Monday, January 7, 2013
ထေရ၀ါဒဗုဒ္ဓဘာသာ
 ထေရ၀ါဒဗုဒ္ဓဘာသာ (၁)
ဘာသာအယူဝါဒ လက်ခံ ကျင့်သုံးမှုသည် ရိုးရိုးသားသား အမှန်အတိုင်း ပြောရလျှင် မွေးရာပါ (မိရိုးဖလာ) လက်ခံကျင့်သုံးမှုက များသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တတ်ပြီး၊ ခရစ်ယာန် ဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ခရစ်ယာန် ဘာသာ ဖြစ်တတ်ပါသည်။ ဘာသာရေး အမြင်တွင် ယုံကြည်မှုကို အခြေခံလေ့ရှိကြပြီး အမှားအမှန်ကို ဝေဖန် ဆန်းစစ်ရှုမြင်သည့် အလေ့ အလွန်နည်းသည်ကို တွေ့ရပါသည်။
အမှားအမှန်ကို ဝေဖန်ခွဲခြား သိမြင်ရန် ဆိုသည်မှာလည်း မွေးရာပါ ပဋိသန္ဓေ ပညာပါရှိမှုနှင့် လေ့လာဆည်းပူး အပ်သော ပ၀တ္တိပညာ ရှိမှုလိုအပ်ပါသည်။ ပညာအရာ ဧတဒဂ်ရ အရှင် သာရိပုတ္တရာ အလောင်း ဥပတိဿ ကဲ့သို့ အထွတ်အထိပ် ပဋိသန္ဓေ ပညာအခံရှိပြီး ပစ္ဆိမ ဘ၀ိက (နောက်ဆုံးဘ၀ရှိသူ၊ ဘ၀ဇာတ် ပြတ်စဲမည့်သူ) ဥာဏ်ပညာ ကြီးမားသူည်ပင် မိရိုးဖလာ မွေးရာပါ ကိုးကွယ်မှုအရ သိဉ္စည်း ဆရာကြီး၏ အယူဝါဒ အမှားနောက်သို့ လိုက်ပါမိသေးရကား အစွဲအလန်းကို လွယ်လွယ်ကူကူဖြင့် စွန့်လွှတ်ရိုး ထုံးစံမရှိ ဆိုသော အချက်ကို အထူး သတိမူအပ်ပါသည်။
မွေးရာပါ ပဋိသန္ဓေပညာ ကိုယ်ပိုင်ဥာဏ်ရှိသူ၊ အစဉ်မပြတ် အသိပညာ ရှာမှီးနေသူ၊ ဘာသာရေး လေ့လာလိုက်စားသူ အချို့သာ မိမိ လေ့လာ ရှာဖွေ တွေ့ရှိမှုအပေါ် အခြေခံ၍ အမှားအမှန်ကို ဝေဖန် ဆန်းစစ်ပြီး မိမိယူထားသော ဘာသာအယူဝါဒ အမှားကို စွန့်လွှတ်ကာ ဘာသာအယူဝါဒ အမှန်ကို လက်ခံ ပြောင်းလဲကျင့်သုံး တတ်ပါသည်။ စားဝတ်နေရေး ကြောင့်သော်လည်းကောင်း၊ ဒေသ အခြေအနေနှင့် လူမှုရေး သိမ်းသွင်းမှု အရ မလွန်ဆန် နိုင်ခြင်းကြောင့် သော်လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း လက်ရှိ ခံယူရရှိထားသော ဘာသာအယူဝါဒ၌ ရပ်တည်နေကြသူများ၊ အခြားဘာသာ အယူဝါဒသို့ ကူးပြောင်း သွားကြသူများလည်း မဖြစ်မနေ ရှိတတ်ကြပါသည်။
စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) အနေဖြင့် မည်သည့်ဘာသာကိုမျှ မှားသည် မှန်သည် ဝေဖန် ပြောဆိုခြင်း မပြုလိုပါ။ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်နိုင်မှု မူဝါဒအရ ပြောလည်း မပြောအပ်ပါ။ လူသားတို့ကို ယဉ်ကျေးသိမ့်မွေ့ စေသော သွန်သင် ဆုံးမချက်များ ဘာသာတိုင်းတွင် ရှိသည် ဆိုသော အချက်ကိုကား ပညာရှင်များ လက်ခံ ထားကြပါသည်။ စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) ပြောဆိုသည်ကား ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မိမိခံယူထားသည့် ဘာသာတရား၏ အဆုံးအမ အနှစ်သာရကို သိရှိ လိုက်နာဖို့ လိုအပ်သည် ဆိုသော အချက်ဖြစ်ပါသည်။ သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ မဖြစ်သင့်ကြောင်း အထူး သတိပေးလို ပါသည်။ မိမိခံယူထားသော ဘာသာအယူဝါဒ အပေါ် ခိုင်မာစွာရပ်တည်ပြီး ဘာသာရေး အသိအမြင် အစဉ်ရှင်သန် နိုးကြား တိုးတက်နေအောင် ကြိုးပမ်း အားထုတ်ကာ မိမိဘာသာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်သူ၊ အမျိုးဘာသာ သာသနာကို ချစ်စိတ်ရှိသူ ဖြစ်သင့်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဘာသာဝင် အတော်များများသည် ဗုဒ္ဓတရားတော်၏ အဆုံးအမ အဓိက ပဓာန အနှစ်သာရတို့ မသိရှိ ကြပါ။ သိရှိအောင် လေ့လာရကောင်းမှန်း ပင် မသိကြပါ လောက၌ အမှားသည် ရှုထောင့်အမျိုးမျိုးအရ များစွာရှိပါသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် များစွာ ရှိနိုင်ပါသည်။ အချို့သော အမှားသည် အကြောင်းအရာ အလိုက် ရက်လ နှစ်ကာလ တစ်ဘ၀ စသည်ဖြင့် ဆိုးကျိုးကို ပေးတတ်သည့် သဘောရှိသော်လည်း ဘာသာရေးအမှားကား သံသရာ တစ်လျှောက် တစ်ကောက်ကောက် လိုက်၍ မဆုံးနိုင်အောင်၊ ကာလသတ်၍ မရလောက်အောင် ဆိုးကျိုးပေးတတ်သည့် သဘောရှိပါသည်။
ဗုဒ္ဓဘာသာသည် ထေရ၀ါဒ၊ မဟာယာန ဟူ၍ နှစ်မျိုးရှိရာ ယနေ့ မြန်မာလူမျိုးတို့ လက်ခံကျင့်သုံးနေသော ဗုဒ္ဓဘာသာ သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ မိမိတို့ လက်ထက်မှ ဘိုးဘွားအစဉ်အဆက် ယံကြည် လက်ခံ ကိုးကွယ်လာသော ဗုဒ္ဓဘာသာကို ဆိုလိုခြင်း ဖြစ်ပါသည်။ သင်္ဂါယနာ (၆)တန်အနက် နောက်ဆုံး ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီးကို ကောဇာနှစ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် မှစ၍ ကောဇာနှစ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ထေရ၀ါဒ (၅)နိုင်ငံ ပူးပေါင်း ညီညွတ်မှုဖြင့် ဆင်နွှဲခဲ့ကြ ပါသည်။
ထိုဆဋ္ဌမသင်္ဂါယနာ ပွဲကြီးက အညီအညွတ် သဘောတူ အတည်ပြုခဲ့သော ပိဋကတ် ကျမ်းစာများအရ လက်ခံကျင့်သုံးသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ထို့ထက် ကျယ်ပြန့်စွာ ဆိုရသော ပထမသင်္ဂါယနာ တွင် အရှင်မဟာကဿပ အစရှိသော ထေရ်အရှင်များမှ ဆဋ္ဌသင်္ဂါယနာတွင် အရှင် ရေ၀တ (ညောင်ရမ်းဆရာတော်) အစရှိသော ထေရ်ရှင် အဆက်ဆက် တို့ မပျက် ထာဝရလက်ဆင့်ကမ်း လာကြ၍ လက်ခံ ကျင့်သုံးလျက်ရှိသော ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပရိယတ္တိ စာသင်တိုက်ကြီးများ၊ ပဋိပတ္တိ ရိပ်သာကြီးများ ရှေ့တန်းမှနေ၍ တရားဓမ္မများ ပို့ချ သင်ယူခြင်း၊ ဟောပြော ပြသခြင်း၊ ကျင့်ကြံအားထုတ်ခြင်း တို့သည် ထိုမထေရ် အဆက်ဆက်တို့ လက်ခံ ကျင့်သုံးလာသော မူအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ အမည်ခံ၍ ထိုမူနှင့် ကိုက်ညီမှုမရှိသော ထိုမူမှ သွေဖီသော ဆောင်ရွက်မှု မှန်သမျှကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော်က လက်မခံပါ။ ထို့ကြောင့်လည်း ၁၉၈၀ ပြည့်နှစ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် စတင်ပေါ်ပေါက် လာခဲ့သည့် ကာလ၀န်းကျင်က ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံဝါဒ၊ သမ္မာဒိဋ္ဌိ သုသေန၀ါဒ၊ ရှင်ဥက္ကဋ္ဌ ၏ လူသေလူဖြစ် ၀ါဒ စသော ထေရ၀ါဒနှင့် ကိုက်ညီမှု မရှိသည့် ထေရ၀ါဒမှ သွေဖီသော ၀ါဒများကို အဓမ္မ၀ါဒများ အဖြစ် သတ်မှတ်ပြီး သုတ်သင် ရှင်းလင်း နှိပ်ကွပ်ခဲ့ကြ ရခြင်း ဖြစ်ပါသည်။
မမှားသင့်သော အမှားများ
မောဟ မကင်းသူတိုင်း မှားလေ့ရှိသော အမှားများတွင် ဘာသာရေးအမှားသည် မှားယွင်းသူ တစ်ဦးတစ်ယောက်၊ တစ်ခဏကာလသာ ဆိုးကျိုးပေးသည် မဟုတ်ဘဲ ထိုဘာသာနှင့် သက်ဆိုင်သူတိုင်း ဘ၀တစ်လျှောက်လုံး ဆိုးကျိုးပေးတတ်ပြီး ထိုဘာသာများကို ညစ်နွမ်းအောင်၊ ပျက်စီးအောင်၊ ကွယ်ပျောက်အောင် ပြုရာလည်း ရောက်ပါသည်။ အချို့သော အမှားသည် အလွန်အရေး မကြီးလှဟု ဆိုနိုင်သော်လည်း အချို့မှာမူကား အလွန်အရေးကြီး သဖြင့် မမှားသင့်သော အမှားဟု ဆိုရမည် ဖြစ်ပါသည်။ ထိုမမှားသင့်သော အမှားအချို့ကို ထုတ်နုတ်ဖော်ပြရလျှင် -
  • ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်ခြင်းကို ဘုရား အသက်သွင်းသည်ဟု ဆိုခြင်း။
  • ကျောက်ဆင်းတုကို အိမ်မှာ ကိုးကွယ်လျှင် ထိခိုက်သည်ဟု ဆိုခြင်း။
  • ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား၊ အာရမ္မဏ ပစ္စယော - မျက်စိနှင့် နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြု ရပါစေသား၊ အဓိပတိ ပစ္စယော - ရုပ်နာမ် နှစ်ပါးကို စောင့်ရှောက် ထိန်းသိမ်း နိုင်ရပါစေသား စသည်ဖြင့် ပဋ္ဌာန်း (၂၄)ပစ္စည်း အဓိပ္ပာယ် ဖွင့်ဆိုခြင်း။
  • လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟု ယူဆ ပြောဆို သပိတ်သွတ်ခြင်း ။
( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )
Sunday, January 6, 2013
ဂလိုဘယ် စည်း
ဂလိုဘယ် စည်း
ကားပေါ်သို့တက်လိုက်လျှင်ပင် စပယ်ယာက “ရှေ့ကိုကြွ” ဆို၍ ယာဉ်မောင်းနောက်ရောက်သည့်တိုင် တိုးသွားလိုက်သည်။ ကားက လူချောင်သည်၊ ထိုင်ခုံများပြည့်ရုံသာရှိပေသည်။ “သံဃာတော်နေရာလေး တွေက ခရီးသွားရင်းကုသိုလ်ယူမယ်” စပယ်ယာက ယာဉ်မောင်းရဲ့ဘယ်ဘက်ခြမ်း “သံဃာတော်များ ဦးစားပေးပါ” ဆိုသည့် ထိုင်ခုံများပေါ်တွင် ထိုင်နေသူများကို နေရာပေးဖို့လှမ်းပြောလိုက်ခြင်းပင်။ မကြား၍လား၊ မသိ၍လားမဆိုတတ်၊ ထိုင်နေသူ လူရွယ်နှစ်ဦးကတော့ ဘာသိဘာသာပင်မို့
            “သံဃာခုံကအကိုတွေ၊ သံဃာတော်ကြွလာပြီ၊ နေရာပေးပါ” 
လူငယ်နှစ်ဦးက မလှုပ်၊ တဦးက ကားနံရံမှစာတန်းကိုဖတ်ကာ မိမိဘက်ကို စောင်းငဲ့၍ပင် ကြည့်လိုက်သေး၊ အင်း … သူတို့ဦးစားမပေးလို၍နေမှာဘဲလေဟု နားလည်စွာ မျက်နှာလွှဲနေလိုက်သည်။ သို့သော်…
            “အကိုတို့ စာလေးဘာလေးလဲ ဖတ်ကြည့်ကြပါဦး၊ ဒါသံဃာထိုင်ခုံတွေ”  
မထီလေးစားပြုသည်ထင်၍လားမသိ၊ စပယ်ယာက ထိုသူတို့အနားချဉ်းကပ်ပြောလာတော့
            “တို့က ဗုဒ္ဓဘာသာတွေမဟုတ်ဘူး”
            “ဘာဗျ … ဗုဒ္ဓဘာသာ ဟုတ်တာ မဟုတ်တာ အိမ်ကျမှသွားပြော၊ ဒီမှာတော့ သတ်မှတ်ချက် အတိုင်း ဖယ်ပေးပါ”
ခက်ပြီ၊ စပယ်ယာလေးကလည်း အသံမာလာပြီ၊ ဟိုသူငယ်တွေကလည်း မတုန်မလှုပ်၊ မိမိကိုအကြောင်း ပြုပြီး၊ တစ်စုံ တစ်ခုဖြစ်လျှင် …
            “နေ … နေပါစေ ဒကာလေးရဲ့ … သူတို့ပြောတာဟုတ်ပါတယ် … ထိုင်ကြပါစေ”
ကျန်ခရီးသည်များကပါ တိုသူငယ်တို့ကို ဝိုင်းကြည့်နေကြသည်၊ စပယ်ယာကလည်း ဒါရိုင်းပြမှုဟု မြင်သည်။ နောက် … တခြားဘာသာဝင်တဦးက မိမိကိုးကွယ်ရာကို ယခုကဲ့သို့ပြုမူခြင်းသည် မထေမဲ့မြင်လုပ်ခြင်းဟု ယူဆပုံရသည်။
ဒီလိုယူသော် မသင့် ထင်မိသည်၊ ထိုသူငယ်တို့သည် မိမိဘာသာမဟုတ်သူကို ဦးစားမပေးလိုသည်မှာ သဘာဝဟု နားလည်မိသည်။ သို့သော် ဒီဘက်ဘာသာဝင်များဘက်က ကြည့်လျှင်လည်း၊ အင်း … အခြေ အနေတွေတော့ တင်းမာကုန်တော့မှာဘဲ၊ စပယ်ယာလေးက သူတို့ကို မနှစ်မြို့ဟန်ကြည့်နေသည်၊ ထို့ကြောင့် …
            “နေပါစေ ဒကာလေး … ဦးဇင်း စီးရမှာမဝေးပါဘူး”
အားနာ၍လားမသိ၊ ဒုတိယထိုင်ခုံမှလူရွယ်က နေရာထပေးရန်အပြု …
            “ထိုင် … ထိုင် မောင်ရင်လေး … ကိုယ်ရပါတယ်”
သူ့ကို လက်ကာ ကာ တားမိသည်။ သူမထိုင်၊ ထပြီး နေရာ လိုလိုချင်ချင်ပေးနေဟန်မို့ အသာဝင်ထိုင် လိုက်ရင်း
            “အေးကွယ် … မောင်ရင်လေးတို့ကို မောင်ရင်လေးတို့ရဲ့ ဘုရားသခင်က ကောင်းချီးပေးပါစေ ကွယ်” … လူရွယ်ကပြုံးသည်။
လူရွယ်ပြုံးသလို ရှေ့ခုံမှလူရွယ်ကလည်း လှည့်ကြည့်ကာ ပြုံးယောင်ပြုသည်၊ စပယ်ယာလေးကလည်း သူ့အလုပ်သူ ဆက်လုပ်နေလေပြီ။
ဒါပဲပေါ့ … သူ့ကို ကိုယ်ကအသိအမှတ်ပြုတော၊့ သူက ကိုယ့်ကို အသိအမှတ်ပြုသည်၊ သူ့ကို လေးစား တော့၊ ကိုယ့်ကိုအရေးပြုသည်၊ သူ့တန်ဖိုးကို လေးစားခြင်းဖြင့် ကိုယ့်တန်ဖိုးကို မြှင့်တင်ခြင်းပင်။
ဒါကိုပင် ဗုဒ္ဓမြတ်စွာက “အတ္တာနံ ဘိက္ခဝေ ရက္ခတိ ပရံ ရက္ခန္တော၊ ပရံ ရက္ခန္တော အတ္တာနံ ရက္ခတိ” လို့ “ပေဋကောပဒေသ” မှာ ဟောတော်မူခဲ့သည်၊ မိမိကိုယ်ကိုထိန်းသိမ်းခြင်းသည် သူတစ်ပါးကို စောင့်ရှောက်ရာ ရောက်၍ သူတပါးကိုစောင့်ထိန်းခြင်းသည်လည်း မိမိကို စောင့်ရှောက်ရာရောက် သည်တဲ့၊ လူ့တန်ဖိုးပြ တရားပေပဲ၊ လှပလိုက်ပါဘိ၊ လူတိုင်းလိုက်နာရမည့် “ဂလိုဘယ် စည်း” လို့တောင် ဆိုနိုင်သည်။
ဒီစည်းလေးကို လိုက်နာကြမည်ဆိုလျှင် ကမ္ဘာ့ပဋိပက္ခတွေ၊ လူမျိုးရေးတွေ၊ ဘာသာရေး၊ နိုင်ငံရေးတွေကို ဖြေရှင်းနိုင်ကြမည်ဟု ဆိုလိုက်ချင်သည်၊ ဒီစည်းမျဉ်းလေးကို အရှေ့အလည်ပိုင်းမှာလည်း ပြန့်စေ ချင်သည်၊ အာဖရိကမှာလည်း နှံ့စေချင်သည်၊ အာရှ … ဥရောပ အားလုံး ရောက်ရှိစေချင်သည်။ ဘာသာတစ်ခုအနေနှင့် လက်မခံလျှင်ရှိပါစေ၊ သဘောတရား သို့မဟုတ် စည်းမျဉ်းလေးတစ်ခုအနေနှင့် လိုက်နာကြလျှင်ပင် အကျိုးများနိုင်သည်၊ အာဃာတမီးတောက်မီးလျှံကို ငြိမ်းသတ်နိုင်ကြမည်။
ပျိုးထောင်စေချင်စမ်းပါဘိ။
ဘုရားရှင်ပေးသော နောက် “ဂလိုဘယ် စည်း” တစ်ခုရှိသေးသည်၊ ထိုအရာမှာ “မေတ္တာ” ပင်ဖြစ်သည်၊ မေတ္တာဟုဆိုလိုက်သည်နှင့် မြန်မာများအဖို့ အကျွမ်းဝင်ဆုံးစကား “အချစ်” ဟုသိလိုက်ကြသည်။ သို့သော် … မေတ္တာ၏သဘောကိုမူ သိသူကရှားလှသည်၊
(၅၂၈)သွယ်၊ (၁၅ဝဝ) မေတ္တာစသည်ဖြင့် အရေအတွက်တွေကို ပြနေကြသည့်တိုင် မေတ္တာဆိုတာ (ဟိတကာရပဝတ္တိတလက္ခဏာ) သူတစ်ပါး အကျိုးကို လိုလားသော လက္ခဏာ ရှိကြောင်းကိုမူ သိသူက လက်ချိုးရေ၍ရလောက်သည်။
မေတ္တာအကြောင်း ဟောပြောမှုတွေ၊ စာအုပ်စာတမ်းတွေတွင်လည်း မေတ္တာမပွားမီ ထားရမည့်စိတ်ထား၊ မေတ္တာပွားရမည့် ပုဂ္ဂိုလ်အမျိုးအစား၊ မေတ္တာပွားရန်အပိုင်းအခြားတွေ၊ မေတ္တာ၏အကျိုးတရားတွေကို ဖော်ပြသည်ကများပြီး မေတ္တာ၏ သဘောအနက်ကို ခြုံငုံမိနိုင်သည်က နည်းလှပေသည်။
သူတပါးအကျိုးလိုလားမှုနှင့်မယှဉ်ဘဲ၊ ဦးပုညဆိုသလို မေတ္တာသုတ် တစ်စောင်လုံး ပုဒ်မပါမကျန် ကြုံး၍ ရွတ်စေ၊ အကျိုးမထူးနိုင်ပေ၊ ဘုရားရှင်က “မေတ္တာသဘော” သို့မဟုတ် မေတ္တာစိတ်ကို ထိုမေတ္တာသုတ် မှာပင် ဟောပြခဲ့သည်မှာ …
                                    န ပရောပရံ နိကုဗ္ဗေထ၊
                                    နာတိမညေထ ကတ္ထစိ န ကဉ္စိ။
                                    ဗျာရောသနာ ပဋိဃသည၊
                                    နညမညဿ ဒုက္ခ မိစ္ဆေယျ … ဟူ၍ဖြစ်သည်။
တစ်ဦးကိုတစ်ဦး မလှည့်စားပါနှင့်၊ တဦးကိုတဦး မထေမဲ့မြင် မလုပ်ပါနှင့်၊ တစ်ဦး၏ဆင်းရဲခြင်းကို တစ်ဦးကအလိုမရှိပါနှင့်ဟု အဓိပ္ပါယ်ရသည်။ ဒါသည် မေတ္တာ၏ သဘောအဓိပ္ပါယ်ဖြစ်သည်၊ သည့်သဘောနှင့် ပြည့်စုံသူသည် အဘယ်မှာလျှင် လောကအကျိုးကို မလိုလားဘဲရှိပေလိမ့်၊ တစ်ဦးတစ် ယောက်၏အကျိုးလိုလားမှုကား အဘယ်ဆိုဖွယ်ရာမရှိပြီ။
ထိုသဘောကို တို၊ ရှည်၊ ကြီး၊ ငယ်၊ အလတ် စသည့် သတ္တဝါတွေအပေါ်မှာထားရှိရမည်။ မိခင်က တစ်ဦး တည်းသောသားကို ချစ်သလိုမျိုးထားရမည်၊ အချိန်အားဖြင့် လျှောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးလုံးမှာ ပွား နေနိုင်လျှင်တော့ အကောင်းဆုံးဟု သွန်သင်တော်မူခဲ့သည်။ ဤသို့ထားခြင်းကိုပင် မေတ္တာထားသည်၊ ပွားသည်၊ ပို့သည်ဟု ဆိုကြခြင်းပင်။
“ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ” စသည်ကား ထိုမေတ္တာသဘောရှိကြောင်းကို ထင်ရှားစေသော နှုတ်မှုဖြစ်သည်။ “ဝစီမေတ္တာ” ဟု ကျမ်းမှာဆိုသည်။ ကိုယ်လက်နဲ့ပြုမူတော့ ”ကာယကံ” မေတ္တာပေါ့။
ဤကဲ့သို့သောစည်း လူတိုင်း၏ရင်ထဲမှာကိန်းခဲ့လျှင် ကားပေါ်တက်စက ပြဿနာအသေးအဖွဲလေးကို မဆိုထားနှင့်၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးစသည် ပြဿနာတို့ကိုလည်း ဖြေရှင်းဖို့မခက်နိုင်၊ တစ်ဦးချင်းအရေးမှသည် ကမ္ဘာအရေးထိ မခဲယဉ်း။
စောစောကဆိုခဲ့သော စောင့်ရှောက်မှုစည်းနှင့် ယခုမေတ္တာစည်းတို့သည် တစ်ခုခုကို ကျင့်သုံးလျှင်ပင် အကျိုးရှိရကား နှစ်ခုလုံးကိုသုံးခဲ့သော် အဘယ်ဆိုဖွယ်ရာရှိတော့မလဲ။
အော် … ဒီသဘောတရားတွေ ငါ့ဆွေ … ငါ့မျိုး … အို လူတိုင်းပါပဲလေ၊ သိစေချင်စမ်းပါဘိ၊ သိသည့် အတိုင်းလည်း အသုံးချစေချင်ပါဘိ၊ သိပြီးသူများအတွက်လည်း လေးနက်စေချင်စမ်းပါဘိ။
အလို … ကားတောင် ဘယ်အချိန်ကထွက်လာပါလိမ့်၊ ရှေ့မှတ်တိုင်ဆို ဆင်းရတော့မှာပါလား၊ ကြိုထွက် ထားမှ၊ ထိုင်ခုံမှ ထလိုက်သည်၊ စောစောကလူရွယ်နှစ်ယောက်ကိုလည်း ပြုံး၍နှုတ်ဆက်လိုက်သည်။
ဟုတ်ပြီ … ဒီအကြောင်းလေးကို လာမည့် စနေနေ့ကျ သင်တန်းလာကြမည့် ကောင်းမြတ်ထွန်းတို့ နွယ်နီထွန်းတို့ဦးဆောင်သည့် တူ၊ တူမလေးတွေကို ပြောပြရမည်။ နောက်ပြီး မေတ္တာအလေ့ကို ပျိုးထောင်ပေးရဦးမည်၊ စွမ်းနိုင်သလောက်ပေါ့လေ။      ။
ကံထွန်းသစ်
                                                                                                                                                ၂ဝဝ၎
ကံထွန်းသစ်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၂
(လွန်ခဲ့သည့် ၉  နှစ်က စာမူ ပြန်လည်ဆန်းသစ်ခြင်း)
မှတ်ချက်။         ။ စာမရေးဖြစ်တိုင်း ဆူလေ့ရှိသော အမများနှင့် စာဖတ်ပရိသတ်များအတွက်                                                   ခရစ်စမတ်လက်ဆောင်
Saturday, January 5, 2013
သံသရာဝဋ်ကြွေးဆိုတာ
သံသရာဝဋ်ကြွေးဆိုတာ 
သူ့ကြွေးရှိက ဆပ်ရတဲ့ အကြောင်းကတော့.....
၁။ မြတ်စွာဘုရားရှင်လက်ထက်တော်က စက္ခုပါလမထေရ်မြတ်အကြောင်းဖြစ်ပါတယ်။
စက္ခုပါလမထေရ်ဟာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကို ကြွမလာခင်ကတည်းက
တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။
အဲဒီ ကာလကတည်းက မျက်စိရောဂါဖြစ်လို့ ဆေးကုသခဲ့ပါတယ်။ ဆေးဆရာက မျက်စဉ်းခတ်တဲ့အခါမှာ လဲလျောင်းပြီးခတ်ရပါမယ် ၊နို့မဟုတ်ရင် မျက်စိပြန်မကောင်းနိုင်ပါဘူး လို့ လျှောက်ထားခဲ့ပေမယ့် စက္ခုပါလ မထေရ်က လျောင်းစက်တဲ့ အနေအထားကိုရှောင်ပြီး သွားတာ၊ ရပ်တာ၊ ထိုင်တာကိုပဲ ပြုပြီး တရားအားထုတ် တော်မူခဲ့ပါတယ်။
ဆေးဆရာလာကြည့်တဲ့အခါ အရှင်မြတ်ရဲ့ မျက်စိများဟာ ပျက်စီးနေပြီဖြစ် ပါတယ်။ အဲဒ်ီတော့
ဆေးဆရာကလည်းနောက်ဆုတ်သွားခဲ့ပါတယ်။ အဲသည် အဖြစ်က အခုဘ၀မှာဖြစ်တာ လောက်ပါ။ တကယ်တော့ ဘယ်လောက်ကြာရှည်နေပြီလို့ မသိနိုင်တဲ့ သံသရာတစ်ကွေ့မှာ စက္ခုပါလ မထေရ်မြတ်အလောင်းလျာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။
အဲသည်ဘ၀မှာ အရှင်မြတ်က ဆေးဆရာဖြစ်တော့ မျက်စိရောဂါပြင်းထန်စွာဖြစ်နေတဲ့ အမျိုးသမီး
တစ်ယောက်က ဆရာရယ် ကျမရောဂါပျောက်အောင်ကုသပေးပါ။ တစ်မိသားစုလုံး ကျွန်ခံပါ့မယ်လို့ ပြောပြီး ဆေးကုသခံသတဲ့။
သူ့ရောဂါ ပျောက်ခါနီးလောက်ကျတော့ ဆေးဆရာက လာကြည့်ပါတယ်။ ပျောက်လုပြီဆိုတာ သိပါတယ်။ သိပေမယ့် ဘယ်လိုနေသေးလည်းမေးတာပေါ့။ အမျိုးသမီးက ဆေး ကုခမပေးချင်တော့ ညာပြီး ပြောပါတယ်။ အစောပိုင်းကတော့ တော်တော်ကောင်းသွားပါတယ် ဆရာ၊ အခုတော့ ပြန်ပြီး ထိုးကိုက်လာပြန်ပါတယ်လို့ လိမ်ပြောပါသတဲ့။
ဆေးဆရာက ဒီအမျိုးသမီးတာ့ ညာနေပြီ သိကြသေးတာပေါ့လို့ဆိုပြီး နောက်တစ်ခေါက်အလာမှာ
ဆေးပြောင်း ပေးမယ်လို့ဆိုပါတယ်။ နောက်တစ်ခေါက်အလာမှာလည်း ဘေးဖြစ်စေတဲ့ ဆေးမြစ်ကိုသွေးပြီး မျက်စိကို ကွင်းပေးလိုက်တာ လိမ်လည်တဲ့မိန်းမ ဟာ တစ်ခါတည်းပြန် ပြီး မျက်စိကွယ်သွားပါတော့တယ်။
လူနာ အမှားအပေါ် ဆေးဆရာ အမှားက ပိုဆိုးသွားခြင်းပါ။ အဲသည်လို သူတစ်ပါးကို မျက်စိကွယ်စေခဲ့တဲ့ စက္ခုပါလမထေရ်ဟာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တဲ့ ဘ၀ ကို ရောက်တာတောင်မှ မျက်စိကွယ်ခြင်းနဲ့ ပြန်ပြီးပေးဆပ်ရပါတယ်။
ဝဋ်ကြွေးကို လျှော်ပစ်လို့မရပါဘူး။ အခုဘ၀မှာ ကိုယ်အပြစ်မရှိအောင်နေတဲ့ကြားက ဆိုးရွားတဲ့ဖြစ်ရပ်များနဲ့ တည့်တည်တိုးတာ ၊ ဝေဒနာများကို ခံစားရတာ စတဲ့အဖြစ်တွေကြောင့် ဒေါသဖြစ်ကာ ဆူပူသောင်းကျန်း တာမျိုး၊ သူတစ်ပါးကိုပြန်ပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ တင်ပြီးသားကြွေးကိုသာ ကုန်စင်အောင်ပြန်ဆပ် လိုက်တာကောင်းပါတယ်။
၂။ နောက်တစ်ခု သတိရမိတာကတော့...မြန်မာ့သမိုင်းမှာလည်း မိဖုရားကြီး နန်းမတော်မယ်နုကို သေဒဏ်ချလိုက်ပြီး....သတ်တော့မှာ သေချာတဲ့အချိန် ....မိဖုရားကြီးက အခွင်အရေးတစ်ခု တောင်း ပါတယ်။
အဲဒီ အခွင့်အရေးကတော့ ဆရာတော်ဦးဗုဓ် ကို ကိုယ်တိုင်ဖူးမြင်ခွင့်ပေးပါ ဆိုတဲ့အခွင့်ဖြစ်ပါတယ်။ မင်းကလည်း သာသနာရေးကို မပိတ်ပင်ပါဘူး။ အဲတော့ မယ်နုက ဆရာတော်ရဲ့ကျောင်းပေါ်ကို တက်သွားပါတယ်။
ဆရာတော်က ပုရပိုဒ်တစ်ချပ်ကိုကိုင်ပြီး စာဖတ်နေတော် မူပါတယ်။ မယ်နုက တပည့်တော် မိနုပါဘုရားလို့ လျှောက်ထားရင်း ထိုင်ကန်တော့အပြီးမှာ တပည့်တော်ကို စီရင်ကြတော့မှာပါဘုရားလို့ လျှောက်ပါတယ်။
အဲဒီအခါ ဆရာတော်က တရားနည်းလမ်းကျနစွာနဲ့ တစ်ခွန်းပဲမိန့်တော်မူပါတယ်။ "မိနု သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်” ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။
မယ်နုကလည်း အပိုစကားတစ်လုံးမှ မပြောကြားပဲ မှန်ပါနားလည်ပါပြီဘုရားလို့လျှောက်ထားပြီး
နောက်တစ်ကြိမ် ကန်တော့အပြီး ပြန်သွားခဲ့ပါတယ်။
ဒီဇာတ်ကြောင်းလေးက ရဟန်းပီသတော်မူတဲ့ ဆရာတော်နဲ့ ဆရာတော်ဆုံးမတဲ့ နိယာမ ကို ကောင်းစွာ နားလည်ပြီး ပြန်သွားတဲ့ မယ်နုရဲ့ တည်ကြည်ခိုင်ခန့်တဲ့စိတ်ထား ကို သိနားလည်ခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်ရင်း
နားထဲမှာ ထင်ဟပ်နေတဲ့ ပဲ့တင်သံ ကတော့......
“သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်...သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်... သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်...”
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ။
Shared from Ma Moenge Aung (FB)
Friday, January 4, 2013
သတိတရားနှင့် အသိတရား
  • တရားဟူသည်
တရားဘာဝနာဟု ခေါ်ဝေါ်ကြသဖြင့် ဘာဝနာအကြောင်း လေ့လာသောအခါ တရားအကြောင်းကို ဦးစွာသိဖို့ လိုအပ်မည်ဟု ထင်၏ ။ ထို့ကြောင့် တရားအကြောင်းကို ဦးစွာပထမ ရှင်းပြလို၏ ။
တရားဟူသည် ဓမ္မဟူသောပါဠိမှ လာ၏ ။ ဓမ္မ၏အဖွင့်ကို တိပိဋကပါဠိ မြန်မာ အဘိဓာန်ကျမ်းတွင် ကြည့်သောအခါ အနက်အဓိပ္ပါယ် တစ်ရာကျော်ကျော်မျှ ဖွင့်ပြထားသည်ကို တွေ့ရ၏ ။ ကျမ်းပြုဆရာတော်တို့က ပါဠိတော်၊ အဠကထာ၊ ဋိကာတို့၌ လာရှိသမျှ ဓမ္မ၏ အဖွင့်များကို ကူးယူ ဖွင့်ပြထားခြင်းဖြစ်သဖြင့် ထိုမျှများပြားနေ၏ ။
ဆရာတော်တို့၏ ဇွဲ၊ လုံ့လ ၀ီရိယကို ဤနေရာမှ ဦးခိုက်ပါ၏ ။ ဓမ္မ၏အဓိပ္ပါယ် ပြည့်ပြည့်စုံစုံ သိချင်လျှင် ထိုအဘိဓာန်ကျမ်းမှာ ကြည့်နိုင်၏ ။
ဤနေရာ၌ အဓိပ္ပါယ်နှစ်မျိုးမျှ ရှင်းပြလျှင် လုံလောက်မည်ဟု ထင်၏ ။ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” ဟု ဆိုရာ၌ ဓမ္မဟူသည် နိဿတ္တ - သက်ရှိသတ္တ၀ါလည်း မဟုတ်၊ နိဇ္ဇီဝ - အသက်လည်း မဟုတ်၊ သဘောတရားသက်သက်မျှသာဟု အဋ္ဌကထာဆရာက ဆို၏ ။ သဘောတရားဟူသည် လက်ဆုပ်လက်ကိုင်ပြစရာ အကောင်အထည်မရှိ၊ ဂုဏ်သတ္တိထူးမျှသာ ရှိ၏ ။
ဓမ္မ၊ အဓမ္မဟု နှစ်မျိုးခွဲခေါ်ရာ၌ ဓမ္မက တရား၊ အဓမ္မက မတရား ဖြစ်၏ ။ တရားက ကောင်း၏ ။ မတရားက ယုတ်ညံ့၏ ။ တရားက အထက်တန်းကျ၏ ၊ မတရားက အောက်တန်းကျ၏ ။ တရားက တရားမျှတ၏ ၊ မတရားက တရားမမျှတ။ ဤအဓိပ္ပါယ်အရ တရားဟူသည် ကောင်းသည်၊ မြင့်မြတ်သည်၊ အထက်တန်းကျသည်၊ တရားမျှတသည်ဟူသော အဓိပ္ပာယ်ထွက်၏ ။
ပထမနည်းအရ တရားဟူသည် သဘောပဲရှိသဖြင့် ကောင်းသောသဘောသည်လည်း တရား၊ ဆိုးသောသဘောသည်လည်း တရား ဖြစ်၏ ။ တရားအမည်သည် အကောင်း၊ အဆိုး နှစ်မျိုးစလုံးနှင့် သက်ဆိုင်၏ ။ အဖြစ်လည်း သဘော၊ အပျက်လည်း သဘောဖြစ်သဖြင့် အဖြစ်ကလည်း တရား၊ အပျက်ကလည်း တရားပင်ဖြစ်၏ ။
ဒုတိယနည်းအရ တရားဟူသည် ကောင်းသောသဘောရှိ၏ ၊ မြင့်မြတ်သောသဘောရှိ၏ ၊ အထက်တန်းကျသောသဘောရှိ၏ ၊ မှန်ကန်သော သဘောရှိ၏ ၊ အထက်တန်းကျသောသဘောရှိ၏ ၊ မှန်ကန်သောသဘောရှိ၏ ၊ မျှတသောသဘောရှိ၏ ။ ထို့ကြောင့် ကောင်းမှ၊ မြင့်မှ၊ မြတ်မှ၊ အထက်တန်းကျမှ၊ မှန်ကန်မှ၊ မျှတမှ တရားဟူ၍ မှတ်ယူအပ်၏ ။
အလုပ်တရားနှင့် အရှိတရား
မဟာစည်ဆိုင်ရာ ရိပ်သာတွေမှာ တရားစ၀င်သော ယောဂီသည် ဦးစွာပထမ အလုပ်ပေးတရားနာရ၏ ။ 
တရားအားထုတ်နည်းဆိုင်ရာတွေ ပြည့်ပြည့်စုံစုံ ဟောထားသောတရားဖြစ်သည်။ အလုပ်ပေးတရားဟူသည် ၀ိပဿနာတရားဖြစ်သည် ။ ၀ိပဿနာတရားသည် လုပ်ယူရသောတရားဖြစ်သဖြင့် “အလုပ်တရား” ဟု ခေါ်၏ ။
အလုပ်တရားကို လုပ်နေ၊ အားထုတ်နေသောသူကို “ယောဂီ” ဟု ခေါ်၏ ။ ယောဂီဟူသည် တရားအားထုတ်နေသူကိုသာ ခေါ်သည်။ သာမန်အချိန်မှာ ယောဂီဟုမခေါ် ။ 
သာမန်အချိန်တွေမှာလည်း တရားရှိ သင့်သည် ။ ထိုတရားကို “အရှိတရား” ဟု ခေါ်၏ ။ 
သို့ဖြစ်သဖြင့် တရားက အလုပ်တရားနှင့် အရှိတရားဟု နှစ်မျိုးရှိလေသည်။
လူသည် တရားအလုပ် အားထုတ်နေမှ တရားရှိရမည် မဟုတ်။ သာမန်အချိန်တွေမှာလည်း ရှိသင့်ရှိထိုက်သော တရားတွေ ရှိရမည်။ စင်စစ် အလုပ်တရားထက် အရှိတရားက ပိုအရေးကြီး၏ ။
 ဘယ်သူက တရား ရှိတယ် ၊ ဘယ်သူက တရားမရှိဘူးဆိုတာ အရှိတရားကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ အရှိတရားရှိပြီးမှသာ အလုပ်တရားလုပ်တာက ပို၍ ထိရောက်၏ ။ အရှိတရား မရှိဘဲ အလုပ်တရားလုပ်တာက သိပ်သဘာဝမကျ။ တရားမရှိလျှင် တရားမလုပ်ရဟူ၍တော့ မဆိုလိုပါ။ လုပ်လို့တော့ ရပါသည်။
လူတိုင်းသည် ကိုယ်ကျင့်တရား ရှိရမည်၊ ကိုယ်ကျင့်တရားဟူသည် အဓိက ငါးပါးသီလသာဖြစ်၏။ ငါးပါးသီလဟူသည် ကိုယ်ချင်းစာတရား အခြေခံသည်။ လူမှာ အရေးအကြီးဆုံးက ကိုယ်ချင်းစာတရား ဖြစ်၏ ။ ကိုယ်ချင်းစာတရားရှိလျှင် မဟုတ်၊ မမှန်၊ မတော်၊ မတရား၊ မမျှတတာတွေ ကင်းသွားလိမ့်မည်၊ မဟုတ်၊ မမှန်၊ မတော်၊ မလျော်၊ မတရား၊ မမျှတတာတွေ ကင်းသွားလျှင် လူ့ဘ၀၊ လူ့ပတ်ဝန်းကျင်က အတော်အေးချမ်းသာယာ သွားပါပြီ၊ နေလို့ ထိုင်လို့ အတော်ကောင်းသွားပါပြီ။
လူတိုင်းမှာ ရှိသင့်ရှိထိုက်သော လူမှုအခြေခံတရားတွေ ရှိသည်။ ကိုယ်ချင်းစာတရား ရှိရမည်၊ သူ့ဖို့ကိုယ့်ဖို့ မျှတမှုရှိရမည်။ တရားမျှတဟုဆိုသည့်အတိုင်း မျှတမှသာ တရားဖြစ်သည်။ မမျှတလျှင် တရားမဟုတ်။ မတရားသာ ဖြစ်သည်၊ မတရားလျှင် မတော်တော့။ ထို့ကြောင့် မတော်မတရားဟု တွဲသုံးကြသည်။ လူသည် ဆင်ခြင်တုံတရားရှိရမည်၊ ဆင်ခြင်တုံတရားရှိလျှင် အမှားအယွင်း တော်တော်ကင်းလိမ့်မည်။ အတိုင်းအတာတစ်ခုအထိ သည်းခံတတ်ရမည်၊ ခွင့်လွှတ်တတ်ရမည်၊ အကောင်းမြင်တတ်ရမည်၊ ရိုးသားဖြောင့်မတ်ရမည်၊ တည်တည်ကြည်ကြည် ရှိရမည်၊ ကူညီတတ်ရမည်၊ ရိုင်းပင်းတတ်ရမည်၊ အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ရမည်။
လူ၏ အခြေခံ ကိုယ်ကျင့်တရားက ငါးပါးသီလဖြစ်၏။ ငါးပါးသီလက ကိုယ့်ကိုယ်လည်း ထိန်းသိမ်းစောင့်ရှောက်သလို ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်သည်။ လူသည် မိမိကိုယ်ကျိုးကို ဆောင်ရွက်ရသလို ပတ်ဝန်းကျင်ကလူတွေ အကျိုးကိုလည်း ဆောင်ရွက်ရမည်။ လူအများကောင်းကျိုးကို ဆောင်ဖို့အတွက် မေတ္တာကရုဏာ စသော ဗြဟ္မစိုရ်တရားတွေ ရှိရမည်။ မေတ္တာဟူသည် အများအကျိုးဆောင်ခြင်း ဖြစ်၏။ ကရုဏာက အများဒုက္ခရောက်မှာကို မလိုလားခြင်း ဖြစ်၏။ အများ၏ဒုက္ခကို ဖယ်ရှားပေးခြင်းဖြစ်၏။ ဒုက္ခရောက်နေလျှင် ထိုဒုက္ခမှ လွတ်မြောက်အောင် ကူညီခြင်း၊ ကယ်တင်ခြင်း၊ စောင့်ရှောက်ခြင်းဖြစ်၏။ ကရုဏာဖြစ်လျှင် မေတ္တာကလည်း ပါလာတော့၏ ။
ဓမ္မကြောင့် လူ့ဘ၀ဟု ဖြစ်လာရ၏။ အဓမ္မကြောင့်ဆိုလျှင် လူရယ်လို့ကို ဖြစ်လာစရာအကြောင်း မရှိ။ ဓမ္မကြောင့်ဖြစ်ရသော လူ့ဘ၀မှာလည်း ဘ၀နှင့်ဓမ္မ နှစ်ပိုင်းရှိ၏။ နှစ်ပိုင်းလုံး မြင်တတ်ရမည်၊ နှစ်ပိုင်းလုံး တူတူတန်တန် ဖြစ်အောင် ထူထောင်ရမည်၊ တည်ဆောက်ရမည်၊ ဘ၀ပေး တာဝန်ရှိသကဲ့သို့ ဓမ္မပေးတာဝန်လည်း ရှိသည်ဟု နားလည်ရမည်။
လူသည် ဘ၀ကိုသာ မြင်ပြီး ဓမ္မကို မမြင်လျှင် တစ်ဖက်မြင် တစ်ဖက်ကန်း ဗာလဖြစ်၏။ ဘ၀နှင့်ဓမ္မပါ နှစ်ခုလုံးမြင်ပါမှ စုံလုံးမြင်သူ ပဏ္ဍိတ ဖြစ်သည်။ သူတော်ကောင်း၊ သူမြတ်လောင်းကြီးတို့သည် ဘ၀ထက် ဓမ္မကို ဦးစားပေး တည်ဆောက်သွားကြသည်။ ကျွဲကူးတော့ ရေပါဆိုသကဲ့သို့ ဓမ္မကို ဦးစားပေးတော့ ထိုဓမ္မကပဲ ဘ၀ကို တာဝန်ယူသွားလေသည်။
ဘ၀နှင့် ဓမ္မ မခွဲခြားကောင်း၊ ဘ၀နှင့် ဓမ္မက တစ်ထပ်တည်း၊ တစ်သားတည်းကျနေမှ ကောင်းသည်။ ဘ၀ကို ဓမ္မမပါဘဲ တည်ဆောက်ခဲ့လျှင် ဆည်းဆာအရောင် တိမ်တောင်အလှကဲ့သို့ မကြာခင် ပျက်သုဉ်း ပျောက်ကွယ် သွားလိမ့်မည်။ နို့နှင့်ရေ ရောထားသကဲ့သို့ ဘ၀နှင့် ဓမ္မက တစ်ရောင်တည်း၊ တစ်သွေးတည်း ရှိနေစေရမည်။
သတိတရားနှင့် အသိတရား
ဓမ္မဟူသည် ဘ၀ကို အောက်တန်းမကျအောင်၊ အောက်ကျနောက်ကျ မဖြစ်အောင် အဆင့်မနိမ့်အောင် အမြင့်ကို မြှင့်တင်ပေးတတ်သည်။ ဆွဲတင်၊ မ တင်ပေးတတ်သည်၊ မ ချီ ထမ်းပိုးထားတတ်သည်။ သို့ဖြစ်၍ ဘ၀မြင့်လိုလျှင် ဘ၀ထဲမှာ ဓမ္မရှိမှ ဖြစ်မည်။ ဘ၀နှင့် ဓမ္မတွင် ဘ၀ဟူသည် အကာသာဖြစ်၏။ ဓမ္မကမှ အနှစ်ဖြစ်၏။ အကာက ကြာလျှင် ကွာကျလိမ့်မည်။ အနှစ်ကသာ ရေရှည်ခံ၏။
ဘ၀မှာ ဓမ္မရှိဖို့၊ ဘ၀နှင့် ဓမ္မ ထပ်တူမျှနေဖို့ အသိတရားနှင့် သတိတရားတော့ ရှိရမည်။ အသိတရားနှင့် သတိတရားရှိမှသာ ဘ၀နှင့် ဓမ္မက တစ်ထပ်တည်း တစ်သားတည်းကျလိမ့်မည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူတောင်မြင်သည်ဟု ဆိုသဖြင့် သတိတရားကတော့ အချုပ်ပဓာန ဖြစ်သည်။ သတိရှိမှ အသိရှိမည်၊ သတိမရှိလျှင် အသိလည်းမရှိနိုင်။ သတိလစ်နေသူတစ်ဦးသည် ဘာမှမသိတော့။ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်၊ သို့မဟုတ် ဓမ္မ၏အနှစ်ချုပ်ကလည်း အပ္ပမာဒ ခေါ် သတိတရား သာ ဖြစ်သည်။
ဘုရားရှင်သည် ဆွမ်းခံပြန်သည့်အခါ ကျောက်ဖြာထက် ခြေထောက်ရေဆေးခိုက် အနီးအနားရှိ ရဟန်းတော်တို့ကို ဒုလ္လဘတရားငါးပါး နေ့စဉ်မိန့်ကြားဆုံးမတော်မူ၏။ ဒုလ္လဘတရားငါးပါး၏ ရှေ့ပိုင်း၌ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟု အမြဲထည့်ပြီး မိန့်သည်။ ထို့ကြောင့် အပ္ပမာဒတရားက ဘုရားရှင် နေ့စဉ်ဆုံးမခဲ့သော တရားတော်ဖြစ်၏။
ပစ္ဆိမဗုဒ္ဓ၀စနခေါ် ဘုရားရှင်၏ နောက်ဆုံးမှာတမ်းစကားတော်၊ မှာတမ်းတရားတော်ကလည်း “အပ္ပမာဒေန သမ္ပာဒေထ” သာဖြစ်၏။ ကွယ်လွန်ခါနီး မိဘတို့သည် သားသမီးတွေကို စိတ်မချလို့ နောက်ဆုံးမှာသကဲ့သို့ ဘုရားရှင်ကလည်း သူ၏ သားတော်၊ သမီးတော်တို့ကို စိတ်မချလို့ နောက်ဆုံး မှာကြားချက်အနေနှင့် မှာကြားတော်မူ၏။ မိဘတို့သည် အရေးအကြီးဆုံး စကားကို တစ်ခွန်းတည်းနှင့် နောက်ဆုံးမှာကြားသကဲ့သို့ ဘုရားကလည်း အရေးအကြီးဆုံး စကားတစ်ခွန်း နောက်ဆုံးမှာကြားခဲ့လေသည်။ ထိုစကားတစ်ခွန်းက အပ္ပမာဒေန သမ္ပာဒေထ - အပ္ပမာဒ ခေါ်ငြား သတိတရားနှင့် ပြည့်စုံကြပါစေဟူ၍ ဖြစ်၏။
အပ္ပမာဒေန သမ္ပာဒေထဆိုတာ အမှန်တော့ သတိပေးခြင်း ဖြစ်သည်။ လောကမှာ မရှိသူကို ရှိသူက ပေးကြ၏၊ မရှိလို့ကို ပေးရခြင်း ဖြစ်၏။ ဘုရားရှင်ကလည်း နေ့စဉ် သတိပေးသည်၊ နောက်ဆုံးထွက်သက်အထိ သတိပေးသည်။ အဓိပ္ပာယ်က သတိမရှိသူတွေမို့၊ သတိမရှိကြလို့ အထပ်ထပ်အခါခါ သတိပေးနေရခြင်း ဖြစ်၏။ မေ့တတ်လွန်းသူတွေမို့ မမေ့နှင့်၊ မမေ့နှင့်ဟု ထပ်ကာထပ်ကာ မှာနေရခြင်းဖြစ်၏။
သံသရာ၏ ရေသောက်မြစ်နှစ်ပါးက အ၀ိဇ္ဇာနှင့် တဏှာဖြစ်၏။ ထို့ကြောင့် သတ္တ၀ါ၏အစ၊ လူသား၏ အစကလည်း ဤအ၀ိဇ္ဇာနှင့် တဏှာ သာဖြစ်၏။ အရကောက်လျှင် မောဟနှင့်လောဘ ဖြစ်၏။ ကိလေသာမာရ်မင်းသည် လူသားကို မောဟမေ့ဆေးတစ်လုံး ထိုးပေးပြီး လောဘတည်းဟူသော တပ်မက်မှု၊ သာယာစွဲလမ်းမှု ဆေးတစ်လုံး တိုက်လွှတ်လိုက်တာ သံသရာတစ်လျှောက်လုံး မေ့လျော့ပြီးတော့ လိုချင်မှု၊ တပ်မက်မှု၊ သာယာစွဲလမ်းမှုတွေနှင့်သာ အချိန်ကုန်ခဲ့တော့၏။
ထိုးဆေးတစ်လုံးနှင့် သောက်ဆေးတစ်လုံး၏ အစွမ်းကတော်တော်ထက်သည်။ သံသရာတစ်လျှောက်လုံး ဟိုဟာလိုချင်၊ သည်ဟာလိုချင်၊ ဟိုဟာတပ်မက်၊ သည်ဟာတပ်မက်၊ ဟိုဟာသာယာ၊ သည်ဟာ သာယာ၊ ဟိုဟာစွဲလမ်း၊ သည်ဟာစွဲလမ်းနှင့် မေ့ချင်တိုင်းမေ့၊ မျောချင်တိုင်း မျောခဲ့လေတော့၏။
သတ္တ၀ါတွေက မေ့ဆေးလွန်ပြီး မေ့ချင်တိုင်း မေ့၊ မျောချင်တိုင်းမျောနေပြီး သတိကင်းပျောက်၊ သတိလက်လွတ်၊ သတိမရှိဘဲ ဖြစ်နေကြလို့ လေးဆယ့်ငါးဝါတိုင်တိုင် နေ့စဉ် သတိပေးသည်။ နောက်ဆုံးအမွေအဖြစ်လည်း သတိကိုပဲ ပေးသွားတော်မူသည်။ ထို့ကြောင့် ဘုရားရှင် ပေးသွားသော အမွေတော်သတိကို ရအောင်ယူရမည်။ နှလုံးသားထဲမှာ ကောင်းကောင်းမွန်မွန် သိမ်းဆည်းထားရမည်။ စားသတိ၊ သွားသတိ၊ လာသတိ၊ နေသတိ၊ လုပ်တာကိုင်တာ သတိ၊ ပြောတာဆိုတာ သတိ အမြဲသတိရှိကြရမည်။ သတိတစ်လုံး အစဉ်သုံးက နောက်ဆုံး နိဗ္ဗာန်ရောက်ပါလိမ့်မည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏ ဘာဝနာကထာ မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
     သတိတရားနှင့် အသိတရား
    တရားဟူသည် 
    တရားဘာဝနာဟု ခေါ်ဝေါ်ကြသဖြင့် ဘာဝနာအကြောင်း လေ့လာသောအခါ တရားအကြောင်းကို ဦးစွာသိဖို့ လိုအပ်မည်ဟု ထင်၏ ။ ထို့ကြောင့် တရားအကြောင်းကို ဦးစွာပထမ ရှင်းပြလို၏ ။
    တရားဟူသည် ဓမ္မဟူသောပါဠိမှ လာ၏ ။ ဓမ္မ၏အဖွင့်ကို တိပိဋကပါဠိ မြန်မာ အဘိဓာန်ကျမ်းတွင် ကြည့်သောအခါ အနက်အဓိပ္ပါယ် တစ်ရာကျော်ကျော်မျှ ဖွင့်ပြထားသည်ကို တွေ့ရ၏ ။ ကျမ်းပြုဆရာတော်တို့က ပါဠိတော်၊ အဠကထာ၊ ဋိကာတို့၌ လာရှိသမျှ ဓမ္မ၏ အဖွင့်များကို ကူးယူ ဖွင့်ပြထားခြင်းဖြစ်သဖြင့် ထိုမျှများပြားနေ၏ ။
    ဆရာတော်တို့၏ ဇွဲ၊ လုံ့လ ၀ီရိယကို ဤနေရာမှ ဦးခိုက်ပါ၏ ။ ဓမ္မ၏အဓိပ္ပါယ် ပြည့်ပြည့်စုံစုံ သိချင်လျှင် ထိုအဘိဓာန်ကျမ်းမှာ ကြည့်နိုင်၏ ။
    ဤနေရာ၌ အဓိပ္ပါယ်နှစ်မျိုးမျှ ရှင်းပြလျှင် လုံလောက်မည်ဟု ထင်၏ ။ “ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ” ဟု ဆိုရာ၌ ဓမ္မဟူသည် နိဿတ္တ - သက်ရှိသတ္တ၀ါလည်း မဟုတ်၊ နိဇ္ဇီဝ - အသက်လည်း မဟုတ်၊ သဘောတရားသက်သက်မျှသာဟု အဋ္ဌကထာဆရာက ဆို၏ ။ သဘောတရားဟူသည် လက်ဆုပ်လက်ကိုင်ပြစရာ အကောင်အထည်မရှိ၊ ဂုဏ်သတ္တိထူးမျှသာ ရှိ၏ ။
    ဓမ္မ၊ အဓမ္မဟု နှစ်မျိုးခွဲခေါ်ရာ၌ ဓမ္မက တရား၊ အဓမ္မက မတရား ဖြစ်၏ ။ တရားက ကောင်း၏ ။ မတရားက ယုတ်ညံ့၏ ။ တရားက အထက်တန်းကျ၏ ၊ မတရားက အောက်တန်းကျ၏ ။ တရားက တရားမျှတ၏ ၊ မတရားက တရားမမျှတ။ ဤအဓိပ္ပါယ်အရ တရားဟူသည် ကောင်းသည်၊ မြင့်မြတ်သည်၊ အထက်တန်းကျသည်၊ တရားမျှတသည်ဟူသော အဓိပ္ပာယ်ထွက်၏ ။
    ပထမနည်းအရ တရားဟူသည် သဘောပဲရှိသဖြင့် ကောင်းသောသဘောသည်လည်း တရား၊ ဆိုးသောသဘောသည်လည်း တရား ဖြစ်၏ ။ တရားအမည်သည် အကောင်း၊ အဆိုး နှစ်မျိုးစလုံးနှင့် သက်ဆိုင်၏ ။ အဖြစ်လည်း သဘော၊ အပျက်လည်း သဘောဖြစ်သဖြင့် အဖြစ်ကလည်း တရား၊ အပျက်ကလည်း တရားပင်ဖြစ်၏ ။
    ဒုတိယနည်းအရ တရားဟူသည် ကောင်းသောသဘောရှိ၏ ၊ မြင့်မြတ်သောသဘောရှိ၏ ၊ အထက်တန်းကျသောသဘောရှိ၏ ၊ မှန်ကန်သော သဘောရှိ၏ ၊ အထက်တန်းကျသောသဘောရှိ၏ ၊ မှန်ကန်သောသဘောရှိ၏ ၊ မျှတသောသဘောရှိ၏ ။ ထို့ကြောင့် ကောင်းမှ၊ မြင့်မှ၊ မြတ်မှ၊ အထက်တန်းကျမှ၊ မှန်ကန်မှ၊ မျှတမှ တရားဟူ၍ မှတ်ယူအပ်၏ ။
    အလုပ်တရားနှင့် အရှိတရား
    မဟာစည်ဆိုင်ရာ ရိပ်သာတွေမှာ တရားစ၀င်သော ယောဂီသည် ဦးစွာပထမ အလုပ်ပေးတရားနာရ၏ ။
    တရားအားထုတ်နည်းဆိုင်ရာတွေ ပြည့်ပြည့်စုံစုံ ဟောထားသောတရားဖြစ်သည်။ အလုပ်ပေးတရားဟူသည် ၀ိပဿနာတရားဖြစ်သည် ။ ၀ိပဿနာတရားသည် လုပ်ယူရသောတရားဖြစ်သဖြင့် “အလုပ်တရား” ဟု ခေါ်၏ ။
    အလုပ်တရားကို လုပ်နေ၊ အားထုတ်နေသောသူကို “ယောဂီ” ဟု ခေါ်၏ ။ ယောဂီဟူသည် တရားအားထုတ်နေသူကိုသာ ခေါ်သည်။ သာမန်အချိန်မှာ ယောဂီဟုမခေါ် ။
    သာမန်အချိန်တွေမှာလည်း တရားရှိ သင့်သည် ။ ထိုတရားကို “အရှိတရား” ဟု ခေါ်၏ ။
    သို့ဖြစ်သဖြင့် တရားက အလုပ်တရားနှင့် အရှိတရားဟု နှစ်မျိုးရှိလေသည်။
    လူသည် တရားအလုပ် အားထုတ်နေမှ တရားရှိရမည် မဟုတ်။ သာမန်အချိန်တွေမှာလည်း ရှိသင့်ရှိထိုက်သော တရားတွေ ရှိရမည်။ စင်စစ် အလုပ်တရားထက် အရှိတရားက ပိုအရေးကြီး၏ ။
    ဘယ်သူက တရား ရှိတယ် ၊ ဘယ်သူက တရားမရှိဘူးဆိုတာ အရှိတရားကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ အရှိတရားရှိပြီးမှသာ အလုပ်တရားလုပ်တာက ပို၍ ထိရောက်၏ ။ အရှိတရား မရှိဘဲ အလုပ်တရားလုပ်တာက သိပ်သဘာဝမကျ။ တရားမရှိလျှင် တရားမလုပ်ရဟူ၍တော့ မဆိုလိုပါ။ လုပ်လို့တော့ ရပါသည်။
    လူတိုင်းသည် ကိုယ်ကျင့်တရား ရှိရမည်၊ ကိုယ်ကျင့်တရားဟူသည် အဓိက ငါးပါးသီလသာဖြစ်၏။ ငါးပါးသီလဟူသည် ကိုယ်ချင်းစာတရား အခြေခံသည်။ လူမှာ အရေးအကြီးဆုံးက ကိုယ်ချင်းစာတရား ဖြစ်၏ ။ ကိုယ်ချင်းစာတရားရှိလျှင် မဟုတ်၊ မမှန်၊ မတော်၊ မတရား၊ မမျှတတာတွေ ကင်းသွားလိမ့်မည်၊ မဟုတ်၊ မမှန်၊ မတော်၊ မလျော်၊ မတရား၊ မမျှတတာတွေ ကင်းသွားလျှင် လူ့ဘ၀၊ လူ့ပတ်ဝန်းကျင်က အတော်အေးချမ်းသာယာ သွားပါပြီ၊ နေလို့ ထိုင်လို့ အတော်ကောင်းသွားပါပြီ။
    လူတိုင်းမှာ ရှိသင့်ရှိထိုက်သော လူမှုအခြေခံတရားတွေ ရှိသည်။ ကိုယ်ချင်းစာတရား ရှိရမည်၊ သူ့ဖို့ကိုယ့်ဖို့ မျှတမှုရှိရမည်။ တရားမျှတဟုဆိုသည့်အတိုင်း မျှတမှသာ တရားဖြစ်သည်။ မမျှတလျှင် တရားမဟုတ်။ မတရားသာ ဖြစ်သည်၊ မတရားလျှင် မတော်တော့။ ထို့ကြောင့် မတော်မတရားဟု တွဲသုံးကြသည်။ လူသည် ဆင်ခြင်တုံတရားရှိရမည်၊ ဆင်ခြင်တုံတရားရှိလျှင် အမှားအယွင်း တော်တော်ကင်းလိမ့်မည်။ အတိုင်းအတာတစ်ခုအထိ သည်းခံတတ်ရမည်၊ ခွင့်လွှတ်တတ်ရမည်၊ အကောင်းမြင်တတ်ရမည်၊ ရိုးသားဖြောင့်မတ်ရမည်၊ တည်တည်ကြည်ကြည် ရှိရမည်၊ ကူညီတတ်ရမည်၊ ရိုင်းပင်းတတ်ရမည်၊ အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ရမည်။
    လူ၏ အခြေခံ ကိုယ်ကျင့်တရားက ငါးပါးသီလဖြစ်၏။ ငါးပါးသီလက ကိုယ့်ကိုယ်လည်း ထိန်းသိမ်းစောင့်ရှောက်သလို ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်သည်။ လူသည် မိမိကိုယ်ကျိုးကို ဆောင်ရွက်ရသလို ပတ်ဝန်းကျင်ကလူတွေ အကျိုးကိုလည်း ဆောင်ရွက်ရမည်။ လူအများကောင်းကျိုးကို ဆောင်ဖို့အတွက် မေတ္တာကရုဏာ စသော ဗြဟ္မစိုရ်တရားတွေ ရှိရမည်။ မေတ္တာဟူသည် အများအကျိုးဆောင်ခြင်း ဖြစ်၏။ ကရုဏာက အများဒုက္ခရောက်မှာကို မလိုလားခြင်း ဖြစ်၏။ အများ၏ဒုက္ခကို ဖယ်ရှားပေးခြင်းဖြစ်၏။ ဒုက္ခရောက်နေလျှင် ထိုဒုက္ခမှ လွတ်မြောက်အောင် ကူညီခြင်း၊ ကယ်တင်ခြင်း၊ စောင့်ရှောက်ခြင်းဖြစ်၏။ ကရုဏာဖြစ်လျှင် မေတ္တာကလည်း ပါလာတော့၏ ။
    ဓမ္မကြောင့် လူ့ဘ၀ဟု ဖြစ်လာရ၏။ အဓမ္မကြောင့်ဆိုလျှင် လူရယ်လို့ကို ဖြစ်လာစရာအကြောင်း မရှိ။ ဓမ္မကြောင့်ဖြစ်ရသော လူ့ဘ၀မှာလည်း ဘ၀နှင့်ဓမ္မ နှစ်ပိုင်းရှိ၏။ နှစ်ပိုင်းလုံး မြင်တတ်ရမည်၊ နှစ်ပိုင်းလုံး တူတူတန်တန် ဖြစ်အောင် ထူထောင်ရမည်၊ တည်ဆောက်ရမည်၊ ဘ၀ပေး တာဝန်ရှိသကဲ့သို့ ဓမ္မပေးတာဝန်လည်း ရှိသည်ဟု နားလည်ရမည်။
    လူသည် ဘ၀ကိုသာ မြင်ပြီး ဓမ္မကို မမြင်လျှင် တစ်ဖက်မြင် တစ်ဖက်ကန်း ဗာလဖြစ်၏။ ဘ၀နှင့်ဓမ္မပါ နှစ်ခုလုံးမြင်ပါမှ စုံလုံးမြင်သူ ပဏ္ဍိတ ဖြစ်သည်။ သူတော်ကောင်း၊ သူမြတ်လောင်းကြီးတို့သည် ဘ၀ထက် ဓမ္မကို ဦးစားပေး တည်ဆောက်သွားကြသည်။ ကျွဲကူးတော့ ရေပါဆိုသကဲ့သို့ ဓမ္မကို ဦးစားပေးတော့ ထိုဓမ္မကပဲ ဘ၀ကို တာဝန်ယူသွားလေသည်။
    ဘ၀နှင့် ဓမ္မ မခွဲခြားကောင်း၊ ဘ၀နှင့် ဓမ္မက တစ်ထပ်တည်း၊ တစ်သားတည်းကျနေမှ ကောင်းသည်။ ဘ၀ကို ဓမ္မမပါဘဲ တည်ဆောက်ခဲ့လျှင် ဆည်းဆာအရောင် တိမ်တောင်အလှကဲ့သို့ မကြာခင် ပျက်သုဉ်း ပျောက်ကွယ် သွားလိမ့်မည်။ နို့နှင့်ရေ ရောထားသကဲ့သို့ ဘ၀နှင့် ဓမ္မက တစ်ရောင်တည်း၊ တစ်သွေးတည်း ရှိနေစေရမည်။
    သတိတရားနှင့် အသိတရား
    ဓမ္မဟူသည် ဘ၀ကို အောက်တန်းမကျအောင်၊ အောက်ကျနောက်ကျ မဖြစ်အောင် အဆင့်မနိမ့်အောင် အမြင့်ကို မြှင့်တင်ပေးတတ်သည်။ ဆွဲတင်၊ မ တင်ပေးတတ်သည်၊ မ ချီ ထမ်းပိုးထားတတ်သည်။ သို့ဖြစ်၍ ဘ၀မြင့်လိုလျှင် ဘ၀ထဲမှာ ဓမ္မရှိမှ ဖြစ်မည်။ ဘ၀နှင့် ဓမ္မတွင် ဘ၀ဟူသည် အကာသာဖြစ်၏။ ဓမ္မကမှ အနှစ်ဖြစ်၏။ အကာက ကြာလျှင် ကွာကျလိမ့်မည်။ အနှစ်ကသာ ရေရှည်ခံ၏။
    ဘ၀မှာ ဓမ္မရှိဖို့၊ ဘ၀နှင့် ဓမ္မ ထပ်တူမျှနေဖို့ အသိတရားနှင့် သတိတရားတော့ ရှိရမည်။ အသိတရားနှင့် သတိတရားရှိမှသာ ဘ၀နှင့် ဓမ္မက တစ်ထပ်တည်း တစ်သားတည်းကျလိမ့်မည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူတောင်မြင်သည်ဟု ဆိုသဖြင့် သတိတရားကတော့ အချုပ်ပဓာန ဖြစ်သည်။ သတိရှိမှ အသိရှိမည်၊ သတိမရှိလျှင် အသိလည်းမရှိနိုင်။ သတိလစ်နေသူတစ်ဦးသည် ဘာမှမသိတော့။ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်၊ သို့မဟုတ် ဓမ္မ၏အနှစ်ချုပ်ကလည်း အပ္ပမာဒ ခေါ် သတိတရား သာ ဖြစ်သည်။
    ဘုရားရှင်သည် ဆွမ်းခံပြန်သည့်အခါ ကျောက်ဖြာထက် ခြေထောက်ရေဆေးခိုက် အနီးအနားရှိ ရဟန်းတော်တို့ကို ဒုလ္လဘတရားငါးပါး နေ့စဉ်မိန့်ကြားဆုံးမတော်မူ၏။ ဒုလ္လဘတရားငါးပါး၏ ရှေ့ပိုင်း၌ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟု အမြဲထည့်ပြီး မိန့်သည်။ ထို့ကြောင့် အပ္ပမာဒတရားက ဘုရားရှင် နေ့စဉ်ဆုံးမခဲ့သော တရားတော်ဖြစ်၏။
    ပစ္ဆိမဗုဒ္ဓ၀စနခေါ် ဘုရားရှင်၏ နောက်ဆုံးမှာတမ်းစကားတော်၊ မှာတမ်းတရားတော်ကလည်း “အပ္ပမာဒေန သမ္ပာဒေထ” သာဖြစ်၏။ ကွယ်လွန်ခါနီး မိဘတို့သည် သားသမီးတွေကို စိတ်မချလို့ နောက်ဆုံးမှာသကဲ့သို့ ဘုရားရှင်ကလည်း သူ၏ သားတော်၊ သမီးတော်တို့ကို စိတ်မချလို့ နောက်ဆုံး မှာကြားချက်အနေနှင့် မှာကြားတော်မူ၏။ မိဘတို့သည် အရေးအကြီးဆုံး စကားကို တစ်ခွန်းတည်းနှင့် နောက်ဆုံးမှာကြားသကဲ့သို့ ဘုရားကလည်း အရေးအကြီးဆုံး စကားတစ်ခွန်း နောက်ဆုံးမှာကြားခဲ့လေသည်။ ထိုစကားတစ်ခွန်းက အပ္ပမာဒေန သမ္ပာဒေထ - အပ္ပမာဒ ခေါ်ငြား သတိတရားနှင့် ပြည့်စုံကြပါစေဟူ၍ ဖြစ်၏။
    အပ္ပမာဒေန သမ္ပာဒေထဆိုတာ အမှန်တော့ သတိပေးခြင်း ဖြစ်သည်။ လောကမှာ မရှိသူကို ရှိသူက ပေးကြ၏၊ မရှိလို့ကို ပေးရခြင်း ဖြစ်၏။ ဘုရားရှင်ကလည်း နေ့စဉ် သတိပေးသည်၊ နောက်ဆုံးထွက်သက်အထိ သတိပေးသည်။ အဓိပ္ပာယ်က သတိမရှိသူတွေမို့၊ သတိမရှိကြလို့ အထပ်ထပ်အခါခါ သတိပေးနေရခြင်း ဖြစ်၏။ မေ့တတ်လွန်းသူတွေမို့ မမေ့နှင့်၊ မမေ့နှင့်ဟု ထပ်ကာထပ်ကာ မှာနေရခြင်းဖြစ်၏။
    သံသရာ၏ ရေသောက်မြစ်နှစ်ပါးက အ၀ိဇ္ဇာနှင့် တဏှာဖြစ်၏။ ထို့ကြောင့် သတ္တ၀ါ၏အစ၊ လူသား၏ အစကလည်း ဤအ၀ိဇ္ဇာနှင့် တဏှာ သာဖြစ်၏။ အရကောက်လျှင် မောဟနှင့်လောဘ ဖြစ်၏။ ကိလေသာမာရ်မင်းသည် လူသားကို မောဟမေ့ဆေးတစ်လုံး ထိုးပေးပြီး လောဘတည်းဟူသော တပ်မက်မှု၊ သာယာစွဲလမ်းမှု ဆေးတစ်လုံး တိုက်လွှတ်လိုက်တာ သံသရာတစ်လျှောက်လုံး မေ့လျော့ပြီးတော့ လိုချင်မှု၊ တပ်မက်မှု၊ သာယာစွဲလမ်းမှုတွေနှင့်သာ အချိန်ကုန်ခဲ့တော့၏။
    ထိုးဆေးတစ်လုံးနှင့် သောက်ဆေးတစ်လုံး၏ အစွမ်းကတော်တော်ထက်သည်။ သံသရာတစ်လျှောက်လုံး ဟိုဟာလိုချင်၊ သည်ဟာလိုချင်၊ ဟိုဟာတပ်မက်၊ သည်ဟာတပ်မက်၊ ဟိုဟာသာယာ၊ သည်ဟာ သာယာ၊ ဟိုဟာစွဲလမ်း၊ သည်ဟာစွဲလမ်းနှင့် မေ့ချင်တိုင်းမေ့၊ မျောချင်တိုင်း မျောခဲ့လေတော့၏။
    သတ္တ၀ါတွေက မေ့ဆေးလွန်ပြီး မေ့ချင်တိုင်း မေ့၊ မျောချင်တိုင်းမျောနေပြီး သတိကင်းပျောက်၊ သတိလက်လွတ်၊ သတိမရှိဘဲ ဖြစ်နေကြလို့ လေးဆယ့်ငါးဝါတိုင်တိုင် နေ့စဉ် သတိပေးသည်။ နောက်ဆုံးအမွေအဖြစ်လည်း သတိကိုပဲ ပေးသွားတော်မူသည်။ ထို့ကြောင့် ဘုရားရှင် ပေးသွားသော အမွေတော်သတိကို ရအောင်ယူရမည်။ နှလုံးသားထဲမှာ ကောင်းကောင်းမွန်မွန် သိမ်းဆည်းထားရမည်။ စားသတိ၊ သွားသတိ၊ လာသတိ၊ နေသတိ၊ လုပ်တာကိုင်တာ သတိ၊ ပြောတာဆိုတာ သတိ အမြဲသတိရှိကြရမည်။ သတိတစ်လုံး အစဉ်သုံးက နောက်ဆုံး နိဗ္ဗာန်ရောက်ပါလိမ့်မည်။
    အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏ 
    ဘာဝနာကထာ မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
Thursday, January 3, 2013
ချစ်လျက်နဲ့ စွန့်ခွါသူရဲ့ ရင်ထဲမှာ..
ချစ်လျက်နဲ့ စွန့်ခွါသူရဲ့  ရင်ထဲမှာ..
 အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင် ပြောလိုက်တဲ့ ပညာတတ်များ ပြန်လည်ခေါ်ယူရေးဆိုတာလေး ကြားပြီးကတည်းက ကျမ ရင်ထဲမှာ ပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင် မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်းဆိုတော့ စာရိုက်ရမှာ ကြောက်တာတွေပေါင်းပြီး လက်တွန့်နေမိပါတယ်။ ၅-၈-၂၀၁၁ ကြေးမုံသတင်းစာမှာပါတဲ့ မောင်တင်အေး (သရက်) ရဲ့ နိုင်ငံကိုစွန့်ခွာခြင်း ဆောင်းပါးကိုဖတ်ရတော့ ပြော ချင်စိတ်တွေ တားမရတော့ပါဘူး။ တတ်သလောက် မှတ်သလောက်နဲ့ဒီ Post လေးတင်ပြီး ရင်ဖွင့်ချင်ပါတယ်။ အပြော မတတ်လို့ ဆဲသလိုဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ကျမဟာ နိုင်ငံကိုစွန့်ခွါသူထဲမှာ မပါကြောင်းပါ။ အခုထိ ကျမ မြန်မာပြည်ထဲမှာပဲ စွဲစွဲမြဲမြဲ နေထိုင်လျက်ရှိပါတယ်။ 
ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ခြေလှမ်း နေခြင်းမရှိပါ။ ကျမရဲ့ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုး သားချင်းတွေထဲမှာတော့ နိုင်ငံကို စွန့်ခွာသူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကျမ ဘယ်တော့မှ သူတို့ကိုအပြစ် မမြင်၊ အပြစ်မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကိုမချစ်လို့ စွန့်ခွါသွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ ကျမ တို့ ဒီတိုင်းပြည်ကို ချစ်သလောက် သူတို့လည်း ချစ်ကြမှာပါ။ မေးကြည့်လိုက်ပါ။ အကယ်၍ သူတို့လက်ရှိနေတဲ့ တိုင်း ပြည်နဲ့ မြန်မာပြည် အားကစားပွဲတခုမှာ ထိပ်တိုက်ဆိုရင် ဘယ်သူ့ကိုနိုင် စေချင်သလဲလို့။ သူတို့ မြန်မာလို့ဘဲဖြေကြမှာ ပါ။ ဒါဆိုသူတို့ဘာလို့နိုင်ငံကို စွန့်ခွါသွားကြသလဲလို့မေးရင် ကျမ အမြင်မှာတော့ သူတို့ကို နိုင်ငံတော်ရဲ့တာဝန်ရှိသူများ က တန်ဖိုးမထားခဲ့လို့နဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေရဲ့နောင်ရေးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကိုပေးချင်လို့ ဆို တဲ့အဖြေနှစ်ခု ကျမ တွေ့ပါတယ်။ 
သူတို့ကိုနိုင်ငံတော်ရဲ့တာဝန်ရှိသူများက တန်ဖိုးမထားလို့ဆိုတဲ့ အကြောင်း ကျမကိုယ်တွေ့တွေနဲ့ ရှင်းပြပါမယ်။ ကျမတို့ ဘွဲ့ရတဲ့ခေတ်က အစိုးရဝန်ထမ်း အလုပ်ရဘို့ အလွန်ခက်ပါတယ်။ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေး စာမေးပွဲကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးပြီး အောင်မှ သတ်မှတ်ဦးရေဘဲ ခန့်ထားတဲ့စနစ်ပါ။ ဆရာဝန်တွေ အတွက်တော့ ဝန်ထမ်းလုပ်သက် ၂ နှစ်ရှိမှ ဘွဲ့လွန်ဖြေခွင့်ပေးတဲ့ ခေတ်ပါ။ ကျမဟာ ငယ်ငယ်ကတည်းက ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ “သူ” ၊ဒေါက်တာထွန်းရွှေရဲ့ “သက်ဝေမေကျော့”၊ ဒေါက် တာမောင်သင် ရဲ့“ကိုယ်တွေ့ဝတ္ထုတိုများ” နဲ့ ကြီးခဲ့ရတော့ အဲဒီဝတ္ထုတွေထဲကလို စေတနာဆရာဝန် ဖြစ်ချုင်ခဲ့သူပါ။ ငယ်ငယ်က ရွှေသွေးထဲမှာ ဖတ်ခဲ့ရတဲ့ ကယားပြည်နယ်က ဆရာဝန်မလေး သူလက်ထပ်တဲ့နေ့မှာ ဧည့်ခံပွဲကျင်းပနေရင်း ထားခဲ့ပြီး မီးမဖွားနိုင်တဲ့ လူနာကို ဆေးသွားကုပေးလို့ ယောက္ခမလောင်းက မင်္ဂလာပွဲဖျက်ပစ်တာတွေ၊ သူသေတော့ ဆေးခန်းက “အထက်သို့”ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးကို ကယားလူမျိုးတွေက အုတ်ဂူလေးမှာ တပ်ပေးတာတွေ ဖတ်ရင်း မျက်ရည်ကျမတတ် အားကျမိခဲ့ရသူပါ။ ပြောရရင်တော့ နိုင်ငံ့ဝန်ထမ်း ဆရာဝန်လုပ်ဖို့ စိတ်အားထက်သန်ခဲ့သူ လို့ ပြောချင်ပါတယ်။ 
ကျမတို့ ရှေ့အတန်းက အကိုအမတွေ အောင်ပြီးသော်လည်း ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက စာမေးပွဲမကျင်းပပေးလို့ ဆမ လက်မှတ်ကိုင်ပြီးစောင့်နေကြတာ ၄-၅ နှစ်ထက် မနည်းတော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျမတို့ အောင်တဲ့နှစ်မှာ (ကျမတို့ အတန်းက လူကြီးသားသမီးတွေများတယ်) စာမေးပွဲခေါ်ပြီဆိုတော့ အရမ်းပျော်ရပါတယ်။ အင်္ဂလိပ်စာနဲ့ ဗဟု သုတ စာမေးပွဲ နှစ်ဘာသာအတွက်လည်း လေ့လာရပါတယ်။ ကျူရှင်က နယ်မှာနေတာလည်းဖြစ်၊ တသက်လုံး ကျူရှင် မတက်ခဲ့ဘူးတော့ ဒါအတွက်နဲ့တော့ မတက်တော့ပါဘူး။ နေ့စဉ် ဖတ်နေကျ သတင်းစာတွေလည်း ညက်ညက်ကျေ အောင်ဖတ်မှတ်တာပေါ့။ ရေးဖြေကတော့ လွယ်လွယ်ကူကူပဲ အောင်ပါတယ်။ နှုတ်ဖြေအတွက် အများပြောသလို မြန် မာဆန်ဆန်လေးဝတ်၊ ရိုရိုကျိုးကျိုးလေးနဲ့ Interview ခန်းထဲဝင်၊ ဝန်ထမ်းရွေးချယ်ရေးက လူကြီးတွေ ၅ ယောက် ဝိုင်း ပြီးမေးကြသမျှ ကျမ အထင် ၈၀ – ၉၀ % လောက် ကျမ ဖြေနိုင်မယ်လို့ ထင်ပါတယ်။ 
နာရီဝက်လောက်ကြာအောင် မေးပြီး တဲ့အခါ တယောက်က သမီးအသက် ဘယ်လောက်ရှိပြီလဲတဲ့။ ကျမက ၂၄ နှစ်လို့ဖြေပါတယ်။ အဲဒီတော့ အော် ငယ်ပါသေးတယ်တဲ့။ ကျမသိလိုက်ပါပြီ။ ကျမကို မရွေးတော့ဘူးလို့။ ပြောဘို့မေ့ ကျန်သွားတယ် ကျောင်းမှာလည်း ကျမ က အမှတ်တွေသိပ်မဆိုးတဲ့အထဲမှာ ပါပါတယ်။ အရည်အချင်း ကိုမရွေးဘဲ ငယ်သေးလို့မခေါ်ချင်ရင်လည်း အစကတည်းက အသက်ကို မြှင့်ပြီးကန့်သတ်ပါလား။ ပြန် အထွက်မှာ အသိတယောက်နဲ့တိုးတော့ စောစောကမှကြိုမပြောဘဲ။ Plaster ရှာပေးလို့ရတယ်တဲ့လေ။ ကျမ အရည်အ ချင်းမရှိဘဲ Plaster နဲ့မှ ရမယ့်အလုပ်ကို ကျမလည်း မလိုချင်တော့ပါဘူး။ နောက်နှစ်တွေမှာ စာမေးပွဲခေါ်တော့ စာ တောင် မဖတ်တော့ဘဲ သွားဖြေပါတယ်။ ရေးဖြေကတော့ အောင်တာပါဘဲ။ နှုတ်ဖြေကတော့ စိတ်နာလို့ သွားကိုမဖြေ တော့ပါဘူး။ ပြောချင်တာကတော့ တကယ် တိုင်းပြည်အတွက်လုပ်ပေးမယ့် ဝန်ထမ်းကောင်းတယောက်ကို သူတို့လွှင့် ပစ်ခဲ့ကြပါတယ်။ 
 နောက် အဖြစ်အပျက်တခုကတော့ ကျမ သူငယ်ချင်းပါ။ သူကစာသိပ်တော်ပါတယ်။ လူရည်ချွန် ခြောက်ထပ်ကွမ်းပါ။ ကျောင်းမှာ Roll No: (2) ပါ။ စာမေးပွဲတိုင်း ဂုဏ်ထူးနဲ့အောင်သူပါ။ ဘွဲ့ရပြီးတော့ ဆေးသုတေသနက အလုပ်ခေါ်တာ သူသွားလျှောက်ပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းမေးပြီး၊ အဲဒီအလုပ်ဘဲ ပြန်လုပ်ပါလားလို့ ပြောခံခဲ့ရပါတယ်။ အဲဒီက တည်းက သူပြည်ပထွက်သွားတာ အခု အထူးကုကြီးအဖြစ် ပြည်ပမှာ အခြေချနေပါပြီ။ တော်တဲ့သူက ဘယ်ရောက် ရောက် စင်တော်က ကောက်သွားမှာပါ။ တိုင်းပြည်ကတော့ နစ်နာခဲ့ပါပြီ။ 88 အရေးအခင်းအပြီးမှာ ပြည်ပထွက်ဖို့လည်း လွယ်သွားတော့ ကျမတို့ အတန်းက ဝန်ထမ်းအလုပ်မရတဲ့ သူငယ်ချင်းတွေရော၊ ဆရာတွေ၊ နောင်တော်အမတော်တွေ ရော နိုင်ငံအသီးသီးကို ထွက်ကြပါတယ်။ သူတို့ လွယ်လွယ်ကူကူနဲ့ တိုင်းတပါးမှာ အခြေချနိုင်ကြတာမဟုတ်ပါဘူး။ ဓါတ်ဆီဆိုင်ဝန်ထမ်း၊ အိုက်တိုး ပဂေးဆံ၊ Waiter ၊ ဓါတ်ခွဲခန်းအကူ စသည်ဖြင့် ကိုယ့်ပညာအရည်အချင်းထက်နိမ့်ကျတဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး ဝင်ငွေ ရှာ၊ တဖက်ကလည်း ကျောင်းတက်ကြရပါတယ်။ သက်တောင့်သက်သာနဲ့ မူလအသက်မွေးဝမ်းကျောင်းအတိုင်း ရတဲ့သူ အနည်းအကျဉ်း ရှိနိုင်ပေမယ့် အများစုကတော့ ရုန်းကန်လှုပ်ရှားပြီးမှ ဆရာဝန်အဖြစ်နဲ့ပဲ အသက်မွေးနိုင်တဲ့သူလည်းရှိ၊ တချို့ကတော့ လိုင်းပြောင်းပြီး Sushi ဆိုင်ဖွင့်တာမျိုး၊ အခြားအသက်မွေးဝမ်းကျောင်းလိုင်းကို ပြောင်းလိုက်ကြတဲ့သူ တွေလည်းရှိပါတယ်။ ဒီလိုဆို အစိုးရဝန်ထမ်းအလုပ်မရလည်း G.P လုပ်ပြီး အဆင်ပြေနေတဲ့ သူတွေအများကြီးပါ၊ ပြည်ပထွက်စရာ မလိုပါဘူး လို့ မေးစရာရှိပါတယ်။ 
ကျမအတွေ့အကြုံပဲပြောပါမယ်။ ကျမ က နယ်မြို့ လေးမှာ G.P ငါးနှစ်လုပ်ခဲ့ပါတယ်။ မိဘပိုင် အိမ်မှာ မိဘကရင်းပေးတဲ့ ငွေငါးသောင်းနဲ့ ဆေးခန်းပရိဘောဂတွေလုပ်၊ ဆေးတွေဝယ်ပြီးတော့ ဆေးခန်းဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်က တရုပ်ကလာတဲ့ ထိုးဆေး စားဆေး တွေက B.P.I ထက် ဈေးသက်သာပြီး Effective လည်းဖြစ်ပါတယ်။ ထိုးဆေးတလုံးကို တကျပ် ပတ်ဝန်းကျင်၊ ပါရာစီတမော တလုံးကို ၁၀ ပြား၊ Ampicillin တလုံးကို တမတ်လောက်ကျတဲ့ ခေတ်ပါ။ အဲဒီအချိန်က အသားဆေးတလုံးထိုးပေးပြီး တရက်စာဆေးပေးရင် (ကျမက ဆေးကို စာအုပ်ထဲကအတိုင်း Dose အပြည့်ပဲပေးပါတယ်) ဆေးဖိုး သုံးကျပ်လောက်ကျပါတယ်။ ကျမ လူနာဆီက ငါးကျပ်ယူတယ်။ တောကလူနာ ဆိုရင် သူထပ်မလာနိုင်မှာစိုးလို့ Antibiotics ကို ငါးရက်စာ တခါတည်း ပေးလိုက်ရတယ်။ ဆင်းရဲတဲ့လူနာဆိုရင် ဆေးဖိုး မယူတဲ့အပြင် ဝမ်းလျှောနေရင် ဓာတ်ဆား ရည်ပါဖျော်တိုက်လိုက်ရတယ်။ အာဟာရမပြည့်တဲ့ ကလေးတွေဆိုရင် မုန့်ပါ ဝယ်ပေးလိုက်ရတယ်။ 
တခါသုံးဆေးထိုးအပ်တွေမပေါ်သေးတော့ Syringe နဲ့ Needle တွေကို အနည်းဆုံး မိနစ် ၂၀ ကြာ အောင် ပြုတ်ပြီးမှ ဆေးထိုးတယ်။ မီးမလာတဲ့နေ့တွေမှာ ကျမရဲ့လူနာတွေဟာ မီးသွေးမီးဖိုလေးကို ကူပြီး မီးမွှေးပေးကြရတယ်။ လူနာရှင်းသွားပြီးချိန် Syringe နဲ့ Needle ပြုတ်တဲ့အိုးလေး မေ့ထားမိလို့ တူးခြစ်ပြီး လွှင့်ပစ်ရပေါင်းလည်း မနည်းဘူး။ အဲဒီလို မိဘလုပ်စာ ထိုင်စား၊ မိဘဆင်တဲ့ အဝတ် ဝတ်ပြီး ၅ နှစ်လောက် ဆေးခန်းဖွင့်လိုက်တာ ကျမလက်ထဲ ဆေးခန်းထဲက ဆေးတွေနဲ့ ငွေ ငါးသောင်းဘဲ စုမိတယ်။ ကျမ မိဘကလည်း ကြည်ကြည်ဖြူဖြူ တင်ကျွေးထားလို့ပေါ့။ အဲဒီအချိန် ကျမအဖေ ကလည်း အသက်ကြီး ကူဖော်လောင်ဖက်လည်းမရှိတော့ အဖေ့စီးပွားရေးလုပ်ငန်းကို ကျမတာဝန်ယူ လိုက်ရတယ်။ ကျမရဲ့ဆေး ခန်းလေးပိတ်လိုက်ချိန်မှာ လူနာတွေလာမေးရင် ဆေးခန်းနဲ့တွဲလျက် ပွဲရုံ စားပွဲနောက်မှာ ကျမပုန်းနေရတယ်။ မျက်နှာ ပူလို့။ ခုထိလည်း ကျွန်ရဲ့တောကလူနာတွေ ကျမကိုတွေ့ရင် ဝမ်းသာအားရ နှုတ်ဆက်ကြတုန်းပဲ။ ကျမကတော့ ဒီ Profession မှာ ကျမဆက်လက် မရပ်တည်နိုင်ခဲ့တာကို ခုထိ လိပ်ပြာမလုံနိုင်သေးပါဘူး။ G.P နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တွေ အများကြီးပါပဲ။ ဒါပေမယ့် မိဘဆွေမျိုးတွေရဲ့ ထောက်ပံ့ ကူညီမှုမပါရင် စေတနာ ဆရာဝန်မလုပ်နိုင်ပါဘူး။ အစိုးရဝန်ထမ်းအဖြစ်ဆိုရင်တော့ သူ့ရဲ့စေတနာတွေ ပြည်သူအပေါ် ပိုပြီးထင်ဟပ်နိုင်မှာပါ။ အခုပြည်ပရောက်နေတဲ့ ဆရာတယောက်အကြောင်းလည်းပြော ပြချင်ပါသေးတယ်။ 
88 မတိုင်မီက အဖြစ်ပါ။ M.Sc အောင်ပြီး M.R.C.P ဝင်ခွင့်ကို အကြိမ်ကြိမ်ဖြေပါ တယ်။ တနှစ်ပြီးတနှစ် နောက်ဆုံးဆန်ကာတင်မှာ သူကျန်ခဲ့တယ်။ နောက်ဆုံးတနှစ် Viva ဖြေပြီး တော့ ဆရာမကြီး ကိုယ်တိုင်က မောင်…ရယ် ဒီနှစ်မင်းပါမှာ သေချာပြီလို့ပြောခဲ့ပါတယ်။ ဒါလည်း သူပြုတ် ကျန်ခဲ့တာပါဘဲ။ ဆရာကစာတော်ပေမယ့် ကျောထောက်နောက်ခံမှ မကောင်းခဲ့တာကိုး။ အဲဒီတော့ ထွက်ခွင့်ရတဲ့ အချိန်မှာ ဆရာထွက်သွားပါတယ်။ ဆုံးရှုံးမှုတခု ပါပဲ။ မကြာသေးခင်က House Surgeon လေးတွေ လစာ ၁၂၀၀ ကျပ်ကနေ ၅၅၀၀၀ ကျပ် ကို တိုးပေးလိုက်တယ်ဆိုလို့ မုဒိ တာပွားရပါတယ်။ အခုအပြင်မှာ စာမတတ်တဲ့ စည်ပင်ဝန်ထမ်းက တနေ့ ၁၅၀၀ ကျပ် ရပါတယ်။ ၈ တန်းလောက်တတ် တဲ့ အထည်ချုပ်သမလေးတွေ(ချည်မွှေးညှပ်လေးတွေ) အောက်ထစ် တလကို ၅၀၀၀၀ ကျပ် ရပါတယ်။ House Surgeon ဘဝ သိပ်ပင်ပန်းပါတယ်။ မိဘလုပ်စာ စားနေလို့သာ ဒီလိုလုပ်နေနိုင်ကြတာပါ။ 
 ဒီလိုဆိုရင် ဘွဲ့လွန်တွေရပြီးမှ ထွက်သွားတဲ့သူတွေ ဘယ်လိုကြောင့်လဲလို့မေးစရာရှိပါတယ်။ ကျမသူငယ်ချင်း M.R.C.P ယူပြီး ပြန်လာခါစမှာ Ward တိုင်းမှာ Defibrillator ခေါ်တဲ့ နှလုံးနှိုးစက် ထားပေးသင့်တဲ့အကြောင်း ( နိုင်ငံခြားမှာ ဆရာ ဝန်မဟုတ်တဲ့ သူတောင်တတ်ရပါတယ်) အကြံပေးတော့ သူအဆူခံလိုက်ရပါတယ်။ ဒီနောက်ပိုင်းတော့ သူလည်း ဆင် ဆင်ခြင်ခြင်အလိုက်သင့် နေသွားရပါတယ်။ M.Sc အောင်ထားတဲ့ အမတယောက်ကတော့ သူ့အမျိုးသားကလဲ ဝန်ထမ်းပါ၊ကလေးတွေ ငယ်စဉ်မှာတော့ အမနဲ့က လေးတွေက တမြို့၊ သူ့အမျိုးသားကတမြို့နဲ့နှစ်ပေါင်းများစွာ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ကြတယ်။ သမီးလေးတွေ ကိုးတန်း ဆယ်တန်းမှာ ကျောင်းကောင်းတဲ့ မြို့ကြီးမှာလည်းထားချင်ရှာ တာပေါ့။ အဲဒီအချိန် ဒီဆရာဝန်မကို ပိုသေးတဲ့မြို့လေးကို Transfer ထွက်လာပါတယ်။ သူလည်း စေလွှတ်ရာသွားရင်း သူ့အမျိုးသားတာဝန်ကျရာ တိုင်းမြို့ကြီးတမြို့(ရန်ကုန်၊မန္တ လေး မဟုတ်ဘူးနော်) ကို ရွှေ့ပေးဘို့ အသနားခံတာ၊ စာသင်နှစ် နှစ်ဝက်သာကျိုးသွားရော ပြောင်းမပေးပါဘူး။ 
ဒါနဲ့သူ လည်း ကလေးတွေ ရှေ့ရေးအတွက် Absconded အလုပ်က ထွက်ပြေးလိုက်ရပါတော့တယ်။ အဲဒီအတွက် ပြစ်ဒဏ်က (၁၅ နှစ်လောက်နိုင်ငံ့တာဝန်ထမ်းခဲ့သူပါ) ဆမ ၅ နှစ် ပိတ်ခံရပါတယ်။ ဆမ မရှိတဲ့ ဆရာဝန်ဟာ စိတ်ထဲ မလုံခြုံပါဘူး။ ကိုယ်ပိုင်ဆေးခန်းလည်း မဖွင့်ရဲ၊ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုယ့်နာမည်နဲ့ မလုပ်ရဲပါဘူး။ အဲဒီလိုဘဲ သားသမီးရှေ့ရေးကိုကြည့်ပြီး ဒီနိုင်ငံကို စွန့်ခွါရတဲ့သူတွေ အများကြီးပါပဲ။ နယ်မှာနေတုံးက ကျမတူလေးရဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ မောင်မောင်ဆိုတဲ့ ကလေးလေးဟာ သူ့အဖေက သွားဆရာဝန်၊ အမေက ဆရာဝန်ပါ။ ဆိုလိုတာက Gene ကိုက ဥာဏ်ရည်မြင့်ပါတယ်။ အဲဒီကလေးဟာ သိပ်တော်ပါ တယ်။ genius ကလေးပါပဲ။ သူငယ်တန်းတောင်မတက်ရသေးခင် ကာတွန်းတွေကို သွက်သွက်ကြီးဖတ်နိုင်နေပါပြီ။ 
 နောက်တယောက်က အောင်အောင် ဆိုပါတော့။ သူ့မိဘက ဆယ်တန်းတောင်မအောင်တဲ့ ကုန်သည်တွေပါ။ ချမ်းသာပါ တယ်။ သူ့ဥာဏ်ရည်က သာမာန် ပါဘဲ။ သူငယ်တန်းကနေ စတုတ္ထတန်းထိ စာမေးပွဲတိုင်းမှာ မောင်မောင်က အမြဲ ပထမ ပါ။ အောင်အောင်က အဆင့် ၅ လောက်မှာရှိပါတယ်။ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းပြောင်းပြီးတော့ နောက်ပိုင်းမှာ မေးလိုက်ရင် အောင်အောင်က ပထမ အမြဲရသွားတယ်။ မောင်မောင်လေး က အဆင့် ၃ လောက်ရောက် သွားတယ်။ ကလေးက အဲဒီအတွက် မျက်နှာမကောင်းရှာပါဘူး။ သေချာမေးကြည့်တော့မှ အောင်အောင့် အမေက အောင်အောင့် ကို အတန်းပိုင်ဆရာမအိမ်မှာ ညအိပ်ကျူရှင်ထားပေးလိုက်ပါတယ်။ ဖိဖိစီးစီး သင်ပေးလို့တော်လာတယ် လို့ ပြောနိုင်ပေမယ့် မောင်မောင်လေး ခမျာမှာ သူဖြေတာတွေ ဘယ်လိုမှန်မှန် ရသင့်တဲ့အမှတ်မရလို့ စိတ်ဓာတ်တွေကျ လာပါတယ်။ အဲဒါကို သူ့မိဘတွေ မခံစားနိုင်ကြပါဘူး။ အဲဒီအချိန် သူ့အဖေရဲ့ မိတ်ဆွေက ပြည်ပက သွားဆေးခန်းမှာ အကူလိုတယ်ဆိုတော့ အဲဒီသွားဆရာဝန်ဟာ ဆေးခန်းအကူအဖြစ်နဲ့ ထွက်သွားပါတော့တယ်။ မကြာခင် ဆရာဝန်မနဲ့ သူ့ကလေးတွေပါ လိုက်သွားပါတယ်။ 
ဒီနေရာမှာ ကျမတို့တိုင်းပြည်ဟာ သွားဆရာဝန် တယောက်၊ ဆရာဝန်တယောက် သာမက အနာဂတ်ရဲ့လူတော်လေးတွေပါ ဆုံးရှုံးသွားရပါတယ်။ ဒီလို သားသမီးရှေ့ရေး ဦးစားပေးပြီး ထွက်သွားကြပေမယ့် သူတို့တွေ နိုင်ငံရပ်ခြားမှာ သိပ်ပျော်နေကြတယ်လို့ မစွပ်စွဲ လိုက်ကြပါနဲ့။ မကြာသေးခင်က ကျမသူငယ်ချင်းတယောက်ရဲ့အဖေဆုံးသွားတယ်။ သူငယ်ချင်းကပြည်ပမှာ။ သူ့အဖေ ပြည်တွင်းမှာ နာမကျန်းဖြစ်နေတဲ့အချိန် ပြန်လာလို့လည်း မရတော့ စိတ်ထဲမှာ မချင့်မရဲခံစားနေရရှာပါတယ်။ မိဘအ ပေါ် တာဝန်မကြေဘူးလို့ ဝမ်းနည်းနေရှာတယ်။ ကျမတို့ ဘယ်လိုဖျောင့်ဖျပေမယ့် တသက်လုံး ဒီအတွက်ကို Guilty အပြစ်ရှိသလို ခံစားသွားရရှာပါတော့မယ်။ ဘယ်သူမဆို ကိုယ့်မိဘ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် နေချင် ကြမှာပါ။ 
ကိုယ့်ရေမြေမှာ ကိုယ့်စကားကို သွက်သွက်ပြောပြီး နေချင်ကြမှာပါ။ လူဆိုတာရေကြည်ရာ၊ မြက်နုရာ ရှာတတ် တာ ကမ္ဘာဦးအစထဲကပါ။ ကျမတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့အခြေအနေတွေ ဖန်တီးပေးနိုင် ရင် ဒီလိုတိုင်းပြည်ကို စွန့်ခွာရတဲ့အဖြစ်တွေ ဖြစ်လာမယ်မထင်ပါဘူး။ ကျမက ကျွမ်းကျင်ရာ ဆရာဝန်တွေအနေနဲ့ ပြောရပေမယ့် ဒီလိုအဖြစ်တွေ အင်ဂျင်နီယာလောက၊ စီပွားရေးပညာရှင် လောက၊ ကွန်ပျူတာပညာရှင်လောက စသည်ဖြင့် အများကြီးပဲနေမှာပါ။ ကျမတို့မှာ … MRT,Sky Train,Subway ဆိုတာတွေ မရှိရင်နေပါစေ စစ်ကျန်Bus တွေ စီးနေရလည်း နေနိုင်ပါတယ်။ Charles & Keith မစီးရလည်း ကတ္တီပါ ပုံတော်ဖိနပ်နဲ့ ကျေနပ်ပါမယ်။ Chocolate နဲ့ Pistachio မစားရလည်း ဘိန်းမုန့်နဲ့ ကောက်ညှင်းပေါင်းစားပြီး ဗိုက်ဝနိုင်ပါတယ်။ Ashworth ,Victoria Secret ဆိုတာတွေ မ၀တ်ရလည်း ယောလုံချည်၊ ကချင်လုံချည်၊ ရှမ်းအင်္ကျီလေးတွေ ၀တ်ပြီး လှတယ်လို့ ခံယူပါမယ်၊ 
 ATM card,Credit card တွေမရှိလည်း ပိုက်ဆံ နွမ်းနွမ်းလေးတွေကို ဆာလာအိတ်တွေနဲ့ထမ်းပြီး အလုပ်လုပ်ပါမယ်။ Internet connection နှေးနေလည်းစိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါမယ်။ ပေါက်ပြဲနေတဲ့ လမ်းတွေ ဖာမပေးရင်နေပါစေ ချိုင့်ခွက်တွေ ကြည့်ရှောင်ပါမယ်။ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ကောင်းမွန်မျှတတဲ့ ပညာရေးစံနစ်၊ မိမိအရည်အချင်းလိုက်ခံစားခွင့် ဆိုတာ တွေရှိရင် ကိုယ့်ရဲ့ မျိုးဆက်သစ်တွေအတွက် စိုးရိမ်စရာမလိုဘဲ၊ ဒီမြေ ဒီရေ ဒီနိုင်ငံတော်ကို တတ်ခဲ့တဲ့ ပညာတွေနဲ့ အလုပ်အကျွေးပြုမယ့်သူတွေ ပေါများလာမှာပါ။ တရုတ်ပြည် တခါးဖွင့်ဝါဒ ကျင့်သုံးတော့ နိုင်ငံရပ်ခြားရောက်နေတဲ့ Oversea Chinese တွေကို လှိုက်လှိုက်လှဲလှဲ ဖိတ် ခေါ်ပါတယ်။ သူတို့ နိုင်ငံခြားမှာရနေတဲ့ လစာ၊ အခွင့်အရေးတွေထက်မနည်း ရစေမယ်လို့ ဖိတ်လိုက်တာ တော်တော် များများ ပြန်လာကြပါတယ်။ 
ကျမသိသလောက် တရုတ်ပြည်ရဲ့ ပထမဆုံး အဏုမြူဗုံးထွင်တဲ့သူဟာ အမေရိကားက ပြန်လာတဲ့သူလို့ မှတ်ဘူးပါတယ်။ အခု ကျမတို့ တိုင်းပြည်မှာ မကြာခဏ ကြားနေရတဲ့ လူနာနဲ့ ဆရာဝန်ကြား ပြဿနာတွေဟာ ကျွမ်းကျင်ဆရာဝန် မလုံ လောက်မှု ကနေစပြီးဖြစ်လာတာပါ။ အထူးကုဦးရေနဲ့ လူနာဦးရေဟာ မမျှတ တော့ပါဘူး။ လူနာတွေကလည်း ကိုယ့်ဝေ ဒနာကို အတော်ဆုံး၊ နာမည်အကြီးဆုံးနဲ့မှ ရွေးပြချင်တာ အပြစ်ဆိုလို့မရပါဘူး။ ဆရာဝန်ကြီးတွေခမျာ မနက်ရုံးချိန်မှာ ဆေးရုံတာဝန်ထမ်းရတယ်။ ညနေ ဆေးရုံကပြန်တော့ တန်းစီနေတဲ့ ဆေးခန်းက လူနာတွေကို ကြည့်ရတယ်။ ပြီးရင် ပုဂ္ဂလိကဆေးရုံ အတွင်းလူနာတွေကို ကြည့်ရတယ်။ တခါတလေ လူနာကြည့်ချိန်ဟာ ညသန်းခေါင်ဖြစ်လို့ လူနာရော လူနာရှင်ပါ အိပ်မောကျနေတာကို နှိုးပြီးကြည့်ရတာမျိုးလည်း ကြားနေကျပါ။ ဆရာဝန်ကြီးမှာလည်း လူနာကြည့်ရင်း ပင်ပန်းလွန်းလို့ ပြောတာတွေ နားထဲမဝင်ဘဲ ငိုက်နေတယ်ဆိုတာလည်း ကြားဖူးကြမှာပါ။
 ဒီလိုအခါမှာ အမှားအယွင်း တွေဆိုတာ ပေါ်လာတော့တာပါပဲ။ ဘာဖြစ်လို့ ဒီလို ဆရာဝန် လူနာ အချိုးမမျှတရလဲ။ ကျမတို့ တိုင်းပြည်က လူတော် တွေကို ကျမတို့ ပြည်သူပြည်သားတွေ ဘာကြောင့် အသုံးချခွင့်မရတာလဲ။ ဆရာဝန်တွေကလည်း ပြည်ပထွက်အလုပ် လုပ်တယ်။ လူနာတွေကလည်း ပြည်ပထွက် ဆေးကုခံတယ်။ မြန်မာဆရာဝန်ကို ပြည်ပကတောင် လက်ခံ အသုံးပြု သေးတာ ပြည်တွင်းက ဘာလို့ မသုံးချင်ရမှာလဲ။ တောလက်ကျေးရွာတွေမှာလည်း လိုအပ်နေဆဲ၊ မြို့ကြီး ပြကြီးတွေမှာ လည်း လိုအပ်နေဆဲပါ။ အသစ်အသစ်တွေ မွေးထုတ်တာထက် ကျွမ်းကျင်ပြီးသူများ ပြန်လာရင် ပိုမကောင်းပေဘူးလား။ မြန်မာနိုင်ငံသားတွေအတွက် လူမျိုးလူတန်းစားမရွေးကိုစောင့်ရှောက် လွှမ်းခြုံမှုပြုနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုကို စနစ်တကျ အကောင်အထည်ဖေါ်ဘို့ လိုနေပါပြီ။ ဒီအတွက် နိုင်ငံတကာမှာ Healthcare System management ပါရဂူဘွဲ့ရသူတွေ ကမြန်မာနိုင်ငံကို ပြန်အကျိုးပြုကြဘို့ ဆန္ဒတွေ အလျံပယ်ရှိနေကြောင်းလည်း ကြားနေရပါတယ်။ ကျမအမြင်မှာတော့ နိုင်ငံကို စွန့်ခွါသူတွေဟာ Salmon ငါးတွေနဲ့ တူပါတယ်။ Salmon ငါးတွေဟာ ပင်လယ်ထဲက ရေငန် ငါးတွေပါ။
 သူတို့ဓလေ့က မြစ်ညာထိ ဆန်တက်ပြီး ဥချကြပါတယ်။ အဲဒီမှာ အကောင်ပေါက်မှ ပင်လယ်ကို ပြန်စုန်ဆင်း လာကြပါတယ်။ ကျမတို့ ဆရာတွေ မိတ်ဆွေသူငယ်ချင်းတွေလည်း ရေမြေရာသီဥတု အဆင်ပြေမယ့် မြစ်ညာနဲ့တူတဲ့ နိုင်ငံရပ်ခြားတွေကို ရုန်းကန်လှုပ်ရှား ဆန်တက်သွားတယ်လို့ မြင်ပါတယ်။ Salmon ငါးတွေ ကြင်ဖော်နဲ့တကွ သားသမီးတွေနဲ့ မိခင်ပင်လယ် ဆီ ပြန်လာတာကို ငါ့ကိုပစ်သွားရကောင်းလားလို့ အပြစ် တင်မစောနေကြပါနဲ့တော့။ သူ့ သဘာဝပါဘဲ။ ပြန်ချိန်သင့်လို့ ပြန်လာကြတဲ့သူတွေကို လမ်းကနေ အတားအဆီးပိုက်ကွန်တွေနဲ့လည်း မဖမ်းသင့်ပါဘူး။ ဝမ်းမြောက် ဝမ်းသာ လက်ကမ်းလို့ ကြိုသင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ကျမရဲ့ ပေါက်ကွဲသံစဉ်လေးကို သည်းခံဖတ်ရှုပေးတာကျေးဇူးပါ၊
 တေးရေးတေးဆို ခင်ဝမ်းရဲ့သီချင်းတွေထဲက ကျမ နှစ်သက်မိတဲ့ ဆယ်လမွန်ငါးတို့အပြန် သီချင်းထဲကလိုဘဲ oversea burmese တွေ အမိမြန်မာပြည်ကို ပြန်လာပြီး ပြန် လည်တည်ထောင်ရေးမှာ တတပ်တအားပါဝင်နိုင်မယ့် အိပ်မက်လေးတွေ မက်ရင်း ဒီသီချင်းစာသားလေး လက်ဆောင် ပေးခဲ့ပါရစေ။ 
“ရေလွှာလဲခင်းပြန့် ကြည်လင်စေ မိုးဦးလဲလှပသာယာစေ ဘ၀စေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့ ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ 
(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် … အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ … အပြန် … ) ပြန်ချိန်လည်းဆုံးဖြတ်ခိုင်မာစေ ရာသီလဲတွက်ချက်မှန်ကန်စေ စိတ်တူရာခိုဝင် ပြည့်စုံချိန်ပြန်ခဲ့မယ်တဲ့ ငယ်ရွယ်စဉ်ရှာဖွေစွန့်ခဲ့ပြီ…
 (မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် … အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ …… အပြန် … ) 
  padonmar ပဒုမ္မာ့ကိုယ်တွေ့
Wednesday, January 2, 2013
ဆုတောင်းများရဲ့ အဆုံးသတ်ဆီသို့
ဆုတောင်းများရဲ့ အဆုံးသတ်ဆီသို့
” အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ် ကို ရရပါလို၏ အရှင်ဘုရား” ဟူသော သြကာသ ကန်တော့ချိုး၏ နောက်ဆုံးအပိုဒ် ဆုတောင်းခန်း သည်….ယခုလအတွင်း ကပ်ဘေးတွေ မြင်ခဲ့ရတော့  ကျွန်တော့် ခေါင်းထဲရောက်လာသည်။
ငလျင်ဘေးများ
ဂျပန်မှာ သမိုင်းတစ်လျှောက် အပြင်းဆုံး ငလျင်ကြီး လှုပ်သွားခဲ့သည်။ အင်အားက ၉ ။ (၈ ဒသမ ၉ ကနေ ၉ လို့ ပြောင်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်)။  လောလောလတ်လတ် နယူးဇီလန်မှာလည်း ငလျင်က လှုပ်ထားသေးသည်။ လွန်ခဲ့သောလအနည်းငယ်က ဟေတီမှာ ငလျှင်အကြီးအကျယ်လှုပ်ခဲ့ကာ အသေအပျောက်များခဲ့သည်။
၂၀၁၁ မတ်လ (၁၁) ရက်နေ့က ဂျပန်မှာ ဖြစ်ပေါ်ခဲတဲ့ ဆူနာမီအပြီး မြင်ကွင်းတစ်ခု
ကျွန်တော်တို့ မှတ်မိနေသေးသော ဆူနာမီ။ (ကျွန်တော်တို့နယ်ဘက်က ကိုယ်တွေ့ကြုံခဲ့ရသော လယ်သမားကြီး တစ်ယောက်ကတော့ စူဠာမဏိလှိုင်းကြီးဟု ခေါ်သည်)။ သူတို့ကျော်လွှား ဖို့ ပြင်ဆင်ထားခဲ့ပြီဟု ယုံကြည်မိသည်။
စူပါမွန်းခြောက်လှန့်မှု
စူပါမွန်း(လ သည် ကမ္ဘာနှင့်အနီးဆုံး အကွာအဝေးသို့ရောက်ရှိလာခြင်း) ကလည်း တစ်ခေတ် ဆန်းသွားသေးသည်။ သဘာဝဘေး အန္တရာယ်ကြီးတစ်ခု ကမ္ဘာနှင့်လနီး ဖြစ်စဉ်ကြောင့် ဖြစ်တော့မည် ဆိုသော ကောလာဟလတို့က တိုက်ဆိုင်သွားခဲ့သည်။ မဆိုင်ရေးချမဆိုင်ဟု ပညာရှင် တို့က ငြင်းသည်။ ဖြစ်သွားတာ တော့ မတတ်နိုင်။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ လူတို့ကို ပိုမို ထိတ်လန့်စေသည်။ ဆန်ဒိုင်းငလျင် မလှုပ်မီ နှစ်ရက်အလိုလောက် ကတည်းက စူပါမွန်းကြောင့် ဘာမှမဖြစ်နိုင်ကြောင်း ပညာရှင်များပြောသည့် သတင်းကို ရေးထားသည်။ သို့ပေမဲ့ မြင်လိုက်ရပြီ။ တိုက်ဆိုင်သွားပြီဟု။
နျူဘေး
နည်း ပညာထိပ်တန်းဖြစ်သော ငလျင်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်သော ဂျပန်တွင် လှုပ်တာကြောင့် အသေအပျောက်နည်းမည်ဟု မျှော်လင့်မိသော်လည်း ကြမ္မာဆိုးကတစ်ဖက်က လှည့်ဝင်လာ သည်။ နျူဓာတ်ပေါင်းဖို ပြဿနာ ဖြစ်သည်။ နည်းပညာမြင့်သော ငလျင်ကာကွယ် မှုကောင်းသော နိုင်ငံကျတော့ ဓာတ်ပေါင်းဖိုက ပေါက်ရပြန်သည်။ ဓာတ်ရောင်ခြည် ဖြာထွက်မှု အန္တရာယ်ကို စိုးရိမ်လာရပြန်သည်။ အစာတွေ၊ ရေတွေမှာ ဓာတ်ရောင်ခြည်သင့်မှု ပြဿနာက ဆက်ရှိနေသည်။
သည်ကြားထဲ အက်စစ်မိုး ကောလာဟလက ပျံ့လိုက်သေးသည်။ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ မြန်မာ။ ဘင်္ဂလားဒေ့ရှ်တောင် ပါလိုက်သေးသည်။ အက်စစ်မိုးနှင့် ဓာတ်ရောင်ခြည်ဖြာထွက်မှု ဘာမှမဆိုင်ကြောင်း အိမ်နီးချင်း အစိုးရများက ရှင်းကြပါ သည်။ ဒီကာလနှင့်မှ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုက အေးလိုက်သေးသည်။ မိုးကရွာသည်။ ပြီးတော့လည်း ပြန်ပူပြန်သည်။
ဂျပန်ငလျင်သတင်းတွေနဲ့ လုံးပန်းနေတုန်းမှာပဲ မိတ်ဆွေတစ်ယောက်ပေးသော ၂၀၁၂ ကားကို အခုမှ ကြည့်မိသည်။ ဒီမှာရုံတင်သွားတာတောင် ကြာပြီ ဖြစ်ပေမဲ့ အကြောင်းမတိုက်ဆိုင်တော့ မကြည့်ဖြစ်ခဲ့သည့်ကား ဖြစ်သည်။ အခုမှ အကြောင်း တိုက်ဆိုင်တာလို့လည်း မဆိုရဲ။ ဒီကားထဲမှာလည်း ငလျင် က စတာဖြစ်သည်။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာကို ရိုက်ပြတာမျိုး ဖြစ်သည်။ မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန် အဆုံးသတ်သည့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်နိုင်သည် ဆိုသော အယူအဆကို အခြေပြုထားတာ ဖြစ်သည်။ ကြည့်ကောင်းအောင် ရိုက်ပြသော ဘာယာနကရသကို ခံစားမိစေသော ဟောလီးဝုဒ် ဇာတ်တစ်ပုဒ်မျှသာဟု အကောင်းဘက်က လှည့်တွေးသည်။
စစ်ဘေး
ဓာတ်ရောင်ခြည်ဖြာထွက်မှု အကြောင်း သတင်းတွေနှင့် နပန်းလုံးနေစဉ် လစ်ဗျားက ထိပ်တန်း ပြန်ရောက်လာသည်။ ကုလလုံခြုံရေး ကောင်စီက မပျံသန်းရဇုန် သတ်မှတ်လိုက်ပြီ။ ပြင်သစ်တိုက်လေယာဉ်တွေ လစ်ဗျားပြည်သူတွေကို ကာကွယ်ဖို့ ရောက်လာကြပြီ။ ဒီတစ်ခါကျတော့ အမေရိကန်က နောက်ကျသည်။ နပိုလီယံနှင့် အရပ်ပုတာချင်းတူသော ဆာကော်ဇီက အိုဘားမားထက် လက်သွက်ခြေသွက် ရှိသွားသည်။ သို့ပေမဲ့ နောက်ဆုံးတော့ အမေရိကန်က အမေရိကန်ပဲ ဖြစ်သည်။ အမေရိကန် ဦးဆောင်သော နေတိုးတပ်တွေက တာဝန်ယူလိုက်ရပြီ။
ကိုယ့်လေယာဉ်ကိုမောင်းပြီး ပျံတက်လာလို့ရသော ကိစ္စမဟုတ်။ ပေါင်းလုပ်ဖို့လိုသည့်ကိစ္စ ဖြစ်နေသည်။ ကဒါဖီက ဒီအချိန်အထိ မာတုန်း ဖြစ်သည်။ မြို့တော်ကို ထိန်းချုပ် ထားနိုင်ဆဲဖြစ်သည်။ မြေမနင်းစစ်ပွဲကို ဘယ်လိုတိုက်ကြမှာတုန်းဆိုတာက စဉ်းစားစရာ ဖြစ်သည်။
အစ္စရေးနှင့် ပါလက်စတိုင်း ကလည်း တစ်စခန်းထပြန်သည်။ ရော့ကတ်တွေက အစ္စရေးမြေပေါ် ကျလာသည်။ အစ္စရေးတိုက်လေယာဉ်တွေ ဂါဇာကမ်းမြောင်ကို ပြန်ရောက်လာသည်။ ချကြပြန်ပြီ။ ရစ်ဇက်ရာဘင်လည်း မရှိရှာတော့။ ယာဆာ အာရာဖတ်လည်း မရှိရှာတော့။ ငြိမ်းချမ်းရေးကရော။
ရှမ်းပြည်ငလျှင်
ဆန်ဒိုင်းငလျင်က ခေါင်းထဲရှိနေတုန်း ငလျင်ထပ်လှုပ်သည်။ ဒီတစ်ခါက မြန်မာနိုင်ငံထဲမှာ။ အင်အားက ၇။ (နောက်တော့ ၆ ဒသမ ၈ ဟု ပြန်ပြင်ပါသည်)။ ရှမ်းပြည်နယ်သားတွေအတွက် စိုးရိမ်မိသည်။ လူပေါင်း တစ်ရာကျော်သေဆုံးသည်ဟုဆိုသည် ။ ကယ်ဆယ်ရေးတွေတော့ သွားကုန်ကြပြီတဲ့။
ဒါဟာ ဒုက္ခတဲ့လား
ယခုလတစ်လလုံးက အဆိုးမြင်မယ်ဆို မြင်စရာတွေချည်း ဖြစ်သည်။ စိတ်ပျက် စိုးထိတ်စရာတွေက များလှသည်။ စိတ်ပျက်ဝမ်းနည်းနေသူများလည်းရှိမည်။ သို့မဟုတ် ဒီလို ဖြစ်နေခြင်းသည်ပင် လောက မဟုတ်ပါလောဟု ဆင်ခြင်နေသူများလည်းရှိမည်။ ဒါတွေကို ဖြစ်ပြီး ပျက်တဲ့ သဘာဝတွေပဲ ဟု သံဝေဂ ယူနေသူများလည်း ရှိနေပေမည်။
မငြိမ်မသက်နှင့်အာရပ်က ပြန်စကြည့်သည်။ အာရပ်ကမ္ဘာသည် အပြောင်းအလဲ ကာလကို ဖြတ်သန်းနေခြင်းသာ ဖြစ်မည်။
ငလျင်။ ဆူနာမီ။ စူပါမွန်းတွေ ကရော။ ဂျပန်သည် ပြာပုံထဲက ပြန်လည်ရှင်သန်လာသော ဖီးနစ်ငှက် ဖြစ်သည်။  အဏုမြူဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ဖူးသော တစ်နိုင်ငံ တည်းသော တိုင်းပြည်ဖြစ်သည်။ ဒီ အကျပ်အတည်းကိုလည်း သူတို့ ကျော်လွှားနိုင်ကြမည်တော့ထင်ပါရဲ့။
ကပ္ပကောလာဟလကရော။ ကမ္ဘာပျက်မည်ဆိုသည်က ဟိုးရှေးပဝေသဏီထဲက ကြောက်ခဲ့သည့် ကိစ္စဖြစ်သည်။ ကမ္ဘာကြီးသည် အခုထိ သက်ရှိတို့ရှင်သန်ဖို့ သင့်တော်လောက်အောင် ကောင်းနေသေးသည်။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း ၀ိုင်တူးကေ ဘာညာနှင့် ပြီးတော့လည်း ဘာမှမဖြစ်။ ငလျင်တွေလှုပ်တာ စိပ်လာသည် ဆိုတာကရော။ ဒါကလည်း မှတ်တမ်းတင်နိုင်သမျှအရ ပြောရတာ ဖြစ်သည်။ လူသားတို့သည် ရှင်ကျန်ရစ်နိုင်သူများ ဖြစ်ခြင်းကြောင့်သာ ယခုလို သတ္တ၀ါတွေထဲ မှာ ထိပ်ဆုံးက ရှိနေတာ ဖြစ်သည်။
ကိုယ့်အမြင်နဲ့ကိုယ်
ဘေးဆိုးတွေကတော့ရှိနေဦးမည်။ ဘေးဆိုးများကို ကြောက်လန့်နေသူများလည်းရှိမည်။ ဘေးဆိုးများကို ရဲရဲရင်ဆိုင်လျှက် ကပ်ဆိုးသင့်သူတွေကို ၀ိုင်းဝန်းကူညီကြသူများလည်းရှိနေမည်။ ကိုယ့်တစ်ဖို့ထဲ ကြည့်နေသူတွေလည်း ကမ္ဘာတည်သရွေ့ ရှိနေမည် ဖြစ်သလို ကိုယ်ကျိုးစွန့်သူတွေကလည်း ရှိနေမည်။ သေဆုံးသွားသူများအတွက် ဆုတောင်းနေသူများလည်းရှိမည်။ သေဆုံးသွားသူများအတွက် ဖြေမဆည်နိုင်သူများလည်းရှိမည်။
ရာဂန္တရကပ် (ရောဂါဆိုးဖြင့် အထူး နှိပ်စက်တတ်သော ကပ်) သတ္တန္တရကပ်၊ (ဓားလှံ သေနတ် စသော လက်နက်တို့ဖြင့် သတ်သော ကပ်)၊ ဒုဗ္ဘိက္ခန္တရကပ်(အစားအစာ ငတ်မွတ်ခေါင်းပါးသောကပ်) ဆိုသော ကပ်သုံးပါးမှ ကမ္ဘာသူ ကမ္ဘာသားများအတွက် အန္တရယ် ကင်းရှင်းရေး မေတ္တာပို့ နေသူများလည်း ရှိနေပေမည်။ ဒါတွေကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လုပ်ကာ တရားနားလည်နေပြီ ထင်နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများ အတွက် ကံတရားကို အပြစ်ဖို့နေသူများလည်း ရှိနေပေမည်။ ဒုက္ခ ပြဿနာများအတွက် ဘုရားသခင်ကို အသနားခံ ဆုတောင်းနေသူများရှိနေမည်။
လမ်းအစစ်
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ဖို့၊ တကယ့်ချမ်းသာအစစ်၊ တည်မြဲရာအစစ် (နိရောဓသစ္စာ) ကို ရရှိ ရောက်ရှိ သိနားလည်ဖို့ တကယ့် သင်္ခါရတရား ဒုက္ခအစစ်(သင်္ခါရ ဒုက္ခ – ဒုက္ခသစ္စာ) ကို မမေ့ဖို့ နှလုံးသွင်း  သတိရနေဖို့ ဗုဒ္ဓက ”၀ယ ဓမ္မာ သင်္ခါရ အပ္ပမာဒေန သမ္မာဒေထ” နည်းလမ်းပေးခဲ့လေသည်။
ဒါပေမယ့် ကျွန်ုပ်တို့ ….. ”ကိုယ်နားလည်သောဒုက္ခများ”ကို ဗုဒ္ဓ  မမေ့ဖို့ မှာကြားခဲ့သည့် သင်္ခါရတရား ဒုက္ခအစစ်(သင်္ခါရ ဒုက္ခ…ဒုက္ခသစ္စာ)အဖြစ် ထင်မှတ် နေလေသည်။
ဗုဒ္ဓက ဒုက္ခ ဟု နားလည် ရာ တွင် အဆင့် (၃) မျိုးခွဲပြခဲ့သည်။
၁) ဒုက္ခ ဒုက္ခ 
(ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး ဒုက္ခများ၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု ဒုက္ခများ စသည့်ဖြင့် ကျွန်ုပ်တို့ နားလည်နေသော ဒုက္ခ များဖြစ်လေသည်။)  သဲအင်းဂူဆရာတော်ကြီးများကတော့ ကလေးကအစ လူတိုင်း သိနားလည်သော ဒုက္ခမျိုးဖြစ်သည် ဟု ဟောထားလေသည်။
၂) ၀ိပရိဏာမ ဒုက္ခ 
(အထက်ပါ ဒုက္ခ ဒုက္ခများ မဖြစ်ပေါ်စေဖို့အတွက် မိမိကိုယ်ခန္ဓာနှင့်တကွ မိမိလက်လှမ်းမီသလောက် ကြိုတင်ကာကွယ်မှု၊ စောင့်ရှောက်မှု၊ ပြုပြင်ထိန်းသိမ်းနေရသော maintenance ဒုက္ခ များဖြစ်လေသည်) နံပါတ်တစ်ဒုက္ခမျိုးထက် ပိုမိုသိနားလည်ဖို့ လိုအပ်သော ဒုက္ခမျိုးဖြစ်လေသည်။)
မိုးကုတ်ဆရာတော်ကြီးမှ အ၀တ်ဝတ်နေရ ခြင်း ၊ အစားစားနေရခြင်းသည်ပင်လျှင် ပတ်တီးစီးနေရခြင်း၊ ဆေးသောက်နေရခြင်း ဟု ဟောကြားထားသည်။
၃) သင်္ခါရ ဒုက္ခ
(တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု ….မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော မမြဲမှု-ပျက်စီးနေမှု) ဖြစ်သည်။
ဒုက္ခဆင်းရဲအပေါင်းမှာ အမှန်တကယ် လွတ်ကင်းရေး အတွက် ……သိရှိ နားလည်ဖို့ မမေ့ဖို့ အရေးကြီးဆုံးဖြစ်ပြီး၊ မှန်ကန်စွာလမ်းညွှန်နိုင်သော ကလျာဏမိတ္တ၏အကူအညီဖြင့် နားလည်ဖို့ ကြိုးစားအားထုတ်မှသာ နားလည်နိုင်သော ဒုက္ခမျိုးဖြစ်သည်။ အထက်ဖော်ပြပါ နံပါတ်(၁) နှင့် (၂) ဒုက္ခနှစ်မျိုးမှ လွတ်ကင်းရာ(ဒုက္ခအားလုံးမှလွတ်ကင်းရာ) ကို ရောက်ရှိ သိရှိဖို့အတွက် မမေ့ဖို့ – နှလုံးသွင်းဖို့ ဗုဒ္ဓ ကိုယ်တိုင် နည်းပေး မှာကြားခဲ့သည့် ဒုက္ခ အမျိုးအစားဖြစ်လေသည်။
သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိ
ထို သင်္ခါရ ဒုက္ခတွင် မပြောင်းမလဲ မပျက်စီးဘဲ တသမတ်တည်းဖြစ်နေသော စွမ်းအင်သတ္တိရှိလေသည်။
ထို စွမ်းရည်သတ္တိသည် ပထမဒုက္ခ နှင့် ဒုတိယဒုက္ခ (ဒုက္ခ ဒုက္ခ နှင့် ၀ိပရိဏာမ ဒုက္ခ) များကို အဟုတ်ထင်အောင်၊ အတည်ယူအောင်၊ ကြောက်လန့်နေအောင် ဖန်တီးပြုလုပ်နေလေသည်။ 
တနည်းအားဖြင့် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း တကယ့် ဒုက္ခအစစ် အဖြစ် အထင်မှားနေအောင် မပြောင်းမလဲ တသမတ်တည်း လှည့်စားပြုလုပ်နေလေသည်။ 
လက်မခံနိုင် နားမလည် နိုင်င်သေးသရွေ့
အဆိုပါ သင်္ခါရဒုက္ခ နှင့် သင်္ခါရဒုက္ခ ၏ စွမ်းရည်သတ္တိကို သဘောမပေါက်သရွေ၊ မေ့လျော့နေသရွေ့၊ နားမလည် လက်မခံသေးသရွေ့၊ နှလုံးမသွင်းတတ်သေးသရွေ့ ……..
ကျွန်ုပ်တို့သည် ရေဘေး၊ မီးဘေး၊ လက်နက်ဘေး၊ ရောဂါဘေး၊ သဘာဝဘေး မှသည် အိုဘေး၊ နာဘေး၊ သေဘေး စသည့် ဒုက္ခများကိုလည်းကောင်း၊ …… နာမှု၊ ကျင်မှု၊ ပူမှု၊ အေးမှု၊ တောင့်မှု၊ တင်းမှု၊ ဖျားမှု၊ နာမှု၊  စိတ်သောကရောက်မှု၊ ပြဿနာဖြစ်မှု စသည့်ဒုက္ခများကိုလည်းကောင်း …. တကယ့်ဒုက္ခများ အဖြစ် အဟုတ်ထင်ကာ-အတည်ယူလျှက်ကြာက်လန့်လို့မဆုံး၊ သံဝေဂယူလို့မဆုံး၊ သနားလို့မဆုံး၊ ၀မ်းနည်းကြေကွဲလို့မဆုံး၊ မေတ္တာပို့လို့မဆုံး၊ ဆုတောင်းလို့မဆုံး၊ အပြစ်တင်လို့မဆုံး၊ တရားခံရှာလို့ မဆုံး ဖြစ်နေပေမည်။ 
ကျွန်ုပ်တို့၏ ”အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ၉၆ ပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဟူသော သြကာသကန်တော့ချိုးသည်လည်း ဘယ်တော့မှ အဆုံးသတ်တော့မည် မဟုတ်ပေ။
အသေမဦးခင် …ဥာဏ်ဦးဖို့ ဆိုသည်မှာလည်း အပြောသက်သက်သာလျှင် ဖြစ်ချေတော့မည်။
(မှတ်ချက်။  ။အီးလဲဗင်း ဂျာနယ်မှ  ဇေဝင်းနောင်   ၏ မတ်လဆုတောင်း ဆောင်းပါး နှင့် တကွ မိုးကုတ်ဆရာတော်၊ သဲအင်းဂူဆရာတော်၊ သန်လျှင်သဘာဝရိပ်သာမှ ဆူနာမီဆရာတော် ဦးဥတ္တမသာရ တို့၏ ဟောကြားမှုများကို ကိုးကားဖော်ပြပါသည်။) 
source:http://realenlightenment.multiply.com/journal
Tuesday, January 1, 2013
လူသားနှင့် အချစ်
လူသားနှင့် အချစ်
                             ကိလေသာတောတွင် နှစ်မျောနေသူများပီပီ လိုချင်ရချင် ပျော်ချင်ပါးချင်ကြသည်။
ထိုထိုသော လောဘစေရာနောက်ကိုလိုက်ရင်း ဘ၀ မောတွင် မျှော်လင့်ရင်းရှင်သန်  ရှင်သန်ရင်းမျှော်လင့်
 ကာ  အဓိပ္ပါယ်တို့  က လေးနက်မြင့်မား ခွန်းအားတွေအပြည့်ဖြင့် ဘ၀ ကိုချီတက်ကြသည်။
မျှော်လင့်စရာရှိသူတို့ က ထိုကဲ့သို့ မျှော်လင့်ရှင်သန်ကြသော်လည်း မျှော်လင့်စရာဘာမှမရှိသည့်မိန်းမသား
တစ်ယောက်၏ဘ၀  ။ ဘာဆက်လုပ်သင့်သလဲစဉ်းစားတိုင်း ကိုယ့်ကို ကိုယ် သေမိန့် ပေးနေမိသည်။
                                  နေခြင်းထက် သေခြင်းကို  အလိုရှိခဲ့ပြီ။
    သစ်ပင်ပင်စည်မှာ မျက်စိစုံမှိတ် အံ ကိုကြိတ်၍ စိတ်နောက်ကိုယ်ပါ မိုက်ကန်းစွာ .......
                  ++++++++
    သေချင်သူကိုမှ ကယ်တင်မည့် သူက ရောက်ဖြစ်အောင်ရောက်လို့ လာသည်။အသက်ကိုကယ်တင်ရုံ
တင် မဟုတ် ဘ၀ တခုလုံးကိုပါ စောင့်ရှောက်ကယ်တင်မည်တဲ့ ။ ခိုကိုးရာမဲ့နေသူမို့  ယုံကြည်လေးစား
စွာ လက်ခံမိပါတော့သည်။        ခက်သည်က......
 မောင့်မိခင် က တဦးတည်းသောသားရှေ့ မှာ ကြည်ဖြူ သလိုနှင့် ကွယ်ရာမှာ မာန်မာန်မဲမဲ။ကံဆိုးတဲ့သူမို့
ထင်သည်။ မောင် ခရီးထွက်တော့  မောင့်မိခင်က အိမ်ပေါ်ကနှင်ချပြီ။မဆင်းလို့ မရ။မရအရ မောင်းချပြီ။
မောင့်ရင်သွေးလေးကိုလွယ်ပိုးပြီး မောင်ရှိမည်ထင်ရာအရပ်သို့ မှန်းဆကာ ထွက်လာခဲ့ရသည်။
တနေ၀င် တနေထွက် တမြိုဝင် တမြို့ ထွက်ဖြင့်  ရက်ကိုလစား။ကိုယ်ဝန် က ရင့်မာလာပြီ။
လမ်းမှာတွေ့သည့်ဇရပ်ပျက်တစ်ခု ခဏ နားမည်။  အို ... ဗိုက်ကနာလိုက်တာ။
                လူမရှိသူမရှိ တောထဲတောင်ထဲ ဇရပ်ပျက်ကလေးတွင် မီးဖွားသန့် စင်လိုက်သည်။
 ကူညီသူ-နတ္ထိ။
                       မီးဖွားသန့်စင်ပြီးချိန်မှာ တကိုယ်လုံးညစ်ထေးနံစော်နေသော ခန္ဓာကိုယ်ကို ရေမိုးသန့်
စင်လိုလှသည်။ ရေလည်းဆာနေသည်။ နီတာရဲလေးကိုဇရပ်ပေါ်တွင် ခဏထားခဲ့ကာ ရေရှိမည်ထင်ရာ
အရပ်သို့  ခပ်သွက်သွက်လေးလှမ်းလာမိသည်။ရေချောင်းလေးမှာ ရေကိုတ၀ကြီးသောက်လိုက်သည်။
ကိုယ်လက်သန့်စင်သည်။ကလေးကို ထားခဲ့ရသဖြင့် ခပ်သုတ်သုတ် ပြန်လာသည်။
                   သို့ သော် နီတာရဲ ကလေးလေး ဇရပ်ပေါ်တွင်ရှိမနေတော့။ ဘုရား ..ဘုရား
ငါ့သားလေးဘယ်ရောက်သွားပြန်ပြီလဲ။လင်ပျောက်တဲ့ မယား ဘ၀။ သားပျောက်တဲ့အမေ ဘဝ
အပူလုံးကြွလို့  လူလုံးလည်းမလှနိုင်တော့။ရင်ဘတ်ကိုထုပြီး ငိုပွဲဆင်ရလေပြီ။
                 လင်ရှာရင်းသားပါပျောက်ခဲ့ရသည်။ ပျောက်သောသူရှာရင်တွေ့ဆိုသည့်စကားရှိထားသဖြင့်
လင်ကိုရှာ သားကိုရှာ အပူမီးတွေနှင့် ကံဆိုးမ ရဲ့ ဘ၀။
  " ဟဲ့ကောင်မ ရပ်လိုက်စမ်း..   "
            တောလမ်းမှာ မသမာသူ ဓါးကိုင်လူဆိုးတွေနှင့်ရင်ဆိုင်တိုးပြန်သည်။
   " ချမ်းသာပေးပါရှင်..ကျမ မှာပေးစရာငွေလည်းမရှိပါဘူး ပြေးစရာမြေလည်းမရှိပါဘူး  ဒုက္ခရောက်
နေတဲ့ ခရီးသည်ပါရှင်..   "
 " ဟဲဟဲ ပေးစရာငွေမရှိ ပြေးစရာမြေမရှိရင် ကျုပ်အိမ်ကိုလိုက်ခဲ့ပါ  လိုက်မယ်မလား   "
       ဒီလိုနှင့် ကံဆိုးမ ဘ၀ လူဆိုးကြီးမယား ဖြစ်ခဲ့ရပြန်ပေါ့။လူ့ တိရိစ္ဆာန်ကြီး၏ နိုင်ထက်စီးနင်းပြုမူသမျှ
                            ဒီလိုနှင့်သမီးလေးတစ်ယောက်ကိုမွေးဖွားသန့်စင် ခဲ့သည်။ လူဆိုးကြီး က သူ့ သမီး
တော့ သေအောင်ချစ်ရှာသည်။သမီးလေးကိုသနားသော်လည်း ကြမ်းကြုတ်ရက်စက်သော လူဘီလူးကြီးနှင့်
မပေါင်းဖက်လိုတော့သဖြင့် လွတ်ရာကျွတ်ရာကိုပြေးမိသည်။သမီးကိုတော့ထားခဲ့ရသည်။ဒီသမီးကို
ခေါ်သွားပါက မိုးမြေအနှံလိုက်ရှာမည်မှာ ဧကန်မလွဲ။ထို့ ကြောင့် မိခင်တယောက် ရင်တွင်းမချိစွာ ဖြင့် သမီး
ကိုထားခဲ့ရသည်။ ကံကောင်းထောက်မစွာပြေးလွတ်ခဲ့ပြန်သည်။
                            ထေရီအရှင်မ တို့၏ ကျောင်းတိုက်ကြီးတခုတွင် မှီခိုနေထိုင်ရင်း လင်နှင့်သားကို
ရှာဖွေမိပြန်သည်။ အချိန် က ကုန်မှန်းမသိကုန်ခဲ့သည်မှာ   (၁၅)နှစ် ပင် ကျော်ခဲ့ပြီ။လှည်းကုန်သည်တွေ
ရောက်လာတိုင်း သားတို့အဖေ ကိုတွေ့ လေမလားဟု သတင်းအစ အန ရလိုရညား မေးမြန်းစုံစမ်းမိသည်။
ပျောက်နေသော သားနှင့်လင် ကိုရှာရင်းမှ သံယောဇဉ်ကြိုးလေးတမျှင် က  ကပ်ညှိတွယ်ဖို့ကြိုးစားလာပြန်
သည်။ ကောင်လေးအသက် ရှိလှ  ၁၆ နှစ်မျှသာ ဖြစ်မည်။သတိလေးဖြင့်မိမိကိုယ်ကို ထိန်းချုပ်ပြီး ရှောင်
နေရသည်။ကလေးကိုမုန့် ပေးကြိုက်သည် ဟု ပတ်ဝန်းကျင်က ဆိုကြပေမည်။
အမှန်တကယ်တော့
သူကလေးကိုတွေ့သည့်အချိန်ကတည်း က ရင်မှာလှူပ်ခတ်ခဲ့သည်သာ။နှစ်သက်မြတ်နိုးဖွယ် ပန်းလေး
တစ်ပွင့်ကို ပန်ဆင်လိုခြင်းထက် တစိမ့်စိမ့် အလှကြည့်နေချင် သည့် ဆန္ဒ က ပိုမိုပြင်းပြနေသည်။
 ဒါကိုပင် ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုမလား။  အတွေ့မခံလိုတော့၍ ကျောင်းအာရာမ် ထဲမှာ ပုန်းအောင်း
နေလိုက်သည်။ ကိုယ့်ကို ကိုယ် ဟုတ်လှပြီထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ ချစ်နှစ်သက်သူနှင့်
ကွေကွင်းရခြင်းဆင်းရဲကို မခံစားနိုင်ပြန်။သူကလေးရှိတတ်သည့်နေရာကို ခိုးကြောင်ခိုးဝှက် သွားချောင်း
ကြည့်မိပြန်သည်။
 " မမ   "
 အို ဘုရားရေ ...သူကလည်း သိနေသည်သာ။ အရွယ်ချင်းအဆင့်ခြင်းကွာခြားသူမို့  မဖြစ်နိုင်ဘူးအခါခါ
ငြင်းဆန်ရင်းနှင့်ပင် သူ့ တွင် မိဘ မောင်နှမ သားချင်းမရှိတော့ကြောင်းသိရသောအခါ။ မိခင်ကဲ့သို့ သော
ချစ်ချင်းမေတ္တာဖြင့် မိခင်နှင့်တူသောမယားအဖြစ်နှင့် သူ့ အနားတွင် နေမိပြန်ပါသည်။သူ့ကို သားကလေးလို
ရင်ခွင်မှာပိုက်ထွေးထားချင်မိသည်။ မျက်စိအောက်ကအပျောက်မခံချင်သလိုဖြစ်မိသည်။
       တနေ့ ...ထိုတနေ့ သည်  မျော်လင့်ပြီးဖြစ်သော်လည်းတကယ်တမ်းရင်ဆိုင်ရသောအခါ မွန်းကြပ်
လွန်းလှသည်။
 " မမ..စိတ်မဆိုးနဲ့နော်..စကားတစ်ခွန်းပြောချင်လို့    "
 "  ပြောမှဖြစ်မယ်ဆိုရင် ပြောလေ  "
 " မိန်းကလေးတစ်ယောက်နဲ့ မေတ္တာမျှမိတယ်  ကျနော်သူ့ကိုအိမ်ခေါ်လာချင်တယ်   "
 " ဪ   "
                ရင်ထဲမှာဝုန်းဒိုင်းကြဲသွားသည်။ယောက်ျားဆိုတာ ဒါပါပဲ ။မိန်းမတစ်ယောက်နှင့်အလှမ်းကွာ
လျှင် ကြာရှည်လွမ်းမနေချင်။သူတို့ဘ၀မှာ အချိန်ကြာကြာကွက်လပ်မထားတတ်ကြပါ။ အဟောင်းထက်
အသစ်ကိုမြတ်နိုးတန်ဖိုးထားလေ့ ရှိပြီး အစားထိုးခြင်းကိုခုံမင်သည်။    ။ဘ၀ အတွေ့ အကြုံ အရ မှတ်ချက်
တွေပဲဖြစ်သည်။
                           ညိုညို ချောချော ကောင်မလေး ရိုးရိုးသားသားလေးဖြစ်သည်။မိဘ မောင်နှမ မရှိသူ။
ဘ၀ တူတွေပါလား။ဒီနေ့ကစလို့   မိခင်တစ်ယောက်နေရာက နေသွားတော့မည်။ ကလေးတွေကို မိခင်
တစ်ယောက်လို  စောင့်ရှောက်မည်။သမီးရင်းလေးလို သဘောထားမည်။သားအရင်းလေးလိုသဘောထား
မည်။သူတို့လေးတွေစုံဖက်ကြပါစေတော့။
    အမေ ငတ်နေသောသူတို့လေးတွေကလည်း မိမိကို မိခင်လိုချစ်ကြသည် ။နေရာပေးကြသည်။
တနေ့ ...သမီးလေးကို ခေါင်းဖီးပေးတော့
"  ဟင်..ခေါင်းမှာအမာရွတ်ကြီးပါလား  "
 "  ဟုတ်တယ် အမေ  သမီး ငယ်ငယ်လေးတုန်း က အဖေ နဲ့အမေ ရန်ဖြစ်တော့ သမီးခေါင်းကိုထိမိလို့ တဲ့
အဖေ ကပြန်ပြောပြတာ  အဲ့ကတည်းက အမေကထွက်ပြေးသွားတာ ဒီနေ့ ထိ သမီးအမေ ကိုမမြင်ဖူးဘူး  "
 "အို  ဘုရားရေ  သမီး သမီးလေး လူဆိုး သူခိုးကြီး အနိုင်ကျင့်ပေါင်းသင်းလို့ ရတဲ့သမီးလေး  အမေ့ သမီးလေး  ပါလားကွယ်    "
                          သားအမိနှစ်ယောက်မျက်ရည်နှင့်မျက်ခွက် တယောက်ကို တယောက်ဖက်ပြီး ငိုနေချိန်  ယောက်ျားဖြစ်သူပြန်လာသည်။ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရသည်။သားအမိ နှစ်ယောက်လုံး
ဒီယောက်ျားတစ်ယောက်ထဲကို လင်တော်နေမိပါလား။
 "လူတိုင်းကတော့ အတိတ်ဆိုတာ ရှိကြတာပဲလေ..ကျနော်လည်း အဖေ အရင်းဘယ်သူမှန်းမသိ သလို
အမေ ဆိုတာ ဘယ်လိုမျိုးမှန်းမသိဘူး  ကျနော့မွေးစားအဖေ က ဇရပ်ပျက်တစ်ခုမှာ ကျနော့ ကို တွေ့လို့ 
မွေးစားခဲ့တာ    "
 "  အို ..ဘယ်လို  ဘုရားရေ...အမှားကြီးမှားပါပေါ့လား  "
              ဖြစ်ကြောင်းကုန်စင် သူသိသမျှ သူပြောပြတော့  မိမိ လိုက်ရှာနေသည့် သားပါလား။
နှစ်နှင့်ချီ၍ ရှာခဲ့စဉ် က မတွေ့ ခဲ့။ခုတွေ့မယ့်တွေ့တော့လည်း သားကောသမီးကော နှစ်ယောက်လုံးနှင့်တွေ့
နေသည်။
 " အမေ ရယ် သားမှာ ခွင့်လွှတ်နိုင်စရာမရှိတဲ့အမှားကို ကျူးလွန်မိတယ်   အမေ နဲ့ ညီမ ကို  မယား လုပ်ခဲ့
မိတယ် ပတ်ဝန်းကျင် က သာသိရင် ကျနော် ဘယ်လိုအသက်ဆက်ရှင်ရမလဲ   "
                                      မိခင်တယောက်၏ ရင်တွင်းမှာ လောင်မြိုက်ရလေပြီ။ဘယ်လိုဝဋ်ကြွေးများ
ကြောင့် ဒီသားဒီအမိ ဒီလိုဘ၀တွေ ဖြစ်ရတာပါလိမ့်။ သားအမိချင်း မောင်နှမ ချင်း သွေး ကစကားပြော၍
 သံယောဇဉ်နွယ်ငင် ခင်မင်သည်ကို မသိပဲ တဏှာပေမ နယ်ထဲသို့  သက်ဆင်းမိခဲ့ကြသည်။
    " သားနဲ့သမီးတို့  သေသေချာချာ နားထောင်နော်...အမေ ကတော့ ဘ၀ ကိုစိတ်ကုန်သွားပြီ
ထိတ်လန့် ကြောက်ရွံသွားပြီ။။သားနဲ့သမီးလည်း သင်ခန်းစာယူပြီး သံဝေဂ ပွားကြပေါ့ အမှားကို အမှန်ပြင်
ကြရအောင်   "
                         သားနှင့်သမီးကလည်း ပြိုင်တူပင် အမေပြောသောစကားကိုမြေ၀ယ်မကျ နားထောင်
ကြသည်။
              သောက အပူမီးတို့ ငြိမ်းအေးရာ  ဆင်းရဲခြင်းတို့ ချူပ်ငြိမ်းရာသို့ ။ မြတ်စွာဘုရားရှင်၏ သာသနာ
တော် နေလိုလလို ထွန်းလင်းတောက်ပ နေချိန်မို့   အမေ နှင့် သမီး က ဥပ္ပလ၀ဏ် ထေရီ အရှင်မတို့  ထံ
သွားရောက်၍ရဟန်းပြုလိုက်ကြသည်။သားဖြစ်သူကလည်း သံဃာတော်များထံမှာရဟန်းပြု လိုက်သည်။
သုံးဦးသား တရားတော်ကို နာကြား၍ ၀ိပဿနာအားထုတ်လိုက်ရာ အာသဝေါကုန်ခမ်းရဟန္တာများဖြစ်
ကြသည်။ သားဖြစ်သူမှာ ဘွဲ့ တော်ထင်ရှားသော" ဂင်္ဂါတီရိယ မထေရ်   " ဟူ၍ ကျော်ကြားခဲ့လေသည်။
(မလေးငြိမ် ၏  ဂန္ထ၀င်ရသများ စာအုပ်မှ မှောင်တကာ့ မှောင်ကို မှီငြမ်း ရေးသားပါသည်)
*****တတိယမြောက်သမီးတော်*****