Thursday, June 13, 2013

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ

 ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ
မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။
စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။  အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။

သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။

ဝါသနာဆိုတာ……

ကိုယ်တိုင်ကို ဘာကို ဝါသနာ ပါလို့ ပါမှန်းမသိ ကြီးပြင်းရတဲ့ လူများလည်း မနည်းပါဘူး။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်ပန်းတိုင်က ချမ်းသာ ကြွယ်ဝမှု ဖြစ်လာပါတယ်။ ချမ်းသာပြီးသားလူကျတော့ ဒီထပ်မချမ်းသာရင်တောာင် ဒီထက် ပိုဂုဏ်ရှိတဲ့ နေရာ တစ်ခုအတွက် ရည်မှန်းချက်ထား
ကြိုးစားရပြန်ပါတယ်။

စာဖတ်သူ ၁၀ ယောက်တည်းမှာ ငွေကြေး အခက်အခဲ ရှိနေသူ တစ်နည်း ချမ်းသာချင်သူ  ၇ ယောက်ထပ် မနည်း ရှိမယ်ဆိုတာ ကြိမ်းသေပြောရဲပါ တယ်။ ဒီတော့ အားလုံရဲ့  ရည်မှန်းချက်က ငွေကြေးချမ်း သာဖို့ ဖြစ်လာပြီး ချမ်းသာတယ်ဆိုတာ ပန်းတိုင် တစ်ခု ဖြစ်လာပါတယ်။ ဒီတော့ ယင်းပန်းတိုင် ကို သွားရမယ့် နည်းလမ်းက ဆရာဝန်လို့ ယူဆတဲ့သူက ဆရာဝန်ဖြစ်ဖို့ ကြိုးစားတယ်။ စစ်ဗိုလ်ဖြစ်အောင် ကြိုးစားမယ်၊ အင်ဂျင်နီယာဖြစ်အောင် ကြိုးစားမယ်။ သင်္ဘောသား ဖြစ်အောင် ကြိုးစားမယ် အစရှိသဖြင့် ကိုယ့် အခြေအနေ နဲ့  အဖြစ်နိုင်ဆုံးကိုပဲ ရွေးချယ်သွားကြပါတယ်။ အားလုံးကို မဆိုလို။ အများစုသော အရေအတွက်ကို ဆိုလိုပါတယ်။ ချမ်းသာဖို့ မဟုတ်ပါဘူး- အေးဆေး ငြိမ်းချမ်းတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အတွက်လေးပါ ဆိုရင်လည်း ဒီထဲမှာ အကြုံးဝင်ပါတယ်။

အထက်ပါအတိုင်းတွေးသော စာဖတ်သူများ တကယ်ချမ်းသာလာနိုင် ပါတယ်။ ဖြစ်မလာသူများ ကျရှုံးရသလိုလည်း ဆင်းရဲတွင်းက မလွတ်နိုင်သူများလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ဆရာဝန်တွေ ဖြစ် သွားကြ၊ အင်ဂျင်နီယာတွေဖြစ်သွားကြ၊ အရာရှိတွေ ဖြစ်သွားကြပေမယ့် ကိုယ့်ကိုယ်ကို ဘာဝါသနာ ပါလို့ ပါမှန်း မသိခဲ့ပါဘူး။ အသက်အရွယ်တွေ ရလာပြီး ရာထူးတစ်ခု၊ စည်းစိမ် တစ်ခု ပိုင်ဆိုင်ရပေမယ့်လည်း ငါဘာ ဝါသနာ ပါခဲ့လဲ၊ ဘာလုပ်ချင်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်တောင် ဖြေရ ခက်တဲ့ မေးခွန်း ဖြစ်လာတတ်ပါတယ်။ အချို့ ကျတော့ ငြင်းပါတယ်။ ငြင်း မှာပါ။ နေရာတစ်ခု၊ ငွေတစ်ခု၊ အသိုင်းအဝိုင်း တစ်ခု ရပြီ ဖြစ်တဲ့အတွက် ငါဝါသနာပါတာ ဒါတွေပါဆိုပြီး ဟန်ရေးလုပ် ပြောတဲ့အခါ မေးခွန်း ထုတ်မယ့်သူလည်း မရှိတော့ပါဘူး။ ဒီမှာ ဘယ်သူတွေ နစ်နာမှု ရှိသလဲဆို တာ လေ့လာရပါမယ်။

မိမိကိုယ်ကိုရော တိုင်းပြည်ကိုရော- ကြီးကြီးမားမားပြောရရင် လောက တစ်ခုလုံးကို နစ်နာစေပါတယ်။ အိုင်းစတိုင်း တစ်ယောက် ဆင်းရဲပေမယ့် ဝါသနာ အထုံတစ်ခုကြောင့် တစ်နေ့တော့ ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်း လဲပေးခဲ့ပါမယ်။ မီးသွေးဖိုမှာ အလုပ်လုပ်တဲ့ လင်ကွန်းက အမေရိကန် သမ္မတ ဖြစ်လာရပါတယ်။ ဥပမာ ပြရရင် ဒီတော့ မနည်းပါဘူး။ ဒီတော့ စာရေးသူ လိုရင်းက ဝါသနာ ပါရာကို ဦးစားပေး လုပ်ရင် ဘာမဆို ထိုးထိုးဖောက်ဖောက် အောင်မြင်လို့ တိုင်းပြည်ကြီး တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပေးနိုင် တယ် ဆိုတဲ့အချက်လို့  စာဖတ်သူတို့ ရိပ်မိမယ် ထင်ပါတယ်။ ဒီတော့ စာရေးသူတို့ မြန်မာနိုင်ငံတွင်းမှာ ဝါသနာ အထုံ ပါတဲ့ ကလေးငယ်လေးတွေကို သေချာ ပြုစုပျိုးထောင်ပေးနိုင်ရင် တိုင်းပြည်မှာ ကမ္ဘာက လေးစားရတဲ့ အောင်မြင်မှုကြီးများ၊ ပေါက်ရောက်မှု ကြီးများ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြမယ် ထင်ပါတယ်။

ယခုမှ ဝါသနာ တစ်ခု ရွေးသတ်မှတ်ခြင်း

ဒါဆို စာဖတ်သူတို့ က ဆိုပါမယ်။ ငါဝါသနာ ပါတာရှိခဲ့တယ်။ တိုင်းပြည်အခြေ အနေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီဝါသနာကို စွန့်လွတ်လိုက်ရတာ- အစရှိသဖြင့် ဆိုနိုင်ပါတယ်။ စာရေးသူ မငြင်းနိုင်ပါဘူး။ သို့သော်လည်း ဒီအတွက် အဖြေရှိပါတယ်။ စာဖတ်သူက အရင်ဆုံး ကိုယ့်ဝါသနာ ကို အဓိပ္ပါယ် ဖွင့်ရပါမယ်။ အကြမ်းချင်းလိုအပ်ချက်ကတော့ မိမိပါတဲ့ ဝါသနာဟာ ၁- မိမိအတွက်ကောင်းကျိုးပြုရမယ်၊ ၂- သူတစ်ပါး အတွက် ကောင်းကျိုးပြုရမယ်။ ဒီနှစ်ချက် ခိုင်လုံရင် စာဖတ်သူ ထားတဲ့ ဝါသနာဟာ တကယ် မှန်သွားပါပြီ။ ဝါသနာ ဆိုတာ ထင်ပေါ်ကျော်ကြားမှု တစ်ခုမဟုတ်ပါဘူး။ ပြောင်းလဲပေးနိုင်မှု ဖြစ်ရပါမယ်။ ဥပမာ- မိမိဝါသနာ ပါလို့ ဖန်တီးချပြလိုက်တဲ့ အရာဟာ လူသားအားလုံးအတွက် ကောင်းကျိုးပြု တယ်ဆိုရင် အလိုအလျာက် ထင်ပေါ်ကျော်ကြားပါတယ်။ ထင်ပေါ်ကျော်ကြား ဖို့အတွက် ဝါသနာ တစ်ခုထားတယ်ဆိုတာ အမှန်တော့ လောဘ တစ်မျိုး သာ ဖြစ်ပါတယ်။ ဝါသနာ မဟုတ်ပါဘူး။

စာဖတ်သူ တစ်ဝက်လောက်မှာ ကိုယ်ဝါသနာ ပါတာ ဘာလဲဆိုတာ မသိကြလောက်ပါဘူး။ သို့ပေမယ့် နောက် မကျသေးပါ။ လက်ရှိ ကိုယ်ဝါသနာ ဘာပါတယ်ဆိုတာကို မသိသေးတာကိုပဲ အဆင်ပြေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဝါသနာ တစ်ခု စထားမယ်ဆိုရင်


 ကိုယ့်အတွက်ကော၊ အများအတွက်ကော ကောင်းကျိုးပြုရပါမယ်။

 ဒီအဆင့်မှာကတည်းက တွက်ချက် ရွေးချယ်ပါ။ လက်ရှိ ရောက်နေတဲ့ အနေအထားအရ ကိုယ့်အတွက် အဆင်ပြေမယ်၊ ကိုယ်ကလည်း ကျွမ်းကျင်နေမယ်၊ ဖြစ်လာဖွယ်လည်း တကယ်ရှိတယ်ဆိုရင် ကိုယ်ထားတဲ့ ဝါသနာက မှန်ပါပြီ။ ဥပမာ- စာဖတ်သူက အထည်ဆိုင်မှာ အထည်ရောင်း ဝန်ထမ်း လုပ်နေရတယ် ဆိုပါစို့။ အထည်နဲ့ ပက်သက်ပြီး လေ့လာအားတစ် ခုခုရှိလို့ စိတ်ဝင်စားလို့ လေ့လာရင်ပို သိလာတဲ့အခါ ဒီအပေါ် အခြေခံလို့ ကိုယ်ဘာများ လုပ်နိုင်မလဲဆိုတာ လမ်းစရှာပါမယ်။ အဖြစ်နိုင်ဆုံး ပြောရရင် ကမ္ဘာ့အနှံ့ဖြန့်ချိတဲ့ အဝတ်အထည်လုပ်ငန်း (သို့မဟုတ်) ကမ္ဘာ့အလှဆုံး အဝတ်အထည်များ ဖန်တီးသူ ဒီဇိုင်နာ အစရှိသဖြင့် အစုံးစွန်ထိ စိတ်ကူးယဉ်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့လည်း ခံယူချက်ရှိထားရင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။


ဗီဇဝါသနာ ကို အကောင်အထည်ဖော်ခြင်း

အချို့ ကျတော့ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာ၊ ကိုယ်ဝါသနာ ပါတဲ့ အရာ ရှိနေပြန်ပါသေးတယ်။ မိဘက အတင်းတိုက်တွန်း လို့၊ ပတ်ဝန်းကျင် ပယောဂအမျိုးမျိုးကြောင့် အခြားလမ်းပေါ် ကို လျှောက်နေရပြီ ဆိုပါစို့။ ဒီမှာ ကိုယ်ဝါသနာ ပါတဲ့ အရာမှာ တကယ် ထူးချွန်သလား၊ မထူးချွန်သလားဆိုတာကို အရင်စမ်းစစ်ရပါမယ်။ အချို့ ကျတော့လည်း သီချင်းဆိုတဲ့ ဂီတအနုပညာကို ဝါသနာ ပါတယ်ဆိုပါတယ်။ သို့သော်လည်း အသံက အဆိုတော်တွေလို မကောင်းတော့ မိမိထားတဲ့ ဝါသနာဟာ ရူးသွပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာကို သိထားသင့်ပါတယ်။ ဒါဆိုရင် လက်လျော့ပြီး အထက်ဖော်ပြပါ ဝါသနာ တစ်ခုရွေးချယ်ခြင်ကို ဖတ်ရှု ကျင့်သုံးသင့်ပါတယ်။

အကယ်၍ ကိုယ်ဝါသနာပါတဲ့အရာမှာလည်း တကယ် ထူးချွန်နိုင်အခွင့် အလမ်း ရှိတယ်။ တကယ်လည်း အောင်မြင်နိုင်တယ်လို့ သက်သေအထောက်အထား ခိုင်လုံရင်၊ ယုံကြည်ချက် ရာနှုန်းပြည့်နေရင် လုံးဝ လက်မလျော့ပါနဲ့တော့။ လက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝ စွန့်ခွာနိုင်ပါတယ်။ စာဖတ်သူက ကိုယ်အောင်မြင်မယ်လို့ ကြိမ်းသေ သိရှိပြီး အလောင်းအစား လုပ်ရဲပြီဆိုရင် ကိုယ်ဝါသနာ ပါရာလမ်းကို စလျှောက်နိုင်ပါပြီ။ ဥပမာ တက်လက်စကျောင်းက ပြီးတော့မယ်ဆိုရင် ပြီးအောင် ဆုံးအောင်တက်နေပြီး တစ်ဖက်မှာ ကိုယ်အောင်မြင်ဖို့ သေချာတဲ့အလုပ်ကို ခိုင်ခိုင်မာမာ လက်ဆွဲလို့ လုပ်ကိုင် သင့်ပါတယ်။ ယင်းဝါသနာ အတွက် ငွေကြေးအထောက်အပံ့က ဒီအလုပ်လုပ်မှ၊ ဒီကျောင်းတက်မှ ရနေမယ်ဆိုရင်လည်း တစ်ဖက်ကို လုံးဝ စွန့်လွန့်လိုက်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အရာအတွက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေတယ်ဆိုတဲ့ ခံယူချက် ရှိရပါမယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။ ဝါသနာလည်း မစွန့်လွတ်ရသလို လုပ်နေကျ လုပ်ငန်းဆောင်တာ လည်း မပျက်ပါဘူး။

အချို့ ကျတော့လည်းဆိုပါတယ်။ ငွေအလုံအလောက်ရှိဘူး။ ဝါသနာကို အကောင်အထည် ဖော်လို့ မဖြစ်ဘူး။ ဒါတွေကို အထက်ပါ နှစ်ချက်လုံး မှာကတည်က ကြိုတင်စဉ်းစားတွက်ချက်ရမှာ ဖြစ်ပါ တယ်။ ငွေဆိုတာ ကလည်း ဝါသနာကို အကောင်အထည်ဖော်ရာမှာ ဗီလိန်ကြီးတစ်ခု လို ဖြစ်နေတတ်ပါတယ်။ ဒါကို စာဖတ်သူတို့ သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ မိမိမှာ ရှိနေတဲ့ ငွေကြေး၊ ထောက်ပံ့ပေးနေသော ငွေကြေး အရင်းအနှီး ထားရှိတဲ့ ဝါသနာ ပန်းတိုင် အစရှိသဖြင့်တို့ အားလုံး တွက်ချက်ပြီး စနစ်ချ ကြိုးပမ်းလို့ ဖြစ်လာနိုင်ပါတယ်။

ဒီလောက်ဆိုရင် ဝါသနာ ရှိသူရော၊ ဝါသနာ မရှိသူရော၊ ဆင်းရဲလို့ ဝါသနာ မဖန်တီးနိုင်သူရော၊ ချမ်းသာသော်လည်း ဝါသနာ မရှိသူရော အားလုံး နည်းမှန်းလမ်းမှန်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။ စာဖတ်သူက ဘာမှ ဝါသနာမပါဘူး။ အေးအေးနေ၊ အေးအေးစား၊ ဘဝ ဆိုတာ ပေါ့ပါးနေတာကိုက ဝါသနာဘာလို့ အကြောင်းပြချက်ပေး မယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့ လူတစ်ယေက်ပါလို့ ပြောနေတာနဲ့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာ တစ်ခုခု ရှိကို ရှိသင့်တယ်လို့ အလိုအလျောက် သိထားသင့်ပါတယ်။

ဝါသနာပါတာလည်း ရှိနေမယ်၊ တကယ်လည်း အကောင်အထည် ဖော်ပြီဆိုရင် မိမိပတ်ဝန်းကျင် အသိုက်အဝန်း တင်မကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကမ္ဘာ့လူသာားအားလုံး အထိ အကျိုးပြုတော့မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။

အောင်ခမ်း (TSJ team) မှ သိသမျှ ။

Wednesday, June 12, 2013

ကတိသစ္စာ၊ တည်သောခါဝယ်


ကတိသစ္စာ၊ တည်သောခါဝယ်

"ကတိသစ္စာ၊ တည်သောခါ၌၊
သြဇာလေးနက်၊ ပေါ်စီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။"
(ရှင်မဟာသီလ၀ံသ)

ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။ ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ကြမည်သာ ဖြစ်၏။ အထူးသဖြင့် သစ္စာတရားသည် မေတ္တာအားဖြင့် ပေါင်းစပ်နိုင်လျှင် မဖြစ်နိုင်သည်များပင် ဖြစ်လာနိုင်ပြီး သက်ရှိသက်မဲ့အားလုံးတို့၏ အပြောင်းအလဲဖြင့် အကောင်းများပင် တွဲလာနိုင်မည်ဖြစ်၏။ ထို့ကြောင့် သူတော်ကောင်းများက ကတိသစ္စာတည်လာပါက သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင် စသည်များပင် ဆေးဘက်ဝင်လာတတ်ကြောင်း ဆိုခြင်းဖြစ်၏။

မှန်၏။ ကတိသစ္စာသည် တည်တံ့လျှင် တည်တံ့နိုင်သည်နှင့်အမျှ အကျိုးသက်ရောက်မှု ကောင်းများကို ဖြစ်စေနိုင်ပေ၏။ မိမိ၏ ကတိသစ္စာ တည်တံ့မှုကို အကြောင်းပြု၍ မိမိလည်း အကောင်းများ စုနိုင်သကဲ့သို့ သူတပါးကိုလည်း ကောင်းမှုအစုများ ပြုပေးနိုင်ပေ၏။ သစ္စာစကားဖြင့် အပြစ်အနာအဆာများကိုပင် ပျောက်ပေးစေနိုင်၏။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အမျိုးမျိုးသော သစ္စာစကားများကို တိုင်တည်မှုပြုကာ သတ္တဝါအများ၏ ဒုက္ခအပေါင်းကို ကယ်တင်ပေးဖူး၏။ သတ္တဝါအများ၏ ဘေးအန္တရာယ်များကို အရံအတားပြုကာ အကာအကွယ်ပြုပေးထားသည့် ဘုရားရှင်၏ ပရိတ်ဒေသနာများတွင် ထိုသို့သော သစ္စာပြုချက်များကို အများအပြား တွေ့ရမည်ဖြစ်၏။ ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များတွင် “ဧတေန သစ္စဝစ္စေန သောတ္ထိတေ ဟောတု သဗ္ဗဒါ” ဟူသော စကားများကို အများအပြား တွေ့ရမည်ဖြစ်၏။ ထိုစကား၏ အဓိပ္ပါယ်မှာ “ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါများအား အခါခပ်သိမ်း ချမ်းသာခြင်းကို ဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်ကန်သည့်သစ္စာ၊ တည်တံ့သည့် ကတိစကားများသည် သတ္တဝါများအား အားအသစ်ကိုဖြစ်စေပြီး ထိုအားများကပင် သတ္တဝါများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုသည့် သဘောမျိုးဖြစ်၏။

အားဟုဆိုသော်လည်း စင်စစ်ထိုအားများသည် မည့်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်ကမျှ ဖြည့်ပေးနိုင်သည့် အားများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာလျှင် ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသည့် အကျင့်သိက္ခာ တရားများဖြင့်သာ ပြည့်စေရမည့်အားများ ဖြစ်ပါ၏။ ကတိများများတည်လျှင်၊ သစ္စာများများရှိလျှင် မိမိသန္တန်တွင် ထိုကတိသစ္စာ တရားများ၏ စွမ်းအားများသည်လည်း ပိုမိုတိုးပွားကာ လိုအပ်သည့် အကျိုးတရားများကို ပြီးမြောက်စေနိုင်မည် ဖြစ်သဖြင့် သက်ရှိသက်မဲ့ အရာအားလုံးတို့၏ တန်ပြန်သက်ရောက်မှု အကျိုးကောင်းများကို ရယူလိုသူများသည် ကတိသစ္စာတရားများကို အခိုင်မာဆုံးဖြစ်အောင်သာ ကြိုးစားကြရမည် ဖြစ်ပါ၏။

အမှန်အားဖြင့် ကတိသစ္စာတည်ခြင်းဟူသည် အခြားမဟုတ်၊ ကိုယ်ကျင့်သိက္ခာလုံနေခြင်းပင် ဖြစ်၏။ သီလလုံနေသူ တစ်ယောက်သည် စကားကိုအလွယ်ပြော၊ ကတိကို အလွယ်ပေးပြီး စောင့်ထိန်းရမည့် သစ္စာတရားကို ချိုးဖောက်သူ အဖြစ်မှလည်း ရှောင်ကြဉ်ပြီးသား ဖြစ်နေပေ၏။ သာမန်လူများ အနေဖြင့် နေ့စဉ်စောင့်ထိန်းရသည့် ငါးပါးသီလကိုသာ မကျိုးမပေါက်အောင် စောင့်ထိန်းထားနိုင်လျှင် ကတိလည်း တည်နေမည်ဖြစ်ပြီး သစ္စာလည်းရှိနေမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အိမ်ထောင်သည် အပေါ်မှာ သစ္စာရှိခြင်း၊ သူတပါးအကျိုး ယုတ်စေမည့် မဟုတ်မမှန်သည့် စကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်နေခြင်းသည် ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရနှင့် မုသာဝါဒ သိက္ခာပုဒ်များကို စောင့်ထိန်းနေခြင်း ဖြစ်သဖြင့် အပြန်အနေဖြင့် ထိုသီလများကို စောင့်ထိန်းနေသမျှ ကတိသစ္စာများလည်း တည်နေကြပြီးသား ဖြစ်ပါ၏။ ထိုသို့ အကျင့်သိက္ခာလုံသဖြင့် ကတိသစ္စာတည်နေသူများသည် လောကဓံ အလှည့်အပြောင်းများကြောင့် ဘဝအတက်အကျများနှင့် ကြုံနိုင်ငြားသော်လည်း အရေးကြီးသည့်အခါ မိမိတို့၏ သီလတရားကို သက်သေထားကာ သစ္စာပြုမည်ဆိုပါက ထိုသစ္စာတရား၏ အားများဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်မှာ အမှန်ပင် ဖြစ်ပါ၏။ မိမိက အကျင့်သိက္ခာ မြင့်မားစွာဖြင့် ကတိသစ္စာ တည်ထားလျှင် မိမိသာလျှင်မဟုတ် မိမိနှင့် ပတ်သက်သူများကိုပင် သစ္စာစကားဖြင့် ဒုက္ခအစုကို ကျော်လွှားနိုင်မည်မှာ အသေအချာပင် ဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရင်းနှီးပြီးသားဖြစ်သည့် အင်္ဂုလိမာလ ပရိတ်တော်ကို ကြည့်ပါက အင်္ဂုလိမာလ မထေရ်ကြီးသည် မိမိ၏ ကတိသစ္စာစကားဖြင့် မီးမဖွားနိုင်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အလွယ်တကူ မီးဖွားနိုင်စေရန် သစ္စာပြုကာ ဘေးရန်ကာပေးနိုင်ခဲ့သည်ကို အထင်အရှား တွေ့ကြရမည်ဖြစ်၏။ အင်္ဂုလိမာလ ပရိတ်တော်၏ အဓိကအပိုင်းတွင် အင်္ဂုလိမာလ မထေရ်ကြီး သစ္စာပြုသည့် စကားတော်မှာ “နှမ ငါသည် မြတ်စွာဘုရားရှင်၏ သာဝက အရိယာ ဖြစ်တော်မူပြီးချိန်မှစ၍ သေစေလိုသော စေတနာဖြင့် သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို ပြုလည်းမပြု၊ သိလည်းမသိတော့ပေ၊ ဤမှန်သော သစ္စာစကားကြောင့် မီးဖွားရန် အခက်အခဲဖြစ်နေသော ချစ်နှမအား ချမ်းသာမှုဖြစ်ပါစေ”ဟူ၍ ဖြစ်၏။ အင်္ဂုလိမာလ မထေရ်ကြီး၏ ထိုသစ္စာစကားမှာ မိမိကိုယ်တိုင် အကျင့်သီလပိုင်းကို အကောင်းဆုံးဖြစ်အောင် စောင့်ထိန်းပြီး ထိုအကျင့်သီလ ကောင်းကိုသက်သေပြု့ကာ အများတကာ ချမ်းသာရေး သစ္စာဆိုပေးထားသည့် စကားဖြစ်သဖြင့် ထိုအကျင့်သစ္စာ အစွမ်းအားများသည်လည်း လက်တွေ့တွင် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ခြင်း ဖြစ်၏။ အရင်းစစ်သော် အကျင့်သိက္ခာကောင်းသည် သစ္စာအားအဖြစ် ကောင်းမြတ်သည့် သြဇာကို သက်ရောက်ပေးခြင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိသူတပါး ချမ်းသာရေးအတွက် အကောင်းဆုံး သက်ရောက်မှုကို ပေးလိုသူများသည် ကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိမ်းခြင်းဟူသည့် ကတိသစ္စာကို တည်တံ့အောင်သာ ကြိုးစားကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

စင်စစ် ကတိသစ္စာတရားသည် အကျင့်သိက္ခာ အားကောင်းနေသမျှ အစွမ်းအာနိသင်များလည်း တိုးပွားနေမည်သာ ဖြစ်ပါ၏။ ထိုအချက်ကို ဘုရားလက်ထက်မှစ၍ ရှေးရှေးသူတော်ကောင်းများ၏ အဖြစ်အပျက်များကို ကြည့်ပါက လက်တွေ့အားဖြင့် သိနိုင်မည်သာ ဖြစ်၏။ အကျင့်သီလ အားကောင်းစွာဖြင့် ဆိုခဲ့ကြသည့် သစ္စာစကားများသည် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ အထံသို့ပင် ပြန့်နှံ့ကာ ထိုထိုသူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုဖြင့် သတ္တဝါများအား ချမ်းသာမှုကို ဖြစ်စေခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ ကတိသစ္စာတည်ခြင်းဟူသော အကျင့်သီလကောင်းသည် သက်ရှိသက်မဲ့များအပေါ်တွင် သက်ရောက်မှုဖြစ်ကာ ယုတ်စွာအဆုံး နွယ်မြက်သစ်ပင်များသည်ပင် အစွမ်းထက်သည်အထိ အကျိုးရှိစေခဲ့သည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့သော် သဒ္ဓါတရား၊ သီလတရား၊ ဝီရိယတရား၊ ပညာတရား၊ သတိတရားများ ယုတ်လျော့လာသည့် ယနေ့ခေတ်ကာလတွင်ကား လူအတော်များများသည် ကတိတရားများ ဖောက်ဖျက်နေကြသကဲ့သို့ သစ္စာတရားများလည်း ပျောက်ပျက်နေကြသဖြင့် ထိုကတိသစ္စာတရား၏ စွမ်းပကားများမှာ ထင်သလောက် အစွမ်းမရောက်ဘဲ ဖြစ်နေကြသည်ကို တွေ့နေရ၏။ လူအတော်များများသည် ကတိကို အလွယ်ပေးကာ အလွယ်ဖျက်နေတတ်ကြသကဲ့သို့ စောင့်ထိန်းရမည့် သစ္စာတရားများကိုလည်း မစောင့်ထိန်းဘဲ အလွယ်တကူပင် ဖောက်ဖျက်နေတတ်ကြ၏။ တဒင်္ဂအခိုက်အတန့် အရေးကိုသာ ဦးစားပေးနေပြီး ထိုအခိုက်အတန့် အဆင်ပြေရေးအတွက်ဆိုလျှင် လိမ်ပြောရမှာလည်း ဝန်မလေး၊ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ ခိုးဝှက်ရမည်ကိုလည်း မကြောက်လန့်၊ အိမ်ထောင်ရှိနေသူရော၊ မရှိသူများပါမကျန် အိမ်ထောင်ရေး ဖောက်ပြန်ကာ သစ္စာဖျက်ရမည်ကိုလည်း အလေးမထား၊ သောက်သောက်စားစား လုပ်ရမှာလည်း ပေါ့ပေါ့ပါးပါးပင် ဖြစ်နေတတ်ကြ၏။ ထိုသို့အကျင့်တရားကို အခြေခံထားသည့် ကတိသစ္စာတရားများ မတည်ဘဲ သွားနေကြသဖြင့် သတ္တဝါများအား ဒုက္ခတရားများ ဖြစ်ပေါ်လာသည့်အခါတွင်လည်း သစ္စာတရား၏ အစွမ်းအာနိသင် အကျိုးသက်ရောက်မှုမှာလည်း ထင်သလောက် အစွမ်းမထက်ဘဲ ဖြစ်နေကြခြင်း ဖြစ်၏။

အရင်းစစ်သော် သစ္စာတရားက အစွမ်းမထက်ခြင်းမဟုတ်၊ မိမိတို့၏ အကျင့်တရားများက အစွမ်းထက်အောင် မထောက်ပံ့နိုင်ခြင်းသာ ဖြစ်၏။ အကယ်၍သာ အကျင့်တရားကို ကောင်းအောင်နေထိုင်ကြမည်ဆိုလျှင် အကျင့်ကောင်းသဖြင့် ကတိလည်းကောင်းမည်ဖြစ်ပြီး သစ္စာလည်းကောင်းနေမည်ဖြစ်ကာ ကတိသစ္စာ ကောင်းလာလျှင် ထိုအကောင်းများ၏ အကျိုးသက်ရောက်မှုသည်လည်း သြဇာကောင်းများအဖြစ် အပြောင်းအလဲဖြစ်ကာ သက်ရှိသက်မဲ့များအထိ သက်ရောက်မှုဖြစ်စေလျက် အကျိုးကောင်းများကို ဖြစ်လာစေမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ယနေ့ခေတ်တွင် လူအတော်များများသည် ကိုယ်ကျင့်သိက္ခာအပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည်နှင့်အမျှ ကတိမတည်ခြင်း၊ သစ္စာမရှိခြင်းများသည်လည်း ပိုမိုများပြားလာကာ ထိုကတိသစ္စာ ဖောက်ဖျက်မှုများကို အကြောင်းပြု၍ သက်ရှိသက်မဲ့များ၏ အစွမ်းသတ္တိများသည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေကြခြင်း ဖြစ်သဖြင့် ထိုအချက်ကို သတိပြုဆင်ခြင်ကာ လောကသားများ အနေဖြင့် မိမိတို့၏ သန္တာန်တွင် ကတိသစ္စာတည်တံ့စေလျက် သက်ရှိသက်မဲ့များအထိ သြဇာသက်ရောက်မှု ဖြစ်စေကာ အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်ကြစေရန် မိမိတို့၏ အကျင့်သိက္ခာကိုသာ ကောင်းမွန်အောင် စောင့်ထိန်းကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လောကဘုံသား လူအများအနေဖြင့် အပျက်တရားများ များများလာသည့် ယနေ့ခေတ်တွင် မည်သူ တရားပျက်ပျက် မိမိတို့မပျက်အောင်၊ မည်သူ ကတိသစ္စာပျက်ပျက် မိမိတို့မပျက်အောင် ကတိသစ္စာတည်တံ့ခြင်း၏ အခြေခံအကြောင်းဖြစ်သည့် အကျင့်သိက္ခာပိုင်းကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ရင်း မိမိတို့ကိုယ်တိုင်သာ သဒ္ဓါ၊ သီလ၊ သတိ၊ ပညာ၊ ဝိရီယတရားများဖြင့် မိမိတို့၏အစွမ်းကို ထုတ်နိုင်အောင် လေ့ကျင့်ကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါသည်။


Ashin Vicitta

Tuesday, June 11, 2013

ဘယ်လိုဆရာကို သင်ဆရာတင်မလဲ


ဘယ်လိုဆရာကို သင်ဆရာတင်မလဲ

ကမ္မဌာန်းတရားအားထုတ်တော့မည်ဆိုလျှင် “ယထာဘူတံ ဥာဏာယ သတ္တာ ပရိယေသိတဗ္ဗော  ဟုတ်မှန်သည့်အတိုင်း သိဖို့ရန်အတွက် ဆရာရှာထိုက်သည်” ဟူသော ဒေသနာတော်အတိုင်း ဆရာရှာရပေမည်။

တရားအားထုတ်ရာ၌ ဆရာရှာဖွေခြင်းသည် အိမ်ထောင်ပြု၊ ဘုရားတည် -စသည်ကဲ့သို့ဘ၀မှာ အရေးကြီးဆုံး အရာတခုဖြစ်ပေသည်။ မိမိဆည်းကပ်သော ဆရာက လမ်းလွှဲနေပြီဆိုလျှင် အချိန်ကုန်လူပန်းဖြစ်ကာ အပါယ်ငရဲသို့ ကျဖို့ရန်သာ ရှိပေတော့သည်။ သို့ဖြစ်၍ ဆရာတင်မလွှဲအောင် အဌကထာ ဆရာက ဤသို့ မိန့်မှာတော်မူခဲ့ပေသည်။

“မြတ်စွာဘုရား သက်တော်ထင်ရှားရှိလျှင် မြတ်စွာဘုရားထံတော်၌ ကမ္မဌာန်းကိုသင်ယူရမည်- (အလုပ်ပေး တရား နာရမည်)။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခဲ့သော် မဟာသာဝက ရှစ်ကျိတ်တို့တွင် သက်တော်ထင်ရှားရှိဆဲဖြစ်သော မဟာသာဝကတစ်ပါးပါးထံ၌ ကမ္မဌာန်းအားထုတ်နည်းကို သင်ယူရမည်။ ထိုမဟာသာဝကတို့ ပရိနိဗ္ဗာန်ပြုခဲ့သော် မိမိအားထုတ်လိုသော ကမ္မဌာန်းဖြင့် တရားထူး ရသွားသော ဈာနလာဘီ ရဟန္တာအရှင်မြတ်ထံ၌ ကမ္မဌာန်းအားထုတ်နည်းကိုေ ကာင်းစွာသင်ယူရမည်။

ဥပမာ - မိမိက အာနာပါန ကမ္မဌာန်းကို အားထုတ်လိုလျှင် အာနာပါနကမ္မဌာန်းဖြင့် တရားထူး ရသွားသော ရဟန္တာမထေရ်ကြီးများထံ၌ သင်ယူရမည်ဟု ဆိုလိုသည်။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်မရှိခဲ့လျှင် အနာဂမ်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ အနာဂမ်ပုဂ္ဂိုလ် မရှိခဲ့လျှင် သကဒါဂါမ်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ သကဒါဂါမ်ပုဂ္ဂိုလ် မရှိခဲ့လျှင် သောတာပန်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။

သောတာပန်ပုဂ္ဂိုလ် မရှိခဲ့လျှင် ဈာနလာဘီပုထုဇဉ်ထံ နည်းခံရမည်။ ထိုပုဂ္ဂိုလ် မရှိခဲ့သော် တိပိဋကဓရပုဂ္ဂိုလ်ထံ နည်းခံရမည်။ ထိုပုဂ္ဂိုလ်မရှိခဲ့သော် ဒွိပိဋကဓရပုဂ္ဂိုလ်ထံ နည်းခံရမည်။ ဒွိပိဋကဓရပုဂ္ဂိုလ် မရှိခဲ့သော် ဧကပိဋကဓရ ပုဂ္ဂိုလ်ထံ နည်းခံရမည်။

ထိုပိဋကတစ်ပုံဆောင်မျှ မရှိခဲ့သော် နိကာယ်တခုခုကို အဌကထာအဖွင့်နှင့် အတူ ကျေပွန်စွာေ လ့လာထားသူလည်းဖြစ်၊ အရှက်အကြောက်ရှိသည့် လဇ္ဇီပုဂ္ဂိုလ်လည်းဖြစ်သည့် ပရိယတ္တိ ၀န်ဆောင်ပုဂ္ဂိုလ်၏ အထံ၌ နည်းခံလေ့လာသင်ယူရမည်။

မှန်၏။ အရှက်အကြောက်ရှိသည့် လဇ္ဇီပုဂ္ဂိုလ်သည် မိမိလေ့လာထားသော ပါဠိတော်ကိုေ ဆာင်ထားတတ်၏။ ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏ ဂုဏ်ကျေးဇူးနှင့် အမျိုးအနွယ်ကို အစဉ်စောင့်ေ ရှာက်တတ်၏။ ဆရာစဉ်ဆက်တို့၏ သင်ရိုးညွန်းတန်းကို အမြဲထိန်းသိမ်းစောင့်ရှောက်ထားတတ်၏။ မိမိဆရာ၏ အယူအဆကိုသာ ဟောပြောပြတတ်၏။ မိမိ၏ အတ္တနောမတိများကို မပြတတ်ပေ။

ထို့ကြောင့်သာလျှင် ရှေးမထေရ်ကြီးတို့သည် “အနာကတေ လဇ္ဇီ ရက္ခိဿတိ၊အနာကတေ လဇ္ဇီ ရက္ခိဿတိ -အနာဂတ်၌ လဇ္ဇီစောင့်ရှောင့်လိမ့်မည်၊ အနာဂတ်၌ လဇ္ဇီစောင့်ရှောင့်လိမ့်မည်” ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့ခြင်း ဖြစ်ပေသည်။

မဟာသာဝကတို့ မရှိတော့သော ယခုသာသနာ၌ ရဟန္တာမှ စ၍ ပရိယတ္တ၀န်ဆောင်ပုဂ္ဂိုလ်များ ထံတွင် အဆင့်ဆင့်သင်ယူအားထုတ်နိုင်ပေသည်။ ထိုအဆင့်ဆင့်သောပုဂ္ဂိုလ်တို့တွင် ရဟန္တာစသောပုဂ္ဂိုလ်တို့သည် မိမိရထားသော အကျင့်လမ်းစဉ် ကိုသာလျှင် ဟောပြောပို့ချတတ်ကြပေသည်။

ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များသည်ကား ဆရာသမားထံ နည်းခံ၍ ပါဠိ အဌကထာတို့ကို ကျေပွန်စွာ လေ့လာသုဓ်သင်ထားပြီး ဖြစ်သောကြောင့် မှားသောနည်း၊ မှန်သောနည်းကို ခွဲခြားပြနိုင်ပေသည်။

 ယောဂီနှင့်သင့်တော်သော ကမ္မဌာန်း၊ မသင့်တော်သော ကမ္မဌာန်းကို ရွေးချယ်ပြတတ်ပေသည်။ ခြုံနွယ်ပိတ်ပေါင်း ထူထပ်သောတောအုပ်၌ သွားသော ကြီးမားသော ဆင်ပြောင်ကြီးကဲ့သို့ ထင်ရှားသော ကမ္မဌာန်းလမ်းမကြီးကို ပြလျက် ကမ္မဌာန်းတရားကို ဟောပြောပြတတ်ပေသည်။
 (၀ိသုဒ္ဓိ၊ ၁၊ ၉၅၊ မြန်မာပြန်၊ ၁၊ ၂၆၆-၉)

ဆိုလိုသည်မှာ ရဟန္တာမှ စ၍ ဈာန်ရပုဂ္ဂိုလ်တို့ထံ၌ အဆင့်ဆင့် ရွေးချယ်အားထုတ်ပါ။ ထိုပုဂ္ဂိုလ် တို့မရှိလျှင်  ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ရဟန်းတော်များကို ရွေးချယ်ပါ။ သို့သော် ထိုပရိယတ္တိဝန်ဆောင်ပုဂ္ဂိုလ်သည်လည်း အရှက်အကြောက် ရှိရပါမည်။ ထိုပုဂ္ဂိုလ်ထံ နည်းခံပြီး အားထုတ်ပါဟု ဆိုလိုပေသည်။

အဌကထာဆရာက ပြဆိုသည်မှာ ရဟန္တာမှ စ၍ ဈာန်ရပုထုဇဉ် ပုဂ္ဂိုလ်တို့သည် မိမိအားထုတ် ခဲ့သော ကမ္မဌာန်း၊ မိမိဖြတ်သန်းခဲ့သော လမ်းကြောင်းကိုသာ ကျွမ်းကျင်စွာ ဟောပြောကြလေ ကုန်သည်။

ပရိယတ္တိဝန်ဆောင် ရဟန်းတော်များသည်ကား ဆရာစုံလင်စွာ လေ့လာထားပြီးဖြစ်သောကြောင့် ရှူ့မှတ်ပွါးများနည်း စုံလင်စွာ ပို့ချနိုင်ကြပေသည်။ ထို့ကြောင့် ကမ္မဌာန်းပေးသည့်အရာ၊ အလုပ်ေ ပးတရားဟောပြသည့်အရာတို့၌ အချို့ကုန်သော ရဟန္တာတို့ထက် ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိသမားက မြတ်သည်- ဟု ပြဆိုပေသည်။

ပုဗ္ဗေ ၀ုတ္တခီဏာသ၀ါဒယော........(ပ).........ကမ္မဌာနံ ကထေဿတိ။
(၀ိသုဒ္ဓိ၊ ၁၊ ၉၅၊ ၀ိ၊ ဌ၊ ၂၊ ၂၂)
ပုဗ္ဗေ ၀ုတ္တခီဏာသ၀ါဒယောတိအာဒိ........(ပ)...........ဒဿနတ္ထံ အာရဒ္ဓံ။(၀ိသုဒ္ဓိ၊ ဋီ၊ ၁၊ ၁၂၀၊ သာရတ္ထ၊ ၂၊ ၂၀၃)

မှန်ပေသည်။ ရဟန္တာစသော ပုဂ္ဂိုလ်တို့သည် မိမိရထားခဲ့ဘူးသော တရားအားထုတ်နည်းကိုသာေ ဟာပြောပြသကြပေကုန်သည်။ တခြားနည်းကို မပြကြကုန်ပေ။ ပါဠိအဌကထာတို့၌ ဆုံးဖြတ်မှု့ ကျွမ်းကျင်သော ပရိယတ္တိသမားသည် ကြီးမာထင်ရှားသည့် ဆင်သွားရာ ကမ္မဌာန်း လမ်းကြောင်းကို လက်ညိုးညွန်ကာ ပြသကဲ့သို့ ဖြောင့်ဖြူးထင်ရှားသော ကမ္မဌာန်းလမ်းကြီးကို မတွေမဝေဘဲ ညွန်ပြနိုင်ပေသည်။

ထို့ကြောင့် အချို့သော ရဟန္တာပုဂ္ဂိုလ်ထက် ပါဠိအဌကထာ ကျွမ်းကျင်သော ပရိယတ္တိသမားက အလုပ်ပေး တရားဟောပြရာ၌ သာလွန်မြင့်မြတ်၏- ဟု ဆိုခြင်းဖြစ်ပါသည်။

အဌကထာ ညွန်ပြသည့် အတိုင်းဆိုလျှင် လောက၌ ရဟန္တာများကို ရှာဖွေရသည်မှာ မလွယ်ကူ လှပေ။ အကြောင်းမှာ ရဟန္တာတို့သည် အနေအထိုင် သိပ်သည်းကျစ်လစ်သောကြောင့်ြ ဖစ်ပါသည်။ ရဟန္တာမထေရ်၏ သပိတ်ကိုပိုက်၍ ရဟန္တာမထေရ်၏ သင်္ကန်းကိုဆွဲကိုင်ပြီး ရဟန္တာမထေရ်၏ နောက်က လိုက်နေသည့် ရဟန်းသည်ပင် ကိုယ့်ဆရာကို ရဟန္တာမှန်း မသိနိုင်ပါပေ။ ဤကဲ့သို့ အသိခက်လေသောကြောင့် ရဟန္တာတွေ၊ အရိယာတွေ၊ ဈာနလာဘီေ တွကို ရှာဖွေဖို့ မလွယ်ကူတော့ပေ။

ထို့အပြင် လောက၌ ရဟန္တာ ရဟန္တာ ဟု ကျော်ကြားနေသူများသည်လည်း သမ္မုတိ ရဟန္တာ များသာ ဖြစ်နေကြပေသည်။ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သူများ မဟုတ်ကြဘဲ လူတွေက ရဟန္တာ ဟု သမုတ်ထားသည့်၊ လူတွေက ရဟန္တာဟု ဘွဲ့ပေးထားသည့် သမ္မုတိ ရဟန္တာ များကိုသာ တွေ့ရပေသည်။

ထို့အပြင် လူအများက ရဟန္တာဟု ထင်ရလေအောင် သူတို့ကိုယ် သူတို့ ရဟန္တာ အမူအရာမျိုးဖြင့် ဟန်ဆောင်နေသည့် အယောင်ဆောင် ရဟန္တာများကိုလည်း တွေ့ရတတ်ပေသည်။ေ လာကကို လှည့်စားသော ရဟန္တာများ၊ နေ့မြင် ညပျောက် စားပေါက်ထွင်သည့် ရဟန္တာများ ဟု ဆိုလျင်လည်း မမှားနိုင်ပါပေ။

အဌကထာ ညွန်ပြသည့်အတိုင်းသာ ရှာဖွေရပါလျှင် အစစ်နှင့်လည်းတွေ့နိုင်ပေသည်။ အတုနှင့်လည်း တွေ့နိုင်ပေသည်။ သို့သော် ခေတ်ကာလ အနေအထားအရ အတုနှင့်သာေ တွ့ဖို့များပေသည်။ ထို့ကြောင့် ရဟန္တာတွေ၊ အရိယာတွေ၊ ဈာနလာဘီတွေကို ရှာဖွေမနေဘဲ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ရဟန်းတော်များထံ၌သာ နည်းခံသင့်လှပေသည်။

ပရိယတ္တိသမားထံ နည်းခံခြင်းသည် တရားထူး မရသည့်တိုင် သုဂတိဘ၀သို့တော့ ရောက်နိုင်ေ ပသည်။ ဤကား နောက်ဆုံးအဆင့်ကို ပြောခြင်းဖြစ်ပါသည်။ ထို့ထက် အယုတ်ဆုံးကို ပြောရပါလျှင် ပရိယတ္တိသမားထံ နည်းခံက အလိမ်ခံရခြင်းမှ ကင်းလွတ်နိုင်ပေသည်။ အလိမ်မခံရသည့် အကျိုးကို ရရှိဖို့ရန်အတွက် အာမခံချက်ပေးနိုင်သည်မှာ အသေချာဆုံး ဖြစ်ပါသည်။

သို့သော် ထို့ထက်မကပါ။ နှစ်ပေါင်း (၃၀) လုံးလုံး ရဟန္တာမဖြစ်မချင်း အမြဲငိုခဲ့ရသော မဟာနာဂ မထေရ်ကြီးသည် တောမထွက်ခင်က စာချဆရာတော်ဘ၀ဖြင့် ဂိုဏ်းကြီး (၁၈) ဂိုဏ်းကို အုပ်ချုပ် ခဲ့ရပေသည်။ ထိုမထေရ်ကြီးက ပုထုဇဉ်ပင် ဖြစ်သော်လည်း ထိုမထေရ်ကြီးထံ နည်းခံ၍ တရားကျင့်ရင်း ရဟန္တာဖြစ်သွားသူများမှာ အရေအတွက်အားဖြင့် သုံးသောင်းတောင် ရှိပေသည်။ ထို့ကြောင့် ပရိယတ္တိ အခြေခံရှိသော ဆရာသမားထံ နည်းခံခြင်းက အန္တရာယ်အကင်းဆုံး၊ စိတ်အချရဆုံး၊ အပေါက်မြောက်ဆုံး ဖြစ်ပါ၏။

ပရိယတ္တိ အခြေခံမရှိဘဲ ရဟန္တာဟု ကျော်ကြားနေသူများ၊ ရဟန္တာ ဟုထင်ကြေးပေးခံရသူများ၊ ရဟန္တာ ဟုဆိုကာ ပရိသတ်နှင့် တ၀ုန်းဝုန်း တရုန်းရုန်း သွားလာနေသူများသည် အဘယ်မျှ သက်တန်းကြာလိုက်ပါသနည်း။ အချိန်တန်တော့ အဖြေမှန်ပေါ်ကာ လူလိမ်ကြီးများ ဖြစ်သွားခဲ့လေတော့သည်။

ပရိယတ္တိအခြေခံ မရှိသူမှန်သမျှ စာပေလာ အသိဥာဏ်ကို မရရှိသောကြောင့် လိမ်ကောက်တတ်ကြပေသည်။ ပြသရာ၌လည်း နည်းမှန်း လမ်းမှန် မပြနိုင်ကြပေ။ အတ္တနောမတိများကို အရဲကိုး ပြရင်းပြရင်းဖြင့် အလွဲအကျိုး ဖြစ်သွားကြသည်ကများပေသည်။ ဒေသနာတော်သည် သဗ္ဗညုတအရာဖြစ်၍ စာတတ်ပေတတ် ကျမ်းဂမ်တတ် ဆရာတော်ကြီးများသည်ပင် သတိလက်လွတ်က လွဲမှားတတ်ပေသည်။

စာမတတ်ပေမတတ် အပြောခက်လှသည့် တောထွက်တောင်ပြန်တို့ဆိုလျှင်မူ ဆင်ကန်းတောတိုးသကဲ့သို့ မှားပြီးရင်း မှားရင်းသာ ဖြစ်နေပေတော့မည်။ ထို့ကြောင့် အလိမ်မခံရအောင် စာတတ်ဆရာတော်ကြီးများထံ နည်းခံထိုက်လှပါပေ၏။ ပရိယတ္တိကို ဆည်းကပ်ထိုက်ပါပေ၏။

ယောဂီတို့ ဆရာတင်မှား၍ အရှက်ကွဲခဲ့ရပေါင်းလည်း များလှချေပြီ။ ထို့သို့ ဆရာတင် မှားရခြင်းမှာ ယောဂီတို့ကအသိုင်းအ၀ိုင်းကို ကြည့်၍ တရားရှာတတ်သောကြောင့် ဖြစ်ပေသည်။

နာမည်ကြီးလျှင်ပြီးရော ပုံစံမျိုးဖြင့် အရမ်းကာရော ဆည်းကပ်တတ်သောကြောင့်  ဖစ်ပေသည်။ ထင်ပေါ်ကျော်ကြားမှု့နှင့် ဘွဲ့ထူး ဂုဏ်ထူးတို့နောက် တကောက်ကောက် လိုက်နေသောကြောင့်ဖြစ်ပေသည်။ တရားကို မကြည့်၊ လူကိုသာ ကြည့်နေသောကြောင့် ဖြစ်ပေသည်။

မူကိုမကြည့်၊ လူကိုသာ ကြည့်နေသောကြောင့် ဖြစ်ပေသည်။ အထူးအဆန်းများကို တရားဟု ထင်နေတတ်သောကြောင့် ဖြစ်ပေသည်။ ယာဂီတို့ ဆရာတင်မှား၍ တစ်သံသရာလုံး အလိမ်ခံခဲ့ရပေါင်းလည်း များခဲ့ပေပြီ။ြ မတ်စွာဘုရား သာသနာတော်နှင့် တွေ့ကြုံခိုက် စာပေကပေးသော အသိဥာဏ်ဖြင့် အလိမ်မခံရအောင် ဝေဖန်သင့်လှပေသည်။

ရိုးရိုးသားသားနှင့် နည်းမှန်လမ်းမှန် ပြသနေသည့် တည်ငြိမ်နေသော ရိပ်သာကြီးများသို့ ဆည်းကပ်သင့်လှပေပြီ။ မရိုးမသားဖြင့် အထူးအဆန်းများ လုပ်နေသည့် ပေါ်ပင်ဆရာကြီး များကို ရှောင်ရှားသင့်လှပေပြီ။ အထူးသဖြင့် ထိုပေါ်ပင်ဆရာကြီးများသည် အထူးအဆန်း များဖြင့် ယောဂီတို့ကို ဆွဲဆောင်နေပြီဆိုလျှင် ပရိယတ္တိအရည်အချင်းကို ကြည့်စေချင်ပါသည်။ ပရိယတ္တိအခြေခံ မရှိဘူးဆိုလျှင် သင်တို့ကို လိမ်တော့မည်။လိမ်နေမည်ဆိုတာ သေချာပေပြီ။

မြန်မာပြည်၌ ပေါ်ပေါက်ခဲ့ဘူးသော အထူးအဆန်းဖြစ်ရပ်များဖြင့် လိမ်လည်လှည့်စားခဲ့သူ မှန်သမျှကိုကြည့်လျှင် ပရိယတ္တိ မတတ်ကျွမ်းသူများကိုသာ တွေ့ရပေသည်။ ပရိယတ္တိလောက၌ လူလိမ်မရှိပါ။ ပရိယတ္တိသမားများသည် ရိုးစင်းကြပေသည်။ ကိုယ်ကျင့်တရားပျက်ပြားသူ ရှိချင်ရှိမည်။ ဒကာ ဒကာမတို့ကို မြှောက်ပင့်ပေးသူရှိချင်ရှိမည်။

ဒကာ ဒကာမတို့ကို အပါယ်ဆွဲချသူ မရှိ - ဟု ယုံကြည့်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ထင်ရလေအောင်၊ အရိယာဟု ထင်ရလေအောင်၊ အကြားအမြင် ရသူဟု ထင်ရလေအောင် အဆောင်အယောင်ကြီးတွေဖြင့် လောကကို လှည့်စားသူ ဟူ၍ ပရိယတ္တိလောက၌ တစ်ခါမှ မကြားဘူးခဲ့ပေ။

မိတ်ဆွေ၊ သင်သည် ပရိယတ္တိ အခြေခံမရှိဘဲ ကမ္မဌာန်းဆရာ လုပ်ချင်ပါမူ သင်ကိုယ်တိုင် ဆရာနည်းကျကျဖြင့် အရိယာဖြစ်အောင် အားထုတ်ပါ။ သို့တည်းမဟုတ် သင့်ဆရာထံမှ နည်းမှန် လမ်းမှန် ရထားသည့် နည်းနာ နိဿယများကိုသာ ပို့ချပါ။ သို့မဟုတ်ပါက သင်သည် မိမိအယူဝါဒ မိမိ အဆိုအမိန့်ကို ကြားညှပ်၍ ဟောပြောရင်းမှ သင့်ကိုယ်သင် မဟာစောရ ဖြစ်မှန်းမသိ ဖြစ်နေမည်ဆိုတာကို သင်သဘောပေါက်စေချင်ပါသည်။

ကိုယ်တစ်ယောက် မှားရုံသာမက သူတစ်ပါးကိုပါ အမှားခိုင်းသောကြောင့်ကမ္ဘာမှာ အယုတ်မာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်မှန်းမသိ ဖြစ်နေမည်ဆိုတာကိုလည်း သင်သဘောပေါက်သင့်လှပေသည်။ ထို့အပြင် အပါယ်ငရဲကို မလွဲမသွေရောက်ရှိတော့မည့် ငရဲသား လောင်းလျာကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့မည်
ဆိုတာကိုလည်း သင် သဘောပေါက်စေချင်ပါသည်။

အကောင်းဆုံးနည်းမှာ သင့်ကိုယ်သင် ပေါက်မြောက်သည်၊ မပေါက်မြောက် သည်ကို သင်ကိုယ်တိုင် အသိဆုံးဖြစ်ရာ သင့်ကိုသင် မပေါက်မြောက်ပါဘဲ ပေါက်မြောက်လေဟန်ဖြင့် ဆရာကြီး မလုပ်သင့်ခြင်းပင် ဖြစ်ပေသည်။ သို့မဟုတ်လျှင်မူ............။

အချို့သော ရဟန္တာတို့ထက် စာပေကျမ်းဂမ် တတ်ကျွမ်းသော ပရိယတ္တိဝန်ဆောင်
ပုဂ္ဂိုလ်က မြတ်သည်ဟု ဆိုထားသည်ကို ထောက်ဆ၍ ပရိယတ္တိသမားများကို မပစ်ပယ်သင့်ပေ။ ပရိယတ္တိကင်းသော ပဋိပတ္တိများကို အားမထုတ်သင့်ပေ။ ထို့ကြောင့် ပရိယတ္တိ၊ ပဋိပတ္တိ စွယ်စုံရသော တရားပြဆရာတော်ကြီးများအထံ၌ နည်းခံပါ - ဟု ထပ်မံ မှာလိုက်ပါရစေ။

စာဖတ်သူ အပေါင်းသူတော်ကောင်းတို့ဘယ်လိုဆရာကို သင်ဆရာတင်မလဲ.. ဆရာတင်နည်းလေး ပေးလိုက်ပါမည်။

(၁) ပရိယတ္တိ အခြေခံရှိခြင်း။
(၂) ကိုယ်ကျင့်သီလဖြူစင်မှု့ ရှိခြင်း။
(၃) စိတ်နေစိတ်ထား မြင့်မာခြင်း။

ဤ အင်္ဂါ (၃) ရပ်နှင့် ပြည့်စုံသူကို ဆရာတင်ကြစေချင်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးကို ဆရာတင်က စာဖတ်သူ ယောဂီတို့ လိုအပ်သည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုး ချမ်းသာမှန်သမျှ ခံစားရမည့် အပြင် စာဖတ်သူယောဂီတို့ အတောင့်တဆုံးဖြစ်သော အမြိုက်နိဗ္ဗာန်ကိုလည်း ဧကန်ထုတ်ချောက် မျက်မှောက်ပြုနိုင် ပေလိမ့်မည်။

ဆရာတင်မှားလျှင် တစ်သံသရာလုံး မှောက်သွားနိုင်သည်။ ထို့ကြောင့်ဆရာတင်ထိုက်သူ၊ ဆရာမတင်ထိုက်သူ။ဆည်းကပ်ထိုက်သူ၊ မထိုက်သူ ကို ဓမ္မပေတံဖြင့် တိုင်းတာကြည့်စေချင်သည်။ ပရိယတ္တိရွှေချိန်ခွင်ဖြင့် ချိန်ကြည့်စေချင်ပါသည်။

ကိုယ်အားထုတ်သည့် တရားက ဓမ္မလား၊ အဓမ္မလား၊ အပါယ်ရောက်ကြောင်းလား နိဗ္ဗာန်ရောက်ကြောင်းလား ဆိုသည်ကို သေချာသိအောင် ခွဲခြားဝေဖန်ဆန်းစစ်တတ်ပါစေ။ တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက်နှင့် လွှဲပါစေ......


 စာရေးသူ..အရှင်ဝရသာမိ

Monday, June 10, 2013

အမေ့ရဲ့ မျက်လုံးတစ်ဖက်


 အမေ့ရဲ့ မျက်လုံးတစ်ဖက်

ကျွန်တော့်အမေက မျက်လုံးတစ်ဖက်ပဲ ရှိတယ် … သူ့ကိုကြည့်ရတာ ကသိ ကအောက် ဖြစ်လွန်းလို့ ကျွန်တော် သူ့ကိုမုန်းတယ် … အမေဟာ အိမ်ရဲ့ ၀င်ငွေ အတွက် ပျံကျဈေးမှာ ဟင်းသီး ဟင်းရွက်တွေ ရောင်းရုံမက သူများ အိမ်တွေမှာပါ လုပ်လို့ရသမျှ တိုလီမိုလီ အလုပ်တွေလည်း အကုန်လိုက် လုပ်တယ် …


မှတ်မိပါသေးတယ် … ကျွန်တော် မူလတန်း ကျောင်းသား ဘ၀ တုန်းကပေါ့ … ကျောင်းစုံညီပွဲနေ့မှာ အမေကျောင်းကို ရောက်လာခဲ့တယ် … အဲ့ဒီမှာ ကျွန်တော် အရမ်းရှက်ပြီး အမေ့ကို မုန်းတီးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြေးထွက် လာခဲ့တယ် … နောက်နေ့ ကျောင်းရောက်တဲ့ အခါ သူငယ်ချင်းတွေက “ မင်းအမေက မျက်လုံးတစ်ဖက်ပဲ ရှိတာလား?? ” လို့ မေးပြီး လှောင်ပြောင် ကြတယ် … ကျွန်တော် အမေ့ကို ဒီကမ္ဘာပေါ်ကတောင် ပျောက်သွားစေချင်တဲ့ စိတ်တွေဖြစ်ခဲ့တယ် …

အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော်အမေ့ကို မေးခဲ့တယ် … “ အမေ့မှာ ဘာလို့ မျက်လုံး တစ်ဖက် မရှိရတာလဲ?? ကျွန်တော့်ကို တမင် အဟားခံရအောင် လုပ်နေသလိုပဲဗျာ …” အမေက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့တယ် … ကျွန်တော် ဆိုးဆိုးဝါးဝါး ခံစားလိုက်ရ သလိုပဲ … ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် အမြဲပြောချင် နေတဲ့ စကားကို ပြောလိုက်ရတဲ့ အတွက် စိတ်ထဲ ပေါ့သွားသလို ခံစားရတယ် … ဒါဟာ ဒီလိုပြောလိုက်တဲ့ အတွက် အမေ ကျွန်တော့်ကို ဘာမှ အပြစ်မပေးလို့ ဖြစ်နိုင်ပါတယ် .. ဒါပေမယ့် အမေ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားလိုက်ရမယ် ဆိုတာကိုတော့ ကျွန်တော် မတွေး မိခဲ့ဘူး …

အဲ့ဒီညမှာပဲ ကျွန်တော် ညတစ်ရေးနိုး ရေသောက်ဖို့ မီးဖိုချောင်ဘက် သွားတော့ ကျွန်တော်နိုးမှာစိုးလို့ အသံမထွက်ဘဲ တစ်ယောက်တည်း ကြိတ်ငို နေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … ကျွန်တော် ညနေက ပြောခဲ့မိတဲ့ စကားအတွက် ရင်ထဲမှာ ဆစ်ခနဲ ခံစားလိုက်ရလို့ သူမကို တစ်ချက်ကြည့်ပြီး ပြန်လှည့် ပြေးလာခဲ့မိတယ် … ဒါတောင်မှ မျက်လုံး တစ်ဖက်တည်းကပဲ မျက်ရည် ကျနေတဲ့ အမေ့ကို ကျွန်တော် မုန်းနေတုန်းပဲ … ဒါကြောင့် ကျွန်တော် ကြီးလာတဲ့အခါ ကြီးပွား ချမ်းသာစေရမယ်လို့ ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့တယ် … ဘာလို့လဲဆိုတော့ မျက်စိ တစ်ဖက်လပ်နေတဲ့ ကျွန်တော့် အမေနဲ့ မျှော်လင့်ချက် ကင်းမဲ့လောက်အောင် ဆင်းရဲနေတဲ့ အမေ့ရဲ့ အခြေအနေကို ကျွန်တော် မုန်းလို့ပဲ …

အဲ့ဒီနောက်မှာ ကျွန်တော်ဟာ စာကို အပြင်းအထန် ကြိုးစားခဲ့တယ် … ဒီလိုနဲ့ ကျွန်တော် ဘွဲ့ရပြီး ၀င်ငွေကောင်းတဲ့ အလုပ်တစ်ခုပါ ရခဲ့တယ် … မရှေး မနှောင်းမှာပဲ ကျွန်တော့် အကြောင်းမသိတဲ့ တစ်ခြားမြို့က ကျွန်တော့် ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး သူတို့မြို့မှာပဲ အိမ်တစ်လုံးဝယ်ပြီး အခြေချခဲ့တယ် … အခု ကျွန်တော့်မှာ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက် ရှိတဲ့အပြင် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် အဖြစ်ပါ ပျော်ရွှင်စွာ နေထိုင်နေနိုင်ပြီ ဖြစ်ပါတယ် … ဒီဘ၀မှာနေရတာ ကျွန်တော် အရမ်းပျော်ပါတယ် … ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်အမေကို ကျွန်တော် မေ့ထားနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်နေလို့ပါ …

တစ်နေ့မှာ ကျွန်တော့် သမီးငယ်လေးဟာ ကြောက်လန့်စွာ အော်ဟစ်ပြီး အိမ်ထဲ ပြေးဝင်လာပါတယ် … ကျွန်တော် အိမ်ရှေ့ ထွက်ကြည့်တော့ မမျှော်လင့် ထားတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတယ် … အဲ့ဒါ ကျွန်တော့် အမေပါ … အမေဟာ အရင်လို မျက်လုံး တစ်ဖက်လပ်နဲ့ ဖြစ်နေဆဲပါပဲ … “ ခင်ဗျား ဘယ်သူလဲ?? ကျွန်တော် ခင်ဗျားကိုမသိဘူး ” လို့ ကျွန်တော် မသိသလိုနဲ့ ပြောလိုက်ပါတယ် … အကြောင်းက ကျွန်တော့် မိန်းမနဲ့ ကလေးက ကျွန်တော့်နောက်မှာ ရှိနေလို့ပါပဲ … အမေဟာ တဒင်္ဂလောက် မှင်သက်သွားပြီးတဲ့နောက် “တောင်းပန်ပါ တယ်ကွယ် … အဒေါ် လိပ်စာ မှားသွားလို့ပါ” လို့ အလျင်အမြန် ပြန်ဖြေပြိး လှည့်ထွက် သွားခဲ့တယ် … အဲ့ဒီတော့မှ ကျွန်တော် စိတ်သက်သာရာ ရသွားတော့တယ် … အမေကျွန်တော့်ကို မသိသလို နေပေးသွားတော့ နောက်ဆိုရင် ဒီအကြောင်းနဲ့ ပတ်သက်ပြီး တွေးပူနေစရာ ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ …

တစ်နေ့ ကျွန်တော့်ဆီ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲအတွက် ဖိတ်စာ တစ်စောင် ရောက်လာခဲ့တယ် … ကျွန်တော်လည်း အလုပ်ကိစ္စနဲ့ ခရီးထွက် ရမယ်လို့ မိန်းမကို ညာပြီး ဇာတိမြို့လေးကို ထွက်လာခဲ့တယ် … ပွဲလည်း ပြီးရော ကျွန်တော်ငယ်ငယ်က ကစားနေကျ ကောက်ရိုးခင်းနားကို လျှောက်လာ ခဲ့တယ် … ကျွန်တော် လမ်းလျှောက် လာရင်းနဲ့ အေးစက်နေတဲ့ မြေပြင်မှာ လဲနေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … အမေ့လက်ထဲမှာ စာတစ်စောင် ဆုပ်ကိုင်ထားတာကိုတွေ့လိုက်ရတယ် … စာကို ဖောက်ဖတ် ကြည့်လိုက်တော့ …

"သားရေ …

အမေ့အသက်အရွယ်နဲ့ဆို ဒီဘ၀အတွက် နေရတဲ့အချိန်က လုံလောက် နေပါပြိ … ရှေ့ဆက်လည်း သိပ်နေရတော့မယ် မထင်ပါဘူး … သားရှိတဲ့ မြို့ကို အမေနောက်ထပ် မလာတော့ပါဘူး … ဒါပေမယ့် သားရယ် အမေ့ဆီ ကိုတော့ ခဏလောက် ဖြစ်ဖြစ် လာတွေ့ပါလား … အမေ သားကိုအရမ်းလွမ်း လို့ပါ … ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သားလာမယ်ဆိုတာ ကြားရ တော့ အမေအရမ်း ၀မ်းသာတာပဲ … ဒါပေမယ့် သားတို့ကျောင်းကို နောက် တစ်ခါ မသွားဖို့ အမေဆုံးဖြတ် ထားပါတယ် … အမေ့မှာ မျက်လုံး တစ်ဖက်ပဲ ရှိတာ သားကို အရှက်ရစေတဲ့ အတွက် အမေ စိတ်မကောင်းပါ ဘူးကွယ် …

သားသိရဲ့လား?? သားငယ်ငယ်တုန်းက မျက်လုံးကို မတော်တဆ ထိခိုက် မိပြီး သားမျက်လုံး တစ်ဖက် ပျက်စီးသွားတာလေ … အမေတစ်ယောက် အနေနဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ကြီးပြင်းလာရမယ့် သားရဲ့အဖြစ်ကို ဘယ်လို လက်ပိုက်ကြည့် နေနိုင်မှာတဲ့လဲ … အဲ့ဒါကြောင့် အမေ့မျက်လုံး တစ်ဖက် သားကိုပေးခဲ့တာပါ … သားလုပ်ခဲ့သမျှ ပြောခဲ့သမျှတွေအတွက် အမေ ဘယ်တော့မှ အပြစ်မယူခဲ့ပါဘူး … သားအမေ့ကို စိတ်ဆိုးတိုင်း အမေ့ကို ချစ်လို့ ပြောတယ်လို့ပဲ အမေတွေးခဲ့ပါတယ် … သားအမေ့ဘေးမှာ ရှိခဲ့တဲ့ အချိန်တွေကို အမေအရမ်း သတိရတာပဲ … သားကိုလည်း အရမ်းလွမ်း တယ် … အမေသားကိုချစ်တယ် … သားဟာ အမေ့ရဲ့ ကမ္ဘာပါ ... အခုတော့ လည်း အမေ့ ကမ္ဘာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါပြီကွယ် …

သားရဲ့ အမေ"

စာကိုဖတ်ပြီး ချိန်မှာတော့ ကျွန်တော့်အတွက် အသက်ရှင်နေတဲ့ အမေ့ အတွက် ကျွန်တော် ပထမဆုံးအကြိမ် ငိုကြွေးမိခဲ့ ပါတော့တယ် …


☂Thu Thu Lay☂

Sunday, June 9, 2013

ခေတ်ဆန်မှု နှင့် ခေတ်မီမှု


ခေတ်ဆန်မှု နှင့် ခေတ်မီမှု 

ခေတ်ဆန်သည် ခေတ်မီသည် ဆိုသော စကားများကို သာမန်အားဖြင့် ပြောဆိုနေကြ သော်လည်း အနှစ်သာရ အတိမ်နက်ကို မကွဲမပြား ဝေဝါးနေတတ်ကြပါသည်။
ခေတ်ဆန်သည် ဆိုသည်မှာ ဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက်သည်ထက် ပိုလွန်၍ အစွန်းရောက်၊ သရုပ်ပျက်ခေတ်ဆန်ခြင်းကို ဆိုလိုသည်။ အချို့သော သာသနာ့ ဝန်ထမ်း ရဟန်း သာမဏေတို့သည် ဟိရီ သြတ္တပ္ပကိုမျှ မစောင့်စည်းပဲ လမ်းသရဲဆန် ဆန် ပြုမှုနေထိုင်ကြသည်။

ခေတ်ကာလ ပေါ်လာသမျှ အတုကို ယူကြသည်။ ဝိနည်း၊ စည်းကမ်း၊ သာသနာ့စည်း ကမ်းများကို အလေးမထား ဘေးဖယ်ပစ်ကြသည်။ “သီချင်းဆို၊ လက်ပတ်နာရီပတ်၊ လ္ဘက်ရည်ဆိုင်ထိုင်၊ စတိတ်ရှိုးကြည့်၊ ကာရာအိုကေ ဝင်ဆို၊ လမ်းသွားရင်း စီးကရက် သောက်၊ ချဲနံပါတ်ပေး၊ ချဲထိုး၊ စက်ဘီးစီး၊ ကားမောင်း၊ သာသနာနှင့် မလျော်သော ဝတ်ဆင်ခြင်း၊ စီးနင်းခြင်း” စသော ရုပ်ပျက်ဆင်းပျက် သရုပ်ပျက် အပြုမှုများသည် ခေတ်ဆန်သော အပြုမှုများဖြစ်သည်။

အချို့မှာ ခရစ်ယာန်တွေ့လျှင် ခရစ်ယာန်ဓမ္မတေးကိုပင် လိုက်ဆိုကြသည်။ ဤသည်ကို ရည်ညွန်း၍ ရှေးဆရာတော်ကြီးတစ်ပါးက- ခေတ်ဆန်လျှင် ခရစ်ယာန်ဖြစ် ဟုဆိုခဲ့သည်။
ဤကဲ့သို့ သာသနာတော်နှင့် မလျှော်သော အစွန်းရောက် ခေတ်ပေါ်အပြုမှုမှန်သမျှ လိုက်လုပ်ခြင်းများကို ခေတ်ဆန်သည် ဟုဆိုလို ခြင်းဖြစ်သည်။ ဤခေတ်ဆန်ခြင်းမျိုးကို သာသနာ့ဝန်ထမ်း ရဟန်း သာမဏေများ မလုပ်သင့်ပါ၊ အတုမယူသင့်ပါ၊ အတုယူ၍ လိုက်လုပ်လျှင် သာသနာပျက်စီးရာ ပျက်စီးကြောင်းဖြစ်နိုင်ပါသည်။

တာဝန်ရှိသူ ဆရာသမားများက အဆိုပါ ခေတ်ဆန်သည့် တပည့်များကို ကြပ်ကြပ်မတ် မတ် ထိန်းသိမ်းပေးရမည်၊ ပြုပြင်ပေးရမည်။ သို့မှသာ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ- ဟူသော ဆရာ့ ကျင့်ဝတ် ကျေပွန်နိုင်ပါမည်။

တပည့်များကလည်း ဆရာသမား၏ ကောင်းရာကောင်းကြောင်း မပျက်စီးရာ မပျက်စီး ကြောင်း တိုးတက်ရာတိုးတက်ကြောင်း ဆုံးမပဲ့ပြင်မှုကို လေးလေးစားစား လိုက်နာမှ သာလျှင် ညီညာထကြွ ဆုံးမနာယူ- စသော တပည့်ကျင့်ဝတ် ကျေပွန်သော တပည့် ကောင်းများဖြစ်နိုင်ပါမည်။
လောက၌ ကြီးပွါးတိုးတက်မှု မှန်သမျှသည် များသောအားဖြင့် ကောင်းရာ ကောင်း ကြောင်း ညွှန်ပြဆုံးမမှုကို မှတ်သားနာယူ လိုက်နာခြင်းဖြင့်သာ ပြီးစီးရသည်။

လူငယ်တို့အတွက်ကား….. ဆုံးမနာယူခြင်းဖြင့်သာ ကိစ္စပြီးစီးရသည်။ ထိုကြောင့် ဆရာ သမားများကလည်း ပြောဆိုဆုံးမသင့်သည်ကို ပြောဆိုဆုံးမရမည်၊ လမ်းညွှန်ကောင်း ပေးရမည်၊ တပည့်များကလည်း ဆရာသမားများ၏ ဆုံးမပဲ့ပြင်မှု လမ်းညွှန်မှုတို့ကို ကျိုးနွံစွာ လိုက်နာကြရမည်။ သို့မှသာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ တိုးတက်ကြပေမည်။

အရောင်းအဝယ်မှားလျှင် တစ်ချက်ဒုက္ခရောက်မည်၊
လင်ယူမှားလျှင် တစ်သက် ဒုက္ခရောက်မည်၊
ဆရာမှားလျှင် တစ်သံသရာလုံး ဒုက္ခရောက်မည်။
အဇာတသတ်သည် ဆရာဒေဝဒတ်ကြောင့် ယနေ့တိုင်အောင် ဒုက္ခရောက်နေဆဲ ဖြစ် သည်။ ထိုကြောင့် ဆရာသမားများကလည်း ကောင်းရာ ကောင်းကြောင်း ညွှန်ပြရမည့် တာဝန်ရှိသည်။ တပည့်များကလည်း ဆရာ့စကားကို မြေဝယ်မကျ လိုက်နာဖို့ တာဝန် ရှိသည်။ သို့မှသာ ဆရာကောင်း တပည့်ပန်းကောင်းပန် ရမည် ဖြစ်သည်။

ခေတ်မီမှု
ခေတ်- ဆိုသည်မှာ မိမိပါဝင်ပတ်သတ်နေသော အခြေအနေနှင့် အချိန်အခါ ဖြစ်သည်။ မီ- ဆိုသည်မှာ ပြည့်မီခြင်း၊ ထိရောက်ခြင်း၊ ဝင်ဆံ့ခြင်း အထွတ်အထိပ်ရောက်ခြင်း ထပ်တူထပ်မျှ ဖြစ်ခြင်း နောက်ကျ မကျန်ခြင်း စသည်တို့ဖြစ်သည်။
ခေတ်မီ- ဆိုသည်မှာကား ခေတ်ကာလ အခြေအနေ ဒေသအခြေအနေ ဟူသော ကာလံ၊ ဒေသံနှင့် လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံးတတ်မှု၊ အံဝင်ခွင်ကျဖြစ်မှု အောင်မြင်အောင် ဆောင်ရွက်နိုင်မှု အများလက်ခံနိုင်အောင် ဆောင်ရွက်နိုင်မှု စသည် တို့ ဖြစ်သည်။

လောကုတ္တရာ အရေးပင်ဖြစ်စေကာမှု ကာလံဒေသံနှင့် လိုက်လျောညီထွေရှိဖို့ လိုအပ် သည်။
ဥပမာ- သမာပတ်ဝင်စားရာ၌ပင် လူ့ပြည်၌ဖြစ်လျှင် ၇-ရက်ထက် ပို၍မဝင်စားနိုင်၊ ဗြဟ္မာ့ပြည်၌ကား အလိုရှိသလောက် ဝင်စားနိုင်သည်။ အခြားသော လောကုတ္တရာရေး ရာတို့၌ လည်း ဆောင်း၊ နွေ မိုး- ကာလ၊ နံနက် နေ့ ည-ကာလ၊ လူ့ပြည် နတ်ပြည် စသော ဒေသ၊ မြို့ ရွာ တော စသော ဒေသ တို့အားလျော်စွာ လိုက်နာကျင့်သုံးရသည်။

ဤသည်ကို သမ္ပဇဉ်တရား ၄ပါးဟုလည်းကောင်း၊ ဌာနာဌာန ကောသလ္လဥာဏ်- ဟု လည်းကောင်း ကျမ်းဂန်များ၌ အဆိုရှိသည်။ ဖော်ပြခဲ့သည့်အတိုင်း လောကုတ္တရာရေး မှာပင် အခြေအနေနှင့် အချိန်အခါ လိုက်လျောညီထွေရှိဖို့ လိုအပ်သေးလျှင် လောကီ ရေးရာများ၌ကား အထူးပြောစရာ မလိုတော့ပေ။

သာသနာပြုရာ၌ လောကသား ရဟန်း ရှင် လူများအတွက်
ပရိယတ် = အသိ
ပဋိပတ် = အကျင့်များကို ဖြန့်ဝေပေးခြင်းဖြစ်၍ များသောအားဖြင့် လောကီရေးရာများ သာ ဖြစ်သည်၊ ဝေနေယျ စရိုက်နှင့် လျော်အောင် ဟောရသည်၊ ပြောရသည်၊ သိမ်းသွင်းရသည်။ လှေနံဓားထစ် တသတ်မတ်တည်း ကျင့်သုံး၍မရ၊ ဒူးနေရာ ဒူး၊ တော်နေရာ တော်၊ ကျင့်သုံးရသည်။
တရားဟောရာ၌လည်း မင်္ဂလာဆောင်မှာ အသုဘတရား ဟောလို့မရသလို ရှင်ပြုအလှူ ၌လည်း ကထိန်တရားဟောလို့ မသင့်မြတ်လှပေ။

ဘုရားရှင်သည်ပင် ဝေနေယျတို့၏ အဇ္ဈာသယနှင့် စရိုက်ကိုလိုက်၍ တရားဟောကြားရ သေးသည်။
စရိုက်ကို မသိပဲ နောင်တော်ဖြစ်သူ၏ အတင်းအကြပ် စာကျက်ခိုင်းမှုကြောင့် ရှင်စူဠပန် သည် တစ်ဂါထာမျှကိုပင် တစ်ဝါတွင်းလုံး ကျက်မရပဲ အချည်းနှီး ဖြစ်ခဲ့ရသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်ပင် ပန်းထိမ်သည် ဖြစ်ခဲ့ဖူးသော အမျိုးသား တစ်ယောက်အား ကမ္မဋ္ဌာန်းပေး မှားခဲ့မှုကြောင့် ထိုအမျိုးသား အချိန်ကုန်လူပန်း အကျိုး မရ ဖြစ်ခဲ့ရဖူးသည်။

စာသင်တိုက်များ စာသင် စာချရာ၌လည်း ခေတ်နှင့် အံဝင်ခွင်ကျဖြစ်အောင် သင်ကြား ပို့ချပေးဖို့ လိုအပ်သည်။ ယနေ့စာသင်သားတို့ကို ယနေ့စနစ်နှင့် သင်ကြားပေးမှသာ လျှင် ထိရောက်အောင်မြင်နိုင်သည်။ စာသင်သားက ယနေ့စာသင်သား စနစ်က လွန်ခဲ့ သော နှစ်ပေါင်း တစ်ထောင်ကျော်က စနစ်ဖြစ်နေလျှင် လူနှင့်မူ မကိုက်ညီခြင်းကြောင့် အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတတ်ပေ။

သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်း ဆင်လော့ စသော မူစနစ်မျိုးကား အချိန်တိုင်း၌ လိုအပ်သည်။ ယနေ့တိုင်အောင် ခေတ်မီနေသေးသည်။
ပေ၊ ကညစ်၊ ပုရပိုက်၊ မီးသွေးသုတ် သစ်သားသင်ပုံး၊ ကန့်ကူဆံစသော စနစ်များကို ယခုခေတ်လူများ မသုံးတော့၊ သုံးနေလျှင်လည်း ခေတ်မမီတော့ပေ။

သတိ သမာဓိ အားကောင်းသော ရှေးခေတ်က နားတခုတည်းကို အသုံးပြု၍ ညဉ့်မှောင်ထဲ၌ ညဝါ ပို့ချ ခဲ့သည်။ သူ့ခေတ် သူ့အခြေအနေနှင့် အောင်မြင်ခဲ့ပါသည်။
သတိ သမာဓိ အားနည်း လာသော ယနေ့ခေတ်၌ကား နားတစ်ခုတည်းကို အသုံးချရုံနှင့် မလုံလောက်တော့ပေ။

စကားလုံးတစ်သောင်း ပုံကောင်းတစ်ခု
“ စကားလုံးတစ်သောင်း ပုံကောင်းတစ်ခု” ဆိုသကဲ့သို့ မျက်စိရော နားရော နှစ်ခုလုံး အသုံးချလျက် နှုတ်ကလည်းပြော ဘောများ ပိတ်ကားများ ဇယားများဖြင့် ဆွဲဆောင် သင်ကြားနေမှုများက ပိုမိုအောင်မြင်နေသည်မှာ လက်တွေ့ပင်ဖြစ်သည်။

ရူပလောကေ ပန ဃာနာဒိတ္တယံ နတ္ထိ
ဆိုသည့်အတိုင်း ငါးဖြာအာရုံ ကာမဂုဏ်ကို မလိုလားသော ရူပဗြဟ္မာများသည်ပင် ဘုရားဖူးခြင်း တရားနာခြင်း စသောအကျိုးထူးလုပ်ငန်းများအတွက် မျက်စိနှင့်နား လိုအပ်နေသေးသည်။ စာသင်ကြားရာ တရားဟောရာတို့၌ မျက်စိနှင့်နား နှစ်မျိုးစလုံးကို အသုံးချဆွဲဆောင်မှသာ ပို၍ ထိရောက် အောင်မြင်နိုင်ပါသည်။

သာသနာပြုလုပ်ငန်းလုပ်ရာ၌ ကာလံ ဒေသံနှင့် ကိုက်ညီအောင် ပြုလုပ်မှသာ အောင် မြင်သော သာသနာပြု လုပ်ငန်းဖြစ်နိုင်သည်။ ယနေ့ခေတ်အခါမှာ ရှိနေသော ပုဂ္ဂိုလ်များ ကို မိမိအလိုသို့ ပါအောင် သိမ်းသွင်းရာ၌ ယနေ့အခြေအနေ ယနေ့အချိန်အခါနှင့် ကိုက် အောင် သိမ်းသွင်းရမည်။ ဤသည်ကို ခေတ်မီသည် ဟုဆိုသည်။ ခေတ်နှင့်လျော် အောင် သိမ်းသွင်းနည်းမျိုးကို ဆိုလိုသည်။ သာသနာနှင့် မလျော်သော ခေတ်ဆန်မှုမျိုး ကို ဆိုလိုသည်မဟုတ်။

သာသနာသက်တမ်း သတ်မှတ်ရာ၌--- သာသနာ ၅၀၀၀ စသောသတ်မှတ်ချက်သည် အချိန်တိုင်း နေရာတိုင်း မကိုက်ညီနိုင်၊ ဤသတ်မှတ်ချက်မျိုးသည် ခေတ်မီသော သတ် မှတ်ချက်မျိုး မဖြစ်နိုင်ပေ။
“ ကောင်းစွာ ကျင့်ကြံနေသမျှ ဤလောက၌ ရဟန္တာ မဆိတ်သုဉ်း” ဟူသော ဒီဃ နိကာယ် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သော သတ်မှတ် ချက်သည် မည်သည့်အခြေအနေ မည်သည့်အချိန်အခါမဆို ကိုက်ညီနေသည်။ ခေတ်မီ သော သတ်မှတ်ချက်ဖြစ်သည်။

စာပေသင်ကြားခြင်း စီမံခန့်ခွဲခြင်း ဆက်ဆံခြင်း ဟောပြောခြင်း ရေးသားခြင်း ထိန်းသိမ်း ခြင်း စသော အရာခပ်သိမ်း၌ လက်ရှိခေတ်အခြေအနေနှင့် မဆန့်ကျင့်နေသမျှ လိုက် လျောညီထွေဖြစ်နေသမျှ ခေတ်မီသည်ဟု ဆိုရမည်။ ခေတ်နှင့် ဆန့်ကျင်နေလျှင် ခေတ် နှင့် အံမဝင်လျှင် ခေတ်နောက်ကျနေမည်သာဖြစ်သည်။ ခေတ်မမှီပဲ ခေတ်နောက်ကျ နေသူသည် လက်ရှိခေတ်၌ အောင်မြင်အောင် သာသနာပြုနိုင်မည်မဟုတ်။

အင်္ဂလိပ်ဘာသာကို နားလည်သူကို အင်္ဂလိပ်ဘာသာဖြင့် သာသနာပြုရမည်။ ဂျပန် ဘာသာကိုသာ နားလည်သူကိုလည်း ဂျပန်ဘာသာဖြင့် သာသနာပြုရမည်။ အင်္ဂလိပ်စာ၊ ဂျပန်စာ စသည့် နိုင်ငံခြားဘာသာရပ်များ သင်ယူသူတိုင်းကို ခေတ်ဆန်သောအလုပ် သာသနာဖျက် အလုပ် ဟု မဆိုသင့်ပေ။

အရာရာတိုင်း၌ ဝင်ဆန့်သူ အမြင်ကျယ်သူများကို ခေတ်မီသူများဟု ဆိုရပေမည်။
မြင်မှ-
မြင် မမြင်ကို
မြင်သည်
ဟု ဆိုသော ဝပ္ပထေရဂါထာ စကားကဲ့သို့ မျက်စေ့ကောင်းသူသည် မျက်စေ့ကောင်းသူ မကောင်းသူ အားလုံးကို မြင်နိုင်သည်။

သိမှ
သိ မသိကို
သိသည်
ဟူသော ဒီပဲရင်းဆရာတော် အဆိုကဲ့သို့
အသိညဏ်ရှိသူသည်
အသိညဏ်ရှိသူ မရှိသူ
အားလုံးကို သိနိုင်သည်။

အမြင်ကျယ်သူသည်သာ အရာရာ၌ ဝင်ဆံ့နိုင်သည်။ အမြင်ကျယ်သည့်အတိုင်း အခြေအနေနှင့် အချိန်အခါ ကိုက်ညီအောင် ဆောင်ရွက်တတ်သူသည် ခေတ်မီသူ ဖြစ်သည်။
အမြင်ကျဉ်းမြောင်းလျက် လောကကို အရွဲ့တိုက်ပြီး အခြေအနေနှင့် အချိန်အခါ ကိုက် ညီအောင် မဆောင်ရွက်တတ်သူသည်ကား ခေတ်မီသူမဟုတ် ခေတ်နောက်ကျသူ သာဖြစ်သည်။ လောက၌ ဝင်ဆံ့မည် မဟုတ်၊ လောကအပြင်ဘက် ရောက်နေမည်သာ ဖြစ်သည်။

ထိုကြောင့်
၁။ ပရိယတ်ဖြင့် သာသနာပြုသည်ဖြစ်စေ
၂။ပဋိပတ်ဖြင့် သာသနာပြုသည် ဖြစ်စေ
အမြင်ကျယ်သူ၊ ခေတ်မီသူဖြစ်မှသာ မိမိ၏ သာသနာပြုလုပ်ငန်း အောင်မြင်မည်ဖြစ် ကြောင်း တင်ပြရင်း… “ ခေတ်ဆန်မှုနှင့် ခေတ်မီမှု” ဆောင်းပါးကို နိဂုံးချုပ်အပ်ပါ သတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ
(၂၀၀၂-ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ မစိုးရိမ်ပရိယတ္တိစာသင်တိုက်၊ ရွှေရတု မော်ကွန်းစာစောင်နှင့် ၂၀၀၃-ခုနှစ် ဇန်နဝါရီလထုတ်၊ မြတ်သတိဝါဒီ သဒ္ဓမ္မမဂ္ဂဇင်းတို့မှ)

http://www.inseinywama.info

Saturday, June 8, 2013

မဟာသန္တိသုခ သာသနာပြု ကျောင်းတော်ကြီး (၂)


 
မဟာသန္တိသုခ ပြည်ပသာသနာပြု ကျောင်းတော်ကြီး ဘယ်လဲ၊ ဘာလဲ

လက်ရှိမဟာသန္တိသုခကျောင်းတော်ကြီး ဦးဆောင်၍ မင်္ဂလာဧည်ခံပွဲ ခြိမ်းခြိမ့်သဲ နေ့ကောည ပါ ကျင်းပကာ ဝင်ငွေရှာနေတဲ့ ကျောင်းတော်ကြီး အကျိုးဆောင်များက ကျောင်းတော်ကြီးမှာ
 ကြွေးများဝိုင်းနေ၍ သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော် သံဃနာယကကို ထိုးအပ်းလိုက်ရကြောင်း ၊ အကယ်၍ ကြွေများကို ဆရာတော်ကြီးမှ ပေးဆပ်နိုင်လျှင် ကျောင်းတော်ကြီးကို ဆရာတော်ကြီးဆန္ဒအတိုင်း ပြန်လှူဒါန်းမည်ဖြစ်ကြောင်းလည် ကြားရသေးပါတယ်။

ကြံကြံဖန်ဖန်ဗျာ မကြားစဖူးကြားရသေးတယ်။  မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း မှာ  ကြွေးတင်ရတယ်လို့၊  မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ကြွေးတွေဝိုင်းနေတယ်ဆိုတာ မဟာသန္တိသုခ တစ်ကျောင်းပဲ ရှိမယ်ထယ်ပါတယ်။ ကျန်တဲ့ပုဂ္ဂလိကျောင်းတွေမှာဆို တစ်နှစ်နဲ့တစ်နှစ်  တိုးတတ်လာတာကိုပဲတွေ့ရပါတယ်။ စားရေးသူရဲ့ မိတ်ဆွေ မန္တလေးက ဓမ္မဓရကျောင်းဆိုရင် သုံးနှစ် အတွင်း  ကျောင်းဆောင်ပေါင်း ၃၅-ဆောင်တည်ဆောက်ပြီးသည်ဟုဆိုပါတယ်။ ကျောင်းအသုံး
အဆောင်များကလည်း ပြည့်ပြည့်စုံစုံပါပဲ။

အမှန်တကယ်ကြွေးရှိတယ်ဆိုရင်တောင် ကျောင်းတော်ကြီး စတင်ဖွင့်လှစ်တာ ၁၂-နှစ်တောင်ရှိပြီးပဲ၊ မှန်မှန်ကန်ကန် သာသနာပြုလုပ်ငန်း ၊ သာသနာအကျိုးကို မျှော်ကိုးလုပ်မယ်ဆိုရင်   မြန်မာပြည်က ဒကာတွေ လက်မနှေးပါဘူး လှူဒါန်းလို့ ကြွေးကျေလောက်ပါပြီဗျာ။

စာရေးသူ စဉ်းစာမိတာကတော့ သွားလေသူ ရာသက်ပန် မဟာသန္တိသုခကျောင်းဒကာကြီး ၊ တမလွန်ဘဝကနေ လာခွင့်ရမယ်ဆိုရင် ခဏလောက် လူပြည်ပြန်လာပြီး  သူ့တပည့်တွေကို 
“ မောင်းမင်းတို့  သာသနာကို ခုတုံးလုပ်ပြီး မဟုတ်တာမလုပ်နဲ့၊ တစ်ဘဝဆိုတာ ခဏပဲ၊ ခု ငါ့သာကြည့်ပေတော့လို့” တရားလာချပေစေချင်တယ်ဗျာ။

အင်း… ပြောမယ့်သာ ပြောရတာ သွားလေသူ ရာသက်ပန်းကျောင်းဒကာကြီးလည်း ၊ ရောက်ရာဘုံဘဝမှ ဒုက္ခတွေ ပင်လယ်ဝေနေလို့  “ဒု၊သ၊န၊သော”  တို့လို တစ်လုံး တစ်ပါဒလောက်တောင်    ပြောခွင့်ရမယ်မထင်ပါဘူး။

သမ္မတ ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ Clean Government , Good Government ဆိုကြေညာပြီး တက်လာပါတယ်။ ဒါအပြင် ဌာနတိုင်းမှာလည်း ထင်သာ၊မြင်သာရှိရမယ်ဆိုပါတယ်။

 အဘယ်ကြောင့် သာသနာရေးဦးစီးဌာနနှင့်နိုင်ငံတော်သံဃနာယကတို့မှာ  ထင်သာမြင်သာ
 မရှိသေးတာလည်းဆိုတာ စဉ်းစားလို့မရပါဘူး။

အမှန်တယ်ဆို
သာသနာရေးဦးစီးဌာနမှာ တာဝန်တွေများလှပါတယ်။ ရန်ကုန်၊မန္တလေး သာသနာ့တက္ကသိုလ်ကြီးရယ်၊ မင်းဓမ္မကုန်းက ထေရဝါဒ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ရယ်၊  ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွေရယ်။ အခြား ဘာသာခြားကိစ္စတွေရယ် များပြာလှပါတယ်။  မိမိတို့ဌာနက ထိထိရောက်ရောက် မဆောင်ရွက်နိုဘူးဆိုရင်  ထိရောက်စွာ ဦးစီးဦးဆောင်ရွက်နိုင်တဲ့  ဆရာတော်များကို  တာဝန် ခွဲဝေပေး သင့်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကများဆိုလည်း အသက်ကကြီးတာက တကြောင်း၊  ကိစ္စဝိစ္စများတာက တကြောင်းဆိုတာ  သာသနာပြုကျောင်းတွေကို လှည့်မကြည့်နိုင်ပါဘူး။

 နိုင်ငံခြားတိုင်းပြည်တွေမှာဆို ဌာနတိုင်းကို အစိုးရက မကိုင်တော့ပါဘူး ၊ အချို့ အဆောက်အဦးတွေကို
ပုဂ္ဂလိကကုမ္ပဏီများအား ငှားရမ်းထာပြီး ၊ ပညာရေးဆိုင်ရာတက္ကသိုလ်များကိုလည်း ဆိုင်ရာတက္ကသိုလ်အကြီးအကဲများအား  လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပါတယ်။

တိတိကျကျပြောရရင်…ဒီကျောင်းတော်ကြီးကို နဝတအစိုးရလက်ထက်က ဗိုလ်ချုပ်မှူကြီးသန်းရွှေ ကိုယ်တိုင် ပီနန်ဆရာတော်ကြီးကို ရေစက်ချလှူထားပြီးဖြစ်ပါတယ်။

သတင်းစာအဟောင်းတွေ ပြန်ကြည့်မယ်ဆိုရင် ဓာတ်ပုံနှင့်တကွ တွေ့နိုင်ပါသေးတယ်။  အဲဒီတုန်းးက ဦးသန်းရွှေက ကျောင်းတော်ကြီးကို သဘောကျလို့ တကယ်လို မြေနေရာ ကျဉ်းနေဦးမယ်ဆိုရင် ကပ်လျှက်ရှိတဲ့ နတ်ချောင်းကိုပါ ၊ တိုးချဲ့လှူဒါန်းပေးဖို့ လျှောက်ထား သွားပါသေတယ်။

ဒီနတ်ချောင်းလေးကလည်း ငွေကြေအကုန်အကျခံကာ ပြုပြင်မယ်ဆိုရင် သာယာလှပတဲ့ စမ်းချောင်းလေးပါပဲ။

စာရေးသူတို့ ၂-နှစ်တာ သင်တန်းကာလ  ဘယ်မဟန၊ ဘယ်သာနာရေးကမှ ဝင်မစွက်ပါဘူး ဆရာတော်ကြီးရဲ့ ဩဝါဒကိုပဲ ခံယူကာကျောင်းတော်ကြီးလည်ပတ်ခဲ့ပါတယ်။ စာရေးသူတို့ သင်တန်း ၂-နှစ်တာကာလအပြီးမှာတော့ ဘာတွေဖြစ်ကုန်းသလဲ ဆိုတာကတော့

 မဟာသန္တိသုခ ဘယ်လဲ၊ဘာလဲ အပိုင်း- ၃ ၊ကို မတင်ပြခင် ဦးစွာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်းများကို ရိုသေစွာ ခြေတော်ဦးခိုက်ကန်တော့လိုက်ပါတယ်ဘုရား။  ဆရာတော်ကြီးများဟာ စာရေးသူထက် စာပတ်ပေတတ် ၊အကျော်အမော်များဖြစ်သလို၊ အသက်သိက္ခာ ဂုဏ်အားဖြင့်လည်း ကြီးမြင့်သူများလည်းဖြစ်ပါတယ်။

စာရေးသူဟာ ငယ်ငယ်ကတည်းက ၊ မိဘ၊ဆရာသမားများ သွန်သင်ဆုံးမထားလို့ ကိုယ့်ထက်အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို  မဝေဖန်ရဲပါဘူး၊ ယုတ်စွ သူများတွေ ဝေဖန်တဲ့စာတွေ့ရင်တောင် စိတ်ထဲမှာ မသာမယာဖြစ်မိပါတယ်။

ယခု စာရေးသူ တင်ပြမည့်အကြောင်းအရာများကလည်း ဝေဖန်တာမဟုတ်ပဲ။
 သား၊သမီးက  မိဘကို ၊ တပည့်မှ ၊ဆရာသမားကို ပွင့်ပွင့်လင်းလင်း အမြင်ကို တင်ပြခြင်းဖြစ်ပါတယ်။

အောက်ပါ နိုင်ငံတော်သဃမဟာနာယက ဆရာတော်ကြီးများရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ရတော့ စာရေးသူ  တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တကယ်ပဲ ၊ မဟနဆရာတော်ကြီးများ မဟာသန္တိသုခအကြောင်းကို ဖြစ်ကြောင်းကုန်စင်ကို အကုန် မသိတာလား၊ သို့မှမဟုတ် ခုနိုင်ငံရေးလောကမှာ ခေတ်စားနေတဲ့  နိုင်ငံရေးရှုပ်ထွေးအောင် ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့ နောက်က ဆရာတော်များကို သွေးထိုးလှုပ်ဆော်ပေးနေသူများ ရှိနေသလားဆိုတာလည်း သံသယဖြစ်မိပါတယ်။

မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ အပြောင်းအလဲကာလမှာ  ပြဿနာဖြစ်အောင် နောက်က သွေးထိုး လှုပ်ဆော်ပေးနေသူများကလည်း အများသား။ 

ဘာသာရေးပဋိပက္ခနေ နိုင်ငံရေးအသွင်ဖန်တီးနေသူများလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။

နိုင်ငံတော် သံဃမဟာနာယကဆရာတော်များဆုံးဖြတ်ချက်ကို ဖတ်ကြည့်ပါဦး။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာကကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊ ကမ္ဘာအေးကုန်မြေ၊ ရန်ကုန်မြို့
စာအမှတ် ၀၄၅။ ၄၇-၁၂။၃။ သာ-မ ဟ န
ရက်စွဲ၊ ၁၃၇၅-ခု တန်ခူးလပြည့်ကျော် ၁- ရက်
 ( ၂၀၀၃-ခုနှစ် ဧပြီလ ၁၆ ရက်)

ဆက်ကပ်ပါရန်
ဥက္ကဋ္ဌဆရာတော် တိုင်းသံဃနာယကအဖွဲ့
ကြားတောရလမ်း၊ ဗဟန်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
အကြောင်းအရာ။    ။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခကျောင်းတော်ကြီးကိစ္စ။

၁။ မဟာသန္တိသုကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဦးပညာဝံသမှ ပြန်လည်တောင်းခံလာခြင်းနှင့် စပ်လျဉ်း၍ ( ၁၇-၃-၂၀၀၃) နေ့တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
 ( ၄၇) ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေးက ဖော်ပြလတ္တံ့အတိုင်း ဆုံးဖြတ်ခဲ့ပါသည်ဘုရား -

ဆုံးဖြတ်ချက်

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားသော တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးအား ပြန်လည်ထိန်းသိမ်း လွှဲအပ်စောင့်ရှောက်ခွင့်ပြုပါရန် လျှောက်ထားခြင်းကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်၍ နိုင်ငံတော် အကြီးအကဲများက နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးအား ရေစက်ချလှူဒါန်းပြီးဖြစ် ၍ ပေးခွင့်မရှိကြောင်း ဆုံးဖြတ်ရန်။

၂။ သို့ဖြစ်၍ အထက်အပိုဒ် (၁)ပါဆုံးဖြတ်ချက်ကို သိရှိနားလည်ပါရန်နှင့် လိုအပ်သလို ဆက်လက် ညွှန်ကြားဆောင်ရွက်သွားပါရန်အကြောင်းကြား လျှောက်ထားအပ်ပါသည်ဘုရား။

ဘဒ္ဒန္တဂုဏိကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်

မိတ္တူကို ….

နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သံဃမဟာနာကအား ရေစက်ချလှူဒါန်းပြီးဖြစ်လို့ ပီနန်းဆရာတော်အား ပြန်လည်လွှဲအပ် မပေးနိုင်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။

လှူဒါန်းသူ နိုင်ငံတော်အကြီးအကဲများလည်းသက်တော်ထင်ရှားရှိပါသေးတယ်ဗျာ။  သူတို့ကိုတောင် သက်သေထူပြီး ပြန်တောင်းရမလိုဖြစ်နေတယ်။

ကျောင်းတော်ကြီး ပေါ်ပေါက်လာပုံ အကျဉ်းပြောရရင် .. ပီနန်ဆရာတော်ကြီး ပြည်ပသာနာပြု နှစ်ပေါင်းလေးဆယ်ကျော်ကြာမှာ နိုင်ငံတော်အစိုးရမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် လှူဒါန်းလို့ မြန်မာပြည် ပြန်လာခိုက် နိုင်ငံတော်အကြိးအကဲများမှ ဆရာတော် သီတင်းသုံးဖို့ ကျောင်းဆောက်လှူ လိုကြောင်းလျှောက်ထားလာပါတယ်။  ထိုအခါ  ဆရာတော်ကြီးမှ ငါ့အတွက်ထက် သာသနာအတွက် အကျိုးရှိမယ့် ပြည်ပသာသနာပြုသင်တန်းကျောင်း
 ဆောက်လှူရင်ကောင်းမယ်လို့ အမိန့်ရှိတာကြောင့် ဆရာတော်ဆန္ဒအရ ဒီကျောင်းတော်ကြီးဖြစ်လာတာပါ။

 နောက်ပိုင်းမှာ ဘယ်လို နိုင်ငံတော်သံဃနာယကဆရာတော်များအား ရေစက်ချလှူဒါန်းသလဲဆိုတာ မပြောတတ်တော့ပါဘူး။ နိုင်ငံတော်သံဃနာယကဆရာတော်များ
မှာလည်း သူတို့ စိတ်တိုင်းကျ ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို့ ၊  နောက်ကဖိအားပေးမှုတွေနဲ့ ဆုံးဖြတ်ရတယ်ထင်ပါတယ်။

မြန်မာနိုင်ငံကြီးပြောင်းလဲပြီး ဥပဒေစိုးမိုးပြီဆိုပေမယ့် မျက်နှာကြည့်ဆုံးဖြတ်ရတဲ့ အမှုကိစ္စတွေ ကလည်းတော်တော်များသား။

စာရေးသူဟာ  ဝိနည်းဓိုရ်ဆရာတော်မဟုတ်လို၊ ၊ နိုင်ငံတော်သံဃနာယက လုပ်ထုံးလုပ်နည်းများ
 ကောင်းကောင်း နားမလည်းပါဘူး။ သို့သော်လည်း ဒီနေရာမှာ ငါသာ မဟန ဆရာတော်ဆိုရင်ဆိုတဲ့ အတွေးလေးဝင်လာပါတယ်။

စာရေးသူတို့ ဗုဒ္ဓဟာ နုစဉ်ဘဝကတည်းက ဒါနပါရမီကို အဓိကထားဖြည့်ခဲ့ပါတယ်။ မျက်လုံးတွေ ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊အသွေးတွေ၊အသားတွေလည်း ဘဝပေါင်းများစွာလှူးဒါန်းခဲ့ပါတယ်။ သား၊သမီး၊ဇနီးမယာတွေးလည်း ဘဝများစွာ စွန့်လှူခဲ့ဖူးပါတယ်။  မဟနဆရာတော်များနှင့် စာရေးသူတို့ဟာ ဘုရားသားတော်တွေပါ။ ဘုရားလောင်းစိတ်ဓာတ် ၊ဘုရားစိတ်ဓာတ်ကို မွေးမြူရပါမယ်။ ဗုဒ္ဓဟာ တောင်းလာသူရှိရင် ဘယ်တော့မှ  လက်တွန့်လေ့မရှိပါဘူး၊  ပေးကမ်း စွန့်ကြဲလေ့ရှိပါတယ်။

ဒါကြောင့် ငါသာ မဟနဆရာတော်ဆိုရင် မဟာသန္တိသုခကျောင်းတော်ကြီးကို ပြန်တောင်းလာသူ ပီနန်ဆရာတော်ကို ဗုဒ္ဓရဲ့ ဒါနဥပဒေသနဲ့အညီ  ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်မှာပဲ။  ပီနန်းဆရာတော်ကြီးလည်း ဒီကျောင်းကို ရောင်းစားဖို့ ပြန်တောင်းတာမှမဟုတ်ပဲ၊ သူတတ်စွမ်းသမျှ သာသနာပြုဖို့ ၊ပြန်တောင်းတာပဲလို့ပဲယုံကြည်တယ်လေ။

 မဟန ဆရာတော်ကြီးများ ဒီလိုသာဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံ သံဃာလောကမှာ သိက္ခာကျနေတဲ့ မဟနအဖွဲ့အစည်းဟာ ၊ သံဃာတော်များရဲ့ အားကိုးရာ၊အားထားရာဖြစ်လာမှာပါ။

ဒီနေရာမှာ တရားရေးရာ သဘေားထားချင်းတူညီလို့ စာရေးသူနေတဲ့  ကနေဒါနိုင်ငံ တရားသူကြီးဆုံးဖြတ်ချက်ကို အကျဉ်းမျှ တင်ပြပါရစေ..။

ကနေဒါကိုရောက်နေတဲ့ မြန်မာမိသားတစ်စုမှ  မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ တူနှစ်ယောက်ကို မွေးစားပြီး ကနေဒါကိုခေါ်ဖို့ ကြိုးစာနေပါတယ်။ ရှေးနေများနဲ့လုပ်တာဆိုတာ့ တော်တော်လည်း ခရီးပေါက်နေပါပြီ။

 သို့သော်လည်း  မွေးစားပုံစည်းကမ်းဥပဒေဟာ အနောက်နိုင်ငံတွေမှာ တော်တော် တင်းကြပ်ပါတယ်။ မြန်မာနိုင်ငံလို့ ပါစပ်နှင့်ပြောကာ မွေးစားလို့မရပါဘူး။ ဒါကြောင့်တရားသူကြီးက ပထမတကြိမ်သူရဲ့ တူနှစ်ယောက် မွေးစားစမွန်စာကို ပယ်ချလိုက်ပါတယ်။

ထို့နောက်  အယူခံဝင်ဖို့ နောက်တစ်ပတ်ရုံးချိန်မှာ သင်မွေးစားပါတယ်ဆိုတာကို  သက်သေခိုင်မာစေဖို့ ၊ မြန်မာကွန်မြုနတီမှ ယုံကြည်လေးစားလောက်တဲ့ သူတစ်ယောက်ကို ခေါ်ခဲ့ပါဆိုလို့ စာရေးသူ တရားသူကြီးရုံးကို လိုက်သွားရပါတယ်။

တရားသူကြီးက တရားခံ၊သက်သေများရဲ့ ထွက်ဆိုချက်အားလုံးကိုနားထောင်ပြီး

 “ ဆင်းရဲတဲ့ မြန်မာနိုင်ငံက ကလေးနှစ်ယောက် အဘယ်ကြောင့် ကနေဒါနိုင်ငံ လာခွင့်မရှိရမှာလဲ” လို့ လူသားချင်း စာနာခြင်းဆိုရာ ဥပဒေဖြင့်  ကလေးနှစ်ယောက် ကနေဒါလာခွင့်ကို ဆုံးဖြတ်လိုက်ပါတယ်။

အမှန်တကယ် ဒီကလေးနှစ်ယောက်ဟာ ကနေဒါဆိုင်ရာ မွေးစားသာ ဥပဒေနဲ့ဆို ဘယ်လိုနည်းနဲ့မှ ကနေဒါကိုလာလို့ မရပါဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူးပေါ့။ သို့သော်လည်း တရားသူကြီးက ပညာသားပါပါ ဥပဒေကင်းလွှတ်အောင် ၊ အဘယ်ကြောင့် ဆင်းရဲ့တဲ့နိုင်ငံက ကလေးနှစ်ယောက် ကနေဒါကို လာခွင့်မရှိရမှာလဲလို့ ဆုံးဖြတ်လိုက်ပါတယ်။

စာရေးသူဟာ တရားသူးကြီးရဲ့  ဆုံးဖြတ်ချက် သဘောကျလွန်းလို့ သာဓုခေါ်မိပါတယ်။ တူနှစ်ယောက်ကို စပွန်ဆာလုပ်တဲ့ မိသားစုတော့ ဘယ်လောက်ဝမ်းသာမလဲဆိုတာ တွေးတာကြည့်ပါတော့။

ခုလည်း ပီနန်ဆရာတ်ာကြီး မဟာသန္တိသုခကျောင်းတော်ကြီးပြန်တောင်း ဆိုးတဲ့ကိစ္စမှာလည်း နိုင်ငံတော်အကြီး အကဲများမှ နိုင်ငံတော်သံဃနာယက ဆရာတော်များအား ရေစက်ချလှူဒါန်းသည်ထားဦးတော့ ၊ အဘယ်ကြောင့်သာလျှင် ဗုဒ္ဓ၏ ဒါနဥပဒေသဖြင့် ပီနန်ဆရာတော် ဦးပညာဝံသအား ပြန်လှူဒါန်းခွင့်မရှိသလဲ၊

 ပြန်လည်လှူဒါန်းလိုက်မယ်ဆိုရင် လူသာဓုခေါ် ၊နတ်သာဓုခေါ်မှာ အမှန်ပါပဲ။ ထို့ထက်  ပိုပြီး ဝမ်းသာသွားမှာက သက်တော်ရှစ်ဆယ်ကျော်သက်တော်ရှည် ကမ္ဘာသာသနာပြု စင်္ကာပူ၊ပီနန်ဆရာတော်ဘုရားကြီးပင်မဟုတ်ပါလားဘုရား။

ပီနန်ဆရာတော်ကြီးနှင့်မဟနဆရာတော်ကြီးများ ကျန်းမာချမ်းသာပါစေ..
ခြေတော်ဦးခိုက် ကန်တော့လိုက်ပါတယ်ဘုရား။

တန်းဖိုးမဖြတ်နိုင်သော အမွေ

 တန်းဖိုးမဖြတ်နိုင်သော အမွေ


ကျေးဇူးရှင်ဖခင်က ဘယ်လိုမှ တန်းဖိုးမဖြတ်နိုင်အောင် လူသားတို့ အတွက် ပေးခဲ့သော စိတ်ပိုင်းဆိုင်ရာ အမွေ တရပ်ပါ ။

ကျောင်းသားအရွယ်ခပ်ငယ်ငယ်မှာမိဘများက စီးပွားရေးအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပြီးရောင်းချခဲ့ပါတယ် ဆိုင်မှာ မုန့် တွေလည်းရောင်းပါတယ် အခုခေတ်လို စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ရက်ဆိုတာ မတွင်ကျယ်သလို့  ရှိလည်း မရှိပါဘူး ရောင်းခဲ့ကြပါတယ် ဒါပေမဲ့ ဆိုင်မှာရှိသည့် စားသောက်ကုန်တွေကို ဖခင်က ရက်ခြားသွားကြည့်ပြီး ရက်လွန်သည်ဆိုတာနဲ့ အကုန်လုံးကို ခြံမှာသယ်ယူပြီး ဖျက်ဆီးပစ်ပါတယ် ။

သိပ်အန္တရာယ် ဖြစ်လာနိုင်သည့် အစားသောက်ကိုတောင် ဖခင်ဖြစ်သူက ဘာမှမသိနားမလည်သည့် ခွေး ကြောင် ဌက်တွေတောင် မကျွေးဘဲ စွန့် ပစ်ပါတယ် ။ဒါကို ကြည့်ပြီးတော့ တအားကို နှမျှောမိခဲ့ပါတယ် မိခင်ဖြစ်သူကလည်း ပြုံးပြုံးလေးဘဲ လက်ခံပြီး နေနေလို့  မေးခွန်းမေးပါတယ် ။

ဒါတွေကို လျှော့ရောင်းလိုက်ပေါ့ တအားနှမျှောစရာကြီး ပြီးတော့လည်း ခြံကခွေးတွေတောင် မကျွေးဘူး ဘာလို့ လည်းလို့ မေးမိပါတယ် ။

ငါ့သား ဒါတွေက သူသတ်မှတ်သည့် အချိန်တွင်မှာ မကုန်ဘူးဆိုရင် မှိုတက်မယ် လူတွေကို အခုတော့ ဘာမှ မဖြစ်ပေမဲ့ တဖြေးဖြေးနဲ့  ကျန်းမာရေးကို ဆိုးဝါးလာစေမယ် ဒီလိုမျိုးတွေ ရောင်းလည်း ဝယ်မှာဘဲ စားကြမယ်ဆိုတာ သိတာပေါ့ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ရဘူး ၊ ဒီလိုစိတ်နဲ့ လုပ်ပေမဲ့ တခြားတဖက်ကြည့်မယ်ဆိုရင် သားပြောသလို နှမျှောနေမယ် လို့ ထင်နေပေမဲ့ ကြီးမြတ်သော ကောင်းမှု့ ကုသိုလ်နဲ့  လူသားအသိ သိသည့် စိတ်ပါ အဲဒါကို သားတို့ တစ်တွေ မှတ်သားပါ ထားရှိပါ ကျင့်ကြံပါ လေ့ကျင့်ပါ အခုဖတ်နေသည့် စာအုပ်မှာပါတယ်လေ ငတေမာရင် ပြီးရော ဘယ်သူသေသေလေ စိတ်ထားနဲ့ နေထိုင်သည့် လူတစ်ဦးအကြောင်းပါတယ်လို့ လည်း ပြောဆိုခဲ့ပါတယ် ။ငတေမာသည့်စိတ်ထား လုံးဝကို မရှိရဘူး မထားရဘူးနော် လို့  အခုထိ တန်းဖိုးမဖြတ်နိုင်သည့် လုပ်ဆောင်ပြခဲ့သော အမွေ တစ်ခုလို့ ခံယူ ရယူခဲ့ပါတယ် ။

ဒုတိယအကြောင်းရာလေးက ( ၈၈၈၈ ) အရေးခင်း မတိုင်ခင်က သတင်းစာယူလာပြီး ဘာထူးလည်း သေချာဖတ် တွေ့ ရင် ပြန်ပြောလို့ ပြောပြီး သတင်းစာတစ်ခုကိုမိသားစုတစ်တွေ ဖတ်ခိုင်းပါတယ် အပြန်ပြန်အလှန်လှန်ဖတ်တော့မှ တွေ့ ပါတယ် အဲဒါဘာလည်းဆိုတော့ …. မန္တလေးမြို့ မှ ဆရာဝန်တစ်ဦးပါဝင်ပြီး ဆေးအတုထုတ်လုပ်ရောင်းချသည့် အဖွဲ့ အစည်းတစ်ခုဖမ်းမိသည့် အကြောင်းရာဘဲဖြစ်ပါတယ် ဒါနဲ့ ဟုတ်လား ဆိုပြီး ဖခင်ကို ပြပြီး မေးမိပါတယ် ။


 မှန်ပါတယ် ဘာမီတွန် တို့  ပါရာစီတမော တို့ ကို ဆေးပြားရိုက်စက်တွေနဲ့ အတူ အလုံးေ၇အတုမြောက်မြားစွာ မိလိုက်ပါတယ် ။ ဒါပေါ့သားရယ် အသားထဲက လောက်ထွက်တယ်ဆိုတာ ဒါပေါ့ ပြီးတော့လည်း ငတေ လို့ လူသားမဆန်သည့် လူသားဆောင်ဆရာဝန်တစ်ဦးပါတော့ ပိုဆိုးတယ်လေ သူတက်သည့် အတက်ပညာက လူသားတွေ သက်တမ်းတစ်ခုအနေနဲ့ ရှင်သန်အောင် ပြု့ စုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့ ……..ပြောခဲ့ပါတယ် ။

ဒါကြောင့်ဆိုင်က သက်တမ်းလွန်လို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်တွေ ဖျက်ဆီးခြင်းနှင့် ရောဂါများကို ကာကွယ်သော ဆေးဝါးအတု ထုတ်လုပ်ရောင်းချခြင်း ဆန့် ကျင်ဖက် ဖြစ်စဉ်နှစ်ခုအကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည် ။

ယခုအချိန်ထိ ဖခင်စကား …. စိတ်မှာကြားရောင်….ပေးအပ်လေးနက်…. တန်းဖိုးမဖြတ် …. စိတ်ထားအမွေ တို့ အဖေ ပေးအပ်ခဲ့ပါလေ ။

အခုရေးသည့် စာစကားလုံး ….လူသားတစ်စု အကျိုး ပြု့ … ကောင်းမူ့  စိတ်ထား ကိန်းနိုင်ပါစေ ။

Mg Mandalay(Mg Mandalay စာကြည့်ခန်း)