လက်၍ တိုက်တွန်း ဟောကြားတော်မူလို၍-

ရဟန်းတို့- မိမိ၏ ကျက်စားရာဖြစ်သော ဖခင်သဖွယ် ကိုးကွယ်အားထားရာဖြစ်သော ဘုရားရှင်တို့ ဟောကြားညွှန်ပြခဲ့ကြသည့် အာရံ၌သာ ကျက်စားကြကုန်လော့။ မိမိ၏ ကျက်စားရာဖြစ်သော အာရံ၌သာ ကျက်စားကြကုန်သော သူတို့အား မာရ်နတ်က နှောင့်ယှက်ဖျက်တီးရန် အကြား အပေါက်ကို မရလတံ့။ နှောင့်ယှက်ဖျက်ဆီးနိုင်သည့် အကြောင်းကို မရလတံ့။

ဤသို့ ဟောကြားတော်မူပြီးလျှင် ရဟန်းရှင်လူ ယောဂီသူတော်စင်အပေါင်းတို့ ကျက်စားသင့်သည့် အာရုံသည်ကား သတိပဋ္ဌာန်လေးပါး ဖြစ်ကြောင်း ထုတ်ဖော်ဟောကြားတော်မူပေသည်။

(၀ဏ္ဏသီရိ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

Saturday, September 13, 2014

သာဓုခေါ်ရကျိုး


“သာဓုခေါ်ရကျိုး”

ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါတွင် သာဝတ္ထိပြည်၌ ကြွယ်ဝချမ်းသာသော သူဌေးဇနီးမောင်နှံ ရှိလေသည်။ သူတို့သည် ရတနာသုံးပါးအား အထူးပင် ယုံကြည်မြတ်နိုး ကြလေသည်။ သူတို့သည် 
အသက်အရွယ်အားဖြင့် မကြီးလှသေးချေ။ ရှေးပါရမီကောင်းမှုကံ ကောင်းမွန်သူများ ဖြစ်ခြင်းကြောင့် ဤဘ၀၀ယ် မငြိုမငြင် တင့်တင့်တယ်တယ် နေကြရလေသည်။

အချိန်ကား လဆန်း ၁၄-ရက်နေ့ ညတညတွင် ဖြစ်လေသည်။ ထက်ကောင်းကင်မှ ရွှေလမင်းကား အသာကြီးသာလျက် သာဝတ္ထိမြို့ကြီးကား တိတ်ဆိတ်ငြိမ်သက်သော အသွင်ကိုဆောင်လျက်နေ၏။      

တိုင်းသူပြည်သား လူအများတို့လေ နက်ဖြန်သီတင်းနေ့၌ ဇေတ၀န်ကျောင်းတော်ကြီးဝယ် ဘုရားရှင် တရား ဟောတော်မူပါလိမ့်မည်။ နာကြားလိုသူများ ဇေတ၀န် ကျောင်းတော်ကြီးသို့  ဆက်ဆက် ကြွကြပါကုန်။

နိဗ္ဗာန်ဆော်များ၏ ကြေညာသံကား သူဌေးဇနီး မောင်နှံတို့၏ နားသို့ ရိုက်ခတ်သွား လေသည်။ ထိုအသံကို ကြားသောအခါ- “ရှင်မရေ၊ နက်ဖြန်လပြည့်နေ့တဲ့။ ဘုရားရှင် တရားဟောမယ် ဆိုပါလား”ဟု သူဌေးလေးက ပြောသောအခါ- ဟုတ်တယ်မောင်ရဲ့ -မောင်တို့ မယ်တို့လဲနက်ဖြန် တရားနာ သွားရအောင်နော်-ဟု  သူဌေးကတော်လေးက ခွန်းတုံ့ပြန်လိုက်၏။

နေရာကား ကြီးကျယ်သော ဇေတ၀န်ကျောင်းတော်ကြီး၏ ခန်းမဆောင်တနေရာ ဖြစ်လေသည်။ တရားနာ လာကြသော ပရိသတ်ကြီးက အုန်းအုန်းကျွတ်ကျွတ် တခဲနက် များပြားလှပါဘိသည်။ ထိုအခိုက် ဘုရားရှင်ကိုယ်တော်မြတ်သည် ရောင်ခြည်တော်ခြောက်သွယ် လွှတ်လျက်-

ချစ်သား ချစ်သမီးတို့ အကုသိုလ်မဖြစ်အောင် 
●ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်းလှပေ၏။
●နှုတ်ဖြင့် စောင့်စည်းခြင်းသည်လည်း ကောင်းလှပေ၏။
●စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်း ကောင်းလှပေ၏။
●အရာခပ်သိမ်း စောင့်စည်းမှုသည် ကောင်းလှပေ၏။
●ထို့ကြောင့် သင်တို့သည် ကိုယ် နှုတ် စိတ် သုံးပါးကို စောင့်စည်းကြပါကုန်။

ထိုဂါထာကိုဟောပြီးသောအခါ သိန်းသောင်းမက များလှသော ပရိသတ်ကြီး၏ “သာဓု သာဓု သာဓု” ဟူသော အသံကြီးသည် ပဲ့တင်မြည်ဟီးသွားလေ၏။ ဤတရားပွဲ၌ အချို့ သောတာပန်၊ အချို့ သကဒါဂါမ်၊ အချို့ အနာဂါမ်၊ အချို့ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။

တရားပွဲမှ ပြန်လာသောအခါ သူဌေးလေးသည် သာသနာ့တာဝန်ကို ထမ်းဆောင်လိုစိတ် ပေါ်လာသောကြောင့် ရှိသမျှပစ္စည်းများကို သူဌေးကတော်အား အပြီးအပိုင် အပ်နှင်းကာ သူဌေးမ လေးထံ ခွင့်ပန်၍ ပိဏ္ဍပါတိက ဓုတင်ဆောင် ရဟန်းတော်တပါးအထံတွင် သာသနာ့ဘောင်သို့ ၀င်ခဲ့လေသည်။

ထိုအခါ ရုပ်ချော ဥစ္စာပေါသည့် သူဌေးမလေးအဖို့ အသက်ငယ်ငယ်နှင့် တခုလပ်မလေး ဘ၀သို့ ရောက်ခဲ့ရရှာလေ၏။ အဆိုပါသတင်းကို ကြားသိသောအခါ  “ပေဿနဒီ ကောသလမင်းကြီး” သည် လင်မဲ့သူ သူဌေးမကလေးအား သိမ်းပိုက်တော်ကောက်လိုက်လေ၏။


နန်းတော်အတွင်း၌ ပန်းတော်ဆက်က ကြာပန်းများ ဆက်သသောအခါ ကောသလမင်းကြီးသည် မိဖုရားတဦးလျှင် ပန်းတပွင့်စီ ပေးကမ်းလေ၏။ သူဌေးကတော် အသစ်စက်စက်  မိဖုရားလေးကိုမူ ချစ်စနိုးသည့် အတွက် နေ့စဉ် ၂-ပွင့် ၂-ပွင့် ပေးသနားလေ၏။ အခြားသော မိဖုရားများက သူ့အား မနာလိုကြချေ။

တနေ့သ၌ ကြာပန်းဝေသောအခါ မိဖုရားလေးသည် ကြာနှစ်ပွင့်ကို တစိမ့်စိမ့်ကြည့်၍ ရှေးဦးစွာ ပြုံးလေ၏။ ပြုံုးပြီးသည့်နောက် မည်သို့စိတ်ကူးပေါက်သည်မသိ၊ ကြာပန်းနှစ်ပွင့်ကို အားပါးတရ နမ်းရှုပ်ကာ ငိုကြွေးလေ၏။ ထိုအခြင်းအရာကို မြင်သောအခါ ကောသလမင်းကြီးသည် မျက်မာန်တော်ရှလျက်- 

●ဟယ် မိဖုရားငယ်။ သင်သည် ပြုံးတခါ ငိုတလှည့်နဲ့ အဘယ်ကြောင့် ပြုဘိသနည်း။ သင်၏ ငိုခြင်း ၊ ရယ်ခြင်း ဟူသော အပြုအမူသည် နန်းနှင့် မထိုက်တန်တကား။ ငါ့အား မကွယ်မထောက် အမှန်အတိုင်း သံတော်ဦး တင်လော့။ မတင်က သင်သည် ကြီးလေးသော အပြစ်ဒဏ် ခံရချိမ့်မည်-
ဟု မိန့်လေရာ မိဖုရားလေးသည် စီးကျသော မျက်ရည်တို့ကို မြတဘက်ဖြင့် အသာသုတ်ကာ-

●“မှန်လှပါဘုရား၊ အခြားသော မိဖုရားတွေမှာ ပန်းတပွင့်စီ တပွင့်စီသာရပြီး ငါ့အဖို့မှာတော့ အရှင်မင်းကြီးက ချစ်မြတ်နိုးတော်မူသည့်အတွက် ပန်းနှစ်ပွင့်ပင် ရပါကလား ဆိုပြီး ၀မ်းသာမိသည့် အတွက် ပြုံးရယ်မိပါသည် ဘုရား။ ဒီကြာပန်းကလေးကို မြင်ရသောအခါ ခံတွင်းက ဒီကြာပန်း ရနံ့ပမာ မွှေးပျံ့သောအနံ့ရှိသည့် သာသနာ့ဘောင်သို့ ပြောင်းသွားသူ အချစ်ဦးကို အမှတ်ရ၍ ၀မ်းနည်းသော အထိမ်းအမှတ်အဖြစ် လွမ်းဆွတ်မိသောကြောင့် ငိုကြွေးမိပါသည်ဘုရား-ဟု သနားစဖွယ် ငိုကြွေးကာ သံတော်ဦး တင်ရှာလေသည်။

မင်းကြီးသည် မယုံသည့်အတွက်- အဘယ် မိဖုရားငယ်၊ လူ့ပါးစပ်က ကြာနံ့ပမာ မွှေးပျံ့သည် ဆိုသည်ကို ငါ မယုံကြည်နိုင်။ သင်သည် ငါ့အပြင် တဦးတယောက်နှင့် ဖောက်ပြားလို၍သာ ပြောတန်ရာသည် မဟုတ်လော-ဟု စွပ်စွဲမေးမြန်းပြန်၏။

မိဖုရားလေးသည် သုံးကြိမ်တိတိ စကားမပြောင်း၊ လေမပြောင်းဘဲ ရှေးနည်းအတိုင်းပင် ဖြေဆို လေ၏။ ဘုရင်ကြီးသည် သုံးကြိမ်ဖြေသော်လည်း ယုံကြည်မှု မရှိသောကြောင့် အကျပ်ကိုင်သည့် သဘောဖြင့် သက်သေတောင်းလေ၏။ ထိုအခါ အားနွဲ့သူ မိဖုရားလေးက-

“မှန်လှပါ အရှင်မင်းမြတ်၊ မယုံပါလျှင် နက်ဖြန် ဤနန်းတော်၌ ဆွမ်းပင့်ကျွေး၍ စုံစမ်းကြည့် တော်မူပါ။ အကယ်၍ မဟုတ်မမှန်ပါလျှင် ကျွန်တော်မျိုးမအား ပေးလိုသောအပြစ်ကို ပေးတော်မူပါ” ဟု အရဲစွန့်၍ သံတော်ဦး တင်ရှာလေ၏။

နောက်တနေ့၌ မင်းကြီးသည် ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား နန်းတော်သို့ပင့်၍ ဆွမ်းကျွေး လတ်သော် မိဖုရားငယ်ညွှန်ပြသော ကိုယ်တော်လေးအား တရားဟောရန် လျှောက်ထားလေ၏။ ဘုရားရှင်နှင့်တကွ အခြားသံဃာတော်များသည် ကျောင်းတော်သို့ ကြွပြန်သွားတော်မူလေသည်။

တာဝန်ကျသူ ကိုယ်တော်လေးသည် ငြိမ်သက်တည်ကြည်သော ဣနြေ္ဒဖြင့် တရားဟောရန် မပွင့်တပွင့် ခံတွင်းကို ဖွင့်ဟလိုက်သောအခါ နံ့သာဖြင့်ပြည့်သော ဆင်စွယ်ကြုတ်ကလေးကို လှုပ်လိုက်ဘိသကဲ့သို့  နန်းတော်တခုလုံး “ကြာညိုပန်း” ရနံ့များသည် ကြိုင်သွေးလေ၏။ 



ထိုအခါ ဘုရင်ကြီးသည် အလွန်အံ့သြပြီး ဤမိဖုရားသည် မှန်သောစကားကို ဆိုပေ၏- ဟု ၀မ်းသာ အားရ ချီးကျူးဟစ်အော်ကာ မိဖုရားငယ်အား ရှေးကထက် မြှောက်စားလေ၏။ ကိုယ်တော်ကလေး အားလည်း ပစ္စည်းလေးပါး ဒကာအဖြစ် ခံလိုက်လေသည်။

နောက်တနေ့သို့ ရောက်သောအခါ ဘုရင်ကြီးသည် ဘုရားရှင်ထံသွား၍-
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ဤကိုယ်တော်လေးသည် ဘယ်ကုသိုလ်ကောင်းမှု ကံကြောင့် ယခုကဲ့သို့ ခံတွင်းမှ ကြာညိုနံ့ပမာ မွှေးကြိုင်သောရနံ့ ထွက်ပါသနည်းဘုရား”-ဟု မေးလျှောက်လေ၏။ 

ထိုအခါ ဘုရားရှင်သည်-
“ဒကာတော်မင်းမြတ် ဤကိုယ်တော်လေးသည် ရှေးရှေးအတိတ်ဘ၀များက တရားနာသောအခါ ရိုရိုသေသေ နာယူပြီး သာဓု သာဓု သာဓု- ဟု စေတနာသဒ္ဓါတရားဖြင့် ခေါ်ဆိုခဲ့သည့်အတွက် ယခုလို အကျိုးထူး ခံစားရပေသည်-ဟု သာဓု၏ အကျိုးတရားကို ဟောတော်မူလေ၏။

မာဂဓီ-သာစည် 

Sunday, August 24, 2014

ပညာ လုံးလ အသုံးချတတ်သော သူဌေးကြီး ရဲ့ဘဝ


ပညာ လုံးလ အသုံးချတတ်သော သူဌေးကြီး ရဲ့ဘဝ

“ချစ်သော လူလေး - အဘ စကားကို မမေ့သောသတိဖြင့် မှတ်သားပေလော့ ၊ ဤကပ် ရောဂါဆိုး ကြီးသည်ကား အလွန်တရာမှ ပြင်းထန်လွန်းလှပေသည် ”
“ မြို့လုံးကျွတ်လောက်အောင် သေကြေကြပေမည် ၊ လျင်မြန်သော အဟုန်ဖြင့်  အိမ်နံရံကို ဖေါက်ထွက်နိုင်မှသာ တော်ရုံကျ ပေမည် ”
“ ဤနေရာ ဤအမှတ်အသားအား သေချာစွာ မှတ်သားပေလော၊ ဒီမြို့မှာ ကပ်ရောဂါဆိုးကြီး ပြီးဆုံးလို့ အေးငြိမ်းတဲ့ နောင်တချိန်ကျမှ ဒီနေရာမှာ ဥစ္စာတွေ တူးဖေါ်လို့ အသက်မွေး ပြုပေလော့ ”
             မှာတမ်းရှည်ကြီး ချွေလို့ ၊ မြို့အပြင် ထွက်ပြေးခိုင်းခဲ့တဲ့ အဘ (ဖခင်) ရဲ့ အသံကို ယခုထိ
ကြားယောင်နေပါတော့တယ် ။

             မိမိ နောက်မှ မြို့ပြင်ထွက်ပြေးလာခဲ့သော အိမ်နီးချင်းတို့ အပြော ကတော့ ... “ လူလေး
ဃောသက - လူလေးအဘ နဲ့ တစ်အိမ်သားလုံး ရောဂါကပ်လို့ ဆုံးပြီ ” တဲ့လေ ။
“ မြို့ထဲမှာလဲ ရောဂါကပ်လို့သေတဲ့သူကသေ ၊ ပြေးတဲ့သူကပြေး နဲ့ ပေါ့ ”
အဲဒီအချိန်ကဆို ၀မ်းနဲလို့မဆုံး၊ ငိုကျွေးလို့မဆုံး ဖြစ်ခဲ့ရတာပါ ။ ဒီအဖြစ်သနစ်ဆိုးကြီးကို ဘယ်တော့မှ မေ့နိုင်မယ် မထင်တော့ ။

           နုနယ် ဖွင့်ထွား ၁၇ -နှစ်သားအရွယ် ၊ ဆံနွယ် စုတ်ဖွားနဲ့ လုလင်ပျိုလေး ကုမ္ဘဃောသက မှာ ငါးနှစ်သားအရွယ်က မိဘတို့အကြောင်း ပြန်လည် မြင်ယောင်မိနေပါတော့တယ် ။ သင့်သလိုနေ ၊ သင့်သလိုစား ၊ ရှိတဲ့ စုတ်စုတ် နွမ်းနွမ်း အ၀တ်ကို ဆင်ပြီး ၊ ရရာ အလုပ် အသက်မွေး ပြုလို့ နေလာခဲ့တာ ၁၂ - နှစ်တင်းတင်းတောင် ပြည့်ခဲ့ပါပြီ ။ ခုဆို တစ်မြို့လုံးလဲ ကပ်ရောဂါတွေကင်းလို့ ၊ တော်တော်လေး စည်ပင် ၀ပြောနေပါပြီ ။

           ဒါနဲ့ မြို့တွင်း ၀င်ပြီး တိတ်တဆိတ် ဖခင် ပြခဲ့တဲ့ နေရာရှာဖွေလို့  တူးဖေါ်မိတယ် ဆိုရင်ပဲ
 “ ငါကို - မြို့တွင်းမှသူသူငါငါတို့ မမှတ်မိကြတော့ ၊ မသိကြတော့ ၊ ခုချိန်မှ ဒီလောက်များပြားလှတဲ့
ဥစ္စာတွေ ယူလို့ သုံးစွဲရင်ဖြစ် အများသူငါ အထင်လွဲစရာ ဖြစ်ပေလိမ့်မယ် ”
 “ တနေ့နေ့ တချိန်ချိန်မှပဲ  တူးဖေါ် သုံးစွဲရမယ် ” လို့ တွေးမိတယ် ။

          ဥစ္စာတွေပြန်မြုပ်လို့ မြို့တွင်းကို လျောက်ကြည့်မိပါတယ် ။ ရာဇဂြိုလ်မြို့ကြီး သည်ကား
စည်ပင် သာယာလှပေတယ် ။ ကျယ်ဝန်းလှပေတယ် ။ ရွှေနန်းတော်ကြီးမှာလဲ ကျက်သရေ ရှိလှပေတယ် ။
“ ငါသည် ဤမြို့၌ သင့်ရာအလုပ် အသက်မွေးနေမှ ” ဟု ကြံစီကာ မြို့သူမြို့သားအပေါင်းကို မနက်
စောစော နိုးထလို့ နိုးဆော်ရတဲ့ အလုပ်ကို ရွေးလိုက်ပါတယ် ။
ထိုအလုပ်ဖြင့် စားစရာ လစာရိက္ခာ နှင့် နေစရာ အိမ်လေးကိုပါ ရလိုက်ပါတယ် ။

          “ အို - ဖခင်တို့ နိုးထကြကုန်လော့ ၊ မျက်နှာ သစ်လို့မို့ လှည်းတို့ကို ဆင်ကြကုန်လော့ ။
နွားတို့ကို ကကြစေလော့ ၊ ဆင် မြင်းတို့ကို ကျွေးဖို့ မြက်ရိတ်ရန် ပြင်ကြ ကုန်လော့ ”

          “ အို - မိခင်တို့ နိုးထကြကုန်လော့ ၊ မျက်နှာသစ်လို့မို့ ယာဂုကို ကျိုကြကုန်လော့ ။
ဆွမ်း အဖို့ရာ ချက်ကြကုန်လော့ ”
          ရာဇဂြိုလ်မြို့ကြီး တစ်ခုလုံး အာရုံတက်ချိန်ရဲ့ တိတ်ဆိတ်မှုကို တည်ကြည်ခန့်ညားသော
အသံနှင့် ထိုးဖေါက်ခဲ့မိတာ နေ့စဉ် ရက်ဆက်ပါ ။

          ဒီလိုနဲ့ ရက်တွေ လတွေ ပြောင်းလို့ တစ်ခုသော နေ့တနေ့တွင် ရွှေနန်းတော်ကြီးပေါ်က
ဗိမ္မိသာရ မင်းကြီး မှာ ... “ ဟဲ့ .. ဟဲ့ မင်းချင်း - ခုနက နိုးဆော်တဲ့အော်သံ ကြားလိုက်လား ”

“ မှန်လှပါ - ကြားမိကြောင်းပါဘုရား ”

“ ဤ အောင်မြင် ခန့်ညားလှတဲ့ အသံရှင်သည်ကား လွန်စွာ ချမ်းသာသောသူရဲ့ အသံပင်တည်း ၊
ဘယ်သူ ဘယ်ဝါ အကြောင်းစုံ စုံစမ်းစေ ”
မင်းချင်းမှာ ဘုရင့်အမိန့်တော်နှင့် မောင်းမကိုစေလွှတ်ပြီး ဃောသကလုလင်အား စုံစမ်းစေတယ် ။

          “ အရှင်မင်းကြီး - နိုးဆော်သံပေးသော လုလင်ပျိုကား ကုမ္ဘဃောသက မည်ပေ၏ ။
အလွန်မှ ဆင်းရဲ ပါပေ၏ ။ ဆွေမျိုး ကင်းမဲ့ပါပေ၏ ။ နိုးဆော်သမှုပြုရသော အခစား လုပ်သူ
တစ်ဦးပါ ဘုရား ”

          “ ဟဲ့ .. ဟဲ့ မင်းချင်း - ငါ့မှန်းတာ မလွဲနိုင်ပေဘူး ။ သူချမ်းသာရဲ့ အသံပါပေတည်း ”
သူချမ်းသာ၏အသံ ဖြစ်ကြောင်း ထပ်ခါတလဲလဲ မိန့်နေပြန်သဖြင့် ထပ်ခါစုံစမ်းသော်လဲ သူဆင်းရဲ
သာ တွေ့နေရပါသည် ။
“ မင်းကြီးရဲ့ ထပ်ခါတလဲ ပြောဆိုမှုသည်ကား အကြောင်းရှိတန်ရာ ၏ ။ အဖြစ်မှန်ကို စုံစမ်းမှ သင့်ပေလိမ့်မည် ” ဟု စဉ်းစားကာ မင်းကြီးကို လျောက်တင် လေ၏ ။

          “ အရှင်မင်းကြီး - ဤ ဃောသကလုလင်သည်ကား အမှန်ပင် ချမ်းသာသည် ဆိုအံ့ ။
ဤ လုလင်၏ ပိုင်ဆိုင်မှု ဥစ္စာ အားလုံးတို့ကို ရွှေနန်းတော်သို့ ယူဆောင်ပေးပါမည် ။
ကျွန်တော်မျိုးမအား အသပြာ (၁၀၀၀)ကို ပေးသနားတော်မူပါ ။ မင်းသမီးကိုလဲ ခေါ်ဆောင်ခွင့်
ပေးတော်မူပါ ဘုရား ”

            မင်းကြီးခွင့်ပြုတယ်ဆိုရင်ပဲ အ၀တ်သန့်သန့် နွမ်းနွမ်းကို ရှာဖွေလျှက် လူလတ်တန်း
ခရီးသွား သမီးနဲ့ မိခင်ပမာ စီရင်ကာ ဃောသကလုလင် နေထိုင်ရာ လမ်းအတွင်းကို ထွက်လာခဲ့ပါ
တော့တယ် ။

           ဃောသကလုလင်အိမ်အနီးမှ အိမ်တစ်အိမ်ကို ၀င်လျှက်
“ အို - အိမ်ကြီးရှင်အပေါင်းတို့ ကျွန်ုပ်တို့ ခရီးသွား သားအမိ နှစ်ယောက် တနေ့တာ တည်းခိုဖို့ရာ ဖြစ်နိုင်ပါ၏လော ။ အကယ်၍ မဖြစ်နိုင်ပါအံ့မူ အဘယ်မှာ ရနိုင်ပါအံ့နည်း ကျေးဇူးပြု၍ ပြောကြပါ ”
ဒီလိုနဲ့ အိမ်နီးချင်းတွေရဲ့ ညွှန်ပြမှုဖြင့် ဃောသကလုလင်ရဲ့ အိမ်ကို ရောက်လာပါတော့တယ် ။

          “ အသင် လုံမငယ်နှင့် မိခင် - ဤအိမ်သည်ကား ယောင်္ကျားသား တစ်ဦးထဲနေထိုင်တဲ့အိမ်
ဖြစ်ရကား တည်းခိုဖို့ရာ မဖြစ်နိုင်ပေ ။ အခြားအိမ်ကို ရှာကြကုန်လော့ ”

          “ သားမောင် - လမ်းထဲ၌ အိမ်အများအပြား နှံလေပြီ ။ နေထိုင်ရာ ဦးရေများလှ၍ တည်းလို့
မရကုန် ။ အချိန်လဲ လင့်နေပါ၍ ဒီတညတော့ တည်းခွင့်ပေးပါ ”

          အပြောကောင်းလှတဲ့ လုံမပျို ရဲ့ မိခင်စကားကြောင့် ဘာမှမတတ်သာပဲ တည်းခွင့်ပေးလိုက်
ပါတော့တယ် ။ “ သားမောင် - သွားစရာရှိတာ စိတ်ချလက်ချ သွားပါ ။ ဆန် ၊ ဆီ ၊ ချက်စရာတို့ကို
သာ ပေးခဲ့ပါလေ ။ တနေ့တာ ချက်ပြုတ်ကျွေးခဲ့ပါမယ် ”

          “ နေပါစေ - မိခင် ၊ ကိုယ့်ဖါသာ စီရင်ပါ့မယ် ”

          “ သားမောင် - အားမနာပါနဲ့လေ ၊ ချက်ခွင့်ပေးပါ ”
          လုံမပျိုရဲ့ မိခင်မှာ ဃောသကလုလင်အား အပြင်သို့ နှင်လေ၍ ဆန်ဆီတို့ကို ယူ၍၄င်း ၊
လိုအပ်သည်ကို ဈေးမှ ၀ယ်ယူ၍၄င်း စားသောက်ဖွယ်များကို ဖွယ်ဖွယ်ရာရာ စီမံလေတော့သည် ။

          နောက်တနေ့ ဃောသကလုလင် နိုးဆော်အမှု ပြုနေစဉ် ရှေးနည်းအတိုင်း ချက်ပြုတ်စီမံ
ပါတယ်။ နိုးဆော်အမှု ပြုပြီးပြန်ရောက်ကာမျှပင် မိခင်ဆိုသူမှာ “ သားမောင် - ဤသည်ကား ယခုပင်
သောက်ရန် ယာဂု ၊ ဤသည်ကား မနက်စာ ၊ ဤသည်ကား ... .. .. စသည်ဖြင့် စားသောက်ဖွယ်နှင့်
သာ ပြီး၍  ပြန်ဖို့ရာ မပြောတော့ပြီ ။

     မိန်းမ မာယာ သဲကိုးဖြာ  မက .....

          ဃောသကလုလင် အိမ်တွင်မရှိခိုက် မိခင်အယောင်ဆောင် မောင်းမက လုလင်ရဲ့ ညောင်စောင်း ( ကုတင် )ကို ခြေတဖက်အား တဲတဲလေးဖြစ်အောင် လှီးဖြတ်ထားလေသည် ။ ညနေ - ဃောသကလုလင် ပြန်ရောက်သည်ဆိုရင်ပဲ ထိုင်မိကာမျှဖြင့် ကုတင်ကျိုးကာ လျောကျလေတော့သည် ။
“ အိမ်နီးချင်းက ကလေးတို့ဟာ အင်မတန် ပြောရခက်လေတယ် ၊ ညောင်းစောင်း ပျောက်လောက်
အောင် ဆော့လေတယ်ပေါ့ ”

ထိုညက ပြန်လည်ပြုပြင်ခဲ့သော်လည်း  နောက်တနေ့ ပြုပြန်ရာ ညနက်လှပြီ ဖြစ်၍ ...
“ သားငယ် - ဒီညအဖို့ကား အမောင်အိပ်ရန်ခက်ချေပြီ ”

“ ချစ်သမီး - ဒီညဖို့ အမောင်အိပ်ရန် ခွင့်ပေးလေတော့ ” ဟုဆိုကာ ကြိုတင် စည်းဝါး ကိုက်ထားသည့် အတိုင်း လုံမပျိုရဲ့ ကုတင်တွင် အစွန်းတဖက်၌ လုံမပျိုအား တဖက်လှည့်ကာ အိပ်ဆက်စေပါတယ် ။
“ သားငယ် - ကုတင်တဖက်စွန်း၌ နှမငယ်နှင့် ဒီတည အိပ်ဆက်ပေတော့ ” ဟုဆိုကာ မျက်စပစ်ပြ
လေသည် ။

နောက်တနေ့ မနက်တွင် ကုတင်၌ လုံမပျို ငိုနေသည်ကို မိခင်ဆိုသူတွေ့သောအခါ ..
“ သားငယ် - သားမောင်ကို ချစ်ခင်လှပါတယ် ၊ နှမငယ်ကို သေတပန်  သက်တဆုံး စောင့်ရှောက်
ပါလော့ ”

     မင်းကြီးက ဆင့်ခေါ်စေပြီ


              ရက်အနီးငယ်ရရင်ပဲ ဃောသကလုလင်နေသောလမ်းတွင် ပွဲလမ်းသဘင် ကျင်းပစေပါတယ် ။ မင်းအမိန့်နဲ့ပေါ့ ။ မကျင်းပနိုင်သူ မင်းဒဏ်သင့်စေတဲ့လေ ။
“ ချစ်နှမ - အမောင်တို့တော့ ခက်ချေပြီ ။ အခစားဘ၀ဖြင့် အဘယ်မှာ ပွဲသဘင် ကျင်းပနိုင်ပေလိမ့် ”

“ အမောင် - ပွဲသဘင် မကျင်းပရင်ဖြင့် မင်းဒဏ်သင့်ပေလိမ့်မည် ။ ချေးဌား ရှာကျန်၍ အသပြာရအောင်ရှာပါလေ ”

              ဃောသကလုလင်မှာ တိတ်တဆိတ် ဥစ္စာကိုဖေါ်၍ အသပြာ တစ်ပြားယူဆောင်ကာ နှမငယ်ကိုအပ်ပြီး ပွဲတော်ကျင်းပစေပါတယ် ။ နောက် ၂ - ရက်လွန်လျှင်ပင် တဖန် မင်းအမိန့်ဖြင့် ပွဲသဘင် ထပ်မံ ကျင်းပစေပြန်ပါတယ် ။ ရှေးနည်းအတိုင်း အသပြာသုံးပြား ယူကာ နှမငယ်ကို ပွဲသဘင် ကျင်းပစေပြန်တယ် ။

နောက်တနေ့ရောက်ပြန်သော် ....
“ နှမငယ် - ကြည့်လော့ ၊ အိမ်ရှေ့မှာ မင်းမှုထမ်းတို့ရောက်ချေပြီ ” ဘာအကြောင်းရှိ သည်လဲပေါ့ ။
ပွဲတော်လဲ ကျင်းပပါလျက် မင်းကြီးအခေါ်ခံရသော ဃောသကလုလင်မှာ စိုးရိမ်မှု များစွာနဲ့ ရွှေနန်းတော်သို့ ရောက်လာပါတော့တယ် ။

“ ဃောသကလုလင် ဖြစ်ပါသလော ”

“ မှန်လှပါ - ကုမ္ဘဃောသက မည်ပါပေသည် ဘုရား ”

“ ပစ္စည်းဥစ္စာ များစွာရှိပါလျှက် ဘာကြောင့် မသုံးစွဲဘဲ နေပါသလဲ ”

“ မှန်လှပါ - သူဆင်းရဲ အခစားဘ၀မို့ ဖွယ်ဖွယ်ရာရာ မသုံးစွဲ နိုင်ပါဘူးဘုရား ”

“ ဟဲ့ - ဃောသက ဘာကြောင့် လိမ်လည်မှု ပြုနေပါသလဲ ”

“ မှန်လှပါ - မလိမ်ဝံ့ကြောင်းပါ ဘုရား ”

“ ကဲ ဒါဆို ဒီအသပြာတွေကို မှတ်မိပါ၏လော ”

ဃောသကလုလင် ခမျာ ခက်ချေပြီ ၊ အသပြာတွေမြင်ပြီး ပတ်ဝန်းကျင် ဝေ့ကြည့်မိသည် ဆိုရင်ပဲ
နန်းဝတ်တန်ဆာ လှပစွာဖြင့် သားအမိ နှစ်ယောက်ကို တွေ့မြင်လိုက်သောအခါ ..
“ ဤ သားအမိသည်ကား မိမိဥစ္စာရှိမှု စုံစမ်းရန် စေလွှတ်ခံရသောသူများပင် ဖြစ်ချေမည် ”

အမှန်အတိုင်းသာ လျောက်တင်ရပေတော့မည် ။
“ မှန်လှပါ ပြည့်ရှင် မင်းကြီးဘုရား - များစွာသော ဥစ္စာရှိသည်မှာ မှန်ပါတယ် ဘုရား ”

“ အားကိုးရာ မရှိသည်ကြောင့် သူဆင်းရဲအသွင် အခစားဘ၀နဲ့သာ နေရပါတယ် ဘုရား ”

“ ငါ မင်းကြီးသည် အားကိုးရာ မဟုတ်ပေလော ”

“ မင်းကြီး ချီးမြောက်ပါလျှင် မင်းကြီးသည် အားကိုးရာ အမှန်ပင် ဖြစ်ပါတယ် ဘုရား ”

“ ဃောသကလုလင် - အသင့်မှာ ဥစ္စာ အဘယ်လောက် ရှိပါအံ့နည်း ”

“ ကုဋေ ၄၀ - သော အသပြာ ရှိပါတယ် ဘုရား ”

           ဒါနဲ့ အသပြာ ကုဋေ ၄၀ - ကို နန်းရင်ပြင်သို့ တိုက်စေ၍ စုပုံကာ မြို့သူမြို့သား အပေါင်းတို့
“ ဤလောက်များစွာသော ဥစ္စာ ပိုင်ဆိုင်သူ ရာဇဂြိုလ်မြို့၌  အဘယ်သူ ရှိပါသေးသလဲ ”

“ ဘယ်သူမှ မရှိပါဘုရား ”

“ အင်း - ဃောသကလုလင်ကို ဘာလုပ် ထိုက်ပါသနည်း ”

“ ချီးမြောက်ထိုက်ပါသည် ဘုရား ”

“ ဃောသကလုလင်အား သူဌေးအရာ ဘွဲ့အပ်နှင်း၍ သမီးတော်နှင့် စုလျားထိမ်းမြား ပေးတော်မူမယ် ”
“ ယနေ့မှ စ၍ သူဌေးကြီး ကုမ္ဘဃောသက ဟုခေါ်တွင် စေ ”

            ဒီလိုနဲ့ တနေ့သောအခါ  မင်းကြီး ဗိမ္မိသာရ ၊ သူဌေးကြီး ကုမ္ဘဃောသက နဲ့ ကြင်ယာ တော် မင်းသမီး တို့ဟာ  မြတ်စွာဘုရား သတင်းသုံးရာ   ဝေဠုဝန် ကျောင်းတော်သို့  သွားရောက် ဖူးမျှော်၍ သူဌေးကြီး ကုမ္ဘ ဃောသက၏   ဥစ္စာများစွာ ရှိပါသော်လဲ   မကြွားဝါပဲ   ရိုးသားစွာ အခစား ဘ၀နဲ့ နေထိုင်ပုံ ၊ သတိ ဥာဏ်အပြတ်ပဲ အားကိုးရာ ရှာပုံတို့ကို လျောက်ထားလေရာ .. မြတ်စွာဘုရားက သူဌေးကြီး ကုမ္ဘဃောသက ကို အကြောင်းပြု၍ “ ထကြွလုံးလရှိသူ ၊ သတိရှိသူ ၊ စင်ကြယ်သောကံ သုံးပါးရှိသူ ၊ စူးစမ်းဆင်ခြင်မှု ပြုသူ ၊ က္ကုနြေ္ဒကိုစောင့်စည်းသောသူ ၊ တရားသဖြင့် အသက်မွေးသောသူ ၊ မမေ့မလျော့သောသူတို့အား  အခြွေအရံ အကျော်အစောသည်  တိုးပွားရာ ၏ ” ဟူသော အောက်ပါ  ဒေသနာတော်ကို ဟောတော်မူပါတယ် ။
တရားတော်အဆုံး၌ သူဌေးကြီး ကုမ္ဘဃောသက နှင့်တကွ တရားနာ ပရိသတ်အပေါင်းတို့ သောတပန်တည် ကုန်ကြပါတယ် ။

      မြတ်ဘုရား၏ ဒေသနာတော် - ( ဓမ္မပဒ ) အပ္ပမာဒ၀ဂ္ဂ

ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။

ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။

Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in
accordance with truth (right livelihood), that person will arise in glory.


        စာဖတ်သူ သူငယ်ချင်း အပေါင်းတို့ လဲ  ကုမ္ဘဃောသကလုလင် ထုံး   နှလုံးမူလျက် ...
ဥစ္စာ ၊ ပညာ မည်မျှ ရှိစေကာမူ မကြွားဝါဘဲ ၊ သတိမပျက် အသိကပ်ပြီး ကောင်းမွန် လိုက်ဖက်သော အခြွေအရံ တိုးပွါး ကြကုန်သည်ထိ ကျင့်ကြံ အားထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတော့တယ် ။

       နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ ... ။

By အာဒံ


Wednesday, March 12, 2014

ညီအကိုပင် ဖြစ်သော်လည်း

ညီအကိုပင် ဖြစ်သော်လည်း



တခါတုန်းက သေတဗျမြို့မှာ မဟာကာဠ မဇ္ဈိမကာဠ စူလကာဠဆိုတဲ့ ညီအကိုသုံးယောက်ရှိပါတယ်။ အကိုကြီးနဲ့ ညီအငယ်ဆုံးဟာ ကုန်သည်အလုပ်ကို လုပ်ကိုင်ကြပြီး ညီလတ်ကတော့ ညီအကိုတွေ နယ်တကာလှည့်ပြီး ၀ယ်ယူလာတဲ့ ပစ္စည်းတွေကို အိမ်မှာ ဒိုင်ခံယောင်းဝယ်ဖောက်ကားတဲ့ အလုပ်ကို လုပ်ရသတဲ့။ ညီအကိုတွေ စီးပွားရှာရာမှာ တက်ညီလက်ညီ ရှိကြတဲ့သဘောပါ။

တနေ့မှာ အကိုကြီးနှင့် ညီငယ်ဟာ အရောင်းအ၀ယ်ကိစ္စနဲ့ ဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိပြည်ကို ရောက်ခဲ့ပါတယ်။ အကိုကြီး မဟာကာဠဟာ သာဝတ္ထိကို ရောက်နေတုန်း ဘုရားရှင်ရဲ့တရားကို နာယူမိပြီး မမြဲတဲ့ သဘောတရားကို ဆင်ခြင်မိသွားသတဲ့။ သူရှာဖွေစုဆောင်းနေသမျှဟာ သေရင်သူ့နောက်ကို ဘာမျှမပါဘူးဆိုတာကို ကောင်းကောင်းသိသွားတဲ့အတွက် ဘုရားရှင်ထံမှာ ရဟန်းဝတ်ခွင့်တောင်းပြီး ရဟန်းပြုသွားခဲ့ပါတော့တယ်။ ညီငယ်လေးဟာ ခရီးသွားရင်း၊ စီးပွားရှာရင်းတန်းလန်းမို့ အကိုကြီးကို ရဟန်းမ၀တ်ဖို့ တားဆီးခဲ့ပေမယ့် ဘယ်လိုမှ တားဆီးလို့ မရတဲ့အတွက် အကိုကြီးသွားရာလမ်းကို ငါလည်းလိုက်မဟဲ့ဆိုပြီး သူပါ ရဟန်းလိုက်ဝတ်ခဲ့ ပါတော့တယ်။

အကိုကြီးနှင့်ညီငယ် ရဟန်းဝတ်သွားတဲ့သတင်းက သူတို့မြို့ သူတို့မိသားစုကို ပေါက်ကြား ရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့ ဇနီးသည်တွေဟာ ၀မ်းနည်းပက်လက် ဖြစ်ကုန်ကြတော့ တာပေါ့။ အကိုကြီး မဟာကာဠဟာ ပင်ကိုယ်စိတ် အားသန်ပြီး ရဟန်းပြုခဲ့တဲ့သူ ဖြစ်တဲ့အတွက် ရဟန်းဘ၀ရောက်တဲ့အချိန်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာဟာ မကြာခင် ကာလမှာပဲ ရဟန္တာအဖြစ်ကို ရောက်ရှိသွားခဲ့ပါတော့တယ်။ 

ညီငယ်လုပ်တဲ့ စူလကာဠကတော့ နဂိုကတည်းက အကိုကြီးဝတ်လို့ လိုက်ဝတ်ခဲ့သူဆိုတော့ စိတ်ကမပါ။ များမြောင်တဲ့ရဟန်းသိက္ခာပုဒ်တွေကို စိတ်ပျက်ပြီး လူထွက်ဖို့အခွင့်အလမ်းကိုသာ ချောင်းနေပါတော့သတဲ့။ တနေ့မှာတော့ ဘုရားရှင်ဟာ နောက်ပါရဟန်းများနှင့်အတူ ဒေသစာရီကြွဖို့ အကြောင်းဖြစ်လာခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဒေသစာရီခရီးမှာ နောက်ဆုံး ကြွရောက်မယ့် မြို့ဟာ ညီအကိုရဟန်းတို့ရဲ့ ဇာတိချက်ကြွေ သေတဗျမြို့ပဲ ဖြစ်ပါတော့တယ်။

မဟာကာဠရဟန်းနဲ့ စူလကာဠရဟန်းတို့ ပါလာတယ်လို့လည်း ကြားရော ဇနီးဟောင်းတွေက ၀မ်းသာအားရ ဖြစ်ကုန်ကြတော့တာပေါ့။ သူတို့က နဂိုကတည်းကမှ ရဟန်းဝတ်တာ သဘောမတူခဲ့ကြသူတွေဆိုတော့ ခင်ပွန်းဟောင်းတွေကို လူဝတ်ပြန်လဲအောင် လုပ်ရမယ်ဆိုပြီး စိတ်ကူးယဉ်ကြတော့တာပါပဲ။ သူတို့စိတ်ကူးတဲ့အတိုင်း ဖြစ်အောင် အစီအစဉ်ကျကျနဲ့ပဲ ဘုရားရှင်နဲ့သံဃာတော်တွေကို ဆွမ်းစားပင့်ဖိတ်ခဲ့ပါတော့သတဲ့။

 ဖြစ်ချင်တော့ ဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေအတွက် နေရာထိုင်ခင်း အစီအစဉ် အဆင်ပြေမပြေ ကြိုတင်ကြည့်ရှု နေရာချလုပ်ဆောင်ရတဲ့တာဝန်ကို မြို့ခံဖြစ်တဲ့ စူလကာဠရဟန်းက တာဝန်ကျခဲ့တာနဲ့ ကွက်တိသွားတိုးတော့ပါပဲ။ ဇနီးဟောင်းက ခင်ပွန်းဟောင်းကို လူဝတ်မလဲချင် လဲချင်အောင် မူယာမာယာတွေ ပိုပိုသာသာလုပ်ပြတဲ့အခါမှာတော့ နဂိုကတည်းကမှ စိတ်ကမခိုင်တဲ့ စူလကာဠရဟန်းဟာ ခါးမတို့ခင်က ယားပါတယ်-ဆိုတဲ့ စကားပုံလိုပဲ တခါတည်း လူဝတ်လဲခဲ့တော့တာပေါ့။

စူလကာဠဟာ လူဝတ်လဲပြီးတဲ့အချိန်မှာလည်း မျက်နှာမပူ၊ မရှက်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်ဖို့ ကျောင်းကိုရောက်လာခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ ရဟန်း သံဃာတော်တွေဟာ ထုံးစံအတိုင်း ပင့်ဖိတ်တဲ့ ဒကာရဲ့အိမ်ကို ဣနြေ္ဒသိက္ခာပြည့်စုံစွာနဲ့ ကြွရောက်ခဲ့ပါတယ်။ နောက်ပါရဟန်းတချို့ထဲက ရဟန်းငယ်တွေကတော့ လူဝတ်လဲသွားတဲ့ စူလကာဠကို အပြစ်တင်ပြောဆိုချင်ကြတာပေါ့။ ဘုရားရှင်ကတော့ ဆွမ်းဘုဉ်းပေး၊ အနုမောဒနာ တရားကိုဟောပြီး ပြန်ကြွသွားခဲ့ပါတယ်။

နောက်နေ့မှာတော့ မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းက ဆွမ်းစားပင့်ဖိတ်ခဲ့ပြန်ပါတယ်။ ဒီတခါမှာတော့ နေရာထိုင်ခင်း အစီအစဉ် ကြိုတင်သွားရောက်ကြည့်ရတဲ့ကိစ္စကို မဟာကာဠရဟန်း တာဝန်မကျတဲ့အတွက် မဟာကာဠရဟန်းရဲ့ ဇနီးဟောင်းဟာ သူကြိုတင်စိတ်ကူးထားသလိုတော့ ဆွဲဆောင်ဖို့ အခွင့်အရေး မရတော့ဘူးပေါ့။ ဒါပေမယ့် သူက လက်မလျှော့ဘဲ ဘုရားရှင်နဲ့ရဟန်းတွေ ဆွမ်းစားကြွရောက်ပြီး ဆွမ်းဘုဉ်းပေးပြီးသွားတဲ့အခါမှာတော့-

ဇနီးဟောင်း-----အရှင်ဘုရား၊ အရှင်မဟာကာဠဟာ တပည့်တော်တို့ကို တရားဟောဖို့အတွက် နေရစ်ခဲ့မှာဖြစ်ပါတယ်။ အရှင်ဘုရားတို့ အရင်ပြန်ကြွနှင့်ပါဘုရား။
ဗုဒ္ဓဘုရားရှင်ဟာ ဒကာမပြောတဲ့အတိုင်းပဲ မဟာကာဠကို ချန်ခဲ့ပြီး ပြန်ကြွသွားခဲ့ပါတယ်။ ဒီကိစ္စအတွက် ရဟန်းငယ်တွေ အချင်းချင်း တီးတိုးတီးတိုး ပြောကြပြန်တော့တာပေါ့။

ရဟန်းများ-----အရှင်မဟာကာဠကတော့ ကျန်ခဲ့ပြီ။ ဘာတွေဖြစ်ဦးမလဲ မသိဘူး။ ဟုတ်ပါရဲ့ ဒီတခါ အရှင်မဟာကာဠပါ လူထွက်သွားမယ်ဆိုရင် ရဟန်းကောင်းတပါး ဆုံးရှုံးတော့မှာပဲ။
ဘုရားရှင်က ဘာလို့များ ချန်ခဲ့ပါလိမ့်။ တပါတည်း အပါခေါ်ခဲ့ရမှာ

ဘုရားရှင်-----ရဟန်းတို့ သင်တို့စိတ်ထဲမှာ မဟာကာဠကို စူလကာဠလိုပဲ ဖြစ်မယ် ထင်နေကြသလား။

ရဟန်းများ-----ဟုတ်ပါတယ်အရှင်ဘုရား၊ ဒီအရှင်ရဲ့ ဇနီးဟောင်းကလည်း အကြံကြီးပါတယ်ဘုရား။ ဒီအရှင်ကို လူဝတ်လဲချင်အောင် ပြုမူတော့မှာ သေချာပါတယ်ဘုရား။

ဘုရားရှင်-----ရဟန်းတို့ သင်တို့ ဒီလိုမထင်ကြလေနဲ့။ ညီအကိုချင်းပင် ဖြစ်လင့်ကစား တရားဓမ္မကို အမှန်တကယ် ယုံကြည်နားလည်သူနဲ့ နားလည်ချင်ယောင် ဆောင်သူဟာ လွန်စွာကွာခြားပါတယ်။ စူလကာဠဟာ ကမ်းနားသစ်ပင်လိုပဲ။ ကာမဂုဏ်အာရုံတွေနဲ့ ဆွဲဆောင်လိုက်ရုံနဲ့ အလွယ်တကူ ယိမ်းယိုင်ပြိုလဲသွားတယ်။ မဟာကာဠကတော့ ကျောက်တောင်ကြီးနဲ့ ပမာတူပါပေတယ်။ ကာမဂုဏ်အာရုံနှင့် ဘယ်လောက်ပဲ ဆွဲဆောင် ဆွဲဆောင် ဘယ်လိုမှ ပြိုယိုင်လဲစရာအကြောင်း မရှိပေဘူး။

ဘုရားရှင်အမိန့်ရှိတဲ့အတိုင်းပါပဲ၊ တပါးတည်း ကျန်ရစ်ခဲ့တဲ့ မဟာကာဠဟာ ဇနီးဟောင်းရဲ့ ဆွဲဆောင်မှုမျိုးစုံကို စိတ်ဓာတ်သမာဓိ ကြံ့ခိုင်စွာနဲ့ ရှောင်ဖယ်နိုင်ခဲ့ပါတယ်။ ဇနီးဟောင်းဒကာမက ဆွဲဆောင်မှုတွေ ပိုလာချိန်မှာတော့ အရှင်မဟာကာဠဟာ သူ့ရဲ့ဈာန်အဘိညာဉ်တန်ခိုးနဲ့ ကောင်းကင်ကို ပျံတက်ပြီး ကျောင်းတော်ကို ပြန်လည်ကြွရောက်လာခဲ့ပါတော့တယ်။

ဒီဇာတ်တော်ကို ဖတ်ပြီးတဲ့အချိန်မှာ ကလေးတို့အနေနဲ့ ညီအကိုဆိုပေမယ့် တရားဓမ္မကို အမှန်တကယ် ယုံကြည်သက်ဝင် ကိုးကွယ်ဆည်းကပ်သူနဲ့ အပေါ်ယံ သူများယောင်လို့ လိုက်ယောင်တဲ့သူ နှစ်ဦးရဲ့ လုပ်ရပ် အဆိုးအကောင်းကွာခြားမှုကို သဘောပေါက်နိုင်ကြပါစေကွယ်။

( မိုးမိုးစောဝင်း )  

Wednesday, January 22, 2014

သာမာဝတီ မိဖုရား (၂)

သာမာဝတီ မိဖုရား (၂)
မာဂဏ္ဍီ၏ ရန်ငြိုး
မာဂဏ္ဍိဟာ ဗုဒ္ဓအပေါ်ရန်ငြိုးကြောင့် နောက်တကြိမ် အကောက်ကြံပြန်ပါတယ်။
တစ်နေ့ ဥတေနမင်းကြီး အရက်သောက်နေ့စဉ် မာဂဏ္ဍီမိဖုရား အခစားဝင်ကာ ကြက်အသေရှစ်ကောင် ဆက်သပါတယ်။

ဥတေနမင်းကြီးက ဝမ်းသာလို့ ဘယ်သူချက်ခိုင်းရင်းကောင်းမလဲလို့မေးရာ မာဂဏ္ဍီက သာမာဝတီတို့မှာ အလုပ်မရှိဘူး သူတို့ကို ချက်ခိုင်းလိုက်ပါလား ဟုပြောရာ.. မင်ကြီးကလည်း သဘောတူလိုက်ပါတတယ်။

ထိုနောက် မာဂဏ္ဍီရဲ့ ဦးလေးက ပရိယာယ်ဖြင့် လှည့်ပတ်ကာ မာဂဏ္ဍီရဲ့ အကြံအတိုင်း ကြက်အရှင် ရှစ်ကောင်ကို သာမာဝတီတို့ထံသွားပြီး ဘုရင်အတွက် စီမံတော်မူပါလို့ ခိုင်းပါတယ် သာမာဝတီတို့က ကြက် အရှင်တွေဖြစ်နေတာကြောင့် သူတပါးအသက်ကို မသက်လိုကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒီစကားကို ဘုရင်ထံ သံတော်ဦးတင်ပြီး မာဂဏ္ဍီက အကောက်ကြံကာ “တွေ့တယ် မဟုတ်လား မင်းကြီး ၊ သာမာဝတီဟာ မင်းကြီး အပေါ်မှာ မေတ္တာမရှိတော့ဘူး သူတို့မှာ အကြံတစ်ခုရှိနေတယ်”ဟု
ငေါ့တော့တော့ ပြောလိုက်ပါတယ်။

“ မင်းကြီး .. ဗုဒ္ဓဂေါတမအတွက် ဒီကြက်တွေကို ချက်ခိုင်းကြည့်ပါလားလို့ အကြံပေးတော့ မင်းကြီးလည် ကောင်းပြီလေ ချက်ခိုင်းကြည်ပေါ့ဟု ပြောလိုက်ပြန်ပါတယ်။

မာဂဏ္ဍီက မင်းကြီးအား လှည့်ပတ်ခါ သူ့ဦးလေးကို ကြက်သေများကို ယူသွားစေပြီး မင်းကြီးရဲ့အမိန်နဲ့ သာမာဝတီတို့အား ကြက်သေ ရှစ်ကောင်ကို ဗုဒ္ဓအတွက် ဆွမ်းဟင်း ချက်ခိုင်ပြန်ပါတယ်။ ကြက်တွေက အသေတွေဆိုတော့ သာမာဝတီတို့လည်း ကောင်းကောင်း ဆွမ်းချက်ကပ်ပါတယ်။

မာဂဏ္ဍီက ဒီတစ်ခါ အကွက်မိတာနဲ့ “ မင်းကြီးတွေ့တယ် မဟုတ်လား ၊ မင်းကြီးအတွက်တော့ ချက်မပေးဘူး၊ ဗုဒ္ဓအတွက်တော့ ချက်ပေးတယ် ဒါသွေးရိုးသာရိုးကော ဟုတ်ရဲ့လား” လို့ မင်းကြီး ခနဲ့လိုက်ပြန်ပါတယ်။ သို့သော်လည်း မင်းကြီးက သာမာဝတီအပေါ်မှာ ဘာမှထူးထူးခြားခြား သံသယ မပြခဲ့ပါဘူး။

နောက်တကြိမ် မာဂဏ္ဍီအကြံထုတ်ပြန်ပါတယ်။

တစ်နေ့သောအခါ မင်းကြိး သာမာဝတီတို့ရဲ့ အဆောင်ကို သွားရောက်စဉ် မာဂဏ္ဍီဟာ မင်းကြီးအား စိတ်မချဟုဆိုကာ နောက်ကလိုက်သွားပါတယ်။

ဒီတခေါက်မှာတော့ မာဂဏ္ဍီရဲ့အကြံ ဦးလေးအစီအမံဖြင့် အဆိပ်ထုတ်ထားတဲ့ မွေဟောက်တစ်ကောင်ကို မင်းကြီးနှစ်သက်မြတ်နိုးတဲ့ ဟတ္တိကန္တစောင်းမှာ ထည့်ယူကာ နောက်က လိုက်သွားပါတယ်။

သာမာဝတီတို့ မင်းကြီးကို ကောင်းစွာပြုစုစောင့်ရှောက်ပြီး နောက် တရေးတမော ဟတ္တကကန္တစောင်းကို ခေါင်းခုအိပ်စက်အနားယူရာ.. မာဂဏ္ဍီရဲ့လုပ်ဆောင်မှုကြောင့် စောင်းတွင်း သုံးရက်လောက် ကြာအောင် အောင်းနေတဲ့ မွေဟောက်ဟာ ဒေါသတကြီးထွက်လာပါတယ်။

ဒီမှာတင် မာဂဏ္ဍီက “ အောင်မလေး အရှင် ..မြွေကြီး၊ မြွေကြီးဟု တအားကြုံးအော်သံ၊ သာမာဝတီတို့ကို ပြင်တင် ချုတ်ချသံတို့ကို ကြားတော့ ဘုရင်းမင်းမြတ် ရုတ်တရက်စိတ်ဆိုးသွားပါတယ်။

သာမာဝတီတို့နှင့် ပတ်သတ်လို့ မင်းကြီး လုပ်ကြံခံရတာလည်း သုံးကြိမ် သုံးခါရှိပြီဆိုတော့ မင်းကြီး အမျက်ဒေါသထွက်ကာ သာမာဝတီနှင့်အတွ မောင်းမ ငါးရာကို ပစ်သတ်ဖို့ တန်းစီခိုင်းလိုက်ပါတယ်။

ဒီအချိန်မှာ သာမာဝတီက တပည့် မောင်းမအပေါင်းအား “ အမိတို့ ၊ ငါတို့အတွက် တခြားအားကိုးစရာ မရှိဘူး ၊ မင်းကြီးကိုလည်း စိတ်မဆိုးနဲ့၊ မာဂဏ္ဍီကိုလည်း စိတ်မဆိုးနဲ့ ကိုယ်နဲ့အတူ မေတ္တာထားပါ ၊ (မင်းကြီး ၊ မဏ္ဍီ ၊ မိမိကိုယ်” သုးံယောက်အပေါ်မှာ မေတ္တာအတူထားပါ၊ ဒေါသတရား မကျရောက်စေပါနဲ့လို့ ဆုံးမစကားပြောပြီး မေတ္တာစိတ်နဲ့ အားလုံး ငြိမ်နေလိုက်ကြပါတယ်။

မင်းကြီးလည်း ဒေါသတကြီးဖြင့် .. အရှိန်ဟုန်းပြင်တဲ့ မြှားကို ပစ်ခွန်းလိုက်ရာ မင်းကြီး ပစ်တဲ့မြှားဟာ ဘာအကာအရံမှ မရှိပဲ သာမာဝတီတို့ထံ မသွားပဲ မင်းကြီးရဲ့ ရင်ဝတဲ့တဲဆီကို ဦးတည်လားပါတယ်။

ထိုအချင်းအရာကို မြင်တော့ မင်းကြီးဟာ တုန်လှုပ်ခြောက်ခြားပြီး “ သက်မဲ့ဖြစ်တဲ့ မြှာက သူတော်ကောင်း သာမဝတီရဲ့ကျေးဇူးတရားကို သိတတ်ပါလားဆိုကာ မင်းကြီးဟာ ပြစ်မှားမိတာတွေကို ခွင့်လွှတ်ဖို့ သာမာဝတီ ရှေ့မှာ ဒူထောက်တောင်းပန်ပါတော့တယ်။

သာမာဝတီက “ အရှင်မင်းကြီး ကျမကို အားကိုးရာအဖြစ် မသတ်မှတ်ပါနဲ့ ဗုဒ္ဓကိုသာ အားကိုးရာ”ဟု သတ်မှတ်တော်မူပါလို့ ပြောပါတယ်။

သုံးကြိမ်တိုင်အောင် သာမာဝတီကို တောင်းပန်သော်လည်း ဘုရားကိုသာ အားထားဖို့အကြောင်း ပြောနေတော့ မင်းကြီးက “ အိမ်း.. ကောင်းပြီး မင်းကိုလည်း အားကိုးပါတယ်၊ ဗုဒ္ဓကိုလည်း ကိုးကွယ်ပါတယ်၊ မင်းကိုလည်း လိုရာဆုပေးပါတယ်” လို့ပြောလိုက်ပါတယ်။

သို့သော်လည်း သာမာဝတီက အဘယ်ဆုရယ်ဟု မတောင်းဆိုခဲ့သေးပါဘူး

နောက်တနေ့ .. ဥတေနမင်းကြိး ဗုဒ္ဓထံသို့ ချဉ်းကပ်ခါ “ ရှင်တော် မြတ်ဘုရားကို ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါ၏လို့” လျှောက်ထားပြီး ဘုရားအမှူးရှိသောသံဃာတော်များကိုနန်တော်မှာ ဆွမ်းပင့် ကပ်ပါတယ်။

အလှူပွဲကြီး ခုနစ်ရက်တိုင်တိုင်ကျင်းပအပြီးမှာ “ကဲ.. သာမာဝတီ..သင်လည်း လိုရာ ဆုကို တောင်းပါလော့”ဟု မင်းကြီးက အမိန့်ရှိသောအခါ…။

“ တပည့်တော် ရွှေ၊ ငွေ ရတနာ လက်ဝတ် တန်ဆာ အဖြာဖြာကို မယူလိုပါ တပည့်တော်မ ယူလိုတဲ့ ဆုက .. မြတ်စွာဘုရားနှင့် သံဃာတော်များ နန်းတွင်းမှာ မပြတ်ကြွလာပါစေ တပည့်တော်များ တရားနာချင်ပါတယ် ဤဆုကို ပေးတော်မူပါလို့” တောင်းတော်မူပါတယ်။

နောက်နေ့များမှာ .. မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ နန်းတွင်းမှာ အရှင်အာနန္ဒာ ဦးဆောင်ပြီးသံဃာတော်များ မပြတ်ကြွရောက်ခါ တရာတော်များ ဟေားကြားပါတယ်။

သာမာဝတီတို့ မီးတိုက်ခံရ

သာမာဝတီတို့အဖွဲ့ဟာ ဗုဒ္ဓနှင့်သံဃာတော်တည်းဟူသော သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံရ၍ စိတ်ကောင်းနှလုံးကောင်းများရှိပြီး မေတ္တာဘာဝနာ အပြည့်ဖြင့်နေနိုင်ကြပါတယ်။ မင်းကြီးလည်း သာမာဝတီရဲ့ ကျေးဇူးကြောင့် စိတ်ကောင်းနှလုံးကောင်းရှိသော မင်းတစ်ပါးဖြစ်လာပါတယ်။

သို့သော်လည်း ဒေါသရဲ့ ကျေးကျွန်ဖြစ်နေသော မဏ္ဍီမှာ သူရဲ့လုပ်ရပ်များ မအောင်မြင်လို့ စိတ်ထဲမှာ မကျေနပ်နိုင် နောက်တကြိမ် သာမာဝတီကို ဘယ်လို အပြတ်ခြေမှုန်းရမလဲဆိုတာတွေးတောနေပါတယ်။

တနေ့ မင်းကြီးဥယျာဉ်တော် ကစားသွားတာကို အခွင့်ကောင်းယူကာ သူကိုယ်တိုင်း မင်းကြီး နောက်လိုက်ပါသွားပြီး ဦးရီးတော်အား တိတ်တဆိတ် သာမာဝတီတို့နေသော အဆောင်း မီတိုက်ရန် မှာခဲ့ပါတယ်။

သာမာဝတီတို့အဖွဲ့လည်း ကြမ္မာဝဋ်ကြွေး ပြေးမလွတ်သာ ဆိုသကဲ့သို့ အဆောင်တွင်းမှာ ကမ္မဋ္ဌာန်း စီဖြန်းရင်းဖြင့် သောတာပန် ၊ အနာဂါမ်၊ စသည်အဆင့်ဆင့်ရောက်ကာ ဘဝနိဂုံးချုပ်ရပါတယ်။

သာမာဝတီရဲ့အတိတ်ကံကြမ္မာ
ရှေးအခါက ဗာရာဏသီပြည်မှာ မင်းကြီးရဲ့ နန်တွင်းမှာ မပြတ်ဆွမ်းရပ်တော်မူတဲ့ ပစ္စေဗုဒ္ဓါ ၈-ပါးရှိခဲ့ဖူးပါတယ်။ သာမာဝတီလောင်း မောင်းမငါးရာတို့လည် ထိုပစ္စေကဗုဒ္ဓါရှစ်ပါးကို ဆွမ်းလောင်းလှူရပါတယ်။

တစ်နေ့ ပစ္စေဗုဒ္ဓါ ၈-ပါးတွင် ၇-ပါးက ဟိမဝန္တာတောကို ကြွသွားပြီး ကျန်တစ်ပါးက မြစ်ကမ်းနားရှိ မြက်ချုံပုတ်ကြီး တခုမှာ ဈာန်ဝင် စားကာ နေရစ်ခဲ့ပါတယ်။

နောက်တစ်နေတွင် မင်းကြီးဟာ မောင်းမငါးရာကို ခေါ်ရာ မြစ်ဆိပ်ကိုရေ ကစားထွက်ကြပါတယ်။ မောင်းမတို့ဟာ တစ်နေလုံးရေကစားရတာ အလွန်တရာချမ်းအေးသည့်အတွက် မီးလှုံဖို့ရာ နေရာရှာရင်းက ပစ္စေကဗုဒ္ဓါအရှင်သူမြတ် ဈာန်ဝင်စားရာ ချုံပုတ်ကို မီးရှို့မိရာ မြက်များ လောင်၍ ပြာကျပြီးမှ ဈာန်ဝင်စားနေသော အရှင်မြတ်ကို တွေ့မြင်ကြပါတယ်။

ထိုနောက် .. ငါတို့ဘုရင်မင်းမြတ် တွေ့ရင် ငါတို့တော့ သတ်ခံရမှာပဲဟု တွေးတောကာ ပစ္စေကဗုဒ္ဓါကို ဆက်လက်၍ မိးရှို့ လိုက်ကြပါတယ်။

ပထမအကြိမ် မသိ၍ မီးရှို့မိခြင်းက ကံမမြောက်သေးသောလည်း နောက်တကြိမ် စိတ်ပါလက်ပါ မီးရှို့လိုက်ရာ စေတနာပါသေကြောင့် အကုသိုလ်ကံ မြောက်သွားပါတယ်။

ဈာန်ဝင်စားနေသော ဘုရား၊ ရဟန္တာ ၊ဗုစ္စေကဗုဒ္ဓတို့မည်သည်ကား မည်သို့ပင် မီးရှို့သည်ဖြစ်စေ လောင်မြိုက်ခြင်း မရှိပါ။ နောက် ၇-ရက်မြောက်သောနေ့တွင် ဈာန်သမာပတ်မှ ထကာ လိုရာသို့ ကြွသွားပါတယ်။

ဤကဲ့သို့ ပစ္စေကဗုဒ္ဓါကို မီးရှို့ခဲ့တဲ့ အကုသိုလ်ကံကြောင့် ယခုပစ္စုပ္ပန်ဘဝတွင် မောင်းမငါးရာနှင့်တူ အဆောင်တွင်းမှာ သာမာဝတီတို့ မီးရှို့ခံရခြင်းဖြစ်ပါတယ်။

သို့သော်လည်း သာမာဝတီနှင့် မောင်းမများဟာ မမေ့မလျောသော သတိတရားဖြင့် နေထိုင် သွားသောကြောင့် နိဗ္ဗာန်ချမ်းသာကို ရရှိသွားကြပါတယ်။

သာမဝတီကို နှလုံးမှု၍ မေတ္တာတရာ၊ အပ္ပမာဒတရားတို့ဖြင့် လူဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါစေ။

 from
မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ ·

Tuesday, January 21, 2014

သာမာဝတီ မိဖုရား

သာမာဝတီ (၁)

သာမာဝတီမိဖုရားဟာ ဗုဒ္ဓသမိုင်းတွင် မှတ်တမ်းတင်ခံရတဲ့ အမျိုးကောင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့မေတ္တာစွမ်းအား ၊ သူရဲ့စိတ်နေစိတ်ထားဟာ ယနေ့ထက်တိုင် ဗုဒ္ဓဘာသာအမျိုးသမီးများ စံထားထိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။

ဗုဒ္ဓလက်ထက်က ကောသမ္ဗီပြည်မှာ ဃောသက သူဌေးနှင့် ခေတ်ပြိုင် ဘဒ္ဒဝတီမြို့မှာလည်း ဘဒ္ဒဝတီဆိုတဲ့ သူဌေးတစ်ဦးရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နှင့် တစ်ယောက်လူခြင်း မမြင်ဘူးကြပေမယ့် လုပ်ငန်
ခြင်း ဆက်စပ်ကာ မိတ်ဆွေ
တွေဖြစ်နေကြပါတယ်။

ခရီးသွားကုန်သည်များမှတဆင့်လည်း တစ်ယောက်နှင့်တစ်ယောက် လက်ဆောင်ကဏ္ဏာများ ပေးလေ့ရှိပါတယ်။
ထိုသို့နေလာခဲ့ရာ ဘဒ္ဒဝတီ သူဌေးအိမ်မှာ ကူးစက်ရောဂါ ကျရောက်လာပါတယ်။ အဲဒီရောဂါဟာ ယခုခေတ် H1N1 ကြက်၊ ငှက်တုပ်ကွေးရောဂါလို တိရစ္ဆာန်မှ တဆင့်လူတွေကို ကူစက်တက်ရောဂါ ဖြစ်လာပါတယ်။

ဒါကြောင့် ဘဒ္ဒဝတီသူဌေးဇနီမောင်တို့ တစ်ဦးတည်သော သမီး သာမာဝတီကို လက်ဆွဲခေါ်ကာ ထွက်ပြေလာခဲ့ကြပါတယ်။

စောစောပိုင်းက ခြေဦးတည့်ရာ ထွက်ပြေးကြပေမယ့် ရက်တွေအနည်းငယ်ကြာလာတဲ့ အခါ မိတ်ဆွေ ဃောသက သူဌေးရှိရာ ကောသမ္ဗီပြည်ဘက်ကို ထွက်ပြေးသွားကြပါတယ်။ ဒီလိုနဲ့ သားမိသားဖ သုံးယောက်သဘာအန္တာရာယ်တွေကိုကြံ့ကြံ့ခံရင်းနဲ့
ကောသမ္ဗီပြည်နားကို ရောက်သွားပါတယ်။

ထိုနောက် စိတ်အေးလက်အေး အနီးနာမှ ဇရပ်တစ်ခုဝင်ကာ ရေမိုးချိုးရန် အနားယူလိုက်ကြပါတယ်။

ထို့နောက် လင်ယောက်ျားဖြစ်သူက “ညီမ.. ငါတို့ ဒီလို စုတ်စုတ်ပြက်ပြက် အာဟာရပြတ်နဲ့သွားရင် မွေးထားတဲ့ မိခင်ရင်းတောင် ကြည့်ချင်မှာ မဟုတ်ဘူး ၊ မိတ်ဆွေဃောသက သူဌေး အမြဲတန်း အလှူပေးနေတယ် ကြားဖူးတယ် အဲဒီအလှူမဏ္ဍပ်ကို သမီးလေးကို ထမင်းယူခိုင်းပြီး နှစ်ရက်သုံးရက်လောက် ဒီဇရပ်မှာ အာဟာရဖြည့်
တင်းပြီးမှ သွားကြရင် မကောင်းဘူးလာ”လို့ တိုင်းပင်တော့ အားလုံးပဲ သဘောတူလိုက် ကြပါတယ်။

နောက်တစ်နေ့ သာမာဝတီက ဃောသကရဲ့အလှူပေးမဏ္ဍပ်မှာ ထမင်းသွားတောင်းရာ .. မိတ္တသူကြွယ်က “ ဘယ်နှစ်ယောက်စာလဲ သမီးလို့” မေ့တော့ သုံးယောက်စာပါဟု ပြေသောကြောင့် သုံးယောက်စာ ထည့်ပေးလိုက်ပါတယ်။
ဇရပ်ကိုရောက်တော့ ပထမ သားမိသာဖသုံးယောက်သားအတူစားဖို့ပါပဲ ။ ဇနီးဖြစ်သူက လင်ယောက်ျားကို ငဲ့လို့ ရှင်သာအရင်စားပါ ၊ မကုန်တော့မှ သားမိနှစ်ယောက်စားပါမယ့်ဟု ဆိုသဖြင့် သူဌေးကြီ ငတ်ငတ်နဲ့ စားလိုက်တာ အာသာမဖြတ်နိုင်ပဲ ဗိုက်ကွဲအောင်စားလို့ နောက်နေ့နံက်မှာ အစာမချက်နိုင်ပဲ သေဆုံးသွားခဲ့ပါတယ်။

နောက်တစ်နေ့ အလှူခံမဏ္ဍပ်မှာ သမီဖြစ်သူက နှစ်ယောက်စာတောင်းပြီး မိခင်ကြီး အရင်စားစေရာ .. မိခင်ကြီးလည်း ဖခင်နည်းတူ အစာမချက်နိုင်ပဲ
သေဆုံးရပြန်ပါတယ်။

နောက်နေ့မှာ တစ်ယောက်တည်း အလှူခံမဏ္ဍပ်မှာ တစ်ယောက်စာ သွားယူတော့ ထမင်းဝေတဲ့ သူဌေးကြီး သာမာဝတီရဲ့ ဇာတ်လမ်းစုံကို သိရလို့ သမီးအရာထား မွေးစားလိုက်ပါတယ်။

သာမာဝတီ တစ်ယောက် သူဌေးအိမ်ရောက်အပြီးမှာ အားလုံးစည်းကမ်းတကျရှိပြီး အလှူခံမဏ္ဍပ်မှာလည်း အရင်ကလည်း ဆူဆူညံညံမရှိတောပဲ ငြိမ်ငြိမ်သက်သက်နဲ့ စိတ်ချမ်းသာစရာ အလှူပွဲကြီးဖြစ်လာပါတယ်။

သာမာဝတီရဲ့ မူလနာမည်ဟာ “ သာမာ” ပဲဖြစ်ပါတယ်။ စိတ္တသူကြွယ်အိမ်ရောက်ပြီး အလှူပေးမဏ္ဍပ်မှာ အကာအရံတွေဖြင့် .. စည်းကမ်းရှိရှိ စီမံတတ်လို့ ( ဝတီ) တစ်လုံးထပ်တိုးကာ “ သာမာဝတီ” ဆိုတာဖြစ်လာရ ပါတယ်။

ထို့နောက် ဃောသက သူဌေးက အိမ်ရှေ့အလှူခံမဏ္ဍပ်မှာ ဆူဆူညံညံ မကြားရလို့ ဘယ်လိုဖြစ်တာလဲလို့ မေးတော့ သမီးသာမာဝတီရဲ့ စီမံခန့်ခွဲမှုကြောင့်ဟု ပြောကြရင်းနဲ့ သာမာဝတီတို့ရဲ့ဘဝ ဖြစ်စဉ်ကိုပြောပြရာ.. သူဌေးဃောသကမှ " ဒါငါ့မိတ်ဆွေ သမီးပဲ ငါမွေးစားမယ်ဆိုကာ အခြံအရံများနှင်တကွ သမီးအရာကို တင်မြောက်လိုက်ပါတယ်။

တစ်နေ့သောအခါ ကောသမ္ဗီပြည်မှာ နက္ခတ်သလဘင်ပွဲ ခြိမ့်ခြိမ့်သဲ ရှိလို့ သာမာဝတီ ပျိုကညာတို့ တစ်စု ရေချိုးဆင်းရာမှ ဥတေနမင်းကြီး သာမာဝတီကိုမြင်လို့ သဘောကျကာ တော်ကောက်လိုက်ပါတယ်။

နန်းတော်သို့ရောက်တော့လည်း အဘိသိက် သွန်းလောင်ကာဖြင့် အဂ္ဂမဟေသီ မိဖုရာကြီးအရာမှာ ထားတော်မူပါတယ်။

သာမာဝတီဟာ ဗုဒ္ဓတရားတော်များကို ပန်းဆက်သနေတဲ့ ခုဇုတ္တရာမှ တဆင့်နာကြားရလို့ ဗုဒ္ဓရဲ့ တပည့်မတွေဖြစ်နေပါတယ်။

သာမာဝတီနဲ့ မောင်းမငါးရာတို့ ခုဇုတ္တရာဆီမှ တဆင့်တရားနာရတာ အားမရလို့ ဗုဒ္ဓကို ဖူးတွေချင်ကြောင်း၊ ပန်းနံ့သားများလည် လှူဒါန်းလိုကြောင့်တောင်းဆိုလာပါတယ်။ နန်းတွင်း မိဖုရားတွေဆိုတော့ ဗုဒ္ဓကို ဖူးတွေ့ဖိုရာ ခက်ခဲတာကြောင့် ခုဇုတ္တရာရဲ့ အစီအမံနဲ့ မြတ်စွာရား မြို့တွင်း သူဌေးသုံးဦးထံ ကြွသောအခါ ဖူး မျှော်ဖို့ မိမိတို့တဲအခန်းမှာ အပေါက်ကလေးတွေ ဖောက်ထားကြပါတယ်။ မြတ်စွာဘုရားကြွလာတဲ့ အခါ အဲဒီ အပေါက်ကလေးတွေက ဖူးမျှော်ပြီး ပန်းနန့်သာများလည် ပူဇော်ကြပါတယ်။

တစ်နေသောခါ မာဂဏ္ဍီမိဖုရာ သာမာဝတီတို့အဆောင် အလည်လာရင်း အပေါက်ကလေးတွေမြင်တော့ “ အဲဒါ ဘာလုပ်တဲ့ အပေါက်တွေလဲ” လို့ မာဂဏ္ဍီကမေးပါတယ်။ သာမာဝတီတို့လည်း ရိုးရိုးသားသား မာဂဏ္ဍီနဲ့ဗုဒ္ဓတို့ ရန်ငြိုရှိတာကို မရိပ်မိတာနဲ့ အမှန်တိုင်း ဗုဒ္ဓကိုဖူးမျှော်ဖို့ဆိုတာ ပြောလိုက်ပါတယ်။

ဆက်ရန် ( ၂)

Shared from Burmese Buddhist Society, BC

Monday, December 23, 2013

ကိသာဂေါတမီ

'' ကိသာဂေါတမီ ''
*************
'အဘ.အဘ ဘာလို့ ရွှေတွေကို လမ်းဘေးမှာ ပုံရောင်းနေတာလဲ'

'ဘယ်မှာလဲ သမီး ရွှေတွေဆိုတာ'

'ဒါတွေက ရွှေတွေ မဟုတ်လား အဘ'

ကိသာဂေါမီတက လမ်းဘေးမှာပုံရောင်းနေတဲ့ မီသွေးခဲတွေကို လက်နဲ့ကိုင်ပြလိုက်သောအခါ မိသွေးခဲများမှာ တကယ့် ရွှေတုံးရွှေးခဲများဖြစ်သွားပါတယ်။

မီးသွးခဲမှ ရွှေတုံးရွှေခဲဖြစ်ရခြင်းမှာ ကလေးမလေး ကိသာဂေါတမီရဲ့ ရှေးကုသိုလ်ကံကြောင့်ပင်ဖြစ်ပါတယ်။

မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်မှ သူဌေးကြီးတစ်ဦး ကုဋေလေးဆယ်သော ရွှေတွေကို

မြေမြှုပ်သိမ်းဆီးရာမှ ပြန်တူးဖော်ရာ ရွှေမှမီးသွးခဲများဖြစ်သွာကို တွေရလိုက်ပါတယ်။

ရွှေတွေမှမီးသွေးခဲများဖြစ်လို့ သူဌေးကြီး စိတ်အကြီးအကျယ် ထိခိုက်နေစဉ်၊ မိတ်ဆွေတစ်ဦးမှ ဒီရွှေတွေနဲ့ ကံစပ်တဲ့သူရှိရင် မီးသွေးမှ ရွှေတွေ ပြန်ဖြစ်လာနိုင်ပါတယ်လို့ အကြံပေးလို့ လမ်းဘေးဈေးမှာ မီးသွေးတွေကို ပုံရောင်းနေလိုက်ပါတယ်။


လမ်းဘေး မြင်မြင်သမျှ လူတောတော်များများက ၊သူဌေးကြီး လမ်းဘေးမှာ မီးသွေးရောင်းနေတာကိုပဲ

တွေ့မြင်ရလို့ သူဌေးကြီ စိတ်ဖောက်ပြန်သွားပြီးလို့ တီးတိုးပြောဆိုကြပါတယ်။

ပါရမီရှင်ကိသာဂေါတမီနှင့်တွေ့မှ သူဌေးကြီး စိတ်ချမ်းသာရာ ရသွားတယ်။ဒါကြောင့်သူဌေးကြီး ဝမ်းမြောက် ဝမ်းသာ ကိသာဂေါတမီကို သူ့သားနှင့် လက်ထပ်ထိမ်းမြားကာ ပစ္စည်းများကိုလည်း ကိသာဂေါတမီလက်သို့ ပေးအပ်လိုက်ပါတယ်။

ဂေါတမီဟာ သူဌေးချွေမဖြစ်ပြီးနောက် သားလေးတစ်ယောက် မွေးဖွားပါတယ်။ သားဦးမြေးကလေးနှင့် အတူ တအိမ်သားလုံး ပျော်ပျော်တပြုံးပြုံးဖြစ်နေကြပါတယ်။ ဒီအပျော်ကလည်း သိပ်ကြာကြာမခံဘူးလို့ ဆိုရမယ်။ သာငယ်လေး လမ်းလျှောက်တတ်စအရွယ်မှာ မရဏသေမင်းက ခေါ်ဆောင်သွားတယ်လေ။


အချစ်ဆုံး မြေသားလေး မနုတ်ဆက်ပဲ အပြီးအပိုင်ထွက်ခွါသွားတယ်ဆိုတော့ တအိမ်းသားလုံး အပူမီး

လောင်မြိုက်နေတာပေါ့၊ဂေါတမီဆို အရူးတစ်ပိုင်းဖြစ်ကာ သားသေကို ရင်ဝယ်ပိုက်ကာ အိမ်မှ ထွက်ပြေးသွားပါတယ်။

ဂေါတမီတစ်ယောက် တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ " ကျမ သားလေးကို အသက်ရှင်အောင် ကုပေးကြပါ ၊ အသက်ရှင်အောင် ကုပေးကြပါလို့" သွေးရူးသွေးတမ်း မြည်တမ်းကာ အော်ဟစ် ငိုကြွေးနေပါတော့တယ်။

မြင်မြင်သမျှ လူအားလုံးကလည်း ဂေါတမီကိုကြည့်ပြီး သနားဂရုဏာထားရုံမှတပါး၊ သူမသောက ကို မဖြေဖြောက်ပေးနိုင်ခဲ့ပါ။ တစ်နေ့တော့ စဉ်းစားဥာဏ်ရှိသော ယောက်ျားတစ်ယောက်က " ဂေါတမီ.. မင်းကလေး အသက်ပြန်ရှင်စေလိုတယ်ဆိုရင် ဗုဒ္ဓထံသွားပါ၊ ဗုဒ္ဓမှ တပါးမည်သူမှ မင်းကို မကယ်နိုင်ပါ" လို့ အကြံပေးလိုက်တယ်။

ထိုသူရဲ့ အကြံရတယ်ဆိုရင်ပဲ ဂေါတမီတစ်ယောက် သားသေကိုရင် ရင်ဝယ်ပိုက်လို့ ဇေဝတန်ကျောင်းက ဗုဒ္ဓထံကို ချက်ချင်းအရောက်သွားခဲ့တယ်။ သူရောက်လာတဲ့အချိန်မှာတော့ ဗုဒ္ဓက ပရိတ်များအား တရားဟောနေပါတယ်။ ဂေါတမီက သားသေကို ရင်ဝယ်ပိုက်လို့ ပရိတ်သတ်အစွန်အဖြားနေ၍ မဆိုင်းမတွ " အရှင်ဘုရား တပည့်တော်သားအတွက် အသက်ရှင်ဆေး ပေးသနာတော်မူပါ"လို့ လျှောက်ထား လိုက်ပါတယ်။

ဒီတော့ဗုဒ္ဓက " ချစ်သမီးဂေါတမီး မင်းလိုချင်တဲ့ မင်းသား မသေဆေးကို ငါပေးမယ့် ၊ မင်းမြို့ထဲကို လှည့်လယ်ကာ မည်သူတစ်ဦးတစ်ယောက်မျှ မသေဘူးတဲ့ အိမ်က မုန်ညင်းစေ့ လက်တစ်ဆုပ်စာ လောက်ကို ယူဆောင်ခဲ့ပါလိုပါ မိန့်တော်မူလိုက်တယ်။

ဂေါတမီးတစ်ယောက် မြတ်စွာရား စကားကြာတာနဲ့ မုန်ညင်းစေံဖို့ မြိုထဲကို အလျင်အမြတ်ထွက်ခဲ့တယ်။ အိမ်တစ်အိမ်နားရောက်တော့ ....


" အိမ်ရှင်တို့.. ဒေါ်ဒေါ်တို့၊ ဦးဦးတို့အိမ်မှာ မုန်ညင်းစေရှိပါသလား ၊ကျမ နည်းနည်းလောက်လိုရှင်လို့ပါ"

'ရှိတယ်သမီး ဘာလုပ်ဖို့လဲ'

'ကျမကလေး အသက်ပြန်ရှင်ဖို့အတွက် လူတစ်ယောက်မှ မသေဘူးတဲ့ အိမ်က မုန်ညင်းစေ့ယူခဲ့လို့ ဗုဒ္ဓကမှာ လိုက်လို့ပါ'


'သမီး ဒီလိုဆို မဖြစ်ဘူးထင်တယ် ဒေါ်ဒေါ်တို့အိမ်မှာ လူက တစ်ယောက်မက သေဖူးတယ်'

ထို့နောက် ဂေါတမီတစ်ယောက် စိတ်မလျော့ပဲ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်ရှာလိုက်တာ ညနေ နေဝင်မိုးချုပ်အချိန်ထိအောင် လူမသေးဘူးတဲ့ အိမ်ကို တစ်အိမ်မှ ရှာမတွေ့ဘူးတဲ့။


သားဇောတဲ့ တစ်နေကုန်း လှည့်လယ်နေရသော ဂေါတမီးတစ်ယောက် သတိသံဝေရကာ ဩော် သေးခြင်း တရားဆိုတာ ငါ့သားတစ်ယောက်တည်း ကွက်ဖြစ်တာ မဟုတ်ပါလားလို့ တွေးတောဆင်ခြင်မိလာတယ်။

အဲဒီနောက်မှာတော့ ရင်ဝယ်မှ သားသေကို ပစ်ချကာ ဗုဒ္ဓထံကို အရောက်သွားခဲ့တယ်။ ဗုဒ္ဓက ချစ်သမီး လူတစ်ယောက်မှ မသေဘူးတဲ့အိမ်က မုန်ညင်းစေ့ရခဲလားလို့မေးလိုက်တယ်။ ဂေါတမီက " အရှင်ဘုရာ တစ်မြို့လုံးမှာ လူတစ်ယောက်မှ မသေးဘူတဲ့အိမ် မရှိပါဘုရား"လို့ဖြေလိုက်တယ်။

ဒီတော့ မြတ်စွာဘုရားက...

"အိပ်ပျော်နေတဲ့

ရွာသူ၊ရွားသားအားလုံးကို

ဆူနားမိလို အရေအလျဉ်က

လွမ်းမိုးတိုက်စားသွားသလို..

သားစွဲ၊မယားစွဲ ပစ္စည်းဥစ္စာစွဲ တို့ဖြင့်

ကာမဂုဏ်မှာ ငြိတွယ်နေတဲ့လူအပေါင်းကို

သေမင်းက မကြာခင်မှာ

ခေါ်ဆောင်သွားပါလိမ့်မယ်လို့ ဟောကြားလိုက်တယ်"

ဒေသနာ အဆုံးမှာတော့ ဂေါတမီးတစ်ယောက် သောတာပန်တည်လို့ သာသနာ့ဘောင်မှာ ဘိက္ခုနီမဝတ်လိုက်ပါတယ်။


တစ်နေ့မှာ ရဟန်းမဂေါတမီတစ်ပါး ဥပုသ်နေ့မှာ ရဟန်းမများ ဥပုသ်ပြုဖို့ ဥပုသ်ကျောင်း သန့်ရှင်းရေး တာဝန်ကျပါတယ်။ ဥပုသ်ကျောင်းရှင်းလင်းပြီးနောက် ဆီမိးခွက်းများကို ထွန်းညှိပြီး ရဟန်းမများ အလာကို စောင်နေလိုက်ပါတယ်။ ထိုအချိန်တွင် ဂေါတမီတစ်ယောက် ဆီမီးတောက်များရဲ့ မီလျှံများ တစ်ခုပြီးတစ်ခု တောက်လောင်ကာ ပျောက်ပျောက်သွားတာကိုတွေ့လို့ သတ္တဝါတွေလည်း ဆီမီး တောက်ကဲ့သို ဖြစ်လာလိုက် ၊ ပျောက်သွာလိုက်ပါလားလို့ တွေးတောဆင်ခြင်လိုက်ပါတယ်။

မြတ်စွာဘုရာလည်း သီတင်းသုံးရာ ကျောင်းဆောင်မှ ဂေါတမီရဲ့ စိတ်အကြံကို သိမြင်တော်မူလို့..

" ဂေါတမီ .. သင်စဉ်းစားသည့်အတိုင်း မှန်ပါတယ်။ သတ္တဝါတို့ဟာ မီးတောက်လို့ ဖြစ်လိုက်၊ ပျက်လိုက် တလတ်စပ်ဖြစ်နေတယ်။ နိဗ္ဗာန်သို့ရောက်မှသာ ဖြစ်ခြင်း၊ပျက်ခြင်းငြိမ်းအေးတယ်လို့" မိန်တော်မူတယ်။


ထို့နောက်..." သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ပဲ နှစ်ပေါင်းတစ်ရာအသက်ရှင်ခြင်းထက်၊ နိဗ္ဗာန်ကို မြင်၍ အသက်တစ်ရာ အသက်ရှင်ရခြင်းက သာလွန်မွန်မြတ်လှပေတယ်" လို့ ဟောကြားတော်မူလိုက်တယ်။


ဒေသနာအဆုံးမှာတော့.. ကိသာဂေါတမီရဟန်းမလေးဟာ ပဋိသမ္ဘိဒါဥာဏ်လေးပါနှင့်အတူ အရဟတ္တဖိုလ်သို့ ရောက်ရှိသွားပါတယ်။

ဓမ္မပဒ၊ ကိသာဂေါတမီဝတ္ထုကို မျှဝေခံစားပါသည်..။

မျှဝေလျှက်
မြတ်သောမောင်

'' ကိသာဂေါတမီ '' 

'အဘ.အဘ ဘာလို့ ရွှေတွေကို လမ်းဘေးမှာ ပုံရောင်းနေတာလဲ'
'ဘယ်မှာလဲ သမီး ရွှေတွေဆိုတာ'
'ဒါတွေက ရွှေတွေ မဟုတ်လား အဘ'
ကိသာဂေါမီတက လမ်းဘေးမှာပုံရောင်းနေတဲ့ မီသွေးခဲတွေကို လက်နဲ့ကိုင်ပြလိုက်သောအခါ မိသွေးခဲများမှာ တကယ့် ရွှေတုံးရွှေးခဲ များဖြစ်သွားပါတယ်။

မီးသွးခဲမှ ရွှေတုံးရွှေခဲဖြစ်ရခြင်းမှာ ကလေးမလေး ကိသာဂေါတမီရဲ့ ရှေးကုသိုလ် ကံကြောင့်ပင်ဖြစ်ပါတယ်။

မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်မှ သူဌေးကြီးတစ်ဦး ကုဋေလေးဆယ်သော ရွှေတွေကို
မြေမြှုပ်သိမ်းဆီးရာမှ ပြန်တူးဖော်ရာ ရွှေမှမီးသွးခဲများဖြစ်သွာကို တွေရလိုက်ပါတယ်။

ရွှေတွေမှမီးသွေးခဲများဖြစ်လို့ သူဌေးကြီး စိတ်အကြီးအကျယ် ထိခိုက်နေစဉ်၊ မိတ်ဆွေတစ်ဦးမှ ဒီရွှေတွေနဲ့ ကံစပ်တဲ့သူရှိရင် မီးသွေးမှ ရွှေတွေ ပြန်ဖြစ်လာနိုင်ပါတယ်လို့ အကြံပေးလို့ လမ်းဘေးဈေးမှာ မီးသွေးတွေကို ပုံရောင်းနေလိုက်ပါတယ်။

လမ်းဘေး မြင်မြင်သမျှ လူတောတော်များများက ၊သူဌေးကြီး လမ်းဘေးမှာ မီးသွေးရောင်းနေတာကိုပဲ
တွေ့မြင်ရလို့ သူဌေးကြီ စိတ်ဖောက်ပြန်သွားပြီးလို့ တီးတိုးပြောဆိုကြပါတယ်။

ပါရမီရှင်ကိသာဂေါတမီနှင့်တွေ့မှ သူဌေးကြီး စိတ်ချမ်းသာရာ ရသွားတယ်။ဒါကြောင့်သူဌေးကြီး ဝမ်းမြောက် ဝမ်းသာ ကိသာဂေါတမီကို သူ့သားနှင့် လက်ထပ်ထိမ်းမြားကာ ပစ္စည်းများကိုလည်း ကိသာဂေါတမီလက်သို့ ပေးအပ်လိုက်ပါတယ်။

ဂေါတမီဟာ သူဌေးချွေမဖြစ်ပြီးနောက် သားလေးတစ်ယောက် မွေးဖွားပါတယ်။ သားဦးမြေးကလေးနှင့် အတူ တအိမ်သားလုံး ပျော်ပျော်တပြုံးပြုံးဖြစ်နေကြပါတယ်။ ဒီအပျော်ကလည်း သိပ်ကြာကြာမခံဘူးလို့ ဆိုရမယ်။ သာငယ်လေး လမ်းလျှောက်တတ်စအရွယ်မှာ မရဏသေမင်းက ခေါ်ဆောင်သွားတယ်လေ။

အချစ်ဆုံး မြေသားလေး မနုတ်ဆက်ပဲ အပြီးအပိုင်ထွက်ခွါသွားတယ်ဆိုတော့ တအိမ်းသားလုံး အပူမီးလောင်မြိုက်နေတာပေါ့၊ဂေါတမီဆို အရူးတစ်ပိုင်းဖြစ်ကာ သားသေကို ရင်ဝယ်ပိုက်ကာ အိမ်မှ ထွက်ပြေးသွားပါတယ်။

ဂေါတမီတစ်ယောက် တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ " ကျမ သားလေးကို အသက်ရှင်အောင် ကုပေးကြပါ ၊ အသက်ရှင်အောင် ကုပေးကြပါလို့" သွေးရူးသွေးတမ်း မြည်တမ်းကာ အော်ဟစ် ငိုကြွေးနေပါတော့တယ်။

မြင်မြင်သမျှ လူအားလုံးကလည်း ဂေါတမီကိုကြည့်ပြီး သနားဂရုဏာထားရုံမှတပါး၊ သူမသောက ကို မဖြေဖြောက်ပေးနိုင်ခဲ့ပါ။ တစ်နေ့တော့ စဉ်းစားဥာဏ်ရှိသော ယောက်ျားတစ်ယောက်က " ဂေါတမီ.. မင်းကလေး အသက်ပြန်ရှင်စေလိုတယ်ဆိုရင် ဗုဒ္ဓထံသွားပါ၊ ဗုဒ္ဓမှ တပါးမည်သူမှ မင်းကို မကယ်နိုင်ပါ" လို့ အကြံပေးလိုက်တယ်။

ထိုသူရဲ့ အကြံရတယ်ဆိုရင်ပဲ ဂေါတမီတစ်ယောက် သားသေကိုရင် ရင်ဝယ်ပိုက်လို့ ဇေဝတန်ကျောင်းက ဗုဒ္ဓထံကို ချက်ချင်းအရောက်သွားခဲ့တယ်။ သူရောက်လာတဲ့အချိန်မှာတော့ ဗုဒ္ဓက ပရိတ်များအား တရားဟောနေပါတယ်။ ဂေါတမီက သားသေကို ရင်ဝယ်ပိုက်လို့ ပရိတ်သတ်အစွန်အဖြားနေ၍ မဆိုင်းမတွ " အရှင်ဘုရား တပည့်တော်သားအတွက် အသက်ရှင်ဆေး ပေးသနာတော်မူပါ"လို့ လျှောက်ထား လိုက်ပါတယ်။

ဒီတော့ဗုဒ္ဓက " ချစ်သမီးဂေါတမီး မင်းလိုချင်တဲ့ မင်းသား မသေဆေးကို ငါပေးမယ့် ၊ မင်းမြို့ထဲကို လှည့်လယ်ကာ မည်သူတစ်ဦးတစ်ယောက်မျှ မသေဘူးတဲ့ အိမ်က မုန်ညင်းစေ့ လက်တစ်ဆုပ်စာ လောက်ကို ယူဆောင်ခဲ့ပါလိုပါ မိန့်တော်မူလိုက်တယ်။

ဂေါတမီးတစ်ယောက် မြတ်စွာရား စကားကြာတာနဲ့ မုန်ညင်းစေံဖို့ မြိုထဲကို အလျင်အမြတ်ထွက်ခဲ့တယ်။ အိမ်တစ်အိမ်နားရောက်တော့ ....

" အိမ်ရှင်တို့.. ဒေါ်ဒေါ်တို့၊ ဦးဦးတို့အိမ်မှာ မုန်ညင်းစေရှိပါသလား ၊ကျမ နည်းနည်းလောက်လိုရှင်လို့ပါ"
'ရှိတယ်သမီး ဘာလုပ်ဖို့လဲ'
'ကျမကလေး အသက်ပြန်ရှင်ဖို့အတွက် လူတစ်ယောက်မှ မသေဘူးတဲ့ အိမ်က မုန်ညင်းစေ့ယူခဲ့လို့ ဗုဒ္ဓကမှာ လိုက်လို့ပါ'

'သမီး ဒီလိုဆို မဖြစ်ဘူးထင်တယ် ဒေါ်ဒေါ်တို့အိမ်မှာ လူက တစ်ယောက်မက သေဖူးတယ်'

ထို့နောက် ဂေါတမီတစ်ယောက် စိတ်မလျော့ပဲ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်ရှာလိုက်တာ ညနေ နေဝင်မိုးချုပ်အချိန်ထိအောင် လူမသေးဘူးတဲ့ အိမ်ကို တစ်အိမ်မှ ရှာမတွေ့ဘူးတဲ့။

သားဇောတဲ့ တစ်နေကုန်း လှည့်လယ်နေရသော ဂေါတမီးတစ်ယောက် သတိသံဝေရကာ ဩော် သေးခြင်း တရားဆိုတာ ငါ့သားတစ်ယောက်တည်း ကွက်ဖြစ်တာ မဟုတ်ပါလားလို့ တွေးတောဆင်ခြင်မိလာတယ်။

အဲဒီနောက်မှာတော့ ရင်ဝယ်မှ သားသေကို ပစ်ချကာ ဗုဒ္ဓထံကို အရောက်သွားခဲ့တယ်။ ဗုဒ္ဓက ချစ်သမီး လူတစ်ယောက်မှ မသေဘူးတဲ့အိမ်က မုန်ညင်းစေ့ရခဲလားလို့မေးလိုက်တယ်။ ဂေါတမီက " အရှင်ဘုရာ တစ်မြို့လုံးမှာ လူတစ်ယောက်မှ မသေးဘူတဲ့အိမ် မရှိပါဘုရား"လို့ဖြေလိုက်တယ်။

ဒီတော့ မြတ်စွာဘုရားက...
"အိပ်ပျော်နေတဲ့ ရွာသူ၊ရွားသားအားလုံးကို ဆူနားမိလို အရေအလျဉ်ကလွမ်းမိုးတိုက်စားသွားသလို..
သားစွဲ၊မယားစွဲ ပစ္စည်းဥစ္စာစွဲ တို့ဖြင့် ကာမဂုဏ်မှာ ငြိတွယ်နေတဲ့လူအပေါင်းကို
သေမင်းက မကြာခင်မှာ ခေါ်ဆောင်သွားပါလိမ့်မယ်လို့ ဟောကြားလိုက်တယ်"
ဒေသနာ အဆုံးမှာတော့ ဂေါတမီးတစ်ယောက် သောတာပန်တည်လို့ သာသနာ့ဘောင်မှာ ဘိက္ခုနီမဝတ်လိုက်ပါတယ်။

တစ်နေ့မှာ ရဟန်းမဂေါတမီတစ်ပါး ဥပုသ်နေ့မှာ ရဟန်းမများ ဥပုသ်ပြုဖို့ ဥပုသ်ကျောင်း သန့်ရှင်းရေး တာဝန်ကျပါတယ်။ ဥပုသ်ကျောင်းရှင်းလင်းပြီးနောက် ဆီမိးခွက်းများကို ထွန်းညှိပြီး ရဟန်းမများ အလာကို စောင်နေလိုက်ပါတယ်။ ထိုအချိန်တွင် ဂေါတမီတစ်ယောက် ဆီမီးတောက်များရဲ့ မီလျှံများ တစ်ခုပြီးတစ်ခု တောက်လောင်ကာ ပျောက်ပျောက် သွားတာကို တွေ့လို့ သတ္တဝါတွေလည်း ဆီမီး တောက်ကဲ့သို ဖြစ်လာလိုက် ၊ ပျောက်သွာလိုက်ပါလားလို့ တွေးတောဆင်ခြင်လိုက်ပါတယ်။

မြတ်စွာဘုရာလည်း သီတင်းသုံးရာ ကျောင်းဆောင်မှ ဂေါတမီရဲ့ စိတ်အကြံကို သိမြင်တော်မူလို့..

" ဂေါတမီ .. သင်စဉ်းစားသည့်အတိုင်း မှန်ပါတယ်။ သတ္တဝါတို့ဟာ မီးတောက်လို့ ဖြစ်လိုက်၊ ပျက်လိုက် တလတ်စပ်ဖြစ်နေတယ်။ နိဗ္ဗာန်သို့ရောက်မှသာ ဖြစ်ခြင်း၊ပျက်ခြင်းငြိမ်းအေးတယ်လို့" မိန်တော်မူတယ်။


ထို့နောက်..." သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ပဲ နှစ်ပေါင်းတစ်ရာအသက်ရှင်ခြင်းထက်၊ နိဗ္ဗာန်ကို မြင်၍ အသက်တစ်ရာ အသက်ရှင်ရခြင်းက သာလွန်မွန်မြတ်လှပေတယ်" လို့ ဟောကြားတော်မူလိုက်တယ်။

ဒေသနာအဆုံးမှာတော့.. ကိသာဂေါတမီရဟန်းမလေးဟာ ပဋိသမ္ဘိဒါဥာဏ်လေးပါနှင့်အတူ အရဟတ္တဖိုလ်သို့ ရောက်ရှိသွားပါတယ်။

ဓမ္မပဒ၊ ကိသာဂေါတမီဝတ္ထုကို မျှဝေခံစားပါသည်..။

မျှဝေလျှက်
မြတ်သောမောင်