Friday, July 6, 2012

တရားထူးရဖို့ ပါရမီလို မလိုကို လေ့လာကြည့်ခြင်း

 

တရားထူးရဖို့ ပါရမီလို မလိုကို လေ့လာကြည့်ခြင်း

 
၁။ အတိတ်ဘ၀များစွာက ပါရမီ ရှိခြင်း မရှိခြင်း၊ ယခုဘ၀မှာလဲ ပါရမီ ပြည့်ခြင်း မပြည့်ခြင်းတို့ကို ဘယ်လို သိနိုင်ပါမလဲ ဆိုတဲ့ မေးခွန်း၊
၂။ လူတစ်ယောက် တရားထူးရဖို့ ပါရမီလိုအပ် မလိုအပ်ဆိုတဲ့ မေးခွန်း၊
၃။ ဒီလို ဆုတ်ကပ် ကာလကြီးမှာ တရားကျင့်ရင် လူတိုင်း တရားထူး ရနိုင်ဖို့ အခွင့်အရေး ရှိပါသလား
ဆိုတဲ့ မေးခွန်း၊
၎။ တရားထူး ရနိုင်ဖို့ ဘာတွေပြည့်စုံထားရပါမလဲ မေးခွန်းမျိုး၊

စသည်အားဖြင့် လူအများစိတ်ဝင်စားတဲ့ မေးခွန်းပေါင်းစုံကို ကိုယ်တိုင်လဲ အထပ်ထပ် စဉ်းစားဖူးသလို၊ သီတင်းသုံးဖော် ရဟန်းတော်များအချင်းချင်းလဲ မကြာခဏ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ စာရေးသူကိုလဲ လူတော်တော်များများက ဒီမေးခွန်းတွေ ကိုပဲ ထပ်ကာ ထပ်ကာ အမေးခံခဲ့ရဖူးတယ်။ သို့သော်လည်း တိကျတဲ့ အဖြေတစ်ခုအနေနဲ့ ရှိကို ရှိရမယ် လို့ စာရေးသူ ယုံကြည်နေခဲ့တယ်။ ကိုယ်လေ့လာထားသလောက်၊ နားလည်ထားသလောက်ကို မေးခွန်းရှင်များ အားတက်လာအောင်၊ စိတ်ဓာတ်ကျနေသူများကို ရွှင်လန်းတက် ကြွလာအောင်၊ depression ဖြစ်နေသူများကို active ဖြစ်လာအောင် အားပေး စကားတွေလဲ အကြိမ်များစွာ ပြောပေးခဲ့ဖူးပါတယ်။ အခု အထက်ပါအကြောင်းအရာများကို တတ်နိုင်သလောက် ခြုံငုံမိအောင် ကိုယ်တိုင်သုံးသပ်ကြည့်လိုတဲ့ ဆန္ဒတစ်ခုဖြစ်ပေါ်လာတာကြောင့် ဒီဆောင်းပါးကိုရေးဖြစ်တာပါ။

ပါရမီလို မလိုနှင့် ပြည့်ခြင်း မပြည့်ခြင်းအတွက်

ပါရမီ ဆိုတာ မြင့်မြတ်သူတို့ရဲ့ အလုပ်ပါ၊ ကောင်းတဲ့အလုပ်တွေကို ဆက်တိုက် ဆက်တိုက် လုပ်နေတာဟာ ပါရမီဖြည့် နေတယ် လို့ ဆိုရပါမယ်၊ တကယ်တော့ အတိတ်ဘ၀များစွာက ပါရမီရှိတယ် မရှိဘူး ဆိုရာမှာ ပါရမီကို တိုင်းတာနိုင်ဖို့ သာမိုမီတာ မရှိနိုင်ပါဘူး၊ mental practices စိတ်ကျင့်စဉ်ဖြစ်နေ တာကြောင့်လဲ တိုင်းတာဖို့ မဖြစ်နိုင်ပါဘူး၊

အဲဒီဘက်က မစဉ်းစားပဲနဲ့ ကိုယ်ဘာလုပ်ရမယ် ၊ ဘာလုပ်သင့်တယ် ဆိုတာကို အရင်ဆုံးလေ့လာ သင့်ပါတယ်၊ ပါရမီ ဆိုတဲ့ ပေတံနဲ့တိုင်းမနေပဲ  မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ တရားတော်တွေအတိုင်း ကိုယ်ဘယ် လောက် လိုက်နာနိုင်နေပြီလဲ ?  ကိုယ့်စိတ် ဘယ်လောက် ဖြူစင်နေပြီလဲ ? မကောင်းမှုတွေကို ဘယ်အတိုင်း အတာအထိ ရှောင်ရှား နိုင်ပြီလဲ ? စတာတွေကို အရင်သုံးသပ်ရပါမယ်၊ မြတ်စွာဘုရားဟောထားခဲ့တဲ့ စိတ္တာနုပဿနာ ကျင့်စဉ်အတိုင်း ကိုယ့်စိတ် မှာတဏှာရာဂစိတ်တွေ များနေသလား၊ ဒေါသတွေ အားကောင်း နေသလား၊ စသည်ဖြင့် အမြဲဆင်ခြင်ပြီး အကုသိုလ်တွေများနေလျင် လျော့ချနိုင်ဖို့၊ နည်းနေလျင်လည်း လုံးဝ မဖြစ်ပေါ်လာ အောင်ကြိုးစားဖို့၊  သတိလက် လွတ်ဖြစ်ပေါ်လာလျင်လည်း ထပ်ကြပ်မကွာ သိသိပြီး ပယ်ရှားနိုင် အောင် ကြိုးစားကြရမှာပါ။

ငါ့မှာ ပါရမီရှိလား မရှိဘူးလား၊ ပါရမီ ပြည့်ပြီလား မပြည့်သေးဘူးလား ဆိုပြီး တွေးနေတဲ့ သံသယတွေနဲ့ ဆို အလုပ်မဖြစ်ပါဘူး၊ အဲဒီလို စဉ်းစားနေရင် လုပ်ရမယ့် အလုပ်တွေ လစ်ဟင်းပြီးတော့ အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ၊  ငါ ဒီဘ၀ အရိယာဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို မစဉ်းစားပဲနဲ့ ယခုလက်ရှိမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေဖို့ က အဓိကကျမယ်လို့ ယူဆမိပါတယ်။

တကယ်တော့ လမ်းကြောင်းရှိလျင် လျောက်ဖို့သာ အရေးကြီးတာပါ။ ဒီလမ်းကြောင်းက ငါသွားမယ့်နေရာ ရောက်နိုင် ပါ့မလား၊ ရောက်မှာ သေချာရဲ့လား စဉ်းစားစရာ မလိုဘူး၊  ဆိုပါဆို့ - ဆူးလေကနေ ရွှေတိဂုံ ဘုရားဆီကို သွားမယ့်လမ်း ကြောင်းက ရှိနေပြီးသား၊ အဲဒီလမ်းကြောင်းကို လျောက်ပြီး ရောက်ခဲ့သူတွေ၊ ရောက်သွားသူတွေ ကိုယ့်ရှေ့မှာ အများကြီး ရှိခဲ့ပြီ၊ ကိုယ်လဲ လျောက်ဖို့ပဲ လိုအပ်တယ်၊ အချိန်တန်ရင်တော့ ပန်းတိုင်ကို ရောက်မယ်ပေါ့၊

လမ်းကြောင်းရှိနေလျင် လျောက်သာလာခဲ့၊ ကားမတွေ့လဲ ခြေလျင်ခရီးလျောက်ခဲ့၊  ( ၂ ) နာရီကြာအောင် လျောက် ရမယ့်ခရီးကို   နှစ်နာရီကြာရင် ရောက်နိုင်မှာပါ၊ ၀ီရိယစိုက်ပြီး ခပ်သွက်သွက်လျောက်ရင် မြန်မြန် ရောက်နိုင်မှာပါ၊ ချွင်းချက် အနေနဲ့ ပြန်လှည့်ပြီး မသွားဖို့၊  ရပ်ပြီးလဲ မနေဖို့တော့ လိုအပ်ပါမယ်၊ ဆက်လျောက် လာရင် လမ်းဆုံးတော့ ပန်းတိုင် ရောက်ပါလိမ့်မယ်၊ အဲဒီလိုပဲ ကျင့်စရာရှိတာ ဆက်ပြီး ကျင့်မယ် ဆိုရင် အဆုံးမှာ အောင်ပွဲရယူနိုင်မှာပါ။

လမ်းစဉ် နှင့် မျှော်လင့်ချက်

လူတစ်ချို့ကတော့ သမထယာနိက ၊ ၀ိပဿနာယာနိက ဆိုပြီး ခွဲခြားပြောကြတာတွေ ရှိတယ်၊ လမ်းကြောင်းကို လျောက် တဲ့အခါမှာ ကိုယ်က ဘယ်လမ်းကြောင်းကို ယူမလဲ၊ နှစ်သက်သလဲ ဆိုတာ ရွေးရပါမယ်၊ ကုန်းကြောင်း လျောက်သွား ချင်တာလား၊ ကားစီးသွားချင်တာလား စသဖြင့် ရွေးချယ်ပြီးမှ လမ်းစဉ်ကို လိုက်သင့်ပါတယ်၊

ဘယ်အရာမဆို ပုဗ္ဗပယောဂ experience ဆိုတာလိုအပ်ပါတယ်၊  လုပ်ခဲ့ဖူးလျင် လွယ်တယ် ၊ မလုပ်ခဲ့ဖူးလျင် ခက်တယ် ပေါ့၊ သမထ ဆိုတာကတော့ ချမ်းသာ လွယ်ကူတဲ့လမ်းမို့ စိုစိုပြေပြေ ရှိတယ်လို့ ဆိုနိုင်ပြီး ၀ိပဿနာကတော့သွေ့ခြောက် ပျင်းရိစရာ ကောင်း လှပါတယ်၊ ရုပ်နာမ် ဖြစ်ပျက်ကို အမြဲတမ်း ရှုမြင်နေရတော့ အာရုံတွေကို မခံစားချင်တော့ပဲ ငြီးငွေ့နေတာကြောင့် ပျော်ရွှင်မှု မခံစားရဘူး၊ သို့သော်လည်း အထက်ပိုင်း အဆင့်မြင့်သွားလျင်တော့ သူလဲ ငြိမ်းချမ်းပြီး ပျော်ရွှင်စရာ ကောင်းလာတတ်ပါတယ်။

ပါရမီလည်း ရှိ၊ တရားထူးလဲ ရနိုင်ဖို့ ဆိုရင်တော့ ကိုယ့်ဘက်က ပြည့်စုံသင့်တာတွေက အများသားကလား၊ ပထမဆုံး တိဟိတ် ပဋိသန္ဓေ ဆိုတဲ့ မဟာကုသိုလ် ဥာဏသမ္ပယုတ် စိတ်နဲ့ ယှဉ်ပြီး ဖြစ်တည်လာတဲ့ မဟာဝိပါတ် ဥာဏ သမ္ပယုတ်စိတ် ဖြစ်ဖို့ လိုအပ်ပါတယ်၊ အဲဒီကမှ တဆင့် အနုစိတ် ခွဲခြမ်းပြန်တော့ အလောဘဟိတ်၊ အဒေါသဟိတ် ၊ အမောဟဟိတ် ဆိုတဲ့ကုသိုလ်စိတ်တွေလဲ ပြည့်စုံရပါမယ်၊ အဓိကကတော့ အမောဟ ဆိုတဲ့ ပညာက ပဋိသန္ဓေမှာ မရှိ မဖြစ် လိုအပ်ပါတယ်၊

အခြေခံ source ဖြစ်တဲ့ ဥာဏ်ရည်ဥာဏ်သွေး IQ က ပါလာပါမှ ဒီဘ၀မှာမျှော်လင့်နိင်ပါတယ်၊ မြန်မာစကားမှာ နဂို ရှိမှ နဂိုင်း ထွက်တယ် ဆိုတာမျိုး၊ ၀ မရှိပဲ ၀ိ- မလုပ်လို့ မရနိုင်သလိုပေါ့၊  အခြေခံ တိဟိတ် ပဋိသန္ဓေ အိုင်ကျူမကောင်း ရင် တော့ မလွယ်ပေဘူး၊ အမောဟဆိုတဲ့ ပညာမပါပဲ ဒွိဟိတ် ပဋိသန္ဓေ၊  အဟိတ် ပဋိသန္ဓေတွေ ဖြစ်နေရင်တော့ ဒီဘ၀မှာ မပေါက်ရောက်နိုင်ဘူး၊ ဆိုလိုတာက အဆင့်အတန်းမြင့်မြင့်ထိ မရောက် နိုင်ဘူး၊ သို့သော် အလကား အလဟဿ ဖြစ်သလား ဆိုတော့ ဖြစ်မသွားပါဘူး၊ သူကြိုးစားသ လောက် တော့ ရောက်သွားမယ်၊

မျိုးစေ့ကိုက မကောင်းရင် အပင်လဲ မသန်နိုင်ဘူး ဆိုသလိုပေါ့၊ ပင်ကိုယ်ဓာတ်ခံ ညံ့နေသူများအတွက်တော့ အထက်တန်းကို တက်လှမ်းဖို့ ခက်ခဲတတ်ပါတယ်၊ ဒါဟာ အားငယ်စရာလား ဆိုတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြရရင် ဖားနတ်သားအကြောင်းကို ပြောရပါလိမ့်မယ်၊ ဖားကလေးတကောင် မြတ်စွာဘုရားတရား တော်ကို နာယူနေတာ ဘာမှန်းတော့ နားမလည်ဘူး၊ အသံတော်ကိုပဲ အာရုံပြုနေတာ၊  ဒီအချိန်မှာ နွားကျောင်းသားလက် ချက်နဲ့ သေရရှာတယ်၊ ဖားဘ၀မှာတော့ အဟိတ်တိရိစ္ဆာန်ဖြစ်ပြီး ပဋိသန္ဓေစိတ်က ညံ့နေသည့်အတွက် တရားထူးမရခဲ့ဘူး၊ သို့သော်လည်း ဒုတိယဘ၀မှာ တရားကို အာရုံပြုကာ သေရတာ ကြောင့် နတ်ပြည်ရောက်ပြီး ဖားနတ်သားဘ၀နဲ့ တိဟိတ်ပဋိသန္ဓေပြည့်စုံလေတော့ တရားပြန်နာ ရင်း သောတာပန် ဖြစ်သွားရတယ်၊ ဒါကြောင့် တကယ် ကျင့်မယ် ဆိုရင် အခြေခံကောင်း ရှိနေသူတိုင်း ပေါက်ေ ရာက်နိုင်သေး တယ် လို့ ယူဆမိတယ်။

ပြည့်စုံသင့်သည့် အချက်များ

၁။ ပဋိရူပဒေသ၀ါသ ( ရာသီဥတု၊ အစားအစာ၊ အတူနေသူအချင်းချင်း စသည်အားဖြင့် ညီညွတ်မျှတကာ စိတ်ချမ်းသာ၊ ရွှင်ပြဖို့ လိုအပ်ခြင်း၊ )
၂။ သပ္ပုရိသူပနိဿယ - အနေနဲ့ သူတော်ကောင်း ဆရာများကို အမှီပြုကာ ဆည်းကပ်တယ်ဆိုရာမှာ ဆရာဘက်က ချို့ယွင်းချက်၊ တပည့်ဘက်က ချို့ယွင်းချက် ဆိုပြီး ရှိတတ်ပါတယ်၊ မြတ်စွာဘုရားရှင် အနေနဲ့ကတော့ ဆရာဘက်က ချို့ယွင်းတယ် ဆိုတာမရှိပေမယ့် ကိုယ့်ဘက်က လိုအပ်နေလျင်လဲ မရရှိပဲ ကြန့်ကြာနေတတ်ပါ တယ်။

၃။ သဒ္ဓမ္မဿဝန - သူတော်ကောင်းတို့ တရားကို နာကြားခြင်း ဆိုရာမှာလည်း မြတ်ဘုရားက ရွှေပန်းထိမ် သည်သားကို ပေးတဲ့ ကမ္မဋ္ဌာန်း လို ကိုယ့်ဘက်က လိုအပ်ချက်နဲ့ သူ့ဘက်က ပေးတာ အချိန်ကိုက် ဖြစ်ဖို့ လိုအပ်ပါသေးတယ်၊ ကိုယ့်ဘက်က နာယူထားသော တရားတော်များလေလေ ဒီလမ်းစဉ် မှားသလား မှန်သလား၊ ယုတ္တိကျသလား မကျဘူး လား  ဆိုတာကို ကိုယ်တိုင် ဝေဖန် ဆုံးဖြတ်နိုင်သော အသိပညာများ တိုးလာသည့်အတွက် လမ်းမှားမရောက် နိုင်တော့ ပါဘူး။

၎။ ဓမ္မာနုဓမ္မပဋိပတ္တိ - မြတ်စွာဗုဒ္ဓ ဟောထားခဲ့သည့် သတိပဋ္ဌာန်၊ မဂ္ဂင်လမ်းစဉ်များအတိုင်း လမ်းမှန်ကို လိုက်ကာ ကျင့်ကြံပါမှ မျှော်လင့်နိုင်သော အရာလည်း ဖြစ်ပါတယ်။

၅။ ပါပမိတ္တ၊ မိတ်ကောင်း ဆွေကောင်းဟာလဲ သိပ်ပြီးတော့အရေးကြီးပါတယ်၊ ကိုယ့်မှာ အခြေခံကောင်းတွေ ရှိထား သော်လည်း မိတ်ဆွေကောင်းနဲ့ မတွေ့ရင် လမ်းမှားသွားနိုင်တယ်၊ ဒီနေရာမှာ အတွင်းအကြောင်း internal source တွေ ပြည့်စုံထားသော်လည်း external condition ဆိုတဲ့ ပြင်ပအကြောင်းတွေနဲ့ ပေါင်းမိဖို့ လိုအပ်နေပါသေးတယ်၊  အဲဒီလို အတွင်း အကြောင်း၊ အပြင်အကြောင်း နှစ်ခုပေါင်းမှ အကျိုးတရားဆိုတာ ထွက်လာရမှာပါ။

မိတ်ဆွေဆိုတာ ပေါင်းရုံသက်သက်မဟုတ်ပဲ ဆရာတင်တာကိုလဲ ယူနိုင်ပါတယ်၊ ဆိုပါစို့ တရားအားထုတ် လိုသူအတွက် မှန်ကန်တဲ့ နည်းလမ်းကို မပေးပဲ မှားမှားယွင်းယွင်း နည်းလမ်းကို  ပေးမိတာကိုလည်း သတိထားကြရမှာပါ၊  အဲဒီလို ပါပမိတ္တနဲ့ ပေါင်းမိလို့ မလုပ်သင့်တာတွေ လုပ်မိသွားလျင် ကိုယ့်ရဲ့ အခြေအနေ ကောင်းတွေဟာ ပျက်စီးသွား တတ်ပြန်တယ်။

ဥပမာအနေနဲ့ အားလုံးသိကြတဲ့ အဇာတသတ်ဘုရင်ကြီးဟာ သောတာပန်ဖြစ်ဖို့ အတွင်းအကြောင်း ပဋိသန္ဓေပြည့် စုံပြီးသား ဆိုသော်လည်း လူမိုက်နဲ့ ပေါင်းမိတော့ မလုပ်သင့်တာတွေ လုပ်မိပြီး ရှိပြီးသား အခြေအနေကို ဖျက်ဆီးပစ် လိုက်တာ သနားစရာသိပ်ကောင်းလှတယ်၊ နောင်တစ်ချိန်မှာ သာမညဖလသုတ် တော်ကို နာယူရပေမယ့် ပိတုဃာတက ကံကြီးကို ကျူးလွန်ထားလေတော့ သူ့သန္တာန်မှာ အခြေအနေကောင်းက ဖျက်ဆီးထားပြီ၊ ဒီဘ၀အတွက် မျိုးစေ့က ပျက်ဆီး သွားတယ်လို့ ဆိုရမယ်ပေါ့၊ ဒါဟာ ပါပမိတ္တကြောင့် ဆုံးရှုံးရတာပါ။

၆။ ကိရိယာ ပရိဟာနိ -ဆိုတာ လုပ်သင့်တာကို မလုပ်ပဲနေပြီး အချိန်ကုန် ခံနေတာကို ဆိုလိုတယ်၊
လူတွေ တော်တော် များများဟာ အခြေအနေကောင်းတွေ ပါလာခဲ့တာများပါတယ်၊ ရှေးကံတွေ ကောင်းခဲ့ကြလို့ ပြည့်စုံတဲ့ ဘ၀မှာ ရောက်နေကြသော်လည်း ၀ီရိယမရှိပဲ ပျင်းနေကြလို့၊ ဇွဲမကောင်းကြလို့ နောက်ပြီး ဖြစ်ချင်တဲ့ စိတ်ဆန္ဒ အားနည်းနေလို့ အဓိပတိမတပ်လို့ မဖြစ်မြောက်တာ များနေကြတာပါ၊

လုပ်ရမယ့်အလုပ်ကို လုပ်ဆောင်မှုမရှိတာ၊ လစ်ဟင်းတာကတော့ ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်၊ ဘယ်အလုပ်မဆို အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ထားတဲ့ ဒီဂရီ degree ဆိုတာ ရှိပြီးသားပါ၊ အချို့ တိဟိတ်ပုဂ္ဂိုလ်တွေ ရှိကောင်း ရှိနိုင်ပါတယ်၊ အများကြီးလည်း ရှိနိုင်တယ်လို့ ထင်မိပါတယ်၊  သို့သော်လည်း လုပ်သင့်တဲ့ အလုပ်ကို မလုပ်ကြဘူး၊ လုပ်ပြန်တော့လဲ ဇွဲမရှိပဲ နောက်ဆုတ် နောက်ဆုတ်သွားကြတော့ degree မပြည့်မှီသေးဘူးပေါ့၊

ကျမ်းဂန်များမှာတော့ မီးပွတ်ယောကျာ်း နဲ့ ဥပမာပေးကြတယ်၊ ရှေးခေတ်က  သိပ္ပံပညာမထွန်း ကားသေးတော့  မီးပွင့်လေးတွေ ရလာဖို့ သစ်သား နှစ်ချောင်းကို အချင်းချင်း ပွတ်ရတယ်၊ မီးပွင့်လေးပေါ်လာမှ ၀ါဂွမ်းလေးနဲ့ တို့ယူရတယ်၊ ပွားရတယ်၊ အဲဒီ မီးပွတ်ယောက်ျားဟာ ပွတ်လိုက်တာ၊ အားစိုက်ပြီး ပွတ်တယ်၊ ၀ီရိယထည့်ပြီး ပွတ်တယ်၊ ပွတ်တာ ကြာပြီး မောလာတော့ နားနေပြန်ရော ၊ နောက်တစ်ခါ ပြန်ပွတ်တယ်၊ မောတော့ နားထားပြန်တယ်၊ ဒီလိုနဲ့ ပူလာခါနီး မီးပွင့်ခါနီးမှ ခဏနားလိုက်ဦးမယ် ဆိုပြီး နားနေတော့ အေးအေး သွားပြန်တယ်၊ ဒီလိုပါပဲ တရားအားထုတ်ကြတဲ့ သူများဟာလဲ ရခါနီးကျလျင် ပြန်ပြန်လျှော့ထား လိုက်ရင်းနဲ့ အသစ် အသစ်ပဲ ပြန်ဖြစ်သွားတယ်၊ ဇွဲကောင်းဖို့ သိပ်လိုတယ်လို့ ဆိုရပါမယ်၊

နောက်တစ်မျိုးအနေနဲ့ ခြေလှမ်းပေါင်း ( ၅၀၀၀ )  လှမ်းမှ ရောက်ရမယ့်ခရီးကို အလှမ်းငါးထောင် မပြည့်သေးပဲ ရပ်ရပ် ထားလေတော့ အသစ်အသစ် တာထွက်နေရာကပဲ ပြန်စရသလို ဖြစ်နေပါတယ်၊ တောင်ထိပ်ကို တက်လှမ်းသူဟာ ကုန်းလျောကို  ဆင်းသူတွေလောက်တော့မလွယ်ကူသလို ရေစုန်ကို မျှောလိုက်ရတာ လွယ်ကူသော်လည်း ရေဆန်ကို ဖြတ်ကူးဖို့ကျတော့ ဇွဲကောင်းဖို့ ၀ီရိယရှိဖို့ သတိ သမာဓိအားကောင်းဖို့ လိုအပ်နေပြန်တယ်။

ဒါကြောင့် မကောင်းမှုကို ပြုတယ် ဆိုတာ ရေစုန်လမ်းကို မျှောလိုက်ရသလို လွယ်ကူတာကြောင့် လူတိုင်းမှာ  အခြေအနေ ကောင်း များ ရှိနေသော်လည်း ကိရိယာပရိဟာနိ - ဆိုတဲ့ လုပ်သင့်တာတွေကို လွှတ်ထားမိ လေတော့ ကမ်းကို မတက်နိုင်ပဲ ဖြစ်ေ နကြပါ တယ်၊ သတ်မှတ်ထားတဲ့ degree ကို မပြည့်သေးဘူး ဆိုလျင်တော့ failure of action ဖြစ်ပြီး ဆက်လက် ကူးခတ်နေကြရဦးမှာပါ။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်တော့ စာရေးသူအပါအ၀င် အားလုံးဟာ အချက်အလက်တော်တော် များများ လိုအပ်နေ သေးတာ သတိထားမိတယ်၊  ဆရာသမားကောင်းကောင်း၊ နည်းမှန်လမ်းမှန်၊ ကုသိုလ်ကောင်းမှုတွေ မပြတ်တိုက်တွန်း နေတတ်တဲ့ မိတ်ဆွေကောင်းနဲ့ လုပ်သင့်တာတွေကို ဇွဲကောင်းကောင်းနဲ့ လုပ်မိစေဖို့ လိုအပ်ပါလိမ့်မယ်။
  
ဒီလို အတွင်း အပြင် အကြောင်းတရားတွေ အားလုံးပေါင်း ဆုံမိပြီ ဆိုလျင်တော့ energy of mind စိတ်စွမ်းအား တွေတိုးပွားလာပြီး မီးပွင့်လာမှာ မလွဲဧကန်ပါပဲ၊ energy ဆိုတာ တစ်ခုနဲ့ တစ်ခုပေါင်းမှ ဖြစ်ပေါ်လာတတ်တာ မဟုတ်လား၊ တစ်ခုထဲနဲ့တော့ မရနိုင်ဘူးလေ၊ဒါကြောင့်ပါရမီဆိုတာကိုစဉ်းစားမနေပဲလမ်းကြောင်းအတိုင်းမှန်မှန်လျောက်နေဖို့သာအဓိကမို့ လျောက်ဖြစ်အောင် လျောက်ကြပါစို့ ဟူ၍ အားပေးတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။

စာညွှန်း။ ။ အဂုင်္တ္တိုရ်ပါဠိတော်နှင့် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဓမ္မရေး ရာ အမေးအဖြေများမှ ကိုးကားဖော်ပြပါသည်။

မေတ္တာဖြင့် -
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

Thursday, July 5, 2012

ဘာသာရေး အမြင်မှားများ ပြုပြင်ရန် မိန်းမသားတိုင်း၏ တာဝန်

ဘာသာရေး အမြင်မှားများ ပြုပြင်ရန် မိန်းမသားတိုင်း၏ တာဝန်


ဤနေရာတွင် ဘာသာရေး ဆိုသည်မှာ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင် မိန်းမသားများ အပေါ်တွင် သီးသန့် သုံးသပ်ထားခြင်း ဖြစ်သည်။

ဘာသာရေးလောက နယ်ပယ်တွင် မိန်းမသားများမှာ ယနေ့တိုင် သေးသိမ်နေကြဆဲပင်။ မဖြစ်သင့်သော ကိစ္စနှင့် မှားယွင်းနေသော အယူအဆပေါင်း များစွာကို မိန်းမသားများ ကိုယ်တိုင်က လက်ခံ ယုံကြည်နေကြဆဲပင်။ ဘုရားရှင်၏ သာသနာသမိုင်း တလျှောက် မိန်းမသားများ မပါဝင်ခဲ့သော၊ မလှုပ်ရှားခဲ့သော အခန်းကဏ္ဍ မရှိသလောက်ပင် ဖြစ်သည်။ ဘုရားရှင် သဗ္ဗညုတ ဥာဏ်တော်ကို ရရှိပြီးနောက် ပထမဦးဆုံး ဘုန်းပေးသုံးဆောင်သောဆွမ်း၊ ဂနာနို့ဆွမ်းမှာ မိန်းမသားတစ်ဦး ကပ်လှူသော ဆွမ်းဖြစ်သည်။

ဒါဆိုရင် ဒါနကိစ္စမှာ မိန်းမသားတို့ ရှေ့ဆုံးမှ ရောက်ခဲ့ကြသည်ပေါ့။ ဘုရားရှင် တရားဟောပြသည်တိုင်းမှာ သုံးဆယ့်တစ်ဘုံမှာ သတ္တဝါတိုင်းအား ခွဲခြားမှုမရှိခဲ့၊ ဟောကြား သွန်သင်ခဲ့သည် ချည်းပင် ဖြစ်သည်။ နိဗ္ဗာန် ရောက်ကြောင်း တရားများသည် သုံးဆယ့်တစ်ဘုံမှ သတ္တဝါများ အားလုံးတို့အတွက် ဖြစ်သည်။ သို့သော် ယနေ့ မိန်းမသားများသည် မိမိတို့၏ ရပိုင်ခွင့်ကို မေ့ပျောက်၍ မိမိလင်သား (ယောက်ျား) များတို့၏ ပါရမီဖြည့်ဖက်ဟူ၍ မိမိကိုယ်ကို လျှော့ချခဲ့လေပြီ။ ရလာမည့် အကျိုးဆက်ကား ဘာသာရေး ကိစ္စပေါင်းများစွာ၊ အခန်းကဏ္ဍများတွင် မိန်းမသားတို့ နောက်တန်းမှာ ကျရောက်ခဲ့ပြီ။ ဒါနကိစ္စများတွင် မိန်းမသားတို့သည် ယောက်ျားတို့ထက် ပိုခဲ့သည်။ ယနေ့ထက်တိုင် နံနက်စောစော ဆွမ်းချက်ရသည်မှာ မိန်းမသားတို့ပင်များသည်။

 ဘုန်းကံကြီးမားသည် ဆိုသည့်စကားလုံးမှာ ယောက်ျားများအတွက် သီးသန့်လော။ မိန်းမသားများလည်း ဘုန်းကံကြီးမားခွင့် မရပြီလော။ မိန်းမသားများသည် မည်သည့်နေရာတွင် ယုတ်ညံ့နေကြသနည်း။ မှတ်မှတ်ရရ စာရေးသူ ညောင်ရွှေအင်းလေး ဖောင်တော်ဦးသို့ ဘုရားဖူးထွက်ခဲ့စဉ် ဖောင်တော်ဦး ဘုရားရုပ်ထုတော်များ ရွှေဆိုင်းကပ်လှူချိန် မိန်းမသားမှာ လက်အုပ်ချီ၍ အဝေးမှထိုင်၍ ဖူးခွင့်ရကြသည်။ ယောက်ျားသားများမှာ ရွှေဆိုင်းကပ်လှူခြင်း၊ သင်္ကန်းကပ်လှူခြင်း စသည်ဖြင့် ပြုလုပ်ခွင့်ရကြပါသည်။ သာမန်ကြည့်လျှင် ဓလေ့ထုံးစံအတိုင်းမို့ ပြောစရာမရှိသော်လည်း သေချာစဉ်းစားကြည့်ပါက မိန်းမသားများသည် ဘုရားရှင်အနား ကပ်ခွင့်မရအောင် ယုတ်ညံ့နေကြပြီလော။ ဘုရားရှင်၏ ရုပ်ပွားတော်များအား မိန်းမသားများ ထိကိုင်ခွင့် မရှိပြီလော။

ဒါဆိုရင် သမိုင်းကြောင်းတစ်ခုကို ထောက်ပြချင်ပါသည်။ ပဲခူး တိသာရာဇမင်းလက်ထက် သာသနာတော်နှစ် (၆၉၇) ခုနှစ်၊ မဟာယာန ဘုန်းကြီးတို့သည် ဝိဇ္ဓာမယိဒ္ဓိ အတတ်များဖြင့် ရှင်ဘုရင်အား အယုံသွင်းရန် လူသေရုပ်တုများသည် အမင်္ဂလာဖြစ်သည်။ အရှင်မင်းကြီး နန်းတော်၌ အမင်္ဂလာရုပ်တုများ မကိုးကွယ်လျှင် ဘုန်းတန်ခိုးအားဏာ ပို၍ ကြီးလာပါလိမ့်မည်ဟု သြဝါဒပေးကြ၍ ရုပ်ပွားဆင်းတုတော်များကို မသန့်ပြန့်ရာ အရပ်၌ လွှင့်ပစ်စေ၏။ ကိုးကွယ်သူများကို အပြစ်ပေးသည်။ ထိုအခါ ပြည်ရွာကား ခြောက်ခြားငတ်မွတ်၏။ ထိုအခါ (၁၆) နှစ်အရွယ် သုဘဒ္ဒါ သူဌေးသမီးသည် ဘုရင်းမင်းမြတ် မိစ္ဆာအယူကြောင့် ဒုက္ခရောက်ရရှာပြီ။ ငါသည် အများချမ်းသာရေးအတွက် သတ်သော် အသေခံမည်၊ ရတနာသုံးပါး၏ တန်ခိုးတော်ကြောင့် ကြံတိုင်းပြီးမြောက်ပါစေ ဟု အဓိဌာန်ကာ မသန့်ရှင်းသော အရပ်တို့၌ စွန့်ပစ်ထားသော ရုပ်ပွားများကို လိုက်၍ ကောက်ယူသည်။ နံ့သာရည်များဖြင့် ဆေးကြော၍ တဲမဏ္ဍပ်ကြီးထိုးကာ ကိုးကွယ်ထားသည်။

ရှင်ဘုရင်သည် ထိုသတင်းကို ကြားလျှင် ဒေါသအမျက်ထွက်၍ သုဘဒ္ဒါအား ကြိုးတုပ်၍ ခေါ်ငင်ကာ အကျိုးအကြောင်း မေးလေ၏။ အရှင်ကြီး၏ ရုပ်ပွားတော်များသည် လူသေကောင် ရုပ်ထုမဟုတ်ပါ။ ရဟန်းပြုလျက် (၄၅) ဝါပတ်လုံး အမြိုက်ဆုပေးတော်မူခဲ့သည့် မြတ်စွာဘုရားရှင်၏ ကိုယ်စားထားခဲ့သည့် လက္ခဏာပါဟူ၍ လျှောက်ထားခဲ့၏။ အလိုရှိ၍ ဖူးမျှော်လိုလျှင် ကြွလာတော်မူပါသည်ဟုဆိုသော် ရှင်ဘုရင် အံ့အားသင့်လျှက် ဖူးမြော်လိုပါသည်ဟု ပြောသဖြင့် သုဘဒ္ဒါသည် နတ်များကို တိုင်တည်လက်အုပ်ချီ၍ သစ္စာ အဓိဌာန်ပြုရာ ရုပ်ပွားတော်များသည် နန်းရင်ပြင် အထက်ကောင်းကင်၌ ကြွတော်မူ၏။

ရှင်ဘုရင်လည်း နောင်တကြီးစွာဖြစ်၍ ဝန်ချကန်တော့သည်။ သုဘဒ္ဒါကို မိဖုရားမြှောက်၏။ မဟာယန ဘုန်းကြီးများကို တွင်းတူး၍ ကွပ်မျက်၏။ အချို့မှာ ထွက်ပြေးကြ၏၊ ထီးလှိုင်ချောင်းတွင် မိမိတို့ဘာသာ ကြိုးဆွဲ၍ သေကြ၏။ ဤသမိုင်းကို ကြည့်လျှင် မိန်းမသားတစ်ယောက်၏ သတ္တိ၊ ခံယူချက်၊ ယုံကြည်ချက်တို့အပြင် အသက်ကို ပဓါနမထားပဲ သာသနာတော်ကို သန့်ရှင်းစေခဲ့သည်ကို အထင်အရှားပြခဲ့သည်။ နောက် ရုပ်ပွားဆင်းတုတော်များကို နံ့သာဖြင့် ဆေးကြော သန့်စင်သည်ဟု ဆိုရာတွင် ရုပ်ပွားဆင်းတုတော်များအား ထိတွေ့ကိုင်တွယ်ရမည်မှာ သေချာ၏။ ဘာကြောင့် အခုခေတ် အချို့နေရာများ၌ မိန်းမသားများ ရုပ်ပွား ဆင်းတုတော်များအား ထိတွေ့ကိုင်တွယ်ခြင်းအား ခွင့်မပြုပါသနည်း။ တိကျသောအဖြေ သင့်မှာရှိသလော။ အကျိုးအကြောင်း ခိုင်လုံပါသလော။ မိန်းမသားများ ဘုန်းကံမရှိလို့၊ ယုတ်ညံ့လို့ဆိုသော အမြင်ဆိုးများ ရှောင်ရှားနိုင်ပါစေ။

ဆက်လက်၍ ဘာသာရေး သာသနာရေးလောကတွင် ထင်ရှားခဲ့သော၊ ချန်ထား၍ မရသော မိန်းမသားများစွာထဲမှ အချို့ကို တင်ပြချင်ပါသည်။ ဒါန သီလအရာတွင် ပြည့်စုံသော ဝိသာခါ ကျောင်းအမကြီးသည် (၇) နှစ်သမီးကလေး အရွယ်ကပင် သောတာပန်ဖြစ်ခဲ့၏။ ဒါနအရာတွင်လည်း မင်းတုန်းမင်းကြီးလက်ထက် ထွဋ်ခေါင်ဆရာတော်ဘုရား ခေတ်တွင် ထွဋ်ခေါင် ဆရာတော်ဘုရားကြီးအား ဆင်ဖြူမရှင် မိဘုရားခေါင်ကြီးက အုပ်ပြဿဒ်ကြီး၊ အလယ်နန်း မိဖုရားခေါင်ကြီးက သိမ်တော်၊ မြောက်နန်းမိဖုရားက ပတ်ကျောင်းကြီး၊ သုံးဆယ် မင်းသား၏ မယ်တော် ခုနှစ်ရွာ မိဖုရား စသူတို့ကလည်း မှန်စီကျောင်းစေတီ (၇) ဆူ၊ ရေကန် စသည်တို့ကို ဒါနပြုခဲ့ကြပေသည်။ သီလ၊ ဘာဝနာ အရာ၌လည်း မိန်းမသားများ မညံ့ခဲ့ကြပါ။ လယ်တီ ဆရာတော် ဘုရားကြီးခေတ်တွင် အနာဂါမ်ဆရာတော်ကြီးဟု ကျော်ကြားခဲ့ဖူးသည့် လူယောက်ျားတစ်ဦး ပေါ်ထွန်းခဲ့၏။ ထို့အတူ စွန်းလွန်းဆရာတော်များခေတ်က ဒေါ်ငွေဘုံဆိုသော မိန်းမသားတစ်ဦးသည်လည်း အနာဂါမ်ဟု ကျော်ကြားခဲ့ဖူး၏။ ၄င်းဒေါ်ငွေဘုံကား စွန်းလွန်းဆရာတော်ကြီးကိုပင် တရား စစ်မေးခဲ့ဖူးလေ၏။

တရားအားထုတ်သည့် နေရာတွင်ကော မိန်းမသားများညံ့ကြသလား၊ မညံ့ပါ၊ ဘာကြောင့် မညံ့ပါဟု ပြောနိုင်ပါသနည်းဟု ဆိုပါက စွန်းလွန်းဆရာတော်ဘုရားကြီးထံသို့ နည်းခံတရားအားထုတ်သည့် ဦးဥတ္တမသည် သူတရား အားထုတ်စဉ်က ရဟန်းတော်တွေထက်လူ လူများက တရားပေါက်လွယ်ပုံ၊ လူတကာများထက် ဒကာမများက ပိုပြီး တရားရလွယ်ပုံကို ‘နွားထီးကြီးတွေက ချိုထောင်ထောင်နဲ့ ကုန်းခေါင်ခေါင်မှာ လှည်းခွက်ချည်းတောင် မရုန်းနိုင်ကြဘူး။ ချိုမပါခွာသေး ကိုယ်ကောင်သေတဲ့ နွားမတွေက ကုန်အပြည့်နဲ့ ရုန်းနိုင်ကြတယ်’ ဟူသော အဓိပ္ပါယ်ဖြင့် စာချိုးဖူး၏။

ဘာသာရေး၊ သာသနာရေး ကဏ္ဍသည်လည်း အခြားစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်ဏ္ဍများ ကဲ့သို့ပင် မိန်းမသားများအတွက် အရေးကြီးပေ၏၊ ချန်ထား၍မရ၊ မေ့ထား၍မဖြစ်၊ ခွဲခြား၍ မရနိုင်ပေ၊ ဘာသာရေးနှင့် ပတ်သက်၍ အမြင်မှန်များ၊ တာဝန်မှန်များ ထမ်းဆောင်ရန် မိန်းမသားများတွင်လည်း တာဝန်ရှိ၏၊ မိမိစွမ်းသလောက် ထမ်းဆောင်ကြရဦးမည်ဖြစ်၏၊ လမ်းမှန်ဖို့တော့ လိုအပ်၏၊ ယုံကြည်မှု သဒ္ဓါတရားသည် ယောက်ျားတို့ထက် မိန်းမတို့က ပို၏။ ထို့ကြောင့် ဘာသာရေး အမြင်မှားများအား ပြုပြင်ရန်မှာ မိန်းမသားတိုင်း၏ တာဝန်ဟုဆိုရင်း...။

သဒ္ဒါ
(ချိုးလင်းပြာ အမှတ် ၈၊ ၂ဝဝ၂ ဧပြီလ)

Wednesday, July 4, 2012

ပြောချင်သူတွေ ပြောကြပါစေ

 

ပြောချင်သူတွေ ပြောကြပါစေ

 “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။


လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်မှုတွေ၊ လှည့်ပတ်မှုတွေ၊ အပြစ်တင်မှုတွေနဲ့ ဘာလုပ်ရင်လည်း လုပ်ပြန်ပြီ၊ ဘာမလုပ်ရင်လည်း မလုပ်လို့ ဆိုပြီး ပြောချင်ဆိုချင်ကြတာတွေက အများသား မဟုတ်လား။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် လုပ်နေကျအလုပ်ကို မလုပ်ရင် မလုပ်လို့ဆိုပြီး ပြောတတ်ကြသလို မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပြန်ရင်လည်း အထူးအဆန်း အနေနဲ့ ပြောတတ်ကြပြန်ပါတယ်။ အထူးသဖြင့် လူတစ်ယောက် ကောင်းတဲ့အလုပ်လေးတွေ လုပ်ဖို့စပြီဆိုရင် အဲဒီလို အရွဲ့အစောင်း စကားလေးတွေနဲ့ ခနဲ့တဲ့တဲ့ လုပ်တတ်ကြတာတွေ အတော်များပါတယ်။

ဒီနေ့ခေတ် လူငယ်တွေကြားမှာ အဲဒီလိုလေးတွေ ပိုတွေ့ရသလားလို့တောင် ခံစားမိပါတယ်။ မကောင်းတဲ့ အလုပ်တွေ၊ မဟုတ်တဲ့ အလုပ်တွေ လုပ်တော့မယ်ဆိုရင်တော့ “လာထားကြာသလား”လို့ ဆိုပြီး အားပေးအားမြောက် ပြုတတ်ကြပေမယ့် ကောင်းတဲ့အလုပ်လေးတွေ တစ်ခုခုလောက် စကြမယ်ဆိုရင်တော့ ဘာဖြစ်လို့ညာဖြစ်လို့နဲ့ အကြောင်းပြချက်ကိုယ်စီ ပေးတတ်ကြတော့တာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်လို့ ကိုယ့်ဖာသာကိုယ် ရှောင်ထွက်သွားတာ ဘာမှပြောစရာ မရှိပေမယ့် သူများလုပ်ရင်လည်း ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ အထေ့အငေါ့လေးတွေ ပေးတတ်သေးတာဆိုတော့ ကောင်းတာလုပ်ချင်တဲ့ သူတွေတောင်မှ ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေပြန်ပါတယ်။ ခေတ်ကိုယ်က မကောင်းဘူးလို့ပြောရင် ခေတ်ကို အပြစ်တင်ရာကျနေပါမယ်။ ဒီခေတ်မှာ ဖြစ်လာကြတဲ့သူ အချို့လို့ပဲ ပြောတာကောင်းပါတယ်။

တစ်လောကတောင် ဒကာလေးတစ်ယောက်က လျှောက်ဖူးသေးတယ်။ သူ့ဘဝမှာ အခုမှ ဘာသာတရားရဲ့ အနှစ်သာရလေးတွေကို သိရှိလာရလို့ ငြိမ်းချမ်းမှု ရောင်ခြည်လေးတွေ သန်းလာပြီး ဘာသာတရား အလုပ်လေးတွေအပေါ်မှာ အာရုံလေးတွေစိုက်ရင်း အရင်တုန်းက လုပ်ဖူးတဲ့ အလုပ်လေးတွေကို မလုပ်ဘဲ ရှောင်ကြဉ်ပြီး ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နေနေပြန်တော့လည်း တစ်ချို့က သူ့ကို ပုံမှန်မဟုတ်တော့ သလိုလို၊ ခပ်ကြောင်ကြောင် ဖြစ်သွားသလိုလို ယိသဲ့သဲ့ ပြောလာကြတယ်တဲ့လေ။ ပြောတဲ့သူတွေကလည်း ဘယ်သူတွေလည်းဆိုတော့ သူနဲ့အတူသွား၊ အတူလာ၊ အတူပျော် စသဖြင့် နေခဲ့ကြတဲ့ အရင်းအချာ သူငယ်ချင်းတွေပါပဲတဲ့။

ဒါကတော့ ပြောမှာပဲ။ သူတို့က ပိုပြောကြမှာပေါ့။ ကိုယ်ကအစက သူတို့နဲ့အတူ သူတို့လုပ်သလို နေထိုင် လုပ်ကိုင်ခဲ့ကြတာကိုး။ ဒါပေမယ့် ပြောတဲ့သူတွေရော၊ အပြောခံတဲ့သူတွေရော သတိပြုရမှာက  

လူဟာ ဘယ်တော့မှ တစ်သမှတ်တည်း ရှိမနေဘူး၊ ရှိနေဖို့လည်း မသင့်ဘူး 
ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေနဲ့ပဲ အနေများနေတဲ့ သူတွေအနေနဲ့ အဲဒီအလုပ်တွေမှာပဲ ကျင်လည်နေဖို့ မသင့်ပါဘူး။ ဒီအလုပ်တွေကနေ အချိန်မနှောင်းခင် ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ဆိုတာ ပုထုဇဉ်တွေအတွက် အတော်ကို ဆန့်ကျင်တဲ့အရာတွေ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေမှာ လုပ်ဖြစ်ဖို့ သိပ်လွယ်သလောက် ကောင်းတဲ့အလုပ်တွေမှာကျတော့ တမင်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်ပါတယ်။ ဒီလို တမင်လုပ်ပြီး ယူမှရတဲ့အတွက်ကြောင့်လည်း မကောင်းတာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်လေးတွေ လုပ်လာနိုင်တဲ့ သူတွေကိုတွေ့ရင် ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်လေးတွေ သူတို့လုပ်နေနိုင်ပါလားဆိုတာ မချီးမွန်းနိုင်တာတောင်မှ မကဲ့ရဲ့မိဖို့ လိုပါတယ်။ မကောင်းတာတွေ လုပ်နေကျသူတစ်ယောက် အဲဒီအလုပ်လေးတွေ မလုပ်ဖြစ်ဘဲ နေတာကိုတွေ့ရင် သူ့ဟာသူ တစ်နေ့ပဲနေနေ၊ တစ်မနက်ပဲနေနေ ကိုယ်က မထိတထိ မယိမိဖို့ပဲ လိုပါတယ်။ ပြောမယ်ဆိုရင် သူ့အတွက်ကတော့ အဲဒီအချိန်၊ အဲဒီအခိုက်လေးကတော့ တစ်ခုခု အကျိုးရှိနေမှာ အမှန်ပါပဲ။

သေချာတွေးကြည့်ရင် မဟုတ်တာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာအောင် ရုန်းထွက်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရုန်းထွက်ကြည့်ပါဆိုရင် စိတ်ပဲရှိပြီး လက်တွေ့ဘဝမှာ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတာတွေက အများကြီးပဲ မဟုတ်လား။ အဲဒီလို ကိုယ်မရုန်းထွက်နိုင်သေးတဲ့ အလုပ်ကို တစ်ယောက်ယောက်က လုပ်နေတယ်ဆိုတာ အမှန်တော့ ကဲ့ရဲ့ဖို့၊ ယိသဲ့သဲ့လုပ်ဖို့ အသာထား ရိုးသားမယ်ဆိုရင် အကျိုးများအောင် အားတောင်ပေးရမှာ ဖြစ်ပါတယ်။ ခုတော့ အဲဒီလို အားပေးဖို့နေနေသာ ကောင်းတာလုပ်တာကိုပဲ အပြစ်ပြောဖို့ ချောင်းနေကြတဲ့ သူတွေက ရှိနေကြလေတော့ ကောင်းတာလုပ်တာတောင်မှ ခိုးလုပ်နေရသလို ဖြစ်နေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ကောင်းတဲ့အလုပ်လေးတွေ လုပ်နေတဲ့သူတွေ အနေနဲ့ကတော့ ဘယ်သူဘာပြောပြော ကိုယ့်အလုပ်ကို ကိုယ်ကောင်းအောင် လုပ်နေဖို့ပဲ အရေးကြီးပါတယ်။

အရင်းစစ်တော့ သူများကို ကဲ့ရဲ့တတ်သူပဲ ဖြစ်ဖြစ်၊ သူများကဲ့ရဲ့တာကို ခံရသူပဲ ဖြစ်ဖြစ် အားလုံးဟာ ဘယ်သူ့ဘယ်သူ အပေါ်မှာမှ အကြာကြီး မကဲ့ရဲ့နိုင်ကြသလို အကြာကြီး ကဲ့ရဲ့တာကို ခံရမှာမဟုတ်ဘူး ဆိုတာပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ကဲ့ရဲ့တတ်တဲ့ အကျင့်တွေကို ရှောင်ဖို့နဲ့ ကိုယ့်ကို ကဲ့ရဲ့လာတဲ့အခါမှာလည်း ကိုယ့်စိတ်ကို မယိမ်းယိုင်သွားအောင် ခံနိုင်ရည်ရှိဖို့ပါပဲ။ ကဲ့ရဲ့ချင်တဲ့သူတွေကတော့ ကောင်းတာလုပ်လည်း ကဲ့ရဲ့မှာဖြစ်သလို မကောင်းတာလုပ်လည်း ကဲ့ရဲ့ကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဘာပဲလုပ်လုပ် ကဲ့ရဲ့ကြမှာ ဖြစ်တဲ့အတွက် ကဲ့ရဲ့တာခံရတာချင်း အတူတူ ကိုယ့်ဘဝကို ကောင်းစေမယ့် ကောင်းတဲ့ အလုပ်တွေကိုလုပ်ပြီး ကဲ့ရဲ့ခံရတာဟာ အဆိုးထဲက အကောင်းပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တွေ ကောင်းနေမယ်ဆိုရင် မကောင်းပြောလာတာတွေပဲ ဖြစ်ဖြစ်၊ စောင်းပြောလာတွေတွေပဲ ဖြစ်ဖြစ် အားလုံးဟာ နောက်ဆုံးတော့ မြောင်းထဲရောက်သွားကြတာပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်က အတုလဆိုတဲ့ ဒကာတစ်ယောက်ကို မိန့်တော်မူတဲ့ စကားလေးက အတော်အတုယူစရာ ကောင်းပါတယ်။ ဘုရားရှင်က



 “အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ” 


လို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော် အတိုင်းပါပဲ။ ကဲ့ရဲ့တာကတော့ အခုမှ ရှိလာတာ မဟုတ်ပါဘူး။ ဘုရားရှင်လို အလုံးစုံ ပြည့်စုံတော်မူတဲ့ မဟာလူသားတွေကိုတောင် ကဲ့ရဲ့ကြသေးတာဆိုတော့ ကိုယ်ကဲ့ရဲ့ခံရတယ်ဆိုတာ ဘာဟုတ်လို့လည်းပေါ့။ ဒီလိုပဲ ဖြေရမှာပဲလေ။


                                           Buddha Teaching
                            How To Take Praising & Blaming


အရေးအကြီးဆုံးကတော့ ကိုယ့်စိတ်မှာ စကားလုံးတွေနဲ့ လေးမနေဖို့ပါပဲ။ စကားလုံးဆိုတာက သိတဲ့အတိုင်းပဲ လိုက်ပြီးခံစားနေမယ်ဆိုရင် ပြောလိုက်တဲ့သူက ဘာမှမဟုတ်ပေမယ့် ခံရတဲ့သူကတော့ ပိတ်သလေးနဲ့ ဘေးပစ်လိုက်သလို အတော်ကို အထိနာသွားတတ်တဲ့ သဘောရှိပါတယ်။ အထိနာတယ်ဆိုတာ တကယ်တော့ မသိတာတွေ ပါသွားလို့ပါပဲ။ ကြားတဲ့စကားလုံးကို ကြားတယ်လို့ မသိလိုက်တော့ ဘာကြားတယ်၊ ညာကြားတယ်၊ ဘာစကား၊ ညာစကား စတာတွေဖြစ်လာပြီး အဲဒီမသိမှုရဲ့ ဆွဲရာနောက်ကို ပါသွားတဲ့ အခါကျတော့ ဘယ်လိုခံစားရတာ၊ ညာလိုခံစားရတာနဲ့ နောက်ဆုံးကိုယ်ပဲ အထိနာသွားတဲ့ အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားရင်လည်း ကြားတဲ့အခိုက်မှာ သိအောင်ကြိုးစားပြီး လိုက်ပြီးခံစားတဲ့ အဆင့်အထိ ရောက်မသွားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ရှိပါစေတော့။ ပြောချင်တာက လူတွေရဲ့ ဟိုပြောဒီပြော ပြောတတ်တဲ့ အကျင့်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြောတတ်တဲ့ လူတွေကြားထဲမှာ ရှိနေသမျှ အပြောခံရတယ် ဆိုတာလည်း ရှိနေကြမှာ ဖြစ်တဲ့အတွက် ပြောသမျှစကား၊ ကြားသမျှ အသံတွေမှာ လိုက်မခံစားဘဲ ကိုယ်ကိုယ်တိုင်သာ သူတပါးအပေါ်မှာ အမနာပ မပြောမိအောင် ကြိုးစားရင်း ကိုယ့်အပေါ် ပြောလာသံတွေကိုလည်း တရားသဘောနဲ့ တွန်းလှန်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူတပါးအပေါ် အပြစ်မြင်တတ်တဲ့ အမြင်၊ အပြစ်ဖြစ်စေတဲ့ စကား၊ အပြစ်ဖြစ်သွားမယ့် အလုပ်တွေ မမြင်မပြောမလုပ်မိအောင် ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ကိုယ့်အပေါ် ရောက်လာမယ့် ပြောသံဆိုသံ ကဲ့ရဲ့သံတွေကိုလည်း ကိုယ့်စိတ်မှာ အပြစ်ဖြစ်မသွားအောင် ရှောင်ရှားတတ်ဖို့ပဲ အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် “ဘယ်သူ့ကတော့ ကိုယ့်ကို ဘယ်လိုပြောသွားတယ်၊ ဘယ်လိုဆက်ဆံတယ်” စတဲ့ အတွေးတွေနဲ့ စိတ်အစဉ်မှာ လေးလံနေပြီး အစာမကြာတာတွေကို ရင်မှာပိုက်လို့ တမိုင်မိုင် တတွေတွေ ဖြစ်နေကြတဲ့ သူတွေအနေနဲ့ 



“အပြစ်ပြောတယ်၊ ကဲ့ရဲ့တယ်ဆိုတာတွေဟာ အခုမှ ရှိလာတာ မဟုတ်တဲ့အပြင် ကိုယ်တစ်ယောက်တည်းပဲ ကြုံနေရတဲ့ အရာတွေ မဟုတ်ဘဲ ကိုယ့်ထက်အစစ အရာရာ ပြည့်စုံကြတဲ့ သူတွေတောင်မှ ရှောင်လို့မရ ကြုံတွေ့ရတဲ့ လောကဓံတရားတွေပါလား” 


လို့ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကြားသမျှ အသံတွေ အပေါ်မှာ ဘာသံတွေ၊ ဘယ်သူအသံတွေ စသဖြင့် အမည်ပညတ်တွေတပ်ပြီး စိတ်ထဲမှာထားကာ လိုက်ခံစားမနေဘဲ “နောက်ဆုံးတော့ အားလုံးဟာ ဘာမှတစ်သမှတ်တည်း မရှိပါလား” ဆိုတဲ့ အမြင်အသိနဲ့သာ ဆင်ခြင်ကြည့်နိုင်အောင် ကြိုးစားရင်း ပြောချင်သူတွေ ပြောကြပါစေ ကိုယ်မပြောမိအောင်ပဲ သတိတရား လက်ကိုင်ထားလို့ မမေ့မလျော့ နေထိုင်နိုင်အောင် လေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိတရား ပွားလိုက်ရပါတယ်။

Tuesday, July 3, 2012

Rebirth ( ပြန်လည်မွေးဖွားခြင်း )



Rebirth ( ပြန်လည်မွေးဖွားခြင်း )

အခုချိန် ဂျွန်လမှာဘုံဘေရာသီဥတုက ရန်ကုန်ရာသီဥတုနှင့်မခြား မိုးရွာရင် နေလို့ကောင်းသော်လည်း မိုးမရွာတဲ့နေ့များ ဆိုရင် အပြင်ထွက်လို့ကတော့ ချွေးတဒီးဒီးနဲ့ စပ်ဖျင်းဖျင်း၊ မိုးရွာပြန်ရင်လဲ တောက်လျောက် စိုထိုင်းထိုင်းမို့ ရွာလျင်လဲ ကောင်း၊ မရွာကောင်း ဆိုသလို ဖြစ်နေတယ်၊ 22 ရက်နေ့ကတော့ မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ဆရာတော် ဖြစ်တဲ့ ဒေါက်တာ ပါရမီ ရဲ့ ဒေါက်တာဘွဲ့အ တွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ Viva Oral  Exam လို့ခေါ်တဲ့ ဘိုင်ဘာထိုင်ခြင်းအစီအစဉ်ရှိတာကို ကြုံဖူးချင်တာကြောင့် လိုက်သွားဖြစ်တယ်၊ ဒီအဆင့်ပြီးသွားရင် University Procedure အတိုင်း ဖောင်ဖြည့်စရာရှိ တာဖြည့်ပြီး   အောင်လက်မှတ်ထုတ် ယူရုံပဲ ရှိတော့တယ်၊

အင်တာဗျူးအစီအစဉ်လဲ ပြီးရော ပရော်ဖက်ဆာကြီးနဲ့ Guide လို့ခေါ်တဲ့ ကိုယ့်ရဲ့အနီးကပ် supervisor ကို ထမင်းဆိုင်မှာ ဧည့်ခံကျွေးမွေးတယ်ပေါ့၊ အဲဒီမှာ ထမင်းသုံးဆောင်ကြရင်း စကားစမည်ပြောကြရာက အဖော်လိုက်လာတဲ့ သူငယ်ချင်း တပါးကို ပရော်ဖက်ဆာကြီးက ကျမ်းပြုနေ တဲ့ခေါင်းစဉ်အကြောင်းမေးလိုက်တယ်၊ ဒီတော့ သူငယ်ချင်း စာတတ်ပေတတ် ဦးဇင်းက ပြန်လည် ဖြေကြားရင်း ကံအကြောင်းကို ရေးနေတာဖြစ်ကြောင်း၊ ကံအကြောင်းက အင်မတန် ကျယ်ဝန်းတာ ကြောင့် နယ်ပယ်တခုအနေနဲ့ Theravada Point of View အရ ရေးနေတဲ့အကြောင်း၊ ရှင်းပြတာကို ငါကတော့ ကံကိုလဲ မယုံဘူး၊ rebirth ပဋိသန္ဓေနဲ့  re-incarnation ပြန်လည်ဝင်စားခြင်း လူဝင်စား ဆိုတာကိုလဲ မယုံဘူး ဆိုပြီး ဖြေပါလေရော၊ အဲဒီမှာ မဟုတ်မခံ ပြန်ပြောတတ်တဲ့သူငယ်ချင်းနဲ့ ပရော်ဖက်ဆာကြီးတို့ အခြေအတင် ဆွေးနွေးပွဲလေး ဖြစ်တာ ဆွမ်းကို တောင် မနည်းမြိုချခဲ့ရတယ်၊ စိတ်ဆတ်သူနှစ်ယောက်တွေ့ကြတာ ဆိုတော့ အခြေအနေဆိုးသွားမှာကြောင့် ပူခဲ့ရတာပါ။

တဆက်တည်းမှာ တွေးဖြစ်တာက Mumbai University မှာ လုပ်သက်နှစ်ပေါင်း ( ၃၂ ) နှစ်ကျော်ရှိ လာပြီဖြစ်တဲ့ Professor ကြီးတစ်ယောက်က ဒီစကားပြောတာကို ကြားလိုက်ရတော့ စာရေးသူတော် တော်အံ့သြသွားတယ်၊ rebirth ဆိုတဲ့စကားလုံးကို ပြန်လည်တွေးဖြစ်ရင်းက rebirth နဲ့ပက်သက်ရင်း လူသားအားလုံး ဘာသာအားလုံးနဲ့ သက်ဆိုင်မယ် ထင်တာကြောင့် ဒီဆောင်းပါးကို ရေးဖြစ်သွားတယ်၊ မူရင်းဖြေဆိုသူ သြစတေးလျရဟန်းတော် S.Dhammika ရဲ့ Good Question and Good Answer စာအုပ်လေးကို မလေးရှားကို ရောက်စဉ်တုံးက တွေ့မိပြီး သိမ်းထားရာကကော်နှုတ် ဖော်ပြလိုက်ပါတယ်..

Where do we humans come from and where are we going?

There are three possible answers to this question. Those who believe in a god or gods usually claims that before individuals are created, they do not exist. They then come in to being through the will of god. They live their lives and then, according to what they believe or do during their life, they go either of eternal heaven of eternal hell. There are others, humanists and scientists, who claims that the individual comes in to being at conception due to natural causes, lives and then at death, ceases to exist. Buddhism does not accept either of these explanations. 

The first gives rise to many ethical problems. If a benevolent god really creates each of us, it is difficult to explain who so many people are born with the most dreadful deformities, or why so many babies are miscarried just before birth or are still born. Another problem with the theistic explanation is that it seems very unjust that a person should suffer eternal pain in hell for what they did in just 60 or 70 years on earth. Sixty or 70 years of non-beliefs or immoral living does not seem to deserve eternal torture. Likewise, 60 or 70 years of virtuous living seems a very small outlay for eternal bliss in heaven.

The second explanation is better than the first and has more scientific evidence to support it but still leaves important questions unanswered. How can a phenomenon so amazingly complex as human consciousness develop form the simple meeting the sperm and the egg and in just nine months? And now that parapsychology is a recognized branch of science, phenomena like telepathy are increasingly difficult to fit in to the materialistic model of the mind.
Buddhism offers the most satisfactory explanation of where humans come from and where they are going. When we die, the mind with all the tendencies, preferences, abilities and characteristics that have been developed and conditioned in this life, re-establishes itself in a fertilized egg. Thus the individual grows, is reborn and develops a personality conditioned both by the mental characteristics that have been carried over from the last life and by the new environment.
The personality will change and be modified by conscious effort and conditioning factors like education, parental influence and society. At death, it will once again re-establish itself in a new fertilized egg. This process of dying and being reborn will continue until the conditions that cause it, craving and ignorance, cease. When they do, instead of being reborn, the mind attains a state called Nibbana( Nirvana ) and this is the ultimate goal of Buddhism and the purpose of life.

မေး။  ။ လူသားတို့သည် ဘယ်ကဖြစ်လာပြီး ဘယ်ကို သွားကြရမှာပါလဲ..

ဖြေ။  ။ ဤမေးခွန်းအတွက် ဖြစ်နိုင်သောအဖြေ သုံးမျိုးသုံးစားရှိပါသည်၊ ဘုရား သို့မဟုတ် ဖန်ဆင်းရှင်၊ တန်ခိုးရှင်များကို ယုံကြည်ကြသူများက လူသားသည် အစက မရှိဟု ယုံကြည်ကြသည်၊ ဘုရားက ဖန်ဆင်းသဖြင့် လူသားဖြစ်လာရသည်ဟု လက်ခံကြသည်၊ လူသားသည် ဘုရား၏ အလိုတော်အရ ဖြစ်လာသည်ဟု  ယူဆကြသည်၊ ဘုရားအလိုကျ လူဖြစ်လာသည်၊ လူသားတယောက်အဖြစ် အသက် ရှင်ပါသည်၊ ထို့နောက် လူ့ဘ၀တွင် ယုံကြည်သည့်အတိုင်း သို့မဟုတ် သူ့လုပ်ရပ် အတိုင်း သေသွားသောအခါ ထာဝရကောင်းကင်ဘုံသို့၎င်း၊ ထာဝရငရဲသို့၎င်း ရောက်ရသည် ဟု သက်ဝင် ယုံကြည်ကြ သည်၊ ဤအယူအဆက တစ်မျိုးပါ၊

လူသားဝါဒကို လက်ကိုင်ထားသူများနှင့် သိပ္ပံပညာရှင်များ၏ အယူအဆလည်း ရှိသေးသည်၊ သူတို့အယူအဆအရ လူသားသည် သဘာဝအကြောင်းတရားကြောင့် ပဋိသန္ဓေတည်သောအချိန်မှစ၍ လူသားဟု ဖြစ်လာသည်၊ လူတစ် ယောက်အဖြစ် မွေးဖွား အသက်ရှင်ပြီး နောက်ဆုံးတွင် သေဆုံး ပျောက်ပျက်သွားသည်၊ ဗုဒ္ဓဘာသာသည် အထက်တွင် ဖော်ပြခဲ့သော အယူအ ဆနှစ်ရပ်လုံးကို လက်မခံပါ။

ပထမအယူအဆသည် လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာများစွာကို ဖြစ်ပွားစေသည်၊ ကောင်းသော ဘုရားသည် လူသားများ အား ဖန်ဆင်းခဲ့သည် မှန်ခဲ့ပါလျင် လူတော်တော်များများသည် ကြောက်စရာ ပုံပျက် ပန်းပျက်မွေးဖွားလာရခြင်းနှင့် ပက်သက်၍ ရှင်းပြနိုင်ရန် ခက်ခဲလှသည်၊ အချို့သောကလေး များမှာ မိခင်ဝမ်းတွင်းမှာပင် ပျက်စီးသွားရခြင်း၊ အင်္ဂါခြေ လက်မစုံလင်ပဲ မွေးဖွားလာရခြင်း၊ သို့မဟုတ် မွေးပြီးခါစမှာပင် ပျက်စီးသွားရခြင်း စသည့်ဖြစ်ရပ်များကို ဖြေရှင်းရန် ခက်ခဲလှသည်၊ ဖန်ဆင်းခဲ့သည်မှန်လျင် မျက်နှာလိုက်ရာ အဂတိလိုက်ရာ ရောက်နေပေလိမ့်မည်။

နောက်တစ်ချက်မှာလူသားအဖြစ်ကြီးပြင်းလာပြီးအသက်ရှင်သန်ရသည့်နှစ်၆၀သို့မဟုတ်၇၀ကာလအတွင်းလုပ်ဆောင်ခဲ့မှု များကြောင့်ထာဝရငရဲတွင် ခံရသည်ဆိုသည်မှာလဲ မမျှတသည့် သဘောရှိနေသည်၊ နှစ်ပေါင်း ၆၀/ ၇၀ ကာလမျှ မယုံကြည်ခြင်း၊ မမြတ်သော အသက်ရှင်ခဲ့မှုအတွက် ထာဝရနှိပ်စက်ခံရခြင်း ဆိုသည်မှာ မဖြစ်ထိုက်သော ကိစ္စပင်။ ထိုနည်းတူပင် နှစ်ပေါင်း ၆၀ မျှ ကောင်းစွာအသက်ရှင်နေခြင်းသည် ထာဝရကောင်းကင်ဘုံသို့ ရောက်ရှိစေသော အကြောင်း တရားဟု ယူဆရန်မှာလည်း ကြောင်းကျိုးယုတ္တိ မဆီလျော်ပေ။ အထက်ဖော်ပြပါ ရှင်းလင်းချက် နှစ်မျိုးအနက် ဒုတိယရှင်းလင်းချက်မှာ ပထမအဖြေထက် ပိုကောင်းသည်၊ ဒုတိယရှင်းလင်းချက်အတွက် အထောက်အကူဖြစ်စေမည့် အချက်အလက်များစွာ ရှိပါသည်။ သို့သော် ဒုတိယအဖြေမှာလည်း ပြဿနာများစွာကို ဖြေရှင်းပေးနိုင်သော အနေအထား မရှိပါ၊

သိမှု(အာရုံခံစားနိုင်မှုဟူသောစိတ်ဝိဥာဉ်)ဆိုသည့်အံ့သြလောက်အောင်ရှုတ်ထွေးသောအဖြစ်အပျက်တစ်ခုသည် ဆဲလ်နှစ်ခု ပေါင်းစည်း ဆက်သွယ်မိရုံဖြင့် မည်ကဲ့သို့ဖြစ်ပေါ်လာရပါသနည်း၊ အမျိုးသား ၏သုတ်ပိုးနှင့် အမျိုးသမီး၏ မျိုးဥတို့ ပေါင်းစည်းဆက်သွယ်မိရုံဖြင့် ၉လအချိန်အတွင်း သိမှုသည် မည်ကဲ့သို့ ဖြစ်ပေါ်လာ ရပါသနည်း၊ မျက်မှောက် ခေတ်တွင် ပရစိတ်ပညာ Parapsychology ကို သိပ္ပံပညာ၏ဆင့်ပွားတခုအဖြစ် လက်ခံလာပြီ ဖြစ်ပါသည်၊ telepathy တယ်လီပသီ ကဲ့သို့သော ဖြစ်ပျက်ကိစ္စများကို ရုပ်သဘာဝ အခြေခံ စဉ်းစားမှုတွင် အံဝင်အောင် စဉ်းစားရန် ခက်ခဲလွန်း လှသည်။

လူသားဘယ်လိုဖြစ်ပေါ်လာပြီး ဘယ်ကို လားရောက်မည် ဆိုသည့်ကိစ္စနှင့်ပက်သက်၍ ဗုဒ္ဓဘာသာက ကျေနပ်စရာ အကောင်းဆုံး အဖြစ်နိုင်ဆုံးသော ဖြေရှင်းချက်ကို ပေးထားသည်၊ လူတို့သေဆုံးသောအခါ စိတ်၏စွဲလမ်းမှုများ၊ အသက်ရှင်စဉ် ကာလအတွင်း   မွေးမြူကြီးထွားနေသော စိတ်စွမ်းအားများ၊ တမ်းတစွဲလမ်းမှုများ၊ စိတ်အရည်အသွေး လက္ခဏာများ အားလုံးစုပေါင်းကာ မျိုးဥအောင်သော သန္ဓေသားတွင် ကမ္မသတ္တိတစ်မျိုးအဖြစ် ပြန်လည်ဖြစ်တည် လာပါသည်၊ ဤနည်းဖြင့် လူသားတို့၏    ပြန်လည်ပဋိသန္ဓေရယူခြင်းဖြစ်စဉ်သည် ဖြစ်ပေါ်လာပြီး ယင်းသန္ဓေပါ စိတ်စွမ်းအားနှင့် နောက်ထပ် သက်ရှင် နေထိုင်ရသည့် ပတ်ဝန်းကျင်၏ ပြုပြင်ပေးမှုများ၊ ရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ်လာရသော စိတ်စွမ်းအားများ ပေါင်းစပ်ဆက်သွယ်ပြီး သီးခြား ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စရိုက်လက္ခဏာ များလည်း ဖြစ်ပေါ်လာရသည်၊

လူသား၏ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတို့သည် သူ၏ ပြောင်းလဲလိုသော စိတ်ဆန္ဒဖြင့် ကြိုးစား အားထုတ်မှု၊ သင်ကြားရသော ပညာရေးအခြေအနေနှင့် မိဘများ၏ လွှမ်းမိုးမှု၊ လူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုများကြောင့်လည်း ပြောင်းလဲ လာနိုင်သည်၊

ထိုပြောင်းလဲဖြစ်ပေါ်လာသော စိတ်စွမ်းအင်ကမ္မသတ္တိများ ရှိလာသောလူသားသည် သေဆုံး သွားပြန်သောအခါ သူ့၏ စိတ်စွမ်းအား တို့ စွဲလမ်းတိမ်းညွတ်ရာ၊ စိတ်စွမ်းအားများအာရုံပြုရာအတိုင်း နောက်ထပ်မျိုးအောင်သောဥတွင် ကမ္မသတ္တိ ထူးအကျိုးဖြစ်ထွန်းကာ ဘ၀သစ်ကို တဖန်ဖြစ်စေ ပြန်ပါသည်၊ ဤနည်းဖြင့် မွေးဖွားခြင်း၊ သေဆုံးခြင်းဖြစ်စဉ်သည် ဆက်တိုက်ဖြစ်နေတော့သည်။

မွေးဖွားခြင်း သေခြင်းကိုဆက်တိုက်ဖြစ်စေသော အကြောင်းရင်းမှာတက်မက်မှုတဏှာ greed ဟူသော  လောဘကြောင့် သာ ဖြစ် ရသည်၊ တက်မက်မှုတဏှာလောဘဆိုသော ဘ၀တဏှာ မရှိတော့မှသာလျင် မွေးဖွားခြင်း   သေဆုံးခြင်း ဖြစ်စဉ် သည်   ပြတ်တောက်သွားမည် ဖြစ်သည်၊

ဘ၀တခုကို အဓိကမောင်းနှင်နေသော တက်မက်မှုတဏှာလောဘ ပြတ်သွားသောအခါ ကြွင်းကျန်သော ဘ၀အသစ် တဖန် ပြန် လည်မွေးဖွားခြင်းကို ဖြစ်စေသော  လူ့စိတ်စွမ်းအားများလည်း သစ်ပင်ကြီး၏ အဓိကရေသောက်မြစ် သေဆုံး လျင် အမြစ်ပွား များကြောင့် ပြန်လည်မရှင်သန်နိုင် သကဲ့သို့ သေဆုံးကြရတော့သည်၊ ဓာတ်သတ္တိအနေဖြင့် ဆက်လက် မရှင်သန်နိုင် တော့ပေ။

 ထိုသို့ လူသား၏ စိတ်စွမ်းအားများ ရပ်တန့်သေဆုံးသွားခြင်းကိုပင် ဗုဒ္ဓဘာသာက ငြိမ်းအေးသော နိဗ္ဗာန်သို့ ရောက် ရှိခြင်းဟု ခေါ်ဆိုပါသည်၊ ယင်းနိဗ္ဗာန်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အဆုံးစွန်သော ဘ၀သံသရာ၏အဆုံးဖြစ်သော ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်၊ ဒါကြောင့် rebirth ဟူသော ပြန်လည်မွေးဖွားခြင်းကို ဗုဒ္ဓဘာသာက လက်ခံပြီး နိဗ္ဗာန်သည် သာ အဆုံးစွန် ရည်မှန်းချက်ဖြစ်ပါသည်။

မေတ္တာဖြင့်
ပန်းကမ္ဘာ
Date.23.Jun.2012

Monday, July 2, 2012

***နားလည်ခွင့်လွှတ်မှုများနှင့် ပတ်ဝန်းကျင်***

 ***နားလည်ခွင့်လွှတ်မှုများနှင့် ပတ်ဝန်းကျင်***

ငြင်းခုံတာ ရန်ဖြစ်တာ သိက္ခာကျတယ်။ လူတစ်ယောက်နဲ့  ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့  တန်းတူဖြစ်အောင် အဆင့်နှိမ့်လိုက်တာပဲ။ ဂုဏ်သိက္ခာ တကယ်ရှိတဲ့သူ၊ တည်ကြည်မှု၊ ခန့် ညားမှု တကယ်ရှိတဲ့သူဟာ ဘယ်သူနဲ့ မှ မငြင်းဘူး၊ ရန်မဖြစ်ဘူး၊ ပြောစရာ ရှိတာကို ရှင်းရှင်းလင်းလင်း တိတိကျကျပဲ ပြောတယ်။  သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့  သူတစ်ပါး သိက္ခာကျအောင် ပုတ်ခတ်တဲ့ စကားမျိုးကို မပြောဘူး၊ သူများ သိက္ခာကျမှ ကိုယ့်မှာ ဂုဏ်ရှိတယ်လို့  မယူဆဘူး။ 


ဒီနေရာမှာ မြတ်စွာဘုရားနဲ့  ပတ်သက်တာတစ်ခု သွားသတိရတယ်။ မြတ်စွာဘုရားက "ငါဘုရားဟာ လောကလူအများနဲ့  မငြင်းခုံဘူး။ လောကလူအများကသာ ငါဘုရားနဲ့  အငြင်းအခုံလုပ်တာ"
လို့ မိန့် တော်မူတာ စာပေထဲမှာ ဖတ်ဖူး မှတ်ဖူးတယ်။ ဒီအချက်ဟာ တော်တော် လေးလေး နက်နက် မှတ်သားထိုက်၊ စဉ်းစားထိုက်တယ်။  မြတ်စွာဘုရား လက်ထက်က ဘုရားကို နိုင်အောင် ငြင်းဖို့ ၊ ၀ါဒပြိုင်ပွဲလုပ်ဖို့  လာကြတဲ့သူတွေ ရှိပါတယ်။ သူတို့ ကို မြတ်စွာ ဘုရားက ပြောသင့်တာကို
အေးအေးဆေးဆေးပဲ ပြောတယ်။ မေးသင့်တာကို မေးတယ်၊ ဖြေသင့်တာကို ဖြေတယ်။ ဒါပေမယ့် တစ်ခါမှ အငြင်းအခုံ မလုပ်ခဲ့ဘူး။ 


အနိုင်လိုချင်တဲ့စိတ်နဲ့  ငြင်းခုံတာ သိက္ခာကျတယ်။ ဒါကြောင့် သိက္ခာရှိရှိ၊  Dignity ရှိရှိ နေတတ်တဲ့ သူဟာ ငြင်းခုံတာ မလုပ်ဘူး။ ရန်မဖြစ်ဘူး။ ရန်ဖြစ်နေကြတာကို ဘေးကနေ အေးအေးဆေးဆေး အကဲခတ်ကြည့်ပါ။  တစ်ယောက်ကို တစ်ယောက်ပုတ်ခတ်နေတာ၊ ဆဲနေတာ၊ စွပ်စွဲနေတာ ဘယ်လောက်
သိက္ခာကျသလဲ၊ ဘယ်လောက် ရယ်စရာ ကောင်းသလဲ၊ ဘယ်လောက် ရှက်စရာကောင်းသလဲ။ ဘယ်သူမှ ဂုဏ်သိက္ခာ တိုးမလားဘူး။ နှစ်ဖက်လုံးပဲ ဂုဏ်သိက္ခာ ကျသွားတယ်။ ဒါ တော်တော် ဥာဏ်မပါတဲ့အလုပ်
ဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ 


လူတွေမှာ တစ်ယောက်နဲ့  တစ်ယောက် ထိတွေ့ မှု ဆက်ဆံမှု တော်တော်များတယ်။ အဆင်မပြေမှုလည်း 

 တော်တော်များတယ်။ အဆင်မပြေမှုများရတဲ့ အကြောင်းတစ်ခုက တစ်ယောက်ကို တစ်ယောက် နားလည်ဖို့  ကိုယ်ချင်းစာဖို့  မကြိုးစားပဲ အနိုင်ယူဖို့  ကြိုးစားလို့ ပါပဲ။ တစ်ယောက်နဲ့  တစ်ယောက်
 တွေ့ ကြတဲ့အခါ တွေ့ ခါစမှာ နည်းနည်း အဆင်ပြေတယ်။ အတူတူနေတာ၊ အတူတူ အလုပ်လုပ်တာ ကြလာရင် အဆင်မပြေတော့ဘူး။ ဘာဖြစ်လို့ လဲ။

အတူတူနေတာ အတူတူအလုပ်လုပ်တာ ကြာလာရင် တစ်ယောက်ကို တစ်ယောက် နိုင်ချင်လာတယ်၊ အပြစ်ရှာလာတယ်။ အပြစ်တွေ ချို့ ယွင်းချက်တွေ ရှာကြည့်လာတယ်။ အိမ်ထောင်ကျခါစမှာ အဆင်ပြေတယ်။ ကြာရင် တစ်ယောက်ကိုတစ်ယောက် မလေးစားတော့ဘူး။ အထင်သေးတဲ့စကားမျိုး အပြစ်ရှာတဲ့ စကားမျိုးတွေ ပြောလာတယ်။ ကိုယ့်မှာလည်း အကောင်းအဆိုး ရှိတယ်။ သူ့ မှာလည်း အကောင်းအဆိုး ရှိတယ်။

တစ်ဘက်လူအပေါ် အကောင်းချည်းပဲ မျှော်လင့်နေရင် ကိုယ်ထင်သလို အကောင်းချည်းပဲ မဟုတ်တာ

 တွေ့ တဲ့အခါမှာ စိတ်ပျက် စိတ်ဆိုးမယ်၊ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်။ ကိုယ့်မှာရှိတဲ့ အကောင်းအဆိုး
 နှစ်မျိုးလုံးကို သေသေချာချာ မြင်ပြီးတော့ အကောင်းကို လက်ခံနိုင်သလိုအဆိုးကိုလည်း လက်ခံနိုင်ဖို့ အရေးကြီးတယ်။ အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဖက်ကို တဖြည်းဖြည်း
ပြောင်းသွားမယ်။ လက်ခံနိုင်သေးသရွေ့ ၊ ဖုံးကွယ်ထားသရွေ့  အကောင်း ဖြစ်မလာနိုင်ဘူး။
ဖုံးကွယ်ထားပြီး မရှိဟန်ဆောင်နေရင် ပြုပြင်နိုင်တဲ့အဆင့်ကို မရောက်နိုင်ဘူး။ ဒါဟာ သဘာဝပဲ။ အမှန်အတိုင်း မဖုံးမကွယ်ပဲ လက်ခံလိုက်မှသာ ပြင်နိုင်မယ်။

သူတစ်ပါးလည်း ကိုယ့်လိုပဲ ကောင်းတာနဲ့ ဆိုးတာ ရောနေတယ်ဆိုတာကို လက်ခံရမယ်။ သူတစ်ပါးရဲ့ အမှားကို မြင်ရင် ပြစ်တင် ရှုတ်ချတာမျိုး မလုပ်ပဲနဲ့  ၊ အရှက်ခွဲတာမျိုး မလုပ်ပဲနဲ့ ၊ ကိုယ်ချင်းစာပြီးတော့ 

 လေးစားတဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်နဲ့  သူ့ ရဲ့ချို့ ယွင်းချက်ကို လက်ခံနိုင်ရင် တစ်ဖက်လူဟာ
သူ့ ကိုယ်ကိုသူ အကာအကွယ်ပေးတဲ့ အနေနဲ့  ဖုံးကွယ်နေစရာ မလိုတော့ပဲ သူ့ ချို့ ယွင်းချက်ကိုသူ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့စိတ်ကို ရမယ်။

သူ့ ချို့  ယွင်းချက်ကို ထောက်ပြပြီး အရှက်ခွဲမယ်ဆိုရင် သူ့ ကိုယ်ကိုသူ အကာအကွယ် ယူရတော့မယ်။ အလျှော့ မပေးနိုင်းဘူး၊ ၀န်မခံနိုင်ဘူး။ အလျှော့ပေးလိုက်ရင် ပိုပြီး အနိုင်ခံရမှာ ကြောက်လို့  တုန့် ပြန်မယ်။
ကိုယ့်အမှားကို ဖော်ပြီး ကိုယ့်ကို အရှက်ခွဲမယ်၊ အရွဲ့ တိုက်ပြီး ပိုဆိုးအောင် လုပ်ချင်လုပ်မယ်။ ပြင်ဖို့  စိတ်မကူးနိုင်ဘူး။ ပြင်လိုက်ရင် အရှုံးပေးရာ ရောက်သွားမှာ ကြောက်မယ်။ သူ့ ကို လေးစားတဲ့စိတ် ကိုယ်ချင်းစားတဲ့စိတ်နဲ့  သူ့ အမှားကို လက်ခံနိုင်ရင် သူ အကာအကွယ် မယူတော့ဘူး။ သူ့ စိတ်ထားတွေ နူးညံ့လာမယ်။

လူတွေဟာ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြတာများနေတော့အပြစ်တင်ခံရမှာ ကြောက်လို့  အများကြီး အကာအကွယ် ယူနေကြတယ်။ ဘာနဲ့  ဥပမာတူသလဲဆိုတော့ သူလည်း သံချပ်ကာ အင်္ကျီ
ဝတ်ထားတယ်။ ကိုယ်လည်း သံချပ်ကာ အင်္ကျီဝတ်ထားတယ်။ အတွင်းက လူကို ထိလို့ မရအောင် အပြင် အမာခံနဲ့  အကာအကွယ် ယူထားကြတယ်။ သူ့ အမှားကို ကိုယ်က ဖော်ရင် ကိုယ့်အမှားကိုလည်း သူက ဖော်မှာ ကြောက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်လင်း ရိုးရိုးသားသား မဆက်ဆံနိုင်ကြဘူး။ မင်းလည်း မမြင်ဟန် မသိဟန် ဆောင်နေလိုက်။ ငါလည်း မမြင်ဟန်၊ မသိဟန်ဆောင်
နေလိုက်မယ်။ သူလည်း မျက်နှာဖုံးစွပ်ထားတယ်။ ကိုယ်လည်း မျက်နှာဖုံးစွပ်ထားတယ်။ မျက်နှာဖုံးချင်းသာ ဆက်ဆံတော့တယ်။ နောက်ကွယ်က လူအချင်းချင်း ဆက်ဆံရေး မရှိတော့ဘူး။

ကိုယ့်အကြောင်း အကောင်းအဆိုးကို အမှန်အတိုင်းသိပြီး လက်ခံတဲ့ သူ မရှိတော့ဘူး။ သူ့ အကြောင်း အကောင်းအဆိုးကိုလည်း ကိုယ်က အမှန်အတိုင်း မသိတော့ဘူး။ အဲဒီလို ဖြစ်နေရင် ဘယ်လို ခံစားရမလဲ။ ငါ့ကို တကယ်သိတဲ့သူ၊ လက်ခံတဲ့သူ၊ တန်ဖိုးထားတဲ့သူ မရှိဘူး၊ ငါ ဟန်လုပ်ပြတာကိုပဲ လက်ခံနေကြတယ်။
ငါ တစ်သက်လုံး ဟန်လုပ်ပြီး နေရတော့မယ်။ ဟန်မလုပ်နိုင်တဲ့အခါ ငါ့ကို လေးစားမှာ မဟုတ်တော့ဘူး။ ငါ့အကြောင်း ကောင်းတာရော၊ ဆိုးတာရော အမှန်အတိုင်းသိပြီး ငါ့ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ချစ်နိုင်တဲ့သူ၊ ခင်နိုင်တဲ့သူ ရှိရင် ကောင်းမှာပဲ။ ဟန်လုပ်နေစရာမလိုပဲ ဆက်ဆံလို့ ရတဲ့သူတွေနဲ့  နေရရင် ကောင်းမှာပဲ။
ဟန်လုပ်နေရတာ ပင်ပန်းလှပြီ။ ဟန်လုပ်နေရတာ အဖော်မဲ့ အထီးကျန်ဖြစ်နေပြီ။

ငါ့အကြောင်းကို အမှန်အတိုင်း ပြောပြချင်ပါတယ်။ ဒါပေမယ့် ငါ့ကို အပြစ်တင်မှာ အထင်သေးသွားမှာ

 ကြောက်တယ်။ မပြောတော့ပါဘူးဆိုပြီး အဖော်မဲ့ပြီး အလွန်ပြင်းထန်တဲ့ အထီးကျန်ခံစားမှုကို ခံစားရတယ်။
တကယ်တော့ လူတိုင်းဟာ အနည်းနဲ့  အများ အဖော်မဲ့တဲ့ခံစားမှု အထီးကျန်ဖြစ်နေတဲ့ ခံစားမှုကို ခံစားနေကြရပါတယ်။ တစ်ယောက်နဲ့  တစ်ယောက် အထီးကျန်ခံစားမှုဖြစ်တဲ့ အတိုင်းအတာချင်း မတူဘူး။ နည်းနည်း ပွင့်လင်းရင် နည်းနည်းသက်သာတယ်။ မပွင့်လင်းတဲ့သူဟာ ပိုပြီး အထီးကျန်ခံစားမှုကို ခံစားရတယ်။ လုံးဝမပွင့်လင်းတဲ့သူဟာ အဆိုးဆုံး ရူးသွားတဲ့အထိ ဖြစ်နိုင်တယ်။ စိတ်ရောဂါ ဖြစ်နိုင်တယ်။

လူလူချင်းဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိတဲ့အခါ အထီးကျန်ဖြစ်တယ်။ အထီးကျန် အဖော်မဲ့  ဖြစ်နေရင် အားငယ်တယ်။ အားငယ်တော့ ဆက်ဆံရေးမှာ မပွင့်လင်းတော့ပဲ ပြောချင်တာကို မပြောပဲ အောင့်ထားတယ်။ အောင့်ထားပါများရင် စိတ်ရောဂါဖြစ်သလို ခန္ဓာကိုယ်ရောဂါလည်းဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါ၊ အားနည်းတဲ့ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါဆိုတာတွေဟာ များသောအားဖြင့်
အောင့်ထားရာကရတဲ့ ရောဂါတွေပဲ။ ယုံကြည်ရတဲ့သူမရှိလို့ ၊ ပြောရမှာ ကြောက်လို့  ပြောချင်တာတွေကို မပြောပဲ အောင့်ထားရာကနေ ရောဂါဖြစ်သွားတတ်တယ်။

ဒါကြောင့် ကိုယ့်အကြောင်းကိုကိုယ် သိအောင် ကြိုးစားသင့်တယ်။ ကိုယ့်စိတ်ထဲမှာ ဘာတွေ တွေးနေသလဲ။ ဘာတွေ ခံစားနေရသလဲဆိုတာ အကုန်လုံး ဖော်သင့်တယ်။ ပြောလို့ ဖြစ်သလောက် ပြောသင့်တယ်။ ဒါမှ လူလူချင်း ရင်းနှီးမှု နားလည်မှုရှိမယ်။ တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့ ၊ တစ်ယောက်ကို တစ်ယောက် နားမလည်ပဲနဲ့  စစ်မှန်တဲ့ မေတ္တာ ဖြစ်နိုင်ဖို့ တော်တော်ခဲယဉ်းပါတယ်။
ဒါကြောင့် ကိုယ့်အကြောင်း အကောင်းရော အဆိုးပါ သိပြီး နားလည်ပြီး လက်ခံပြီးတော့ သူလည်း ငါ့လိုပါပဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ သူ့ ကို နားလည် လက်ခံနိုင် ကိုယ်ချင်းစာနိုင်ဖို့  ကြိုးစားရတယ်။

ပြီးတော့ ဒီလူဟာ ငွေအကြောင်းကို ဘယ်တော့မှာ မပြောဘူးတဲ့။ ငွေစကား မပြောဘူးတဲ့။ ဒါတော်တော် အံသြစရာကောင်းတဲ့ အချက်ပဲ။ လူများစုဟာ ငွေအကြောင်းတွေးတယ်။ ငွေအကြောင်းပြောတယ်။ ရှိတဲ့ လူကလည်း ပြောတယ်။ မရှိတဲ့ သူကလည်း ပြောတာပဲ။ ရှိတဲ့ သူက သူ့ မှာရှိကြောင်း ဂုဏ်ဖော်ချင်တယ်။ ကြွားချင်တယ်။ ကိုယ့် လောက် မရှိတဲ့သူနဲ့  တွေ့ ရင် ကိုယ့်မှာရှိတာကို ပြောပြီး အသာစီး အထက်စီးကနေ နေတယ်။ ငါ့အိမ်က ဘယ်လောက်တန်တယ်။ ငါ့ကားက ဘယ်လောက် တန်တယ်ဆိုတာ ပြောချင်တယ်။

အထူးသဖြင့် အခုခေတ်မှာ ငွေစကားပြောကြတာများတယ်။ ကိုယ့်ငွေတွေ ဘယ်လောက် ဆုံးရှုံးသွားတယ် ဆိုတာကိုလည်း ပြောတတ်တယ်။  ဒါကိုလည်း ဂုဏ်တစ်ခုလို ပြောကြတာ ကြားရတယ်။ အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်တန်တာ ၀ယ်လိုက်တယ်။ ဘယ်စားသောက်ဆိုင်မှာ ဘယ်လောက်ကုန်ကျအောင် စားလိုက်တယ်။ ဘယ်သူ့ ကို ဘယ်လောက် အကုန်အကျခံပြီး ဧည့်ခံလိုက်တယ်။ မွေးနေ့ မင်္ဂလာတို့  ၊ ထိမ်းမြားမင်္ဂလာတို့ မှာ ဘယ်လောက် အကုန်အကျခံပြီး ဧည့်ခံကျွေးမွေးတယ်၊ စသည် စသည် ငွေစကားတွေကို အရသာခံပြီး ကြွားပြီး ပြောကြတယ်။ 


ငွေဟာ လူတွေရဲ့ စိတ်ထဲမှာ အချိန်အများဆုံး ယူထားတဲ့အရာဖြစ်နေတယ်။ သားသမီးနဲ့  မိဘ ဆက်ဆံရေး၊ ဇနီးခင်ပွန်း ဆက်ဆံရေး၊ မိတ်ဆွေ အပေါင်းအသင်း ဆက်ဆံရေးတွေမှာ ငွေဟာ အရေးပါတဲ့ အကြောင်းတစ်ခုဖြစ်နေတယ်။ လူတွေကို အများဆုံးလွှမ်းမိုးတာ၊ ခြယ်လှယ်တာ ငွေဖြစ်နေတယ်။

 ငွေခိုင်းတာ လုပ်နေကြရတယ်။ ဒီလူကတော့ ငွေအကြောင်း မတွေးဘူး၊ ငွေစကား မပြောဘူး။
ရတာကို မျှအောင် သုံးတယ်။ ငွေခိုင်းတာကို မလုပ်ဘူး။ သူ့ စိတ်ဟာ လွတ်လပ်နေတယ်။
ဣနြေ္ဒသိက္ခာ တည်ကြည်မှု ခံ့ညားမှုရှိတယ်။ ငွေကို အဓိကထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးဟာ လူ့ တန်ဖိုးကို ကျစေတဲ့ ဆက်ဆံရေး၊ လူ့ ဂုဏ်သိက္ခာကို ကျစေတဲ့ ဆက်ဆံရေးဖြစ်တယ်။ 


ငွေအကြောင်း ပြောလွန်းတာ dignity မရှိဘူး။ ဣနြေ္ဒ သိက္ခာ မရှိဘူး။ ဒီလူကတော့ စိတ်နေသဘောထားနဲ့  အသိဥာဏ် မြင့်မားတဲ့သူ ဖြစ်လို့  ဘ၀မှာ ငွေဟာ အရေးအကြီးဆုံးလို့  သဘောမထားဘူး။ ချမ်းသာတဲ့သူကိုလည်း အထင်မကြီးဘူး။ ဆင်းရဲတဲ့သူကိုလည်း အထင်မသေးဘူး။သူ့ စိတ်ဟာအင်မတန်လေးနက်မြင့်မြတ်နေတယ်။ သူ့ ဘ၀ကို ငွေနဲ့  မတိုင်းတာဘူး။ သူ့ ဘ၀ကို ငွေနဲ့  မရောင်းဘူး။ ဒါကြောင့် သူဟာ သိက္ခာရှိရှိ နေနိုင်တဲ့သူဖြစ်တယ်။ dignity ရှိရှိ နေနိုင်တဲ့သူ ဖြစ်တယ်။
ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ သိက္ခာရှိရှိနေမယ် စာအုပ်မှ ကူးယူဖော်ပြပါသည်။


ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေ......

Sunday, July 1, 2012

ကျွန်တော်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပေါ့.. 我是笨鳥,你是矮樹枝


ကျွန်တော်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပေါ့.. 

ရာထူးဂုဏ်ရှိတဲ့ ဖခင်နဲ့ တက္ကသိုလ်ဆရာမတစ်ဦးရဲ့သားဖြစ်ရတာ တခြားသူအတွက်တော့ ငွေဇွန်းကိုက်မွေးလာသူလို့ ဆိုကြလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်အတွက် စိတ်ဖိစီးမှုတစ်ခုဖြစ်ခဲ့တယ်။ အကြောင်းက ဖေဖေ၊ မေမေတို့ရဲ့ ကောင်းမွန်တဲ့မျိုးရိုးဗီဇကို ကျွန်တော်အမွေမခံခဲ့လို့ပါပဲ။

(၂)နှစ်ခွဲသားအရွယ်ဆိုရင် တခြားကလေးတွေက စကားကို တီတီတာတာပြောတတ်နေပြီ၊ ကဗျာတွေ စာတွေရွတ်တတ်နေပြီ။ ဒါပေမဲ့ ကျွန်တော်မှာတော့ (၁)ကနေ (၁ဝ)အထိ သေသေချာချာ မရွတ်တတ်ခဲ့သေးဘူး။

မူကြိုစတက်တဲ့နေ့မှာပဲ တခြားကလေးကို ထိခိုက်ဒဏ်ရာရအောင် ကျွန်တော်လုပ်ခဲ့တယ်။ ကျောင်းက ဈေးအကြီးဆုံးဆိုတဲ့ စန္ဒာယားကို ဖျက်ဆီးခဲ့တယ်။ အဲဒီနောက် မူကြိုကျောင်းပေါင်းစွာ ကျွန်တော်ပြောင်းခဲ့တယ်။ ကျောင်းတစ်ကျောင်းမှာ (၁ဝ)ရက်ကျော်ကြာအောင် ကျွန်တော်မနေခဲ့ဖူးဘူး။ ကျောင်းက ကျွန်တော့်ကို ဆက်လက်မခံနိုင်တော့ဘူးလို့ အကြောင်းကြားတိုင်း ဖေဖေက ကျွန်တော်ကို ရိုက်နှက်တတ်တယ်။ သူ့လက်သီးနဲ့ ထိုးတယ်။ ဖေဖေအဲဒီလို ရိုက်နှက်တိုင်း မေမေက အပြေးလေးလာပြီး ကျွန်တော်ကိုပွေ့ဖက် ကာကွယ်ပေးခဲ့တယ်။

ကျွန်တော်အတွက် မူကြိုကျောင်းဆက်ရှာဖို့ မေမေကို ဖေဖေခွင့်မပြုခဲ့ဘူး။ ဒါကို မေမေသဘောမတူခဲ့ဘူး။ ကလေးငယ်ဆိုတာ အပြင်လောကနဲ့ ဆက်ဆံရတယ်။ အိမ်ထဲမှာပဲ တစ်သက်လုံးနေခိုင်းထားလို့ မရဘူးလို့ မေမေကပြောတယ်။ ဒီလိုနဲ့ မူကြိုကျောင်းတစ်ကျောင်းဆီ ကျွန်တော်ရောက်လာခဲ့ပြန်တယ်။

အဲဒီနေ့က ကလေးငယ်တစ်ယောက်ရဲ့ ထမင်းပန်းကန်ထဲ ကျွန်တော်ကျင်ငယ်စွန့်လိုက်မိတယ်။ မေမေက ကျောင်းကိစ္စနဲ့ ခရီးထွက်နေတော့ ကျောင်းကဆရာမ အကြောင်းကြားကြားချင်း ဖေဖေက ဒေါသတကြီးနဲ့ ကျွန်တော်ကိုလာကြိုခဲ့တယ်။ ပြီးတော့ ကျွန်တော်ကို ဧည့်ခန်းမှာချုပ်နှောင်ထားခဲ့တယ်။ ကျွန်တော် အာခေါင်ကွဲမတတ်အော်တယ်။ လက်မှာကြိုးရာတွေထင်းအောင် ရုန်းခဲ့တယ်။ ဖေဖေလွတ်မပေးခဲ့လို့ ဧည့်ခန်းထဲက တီဗီ၊ အိမ်အသုံးအဆောင်တွေကို ကျွန်တော် ကန်ကြောက်ဗြောင်းဆန်အောင် လုပ်ပစ်လိုက်တယ်။

မေမေအိမ်ပြန်ရောက်လာတော့ ကျွန်တော့်လက်ကောက်ဝတ်က အစင်းရာတွေကိုကြည့်ပြီး ရင်ကွဲမတတ်ငိုခဲ့တယ်။ ဒီကိစ္စအတွက်နဲ့ ဖေဖေကို မေမေကွာရှင်းခွင့်တောင်းခဲ့တယ်။ မေမေရင်ခွင်ထဲမှာ ကျွန်တော်တိတ်ဆိတ်ငြိမ်သက်လို့... တအောင့်ကြာတော့ မေမေက "သား...အောင်အောင် သားလည်း ဒီလိုငြိမ်သက်သွားနိုင်တာပဲ။ ဒါကြောင့် မေမေ အမြဲပြောတယ်.. သားဟာ ဒီလောက,ကလူတွေရဲ့ နားလည်မှုပေးတာကို မခံရတဲ့ ပါရမီရှင်ဆိုတာ... "

ကျွန်တော် မူလတန်းတက်တော့ ဆရာမတော်တော်များများက သူတို့အတန်းထဲမှာ မထားချင်ကြဘူး။ နောက်ဆုံးမှာ မေမေရဲ့သူငယ်ချင်း ဆရာမချယ်ရီက ကျွန်တော်ကိုလက်ခံခဲ့တယ်။ မေမေကိုပေးခဲ့တဲ့ ကတိအတိုင်း အတန်းသားတွေကို ဒေါသနဲ့ကျွန်တော်မဆက်ဆံခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းအသုံးအဆောင်တွေက ကျွန်တော့်လက်ချက်နဲ့ တစစီဖြစ်ခဲ့ရတယ်။

တစ်နေ့မှာ ဆရာမက ကျွန်တော့်ကို စာသင်ခန်းတစ်ခုထဲခေါ်ပြီး ပြောတယ်။

"အောင်အောင်.. အောင်အောင်ကြောင့်ပျက်စီးခဲ့ရတဲ့ ဒီပစ္စည်းတွေကို အောင်အောင်ပြန်ကုပေးလိုက်ပါ"

ဒီလို တစစီကွဲကြေပျက်စီးတဲ့အရာကို ပြန်ကု၊ ပြန်ဖာထေးရတာကို ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော်မုန့်ဖိုးနဲ့ ဝယ်စုထားတဲ့ ကိရိယာတန်ဆာပလာတွေကို ယူပြီး မျက်စိရှေ့က တစစီဖြစ်နေတဲ့အရာတွေကို အသက်ဝင်အောင် ကျွန်တော်လုပ်ခဲ့တယ်။ သိပ်မကြာဘူး... အဲဒီသံတိုသံစ အပျက်အစီးတွေက ကားငယ်လေးတစ်စီး၊ ဘယ်ညာဘက်မညီတဲ့အတောင်ပံနဲ့ လေယာဉ်ငယ်တစ်စီးဖြစ်ခဲ့တယ်။

ကျွန်တော်ဘေးမှာ အတန်းဖော်တွေ တဖြေးဖြေး ဝိုင်းလာခဲ့တယ်။ လူကြီးမိဘတွေ ပေးမကိုင်တဲ့ အိမ်သုံးတန်ဆာပလာတချို့ရဲ့ သုံးနည်းတွေ သူတို့ကို ကျွန်တော်သင်ပြတယ်။ အရင်ကလို လက်သီးနဲ့ တခြားသူရဲ့အမြင်အာရုံကို ကျွန်တော်မဖမ်းစားခဲ့တော့ဘူး။ ကျွန်တော်ဘေးက အမြင်အာရုံတွေမှာ ခင်မင်ရင်းနှီးမှု၊ နွေးထွေးမှုတွေ သန်းလာခဲ့တယ်။

အလယ်တန်းရောက်တော့ စာဖတ်ကြိုက်တဲ့ မေမေအတွက် စာဖတ်ပြီးမီးထပိတ်စရာမလိုတဲ့ အဝေးထိန်း မီးဖွင့်ပိတ်ခလုတ်တစ်ခု ကျွန်တော်စမ်းသပ်ထွင်ပေးခဲ့တယ်။ မေမေက ယုံရနိုး၊ မယုံရနိုးနဲ့ ခလုတ်ကိုနှိပ်ကြည့်တယ်။ အခန်းမီး ဖျတ်ခနဲလင်းလာတာကို ကြည့်ပြီး ကြည်လင်တဲ့အပြုံးနဲ့ မေမေကပြောတယ်။

"မေမေ ပြောခဲ့သားပဲ... မေမေ့သားက ပါရမီရှင်ဆိုတာ.."

နောက်ဆုံးမှ ဆရာမချယ်ရီက ကျွန်တော်ကိုပြောပြတယ်။ ကျောင်းက ပြန်လည်ကုသ၊ ဖာထေးရေးအခန်းက ကျွန်တော့်အတွက် မေမေသပ်သပ်ငှားရမ်းခဲ့တဲ့ အခန်းပါတဲ့။ မေမေက နည်းလမ်းမျိုးစုံနဲ့ ကျွန်တော်ရဲ့ပိုလျှံတဲ့ စိတ်ဖိအားအတွက် ထွက်ပေါက်တစ်ခုရှာပေးခဲ့တယ်။ ကျွန်တော်ရဲ့လက်စွမ်းအားကိုပြဖို့ ပြုစုပျိုးထောင်ခဲ့တယ်။

အလယ်တန်းကို ကျွန်တော်ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်ခဲ့တယ်။ အထက်တန်းရောက်တော့ ပတ်ဝန်းကျင်စိမ်းတစ်ခုမှာ ကျွန်တော်ဟာ အများသူရဲ့ ဝေဖန်သူဖြစ်ခဲ့ပြန်တယ်။ အိမ်စာ အချိန်မီမတင်တာ၊ မကြာခဏ လက်တွေ့ခန်းထဲကပစ္စည်းတွေ ဖျက်ဆီးတာ၊ ပိုဆိုးတာက အတန်းပိုင်ဆရာမကို ကျွန်တော် လုံးဝမနှစ်သက်တာပါပဲ။ အခါကြီးရက်ကြီးနေ့မျိုးတွေမှာ သူ့ကို လက်ဆောင်ပစ္စည်းနဲ့ကန်တော့ဖို့၊ ပေးဖို့ အရိပ်အယောင်ပြတတ်တဲ့ အတွက်ကြောင့်ပါ။ လူ့အတ္တကိုနားလည်တဲ့ အုပ်ထိန်းသူတချို့က ပေးကြပါတယ်။

"ဒီလောက်အကျင့်သိက္ခာမရှိတဲ့ ဆရာမကို လက်ဆောင်တွေပေးကြသေးတယ်။ ဒါဟာ သူခိုးကို ဓားရိုးကမ်းတာနဲ့ အတူတူပဲ။ မေမေသူ့ကို လက်ဆောင်တွေပေးရင် သားကျောင်းမတက်တော့ဘူး"

ဒီလိုရဲ့နောက်ဆက်တွဲက စာသင်ခန်းထဲမှာ ကျွန်တော်ခွဲခြားဆက်ဆံခံရတာပါပဲ။ အတန်းပိုင်ဆရာမက ကျွန်တော်ကို ဘယ်တော့မှ စာမမေးဘူး။ စာကို ကျွန်တော်ကောင်းအောင် ဘယ်လိုရေးရေး အမှတ်များများမပေးဘူး။ ကျွန်တော့်ကို စာသင်ခန်းစည်းကမ်း လိုက်မနာဘူးဆိုပြီး နေ့တိုင်း ကျောင်းဆင်းတိုင်း အခန်းသန့်ရှင်းရေးလုပ်ဖို့ အပြစ်ပေးတော့တယ်။

သန့်ရှင်းရေးအတွက် ကျောင်းမှာတစ်ယောက်တည်းကျန်တဲ့ ကျွန်တော်ကိုကြည့်ပြီး မေမေကငိုတယ်။ ကျွန်တော်က ကျွန်တော်ရဲ့မရှိတဲ့ကြွက်သားကို ထောင်ပြပြီး

"မေမေ... ဂရုမစိုက်ပါနဲ့... သူ့ကို ဂရုမစိုက်ရင် ကျွန်တော်ကိုလည်း မထိခိုက်၊ မနာကျင်စေနိုင်တော့ဘူး"

ကျွန်တော်စကားကြောင့် မေမေက တအံ့တသြနဲ့ ကျွန်တော့်ကိုကြည့်တယ်။ "မေမေ့သား မိုက်တယ်မဟုတ်လား?" ဆိုတော့ မေမေကခေါင်းညိတ်ပြီး "မိုက်ရုံမက အတွေးပါကောင်းတယ်"လို့ဆိုတယ်။

အဲဒီနောက် ကျောင်းဆင်းတိုင်း မေမေက ကျွန်တော့်ကိုလာကြိုရင်း ကျွန်တော်နဲ့အတူ သန့်ရှင်းရေးဝိုင်းလုပ်ပေးတယ်။

"ဒါဟာ အမှန်တရားအတွက် ပေးဆပ်ခြင်းဖြစ်မလား?" လို့ ကျွန်တော်ဆိုတော့ "ဒီအတွက် သားဘက်မှာ မေမေရပ်တည်တယ်။ သားတစ်ယောက်တည်း တိုက်ပွဲဝင်နေတာ မဟုတ်ဘူး"လို့ မေမေက ထောက်ခံတယ်။

အထက်တန်းစာမေးပွဲဖြေဖို့ ရက်နီးပါပြီ။ ကျွန်တော်အရည်အချင်းနဲ့ တက္ကသိုလ်ကောင်းရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်စိုးရိမ်မိပြန်တယ်။ ခေါင်းကို နံရံနဲ့တိုက်၊ အစာငတ်ခံ၊ တရားထိုင်နဲ့ ကိုယ့်ကိုယ်ကို အခန်းထဲမှာပိတ်လှောင်ပြီး ကိုယ့်ရဲ့ညံ့ဖျင်းမှုအတွက် ကျွန်တော်ဆန္ဒပြမိတယ်။

လေးရက်လုံးလုံး ကျွန်တော်က အခန်းထဲမှာနေတယ်။ မေမေက အခန်းပြင်မှာနေတယ်။ ကျွန်တော်မစားခဲ့ဘူး။ မေမေလည်း မစားခဲ့ဘူး။

ပထမတစ်ရက်.... မေမေက ဖေဖေအကြောင်းပြောတယ်။ မေမေနဲ့ပြန်ပေါင်းဖို့အတွက် မေမေကို ဖေဖေလာရှာခဲ့တယ်တဲ့။ ဒါပေမဲ့ မေမေငြင်းဆန်ခဲ့တယ်။ "သား အောင်အောင်ကို တစ်လောကလုံးကလူတွေ မနှစ်သက်ချင်နေ ကျွန်မခွင့်ပြုတယ်။ ဒါပေမဲ့ သူ့ကိုအကြောင်းမဲ့ စော်ကားတာ၊ ထိခိုက်နာကျင်စေတာကိုတော့ ကျွန်မ ခွင့်မလွှတ်နိုင်ဘူး" လို့ ဖေဖေကို မေမေက ပြောခဲ့တယ်။

ဒုတိယရက်.... မေမေက ကျွန်တော်ငယ်သူငယ်ချင်း ကျော်စိုးကို အိမ်ခေါ်လာတယ်။ ကျော်စိုးက "အောင်အောင်... မူလတန်းတုန်းက မင်းပေးခဲ့တဲ့ ကွန်ထရိုးကားကို ငါ့စာကြည့်ခန်းထဲမှာ ခုထိသိမ်းထားတုန်းပဲ။ အဲဒီကားလေးက ငါ့အတွက် အရမ်းတန်ဖိုးရှိတဲ့ ကစားစရာလေးပေါ့။ အခု ကျောင်းစာမှာ နင်အခက်အခဲတွေ့တယ်။ ဒီတော့ ဘာဖြစ်လဲ? နောင်တစ်ချိန်မှာ မင်းဖြစ်မြောက်မှာပါ... မင်းက ငါတို့အားကိုးရမယ့် သူငယ်ချင်းပါကွာ" လို့ ပြောခဲ့တယ်။

တတိယရက်... ဆရာမချယ်ရီ အိမ်ကိုရောက်လာတယ်။ ဆရာမက ငိုသံနဲ့ "အောင်အောင်.. သားက ဆရာမသင်ဖူးသမျှ ကျောင်းသားတွေထဲမှာ အထူးချွန်ဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ တခြားကျောင်းသားထက် သား တမူထူးခြားခဲ့တယ်။ သား ကျောင်းစာမှာမထူးချွန်ဘူး။ ဒါပေမဲ့ သား ကျန်းကျန်းမာမာရှင်သန်တယ်။ သား ထွင်ပေးခဲ့တဲ့ လျှပ်စစ်ဖုန်စုပ်ကျောက်သင်ပုန်းဖျက်လေး ဆရာမ ဒီကနေ့အထိ သုံးနေတုန်းပဲ။ ဒီအတွက် သားကို ဆရာမဂုဏ်ယူတယ်" လို့ ပြောခဲ့တယ်။

စတုတ္ထရက်မှာ အခန်းပြင်ဘက် ဘာအသံမှ မကြားခဲ့ရတော့ဘူး။ မစားမသောက်နဲ့ မေမေမခံနိုင်မှာကို ကျွန်တော်စိုးရိမ်မိတယ်။ အခန်းပြင်ဘက် ကျွန်တော်ခြေဖျားထောက် ထွက်ကြည့်တော့ မေမေက မီးဖိုထဲမှာ ကြော်ချက်နေတယ်။ မေမေ့နား ကျွန်တော်မရောက်ခင် မေမေက..

"အင်း... သား ထွက်ထွက်လာချင်း ပထမဆုံးလုပ်ချင်တဲ့အရာက အစာစားတာပဲဆိုတာကို မေမေသိနေတယ်လေ"

"မေမေ.. သားကို ခွင့်လွှတ်ပါနော်။ သား ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်မိတယ်"

"သားအသုံးမကျဘူးလို့ ဘယ်သူပြောတာလဲ? ရှေ့ဆက်မယ့်လမ်းအတွက် သား မစားမသောက်တာကို အသုံးမကျဘူးလို့ ပြောရင် အဲဒီပြောတဲ့လူ မေမေနဲ့တွေ့မယ်"

လဝက်လောက်နေတော့ မေမေက ကျွန်တော်ကို အရွေးအချယ်ပုစ္ဆာတစ်ပုဒ်မေးတယ်။

A. အကောင်းဆုံးတက္ကသိုလ်ကို တက်မလား?
B. အသက်မွေးဝမ်းကျောင်းမှာ ကားပြင်သင်တန်းတက်မလား?
C. တကယ်လို့ တစ်ခုမှ မကြိုက်ဘူးဆိုရင် သားရဲ့ဆန္ဒ၊ ရွေးချယ်မှုကို မေမေအလေးထားပါတယ်။

ကျွန်တော် B ကိုရွေးလိုက်တယ်။

"သားသိတယ် မေမေ.. သား အကောင်းဆုံးတက္ကသိုလ်ရဖို့ မေမေ့နည်း၊ မေမေ့ဟန်နဲ့ လူတွေကိုချည်းကပ်တော့မယ်ဆိုတာ။ မေမေကို နောက်ထပ်စိတ်ပျက်အောင် သား မလုပ်တော့ပါဘူး မေမေ"

"သားကလည်း မေမေ့ကိုအထင်သေးတာပဲ။ အတတ်ပညာကျောင်းသွားတာက သားရဲ့အစွမ်းကို အကြီးချဲ့ပေးလိုက်တာ၊ တက္ကသိုလ်သွားတာက သားရဲ့အားနည်းချက်ကို ကုသပြင်ဆင်ပေးတာ၊ မေမေလည်း ဆရာမတစ်ဦးပဲ ... ဒါတွေကို အကွက်မြင်ပါတယ် သားရယ်"

မေမေက ကျွန်တော့်ခေါင်းကို ပွတ်သပ်ပြီးဆိုတယ်။

ဒီလိုနဲ့ အတတ်ပညာကျောင်းကို ကျွန်တော်တက်ပြီး ကားပြင်သင်ခဲ့တယ်။ ကျောင်းဝင်းထဲက ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့စကားကို နားထောင်ပြီး ကားအပြင်ကောင်းသူတစ်ဦးဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ကျောင်းက မိသားစုအိမ်ရာမှာ မေမေနဲ့ကျွန်တော်နေတယ်။ ဒီအိမ်ရာထဲက ဆရာ၊ ဆရာမမိသားစုတွေရဲ့ သားသမီးတွေက နိုင်ငံခြားထွက် ကျောင်းဆက်တက်သူ၊ မာစတာဆက်ဖြေသူနဲ့ အညံ့ဆုံးဆိုသူကတောင် ဘွဲ့တစ်ခုရထားသူတွေဖြစ်တယ်။ ကျွန်တော်တစ်ယောက်ပဲ ဒီဝင်းထဲမှာ ငယ်ရာကနေ ကြီးလာတဲ့အထိ တခြားလူနဲ့မတူ ဆန့်ကျင်ပုန်ကန်သူဖြစ်ခဲ့တယ်။

ဒီအတွက် မေမေ မရှောင်ပုန်းခဲ့ဘူး။ လူတွေကို မကွယ်ဝှက်ခဲ့ဘူး။ မလိမ္မာတဲ့သားတစ်ယောက်ကြောင့် လူတွေကို ရင်မဆိုင်ရဲ မဖြစ်ခဲ့ဘူး။ ဒါတင်မက ဘယ်သူ့အိမ်က ကားပျက်ရင် ကျွန်တော့်ကိုခေါ်ပြီး အကူအညီပေးခိုင်းသေးတယ်။ ကျွန်တော်ကားပြင်နေတာကို ဘေးမှာရပ်ကြည့်ပြီး ဝမ်းသာကျေနပ်တဲ့ အပြုံးနဲ့ မေမေရပ်ကြည့်နေတတ်တယ်။ သားကို ကားပြင်ဆရာလို့မမြင်ဘဲ ဒုံးပျံပြင်ဆရာလို မြင်ခဲ့ပုံရတယ်။

ကျွန်တော့်ဘဝ အကောင်းဘက်ကို တဖြေးဖြေးပြောင်းလဲလာခဲ့တယ်။ သင်တန်းကျောင်းက ကျောင်းမပြီးခင် "ကားပြင်ပါရမီရှင်"အဖြစ် ကျွန်တော်နာမည်တွင်ခဲ့တယ်။ ကားရဲ့ရောဂါပေါင်းစုံကို "ကုသ"သူဖြစ်ခဲ့တယ်။ ကျောင်းပြီးတော့ ကျွန်တော်ဝပ်ရှော့တစ်ဆိုင်ထောင်ခဲ့တယ်။ နာမည်ကြီး အဖိုးတန်ကားတွေကိုပဲ ဝန်ဆောင်မှုပေးခဲ့တယ်ဆိုပေမယ့် ကျွန်တော်ဆိုင်မှာ အလုပ်နဲ့လက်မပြတ် ကားတွေစည်ကားခဲ့တယ်။ ကျွန်တော့်ကိုယ်ပေါ်မှာ ဓာတ်ဆီနံ့တွေနဲ့ နံစော်နေတယ်ဆိုပေမယ့် ဘဝအတွက် ကျွန်တော်ခါးညွှတ်ရိုကျိုး တောင်းစားစရာမလိုခဲ့ဘူး။

တစ်နေ့မှာ ကျွန်တော်စာအုပ်တစ်အုပ်ဖတ်ရင်း စာထဲကနေ ပေါ်တူဂီစကားပုံတစ်ခုကို သွားတွေ့တယ်။

"ဘုရားသခင်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်အတွက် သစ်ကိုင်းနိမ့်တစ်ကိုင်း ပြင်ဆင်ပေးထားပါတယ်"တဲ့။

ဟုတ်ပါတယ်... ကျွန်တော်က အဲဒီငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် သစ်ကိုင်းနိမ့်တစ်ကိုင်း ပေးပို့လာသူက ဘုရားသခင်မဟုတ်ခဲ့ပါဘူး။ မေမေပဲဖြစ်ပါတယ်.......


မူရင်းရေးသားသူ - ဆောင်းငယ် (冬儿)
http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20120218/216949.html

နိုင်းနိုင်းစနေ (ဆီလျော်အောင်) ဘာသာပြန်သည်။
我是笨鳥,你是矮樹枝
不被世界理解的天才 

我是笨鳥,你是矮樹枝對別的孩子來說,生在一個爸爸是政府官員、媽媽是大學教授的家庭,相當於含著金鑰匙。但對我卻是一種壓力,因為我並沒有繼承父母的優良基因。

 兩歲半時,別的孩子唐詩宋詞、1到100已經張口就來,我卻連10以內的數都數不清楚。上幼兒園的第一天我就打傷了小朋友,還損壞了園裡最貴的那架鋼琴。之後,我換了好多家幼兒園,可待得最長的也沒有超過10天。 

每次被幼兒園嚴詞“遣返”後爸爸都會對我一頓拳腳,但雨點般的拳頭沒有落在我身上,因為媽媽總是衝過來把我緊緊護住。爸爸不許媽媽再為我找幼兒園,媽媽不同意,她說孩子總要跟外界接觸,不可能讓他在家待一輩子。於是我又來到了一家幼兒園,那天,我將一泡尿撒在了小朋友的飯碗裡。媽媽出差在外,聞訊趕來的爸爸惱怒極了,將我拴在客廳裡。 

我把嗓子叫啞了,手腕被鐵鍊子硌出一道道血痕。我逮住機會,砸了家裡的電視,把他書房裡的書以及一些重要資料全部燒了,結果連消防隊都被驚動了。爸爸丟盡了臉面,使出最後一招,將我送進了精神病院。一個月後,媽媽回來了,她第一件事是跟爸爸離婚,第二件便是接我回家。

 媽媽握著我傷痕累累的手臂,哭得驚天動地。在她懷裡我一反常態,出奇的安靜。過了好久,她驚喜地喊道:“江江,原來你安靜得下來。我早說過,我的兒子是不被這個世界理解的天才!”  

我不是一個人在戰鬥 

上了小學,許​​多老師仍然不肯接收我。最後,是媽媽的同學魏老師收下我。我的確做到了在媽媽面前的許諾:不再對同學施以暴力。但學校裡各種設施卻不在許諾的範圍內,它們接二連三地遭了殃。

 一天,魏老師把我領到一間教室,對我說:“這裡都是你弄傷的傷員,你來幫牠們治病吧。”我很樂意做這種救死扶傷的事情。我用壓歲錢買來了螺絲刀、鉗子、電焊、電瓶等等,然後將眼前的零件自由組合,這些破銅爛鐵在我手底下生動起來。不久,一輛小汽車、一架左右翅膀長短不一的小飛機就誕生了。 

我的身邊漸漸有了同學,我教他們用平時家長根本不讓動的工具。我不再用拳頭來贏得關注,目光也變得友善、溫和起來。很多次看到媽媽晚上躺在床上看書,看困了想睡覺,可又不得不起來關燈,於是我用一個星期幫她改裝了一個燈具遙控器。她半信半疑地按了一下開關,房間的燈瞬間亮了起來,她眼裡一片晶瑩,“我就說過,我的兒子是個天才。”直到小學即將畢業,魏老師才告訴了我真相。原來,學校裡的那間專門收治受傷設施的“病房”是我媽媽租下來的。

 媽媽通過這種方法為我多餘的精力找到了一個發洩口,並“無心插柳柳成蔭”地培養了我動手的能力。  我的小學在快樂中很快結束了。上了初中,一個完全陌生的新環境讓我再次成為了批評的對象——不按時完成作業、經常損壞實驗室的用品,更重要的是,那個班主任是我極不喜歡的。比如逢年過節她會暗示大家送禮,好多善解人意的家長就會送。 

我對媽媽說:“德性這麼差的老師還給她送禮,簡直是助紂為虐!你要是敢送,我就敢不念。”這樣做的結果是我遭受了許多冷遇,班主任在課上從不提問我,我的作文寫得再棒也得不到高分,她還以我不遵守紀律為由罰我每天放學打掃班級的衛生。媽媽到學校見我一個人在教室掃地、拖地,哭了。 

我舉著已經小有肌肉的胳膊對她說:“媽媽,我不在乎,不在乎她就傷不到我。”她吃驚地看著我。我問她:“你兒子是不是特酷?”她點點頭,“不僅酷,而且有思想。”從此,她每天下班後便來學校幫我一起打掃衛生。我問她:“你這算不算是對正義的增援?”她說:“媽媽必須站在你這一邊,你不是一個人在戰鬥。”  

再辜負你一次 

初中臨近畢業,以我的成績根本考不上任何高中。我著急起來,跟自己較上了勁兒,甚至拿頭往牆上撞。我絕食、靜坐,把自己關在屋子裡,以此向自己的天資抗議。整整四天,我在屋內,媽媽在屋外。我不吃,她也不吃。 

第一天,她跟我說起爸爸,那個男人曾經來找過她,想複合,但她拒絕了。她對他說:“我允許這個世界上任何一個人不喜歡江江,但我不能原諒任何人對他無端的侮辱和傷害。”第二天,她請來了我的童年好友傅樹,“江江,小學時你送我的遙控車一直在我的書房裡,那是我最珍貴、最精緻的玩具,真的。

現在你學習上遇到了問題,那又怎樣?你將來一定會有出息,將來哥們儿可全靠你了!”第三天,小學班主任魏老師也來了,她哭了,“江江,我教過的學生里你不是最優秀的,但你卻是最與眾不同的。你學習不好,可你活得那麼出色。你發明的那個電動吸塵黑板擦我至今還在用,老師為你感到驕傲。”  

第四天,屋外沒有了任何聲音。我擔心媽媽這些天不吃不喝會頂不住,便躡手躡腳地走出了門。她正在廚房裡做飯,我還沒靠前,她就說:“小子,就知道你出來的第一件事就是想吃​​東西。”“媽,對不起……我覺得自己特別丟人。

媽媽揚了揚鍋鏟子,“誰說的!我兒子為了上進不吃不喝,誰這麼說,你媽找他拼命。”半個月後,媽媽給我出了一道選擇題:“A.去一中,本市最好的高中。B.去職業高中學汽車修理。C.如果都不滿意,媽媽尊重你的選擇。 ”我選了B。 

我說:“媽,我知道,你會托很多關係讓我上一中,但我要再'辜負'你一次。”媽媽摸摸我的頭,“傻孩子,你太小瞧你媽了,去職高是放大你的長處,而去一中是在經營你的短處。媽好歹也是大學教授,這點兒腦筋還是有的。”  

我是笨鳥,你是矮樹枝 

就這樣,我上了職高,學汽車修理,用院裡一些叔叔阿姨的話說:將來會給汽車當一輩子孫子。我們住在理工大學的家屬院,同院的孩子出國的出國、讀博的讀博,最差的也是研究生畢業。只有我,從小到大就是這個院裡的反面典型。

 媽媽並不迴避,從不因為有一個“現眼”的兒子對人家繞道而行。相反,如果知道誰家的車出現了毛病,她總是讓我幫忙。我修車時她就站在旁邊,一臉的滿足,彷彿她兒子修的不是汽車,而是航空母艦。 

我的人生漸入佳境,還未畢業就已經被稱為“汽車神童”,專“治”汽車的各種疑難雜症。畢業後,我開了一家汽修店,雖然只給身價百萬以上的座駕服務,但門庭若市——我雖每天一身油污,但不必為了生計點頭哈腰、委曲求全。有一天,我在一本書中​​無意間看到這樣一句土耳其諺語:

“上帝為每一隻笨鳥都準備了一個矮樹枝。”是啊,

我就是那隻笨鳥,但給我送來矮樹枝的人,不是上帝,而是我的媽媽。 

作者:冬兒

Saturday, June 30, 2012

ရွှေမြန်မာတို့ သတိပြုစေဖို့


 ရွှေမြန်မာတို့ သတိပြုစေဖို့

ရွှေမြန်မာတို့သည် ဂုဏ်ရှိ/မရှိကို ဓမ္မဖြင့် တိုင်းတာရမည့်အစား ဓမ္မရှိ/မရှိကို ဂုဏ်ဖြင့်တိုင်းတာ
 နေကြပေသည်။ ထို့ကြောင့် သူတို့အဆိုအရ ထင်ပေါ်ကျော်ကြားလျှင် တရားရှင်- ဟု ဆိုကာ
သားတစ် ၀ိုင်းသော ကျီးအုပ်ကဲ့သို့ တရုန်းရုန်းဖြင့် ၀ိုင်းအုံနေကြပေသည်။ ဘာကြောင့်  ထင်ပေါ်ကျော်ကြားနေသည်ကိုကား ရွှေမြန်မာတို့ စိတ်မ၀င်စားကြပေ။

ထို့အပြင် ရွှေမြန်မာတို့သည် အကြောက်တရား လွန်စွာကြီးမားကြပေ၏။ အရှိန်အ၀ါကို ကြောက်ကြသည်။ သြဇာပါဝါကို ကြောက်ကြသည်။ ထိုသူတို့ မှားလျင်လည်း မှားမှန်းသိလျက်နှင့် မသိဟန်လွဲနေနိုင်ကြ၏။
အပါယ်ရောက်ကြောင်းကြီး ဖြစ်ပါလျက်နှင့် ကိုယ့်အချင်းချင်း ကယ်တင်ရန် စိတ်မကူးမိကျချေ။
အန္တရာယ်ကို တွေးကြောက်ပြီး ရေငုံနုတ်ပိတ် နေနိုင်လွန်းကြ၏။ လက်ရှိသာသနာကို
 ခြုံငုံသုံးသပ်ကြည့်ပါလျင်မူ ရွှေမြန်မာတို့ကို အလွန်မတန် ရင်နာမိ၏။ ရွှေမြန်မာတို့သည် ကိုယ့်သာသနာကို စော်ကားနေလျင်လည်း ဘာမှမဖြစ်သလို နေတတ်၏။

ကိုယ့်သာသနာကို သူစိမ်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။ အချင်းချင်းက
 စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။ အပြင်လူက စော်ကားလျင်လည်း နာရကောင်းမှန်းမသိ၊
အတွင်းလူက စော်ကားလျင်လည်း နာရကောင်းမှန်း မသိကြချေ။ ကိုယ့်မယား၊ ကိုယ့်သားထိမှ နာတတ်ကြ၏။ ကိုယ့်အသား၊ ကိုယ့်သွေးထိမှ နာတတ်ကြ၏။ သာသနာကို ကိုယ့်မယား ကိုယ့်သားလောက်တောင် တန်ဖိုးမထားတတ်ကြ။ ကိုယ့်အသား၊ ကိုယ့်အသွေးလောက်တောင် တန်ဖိုးမထားတတ်ကြပေ။

မယားမရှိလျင် မယားကို အစားထိုးလို့ ရနိုင်၏။ သားမရှိလျင် သားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသားပဲ့ပါသွားလျင် ကိုယ့်အသားကို အစားထိုးလို့ ရနိုင်၏။ ကိုယ့်အသွေးခန်းခြောက်သွားလျင် ကိုယ့်အသွေးကို အစားထိုး၍ ရနိုင်၏။ သာသနာဖျက်ဆီးခံရလျင်ကား သာသနာကို အစားထိုး၍ မရနိုင်ပေ။
သာသနာပျက်စီးသွားလျင်ကား မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။

မြတ်စွာဘုရား၏ သာသနာသည်ကား တိတ္ထိတို့၏ သာသနာကဲ့သို့ ပရမ်းပတာ ဆောက်တည်ထားသည် မဟုတ် “ဥုံဟယ် ဖွဟယ် အပ်ချလောင်းဟယ်” ဖြင့် မန်းမှုတ်၍ တည်ဆောက်ထားသည် မဟုတ်၊
တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် တည်ဆောက်ထားသည်လည်း မဟုတ်ချေ။ ယုံတမ်းစကားများလည်း မဟုတ်ပါ။

မြတ်စွာဘုရား ကိုယ်တော်တိုင် ဘုရားလောင်းဘ၀မှ စ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး မနားမနေ ပါရမီဖြည့်ကျင့်တော်မူပြီးမှ တည်ဆောက်ထားခြင်း ဖြစ်၏။
ထိုသို့ မနားမနေ ပါရမီဖြည့်ဆီးရာ၌ အသက်ပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
သွေးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။ ချွေးပေါင်းများစွာဖြင့်လည်း တည်ဆောက်ခဲ့ရ၏။
 ခြေလက်အင်္ဂါပေါင်းများစွာ မျက်လုံးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။

ထိုသို့ အသက် သွေး ချွေးတို့ဖြင့် ရင်းနှီးတည်ဆောက်ခဲ့၍ သာသနာဆိုတာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ထိုသို့ ရင်းနှီးတည်ဆောက်ခဲ့သော မြတ်စွာဘုရား၏ သာသနာတော်သည် တစ်ခြားသော တိတ္ထိတို့၏သာသနာနှင့် လုံးဝ (လုံးဝ) မတူပါပေ။ မြတ်စွာဘုရား၏ သာသနာသည် ကမ္ဘာမှာ အနှစ်သာရ အရှိဆုံး သာသနာဖြစ်ခဲ့ပါ၏။

ဗုဒ္ဓဘာသာသည် လောက၌ အလိမ္မာဆုံး အယဉ်ကျေးဆုံး ဘာသာတစ်ခု ဖြစ်ခဲ့ပါ၏။ ဗုဒ္ဓ၏
ဓမ္မများသည် အစမ်းသပ် ခံနိုင်ဆုံး၊ ကျင့်သုံးအပ်ဆုံး၊ ဆောက်တည်အပ်ဆုံး၊ ပွါးများအပ်ဆုံး၊ အချမ်းမြေ့ဆုံး၊ အာမခံချက် အရှိဆုံး ဓမ္မများဖြစ်ခဲ့ပါ၏။ ဤကဲ့သို့ အဖိုးတန်လှသောသာသနာကို အင်္ဂါခြေလက် မပျက်ဆီးအောင် စောင့်ရှောက်သည်ထက် ပို၍ စောင့်ရှောက်အပ်ပါ၏။

မိမိအသက်တစ်ချောင်းကို တန်ဖိုးထားသည်ထက် ပို၍တန်ဖိုးထားအပ်ပါ၏။ ထို့ကြောင့် အသက်ပေါင်း များစွာကို စတေး၍ တည်ဆောက်ခဲ့သော အင်္ဂါခြေလက်ပေါင်းများစွာ၊ မျက်လုံးပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော သွေးနှင့် ချွေးနှင့်ရင်းနှီး၍ တည်ဆောက်ခဲ့သော မြတ်စွာဘုရား၏
သာသနာကို ပေါ့ပေါ့တန်တန် မတွေးအပ်ပေ။ လွယ်လွယ်ကူကူဖြင့် ထူထောင်ထားသောသာသနာမဟုတ် ခက်ခက်ခဲခဲဖြင့် တည်ဆောက်ထားသော သာသနာဖြစ်ပေသည်။

ထိုသို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ခက်ခက်ခဲခဲ တည်ဆောက်ထားသော သာသနာကို အသက်နှင့်လဲ၍
စောင့်ရှောက်အပ်ပါ၏။ အသက်တစ်ချောင်း လက်ခြေပေါင်းကို စတေး၍ စောင့်ရှောက်အပ်ပါ၏။
သို့မှသာ သင်သည် ဗုဒ္ဓဘာသာဝင် ပီသပေလိမ့်မည်။ သို့မှာသာ သင်သည် ဗုဒ္ဓသာဝက ပီသပေလိမ့်မည်။
သို့မှာသာ သင်သည် ဘုရားသားတော် ပီသပေလိမ့်မည်။

သို့မဟုတ်လျင်မူ သင့်ကို အပေါ်ယုံဗုဒ္ဓဘာသာ၊ ရေသာခို ဗုဒ္ဓသာဝက၊ နာမည်ခံ ဗုဒ္ဓသားတော်
(မောဃပုရိသ) ဟု ဗုဒ္ဓက ကဲ့ရဲ့တော်မူပေလိမ့်မည်။ ဤအချက်ကို နက်နက်နဲနဲ သတိချပ်အပ်ပါ၏။

(မှတ်ချက်။ ။ဤဘလော့ပါစာသားများမှာ ကျွန်တော့မူလုံးဝမဟုတ်ပါ၊ တခြားသောဆိုဒ်မှ ကူးယူမျှဝေပေးထားခြင်းဖြစ်သည်။ မည်သူတဦးတယောက်ကိုမျှရည်ရွယ်ခြင်းမဟုတ်ကြောင်းကိုတော့ အထူး သိစေလိုပါတယ်ခင်ဗျ။ ယခုလို ကျွန်တော်တို့ ဘာသာအပေါ် နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ထိုးနှက်ပြီး အတိုက်အခိုက်များနေသောကာလမှာ တင်သင့်တယ်ထင်လို့တင်လိုက်တာပါ၊ ထပ်လောင်း၍သတိပေးခြင်းပေါ့။ ကျွန်တော်တို့လက်ဝယ်ရောက်ရှိလာသော တာဝန်နဲ့ ဝတ္တရားကို ကျေပွန်စွာနဲ့ ဆထက်တပိုးလို့ သယ်ပိုးရွက်ဆောင်နိုင်သူများ ဖြစ်ကြပါစေ။)

ဇော်ထက်မောင်