Tuesday, April 17, 2012

2012 ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့သစ်၊ ကျုံးဟို မြန်မာသင်္ကြန်ပွဲတော်၏ပုံရိပ်များ..

(15.4.2012) ရက်နေ့တနင်္ဂနွေနေ့က ထိုင်ဝမ်း ထိုင်ပေမြို့သစ်..ကျုံးဟိုဒေသ..ဟွါရှင်းလမ်းမှာ..ပြုလုပ်ခဲ့ပါတယ်.
ပြပွဲများတွင်မြန်မာသာမက အရှေ့တောင်အာရှနိုင်ငံသားများ၏ ရိုးရာအကများလည်း ပါဝင်ပါတယ်။


ဒါကအ၀င်ဝလမ်းထိပ်ကကြိုဆိုတဲ့ဆိုင်းဘုတ်ပါ ပွဲတော်က နံနက် ၉ နာရီမှစပြီးညနေ ၂ နာရီထိဖြေဖျော်မည်ဖြစ်သည်

လမ်းထဲဝင်လိုက်တာနဲ့အရင်ဆုံးမြင်တွေ့ရတဲ့ ထိုင်ဝမ်ရောက် မြန်မာမိသားစုသင်္ကြန်ရေကစားပွဲတော်မှာ အပူဇော်ခံတဲ့ ဘုရားရုပ်ပွါးတော်ပါ ..

ရေပက်ချိန်ကမရောက်သေးပေမဲ့အချို့သူတွေရေပျက်တဲ့ဧရိယာမှာပြင်ဆင်နေကြပြီ

မြန်မာလေယဉ်လက်မှတ် နှင့် ထိုင်းလေယဉ်လက်မှတ် မဲနှိုက်မည်မို့.ကံစမ်းလိုတဲ့သူတွေတန်းစီနေတာပါ..ဤနေရာမှာမဲလက်မှတ်အရင်ယူရပါတယ်

လာရောက်အားပေးတဲ့ပရိသတ်များကိုအကပဒေသာနှင့်အဆိုအကများဖြင့်ဖျော်ဖြေပါသည်
  
အင်ဒိုနီးရှားအမျိုးသမီးများလည်းရိုးရာအကနှင့်ဖျော်ဖြေခဲ့ပါတယ်
  
   မြန်မာရိုးရာတေးသီချင်းများလည်းသီဆိုကပြသည်
              
   ခလေးအဆိုပြိုင်ပွဲပထမဆုရခဲ့တဲ့(မြန်မာပြန် 張龍)         အသက် ၁၀နှစ်သာရှိတဲ့ဂီတသမားလေး
         
          ခေတ်ပေါ် Rock တွေ Hot Rock တွေလည်းမြူးကြွစွာသီဆိုကြတယ်

နှစ်စဉ်လာရောက်ကူညီအားပေးနေတဲ့မြန်မာပြန်ယူနန်မလေးအဆိုတော် (Yang Chain 揚篟)
  
   အများနှစ်သက်တဲ့ Yang Chain လိုနာမည်ကြီးတဲ့မြန်မာပြန်အဆိုတော်(Chao Tai Hsiang 趙太祥)
          
  
လေယဉ်လက်မှတ်မဲဖေါက်နေစဉ်..
ထိုင်ဝမ်းမြန်မာအသွားအပြန်လေယဉ်လက်မှတ်ကိုရသွားတဲ့ကံကောင်းတဲ့အမျိုးသမီး
    
ထိုင်ပေတိုင်းမှုးနဲ့မြို့နယ်မှုးတို့ကိုယ်တိုင်လာပြီးရေကစားပွဲတော်ကိုဖွင့်လှစ်ပေးခဲ့ပါတယ်
   အလယ်မှMic ကိုင်ထားသူကတိုင်းမှုးကြီးပါ..ကော်လံအနီနဲ့ကတော့(municipal council)  
  
မိန့်ခွန်းပြောပြီးနောက်ရေပက်ပွဲကိုဖလားတွေနဲ့ဖွင့်ပေးလိုက်တယ်
       တိုင်းမှုးကရေစလောင်းပုံ  နှင့်  လူတွေစင်ပေါ်ထိတက်ပြီးတိုင်းမှုးကိုအလုအရက်ဝိုင်းရေပက်ကြပုံပါ

ရေပက်တဲ့ပရိသတ်များတွင်..မြန်မာမိသားစု..နိုင်ငံခြားဧည့်သယ်များ...ထိုင်ဝမ်းနယ်ခံများ..အရှေ့တောင်အာရှမှလာသောသူတွေများအားလုံးလိုက်ပြီးပျော်ပျော်ရွှင်ရွှင်ရေအတူကစားကြပါတယ်
 
နှစ်သစ်သင်္ကြန်သူငယ်ချင်းများအားလုံးရေလိုအေးပန်းလိုမွှေးကြပါစေ.လို့ ဆုတောင်းပေးလိုက်ပါတယ်..
by .Maung Maung Htoo 
ဗွီဒီယို ကြည့်လိုပါက အောက်ပါလင့်ကို ကလစ်၍ ကြည့်ရှုပါရန်.......
http://yatanavasatemple.ning.com/video/2012-myanmar-water-festival-in-taiwan-2012