Thursday, January 31, 2013
Wednesday, January 30, 2013
အချစ်အကြောင်း တစ်စေ့တစောင်း
Tuesday, January 29, 2013
ကြည်ညိုထိုက်သော ရဟန်းတော်များ
ကြည်ညိုထိုက်သော ရဟန်းတော်များ
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌
ရဟန်းတော်များ များစွာရှိပါသည်။ ထိုရဟန်းတော်များအနက်
ဘယ်လိုရဟန်းတော်များကို ကြည်ညိုရမလဲ ဆိုတာကို အချုပ်အားဖြင့် ပြောပြရလျှင်
ဓုရနှစ်ပါးကို ကြိုးစားအားထုတ် ပြုလုပ်နေကြတဲ့ ရဟန်းတော်များကို
ကြည်ညိုကြရမယ်။
( ရဟန်းအလုပ် - ဓုရ ၂-ပါး )
မြတ်စွာဘုရားက မိမိ၏ သာဝကရဟန်းတော်များ အားထုတ်ဖွယ်
(၁) ဂန္ထဓုရ
(၂) ၀ိပဿနာဓုရ လို့ ၂-မျိုး ဟောတော်မူခဲ့တယ်။
ဂန္ထဓုရဆိုတာ= စာပေကျမ်းဂန် သင်အံပို့ချမှုဟူသော ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ဖြစ်တယ်။
ဝိပဿနာဓုရဆိုတာ=၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှုဟူသော ရဟန်းတို့အလုပ်= ရဟန်းတို့တာဝန်ဖြစ်တယ်။
ဂန္ထဓုရကို ပရိယတ္တိဓုရ၊ ၀ိပဿနာဓုရကို ပဋိပတ္တိဓုရလို့လဲ ခေါ်တယ်။
ဒါဟာ မြတ်စွာဘုရားပေးခဲ့တဲ့ ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ပဲ။
ဝိပဿနာဓုရဆိုတာ=၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှုဟူသော ရဟန်းတို့အလုပ်= ရဟန်းတို့တာဝန်ဖြစ်တယ်။
ဂန္ထဓုရကို ပရိယတ္တိဓုရ၊ ၀ိပဿနာဓုရကို ပဋိပတ္တိဓုရလို့လဲ ခေါ်တယ်။
ဒါဟာ မြတ်စွာဘုရားပေးခဲ့တဲ့ ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ပဲ။
အဲဒီရဟန်းတို့အလုပ်=ရဟန်းတို့တာဝန် နှစ်မျိုးစလုံးကိုဖြစ်စေ၊
တမျိုးမျိုးကိုဖြစ်စေ ကြိုးစားအားထုတ် ပြုလုပ်ထမ်းဆောင်နေကြတဲ့ သီလရှိသော
ရဟန်းတော်များကို ကြည်ညိုကြရမယ်။ အဲဒီရဟန်းတော်များဟာ အမှန်တကယ်
သာသနာပြုနေတဲ့ ရဟန်းတော်များ ဖြစ်ကြတယ်။
အချို့က
ဂန္ထဓုရ၊ ၀ိပဿနာဓုရ ဆိုတဲ့ ရဟန်းတော်တို့၏ အလုပ်၊ ရဟန်းတော်၏
တာဝန်နှစ်မျိုးတို့အနက် တမျိုးမျိုးကိုမျှ အားမထုတ်ပါဘဲ
သာသနာပြုဆိုတဲ့အမည်ကို ခံယူနေကြတာကိုတော့ စဉ်းစားစရာကောင်းပါတယ်။
သာသန၀ံသပ္ပဒီပိကာ၊
သာသနာလင်္ကာရစာတမ်း၊ သီလ၀ိသောဓနီကျမ်းများကို ကြည့်ရှုလျှင် ရှေးရှေးက
ဆရာတော်ကြီးတွေဟာ အလွန်ကြည်ညိုဖွယ်ကောင်းတာပဲ။ ရှေးရှေးက သူတော်ကောင်းတွေ
ရဟန်းတော်များကိုကြည်ညိုပုံကိုလဲ သိပ်အတုယူဖို့ ကောင်းတာပဲ။
( ဆေးပေးခြင်း၊ ပန်း၊ သစ်သီးပေးခြင်း ရှောင်တော်မူကြပုံ )
အင်းဝခေတ်က အရှင်ဝရဓမ္မ ဆရာတော်ထံ ကျောင်းအမကိုယ်တိုင်လာပြီး ဆေးတောင်းသတဲ့ ဆရာတော်က-ဆေးမပေးကောင်းဘူး-လို့ မိန့်တော်မူတယ်။ ပစ္စည်းလေးပါး ဒါယိကာမပါဘုရား-လို့ထပ်ပြီးလျှောက်တော့ ပစ္စည်းလေးပါးဒါယိကာမ ဖြစ်လေ မပေးကောင်းလေ-လို့ မိန့်တော်မူပါသတဲ့။
နံမော်ဆရာတော်၏
ကျောင်းဒကာ သမီးက ကံကြီးဆရာတော်ထံ ဆွမ်းသွားပို့တယ်။ ကံကြီးဆရာတော်က
ငှက်ပျောသီးနှင့် မုန့်ကို လက်ဆောင်ပေးလိုက်တယ်။ အိမ်ပြန်ရောက်လို့
ကျောင်းဒကာကြီး သိသွားတော့ ငါတို့ဆရာတော်နှင့် မတူ-လို့ပြောပြီး နောက်
ဆွမ်းမပို့ရတော့ဘူးတဲ့။
ဘုန်းကြီးပေးလိုက်တဲ့ ငှက်ပျောသီးနှင့် မုန့်ကိုလည်း စွန့်ပစ်စေပါသတဲ့။
ဘုန်းကြီးပေးလိုက်တဲ့ ငှက်ပျောသီးနှင့် မုန့်ကိုလည်း စွန့်ပစ်စေပါသတဲ့။
( ဗေဒင်မဟောသော ဆရာတော် )
မင်္ဂလာဘုံကျော် ဆရာတော်ထံ ၀န်ကတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းဖြင့် လာပြီး ၀န်ကြီး၏ ဇာတာကို ဗေဒင်မေးပါသတဲ့။ ဆရာတော်က ရဟန်းတော်များ ဗေဒင်မဟောကောင်းဘူး-လို့ ပြောလွှတ်လိုက်ပြီး ၀န်ကတော်ပြန်သွားတော့ လှူဖွယ်ပစ္စည်းများကို စွန့်ပစ်စေတယ်။ ၀န်ကတော်ကို ခေါ်လာတဲ့သူကိုလည်း နောင်-မခေါ်လာဝံ့အောင် တော်တော်ပြင်းပြင်းထန်ထန် ငေါက်ငမ်းတော်မူသတဲ့။
အရှင်အဂ္ဂဓမ္မ
ဆရာတော်ကတော့ ဆေးကုတဲ့ဘုန်းကြီးက လှူတဲ့ ပစ္စည်းကို အကုန်စွန့်ပစ်ပြီး
အဲဒီဘုန်းကြီးထိုင်တဲ့ နေရာကိုတောင် ရေဆေးပစ်ခိုင်းသတဲ့။
( ရှေးဆရာတော်များ ၀ိနည်းလေးစားပုံ )
နံမော်ဆရာတော် အရှင်သာရမဉ္ဇူ-ဟာ မိမိ၏ ဇာတိဖြစ်တဲ့ မိတ္ထီလာမြို့ အုတ်ရှစ်ကုန်းသို့ ကြွလာတဲ့အခါ ရွာက လှည်းအကြိုလာတယ်။ ဆရာတော်က မသွားနိုင်တော့မှ ငါပြောမယ်-လို့ မိန့်တော်မူပြီး လှည်းမစီးဘဲ ရွာရောက်အောင် ကြွတော်မူသတဲ့။
ဒုတိယ
နံမော်ဆရာတော် အရှင်ဓမ္မပါလလည်း မိုးမရွာလျှင် ဘယ်အခါမျှ ထီးမဆောင်းဘူးတဲ့၊
မိုးရွာလို့ ထီးဆောင်းရလျှင်လည်း သူတပါးကို ထီးမမိုးခိုင်းဘဲ
ကိုယ်တိုင်ဆောင်းတော်မူသတဲ့။
( သာလွန်မင်း ကြည်ညိုပုံ )
သာလွန်မင်းတရားကို အမြင့်မြို့စား သားတော် ရှင်တရုတ်က လုပ်ကြံတဲ့အခါ လေးထပ်ကျောင်းဘက်သို့ မင်းကြီးထွက်ပြေးလာပြီး လေးထပ်ဆရာတော်ကို အကြောင်းစုံလျှောက်ထား၍ လူဆိုးလူသွမ်းများ မ၀င်လာအောင် ထီးရိုး တောင်ဝှေးဆွဲကိုင်ပြီး တားမြစ်ပေးပါ-ဟု လျှောက်တယ်။ ဆရာတော်က ငါ ရဟန်းသားဖြစ်တယ်၊ ဘယ်လိုမျှ မကြံသာ၊ စံကျောင်းသူတော်ကို ပင့်ပါရစေဦး-ဟု မိန့်တော်မူပြီး စံကျောင်းဆရာတော်ကို ပင့်ခိုင်းလို့ စံကျောင်းဆရာတော် ရောက်တဲ့အခါ မင်းကြီးက လေးထပ်ဆရာတော်ကို လျှောက်သလို လျှောက်တယ်။
စံကျောင်းဆရာတော်က မင်းကြီးကို ကျက်သရေတိုက်မှာ နေခိုင်းပြီး
ရဟန်းသာမဏေများကိုခေါ်ကာ ထီးရိုး တောင်ဝှေး ဆွဲကိုင်ပြီး ကျောင်းတွင်းသို့
လူတယောက်မျှ မ၀င်ရအောင် စောင့်ရှောက်ပေးတယ်။ ကျောင်းမှာ တလလောက် နေရတယ်။
အရေးတော်
အောင်မြင်ပြီးစီးလို့ နန်းတော်ပြန်ရောက်ပြီးတဲ့အခါ
မင်းတရားကြီးက-လေးထပ်ဆရာတော်သည် ရဟန်းပီသပါပေသည်။ စံကျောင်းဆရာတော်သည်
စစ်သူကြီး ပီသပါပေသည်-လို့ မိန့်ဆိုကြောင်း ဆရာစဉ် စာများရှိပါတယ်။
လေးထပ်ဆရာတော်သည် သံသရာ ဆရာတော်ဖြစ်သည်။ စံကျောင်းဆရာတော်သည် ပစ္စုပ္ပန်
ဆရာတော်ဖြစ်သည်-လို့ မိန့်ဆိုကြောင်း ရာဇ၀င်မှာဆိုပါတယ်။
နောင်တော်၏
သားတော် သခင်ပုကို ညီတော် မင်းရဲကျော်စွာ၏ သမီးတော်နှင့် စုံဖက်တဲ့
မင်္ဂလာလက်ထပ်ပွဲမှာ လေးထပ်ကျောင်းဆရာတော်ကိုသာ တပည့် သံဃာများနှင့်တကွ
ပင့်ပြီး ပရိတ်တရားနာတယ်။ စံကျောင်းဆရာတော်ကို မပင့်ဘူးတဲ့။ ဒါကြောင့်
ရှေးသူဟောင်းတို့ကို - သာလကာ တလင်ပန်း ပင်ပန်းကာ တယောက်မ-လို့
စကားပုံဆိုကြသတဲ့။
တရားနာပရိတ်သတ်များ
ရဟန်းတော်များကို ကြည်ညိုတတ်အောင် သာသနာလင်္ကာရစာတမ်း စသည်မှာလာတဲ့
အကြောင်းအရာ အနည်းငယ်ကို ထုတ်ပြီး ဟောခဲ့ပါတယ်။ ရဟန်းကောင်း
ရဟန်းမြတ်များကို ရွေးချယ်၍ကြည်ညိုနိုင်ကြပါစေ။
( ဘဒ္ဒန္တ ကုမာရ-အဘိဓဇမဟာရဋ္ဌဂုရု )
Monday, January 28, 2013
အထက်တန်းစား ဗုဒ္ဓဘာသာဝင်
အထက်တန်းစား ဗုဒ္ဓဘာသာဝင်
စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏အဆုံးအမများကို ဘဝလမ်းညွှန်အဖြစ် လိုက်နာခံယူကျင့်သုံးသူများပင် ဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓအဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများရှိသလို၊ သာမန်ကာလျှံကာ သိသူများလည်းရှိပါတယ်။ ပါရမီအနုအရင့်၊ ဝိရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက်များလည်း ရှိပါတယ်။
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့  သရဏဂုံ တင်ထားပေမဲ့လည်း အခြားသော တစ်စုံတစ်ရာကို သရဏံ ဂစ္ဆာမိချင်သူများဆိုလျှင် ရတနာသုံးပါးကိုးကွယ်သူရယ်လို့  ဆိုရန်ပင်ခက်လှပါတယ်။ ဘုရားစင်အနီးအပါးမှာ အာသဝေါမကုန်ခမ်းသေးတဲ့ ပြည်တွင်းဖြစ် ဘိုးတော်၊ မယ်တော်၊ ပြည်ပမှ ဘိုးတော်၊ မယ်တော်ရဲ့ ပုံများကို ချိတ်ဆွဲသူများဟာ ရတနာသုံးပါးမှတပါး အားထားစရာမရှိပြီလို့  ခံယူထားတဲ့သူများ မဟုတ်ပါဘူး။ အကြောက်တရားနဲ့  မျှော်လင့်တောင့်တမှုပေါ် အခြေခံပြီး ဓါတ်ရိုက်ဓါတ်ဆင်၊ ယတြာချေ၊ ဂါထာမန္တန် ရွတ်သူများဟာ(ဗုဒ္ဓဘာသာဝင်တို့ အဖို့  အရေးကြီးဆုံးဖြစ်တဲ့) ကံ-ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူများ မဟုတ်ပါဘူး။ အတ္တနှင့် အတ္တနိယအပေါ် အခြေစိုက်တဲ့ ၎င်းအပြုအမူတွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းကြောင်းနဲ့  ဖီလာဆန့် ကျင်လျှက်ရှိပြီး၊ ဥုံ မဏိပဒ္မေဟုံ ကဲ့သို့  မဟာယနဂိုဏ်းရဲ့ထိုးဖောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ မှာ ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်ခံအားနည်းပါးရှာသူတွေ ဖြစ်လာကြပါတယ်။
မြတ်ဗုဒ္ဓရဲ့ဓမ္မမှာ
လောဘ၊ ဒေါသ၊ မောဟတို့ ကို ငြိမ်းစေသော နည်းလမ်းများညွှန်ပြထားသလို၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊
ဒေါမနဿတို့ မှ လွတ်မြောက်စေတဲ့ကျင့်စဉ်တွေလည်း အမြောက်အမြားရှိပါတယ်။
ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီး လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောနေပါလျှင်၊ သောက၊ ပရိဒေဝ၊
ဒုက္ခ၊ ဒေါမနဿတို့  ပူလောင်ဆူပွက်နေပါလျှင် (အဖြေကားရှင်းပါတယ်။) ဗုဒ္ဓ၏ ဓမ္မကို
လိုက်နာကျင့်သုံးမှုမှာ အားနည်းလို့ သာ ဖြစ်ပါတယ်။
အထက်တန်းစားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ
- ၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
- ၂။ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း
- ၃။ကောတုဟလ မင်္ဂလာကိုမယုံကြည်ခြင်း
- ၄။လောကီမင်္ဂလာတို့ ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရအားဖြင့် ယုံကြည်ခြင်း
- ၅။ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သောအလှူခံပုဂ္ဂိုလ် ရွေးချယ်စိစစ်၍ ဦးစွားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ဖြစ်၏။
အညံ့စားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ
- ၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာမယုံကြည်ခြင်း
- ၂။ကိုယ်ကျင့်သီလမရှိခြင်း
- ၃။ကောတုဟလ မင်္ဂလာကိုယုံကြည်ခြင်း
- ၄။ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
- ၅။အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျက် ဦးစားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ ဖြစ်သည်။
ဤသို့လျင် မိမိသည် အထက်တန်းစား ဗုဒ္ဓဘာသာဝင်လား၊ အညံ့စားဗုဒ္ဓဘာသာဝင်လား ဟူသည်ကို ဘုရားရှင်၏ အထက်ပါစံညွှန်းများကို အမှီပြု၍ ဆုံးဖြတ်နိုင်ပါတယ်။ ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ကြည်ညိုမှုသဒ္ဓါ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ခိုင်မာလျှင် လောကီမင်္ဂလာ၊ ကောတုဟတမင်္ဂလာတို့ မှာ စိတ်ညွှတ်မှုမရှိနိုင်ပါ။
ဗေဒင်၊ ယတြာ၊ အင်း၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်တို့ ကို ယုံကြည်ခြင်း၊ မည်သည့်ရုပ်ပွားတော်ကို ကိုးကွယ်လျှင်မည်သို့  စီးပွားတက်မည်ဟု ယုံကြည်ခြင်းတို့သည် ကောတုဟလမင်္ဂလာကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီလိုယတြာချေလျှင် ဒီလိုအောင်မြင်သတဲ့၊ ဒီအဆောင်ကြောင့် ဒီလိုကြီးပွားသတဲ့၊ ဒီရုပ်ပွားမျိုးကိုးကွယ်လျှင် အန္တရယ်ကင်းသတဲ့ စတဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ လောကီစီးပွား တက်ကြောင်းများကို (ဗုဒ္ဓ၏ အဆုံးအမများနှင့် လျော်ညီမှုရှိ၊မရှိ) မစစ်ဆေးဘဲ မျက်ကန်းယုံကြည်လက်ခံခြင်းတို့ ဟာ အတွေးအခေါ်သူတောင်းစားတို့ရဲ့ အမူအကျင့်သာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမနှင့် ဆန့် ကျင်ဘက် ဤအမူအလေ့မျိုးကား ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ မှာ မရှိသင့်၊ မရှိအပ်သင့်ပါ။
စင်စစ်ထေရဝါဒ
ဗုဒ္ဓဘာသာဝင် ဥပါသကာဟူသည်မှာ အတိတ်၊ နိမိတ်၊ ကိန်းခန်း၊ တဘောင်၊ နက္ခတ်၊ ဗေဒင်၊
ယတြာ၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ ရက်ရာဇာ ၊ပြဿဒါးစတဲ့ ဒိဋ္ဌ၊ သုတ၊ မုတ မင်္ဂလာများကို
မယုံကြည်ပါ။ ၎င်းလောကီမင်္ဂလာတို့ ကို ယုံကြည်လိုက်တဲ့ ဥပါသကာကို ဥပသကာအညံ့စား၊
ဒွန်းစဏ္ဍးဥပသကာလို့ ခေါ်ဝေါ်ပါတယ်။
(ပဉ္စက
အဂုင်္တ္တရ စဏ္ဍာလသုတ်ကို လေ့လာပါ။)
"ရဟန်းတို
့၊ အကြင်သတ္တဝါတို့ သည် နံနက်အခါ ကိုယ်ဖြင့်သုစရိုက်ကို ကျင့်ကြကုန်၏။ နှုတ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏။
စိတ်ဖြင့်သုစရိုက်ကိုကျင့်ကြကုန်၏။
ထိုသတ္တဝါတို့ အား ကောင်းသောနံနက်ဖြစ်၏။
ထိုသတ္တဝါတို့ အား ကောင်းသောနံနက်ဖြစ်၏။
ထို့ အတူမွန်းတည့် ညချမ်းအခါတို့ ၌
သုစရိုက်ကျင့်သူတို့ အား ကောင်းသောမွန်းတည့်အခါ၊
ကောင်းသောညချမ်းအခါ ဖြစ်၏"
ဟု
ဘုရားရှင်ဟာ (တိအဂုင်္တ္တရပါဠိတော်-၂၉၈) မှာ
ဟောတော်မူခဲ့ပါတယ်။
ကိုယ်စိုက်ပျိုးသောအပင်ကို
ကိုယ်ပဲရိတ်သိမ်းရပါတယ်။အဆိပ်ပင်စိုက်ပျိုးထားပါလျက် ဂါထာ၊မန္တန်၊ ယတြာအားကိုးနဲ့ 
ဩဇာပင်ရိတ်သိမ်းချင်၍မရပါ။ ကမ္မနိယာမမြစ်ကြောင်း အတိုင်းသာ ဘဝစီးကြောင်း ရေအလျဉ်ဟာ
စီးဆင်းနေပါတယ်။
ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် ကံ-ကံ၏အကျိုးကိုမယုံကြည်ဘဲ၊
လောကီမင်္ဂလာများနှင့် အပေါ်ယံအကာအလွာ ကိုးကွယ်မှုအမျိုးမျိုးနောက်လိုက်နေသူများဟာ
အညံစား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။
“ ဗုဒ္ဓဟောကြားတဲ့အတိုင်း၊သင်ထားတဲ့အတိုင်း၊ဆုံးမထားတဲ့အတိုင်း
ကျင့်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း အောက်တန်းမကျ၊ အထက်တန်းရောက်အောင်
ဘယ်သူကခေါ်ဆောင်သွားမှာလဲ၊အဲဒီကျင့်တဲ့တရားက ခေါ်ဆောင်သွားမှာ။
ဗုဒ္ဓကခေါ်ဆောင်သွားမှာမဟုတ်ဘူး။ ကိုယ်ကျင့်တဲ့တရားက ကိုယ့်ကိုခေါ်ဆောင်သွားမှာ။
အဲဒါကိုယုံကြည်ထားဖို့ပါဘဲ။ ဗုဒ္ဓဝါဒအရ ကိုးကွယ်ခြင်းဟာ အဲဒီအထိရောက်ရမယ်၊
ဒါမှအဆင့်အတန်းမြင့်တာ။ ကိုယ့်ကိုခေါ်သွားမယ့်ပုဂ္ဂိုလ်၊ သယ်ဆောင်သွားမယ့်ပုဂ္ဂိုလ်၊
ကယ်တင်သွာမယ့်ပုဂ္ဂိုလ်ဆိုတာ အခြားမှာမရှိပါဘူး။ ကိုယ့်ကိုအထက်ရောက်အောင်
သယ်ဆောင်သွားမှာ၊ ခေါ်ဆောင်သွားမှာ၊ အဆင့်အတန်းမြှင့်ပေးလိုက်မှာ ဘယ်သူတုန်းဆိုရင်
ကိုယ်ကျင့်သုံးထားတဲ့ တရားပါပဲ ”
ဗုဒ္ဓံ
သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာ အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၏
ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ သံဃံ သရဏံ ဂစ္ဆာမိ၏
ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။
ထေရဝါဒ
ဗုဒ္ဓသာသနာတော်မြတ်၏ အညစ်အကြေးဖြစ်တဲ့၊ အတွင်းရန်သူဖြစ်တဲ့ တန္တရယာန၊ မန္တရယာန၊
ယန္တရယာနများ၏ အန္တရယ်စက်ကွင်းမှလွတ်အောင်ရှောင်ပြီး မြင့်မြတ်သန့်စင်သော
အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ်(အကျင့်စရဏ)ဖြင့်ခံယူနိုင်ကြပါစေ။ ။
၁၉၉၁
ဧပြီလထုတ်၊ အမှတ်-၁၆ ဓမ္မရံသီပေါင်းချုပ်မှ
Sunday, January 27, 2013
107歲人瑞彌留病危 親友請緬甸法師誦經「吵活」
107歲人瑞彌留病危 親友請緬甸法師誦經「吵活」ပဋ္ဌာန်အစွမ်း အံ့မခမ်း သေရွာပြန် ၁၀၇နှစ် အဖွား谷氏၏ ဖြစ်ရပ်ဆန်း
(အရင်က ဒီအဖြစ်အပျက် ဇာတ်လမ်းကို ဖေါ်ပြခဲ့ဘူးပါပြီ။ ခုတစ်ဖန် ထိုင်ဝမ် သတင်းဋ္ဌာနတစ်ခုက အံ့သြဖွယ်ရာ အစီစဉ်တစ်ခုအဖြစ် ထပ်မံ ဖေါ်ပြခဲ့သောကြောင့် ထေရ၀ါဒ မြန်မာသံဃာတော်များ၏ ဂုဏ်ယူဖွယ်ရာ တစ်ခု ဖြစ်၍ ပြန်လည် မျှဝေလိုက်ခြင်းပါ။ ယခင် သတင်းဟောင်းကို ကြည့်လိုပါက အောက်ပါလင့်ကို နှိပ်ကာ ကြည့်ရှုနိုင်ပါသည်။)
http://yatanavasa.blogspot.tw/2012/11/blog-post.html
အိမ်-အပြန်လမ်း
အိမ်-အပြန်လမ်း
… အမေရဲ့ မျက်နှာသွင်နဲ့ တစ်ကိုယ်လုံး ဇရာတရားတွေက အလိပ်လိပ် အထပ်ထပ် ဖုံးထားကြပေမဲ့ ပြုံးပြီးတော့ ကြည့်နေတဲ့ မျက်နှာသွင်နဲ့ အမေရဲ့ တစ်ကိုယ်လုံးမှာ မေတ္တာတွေ ဂရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေက အပြည့်ဖုံးထားတာ၊ သားတွေ့လိုက်ရတယ် အမေ …
မြန်မာနိုင်ငံ
မပြန်ဖြစ်တာ နှစ်တွေ တော်တော်ကြာလို့ ရှစ်နှစ်တာထဲ ရောက်ခဲ့ပါပြီ၊
မိတ်ဆွေများ အရှိုအရှို ပြန်နေကြပေမဲ့ ပြန်လိုတဲ့စိတ်က တွန်းအားအဖြစ်
မပေးခဲ့လေဘူး။ ဒီနှစ်တော့ အသက်ရှစ်ဆယ်ကျော်လို့ လေးနှစ်တာ
စွန်းလေပြီဖြစ်တဲ့ မွေးမေမေကို “မယ်တော်ကြီး”လို့
မခေါ်ခဲ့ရတာလဲကြာ၊ မယ်တော်ကြီး၏ ရွှေမျက်နှာကိုလဲ မြင်လိုလှတဲ့စိတ်က
ပြင်းပြင်းထန် တွန်းအားအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ နောက်တစ်ချက်က
မွေးရာဇာတိမြေမှာ ရသမျှ ငွေသပြာများနဲ့ မြှုပ်ထားတဲ့ ရွှေအိုးက
ရှိနေသေးလေတော့ ဘယ်အတိုင်းတာ ဘယ်အဆင့်ထိ ရှိနေကြပြီလဲ ဆိုတာကို သိချင်
မြင်ချင်စိတ်က ချိုးနှိမ်လို့ ထားမရတာလဲ ပါပါတယ်။
ဒီလိုနဲ့
အမိမြေကို ပြန်ဖို့ရက်က သေချာသည်ထက် သေချာသွားပါတယ်။ ၂၇. ၀၁. ၂၀၁၂
နေ့မှာ လေယာဉ်လက်မှတ်ဖြတ်ထားပြီး မရောက်တာကြာနေတဲ့ စင်ကာပူ- မလေးရှားကို
တစ်ခါတည်း ၀င်သွားလို့ မတွေ့တာကြာတဲ့ မိတ်ရင်းများနဲ့
တစ်ဆယ့်သုံးရက်တာ နေလာခဲ့ပါတယ်။ ၉. ၀၂. ၂၀၁၂ နေ့မှာ အမိမြေ ရွှေမြန်မာကို
ရင်ထိတ်စွာနဲ့ ထွက်ခဲ့တာ မြေပြင်ကို လေယဉ်-ဆင်းသက်သည်အထိပါပဲ။ လေယဉ်ကွင်း
အဆောက်အဦးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ အများနည်းတူ တန်းစီနေရာမှာ- အရှင်ဘုရား
ဒီကိုကြွပါဆိုတဲ့ အသံက စိုးမိုးစွာ ကြားလိုက်ရတယ်။ အသံလာရာကို
စိုးရွံ့စွာကြည့်လို့ အသံပိုင်ရှင်ကို မြင်လိုက်မှ ရင်ထဲမှာ အေးသွားပါတယ်၊
ပြုံးရွှင်တဲ့မျက်နှာ ဂါရ၀ပါတဲ့အနေအထားနဲ့မို့ ကြည်ညိုတဲ့စိတ်အပြည့်ရှိနေတာ
သိလိုက်ရလို့ပါပဲ။ အော်…
ဒို့ရွှေမြန်မာတွေ ဒို့ရွှေမြန်မာတွေ ဘယ်လိုအကြောင်းမျိုးပဲ ရှိနေပါစေ
သံဃာတော်များ တွေ့ရရင် ဒီအသွင် ဒီသဘော မပြောင်းလဲကြတာ အလွန်ကို
ဝမ်းသာစရာပါလားရယ်လို့ ကြည်နူးစိတ်နဲ့ရင်နှီးစွာ
ပင့်ဆောင်ရာကိုသွားလိုက်ပါတယ်။
လိုအပ်တဲ့
ဆောင်ရွက်ဘွယ်တွေ လုပ်ဆောင်ပြီး ပစ္စည်းရွေးလို့ အပြင်ထွက်လာပေမဲ့ လာကြိုသူ
တစ်ယောက်မှ မတွေ့ရလို့ ကိုယ့်အဖြစ်ကို ၀မ်းနဲမနေအားပါဘူး၊
လိုရာသွားဖို့အတွက်Taxi ကားတွေ ရှိနေတာပဲလို့။ အဲဒီမှာ တစ်နေရာက
ပြုံးရွှင်တဲ့ မျက်နှာတွေနဲ့ မိတ်ဆွေတွေ ပေါ်လာကြတယ် အရှင်ဘုရားကို
လာကြိုကြတာပါတဲ့၊ ကိုယ်ကလဲ အလိုက်သိစွာ ပြုံးလို့ ပြလိုက်ပါတယ်၊ သိနေတယ်လေ…လို့။
တည်းခိုမည့်ရမည့်
မဟာစည်ရိပ်သာကြီးကို ရောက်လာလို့ မိတ်ဟောင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်
သုံးလေးရက်လောက် ငယ်မူခဏ ပြန်ခဲ့ကြရပါသေးတယ်။
ကြာကြာလဲ
မနေအားပါဘူး အင်္ဂလန်က လက်ဆောင် ပါးလိုက်ကြတာလေးတွေ ဆိုင်ရာတွေကို
ခေါ်ပေးလို့ ရန်ကုန်မြို့ကြီးနဲ့ အတော်ဝေးလှတဲ့ မြေလတ်ပိုင်းက မုံရွာဆိုတဲ့
အညာမြို့ဆီကို အမြန်ပြေးခဲ့ရပါတယ်။ အကြောင်းကတော့ အမေ့မျက်နှာကို မ၀တမ်း
ကြည့်လိုက်ချင်တဲ့ စိတ်ကြောင့်ပါပဲ။ အမေက မြို့မှာမပျော် တောကိုသာ
ပျော်သတဲ့၊ မြို့ကိုမခင် တောကိုသာ နေချင်သတဲ့။ ဟုတ်မှာပါလေ အမေက
တောမှာမွေးပြီး တောမှာကြီးပြင်း အသက်(၈၀)ကျော် နေလာခဲ့ရလေတော့ အမေ့စိတ်က
တောကိုပဲ ခင်ပေမှာပေါ့၊ အမေ့ကို အပြစ်မဆိုရက်ပါဘူး၊
ကိုယ်သည်ပင်လျှင်ပျော်ရွှင်လှတယ်မဟုတ်ပါပဲ သမိုင်းပေးအရ အထင်ကရ
နိုင်ငံကြီးမှာ နေနေရတာ ကိုယ်ချင်းစာပါတယ်။
မြို့ပေါ်မှာ
ကြာကြာမနေအားပါ၊ အမေရှိရာကို ဒီကနေ့ပဲ အရောက်သွားမယ်လို့ နှလုံးသွင်းပြီး
မြို့က ညီအကိုတွေ တားနေတဲ့ကြားက ထွက်လာမိခဲ့ပါတယ်။ သူတို့ကိုတော့
အားနာမိပါရဲ့၊ ဒီအချိန်မှာ သိကြားမင်းကြီး လာလို့ တားရင်တောင်
ရောက်အောင်သွားမဲ့ ကိုယ့်စိတ်ကို သူတို့မှ မသိကြလေပဲကိုး၊ ကိုယ့်စိတ်က
အမေမှ အမေ- ဖြစ်နေတဲ့ အခါလေ၊ အမေ့ရွှေမျက်နှာ ကြည့်လိုလှတွေ့လိုလှ
မြင်လိုလှတာ ကိုယ်ပဲသိပါတယ်။
အမေရှိနေတဲ့
ကိုယ့်မွေးရာ ဇာတိရွာလေးက ကိုယ်မရောက်လာတဲ့ ရှစ်နှစ်အတွင်းမှာ အတော်ကို
ပြောင်းလဲလို့ နေခဲ့တယ်။ ရွာကိုအလာ ဘေးဝဲယာ လယ်ကွင်း ယာကွင်းကြီးတွေက
ရေသွယ်မြောင်း ရေနှုတ်မြောင်းတွေနဲ့ ခရီးသွားတွေ အမောပြေ နားနေစရာ
အဆောင်ကလေးတွေနဲ့ စိမ်းလမ်းစိုပြေလို့ပေါ့။ ယခင်တုန်းကနဲ့ မတူတာတော့
အမှန်ပါပဲ။ မြို့ကို တက်လာကြတဲ့ သူတွေက ပျူပျူငှာငှာ နှုတ်ဆက်ကြ
မေးမြန်းကြနဲ့ ကိုယ့်ကို မမေ့ကြသေးပါလားလို့ ၀မ်းသာကျေနပ်မှု
ဖြစ်မိလိုက်ပါတယ်။ ရွာအ၀င်လမ်းမှာလဲ ရွာတံခါးတွေ ရွာစည်းရိုးတွေနဲ့ဆိုတော့
ကိုယ့်ရွာကို ကိုယ်တိုင် စောင့်ရှောက်ရမည့် တာဝန်နဲ့ စည်းလုံးမှုရဲ့
တန်ဖိုးကို နားလည်နေကြလို့ ရွာကလူတွေ အတွေးအမြင် ပြောင်းလဲနေကြပြီ ဆိုတာ
ရွာကို- ၀င်လိုက်တာနဲ့ သိလိုက်ပါတယ်၊ ကောင်းတဲ့ပြောင်းလဲမှုတစ်ရပ်ပေါ့လေ။
အမေရှိနေတဲ့
အမေ့အိမ်ကို ၀င်လိုက်တဲ့ အခါမှာတော့ ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း
မပြောင်းလဲသေးတာက အမေရဲ့ ရွှေမျက်နှာပါ၊ သားကိုချစ်တဲ့စိတ်နဲ့ အမေရဲ့
အပြုံးရိပ်တွေ တွေ့လိုက်ရတယ်၊ အမေရဲ့နှုတ်ကလဲ ဦးဇင်းလို့ ခေါ်လိုက်တဲ့
အမေရဲ့အသံ၊ ချိုမြိန်လိုက်တာ အမေရယ်၊ သားကိုမြင်လို့ အမေအိမ်ထဲက ထွက်လာတဲ့
အမေ့အသွင်က သားအထင်တော့ အမေရယ်… ဟို…
ကောင်းကင်ထက်က ဗြဟ္မာမင်းကြီး ဆင်းလာတာလို့ပဲသားထင်လိုက်မိပါတယ်။ အမေရဲ့
မျက်နှာသွင်နဲ့ တစ်ကိုယ်လုံး ဇရာတရားတွေက အလိပ်လိပ် အထပ်ထပ်
ဖုံးထားကြပေမဲ့ ပြုံးပြီးတော့ ကြည့်နေတဲ့ မျက်နှာသွင်နဲ့ အမေရဲ့
တစ်ကိုယ်လုံးမှာ မေတ္တာတွေ ဂရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေက အပြည့်ဖုံးထားတာ၊
သားတွေ့လိုက်ရတယ် အမေ။
အမေကို
မတွေ့ရတဲ့ ရှစ်နှစ်ဆိုတဲ့ အချိန်ကာလက သားအဖို့မှာ ရှစ်ကမ္ဘာလောက်
ကြာလိမ့်မယ်လို့ သားထင်ထားတယ်အမေ၊ ဘယ်သူတွေ ယုံယုံ မယုံယုံ အမေ့နှလုံးသားက
သားကိုသိနေသလို သားနှလုံးသားကလဲ အမေ့ကို သိနေတယ်လေ။ အမေကလဲ
သားမှသားဖြစ်သလို၊ သားကလဲ အမေမှအမေပါပဲ အမေရယ်။
အမေက
သားကို စကားလက်ဆောင် ပါးခဲ့တယ်လေ၊ အမေ မသေခင် သားရဟန်းကို
တွေ့ချင်လိုက်တာဆိုတဲ့ အမေရဲ့ မဟာဆန္ဒ အခုပြည့်ပြီပေါ့နော်။
ဖြစ်နိုင်မယ်ဆိုပါရင် သားလဲအမေရဲ့ အသက်အရွယ်အထိ နေရလို့ သားရဲ့
အသက်ရှည်နေသမျှ အမေကို အသက်ရှင်လျှက် တွေ့နေချင်သူပါ။ အမေနဲ့သား
ကမ္ဘာမခြားပေမဲ့ ရေမြေ တောတောင်တွေက အထပ်ထပ် ခြားနေတယ် အမေရယ်။ သားဆီကို အမေ
မလာရောက်နိုင်ပေမဲ့ အမေရဲ့ မေတ္တာတွေက သားဆီမှာ နေ့တိုင်းရောက်နေခဲ့တာ
သားသိတယ်အမေ။ သားက ကမ္ဘာကြီးရဲ့ အပြင်ကိုရောက်နေခဲ့ရင်လဲ
အမေရဲ့မေတ္တာတရားတွေက ရောက်အောင်လာမှာပဲ မဟုတ်လား။
အကြောပြိုင်းပြိုင်း
ထနေတဲ့အမေရဲ့လက်နှစ်ဖက်ကိုဆုပ်နယ်လို့အမေလို့ခေါ်လိုက်ရတာ သားနှလုံးသားမှာ
ပီတိအဖြစ်ဆုံးပါပဲ အမေ၊ ဘယ်အရသာနဲ့မှ မတူဘူးအမေ။ အရသာထူးခြားတဲ့
နတ်သုဒ္ဓါတွေက တစ်ခါစားထားရင် ရက်တစ်ရာလောက် ဘာမှမစားပဲ နေနိုင်သတဲ့ အမေ၊
စားဘူးတဲ့သူကလဲ တသက်လုံး အရသာကို မေ့လို့ မရဘူးတဲ့။ အခုအမေကို အမေလို့
ခေါ်လိုက်ရတဲ့ အရသာကလဲ သားနှလုံးသားမှာ နတ်သုဒ္ဓါထက်သာလိမ့်မယ်အမေ။ နတ်သုဒ္ဓါက
တစ်ခါစားရရင် ရက်တစ်ရာလောက် ဘာမှမစားပဲ နေနိုင်တာလေ၊ အခုသားက ဟို…
လွန်လာခဲ့တဲ့ ရှစ်နှစ်က အမေလို့ ခေါ်ခဲ့ရတဲ့ အရာသာကို အာရုံခံလို့
နေလာခဲ့တာ ရက်ပေါင်း တစ်ထောင်ကျော်ကြီးတောင် မခေါ်ပဲ နေခဲ့ရတာပါအမေ၊
အချိန်တွေ အများကြီး ကွာတယ်နော်။
အမေကိုအတိုးချလို့အကြိမ်ကြိမ်အမေလို့ခေါ်ထားပါရစေ အမေရယ်။
ပြောလို့မကုန်နိုင်တဲ့အမေရဲ့စကား၊
ကြားလို့မ၀နိုင်တဲ့အမေရဲ့အသံ၊ ရှုကြည့်လို့ အားမရတဲ့ အမေရဲ့မျက်နှာကြောင့်
အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိပါဘူး၊ နေတော်တော်ကြီး စောင်းသွားမှ
ရွာကျောင်းကို သွားရဦးမှာ အမှတ်ရမိပါတယ်။
အမေကိုနှုတ်ဆက်ပြီး
ကျောင်းကို ရောက်တယ်ဆိုရင်ပဲ မြှုပ်နှံထားတဲ့ အနုဂါမိက ရွှေအိုးကို
တွေ့လိုက်ရပါတယ်။ ဖြည့်ဖို့ အများကြီး လိုနေပါသေးလား။ ငါမှန်းထားသမျှ
ငါရထားသမျှ ဖြည့်ဆည်း ပေးလာခဲ့တာ ခေတ်ကာလ နဲ့ဆိုတော့အတိုင်းအတာ
တစ်ခုတော့လိုနေဦးမှာပေါ။့ မပြီးပြတ်မပြည့်ဝသေးတဲ့ တစ်ထပ်ကျောင်း အနုဂါမိက
ရွှေအိုးကလေးရဲ့ အ၀င်ဝမှာတော့ ဆရာဇော်ဂျီရဲ့ “ကျန်ပါစေ” ဆိုတဲ့ အလင်္ကာ ပန်းကုန်းကလေးက အောက်ပါအတိုင်း ဆီးကြိုလျှက်………
“ကျန်ပါစေ”
သင်သေသွားသော်၊ သင်ဖွားရာမြေ၊
သင်တို့မြေသည်၊ အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊
ဉာဏ်တစ်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက်၊ ကျန်သင့်၏။- တဲ့။
သတ္တဝါ မှန်သရွေ့ တရားတွေ့ချမ်းမြေ့သာယာ ရှိကြပါစေ…..
ဘုန်းသျှံ{လန်ဒန်ဝိဟာရ}
၂၃.၀၁.၂၀၁၃။
Saturday, January 26, 2013
"ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ ဥပမာကောင်းလေးတစ်ခု"
"ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ ဥပမာကောင်းလေးတစ်ခု"
ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။
ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်းသွားခဲ့ရတယ်။
မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက်ရတာကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက်ဖို့စေခဲ့တယ် ။
လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။
#####################################
ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ်ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။
ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ။
(သက်တန့်ချို)
Friday, January 25, 2013
ဝစီပိတ် အကျင့်ဟူသည်
ဝစီပိတ် အကျင့်ဟူသည်
ဗုဒ္ဓဘာသာဝင်အများစုသည်
ဝစီပိတ်ကျင့်သူကို သူတော်စင်၊ သူတော်မြတ်ဟု ထင်မှတ်တတ်ကြ၏။
ဝစီပိတ်ကျင့်သူ ပုဂ္ဂိုလ်ထံသို့ သူ့ထက်ငါအလျင်အမြန်ချဉ်းကပ် ကြသည်။
ဝစီပိတ်ကျင့်သူကို လှူသော် ပို၍အကျိုးရှိသည်၊ ပို၍ကုသိုလ်ရသည်ဟု
ယုံကြည်လျက် ရက်ရက်ရောရော ပေးလှူတတ်ကြ၏။ ထိုသို့သော အခြေအနေတွင်
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။
ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။
"၀စီပိတ်ကျင့်သူများ"၊ "၀စီပိတ်ကျင့်သူဟု ဆိုသူများ" တိုးပွားလာတော့၏။
ဝစီပိတ်အကျင့်သည် လာဘ်လာဘတို့ စုပြုံတည်မှီရာ ဟူ၍ဖြစ်လာသောအခါ
"၀စီပိတ်အကျင့်" ကို သာသနာတော်အကျင့်ပမာ သဘောထားပြီး ကျင့်ကြံသူများ ပေါ်ပေါက်လာချေတော့သည်။
ဝစီပိတ်အကျင့်ဟူသည် -
- (၁) သာသနာတော်ဆိုင်ရာ ကျင့်စဉ်လော။
- (၂) မြတ်စွာဘုရားက "၀စီပိတ်" ကျင့်ရန် ညွှန်ကြားတော်မူခဲ့ပါ၏လော၊
- (၃) ၀စီပိတ်အကျင့်သည် သာသနာတော်အတွက်
အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပေးဆောင်နိုင်စွမ်းရှိပါ၏လော။
ဝဇီပိတ်အကျင့်ကို အထင်ကြီးသူများ၊ ၀စီပိတ်ကျင့်သူကို
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဟု ထင်မှတ်နေသူများအနေဖြင့်
အထက်ပါ အတိုင်း ဝေဖန်စိစစ်ခဲ့ခြင်း ရှိဟန်မတူပါ။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် "၀စီပိတ်ဇာတ်လမ်း" တစ်ပုဒ်ရှိခဲ့ဖူးပါသည်။
ဝိနည်းမဟာဝါ ပါဠိတော်၊ ပဝါရဏာက္ခန္ဓကသုတ်တွင် ပါရှိသော ဇာတ်လမ်းဖြစ်ပါ၏။
ကောသလတိုင်းရှိ ကျောင်းတစ်ကျောင်းတွင် အတူတကွ ၀ါဆိုတော်မူသော ရဟန်းတော်များအား မြတ်စွာဘုရားက- "သင်တို့ချမ်းသာစွာ နေခဲ့ကြပါရဲ့လား" ဟုမေးတော်မူပါသည်။
ဝဇီပိတ်အကျင့်ကို အထင်ကြီးသူများ၊ ၀စီပိတ်ကျင့်သူကို
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဟု ထင်မှတ်နေသူများအနေဖြင့်
အထက်ပါ အတိုင်း ဝေဖန်စိစစ်ခဲ့ခြင်း ရှိဟန်မတူပါ။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် "၀စီပိတ်ဇာတ်လမ်း" တစ်ပုဒ်ရှိခဲ့ဖူးပါသည်။
ဝိနည်းမဟာဝါ ပါဠိတော်၊ ပဝါရဏာက္ခန္ဓကသုတ်တွင် ပါရှိသော ဇာတ်လမ်းဖြစ်ပါ၏။
ကောသလတိုင်းရှိ ကျောင်းတစ်ကျောင်းတွင် အတူတကွ ၀ါဆိုတော်မူသော ရဟန်းတော်များအား မြတ်စွာဘုရားက- "သင်တို့ချမ်းသာစွာ နေခဲ့ကြပါရဲ့လား" ဟုမေးတော်မူပါသည်။
ရဟန်းတော်များက -
"၀ါတွင်းသုံးလပတ်လုံး တစ်ပါးနှင့်တစ်ပါး စကားမပြောဘဲ ချမ်းသာစွာ နေခဲ့ကြပါတယ် ဘုရား" ဟု ပြန်လည်လျှောက်တင်ထားခဲ့ပါသ
"အို မောဃပုရိသတို့ အဲဒီနှုတ်ပိတ်ဝစီပိတ်အကျင့်ဆ
ဒီကနေ့ကနေစပြီး ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်သည် အဲဒီ အ-အကျင့်၊ အရုးကျင့်၊ တိရိစ္ဆာန်ကျင့်၊
တိတ္ထကျင့်ကို ဘယ်တော့မှ မကျင့်ရ၊ ဘယ်နည်းနှင့်မှ မကျင့်ရ၊ ကျင့်တဲ့ရဟန်း ဒုက္ကဋ် အာပတ်သင့်စေ" ဟူ၍မိန့်တော်မူခဲ့ပါ၏။
ဘုရားရှင်သည် ရဟန်းတို့အား "၀စီပိတ်အကျင့်"ကို မကျင့်သုံးရန်
အာဏာဒေသနာတော်ဖြင့်ပင် ပညတ်တော်မူခဲ့ပါ၏။
ဤ၀စီပိတ်အကျင့်နှင့် စပ်လျဉ်း၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရားကလည်း
အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
"ဤခေတ်တွင် စကားမပြောဘဲနေသော ၀စီပိတ်ကျင့်စဉ်ဟုဆိုသော
ကျင့်စဉ်များရှိကြောင်း ကြားရပါသည်။ ခေတ်အားလျော်စွာ အဆန်းထွင်၍
ကျင့်ကြခြင်းများ ဖြစ်ပါသည်။ မြတ်စွာဘုရားလက်ထက်က ထိုကဲ့သို့ ကျင့်သူများရှိရာ
မြတ်စွာဘုရားက ပသုသံဝါသ သားကောင်(ကျွဲနွား)တို့၏ ပေါင်းဖော်နေထိုင်ခြင်း၊
မုဂဗ္ဗတ-သူအတို့၏အကျင့်၊ တတ္ထိယ သမာဒါန- တိတ္ထိဂိုဏ်းဝင်တို့၏ ကျင့်သုံးခြင်း ဟု ပြောဆိုရှုတ်ချတော်မူကာ ရဟန်းတို့၏ အညှမညနလောမဏ အချင်းချင်းပြောဆိုဆက်ဆံ ကျင့်သုံးကြခြင်းကိုသာ အလိုရှိတော်မူပါသည်(၀ိဠ-ခ၊ ၃၅၆)။
ထို့ကြောင့် ထိုသို့သောစကား မပြောသော ၀စီပိတ်အကျင့်များကို အထင်ကြီးကာ အတုယူကျင့်သုံးခြင်းမပြုရန်
သူတော်ကောင်းတို့၏ "ပါးစပ်" သည် "ပိတ်" နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးတစ်စုံ
သူတော်ကောင်းတို့၏ပါးစပ်ဟူသ
ကုသိုလ်၏ ကောင်းကျိုးကို ပြောကြားရမည်။ ၀ိပဿနာ ဘာဝနာပွားများနည်းများကို ညွှန်ပြပြောကြားရမည်။ သို့မှသာလျှင် သာသနာတော်၏ အကျိုး၊အများ၏ အကျိုးကို "၀စီကံ" ဖြင့် သယ်ပိုးစွမ်းဆောင်နိုင်ခြင်
ဝစီပိတ်အကျင့်ကို ကျင့်သုံးသူများအား အားပေးခြင်း၊ လှူဒါန်းခြင်းများသည်
မြတ်စွာဘုရားအားဆန့်ကျင်ခြားနားရာ ရောက်ကြောင်းကိုလည်း ထင်ရှားပြတ်သားစွာ သိမြင်သဘောပေါက်ပြီ
ထင်ပါသည်။
မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia
Credit: mmcybermedia