Saturday, November 28, 2015
Tuesday, November 17, 2015
Friday, September 4, 2015
Monday, May 4, 2015
မေတ္တာစာတမ်း
မေတ္တာစာတမ်း
အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ---
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊
‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊ စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးကိုလည်း ငုံမိစေတဲ့ တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ "မေတ္တာ"ဟူသည် “အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊
သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ ဘာသာစကားခြင်းမတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ ပို့လို့ရပါသလားဟုမေးလျင်--ရသည်ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊
မေတ္တသုတ်တွင် မေတ္တာပို့မည့်သူ၌ ထားရှိရမည့် စိတ်ဓာတ်ကို ဤသို့ဖော်ပြထားပါသည်--“ရင်သွေး တစ်ဦးတည်းသာရှိသောမိခင်သည် ထိုရင်သွေးကို အသက်နှင့်ရင်းနှီး၍ စောင့်ရှောက်လိုသော၊ အကျိုး လိုလားသော စိတ်ဓာတ်ရှိသသို မေတ္တာပို့လိုသူသည်လည်း မိမိမေတ္တာပို့မည့် သူအပေါ်တွင် တကယ် အကျိုးလိုလားမှုနှင့် စောင့်ရှောက်လိုမှု ရှိရမည်”ဟု ဖော်ပြထားပါသည်၊၊ မေတ္တာပို့မည့်သူ၏ သန္တာန်တွင်လည်း မိခင်အရင်းက သားသ္မီးကို စောင့်ရှောက်လိုသော၊ အကျိုးတကယ်လိုလားသော စိတ်ဓာတ်များ မွေးမြူ ထားရမည် ဖြစ်သည်၊၊
မေတ္တာပို့လိုသူသည် မေတ္တာမပို့ခင် မိမိမေတ္တာပို့မည့်သူ၏ ရုပ်အသွင်ကို အာရုံတွင် ကြည်ကြည် လင်လင် ပေါ်လာအောင် ကြည့်ရပါမည်၊၊ ပေါ်လာပြီဆိုမှ စိတ်ပါလက်ပါ မေတ္တာပို့ရမည် ဖြစ်ကြောင်း ပါဠိစာပေက ဆိုထားပါသည်၊၊ မေတ္တာပို့သောအခါတွင် ဘယ်သူကစ၍ မေတ္တာပို့ရမည်ကို သိရန်လိုအပ် ပါသည်၊ ပထမဆုံး မိမိကိုယ်တိုင်ကို စတင်၍ မေတ္တာပို့ရပါသည်၊၊ မိမိကိုယ်ကို မေတ္တာပို့သည့် အခါတွင် လည်း မိမိရုပ်အသွင်ကို မှန်ရှေ့မှာရပ်၍ ကြည့်သလို ထင်လာအောင် အာရုံတွင်ထင်ပေါ်စေပြီးမှ မေတ္တာပို့ရပါသည်၊၊
များသောအားဖြင့် လူအများ မေတ္တာပို့သည့်အခါ သူတပါးကိုချည်း မေတ္တာပို့နေတတ်ကြသည်၊ မိမိကိုယ်ကို မေတ္တာစပြီး ပို့ရကြောင်းသိသူ နည်းနေသေးသည်၊၊ ပါဠိစာပေအရ မေတ္တာပို့သည့်အခါ အစဆုံး မိမိကိုယ်ကို မေတ္တာပို့ပြီးမှ ထိုမေတ္တာကို အခြားသူများသို့ ဖြန့်ဝေပေးရခြင်း ဖြစ်သည်၊၊ သတိပြုသင့်သည့် အခြားတစ်ခုမှာ သေပြီးသူကို မေတ္တာပို့၍ မရဆိုသည့် အချက်ဖြစ်သည်၊၊ သေပြီးသူသည် မည်သည့်ဘုံဘ၀တွင် မည်သည့် သတ္တ၀ါမျိုးဖြစ်နေသည်ဟု အတိအကျ မသိရတော့သည့်အတွက် ထိုသူ၏ရုပ်အသွင်ကို အာရုံတွင်မြင်ကြည့်၍ မရတော့ပါ၊ ထို့ကြောင့် သေလွန်ပြီးသူကို ဗုဒ္ဓဘာသာအလိုအရ မေတ္တာ မပို့ရတော့ဘဲ၊ ကုသိုလ်ပြုပြီး အမျှပေးဝေရန်သာ ဖြစ် ပါသည်၊၊
ကွယ်လွန်ပြီးသည့် မိဘဆွေမျိုးများကို ကျန်းမာပါစေ ချမ်းသာပါစေဟု မေတ္တာပို့နေသူများကို တွေ့ခဲ့ရဘူးသည်၊၊ သေပြီးသူကို မေတ္တာပို့၍ မရကြောင်း သတိပြုရပါမည်၊၊ မေတ္တာစတင် ပို့သည့်အခါ တွင်လည်း သိပ်ချစ်လွန်းသူများနှင့် သိပ်မုန်းလွန်းသူများကို နောက်ဆုံးထား၍ မေတ္တာပို့ရပါသည်၊၊ အကြောင်းမှာ သိပ်ချစ်သူကို အစဆုံးမေတ္တာပို့သည့်အခါ လိုအပ်သည့်မေတ္တာအပြင် ဆန္ဒရောသည့် အချစ်စိတ်များ ဖြစ်ပေါ်လာတတ်၍ ဖြစ်ပြီး၊ သိပ်မုန်းသည့်သူများကို မေတ္တာအရင်ပို့မိလျင် မေတ္တာအစား ဒေါသများ ၀င်လာတတ်၍ဖြစ်သည်ဟု စာပေက ရှင်းပြပါသည်၊၊
မေတ္တာကို ပထမဆုံး---
မိမိကိုယ်ကို စတင်ပို့ရပါသည်၊
ဒုတိယအနေဖြင့် လေးစားထိုက်သူများကို ပို့ရပါသည်၊
တတိယအနေဖြင့် ချစ်ခင်သူများကို ပို့ရပါသည်၊
စတုတ္ထအနေဖြင့် မချစ် မမုန်းသူများကို ပို့ရပါသည်၊
ပဉ္စမအနေဖြင့် မုန်းသူများကို ပို့ရပါသည်၊၊ ဤမေတ္တာပို့အစဉ်မှာ ၀ိသုဒ္ဓိမဂ်ပါဠိတော် ညွန်ကြားချက်နှင့် အညီဖြစ်ပါသည်၊၊ (မေတ္တာပို့ပုံများကို အောက်ဆုံးတွင် သီးခြားဖော်ပြပါမည်)၊၊
မိမိကိုယ်ကို စတင်ပို့ရပါသည်၊
ဒုတိယအနေဖြင့် လေးစားထိုက်သူများကို ပို့ရပါသည်၊
တတိယအနေဖြင့် ချစ်ခင်သူများကို ပို့ရပါသည်၊
စတုတ္ထအနေဖြင့် မချစ် မမုန်းသူများကို ပို့ရပါသည်၊
ပဉ္စမအနေဖြင့် မုန်းသူများကို ပို့ရပါသည်၊၊ ဤမေတ္တာပို့အစဉ်မှာ ၀ိသုဒ္ဓိမဂ်ပါဠိတော် ညွန်ကြားချက်နှင့် အညီဖြစ်ပါသည်၊၊ (မေတ္တာပို့ပုံများကို အောက်ဆုံးတွင် သီးခြားဖော်ပြပါမည်)၊၊
သီးခြားအနေဖြင့် မေတ္တာပို့နည်း သုံးမျိုးရှိသေးကြောင်းလည်း ပါဠိတော်တွင် ဖော်ပြထားပါသည်---
(၁) ဒေသအလိုက် မေတ္တာပို့နည်း၊
(၂) ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်း၊
(၃) ရည်ညွှန်း မေတ္တာပို့နည်းတို့ ဖြစ်ပါသည်၊၊
(၁) ဒေသအလိုက် မေတ္တာပို့နည်း၊
(၂) ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်း၊
(၃) ရည်ညွှန်း မေတ္တာပို့နည်းတို့ ဖြစ်ပါသည်၊၊
ဒေသအလိုက် မေတ္တာပို့နည်းမှာ မိမိ မေတ္တာပို့မည့် မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံနာမည်ကို အတိအကျ ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်သည်၊၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါ မိမိအိမ်မှစတင်ပြီး ဒေသအသီးသီး နိုင်ငံအသီးသီးကို နာမည်ဖော်ပြ၍ မေတ္တာပို့ရမည် ဖြစ်ပါသည်၊၊ ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်းမှာ မိမိမေတ္တာပို့လိုသူ၏ နာမည်အတိအကျကို ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊
ဤနည်းဖြင့် မေတ္တာပို့သည့်အခါတွင် မိမိနာမည်မှစ၍ အခြားမေတ္တာပို့လိုသော သူများ၏နာမည်များကို ဖော်ပြပြီး မေတ္တာ ပို့ရမည် ဖြစ်ပါသည်၊၊ ရည်ညွှန်း မေတ္တာပို့နည်းမှာ မည်သူမည်ဝါ၊ မည်သည့်ဒေသဟု နာမည် အတိအကျ မဖော်ပြဘဲ စင်္ကြာဝဠာရှိရှိသမျှ သတ္တ၀ါအားလုံးကို ရည်ညွှန်း၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊၊ (ဤနည်းများဖြင့် မေတ္တာပို့နည်းများကိုလည်း အောက်ဆုံးတွင်ဖော်ပြပါမည်)
ပါဠိစာပေတွင် “မေတ္တာစေတော ၀ိမုတ္တိ”ဆိုသောပုဒ် တစ်ပုဒ်ရှိပါသည်၊၊ အဓိပ္ပါယ်မှာ“မေတ္တာများဖြင့် လွပ်လပ်နေသူ”ဟူ၍ ဖြစ်သည်၊၊ ဖော်ပြခဲ့ပြီးသော နည်းများဖြင့် မေတ္တာပို့နိုင်သူများသည် မေတ္တာဖြင့် ဘ၀လွပ်လပ်သူဟု ခေါ်ဆိုနိုင်ကြောင်း သိမှတ်ရန်ဖြစ်သည်၊၊ ဘယ်အရာတွေမှ ဘ၀လွပ်လပ်သူဖြစ် ပါသလဲဆိုလျင် လောဘ ဒေါသ မောဟနှင့် မာန၊ အတ္တ၊ မစ္ဆရိယ စသည့် စိတ်အညစ်အကျေးများမှ လွပ်လပ်သူဟူ၍ ဗုဒ္ဓရှင်တော်က ရှင်းလင်း သင်ပြထားပါသည်၊၊
မေတ္တာစိတ်နည်းပါးနေသူသည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေသူ ဖြစ်သည်ဟုဖော်ပြ ထားပြန်ပါသေးသည်၊ လောဘ ဒေါသ မောဟနှင့် အတ္တ မာနထောင်များတွင် အကျဉ်းစံနေရသူဟု စာပေတွင် မှတ်တမ်းတင်ထားပါသည်၊၊ မေတ္တာစိတ်ခေါင်းပါးလွန်းလာပြီဆိုလျင် အများနှင့် မဆိုထားဘိ တစ်ယောက်တည်းနေလျှက်ပင် အလိုမကျ ရန်တွေ့နေတတ်ပါသည်၊၊ ဤသူများကို ဒေါသအကျဉ်းစံများဟု ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊
မေတ္တာ၏ အစောဆုံးအကျိုးကျေးဇူးမှာ“ကိုယ် စိတ်လွပ်လပ်နေမှု”ဖြစ်ပါသည်၊၊ ကိုယ် စိတ်လွပ်လပ် ပေါ့ပါးပြီး အကျိုးလိုလားသော စိတ်သက်သက်ဖြင့် မေတ္တာပို့လိုက်လျင် မေတ္တာပို့သူရော မေတ္တာအပို့ခံ ယူရသည့်သူပါ မေတ္တာ၏အကျိုးကို တကယ်ရရှိနိုင်ကြောင်း ပါဠိစာပေ နေရာများစွာတွင် ဆိုထားပါသည်၊၊
ပါဠိတော်တွင် တိုက်ရိုက်လာသည့် မေတ္တာပို့သူ ရရှိနိုင်သောအကျိုး ဆယ့်တစ်မျိုး ရှိကြောင်းကို လေ့လာ ရပါသည်---
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ရသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော ဘ၀များတွင် ဖြစ်နိုင်သည်၊၊
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ရသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော ဘ၀များတွင် ဖြစ်နိုင်သည်၊၊
မေတ္တာပို့နည်းနှင့် မေတ္တာပို့မည့်သူ၏ လိုအပ်သည့်စိတ်ထားများကို တင်ပြ၍ လုံလောက်ပြီဟု အရှင်ယူဆပါသည်၊၊ ယ္ခုအခါ မေတ္တာအသီးသီးပို့ပုံ ပို့နည်းများကို တင်ပြ ဆွေးနွေး သွားပါမည်၊၊
မိမိကိုယ်ကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်ကိုယ်တိုင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
ဘုရားတပည့်တော်ကိုယ်တိုင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
မိဘနှစ်ပါးကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ မိဘနှစ်ပါး ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
ဘုရားတပည့်တော်၏ မိဘနှစ်ပါး ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
ချစ်ခင်သူကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ ဇနီး/ခင်ပွန်း ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊ (မှတ်ချက်/ ဤနည်းအတိုင်း မချစ် မမုန်းသူနှင့် မုန်းသူများကိုလည်း မေတ္တာပို့ပါ)
ဘုရားတပည့်တော်၏ ဇနီး/ခင်ပွန်း ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊ (မှတ်ချက်/ ဤနည်းအတိုင်း မချစ် မမုန်းသူနှင့် မုန်းသူများကိုလည်း မေတ္တာပို့ပါ)
ဒေသအလိုက် မေတ္တာပို့ပုံ---
ရန်ကုန်မှာနေသည့် ဘုရားတပည့်တော်၏ မိသားစု ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
ရန်ကုန်မှာနေသည့် ဘုရားတပည့်တော်၏ မိသားစု ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
အမေရီးကားတွင်နေသည့် ဘုရားတပည့်တော်၏ မိခင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ် ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊(စသည်ဖြင့် ဒေသနာမည်များကို ဖော်ပြ၍ မေတ္တာပို့သ နိုင်ပါသည်)
အရပ်မျက်နှာအလိုက် မေတ္တာပို့ပုံ---
အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ (ဤနည်းအတိုင်း အရပ်ဆယ်မျက်နှာသို့ မေတ္တာဖြန့်ဝေရန် ဖြစ်သည်)
အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ (ဤနည်းအတိုင်း အရပ်ဆယ်မျက်နှာသို့ မေတ္တာဖြန့်ဝေရန် ဖြစ်သည်)
မေတ္တာနှင့် ဆက်စပ်သည့် မှတ်သားဖွယ်များကို တင်ပြလို့အတိုင်းတာ တခုအထိလုံလောက်ပြီဟု အရှင်ယူဆပါသည်၊လုံးဝ ပြည့်စုံသည်ဟုကား မဆိုသာပါ၊၊ ဒီထပ်ပို၍ အသေးစိတ်သိလိုသူများ အရှင့်Gmail မှဆက်သွယ်၍ မေးမြန်းနိုင်ပါသည်၊ စာတမ်းပုံစံဖြင့် တင်ပြသောအခါ သိပ်ရှည်လွန်းသွားလျင် စာဖတ်သူ ငြီးငွေ့တတ်သည့် သဘာဝကို စာရေးသူများ နားလည်ရပါသည်၊၊ တိုက်တွန်းချက်တခု အနေဖြင့် (ဦးသုခ)ရေးသော မေတ္တသုတ် စာအုပ်ကိုလည်း ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းလိုပါသည်၊၊
“အလင်း စက်” စာဖတ်ပရိတ်သတ်များ မေတ္တာပြည့်ဝသူများဖြစ်ပြီး၊ မေတ္တာများဖြင့် ဘ၀အခက်ခဲ၊ သံသရာ ဆင်းရဲများကို ကျော်နိုင်သောသူများ ဖြစ်ပါစေကြောင်း မေတ္တာပို့သလျှက် စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊
အရှင်ကေ၀လ(အလင်း စက်)
(၈.၁၀.၂၀၁၀)
(မေတ္တသုတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ၀ိသုဒ္ဓိမဂ်ပါဠိများကို ကိုးကား၍ ဤစာတမ်းကို ရေးပါသည်)
(၈.၁၀.၂၀၁၀)
(မေတ္တသုတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ၀ိသုဒ္ဓိမဂ်ပါဠိများကို ကိုးကား၍ ဤစာတမ်းကို ရေးပါသည်)
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။
ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုန်လည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က
ယခုကပင်လျှင် မနာခင်က
ယခုကပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားလော (ကျေးဇူးရှင် မင်းကွန်းဆရာတော်)
ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုန်လည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က
ယခုကပင်လျှင် မနာခင်က
ယခုကပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားလော (ကျေးဇူးရှင် မင်းကွန်းဆရာတော်)
Wednesday, April 29, 2015
သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ
သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ
နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက်
ကျွန်ုပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ်
နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို
ရောက်ပေလိမ့်မည်။
ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ
ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို
အနည်းငယ်မြှင့်တင်လိုက်မိသည် ။
ကျွန်ုပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ
(ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က
ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး
မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို
တွေ့လိုက်ရသည် ။
ဘာသာချင်းမတူသည်မို့ မသိချင်ယောင်ဆောင်ကာ
ဆက်လျှောက်သွားမည် အပြုတွင် -
"ချစ်သား ဆတ္တ ၊ အဘယ်အရပ်သို့
ခရီးဆက်မလို့ပါလဲ" ဟူသော အကျွန်ုပ်ရဲ့အမည်ကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့
အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြားရပါတော့တယ်။ တောအုပ်ထဲ
မြန်မြန်ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။
"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို
ဉာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"
"သင် - ချစ်သားအတွက် အပန်းမကြီးဘူးဆိုရင်
ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"
သြော် - လက်စသတ်တော့ ဂေါတမဗုဒ္ဓကိုယ်တော်
ဖြစ်နေပါလား ၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဌေးတွေ
ဘုရင်တွေရဲ့ အကိုးအကွယ်ခံပြီး အေးအေးဆေးဆေးနေမယ်ထင်နေတာ အခုတော့
ဒီလိုမဟုတ်ပါလား။
လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိလာပြီး
သာသနာပြုရှာပါလား ၊ ပြီးတော့ ကျွန်ုပ်ထင်ထားတာက သူ့အယူဝါဒကိုလက်ခံတဲ့
ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာကရုဏာ ထားမယ်ထင်တာ ၊ အခုတော့ ဒီလိုမဟုတ်ဘဲ ဘာသာခြားဖြစ်တဲ့
ကျွန်ုပ်လိုသာမာန်ပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာတောင် မေတ္တာကရုဏာထားပြီး
လာရောက်နှုတ်ဆက်မေးမြန်းတရားဟောရှာပါလားဆိုတဲ့ အတွေးကြောင့် လေးစားရိုသေတဲ့စိတ်တွေ
အလိုလိုပေါ်လာပြီး ကျွန်ုပ်ခြေထောက်တွေ အလိုလိုဒူးထောက်ပြီးသား ဖြစ်သွားတယ်။
ဘာသာခြားဖြစ်တော့ သရဏဂုံကို
ချက်ချင်းမဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။
"အရှင်ဂေါတမ - အဲသလို သရဏဂုံ
တည်ဆောက်တဲ့အတွက် ကျွန်ုပ်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားလာနိုင်ပါသလဲ"
"ချစ်သား ဆတ္တ - ချစ်သားကို ငါဘုရား
ပြန်မေးပါ့မယ် ၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ် ၊ သင်ချစ်သား
ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"
"မသိနိုင်ပါ အရှင်ဘုရား"
"ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာရော
ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"နံနက် ၊ နေ့လယ် ၊ ည ဘယ်ကာလမှာ
သေမယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်သင်္ချိုင်းမှာ သ
င်္ဂြိုဟ်မယ်ဆိုတာရော ကြိုသိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်ဘုံရောက်မယ်လို့ရော
ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"ချစ်သားဆတ္တ - ပုထုဇဉ်မှန်သမျှ
အဲဒီအခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီးမသိနိုင်ပါဘူး ၊ အကယ်၍
အသင်ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့
အဲဒီသရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်ချိန်ချိန်သေသေ ပုထုဇဉ်တိုင်းကြောက်ရွံတဲ့
အပါယ်လေးဘုံ မရောက်တော့ဘူး"
"အို - သရဏဂုံဆိုတာ သံသရာအတွက်ပါ
အားကိုးရတဲ့ တရားကြီးပါလား ၊ ကျွန်ုပ်သိပ်ပြီးတော့ အားရဝမ်းသာဖြစ်သွားပါတယ်။
ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲထိရောက်အောင်ကြွပြီး ကျွန်ုပ်လို သာမန်
ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ
ထူးခြားတဲ့အကြောင်းတစ်ခုရှိရမယ်ဆိုတာတော့ ကျွန်ုပ် သေသေချာချာ
သတိထားလိုက်မိပါတယ်။
ဒါ့ကြောင့်လည်း ကျွန်ုပ်ဘုရားရှင်ထံမှာ
သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကိုခံယူလိုက်ပါတယ်။
ပြီးတော့ ကျွန်ုပ်တို့ လူမျိုးတွေရဲ့ အဆုံးအမစကားလေး တစ်ခုရှိတယ် ၊ အဲဒီစကားလေးက
-
"အလုပ်တစ်ခုကို အတ္တဟိတလား ၊
ပရဟိတလားဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်အပေါ်မှာ မေတ္တာစေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့
ပေတံနဲ့ပဲတိုင်းတာရမယ်" တဲ့။
အခု ရှင်တော်မြတ်ဘုရားကိုယ်တိုင်
ဒီတောနက်ကြီးထဲထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွန်ုပ်အပေါ်မှာထားတဲ့
မေတ္တာစေတနာထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ
တိုးပွားရုံသက်သက် ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လဲဖြစ်တာပဲ
မဟုတ်ပါလား။
နောက်တစ်ချက်က
ဗုဒ္ဓရဲ့မျက်နှာတော်မှာထင်နေတဲ့ မေတ္တာကရုဏာ စေတနာဟာ ဘာသာလူမျိုး မခွဲခြားဘူးဆိုတာ
ကျွန်ုပ်ရင်ထဲက အလိုလိုသိနေတယ်လေ။ ကြည်ညိုသပ္ပာယ်စရာကောင်းလှတဲ့
ဗုဒ္ဓရဲ့မျက်နှာတော်ကို အားရပါးရ ဖူးမျှော်ကန်တော့ပြီး ကျွန်ုပ်ရဲ့ရှေ့ခရီးကို
ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လဲ မိုင်ပေါင်းများစွာဝေးတဲ့ ဇေတဝန်ရွှေကျောင်းကို
ပြန်ကြွတော်မူခဲ့ပြီပေါ့။
ကျွန်ုပ်နားဖို့ရည်ရွယ်ထားတဲ့
တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွန်ုပ်ဆီကို ဘာကြောင့်
ကြွလာရတယ်ဆိုတဲ့အဖြေကို ကျွန်ုပ်သိလိုက်ရပါပြီ။ တခြားဟုတ်ပါရိုးလား ၊
ကျွန်ုပ်လာမယ့်သတင်းကို ကြိုရထားတဲ့ ခိုးသားဓားပြငါးရားတို့ ကျွန်ုပ်ကိုမြင်တာနဲ့
တပြိုင်နက် အဆိပ်လူးမြှားတွေနဲ့ ဝိုင်းပြစ်လိုက်ကြတာ ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
လို့ သရဏဂုံဆောက်တည်ရင်းပဲ
ကျွန်ုပ်ဆတ္တတစ်ယောက် ဝိညာဉ်စဲလို့ သေပွဲဝင်ခဲ့ရပါပြီကော။ ဒါပေမယ့်
ကျွန်ုပ်ဝမ်းမနည်းမိဘူး ၊ ဘာကြောင့်လဲဆိုတော့ ငွေတစ်ကျပ်ဆုံးရှုံးရပေမယ့်
ကုဋေပေါင်းများစွာ ပြန်ရတဲ့လူတစ်ယောက်လို လူ့ဘဝကဆုံးရှုံးသွားရပေမယ့်
သေခါနီးမှာကပ်ပြီး ဆောက်တည်ခဲ့တဲ့ သရဏဂုံကုသိုလ်ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း
သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်ခဲ့ရလို့ပဲ။
ကျွန်ုပ်လို ဘာသာခြားတစ်ယောက်ကိုတောင် သေခါနီးလေးမှာကပ်ပြီး ဆောက်တည်တဲ့
သရဏဂုံကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်းသရဏဂုံဆောက်တည်နေတဲ့
ဗုဒ္ဓဘာသာဝင်တွေကတော့ ကျွန်ုပ်ထက်သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့
ခဏခဏတွေးကြည့်နေမိတာပါပဲ။
မှတ်ချက်။ ။ ဝိမာနဝတ္ထုအဋ္ဌကထာ ၊ ဆတ္တမာဏဝ
ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။
BTNR မှ ဆရာတော်အရှင်ဇဝန ( မေတ္တာရှင် -
ရွှေပြည်သာ ) ၏ သရဏဂုံအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ စာအုပ်မှ
ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။
Tuesday, April 28, 2015
စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်
စေတနာကောင်းလွန်းလို့
ဒါနဖြစ်တယ်
ဘယ်သူပဲဖြစ်ဖြစ် ဘဝကို ဆင်းဆင်း ရဲရဲနဲ့ မကျော်ဖြတ် ချင်ကြပါဘူး။ ပြည့်ပြည့်စုံ စုံ၊ ချမ်းချမ်းသာသာနဲ့ ဘဝကို ကျော်ဖြတ်ချင် ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ဒါဟာလည်းလူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါနကုသိုလ်ပါ တဲ့သူတွေ လောက်သာ ဖြစ်နိုင်ကြတာပါ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ဘဝကို ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ ကျော်ဖြတ် သွားရအောင်ရဟန်းရော၊လူပုဂ္ဂိုလ်တွေပါ ဒါန ပြုဖို့ လိုတယ်လို့ ဟောကြားတော်မူခဲ့တာပါ။
ဒါနဆိုတာက မိမိလက်ထဲမှာရှိနေတဲ့ ပစ္စည်းဥစ္စာကို သူတစ်ပါး လက်ထဲ ထည့်ပေး လိုက်တာ၊ စွန့်ကြဲလိုက်တာကို ဒါနလို့ခေါ်ဆို ရတာပါ။ ကူညီတယ်၊ ထောက်ပံ့တယ်၊ ပံ့ပိုးတယ်၊ ပရဟိတလုပ်တယ် ဆိုတာတွေဟာ စကားလုံးအရ ကွဲနေတာပါ။ သဘောသက် ရောက်မှုကတော့ အတူတူပါပဲ။ ဒီတော့ဒါနတစ်ခုဖြစ်ဖို့အတွက် ဘာတွေ လိုအပ်သလဲ ဆိုရင် စေတနာ ရယ်၊ အလှူခံ ပစ္စည်းဝတ္ထုရယ်၊ အလှူခံပုဂ္ဂိုလ်ရယ်ဆိုပြီး တော့ အင်္ဂါသုံးမျိုးပြည့်စုံ နေရပါမယ်။ အလှူခံ ပုဂ္ဂိုလ်ဆို တာကတော့ တစ်ကျိပ်လေး(၁၄) ယောက်တောင်ရှိနေတာဆိုတော့ရှာရမ ခက်ပါ။ .........
အလှူခံပုဂ္ဂိုလ်ဆိုတာကတော့- ”၁။တိရစ္ဆာန်၂၊သီလမရှိသူပုထုဇဉ် ၃။သီလ ရှိသူပုထုဇဉ် ၄။ဈာန်ရရသေ့ ၅။သောတာ ပန်ဖြစ်အောင်ကျင့်နေသူ ၆။သောတာ ပန်ပုဂ္ဂိုလ် ၇။သကဒါဂါမ်ဖြစ်အောင် ကျင့်နေသူ ၈။ သကဒါဂါမ်ပုဂ္ဂိုလ် ၉။ အနာဂါမ်ဖြစ်အောင်ကျင့် နေသူ ၁ဝ။ အနာဂါမ်ပုဂ္ဂိုလ် ၁၁။ ရဟန္တာဖြစ် အောင်ကျင့်နေသူ ၁၂။ရဟန္တာ ပုဂ္ဂိုလ် ၁၃။ ပစ္စေကဗုဒ္စါ။ ၁၄။ မြတ်စွာ ဘုရားရှင်”ဆိုပြီးတော့ တစ်ကျိပ်လေးယောက် ပါ။ .......
နောက်ပစ္စည်းဝတ္ထုဆိုတာကလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ်ရှိနေကြတာဆို တော့ မခက်လှပါဘူး။ ဒါနဖြစ်ဖို့ အင်္ဂါသုံးပါးထဲမှာ စေတနာ ဖြစ်ဖို့ကသာ အခက်ဆုံးပါ။ ဒါနဆိုတာ ကိုယ့် ပစ္စည်းဥစ္စာကို သူတစ်ပါးလက်ထဲရောက်အောင် အလကားပေး လိုက်ရတာမျိုးဆိုတော့ စေတနာမပါရင်ဒါနဖြစ်ဖို့မလွယ်ပါဘူး။စေတနာ ပါမှဖြစ်နိုင်တာပါ။ အကျိုးပေးတယ် ဆိုတာကလည်း အဲဒီစေတနာကပဲ ပေးသွားတာပါ။ ဒါကြောင့် ကိုယ့်ပစ္စည်းဥစ္စာကို သူတစ်ပါးလက်ထဲထည့် လှူရတယ်ဆိုပေမယ့် သဒ္ဓါ၊ မေတ္တာအားကောင်းဖို့လိုသလို စေတနာသုံး တန်ထက်သန်ဖို့ လည်းအထူးလိုအပ် ပါတယ်။
မလှူမီရလဒ်ကို တကယ်သိမြင်ပြီး ဝမ်း မြောက်ရွှင်လန်းနေရပါမယ်။ လှူစဉ်အခါမှာ လည်း စိတ်ကြည်လင်အေးမြနေရပါမယ်။ လှူပြီးတဲ့အခါမှာလည်း အောင်ပွဲ တစ်ခုကို ရရှိ လိုက်တာဖြစ်တဲ့အတွက် ဝမ်းသာအားရကျေ နပ်သွားရပါမယ်။ အဲဒီလို စေတနာသုံးတန် တစ်ပြေးညီ ထက်သန်နေမှ အကျိုးပေးတဲ့ နေရာမှာလည်း အကွက်စေ့အောင် အကျိုးပေးသွားမှာပါ။ ပစ္စည်းရဲ့အနှစ်ကိုလည်း ကျေနပ်အောင် အပြည့်အဝရလိမ့်မယ်။ အောင်မြင်တဲ့ဒါန လည်းဖြစ်သွားမှာပါ။ လက်ထဲက လွှတ် လိုက်ရုံနဲ့ ဒါနဖြစ်တာ မဟုတ်ပါဘူး။
စေတနာစွမ်းအားပါမှ ဒါန လို့ခေါ်ဆိုရပါတယ်။ ဒီစေတနာပါမှဒါနဖြစ်တယ် ဆိုတဲ့အ ကြောင်းလေးနဲ့ပတ်သက်ပြီးတော့ ပုံပြင်လေး တစ်ပုဒ်ကိုသတိရ မိပါတယ်။ပုံပြင်လေးက ဒီလိုပါ။ တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင် မတန်မှ ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးကြီးနှစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီသူဋ္ဌေးနှစ်ဦး ဟာ ငယ်သူ ငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်မှ ချစ်ခင်ကြသတဲ့။ ဒါပေမဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူ ကြပါဘူး။
သူဌေးတစ်ယောက်က ဂုဏ်ပကာ သနတွေကို ခင်မင်ပြီး အလွန်ကြွား ဝါချင်ပါတယ်။စေတနာ၊ သဒ္ဓါမပါဘဲ နာမည်ကောင်း ရအောင်ဆိုပြီး အလွန်အကျွံ အလှူအတန်း လုပ်ပါတယ်။ ကျန်သူဌေးတစ်ယောက်က တော့လှူသင့်သလောက်လှူ၊ စားသင့်သလောက် စားပြီးရိုးရိုးအေးအေးပဲ နေထိုင်ပါသတဲ့။ အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာ လာတဲ့ အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်းအများ ကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်း ဥစ္စာတွေဆုံးပါးပြီး ဆင်းရဲသွားပါသတဲ့။
ဒါနဲ့ ဆင်းရဲ သွားတဲ့ သူဌေးဟာ သူ့မှာဘာမျှ ရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူပြု လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကိုပဲ သူ ငယ်ချင်းသူဌေးထံရောင်းချတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဇနီးဖြစ်သူ ကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဌေးထံ ထွက်လာခဲ့ပါတယ်။ အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ အမောအပန်းဖြေကာ ပါလာ တဲ့ထမင်းထုပ်ကို စားမယ်ဆိုပြီးဖြေလိုက်ပါ တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်လေးမို့ နှစ်ယောက်ဝေမျှပြီးစားရပါတယ်။
အဲဒီအခိုက်မှာ ခွေးပိန်လေး တစ်ကောင်ဟာ ယိုင် တိယိုင်ထိုးနဲ့ ဇရပ်အနားကပ်လာသတဲ့။ အဲဒီ အခါမှာထမင်းစားနေတဲ့သူဌေး ဆင်းရဲသား က”ရှင်မရယ်ကြည့် စမ်းပါဦး၊ ခွေးပိန်လေးဟာ အစာမစား ရတာကြာလို့ လမ်းကောင်း ကောင်းမလျှောက်နိုင်တာနဲ့တူပါရဲ့။ သနား စရာလေးကွာ၊ အခုတို့ စားနေတဲ့ထမင်းထုပ်ကို ခွေးကလေးကျွေးလိုက်ရအောင်” လို့ ဇနီးဖြစ် သူကိုပြောလိုက် ပါတယ်။ ဇနီးဖြစ်သူကလည်း သဘောကြည်ဖြူ စွာပဲသူတို့စားမယ့်ထမင်းထုပ် ကို”ခွေးပိန်က လေးဝအောင်စားပါစေ”ဆိုတဲ့စေတနာနဲ့ အကုန်လုံးချကျွေး လိုက်ပါတယ်။
သူတို့ နှစ်ယောက်ကတော့ ဇရပ်ဘေးနားက ရေအိုးစင်မှာ ရေအဝခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။ ဒီလိုနဲ့ သူငယ်ချင်းသူဌေးထံ သူတို့ဇနီး မောင်နှံ ရောက်သွားတဲ့ အခါ သူငယ်ချင်းသူဌေးကို ဆင်းရဲသွားတဲ့သူဌေးက”ငါတို့ပြုထား တဲ့ ကောင်းမှုကုသိုလ်တွေကို ရောင်းချဖို့ သူ ငယ်ချင်းထံလာခဲ့တာပဲ။ သဘောတူ ဝယ်ယူ မယ်ဆိုရင် တစ်ဘဝလုံးပြုထားတဲ့ ကုသိုလ် အကုန်ရောင်းခဲ့မှာ”လို့ပြောပြသတဲ့။
အဲဒီအခါမှာ သူငယ်ချင်းသူဌေးက လည်း ဝမ်းသာအားရနဲ့ ”ရောင်းသမျှ ကုသိုလ် ကောင်းမှုကို ဝယ်ယူပါ့မယ်ဗျ”လို့ဆိုလိုက်ကာ တစ်ဘဝလုံးပြုထားတဲ့ ကုသိုလ်ကောင်းမှုများ ကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာ အရင်းမခံဘဲ ဂုဏ်ပကာ သနကိုလိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေ ဖြစ်တာမို့လေးတယ်လို့မရှိဘဲငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ကျောင်းကုသိုလ်၊ ဇရပ် ကုသိုလ်၊ရေကန်ကုသိုလ် ဘာကုသိုလ်ပဲထည့် ထည့်ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကပဲ အလေးသာနေပါတယ်။
ဒီလိုနဲ့ တစ်ဘဝလုံးပြုခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေချပြီး ချိန်ကြည့် လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့ တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာ ထည့်ထားတဲ့ ငွေသားက လည်း မဖြစ်စလောက်(၁) ပိဿာ ပဲရှိသတဲ့။ ဒါတောင် ကုသိုလ်က မနိုင်ဘူးဖြစ်နေတယ်။
အဲဒီအခါ ကုသိုလ်ဝယ်မယ့် သူဋ္ဌေးက ”ဟင်၊ သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါ ဦး”လို့ပြောတော့ ဆင်းရဲသား သူဋ္ဌေးကလည်း ခေါင်းကုတ်ပြီးစဉ်းစားလိုက်တာ နောက်ဆုံး လမ်းခရီးမှာ ခွေးပိန်လေး တစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ကျွေးခဲ့ တဲ့ ကုသိုလ်ကပေါ်လာပါတယ်။ အဲဒါနဲ့ သူဋ္ဌေးဆင်းရဲသားလည်း ”ဟာ-သူငယ်ချင်း၊ တို့လင်မယား အခု မင်းဆီ လာတုန်း ကလမ်းမှာခွေးပိန် ကလေးကိုထမင်း ကျွေးခဲ့တဲ့ကုသိုလ် ကျန်နေသေးတယ်။
အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါ”လို့ ဝမ်းသာအားရပြောပြ လိုက်ပါတယ်။ အဲဒီအခါ ငတ်သေလုဆဲ ခွေးပိန်က လေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဟာ အနှစ်သာရ အပြည့်အဝပါတာ မို့ ကုသိုလ်ဘက်က အလေးသာပါသတဲ့။ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးက လည်းသူပိုင်ငွေသား တွေသာမကရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲအလေးသာနေတယ်။
နောက်ဆုံး သူပိုင်ဆိုင် သမျှ ဥစ္စာဓနတွေ အကုန်လုံးပုံ ထည့်ပေးတာတောင်မှ ခွေးပိန် ကလေးကိုထမင်းကျွေးခဲ့တဲ့ကုသိုလ် ဘက် ကပဲ အလေးသာနေတော့ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးက”ကဲ-သူငယ်ချင်း၊ ငါ့စည်းစိမ်တော့ ကုန်ပြီ၊ ငါ့အတွက်ပစ္စည်း တစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက် အတွက် ငါ့ပစ္စည်းတစ် ဝက်ကိုသာယူသွားပေတော့”လို့ဆိုပြီးကုသိုလ် တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓန တစ်ဝက် ကို ဆင်းရဲသွားတဲ့ သူဋ္ဌေးအား ခွဲဝေပေးလိုက်ပါသတဲ့။
ပြီးတဲ့အခါမှာတော့”သူငယ်ချင်း၊ နောက် ဆိုရင် သဘောပေါက်၊ စေတနာရှိမှ လှူပါ ကွာ၊ ဂုဏ်ပကာသနကို မမက်မောပါနဲ့။ ဂုဏ်ပကာသနကို မက်ရင်၊ မောရတယ်။ ပျော်ရုံ သက်သက်ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ် ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမှ မဖြစ်ထွန်းပါဘူး။ အသိဥာဏ်နဲ့ယှဉ်ပြီး ကုသိုလ် ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ် ခဲတည်းအကျိုးပေးပါတယ်”လို့သတိပေး စကားလည်း ပြော ကြားလိုက်ပါသေးသတဲ့။ ပုံပြင်လေးကတော့ဒါပါပဲ။
ဒီပုံပြင်လေးဟာ နည်းနည်း ဒဏ္ဍာရီ ဆန်ပေမယ့် တကယ့်ဘဝက လူသားတွေကို တော့ ထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒါန ကောင်းမှုပြုလုပ် တဲ့အခါ စေတနာဒါန၊ ဝတ္ထု ဒါနနှစ်မျိုးမှာ စေတနာဒါနကသာ ပိုပြီး ပဓာ နကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ ညောင်စေ့ ကလေးလောက် လှူပြီး ညောင်ပင် ကြီး လောက် အကျိုးရတာတွေရှိသလို၊ ညောင်ပင်ကြီးလောက် လှူဒါန်းပြီး ညောင်စေ့လေးလောက်ပဲ အကျိုးရတာတွေလည်း ရှိတတ်ပါတယ်။
ဒါဟာ စေတနာတရားက ခွဲပေးလိုက်တာပါပဲ။ ဒီနေ့မှာပညာရှိသူတော်စင်များ အလှူ ဒါနပြုလုပ်တဲ့အခါမှာ မူ(၅)မျိုး ချမှတ်ပြီးတော့လှူဒါန်းပုံလေးကို ရေးပြလိုက်ပါတယ်။ ဗဟုသုတ အဖြစ် မှတ်ထားလိုက်ပါဦး။ ပညာရှိသူတော်စင်များဟာ အလှူဒါန ပြုလုပ်တဲ့အခါမှာ မူ(၅)မျိုး ချမှတ်ပြီးတော့ လှူဒါန်းလေ့ရှိကြပါတယ်တဲ့။
ဘယ်လိုမူ(၅) မျိုးချပြီး လှူဒါန်း သလဲဆိုတော့-
၁။ သဒ္ဓါတရားထက်သန်စွာနဲ့ ယုံယုံကြည် ကြည်လှူပါတယ်။
၂။ ပစ္စည်းဥစ္စာကိုလည်း သန့်သန့်ရှင်းရှင်းထား၊ အလှူခံပုဂ္ဂိုလ်ကိုလည်း လေးစားပြီး ရိုရိုသေ သေလှူပါတယ်။
၃။ လိုအပ်တဲ့အခါလိုအပ်တာကိုလှူပါ တယ်။
၎။ အလှူခံပုဂ္ဂိုလ်နဲ့ အလှူဝတ္ထုပစ္စည်းအပေါ် မငြိကပ်၊ မတွယ်တာဘဲ လွတ်လွတ်ကျွတ် ကျွတ်၊ ပြတ်ပြတ်သားသားလှူပါတယ်။
၅။ မိမိနဲ့သူတစ်ပါးကို မထိပါး၊ မပုတ်ခတ်ဘဲ လှူတယ်။ အပြိုင်အဆိုင်စိတ်မျိုးနဲ့ မလှူဘဲ၊ ပစ္စည်းဝတ္ထုရဲ့အနှစ်ကို ထုတ်ယူတဲ့အနေနဲ့ပဲ လှူဒါန်းပါတယ်။ ပညာရှိ သူတော်စင်များ ချမှတ်ပြီး လှူတဲ့မူ(၅)မျိုးပါ။
ကဲ-စာဖတ်သူ၊ စာဖတ်သူလည်း အလှူ ဒါနတစ်ခု ပြုလုပ်တဲ့အခါမှာ နာမည်ကောင်း ရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ၊ စေ တနာ၊ ပညာ ပြည့်ဝရေးကိုသာ အထူးဂရုပြု ပြီး လှူဒါန်းပေါ့နော်။
ဆောင်းပါးလေးကို ယောဆရာတော်ရဲ့ ”ဒါနအကျိုး ငါးမျိုး”လင်္ကာလေးနဲ့ နိဂုံးချုပ် လိုက်ပါတယ်။
ဒါနပြုသူ၊ ချစ်ခင်သူ၊ ပြောထူပြည့်ဝသည်။
ငြိမ်သက်ကြည်လင်၊ ပညာရှင်၊ ထွက်ဝင် ချည်းကပ်၊ ကြုံရသည်။
ကောင်းသတင်းများ၊ လွန်ကျော်ကြား၊ ပြန့်ပွားရလေသည်။
ကိုယ်ကျင့်တရား၊ မကင်းငြား၊ ခန့်ညား ထည်ဝါသည်။
သေပြီးသည့်နောက်၊ ကောင်းရာရောက်၊ စားသောက်သုံးဆောင် ပြည့်စုံသည်။
အရှင်သုမနသာရ (ဖြူး)
Monday, April 27, 2015
အိပ်နေသူနှင့် သွားနေသူ
''အိပ်နေသူနှင့် သွားနေသူ''
ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်ထိသွားပါတယ်။ လှူတဲ့အခါ ရေအောင်မိုးအောင်ဖြစ်ဖို့ပဲ လိုပါတယ်။ အဖျင်းတော့ မဖြစ်စေနဲ့ပေါ့။ ဒါလှူရင် ဘာရမလဲဆိုတဲ့ အမျှော်မပါရဘူး။ ဒါနဆိုတာ စွန့်လွတ်တာ။ ရယူတာမဟုတ်ဘူး။ သီလက စောင့်ထိန်းတာ၊ ဘယ်အာရုံလာလာ အာရုံနောက် ကိုယ့်စိတ် ပါမသွားအောင် စောင့်ထိန်းတာ။ အမြင်အာရုံဆိုရင် မျက်စိထိပ်က သတိနဲ့စောင့်ရမှာ။ အဲဒါဥပုသ်။
အဲဒါ သီလအာရုံနောက်က
ပညတ်ကပ်ပါလာရင် ကိလေသာဝင်လာမှာပေါ့ ။ ဒါဘယ်သူလဲ ဆိုကတည်းက ကောင်းတယ်ဟေ့ ဆိုးတယ်ဟေ့
ဆိုတာတွေ လိုက်လာတော့မှာ အာရုံနောက်က ကိလေသာ ၀င်ခွင့်မရအောင် စောင့်တာသီလ၊ အဲဒီသီလမျိုး
တစ်ချီသာအောင် ၊ ဒါနကလည်း ရေအောင်မိုးအောင် စေတနာသာ ထက်ပစေ။ စေတနာသာမျိုးစေ့ မဟုတ်ဘူးလားဗျ။
စပါးတို့မြေပဲတို့
မျိုးစေ့တစ်ခုကို အခွံလေးနှစ်ခုနဲ့ ဟိုဖက် ဒီဖက်အုပ်ထားတာ ၊ အလှူခံနဲ့ အလှူရှင်သည်
အခွံနှစ်ခုပဲ။ အလှူခံပုဂိုလ်ရဲ့ သီလကမြေ။ ဒီမြေပေါ်မှာ ဒီမျိုးစေ့ချရတာ။ မျိုးစေ့က အဆံချောင်
အဆံကပ် အဖျင်းအမှော် မဖြစ်လို့မရဘူး။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ သွားတယ်ဆိုတာ ပြောရဦးမယ်။
ပဒုမုတ္တရ
ဘုရားလက်ထက်တော်က ထင်းခုတ်သမား တစ်ယောက်ရှိသတဲ့ ။ သူ့မှာ ဆင်းဆင်းရဲရဲနဲ့ ၀မ်းကျောင်းနေရတော့
သူများတွေဘုရားသွား ကျောင်းတက်လုပ်လည်း သူ့မှာ မသွားနိုင်ရှာဘူးတဲ့ ။
လူက ဘုရားဆီ မသွားနိုင်ပေမယ့် သူ့စိတ်က ဘုရားဆီမှာ ၊ သူ့စေတနာက ဘုရားဆီမှာ ၊ တောထဲ ထင်းခုတ်ရင်း သစ်ပင်ကြီးတစ်ပင် ကောင်းကောင်းလှလှကြီးပေါ့ဗျာ။
လူက ဘုရားဆီ မသွားနိုင်ပေမယ့် သူ့စိတ်က ဘုရားဆီမှာ ၊ သူ့စေတနာက ဘုရားဆီမှာ ၊ တောထဲ ထင်းခုတ်ရင်း သစ်ပင်ကြီးတစ်ပင် ကောင်းကောင်းလှလှကြီးပေါ့ဗျာ။
ဒီ သစ်ပင်ကြီးတော့ သူခုတ်မယူတော့ဘဲ သစ်ပင်ကြီး ပင်စည်ကိုကိုင်ပြီး …. ဒီသစ်ပင်ကြီးကို ရွှေပင် ငွေပင်ကြီး အဖြစ်နဲ့ သူ့စိတ်က ရည်မှန်းပြီး ဘုရားကို အဝေးကနေ လှမ်းပြီးတော့ လှူသတဲ့ဗျ။
ခင်ဗျားတို့လို
လာစရာလိုသလားဗျ။ သူ့စိတ်က သွားနေတာကို သူ့စိတ်က ဘုရားဆီမှာ စေတနာ ထက်သန်လှတော့ ကိုယ်တိုင်
ကိုယ်ထိလက်ရောက် မလှူဘဲ ဟိုးအဝေးကြီးက တောကြီး မြက်မဲကြီးထဲက ဒါနတစ်ခု အောင်သွားလိုက်တာ
တို့ဘုရားရှင်လက်ထက်မှာ “ပုပ္ပရုက္ခမထေရ်” ဆိုတဲ့ ဘွဲ့ထူးနဲ့ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွားတယ်ဗျ။
အဲဒါဘာ လို့လဲ။ “စေတနာအောင်လို့ပါဘုရား”
စေတနာမျိုးစေ့
အရေးကြီးတာ ၊ လှူဖွယ်ဝတ္ထုက အရေးမကြီးဘူး။ စေတနာမှာလည်း သူများစေတနာ မဆိုထားနဲ့ ကိုယ့်စေတနာကိုယ်တောင်
မထိပါး မပုတ်ခတ်ရဘူး။ သူများအလှူကိုလည်း မထိပါး မပုတ်ခတ်နဲ့ ။ ကိုယ့်အလှူကိုယ်လည်း
ငါ့လှူတဲ့ပစ္စည်းက ညံ့လိုက်တာ ၊ တန်ဖိုး နည်းလိုက်တာ စသည်ဖြင့် ထိပါး ပုတ်ခတ်မိရင်
စေတနာမျိုးစေ့ အဆံချောင် သွားတတ်သနော် ။
အဲဒီတော့
စေတနာမှန်မှန် ထက်ထက်သန်သန်နဲ့သာလှူ။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ အကျိုးပေးပါတယ် ။
တရားလည်း တစ်ခါသာ ထိထိမိမိ နာလိုက်စမ်းပါ။ တစ်ခါနာပြီး လုပ်ဖို့ပဲလိုပါတယ် ။ ကြိုးစားလိုက်စမ်းပါ။
တို့ဆီလာတာထက် ကိုယ့်အိမ်မှာ တစ်နာရီလောက် အားထုတ်လိုက်ရင် ဒီလာတာထက် တန်ဖိုးကြီးတယ်။
ဒီကိုလာတာ
ပုဂ္ဂိုလ်လာတာ အားထုတ်မှဥာဏ်လာတာ။ ပုဂ္ဂိုလ်နဲ့ ဥာဏ် ဘယ်ဟာတန်ဖိုးကြီးသလဲ။
“ဥာဏ်ကတန်ဖိုးကြီးပါတယ်ဘုရား”
တစ်နာရီရရင်
တစ်မိနစ်တိုးပြီး ဆက်အားထုတ်သွား တို့ကိုယ်တော်ကြီး အပင်ပန်းခံဟောထားတာ ဆိုပြီး ဆက်အားထုတ်ပါ။
တို့မှာ အမောခံပြီး ဟောနေရတာ။ တို့မှာ နားရတယ်မထင်နဲ့ ။ တို့လည်း သွားနေရတယ်။ တို့ကသွားနေရင်
တို့ပရိတ်သတ်ကလည်း နောက်ကလိုက်ရမှာ။ ရပ်မနေကြ စမ်းပါနဲ့။ တို့သွားနေတာ အိပ်ချိန်ကိုမရှိတာ။
တို့ရှေ
့က သူတော်ကောင်းကြီးတွေလည်း မအိပ်မနေ အားထုတ်ခဲ့တာပဲ။ တို့ဥပဇ္ဈာယ် အဘ၀ိမလ (မိုးကုတ်ဆရာတော်ဘုရားကြီး)
တို့ဆိုရင်လည်း တစ်ညလုံး အားထုတ်သွားတာ။ တို့ကိုလည်း သူတို့လို အားထုတ်စေချင်တော့ ဥပါယ်တမျည်နဲ့
တို့ကို လမ်းပြသွားပုံလေး ပြောရဦးမယ် ။
“မင်းမရှိတော့
ငါကပျင်းပြီး အိပ်ပျော်သွားတတ်သကွ၊ ဒီတော့ ငါနဲ့လာအားထုတ်ကွ” တဲ့။ အဲဒါ တို့ကို မအိပ်မနေ
မိုးအလင်း အားထုတ်စေချင်လို့ ပြောတာ။
ဥပဇ္ဈယ်ဆရာကိုယ်တိုင်လည်း
တစ်ညလုံးအားထုတ်တာ။ အာရုံဆွမ်းကပ်ချိန်အထိ တောက် လျှောက် အားထုတ်တာ၊ အာရုံဆွမ်းစားပြီး
ဘယ်မှကိစ္စမှ မရှိရင် ခဏလေး မှေးပါတယ်။ ကိစ္စရှိရင် မမှေးတော့ဘူး။ ကိစ္စရှိတယ်ဆိုတာ သူတို့ကိစ္စတွေက
သိပ်လေးနက်ပါတယ်။ တစ်ရက်ကတော့ အာရုံဆွမ်းကပ်ကာနီးမှာ တို့ ဥပဇ္ဈယ် ဖျားနေတယ်။
“ဆရာတော် ဖျားနေတယ်ဘုရား” ဆိုတော့
”အေး ငါလေစိမ်းမိခဲ့လို့ကွ”
တဲ့။
ဒီမှာကျောင်းခန်းထဲမှာရှိနေတာ။ ညကဘယ်မှကြွတာမဟုတ်ဘူး။ ဘယ်သွားလို့လေစိမ်းမိတာလဲ ၊ စိတ်လေစိမ်း တိုက်တာ ကိုယ်လာဖျားတာ။
ဒီမှာကျောင်းခန်းထဲမှာရှိနေတာ။ ညကဘယ်မှကြွတာမဟုတ်ဘူး။ ဘယ်သွားလို့လေစိမ်းမိတာလဲ ၊ စိတ်လေစိမ်း တိုက်တာ ကိုယ်လာဖျားတာ။
အဲဒီနောက်
မော်လမြိုင်ဘက်ကြွတော့မှ ဇင်းကျိုက်တောင် လက်ညှိုးထိုးပြပြီး “ငါဖျားတာ အဲဒီသွားလို့ကွ”
တဲ့။ ဇရပ်လေးကလည်း တစ်လုံးတည်း လေကလည်း တဟူးဟူးကွတဲ့ သွားနေလိုက်ကြတာ မနားကြဘူး။
တာဝန်ခံရရင် ပိုမနားရဘူး။ သွားနေတယ်နော်။ တို့ဒကာ ဒကာမတွေရော နားရုံမက အိပ်နေကြ သလား။ တာဝန်ခံတွေက သွားနေကြတာ။ နားရတာ မဟုတ်ဘူး။ တို့ဟာက အိပ်နေကြတာပါဗျာ။
ဝေဘူဆရာတော်ကြီး
ပြောသလို သံသရာအဆက်ဆက် အိပ်လာခဲ့ကြတာ ခုချိန်ထိ မနိုးကြသေး ဘူးလား။ အိပ်လို့မ၀တာ၊ မအိပ်ရင်
ဝသွားလိမ့်မယ်တဲ့ ။
ဘယ့်နှယ်တုန်း
၊ အဲသူတို့ သိပ္ပံပညာဆိုတာ (သိပ်ပန်း) ကြီးက ပြောသဗျ။ လူတစ်ယောက် ၆ နာရီ အိပ်မှ ၀သတဲ့
။ တို့ဘုရားဘက်က မအိပ်မှ လန်းဆန်းတာတဲ့ ။ ဘာကွာတာတုန်း။
လူတွေက
ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ် အလုပ်မလုပ်ဘူး။ သူများစိတ်နဲ့ အလုပ်လုပ်တာ သူများပစ္စည်း
ပိုက်ဆံ လိုချင်တာကိုး။ အားရတယ်မရှိဘူး။
အနောက်နိုင်ငံက
ဘီလျံနာသူဌေးကြီးဆိုတာတွေ ငါတော့ဘီလျံနာ ဖြစ်ပြီဆိုပြီး စီးပွားရေး လုပ်ငန်းတွေ ရပ်ထားတာရှိလား။
“ရပ်မထားပါဘုရား”
အာရပ်ရေနံဆီကုန်သည်တွေရော။
“မရပ်ပါဘုရား”
မရပ်မနား လောဘ သွားနေသလောက် နောက်က သောကလိုက်နေတယ်။
“ရပ်မထားပါဘုရား”
အာရပ်ရေနံဆီကုန်သည်တွေရော။
“မရပ်ပါဘုရား”
မရပ်မနား လောဘ သွားနေသလောက် နောက်က သောကလိုက်နေတယ်။
လောဘတွေ
သောကတွေနဲ့ ဆိုတော့ လူသာချမ်းသာတာ၊ စိတ်ပင်ပန်းမှာပေါ့။ နင်တို့ရန်ကုန် ဘီးမုန့်လုပ်သလို
အထက်မီး အောက်မီးနဲ့ လုပ်ကြရတာ။ အပြင်ပူ အတွင်းပူနဲ့ နေပူမိုးရွာ မရှောင် လုပ်ကြရတာ
နွမ်းမှာပေါ့ ။ ကိုယ်ပန်းစိတ်ပန်း ထိနမိဒ္ဓ ၀င်တော့ အိပ်ပေးရတယ်။
မအိပ်ခင်
သေချာပြန်ကြည့်ပါ။ လောဘနဲ့ သောကခံနေလို့ ၀င်လေထွက်လေဟာ ချက်တိုင်အထိ မရောက်ဘဲ လည်ချောင်းလောက်က
ပြန်ထွက်နေရတာ ။ ဘ၀င်လေက မြှင့်တင်သလောက် အောက်ကလေ အပေါ်ထောင်တက်နေတာလေ ။ အောက်လေ (တွန်းကန်လေ)က
သွေးတစ်ဝက် ဖိထားတဲ့အတွက် တို့လှုပ်ရှားလေသည် အောက်ထိ မဆင်းနိုင်ဘူး။ ဒီတော့ရှိရှိသမျှ
အပူအပုပ် ခန္ဓာကိုယ်ထဲ အောင်းနေတာပေါ့။ ကိုယ်မှာ အကြောတွေက တစ်ဆင့် ရိုးတွင်းခြင်ဆီထိ
သွားရတာ ။ အဲဒါ သောကရှိနေသရွေ့  အိပ်မပျော်ဘူး။ ၀င်လေထွက်လေက တကယ်အိပ်ပျော်သွားမှ အလုပ်လုပ်တာ။
တို့ခေတ်က စည်ပင်လိုပေါ့။ ည ၁၀ နာရီလောက် ကားရှင်းမှ သန့်ရှင်းရေးလုပ်ကြရတာ ။ အခုလည်း ၀င်လေထွက်လေက လူအိပ်မှ သူ့လမ်း သူသွား သူ့အလုပ်သူ လုပ်ရတာ န္ဓာကိုယ် အစာအိမ်ထဲမှာ အပူအပုပ်က အောင်းနေတာ။ အဲဒါဝင်လေက သန့်ရှင်းပေး ထွက်လေက အပူအပုပ် ထုတ်ပစ်တာ။ ဝင်လေကြောင့် အေးတယ်။ ထွက်ကြောင့် ပူအပုပ်ကုန်တဲ့ချိန် နိုးလာတာ။ လန်းလန်းဆန်းဆန်းပဲ။ အပူအပုပ်မကုန်ခင် နိုးလာရင် တစ်ယောက်ယောက်က လာနိုးလို့ပဲဖြစ်ဖြစ် လန့်နိုးလာရင် ခေါင်းက ကိုက်ရော၊ ဒီတော့မေးရဦးမယ်။
အိပ်လို့အားရှိတာလား
၊ အပူအပုပ်ကုန်လို့ အားရှိတာလား။
“အပူအပုပ်ကုန်လို့ပါဘုရား”
အဲဒီလိုသာ အလုပ်လုပ်နေရင်း လာဘတွေ သောကတွေ ၀င်ခွင့်မပေးဘဲ ၀င်လေထွက်လေ ရှူရှိက်ပြီး လုပ်နေရင် အပူအပုပ် ၀င်ပါဦးမလား။
“မ၀င်ပါဘုရား”
အိပ်ဖို့လိုသေးလား။
“မလိုတော့ပါဘုရား”
သူတို့နဲ့ တို့နဲ့ ကွာတာ ဒါပဲ။ မအိပ်ဘဲ အလုပ်လုပ်နိုင်ပြီ။ တို့ဘ၀နဲ့တို့ အချိန်တန်ဖိုးကြီးလွန်းလို့ အချိန်တွေ အိပ်ပြီး ဖြုန်းတီးမပစ်ပါနဲ့ ။ ကုန်လွန်သွားတဲ့ အချိန်တွေ ပြန်လိုချင်လို့ ရသလား။
အဲဒီလိုသာ အလုပ်လုပ်နေရင်း လာဘတွေ သောကတွေ ၀င်ခွင့်မပေးဘဲ ၀င်လေထွက်လေ ရှူရှိက်ပြီး လုပ်နေရင် အပူအပုပ် ၀င်ပါဦးမလား။
“မ၀င်ပါဘုရား”
အိပ်ဖို့လိုသေးလား။
“မလိုတော့ပါဘုရား”
သူတို့နဲ့ တို့နဲ့ ကွာတာ ဒါပဲ။ မအိပ်ဘဲ အလုပ်လုပ်နိုင်ပြီ။ တို့ဘ၀နဲ့တို့ အချိန်တန်ဖိုးကြီးလွန်းလို့ အချိန်တွေ အိပ်ပြီး ဖြုန်းတီးမပစ်ပါနဲ့ ။ ကုန်လွန်သွားတဲ့ အချိန်တွေ ပြန်လိုချင်လို့ ရသလား။
“မရပါဘုရား”
ငွေကုန်သွားရင်
ငွေပြန်ရှာလို့ ရနိုင်ပါတယ်။ အချိန်ကုန်သွားတာ အချိန်ပြန်ရှာလို့ မရနိုင်လို့ အချိန်ရှိခိုက်
လုံ့လစိုက်ကြစမ်းပါ။
ကျေးဇူးတော်ရှင်
ဝေဘူးဆရာတော်ကြီး မိန့်ခဲ့သလိုပေါ့။
“တို့က ခန္ဓာကိုယ်ကြီးကို ပိုးစာလောက်စာအဖြစ်တောင် ချန်မထားရစ်ခဲ့ဘူးဗျ။ တို့က ကိုယ့်ကိုယ်ကိုယ် အကုန် အသုံးချသွားမှာတဲ့ ” ။
“တို့က ခန္ဓာကိုယ်ကြီးကို ပိုးစာလောက်စာအဖြစ်တောင် ချန်မထားရစ်ခဲ့ဘူးဗျ။ တို့က ကိုယ့်ကိုယ်ကိုယ် အကုန် အသုံးချသွားမှာတဲ့ ” ။
ခင်ဗျားတို့ကကော
ဒီခန္ဓာကိုယ်ကြီးကို မီးစာမြေစာ ကျွေးကြမှာလား။ ငရဲ ဗြိတ္တာ တိရစ္ဆာန် ဘ၀တွေရောက်မှ တရားအလုပ်
လုပ်ချင်လို့ရမလား။
“မရပါဘုရား”
အဲဒါ အချိန်ပုပ် အရွယ်ပုပ် ဘ၀ပုပ်တွေ…….။ နတ်တွေလည်း ဒီက (လူ့ဘ၀က) တရားအခြေခံ ပါသွားမှ ဟိုမှာကျင့်လို့ရတာ တရား ပါမသွားရင် အလကားပဲ။ နတ်ဖြစ်လည်း တရားမရ အလကားပဲ။
“မရပါဘုရား”
အဲဒါ အချိန်ပုပ် အရွယ်ပုပ် ဘ၀ပုပ်တွေ…….။ နတ်တွေလည်း ဒီက (လူ့ဘ၀က) တရားအခြေခံ ပါသွားမှ ဟိုမှာကျင့်လို့ရတာ တရား ပါမသွားရင် အလကားပဲ။ နတ်ဖြစ်လည်း တရားမရ အလကားပဲ။
လူတွေရဲ
့တစ်နေ့တာမှာ “မောဟ - အတွေး” က ပိုများပါတယ်။ လောဘကြိုက်တဲ့ အချိန်ဝင်တယ် ။ ဒေါသက မကြိုက်တဲ့
အချိန်ဝင်တယ်။ မောဟက များတယ်။ မောဟက အောက်ဆွဲ။ သတိက မောဟ(အတွေး) နဲ့ ဆန့်ကျင်ဘက်။ ပြီးတော့
သတိက အခုမှမွေးရမှာ ၊ တောကြောင် အိမ်ခေါ်မွေးရသလို အတွေးမောဟက ငယ်စဉ်ကတည်းက ပါလာတာ။
ပြီးတော့ စိတ်ရဲ့ သဘာဝက သတိကို အတင်မခံဘူး။ စိတ်ကို
ဓာတ်က အားပေး အားမြှောက် လုပ်ထားတယ်။ ဒီကိုယ်ကောင်ကြီးကလည်း ဇာတ်ကောင်ကြီး ဆိုတော့
စိတ်က ဓာတ်တည့်ရင် ကြိုက် ၊ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး။ အာရုံတွေကလည်း စိတ်ဘက်က ၊
အတွေးဘက်က သူ့ဘက်က ဒီလောက်အား များနေတာ။ ကိုယ့်မှာက အခုမှ မွေးကင်းစ သတိလေးနဲ့ မှတ်ရမှာ။
ဒီတော့
မအိပ်ဘဲ တိုက်ရိုက် မတည့်တဲ့ နိုင်ငံချင်း ကြိမ်းသလို အပြုတ် လိုက်တိုက်မယ်ဆိုပြီး
ကိလေသာကို တိုက်ရမှာနော်။ တို့ဟာတွေက ဘယ်လိုလဲ ။ တိုက်ဖို့ နေနေသာသာ ကြိမ်းကို မကြိမ်းရဲတာ
ထင်တယ်နော်။
အင်း ဝေဘူဆရာတော်ကြီးပြောသလို
ပြောရဦးမယ်။ ဘုရားကျောင်းကန် ရောက်တုန်းကတော့ လောဘ မကောင်းကြောင်း ပြောရတာပ။ အဲဒါဗျာ
လောဘက ခေါင်းလေး တညိတ်ညိတ်နဲ့ နားထောင်နေသတဲ့။
ပြီးတော့ လောဘက ဘာပြောတယ်မှတ်သလဲ။ ပြောတော့သာ လောဘမကောင်းကြောင်း ။ လုပ်တော့ လောဘအတွက်ချည်းပဲတဲ့။
ကဲခင်ဗျားတို့ကော ပြော။ ဘာအတွက်လုပ်နေကြတာတုန်း။ ကဲဗျာ ဘာသံမှမထွက်တော့ဘူး။
ပြီးတော့ လောဘက ဘာပြောတယ်မှတ်သလဲ။ ပြောတော့သာ လောဘမကောင်းကြောင်း ။ လုပ်တော့ လောဘအတွက်ချည်းပဲတဲ့။
ကဲခင်ဗျားတို့ကော ပြော။ ဘာအတွက်လုပ်နေကြတာတုန်း။ ကဲဗျာ ဘာသံမှမထွက်တော့ဘူး။
အဲဒါ ရန်သူ့လက်ထဲက
သုံ့ပန်းလို ဖြစ်ကုန်ကြပြီ။ ရန်သူ့လက်ထဲက သုံ့ပန်းက ဘယ်လိုနေရလဲ။ ထောင်ထောင်လွှားလွှားကြီးနေသလား။
ကုပ်ကုပ်ကလေးနေသလား။
“ကုပ်ကုပ်ကလေးပါဘု၇ား”
ကိလေသာရန်သူ့
လက်ထဲက သုံ့ပန်းတွေ ဖြစ်ကုန်ကြပြီ ။ ရန်သူမို့ မျက်နှာ ချိုသွေးပြီး ရယ်ပြရင်တောင်
ဟိုက ပြောင်တယ်ဆိုပြီး ရိုက်မှာဗျနော်။
သုံ့ ပန်းဘ၀နဲ့ နေမှာလား။ လွတ်အောင်၇ုန်းမှာလား။
သုံ့ ပန်းဘ၀နဲ့ နေမှာလား။ လွတ်အောင်၇ုန်းမှာလား။
“လွတ်အောင
်ရုန်းမှာပါဘုရား”
အထက်တက်ချင်လို့ ကုသိုလ်နဲ့ပဲ လူဖြစ်လာတာ ၊ အထက်တက်ကြဖို့ဗျ။ လူဆိုတာ ကုသိုလ် အရင်းအမြစ် ပါလာတယ်။ အထက်တက်ဖို့လိုတာ ထိုင်နေလို့ မရဘူး။ အိပ်နေလို့မရဘူး။ သွားရမှာနော်။
တို့ဘုရား
တို့သာသနာက လမ်းပြပြီးသားပါ။ သတ္တာဒေ၀မနုသာနံ ဆိုတာလမ်းပြတဲ့ ဆရာ။ လမ်းပြတွေ အများကြီးတွေ့ခဲ့ပြီ။
ဘုရားတွေ အများကြီး ပွင့်ခဲ့ပြီ။ ရဟန္တာတွေ အများကြီးး ပွင့်ခဲ့ပြီ။
ဘာ လို့လွဲနေသလဲ။ တော်တော် အရှောင်ကောင်းကြသနော်။ အခုတို့ဆီလာတော့ တို့ကလည်း လမ်းပြလိုက်ပါတယ်။ ပြလိုက်တဲ့ လမ်းးအတိုင်း သွားကြဖို့ပဲ လိုပါတယ်။
သွားမှာလား ရပ်နေမှာလား အိပ်နေမှာလား ။ “”
“သွားမှာပါဘုရား”
ဘာ လို့လွဲနေသလဲ။ တော်တော် အရှောင်ကောင်းကြသနော်။ အခုတို့ဆီလာတော့ တို့ကလည်း လမ်းပြလိုက်ပါတယ်။ ပြလိုက်တဲ့ လမ်းးအတိုင်း သွားကြဖို့ပဲ လိုပါတယ်။
သွားမှာလား ရပ်နေမှာလား အိပ်နေမှာလား ။ “”
“သွားမှာပါဘုရား”
အိပ်နေသူနဲ့
သွားနေသူ ခရီးချင်းဘ ဘယ်လောက် ကွာသွားမယ် မှတ်သလဲ။ တစ်နာရီ အိပ်နေရင် တစ်နာရီ ဝေးသွားမယ်။
တစ်ရက် တစ်ပတ် တစ်နှစ် အချိန်နဲ့အမျှဝေး……ဝေး သွားမယ်။ အိပ်နေရင် ကိလေသာ ရန်သူ့လက်ထဲ
ကျန်ခဲ့မယ်။
ဝေဘူဆရာတော်ကြီးက
ဝီ၇ိယ ဗိုလ်တင်ပြီး ပွင့်တာဆိုတော့ ဘယ်အချိန် ဘယ်မှာဟောဟော ၀ီရိယနဲ့ သွားဖို့ဟောတယ်။
ဝေဘူက သတ္တိကောင်းသကိုးဗျ။ ရဲတင်းတဲ့ ၀ီရိယပဲ ဟောမှာ။ တို့က သူ့လောက်သတ္တိ မကောင်းတော့
သတိပဌာန် ၊ သတိပဲဟောမှာ။ ထမင်းချက်ရင်းရတဲ့နည်း ။ ဘာလုပ်လုပ် သတိပါရင် ပြီးတာပဲဗျာ။
အတွေးမရှိရင် သိတော့တာပဲ။ သတိရဲ့ တာဝန်က မတွေးဖြစ်လို့ပဲ။ တို့က သတိနဲ့ သွားရမှာ။
နောင်နှစ်လာလည်း
ဒီသတိပဲ ဟောမှာပဲ။ အဲဒါတရား အစစ်ဆေး အခံနိုင်မှ လာခဲ့ကြ။ ကိလေသာ ရန်သူနယ်မြေက လွတ်ပါပြီဘုရားလို့
လျှောက်နိုင်မှ လာခဲ့ကြ။ လောကုတ္တရာတရား ကိုးပါးဖြင့် ဆီလျော်သော သတိကျင့်ဝတ်ဖြင့် ဗုဒ္ဓတရားကို
ပူဇော်နိုင်မှ တရားဖြင့် ပူဇော်တာ။ တရားနဲ့ ပူဇော်တာ အမြတ်ဆုံး။ လှူဖွယ်ဝတ္ထုတွေက ဆိုင်ကပစ္စည်းတွေ
အတွင်းပစ္စည်း ပြစရာမရှိလို့ အပြင်က ပစ္စည်းဝယ်လာပြီး ပူဇော်တာ။ တရားနဲ့ ပူဇော်ကြစမ်းပါ။
တရားနဲ့ လှူကြစမ်းပါ။
ဒီတော့ ပြောရဦးမယ်ဗျ။ ဝေဘူဆရာတော်ကြီး ခန္ဓာဝန်ချမယ့်နှစ် အဖျားက ၁၀၄ ရှိတယ်။ ဆွမ်းခံကြွတုန်းဗျ။ ဆရာတော်ကြီး ဖျားနေပါတယ်ဘုရားလို့ လျှောက်တော့
“ ငါဖျားတာ နင်တို့တရား အားမထုတ်လို့” တဲ့ဗျ။
အဲဒါပဲ တို့မဟာမြိုင်တောကြီးထဲ ဖျားနေရင် နင်တို့ တရား အားမထုတ်လို့ပဲ ဘယ့်နှယ်တုန်း။
(မဟာဗောဓိမြိုင်
ဆရာတော် ဘုရား မှ မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)
Sunday, April 26, 2015
သစ္စာနဲ့ တာဝန်
သစ္စာနဲ့ တာဝန်
အို နာ သေမှု အစရှိတဲ့ လူသဘာဝ အတိုင်း ဖြစ်ပျက်နေတဲ့ သင်္ခါရဓမ္မတွေကို မကျေ နပ်စရာ(အပ္ပိယ) လို့ စွဲလမ်းနေသမျှ " မုန်း ဆုံ" ဒုက္ခနဲ့ ကြုံနေရမယ်။ ကျေနပ်စရာ (ပိယ) လို့ စွဲလမ်းနေရင် လည်း"ချစ်ကွဲ" ဒုက္ခနဲ့ ကြုံနေရမယ်။ မရနိုင်တာကို လိုချင် စွဲလမ်း နေသမျှ "လိုတာမရ"တဲ့ ဒုက္ခ နဲ့ ကြုံနေရမယ်။
သစ္စာလေးပါးလုံးမှာပဲ တစ်ပါး တစ်ပါးစီမှာ"သစ္စ၊ ကိစ္စ၊ ကတ" ဆိုပြီး အခြင်းအရာ သုံး မျိုးစိ ရှိပါတယ်။
သစ္စဉာဏ် ဆိုတာ အမှန်အတိုင်း နာယူသင်ကြားထားတဲ့ အသိပါ။
ကိစ္စဉာဏ်ဆိုတာ မဇ္ဈိမလမ်းအတိုင်း လျှောက်သူ တို့ရဲ့ လိုက်နာ ကျင့်သုံးရင်း သိလာမယ့် တာဝန်ပိုင်း အသိဖြစ်ပါတယ်။
ကတဉာဏ် ဆိုတာကတော့ တာဝန်ကျေပွန် ပြည့်စုံတဲ့ အတွက် ရရှိတဲ့ ရလာဒ် အသိပါပဲ၊
သာသနာသုံးပါးနဲ့ ပြောရရင် သစ္စဉာဏ် ဆိုတာ ပရိယတ္တိသာသနာ၊ ကိစ္စဉာဏ်ဆိုတာ ပဋိပတ္တိသာသနာ၊ ကတဉာဏ်ဆိုတာက ပဋိဝေဓသာသနာ လို့ ဆိုရပါလိမ့်မယ်။
နာယူသင်ကြားထားတဲ့ ပရိယတ္တိက မှန်ကန်မှ မှန်ကန်တဲ့ အသိ=သစ္စဉာဏ်ဖြစ်သလို ကျင့်သုံးတဲ့ ပဋိပတ္တိ(ကိစ္စဉာဏ်) တိုးပွားပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်သိနဲ့ ပြီးပြည့်စုံတဲ့ ပဋိဝေဓ (ကတဉာဏ်)ကို ဆိုက်ေ၇ာက်နိုင်ကြမှာပါ။
ဒုက္ခသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)က ပရိညေယျ- ပိုင်းခြား သိရမယ့် တာဝန်ပဲ ရှိပါတယ်။ ပါးစပ်ဖျားမှာ နှုတ်ကျိုးနေတာက "ဒုက္ခ ချုပ်ငြိမ်းရေး"ဆိုတော့ ဒုက္ခချုပ်ငြိမ်း သွားအောင် ဒုက္ခကို ပယ်ရမယ်လို့ ထင်နေတတ်ကြပါတယ်။ ဒုက္ခ ဆိုတာ သူ့ အကြောင်း အပြည့်အစုံ သိဖို့ပဲ လိုအပ်တယ် ဆိုတာကို "ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်းမှာ ပြခဲ့ပြီးပါပြီ။ သူ့အကြောင်း သိပြီးရင် ကိုယ်က ခွာစရာ မလိုဘဲ သူ့အလိုလို ချုပ်ငြိမ်းသွားတာပါ။
ဟုတ်ပါတယ်။ အိုတယ်၊ နာတယ်၊ သေတယ် ဆိုတာ သက်၇ှိ သင်္ခါရတို့ရဲ့ ဖြစ်ပျက် ပြောင်းလဲ ဖောက်ပြန်မှုကို လူတွေက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များပါ။ သက်မဲ့ သင်္ခါရ တို့ကိုကျတော့ အိုမင်း ဆွေးမြည့် ပျက်စီးတယ်လို့ ပြောနိုင်ပါတယ်။ အမှန်ကတော့ ဖြစ်ပျက် ဖောက်ပြန် သဘော ချည်းပါပဲ။ အဲဒီ အို နာ သေမှု စတဲ့ င်္သါရတို့ရဲ့ ဖြစ် ပျက် ဖောက်ပြန်မှု တွေ ကိုပဲ မကျေနပ်စရာ (အပ္ပိယ) လို့ စွဲလမ်းနေတဲ့အတွက် "မှန် ဆုံ" (အပ္ပိယေ ဟိ သမ္ပယောဂ) ဒုက္ခနဲ့ ကြုံရတယ်။
ကျေနပ်စရာ (ပိယ)လို့ စွဲလမ်းပြန်တော့ ချစ်ကွဲ(ပိယော ဟိ ၀ိပ္ပယောဂ) ဒုက္ခနဲ့ ကြုံရမယ်။ ကိုယ့် အလိုကျ မရနိုင်တဲ့ အရာကို လိုချင်စွဲ လမ်းနေသမျှ လိုတာမရ (ယံ ပိစ္ဆံ န လဘတိ) ဒုက္ခနဲ့ ကြုံတွေ့ရမယ်။ အဲဒီ အစွဲအလမ်းတွေ ချုပ်သွားရင် အဲဒီ ဒုက္ခတွေဟာလည်း "အရင်း လဲရင် အဖျား ထင်းဖြစ်" ဆိုသလို ချုပ်သွား မှာပဲမို့လား။
"ငပြူး"မှန်းသိရင် မကြောက်ရတဲ့အပြင် ငေါက်ချလို့တောင် ရပါယတ်။ အနိစ္စ=မမြဲဘူး၊ ဒုက္ခ=သည်းခံကျေနပ်စရာ မရှိဘူး၊ အနတ္တ= အလို မဖြစ်ဘူး ဆိုတာတွေဟာ သင်္ခါရတရား တွေကို ငေါက်ငမ်းနေတဲ့ သဘောမျိုးပါပဲ။ အကြောင်းစုံ သိပြီး သူမျာသာ ဒီလို ငေါက်နိုင်တာ ပါ။ "ငပြူး"မှန်း မသိဘဲနဲ့တော့သွား မငေါက်လိုက်လေနဲ့၊ "မြို့ပိုင်မင်းကွ"ဆိုပြီး ထ ဟောက်လို့ ပြေးပေါက် မှားနေမယ်။
ဒုက္ခချုပ်ဖို့အတွက် တကယ်ပယ်ရမှာက သမုဒယ လို့ခေါ်တဲ့ တဏှာပါ။ ဒါကြောင့် သမုဒယသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ရဲ့ တာဝန်ပိုင်း(ကိစ္စဉာဏ်)ကိုတော့"ပဟာတဗ္ဗံ= ပယ်ရမယ်"လို့ ညွှန်ကြားပါတယ်။
တဏှာ သမုဒယကို ဘုရားရှင် ကြုံးဝါး ပယ် သတ်တော်မူပုံကတော့-
"ဟယ် ကာမ.. သင်ရဲ့ အရင်းမူလကို ငါ တွေ့မြင်ပြီ၊ အာရုံတွေ အပေါ်မှာ ဟိုဟို ဒီဒီ ကြံစည် စိတ်ကူးခြင်း (ကာမသင်္ကပ္ပ)ကြောင့် သင်ကာမ ဖြစ်ပေါ်ခွင့် ရနေတာ။ အဲဒီ အကြံတွေကို ငါ မကြံစည်တော့ဘူး၊ ဒါကြောင့် ငါ့ သန္တာန်မှာ သင်ကာမ ဖြစ်ခွင့် မရှိတော့ဘူး"တဲ့။
ကာမတဏှာ ဆိုတာ တရားကိုယ် သဘောအရ လောဘ စေတသိတ်ပါ၊ စေတသိက်ဆိုတာ သူ့ချည်းဖြစ်ပေါ် နေနိုင်စွမ်းမရှိပါဘူး၊ စိတ်ကို မှီပြီးမှ ဖြစ်နိုင်တာပါ။ ကြံစည်မှု(သင်္ကပ္ပ)ဆိုတာ လည်း အတူတူပါပဲ၊ သူတို့ရဲ့ ဆရာကြီးဖြစ်တဲ့ အ၀ိဇ္ဇာဆိုတာလည်း မောဟ စေတသိတ်ပါပဲ၊ အားလုံးဟာ စိတ်ကို မှီခိုကပ်ရပ်ပြီး ဖြစ်နေရတဲ့ တရားချည်းပါပဲ၊ ကိုယ်ပိုင် သီးခြား ဖြစ်တည် နေနိုင်တဲ့ တရားတွေ မဟုတ်ကြပါဘူး။
ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်ကြီးက "စဉ်းစားကြည့်လိုက်ရင် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း မရှိဘဲ စိတ်ကို မှီခိုကပ်ရပ်နေရတဲ့ အိုးခြေမဲ့ အိမ်ခြေမဲ့၊ ခြေသလုံးအိမ်ပါ၊ ရေမျောကမ်းတင်လိုဖြစ်တဲ့ ဒီတဏှာက ခြယ်လှယ်သမျှကို ခံပြီး အိုးနဲ့ အိမ်နဲ့၊ အခြေအနေနဲ့ နေနိုင်ကြတဲ့ တို့တစ်တွေ သံသရာမှာ ချာလပတ် ယမ်းနေကြရတယ် ဆိုတာ တကယ်တမ်း သိလာရင် ရှက်စရာတောင် ကောင်းတယ်။ ဒါပေမဲ့ ခုတော့ ဘယ်သူမှ ရှက်ရကောင်းမှန်း မသိကြသေးတာက ခက်တယ်" လို့ မိန့်ကြား ဖူးပါတယ်။
တဏှာကာမကို ပယ်ဖို့အတွက် သူတွယ်တာနေတဲ့ အာရုံတို့ရဲ့ သဘောအမှန်ကို သိလာအောင် သတိက ရှေ့ဆောင်ပြီး မပြတ်ကြည့်ပေးနေရတာပါ။ သတိနဲ့ မပြတ်စောင့်ကြည့်တာကိုပဲ အသိ တရား တိုးပွားအောင် အားထုတ်တာဖြစ်လို့" တရားအားထုတ်တယ်"လို့ ဆိုကြပါတယ်။ ထိုင်တာ၊ ရပ်တာ၊ လျောင်းတက စပြီးတော့ ဘယ်အလုပ်မျိုးမဆို အသိပွားအောင် သတိထား နေတာ မှန်သမျှ တရားအားထုတ်နေတာချည်းပါပဲ။
သဘောပေါက်ထား စေချင်တာကတော့ အသိတရား တိုးပွားဖို့ ဆိုတာ သူများ အသိကို ငှားပြီး ပွားလို့မရပါဘူး။ ကိုယ်ပိုင် အသိဖြစ်မှ ပွားလို့ ရပါတယ်။ ဒါကြောင့် စပြီး တရားအား ထုတ်ကတည်းက "အနိစ္စ အနိစ္စ "နဲ့ လုပ်နေတာဟာ ကိုယ်တိုင် သိတဲ့ "အနိစ္စ" မဟုတ်ဘဲ သူများ ပြောသံကြား အငှား အနိစ္စချည်း ဖြစ်တဲ့အတွက် ပွားလို့ မရပါဘူး။
ဘုရားရှင်ကတော့ စပြီး သတိထားချိန်မှာ "ဘူတံ ဘူတော ပဿတိ= ကိုယ့်အသိမှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ပါ" လို့ ညွန်ကြားပါတယ်။ ဒီအချိန်မှာ"ရှုမှတ်တယ်" ဆိုတာ ပညာမဟုတ်သေးပါဘူး၊ "သညာ"လို့ ခေါ်ပါတယ်၊ အမှတ်သညာ များပြီး ခိုင်မြဲ လာရင် သတိ ထင်ရှားလာပါတယ်။ ဒါကြောင့် "သတိ ထိရ သညာပဒဋ္ဌာနာ= သတိဖြစ်ရေးမျာ ခိုင်မြဲတဲ့ သညာဟာ အနီးကပ်ဆုံး အကြောင်းတရား ဖြစ်တယ်"လို့ ဟောတော်မူတာပါ။ သတိမြဲလာမှ အသိက ပွားလာတာပါ။
နောက်တစ်ခုက "အရှုခံ နဲ့ ရှုဉာဏ်" ဆိုတဲ့ စကားပါ၊ သမာဓိသိက္ခာ စတင်ထူထောင် တဲ့ တရားအားထုတ်စမှာ အရှုခံဆိုတာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတဲ့ အာရုံတစ်မျိုးမျိုးပါ။ အဲဒီအာရုံကို ရှုမှတ်နေတာကလည်း "ဉာဏ်"မဟုတ်သေးပါဘူး၊ "သတိ"သာ ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာန သုတ်မှာ ဘုရားရှင် ဟောတော် မူတာကို သေသေ ချာချာ လေ့လာ ကြည့် ရင် သဘောပေါက်ပါလိမ့်မယ်။
သတိထားတဲ့အကျင့် အားကောင်းလာလို့ သတိထားတဲ့အဆင့် ရောက်လာတော့မှ မမြဲဘူးဆိုတဲ့ အနိစ္စသဘော၊ အလိုကျမဖြစ်ဘူး ဆိုတဲ့ အနတ္တသေဘာတို့ကို ကိုယ်တိုင် သိလာတာပါ။ အဲဒီအဆင့် ရောက်တဲ့အခါ အရှုခံ က သင်္ခါရ (ဒုက္ခသစ္စာ) ရှုတာက " ဉာဏ်"ဖြစ်လာပါပြီ။
သတိနဲ့ ရှုမှတ်စရာ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆို တဲ့ သီးသန့် ၀ိသေသ သဘောတို့ကို ရှုမှတ်ရတာ ဖြစ်လို့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့ ၀ိသေသ လက္ခဏာ များကိုပဲ သိနေပါတယ်။ "ဖြစ် ပျက်" သို့မဟုတ် "အနိစ္စ ဒုက္ခ အနတ္တ" လို့ မသိသေးပါဘူး။ ဘူတံ ဘူတတော ပဿတိ= မိမိ စိတ်အစဉ်မှာ ထင်လာတာကို ထင်လာတဲ့အတိုင်း ရှုမှတ်ရမယ်" ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ သဘောများကို ထင်လာတဲ့ တွန်းတယ်၊ တိုးတယ်၊ ပူတယ်၊ အေးတယ် စတဲ့သဘောများကို ထင်လာတဲ့အတိုင်းသာ ရှုမှတ်ရမှာ ပါ။
ငါ့ကိုတွန်းတယ်၊ တိုးတယ်၊ ငါပူတယ်၊ ငါအေးတယ် ဆိုပြီး "ငါ"ဆိုတဲ့ အစွဲလည်း မပါဘူး၊ ပစ္စပ္ပန်ကျကျ ထင်လာတဲ့ အတိုင်းပဲ ရှုရမှာပါ။ မိမိစိတ်အစဉ်မှာ ထင်မြင်မလာသေးတဲ့ ဖြစ်ပျက် တို့၊ အနိစ္စ ဒုက္ခ အနတ္တတို့၊ ရုပ်တို့ နာမ်တို့ စတဲ့ သူတစ်ပါး ပြောသံကြားတွေ ကိုလည်း အငှားနဲ့ ရှုမှတ်လို့ မရပါဘူး။ "ပစ္စုပ္ပန်ကျကျ" ဆိုတာ မိမိစိတ်အစဉ်မှာ ထင်လာခိုက်မှာ ထင်လာတဲ့ အတိုင်း သာ ရှုမှတ်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံးတရားဦး ဒေသနာရယ်၊ ၀ိပဿနာလုပ်ငန်း အကျယ်ပြရာ ဖြစ်တဲ့ မဟာသတိပဋ္ဌာနသတ်ုရယ်၊ ပရိနိဗ္ဗာန်ပြုခါနီး နောက်ဆုံး မှာတမ်း စကား တော် နှစ်ခွန်းရယ်တို့ကို ခြုံငုံပြီး နည်းနည်း ပြောချင်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးမှာတမ်း စကားတော် ပထမ တစ်ခွန်းက "၀ယဓမ္မာ သင်္ခါရာ = သင်္ခါရ တရားတွေဟာ ပျက်ခြင်းသဘော ရှိကြတယ်" တဲ့။ ဒါဟာ ၀ိပဿနာနယ် ပယ် အနေနဲ့ ပြောရမယ်ဆိုရင် "အရှုခံ" တရားများကို ညွန်ပြလိုက်တာပါ။
ဒါဖြင့် အဲဒီ သင်္ခါရတရားတွေ အပေါ် ဘယ်လို သဘောထားကြရမှာလဲ ဆိုတော့- "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"တဲ့။ သတိနဲ့ မပြတ်ကြည့်ရှု သုံးသပ်ကြလို့ တိုက်တွန်းမှာကြားတာပါ။
ဒီစကားနှစ်ခွန်းဟာ အရှုခံ တရားနဲ့ ရှုမှတ်ရမယ့် တရားတို့ကို အကျဉ်းချုပ် ဖော် ညွန်း ဆုံးမတော်မူလိုက်ခြင်း ဖြစ်ပါတယ်။ ဒီမှာတမ်းစကားတော်နဲ့ ပတ်သက်လို့ အဋ္ဌကထာ ဆရာက "ကိစ္စအားလုံးတို့ကို သတိနဲ့ မကင်းစေဘဲ ပြည့်စုံစေရမယ်"လို့ ဖွင့်ပြပါတယ်။
အဲဒီစကားကိုပဲ ဋီကာဆရာကတော့ "အပ္ပမာဒ ဆိုတဲ့ သတိတရားက အနက်အဓိပ္ပာယ် အားဖြင့် (၄၅)၀ါပတ်လုံး ဟောကြား တော်မူခဲ့တဲ့ ဘုရားရှင်စကားတော်အားလုံးကို သိမ်းယူနိုင်တဲ့တွက် ဒီစကားကို မိန့်မှာခဲ့ခြင်း ဖြစ်တယ်" လို့ ကောက်ချက်ချပြီးတော့မှ "သတိ´ဆိုတာ ဒီနေရာ မှာ´ဉာဏ်နှင့်ယှဉ်တဲ့ သတိ´လို့ အနက်အားဖြင့် မှတ်ယူရမယ်၊ သတိက ဦးဆောင်မှုအရ လွန်ကဲတဲ့ အတွက် ကြောင့် ´သတိမကင်းစေဘဲ´လို့ ဆိုရတာ ဖြစ်တယ်"လို့ ရှင်းလင်း ဖွင့်ဆိုပြပါတယ်။
ပဓာနနည်းအားဖြင့်"သတိ"လို့ ဆိုပေမယ့် မကင်းကောင်းတဲ့ သဘောအရ သဒ္ဓါ´၀ီရိယ´ သမာဓိ´ ပညာ´တို့လည်း အကူအနေနဲ့ ပါရမယ်လို့ ဆိုလိုပါတယ်။
ဒါကြောင့်လည်း ရှေးဆရာတော်များက "အပ္ပမာဒေနကို မမေ့ မလျော့ မပေါ့ မဆတဲ့ သတိတရား နှင့်"လို့ မြန်မာပြန်ကြတာပါ။ " မမေ့" ဆိုတာ သတိတရားကို ပြောတာ၊ "မလျော့" ဆိုတာ ၀ီရိယ တရားကို ဆိုလိုတာပါ၊ "မပေါ့"ဆိုတာ သမာဓိတရားကို ပြောတာပါ။ ဟုတ်ပါတယ်၊ စိတ်က ထားရ မယ့် အာရုံအပေါ်မှာ မထားဘဲ ဟိုဟိုဒီဒီ ရောက်နေတာကို ပေါ့ဆယ်၊ ပေါ့လျော့တယ်လို့ ဆိုရတာ ဖြစ်လို့ "မပေါ့နဲ့" ဆိုတာ စိတ်က ဟိုအာရုံ ဒီအာရုံတွေ ဆီ ရောက်မနေဘဲ မိမိရှုမှတ်ရမယ့် အာရုံ တစ်ခုတည်း အပေါ်မှာ ကျရောက်တဲ့ ဧကဂ္ဂတာ (သမာဓိ)နဲ့ လည်း ပြည့်စုံရမယ်လို့ ဆိုလိုတာပါပဲ။
"မဆ"ဆိုတာကတော့ လောကမှာ ယုံကြည် မှုအရ ဖြစ်စေ၊ သိမြင်မှုအရ ဖြစ်စေ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေတာကို "ချိန်ဆနေတယ်"လို့ ပြောကြပါတယ်၊ "မဆနဲ့"ဆိုတာက အဲဒီလို မဆုံးမဖြတ် ချိန်ဆမနေဘဲ ခိုင်မာတဲ့ ယုံကြည်မှု ပီပြင်တဲ့ သိမြင်မှုနဲ့ ပြည်စုံရမယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် "မဆနဲ့"ဆိုတဲ့ စကားက သဒ္ဓါတရား´ ပညာတရားတို့နဲ့တော့ "သဒ္ဓါ, ၀ီရိယ, သမာဓိ,ပညာ အခြံအရံပါတဲ့ သတိတရားနဲ့ ပြည့်စုံအောင်ထားပြိး ရှုမှတ်နေကြ"လို့ တိုက်တွန်း လိုရင်းပဲ ဖြစ်ပါတယ်။
ဒါဖြင့် ဒီမှာတမ်းတော်အရဆိုရင် သင်္ခါရအားလုံး ကိုပဲ ရှုမှတ်ရမှာလား ဆိုတော့ "ဘူတံ ဘူတတော ပဿတိ" ဆိုတဲ့ စကားအတိုင်း မိမိ စိတ်အာရုံထဲမှာ ထင်လာတဲ့ သင်္ခါရကိုသာ ရှုရမှာပါ။ ပစ္စပ္ပန်လည်းကျ ၊ မိမိ အဇ္ဈတ္တမှာလည်း ထင်မြင်မှသာ ရှုလို့ ရမှာပါ။
ဒါကို သဘောပေါက်ဖို့ အတွက် တရားကို ဘာဖြစ်လို့ ရှုမှတ်ပွားများရသလဲ ဆိုတာက စပြီး စိစစ်သင့်ပါတယ်။
တရားဦးမှာ ဟောတော်မူတာကို ခြုံငုံကြည့်မယ်ဆိုရင် ၀ိပဿနာ ရှုမှတ်ပွားများ ရတာဟာ ဒုက္ခသစ္စာဖြစ်တဲ့ သင်္ခါရ တရားတွေကို "ဒုက္ခသစ္စာပဲလို့"ကိုယ်တိုင် သိမြင် ဆုံးဖြတ်နိုင်အောင် ရှုမှတ်ရတာပါ။ သစ္စာအနေနဲ့ ပြောရရင် သင်္ခါရဆိုတာ ဒုက္ခသစ္စာ နောက်ဆုံးပိုဒ်မျာ " သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ"ဆိုတဲ့ စကားကို အထူးအလေးအနက် ထားရပါလိမ့်မယ်။
"ဥပါဒါန် စွဲကပ်နေတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်တယ်" ဆိုတဲ့ စကားကို ထောက်ဆ ကြည့်ရင် "ဥပါဒါန် စွဲလမ်းခြင်း မရှိတဲ့ ခန္ဓာငါးပါးစာ ဒုက္ခကင်းလွတ်နေတယ်" ဆိုတဲ့ အဓိပ္ပယ်ရပါတယ်။
ဒီစကားရပ်ဟာ " ဥပါဒါန်စွဲကပ်ခြင်း မရှိတဲ့ ခန္ဓာငါးပါးကို ၀ိပဿနာ ရှုလို့ မရဘူး။ ဥပါဒါန် စွဲကပ်နေ တဲ့ ခန္ဓာငါးပါးကိုသာ ၀ိပဿနာ ရှုရမယ်" လို့ ၇ှုကွက်ကို အတိအကျညွန်ပြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဝိပဿနာ ရှုရတာ အစွဲ ဥပါဒါန် ကင်းလွတ်ဖို့ ဖြစ်တယ်။ အစွဲ ဥပါဒါန်ဟာဘယ်ကနေ ကင်းလွတ်ရမှာလဲ ဆိုရင် ကိုယ် စွဲနေတဲ့ အာရုံ(ခန္ဓာ) က လွတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စွဲနေတဲ့ အာရုံ(ခန္ဓာ) ကိုသာ ၇ှုရမယ်။ မစွဲတဲ့ အာရုံ(ခန္ဓာ) ကိုတော့ စွဲမှ မစွဲဘဲ ဘာဖြစ်လို့ ရှုနေရမှာလဲ။ အဲဒီလို ရှင်းရှင်းလေး သဘောပေါက်ရမှာပါ။
ဒါကြောင့်မိမိစိတ်အစဉ်မှာ ပါမြင်တယ်၊ ငါကြားတယ်၊ ငါ့ကို တိုးတယ်၊ တွန်းတယ်၊ ငါ ထွက် ရှုထုတ်တယ်၊ ငါ ၀င်လေ ရှိုက်သွင်းတယ်၊ ငါပူတယ်၊ ငါအေးတယ်၊ ငါထုံတယ် စသည် စွဲထင်နေတဲ့ အာရုံကို ထင်လာတဲ့ အတိုင်း ရှုမှတ်ပွားများရမယ်။ ဘယ်အတွက် ရှုမှတ်ရမှာ လဲ ဆိုရင် အဲဒီ ငါ၊ ငါဥစ္စာလို့ ထင်မှတ်စွဲလမ်းနေမှုမှ ကင်းလွတ်သွားအောင် လို့ ၇ှုရမှာပါ။
ဘာနဲ့ ရှုမှတ်ရမှာလဲ ဆိုရင်တော့ သတိပဋ္ဌာန် အရာဖြစ်လို့ သတိက ဦးဆောင်ပြိး သဒ္ဓါ, ၀ီရိယ, သမာဓိ, ပညာတို့ရဲ့ အကူအညီနဲ့ ရှုရမှာ ဖြစ်ပါတယ်။
ဒီလို ရှုမှတ် ပွားများလို့ မိမိရှုမှတ်တဲ့ အာရုံပေါ်မှာ စိတ်တည်ကြည်မှု အား ကောင်းလာပြီ (စိတ္တ၀ိသုဒ္ဓိ ဖြစ်လာပြီ)ဆိုရင် ငါ, ငါ့ဥစ္စာလို့ ထင်နေတဲ့ အရာတွေက အသိခံ(သိစရာအာရုံ) တွေဖြစ်ပြီး ၊ အဆင်း အသံ စသည်တို့၊ ပူမှု၊ အေးမှု၊ တွန်းမှု၊ တိုးမှုတို့ ထွက်လေ ၀င်လေတို့ ဆိုရင် ဒီအာရုံတွေဟာ ရုပ်တွေဖြစ်တယ်။ အဲဒါကို သိသိနေတဲ့ သဘောက နာမ်တရားဖြစ် တယ်လို့ သဘောပေါက် လာမှာပါ။
အဲဒီ အခြေအနေ ရောက်လာပြီ ဆိုရင် သတိ ဦးဆောင်မှုနဲ့ နေရာကို ပညာက လွှဲ ပြောင်းယူပြီး ဦးဆောင်စ ပြုလာပါပြီ။ ဆက်ပြီး ရှုမှတ်ပွားများမယ်ဆိုရင် အရှုခံဖြစ်တဲ့ ရုပ်အာ ရုံ တွေ ဟာလည်း ခဏမစဲ ပြောင်းလဲ ဖောက်ပြန်နေတဲ့ အနိစ္စသဘော၊ အပျက်ဘေး မကင်းတဲ့ ဒုက္ခသဘော၊ ကိုယ့် အလိုကျ မဟုတ်ဘဲ သူ့သဘော သူဆောင်ပြီး ဖြစ်နေတယ်ဆိုတဲ့ အနတ္တ သဘော ရှိတယ်လိုံ သိလာရင် ၊ ရှုမှတ်သိမြင်နေတဲ့ သဘောကလည်း အာရုံက ဖော်ပြပေးတဲ့ အတိုင်းသာ လိုက်ပြိး သိနေတာဖြစ်လို့ အာရုံနည်းတူ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော ရှိတယ် လို့ပဲ သိမြင် လာမှာ ဖစ်ြပါတယ်။ ဒီလို အမြင် စင်ကြယ်လာတာကို ဒိဋ္ဌိဝိသုဒ္ဓိလို့ သတ်မှတ် ပါတယ်။
အရှုခံက မိမိ စွဲလမ်းရာ သင်္ခါရ ဒုက္ခသစ္စာတရား ဦးဆောင် ရှုမှတ်နေတာက သတိတရား။
သတိ ထိရသညာပဒဋ္ဌာနာ- ဆိုတဲ့ အတိုင်း မိမိ စိတ်မှာ စွဲထင်မှတ်သားထားတဲ့ အမည်သညာ အတိုင်း မြင်တယ်၊ ကြားတယ်၊ ပူတယ်၊ အေးတယ် စတဲ့ အမည်သညာနဲ့ စပြီး ရှုမှတ်ရ ပါ တယ်။ အမှတ်သညာ ခိုင်မြဲမှ သတိ ခိုင်မြဲပါတယ်။
သတိ ခိုင်မြဲလာမှ အာရုံကို စူးစိုက်တဲ့ သမာဓိ အားကောင်းလာပြီး ထိုးထွင်းသိမြင်တဲ့ ပညာ ဖြစ်ပေါ်လာပါတယ်။
ပညာတရားက ရုပ်ပဲ၊ နာမ်ပဲလို့ ခွဲခြား သိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘော လကဏ္ခဏာကို ထိုးထွင်းသိခြင်း ကိစ္စများကို ဆောင်ရွက်ပါတယ်။
သတိ ဦးဆောင်ပြီး ရှုတယ်၊ ပညာ ဦးဆောင်ပြီး သိတယ်လို့ အတိုချုပ် သဘော ပေါက်နိုင်ပါတယ်။
အနိစ္စ ဒုက္ခ အနတ္တ ဆိုတာဟာ သင်္ခါရတို့ရဲ့ ဘုံလက္ခဏာ ဖြစ်ပါတယ်။ (သာမညလက္ခ ဏာလို့လည်း ခေါ်ပါတယ်) ဘုံလက္ခဏာကို သိမြင် လာချိန်မှာ အရှုခံတို့ ဟာလည်း ကာယ စိတ္တ စတဲ့ ကိုယ်ပိုင် သဘောမျိုး မဟုတ်တော့ပဲ သင်္ခါရ ဆိုတဲ့ ဘုံသဘော ဆောင်လာပါတယ်။
သင်္ခါရ ဆိုတဲ့ ဘုံသဘောဖြစ်လာတဲ့ အခါ " သဗ္ဗေ သင်္ခါရာ ဒုက္ခာ" အရ ဒုက္ခသစ္စာ အရှုခံ တရား ဖြစ်သွားပါပြီ။ ဒါဟာ အထွတ်အထိပ်ရောက်တဲ့ ၀ိပဿနာဉာဏ် ဖြစ်တာပါပဲ။ ဒါကြောင့် မဂ်ရဲ့ရှေ့ ပြေး အနီးကပ် ဖြစ်တဲ့ ၀ိပဿနာဉာဏ် မှာ ဒုက္ခသစ္စာက အရှုခံ ဖြစ်ပြီး၊ ရှုတာက ၀ိပဿနာဉာဏ် လို့ ဆိုရပါတယ်။
အရှုခံက ဒုက္ခသစ္စာ ဖြစ်သွားလို့ အနုပဿနာ အနေနဲ့ ပြောရရင် ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ "မဂ်ဉာဏ်မှန်သမျှ ဓမ္မာနုပဿနာနဲ့ချည်း ရတာ ဖြစ်တယ်" လို့ ညောင်လ၊ွန့်နည်း ကမ္မဋ္ဌာန်းပြ ဖြစ်တဲ့ မော်လမြိုင် ရွှေပရိယတ္တိဆရာတော် မိန့်ကြားတာဟာ ဒိသဘောကို ပြောတာပါပဲ။
ထားပါတော့၊ အမည်အမျိုးတွေ ခွဲခြားတာက ပညာရှင်တွေရဲ့ အလုပ်ပါ။ တကယ် မဇ္ဈိမ လမ်း သွားနေ သူများ အနေနဲ့တော့ သတိထားပြီး မပြတ်ရှု၊ ရှုပါများတော့ မြင့်၊ မြင်ပါများတော့ ရိုးအီပြီး ငြီးငွေ့၊ ငြီးငွေ့တော့ အစွဲကွာ၊ အစွဲကွာတော့ လွတ်မြောက်၊ (ဧ၀ံ ပဿံ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ၊ ၀ါရာဂါ ၀ိမုစ္စတိ) ဆိုတာ ဖြစ်အောင် မပြတ် ရှုမှတ် နေဖို့သာ အဓိကပါ။
အစွဲ(တဏှာ) ကွာကျသွားပြီဆိုရင် ဘယ်လို လောကီအာရုံ မျိုးကမှ လွှမ်းမိုးချုပ်ချယ်နိုင်စွမ်း မရှိတော့တွဲ အတွက် လွတ်မြောက်တယ်လို့ ဆိုတာပါ။ အာရုံလွှမ်းမိုးမှု ကင်းသွားရင် ဒုက္ခဆိုတာလည်း ချုပ် ငြိမ်းသွားတာပါပဲ၊ ဒီလို လွတ်လပ်ငြိမ်းအေးမှုကို သူပြောနဲ့ ယုံကြည်တာ မဟုတ်ဘဲ ကိုယ်ကြုံ ကိုယ်သိ ခံစားခွင့် ရရှိတာဟာ မျက်စိရှေ့မှောက် ရောက်နေတဲ့ အရာဝတ္ထုကို တွေမြင်ရသလို ထင်ထင်ရှားရှားကြီး တွေ့ကြုံနေရတာဖြစ်လို့ " မျက်မှောက်ပြုတယ်"လို့လည်း ဆိုကြပါတယ်။
ဒုက္ခခုပ်ငြိမ်းရာ နိရောဓသစ္စာနဲ့ ပတ်သက်လို့ သာဝကတို့ တာဝန်က လုပ်ဆောင်ရတဲ့ တာဝန် မဟတ်ုပါဘူး၊ အလုပ် တာဝန် ကျေပွန်တဲ့ လုပ်ခအကျိုး အဖြစ် မျက်မှောက်ြ့ပုရုံပါပဲ။
သစ္စာလေးခုမှာ တာဝန်လေးမျိုး ပြထားပေမယ့် တကယ်ဆောင်ရွက်ရမှာကတော့ မဇ္ဈိမ အကျင့် ဖြစ်တဲ့ မဂ္ဂင် ရှစ်ပါး(မဂ္ဂသစ္စာ)ကို ပွားများခြင်း တစ်ခုတည်းသာ ဖြစ်ပါတယ်။ မဂ္ဂသစ္စာကို ပွားများတဲ့ တာဝန် ကျေပွန်ပြည့်စုံတာနဲ့ တစ်ပြိုင်နက် ဒုက္ခသစ္စာကို ပိုင်းခြား သိခြင်း၊ သမုဒယသစ္စာကို ပယ်ခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း တာဝန်(ကိစ္စ) များ လည်း တစ်ပြိုင်နက် ပြီးပါတယ်။
သိ,ပယ်,ဆိုက်,ပွား ,လေးပါး ကိစ္စ တစ်ပြိုင် နက် ပြီးစေ နိုင်စွမ်း ရှိလို့ မဂ်ဉာဏ်ကို တစ်ချက်ခုတ် လေးချက်ပြတ်တဲ့ ဓားသန်လျက်နဲ့ ဥပမာ ပေးကြ ပါတယ်။
ဒီနေရာမှာ အဘိဓမ္မာသဘောနဲ့ သုတ္တန်သဘောတို့ နှီးနှောပြီး သိထိုက်တာလေးလည်း ရှိနေပါတယ်။ အဘိဓမ္မာ သဘောအရ "သိတယ်"ဆိုတာ မိမိအာရုံပြုတဲ့ အရာ ကိုသာ သိတာ ပါ၊ မဂ်ဉာဏ် ဆိုတာ နိဗ္ဗာန်ကိုသာ အာရုံပြုတဲ့အတွက် "နိဗ္ဗာန်"ကိုသာ သိသင့်တယ်၊ ဘာဖြစ်လို့ ဒုက္ခသစ္စာကို သိနိုင်သလဲ ဆိုတာပါပဲ။ မတွေမဝေ (ပိုင်ပိုင်နိုင်နိုင်) ထိုးထွင်း သိခြင်း ကိစ္စ ပြီးပြည့်စုံတဲ့အတွက် သင်္ခတဓမ္မ အားလုံးကို ထိုးထွင်း သိမြင်တယ်လို့ ဆိုတာပါ၊ "ကိစ္စ" အားဖြင့် ပိုင်းခြား သိတယ်လို့ ဆိုလိုပါတယ်။ (သီ၊ဋ္ဌ၊ ၂၄၈)
ဒီလို သိသွားတဲ့အတွက် အရင်က ကြားတောင် မကြားဘူးတဲ့ သစ္စာလေးပါး တရားတို့နဲ့ ပတ်သက်လို့ မျက်စိလည်မှုကင်းပြီး အမြင်ရှင်းပြီ( စက္ခုံ ဥဒပါဒိ) အမြင် ရှင်းတဲ့အတွက် အသိ လည်း မှန်ပြီ ( ဉာဏံ ဥဒပါဒိ)၊ ခွဲခြမ်းစိတ်ဖြာ သိစရာများကိုလည်း ပိုင်းပိုင်းခြားခြား သိမြင်ပြီ ( ပညာ ဥဒပါဒိ) အ၀ိဇ္ဇာမှောင်ခွင်းပြီး ထိုးထွင်း သိမြင်တဲ့ ၀ိဇ္ဇညဉာဏ် နဲ့ ပြည့်ုံပြီ။ ( (၀ိဇ္ဇာ ဥဒပါဒိ) အ၀ိဇ္ဇာအမှောင်ကင်းသွားတဲ့အတါက် ဉာဏ်အရောင် လင်းထိန်ခဲ့ပြီ၊ ( အာ လော ကော ဥဒပါဒိ) ဆိုတဲ့ ဂုဏ်ပုဒ်များဟာ မဇ္ဈိမ ခရိးဆုံးမှာ ရှိတဲ့ ပန်းတိုင်ရဲ့ သင်္ကေတ များပဲ ဖြစ်ပါတယ်။
သစ္စာတစ်ပါး တစ်ပါးမှာ သစ္စ၊ ကိစ္စ၊ ကတ ဆိုပြီး သုံးထပ် သုံးကျော့စီ ရှိတဲ့အတွက် သစ္စာ လေးပါးပေါင်းမှာ အထပ်အကျော့ (၁၂)ပါး ပြားပါတယ်။ " တိပရိဝဋ္ဋံ- သုံးပါးထပ်မံ သုံးကျော့ ပြန်ရှိသော "လို့ ပခုက္ကူ ဆရာတော် ပြန်ဆိုပါတယ်။ " ပထမ သစ္စဉာဏ် နဲ့ နာယူ ပြီး သိတယ်။
နောက် ကတဉာဏ်နဲ့ ကိုယ်တိုင် ကျင့်သုံးပြီး နာယူ သိကို တိုးပွားစေတယ်၊ နောက်ဆုံး ကတဉာဏ်နဲ့ ဆုံးဖြတ် သိပြီးတဲ့ အခါမှာတော့ ကိုယ်တိုင်သိ အဖြစ် တိုးတက် ပြောင်းလဲ ပြည့်စုံသွားပါတယ်။ အဲဒီလို အသိတွေ အထပ်ထပ် အကျော့ကျော့ ဖြစ်အောင် လုပ်ရတာကိုပဲ "ဘာဝနာ= ပွားများတယ်"လို့ ဆိုရတာ ဖြစ်ပါတယ်။
သုံးကျော့ သုံးလီ (၁၂)ပါးလုံး စင်ကြည်ပြည့်စုံ အောင် သိပြီးတဲ့အတွက် လောကသုံးပါး မှာ သဗ္ဗညူဘုရား အဖြစ် ၀န်ခံနိုင်ခြဲုံပီး ငါရဲ့ အရဟတ္တဖိုလ်ခေါ် ၀ိမုတ္တဉာဏ်ဟာလည်း ဆန့်ကျင် ဘက် တရားတို့ကြောင့် မလှုပ်မယိုင် မြဲခိုင်ခဲ့ပြီး၊ အခုဘ၀ ဖြစ်ရတဲ့ ဇာတိဟာလည်း နောက်ဆုံး လာဘိ နှစ်ခါမရှိတဲ့ ဇာတိပင် ဖြစ်တော့တယ် ဆိုတာ ကိုလည်း ဆင်ခြင် သိမြင်ပြီလို့ မိန့်ကြား ရင်း တရားကို နိဂုံးချုပ်တဲ့အခါမှာတော့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က နှစ်ခြိုက် အားရ၀မ်း မြောက် ၀မ်း သာ လက်ခံ သွားကြ ပါတော့တယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
Saturday, April 25, 2015
ဘဝ နိမ့်ခြင်း မြင့်ခြင်း၏ အကြောင်းရင်း
ဘဝ နိမ့်ခြင်း မြင့်ခြင်း၏ အကြောင်းရင်း
ကိုယ့်ဘဝကိုယ် တန်ဖိုးရှိတာကိုလည်း သိရမယ်။ သိသည့်အားလျော်စွာ တန်ဖိုးရှိစွာနဲ့လည်း အသုံးချတတ်ရမယ် ဟုတ်လား။ ဒါမှ တစ်ဆင့်ထက်တစ်ဆင့် မြင့်မယ် မဟုတ်လား။ တန်ဖိုးရှိတဲ့ဘဝလေး လက်လွတ် ဆုံးရှုံးသွားမယ်ဆိုရင်ဖြင့်ပေါ့လေ၊ ကိုယ့်ဘဝတစ်ခုကို မြင့်တယ် နိမ့်တယ်၊ မြင့်အောင်လုပ်တယ်ဆိုတာ ဘယ်သူမှ လုပ်တာမဟုတ်ဘူး ကိုယ်ကလုပ်တာ။
စာဏကျနီတိဆရာတော်က ဒီအတိုင်းဆိုတယ်။
ဘဝမြင့်တယ် နိမ့်တယ်ဆိုတာ ဘယ်သူမှလုပ်တာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်ပဲလုပ်တာ။ ဥပမာအားဖြင့် ပြောမယ်ကွာတဲ့။
ရေတွင်းတူးတဲ့ လူတစ်ယောက်ကို ကြည့်ပါ။ ရေတွင်းတူးတဲ့ လူတစ်ယောက်ဟာ ဗွေလှည့်လှည့်ပြီး တူးသွားလိုက်တာ တဖြည်းဖြည်းနဲ့ ဒီလူသည် နိမ့်သွားတာလား၊ မြင့်သွားတာလား။
"နိမ့်သွားတာပါဘုရား"
ဒီလိုနိမ့်သွားတာဟာ ကိုယ်လုပ်လို့လား၊ သူများလုပ်တာလား။
"ကိုယ့်ဖာသာ ကိုယ်လုပ်တာပါဘုရား"
ကိုယ့်ဘဝကိုလည်း ဒီအတိုင်းပဲတဲ့။ ဒကာကြီးတွေ ဒကာမကြီးတွေ သူများမြှင့်လို့ မရဘူး။ ကိုယ့်ဖာသာကိုယ်မြှင့်ရမယ်။ သူများနှိမ့်လို့လည်း။
"မရပါဘုရား"
ကိုယ့်ဖာသာကိုယ်နှိမ့်တာ၊ နောက်တစ်နည်း ဥပမာ တစ်ခုကွာတဲ့။ အုတ်ပုံပေါ်မှာ ထိုင်ပြီးတော့ အုတ်စီတဲ့လူတစ်ယောက်ကို ကြည့်ဦးတဲ့၊ တစ်ခါတည်းအုတ်ပုံပေါ် ဗွေလှည့်လှည့်ပြီး စီသွားလိုက်တာ တဖြည်းဖြည်းနဲ့ မြင့်သွားတာလား၊ နိမ့်သွားတာလား။
"မြှင့်သွားပါတယ်ဘုရား"
သူများမြင့်တာလား၊ ကိုယ့်ဟာကိုယ်မြင့်တာလား။
"ကိုယ့်ဟာကိုယ် မြင့်တာပါဘုရား"
ဘဝတစ်ခုဆိုတာ ဒကာကြီးတွေ ဒကာမကြီးတွေ၊ နိမ့်ကျအောင် သူတစ်ပါးက အပါယ်လေးပါးတွန်းချလို့ရတာမဟုတ်ပဲနဲ့။ အပါယ်လေးပါးကျအောင် သူများကလုပ်တာလား၊ ကိုယ်ကိုယ်တိုင်လုပ်တာလား။
"ကိုယ်ကိုယ်တိုင်လုပ်တာပါ ဘုရား"
နိဗ္ဗာန်ရောက်အောင် လုပ်တာလည်းပဲ သူများလုပ်ပေး လို့ရတာလား ကိုယ်ကိုယ်တိုင် အားထုတ်လို့ရတာလား။
"ကိုယ်ကိုယ်တိုင် အားထုတ်လို့ ရတာပါ ဘုရား"
ဘဝတစ်ခု နိမ့်တယ်မြင့်တယ်ဆိုတာ မိမိသာလျှင်ပဓာနပါ။ ဟုတ်ရဲ့လား။
"မှန်ပါဘုရား"
မိုးကုတ်ဆရာတော်ဘုရားကြီ:
............................................
အရှင်စန္ဒသာရ (ကျောင်းကုန်း) ရေးသားပြုစုထားသော -
"ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီ:၏ ဆုံးမစာ အမှတ် ( ၂ )"
(စာမျက်နှာ - ၁၇) စာအုပ် မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Friday, April 24, 2015
မျက်လုံးနှစ်ဖက်နဲ့ လူ
မျက်လုံးနှစ်ဖက်နဲ့
လူ
လူသုံးမျိုးနှင့် အမြင်သုံးမျိုး
ဤလောကကြီးတွင် မှီတင်းနေထိုင်ကြသည့် သတ်ရှိသတ္တ၀ါတို့ကို ထိုအန္ဓသုတ်တော်ဖြင့် မြင်ကြည့်ပါက အုပ်စု သုံးမျိုးသာ ထွက်လာသည်။ “(၁) လောကမျက်လုံး၊ ဓမ္မမျက်လုံး စုံလုံးကန်းနေသော၊ အမြင်နှစ်ဖက် ချို့တဲ့နေသော (အန္ဓစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၂) လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော၊ ၀ါ- တစ်ဖက်မြင် တစ်ဖက် မလင်းသော (ဧကစက္ခု) ပုဂ္ဂိုလ် တစ်စု။ (၃) လောကမျက်လုံးကော ဓမ္မမျက်လုံးပါ အလင်းနှစ်ဖက်ရှိသော၊ ၀ါ- နှစ်ဖက်မြင် နှစ်ဖက်လင်းရှိသော (ဒွိစက္ခု) ပုဂ္ဂိုလ် တစ်စု။”ဟု ပုဂ္ဂိုလ် သုံးမျိုးရှိသည်။ (တယောမေ ဘိက္ခဝေ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ အံ-၁-၁၂၆) ဤသုတ်တော်သည် လူတန်းစား သုံးမျိုး၊ အဆင့်သုံးမျိုး ခွဲခြားပေးလိုက်ခြင်းဖြစ်သည်။
(၁) အန္ဓစက္ခု-စုံလုံးကန်း၊ အလင်းနှစ်ဖက်မရသော ပုဂ္ဂိုလ်
လောကကြီးပွားရေးအတွက် ဥာဏ်အမျှော်အမြင် မရှိသူ၊ သံသရာကြီးပွားရေးအတွက် ဥာဏ်ပညာ မရှိသူကို စုံလုံးကန်းနေသူ၊ အလင်းနှစ်ဖက် မရသူဟု ဆိုသည်။ ထိုသူသည် လက်ရှိဘ၀မှာလည်း ပြည့်စုံမှု မရနိုင်၊ စိတ်ချမ်းသာမှု မရနိုင်။ လောကလူသားတို့သည် ပတ်ဝန်းကျင်နှင့် နေကြရသည်၊ အသိုင်းအ၀န်းနှင့် နေကြရသည်ဖြစ်ရကား ကိုယ့်ရဲ့ စားဝတ် နေရေးအပြင် ရပ်ရေး၊ ရွာရေး၊ တိုင်းရေး ပြည်ရေး ကိစ္စတွေ၊ အနီးပတ်ဝန်းကျင်၏ သာရေး နာရေး ကိစ္စတွေ ရှိကြသည်။ ထိုကဲ့သို့ ကိစ္စများမြောင် လူတို့ဘောင်မှာကား မရှိမဖြစ် လိုအပ်နေသည်ကား ထိုကဲ့သို့သော လူ့ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်၊ လိုက်လျှော ညီထွေရှိအောင် နေတတ်ဖို့ဆိုသည်မှာ လောက မျက်လုံး၊ လူမှုရေး အမြင်၊ စီးပွားရေးအမြင် အလွန်လိုအပ်လှပါသည်။
စီးပွားရေးမှာ တိုးတက်လာအောင်၊ ရရှိနေပြီးသည်ထက် ပိုရလာအောင် စွမ်းနိုင်သည့်
စူးရှသည့် လောကမျက်လုံး၊ ရရှိပြီးသားတွေကို ကျ မသွားအောင် ထိန်းထားနိုင်သည့်
အမျှော်အမြင်များ အတွေးအခေါ်များ လိုအပ်သည်။ ထိုကဲ့သို့ လောကမျက်လုံး မရှိသူသည်
“အူမတောင့်မှ သီလစောင့်” ဆိုသကဲ့သို့ စားစရာ နေစရာ ရှားပါးနေသူများ၊ မရှိသူများမှာ
နေစရာအတွက် စားစရာအတွက် တစ်ဘ၀လုံး အချိန်ပေးနေရသည့်အတွက် လောကမျက်လုံးမရှိနိုင်၊
လောကမျက်လုံး မရှိသောသူသည် ဓမ္မမျက်လုံး၊ ဓမ္မအမြင်များ ရရှိနိုင်ဖို့
အလွန်ခက်ခဲသွားသည်။ လောကမျက်လုံး မရှိသောသူသည် သံသရာအတွက် မစဉ်းစားနိုင်ဘဲ
ရှိနေသည်၊ လက်ရှိဘ၀ ခက်ခဲနေသူသည် နောင်ရေးအတွက် မျှော်လင့် တောင်းတနေမည်မဟုတ်။
သို့အတွက် သံသရာကြီးပွားရေးအတွက် ဓမ္မမျက်လုံးကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ
အလွန်လွန်ကို ခက်ခဲသွားတော့သည်။
မြတ်ဗုဒ္ဓလက်ထက်တော်အခါ ကုဋေရှစ်ဆယ် ကြွယ်ဝသည့် သူဌေးသားတစ်ယောက်သည် ငယ်စဉ်ကတည်းက ဘာပညာမှ မသင်၊ မိဘများသည်လည်း “သူတို့ပိုင်ဆိုင်ထားသည့်စည်းစိမ်များသည် သူတို့သားလေးတစ်သက် မကုန်နိုင်”ဟု ယူဆထားခြင်းကြောင့်နှင့် သားလေးကို ချစ်လွန်း၍ ပညာသင်လျှင် သား ပင်ပန်းမည်ဟုသော သားအပေါ်ထားရှိသည့် ကရုဏများကြောင့် သူတို့မျက်စိအောက်မှာ သားလေးကို ပညာသင်ခွင့်မပေးခဲ့။ မိဘများ၏ သားအပေါ် ထားရှိသည့် မဟာအမှား တစ်ခုဖြစ်သည်။
ကရုဏာ ပညာ ဟန်ချက်ညီအောင် ထားနိုင်ခြင်း မရှိသည့် မိဘများ၏ အမှားကြောင့်
သားလေးတစ်ယောက် ပညာမဲ့လူတန်းစား တစ်ယောက်ဖြစ်ရသည်။ မိဘများ ကွယ်လွန်သည့်အခါ ထို
ပညာမဲ့ သူဌေးသားလေးသည် တစ်ယောက်တည်း ကျန်ရစ်သည်။ မိဘများ ရှာဖွေထားသည့်
ကုဋေရှစ်ဆယ်ပစ္စည်းများကို မိမိလက်ထက်မှာ တိုးပွားလာအောင် စွမ်းဆောင်နိုင်သည့်
ပညာမရှိ၊ ထိုရှစ်ဆယ်သော ကုဋေမှ လျှော့ကျ မသွားအောင် ထိန်းထားနိုင်သည်
လောကမျက်လုံးလည်း မရှိ၊ ပေါင်းသင်းထိုက်သူ မပေါင်းသင်းထိုက်သူများကို
ခွဲခြားသိမြင်သော လူမှုရေးပညာ၊ ကောင်း၏ မကောင်း၏၊
အပြစ်ရှိ အပြစ်မရှိ၊ လုပ်သင့် မလုပ်သင့်သည်များကိုလဲ ခွဲခြားသိမြင်းသော
ဓမ္မမျက်လုံးလည်း မရှိ၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်သည်အတွက်
လူလိမ်လူညာများ၊ အမူးသမား အရူးသမား၊ အပျော်ကျူး၊
အလောင်းကစားကျူးသူများနှင့်ပေါင်းမိကာ ရှိသမျှပစ္စည်းတွေလည်းကုန်၊ နေစရာ အိမ်ပါ
မကျန်တော့သဖြင့် ထိုလူမိုက်များနှင့်ပေါင်းကား သူခိုး ဓားပြဘ၀သို့
ရောက်သွားလေတော့သည်။
အကယ်၍သာ ပထမအရွယ်၊ သို့မဟုတ် ဒုတိယ အရွယ်၊ သို့မဟုတ် တတိယအရွယ် တစ်ခုခုမှာ လောကမျက်လုံးရှိခဲ့ရင် သူဌေးကြီး၊ သူဌေးလတ်၊ သူဌေးငယ် တစ်ခုခု ဖြစ်နိုင်ခွင့် ရှိသေးသည်။ အလားတူပင် ထိုအရွယ်သုံးပါ တစ်ပါးပါးတွင် ဓမ္မမျက်လုံး အလင်းရှိခဲ့ပါက ထို တစ်ရွယ်ရွယ်တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာမဂ်အဆင့်ထိ တစ်ဆင့်ဆင့်သို့ ရောက်နိုင်မည်။ သို့သော် နှစ်ဖက်ကန်း၊ စုံလုံးကန်း (အန္ဓစက္ခုက) ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ထို လောကအခွင့်ရေး ဓမ္မအခွင့်ရေးနှစ်ခုလုံး ဆုံးရှုံးကာ လက်ရှိဘ၀မှာလဲ ဆင်းရဲပေါင်းများစွာဖြင့် လူလုံးမလှ အပူလုံးကြွကာ၊ နောင်ဘ၀အသစ်မှာတော့ အပါယ်လေးပါးလားရတော့သည်။
(၂) ဧကစက္ခုက-တစ်ဖက်လင်း၊ တစ်ဖက် မမြင်
လောကမျက်လုံး အလင်းသာရှိ၊ ဓမ္မမျက်လုံး အလင်းမရှိသော (၀ါ) တစ်ဖက်မြင် တစ်ဖက် မလင်းသော ပုဂ္ဂိုလ်ကို ဧကစက္ခုက ပုဂ္ဂိုလ်ဟု ဆိုသည်။ ထိုကဲ့သော ပုဂ္ဂိုလ်မျိုးတွေ လောကတွင် အမြောက်အများ ရှိသည်။ စီးပွားရေး အမြင်ရှိသည်၊ ငွေ ရွှေ ဘယ်လိုဝင်လာအောင်၊ ဘယ်လိုတိုးလားအောင် နည်းလမ်းပေါင်းစုံ ကျွမ်းကျင်သည်။ လောကစီးပွားရေး အတွက် လောကမျက်လုံးပဲရှိ၊ ဓမ္မမျက်လုံးကိုကား မရှိသောကြောင့် ဘယ်သူသေသေ ငတေ ချမ်းသာ ပြီးရောဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်သည်။ တစ်ဖက်အစွန်းရောက်နေသော လောကမျက်လုံးကို ထိန်းညှိပေးသည့် ဓမ္မမျက်လုံး မရှိသည်အတွက် ၀ိသမနည်းလမ်းတွေဖြင့်လည်း ရအောင် အားထုတ်သည်။
လောကကောင်းကျိုးမပြုသည့် အရောင်းအ၀ယ်၊ လောကအကျိုးမဲ့စေသည့်
အရောင်းများဖြစ်သည့် လက်နက်အရောင်းဝယ်၊ လူကုန်ကူးမှု၊ မူးယဇ်ဆေးဝါး အရောင်းအ၀ယ်စတဲ့
လူသားအကျိုးမဲ့ စီပွားရေးများကို ငွေ၊ ရွှေ ရပြီးရောဆိုပြီး ရှာဖွေနိုင်သည့်
လောကမျက်လုံးကားရှိသည်။ ဓမ္မမျက်လုံး အလင်းကား မရရှာသဖြင့် အလိုဣစ္ဆာကြီးသူသည်
လောကကောင်းကျိုး၊ လောက မကောင်းကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်သော
ဥာဏ်မျက်လုံးမရှိ။
မြတ်ဗုဒ္ဓလက်ထက်တော်အခါက စုံလုံးကန်းနေသည့် လူတစ်ယောက်အကြောင်း၊ အနည်းစပ်ဆုံး၊ လူအသိများဆုံး ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ ထိုသူသည် နှစ်ပေါင်း ၅၅နှစ်တိုင်တိုင်၊ သူသေသိတိုင်အောင် သားသတ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ ထိုသူကား စုန္ဒ ဖြစ်သည်။ ၀က်သတ်၍ စီးပွားရှာသဖြင့် သူ့ကို စုန္ဒသူကရိကဟု လူအသိများသည်။ နှစ်ပေါင်း ၅၅ တိုင် ၀က်များကို တိုင်မှာချည်နှောင်၊ တူ၊ ဒုတ်၊ ဓားစသည့်လက်နက်များဖြင့် ထုရိုက်သတ်ပြီး၊ မသေမရှင်၊ အရှင်လတ်လတ် ရေနွေးပူဖြင့်လောင်း၊ အမွှေးများနှုတ်၊ အသားပြုလုပ်၍ လက်လီလက္ကားအရောင်းအ၀ယ်ဖြင့် စီးပွားတော့ ဖြစ်နေသည်။
ထိုအလုပ်သည် ဓမ္မမျက်လုံးရှိသူအတွက် အလွန်အပြစ်ကြီးသည့် အလုပ်ဖြစ်နေသည်။
ဓမ္မမျက်လုံးရှိနေသူ မည်သူမဆို ထိုအလုပ်မျိုး မလုပ်နိုင်။ သူကတော့ ၅၅ နှစ်တိုင်
ထိုအစီးအပွားဖြင့် အဆင်ပြေနေခဲ့သည်။ သို့သော်လည်း သေခါနီးအချိန် ၀က်လိုအော်၊
အခုတ်အသတ်ခံ၊ ရေနွေးအပူခံ၍ ၀က်များအော်သလို (၇)ရက်တိုင် အော်ပြီး သေသွားရှာသည်။
နောင်ဘ၀လားသော် ငရဲအထိ ဆင်းရတော့သည်။
လောကမျက်းလုံး ဓမ္မမျက်လုံး (balance) ညီမျှနေဖို့လိုသည်။ လောကမျက်လုံးသာ ရှိသူသည် အစွန်းရောက်တတ်သည်၊ ထိုသို့ အစွန်းမရောက်အောင် စဉ်စားဆင်ခြင် သုံးသပ်နိုင်သည့် ဓမ္မမျက်လုံးရှိရမည်၊ ဓမ္မမျက်လုံး မရှိပါက အကောင်းအဆိုး၊ လုပ်သင့် မလုပ်သင့်၊ အပြစ်မရှိ အပြစ်ရှိသည်ကို ခွဲမခြားနိုင်၊ အစွန်းရောက်သွားတတ်သည်။ ဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းညှိပေးရသည်။ အလားတူပင် ဓမ္မမျက်လုံးသာ ရှိ၍ ဓမ္မမျက်လုံး မရှိသော ဧကစက္ခု ပုဂ္ဂိုလ်လည်း ရှိသေးသည်၊ ထိုပုဂ္ဂိုလ်မျိုးကို မြတ်ဗုဒ္ဓက ထည့်သွင်းပြီး ဟောထားခြင်းမရှိသော်လည်း၊ မှန်းဆ၊ တွေးတော၊ နှိုင်းချိန်ပြီး အနုလုံ ပဋိလုံ နားလည်ရမည်ဖြစ်သည်။
စာရေးသူတို့ အားလုံး သတ်ရှိသတ္တ၀ါများ ဖြစ်ကြသည်၊ ထို့ကြောင့် နေစရာ၊ စားစရာ၊ ၀တ်စရာ၊ ကျန်းမာရေး စသည်အားဖြင့် ဘ၀အသက်ရှင်ရေးအတွက် လိုအပ်ချက်များစွာ ရှိပါသည်။ ထိုလိုအပ်ချက်များကို ရှာနိုင်သည့် လောကမျက်လုံးက ရှိဖို့လိုသည်။ အူမတောင့်မှ သီလစောင့် ဆိုတာလို ဘ၀ကား အဆင်ပြေနေမှ ဓမ္မမျက်လုံးကို ရဖို့ ကြိုးစားရမည်၊ ဓမ္မမျက်လုံးသာ ရှိနေလျှင် လောကမျက်လုံး မရှိပြန်လျှင်လည်း လူမှုရေးကျင့်ဝတ်တွေ လူမှုဆက်ဆံရေးတွေ အားနဲသွားနိုင်သည်။ ထိုကြောင့် မြတ်ဗုဒ္ဓက ထိုနှစ်ခု ညီမျှနေဖို့လိုသည်အတွက်ကြောင့် ဒွိစက္ခု-နှစ်ဖက်မြင် နှစ်ဖက်လင်း ပုဂ္ဂိုလ်ကို ဆက်လက်ဟောကြားသည်။
ဒွိစက္ခုက-နှစ်ဖက်မြင် နှစ်ဖက်လင်း
လောကမျက်လုံး အလင်းလည်းရှိ၊ ဓမ္မမျက်လုံးလင်းလည်းရှိသူကို ဒွိစက္ခုကဟုခေါ်သည်၊ နှစ်ဖက်အမြင်၊ နှစ်ဖက်အလင်းရှိသူဖြစ်သည်။ လောကကြီးပွားရေး အမြင်လည်းရှိသည်၊ သံသရာ ကြီးပွားရေး အမြင်လည်းရှိသည်။ လောကီ လောကုတ် နှစ်မြာအလုပ်ကို လုပ်စွမ်းနိုင်သည့် အမြင်ရှိသူ ဖြစ်သည်။ လောကီနယ်ပယ်မှာ နေသူများပဲ ဖြစ်ဖြစ် လောကုတ္တရာနယ်ပယ်မှာပဲ ဖြစ်ဖြစ် ဘ၀အသက်ရှင်ရေးအတွက် ရှာရ ဖွေရမည်၊ ထိုသို့ ရှာဖွေတတ်သည့် အမြင်များ ရှိဖို့လိုသည်။ ဇေတ၀န်ကျောင်းဒကာ အနာထပိဏ်သူဌေးတို့၊ ပုဗ္ဗာရုံကျောင်းအမ ၀ိသာခါတို့လို လူ့လောက၀ယ် သို့မဟုတ် လောကီနယ်ပယ်တွင် စီးပွားရေး အမြင်ရှိသူများ ဖြစ်ကြသည်။
ထိုခေတ် ထိုကာလက သူတို့သည် တိုင်းပြည်မင်းလုပ် အုပ်ချုပ်ရေးနေသူများအတွက်
အားကိုး အားထားရာလည်း ဖြစ်သည်၊ တိုင်းပြည်၊ မြို့၊ ရပ်ရွာတွေအတွက်လည်း
အားကိုးရာဖြစ်သည့် သူဌေးများ ဖြစ်ကြသည်။ ဓမ္မမျက်လုံး၊ သံသရာကြီးပွားရေး အမြင်များ
ရှိသူလည်းဖြစ်ကြသည့်အားလျှော်စွာ သူတို့ ရှာဖွေစုဆောင်းထားသည့် စည်းစိမ်ဥစ္စာတို့သည်
ဓမ္မိယလဒ္ဓဖြစ်သည်၊ သန့်သန့်ရှင်းရှင်းဖြင့် ရရှိထားသည့်
စီးပွားရေးလုပ်ငန်းများဖြစ်သည်။ ထိုစီးပွားရေးမှ ရရှိလာသည့် အကျိုးအမြတ်တို့သည်
လူမှုရေးအပြင် တိုင်းရေး ပြည်ရေးအတွက်ပါ အကျိုးပြုသည်၊ ထိုစီးပွားရေးမှ
ဖြစ်ထွန်းလာသော အကျိုးအမြတ်အစွန်းတို့သည် သာသနာတော်အတွက်လည်း ဖြစ်လာသည်။ သူတို့သည်
လောကမျက်လုံး အမြင်ရှိသူများ ဖြစ်ကြသည့်အားလျှော်စွာ စီးပွားရေးလောကတွင်
ထိပ်ထိပ်ကြဲ သူဌေးများ ဖြစ်ကြသည်။ ထိုစီးပွားရေးအမြင်ကို ဓမ္မမျက်လုံးဖြင့်
ထိန်းကျောင်းထားနိုင်သဖြင့်လည်း တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာအတွက်ပါ
အကျိုးများစွာ ဖြစ်သည်။
လောကမျက်လုံးရှိသူ စီးပွားရေးသမားသည် စီးပွားရှာရာမှာ လောဘရှိရမည်၊ လောဘရှိမှ စီးပွားဖြစ်မည်၊ သို့သော် ထိုလောဘသည့် ရှိသင့်ရှိထိုက်သော လောဘဖြစ်သည်။ လောဘဟူသည် သေ၀ိတဗ္ဗလောဘ- ရှိသင့်ရှိထိုက်သောလောဘနှင့် အသေ၀ိတဗ္ဗ- မရှိသင့်မရှိထိုက်သော လောဘဟု နှစ်မျိုးရှိသည်။ လုပ်အား အားလျှော်စွာ ရသင့်ရထိုက်သည့် အကျိုးအမြတ်အတွက် လောဘသည် ရှိသင့်သော လောဘဖြစ်သည်၊ လိမ်ညာခြင်း၊ လှည့်ပတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ စသည်ဖြင့် သူတပါး ဒုက္ခဖြစ်စေသည့် စီးပွားရေးသည် အသေ၀ိတဗ္ဗလောဘ-မရှိသင့်သော လောဘဖြစ်သည်၊ ရသင့်တာ ပိုလိုချင်သည့် လောဘဖြစ်သည်၊ ထို့အပြင် လက်နက်၊ မူးယဇ်ဆေးဝါး၊ လူကုန်ကူးခြင်းစတဲ့ တပါးသူများ ဆင်းရဲစေမည့် အလုပ်တို့သည် ၀ိသမလောဘများ ဖြစ်ရကား အသေ၀ိတဗ္ဗလောဘပင် ဖြစ်သည်။
ထိုအသေ၀ိတဗ္ဗလောဘသည် မရှိသင့်ဟု မြင်နိုင်စွမ်းသည်ကား ဓမ္မမျက်လုံးဖြစ်သည်၊
ရှိသင့်သော လောဘ၊ မရှိသင့်သောလောဘဟု ခွဲခြားသိမြင်ခြင်းသည်လည်း ဓမ္မမျက်လုံးဖြစ်သည်၊
ထိုဓမ္မမျက်လုံးဖြင့် လောကမျက်လုံးကို ထိန်းကျောင်းခြင်းသည်ပင် လောကမျက်လုံး
ဓမ္မမျက်လုံးတို့ ဟန်ချက်ညီနေကြခြင်းဖြစ်သည်။ အထက်ဖော်ပြပါ ကျောင်းဒကာ
ကျောင်းအမကြီးများကဲ့သို့ လောကမျက်လုံး ဓမ္မမျက်လုံးဟန်ချက် ညီနေမှ လောက
သံသရာနှစ်ဖြာ ချမ်းသာမည်၊ နှစ်ဖက်မြင် နှစ်ဖက်အလင်းရှိနေပါမှ ဘ၀သံသရာ ၀ဋ်မှ
လွတ်မည်။
နိဂုံး
ဤသုတ်တော်လာ လူတန်းစား သုံးမျိုး အဆင့်အတန်းသုံးမျိုးတွင် စာရေးသူတို့ မည်သည့်အဆင့်တွင်ပါဝင်နေသနည်း?၊ မည်သည့် အုပ်စုတွင်ပါဝင်နေသနည်း?၊ ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သည့် တရားတော်များသည် ကြေးမှုံ မှန်နှင့် တူသည်။ မှန်သည် ကြည့်ဖို့ ဖြစ်သည်၊ မျက်နှာမှာ အစွန်းအထင်း၊ မှဲ့၊ အကွက် စသည့် အဆင်မပြေသည့်အရာများကို မြင်နိုင်ရန် ကြည့်မှန် ဖြစ်သည်၊ ကြည့်ပြီး ပြင်သင့်တာ ပြင်ရသည်။ အလားတူပင် ဓမ္မကြေးမှုံသည်လည်း ကိုယ်ဘာလဲ ဆိုတာ ပြန်ကြည့်နိုင်ရန် မှန်တစ်ချပ်ဖြစ်သည်။ ထိုမှန်ကို ကြည့်ပြီး အန္ဓလား၊ ဧကစက္ခုလား၊ ဒွိစက္ခုလား၊ ကိုယ့်သန္တာန်မှာ ဘာအပြစ်အနာဆာတွေ ရှိနေသနည်း ထိုမှန်ကို ကြည့်ပြီး ပယ်သင့်တာပယ်၊ ဖယ်သင့်တာ ဖယ်၊ ဖြည့်သင့်တာ ဖြည့်ရမည် ဖြစ်သည်။ မလိုအပ်တာ ဖယ်၊ လိုအပ်နေသေးသည့် ကောင်းသည့်အရာမှန်သမျှ ဖြည့်ရမည်သာတည်။ နှစ်ဖက်လုံးကန်းနေလျှင် ဘာမှ မဖြင်နိုင်၊ တစ်ဖက်သာ အမြင်ရှိသူကတော့ ဝေေ၀၀ါးဝါး မြင်နိုင်သေးသည်၊ နှစ်ဖက်မြင်သူကတော့ အလင်းအားပိုကောင်းသဖြင့် အရာအားလုံးကို မြင်နိုင်တော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
Thursday, April 23, 2015
လောကီကုသိုလ်နှင်. လောကုတ္တရာကုသိုလ်
လာကီကုသိုလ်နှင်. လောကုတ္တရာကုသိုလ်
မြတ်စွာဘုရားနှင့် သံဃာတော်များ
ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်ရင်းဖြင့် မြိုပ၀င်ပေါက်နားတွင် မစင်ကို စားနေသော ၀က်မလေးတစ်ကောင်ကို တွေ့ရာမှ ထိုဝက်မလေး၏ အတိတ်ဘ၀ကို အရှင်အာနန္ဒာ၏ မေးလျှောက်မှုကြောင့် ဗုဒ္ဓက – ထိုဝက်မလေးသည် အတိတ်ဘ၀က ကကုသန်မြတ်စွာဘုရားလက်ထက်တုန်းက ဆွမ်းစားကျောင်းအနီးမှာ
ကြက်မတစ်ကောင်း ဖြစ်ခဲ့ရတယ်။
ရဟန်းတော်များရဲ့တရားဒေသနာရွတ်ဖတ်သရဇ္ဈာယ်သံတွေကို နားထောင်ခဲ့ရတဲ့ ကုသိုလ်ကြောင့်
ကြက်မဘ၀ကသေတဲ့အခါ ဥဗ္ဗရီ အမည်ရှိ မင်းသမီးတစ်ယောက် ဖြစ်ခဲ့၏။ တစ်နေ့သောအခါမှာ ရေအိမ်ဝင်ရင်း
ပိုးလောက်တို့ကို တွေ့မြင်ရတဲ့အခါ ပိုလောက်ဟူသော အမှတ်သညာကို အခြခံထားပြီး သမထဘာဝနာကိုပွားများလိုက်တာ
ပထမဈာန်ကို ရသွားခဲ့သည်။
ထိုဈာန်ကြောင့် ဗြဟ္မာဘုံသို့ ရောက်၏။ ထို ဗြဟ္မာဘုံမှ စုတေသောအခါ
လူအမျိုးသမီးတစ်ယောက် ဖြစ်ရ၏။ ထိုလူ့ဘ၀မှသေသော် ၀က်မလေး ဘ၀ဖြစ်ရတာလို့ မိန့်တော်မူခဲ့တာကြောင့်
အရှင်အာနန္ဒာနဲ့ ရဟန်းများစွာဟာ ပုထုဇဉ်မှန်သမျှ ၀ိနိပါတဘေးက မလွတ်ပုံကိုတွေးပြီး သံဝေဂ
ဖြစ်ကြပါတယ်။
ဒ့ါကြောင့် လောကီကုသိုလ်ဘယ်လောက်လုပ်လုပ်၊ သူ့အရှိန်ကုန်ရင် ပြန်ပြီးကျရပါပဲ။ လောကီကုသိုလ်တွေက
မှိုင်းနဲ့တူပါတယ်တဲ့။ ပုထုဇဉ်တွေကတော့ မီးပုံးပျံနဲ့တူပါတယ်တဲ့။ မီးပုံးပျံဟာ မှိုင်းအားကောင်းသလောက်
အပေါ်ကိုတက်နေတာပါပဲ။ မှိုင်းအားကုန်တာနဲ့ အောက်ကို ဇောက်ထိုးမိုးမျှောက်ပြန်ရတာပါတဲ့။
တော်တော်ကောင်းတဲ့ ဥပမာလေးပါ။
ဝိဘင်း ပါဠိတော် ၌လည်း
ဥက္ခိတ္တာ ပုညတေဇေန
ကာမရူပ ဂတိံဂတာ
ဘ၀ဂ္ဂန္တမ္ပိသမ္ပတ္တာ
ပုနဂစ္ဆန္တိ ဒုဂ္ဂတိံ။
ပုညတေဇေန – ဒါန သီလ သမာထ ဟု ပြုကြ ရှိန်စော်ကောင်းမှု အာနုဘော်သည်။
ဥက္ခိတ္တာ – ပင့်ကော်မြှောက်ကြွ၊ တောင့်တချီငင်၊ မြှင့်တင် သွေးဆောင်အပ်ကုန်သည်ဖြစ်၍
ကာမရူပ ဂတိံဂတာ – လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်သို့၊ ကတိုက်ကရိုက်နှင့် ရောက်ဆိုက်လာကြသော
ပုဂ္ဂိုလ်တို့သည်
ဘ၀ဂ္ဂန္တမ္ပိ – ဘုံထွဋ်ဘုံဖျား၊ အမြင့်စားအကျော်၊ နေ၀သညာနာသညာခေါ်တဲ့ အရူပဘုံသို့လည်း
မ္ပိသမ္ပတ္တာ – သမာဓိမြောက်၊ ဈာန်ဘုံပေါက်၍ သက္ကာယဒိဋ္ဌိမသေ၊ ကမ္ဘာကြီးရှစ်သောင်းလေးထောင်ပင်
နေရငြားသော်လည်းပဲ
ပုန – အ၀ီစိရောက်၊ ဒိုးယိုပေါက်၍၊ အောက်သို့တုန့်ပြန်၊ တစ်ခေါက်တစ်ဖန်
ဒုဂ္ဂတိံ – မကောင်းသူတို့လားရာ ပူဆာထန်ပြင်း၊ မဆန်မငြင်းနိုင်တဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊
အသူရကာယ် အပါယ်လေးဘုံသို့
အာဂစ္ဆန္တိ – ငါ ငါဆိုတဲ့ တရားကဆွဲငင်သဖြင့် ကတိုက်ကရိုက်နှင့် ဇောက်ထိုးကျွမ်းပြန်၊
ချက်ခြင်းမကြာ၊ သက်ဆင်း၍လာကြရလေကုန်၏။
လောကုတ္တရာကုသိုလ်ကတော့ အခုရတာနဲ့ အခုကောင်းကျိုးပေးပါတယ်။ သောတာပတ္တိမဂ်ကုသိုလ်ရတာနဲ့
ဖိုလ်ဆိုတဲ့ ကောင်းကျိုးကို ချက်ချင်းခံစားရပါတယ်။ စက္ကန့်တောင် မခြားပါဘူး။ သောတာပတ္တိမဂ်က
အပါယ်ကိုဆွဲချတတ်တဲ့ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ကို အမြစ်ဖြတ်ပယ်သတ်လိုက်ပါတယ်။ ဒါ့ကြောင့်
သောတာပတ္တိမဂ် ရပြီးသူဟာ သံသရာတလျှောက်မှာ ဘယ်တော့မှအပါယ်မကျတော့ပါဘူး။
နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပိုင်ပိုင်နိုင်နိုင်ရသွားတဲ့ စူဠသောတာပန်ပုထုဇဉ်
ရောက်သွားရင်တောင် အပါယ်တံခါးပိတ်သားပါပြီ။ ဂတိမြဲသွားပြီးလို့ ၀ိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားပါတယ်။
ဒါကြောင့် စူဠသောတာပန်ပုထုဇဉ် အဆင့်ရောက်အောင် ကြိုးစားသင့်ပါတယ်။
မျက်ရည်မကျခင်သိစေချင်
အရှင်ဇဝန (မေတ္တာရှင်)