Showing posts with label ဓမ္မပဒ. Show all posts
Showing posts with label ဓမ္မပဒ. Show all posts

Thursday, September 12, 2013

အပြန်အလှန် အညှိုး The Story of Kalayakkhini 食人魔Kalayakkhini的故事


အပြန်အလှန် အညှိုး
တစ်ဦးတည်းသောသားကို မိန်းမပေးစားပြီးကာမှမိန်းမမြုံ ဖြစ်နေလို့ တခြားမိန်းမ တစ်ယောက်နဲ့ ပေးစားပြန်သတဲ့..။ အဲ့ဒီတော့ မယားကြီးနေရာကနေတဲ့သူကမယားငယ်သာ ကလေးမွေးနိုင်ခဲ့ ရင်တော့ သူပဲမျက်နှာသာရလို့ စည်းစိမ်တွေ ပိုင်ဆိုင်တော့မှာပဲဆိုပြီး မနာလိုစိတ် နဲ့ မယားငယ်ကိုကြံစည်တယ်..။ ကိုယ်ဝန်ဆောင်ရင်သူ့ ကို အကြောင်းကြားဖို့ ပေါ့..။ မယားငယ်ကလည်း ကောင်းတဲ့စိတ်နဲ့ပြောတယ်ထင်လို့ တကယ်ပဲ ကိုယ်ဝန်ဆောင်တော့ ပြောပြတာပေါ့လေ..။

အဲ့ဒီမှာ မယားကြီးလုပ်သူ က ဂရုစိုက်သလိုလိုနဲ့ ယာဂုလို့ခေါ်တဲ့ အဟာရကို ကိုယ်တိုင် ချက်ကျွေး တာပေါ့..။ တကယ်တော့ အဲ့ဒီယာဂု ထဲမှာ က ကိုယ်ဝန်ပျက်ကျစေတဲ့ဆေးတွေ နဲ့ရောထားတာ..။ အဲ့တော့ ကိုယ်ဝန်ပျက်ကျတာပေါ့..။  ဒုတိယ အကြိမ် ကိုယ်ဝန်ရှိရင်လည်းပြောဖို့ မှာထားတော့ မယားငယ် ခမျာ အကောင်းထင်ပြီး ပြောပြပြန်တယ်..။ ဒါ နဲ့ ကိုယ်ဝန် ကို ဖျက်ချခံ လိုက်ရ ပြန်ရောလေ..။ ဒီတော့ ရင်းနှီးတဲ့သူတွေက နောက်တခါ  မပြောပြဖို့မှာတာပေါ့။  သုံးကြိမ်မြောက် ကိုယ်ဝန်ရှိတော့ မပြောပဲထားလိုက်တာ ကိုယ်ဝန်ရင့်လာမှ မယားကြီး ကတွေ့တော့ သူကို မပြောရကောင်းလားဆိုပြီး  အလစ်ချောင်းပြီး ဆေး ခပ်တိုက်လိုက်တာ မယားငယ်မှာ ကိုယ်ဝန် အရင့်အမာ နဲ့ဆိုတော့ လျှောလည်းမကျပဲ ၀မ်းထဲမှာကန့်လန့် ခံနေလို့ သေရမယ့် အခြေအနေဆိုးနဲ့ရင်ဆိုင်ရတော့ တာပေါ့..။

သေခါနီးမှာ မယားငယ်က  ဒီဘ၀ ကလွတ်ရင် ဘီလူးမ ဘ၀ နဲ့ နင့်သားတွေကို စားရတဲ့ကိုယ် ဖြစ်ရပါစေလို့ ဆုတောင်းသတဲ့..။ သေလည်းသေရော..အဲ့ဒီအိမ်မှာ ကြောင်မကြီးသွားဖြစ်သတဲ့..။ မယား ကြီး ကတော့ လင်ယောက်ျားက သူ့အမျိုးအနွယ်ကို ဖျက်ဆီးရကောင်းလားဆိုပြီးထောင်းထု ပုတ်ခတ်လို့ ဝေဒနာခံစားပြီး သေရှာသတဲ့..။သေလွန်တော့  အဲ့ဒီအိမ်မှာပဲ ကြက်မ ဖြစ်သတဲ့.။
ကြက်မ ဥ ဥတော့  မယားငယ်ဘ၀က လာတဲ့ ကြောင်မ  ကဥတွေကိုစားသတဲ့ ..။ အဲ့ဒီလိုနဲ့ ကြက်မက ငါ့ဥတွေ ကိုတော့စားပြီးပြီ ခု ငါ့ကိုပါစားတော့မှာပါလားဆိုပြီး ``ငါသည်  ဤ ကိုယ်အဖြစ်မှ သေလွန်ရင်တော့ သားသမီးနှင့်တကွ ဒီကြောင်မကို စားရပါလို၏ ``လို့  ဆုတောင်းသတဲ့..။
+++++++++
မယားကြီးဘ၀ ကလာတဲ့ကြက်မ သေသွားတော့ သစ်မ သွားဖြစ်သတဲ့..။ မယားငယ် ဘ၀ က လာတဲ့ ကြောင်မ က သမင်မ သွားဖြစ်သတဲ့..။ သမင်မ သားဖွားတော့ သစ်မ  လာပြီးသားတွေ ကိုစားသတဲ့..။ အဲ့ဒီတော့ သမင်မလည်း သိတာပေါ့။ ဒီသစ်မ ဟာ သားတွေကိုစားပြီး ငါ့ကိုစားတော့မှာပါလားလို့ တွေးမိတာနဲ့  ဒီဘ၀က သေရင် သစ်မကို သားသမီးတွေပါမကျန် စားရပါလို၏  လို့ဆုတောင်းပြန်သတဲ့…။
+++++++++++++++
မယားငယ်ဘ၀ ကလာတဲ့ သမင်မလေး သေတော့ ဘီလူးမ ဖြစ်သတဲ့..။ သစ်မ ကတော့သေပြီး နောက်မှာ လူမိန်းမ ဖြစ်သတဲ့…။ မိန်းမသား သဘာဝ အရွယ်ရောက်လာတော့ အိမ်ထောင်ရက်သားကျပြီး သား တစ်ယောက်ဖွားမြင်တယ်။ အဲ့ဒီအခါ ဘီလူးမ က မိတ်ဆွေယောင်ဆောင်ပြီး အိမ်ကိုအလည်လာတယ်။ ဘာလေးမွေးတာလဲလို့လာမေးသလိုနဲ့ အိမ်ခန်းထဲဝင်ပြီး ကလေးကို စားပစ်လိုက်တယ်။ ဒုတိယ အကြိမ်မြောက် သားကိုဖွားတော့လည်း
အဲ့ဒီလိုပဲ ဘာလေးမွေးတာလဲလို့  လာမေးသလိုလိုနဲ့ ကလေးကိုစားပြန်တယ်။ တတိယမြောက် ကလေးကိုမွေးမယ့်အချိန်ရောက်တော့ အမျိုးသမီးက သူ့ ယောက်ျားကိုပြောတော့တာပေါ့..။ 
``ယောက်ျားရေ …ကျမ တို့   ကလေး နှစ်ယောက်မွေးတာ ဘီလူးမက လာလာပြီး စားသောက် ပစ်တယ်  ဒီတခါတော့ မိဘ အိမ်ကိုသွားပြီးမီးဖွားတော့မယ်လို့   လင်ယောက်ျားကို ခွင့်တောင်းပြီး မိဘ အိမ်ကိုသွားတယ်။ 
++++++
ဘီလူးမ ရောက်လာတော့  အမျိုးသမီးကိုမတွေ့တာနဲ့ ဘယ်မှာလဲဆိုတာ စုံစမ်းပြီး  အမျိုးသမီးရှိတဲ့ နေရာကို ရောက်အောင်သွားတာပေါ့…။ မီးဖွားပြီး ပြီဆိုတာသိလို့ ကလေးငယ်ကိုစားမယ် ကြံတဲ့အချိန်မှာပဲမိခင်ဖြစ်တဲ့ အမျိုးသမီးက ဘီလူးမ မှန်းသိတာနဲ့ အသံကျယ်ကျယ် အော်ဟစ်ပြီး ဘုရားရှင်ရှိတဲ့  ကျောင်းဝင်းထဲကို ပြေးဝင်သွားတယ်။ ပြီးတော့ ဘုရားရှင်ရဲ့ ခြေတော်ပေါ်တင် ကလေးကို အိပ်စေလိုက်တယ်။ ပြီးတာနဲ့

``တပည့်တော် အရှင်ဘုရားကို  ဒီကလေးကိုပေးလှူပါတယ်ဘုရား” လို့လျှောက်ထားလိုက်တယ်။ ကျောင်းတံခါးကိုစောင့်နေတဲ့ နတ်သားက ဘီလူးမ ကို ၀င်ခွင့်မပေးဘူး။ ဒါကိုသိတော်မူတဲ့ မြတ်စွာဘုရားက  အရှင်အာနန္ဒာကို ဘီလူးမ ကိုသွားခေါ်ခိုင်းလိုက်တယ်။ ကလေး မိခင် အမျိုးသမီးက ဘီလူးမ ကိုမြင်တာနဲ့ ဘုရားရှင်ကိုလျှောက်ထားတာပေါ့။ တပည့်တော်ရဲ့ ကလေးကို စားတာ ဒီဘီလူးမ ပါဘုရား လို့လျှောက်ထားတော့ မြတ်ဘုရားက..``လာပါစေ  အသံမပေး နဲ့`` မိန့် တော်မူတယ်။ ဘီလူးမလည်း ရောက်လာရော မြတ်ဘုရားက  ဘာလို့ဒီလိုလုပ်သလဲ လို့  မေးပြီး သင်တို့ နှစ်ယောက်လုံးသာ ငါဘုရားရှေ့ ကိုမရောက်ခဲ့ရင်တော့ မြွေ နဲ့ မြွေပါ။ ကျီးနဲ့
ခင်ပုတ်တို့  လို (၁)  ကမ္ဘာပတ် လုံး ရန်သူတွေ ဖြစ်တော့မယ် လို့ မိန့် တော်မူတယ်။

ဘာဖြစ်လို့ များရန်ကိုရန်ချင်းတုန့် နှင်းတာလဲ ။ ရန်ကို ရန်ချင်း မတုန်ပြန်မှ အေးငြိမ်းပေမယ်။ ရန်တုန့့် ပြန်နေမယ်ဆိုရင် တရံတဆစ်တောင်မှ မငြိမ်းအေးနိုင်ဘူးလို့ ဆုံးမတော်မူပြီး ဂါထာတစ်ပုဒ်ကို  ဟောတော်မူလိုက်တယ်။ အဲ့ဒီဂါထာရဲ့အဆုံးမှာ ဘီလူးမက သောတာပတ္တိဖိုလ်မှာ တည်ပါတော့တယ်။ ဘုရားရှင် က တရားတော်ဆုံးတာနဲ့  ကလေးမိခင်ဖြစ်တဲ့အမျိုးသမီးကို
``သင့်သားငယ်ကို ဘီလူးမ ကိုပေးလိုက်တော့လို့ `မိန့်တော်မူလိုက်တယ်။ အမျိုးသမီး ကကြောက်နေတဲ့အတွက် မြတ်ဘုရားက မကြောက်နဲ့ ဘေးရန်မရှိတော့ပြီလို့ မိန့်တော်မူမှ သားငယ်ကိုဘီလူးမ လက်ထဲ ပေးလိုက်တယ်။

ဘီလူးမ  ကသားငယ်ကို နမ်းရှုပ်ပွေ့ ပိုက်ပြီး  မိခင်ကိုပြန်ပေးပြီး ငိုတယ်။ အဲ့တော့ မြတ်စွာဘုရားက ဘာကြောင့်ငိုသလဲလို့ မေးတာပေါ့..။ ဘုန်းတော်ကြီးသောမြတ်စွာဘုရား တပည့်တော် ကအစားအစာကို ရွေးချယ်ခြင်းမရှိ စားသောက်ပြီး အသက်ကိုမွေးခဲ့တာ ခုတော့ ဘယ်လို အသက်မွေးရမယ် မသိတော့ပါဘူးဘုရားလို့ လျှောက်ထားလိုက်တယ်။ ဘုရားရှင်က မစိုးရိမ်နဲ့ လို့  မိန့် တော်မူပြီး ကလေးမိခင်ကို  ဘီလူးမကို အိမ်ခေါ်သွားဖို့  အဟာရတွေ နဲ့ပြုစုလုပ်ကျွေးဖို့ မှာလိုက်တယ်။ ကလေမိခင်က ဘုရားရှင်မှာတဲ့ အတိုင်းဘီလူးမ ကိုအိမ်ကို ခေါ်သွားတာပေါ့။ ဒါပေမယ့် ဘီလူးမက အိမ်မှာမနေနိုင်ဘူးဖြစ်နေတယ်။ စပါးထောင်းတဲ့အခါ ကျည်ပွေ့ နဲ့ ဦးခေါင်းကို ထုခွဲသလို ခံစားရသတဲ့ ။

အိမ် ရဲ့ဘယ်နေရာမှာမှ နေလို့ အဆင်မပြေဖြစ်တာနဲ့  ရွာရဲ့အပြင်ဖက်မှာ နေစရာလေးပေးပြီး
နေ့ စဉ် အဟာရပို့ ဆောင် ပြီး ထားတာပေါ့။ဘီလူးမကလဲ ငါ့အပေါ် ကျေးဇူးရှိတဲ့သူကိုတော့ ကျေးဇူးတုံ့ ပြန်မှပဲလို့ ကြံစည်ပြီး  မိုးကောင်း မယ့်နှစ်မှာ ကုန်းပေါ်မှာ စပါးစိုက်ဖို့။ မိုးခေါင်မယ့်နှစ်မှာ ချိုင့်ဝှမ်းမှာစပါးစိုက်ဖို့ ပြောတယ် ။ ဘီလူးမ ပြောသလို လိုက်ပြီးစိုက်ပျိုးတဲ့အတွက် နှစ်တိုင်းနှစ်တိုင်း စိုက်ပျိုးတွေကအောင်မြင်သတဲ့ …။ တခြားသူတွေ ကတော့ မိုးခေါင်မယ် မိုးကောင်းမယ် ဆိုတာ မသိရတဲ့အတွက် ရာသီဥတုနဲ့  မလျော်ညီတဲ့အခါ..စိုက်ပျိုးတဲ့ စပါး သီးပင် တွေ ပျက်စီးဆုံးရှုံး တာပေါ့..။ ဒီအခါ မှာ ဘီလူးမ ကြောင့်  ဒီလို ကောင်းကျိုးချမ်းသာ ရတယ် ဆိုတာသိသွားတာနဲ့ တရွာလုံးက လူတွေကလဲ ဘီလူးမကို ပူဇော်ပသပြီး စိုက်ကြပျိုးကြတာ အားလုံးပဲ အောင်မြင်ဖြစ်ထွန်း ကြသတဲ့လေ။ ဘီလူးမလည်း အသက်ထက်ဆုံး လာဘ်သပကာပြည့်ပြည့်စုံစုံနဲ့ နေသွားရတာပေါ့။

 ဤဇာတ်တော်ကို အကြောင်းပြု၍ "ကြက်မဥရင်း ကြောင်စာရင်း၊ သမင်မွေးရင်း ကျားစားရင်း" ဆိုသော မြန်မာ စကားပုံ တစ်ခု ပေါ်ပေါက်လာခဲလေသည်။

ရန်ကိုရန်ခြင်း တုံ့ နှင်းမိလို့  သံသရာမှာကြောက်စရာကောင်းလှပါတယ်။


(ကျမ်းကိုး။   ။ဓမ္မပဒ  ကာဠယက္ခိနီ ၀တ္ထု)

*****တတိယမြောက်သမီးတော်*****

The Story of Kalayakkhini

While residing at the Jetavana monastery in Savatthi, the Buddha uttered Verse (5) of this book, with reference to a certain woman who was barren, and her rival.
Once there lived a householder, whose wife was barren; later he took another wife. The feud started when the elder wife caused abortion of the other one, who eventually died in child birth. In later existences the two were reborn as a hen and a cat; a doe and a leopardess; and finally as the daughter of a nobleman in Savatthi and an ogress named Kali.

The ogress (Kalayakkhini) was in hot pursuit of the lady with the baby, when the latter learned that the Buddha was nearby, giving a religious discourse at the Jetavana monastery. She fled to him and placed her son at his feet for protection. The ogress was stopped at the door by the guardian spirit of the monastery and was refused admission. She was later called in and both the lady and the ogress were reprimanded by the Buddha. The Buddha told them about their past feuds as rival wives of a common husband, as a cat and a hen, and as a doe and a leopardess. They were made to see that hatred could only cause more hatred, and that it could only cease through friendship, understanding and goodwill.

Then the Buddha spoke in verse as follows:

Verse 5: Hatred is, indeed, never appeased by hatred in this world. It is appeased only by loving-kindness. This is an ancient law.


At the end of the discourse, the ogress was established in Sotapatti Fruition and the long-standing feud came to an end.


食人魔Kalayakkhini的故事

佛在舍衛城在Jetavana的修道院的在居住期間,說出了詩歌(5)這本書,有一個女人,誰是貧瘠的,和她的對手。
一旦住著一家之主,他的妻子是貧瘠的,後來他妻子又。仇隙開始另外一個,最終死在孩子出生時,老人的妻子造成流產。在以後存在兩個人重生為一隻母雞和一隻貓,一隻母鹿和一隻,終於在舍衛城一個貴族的女兒和一個食人魔命名卡利。

在與寶寶的女士,當後者了解到,佛就在附近,給人一種宗教話語在Jetavana的修道院中緊追的食人魔(Kalayakkhini)。她逃到了他,並保護她的兒子在他的腳下。食人魔被攔在門外守護靈的寺院,而被拒絕入場。她後來被稱為夫人和食人魔佛陀譴責。佛陀告訴他們,他們過去的恩怨對手一個共同的丈夫的妻子,一隻貓和一隻母雞,並作為能源部一隻母鹿一隻的。他們作了看到,仇恨只能造成更多的仇恨,它只能通過友誼,理解和善意停止。

佛說詩如下:

第5節:仇恨,的確是在這個世界上的仇恨,絕不姑息。安撫慈愛。這是一個古老的法律。


結束時的話語,食人魔成立在Sotapatti修成正果,並長期宿怨走到了盡頭。

Saturday, August 28, 2010

ဘုရားရှင်တိုင်း၏ သြ၀ါဒပါတိမောက်



သဗ္ဗပါပဿ အကရဏံ၊


ကုသလဿုပ သမ္ပဒါ၊


သစိတ္တပရယောဒိပနံ၊


ဧတံ ဗုဒ္ဓါန သာသနံ။


(ဓမ္မပဒ၊ ၁၈၃-၁၈၅)


Sabbapapassa akaranam,

Kusalassa upasampada,

Sacittapariyodapanam,

Etam buddhana sasanam.


မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊

ဖြူအောင် စိတ်ကိုထား။

ဘုရားတိုင်းသာ၊ မိန့်မြွတ်မှာ၊

သုံးဖြာ ဤတရား။


Not to do bad, To do good,

To purify one's mind.

This is the teaching of the Buddhas.

(183-185 ~Dhammapada )




一切惡莫作,一切善應行,

自調淨其意,是則諸佛教。


了參法師譯於佛曆2496年(民國四十二1953 AD)-取自

《南傳法句經》


不造一切惡,實行一切善,

及清淨自心,是諸佛所教。


敬法法師譯於佛曆2542(1999 AD)-取自

《法句經 Dhammapada正覺學會1999.06出版


不作一切罪惡,行一切善事,

清淨自己的心意,這是佛陀的教誡。


淨海法師譯於佛曆2517(1974 AD)-取自

《真理的語言(法句經)》(正聞出版社


不作一切惡,應當行諸善,

自淨之己意,此為諸佛教。


悟醒法師譯於佛曆2538年(民國八十四年1995 AD)-取自

《漢譯南傳大藏經小部經典一--法句經》((高雄)元亨寺妙林出版社


諸惡莫作,眾善奉行,

自淨其意,是諸佛教。


北傳法句經(卷下) 述佛品第二十二(二十有一章) 第十一章(偈頌)