Showing posts with label ကိုယ်တွေ့အဖြစ်အပျက်. Show all posts
Showing posts with label ကိုယ်တွေ့အဖြစ်အပျက်. Show all posts

Wednesday, September 10, 2014

ဘာသာခြားအား တရားဆေးဖြင့်ကုသခြင်း

{ ဘာသာခြားအား တရားဆေးဖြင့်ကုသခြင်း }

          " ဦးထိန်ဝင်း ဘာဖြစ်လာပြန်ပြီလဲ ..... "
 ဆေးခန်းထဲဝင်လာသော ဦးထိန်ဝင်းအား ကျွန်တော်
 က မေးလိုက်သည်။ 
          " ခေါင်းမူးတယ် ဆရာရယ်...."
 ဟုပြောပြီး လူနာခုတင်ပေါ် တက်လိုက်သည်။
         " ကျွန်တော့်မိန်းမ အိမ်ပေါ်က ဆင်းသွားတာ
           ခုထိပြန်မလာသေးဘူးဆရာ ရင်ထဲမှာလည်း
            အလုံးကြီးတစ်လုံးဆို့နေသလို တစ်ဆို့ဆို့
           ကြီးဖြစ်နေတယ်.... ....ကလေးသုံးယောက်
           နဲ့ ကျွန်တော့်ကိုထားခဲ့ပြီး ထွက်သွားတယ်
           ဆရာ..............ကလေးတွေကတစ်ဖက် 
           အလုပ်ကတစ်ဖက်နဲ့ ပင်ပန်းတယ်ဆရာ
           ရယ်.....ထမင်းလည်းစားလို့မရဘူး.....ရင်ထဲ
           မှာ တစ်ဆို့ဆို့ကြီးဖြစ်နေတယ်......"
 ဟု ယောက်ျားကြီးတစ်ယောက်က မျက်ရည်ဝဲပြီး
 ပြောလာသည်။ပြီးခဲ့တဲ့တစ်ပတ်ကလည်း ငိုငိုယိုယို
 နှင့်ပြောခဲ့ဖူးပြီ။ခုတစ်ခေါက်လာတော့လည်း 
 မျက်ရည်ဝဲနေပြန်ပြီ။ဦးထိန်ဝင်းတစ်ယောက် စိတ်ကျ
 ရောဂါ ခံစားနေရပြီဆိုတာကို သိလိုက်ပါပြီ။စိတ်ကျ
 ရောဂါ ဖြစ်လာပြီဆိုလျှင် အောက်ပါအဆင့်တွေကို
 ဖြတ်ကျော်ရတယ်။
    ( ၁) အဆင့်တစ်
             ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို 
          လက်မခံနိုင်ဘဲ ပေါက်ကွဲနေတတ်တယ်။
          ဘယ်ဟာကိုမှစိတ်တိုင်းမကျပဲ အမြဲတမ်း
          လိုလို ဒေါသထွက်နေတတ်တယ်။
    ( ၂)  အဆင့်နှစ်
               ဒီအဆင့်မှာ ဝမ်းနည်းပြီး ငိုကျွေးနေလိမ့်
           မယ်။ဒီအဆင့်မှာ မိမိကိုယ်ကို သတ်သေ
           သတ်သေတတ်ကြတယ်။
    ( ၃) အဆင့်သုံး
                 ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ
           ကို လက်ခံလိုက်ပြီ။ဒေါသလည်းမထွက်တော့
           သလို ငိုလည်းမငိုတော့ဘူး။
    ( ၄) အဆင့်လေး
                 ဒီအဆင့်မှာ ရှေ့ဆက်မယ့်ခရီးအတွက်
           အားအင်သစ်တွေ မွေးလာပြီ။ပုံမှန် လေ့ကျင့်
           ခန်းလုပ်လာပြီ။ပြုံးရယ်တတ်လာပြီ။
          ဦးထိန်ဝင်းရဲ့ စိတ်ကျရောဂါအခြေအနေက
 အဆင့်နှစ်မှာ ဖြစ်နေတယ်။အခြေအနေ သိပ်
 မကောင်းဘူး။ကိုယ့်ကိုယ်ကိုသတ်သေနိုင်တဲ့ 
 အဆင့်မှာဖြစ်နေတယ်။
            " ဆရာ....ကျွန်တော် အားဆေးထိုးချင်တယ်၊
               အစာလည်းစားလို့မရဘူး....."
 လို့ သူကပြောလာတယ်။ဒါနဲ့ ကျွန်တော်က သူ့သွေး
 ပေါင်ကို တိုင်းကြည့်လိုက်တယ်။အပေါ်သွေးပေါင်က 
 တစ်ရာ့ခြောက်ဆယ်ရှိပြီး အောက်သွေးပေါင်က
 တစ်ရာရှိနေတယ်။အရက်သောက်လို့ သွေးတိုးတာ
 မှန်း ရိပ်မိပေမယ့် မမေးဖြစ်တော့ဘူး။
            " ဦးလေးထိန်ဝင်း သွေးပေါင်ကတက်နေ
               တယ်.....အားဆေးထိုးလို့ မရသေးဘူး....
               သွေးပေါင်ကျဆေး သောက်လိုက်ဦး.......
              နောက်နေ့ပြန်လာကြည့်လိုက်...သွေးပေါင်
              မှန်ရင် အားဆေးထိုးပေးမယ်.....ခုတော့
              အစာဝင်အောင် စားလိုက်ဦး......အဆီ
              အငန်လျော့စား.....ဝက်သားရှောင်......."
 လို့သူ့ကိုပြောသည်။ပြီးနောက် လိုအပ်တဲ့ ဆေးကို
 ထုပ်ပြီး သူ့ကိုပေးလိုက်သည်။ထို့နောက် ကျွန်တော်
 က သူ့ကို ဤသို့မေးလိုက်သည်။
             " ဦးလေး ရင်ထဲမှာ တစ်ဆို့နေတဲ့ အလုံးကြီး
               ကော ကျသွားချင်လား...."
             " ကျချင်တာပေါ့ ဆရာရဲ့...."
             " ဒါဆို မျက်စိမှိတ်ပြီး ဦးလေးရင်ထဲမှာ
                တစ်ဆို့နေတဲ့ အလုံးကြီးကို စိတ်နဲ့
                ကြည့် ကြည့်လိုက်....."
 ဦးထိန်ဝင်း ခုတင်ပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်
 သည်။ပြီးနောက် မျက်စိမှိတ်လိုက်သည်။ခဏကြာ
 တော့ ပြန်ပွင့်လာသည်။ကျွန်တော်က မေးလိုက်
 သည်။
               " တွေ့လား......"
               " ဟုတ်ကဲ့.....တွေ့တယ်ဆရာ....."
               " အေး....အဲဒီ တစ်ဆို့နေတဲ့ အလုံးကြီးကို
                  သာ ဦးလေး ကြာကြာလေးကြည့်ပေး
                  လိုက်.....အဲဒီအလုံးပျောက်သွားလိမ့်
                  မယ်...."
 သူ မျက်စိမှိတ်လိုက်ပြန်သည်။တအောင့်ကြာတော့
 ပြန်ပွင့်လာသည်။ကျွန်တော်က သူ့ကို ဆက်ပြော
 သည်။
      " အဲဒါ မြတ်ဗုဒ္ဓဖော်စပ်ထားတဲ့ ဝိပဿနာဆေးပဲ၊
        ဒီဆေးက လူ့ခန္ဓာ ကိုယ်မှာရှိတဲ့ 
        ကိလေသာ စိတ်အညစ်အကြေး
        တွေကို ဆေးကြောပေးတယ်....ဦးလေးက 
        မွတ်စလင်မှန်းကျွန်တော်သိပါတယ်.....ဒီဆေး
        က ဘာသာရေးနဲ့ မဆိုင်ဘူးနော်....စိတ်ချမ်းသာ
        ချင်တဲ့ ဘယ်ဘာသာဝင်မဆို ဒီဆေးကိုသောက်
        လို့ရတယ်....ဒီဆေးသောက်လို့ ဦးလေးလည်း
        ဗုဒ္ဓဘာသာဖြစ်မသွားသလို ဦးလေးသောက်လို့
        လည်း ဒီဆေးဟာ မွတ်စလင်ဘာသာရဲ့ဆေး
        ဖြစ်မသွားဘူး......ဒီဆေးဟာ စိတ်ချမ်းသာချင်
        တဲ့ လူသားတိုင်းနဲ့ သက်ဆိုင်တယ်...........
        ဟုတ်လား??? "

        " ဟုတ်ပါတယ် ဆရာ....."

        "ကျွန်တော့်ဆေးခန်းကို မွတ်စလင်
        လည်းလာတယ်၊ ဟိန္ဒူလည်းလာတယ်၊ခရစ်
        ယာန်လည်းလာတယ်....ကျွန်တော်က ဗုဒ္ဓဘာ
        သာဆရာဝန်တစ်ယောက်....ဘာသာခြားတွေ
        က ကျွန်တော့်ဆီ သူတို့ရောဂါပျောက်အောင်
        ကုသချင်လို့ လာကြတယ်.........ကျွန်တော်က
        သူတို့ရောဂါပျောက်စေတဲ့ဆေးကို ပေးမယ်....
        ကျွန်တော်က ဗုဒ္ဓဘာသာဝင်မို့လို့ ကျွန်တော်
        ပေးတဲ့ဆေးကို မသောက်ပဲနေမှာလား......"
 လို့ ကျွန်တော်က မေးလိုက်သည်။
        " သောက်မှာပေါ့ဆရာရဲ့.....ဆရာပေးတဲ့ဆေး
           သောက်မှ ရောဂါပျောက်မှာပေါ့....ဆရာပေး
           တဲ့ဆေးနဲ့ ဘာသာရေးနဲ့ ဆိုင်မှမဆိုင်တာ....."
 လို့ ဖြေလာသည်။ထိုအခါ ကျွန်တော်က
         " အဲဒီသဘောပဲဦးလေး....အခုဦးလေးက 
            စိတ်ဆင်းရဲနေတာ.... စိတ်ချမ်းသာချင်ရင် 
            ဘာသာရေးဆိုတာကြီးကို ခဏဘေးဖယ်
            ထားပြီး ဝိပဿနာဆေးကို သောက်ကြည့်
            လိုက်....အိမ်ပြန်ရောက်ရင် ရင်ထဲမှာ တစ်
            ဆို့နေတဲ့ အဲဒီအလုံးကြီးကို ကြည့်နေ.....
            မကြာခင် ပျောက်သွားလိမ့်မယ်......."
 လို့ ပြောလိုက်တယ်။သူက ဟုတ်ကဲ့ဆရာဟုပြောပြီး
 ဆေးထုပ်ယူကာ အိမ်ပြန်သွားတယ်။တကယ်တော့
 ဦးလေးရင်ထဲက တစ်ဆို့ဆို့အလုံးကြီးဆိုတာ သော
 ကပရိဒေဝမီးလုံးကြီးပါ။
             ဥပမာ ဘာနဲ့တူသလဲဆိုတော့ ခါလယ်ပိုင်း
 ပြတ်နေတဲ့ ဝါးလုံးခေါင်းထဲမှာ နှင်းလုံးကြီးတစ်လုံး
 တစ်ဆို့နေတယ်။နှင်းမြူတွေကလည်းကျနေတယ်။
 ဒါပေမယ့် နေထွက်လာတဲ့အခါ နှင်းမြူတွေဟာ
 နေကြောင့် လွင့်ပြယ်ရသလို ဝါးလုံးခေါင်းထဲမှာ
 တစ်ဆို့နေတဲ့ နှင်းလုံးကြီးဟာလည်း နေရောင်
 ကြောင့် အရည်ပျော် အငွေ့ပျံပြီးပျောက်ဆုံးသွား
 တယ်။ဒီဥပမာမှာ ဝါးလုံးခေါင်းက ခန္ဓာကိုယ်ဖြစ်ပြီး
 တစ်ဆို့နေတဲ့ နှင်းလုံးကြီးက သောကပရိဒေဝမီးလုံး
 ကြီးဖြစ်တယ်။နှင်းမြူတွေကတော့ မောဟအမှောင်
 ဖြစ်ပြီး နေရောင်ကတော့ ဝိပဿနာဉာဏ်အလင်း
 ရောင် ဖြစ်တယ်။ဝိပဿနာဉာဏ်အလင်းရောင်
 ဟာလည်း မောဟနှင်းမြူတွေကို ဖယ်ရှားပြီး 
 ဦးလေးရင်ထဲမှာတစ်ဆို့နေတဲ့ သောကပရိဒေဝ
 နှင်းလုံးကြီးကို အရည်ပျော် အငွေ့ပျံစေပြီး ပျောက်
 စေလိမ့်မယ်။
                      ************
             နောက်တစ်နေ့ နံနက်စောစော ဦးလေးထိန်
 ဝင်း ကျွန်တော့်ဆီရောက်လာတယ်။
             " ဆရာ.....ညက ကျွန်တော် ဘုရားစာရွတ်
 လိုက်၊ဆရာပြောတဲ့အလုံးကိုကြည့်လိုက်နဲ့ အိပ်လို့
 ရတယ်ဆရာ...."
             လို့ အားတက်သရောပြောလာတယ်။သူ့
 စကားက ပြီးခဲ့တဲ့ ညတွေ ညတွေမှာ အိပ်မရခဲ့ဘူး
 လို့ အဓိပ္ပာယ်သက်ရောက်နေတယ်။မြတ်ဘုရား၏
 ဆေးစွမ်း ကိုမျှဝေပြီး လူတစ်ယောက်၏ စိတ်ကို
 အေးချမ်းစေခဲ့လို့ ပီတိဖြစ်ရပါတယ်။
            " ဝမ်းသာပါတယ်ဗျာ.....ဒါနဲ့ ဘုရားစာရွတ်
 တာနဲ့ ဝိပဿနာနဲ့က မတူဘူးနော် ဦးလေး........
 ဘုရားစာရွတ်တာက ကိလေသာတွေကို သန့်စင်
 အောင်ဆေးကြောနိုင်စွမ်းမရှိဘူး....သူက ဖုံးရုံလေး
 ဖုံးပေးနိုင်တယ်....ဘုရားစာရွတ်နေတဲ့အချိန်မှာ 
 မပေါ်ပေမယ့် ဘုရားစာမရွတ်တော့ရင် ကိလေသာ
 စိတ်တွေက ပေါ်လာရော......ဝိပဿနာက အဲလို
 မဟုတ်ဘူး....ဝိပဿနာက ကိလေသာတွေကို
 ကင်းစင်အောင် ဆေးကြောပေးနိုင်တဲ့ ဂုဏ်သတ္တိ
 ရှိတယ်....."
            လို့ပြောတော့ သူက ကျွန်တော့်ကို လက်မ
 ထောင်ပြပြီး
             " ဆရာ......တော်တယ်......"
 ဟုပြုံးရယ်ကာပြောရင်း နှုတ်ဆက်ကာ ထွက်သွား
 လေတော့သည်။

                                                    ဦးတိုးအောင်
   ( စာကြွင်း) 
     အကယ်၍ စာဖတ်သူသည် အခြားလူတစ်ယောက်
     အား ဒေါသထွက်နေလျှင် ထိုလူနှင့်ပြောခဲ့ ဆိုခဲ့
     တာတွေကိုတွေးနေလို့ဖြစ်သည်။ မိမိကို ဒေါသဖြစ်
    စေသောသူ၏ အကြောင်းကို မတွေးပဲ ထိုသူ့ကြောင့်
     မိမိခန္ဓာထဲတွင်ဖြစ်နေသော ဒေါသလက္ခဏာတွေကို
     သိပေး၊ကြည့်ပေးလျှင် ဝိပဿနာဖြစ်သည်။ထိုလူ့
     ကိုမြင်ယောင်လျှင် ဒေါသဖြစ်မည်။ထိုလူ့ကြောင့်
     ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ထဲက ဒေါသလက္ခဏာ
     တွေကို ကြည့်လျှင် အချိန်ကြာလာလေ အေးချမ်း
     လေ ဖြစ်မည်။
     အကယ်၍ စာဖတ်သူသည် လောဘကြောင့် ပစ္စည်း
    တစ်ခုခုကို လိုချင်လာလျှင် ထိုပစ္စည်းသာ မိမိစိတ်ထဲ
    ပေါ်လာတော့သည်။ကိုယ်လိုချင်နေသော ပစ္စည်းကို
    စိတ်ထဲကပုံဖော်ကြည့်မနေပဲ ထိုပစ္စည်းကြောင့် မိမိ
    ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသော လောဘရဲ့လက္ခ
   ဏာလေးတွေကိုသိပေး၊ကြည့်ပေးနေလျှင် ဝိပဿနာ
    ဖြစ်သည်။ထိုသို့ကြည့်ပေးလျှင် အချိန်ကြာလာသည်
    နှင့်အမျှ အေးချမ်းလာလိမ့်မည်။
      "ထို့ကြောင့် ဝိပဿနာဆိုတာ နေ့စဉ်အလုပ်တွေကို
    ပုံမှန်လုပ်ရင်း လေ့ကျင့်သွားနိုင်တဲ့ စိတ်ချမ်းသာစေ
    သော အလေ့အကျင့်ကောင်း တစ်ခုပါ "
                နှလုံးခုန်မြန်လာမယ်၊ နှလုံးခုန်နှုန်းစည်းချက်
   မမှန်ဖြစ်လာမယ်၊မျက်နှာနီရဲလာမယ်၊မျက်နှာပူလာ
   မယ်၊ တစ်ကိုယ်လုံးပူလာမယ်၊ တစ်ကိုယ်လုံးတုန်ရီ
   နေမယ်၊ ခြေဖျားလက်ဖျား တုန်ရီနေမယ်၊အာခေါင်
   ခြောက်လာမယ်  စတဲ့လက္ခဏာတွေက လောဘ၊
    ဒေါသရဲ့ လက္ခဏာတွေပါပဲ.....)
ဘာသာခြားအား တရားဆေးဖြင့်ကုသခြင်း

" ဦးထိန်ဝင်း ဘာဖြစ်လာပြန်ပြီလဲ ..... "
ဆေးခန်းထဲဝင်လာသော ဦးထိန်ဝင်းအား ကျွန်တော်က မေးလိုက်သည်။
" ခေါင်းမူးတယ် ဆရာရယ်...." ဟုပြောပြီး လူနာခုတင်ပေါ် တက်လိုက်သည်။
" ကျွန်တော့်မိန်းမ အိမ်ပေါ်က ဆင်းသွားတာ ခုထိပြန်မလာသေးဘူးဆရာ ရင်ထဲမှာလည်း
အလုံးကြီးတစ်လုံးဆို့နေသလို တစ်ဆို့ဆို့ကြီးဖြစ်နေတယ်။ ကလေးသုံးယောက်နဲ့ ကျွန်တော့်ကို ထားခဲ့ပြီး ထွက်သွားတယ်။

ဆရာ...ကလေးတွေကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ ပင်ပန်းတယ်ဆရာရယ်။ ထမင်းလည်း စားလို့မရဘူး။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်နေတယ်......" ဟု ယောက်ျားကြီးတစ်ယောက်က မျက်ရည်ဝဲပြီးပြောလာသည်။ပြီးခဲ့တဲ့တစ်ပတ်ကလည်း ငိုငိုယိုယို နှင့်ပြောခဲ့ဖူးပြီ။ ခုတစ်ခေါက် လာတော့လည်း မျက်ရည်ဝဲနေပြန်ပြီ။ဦးထိန်ဝင်းတစ်ယောက် စိတ်ကျရောဂါ ခံစားနေရပြီဆိုတာကို သိလိုက်ပါပြီ။စိတ်ကျရောဂါ ဖြစ်လာပြီဆိုလျှင် အောက်ပါအဆင့်တွေကို ဖြတ်ကျော်ရတယ်။

( ၁) အဆင့်တစ်
ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို လက်မခံနိုင်ဘဲ ပေါက်ကွဲနေတတ်တယ်။ ဘယ်ဟာကိုမှ စိတ်တိုင်းမကျပဲ အမြဲတမ်းလိုလို ဒေါသထွက်နေတတ်တယ်။

( ၂) အဆင့်နှစ်
ဒီအဆင့်မှာ ဝမ်းနည်းပြီး ငိုကျွေးနေလိမ့်မယ်။ ဒီအဆင့်မှာ မိမိကိုယ်ကို သတ်သေတတ်ကြတယ်။

( ၃) အဆင့်သုံး
ဒီအဆင့်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို လက်ခံလိုက်ပြီ။ဒေါသလည်းမထွက်တော့သလို ငိုလည်းမငိုတော့ဘူး။

( ၄) အဆင့်လေး
ဒီအဆင့်မှာ ရှေ့ဆက်မယ့်ခရီးအတွက် အားအင်သစ်တွေ မွေးလာပြီ။ ပုံမှန် လေ့ကျင့်ခန်း လုပ်လာပြီ။ ပြုံးရယ်တတ်လာပြီ။ ဦးထိန်ဝင်းရဲ့ စိတ်ကျရောဂါအခြေအနေက အဆင့်နှစ်မှာ ဖြစ်နေတယ်။ အခြေအနေ သိပ် မကောင်းဘူး။ ကိုယ့်ကိုယ်ကို သတ်သေနိုင်တဲ့ အဆင့်မှာ ဖြစ်နေတယ်။

" ဆရာ....ကျွန်တော် အားဆေးထိုးချင်တယ်၊ အစာလည်းစားလို့မရဘူး....." လို့ သူက ပြောလာတယ်။ ဒါနဲ့ ကျွန်တော်က သူ့သွေးပေါင်ကို တိုင်းကြည့်လိုက်တယ်။အပေါ်သွေးပေါင်က  တစ်ရာ့ခြောက်ဆယ်ရှိပြီး အောက်သွေးပေါင်ကတစ်ရာရှိနေတယ်။ အရက်သောက်လို့ သွေးတိုးတာ
မှန်း ရိပ်မိပေမယ့် မမေးဖြစ်တော့ဘူး။

" ဦးလေးထိန်ဝင်း သွေးပေါင်ကတက်နေတယ်.။ အားဆေးထိုးလို့ မရသေးဘူး။ သွေးပေါင် ကျဆေး သောက်လိုက်ဦး။ နောက်နေ့ပြန်လာကြည့်လိုက်...သွေးပေါင်မှန်ရင် အားဆေးထိုးပေးမယ်။ ခုတော့အစာဝင်အောင် စားလိုက်ဦး။ အဆီ အငန်လျော့စား။ ဝက်သားရှောင်..." လို့ သူ့ကို ပြောသည်။ ပြီးနောက် လိုအပ်တဲ့ ဆေးကို ထုပ်ပြီး သူ့ကိုပေးလိုက်သည်။ထို့နောက် ကျွန်တော်က သူ့ကို ဤသို့မေးလိုက်သည်။

" ဦးလေး ရင်ထဲမှာ တစ်ဆို့နေတဲ့ အလုံးကြီးကော ကျသွားချင်လား...."
" ကျချင်တာပေါ့ ဆရာရဲ့...."
" ဒါဆို မျက်စိမှိတ်ပြီး ဦးလေးရင်ထဲမှာတစ်ဆို့နေတဲ့ အလုံးကြီးကို စိတ်နဲ့
ကြည့် ကြည့်လိုက်....."
ဦးထိန်ဝင်း ခုတင်ပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်သည်။ပြီးနောက် မျက်စိမှိတ်လိုက်သည်။ ခဏကြာတော့ ပြန်ပွင့်လာသည်။ကျွန်တော်က မေးလိုက်သည်။

" တွေ့လား......"
" ဟုတ်ကဲ့.....တွေ့တယ်ဆရာ....."
" အေး....အဲဒီ တစ်ဆို့နေတဲ့ အလုံးကြီးကိုသာ ဦးလေး ကြာကြာလေး ကြည့်ပေးလိုက်။ အဲဒီအလုံးပျောက်သွားလိမ့်မယ်...."
သူ မျက်စိမှိတ်လိုက်ပြန်သည်။ တအောင့်ကြာတော့ပြန်ပွင့်လာသည်။ ကျွန်တော်က သူ့ကို ဆက်ပြောသည်။

" အဲဒါ မြတ်ဗုဒ္ဓဖော်စပ်ထားတဲ့ ဝိပဿနာဆေးပဲ၊ ဒီဆေးက လူ့ခန္ဓာ ကိုယ်မှာရှိတဲ့ ကိလေသာ စိတ်အညစ်အကြေးတွေကို ဆေးကြောပေးတယ်....ဦးလေးက မွတ်စလင်မှန်း ကျွန်တော် သိပါတယ်။ ဒီဆေးက ဘာသာရေးနဲ့ မဆိုင်ဘူးနော်....စိတ်ချမ်းသာချင်တဲ့ ဘယ်ဘာသာဝင်မဆို ဒီဆေးကိုသောက်လို့ရတယ်။ ဒီဆေးသောက်လို့ ဦးလေးလည်း ဗုဒ္ဓဘာသာဖြစ်မသွားသလို ဦးလေးသောက်လို့လည်း ဒီဆေးဟာ မွတ်စလင်ဘာသာရဲ့ဆေးဖြစ်မသွားဘူး။ ဒီဆေးဟာ စိတ်ချမ်းသာချင်တဲ့ လူသားတိုင်းနဲ့ သက်ဆိုင်တယ်.........။ ဟုတ်လား??? "
" ဟုတ်ပါတယ် ဆရာ....."

"ကျွန်တော့်ဆေးခန်းကို မွတ်စလင်လည်းလာတယ်၊ ဟိန္ဒူလည်းလာတယ်၊ ခရစ်ယာန်လည်း လာတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာ ဆရာဝန်တစ်ယောက်....ဘာသာခြားတွေက ကျွန်တော့်ဆီ သူတို့ရောဂါပျောက်အောင် ကုသချင်လို့ လာကြတယ်။ ကျွန်တော်က သူတို့ရောဂါ ပျောက်စေတဲ့ ဆေးကို ပေးမယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်မို့လို့ ကျွန်တော်ပေးတဲ့ဆေးကို မသောက်ပဲ နေမှာလား......"လို့ ကျွန်တော်က မေးလိုက်သည်။

" သောက်မှာပေါ့ဆရာရဲ့.....ဆရာပေးတဲ့ဆေးသောက်မှ ရောဂါပျောက်မှာပေါ့။ ဆရာပေးတဲ့ဆေးနဲ့ ဘာသာရေးနဲ့ ဆိုင်မှမဆိုင်တာ....."လို့ ဖြေလာသည်။ ထိုအခါ ကျွန်တော်က" အဲဒီသဘောပဲ ဦးလေး။ အခုဦးလေးက စိတ်ဆင်းရဲနေတာ။ စိတ်ချမ်းသာချင်ရင် ဘာသာရေးဆိုတာကြီးကို ခဏ ဘေးဖယ်ထားပြီး ဝိပဿနာဆေးကို သောက်ကြည့်လိုက်။ အိမ်ပြန်ရောက်ရင် ရင်ထဲမှာ တစ်ဆို့နေတဲ့ အဲဒီအလုံးကြီးကို ကြည့်နေ.....။ မကြာခင် ပျောက်သွားလိမ့်မယ်......."လို့ ပြောလိုက်တယ်။ သူက ဟုတ်ကဲ့ဆရာဟုပြောပြီးဆေးထုပ်ယူကာ အိမ်ပြန်သွားတယ်။ တကယ်တော့ ဦးလေးရင်ထဲက တစ်ဆို့ဆို့အလုံးကြီးဆိုတာ သောကပရိဒေဝမီးလုံးကြီးပါ။ ဥပမာ ဘာနဲ့တူသလဲဆိုတော့ ခါလယ်ပိုင်းပြတ်နေတဲ့ ဝါးလုံးခေါင်းထဲမှာ နှင်းလုံးကြီးတစ်လုံး တစ်ဆို့ နေတယ်။ နှင်းမြူတွေကလည်းကျနေတယ်။ ဒါပေမယ့် နေထွက်လာတဲ့အခါ နှင်းမြူတွေဟာ နေကြောင့် လွင့်ပြယ်ရသလို ဝါးလုံးခေါင်းထဲမှာ တစ်ဆို့နေတဲ့ နှင်းလုံးကြီးဟာလည်း နေရောင်ကြောင့် အရည်ပျော် အငွေ့ပျံပြီးပျောက်ဆုံးသွားတယ်။

ဒီဥပမာမှာ ဝါးလုံးခေါင်းက ခန္ဓာကိုယ်ဖြစ်ပြီးတစ်ဆို့နေတဲ့ နှင်းလုံးကြီးက သောကပရိဒေဝမီးလုံးကြီး ဖြစ်တယ်။ နှင်းမြူတွေကတော့ မောဟအမှောင်ဖြစ်ပြီး နေရောင်ကတော့ ဝိပဿနာဉာဏ် အလင်းရောင် ဖြစ်တယ်။ဝိပဿနာဉာဏ်အလင်းရောင်ဟာလည်း မောဟနှင်းမြူတွေကို ဖယ်ရှားပြီး ဦးလေးရင်ထဲမှာတစ်ဆို့နေတဲ့ သောကပရိဒေဝနှင်းလုံးကြီးကို အရည်ပျော် အငွေ့ပျံစေပြီး ပျောက်
စေလိမ့်မယ်။
                                        ************

နောက်တစ်နေ့ နံနက်စောစော ဦးလေးထိန်ဝင်း ကျွန်တော့်ဆီရောက်လာတယ်။" ဆရာ.....ညက ကျွန်တော် ဘုရားစာရွတ်လိုက်၊ ဆရာပြောတဲ့အလုံးကိုကြည့်လိုက်နဲ့ အိပ်လို့ရတယ်ဆရာ...."လို့ အားတက်သရောပြောလာတယ်။သူ့စကားက ပြီးခဲ့တဲ့ ညတွေ ညတွေမှာ အိပ်မရခဲ့ဘူးလို့ အဓိပ္ပာယ်သက်ရောက်နေတယ်။ မြတ်ဘုရား၏ဆေးစွမ်း ကိုမျှဝေပြီး လူတစ်ယောက်၏ စိတ်ကို အေးချမ်းစေခဲ့လို့ ပီတိဖြစ်ရပါတယ်။

" ဝမ်းသာပါတယ်ဗျာ.....ဒါနဲ့ ဘုရားစာရွတ်တာနဲ့ ဝိပဿနာနဲ့က မတူဘူးနော် ဦးလေး။ ဘုရားစာရွတ်တာက ကိလေသာတွေကို သန့်စင်အောင်ဆေးကြောနိုင်စွမ်းမရှိဘူး။ သူက ဖုံးရုံလေး ဖုံးပေးနိုင်တယ်။ ဘုရားစာရွတ်နေတဲ့အချိန်မှာ မပေါ်ပေမယ့် ဘုရားစာမရွတ်တော့ရင် ကိလေသာ စိတ်တွေက ပေါ်လာရော။ ဝိပဿနာက အဲလိုမဟုတ်ဘူး။ ဝိပဿနာက ကိလေသာတွေကို ကင်းစင်အောင် ဆေးကြောပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်....." လို့ပြောတော့ သူက ကျွန်တော့်ကို လက်မထောင်ပြပြီး " ဆရာ......တော်တယ်......" ဟုပြုံးရယ်ကာပြောရင်း နှုတ်ဆက်ကာ ထွက်သွားလေတော့သည်။

ဦးတိုးအောင်

( စာကြွင်း
အကယ်၍ စာဖတ်သူသည် အခြားလူတစ်ယောက်အား ဒေါသထွက်နေလျှင် ထိုလူနှင့်ပြောခဲ့ ဆိုခဲ့တာတွေကိုတွေးနေလို့ဖြစ်သည်။ မိမိကို ဒေါသဖြစ်စေသောသူ၏ အကြောင်းကို မတွေးပဲ ထိုသူ့ကြောင့် မိမိခန္ဓာထဲတွင်ဖြစ်နေသော ဒေါသလက္ခဏာတွေကိုသိပေး၊ ကြည့်ပေးလျှင် ဝိပဿနာဖြစ်သည်။ ထိုလူ့ကိုမြင်ယောင်လျှင် ဒေါသဖြစ်မည်။ ထိုလူ့ကြောင့်ဖြစ်ပေါ်လာသော ခန္ဓာကိုယ်ထဲက ဒေါသလက္ခဏာတွေကို ကြည့်လျှင် အချိန်ကြာလာလေ အေးချမ်းလေ ဖြစ်မည်။

အကယ်၍ စာဖတ်သူသည် လောဘကြောင့် ပစ္စည်းတစ်ခုခုကို လိုချင်လာလျှင် ထိုပစ္စည်းသာ မိမိစိတ်ထဲပေါ်လာတော့သည်။ ကိုယ်လိုချင်နေသော ပစ္စည်းကို စိတ်ထဲကပုံဖော်ကြည့်မနေပဲ ထိုပစ္စည်းကြောင့် မိမိခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသော လောဘရဲ့လက္ခဏာလေးတွေကို သိပေး၊ ကြည့်ပေးနေလျှင် ဝိပဿနာဖြစ်သည်။ ထိုသို့ကြည့်ပေးလျှင် အချိန်ကြာလာသည်နှင့်အမျှ အေးချမ်းလာလိမ့်မည်။

"ထို့ကြောင့် ဝိပဿနာဆိုတာ နေ့စဉ်အလုပ်တွေကိုပုံမှန်လုပ်ရင်း လေ့ကျင့်သွားနိုင်တဲ့ စိတ်ချမ်းသာစေသော အလေ့အကျင့်ကောင်း တစ်ခုပါ " နှလုံးခုန်မြန်လာမယ်၊ နှလုံးခုန်နှုန်း စည်းချက် မမှန်ဖြစ်လာမယ်၊ မျက်နှာနီရဲလာမယ်၊မျက်နှာပူလာမယ်၊ တစ်ကိုယ်လုံးပူလာမယ်၊ တစ်ကိုယ်လုံးတုန်ရီနေမယ်၊ ခြေဖျားလက်ဖျား တုန်ရီနေမယ်၊ အာခေါင် ခြောက်လာမယ် စတဲ့ လက္ခဏာတွေက လောဘ၊ဒေါသရဲ့ လက္ခဏာတွေပါပဲ.....)



Sunday, August 26, 2012

လက်တွေ့မှ ယုံပါမယ်ဆိုတဲသူတွေ အတွက်



တန်ဖိုးမဖြတ်နိုင်သောအလင်းများ နှင့် ထူးမြတ်လှသောတရားတော်(ကိုယ်တွေ့ဖြစ်ရပ်မှန်)

ကျွန်မသည် ရွာအ၀င်လမ်း ဟုအမည်ရှိသော စာအုပ်တစ်အုပ်ကိုအမေက ဖတ်ခိုင်းသဖြင့်ဖတ်လိုက်မိပါသည်။ထိုစာအုပ်ထဲတွင် အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာတွင် တရားအားထုတ်ပြီးတရားတွေ့ပုံများနှင့် တရားအလင်းနိမိတ်ဖြင့် ဘုရားဖူးရပုံများ အတိတ်ဘ၀များကိုမြင်ခဲ့ရပုံများ ကိုဖတ်လိုက်ရပါသည်။ ထိုသို့ဖတ်နေစဉ် ကျွန်မကိုယ်တိုင်လည်းသူတို့​ကဲ့သို့ ဘုရားများဖူးချင် တွေ့ချင်ခဲ့မိပါသည်။ သို့ပေမဲ့ ထိုသူများကဲ့သို့မတွေ့နိုင်​ဟုထင်မိပါသည် မိမိတွင်ပါရမီမရှိနိုင်ဟု ကျွန်မ၏ အမေကိုပြောလိုက်ပါသည် အမေကလည်း ထိုတရားစခန်းသို့ဝင်ရန်တိုက်တွန်းပါသည်။

ထိုသို့ဖြင့် ကျွန်မတို့မိသားစု တရားစခန်းသို့ စာအုပ်ထဲတွင်ပါရှိသည့် ဖုန်းနံပါတ်အတိုင်းဆက်သွယ်စုံစမ်းခဲ့ပါသည် တရားစခန်းမှ လာရောက်အားထုတ်နိုင်ကြောင်း​ကိုပြောပြီး လှိုက်လှဲစွာဖိတ်ခေါ်ခဲ့ပါသည်​။
`နောက်တစ်နေ့တွင်ဖေဖေ၊မေမေနှင့်ကျွန်မ အပါအ၀င်မိသားစုသုံးယောက် တရားရိပ်သာသို့သွားရောက် စာရင်းပေးခဲ့ပါသည်။ ရိပ်သာသို့ ၀င်လိုက်သောအခါ အေးချမ်းတိတ်ဆိတ်ပြီး
 ငြိမ်းချမ်းသောနေရာလေးတစ်ခု​ သို့ရောက်ရှိသွားသလိုခံစားခဲ့ရပါသည် တပါးဆောင်လေးများနှင့် တရားအားထုတ်၇သည်ဟု လည်းသိခဲ့ရပါသည်။ သစ်ပင်အောက်တွင်လည်းအားထုတ်​နိုင်သည်ကိုလည်းတွေ့ခဲ့ရပါသ​ည် အရိပ်အာဝါသကောင်းသော ၀ါးပင် သစ်ပင်များနှင့်စိမ်းစိုနေပါသည်။တရားအားထုတ်လို့ ကောင်းသော ဆိတ်ငြိမ်ရပ်တစ်ခုဖြစ်ပါသည်​။

` ကျွန်မသည် န၀မအကြိမ်မြောက် ရက် (၆၀) တရားစခန်းကို ၂၈-၄-၂၀၁၂ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပါသည်။ ပထမရက်တွင် ဆရာတော်က(၉)ပါးသီလပေးပြီး အရဟံဂုဏ်တော်ပွားခိုင်းပါသည်။ တရားထိုင်သောအခါ မျက်နှာကိုပ၀ါစီးပြီးတော့ထိုင်ရပါတယ်။ တရားအလင်းနိမိတ်နှင့် အပြင်အလင်း မရောအောင်ဖြစ်ပါသည်။ ဒုတိယရက်တွင် မေတ္တာပွားရပါသည်။ တတိယရက်တွင် မရဏနုဿတိကိုပွားရပါသည်။ စတုတ္ထရက်မှစပြီး အာနာပါန ကိုစပွားရပါသည်။ အာနာပါနပွားပြီး ငါးရက်မြောက်နေ့တွင်အလင်းနိ​မိတ်ကိုစတင်တွေ့ခဲ့ရပါသည်။ အရမ်းလည်းဝမ်းသာခဲ့ရပါသည်။ ထိုအချိန်ကသမာဓိအားအရမ်းကော​င်းနေသောကြောင့်အမျှလာပြီးေ​တာင်းသူ များရှိခဲ့ပါသည်။ကျွန်မလည်း​မိမိပြုသမျကောင်းမှုတွေကိုအ​ မျှပေးဝေလိုက်ပါသည်။ ကျွန်မထိုသူများကိုကြောက်လည်း ကြောက်နေခဲ့မိပါသည်။ အမှန်စင်စစ်ထိုသူများမှာ ကြောက်စရာမကောင်းပဲ သနားစရာကောင်းသည်မှာအမှန်ပါ​ မိမိတို့ကုသိုလ်ပေးမှရမည့် ထိုသူတို့ဘ၀မှာအလွန်ပင်သနား​စရာကောင်းလှပါသည် ။ ခြောက်ရက်မြောက်နေ့တွင်ဆရာေ​တ်ာက မိမိတို့၏အလင်းနိမိတ်ကို တစ်တောင်နှစ်တောင်စပို့ခို​င်းပါသည်။ပို့လို့ရခဲ့ပါသည်​။ အလွန်ပျော်ခဲ့မိပါသည်။နောက်​နေ့တွင်ဘုရားဖူးခန်းစခဲ့ပါသ​ည်။ ဆရာတော်အရှင်ကေလာသ က ကျောင်းဝန်းထဲရှိဘုရားများကို စတင်ပြီးနိမိတ်ဖြင့်ဖူးခိုင်းပါသည်။ ကျွန်မဖူးသည်မှာမရခဲ့ပါ။

ကျွန်မသည် ဓမ္မာရုံထဲမှဘုရားကိုဖူးသော်​လည်း ငမိုးရိပ်စေတီ ဘုရားကိုရောက်သွားပါသည်။ ထိုသို့ရောက်သွားခြင်းကလည်းကျွန်မမဖူးတတ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ နောက်တနေ့တွင် ရွှေတိဂုံ၊မဟာမြတ်မုနိ အစရှိသည့်ဘုရားများကို ဖူးခိုင်းရာ ကျွန်မဖူးရ်ျမရခဲ့ပါ။ထို့ြေ​ကာင့် ကျွန်မ၀မ်းနည်းပြီးငိုခဲ့မိ​ပါသည် တခြားယောဂီများမှာဖူးလို့ရသ​ည် ဟုဆရာတော်ကို တရားလျှောက်သောအခါ အလွန်ဝမ်းနည်းမိပြီး ငိုခဲ့မိပါသည်။ သို့ပေမဲ့ အတူတရားအားထုတ်တဲ့ စခန်းအတူဝင်ယောဂီမမေသက်နွယ်​၏ ကူညီမှု အားပေးမှု ဆရာတော် အရှင်ပညာဒီပ တို့၏ သင်ပြမှုတို့ကြောင့် ဘုရားများကိုဖူးလို့ရခဲ့ပါသ​ည်။ အလွန်ပင်ပျော်ခဲ့ရပါသည်။ မြန်မာပြည်ရှိဘုရားများကို အပြင်ပန်းတင်မက အတွင်းဓာတ်တော်များကိုပါ နတ်များက ပြသ သဖြင့် ဖူးခဲ့ရပါသည်။ အိန္ဒိယနိုင်ငံရှိ မဟာဗောဓိစေတီ ဓမ္မစကြာဟောရာဌာနတွင် ဘုရားရှင်သက်ရှိထင်ရှား တရားဟောနေပုံ နှင့်ပရိနိဗ္ဗာန်စံတော်မူခါနီးပုံတို့ကို သက်ရှိထင်ရှားဖူးမြင်ခဲ့ရပါ​သည်။သီရိလင်္ကာနိုင်ငံရှိ စွယ်တော်များနှင့်ဓာတ်တော်များကိုလည်းဖူးခဲ့ရပါသည်။နတ်​များ၏ကူညီမှုဖြင့် အစုံဖူးမြင်ခဲ့ရပါသည်။

နတ်ပြည်ရှိဘုရားကိုလည်းသွား​ရောက်ဖူးခဲ့ရပါသည်။ ငရဲပြည်သို့လည်းအလည်သွားပြီး ငရဲသားများ ငရဲခံနေပုံကို သံဝေဂယူခဲ့ရပါသည်။ မြန်မာပြည်ရှိဘုရားများဖူးရာတွင်လည်းလူကိုယ်တိုင်သွားေ​ရာက် သကဲ့သို့ဖူးခဲ့ရပါသည်။ မိမိရောက်ဖူးဖို့နေနေသာသာ ကြားတောင်မကြားဖူးသေးသော ဘုရားများကို ဖူးမြင်ခဲ့ရ သဖြင့် ကျွန်မဘ၀မှာ အလွန်ပင် ၀မ်းသာမဆုံးဖြစ်ခဲ့ရပါသည်။ ဒီလိုဖူးရတာဟာ ကျွန်မရဲ့ပါရမီ၊သီလနဲ့သမာဓိ​ ကြောင့် လို့ကျွန်မသိရပါတယ် ။နတ်ပြည်မှာရှိတဲ့ စူဠာမဏိစေတီကိုလည်းသွားရောက် ဖူးမြင်ခဲ့ရပါတယ်။ နတ်ပြည်ဆိုတာ ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လိုမျိုးပဲ​သတ်မှတ်ခဲ့မိပါတယ်။ ယခုတရားနမိတ်နဲ့ ဖူးလိုက်ရတော့မှ နတ်ပြည်ဆိုတာတကယ်ရှိပါလားလို့ သိလိုက်ရပါတယ်။ ငရဲပြည်ဆိုလည်းဒီအတိုင်းပါပဲ တကယ်မရှိပါဘူးလို့ထင်ခဲ့မိပါတယ် (ပုံပြင်လိုမျိုးပေါ့) ဒါပေမဲ့ ကိုယ်ကိုယ်တိုင်မြင်ပြီးမှ ငရဲကိုအလွန်ပင်ကြောက်လန့်မိ​ပါတယ် ငရဲသားများ အလူးအလဲပြေးလွှားပြီး ငရဲခံနေရပုံမှာ အလွန်ပင်သနားစရာကောင်းလှပါသ​ည် အလွန်လည်းသံဝေဂရစရာကောင်းလှ​ပါသည်။
သာဓုတောင်ခေါ်ဖို့အချိန်မရပဲ​ မိမိတို့ပြုခဲ့သမျှကို ခံနေရပါတယ်။

အဲ့ဒါကြောင့် သူငယ်ချင်းတို့လည်းမသေခင် မှာပြုပြင်သင့်တာကိုပြုပြင်​ပြီးနေကြပါ လို့အကြံပြုချင်ပါတယ်။ ထိုနောက်ဘာသာတရားကို စော်ကားတဲ့ လူတွေခံနေရတဲ့ငရဲ (သာသနာဂိုဏ်းခွဲတဲ့ငရဲ) ကိုလည်း တွေ့ခဲ့ရပါသည်။ အဲ့ဒါကြောင့်မကိုးကွယ်ချင်ေ​နပါ မစော်ကားမိဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုပြောရရင် ဗုဒ္ဓဘုရားရှင်နဲ့သားတော်တွေ​ကို စော်ကားမှုပြုပြီး ရေးသားထားတာတွေကို အင်တာနက်ပေါ်မှာတင်ထားတာတွေကိုမြင်နေရပါတယ်၊ အဲ့လိုမလုပ်ဖို့လည်း ပြောချင်ပါတယ်။ သူငယ်ချင်းတို့ ဒီလိုပြောတာကိုမယုံဘူးဆိုရင် ကိုယ်တိုင် တရားကို သွားအားထုတ် လို့ရပါတယ်။ ကိုယ်တိုင်ငရဲပြည်နဲ့နတ်ပြ​ည်ကိုသွားကြည့်လို့ရပါတယ်။ ဒါဟာ ပုံပြင်တစ်ပုဒ်မဟုတ်ပါဘူး ကျွန်မကိုယ်တိုင်တွေ့မြင်ပြီးသိခဲ့ရတဲ့ တကယ့်အဖြစ်မှန်တွေပါ။ အတိတ်ဘ၀များနှင့် အနာဂါတ်များကိုပါ တွေ့မြင်ခဲ့ရပါသည်။ လက်တွေ့ကျွန်မတရားစခန်းအတွင်းတွင် နေစဉ်တုန်းက ကျွန်မတို့နှင့်အတူအားထုတ်ေ​သာ ယောဂီတစ်ပါးသည် ဆယ်တန်းအောင်မည်ကို တရားနိမိတ်ဖြင့် ကြိုသိနေပါသည်။ အောင်စာရင်းထွက်လာ သောအခါ အမှန်ပင်အောင်မြင်ပါသည်။ နောက်တစ်ခုကတော့ကျွန်မသေမဲ့​နှစ်ကိုလည်းမြင်တွေ့ခဲ့ရပြီး ကျွန်မခင်ပွန်းလောင်းသေမဲ့နှစ်ကိုလည်း တွေ့သိခဲ့ရပါသည်။ လှီးစားဖြတ်စား နားထွက်ပါးထွက်သင်ခန်းစာတွင် ခြေထောက်အရိုးစုကိုမြင်ပြီး​ ထိုင်နေသော နောက်ထပ်မိမိ၏ပုံရိပ်တစ်ခုကို မြင်တွေ့ရပါသည်။ဒီသင်ခန်းစာ​မှာလည်း တရားအားထုတ်ပြီးသည်နှင့် ပေါ့ပါးလန်းဆန်းသွားပါသည်။ ထို့နောက်ငြိမ်းစေမည် သင်ခန်းစာဖြင့် သမထကိုသိမ်းပြီး ၀ိပဿနာသို့ ကူးပြောင်းခဲ့ပါသည်။

 ဒီလိုမျိုး သမထကို ရက်ပေါင်း (၃၀) လုပ်ခိုင်းသည်မှာလည်း သမာဓိအားကောင်းပြီး တရားမြန်မြန်တွေ့အောင် လုပ်ခိုင်းခြင်းဖြစ်ပါသည်။ ပစ္စယပရိဂ္ဂဟဥာဏ်တွင်လည်း အတိတ်ဘ၀များကိုတွေ့မြင်ခဲ့ရ​ပါသည်။ ဆရာတော်ကတော့ (၁၀)ဘ၀လောက်ကိုပြန်ကြည့်ခို​င်းတာပါ။ကျွန်မကတော့ လူသုံးဘ၀ နဲ့တိရိစ္ဆာန် သုံးဘ၀ စုစုပေါင်းခြောက်ဘ၀ကိုပဲကြည့်လို့ရခဲ့ပါတယ်။လူတစ်ဘ၀မှာ​တော့ လူအများစုကို မနိုင်ဝန်များထမ်းခိုင်းခဲ့​သည့်အတွက် တိရိစ္ဆာန် နှစ်ဘ၀ဖြင့် ပြန်လည်ပေးဆပ်ခဲ့ရပါသည်။ အလွန်ပင် သံဝေဂရပြီးကြောက်လန့်မိပါသည်။ ယခုဘ၀တွင်ကျွန်မနှင့် လက်တွဲရမည့်သူမှာ အတိတ်ဘ၀တုန်းကလည်း ကျွန်မ၏လက်တွဲဖော် တစ်ယောက်ဖြစ်ခဲ့ဖူးတာကိုလည်းသိခဲ့ရပါသည်။ လူတွေမှာ တစ်နေရာမဟုတ်တစ်နေရာတော့တွေ့​ကြုံ ဆုံကွဲဖြစ်နေရတာကို သိခဲ့ရပါတယ်။
ဝိပဿနာပိုင်းရောက်တော့ ခန္ဓာကိုယ်ထဲမှ သွေးကြောများ နှလုံးများ အစာအိမ်များကို မျက်ဝါးထင်ထင် တွေ့မြင်၇ပါသည်။ ကျွန်မတို့ကိုယ်ထဲမှာ ပိုးကောင်တွေသွားလာနေတာကိုလ​ည်းတွေ့မြင်ရပါတယ် ပိုးကောင်တွေအများကြီးသွားလာနေတာပါ။ ကျွန်မရဲ့မျက်နှာဟာ ကြည့်လို့ကောင်းတဲ့ပုံပေါ်လာ​ပြီးတော့ သွေးသံရဲရဲနဲ့ပျက်စီးသွားတာ​ကိုလည်းတွေ့မြင်အောင်တရားကြ​ပခဲ့ပါသည်။ အခုလှတယ်လို့ထင်နေတဲ့အရာတွေ​ဟာ ပျောက်ကွယ်ပျုက်စီးတာကိုပြသွားပါတယ်။

 တွေ့ကြုံခဲ့ရတာတွေကတော့ ပြောပြလို့တောင်မကုန်နိုင်ပါဘူး။ အလွန်ပင်တန်ဖိုးမဖြတ်နိုင်ေ​သာ တရားတော်နှင့် တွေ့မြင်ခဲ့ရသဖြင့် အလွန်ပင်ဝမ်းသာပီတိဖြစ်ခဲ့ရ​ပါသည်။ ကျွန်မတွေ့ခဲ့သလို တခြား တခြားသော သူများကိုလည်း တွေ့စေချင်ပါသည်။ သွားရောက်အားထုတ်ကြည့်ကြပါ တကယ်တွေ့နိုင်ရောက်နိုင်ပါ​တယ်။ သံသယစိတ်မထားပါနဲ့ မယုံကြည်စိတ်မထားပါနဲ့။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်တ​စ်ခုပဲလိုပါတယ်။
ကျွန်မတို့တရားစခန်းဝင်တဲ့အ​ပတ်စဉ်မှာ အတူအားထုတ်တဲ့ ဘေးချင်းကပ်အဆောင်ကယောဂီ တစ်ပါးဆိုလျှင် ဒီလိုတွေ့မြင်ရတာစိတ်ကူးယဉ်​တာလို့သူကပြောပါတယ။် သူမက အဲ့ဒီအချိန်တုန်းကတရားမတွေ့​သေးဘူးလေ။ အဲ့ဒါနဲ့ ကျွန်မက အဲ့ဒါစိတ်ကူးယဉ်တာမဟုတ်ဘူးတ​ကယ်တွေ့တာလို့ သူ့ကိုရှင်းပြ ပြီးတော့ တရားထိုင်တာဘယ်လို စိတ်ပို့တာဘယ်လိုလို့ လမ်းညွန်ပေးလိုက်တော့ သူအဲ့လိုလုပ်တာ တွေ့မြင်၇တဲ့အခါ စိတ်ကူးယဉ်တာမဟုတ်ဘူး တကယ်တွေ့တာဆိုပြီး ပျော်ပြီးထခုန်နေပါတယ်။ အဲ့ဒါကြောင့် တရားကိုကိုယ်ကမတွေ့လို့ မဟုတ်ပါဘူးလို့ မပြောမိပါစေနဲ့ ကိုယ်ပဲငရဲရလိမ့်မယ်။ တကယ်လုပ်ရင်အဟုတ်တွေ့နိုင်ပါတယ်။

ဒီဘ၀မှာပင်အေးချမ်းတဲ့တရားေ​တ်ာနဲ့တွေ့အောင် မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ ရောက်အောင် ပို့ဆောင်ပေးသော မောင်းထောင်မြေဇင်းတောရဆရာေ​တ်ာဘုရားကြီးအားလည်းကောင်း၊​ ဗောဓိအေးငြိမ်းရိပ်သာ ဆရာတော် အရှင်ကေလာသအားလည်းကောင်း၊ ဆရာတော်အရှင်ပညာဒီပ အားလည်းကောင်း၊ မသိသည်များကို သင်ပြ အားပေးသော မမေသက်နွယ်အားလည်းကောင်း၊ ထိုတရားစခန်းသို့ရောက်အောင်​ ပို့ဆောင်ပေးသော ကူညီပေးသော ထောက်ပံ့ပေးသော ဖေဖေ ဦးတင်အေး၊ မေမေဒေါ်တင်ရီတို့အားလည်းကော​င်း၊ အကိုကြီးအောင်နိုင်လင်း၊ အကိုကြီးကျော်ဌေး ၊အမကြီး နှင်းအိဖြူ တို့အားလည်းကောင်း၊ ဘ၀အဆက်ဆက် ပါရမီဖြည့်ပေးသော ခင်ပွန်းလောင်း ကိုသန်းထွန်းလင်း အား လည်းကောင်း၊ အတူအားထုတ်ကြသောယောဂီများအားလည်းကောင်း၊ ဝေယာဝစ္စကုသိုလ်ရှင်များနှင့်​ အလှူရှင်များအားလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
နောင်တွင်လည်းဆက်လတ်ကြိုးစားသွားပါအုံးမည်။ ကျွန်မအသက်မသေသရွှေ့ ကြိုးစားအားထုတ်သွားပါမည်။ ဆရာသမားများနှင့် မိဘများကိုတရားနှင့်သာကျေးဇူးဆပ်သွားပါတော့မည်။
သူငယ်ချင်းတို့ ဟုတ်လို့လား ဟုတ်ရဲ့လားလို့ မမေးပါနဲ့ မယုံဘူးဆိုရင် ကိုယ်တိုင်သွားလို့ရပါတယ်။ ကျွန်မ တရားစခန်း၏လိပ်စာကောဖုန်းနံ​ပါတ်ပါရေးပေးပါမယ် ကိုယ်တိုင်သွားပြီးကြိုးစား​လေ့လာကြည့်လို့ရပါတယ်။

အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာ(မောင်းထောင်မြေဇ​င်းတောရတိုက်ခွဲ)
မြို့ကြီးကုန်းရိပ်သာ၇ပ်ကွက်၊
လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
Phone: 0973035757

သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ။
နိုင်ငံခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ။
“ ကြိုးစားပွားကြ”
ကိုယ့်နေ့တွက် ကိုယ်ရတာ
ကိုယ့်လုပ်အားခ ကိုယ်ရတာ
ကိုယ်အားထုတ်ရင် ကိုယ့်ဝေစုကို ရအောင်ယူကြ
ကဲ…….ကဲ…… ကြိုးစားကြဗျာ။
(မောင်းထောင်မြေဇင်းတောရဆရာ​တော်ကြီး)

— with Aisha Bi and Zaw Zaw Tin Win.

ထိုနေရာမှာမျှဝေပါသည် http://www.facebook.com/messages/100002373899006#!/photo.php?fbid=340034906080267&set=p.340034906080267&type=1&theater

Friday, May 4, 2012

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်(one $)ရဲ့ စွမ်းအား

 ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်(one $)ရဲ့ စွမ်းအား

၂၀၀၄ ခု ဆူနာမီကား ဂျက် လီကို ထာဝရ ပြောင်းလဲစေခဲ့၏။
အခုတော့ ဂျက် လီက ကမ္ဘာကြီးကို ပြောင်းလဲစေချင်နေတော့သည်။
ဂျက်လီ တစ်ယောက် သူ့ရဲ့ လေးနှစ်အရွယ် သမီးလေး ဂျိန်းကို တရိပ်ရိပ် တက်လာနေတဲ့ ရေနှင့် လွတ်အောင် ရုန်းကန်နေရစဉ် တစ်နှစ်အရွယ် သမီးငယ်လေး ဂျေဒါကို ချီပိုးထားရတဲ့ ကလေးထိန်းကို ကူညီပေးဖို့ တစ်စုံတစ်ယောက်ကို လှမ်းအော်ပြောလိုက်ပါတယ်။ ဒါဟာ အက်ရှင်ကား ရုပ်ရှင် မဟုတ်ပါဘူး။ အာရှဒေသ တစ်ဝှမ်းက လူများစွာ နည်းတူ ဂျက် လီ တစ်ယောက်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ သဘာဝ ကပ်ဘေးကြီး ဆိုတဲ့ လက်တွေ့ဘဝရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်သနစ်ထဲမှာ ပိတ်မိနေခဲ့သည်။
တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသားဟာ အားလပ်ရက်ခရီး အဖြစ် ဇနီးသည်၊ သမီးနှစ်ယောက်၊ ကလေးထိန်းနှင့်အတူ မော်လဒိုက်နိုင်ငံကို ရောက်နေသည်။ တနင်္ဂနွေနေ့ နံနက် (၁၀) နာရီ ထိုးပြီးချိန်လေးမှာပဲ ဂျက် လီ တစ်ယောက် (The Four Seasons) ဟော်တယ်က ရေကူးကန် အနီးတွင် ရပ်နေခဲ့သည်။ စိတ်လှုပ်ရှားနေကြသည့် သူ့သမီးလေး နှစ်ယောက်ကို ပယ်လယ်ပြင်ကို ခေါ်သွားဖို့ အသင့်ဖြစ်နေပါပြီ။
အဲဒီနောက် ကြောက်မက်ဖွယ်ရာ အရှိန်နှင့် မြင့်တက်လာနေတဲ့ ရေတွေကို သူ သတိပြုမိသည်။ သူနှင့် သူ့ကလေးထိန်းတို့က ဂျိန်းနှင့် ဂျေဒါတို့ကို ကောက်ချီပြီး ဟော်တယ်ဘက်ကို ချေဦး ပြန်လှည့်မိချိန်မှာတော့
 ရေတွေက ခြေမျက်စိလောက် အထိ ရောက်လာသည်။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ ခါးအထိ ရောက်လာပြီး တစ်ဆက်တည်းပင် မေးစိ အထိ ရောက်လာတော့သည်။ လီက ဂျိန်းကို သူ့ပခုံးပေါ် တင်လိုက်သည်။ သို့သော် ဖရိုဖရဲ ဖြစ်နေစဉ် ဂျေဒါနှင့် ကလေးထိန်းကို ဆုပ်ကိုင်ထားတာက လွတ်ထွက်သွားသည်။ သူတို့တွေ ဟိုတယ်ဘက်စီ မျော်ပါသွားစဉ် သူ အော်ပြီး အကူအညီ တောင်းလိုက်သည်။

ရပ်ကြည့်နေသူ လေးဦးက ရေထဲ ခုန်ဆင်းလိုက်ပြီး ဂျေဒါနှင့် ကလေးထိန်းတို့ကို မနစ်မြုပ်ခင် ဆွဲဖမ်းထားလိုက်သည်။ လီကား ဟော်တယ်ပြန်ရောက်အောင် အနိုင်နိုင် ကြိုးစားခဲ့ရပြီး ဇိမ်ကျလှတဲ့ သူတို့ အခန်းထဲ နေနေခဲ့တဲ့ ဇနီးသည်နှင့် ပြန်လည် ဆုံဆည်းခဲ့ရသည်။
“လှိုင်းလုံးကြီးတွေ ကျသွားတော့လည်း ဘာမျှ မကျန်ခဲ့တော့ပါလား”လို့ လီက ဆိုသည်။ “လျှက်စစ်မီးလည်း ပျက်သွားသည်။ ဟော်တယ် ဂြိုဟ်တု ဖုန်းကလွဲလို့ ဆက်သွယ်ရေး မျိုးစုံလည်း ပျက်ကုန်တော့သည်။ အစားအစာ သုံးရက်စာနှင့် ရေ ငါးရက်စာ ကျန်သေးတယ်လို့တော့ ကျွန်တော်တို့ကို ပြောပါတယ်ဗျာ”လို့ လီက ပြောသည်။

လီတို့ မိသားစုရော တုန်လှုပ်နေကြတဲ့ တခြား ဧည့်သည် ဒါဇင်ပေါင်းများစွာတို့ ဟော်တယ်လ် ဧည့်ကြိုခန်းမှာပင် အိပ်ကြသည်။ သူ့မိသားစု အိပ်သွားတော့ သူက ထထိုင်ကာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစားနေမိသည်။ “ဆူနာမီ ဖြစ်ချိန်အထိ ကျွန်တော့်ဘဝရဲ့ ပထမ ၄၁ နှစ်လုံးလုံးကို ဂျက် လီဆိုတာ နံပါတ်တစ်ပဲလို့ ကျွန်တော့် အကြောင်းကိုပဲ တွေးပြီး နေလာခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘယ်လောက်ပဲ သြဇာရှိရှိ၊ ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား ကပ်ဘေးဖြစ်ချိန်မှာတော့ အဲဒီ သြဇာရှိမှု၊ ကျော်ကြားမှုက မင့်ကို မကူညီနိုင်ပါဘူးလေလို့ ကျွန်တော် အတွေးပေါက်လာခဲ့သည်။ ကျွန်တော့် ဘဝနှင့် လုပ်ချင်တာတွေကို စဉ်းစားမိသည်။”
၂၀၀၈ ခု မေလ ၁၉ ရက်
တရုတ်ပြည် အလယ်ပိုင်းက မြို့ ရွာပေါင်း မြောက်များစွာမှာလိုပါပဲ။ ယင်ဂျိုး (Yinghua) ဟာလည်း ဂ. ၀ လှုတ်ခတ်အားရှိတဲ့ စီချွမ် (Sichuan) မြေငလျင်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒေသ တစ်ဝှမ်း လူဦးရေ ၇၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး Yinghua မှာဆိုလျှင် အဆောက်အဦး အနည်းငယ်မျှသာ မပြိုမပျက် ကျန်ခဲ့တော့တယ်။ ငလျင်လှုပ်ပြီး ခြောက်ရက်မြောက် ဒီနေ့မှာတော့ လမ်းတွေပေါ်မှာ စစ်သားတွေ၊ လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေ၊ မင်တက်မိနေကြတဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေနှင့် ပြည့်လို့ပါပဲ။

တရုတ်ပြည် တောင်ပိုင်း Liukuei မြို့မှာ  Aug. 15, 2009 က ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ ဝိုင်းသယ်နေသည့် ဂျက် လီ
မျက်နှာကို မဆိုသလောက် ဖုံးကွယ်ထားတဲ့ အပြာရင့်ရင့် ဦးထုပ်ကို ဆောင်းထားတဲ့ လီဟာ နို့မှုန့်ထုပ်များ၊ ဆေးဗူးများ၊ ရွက်ဖျင်တဲများနှင့် အခြားသော အရေးပေါ် ထောက်ပံ့ပစ္စည်းများကို ထရပ်ကားနောက်မှာ ဝိုင်းပြီး သယ်ချပေးနေပါတယ်။ သူနားက လူများစွာလိုပါပဲ၊ နှာခေါင်းပုံစံ နံပါတ် ၁ လို့ ရေးထားပြီး ထူးခြားတဲ့ အပြုံးမျက်နှာ တံဆိပ်ပါတဲ့ အဖြူရောင် One Foundation တီရှပ်ကို ဝတ်ဆင်ထားပါတယ်။ သူဟာ ရုပ်ရှင်မင်းသား တစ်ယောက်အပေါ် ဆက်ဆံမှုမျိုးကို မမျှော်လင့်ပဲ စီချွမ်က လူတွေကို ကူညီပေးနေကြတဲ့ သူလိုငါလို လူများစွာထဲက တစ်ယောက်မျှသာ ဖြစ်ပါတယ်။

ပြောင်းလဲသွားသော လူတစ်ယောက်
ဆူနာမီနှင့် စီချွမ် မြေငလျင်လှုပ်ခတ်ခဲ့တဲ့ အချိန်ကြားမှာပဲ ဂျက် လီဟာ သူ့ဘဝကို ပြောင်းလဲခဲ့တယ်။ သူရဲ့ အချိန် များစွာကို ဒီ သဘာဝကပ်ဘေးကြီးရဲ့ သားကောင်ဖြစ်ကြရရှာပြီး ကံအကြောင်းမလှရှာတဲ့သူတွေကို ကူညီရေးအတွက် ရည်စူးမြှပ်နှံထားပါတယ်။ ငွေချည်းပဲ လှူမည့်အစား စစ်မှန်တဲ့ ထူးခြားမှုနှင့် ကမ္ဘာတစ်လွှားက တစ်ဦးချင်းစီရဲ့ စွမ်းအားကို ရနိုင်သမျှ ဖြည့်ဆည်း အသုံးချမှု ပြုနိုင်တဲ့ အဖွဲ့အစည်း တစ်ခုကို သူ စပြီး ဖန်တီးပါတော့တယ်။
မော်လဒိုက်က သူ့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို သတိပြုမိပြီး လီဟာ ဟောင်ကောင်က အိမ်ကို ပြန်လာကာ စွမ်းအားတွေ စိုက်ထုတ်လို့ အလျှင်အမြန် လုပ်ဆောင်ပါတော့တယ်။ ဆူနာမီ ဖြစ်ပြီးတော့ လီက သူ့ဇနီးကို “ကိုယ်တော့ တစ်ခုခုကို ချက်ချင်း လုပ်ရတော့မယ်”လို့ ပြောလိုက်ပါတယ်။ ဒါဟာ One Foundation မွေးဖွားလာပုံပါပဲလို့ သူက ဆိုပါတယ်။
၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူဟာ ယွမ်ငွေ 500,000 ($ 73,000) ကို ဆူနာမီဒဏ် ခံရသူတွေကို ပေးလှူမည့်အကြောင်းနှင့် နောက်ထပ် ယွမ်ငွေ 500,000 ကို ဖောင်ဒေးရှင်း စတင်ဖို့ သုံးမည့် အကြောင်း ကြေငြာခဲ့ပါတယ်။ အဆုံးမှာတော့ One Foundation ကို ဖန်တီးဖို့ရာ အချိန် နှစ်နှစ်ကျော် ယူခဲ့ရပါတယ်။ တစ်ပိုင်းက လီဟာ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးဖို့ ကတိပေးထားပြီးသား ဖြစ်နေတာရယ်၊ နောက် အကြောင်းတစ်ခုက သူ့ ဝန်ခံချက် အတိုင်း ဘယ်က စလုပ်ရမယ်ဆိုတာ အစရှာမရခဲ့လို့ ဖြစ်ပါတယ်။
သူ့ရဲ့ အားလပ်ချိန်မှာ ကမ္ဘာတစ်လွှားက ပညာရှင်တွေနှင့် စကားပြောတယ်။ ရော့ခ်ဖဲလား အသင်းအဖွဲ့လိုမျိုး ပရဟိတ အဖွဲ့အစည်းတွေမှာ သူ့အချိန်ကို အသုံးချတယ်။ အောင်မြင်တဲ့ NGO (အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း) ဖြစ်အောင် ဘာတွေလုပ်ရတယ် ဆိုတာကို လေ့လာဖို့ပါ။ “ကျွန်တော်က ရုပ်ရှင်လောကကို ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး NGO တွေရဲ့ ကမ္ဘာကို ရှာဖွေခဲ့ရတယ်လေ။ လေ့လာသင်ယူဖို့ အချိန် လိုအပ်တာပေါ့ဗျာ။

ကျွန်တော် လေ့လာခဲ့တဲ့ အချက်ကတော့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်ဆိုတာပါပဲ။ တနည်းပြောရမယ်ဆိုလျှင်ဗျာ လူတွေက အလှူအဖွဲ့အစည်းတွေကို ထောက်ပံ့တော့မယ်ဆိုလျှင် သူတို့ ပေးလှူလိုက်တဲ့ ငွေတွေဟာ  လိုအပ်တဲ့လူတွေဆီကို တကယ် ရောက်မှာပါဆိုတာ ယုံကြည်ဖို့ လိုအပ်တာပေါ့။ 

နောက်ဆုံးမှာတော့ ကြက်ခြေနီ ဂျက် လီ One Foundation အဖွဲ့ကို တရုတ်ပြည်မှာ ၂၀၀၇ ခု ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လွတ်လွတ်ကင်းကင်း အလုပ်လုပ်ပေမဲ့ အဲဒီ ဆက်စပ် အဖွဲ့အစည်းက သူတို့ အဖွဲ့ကို တရုတ်ပြည်မှာ ပြည်သူ့ ရန်ပုံငွေရှာပွဲတွေ လုပ်ခွင့်ပေးခဲ့ပါတယ်။ ကြက်ခြေနီအဖွဲ့နှင့် ဆက်ထားခြင်းက ပြန့်နှံ့ရောက်ရှိနိုင်တဲ့ သဘာဝကပ်ဘေးများရဲ့ အတိုင်းအတာ အခြေအနေကို မြန်မြန်ဆန်ဆန် တိတိကျကျ ရရှိဖို့ ကူညီပေးပါတယ်။
အပြန်အလှန်အားဖြင့် ကြက်ခြေနီ အဖွဲ့ဟာလည်း ဝမ်း ဖောင်ဒေးရှင်း ရနေတဲ့ ပြည်သူ့ အမြင်ဆိုင်ရာ အကျိုးအမြတ် ရခဲ့ပါတယ်။ “သူတို့တွေက ပြည်သူတွေ ပိုမို သတိထားမိစေပြီး လူသားချင်း စာနာတဲ့ အားထုတ် လုပ်ကိုင်မှုတွေကို ထောက်ပံ့ကူညီကြဖို့ လူပေါင်းများစွာကို တွန်းအားပေးပါတယ်”လို့ တရုတ် ကြက်ခြေနီအဖွဲ့ရဲ့ ဖွံ့ဖြိုးရေးနှင့် ထောက်ပံ့ရေး အစီအစဉ်ရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဖြစ်သူ ဝမ် ရှုနွန်က ပြောပါတယ်။ 
 

Sunday, February 19, 2012

ငရဲပြည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ ကြုံလာခဲ့သူ

 
ကိုအောင်နိုင်ဦးပြောပြသော ငရဲပြည်အတွေ့အကြုံ

မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။


------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။


၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။

ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။


ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့  ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။  နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊  လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။  ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။  ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။   ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။  ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။  ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။  ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။  ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)